အပိုင်း (၃)ရွာပျောက်ကြီး ရှာပုံတော်
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ရွာပျောက်ကြီး ရှာပုံတော်
စာရေးသူ -ထီးကလေး၊ လမ်းကလေး၊
မျှားကလေး၊ငါးကလေး၊
တန်ခိုး။
ဆိုင်ပိုင်ရှင် ညွှန်ပြလိုက်သည့် လမ်းအတိုင်း ဝေလီ ဝေလင်း နေမထွက်ခင် အချိန်မှာတော့ ထီးလေးတစ်ယောက် အတွေးများစွာဖြင့် ဦးတည် လျောက်နေပါတော့သည်။ ။
*****************************
``ဝတီး…ဘယ်ပျောက်သွားတာလဲ…ငါ့ကို မယုံလို့ အစောကြီး တစ်ယောက်ပြန်သွားတာလား…မဟုတ်သေးပါဘူး ညက မိုးတော်တော်သည်းတာ…ဟာကွာ…ငါအိပ်မက်မက်ခဲ့တာလား…မဟုတ်သေးဘူး…ဝတီ ဘယ်ပျောက်သွားပါလိမ့် …အော် …ဝတီ…ဝတီ…ပြန်သွားတာတောင် ငါ့ကျီ င်္ လေးပြန်မပေးသွားဘူး…ငါ့မှာတော့ သူချမ်းနေရှာမှာပဲဆိုပြီး စေတနာနဲ့ပေးခဲ့တယ်…´´
အတွေးများစွာဖြင့် တစ်ယောက်တည်း လျောက်နေလျက် အရှေ့စူးစူးမှ စက်ဘီးတစ်စီး လာသည်ကို တွေ့တာကြောင့် လက်လှမ်းတားလိုက်တော့သည်။
``အစ်ကို တစ်ခုလာက်မေးချင်လို့ ဟိုလေ…ဝါးခယ်မ ကားတွေ ဘယ်မှာ တားစီးရမလဲဗျ…´´
``အရှေ့တည့်တည့် လျောက်သွား…အဲ့မှာ စားသောက်ဆိုင် တစ်ဆိုင် ရှိတဟ်ဗျ…ရွှေလောင်း၊ ဝါးခယ်မ အဝေးပြေးကားတွေ အဲ့မှာ နားတယ်…´´
``ဟုတ်…ဟုတ်…ကျေးဇူးပဲ…ဒါနဲ့ ညက ဒီဘက်မှာ မိုးရွာသေးလား´´
``ဟာဗျာ…ခင်ဗျားကလဲ လာနောက်နေသေးတယ် ဒီမှာ နွေကုန်ခါနီးမို့လို့ ပူတာမှ အိပ်လို့တောင် မရဘူး…´´
``ဟုတ်…ဟုတ်…ကျေးဇူးတင်ပါတယ်´
စက်ဘီးသမား ညွှန့်ပြပေးသည့် လမ်းအတိုင်း အတွေးများစွာဖြင့် ဆက်လျောက်လာတော့တယ်။
``ဟော…တွေ့ပြီ တော်သေးတာပေါ့…ဒါညက စားသောက်ဆိုင်ပဲ…´´
စားသောက်ဆိုင်ထဲကို ဝင်သွားတယ်။ လွတ်နေတဲ့ စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ် ။သူ့နားကို ခဏကြာတော့ စားပွဲထိုးလေး တစ်ယောက် ရောက်လာပြီး
``အစ်ကို…ဘာမှာမလဲ…´´
``ခေါက်ဆွဲသုတ် တစ်ပွဲ မြန်မြန်လေးလုပ်ပေးနော်…´´
``တစ်ပွဲတည်းလား…အစ်ကို…´´
``ဟင်…တစ်ပွဲတည်းမစားလို့ငါက ဘယ်နှ ပွဲစားရမလဲ…´´
``အ…အစ်ကို…နှစ်…နှစ်ယောက်…´´
``ဘာတုန်းဟ ပြောပါ …´´
``အော်…အစ်ကို ဝင်လာတုန်းက နှစ်ယောက်လိုလို တွေ့လိုက်လို့…´´
``်…အသုတ်ပဲ မြန်မြန်လုပ်ပေးပါကွာ…ငါဗိုက်ဆာနေပြီး မင်းလဲ လခ ရရင် မျက်မှန် ဝယ်တတ်လိုက်တယ် ကြားလား…မင်းမျက်လုံးတွေ မကောင်းတော့ဘူးနဲ့ထင်တယ် ငါတစ်ယောက်တည်း ဝင်လာတာ´´
``ဟုတ်…ဟုတ်ကဲ့…´´
သူ့အရှေ့မှ စာပွဲထိုးလေး ခေါင်းကုတ်ကာ ထွက်သွားပါတော့သည်။ နာရီကိုကြည့်လိုက်တယ်။ အချိန်ကား မနက် ၈နာရီ စာသောက်ပြီးတာနဲ့ ပိုက်ဆံရှင်းပြီး စားသောက်ဆိုင်ရှေ့က အမှတ်တရ အကျီ င်္ရောင်းတဲ့ဆိုင်တယ် ဝင်သွားလိုက်တယ်။
``အစ်မ…ကျွန်တော် စွပ်ကျယ် တစ်ထည်လောက် ဝယ်ချင်လို့ …´´
``အော်…ကြည့်လေ …မောင်လေး ဘယ်အရောင်ကြိုက်လဲ…´´
``အဖြူရောင်းလေးပဲ အစ်မ …အော်ဒါနဲ့…အစ်မ…ဝါးခယ်မ ကားတွေ ဒီကို ဘဟ်အချိန်လောက် ရောက်တတ်လဲ…´´
``မနက်ခြောက်နာရီ ထွက်တဲ့ကားက ဒီကို ၇ နာရီ ၄၅ တုန်းက တစ်စီးလာသွားပြီး…အခု ၈ နာရီခွဲလောက် တစ်စီးလာမယ်လေ…´´
``ဟုတ်ကဲ့…ကျေးဇူးပဲ…´´
အပေါ်အကျီ င်္ချွတ်လိုက်ပြီး စွပ်ကျယ်လေး ဝတ်ပြီး ကော်ဖီ တစ်ခွက်စာသောက်ဆိုင်မှာ ထပ်မှာလိုက်ပြီး ၈ နာရီ ၃၀ လာမည့်ကားကို စောင့်နေခဲ့တယ်။ ၈နာရီ ခွဲကျော်လောက် အဝေးပြေးကား တစ်စီး ဆိုက်လာတယ်။ စားသောက်ဆိုင်ထဲမှ အပြေးသူထွက်သွားပြီး ခေါင်းခန်း ကားဒရိုင်ဘာကို
``အစ်ကိုကြီး …ဝါးခယ်မ လိုက်ချင်လို့ ရမလား…´´
``စိတ်မကောင်းဘူး…ကိုယ့်ညီရေ …ဘေးခုံတွေလဲ ပြည့်နေပြီ…အလယ်ခုံတွေလဲ ပြည့်နေပြီ အစ်ကိုယ့် စပယ်ယာတောင် အပေါက်နားမှာ တွဲစီးနေရတာ…´´
``ဟာ…ဒါ…ဒါဆို လိုက်လို့မရတော့ဘူးလား…´´
``မင်းတစ်ယောက်တည်းဆိုရင်တော့ တွယ်စီးပြီးလိုက်လို့ရတယ်…နှစ်ယောက်ဆိုတော့ မလွယ်ဘူးလေ…´´
``ကျွန်တော်က တစ်ယောက်တည်းပါ…ဝါးခယ်မမြို့ထိ တွယ်စီးရမယ်ဆိုတော့ မလွယ်ဘူးဗျ…´´
``နောက်ကားပဲ ဆက်စောင့်လိုက်ပါ…ကိုယ့်ညီရာ…´´
``ဘယ်တတ်နိုင်မလဲဗျာ…ဆက်စောင့်ရတော့မှာပေါ့…´´
စိတ်ပျက်လက်ပျက်ဖြင့် ပလက်ဖောင်းမှာ ထိုင်ချလိုက်တယ်။ သက်ပြင်းတစ်ချက်ချပြီး အရှေ့ကို ကြည့်မိလိုက်တော့ ကြိုးဖုန်းလေး ချထားသည့် ဖုန်းဆိုင်ကို သူသွားခဲ့တယ်။ ဒါနဲ့ဖုန်းဆိုင်ထဲကို ဝင်သွားပြီး
``ဟယ်လို…မျှားလေးလား´´
``ဘယ်သူလဲ…ထီးလေးလား ဘယ်ကဖုန်းနဲ့ဆက်နေတာလဲ…နင်ရောက်ပြီလား´´
``မရောက်သေးဘူးဟ…နင်တို့လာမှ ငါအကြောင်းစုံရှင်းပြမယ်…အခု လမ်းတစ်ဝက် ဗိုလ်မြတ်ထွန်း တံတာမှာ…´´
``နင်ဘာလုပ်နေတာလဲ…ဘေးမှာလဲ မိန်းမအသံတွေ ကြားနေရတယ်…´´
``ဟာ…ဘာမှ မလုပ်ပါဘူး…ဘေးမှာ ဘယ်မိန်းမ မှလဲ မရှိဘူး…အခု ကားစောင့်နေတာ…နင်တို့ဘယ်နေ့လာကြမှာလဲ ´´
``ငါတို့ သန်ဘက်ခါလောက်တော့ လိုက်လာကြမယ်…´´
``အေးအေး ဒါဆို ဒါပဲ…ငါကားဆက်စောင့်လိုက်ဦးမယ် နောက်မှပဲ နင်တို့ဆီ ပြန်ဆက်လိုက်မယ်´´
``ဟူး……´´
*****************************
၁၀ နာရီအချိန်မှာတော့ ကားတစ်စီ ထပ်ရောက်လာခဲ့ပြီ ။ကားရပ်တာနဲ့ကားနား အပြေးသွားပြီး ဒရိုင်ဘာကို
``အစ်ကိုကြီး…ဝါးခယ်မကို လိုက်လို့ရဦးမလား´´
``မရတော့ဘူး…ကိုယ့်လူရေ မင်းလိုက်ချင်ရင် ငါထိုင်တဲ့နေရာထပေးမှပဲ ရတော့မယ်…´´
``ဟာ…အလယ်ခုံတွေရော…´´
``အားလုံး အပြည့်ပဲ…´´
``ကူညီပါဗျာ…ကျွန်တော် ညတည်းက ကားမှားစီးမိလို့ ဒုက္ခရောက်နေတာ…ဖြစ်တဲ့နည်းနဲ့ကူညီပေးပါဗျာ…´´
``မင်းတစ်ယောက်တည်းဆိုရင်တော့ ယောကျားလေးပဲ ဖြစ်သလို လိုက်လို့တော့ရတာပေါ့ အခုက…´´
``အခုက ဘာဖြစ်လို့လဲ အစ်ကိုကြီး´´
``အော် အခုက မင်းတို့ကနှစ်ယောက် မဟုတ်လား…´´
``ဟာဗျာ…လာပြန်ပြီ နောက်တစ်ယောက် ကျွန်တော် တစ်ယောက်တည်းပါ'…´´
``ဟင်…ဟုတ်လား…မင်းလာတုန်းက နှစ်ယောက်လိုလို တွေ့လိုက်လို့…´´
ထီးလေး နည်းနည်းတွေဝေ သွားခဲ့တယ်။ကားဆရာက
``ဘာတွေ တွေးနေတာတုန်း´´
``ဗျာ…ဟင်…ဘာ…ဘာမှ မဟုတ်ပါဘူး´´
``ကိုယ့်ညီ မင်းတစ်ယောက်တည်းဆိုရင်တော့ ဖြစ်သလိုပဲ တွယ်စီးလိုက်ခဲ့ပေါ့ …´´
``မတတ်နိုင်ဘူး ရောက်ရင်ပြီးတာပဲ တွယ်စီးပဲ လိုက်ရတော့မှာပေါ့…´´
``ကဲ…ဒါဆို ဒီမှာ ခဏစောင့် ခရီသည်တွေ စားသောက်ပြီးလို့ပြန်ရောက်လာတာနဲ့ကားစထွက်မယ်´´
``ဟုတ်ကဲ့…စိတ်ချ ဒီနားမှာပဲ စောင့်နေတော့မယ်…´´
ဒီတစ်ခါမှာတော့ ကားနားမှ တစ်လှမ်းမှ မခွာ ထီးလေး တစ်ယောက် စောင့်နေတော့သည်။
*****************************
ခဏအကြာမှာတော့ ခရီးသည်များနှင့်အတူ ကားဆရာတွေပါ ရောက်လာခါ ဗိုလ်မြတ်ထွန်းတံတားမှ အဝေးပြေးကား စတင်ထွက်တော့မည် ဖြစ်တာကြောင့် တစ်ယောက်ချင်း ကားပေါ်သို့ တတ်ကြတော့သည်။ တွယ်စီးရမည့် ထီးလေးကတော့ အနောက်မှ ချန်ခါ စောင့်နေလျက် အားလုံး ကားပေါ်ကို အရောက်မှတော့ သူကားကို စတင်တွယ်လိုက်တယ်။ ကားဆရာ စက်ကို နှိုးလိုက်ချိန်မှာ ကားအပေါ်မှ အဒေါ်ကြီးတစ်ယောက်က ပြတင်းပေါက်မှ ခေါင်းထုတ်ပြီး
``နေပါဦး…အောက်မှာ မိန်းကလေး တစ်ယောက် ကျန်သေးတယ်…´´
အဒေါ်ကြီးအော်ပြောလိုက်တာကြောင့် ကားစပယ်ယာက
``ဘယ်မှာတုန်း ဂျီးတော်ရ …´´
``ဟင်…အော်…ဘာမှ မဟုတ်တော့ဘူး အဒေါ့်မျက်စိထဲမှာ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်သလိုလို ဖြစ်မိလို့´´
``ဟာဗျာ…ဂျီးတော်ကလဲ…မောင်း…ဆရာရေ…´´
ကားစတင်ထွက်ခွာလာခဲ့တော့တယ်။ လမ်းတစ်လျောက်လုံး ဖုံတွေချည်းပါပဲ…အပေါက်ဝမှာ တွယ်စီးနေရသည့် ထီးလေးအဖို့တော့ တစ်ကိုယ်လုံးကို ချောက်ကပ်လို့လမ်းကလဲ ကြမ်းပါပေသည်။ ကားမှာ လူးလိမ့်လျက် မကြာခင်မှာပဲ ရွှေလောင်းမြို့သို့ စတင် ဝင်ရောက်လာပါတော့တယ်။
``ဆရာရေ…ရွှေလောင်းမှာ ခရီးသည် နည်းနည်းဆင်းမယ်…´´
ရွှေလောင်းမြို့ထဲ အဝင်မှာတော့ ခရီးသည် တစ်ချို့ဆင်းသွားသည့် အတွက် ထီးကလေး အလယ်ထိုင်ခုံလေးမှာ နေရာ ရသွားခဲ့တယ်။ ခြေကုန် လက်ပန်းကျကာ အားရပါးရ ထိုင်ချပစ်လိုက်တယ်။ တစ်လမ်းလုံးလဲ အပ်ငိုက်နေလျက် ။ ရွှေလောင်းမြို့မှအထွက် ဝါးခယ်မမြို့အဝင်မှာတော့
``ဟင်…ကားဘာဖြစ်သွားတာလဲ…´´
``ဟာ…ပျက်ပြီးလားမသိဘူး…´´
ကားမှာ ရုတ်တရက်ထိုးရပ်သွားပါတော့သည်။
``ဟာသွားပြီး…ငါတော့ ဘယ်အချိန်မှ ရွာထဲရောက်ပါတော့မလဲ မသိဘူး…ဟင် နှစ်နာရီတောင် ခွဲတော့မယ်…´´
``အားလုံး ခဏလေးပါဗျာ ကားပျက်သွားလို့ အောက်ကို ခဏလေး ဆင်းပေးကြပါ…´´
စပယ်ယာ တောင်းဆိုမှု့ကြောင့် ခရီးသည်အားလုံး လမ်းဘေးဆင်းကာ တစ်ယောက်တစ်ပေါက်ဖြင့် ပြောဆိုကုန်ကြပြီ။
``ကျုပ်တို့ကားကို သေချာစစ်ပြီးမှ ဂိတ်က ထွက်ခဲ့တာပါ အခု ဘယ်လို ဖြစ်ရတာလဲ…´´
စပယ်ယာကလဲ ငြီးထွားပြောဆိုနေလျက် ကားကို ပြင်နေတော့သည်။
``ဒီနေ့ပြန်ကောင်းဦးမှာလားဗျို့…´´
``ဟာဗျာ…ခင်ဗျားတို့ကလဲ ကျနော်တို့လဲ ပြင်နေတာပဲ ခဏလောက် စောင့်ပါဦးဗျ ´´
စိတ်မရှည်သော ခရီးသည်တစ်ချို့ကတော့ ငြီးထွားလျက်
ဒရိုင်ဘာ ကားပေါ်ကို ပြန်တတ်သွားတယ်။ ကားစက်နှိုးကြည့်တော့
`ကောင်းပြီးဟေ့ ကောင်းပြီး…မင်းဘယ်လိုပြင်လိုက်လဲ…´
`မသိဘူးဆရာ ကျနော် ဘာမှ မပြင်ရသေးပဲ သူဟာသူ ကောင်းသွားတာ ´`ဘာပဲဖြစ်ဖြစ် ကောင်ဖို့က အရေးကြီးတယ် ခရီးသည်တွေ ခေါ်သွားကြမယ်´
ဘာမှ မပြင်လိုက်ရပဲ ကားဟာ ပြန်ကောင်းလာပါတော့တယ်။ မကြာခင်မှာပဲ ဝါးခယ်မ တံတားကြီးအပေါ်သို့ ရောက်လာကြပြီ
``ဟင်…ကားကတော့ ဖောက်ချင်လာပြန်ပြီနဲ့တူတယ် …တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေပြန်ပြီ…´´
``ဟုတ်ပါရဲ့…ထိန်းမောင်းပါဦး ပျက်သွားရင် ဒုက္ခ´´
တွန့်ဆုတ် တွန်ဆုတ်ဖြစ် မောင်းလာလိုက်တာ ဝါးခယ်မ မြို့ကားဂိတ်သို့ ရောက်လာပါတော့သည်။ ဝါးခယ်မမြို့ရောက်ပြီး ဖြစ်တာကြောင့် ထီးလေး ကားပေါ်မှ ဆင်းလာခဲ့တယ်။ ကားပေါ်က ဆင်းဆင်းချင်းမှာ
``ဟင်…ဘာဖြစ်တာတုန်းဟ …နေ့ခင်းကြောင်တောင်ကြီး ကျက်သီးတွေ လာထနေတယ်´´
``ဟာ…၃ နာရီထောင် ခွဲနေပြီး…ရွာထဲကို ဘယ်ချိန်ရောက်နိုငိပါ့မလဲ…´´
အရှေ့နည်းနည်း ဆက်လျောက်သွားလိုက်ပြီး ဆိုင်ကယ် ကယ်ရီ တွေ တွေ့တာကြောင့်
``အစ်ကို ကယ်ရီ သွားချင်လို့´´
``ဘယ်တုန်း…´´
``ကျွန်တော် ထန်းသုံးပင် ရွာကိုသွားမလို့…´´
``ဗျာ…ကျွန်…ကျွန်တော် မ…မအားဘူးဗျ…တစ်ခြားကယ်ရီငှားသွား´´``ဟင်…ခင်ဗျား အခု အားလို့ထိုင်နေတာ မဟုတ်ဘူးလား´´
``ဟုတ်တယ် ဒါပေမယ့် အခု မအားတော့ဘူး ကျုပ်ကိုခွင့်ပြုဦး´´
ဒီလိုပြောပြီး ဆိုင်ကယ် မောင်းထွက်သွားပါတော့သည်။ နောက်တစ်စီး ငှားတော့လဲ ရွာနာမည်ကြားနှင့် တစ်ပြိုင်နက် အကြောင်းအမျိုးမျိုးပြကာ မလိုက်ချေ။
``ဒီလူတွေ ဘာလို့မလိုက်ကြတာလဲ ရွာနာမည် ကြားတာနဲ့သရဲ တစ္ဆေ တွေ့တာကြနေတာပဲ တစ်ခါတည်း လစ်ကုန်တယ်…တစ်ခုခုတော့ တစ်ခုခုပဲ မထူးပါဘူး ငါ့ဟာသာငါ လမ်းလျောက်သွားတာပဲ ကောင်းတယ်…ပင်ပန်းလက်စနဲ့ မထူးတော့ဘူး…´´
ပြောပြောဆိုဆိုဖြင့် ရွာ အဝင်လမ်းဘက်သို့ ထီးလေးဦးတည် လျောက်နေပါတော့သည်။
*****************************
မရောက်တာကြာပြီးဖြစ်တဲ့ ရွာလမ်းမကြီးကိုတော့ မှတ်မိသလောက် လျောက်နေလျက် အချိန်ကား ၄ နာရီ နီးပါး လျောက်လာလိုက်တာ တော်တော်လေးကြာလာခဲ့ချေပြီ။ လမ်းဘေးရေအိုးစင်လေးမှာ ရေတစ်ခွက်သောက်လိုက်တယ်။ ချောက်ကပ်နေတဲ့မျက်နှာကို သစ်လိုက်တယ်။
``အခုမှပဲ လန်းသွားတော့တယ် ကယ်ရီသမားတွေ ဘာကြောင့် မလိုက်ကြတာပါလိမ့် ရွာမှာ တစ်ခုခုများ ဖြစ်နေလို့လား နေလဲစောင်းတော့မယ် နေမဝင်ခင်တော့ ရွာထဲရောက်မှ ဖြစ်မယ် ´´
ခြေလှမ်းတွေက သွက်နေလျက် လယ်ကွင်းတော်တော်များများကို ဖြတ်ကျော်လာပြီးနောက်မှာတော့ ကျွဲကျောင်းနေတဲ့ကောင်းလေးတစ်ယောက်ကို ထီးလေး တွေ့တော့
``နှောင်ကြီး…ထန်းသုံးပင်ရွာ ရောက်ဖို့ လိုသေးလား…´´
``ဗျာ…ထန်းသုံးပင်ရွာ…ဟုတ်လား´´
``ဟုတ်တယ်လေ…လိုသေးလား´`ထန်းသုံးပင်ရွာကို ဘာသွားလုပ်မလို့လဲ…´´
``ကျွန်တော့ ဦးလေးဆီ အလည်သွားမလို့…´´
`မသွားရင် ကောင်းလိမ့်မယ်နဲ့ထင်တယ်နော် ဒါနဲ့ခင်ဗျားပုံစံကြည့်ရတာ ဒီမြို့ကတော့ မဖြစ်နိုင်ဘူး´´
``ဟုတ်တယ် …ကျွန်တော်ရန်ကုန်က လာလည်တာ ဘာဖြစ်လို့ အဲ့ရွာကို မသွားစေချင်တာလဲ…´´
``ဟို…ဟို…အဲ့…အဲ့ရွာက…´´
ကောင်လေး ပြောလို့မဆုံးခင်မှာပဲ သူ့ကျွဲများဟာ တစ်ကောင်နှင့် တစ်ကောင် ခြေဆုံကန် သောင်းကျန်နေပါတော့သည်။ ကျွဲတွေဆီသွားထိန်းလိုက်ပြီး အဝေးမှ ထီးလေးကို အော်ပြောလိုက်တယ်
``ကျွဲတွေ ဘာဖြစ်တာလဲမသိဘူး နှောင်ကြီးရေ ခင်ဗျားသွားချင်ရင်တော့ အရှေ့နည်းနည်းလျောက်သွားလိုက် ပြီးရင် ဘယ်ဘက်ခြမ်းကို ကွေ့လိုက်ဗျို့ အဲ့မှာ ရွာနာမည် ဆိုဒ်းပုဒ် ချိတ်ထားတယ် ကျုပ်ကတော့ လိုက်မပြပေးနိုင်တော့ဘူးဗျို့ ကျွဲတွေ သိမ်းရဦးမယ်…´´
`အေးအေး ကျေးဇူးပဲ ကျွန်တော်လဲ ရွာဆိုင်းပုဒ် တွေတာတဲ့မှတ်မိပြီး ဆက်လိုက်ဦးမယ်ဗျို့…´´
ပြန်အော်ပြောကာ ရွာထဲသို့ဝင်ရန် ခြေဦးစတင်ပြင်လိုက်ပါတော့သည်။ ။
****************************-
အပိုင် (၄) တွင် ဆက်လက်ဖော်ပြပါမည်။
Post Top Ad
Responsive Ads Here
အပိုင်း(၃) ရွာပျောက်ကြီးရှာပုံတော်
Share This
Tags
# ၀၂.ရွာပျောက်ကြီးရှာပုံတော်
Share This
About Unknown
၀၂.ရွာပျောက်ကြီးရှာပုံတော်
Labels:
၀၂.ရွာပျောက်ကြီးရှာပုံတော်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment