တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများ
ရွာပျောက်ကြီး ရှာပုံတော်
တစ်ဖွဲ့လုံး ငါးကလေး သတိရသွားသော စကားကို အရေးတကြီး စောင့်မျှော်နေကြတော့သည်။
****************************
``မြန်မြန်ပြောပါ …ငါးလေး …မင်းဘာသတိရတာ ဘာလဲ…ပြောပါ အရေးကြီးနေပြီ …´´
ပြောခါနီး ငါးကလေး တစ်ခုခုကို တွေးတောနေသလို ထိုအချိန် ဦးမြင့်ထွေးက
``ငါ့တူတို့ ဦးလေး သတိရပြီ သွေးမှော်ဆိုတော့ ထီးလေးအဖေ အရိပ်အောက်မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို မြန်မြန်မေးလိုက်…´´
``အရေးကြီးပါတယ်ဆိုမှ မေ့နေတယ်…ဟို …ဟိုလေ…´´
``မြန်မြန်ပြော…နေဆောင်းတော့မဟ်…´´
``ဒီလို…ထီးလေး အဝေးပြေးကို သွားခါနီး ထီးလေး အိမ်ကို သွားခေါ်တာ တန်ခိုး မင်းနော် …´´
``ဟုတ်တယ်လေ…´´
``ဒါဆို…ထီးလေး တန်ခိုး မင်းအခန်းကို မဝင်ခင်က မင်းဘာပြောခဲ့လဲ…´´
ထိုအခါ မျှားကလေးဘေးမှ ထီးကလေးက
``ဟို…ဟို…ဝင်ခဲ့လေလို့ ပြောတယ်…ပြီး…ပြီးတော့ တံခါးဖွင့်လိုက်လို့ပြောတယ်…ဟုတ်…ဟုတ်တယ် မဟုတ်လား…´´
တန်ခိုးဘေးမှ ထီးလေးကတော့
``မဟုတ်ဘူး…ငါအဲ့တာတွေ မပြောဘူး…တန်ခိုးက သူမှန်းဘယ်လိုလုပ်သိလဲမေးတော့ သူ့ခြေသံကို ငါလုံးဝ မှတ်မိတယ်လို့ပြောခဲ့တာ…´´
``ဟင်…ဒါ…ဒါဆို…´´
``ဦးလေး ဦးလေး ဘေးက အယောင်ဆောင်ကို ဂမုန်းနဲ့ ရိုက်လိုက်တော့…´´
တန်ခိုးဘေးမှ ထီးလေး အော်ပြောလိုက်တော့ ဦးမြင့်ထွေး အသိဝင်သွားပြီး ဂမုန်းဖြင့် ရွယ်လိုက်စဉ်
``ဟား…ဟား…ဟား…ဟား´´
``ဟင်…ခင်မြရီ…နင်…နင်…´´
``ဟုတ်တယ်…ငါပဲ…မြင့်ထွေး နင်တို့ညီကိုတွေ ငါ့ယောကျားကို ဝိုင်းသတ်ခဲ့တာ မှတ်မိသေးလား…ဟား…ဟား…အခုငါ သွေးမှော်အောင်သွားပြီ…နင့်တို့တစ်မျိုးလုံးကို ငါပြန်သတ်မယ်…ဟား…ဟား…´´
``ခင်မြရီ…နင်က သေသွားပြီ မဟုတ်လား…´´
``ဟုတ်တယ်…ဒါပေမယ့် …နင်တို့သတ်လိုက်တဲ့ အောက်လမ်းဆရာပေါက်စ ခင်မြရီက သေသွားပြီး အခု ခင်မြရီက တစ်ကမ္ဘာလုံးကို အုပ်စိုးမယ့်…သွေးမှော်သခင် ဒေဝီတစ်ပါးဖြစ်နေပြီ…´´
``အော်…နင်က ဒီလိုလား…ငါတို့ ပညာပေးထားတာ မမှတ်သေးဘူးလား…´´
``ဟား…ဟားး…အရင်က အောက်လမ်းဆရာမ အသေးစားလေး ခင်မြရီ မဟုတ်တော့ဘူး…ဒေဝီ တစ်ပါးဖြစ်နေပြီ…နင့်တူကို ငါချုပ်ကိုင်နိုင်ခဲ့တာကို ကြည့်ပြီး နင်သဘောပေါက်လိုက်……အခု နင်တို့ တစ်ဆွေလုံး တစ်မျိုးလုံးကို ငါပြန်သတ်မယ် ´´
``ဦးလေး ကြာတယ်ဗျာ…အဲ့စုန်းမကို ရိုက်လိုက်တော့…´´
ထီးကလေး ပြောလိုက်တော့မှ ဦးမြင့်ထွေး ဂမုန်းနဲ့ရိုက်လိုက်တော့တယ်။ သို့ပေမယ့် ခင်မြရီဆိုသော မိန်းမက အငွေ့လေးဖြစ်ကာ အားလုံရှေ့မှ ပျောက်ကွယ်သွားတော့သည်။
``ဦးလေး…ထိသွားလား'…´´
``မထိလိုက်ဘူး…ဂမုန်းဘုရင်လဲ စွမ်းအား ကုန်သွားပြီ…သွားပြီ ဒီဂမုန်းတစ်မျိုးပဲ သူ့ကိုနိုင်မှာ …´´
``ဟာ…ဒါ…ဒါဆို သူထပ်လာဦးမှာ'´´
``ဒါတော့ မသိဘူး…လာလာ…တို့အိမ်ပေါ်ကို မြန်မြန်တတ်ကြမယ်…မင်းတို့လဲ ဒီရွာကနေ မနက်မိုးလင်းတာနဲ့ရန်ကုန်ကို အမြန်ဆုံးပြန်တော့ …´´
``ဦးလေး…မထူးဘူးဗျာ…ဒီညတွင်းချင်း ပြန်မယ်…´´
``ထီးလေး…ညတွင်းချင်း ပြန်လို့ဖြစ်ပါ့မလား…ညနေဆောင်းနေပြီ…´´
``ဟုတ်တယ် ငါ့တူ ဒီတစ်ညတော့ ဒီမှာပဲ နေလိုက်တော့ မနက်မိုလင်းတာနဲ့မင်းတို့ အားလုံးပြန်ဖို့လုပ်တော့…´´
``တော်တော်ထူးဆန်းတယ်…ထီးလေး ယောင်ဆောင်ပြီး ငယ်ငယ်က အကြောင်းတွေ သိနေတယ်…ပြီးတော့ တို့တွေ အားလုံးကိုလဲ သိနေတယ်…အရှေ့မှာ ကြုံခဲ့တာတွေ အားလုံးလဲ သူကသိနေတယ်…အဲ့ဒါ ဘာလို့သိနေတာလဲ…ဦးလေး…´´
``ပြီးတော့ အဲ့မိန်းမနဲ့ဦးလေးတို့က အရင်တုန်းတည်းက အသိတွေလား…´´
``သိပ်သိတာပေါ့ …သူ့နာမည်က ခင်မြရီတဲ့ ဦးလေးရယ် ထီးကလေးအဖေရယ် ငယ်ငယ်က ဒီရွာမှာ ကြီးလာခဲ့ကြတာ…ဦးလေးတို့အဖေ မင်းသူငယ်ချင်း ထီးကလေးတို့ အဖိုးက ဒီရွာတင်မကဘူး…ရွာတိုင်းလိုလို ဆေးဆရာကြီး ဦးဒီပ ဆိုရင် မသိတဲ့သူမရှိဘူး…အဖေက ပယောဂါကုတဲ့နေရာမှာလဲ နာမည်ကြီးတယ်…ဦးလေးတို့ကိုလဲ ကိုဟ်ခံအနေနဲ့အထက်ဆေး တတ်ပေးထားခဲ့တယ် …ခင်မြရီက ဒီရွာက ကွမ်းတောင်ကိုင် ဆိုတော့ သိပ်ကို မာနကြီးတယ်…သူ့ကို ကြိုက်တဲ့ကာလသားတွေကလဲ ဘယ်နည်းပါ့မလဲ…တစ်နေ့ မြို့က ကုန်သည် တစ်ယောက် ဦးလေးတို့ ရွာကိုရောက်လာခဲ့တယ်။ အဲ့မြို့သားက ခင်မြရီကို မျက်စိကျပြီး အဖေ့ဆီမှာ ပီယဆေးလာလုပ်ခိုင်းတယ်လေ အစကတော့ ခင်မြရီကို လုပ်မယ်ဆိုတာ ဦးလေးတို့မသိခဲ့ဘူး …အဖေလဲ မသိဘူး အဲ့မြိုကသားက တကယ်ချစ်တာပါ တကယ်လက်ထပ်ယူမလို့ ကူပေးပါဆိုလို့ အဖေက ကူညီပေးခဲ့တယ်။ တကယ်တော့ ခင်မြရီမှာ တိတ်တိတ်ပုန်း လင်ယောက်ျားရှိနေခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူး အဖေ့ ပီယဆေးကြောင့် ခင်မြရီ မှိုင်းမိသွားပြီး မြို့သားရဲ့ စော်ကားတာကို ခံလိုက်ရတယ်။သူယောကျား သိတော့ ဓားဆွဲပြီး မြို့သားတွေနေတဲ့အိမ်ကို သွားခဲ့တယ်…။ သူ့ယောကျာ်းကို မြို့သားရဲ့တပည့်တွေ ဝိုင်းသတ်လို့ သေခဲ့ရတယ်။ ပြီးတော့ အဖေ့ကအောက်လမ်းနဲ့သတ်တာပါဆိုပြီး ခင်မြရီကို တစ်ဖက်လှည့်နဲ့ လိမ်ပြောခဲ့တယ်။ ဒီတော့ ခင်မြရီဟာ အဖေ့ထက် တတ်တဲ့ အကြီးစား အောက်လမ်းဆရာနဲ့ ဦးလေးတို့ မိသားစုကို တိုက်တော့တာပဲ…အဖေမနိုင်ခဲ့ဘူး အဖေမျက်စိကွယ်သွားခဲ့တယ်။ အရူးတစ်ပိုင်း ဖြစ်ပြီး ဦးလေးတို့ ညီကိုနှစ်ယောက်ကို အရူးယောင်ဆောင်ပြီး သူ့ပညာတွေ လက်ဆင့်ကမ်းပေးခဲ့တယ် နောက် အငြိုးကြီးတဲ့ ခင်မြရီဟာ ဦးလေးတို့ညီကို နှစ်ယောက်ကိုပါ အသေသတ်ဖို့ တိုက်လာတော့ ဦးလေးတို့ ညီကို နှစ်ယောက်ပေါင်းပြီး ခံစစ်သဘောနဲ့တုန့်ပြန်လိုက်လို့ ခင်မြရီ သွေးအန်ပြီး အသတ်ဆုံးရှုံးခဲ့ရတယ်။ ဦးလေးတို့ကိုလဲ သူမသေခင်မှာ လက်စာပြန်ချေမယ်ဆိုပြီး ကျိန်စာတိုက်သွားခဲ့တယ်လေ…´´
``ဒါဆို သူက သေပြီးသားလူလားပေါ့…ဟုတ်လား ဦးလေး´´
``တစ်ရွာလုံက သူသေသွားတာကို သိတယ် ဒါပေမယ့် ဘယ်သူမှ မသိလိုက်တဲ့ ပြသနာတစ်ခုက သုသာန်စောင့်ကြီးဆီက ဦးလေးအဖေသိလာရတာ ခင်မြရီကို မြေမြုံပြီး မနက်ရောက်တော့ ခင်မြရီအလောင်းကို တစ်ယောင်ယောက်က တူးသွားတယ်လို့ပြောတယ်…နောက်ကြားရတာက ခင်မြရီဟာ သူ့ဘာသာသူ မသေပဲ မြေကြီးထဲကနေ သုသာန်စောင့်ကြီးကို အကူညီတောင်းပြီး ထွက်သွားတယ်လို့လဲ ကြားတယ် ဘယ်ဟာကို အမှန်ယူရမှနိး မသိဘူး´´
``ဟင်…ဘယ်သူတူးသွားတာလဲ ဦးလေး ဘာလုပ်ဖို့လဲ…´´
``တစ်ချိန်က တို့ရွာမှာ ပညာသည် အရမ်းပေါခဲ့တာ…မီးနေသည် သေတယ်လို့ကြားတာနဲ့ အလောင်းကို တူးဖို့ ဆရာတွေက ခိုးပြီးစောင့်နေကြတာ ကုန်ကုန် ပြောရရင် အလောင်းကိုတောင် ပိုက်ဆံနဲ့ပြန်ဝယ်သေးကြတာ…ဒီတော့ ဂလဲ့စားစိတ်နဲ့ ကျိန်စာတိုက်ခဲ့တဲ့ ခင်မြရီ အလောင်းကို အောက်လမ်းဆရာတွေ လာတူးသွားတာပဲဖြစ်ရမယ်.…´´
``ဟင်…ဒါဆို ခင်မြရီ မသေသေးဘူးလို့ဆိုလိုချင်တာလား …ဦးလေး…´´
``အဲ့လိုလဲ ပြောလို့မရသေးဘူး ငါ့တူရ…ခင်မြရီ အဖေကလဲ ပညာသည်ပဲဆိုတော့ သူ့သမီးအလောင်းကို ဝိဥာဉ်တွေ ပေါင်းထည့်ပြီး သွေးမှော်ဒေဝီ ကျင့်စဉ်ကို သင်ပေးသွားတာလဲ ဖြစ်မယ် ဒါတွေက နှစ်တော်တော်ကြာနေခဲ့ပြီ
အခုမှ ခင်မြရီ ဘယ်ကနေ ပြန်ပေါ်လာမှန်းမသိဘူး အရင်က ထန်းသုံးပင်ရွာမှာ သွေးမှော်ကျင့်စဉ်ကို ကျင့်ကြပြီး တစ်ရွာလုံး ပျောက်သွားကြတယ်။ နှစ်တွေ ကြာလာတော့ ရွာပျောက်ကြီးဆိုပြီး ပြန်ပေါ်လာတာပဲ ဒါပေမယ့် အဲ့ရွာပျောက်ကြီးက ဘယ်နေရာမှာ တည်ရှိနေတာလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး…ရွာပျောက်ကြီး ရှာပုံတော် ထွက်ကြတဲ့ သူအားလုံး တစ်ခါမှ ပြန်ပေါ်မလာကြတော့ဘူး…ဦးလေတို့ရွာမှာ ရွာပျောက်ကြီးရှိတဲ့နေရာကို သိတာဆိုလို့ လူမိုက် ဝက်ကုန်းဘတုတ်နဲ့ လယ်သမားလေး မောင်လှမြင့်နှစ်ဦးတော့ သိတယ် ဒါပေမယ့် သူတို့နှစ်ယောက်လဲ ရွာကိုပြန်လာနိုင်ပေမယ့် အကောင်းပကတိတော့ မဟုတ်တော့ဘူး ဝက်ကုန်း ဘတုတ်က ရူးကြောင်ကြောင်ဖြစ်နေခဲ့တယ်။…ဦးလေး အထင်တော့ ခင်မြရီနဲ့ ရွာပျောက်ကြီး ဆက်စပ်မှု့ရှိနေလိမ့်မယ် အော်…ခင်မြရီ…ခင်မြရီ …နင်တော်တော် အငြိုးကြီးပါလားနော်…´´
``အဲ့…ရွာပျောက်ကြီးမှာ ဘာတွေရှိလဲ ဦးလေး သိတဲ့သူတွေရော ရှိကြလား´´
``သိပ်ရှိတာပေါ့ ဒါပေမယ့် ဘယ်သူမှ ပြန်ပြောခွင့်မရကြဘူး…´´
``ဒါနဲ့…ဦးလေး…ခင်မြရီက ထီးလေး အယောင်ဆောင်ရတာကရော…´´
``ထီးလေးက လိပ်ပြာသန့်နေခဲ့တယ်…ဦးလေး အထင်ပြောရရင် ထီးလေး ရွာမရောက်ခင်မှာ ဝိဥာဉ်တစ်ကောင်ကောင်နဲ့ဆုံဘူးခဲ့မယ် ထင်တယ်…´´
``ဟာ…ဦးလေးရာ မဆုံခဲ့ပါဘူး…´´
``ထားပါတော့…ထီးလေးယောင်ဆောင်ပြီး သူ အသုံချမယ်လေ…ပြီးတော့ ထီးလေး သွေးကို သူရသွားတော့ မျိုးရိုးစဉ်ဆက်ကို သူသိနိုင်တယ် လူတစ်ယောက်မှာ သွေးကအရေးကြီးဆုံး ဆံပင်လေး တစ်မျှင်ရတာနဲ့တင် လူကို အောက်လမ်းနည်းနဲ့ဒုက္ဂပေးနိုင်တော့ သွေးရသွားတော့ မျိုးရိုးကို သိသွားပြီပေါ့…ပိုဆိုးတာက ဦးလေးတို့မျိုးရိုးဖြစ်နေတာကြောင့် ထီးလေးဝိဥာဉ်ကို သူမနှုတ်သေးပဲ မျိုးရိုးကိုပါ အပျက်ဖြုတ်မလို့ ကြံနေတာ…´´
``ဦးလေး ကျွန်တော်တို့မေးတာတွေ အကုန်ဖြေနိုင်ခဲ့တယ်…ပြီးတော့ ကျနော်တို့ကို ဆိုးရိမ်ပူပန်နေတာကလဲ ထီးလေး အတိုင်းပဲနော်…´´
``ဒါမှလဲ သူ့အကြံတိုင်ုးဖစ်လာမှာပေါ့…´´
``ဒါနဲ့…ဦးလေး ငါးကလေးမေးလိုက်တဲ့ မေးခွန်းကျတော့ သူဘာကြောင့် မဖြေနိုင်ခဲ့တာလဲ…´´
``ဘယ်ဖြေနိုင်ပါ့မလဲ…ဦးလေးလဲ မေ့နေခဲ့တာ ဦးလေး မင်းတို့ အရွယ်တုန်းက ဂမ္ဘီရပညာတွေကို ဦးလေး အစ်ကို ထီးလေး အဖေနဲ့သိပ်လိုက်စားခဲ့တာ …ဒီပညာလောကက သိပ်ကို ရှုတ်ထွေးလွန်းတယ် အတိုက်အခိုက်တွေလဲ များတော့ နောက်ပိုင်း စိတ်ကုန်ပြီး ဦးလေးပညာတွေ အားလုံးကို မေ့ထားခဲ့တယ် ထီးလေး အဖေကတော့ မိန်းမရပြီး ရန်ကုန်ပြောင်းသွားခဲ့တယ်လေ…အစ်ကိုကြီးမရှိတော့တာနဲ့ ဦးလေးလဲ ဒီပညာတွေကို စွန့်ပြီး သာမာန် တောသူ တောင်သား ဘဝကို ခံယူထားတာ အခုဆို ၁၅ နှစ်တောင် ရှိနေပြီ…ဒါကြောင့် ဦးလေး ဒီပညာအားလုံးရဲ့ ဟာကွက် အားနည်းချက်တွေကိုမေ့နေခဲ့တာပေါ့ တကယ့်တော့ သွေးမှော် ဒေဝီပညာရဲ့ မာယာကို နိုင်တာဆိုလို့ အဲ့ဒီပညာသည် တစ်ကြိမ်တစ်ခါ ရှုံးနိုင်ထားဘူးသူရဲ့ အရိပ်အောက်က ဖြစ်ရပ်တွေဆို သူလုံးဝ မသိနိုင်ခဲ့ဘူး……´´
``အော်…ဒါကြောင့်ကို…ထီးလေး အဖေဆီမှာ ဒီမိန်းမကြီး ရှုံးထားတာပဲ´´
´`ဦးလေးဆီမှာလဲ သူရှုံးထားဘူးတယ် မဟုတ်လား…´´
``ဒါပေမယ့် ဦးလေးက ပညာတွေ စွန့်ထားတော့ ဦးလေးကိုလဲ သူချုပ်ကိုင်နိုင်တယ် သူသိနိုင်တာပဲ…ထီးလေးအဖေက အခုထိ အထက်ပညာတွေကို လုပ်နေတုန်းဆိုတော့ သူမသိနိုင်ဘူး…´´
``ဒါနဲ့နေပါဦး…မင်းတို့က သန်းဘက်ခါမှ လာမယ်ဆို ဘယ်လိုဖြစ်ပြီး ဒီနေ့ရောက်လာကြတာတုန်း…´´
``အေး…ဟုတ်သားပဲ…ပြောပါဦး…´´
``အမယ် …အခုမှ မသိချင်ယောင် ဆောင်နေရတယ်လို့ မင်းပဲ မနေ့ညက တို့အားလုံးဆီ ဖုန်းဆက်ပြီး ဒီနေ့ချက်ချင်းလိုက်လာပါဆို…ဘာများ လုပ်လက်စ အလုပ်တွေဖျက်ခဲ့ပြီး လိုက်လာခဲ့တာ ´´
``ဘာ…´´
``ဟုတ်တယ်လေ…ညကြီး အချိန်မတော် သူပဲ ဖုန်းဆက်ပြီးတော့…´´
``ဟာ…မှားနေပြီ…ငါ…ငါမဆက်ဘူး´´
``ဘာမဆက်တာလဲ…´´
``ငါ ကားမှားဆီမိပြီး ငါ့အိတ် ကားပေါ်ပါသွားတယ်…ဝတီနဲ့…အော် မိန်းကလေးတစ်ယောက်နဲ့ ငါကားကြုံရှာရင်း လမ်းမှာ မိုးရွာလို့တန်ခိုးနဲ့ပြောလက်စ ဖုန်းကို ချပြီး ငါမိုးခိုဖို့ရှာခဲ့တာ ဖုန်းလဲ အဲ့ညတည်းက မိုးရည်ဆိုပြီး ဆက်မရတော့တာပဲ…´´
``ဟင်…မင်းတကယ် ပြောနေတာလား´
``တကယ်ပြောနေတာ ငါ့ဖုန်း ဟိုအပေါ်မှာ ရှိတယ်…ခေါ်ကြည့်ပါလား…´´
``ဟာ…ဟုတ်တယ်…စက်ပိတ်ထားတယ်တဲ့ ´´
``ဒါနဲ့…မင်းအခုန ပြောလိုက်တဲ့ ဝတီဆိုတာ ဘယ်သူလဲ…´´
``ငါ့ဘေးခုံက မိန်ကလေး တစ်ယောက်လေ ကားမထွက်ခင်က မင်းတို့နဲ့ငါ ပြတင်းပေါက်မှာ စကားပြောနေတယ်လေ…နောက် မိန်းကလေး တစ်ယောက် ရောက်လာပြီး ပြတင်းပေါက်က သူ့နေရာပြောလို့ ငါနေရာ ရွေ့ပေးလိုက်တာ …မင်းတို့မတွေ့ဘူးလား'…´´
``မတွေ့ပါဘူး…မင်း နေရာရွှေ့သွားလို့ ငါတို့ကို မှာစရာ မရှိတော့ဘူး ထင်လို့ ငါတို့တောင် အဲ့နားက သွားခဲ့တာ ကားထွက်ခါနီးမှ အနားကို ပြန်လျောက်လာခဲ့တာ…´´
``ဟင်…မင်းတို့ ငါ့ဘေးက မိန်းကလေး တစ်ယောက်ကို တကယ် မတွေ့တာလား…´´
``မတွေ့ဘူး…ကားထွက်သွားတဲ့အထိ ထိုင်ခုံမှာ မင်းတစ်ယောက်တည်း…´´
``ဟာ…ဒါ…ဒါဆို ဝတီက ဝိဥာဉ်ပေါ့…´´
``ဒါကြောင့် ဦးလေးပြောတာပေါ့ မင်းရွာမရောက်ခင်က ဝိဥာဉ်တစ်ယောက်ယောက်နဲ့အတူရှိနေလိမ့်မယ်ဆိုတာ…´´
``ဟာ…ငါ…ငါတကယ် ဝတီ့ကို လူပဲ ထင်နေခဲ့တာ…ဟုတ်ပါ့မလား ဝတီက ဝိဥာဉ်ဆိုတာ ဝတီရယ်…´´
``ဦးလေး…ဘယ်အချိန်ရှိလောက်ပြီလဲ …´´
``၈ချက်တီးလောက်တော့ရှိနေပြီ…´´
``၈နာရီပေါ့ ဒါဆို…´´
``ငါ့တူတို့လဲ အိပ်ကြတော့…မနက်လင်းတာနဲ့ မင်းတို့ရန်ကုန်ပြန်ဖို့သာ လုပ်တော့ ဟုတ်ပြီလား…စပါးကြီး သည်းခြေကို ဦးလေး နောက်မှ လာပေးမဟ်လို့ အစ်ကိုကြီးကို ပြောလိုက် ကြားလား ထီးလေး…´´
``ဟုတ်ကဲ့ ဦးလေး …ကျွန်တော် ကျက်သီးထမိတဟ်…မနက်က အယောင်ဆောင်ကို တွေးမိရင် …´´
``မေ့ထားလိုက်ပါ ပြီးသွားပြီးပဲ…´´
``ကဲ…ငါတူတို့ ယောကျားလေးတွေက ဘုရားခန်းမှာ ဦးလေး အိပ်ယာခင်းပေးမယ်…သမီးမျှားလေးက သူတို့ဘေးမှာ အိပ်ပေါ့…´´
``ဟုတ်…ရတယ်ဦးလေး…သမီးတို့က မောင်နှမတွေပဲ ရပါတယ်…´´
ဦးလေးမြင့်ထွေး အိပ်ယာခင်းပေးသည်ကြောင့် ကျနော်တို့အားလုံး ပင်ပန်းစွာ အားရပါးရ ကျောဆန့်လိုက်တော့သည်။
အချိန်ကား…၁၁ :၃၀ ရွာပတ်ဝန်းကျင်ကတိတ်ဆိတ်လျက်
``ဝတီရယ် …မင်းက ဝိဥာဉ်ဆို တာ ငါတကယ်မယုံနိုင်ဘူး…ငါ့အကျီင်္လေး မင်းဆီမှာ ရှိနေမလား…တစ်လမ်းလုံး ငါ့ကို နှစ်ယောက်လို့ မြင်နေကြတာ ငါ့အနားမှာ မင်းရှိနေခဲ့တာလား…ဝတီရေ မင်းနဲ့ငါ ဆုံခွင့်ရှိသေးရင် နောက်တစ်ကြိမ်လောက် ထပ်ဆုံခွင့်ရချင်သေးတယ် မင်းကိုလေ ငါမြင်မြင်ချင်းတည်းက သံယော်ဇဉ်ဖြစ်နေမိတယ် …ဟူး…မဖြစ်နိုင်ပါဘူးလေ…ဘဝခြားနေတဲ့ သူတွေပဲ…´´
အတွေးများစွာဖြင့် ထီးလေး တစ်ယောက် အိပ်မပျော်နိုင် ညဥ့်နက်နက် တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံး လရောင်လေးက လွှမ်းမိုးလျက်
မီးခွက်လေးကို ဦးလေးက ထွန်းပေးထားပြီး ကျွန်တော့တို့အားလုံးရဲ့ဘေးမှာ ဦးမြင့်ထွေး အိပ်နေခဲ့ပြီ။ ထိုအချိန်
``ထီးလေး…ထီးလေ…´´
ထီးလေးနာမည်ကို အိပ်နေရင် လေးလံသော အသံတစ်ခုဖြင့် တန်ခိုး ရုတ်တရက်ခေါ်နေသည်ကြောင့်
``တန်ခိုး…မင်းဘာပြောမလို့လဲ…ငါမအိပ်သေးဘူး…´´
``ငါ…အသံတစ်ခုကြားနေရတယ်…မင်းကြားလား…´´
``ငါလဲ ကြားလိုက်တယ်…´´
``ဦးလေးတို့ကို နိုးလိုက်မလား…´´
``မနိုးနဲ့အိပ်ပါစေ …သူတို့ပင်ပန်းနေကြတယ်…ငါတို့ပဲ ထကြည့်လိုက်မယ်…´´
တန်ခိုးနဲ့ထီးလေး တိုင်ပင်ကာ အိမ်မကြီး တံခါကို အသာဖွင့်ပြီး မီးခွက်ကလေး ကိုင်ခါ အသံကြားရာ ကွမ်းခြံဘေးဘက်သို့ နှစ်ယောက်သား တစ်လှမ်းခြင်း လျောက်လာနေတော့သည်။
``မင်းကြားလိုက်တာ ဘယ်လို အသံမျိုးလဲ…တန်ခိုး…´´
``အော်သံမျိုး ကြားလိုက်ရတာ တော်တော်လေး ကျယ်တယ်…´´
``ငါလဲ တွေးနေလို့သိပ်တော့မကြားလိုက်ဘူး ကြားတော့ကြားတဟ်…´´
``ဘာပဲဖြစ်ဖြစ် ထီးလေး သတိရှိမှ ရမယ်……´´
``ငါ့အတွက် မပူနဲ့မင်းလဲ ဂရုစိုက်…´´
နှစ်ယောက်သား လျောက်လာလိုက်တာ ကွမ်းခြံဘေးကို ရောက်လာခဲ့ပြီ။ လေကြမ်းတစ်ချက် ဝှေ့တိုက်လိုက်တယ်။ တန်ခိုးလက်ထဲက မီးခွက်လေး ငြိမ်းသွားချေပြီ။ သူတို့နှစ်ယောက်အတွက် လရောင်လေးကသာ အလင်းဆုံး အရောင်။ ထိုအချိန် ကွမ်းခြံဘေးမှ ရုတ်တရက်
``ရွာပျောက်ကြီး ကို ငါတွေ့ပြီ…´´
``အောင်မလေး…´´
အသံနက်ကြီးဖြစ် လူတစ်ယောက် ရုတ်တရက်ပေါ်လာကာ ထိုသို့ပြောလေတော့ တန်ခိုးနဲ့ထီးလေး မြေပေါ်သို့ နောက်ပြန်လဲ ကျသွားတော့သည်။ ပြန်ထလိုက်ပြီး
``ခင်…ခင်ဗျား…ဘယ်…ဘယ်သူလဲ…´
သူတို့မေးနေသည်ကို ထိုသူက မဖြေပဲ
``ရွာပျောက်ကြီးကိုတွေ့ပြီ…ရွာပျောက်ကြီးကိုတွေ့ပြီ…ငါတွေ့ပြီ…ကြောက်စရာလဲ တွေ့ပြီ…ဟား…ဟား…ရွာပျောက်ကြီး ရွာပျောက်ကြီး…တူတူပုန်းတဲ့ရွာပျောက်ကြီး…´´
ထိုလူပုံစံက ဘောင်းဘီပွပွကို ဝတ်ထားပြီး ဆံပင်ဆုတ်ဖွားဖွား မျက်နှာကိုပင် သေချာမတွေ့နိုင်ပဲ ညစ်တေလှတဲ့ ရှပ်အကျီ င်္လက်ရှည်တစ်ထည်ကို ဝတ်ဆင်ထားခဲ့တယ်။ နှုတ်မှ ရွာပျောက်ကြီးကို တမ်းတလျှက် ထီးလေးတို့အရှေ့မှာ ခုန်ပေါက်နေတော့သည်။
``ဟာ…ဟေ့လူ…မေးနေတယ်လေ´´
``မေးမနေနဲ့ထီးလေး …ဦးလေးပြောတဲ့ ရူးကြောင်ကြောင် ဖြစ်နေတဲ့ ဝက်ကုန်းဘတုတ်ဆိုတာပဲ ဖြစ်ရမယ်…´´
တန်ခိုး ပြောစကားကြားတော့ ထိုသူ ခဏငြိမ်ကျသွားပြီး တန်ခိုးနဲ့မျက်နှာချင်း ကပ်လိုက်ပြီ
``ဘာ…ဝက်ကုန်း …ဘတုတ်ဟုတ်လား…ဟား…သူက သေသွားပြီ ငါက ရွာပျောက်ကြီး …ရွာပျောက်ကြီးရဲ့…တမန်တော် လှမြင့် သရဲ ဘတုတ်သေပြီ …ရွာပျောက်ကြီးမှာ မင်းတို့ကိုလဲ တွေ့တယ်…မင်းတို့လဲ…ရွာပျောက်ကြီးရဲ့ တမန်တော်တွေ ဖြစ်တော့မယ်…ရွာပျောက်ကြီး …ရွာပျောက်ကြီး…တူတူပုန်းတဲ့ ရွာပျောက်ကြီး…´´
မျက်နှာချင်းကပ်ခါ ထိုအရူးက ပြောပြီး သူတို့နှစ်ယောက်အရှေ့မှ ရွာပျောက်ကြီးကို တမ်းတလျက် ခုန်ပေါက် ထွက်သွားပါတော့သည်။
``ဟုတ်တယ်…သေချာတယ်…ဒါ ဝက်ကုန်းဘတုတ်ဆိုတဲ့သူပဲ…´´
``လာပါကွာ…ပြန်အိပ်ကြမယ်…မနက်စောစောထရဦးမယ်…လာလာ…´´
နောက်ပြန်လှည့်သွားပြီး တန်ခိုးတစ်ချက် လှည့်ကြည့်လိုက်မိတယ်။ လရောင်အောက်မှာ ခုန်ပေါက်ပြေးသွားတဲ့ ဘတုတ်ကို ပြပြလေးသာ လှမ်းမြင်နေခဲ့ရပြီး ။ အိမ်မကြီးတံခါးကို ဖွင့်ပြီး နှစ်ယောက်သား ဖြေးညင်းစွာ တတ်လာခဲ့တယ်။ ဦးမြင့်ထွေးတို့ တစ်စုကတော့ အိပ်မောကျနေလျက် သူတို့နှစ်ယောက်လဲ ကိုယ့်နေရာ ကိုယ်ပြန်ယူခါ ကြမ်းပြင်ပေါ် လှဲချလိုက်တော့သည်။
*****************************
``ဝါး…ဟင်…မိုးတောင် လင်းနေပြီပဲ…မျှားလေး နင်တို့မျက်နှာသစ်ပြီးသွားပြီလား…ဟိုကောင်တွေရော…´´
``ငါတို့လဲ အခုမှ နိုးတာ နင်မနိုးသေးလို့ စောင့်ပေးနေတာ…´´
``အေးအေး…ကျေးဇူးပဲ…နင်လဲ မျက်နှာသွားသစ်တော့လေ…ဦးလေးရော…´´
``ဦးလေးက တို့မနက်စာစားဖို့ ပြင်ဆင်နေတယ်…´´
``ကဲ…ဒါဆို မျက်နှာသစ်ပြီး ဦးလေး ကျွေးတဲ့မနက်စာ စားပြီး တို့ပြန်ဖို့ လုပ်ကြမယ်…´´
အားလုံး မျက်နှာသစ်ပြီးကြတော့ ဦးလေးမြင့်ထွေး မနက်စာ စားဖို့ ကျွန်တော်တို့အားလုံးကို ခေါ်ပါတော့သည်။
``ကဲ…အားလုံး လာကြဟေ့…ကောက်ညင်းပေါင်းလေးနဲ့ငါးခြောက်လေး လာစားလိုက်ကြဦး …´´
``လာပြီ…ဦးလေးရေ……´´
``ဟင်…ဒါနဲ့…မောင်တန်ခိုးတစ်ယောက်ရော…´´
``ဒီကောင်ကြီး အပေါ့အလေးသွားနေလားမှ မသိတာ နေနေ ဦးလေး…ကျွန်တော် သွားခေါ်လိုက်မယ်…´´
ဦးလေးကို ပြောပြီး ထီးလေး အိမ်သာဘက်ကို ခြေဦးလှည့်သွားခဲ့တယ်
``ဒီမှာလဲ…မရှိပါလား…တန်ခိုးရေ …တန်ခိုး…´
``မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ…´´
``ဟင်…မရှိပါလား…´´
တစ်ခြံလုံး တန်ခိုးကို ရှာမတွေ့တာနဲ့ကျွန်တော် ထီးလေး အိမ်ပေါ်ကို ပြန်တတ်လာခဲ့ပြီး
``မတွေ့ဘူး…ဦးလေး…ဒီကောင် ဘယ်လျောက်သွားနေလဲ မသိဘူး…ကျွန်တော် ရှာတာ တစ်ခြံလုံး နံ့နေပြီ…´´
``ငါလဲ အိပ်ယာနိုးတည်းက မတွေ့တာ…´´
``ငါလဲ မတွေ့ဘူး…ဒီကောင် မျက်နှာသစ်နေတယ် ထင်လို့ နင်တို့ကို မမေးတာ…´´
``ဟ…လုပ်ကြပါဦး…ရှာကြပါဦး…´´
``ဒီကောင် မနေ့ကမှ ရောက်လာတာ ဆိုတော့ ဘဟ်မှာ သွားတတ်ဦးမှာ မဟုတ်လောက်ဘူး…ရှာကြပါဦး…´´
``ဟင်…ထီးလေး …ဒီ…ဒီမှာ…တန်ခိုးရဲ့ ဖိနပ်ရှိနေတယ်…´´
``ဟာ…ဟုတ်တယ်…ဖိနပ်တော့ရှိနေတယ် လူက ဘယ်ပျောက်သွားတာလဲ…ဝိုင်းရှာကြပါဦး တန်ခိုး အန္တရယ် တစ်ခုခုဖြစ်နေပြီလား မသိဘူး .ရှာကြပါဦး…´´
အားလုံး ယောက်ယပ်ခတ်စွာဖြင့် ဖိနပ်ကျန်ပြီး လူပျောက်နေသော တန်ခိုးကို စိတ်ပူစွာနှင့် ရှိနေကြတော့သည်။
*****************************
အပိုင်း(၇)တွင် ဆက်လက်ဖော်ပြပါမည်။
w









No comments:
Post a Comment