ဇာတ်သိမ်းပိုင်း ရွာပျောက်ကြီးရှာပုံတော် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဇာတ်သိမ်းပိုင်း ရွာပျောက်ကြီးရှာပုံတော်

Share This
အပိုင်း (၇) ရွာပျောက်ကြီး ရှာပုံတော်
ဇာတ်သိမ်းပိုင်း

အားလုံး ယောက်ယပ်ခတ်စွာဖြင့် ဖိနပ်ကျန်ပြီး လူပျောက်နေသော တန်ခိုးကို စိတ်ပူစွာနှင့် ရှိနေကြတော့သည်။

****************************



``ဦးလေး ကယ်ပါဦး…တန်ခိုးဘယ်ပျောက်သွားရတာလဲ…ပြောပါဦး…´´
``ဦးလေး မသိဘူးလေ…ညကပင်ပန်းတာနဲ့ တစ်ခါတည်း အိပ်ပျော်သွားတာ…´´
``ဟာ…ဒီကောင် သူဖာသာသူ ထသွားတာလား…ဒါမှ မဟုတ်…´´
``ဟာ…ဦးလေး…ညက ကွမ်းခြံဘေးမှာ အသံကြားလို့ တန်ခိုးနဲ့ကျွန်တော်နဲ့ သွားကြည့်တယ်…အဲ့မှာ ဘတုတ်…ဝက်ကုန် ဘတုတ်ပဲဖြစ်ရမယ်…အရူးတစ်ယောက်က ရွာပျောက်ကြီး နာမည်ကို အဆက်မပျက် ပြောပြီး ကခုန်နေတယ်…´´
``ဘယ်လို ပုံစံမျိုးလဲ…အဲ့လူက´´
``ဆံပင်ကမျက်နှာအုပ်နေတယ်…ဦးလေး ရုပ်ကို သည်းသည်း ကွဲကွဲ မမြင်ရဘူး တစ်ကိုယ်လုံးလဲ ညစ်ပတ်နေရော…´´
``ဒါဆို သေချာပြီ…ဘတုတ်ပဲ…´´
``ဒါ…ဒါဆို တန်ခိုးပျောက်သွားတဲ့ ကိစ္စနဲ့များ ပတ်သတ်နေမလား…ပတ်သတ်နေတယ်ဆို တန်ခိုးအတွက် အန္တရယ် ရှိနိုင်လားဟင်…´´
``မင်းပြောပုံအရဆို…တန်ခိုး ငါတို့မသိခင် အဲ့အရူးကို လမ်းပြခိုင်းပြီး ရွာပျောက်ကြီးကိုများ သွားလားမသိဘူး…´´
``ဟာ…မဖြစ်နိုင်တာ …တန်ခိုးက ငါတို့စိတ်ပူအောင် လုပ်ပါ့မလား…သူသွားရင် တို့ကို ပြောသွားမှာပေါ့…ပြီးတော့ ဖိနပ်ကလဲ ရှိနေတယ် ဆိုတော့…´´
``ဒီလို အထင်တွေ ပြောနေလို့တော့ အပိုပဲ ငါ့တူတို့ မောင်တန်ခိုးကို အမြန်ဆုံး ရှာဖို့ပဲ စီစဉ်ရမယ်…´´

ဘုရားစင်မှာ ဖယောင်းတိုင် သုံးတိုင် ထွန်းပြီး ဦးမြင့်ထွေး ဘုရားကန်တော့လိုက်တယ်။ နောက် အိမ်ခန်းထဲ ဝင်သွားပြီး သေတ္တာ သေးသေးတစ်လုံးကို ယူလာပြီ ဖွင့်လိုက်တော့
``ဦးလေး …အဲ့ဒါဘာလဲ…´´
``သိမ်ဝင် သပိတ်ကွဲနဲ့ သင်္ကန်းစတွေ ထီးလေး မင်းဒါကို ယူထား…အော် မနေ့က ဂမုန်းဘုရင်ပါ ယူမှ ဖြစ်မယ်…´´
``အဲ့ဂမုန်း ဘုရင်က စွမ်းအားကုန်နေပြီဆို ဦးလေး…´´
``ဟုတ်တော့ ဟုတ်တယ် ဒါပေမယ့် …အဲ့ဂမုန်း စွမ်းအားကုန်သွားပြီဆိုတာ ဘယ်သူမှ မသိနိုင်ဘူး အဲ့တော့ မကောင်းဆိုးဝါးတွေကို စွမ်းအားရှိသေးတဲ့အနေနဲ့ ပြန်ခြောက်လို့ရတယ်…´´
``ဒါနဲ့…တန်ခိုး ရှိနေတဲ့ နေရာကို ဦးလေးက သိသွားပြီလား…´´
``မသိပါဘူး…သုသာန်စောင့်ကြီးဆီ သွားပြီး အကူညီတောင်းမှ ရမယ် ဒီတော့ ကောက်ညင်းပေါင်းတွေကို အိတ်နဲ့ထည့်ခဲ့လိုက် လမ်းသွားရင်း ဆာရင် စားလို့ရတယ်…အချိန်သိပ်မရဘူး…နေ့ကူးသွားလို့မဖြစ်ဘူး…အော်နေဦး…တူမရီက မိန်းကလေးဆိုတော့ ဒီဆွဲကြိုးလေး ယူထားလိုက် ငါ့တူ ငါးလေးနဲ့လမ်းလေးရော ယူထားလိုက် ဒါက ဦးလေး နှစ်ပေါင်းများစွာ သိမ်းဆည်းလာခဲ့တဲ့ တစ္ဆေလိုက်သူတို့ရဲ့ အဓိကအဆောင် လက်ဖွဲ့ပဲ…ကဲသွားကြမယ်…´´
``အခု သုသာန်ကို အရင် သွားမှာနော် ဦးလေး…ဟုတ်တယ်မလား…´´
``အေး…ဒီကိစ္စက သုသာန်စောင့်ကြီးပဲ ကူညီနိုင်မယ့်လို့ ဦးလေး ထင်တယ်´´

ဦးမြင့်ထွေး ဦးဆောင်သည့် ကျွန်တော်တို့အားလုံး ရွာအပြင် သုသာန်ရှိရာသို့ ဦးတည်နေခဲ့ပြီ။
``ဦးလေး…တန်ခိုးအတွက် အသက်အန္တရယ် ရှိနိုင်လား…´´
``နေ့ကူးသွားရင်တော့ မောင်တန်ခိုးအတွက် အသတ်အန္တရယ် ရှိနိုင်တယ်……´´
``သုသာန်ရောက်ဖို့က ဝေးသေးလားဟင် …ဦးလေ…´´
``သိပ်မဝေးတော့ပါဘူး ရှေ့တစ်ပြဆိုရောက်ပြီး…´´

တန်ခိုးအတွက် စိုးရိမ်ပူပန်စိတ်များဖြင့် အားလုံး လျောက်လာလိုက်တာ အထီးကျန်ဆန်လှတဲ့တိတ်ဆိတ်ငြိမ်သတ်သော ရွာအပြင် သချိုင်္င်းသို့ ရောက်လာခဲ့ကြတော့သည်။ ဂူတွေ ကြားမှာ ဦးလေးနှင့် အတူ ထီးလေးတို့ တစ်ဖွဲ့လုံး ဇရပ် ရှိရာသို့ ရောက်လာကြတော့
``ဗျို့…ကိုအုန်းမြင့်…ကိုအုန်းမြင့်…´´
``ဟေး…ဘယ်သူတွေတုန်း…´´
ဦးလေးအသံကြားတာကြောင့် ဆံပင်ကောက်ကောက် နှုတ်ခမ်းမွှေးများဖြင့် ပေါက်ပြဲနေသော အကျီ င်္တို့ကို ဝတ်ထားတဲ့ လူကြီးတစ်ယောက် ထွက်လာပြီး
``ဟ…မြင့်ထွေး…ဒီကိုဘာလာလုပ်တာတုန်း…ဧည့်သည့်တွေလဲ ပါလာတာပဲ…ငါ့ဆီကို အလည်သတ်သတ်တော့ လာမယ်မထင်ဘူး…´´
``သိပ်ဟုတ်တာပေါ့ဗျာ…ဒါက ရန်ကုန်က ကျုပ်အစ်ကိုကြီးသား ထီးကလေးလေ…ဒါက သူ့သူငယ်ချင်းတွေ…´´
``အော် …အကြီးကောင်ကြီးသားတောင် ဒီအရွယ်ရောက်နေပြီပဲ…မင်းအဖေရော နေကောင်းရဲ့လား…´´
``ဟုတ်ကဲ့…ကောင်းပါတယ်…´´
``အေးအေး…ဟေးမြင့်ထွေး လာရင်း ကိစ္စပြောပါဦး…´´
``ဒီလို ကိုအုန်းမြင့်ရေ…´´
ကြုံခဲ့သမျှအားလုံး ဦးမြင့်ထွေး သုသာန်စောင့်ကြီးကို တစ်လုံးမကျန် ရင်းရင်းနှီးနှီးပြောနေလျက် ။ သူတို့တွေကြည့်ရတာတော့ တော်တော်လေး ရင်းနှီးနေကြပုံရသည်။
``ခင်မြရီ…ခင်မြရီ…သိပ်အငြိုးကြီးပါလား…ဘာမှ မဆိုင်တဲ့ကလေးတွေကို ဒုက္ခပေးတော့မယ်…´´
``ဟင်…ဦး…ဦးလေး…ကျွန်တော့သူငယ်ချင်းကို ဒုက္ခပေးတော့မယ် ဟုတ်လား…ကယ်ပါဦး…လုပ်ပါဦး ´´
``စိတ်အေးအေးထားပါ…ဦးလေးတို့နဲ့ပတ်သတ်ပြီး ဖြစ်တဲ့ပြသနာဆိုတော့ ငါ့တူရီးတွေကို မထိခိုက်စေရအောင် ဦးလေးတို့နှစ်ယောက် ကာကွယ်ပေးပါ့မယ်…´´
``ဒါဆို ကိုအုန်းမြင့် မောင်တန်ခိုးကို ခင်မြရီ ဖမ်းစားသွားတာလား…´´
``ဟုတ်တယ်…ကျုပ်တို့ ဘတုတ်ဆီကို အရင်သွားမယ်…ကျုပ်ပါလိုက်ခဲ့မယ်…´´
``ဘတုတ်က အခုဘယ်မှာလဲ…´´
``အခုချိန်လောက်ဆို ကျုပ်သချိုင်္ င်္င်းအနောက်မှာ ရှိလောက်တယ်…ကဲ…လာကြ…မွန်းတည့်တော့မဟ်…နေ့မကူးအောင် အမြန်ဆုံး  ထန်းသုံးပင်ရွာကို သွားရမယ်…´´
``ဟင်…ဒါက ထန်းသုံးပင်ရွာ မဟုတ်ဘူးလား ဦးလေး…´´
``မဟုတ်ဘူး…ဒါက ထန်းသုတ်ပင်ရွာ´´
``ဒါဆို ထန်းသုံးပင်ရွာက ရွာပျောက်ကြီးပေါ့ ဟုတ်လား…´´
``သေချာတော့ မသိဘူး ဘတုတ်ကိုမေးမှ ရမယ်…´´
``အော် ဒါကြောင့် ကျွန်တော် ကယ်ရီငှားတာ ဘယ်သူမှ မလိုက်ကြတာကို…´´
သူနေရာ ဇရပ်အနောက်ကို ဝင်သွားပြီး ဦးအုန်းမြင့် လွယ်အိတ်လေး တစ်လုံး လွယ်ခါ ဘတုတ်ကို ရှာရန် သချိုင်းအနောက်ဘက်သို့ခြေဦးလှည့်လိုက်တော့သည်။ ခြောက်သွေ့နေသည့် ကုက္ကိုပင်ကြီးတွေက အရိပ်ကောင်းလှသည် အင်မတန်မှ တိတ်ဆိတ်လှသော သချိုင်း ဦးအုနိးမြင့် ဦးတည်ရာသို့ကျွန်နော်တို့လိုက်ပါလာခဲ့တော့သည်။
``ဟာ…ဟိုမှာ ဦးလေး…ညက တန်ခိုးနဲ့ကျွန်တော် တွေ့လိုက်တဲ့လူပဲ…´´
ထီးလေး လက်ညိုးညွှန်ရာကို အားလုံးကြည့်မိလိုက်တော့ ပေတေနေတဲ့လူတစ်ယောက် ထမင်းထုတ်ကို အားရပါးရဖြီးစားနေလျက် ဦးအုနိးမြင့်က
``ဟေ့ယောင်…ဘတုတ်…´´
ဦးအုန်းမြင့်ခေါ်သံကြောင့် ထိုသူ စားလက်စ ထမင်းထုတ်ကို ပစ်ချလိုက်ပြီး ပါးစပ်မှ ထမင်းလုံးများ ပေပွနေလျက် ဦးအုန်းမြင့်ကို မော့ကြည့်ပြီး
``ဟင်…ဘတုတ်သေပြီ…ငါက ရွာပျောက်ကြီး တမန်တော် ရွာပျောက်ကြီး ရွာပျောက်ကြီး မင်းတို့က သရဲတွေလား…ငါ့ဆီမလာနဲ့ငါမကြောက်ဘူး…လှမြင့်သေပြီ …လှမြင့်နဲ့ဘတုတ်သေပြီ…´´
``ဟေ့ယောင် …တိတ်စမ်း ငါမေးတာကိုပဲ ဖြေ…လှမြင့်ရော…ဘယ်မှာလဲ…မင်း ငါ့ကို မှတ်မိလား…´´
ဦးအုန်းမြင့်ဒီလိုမေးလိုက်တော့ ဘတုတ် ငြိမ်ကျသွားပြီး ဦးအုန်းမြင့်ကို သေချာကြည့်လျက် မျက်မှောင်ကျုပ်လိုက်ပြီး…
``အုန်းမြင့်…ငါ့ဆရာ သချိုင်းစောင့် အုန်းမြင့် ရွာပျောက်ကြီး ရွာပျောက်ကြီး…´´
``မြင့်ထွေး…ဘတုတ် စိတ်က သတိရလိုက် လွတ်သွားလိုက် ဖြစ်နေတယ်…ငါ့အထင် ခင်မြရီနဲ့ပညာပြိုင်တာ ရှုံးပြီး သူ သွေးပျက်စေလောက်တဲ့အရာတစ်ခုကို ကြုံခဲ့ရတယ်နဲ့ထင်တယ်…´´
``ဒါဆို ဘယ်လို လုပ်မလဲ…´´
``ငါထိုးပေးခဲ့တဲ့ ဝက်ကုန်းဆေးကို ပြန်နှုတ်ပစ်ရမယ်…ဒါပေမယ့် ဆေးနှုတ်လိုက်တာနဲ့ သူ့အတွက် အချိန် သိပ်မကျန်တော့ဘူး…မနှုတ်ရင်လဲ ခင်မြရီရဲ့ဖမ်းစားမှု့အောက်မှာ သူသေရလိမ့်မယ်…´´

ထိုသို့ပြောပြီး နှုတ်မှ ရွာပျောက်ကြီးကိုသာ တမ်းတနေသော ဘတုတ်အနားသွားကာ ဦးအုန်းမြင့်က
``ဘတုတ် …တပည့် ငါ့ကို ခွင့်လွတ်ပါ´´
ဟုပြောပြီး ဇာတ်ပိုးအား လက်ပြန်ဖြင့် ရိုက်လိုက်လေသည်။ထိုအခါ ဘတုတ်မှာ မြေပြင်ပေါ်သို့ခွေခွေလေးကျသွားခါူဦးအုန်းမြင့်နှင့် ဦးမြင့်ထွေး ဘတုတ်ကို ပွေ့လိုက်ပြီး
``ဘတုတ် …ဘတုတ် …ဘတုတ်…´´
အဆက်မပျက်ခေါ်နေလျက်
ဘတုတ် သတိရလာပြီး
``ဟင်…ဆ…ဆရာအုန်း…ကျုပ်…ကျုပ်ကို ခွင့်လွတ်ပါ…ကျုပ်မှားသွားပါတယ်…´´
``ဘတုတ် …သတိထားဦးလေ…´´
စကားတစ်ခွန်းပြောပြီး တစ်ခါသွေးအန်နေသော ဘတုတ်ကို ဦးအုန်းမြင့်က အားတင်းထားခိုင်းချက်
``ခွင့်လွတ်ပါတယ်ကွာ…ဒီအချိန်မှာ ဒါတွေ ပြောမနေနဲ့တော့ မင်းကို ငါပြောတယ် အဲ့ရွာပျောက်ကြီးကို မသွားဖို့ အခုတော့ မင်းခင်မြရီကို ရှုံးပြီးမဟုတ်လား …´´
``ဟုတ်…ဟုတ်ပါတယ်…ဆရာအုန်း…ကျုပ် သိပ်မနေရတော့ဘူး ကျုပ်သိနေတယ်…ခင်…ခင်မြရီကို အပျက်…အပျက်ရှင်းပေးပါ…မဟုတ်ရင် တစ်မြို့လုံး ဒုက္ခရောက်ကြလိမ့်မယ်…´´
``အားတင်းထားစမ်းကွာ…ဘတုတ် …ငါမေးတာကိုပဲ…ဖြေ ရွာပျောက်ကြီးက ဘယ်မှာလဲ…မြရီကရော အခုဘယ်မှာ ရှိနေလဲ…´´``တ…တကယ်တော့ ရွာပျောက်ကြီးဆိုတာ ကျုပ်…ကျုပ်တို့ရွာပါပဲ…သူနေတာက သူ့ယောက်ျားမြို့သားနေခဲ့တဲ့ ကျွန်းအိမ်ကြီးမှာပဲ…´´
``ဘာ!…ရွာပျောက်ကြီးဆိုတာ ငါတို့ရွာပဲဟုတ်လား…ဟာကွာ…မဖြစ်နိုင်တာတွေ…´´
``တစ်ရွာလုံးကို ခင်မြရီ ဒုက္ခပေးတော့မယ်…ဆ…ဆရာ…ခင်မြရီကို အပျက်ရှင်းပါ…´´
``အေးပါကွာ…ဘတုတ်…ခင်မြရီကို လွယ်လွယ်နဲ့နိုင်မှာမဟုတ်ဘူး သူ့ကိုနိုင်မယ့် နည်းမင်းသိလား…´´
``အား…´´
``ဘတုတ်…အားတင်းထားပါဦး´´
``သူ့…သူ့ကိုနိုင်မယ့်…နည်း…နည်းက သူအရင်ယောကျားကို မြှုပ်ထားတဲ့အလောင်းကို ရမှဖြစ်မယ်…´´
``ဆက်ပြောပါဦး…ပြီးတော့ရော…´´
``အလောင်းကို တူပြီး သူ့ရှေ့မှာတင် မီးနဲ့ရှို့ပစ်လိုက် အဲ့ပြာနဲ့သူ့ကိုပတ်ရမယ်…ပြီး…ပြီးတော့…´´
``ဘတုတ် …ဆက်ပြောဦး…အားတင်းထားပါဦး…မင်းပြောမှ ပဲရမှာ အားတင်းထားပါဦး…´´
``ဆ…ဆရာကို…ကျုပ်…ကျုပ်ကန်တော့ခဲ့ပါတယ်…´´
``ဟေ့ယောင်…ဘတုတ်…ဘတုတ်…´´
ဘာဆက်လုပ်ရမယ်ဆိုတာ ဘတုတ် ဆက်မပြောနိုင်တော့ပဲ လက်ခုံကို မှောက်ရာကနေ လက်ဝါးဖြန့်ပြပြီး သွေးပွက်ပွက်အန်ကာ ဘတုတ်တစ်ယောက် အသက်သေဆုံး သွားပါတော့သည်။
``ကိုအုန်းမြင့်…ဘတုတ် သူ့လက်ကို မှောက်ရာကနေ လှမ်ပြသွားတယ် …ဘယ်လိုဆက်လုပ်မလဲ´
``ဟူး…ဘတုတ်ပြောတာ မဆုံးသေးဘူး …ဘတုတ်ပြောပုံအရဆို ခင်မြရီက တောင်ဘက်ပိုင်း ရွာပြင် ကျွန်းအိမ်ကြီးမှာပဲရှိလိမ့်မယ်…ကျုပ်တို့အမြန်းဆုံးသွားမှ ဖြစ်မယ် မဟုတ်ရင် အားလုံးအတွက် အန္တရယ်ရှိတယ်…´´
``သူ့ယောကျာ်း အလောင်းက ဘယ်မှာ မြုံပ်ထားခဲ့တာလဲ…ကိုအုန်းမြင့်ရ…ဘယ်မှာ တူးရမှာလဲ…´´
``ကျုပ်လဲ မသိဘူး…ကျုပ်သချိုင်းမှာလဲ…လာမြုပ်တာမဟုတ်ဘူး…အဲ့ဒါမှ ဒုက္ခပါပဲ…´´
``ကျွန်တော် တစ်ခုသတိရပြီ ဦးလေးတို့ မြို့သားတွေက ဝိုင်းသတ်လိုက်ဆိုတော့ သူတို့နေခဲ့တဲ့ခြံထဲတစ်နေရာမှာ မြှုပ်ထားတာပဲ ဖြစ်ရမယ် …´´
``ဟာ…ဟုတ်လောက်တော့…ဒီတော့ နေမဆောင်းခင် တောင်ဘက်ပိုင်းကို အမြနိဆုံးသွားမယ်… ´´

တောင်ပိုင်း ရွာပြင်ကျွန်းအိမ်ကြီးဆီသို့ အားလုံး ဦးတည်ကာ စိုးရိမ်မှု့အမြောက်အများဖြင့် လျောက်လာနေခဲ့ပြီ ။ ကန်စဉ်းရိုးအတိုင်း လျောက်လာရင်း ရွာပြင်ရောက်ခါနီးမှာတော့
``ထီးလေး…ဒါကို နင်ယူထားမလား…´
``အဲ့ဒါ ပဉ္စမမြောက် လက်စားရှင်တုန်းက ကျွန်းပြန်ဖိုးတေ  နင့်ကိုပေးခဲ့တာ မဟုတ်လား…´´
``ဟုတ်တယ်…ကိုးသချိုင်း မှော်ဝင်လို့ပြောတယ် ငါ့ကိုပေးခဲ့ပြီး သေသွားတာ နင်တို့လဲ အသိပဲ အခုထိ ဘယ်မှာသုံးရမလဲ မသိသေးဘူး ငါလဲ လိုလိုပိုပိုဆိုပြီး ယူလာတာ ဦးလေးတို့ကို ပြကြည့်ရမလား´´
``ပြကြည့်လိုက်လေ ဒီချိန်မှာ အသုံးတည့်ရင် တည့်မှာပေါ့ ´´
တစ်ယောက်ချင်း တန်းစီလျောက်နေကြသော ကန်စဉ်းရိုးနောက်ဆုံးမှ မျှားလေးနဲ့ထီးလေးတို့က အရှေ့ဆုံးမှ ဦးအုန်းမြင့်နှင့် ဦးမြင့်ထွေးတို့ကို
``ဦးလေးတို့ ဒါဘယ်နားမှာ သုံးရတာလဲ…တစ်ချက်လောက် ကြည့်ကြည့်ကြပါလား´´
``နောက်မှ ပြ ငါ့တူတို့ ငါတို့အားလုံး မောင်တန်ခိုးကို ကယ်ဖို့က အရေးကြီးတယ် …´´

မျှားလေးယူလာသည့် ကျွန်းပြန်ဖိုးတေ ပေးထားသော (ပဉ္စမမြောက် လက်စားရှင် ဇာတ်ဝင်ခန်းမှ ) ဂေါ်လီပုံသဏ္ဍန် အလုံးလေးကိုတော့ မည်သူမှ အာရုံမထားပဲ ရွာပြင်အိမ်ကြီးဆီမှ ကြုံရမယ့် ဒုက္ဂများကိုသာ တွေးပူနေမိတော့သည်။ ရွာပြင်ကိုတော့ ရောက်လာကြပါပြီ။ ကျွန်းအိမ်ကြီးကိုလဲ အဝေးမှ လှမ်းမြင်နေရလျက် ရှေးဆန်လှတဲ့ ကျွန်းအိမ်ကြီးဟာ ပျက်စီးလုနီးပါး ဆွေးမြေ့နေတော့သည်။
``ဟိုမှာပဲ…မြင့်ထွေး ငါတို့အားလုံး စုပြီး ဝင်ကြမယ်…အချိန်မရွေး အန္တရယ် ကြုံလာနိုင်တယ်…ခြံထဲကို ရောက်ပြီးဆိုတာနဲ့ အလောင်းမြှုပ်ထားတဲ့ နေရာကို ကျုပ်ရှာပြီး အလောင်းကို တူးလာခဲ့မယ်…ကလေးတွေကို ဂရုစိုက်ပါ မြင့်ထွေး…ကျုပ်စိတ်ချမယ်နော်´´
``စိတ်ချပါ…ကျုပ်ဆီမှာလဲ သိပ်ဝင်ပစ္စည်းတွေ ပါလာတယ် …´´
``ဟာ…သွားပြီး ပေါက်တူးမေ့ကျန်နေခဲ့ပြီ…´´
``ထားလိုက်ရတယ်…ကျုပ်က သုဘရာဇာပါ…မြေကိုကျုပ်နိုငိပါတယ်…´´
အိမ်ကြီးအရှေ့သို့ရောက်တော့ ဦးအုန်းမြင့်က အရှေ့မှ ဦးဆောင်ပြီး ဝင်သွားခဲ့တယ်။ ခြံစည်းရိုးမရှိသည့်  ခြံကြီးထဲမှာတော့ မည်သူမဆို ဝင်နိုင် ထွက်နိုင်နေသော ပုံစံ။  အိမ်အတွင်းထဲသို့ ဦးမြင့်ထွေးနှင့် အတူ ထီးလေးတို့ လေးယောက် ဝင်လာခဲ့တော့သည်။
``ဟာ…ဟိုမှာ တန်ခိုးပါလား…´´
အိမ်အပေါ်ထပ် လှေကားအရင်း၌ ကျော်ပေးရပ်နေသော တန်ခိုးကို တွေ့လိုက်တော့
``ဦးလေး…ဟိုးမှာ…တန်ခိုး…´´
``တန်ခိုး…မင်းဒီမှာ ဘာလုပ်နေတာလဲ…လာလာ…´´
ဟုပြောပြီး ငါးကလေးက ရပ်နေသော တန်ခိုး အနားသို့သွားစဉ်
``အား!…´´
``ဟာ…ငါးလေး…´´
သတိလက်လွတ် သူငယ်ချင်းကို မြင်လိုက်ရသော ငါးလေးတစ်ယောက်ကတော့ ဝမ်းသာစွာ အနားကပ်လိုက်စဉ် မတ်တပ်ရပ်နေသော တန်ခိုးက လက်ပြန်ဖြင့်  စောင့်တွန်းလိုက်တော့သည်။
``ဘာဖြစ်သွားလဲ…ငါးလေ…´´
``အနားမသွားကြနဲ့…အဲ့ဒါ မောင်တန်ခိုး မဟုတ်ဘူး…သူ့ကိုယ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်…´´
ထိုအချိန် ကျောပေးရပ်နေသော တန်ခိုးက အားလုံးအရှေ့သို့ လှည့်လိုက်ပြီး
``ဟား…ဟား…ဟား…ဟား…ရောက်လာကြပြီလား…မြင့်ထွေး…နင်အခုတော့ ဘာတတ်နိုင်သေးလဲ…နင့်ပညာတွေ ပြစမ်းပါဦး…ဟား…ဟား…ဟား´´
``ခင်မြရီ…ငါတို့ဖြစ်တဲ့ကိစ္စမှာ ကလေးတွေ မပါဘူး…နင်မဆိုင်တဲ့ကလေးတွေကို ဒုက္ခမပေးနဲ့ အခု လွတ်လိုက်စမ်း…´´
``ဟား…ဟား…ဟား…နင်တို့တုန်းကလဲ ငါ့ယောကျာ်းကို မဆိုင်ပဲ သတ်ခဲ့တာလေ…အခု နင်တို့အလှည့် …ဟား…ဟား…ဒီမှာကြည့်စမ်း…´´
``ထီးလေး…မျှားလေး…သူငယ်ချင်းတို့ငါ့ကို ကယ်ပါဦး…ဦးလေး…လုပ်ပါဦး…ကျွန်တော် အရမ်းနာနေပြီ…´´
``တန်ခိုး…ငါတို့ရှိတယ် …ငါတို့မရ ရတဲ့နည်းနဲ့ မင်းကို ကဟ်မယ်…´´
``ဟား…ဟား…ဟား…တွေ့ကြလား…ကောင်လေး သနားပါတယ်…အရမ်းနာနေပြီတဲ့…ဟား…ဟား´´
``ဟင်…ဦးလေး တန်ခိုး ကို သူထိန်းချုပ်ထားတာလား…လုပ်ပါဦး …ကယ်ပါဦး…´´
``စိတ်အေးအေးထား ဦးလေးတာဝန်ယူပါ့မယ်…မင်းတို့သူငယ်ချင်း ဘာမှ မဖြစ်စေရဘူး…´´
``အောင်မာ…ဒင်းက ကယ်မယ် ဟုတ်လား…ဟား…ဟား…လာကယ်ပါဦး…ဒီမှာကြည့်…´´
``ဦးလေး ကယ်ပါဦး…ထီးလေး…´´

တန်ခိုးရဲ့ကိုယ်ခန္ဓာထဲသို့ ခင်မြရီ ဝိဥာဉ်က ကပ်လိုက် ခွာလိုက်လုပ်ခါ တစ်ဖွဲ့လုံးကို စိတ်မကောင်းဖြစ်အောင် လုပ်နေတော့သည်။ အားလုံးကြည့်နေစဉ်မှာပဲ ၈ပေမျှမြင့်သော အပေါ် ထုတ်တန်းသို့ လွှားခနဲ ခုန်တတ်လိုက်တယ်။ နောက် ထုတ်တန်းကို ခြေနှစ်ဖတ်ဖြင့် ချိတ်ထားပြီး ဇောက်ထိုးအနေအထားဖြင့်
``ဒီမှာကြည့်စမ်း…မြင့်ထွေး…အခုနေ ငါခြေနှစ်ဖတ်လွတ်လိုက်ရင် ဒီကောင်လေး ဇာတ်ကျိုးပြီး သေပြီ…ငါလွတ်လိုက်တော့မယ်…´´
``မလုပ်နဲ့…ခင်မြရီ…´´
``ဟား…အခုမလုပ်သေးပါဘူး…နင့်အရှေ့မှာ သူတို့တွေအားလုံးကို ဖြည်းဖြည်းချင်းသတ်ပြမယ်…ကဲ…လာစမ်း…ဟား…ဟား´´
တန်ခိုးခန္ဓာကိုယ်ထဲမှ ခင်မြရီ ဝိဥာဉ်က လက်ဖြင့်လှမ်းရွယ်လိုက်ရုံနှင့် အဝေးရှိ သစ်သားပိုင်း အကျိုးအား သူမလက်ထဲသို့ ရောက်လာပြီး အားလုံးရဲ့ကြားထဲသို့ လှမ်းပစ်လိုက်တယ်။ လူစုခွဲရှောင်လိုက်တော့ သစ်သားအကျိုးဟာ နံရံမှာ စိုက်နေလျက်
``ငါ့တူတို့ သတိထားကြ…သူတိုက်ခိုက်နေပြီ…´´
``ဦးလေး…ကျမတို့ဘာ လုပ်ရမလဲ…´´
``ဘာမှ မလုပ်နဲ့ဦး မောင်တန်ခိုးက သူ့လက်ထဲမှာ အချိန်မရွေး တန်ခိုးကို ဒုက္ခပေးလိမ့်မယ်…´´
``မြင့်ထွေး…လာစမ်း…´´
နှုတ်မှ ပြောပြီး လက်လှမ်းရွယ်လိုက်စဉ် ဦးမြင့်ထွေး ခင်မြရီလက်ထဲသို့ ရောက်သွားတော့သည်။
``ဟာ…ဦးလေး…တနိခိုး…မင်းဘာလုပ်တာလဲ…´´
``အဲ့ဒါ တန်ခိုး မဟုတ်ဘူး …သူ့ကိုယ်ထဲမှာ ခင်မြရီ ရှိနေတယ်…´´
``ဟေ့…ခင်ဗျား ဦးမြင့်ထွေးကို လွတ်လိုက်စမ်း…´´
``အောင်မာ …မလောက်လေး မစားကောင်လေးကများ…ရော့…´´

ငါးကလေး အော်ပြောလိုက်တော့ ခင်မြရီဟာ ဦးမြင့်ထွေး လည်ပင်းကို ကိုင်ထားရာမှာ လွှတ်ချလိုက်တော့သည်။ ``ဟာ…ဦးလေး…သတိထားပါဦး…´´
``ထီး…ထီးလေး…သစ်…သေတ္တာထဲက သ…သပိတ်…´´
``သိပြီး ဦလေး…စကားသိပ်မပြောနဲ့ ကျွန်ောတ် လုပ်လိုက်မယ်…´´
ဦးမြင့်ထွေး ပေးထားသော သေတ္တာလေးထဲမှ သိပ်ဝင် စပိတ်နှင့် သင်္ကန်းစကို ထီးလေးထုတ်လိုက်ပြီး
``ခင်ဗျား ဘယ်လောက်ပဲ မကောင်းဆိုးဝါးဖြစ်ဖြစ်  ဒါကိုတော့ ခင်ဗျား ကြောက်ရမယ်…´´
``ဟား…ဟား…မြင့်ထွေးရဲ့တူ မြင့်သိန်းရဲ့သား ဖအေတူသားပါလား…ပြစမ်းပါဦး ငါကြောက်ရမယ့်ဟာ မတွေ့ဘူးလို့…´´
``ဒီမှာလေ…လာယူ…´´
ထိုအချိန် ထုတ်တန်းမှ အောက်သို့ ခုန်ချလိုက်ပြီး ထီးလေး အနားသို့ တန်ခိုးလမ်းလျောက်ဟန်ဖြင့် လှမ်းလာပြီး
``ထီးလေး…ငါ့ကို ကယ်ပါ…ငါ့ကို ကယ်ပါ…´´
``တန်ခိုး…ဟာ…မင်းတန်ခိုးမဟုတ်ဘူး…ကဲ့ကွာ…´´``အား!…´´
သင်္ကန်းပတ်ထားသော လက်ဖြင့် အားအကုန် တန်ခိုးကို ထိုးလိုက်တော့သည်။ လဲကျနေသော တန်ခိုးကို ပြေးကန်ဖို့အလုပ်
``ဟား…ဟား…ဟား…ကောင်လေး ငါကဒီမှာ…နင်ထိုးလိုက်တာ …နင်သူငယ်ချင်း…´´
အသံကြားရာဆီသို့ ထီးလေး ကြည့်လိုက်တော့ လှေကား လက်ကိုင် တန်းကို ဇောက်ထိုးအနေအထားလုပ်ထား၍ အဘွားကြီး တစ်ယောက်ပမာ ဖြူဖွေးနေသော ဆံပင်၊ တွန့်ကျေနေသော အသားအရည်နှင့် မိန်းမကြီးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။ ခင်မြရီ အထင်ဖြင့် တန်ခိုးကို ထိုးမိသည်ကြောင့် လဲကျနေသော တန်ခိုး အနားသို့ ထီးလေး အပြေးသွားပြီ…
``တန်ခိုး…သူငယ်ချင်း…တန်ခိုး…´´
``ဟား…ဟား…ဟား…´´
``အား…´´
လဲကျနေသော တန်ခိုးအား ဆွဲထူးလိုက်စဉ်မှာပင် ခင်မြရီအဖြစ်သို့ ပြန်ပြောင်းသွားခါ ထီးလေးအား စောင့်တွန်းလိုက်လေသည်။ အထိနာပြီ ကြမ်းပြင်ပေါ်မှ လဲကျနေသော ထီးလေးကို လည်ပင်းမှ ကိုင်မြှောက်ထားစဉ် လမ်းကလေးနဲ့ငါးကလေး အပြေးသွားလိုက်ပြီး ဦးမြင့်ထွေးပေးထားသော လက်ဖွဲ့တို့ဖြင့် တန်ခိုးလည်ပင်းအား စွပ်လိုက်တော့သည်
``ဟင်…ပူတယ်…အောင်မာ…သွားဟာ´
ဝင်ကပ်နေသော ခင်မြရီ ဘာမှ မဖြစ် နှစ်ယောက်စလုံးကို တွန်းထုတ်လိုက်လေသည်။ နံရံဘေးမှာ ငါးကလေးနှင့်လမ်းကလေး မလှုပ်နိုင်တော့ပဲ ငြိမ်ကျသွားတော့သည်။ ``ငါးလေး…လမ်းလေး…´´
``နင်တို့ယူလာတဲ့ လက်ဖွဲ့လေးက ငါလို သွေးမှော် ဒေဝီတစ်ပါးကို နိုင်မယ်ထင်နေလား…ဒီလို သရဲပေါက်စလေးပဲ ဒီဟာကို ကြောက်လိမ့်မယ်´´
ဦးမြင့်ထွေး လက်ဖွဲ့ကြိုးကို တစ်ဖက်မှကိုင် တစ်ဖက်မှ ထီးလေးရဲ့ လည်ပင်းကို ဆွဲမြောက်ထားလျက်။ နောက်
``ဒီမှာကြည့်…´´
``အား…ကြောက်ပါပြီ…´´
``ဟင်…ကို…ကိုလှမြင့်…´´
ခင်မြရီ အရှေ့ ဒူးထောက်လျက် လှမြင့်ကို လက်ဖွဲ့စွပ်ပေးလိုက်လေတော့သည်။ထိုမှသာ လှမြင့်ဆိုသူက တစ္ဆေဆိုတာကို ထီးဘေး သိလိုက်ရတော့သည်။ ဦးမြင့်ထွေး လက်ဖွဲ့ခင်မြရီ လှမြင့်ကို စွပ်ပေးလိုက်သည့်ကြောင့် လှမြင် အငွေ့လေးဖြစ်ခါ ပျောက်ကွယ်သွားပါတော့သည်။
ထိုနောက် လည်ပင်းကိုင်မြောက်ထားသည့် ထီးလေးကို အပေါ်မြှောက်လိုက်ပြီး ဘောလုံးတစ်လုံးကို ကန်သကဲ့သို့ ကန်ထုတ်လိုက်လေတော့သည်။နံရံဖြင့် ရိုက်မိပြီး ပြန်မထနိုင်
ပြန်ထသောလဲ ထ၍မရ တန်ခိုးအသွင်ဖြင့် ခင်မြရီ  မျှားကလေးအနားသို့ လျောက်သွားပြီး
``အရှေ့တိုးမလာနဲ့နော် …ဒီမှာ ဂမုန်းဘုရင် ရှိတယ်…´´
မျှားကလေးကိုင်ပြလိုက်သည့် ဂမုန်းကိုတွေ့တော့ တန်ခိုး အသွင်ဖြင့် ခင်မြရီ တုန့်ခနဲ ရပ်တန့်သွားပြီး
``ပေးစမ်း…ငါ့ကို အဲ့ဂမုန်း ´´
``အရှေ့တိုးလာရင် ဒါနဲ့ရိုက်မှာနော် …တိုးမလာနဲ့…´´
ဒီလိုပြောတော့ ခတ်ထန်မာကျောနေသော တန်ခိုးအဖြစ်မှ ပုံမှန် တန်ခိုးအဖြစ်သို့ ပြောင်းသွားပြီး
``မျှားလေး…နင်…နင်တို့တွေ ပြန်…ပြန်လှည့်ကြတော့…ငါ…ငါ့ကိုထားခဲ့လိုက်တော့…´´
``ဟင်…တန်ခိုး…နင်…နင် တန်ခိုးဖြစ်သွားပြီးလား…´´
တန်ခိုး အသွင်ဖြစ်အနားရောက်လာခါ မျှားကလေး လည်ပင်းကို ကိုင်မြှောက်လိုက်စဉ် လက်ထဲမှ ဂေါ်လီ သဏ္ဍန် အလုံးလွတ်ကျတော့
``ဟင်…ကိုးသချိုင်း မှော်ဝင် ဓာတ်လုံးပါလား…ဒါနဲ့ငါ့ပညာနဲ့ပေါင်းစပ်လိုက်လို့ကတော့ တစ်လောကလုံးကို ငါအုပ်စိုးနိုင်ပြီး…ဟား…ဟား…´´
မျှားလေး လက်ထဲမှ ကျသွားသော ဓာတ်လုံးအား ခင်မြရီ ကောက်ယူလိုက်ပြီ်း ထိုအလုံးကို မြိုချမလို့လုပ်စဉ်
``ခင်မြရီ!…´´
``ဟင်…သချိုင်းစောင့်ကြီးပါလား…နင်လဲ လာအသေခံတာလား…သတ်ပေးရမှာပေါ့…ဟားဟား´´
``ဒီနေ့တော့ နင့်ကို ကမ္ဘာပေါ်က မောင်းထုတ်နိုင်ပြီ ခင်မြရီ…´´
``နင်လို့ သချိုင်းစောင့်ကများ…´´
``ဟုတ်တယ်…ဒီမှာဘာလဲကြည့်…´´
``ဟင်…ငါ…ငါယောကျာ်း …ငါသူ့ကို ပြန်ရှာနေတာကြာပြီး…အုန်းမြင့် ငါ့ကို သူ့အလောင်းပေးပါနော်´´
နှစ်အတန်ကြာပြီဖြစ်တဲ့ အရိုးစုကြီးကို ဦးအုန်းမြင့် ပြလိုက်တော့
``ပေးမယ် …ပေးမယ်…ဒီမှာကြည့်…´´
``မ…မလုပ်…မလုပ်ပါနဲ့…´´
အရိုးစုကို ပစ်ချလိုက်ပြီး မီးရှို့ဖျက်စီးလိုက်တော့ ခင်မြရီ မျက်နှာအဖြစ် ပြောင်းသွားလိုက် တန်ခိုး မျက်နှာ အဖြစ်ပြောင်းသွားလိုက် ဖြစ်ကာ မီးစွဲနေသော အရိုးစုရှိရာသို့ သူအပြေးလာတော့သည်။
``ဟင်…ဘာဆက်လုပ်ရမလဲ…´´
မီးလောင်နေသော အရိုးစုဆီ ခင်မြရီ ပြေးသွားခါ တန်ခိုး ခန္ဓာကိုယ်ထဲမှ ထွက်သွားတော့သည်။ ခင်မြရီကိုနိမ်နှင်းဖို့ ဆုံးအောင် ပြောမသွားနိုင်တော့ ဝက်ကုန်းဘတုတ် စကားကို ဦးအုန်းမြင့် ဘာဆက်လုပ်ရမှန်းမသိ လဲကျနေသော ဦးမြင့်ထွေးဆီ သွားပြီး
``မြင့်ထွေး…ငါ ဘာဆက်လုပ်ရမလဲ…ပြောပါဦး…အလောင်းကို မီးရှို့လိုက်ပြီးပြီး…ပြောပါဦး´´
သို့ပေမယ့် ဦးမြင့်ထွေးမှာ သတိမရ မေ့မျောနေလျက် အရိုးစု မီးလောင်နေသည်ကို လည့်ပတ်ပြီး ယူကြုံးမရ ဝမ်းနည်းပတ်လပ်ဖြစ်နေသော ခင်မြရီတစ်ယောက် ဦးအုန်းမြင့်ဘက်သို့ လှည့်လာပြီး …
``လူယုတ်မာ…သေပေတော့…´´
သစ်သား အချွန်ဖြင့် ဦးအုန်းမြင့်၏ရင်ဘက်သို့ ထိုးသွင်းလိုက်လေတော့သည်။
``မှတ်ပါလား…သေ…သေ သေစမ်း…ငါ့ယောက်ျားကို နှစ်ခါပြန် သတ်တဲ့လူယုတ်မာတွေ နင့်ကိုလဲ နှစ်ခါပြန်သတ်မယ်…ရော့ သေစမ်း…´´
ထိုချိန်မှ ဦးမြင့်ထွေး သတိရလာပြီး အနီးရှိ သစ်တားတစ်ချောင်းကို လှမ်းဆွဲခါ အားယူလိုက်ပြီး မြေကိုထောက်ခါ ထလိုက်စဉ် သစ်သားချောင်းမှာ မြေကြီးထဲ ထိုးဝင်သွားပါတော့သည်။
ခင်မြရီ လှည်ကြည့်ပြီး ဦးမြင့်ထွေးဆီအလာ မြေစိုက်နေသော သစ်သားကို ကိုင်ထားသည့် ဦးမြင့်ထွေးက မြေကြီးကို လှမ်ချလိုက်တော့
``မလုပ်နဲ့…မလုပ်နဲ့…´´
ရှေ့ဆက်မတိုးနိုင်တော့ပဲ ခင်မြရီကိုယ်မှ အငွေ့တွေ ထွက်လာခါ အသံနက်ဖြင့် တစ်ရက်ဆက်အော်နေတော့သည်။ ဦးမြင့်ထွေး သတိရသွားပြီး
``တူရီးတို့ အားလုံးပဲ မြေတွေကို တူးပြီး အပေါ်ကိုလှမ်တင်ကြ…မြန်မြန်လှမ်တင်…မြေလှမ်မှ ဒီမကောင်းဆိုးဝါးကို နိုင်တော့မယ်…မြန်မြန်လှမ်ကြ…´´

နာကျင်နေသော ခန္ဓာကိုယ်များဖြင့် ငါးလေး လမ်းလေး မျှားလေး ထီးလေးတို့ဦးမြင့်ထွေးပြောသည့်အတိုင်း မြေလှမ်တူးတော့သည်။ ထိုအခါမှ ခင်မြရီ ဝိဥာဉ်ဟာ တစ်ဆင့်ချင်း အငွေ့အဖြစ်သို့ပြောင်းနေချေပြီ။
``ဦးလေး…ဦးအုန်းမြင့်ရော…ဘယ်မှာလဲ…´´
``အုန်းမြင့် …ဒင်း လက်ချက်ကြောင့်သေပြီ…မင်းသူငယ်ချင်းတွေကို အပြင်ခေါ်သွားလိုက်တော့ ဦးလေး ဒီအိမ်ကြီးကို မီးရှို့တော့မယ်…မင်းတို့ အားလုံး ဒီကနေ မြန်မြန် ထွက်သွားကြတော့´´
ဦးမြင့်ထွေး ပြောသည့် အတိုင်း သတိမေ့မျောနေသော တန်ခိုးကိုအပြင် ထမ်းခါ ငါးယေက်လုံး အိမ်ကြီး အပြင်သို့ ရောက်လာကြတော့သည်။  ဦးမြင့်ထွေး အပြေးထွုတ်လာစဉ်မှာပဲ အိမ်ကြီးဟာ တစ်အိမ်လုံး မီးလောင်နေပါတော့သည်။ အထဲမှ အော်သံပေါင်းများစွာ ထွက်လျက် မကောင်းဆိုးဝါးတွေ ပျောက်ကွယ်ကုန်ကြပြီ'။
*****************************
``တော်ပါသေးရဲ့ဦးလေးရာ…ဦးအုန်းမြင့်တွက်တော့ ကျွန်တော်တို့အားလုံး စိတ်မကောင်းပါဘူး…´´
``ဘယ်တတ်နိုင်ပါ့မလဲ…သတ္တဝါတစ်ခု ကံတစ်ခုပဲပေါ့…မောင်တန်ခိုးကို သတိရအောင် မြန်မြန်လုပ် မင်းတို့အားလုံး ဘာဖြစ်သွားကြသေးလဲ…´´
``ဘာမှ မဖြစ်ပါဘူး…ကျွန်တော်တို့ ခံနိုင်ရည် ရှိပြီးသားပါ…ပွန်းရုံ ပဲ့ရုံလောက်ပါပဲ…´´
``တန်ခိုး …မင်းသတိရလာပြီလား…´´
``ဟင်…ငါ…ငါ ဘယ်ရောက်နေတာလဲ…´´
``ဘာမှ မပူနဲ့တော့ မောင်တန်ခိုးရေ မင်းကို မင်းသူငယ်ချင်းတွေ ထမ်းလာလို့ ရွာထဲတောင် ရောက်တော့မယ်…´´
``ဗျာ…´´``ရပြီး…ငါ့ကို မထမ်းပါနဲ့တော့ ငါလမ်းဆင်းလျောက်ပါ့မယ်…မဟုတ်တာပဲကွာ…မင်း တော်တော် ပင်ပန်းသွားတယ်…ဒါနဲ့နေပါဦး မင်းဘယ်လိုဖြစ်ပြီ အဲ့အိမ်ကြီးဆီရောက်သွားရတာလဲ…´´
``ငါပြောပြရင် မင်းတို့စိတ်မဆိုးကြပါနဲ့ကွာ…ငါ့ကြောင့် မင်းတို့ဒီလိုဖြစ်ရတာပါ…´´
``ဖြစ်ပြီးတာတွေလဲ ပြီးပါပြီ…မင်းကို အပြစ်မတင်တော့ပါဘူး…´´
``ငါတို့ကွမ်းခြံဘေးကနေ ပြန်ပြီး အိပ်ကြတယ်လေ…ဒါပေမယ့် ငါမအိပ်ခဲ့ဘူး ရွာပျောက်ကြီးဆိုတာကို သိချင်လို့ ငါ အဲ့အရူးနောက်ကို ဖိနပ်တောင် မစီးပဲ မင်းလဲ အိပ်ရော ငါနောက်ယောင်ခံ လိုက်ခဲ့တယ်။ အဲ့အိမ်ကြီးလဲ ရောက်ရော ငါဘာမှ မသိတော့တာပဲ…´´
``မင်းကွာ…´´
ုဖြစ်ပြီးသား ကိစ္စမို့ တန်ခိုးကိုလဲ အပြစ်မပြောတော့ပါ ။ ရွာထဲဝင်ဖို့ပဲ နာကျင်နေသော ခြေလှမ်းများဖြင့် လျောက်လာနေတော့သည်။
``ဦးလေး…ဒီကိစ္စကို ဘယ်လိုဆက်လုပ်ကြမှာလဲ…´´
``မင်းတို့နဲ့ဝါးခယ်မမြို့ကိုလိုက်ပြီး သက်ဆိုင်ရာကို အကြောင်းဆုံရှင်းပြမယ်…ဦးလေးလဲ အသက်ကြီးပြီ…သာသနာ့ဘောင်မှာပဲ နေတော့မယ်လို့စိတ်ကူးထာတယ်…´´
``ကောင်းလိုက်တာ…ဦးလေးရယ်…´´
လျောက်လာနေရင်း ရွာထဲ အဝင်မှာတော့
မိန်းကလေး တစ်ယောက် ဖြတ်လျောက်သွားသည်ကို ထီးလေးလှမ်းတွေ့လိုက်တော့
``ဟင်…ဝတီ…ဟိုမှာ ဝတီ´´
``ဟေး…တူရီ…ဝတီမဟုတ်ပါဘူးကွ…အဲ့ဒါ တို့ရွာက ကြည်ဖြူ…ဘာဖြစ်လို့တုန်း´´
``ဟင်…ကျွန်တော် ဆုံခဲ့ရတဲ့ ဝိဥာဉ်မလေး ဝတီနဲ့တော်တော်တူတာပဲ…´´
                   ``ဟေး!…´´

*****************************
ပြီးပါပြီ။     ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages