စာမပေါ်သူများအတွက် ဦးစားပေး ရေးသားလိုက်သော
ကြမ်းတမ်းသည့် ပရလောက
စာရေးသူ- ထီးကလေး
သား မင်းကို အဖေ ဘယ်နည်းနဲ့မှ အဲ့ကောင်မလေးနဲ့ သဘောမတူနိုင်ဘူး အဖေတို့ မင်းကို ဘွဲ့ရပညာတတ်ဖြစ်အောင် သင်ပေးခဲ့တာ အခုလို မိုက်ရူးရဲလုပ်ဖို့ မဟုတ်ဘူး အဲ့ဒီမိန်းကလေးနဲ့ အမြန်ဆုံး ငါ့သား အဆက်အသွယ်ဖျက်ပါ
အဖေကလဲ ဖြူ့မှာ ဘာအပြစ်ရှိလို့လဲဗျာ သား သူ့ကို သိပ်ချစ်တယ်
အေး ချစ်တာက အိမ်ထောင်ရေးဘဝမှာ ဘာမှ သုံးမရဘူး အဓိက လောကမှာ ငွေရှိဖို့က အရေးကြီးတယ် မင်းအတွက်ပြောနေတာ အခု မင်းကောင်မလေးကို ကြည့်လေ ကျုးကျော်မြေမှာ အိမ်ငှားနေတယ် ပြီးတော့ အကြွေးတွေက ပတ်ချာလည်ဝိုင်းလို့ အဲ့ဒီမိသားစုထဲ မင်းရောက်သွားလို့ကတော့ နွားလုံးလုံး ဖြစ်ပြီပဲ တစ်မိသားစုလုံးရဲ့ တာဝန်မင်း ထမ်းရမှာ ပြီးတော့ မိန်းမတွေချည်းပဲ ယောကျာ်းသားရှိတာလည်း မဟုတ်ဘူး အားလုံး မင်းပဲ ရုံးကန်ရမှာ နားလည်လား မင်းအတွက်ပြောနေတာ
အဖေ့ရဲ့စကားတွေကြောင့် ကျွန်တော် ရှေ့ရေးကို လှမ်းမမြင်ချင်ဘူးဗျာ။ ဟုတ်တယ် ကျွန်တော့်ချစ်သူ ဖြူက ဆင်းရဲတယ်။ အဖေမရှိတော့ဘူး အမေနဲ့ အစ်မတွေရဲ့ အုပ်ထိန်းမှု့အောက်မှာ သူမက နေရတယ်။ အစ်မ အကြီးဆုံးက ဖဲရိုက်၊ နှစ်လုံးထီ၊ သုံးလုံးထီ အလောင်းကစား မျိုးစုံ လုပ်တတ်တယ်။ အဲ့ဒီ့လောင်းကစားတွေကြောင့်ပဲ သူမတို့ စီးပွားရေး ပြုတ်ပြုတ်ပြုန်းခဲ့ရပြီး အခု ကျွန်တော်တို့ လမ်းရဲ့ ကျုးကျော်နေရာ အိမ်သေးသေးလေးမှာ လာရောက် ငှားနေရတဲ့ အခြေနေထိ ရောက်သွားတယ် ဆိုပါတော့။ကျုးကျော် အိမ်ရှင် အန်တီကြီးကိုယ်တိုင်က အမေ့ဆီမှာ ပိုက်ဆံချေးငှားရသည့် အခြေအနေမျိုး အခု ဖြူတို့ မိသားစုက အဲ့ဒီအန်တီကြီး အိမ်မှာ ငှားနေရသည်ဆိုတော့ အဖေ အမေနဲ့ အစ်မက ကျွန်တော့ကို လုံးဝ သဘောမတူခဲ့ဘူး။ဒီကျုးကျော် နေရာလေးကို ဖြူ တို့မိသားစု စပြောင်းလာကတည်းက ဖြူ့ကို တွေ့ပြီး ကျွန်တော် ချစ်မိခဲ့တယ်။ ဖြူ့ဆီက အချစ်ကို ကျွန်တော် ရအောင်ယူနိုင်ခဲ့ပြီပေါ့။ ဘူးတစ်ရာအပေါက်ကို ပိတ်နိုင်ပေမယ့် လူ့ပါးစပ်တစ်ပေါက်ကို ပိတ်နိုင်ဖို့ ခဲရင်းလှတယ်။ ဒီတော့ ဖြူနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်နေတာကို အဖေတို့သိသွားခဲ့ပြီလေ။ သိသိချင်း အခုလို ရှေ့ရေးကို ကြိုတင်မြင်တဲ့ အဖေက ကျွန်တော့ကို ဖြူနဲ့ အဆက်သွယ် ဖျက်ခိုင်းနေပြီ။ ကျွန်တော် ဖြူ့ကို သိပ်ချစ်တယ်။ကျွန်တော်တို့ မိသားစုက မချမ်းသာပေမယ့် လူတန်းစေ့ နေနိုင် စားနိုင်အောင် အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက စောင့်ရှောက်ပေးခဲ့တယ်။ မွေးကတည်းက ပင်ပန်း ဆင်းရဲဒဏ်မခံဘူးတဲ့ ကျွန်တော်တို့မောင်နှမတွေကို ပင်ပန်း ဆင်းရဲဒဏ်ကို ကောင်းကောင်းကြီး ခံထားဘူးတဲ့ အဖေက သူ့လိုမျိုး ဒုက္ခရောက်မှာ စိုးရိပ်စိတ်နဲ့ ကျွန်တော့ကို ချော့တစ်ခါ ခြောက်တစ်လှည့် နည်းနည်းအမျိုးမျိုး ချစ်သူဖြူနဲ့ အဆက်သွယ် ဖျက်ခိုင်းနေခဲ့ပြီ။ အဖေက ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီးက အထက်လမ်း ဆရာတစ်ယောက်ဖြစ်ပြီး တပည့်တွေလည်း တော်တော်များရှိတယ်။ ဖြူနဲ့ ကျွန်တော် အဆက်သွယ်မဖျက်ပဲ ဆက်ချစ်နေတာကို အဖေသိနေခဲ့တယ် ။ဒီတော့ အဖေက ကျွန်တော့ကို သူတတ်တဲ့ အထက်လမ်းပညာနဲ့ ကျွန်တော်တို့နှစ်ယောက်ကို ခွဲမယ်လို့ ခြိမ်းခြောက်တယ်။ တကယ်တော့ အဖေက ကျွန်တော့ကို ခြောက်တာပါ။ ခြောက်တယ်ဆိုတာ ကျွန်တော် သိတော့ လုံးဝ မကြောက်ဘူး။ အဖေမေးတဲ့ အခါတိုင်း ဖြူနဲ့ အဆက်သွယ်ပျက်ပြီးလို့ ကျွန်တော် အမြဲညာပြောခဲ့တယ်။ ဖြူနဲ့ မချစ်ခင်က အဖေ့ လုပ်နေတဲ့ အထက်ဂုဏ်းအလုပ်တွေကို ကျွန်တော်အားတတ်သရော ဝါသနာပါပါနဲ့ ဦးဆောင် ဝိုင်းဝန်းပြီး ဂုဏ်းပူဇော်ပွဲမှအစ ရှေ့တန်းက မားမားရပ်ပြီး လုပ်တတ်တယ်။ချစ်သူရပြီးတဲ့ နောက်မှာတော့ အဖေ ပယောဂါကုတဲ့ အချိန်ဆိုလည်း ကျွန်တော် အဖေ့အနားမှာ ရှိမနေတော့ဘူး အရင်ကဆို အဖေ ဘုရားမှာ ညဘက် ပုတီးသွားစိပ်တဲ့ အခါတိုင်း အဖေနဲ့ အတူ ကျွန်တော်ပါ အမြဲပါသွားလေ့ရှိတယ်။ အခုတော့ အဲ့ဒီအချိန်တွေအားလုံး ချစ်သူဆီကို ခွဲဝေပေးလိုက်တဲ့ အပြင် ဒီအထက်ဂိုဏ်းအလုပ်တွေကိုလည်း ကျွန်တော် စိတ်သိပ်မပါချင်တော့ဘူး။ အချိန်ပြည့် ကျွန်တော့စိတ်က ဖြူ့ဆီမှာ။ ဖြူတို့ မိသားစုကလည်း ယောကျာ်းလေးဘက်က သဘောမတူဘူး ကြားရတော့ ကျွန်တော်နဲ့ ဖြူ့ကို ရှေ့ဆက်မတိုးဖို့ ဖြူ့ အစ်မကြီးတွေက ကျွန်တော့ကို လာတားတယ်။ ဒါပေမယ့် ကျွန်တော် လုံးဝ နောက်မဆုတ်ခဲ့ဘူး ။ကျွန်တော့ ဖြူ့ကိုပဲ လက်ထပ်မယ် ဘယ်လို ဒုက္ခတွေပဲ တွေ့တွေ့ ကျွန်တော် ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။
သား မင်း အဖေ့စကားကို နားမထောင်သေးပါလား မင်းဒုက္ခရောက်မှာဆိုးလို့ အဖေ မင်းကို တားနေရတာ မင်းရုပ်မင်းရည်နဲ့ နောက်ထပ် သူ့ထက်သာတာတွေ အများရှာတွေ့နိုင်ပါတယ်ကွာ မင်းနဲ့ သူနဲ့ညားရင်တော့ မင်းဘဝ တစ်သက်လုံး ပင်ပန်းမှာ သေချာနေပြီ
သား ယောက်ျားတစ်ယောက် အဖေ သားမှာ အားတွေရှိပါတယ် မိန်းမတစ်ယောက်ကိုတော့ သားကောင်းကောင်း ရှာကျွေးနိုင်ပါတယ်
ခတ်တာပဲကွာ မင်းရှာကျွေးရမှာ သူ့တစ်ယောက်တည်း ထင်လို့လား အနောက်မှာ သူ့မိသားစု တစ်ခုလုံးပါ ပါလာမှာ အဲ့တာဝန်တွေ မင်းယူရမှာပါ မင်းနားလည်လား ငါဆက်မပြောချင်တော့ဘူးကွာ မင်းလည်း ခေတ်ပညာတတ် ဘွဲ့ရတစ်ယောက်ပဲ ဒီလို ဘာမှမဟုတ်တဲ့ မိန်းမတစ်ယောက်ကို ယူမလို့လား မင်းမိန်းမဖြစ်လာမယ့် သူကရော ဘယ်နှတန်း တတ်တယ်ဆိုတာ မင်းသိပြီးပြီလား
အဲ့လိုတော့ မပြောပါနဲ့ အဖေ တစ်ခြားသူတွေအတွက် ဖြူက ဘာမှ မဟုတ်ပေမယ့် သားအတွက်တော့ တန်ဖိုးရှိတဲ့ မိန်းမကောင်းတစ်ယောက်ပါ သူပညာမတတ်ပေမယ့် သားမှာ ပညာတတ်ပါတယ် လာမယ့် ဘေး ပြေးတွေ့လိုက်ရုံပဲ
တော်တော့ ဟေ့ယောင် မင်းငါ့ကို ဘာမှဆက်မပြောနဲ့တော့ မင်းကိုငါ ရှင်းရှင်းနဲ့ နောက်ဆုံးပြောမယ် အဲ့ကောင်မလေးကို မင်းယူလို့ကတော့ ငါတို့အိမ်ရိပ်တောင် နင်းဖို့ မကြိုးစားနဲ့ ယူလိုက်လေ ယူတဲ့နေ့ကျရင် သတင်းစာထဲမှာသာ ကြည့်ထား အမွေပျက်ပဲ
ပြင်းထန်တဲ့ အဖေ့စကားတွေက ကျွန်တော့ကို ဖိအားတွေ ပေးနေခဲ့တယ်။ အဖေ အဲ့လိုပြောတိုင်း ဖြူ့မျက်နှာလေးကို ပြန်မြင်ယောင်ရင်း ဖြူ့ကို သနားမိတယ်။ သိပ်ချစ်မိတယ်။ အဖေကတော့ ကျွန်တော့ကို ဖြူနဲ့ မယူလောက်သေးဘူးလို့ ထင်ထားပေမယ့် ကျွန်တော်နဲ့ ဖြူကတော့ လူကြီးတွေ အလစ်ချိန်စောင့်ပြီး နှစ်ယောက်တည်း ဘဝတစ်ခု တည်ဆောင်ဖို့ ဆုံးဖြတ်ထားခဲ့ပြီလေ။ ဖြူ့ကို သနားတယ် ။ သူမအကြောင်းကို အဖေတို့သိတယ်ဆိုပေမယ့် ကျွန်တော် လောက်မသိနိုင်ပါဘူး။ သူမ ကျွန်တော့အပေါ် အရမ်းငဲ့ညာတယ်။ သူမကြောင့် ကျွန်တော့ကို အထိခိုက်မခံဘူး။ ကျွန်တော်နဲ့ လမ်းခွဲဖို့ သူမ ပြောခဲ့ဘူးတယ် ။ ကျွန်တော် လက်မခံဘူး သူမကို အရမ်းချစ်တယ်။ တပေါင်းလပြည့်တိုင်း အိမ်မှာ အထက်ဂိုဏ်းပူဇော်ပွဲ အလှူလုပ်ခဲ့တာ အခုလာမည့် တပေါင်းလပြည့်ဆို ၈ကြိမ်မြောက်ရှိနေခဲ့ပြီ။ အဲ့ဒီနေ့ဆို နယ်က အဖေ့ တပည့်တွေ အများကြီးရောက်လာပြီး အိမ်မှာ စုပေါင်း ဂိုဏ်းပူဇော်ပွဲ အလှူလုပ်ကြတယ်။အဲ့ဒီ ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်တော်ကြီး ပူဇော်ပွဲ အလှူကို အဖေက သိပ်တန်ဖိုးထားတယ်။ နှစ်တိုင်း မဖြစ် ဖြစ်အောင် လုပ်တယ်။ အဲ့ဒီထဲမှာ ၇ကြိမ်မြောက်တိုင်တိုင် ကျွန်တော် အားတတ်သရော အဖေနဲ့တန်းတူ ဦးစီးဦးဆောင် လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် တပေါင်းလပြည့်တော့မယ် အလှူပွဲကြီးအတွက် ကျွန်တော် စကားတစ်လုံးတောင် မစဖြစ်ဘူး။ အဖေ ရိပ်မိနေခဲ့ပြီလေ။ ဖြူနဲ့ ချစ်သူတွေဖြစ်မှ ဒီအလုပ်တွေကို ကျွန်တော် ပျက်ကွက်နေတယ်လို့ တစ်ထစ်ချ သူတွေးထားလိုက်ပြီး ဖြူ့ကိုလည်း အိမ်က မိသားစုက မုန်းမိနေကြတော့တယ်။
တစ်ညနေမှာ ဖြူနဲ့ ဆုံဖြစ်တယ်။ ဖြူက ကျွန်တော့ကို လာမည့် အဖိတ်နေ့ညနေ ၅နာရီတိတိမှာ နှစ်ယောက်တည်း တစ်နေရာကို ထွက်သွားကြမယ်လို့ သူမပြောခဲ့ပြီလေ။ အဲ့ဒီ အဖိတ်နေ့က တပေါင်းလပြည့် မတိုင်ခင် တစ်ရက်။ လ မပြည့်ခင် တစ်ပတ်လောက်တည်းက အိမ်မှာ ဂိုဏ်းပူဇော်ပွဲအတွက် လူတော်တော်ဆုံနေခဲ့ပြီ။ ဒီနှစ် အားတတ်သရော မရှိတဲ့ ကျွန်တော့ကို အဖေ့တပည့်တစ်ချို့က မေးကုန်ကြတယ်။ သို့ပေမယ့် မဖြေခဲ့ပါ။ အဖိတ်နေ့ ဖြူ့ကို ခိုးပြေးဖို့အတွက် ကျွန်တော် ပြင်ဆင်ထားချေခဲ့ပြီ။ အဖိတ်နေ့ မစောစော အိမ်က လူကြီးတွေ မရိပ်မိခင် အထုတ်အပိုးတွေကို သူငယ်ချင်း တစ်ယောက်အိမ် ပို့ထားခဲ့ချေပြီ။ နေ့လည်ခင်းမှာပဲ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အပြင်သွားမည့် ပုံစံနဲ့ ကျွန်တော် အိမ်အပေါ်ကနေ ဆင်းလာခဲ့တယ်။ ခြံထဲမှာ တပည့်တွေနဲ့ အတူရှိနေတဲ့ အဖေက ကျွန်တော့ကို သူ့အနားလှမ်းခေါ်လိုက်ပြီး
သား မင်းဘယ်သွားမလို့လဲ
အပြင် ခဏသွားမလို့ အဖေ
ဟိုကောင်မလေးနဲ့ပဲလား
မဟုတ်ပါဘူး သားသူငယ်ချင်းတွေနဲ့ပါ
အဖေ့ကို လိမ်မနေပါနဲ့ သားရာ မင်းဆိုက်မိုက်နေတုန်းပဲ အဖေ့သားက အဖေ့စကားကို နားမထောင်တော့တာ အဖေ သိပ်ဝမ်းနည်းမိတယ် အခု အဖေ တန်ဖိုးထားလုပ်နေတဲ့ ဂိုဏ်းပူဇော်ပွဲကြီးကိုတောင် မင်းက ဥပေက္ခာပြုနေပြီ ဘယ်တတ်နိုင်ပါ့မလဲ ဒီမှာသား မင်းကို အဖေတစ်ခုပြောမယ် ဒီနေ့ည အဖေတို့ အထက်ဂိုဏ်းဆရာတွေ ဆုံကြမှာ မင်းမသွားပါနဲ့လား အဖေ တောင်းဆိုနေတာပါ
အဖေ သားကို ခွင့်လွတ်ပါ သား သူနဲ့ မခွဲနိုင်ဘူး သား ပြန်လာခဲ့မှာပါ မိုးမချုပ်စေရပါဘူး အခုလဲ သူငယ်ချင်းတွေနဲ့ သွားမှာပါ
အေးပေါ့ကွာ ဒီပွဲမှာ မင်းမရှိဘူးဆိုရင်တော့ နောက်တစ်ခါ အဖေတို့ အိမ်ကို မင်းပြန်မလာနဲ့တော့ အဖေတို့ မင်းကို ဥပေက္ခာပြုလိုက်ပြီ
အဖေ ဘယ်လိုပဲ ပြောနေပါစေ အဖေ့ စကားတွေ ကျွန်တော့နားထဲမှာ မရှိတော့ဘူး ။ ကျွန်တော့ချစ်သူနဲ့ ဝေးမယ့် ဒီအထက်ဂိုဏ်း အလုပ်တွေလဲ ဆက်မလုပ်ချင်တော့ဘူး။ ဖြူစောင့်နေမယ့် နေရာလေးကို ကျွန်တော် အရောက်သွားခဲ့တော့တယ်။ ဖြူနဲ့ဆုံတယ် ။ဖြူကပြောတယ် သူ့မိသားစုကို အပြီးပိုင် ပစ်ထားခဲ့ပြီတဲ့။ ဘာထူးလဲဗျာ ကျွန်တော်လဲ ဖြူနဲ့ ထပ်တူပဲပေါ့။ လက်ထဲမှာရှိတဲ့ ပိုက်ဆံလေးနည်းနည်းနဲ့ ပဲခူးဘက်မှာ လင်မယားနှစ်ယောက် အိမ်လေးငှားနေခဲ့တယ်။ စပေါ်ငွေ နည်းနည်းလေးနဲ့ အိမ်အစုတ်လေးပေါ့။ ဘာပဲဖြစ်ဖြစ်ဗျာ ကျောခင်းလို့ရရင်ပဲ ကျေနပ်ပါပြီ ။ ဖြူ့ အလုပ်လုပ်မယ် ပြောတယ် ကျွန်တော် မခိုင်းပါဘူး။ ရသမျှ အလုပ်လုပ်တယ်။ ပန်းရန်၊ လက်သမား၊ အစုံ လိုက်လုပ်တယ်။ ညနေပြန်လာရင်း ဖြူ့မျက်နှာလေးကို မြင်လိုက်ရရင်ပဲ တစ်နေကုန် ပင်ပန်းထားတာတွေ အာလုံး မေ့ပျောက်ကုန်နိုင်တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက် နေလာရင်း ၂လကျော် အချိန်ရောက်လာတော့ ပဲခူး တောစပ်နေရာလေးမှာ ဈေးပေါပေါနဲ့ အိမ်သေးသေးလေး တစ်လုံး ဝယ်လိုက်တယ်။ အိမ်က တော်တော်လေး စုတ်ပျက်နေတော့ တတ်နိုင်သလောက် ပြင်လေးတွေဝယ်ထားတယ်။ တိုင်လေးတွေဝယ်ထားတယ်။ တစ်ဖြည်းဖြည်းချင်း အိမ်လေး ကောင်းလာအောင် ပြင်ဆင်လာနိုင်ခဲ့တယ်။
ဒီအိမ်လေးကို ပြောင်းလာတာ ၃လောက်ကျော်အချိန်
ညနေ ကျွန်တော် အလုပ်ပြန်လာတိုင်း ကျွန်တော့မိန်းမရဲ့ မျက်နှာမှာ အပြုံးတွေ မတွေ့ရဘူး။ တစ်စုံတစ်ယောက်ကို လွမ်းနေသလား ။မှိုင်ငိုင်နေတဲ့ သူ့မျက်နှာလေးကိုပဲ ညနေ့တိုင်း တွေ့နေရတော့ ကျွန်တော်စိတ်မချမ်းဖြစ်ခဲ့ရတယ်။
နေမကောင်းဘူးလား မိန်းမ
ကောင်းပါတယ်
မင်းကြည့်ရတာလဲ နေမကောင်းသလိုပဲ နေမကောင်းရင် ဆေးခန်းလေး ဘာလေး သွားရအောင်လေ တော်ကြာ အပ်နဲ့ထွင်းရမယ့် နေရာမှာ ပေါက်စိန်နဲ့ ပေါက်နေရမယ်
နေကောင်းတယ် ယောက်ျားရဲ့ စိတ်ထဲမှာ နေရတာ မပျော်ဘူး ညည်းစိစိကြီး ဖြစ်နေတယ် ညဘက် အိပ်မက်တွေလည်း မကောင်းဘူး
ဟင် အိပ်မက်တွေလည်း မကောင်းဘူး ဟုတ်လား ဘာတွေ မက်လို့လဲ
မသိပါဘူး လူသေကောင်တွေကို မက်လိုက် သင်္ချိုင်းကုန်းကို မက်လိုက်နဲ့ တောင်ရောက် မြောက်ရောက် လိုက်မက်နေတာ သုံး လေးညလောက် ရှိနေပြီ
ဖြူ့စကားကြောင့် ကျွန်တော် ကြက်သီးထမိတယ်။ သို့ပေမယ့် သူမ အားမငယ်ရအောင် ကျွန်တော် နှစ်သိမ့် ဖြေဖျောက်ပေးထားခဲ့တယ်။ တတ်သလောက် ဂါထာတွေနဲ့ အိမ်ဝိုင်းကို စည်းချတယ်။ ထူးဆန်းတာတစ်ခုက အဖေ သင်ထားပေးသလို စည်းချ ဂါထာရွက်တဲ့ နေ့ဆို ကျွန်တော့မိန်းမ ဖြူက အိပ်ယာထဲကနေ အတင်း ကျွန်တော့ကို ဝင်အိပ်ခိုင်းတော့တာပဲ။ ဂါထာ ဆုံးအောင် တစ်ခါမှ မရွတ်ရဘူး။ သူကြောက်တယ်။ မအိပ်ရဲတော့ဘူး။ မြန်မြန် ခြင်ထောင်ထဲ ဝင်လာခဲ့ပါ အမျိုးမျိုးခေါ်တယ်။ ဒီတော့ သူမ မကြောက်ရအောင် ကျွန်တော့မှာ တာဝန်ရှိတယ်။ ဂါထာ ဆုံးအောင် မရွတ်နိုင်ပဲ ခြင်ထောင်ထဲသာ ရောက်ရောက်သွားခဲ့တယ်။ တစ်ည ကျွန်တော် အိပ်မောကျနေတဲ့ အချိန်
သတ်မယ် သတ်မယ် နင့်ကို သတ်မယ် သတ်မယ်
အိပ်မောကျနေတဲ့ ကျွန်တော့ကို ရုတ်တရက် သတ်မယ်ပြောပြီး ဖြူက လည်ပင်းထညစ်တယ်။ လန့်ဖျန့်သွားရင် ကျွန်တော် ရုန်းကန်နေမိတယ်။ သို့ပေမယ့် ဖြူ့ရဲ့ အားကို ကျွန်တော် အနိုင်ရလိုက်တယ်။ သူမ လက်ကို ဖယ်ပြီး လှုပ်နိုးသတိပေးလိုက်မှ ဟင် ဆိုတဲ့ အသံထွက်ပြီး သူမ အသိဝင်လာပုံရတယ်။ ဘာဖြစ်တာလဲဗျာ ။ သူမက မေးတယ် ယောက်ျား ဘာဖြစ်တာလဲ။ မအိပ်သေးဘူးလား။ အိပ်မပျော်ဘူးလား။ ကျွန်တော် ဘာပြန်ပြောရမလဲ ။ သတ်မယ် ပြောပြီး လည်ပင် ထညှစ်တာ သူမကိုယ်တိုင် မသိခဲ့ခြင်းလား။ သူမကို ပြန်လည် အိပ်ခိုင်းစေပြီး။ ကျွန်တော် ဘုရားစင်အရှေ့မှာ ပဠာန်းတရားကို စတင်ရွတ်ဆိုနေခဲ့တယ်။ နားထဲမှာ ရယ်မောသံတွေ ကြားနေရတယ်။ မျက်စိမှိတ်ထားတဲ့ ကျွန်တော့အနောက်မှာ လူတွေ လမ်းလျောက်နေသလို ခံစားနေရတယ်။နောက်ပြီး ဘုရားစင်ရှေ့မှာ ထိုင်နေတဲ့ ကျွန်တော့မျက်နှာကို ဆံပင်ရှည်ရှည် အနက်ရောင်ဝတ်စုံနဲ့ တစ်ယောက်ယောက်က မျက်နှာထား တည်တည် လက်တစ်ဖတ်ထောက်ပြီး စောင့်ငန်းငန်းလာကြည့်နေသလို စိတ်ထဲမှာ သိသိသာသာခံစားနေရတယ်။ ကြက်သီးတွေ တစ်ဖျမ်းဖျမ်းထာလာခဲ့တယ်။ ပဠာန်း ဆက်မရွတ်နိုင်တော့ဘူး။စိတ်လှုပ်ရှားနေခဲ့တယ်။ ပြန်မအိပ်တော့ပဲ တစ်ညလုံ ဖြူ့ဘေးမှာ ထိုင်စောင့်ပေးနေခဲ့တယ်။ ဘယ်လိုဖြစ်ရတာလဲဗျာ။ အဲ့လို ဖြစ်နေတဲ့ အချိန်တွေမှာ ကျွန်တော့ အဖေကို သိပ်သတိရမိတာပဲ။ မနက် ကျွန်တော် ပန်းရံအလုပ်သွားဆင်းရမှာ ဖြူ့ကို တစ်ယောက်တည်း အိမ်မှာ ထားခဲ့ဖို့ စိတ်မချဘူး။ ဒါပေမဟ့် ဖြူကတော့ ဘာတုန်လှုပ်မှု့မှ မရှိပဲ ကြောက်လန့်တဲ့ အမူယာကိုလည်း မတွေ့ရဘူး။
တစ်နေ့လုံး အလုပ်ထဲမှာရှိနေပေမယ့် ကျွန်တော့စိတ်ကတော့ အိမ်က မိန်းမကဆီမှာ ညက အဖြစ်အပျက်မျိုးနဲ့ဆို မိန်းမသားဖြစ်တဲ့ ဖြူတစ်ယောက် လန့်သွားနိုင်တယ်။ လုံးဝ စိတ်မချတာနဲ့ ညနေ အလုပ်စောစောသိမ်ပြီး အိမ်ပြန်လာခဲ့တယ်။ ကျွန်တော် အိမ်ပေါက်ဝ ရောက်လာတာတဲ့ အထိ အိမ်အပေါ်မှာ ဖြူ့ရဲ့ အရိပ်ယောင်ကို မတွေ့ဘူး။ ကျွန်တော် အသံပေးခေါ်ပြီး ခန်းစီး အနောက်ကို ဝင်သွားတော့ ငုတ်တုတ်ထိုင်နေတဲ့ ဖြူ့ကို တွေ့လိုက်ရတယ်။ ကျွန်တော် ခေါ်နေတာကို သူမ ပြန်မထူးဘူး ဒူးနှစ်ချောင်းကို ပိုက်ထားတယ်။ ခေါင်းငိုက်စိုက်ပြီး ခန်းစီးကို မှီ ထိုင်နေတယ်။ ဒါနဲ့ သူမကို ကျွန်တော် ဖတ်လိုက်တယ်။
သွား……
ထမင်းချိုင့်လေးချပြီး ဖတ်လိုက်တဲ့ ကျွန်တော့ကို သူမက အားကုန် စောင့်တွန်းပစ်လိုက်တယ်။ ပြင်းလိုက်တဲ့ အား ကျွန်တော်တစ်ယောက် ထန်းရံဘေးကပ်သွားခဲ့တယ်။
မိန်းမ ဘာဖြစ်တာလဲ မိန်းမ ဘာဖြစ်နေတာလဲ
သတ်မယ် သတ်မယ် နင့်ကို သတ်မယ်
ဒီလိုပြောပြီး ကျွန်တော့ဆီကို ပြေးဝင်လာတယ်။ ကြောင်တောင်တောင် ကြည့်နေမိတဲ့ ကျွန်တော့လည်ပင်းကို သူမ အသက်ကုန်ညှစ်ပြီး စောင့်တွန်းလိုက်တာ တိုင်နဲ့ ခေါင်းနဲ့ စောင့်မိပြီ ကျွန်တော့ ခေါင်းမှာ သွေးဆို့သွားခဲ့တယ်။ ဒါဟာ သာမာန်မဟုတ်ဘူးဆိုတာ ကျွန်တော် ကောင်းစွာ သိရှိသွားပြီ။ အဖေ့ကို မျက်လုံးထဲ မြင်လိုက်တယ်။အဖေ ပုံစံကို ကျွန်တော် ထပ်တူပြုလိုက်ပြီး နှုတ်ကနေ
ရပ်စမ်း…ဆိုင်ရာက ချုပ်ထားစေ
ဒီလို အမိန့်ပေးလိုက်တော့ ကျွန်တော့မိန်းမ ခွေခွေလေး လဲကျသွားတယ်။ ကျွန်တော သိလိုက်ပါပြီ။ မကောင်းတဲ့ တစ်ကောင်ကောင် ဝင်ကပ်သွားခြင်း ဆိုသည်ကို ။အဖေ သင်ထားပေးတဲ့ ပညာကို အခုမှ ပိုပြီး လေးစားအားကိုးမိလာခဲ့တယ်။အိမ်မှာ မိန်းမကို တစ်ယောက်တည်း မထားခဲ့တော့ဘူး ဆိုဒ်ထဲကို ခေါ်သွားတော့တယ်။ အဲ့နောက်ပိုင်း အဲ့ဒီလို ဆိုးဆိုးရွားရွားမဖြစ်တော့ပဲ တစ်မျိုး ပြောင်းဖြစ်လာပြန်တယ်။ တစ်နေ့ကုန် အပြင်မှာ နေရင် အကောင်းဖြစ်တဲ့ ကျွန်တော့ မိန်းမက အိမ်ပြန်ရောက်လာပြီဆိုတာနဲ့ နေမကောင်းတော့ဘူး။ ဆေးခန်းသွားပြရင်လည်း သွေးပေါင်ချိန်က ပုံမှန် အဖျားက ပုံမှန် သို့ပေမယ့် သူမကိုယ်တိုင် ခံစားနေရတာက အသည်းအသန် အပြင်းထန် ဖြစ်နေခဲ့တယ်။ အိမ်နီးချင်း အားကိုးစရာကလည်း မရှိ မိန်းမနေမကောင်းလို့ အလုပ်မဆင်းတဲ့ နေ့တွေကလဲ များဆိုတော့ လက်ထဲမှာ ပိုက်ဆံလည်း မရှိတော့ဘူး။ အရမ်း စိတ်ညစ်နေမိတယ်။ ကိုယ်အပူချိန်ကလည်း ကျလိုက် တတ်လိုက် ပုံမှန်မဟူတ်ဘူး။ ကျန်းမာရေး ဆရာဝန် သွားပင့်ဖို့ကလဲ မိန်းမကို တစ်ယောက်တည်း ထားခဲ့ရမှာ ကျွန်တော် ဘာလုပ်ရမှန်းကို မသိတော့ဘူးဗျာ။ သူမ အိပ်ပျော်သွားရင် ကျွန်တော် ဘေးနားမှာ နေပြီး ဘုရားစာအမျိုးမျိုး ရွတ်ပေးတယ်။ သူမဘေးမှာ ရှိနေတဲ့ ကျွန်တော့လက်ကလေးကို ကိုင်ပြီး
ကို စိတ်ညစ်နေပြီလား ဖြူ နေကောင်းအောင် နေပါ့မယ် စိတ်မညစ်နဲ့တော့နော်
ဖြူ့ကို စိတ်ညစ်တာ မဟုတ်ပါဘူးလေ။ ဖြူ့ကို ဒီဒုက္ခဆိုးကြီးကနေ ကျွန်တော် မကယ်တင်ပေးနိုင်တာကိုပဲ ကိုယ့်ကိုကိုယ် ဒေါသထွက်နေမိတာ။ လက်ထဲမှာလဲ ပိုက်ဆံက သိပ်မရှိတော့ဘူး။ မနက်လင်းတော့ အဖေ့တပည့်တစ်ယောက် အိမ်ကို စိုက်စိုက်မြိုက်မြိုက် ရောက်လာတာ တွေ့တော့ ဘယ်လိုပြောရမလဲဗျာ အရမ်းဝမ်းသာသွားတယ်။ဖြစ်ကြောင်းအားလုံး ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်တွေနဲ့ အတူ သူ့ကို ပြောပြလိုက်တော့တယ်။
ညီလေး မင်းဒုက္ခရောက်နေမယ်ဆိုတာ အစ်ကိုသိလို့ ဆရာက မင်းဆီလွတ်လိုက်တာ
အဖေက အစ်ကိုယ့်ကို ကျွန်တော့ဆီ လွတ်လိုက်တာ ဟုတ်လား ကျွန်တော် ဒီမှာ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ
အေးဒါကတော့ ဒီလိုပဲ စုံစမ်းပြီး လာခဲ့ရတာပေါ့ မင်းအိမ်မှာ အနှောက်အယှက်တွေ ရှိနေတယ် ငါ့စိတ်မသန့်ဘူး ဒီအိမ်ကို မင်း ဝယ်ထားတာလား
ဟုတ်တယ် အစ်ကိုကြီး ကျွန်တော် ဝယ်ထားတာ ဝယ်တုန်းကတော့ မြေပဲပေါ့လေ အိမ်ကတော့ ကိုယ့်ဟာကိုယ် သစ်လေးဝယ်စု တိုင်လေးဝယ်စုနဲ့ လုပ်ပြီး ပြန်ဆောက်ထားတာ လင်မယားနှစ်ယောက် ကျောခင်းလို့ရရင်ပဲ တော်ပြီဆိုရုံပေါ့
ကောင်းတယ် ကောင်းတယ် မင်း အိမ်က ထွက်သွားတုန်းကဆို မင်းအဖေ ငါ့ဆရာ တော်တော်လေးကို ဒေါသထွက်နေတာ မင်းကိုလည်း တစ်သက်လုံးလုံး ပြန်မခေါ်တော့ဘူးတဲ့ နောက် ဆရာကတော်က အတင်း ငိုဟယ် ရယ်ဟယ်လုပ်တာနဲ့ နည်းနည်း ပြန်လျော့သွားတယ် နောက်ပြီး ကောင်မလေးတွေဘက်ကလည်း သူ့တို့သမီးကို ဆေးနဲ့ ပြန်ခေါ်တယ် ကြားတယ် မင်းကိုလည်း တားတဲ့ကြားကနေ ဇွတ်လုပ်ရမလားဆိုပြီး သူတို့ကဆရာတွေနဲ့ ပေါင်းပြီးပညာနဲ့ လုပ်မယ်လို့ ပြောကြတယ် မင်းမှာက ပညာအခံတွေရှိလို့ ဘာမှ မဖြစ်လောက်ဘူးဆ်ုတာ သိပေမယ့် ဘေးကသူကိုတော့ သေချာပေါက် ထိမှာပဲ အခုတော့ ဘာတတ်နိုင်သေးလဲ မင်းကို မထိပဲ ကောင်မလေးကို ထိနေပြီလေ
ဒီလောက်ကိုတော့ ကျွန်တော် သိပ်မမူ့ဘူး အစ်ကိုကြီး ကျွန်တော် အခုန ပြောပြခဲ့သလို အိမ်ပေါ်မှာ ဖြစ်ဖြစ်နေတာကတော့ စိတ်ထဲ သိပ်မသင်္ကာဘူး
ဟုတ်တဟ် ငါလည်း မင်းအိမ်ထဲ စဝင်လာတည်းက စိတ်ထဲ တစ်မျိုးခံစားရတယ်
ပြောပြောဆို တစ်အိမ်လုံးကို ထိုအစ်ကိုကြီး တိုင်ခြေမှ အစ ခေါင်တိုင် အဆုံး လိုက်ကြည့်နေခဲ့တော့တယ်။ နောက် အရေးတကြီး အိမ်ရှေ့ကနေ လှမ်းအော်ခေါ်လိုက်တာနဲ့ ကျွန်တော် ပြေးထွက်သွားလိုက်ပြီး သူညွှန်ပြရာ ကြည့်မိလိုက်တော့ သေသူနာမည်နဲ့ အသက်ပါ ပါတဲ့ စာရွက်ကပ်ထားတဲ့ မျက်နှာကြပ် ပြင်ကို တွေ့လိုက်ရတယ်။ စာရွက်ကတော့ ပြဲစုတ်လုနီးပါး ဖြစ်နေခဲ့ပြီ။ ကျွန်တော်ကိုယ်တိုင် မလုပ်တတ် လုပ်တတ်နဲ့ လုပ်ထားခဲ့တဲ့ မျက်နှာကြပ်ပြင်ဟာ ခေါင်းပြင်ဖြစ်နေတဲ့ အပြင် ခင်းထားတဲ့ ကြမ်းပျင်တွေမှ အစ ခေါင်းပြင်များ ဖြစ်နေခဲ့သည်ကို သိလိုက်ရတော့တယ်။ ကျွန်တော်ကိုယ်တိုင် ဈေးပေါပေါနဲ့ ဝယ်ခဲ့သည့် သူကခေါင်းလုပ်တဲ့ အလုပ်သမား တစ်ဦးဆိုသည်ကို သိလိုက်ရတော့တယ်။ မကြာခင်အချိန်မှာပဲ အဖေရောက်လာပြီး ပုဏ္ဍက တိုက်ခံရသည့် အိမ်ကဲ့သို့ ဖြစ်ခဲ့ရသော ထိုခေါင်းပြင်များဖြင့် ဆောက်ထားခဲ့သည့် ကျွန်တော်တို့အိမ်အား ထားခဲ့လျက် အဖေပြန်ခေါ်ရာဆီသို့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ပြန်လိုက်ပါသွားချေတော့သည်။
ခေါင်းပြင်များဖြင့် တည်ဆောက်ထားခဲ့သော အိမ်သည် ပုဏ္ဍက တိုက်ခံရသည့် အိမ်ကဲ့သို့ ကြမ်းတမ်းသော ခြောက်လန့်မှု့များရှိသည်ဟု တင်ပြလျက် အဖေပြောသော အဖေ့ကြောင်းအား ကိုယ်ပိုင် ဥာဏ်ဖြင့် စာစီရေးသားလိုက်ပါသည်။
စာရေးသူ- ထီးကလေး။
Post Top Ad
Responsive Ads Here
ခေါင်းပြင်တွေနဲ့ ဆောက်တဲ့အိမ်
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









ကောင်းတယ်ဗျ ကြိုက်တယ် စာပေဝါသနာမပါတဲ့ကျနော်တောင်လက္ခံလို့ ရတယ်
ReplyDelete