အပိုင်း(၅) ရွာပျောက်ကြီး ရှာပုံတော်
ဦးမြင့်ထွေးနှင့် အတူ လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့အားလုံး ဘာစကားမှ ပြန်မပြောနိုင်တော့ပဲ ကြောင်တောင်တောင်ဖြစ်ခါ ကြည့်နေမိတော့သည်။ ။
***********************-****
နှစ်ယောက်စလုံးမှာ တစ်ပုံစံတည်းပါပဲ။ အဝတ်အစား ပြောပုံ ဆိုပုံ ၊အမူယာကအစ တစ်ထပ်တည်းဖြစ်နေတော့သည်။
``ဟေ့ယောင် …မင်းဘာလိုချင်လို့ ငါ့အယောင်ဆောင်ရတာလဲ…´´
``မင်းက …ငါ့အယောင်ဆောင်ထားတာ…မင်းဘဟ်သူလဲ ပြောစမ်း…´´
``အောင်မာ…သူခိုးက လူပြန်ဟစ်လို့ မင်းဘာလိုချင်တာလဲ…ပြော…ငါကထီးလေး မင်းလိုချင်တာ ပြောပြီး မြန်မြန်သွားတော့ …´´
``ငါ့ကိုများ မောင်းထုတ်နေရတယ်လို့ ဦးလေး လုပ်ပါဦး ကျွန်တောက ဦးလေး အတူ ထီးကလေး အစစ်ပါဗျာ…ဦးလေး မမှတ်မိဘူးလား…သေချာကြည့်ပါဦ´´
``ဟာ…ဦးလေး သူပြောတာ မယုံနဲ့ကျွန်တော်က ထီးကလေးပါ ကျွန်တော် စာအုပ်ဖတ်ရင်း ထိုင်ခုံအပေါ်မှာ အိပ်ပျော်သွားတာ…´´
``ဟာ…ဟေ့ယောင် …ဦးလေးနဲ့ငါ အောက်မှာ ကောက်ညင်းပေါင်းစားပြီး အိမ်နောက်ဘက်မှာ စာအုပ်ရှာပြီး ထွက်လာတုန်း မင်းခုံပေါ်မှာ အိပ်နေတာတွေ့လို့ ငါနိုးခဲ့တာ…ဦးလေး သူပြောတာကို မယုံပါနဲ့ဗျာ …ကျွန်တော်ကသာ ထီးကလေးပါ…´´
ထီးကလေး နှစ်ယောက် တစ်ယောက်တစ်ခွန်းပြောနေသည်ကို ဦးမြင့်ထွေးနှင့်အတူ တန်ခိုးတို့အဖွဲ့ ဟိုကြည့် ဒီကြညိ့ ကြောင်တောင်တောင်
``တော်ပြီး…တော်ပြီ…မင်းတို့ဒီလိုပြောနေလဲ အပိုပဲ…ဒီနှစ်ယောက်တည်းကတော့ တစ်ယောက်ကတော့ ငါ့တူ ထီးကလေးပဲ…´
နှစ်ယောက်စလုံးရဲ့ နှုတ်မှ တစ်ပြိုင်နက်
``ကျွန်တော်ထီးလေးပါ …´´
``ဟင်…ဟေ့ယောင်.…ငါပြောတာ လိုက်မပြောနဲ့လေ…´´
``ငါအရင်ပြောတာ အတုကောင် မင်းထွက်သွား မင်းဘဟ်သူလဲ …´´
``မျှားလေး ငါ့ကို သေချာကြည့်ပါဦးဟာ…နင့်သူငယ်ချင်း ထီးကလေးလေ…မှတ်မိရဲ့လား…´´
``ဟာ…မျှားလေး သူပြောတာကို မယုံနဲ့ ငါက နင့်သူငယ်ချင်း ထီးလေး အစစ်…´´
ခရီ ရောက်မဆိုက် တန်ခိုးတို့ကြုံတွေ့လိုက်ရသည်က အံသြစရာ ဖြစ်ရပ်တစ်ခု
``ဒါနဲ့…မျှားလေး နင်တို့ သန်းဘက်ခါမှ လာမှာဆို ဘယ်လိုဖြစ်ပြီး ဒီနေ့ရောက်ချလာတာလဲ…´´
``ဟာ…အတုကောင် မင်း…မင်း ဒါတွေလဲ သိနေတယ်…ဟုတ်လား…မျှားလေး နင့်ကို ငါအဝေးပြေးမှာ ဖုန်းဆက်ခဲ့တယ်လေ…နင် သန်းဘက်ခါလာမယ်လို့ ငါ့ကိုပြောခဲ့တာလေ ဒီ…ဒီအတုကောင် ဒါတွေ ဘယ်လို သိနေတာလဲ…´´
``မင်းငါ့ကို အတုကောင်လို့မပြောနဲ့နော် ငါတကယ်ပဲ အံ့သြမိတယ် မင်းဘယ်သူလဲ…´´
တန်ခိုးက ဦးမြင့်ထွေကို တစ်ချက် ကြည့်လိုက်ပြီး
``လုပ်ပါဦး…ဦးလေး…ဒါ…ဒါက ဘယ်လို …ဘယ်လို ဖြေရှင်းရမလဲ…´´
ဦးတင်အောင် မျက်မှောင်ကျုတ်လိုက်ပြီး
``မင်းတို့နှစ်ယောက်ကို ငါတစ်ခုမေးမယ် ဖြေနိုင်တဲ့သူက ထီးလေး အစစ်ပဲ…´´
``ဟုတ်…ဟုတ်ကဲ့…ဦးလေး…မြန်မြန်မေးပါ…´´
``ငါ့တူ ဒူးခေါင်းမှာ ဝါးနဲ့ခြစ်မိပြီး ဒဏ်ရာ တစ်ခုရှိတယ်…အဲ့တာပြ…´´
ထီးလေးနှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြလိုက်တယ်။
``ဒီမှာ…ဦးလေး…´´
``ဟင်…မင်းမှာလဲ…ရှိနေတယ် ဟုတ်လား´´
``ရှိတာပေါ့ ငါက တကယ့်ထီးလေး အစစ်ပဲ…ငါရွာအဝင် တံတားဖြတ်ကူးရင်း တံချိုးကျလို့ရခဲ့တဲ့ဒဏ်ရာ…´´
``ဟာ…မဟုတ်ဘူး…အဲ့…အဲ့ဒါက ငါဖြစ်တာလေ…´´
``ဟုတ်ပီ ဒါဆို တကယ့် ထီးလေး အစစ်ပဲ သိနိုင်တဲ့ မေးခွန်းတစ်ခု ထပ်မေးမယ်…ထီးလေးငယ်ငယ်က သစ်ပင်အပေါ်ကပြုတ်ကျခဲ့တယ်…အဲ့တုန်းက ဘာဖြစ်သွားလဲ…´´
``ကျွန်တော့ ညာဘက်ပေါင်မှာ သစ်ကိုင်းနဲ့ခြစ်မိပြီး သေရာပါ အမာရွတ်ရခဲ့တယ်…´´
`ပြပါဦး ဒါဆို´´
``ဒီမှာပါ…´´
``ဟင်…မင်း…မင်း ငါ…ငါ တကယ်မယုံနိုင်ဘူး …မင်းမှာလဲ အမာရွတ် ရှိနေတယ်…´´
``ငါတကယ့်ကို အံ့သြမိတယ် တကယ့်တော့ ငါကထီးလေး အစစ် မင်းပညာက တော်တော် တော်တာပဲ´´
``အဲ့ဒါငါ မင်းကို ပြောရမယ့် စကား မင်းက အတုကောင် ငါ့အကြောင်းတွေ အကုန်သိနေတယ်…´´
ဦးမြင့်ထွေး ခေါင်းကုတ်လိုက်တယ်။ တန်ခိုးတို့ အဖွဲ့ကို တစ်ချက်ကြည့်ပြီး
``ငါ့တူတို့ မင်းတို့သူငယ်ချင်း ထီးလေး ဘယ်သူဆိုတာ သိနိုင်ရဲ့လား ကြည့်ပါဦး´´
တန်ခိုး ငါးလေး လမ်းလေး မျှားလေး ထီးလေး နှစ်ယောက်ကို တစ်ယောက်ချင်း သေချာလိုက်ကြည့်နေတယ်။ နောက် မျက်မှောင်ကျုတ်လိုက်ကြပြီး
``ကျွန်…ကျွန်တော်တို့လဲ…မခွဲတတ်ဘူး…တကယ်အံ့သြမိတယ်…´´
``ဟာ…လုပ်ပါဦး…ငါလေးရာ မင်းသိနိုင်ပါတယ်…ငါ့ကို သေချာကြည့်ပါဦး…´´
ထီးလေး တစ်ယောက် ပြောစကားကြောင့် ငါးကလေး သေချာကြည့်လိုက်တယ်
``မှတ်မိပြီးလား…ငါးကလေး…ငါ့ကို မှတ်မိပြီလား…ပြောပါဦး´´
ဘာစကားမှ မပြောပဲ ငါးကလေးကတော့ ခေါင်းလေးကို ညင်သာစွာ ခါလိုက်တယ်။
``ဟာ…သွားပါပြီ…ကွာ…´´
``ဒါဆို လမ်းလေး မင်းငါ့ကို သေချာကြည့်ပါဦး…မင်းမှတ်မိမှာပါ ငါတို့ငယ်ငယ်က ကျောင်းမှာ မင်းဖိနပ်ပျောက်သွားတယ်လေ…ကျောင်းပြန်တော့ မင်းဖိနပ်မပါတာနဲ့ ငါ့ဖိနပ် တစ်ဖက် မင်းကိုပေးဆီးတယ်လေ မင်းတစ်ဖက် ငါတစ်ဖက် စီးခဲ့ကြတာလေ…မင်းမှတ်မိလား…´´
လမ်းကလေး မျက်လုံးပြူးသွားတယ်။ပြီးတော့
``သိပ်မှတ်မိတာပေါ့ ထီးလေးရာ ငါတို့မိုးရွာထဲမှာ ဖိနပ်တစ်ယောက် တစ်ဖတ်ဆီ စီးပြီး ပြန်လာခဲ့ကြတာလေ
ဦးလေး…သူက ထီးကလေး အစစ်ပဲ…သူပြောတာတွေ အားလုံးဟုတ်တယ် ´´
ဒီလိုပြောတော့ ကျန်တဲ့ထီးကလေး တစ်ယောက်က
``ဟာ…မဟုတ်ဘူး လမ်းကလေး မင်းမှားနေပြီ သူပြောတာတွေ မှန်ပေမယ့် ငါက အစစ်ပါကွာ…အဲ့တုန်းက ငါ့စာအုပ်တွေ မိုးရည်ဆိုကုန်လို့ မင်းကငါ့ကို စာအုပ်အသစ်မှာ စာတွေ ပြန်ကူးပြီး ပေးခဲ့သေးတယ်လေ…´´
``ဟင်…မင်း…မင်းကလဲ သိနေတယ်…ဦးလေး …သူလဲ ထီးကလေး အစစ်ပဲ…ဟာ…မဟုတ်သေးပါဘူး…တစ်ယောက်တည်းပဲ ထီးကလေး ဖြစ်ရမှာပေါ့…မသိတော့ဘူး´´
စိတ်ပျက်စွာပဲ လမ်းလေး ခေါက်းကုတ်ခါ မျက်နှာ တစ်ဖက်လှည့်လိုက်တော့တယ်။ ထိုအခါ မျှားကလေးက ရုတ်တရက်
``ထီးကလေး…´´
``ဟေး…´´``ဟေး…´´
ထီးကလေးနာမည်ကို ရုတ်တရက် ခေါ်လိုက်တော့ နှစ်ယောက်စလုံးရဲ့နှုတ်မှ ပြန်ထူးနေကြအတိုင်း ထွက်ပေါ်လာခဲ့တယ်။
``ဟင်…နှစ်ယောက်လုံးက အတူတူပါလား…အခုနှစ်ယောက်တည်းက ထီးလေးအစစ်မဟုတ်တဲ့တစ်ယောက်သာ တို့ကို အန္တရယ် မပြုရင် တို့ရဲ့သူငယ်ချင်း ထီးကလေးနောက်တစ်ယောက် ထပ်ရလို့တကယ်ကို ဝမ်းသာရမှာ…´´
``မျှားလေးရယ်…တန်ခိုး…မင်းတို့မမှတ်မိတာ အပြစ်မဟုတ်ပါဘူး…ငါကိုယ်တိုင် အရမ်း အံ့သြမိတယ်…´´
``တော်စမ်းပါကွာ…မင်းက ငါ့အယောင်ဆောင်ပြီး ငါ့သူငယ်ချင်းတွေကို မြူဆွယ်နေသေး…အေး ဘာပဲဖြစ်ဖြစ် မင်းဘာကောင်လဲဆိုတာ ငါရအောင် ဖော်မှာ…´´
``ဖော်စမ်းပါ…ဒါမှ ငါအတုမဟုတ်ဘူးဆိုတာ အားလုံးသိမှာ…´´
**************-******-********
နှစ်ယောက်သား ငြင်းနေလိုက်ကြတာ နေခင်း ၁၁နာရီတောင် ကျော်နေခဲ့ပြီ ဦးမြင့်ထွေက
``ဒါဆို တို့အားလုံး ထမင်းစားမယ်…ထီးလေး အတုရော အစစ်ရော အားလုံး တူတူစားကြမယ်…ဦးလေး ထမင်းဝိုင်း သွားပြင်လိုက်ဦးမယ် ´´
ထီးလေး နှစ်ယောက်နှင့်အတူ တန်ခိုးတို့အဖွဲ့အိမ်ရှေ့မှာ တူတူရှိနေတော့သည်။
``ထီးလေးနှစ်ယောက် ဘယ်သူက အစစ်လဲ…အယောင်ဆောင်တဲ့သူက ထီးလေးကို သတ်မှာလား…မသတ်ဘူးဆိုရင်ရော …ဘာလုပ်မှာလဲ…´´
``မသိတော့ဘူး…ငါးလေးရာ…ငါ…တကယ် အံသြတယ်…ငါ စာအုပ်လေးယူပြီး အိမ်ရှေ့ထွက်လာတာ …ဒီကောင့်ကို တွေ့တာပဲ…´´
``ဟေ့ယောင်…မင်းမဟုတ်တာတွေ မပြောနဲ့နော် …ငါ စာအုပ်ဖတ်ပြီး အိပ်ပျော်သွားတုန်း မင်းလာနိုးတာ…´´
``ကဲ…လာလာ…အငြင်းခုန်လုပ်မနေနဲ့တော့ ထမင်းလာစားကြ…´´
``ဟာ…ဦးလေးရာ…ဘယ်လိုလုပ် စားနိုငိမှာလဲ …ဒီမှာ ဒီလောက်အရေးကြီးနေတာ…´´
``အရေးကြီးတို့ ငါ့တူတို့ကို ထမင်းစားခိုင်းနေတာပေါ့…ကဲပါ…လာကြ အဓိက ဗိုက်ထဲမှာ အစာရှိဖို့က အရေးကြီးတယ်…´´
ထမင်းစားဝိုင်းသို့ ထီးလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် မယုံကြည်
ထမင်းစားကြတော့လဲ စားပုံ စားဟန်က နှစ်ဦးစလုံး နဂိုအတိုင်းပဲ ခွဲခြားမရ ။ စားသောက်ပြီးကြတော့
``ကဲ…ငါ့တူတို့ ထီးလေး ငယ်ငယ်က ဦးလေး လက်ပေါ်မှာ ကြီးလာခဲ့တာ ထမင်းစားပုံကလဲ နှစ်ယောက်စလုံးက အတူတူပဲ…ဦးလေးတော့ မခွဲခြားတတ်တော့ဘူး…ဒါဟာ မှော်တိုက်ခံထားရပြီ…ထီးလေး ဝါးတံတားဖြတ်ကူးတဲ့အချိန် ဒူးခေါင်းမှာ ဝါးနဲ့ခြစ်မိပြီး သွေးထွက်ခဲ့တယ် အဲ့သွေးနဲ့ထီးလေးကို သွေးမှော်တိုက်နေတာ…´´
``သွေးမှော်…သွေးမှော်ဆိုတာ ဘာလဲ…ဦးလေး…´´
``ဦးလေး နောက်မှ ပြောပြမယ် အခု အချိန်သိပ်မရဘူး…အဲ့သွေးမှော်ကို ဖြေဖို့အတွက် ဦးလေးမှာ ဒေဝီ ခုနှစ်ဖော် ဂမုန်းဘုရင် ရှိတယ်…အတု အစစ် သေချာမသိပဲ ဖြေလိုက်ရင် အစစ်အတွက် အများကြီး နစ်နာသွားလိမ့်မယ် ကံမကောင်းရင် သေသွားနိုင်တယ်…သို့မဟုတ် သုံးစားမရအောင် ရူးသွားရလိမ့်မယ်…ဒါကြောင့် ဦးလေးတို့ နေမဝင်ခင် အတုအစစ် အမြန်ဆုံးသိမှ ရမယ်…´´
``အတု အစစ် မခွဲနိုင်သေးခင် အတုက တို့အားလုံးကို ဒုက္ခပေးနိုင်လား…´´
``မပေးနိုင်ဘူး…အတု အစစ် ကွဲသွားရင်တော့ အကြီးအကျယ် ဒုက္ခပေးပြီး…´´
``ဗျာ…´´
``ဟုတ်တယ်…အဲ့တာကြောင့် ဦးလေးတို့ မြန်မြန် အတု အစစ်ကို ခွဲခြားနိုင်မှ ရမယ်…မဟုတ်ရင် တကယ့် ထီးလေး အတွက် အန္တရယ် သိပ်ကြီးတယ်…´´
``ဒါဆို ဒီလိုလုပ်မယ် ဦးလေး…သူတို့နှစ်ယောက်ကို တစ်ယောက် တစ်နေရာဆီထားပြီး သမီးတို့ စစ်မယ်…ရမလား…´´
``အဲ့ဒီ့ အကြံမဆိုးဘူး မျှားကလေး…ဒီတော့ ငါနဲ့တန်ခိုးက ဒီထီးလေးကို တစ်နေရာမှာ စစ်မယ်…နင်နဲ့လမ်းလေးက နောက်တစ်ယာက်ကို တစ်နေရာမှာ စစ်…´´
မျှားလေးက ဦးဆောင်ခါ ထီးလေး တစ်ယောက်ကို ဦးမြင့်ထွေးနှင့် အတူ နောက်ဖေး ကွမ်းခြံဘေးသို့ခေါ်သွားတော့သည်။
``ဦးလေးနဲ့မျှားလေး …အဲ့ကောင်ကို သတိထားကြနော်…သူက ငါမဟုတ်ဘူး…နင်တို့ကို ဒုက္ခပေးနိုင်တယ်…´´
အိမ်ရှေ့တွင် ကျန်နေခဲ့သည့် ထီးလေးက လှမ်းအော်ပြောတော့
``ဟာ…ဟေ့ယောင်…မင်း…မင်း…တိတ်စမ်း ငါ့သူငယ်ချင်းတွေကို ငါ့အသတ်နဲ့လဲပြီး ကာကွယ်ပေးခဲ့ဘူးတယ်…တန်ခိုး …မင်းတို့သတိထားကြနော်…အဲ့ကောင်က အယောင်ဆောင်ထားတာ မင်းတို့သတိထားမှ ဖြစ်လိမ့်မယ်…ငါပြောတာကို နားထောင် တန်ခိုး…´´
တစ်ယောက်တစ်လှည့်စီ ပြောနေကြပုံကလဲ ထီးလေး တစ်ယောက်တည်းအတိုင်းပါပဲ သို့ပေမယ့် မည်သူမှ အယောင်ဆောင်နဲ့ ထီးလေးအစစ်ကို မခွဲခြားနိုင်ကြ။ တကယ့်ထီးလေး အစစ်ကတော့ အင်မတန်စိုးရိမ်ပူပန် နေရတော့သည်။
****************************
နောက်ဖေးမှ မျှားကလေးနှင့် အတူ ဦးမြင့်ထွေး ငါးကလေးတို့က ထီးလေး တစ်ယောက်ကို အရင်မေးတော့သည်။
``ထီးလေး…မင်းက ထီးလေး ဟုတ်ပါတယ်နော်…´´
``ငါးလေးရာ…ငါ မင်းတို့သူငယ်ချင်း ထီးလေး အစစ်ပါ…ငါ့ကို ယုံပါ…တန်ခိုးနဲ့လမ်းကလေးကို ဟိုအယောင်ဆောင်ကောင် ဒုက္ခမပေးနိုင်ဘူးလို့ မပြောနိုင်ဘူး …ဦးလေး တန်ခိုးတို့ကို ဂရုစိုက်ပါဦး´´
``ကဲ…ကောင်းပြီ…ထီးလေး …နင်သာ တကယ့်ထီးလေးအစစ်သာဆို ငါ့အခုမေးမယ့် မေးခွန်းတွေ အတွက်ငါ့ကို စိတ်မဆိုးပါနဲ့နော်…´´
``မြန်မြန်သာမေးစမ်းပါဟာ…ငါကထီးလေး အကုန်လုံး ဖြေနိုင်မှာပဲ…တန်ခိုးတို့ကို ငါစိတ်မချဘူး…ဟိုကောင် ဒုက္ခပေးနိုင်တယ်´´
``အေးကောင်းပြီ…ဒါဆို မေးမယ်…ငါတို့
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ပဉ္စမမြောက် လက်စားရှင် ကို နင်မှတ်မိပါတယ်နော် …´´
``သိပ်မှတ်မိတာပေါ့…´´
``ဟုတ်ပြီ…အဲ့တုန်းက နင့်ကော်ဖီခွက်ထဲကို ဘယ်သူ အဆိပ်ခပ်ခဲ့တာလဲ…´´
``ငါ့ကော်ဖီခွက်ထဲကို ဦးမောင်မောင်လွင်ရဲ့အခိုင်းစေမလေး သီတာ အဆိပ်ခတ်ခဲ့တာပဲ…ဒါက ငါတစ်ယောက်တည်းပဲ သိနိုင်တာ …တစ်ခြားသူမသိနိုင်တဲ့ ပဉ္စမြောက် လက်စားရှင် မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပဲ …´´
``ဟုတ်ပီ…ဒါဆို နောက်တစ်ခု အဲ့တုန်းက ပဉ္စမမြောက် လက်ရှင်ဖြစ်တဲ့ကိုပြည့်စုံက ဘာကြောင့် ရဲတွေကိုမှ လိုက်သတ်ရတာလဲ …ဒီမေးခွန်းက ထီးလေး အစစ်မှ သိနိုင်တဲ့ အကြောင်းရာ တစ်ခုပဲ…´´
``မဉ္စမမြောက်လက်စားရှင် (ခေါ်) ကိုပြည့်စုံက …သူ့ချစ်သူ ဝင့်ဝါအတွက် ရဲအရာရှိတွေကို လိုက်ပြီး လက်စားချေနေခဲ့တာ…လေချွန်နတ် ဆရာမ မနန်းရီက ငါတစ်ယောက်တည်းကိုပဲ ပြောခဲ့တာပါ…ငါတစ်ယောက်ပဲ သိနိုင်တဲ့အဖြေပါပဲ မျှားလေး ´´
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ပဉ္စမြောက် လက်စားရှင်
တွင် ကြုံခဲ့ရသော အဖြစ်အပျက် ။ထီးလေး တစ်ယောက်တည်သာ သိနိုင်သည့် မေးခွန်းအားလုံးကို ဒီထီးလေး တစ်ယောက်ကတော့ ဖြေနိုင်ခဲ့ချေပြီ။ မျှားလေးကတော့ ဝမ်းသာစွာ
``ဒါဆို နောက်ဆုံး တစ်ခု ထပ်မေးမယ်…ဒါကိုဖြေနိုင်ရင် နင်ဟာ ထီးလေးပါ…´´
``မျှားလေး မြန်မြန်ပေးပါ တန်ခိုးတို့ကို ငါစိတ်မချဘူး…´´
``ဒါဆို
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာသင့် အိမ်ကြီးမှာ ဦးတင်အောင်ရဲ့ဇနီးဖြင့်တဲ့နှစ်ပေါင်းများစွာ တစ္ဆေဘဝနဲ့ အချုပ်ခံထားရတဲ့ သူမိန်းမ သန်းသန်းကြည်က တို့ကားဆီကုန်နေတာ မြို့မှာ ဆီဝယ်ဖို ဘယ်သူ အကူညီတောင်းမှ ရမယ်ဆိုပြီး ပြောခဲ့တာလဲ…´´
``ကျုတ်ဆွဲကြိုး လက်ဖွဲ့ပိုင်ရှင်ဖြစ်တဲ့ ငါကိုယ်တိုင် ပဲ…´´
``ထီးလေး ငါ့ကို ခွင့်လွတ်ပါ နင်က ထီးလေး အစစ်ပဲ…´´
``နေဦး တူမရီ…မောင်တန်ခိုးတို့မေးနေတဲ့ထီးလေး တစ်ယောက်အဖြေကိုလဲ ဦးလေး သိချင်သေးတယ်…´´
**************=**************
တန်ခိုးနဲ့လမ်းကလေးဆီမှ ထီးလေး တစ်ယောက်
``တန်ခိုး…ငါ့ကို မြန်မြန်မေးပါ…မျှားလေးတို့ကို ဟိုအယောင်ဆောင် ဒုက္ခပေးမှာ ငါစိုးရိမ်တယ်…´´
``စိတ်ချပါ …ထီးလေး…ဦးလေး ပြောထားတယ် …အတု အစစ် မကွဲမခြင်း ဟိုထီးလေးက အတုဆိုလဲ ဒုက္ခမပေးနိုင်သေးဘူး…ဒီတော့ မင်းသာ တကယ့်ငါ့သူငယ်ချင်း ထီးလေးသာဆို ငါမင်းကို မယုံကြည်သလို မေးနေရတာတွေကို ခွင့်လွတ်ပေးပါ…´´
``ရပါတယ်ကွာ…ငါတို့က သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပဲ ငါစိတ်မဆိုးပါဘူး…မေးပါ…´´
``ငါတို့ ပထမဆုံး ကြုံခဲ့ရတဲ့
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ပဉ္စမမြောက် လက်စားရှင်မှာတုန်းက မင်းတစ်ယောက်တည်း သိနိုင်တဲ့မေးခွန်းတစ်ခု မေးမယ်…ပဉ္စမမြောက် လက်စားရှင်ဖြစ်တဲ့ ကိုပြည့်စုံရဲ့ချစ်သူ ဝင့်ဝါကို မင်းကယ်ခဲ့တာ မှတ်မိလား´´
``သိပ်မှတ်မိတာပေါ့…´
``ဒါဆို…အဲ့တုန်းက မင်းကို ဝင့်ဝါ ဘာပေးခဲ့သလဲ …မင်းသာ ထီးလေးဆို သိနိုင်မယ်…´´
``သိပ်သိတာပေါ့…သူ့ရဲ့စိတ်ရောဂါပြေအောင် စိတ်ကျန်းမာရေး ဆေးရုံက ဆရာဝန်ပေးထားတဲ့ ဆေးဘောပင်လေး ငါ့ကိုပဲ ပေးခဲ့တာ ဒါကလဲ ငါတစ်ယောက်တည်းပဲ သိနိုင်တာ…´´
``ဟုတ်ပြီ… တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီး မှာတုန်းက မင်းရယ် ငါရယ် လမ်းကလေး ပုဏ္ဍက အိမ်ကြီးမှာ နံရံကို သစ်သားနဲ့ခြစ်တုန်းက ဘာဖြစ်ခဲ့လဲ…´´
``နံရံမှာ သွေးတွေ ထွက်လာခဲ့တယ်လေ…´´
``ဟာ…ဟုတ်ပြီ…ထီးလေး နောက်တစ်ခုမေးလို့ ဖြေနိုင်ခဲ့ရင် မင်းဟာ တို့သူငယ်ချင်း ထီးလေး အစစ်ပဲ မြန်မြန်ဖြေပေး…နှစ် ၁၀၀ ကျိန်စာသင့်အိမ်ကြီးမှာ ငါ့ခြေထောက် တိုင်ပိပြီး မင်းက အပေါက်ကြီးထဲ ပြုတ်ကျသွားတာလေ …မင်းမှတ်သေးရဲ့လား…´´
``တန်ခိုး …သားရီး…မင်းငါ့ကို မယုံသေးဘူးကို ငါကထီးလေး အစစ်ပါ…ထွက်ပေါက်ဖြစ်တဲ့အပေါက်ထဲကို ပြုတ်ကျသွားခဲ့တာ မင်း…တိုင်ပိပြီး ချေထောက်ကို ထိသွားတာ ငါပါ…´´
``ငါ့ကို ခွင့်လွတ်ပါ ထီးလေးရာ မင်းက တကယ့် ထီးလေး အစစ်ပါပဲ…´´
``ဒါဆို ငါတို့အချိန်သိပ်မရှိဘူး…မျှားကလေးနဲ့အတုကောင်တို့ဆီ အမြန်သွားမှ ရမယ်…´´
တန်ခိုးတို့မေးလိုက်သည့် မေးခွန်းအားလုံးဟာ တကယ့်ထီးလေး အစစ်မှသာလျှင် သိနိုင်မည့် မေးခွန်းဖြစ်တဲ့အတွက် သူတို့ဆီမှ ထီးလေးကို မျှားကလေးတို့ဆီမှ ထီးကလေးနဲ့အတု အစစ် ခွဲခြားနိုင်ရင် အမှတ်သားလုပ်ပြီး နောက်ဖေးသို့ ချေဦးလှည့်လိုက်တော့သည်။
********--****************-**
``ဦးလေးရေ…ဦးလေး …မျှားလေး ဒါက ထီးလေး အစစ်ပဲ ငါမေးတာတွေ သူအကုန်ဖြေနိုင်တယ်…´´
တန်ခိုးရဲ့ခေါ်သံကြောင့် နောက်ဖေးမှ မျှားကလေးတို့ထွက်လာတော့သည်။
``မျှားလေး …နင့်ဘေးက အကောင်က အယောင်ဆောင်ကောင် သူ့အနားကို မကပ်နဲ့…ဝေးဝေးနေ…´´
``မဟုတ်ဘူး …တန်ခိုး နင်မှားနေပြီ နင့်ဘေးက သူကမှ အယောင်ဆောင် သူ့ကို ဆုံးမဖို့ ဦးလေး ဆီမှာ ဂမုန်းဘုရင်ပါလာပြီ…´´
``ဟာ…မျှားလေး …ငါ…ငါကထီးလေး …နင်မှားနေပြီ…´´
``ဟုတ်တယ်…မျှားလေး သူက ထီးလေး နင်ဘေးက သူကအယောင်ဆောင်ကောင် ဦးလေး သူက ထီးလေး အစစ်မဟုတ်ဘူး သူ့ကို ဆုံးမလိုက်တော့…´´
``တန်ခိုး …မင်းဘာတွေ လျောက်ပြောနေတာလဲ ငါက ထီးလေး မင်းဘေးက ကောင်က ငါ့အယောင်ဆောင်ထားတာ…မင်းမှားနေပြီ…´´
``ဟင်…´´
``ဟာ…တန်ခိုး မ…မဟုတ်ဘူး …ငါ့ကို အဲ့လို မကြည့်နဲ့ မင်းမေးတဲ့ငါပဲသိနိုင်တဲ့ မေးခွန်းတွေ အားလုံး ငါဖြေနိုင်ခဲ့တယ်လေ…အဲ့ကောင် လိမ်နေတာ မင်းတို့ မယုံနဲ့ ဦးလေး သူ့က ကျွန်တော် မဟုတ်ဘူး…´´
သွေးမှော်ပြေ စေနိုင်သော ဒေဝီခုနှစ်ပါး ဂမုန်း ဘုရင်ကို ကိုင်လျက် ဦးမြင့်ထွေးဘာလုပ်ရမှန်းမသိ။ သူ့ဘေးကထီးလေး ကို ဆုံးမရမလား တန်ခိုးဘေးက ထီးကလေးကို ဆုံးမရမလား မသိတော့ပဲ
``နေဦး…တန်ခိုးပြောတော့လဲ သူကထီးလေး အစစ် ဦးလေး နဲ့သမီးမျှားလေး စစ်ခဲ့တဲ့ဒီထီးလေးကလဲ အစစ်ဆိုတော့ ဦးလေး ဘာလုပ်ရမှာလဲ…နေဆောင်းတော့မယ်…နေမဝင်ခင် အဖြေမှန်မဖော်နိုင်ရင် သွေးမှော်တိုက်ထိပြီး ငါ့တူ ထီးလေး အသက်ဆုံးရှုံးရပြီ…ရမ်းလုပ်လိုက်ပြန်ရင်လဲ …မဖြစ်သေးဘူး…ဦးလေး ဘာဆက်လုပ်ရမှာလဲ…´´
တန်ခိုးဘေးမှ ထီးလေးက
``မထူးဘူး …ဦးလေးရာ ကျွန်တော့ကိုသာ ဂမုန်းဘုရင်ပေးပါ ကျွန်တော်ပဲ အသေခံလိုက်မယ် ဒါမှ ဒီအယောင်ဆောင်ကောင် ကမ္ဘာပေါ်က ပျောက်သွားမှာ …ကျွန်တော့ကို ဂမုန်းပေး…´´
ထိုအချိန် ငါးလေး တစ်ခုခုကို သတိရသွားပြီး
``မပေးနဲ့ဦး… ဦးလေး…ကျွန်တော် ထီးလေး အစစ်ကို ခွဲခြားနိုင်မယ့် အဖြေသတိရပြီ…´´
``ဟာ…ငါးကလေး မြန်မြန်ပြော…နေဆောင်းခါနီးပြီး…´´
တစ်ဖွဲ့လုံး ငါးကလေး သတိရသွားသော စကားကို အရေးတကြီး စောင့်မျှော်နေကြတော့သည်။
*****************************
အပိုင်း(၆)တွင် ဆက်လက် ဖော်ပြပါမည်။
Post Top Ad
Responsive Ads Here
အပိုင်း(၅)ရွာပျောက်ကြီးရှာပုံတော်
Share This
Tags
# ၀၂.ရွာပျောက်ကြီးရှာပုံတော်
Share This
About Unknown
၀၂.ရွာပျောက်ကြီးရှာပုံတော်
Labels:
၀၂.ရွာပျောက်ကြီးရှာပုံတော်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment