အပိုင်း(၁၆) တစ္ဆေကိုက်တဲ့ အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၆) တစ္ဆေကိုက်တဲ့ အိမ်ကြီး

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၁၆ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



မိမိချူပ်နှောင်ထားခဲ့သည့် ထီးကလေးဆီသို့ သီဟတစ်ယောက် အရောက်လှမ်းလာနိုင်ခဲ့ပြီး မိမိ၏အပြစ်များအား တောင်းပန်ပြောဆိုကာ ချုပ်နှောင်ထားသည့် ကြိုးများအား ဖြည်ပေးစေခဲ့ပြီး သီဟတစ်ယောက်ဒဏ်ရာများစွာနှင့် သွေးထွက်လွန်ကာ သွေးဆုံးသွားခဲ့ချေတော့သည်။

' ရက်စက်လိုက်တာဗျာ … ထီးကလေး အသုဘအတွက် သူ့မိဘတွေ စီစဉ်နေတာတွေ့တော့ ကျုပ်တကယ့်ကို အံ့သြမိတယ် … မယုံနိုင်ဘူးဗျာ …  ထီးလေးသေတာ အဓိကတရားခံက ဦးဇော်မျိုးဆိုတဲ့ လူယုတ်မာကြီးရဲ့ လက်ချက်ပေါ့ … '
' ဟုတ်တယ် အစ်ကိုအောင် … အိမ်ကြီးမှာရှိနေတဲ့ ဝိဥာဉ်ကိုလဲ စိတ်ရိုင်းသွင်းပြီး တန်ခိုးကို အရူးတစ်ပိုင်းဖြစ်အောင် ခြောက်လန့်ထားခဲ့တယ် … ကိုမောင်ဝင်းကလဲ မနက်ဖြန်ဆို ကျွန်မတို့ကြောင့် ဒုက္ခရောက်ရပြီ … ကျွန်မတို့ဘာဆက်လုပ်ရမှန်းကိုမသိတော့ဘူး '
' ကိုမောင်ဝင်း … မနက်ဖြန်ခင်ဗျားကို အထက်ကပေးထားတဲ့ အချိန်သုံးရက်ပြည့်သွားပြီဆိုတော့ အရင်က ခင်ဗျားတာဝန်ကျေခဲ့တာလေးတွေကို ထောက်ထားပြီး ခင်မာလာတို့ကို နောက်ဆုံးတစ်ကြိမ်လောက် စစ်ဆေးခွင့်တောင်းကြည့်ပါ … သက်သေတွေအားလုံးကို ကျုပ်ရအောင်ရှာခဲ့ပေးမယ် '
' ဖြစ်ပါ့မလား အစ်ကိုအောင် … အစ်ကိုအောင့်ကို တစ်ခုခုထိခိုက်မှာဆိုးမိတယ် '
' ကျုပ်အတွက်ဘာမှ မစိုးရိမ်ပါနဲ့ ကျူပ်ကလမ်းပေါ်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်ပါ … လူယုတ်မာတွေကို ကျူပ်လက်စားပြန်ချေမယ် '
' အစ်ကိုအောင် … အစ်ကိုအောင် '

ရဲရဲတောက်မျက်လုံးများနှင့် ထိုသို့ပြောဆိုကာ အစ်ကိုအောက်တစ်ယောက် နယ်မြေပိုင်စခန်းအတွင်းမှ ရုတ်တရက်ထွက်ခွာသွားချေတော့သည်။

အလင်းကွယ်နေသည့် မျက်လုံးများဖြင့် သီဟလမ်းညွန်ပေးလိုက်သော နေရာဆီသို့ ထီးကလေးတစ်ယောက် အဆင့်ဆင့်မေမြန်းကာ အကူညီအမျိုးစုံနှင့် အရောက်လှမ်းလာနေခဲ့သည်။
မျက်စိမမြင်သော်လည်း ကြားနေရသည့် နားနှင့် ပြောဆိုနိုင်သော ပါးစပ်တို့ကြောင့် သီဟလမ်းညွန်ပေးလိုက်သည့် နေရာဆီသို့ ထီးကလေးတစ်ယောက် ကောင်းမွန်စွာ ရောက်ရှိလာနိုင်ခဲ့လေသည်။ ဝါးခြံစည်းရိုးများ ပတ်ပတ်လည်ကာရုံထားပြီး ကွက်သစ်မြို့လေး တစ်ခုဖြစ်သည်ကြောင့် လူနေအိမ်များ စည်ကားစွာမရှိသေးချေ။ လိပ်စာအတိုင်း မေးမြန်းလာခဲ့ရင်း ဝါးအိမ်သေးသေးလေး တစ်လုံးအရှေ့သို့ ရောက်ရှိလာခဲ့ပြီး
' အိမ်ရှင်တို့ … အိမ်ရှင်တို့ '
ခြံရှေ့မှ အော်ခေါ်နေခဲ့ပြီး။ သူ၏အသံအား ကြားရသည်ကြောင့် လူငယ်ကောင်လေးတစ်ယောက် ထွက်လာကာ
' အစ်ကိုကြီး … ဘာကိစ္စရှိလို့လဲ '
' ဒီအိမ်မှာနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ချင်လို့ပါ '
' သြော် … လာလာ … ကျုပ်နဲ့လိုက်ခဲ့ '

တောင်ဝှေ့ထောက်ကာ လျောက်လှမ်းနေခဲ့သော မျက်မမြင် ထီးကလေးအား ထိုလူငယ်လေးမှ လမ်းပြခေါ်ဆောင်လာခဲပြီး မိန်းကလေးရှိနေသည့် အိမ်လေးအတွင်းသို့ ပို့ဆောင်ပေးလေခဲ့သည်။
' မမ … မမကိုတွေ့ချင်လို့တဲ့ '
' ဟင် … ထီး … ထီးလေး ရှင် … ရှင်မသေဘူးနော် '
' မင်းက ဘယ်သူလဲ … မင်းအသံကို ငါကြားဘူးတယ် '
' ကျွန်မက သီတာပါ … ရှင်ဘယ်လိုလုပ် ဒီကိုရောက်လာရတာလဲ '
' ဟင် … မင်းက ငါသတ်လို့သေသွားပြီဆိုတဲ့ သီတာလား '
' ဟုတ် … ဟုတ်ပါတယ် … ရှင်ကျွန်မကို လက်စားချေမလို့ ဒီကိုရောက်လာတာလား '
' မဟုတ်ဘူး … မင်းဆီကို သီဟလမ်းညွန်ပေးလိုက်လို့ ငါရောက်လာခဲ့တာ '
' သီဟလမ်းညွန်ပေးလိုက်တာဟုတ်လား … သီဟရော… သူလိုက်လာလား '
' သူမလာနိုင်တော့ဘူး … '
' ရှင် … အစ်ကိုသီဟ ဘာဖြစ်သွားပြီးလဲ သူမပါလာဘူးလား ပြောပါရှင် ကိုသီဟရော '
' သီဟ သေသွားပြီး '
' ဟင် … ရှင်လိမ်ပြောနေတာ အစ်ကိုသီဟက သိုင်းသမားတစ်ယောက် သူ့ကိုဘယ်သူမှ သတ်နိုင်မှာမဟုတ်ဘူး ရှင် … ရှင်ညာပြောနေတာ မဟုတ်လား'
' ငါတကယ်ပြောနေတာ … သူမသေခင်မှာ ငါ့မျက်လုံးတွေကို ပြန်ကုပေးဖို့ မင်းဆီကို သူကိုယ်တိုင်လမ်းညွန်ပေးခဲ့တာပဲ '
' ဟင် … အစ်ကိုသီဟ ဒါဆို တ … တကယ်သေသွားပြီပေါ့'
' ဟုတ်တယ် … ဦးဇော်မျိုးရဲ့ မာယာလှည့်ကွက်တွေနဲ့ သီဟအသတ်ခံလိုက်ရတာ '
' ဖြစ်မှဖြစ်ရလေ အစ်ကိုသီဟရယ် … ဖြစ်မှဖြစ်ရလေ '
' စိတ်မကောင်းမဖြစ်ပါနဲ့သီတာ … မင်းက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေရတာလဲ သီဟကယ်ထားတယ်ဆ်ုတာ မင်းလား'
' ဟုတ်ပါတယ် အစ်ကိုသီဟက စိတ်ကောင်းရှိတဲ့ သူတစ်ယောက်ပါ … ခင်မာလာက ကျွန်မကို သတ်ခဲ့တယ် ဒါပေမယ့် လူမသတ်ဘူးတဲ့ ခင်မာလာက ကျွန်မကိုအသေမသတ်နိုင်ပဲ ဓားနဲ့တစ်ချက်တည်းထိုးပြီး အခန်းထဲကနေ အလောတကြီးထွက်ပြီး အပိုင်စခန်းမှာ အလောတကြီးအမှု့သွားတိုင်ခဲ့တာပါ … ကျွန်မမသေလောက်ဘူးဆိုတာ အစ်ကိုသီဟက ရိမ်မိခဲ့တယ် ကျွန်မမသေမချင်း ခင်မာလာက သတ်မှာဖြစ်နေလို့ သေချင်ယောင်ဆောင်ပြီး ရဲခဲတိုက်ထဲကိုရောက်သွားခဲ့တယ် … '
' အဲ့ဒီညတွင်းချင်းပဲ အစ်ကိုသီဟက ကျွန်မကို ရေခဲတိုက်ထဲကနေ ကယ်လာခဲ့ပြီး ဒီအိမ်လေးမှာပဲ ဇာတ်မြှုတ်ပြီးနေခိုင်းခဲ့တာ '

' သြော် … ဒါကြောင့် ရေခဲတိုက်က မင်းရဲ့အလောင်းပျောက်သွားခဲ့တယ်ဆိုတာကို … ဘာဖြစ်လို့ ငါ့ကိုလူသတ်တရားခံလို့ စွတ်စွဲကြရတာလဲ မင်းတို့နဲ့ငါ့မှာ ဘာရန်ငြိုးရန်စ ရှိလို့လဲ '
' ကျွန်မကို ခွင့်လွတ်ပေးပါ… ကျွန်မက လမ်းဘေးမှာကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ ခင်မာလာက မွေးစားခဲ့လို့ အခုအရွယ်ထိ အသက်ရှင်ကြီးပြင်းလာခဲ့ရတာ … ကျွန်မဘဝကို ခင်မာလာပိုင်ပါတယ် ဒါကြောင့်သူခိုင်းတာတွေကို ကျွန်မလုပ်ပေးခဲ့ရတာပါ နောက်ဆုံး ကျွန်မအသက်နဲ့ပါ ရင်းပြီး သူ့ကိုကျေးဇူးဆပ်ခဲ့ရတယ် … '
' သီဟကရော … '
' အစ်ကိုသီဟလဲ ကျွန်မလို လမ်းပေါ်မှာကြီးပြင်းလာတဲ့ သူတစ်ယောက် သိုင်းဆရာကြီးတစ်ဦးက သူ့ကိုမွေးစားလိုက်ပြီး သိုင်းဆရာကြီးဆုံးပါးသွားတော့ ခင်မာလာနဲ့တွေ့ခဲ့တယ် … ပြီးတော့ ခင်မာလာက သူ့ရဲ့သိုင်းပညာကို အသုံးချပြီး နှင်းဆီနက်လူသတ်သမားအဖြစ် ခိုင်းခဲ့တာပဲ '
' ဘာ … ဒါ … ဒါဆို နှင်းဆီနက်လူသတ်သမားဆိုတာ သီဟပေါ့ဟုတ်လား '
' ဟုတ်ပါတယ်… အားလုံးကို ခင်မာလာခိုင်းခဲ့တာပါ အစ်ကိုသီဟ လူသတ်ပြီး သက်သေထားခဲ့တဲ့ နှင်းဆီပန်းအနက်ရောင်ပင်လေးတွေကို ဒီခြံထဲမှာပဲ ကျွန်မကိုယ်တိုင်စိုက်ထားပေးခဲ့တာ ရှင့်ကိုလဲ အစ်ကိုသီဟ အသေသတ်ဖို့မရည်ရွယ်ခဲ့ပါဘူး ရှင့်မျက်စိကို အမြန်ဆုံးပြန်ကောင်းအောင် သူလုပ်ပေးဖို့ အမြဲတမ်းပြောနေတယ် … ကျွန်မကိုလဲ ရှင့်အကြောင်းတွေ ပြောပြတယ် … ရှင်နဲ့တိုက်ခိုက်ရင်း အနာတရဖြစ်လောက်အောင်ပဲ သူလုပ်ခဲ့ပြီး ရှင်လွတ်သွားအောင် ချောင်းထဲကို ပစ်ချခဲ့တာပါ '
' ဟင် … ဒါကြောင့်ကို သီဟက ငါ့ကိုအပေါ်ယံ အရေပြားလောက် ရှက်ခုတ်ခဲ့ပြီး ချောင်းထဲကို ကန်ချခဲ့တာ ငါထင်နေတာက သီဟလက်ချက်ကြောင့် ငါမသေနိုင်ခဲ့ဘူးထင်နေခဲ့တာ … ဒါကြောင့်လဲ မိုးမြင့်စားသောက်ဆိုင်ကို ငါအလွယ်တကူပြန်သွားနိုင်ခဲ့တယ် … ငါ့မိတ်ဆွေတွေကို ပေးထားခဲ့တဲ့ ကတိအတိုင်း လူသတ်တရားခံတွေကို ပြန်ဖမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ… ဒါပေမဟ့် မအောင်မြင်ခဲ့ဘူး အချိန်တွေကြာနေပြီသီတာ ငါ့မျက်လုံးတွေကို အမြန်ဆုံးပြန်ကုပေးပါ ငါ့မိတ်ဆွေတွေ ငါ့ကိုစိတ်ပူနေလောက်ပြီး '
' စိတ်ချပါ … ရှင်မျက်လုံးတွေကို ရမ်းမှုန့်နဲ့ပတ်ခဲ့တာ မဟုတ်ဘူး … ခဏတာ မျက်လုံးစပ်စေတဲ့ အမှုန့်တစ်ခုနဲ့ ပတ်ခဲ့တာပဲ … အစ်ကိုသီဟပေးခဲ့တဲ့ မျက်စင်းရေခပ်လိုက်တာနဲ့ ရှင်မျက်လုံးတွေ ပြန်ကောင်းလာလိမ့်မယ် '
' ဟင် မင်းတကယ်ပြောတာနော် … သီဟ … သီဟ … '
' ဟုတ်တယ် … အစ်ကိုသီဟက မမမိနွယ်ကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခင်မာလာကြိုးဆွဲရာ ကနေခဲ့ရတာ တကယ်တော့ သူက စိတ်ထားကောင်းတဲ့ သူတစ်ယောက်ပါ … ကျွန်မကိုလဲ သူ့ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တယ် … အခုအစ်ကိုသီဟ ကျွန်မကို ထားသွားခဲ့ပြီလေ '

ခင်မာလာနှင့် မိနွယ်အပါအဝင် သီဟနှင့် သီတာတို့၏ ပတ်သတ်မှု့အကြောင်းမျာအား ထီးကလေးတစ်ယောက် ရှင်းလင်းစွာသိရှိသွားခဲ့ပြီး မိမိအပေါ် နှင်းဆီနက်လူသတ်သမား သီဟ၏ သဘောထားခဲ့ပုံများအား ဝမ်းနည်းစွာကြားသိလိုက်ရလေတော့သည်။

မိတ်ဆွေဖြစ်သူများ၏ ပြောစကားများအရ အစ်ကိုအောင်တစ်ယောက်မှာတော့ မိုးမြင့်စားသောက်ဆိုင်ရှိရာသို့ ဒေါသကြီးစွာ ထွက်လာခဲ့ချေသည်။ ကြုံထားခဲ့ဘူးသော မိတ်ဆွေများ၏ အကြောင်များအား သိရှိထားသောကြောင့် မိုးမြင့်စားသောက်ဆိုင်အတွငိးသို့ တိတ်တဆိတ်ပုန်းဝင်လာခဲ့ပြီး မိနွယ်ရှိနေမည့် အခန်းအား ရှာဖွေနေလေခဲ့သည်။ ထို့နောက် သွက်လပ်စွာ ပုန်းခိုရှာဖွေနေရင်း ကလေးမလေး တစ်ယောက်အား ဖမ်းချုပ်ထားခဲ့ပြီး စောင့်ကြည့်နေသော လူတစ်ယောက်နှင့်အတူ မိနွယ်၏ အခန်းအတွင်း၌ ချောင်းမြောင်းတွေ့ရှိသွားခဲ့သည်။ အခန်းတံခါးအား သုံးချက်မျှခေါက်လိုက်ပြီး အခန်းအတွငိးမှ စောင့်ကြည့်နေသော လူဟာ ခင်မာလာအထင်နှင့် အခန်းတံခါးအား လျင်မြန်စွာ ဖွင့်ဟပေးလိုက်ချေသည်။ အခန်းတံခါးပွင့်လာသည်နှင့် ထိုသူ့အား ဒေါသစိတ်ဖြင့် အစ်ကိုအောင်တစ်ယောက် ရုတ်တရက် အားပြင်းစွာကုန်လိုက်လေသည်။ ထို့နောက် လဲကျသွားသော ထို့သူ့အား လည်ပင်အပေါ်သို့ ခြေထောက်ထောက်ထားပြီး
' အသံမထွက်နဲ့ … မိနွယ်ဆိုတဲ့ မိန်းကလေးဘယ်မှာလဲ'
' ကျွန် … ကျွန်တော် မသိပါဘူး'
' ဘာကွ … လိမ်ချင်တယ်ပေါ့ ကဲ့ကွာ '
' အား ! … မလုပ်ပါနဲ့ ကျွန်တော်တကယ်မသိတာပါ … မမကြီးက သူ့သမီးလေးကို စောင့်ကြည့်ထားခိုင်းရုံပါပဲ ကျန်တာတွေ ကျွန်တော်တကယ်မသိတာပါ'
' သေချာတယ်နော် … ဒါဆို ဒီကလေးမလေးက မိနွယ်ရဲ့သမီးဆိုတာလား '
' ဟုတ် … ဟုတ်ပါတယ် '
  ' ကောင်းပြီ ဒါဆို ဒီကလေးမလေးကို ငါခေါ်သွားမယ်'
' ဟင် … မ … မလုပ်ပါနဲ့ ဒီကလေးမလး ပျောက်သွားရင် ကျုပ်ကို မမကြီးသတ်ပစ်လိမ့်မယ် '
' ကောင်းပြီ ဒါဆို … မင်းပါငါနဲ့လိုက်ခဲ့ ဘဟ်လိုလဲ '
' ဟင် … ကျူပ်ကိုဘာမှမလုပ်ပါဘူးနော် … '
' အေးအေးဆေးဆေးလိုက်ခဲ့ မင်းကို ဘာမှမလုပ်ဘူး'
' ဟုတ် … ဟုတ် လိုက်ပါ့မယ်'

 မိတ်ဆွေရဲအုပ်မောင်ဝင်း၏ဘက်မှ အကာကွယ်ပေးမည့် သက်သေများအား အစ်ကိုအောင်တစ်ယောက် မိုးမြင့်စားသောက်ဆ်ုင်အတွင်းမှ ခေါ်ဆောင်လာခဲ့လေသည်။

' ဆရာကြီး … ကျုပ်တို့ပြသနာတွေ အားလုံးပြီးသွားပြီဆိုတော့ ကျုပ်ချူပ်ခိုင်းထားတဲ့ သရဲမကိုလဲ မလိုတော့ဘူး သူ့ကိုအပျက်ရှင်းချင်တယ်'
' ဟင် … သူ့ကိုအပျက်ရှင်းဖို့က အလွယ်တော့ဘူးကွ ရှင်းချင်တယ်ဆိုရင် သူရှိနေတဲ့ အဲ့ဒီအိမ်ကြီးကို မီးရှို့ပစ်မှရမယ် '
' ဟုတ်ကဲ့ဆရာကြီး … မနက်ဖြန်မနက်ဆိုရင် ကျုပ်တို့ကိစ္စတွေ ပြီးသွားပြီဆိုတော့ သူမျှော်လင့်နေတဲ့ သူရဲ့လင်ကိုပါ အဲ့ဒီအိမ်ကြီးနဲ့အတူ မီးလောင်တိုက်သွင်းပေးလိုက်မယ် '
' ဟင် … ဆရာကြီး … ဒါဆိုဟိုအရူးကိုပါ အပျက်ရှင်းတော့မှာပေါ့ဟုတ်လား '
' ဒါပေါ့ကွ … သူလဲမလိုတော့ဘူး အဲ့ဒီတော့ သက်သေဖြစ်နိုင်မယ့် အရာအားလုံးနဲ့ ငါတို့ကိုဒုက္ခပေးမယ့်သူ အားလုံးကို အပျက်ရှင်းပစ်ရမှာပေါ့'
' မနက်ဖြန် မောင်ဝင်းကိုရာထူးဖြုတ်ဖို့ ခင်မာလာနဲ့မိနွယ်ကို နောက်ဆုံးတစ်ကြိမ် ရဲမှူးကြီးကိုယ်တိုင် စစ်ဆေးမယ်လို့ကြားတယ် … '
' အဲ့ဒါဘာဖြစ်လဲကွ … ငါ့လူတွေအားလုံးကို ငါမှာထားပြီးသား စစ်ဆေးတော့ရော ဘာကြောက်စရာရှိမှာလဲ ထီးကလေးဆိုတဲ့ သူက လူတ်သတ်တယ် အဲ့ဒါကို မိနွယ်ကမြင်တယ် … တရားခံကို မောင်ဝင်းက အရေးမယူတဲ့အပြင် လွတ်ပေးလိုက်တယ် … တရားခံက မိနွယ်ကိုထပ်ပြီး အဓမ္မပြုဖို့ကျင့်တယ်ဆိုတာ သက်သေအခိုင်လုံနဲ့ တရားစွဲပြီးသားပဲ ဘယ်သူက ကယ်နိုင်ဦးမှာလဲ '
' ပိုင်လိုက်တာ ဆရာကြီးရာ … ပိုင်လိုက်တာ '
' ဟားဟား … ငါကဇာတ်ညွှန်းလောက်ပဲ ပိုင်တာပါကွ … ဟော့ဒီက ငါ့ရဲ့ဆရာကြီးက သရဲမကိုထိန်းချုပ်ထားပေးလို့ ဟိုပရလောကနဲ့ အဆက်သွယ်ရပါတယ်ဆိုတဲ့ ကောင်တွေအားလုံး ဒုက္ခရောက်သွားကြတာပေါ့ '
' ဟုတ်ပါ့ဗျာ … ဟုတ်ပါ့ ဒါနဲ့ဆရာကြီး မိနွယ်နဲ့ခင်မာလာတို့ကိုရော ဘာဆက်လုပ်မှာလဲ '
' ကြူပင်ခုတ်ရင် ကြူငုတ်မကျန်ရဘူးကွ … သူတို့ကိုပါအပျင်ရှင်းပစ်ရမှာပေါ့ '
' ဟင် … ဒါဆိုရင် ကျုပ်ကိုရော '
' မင်းက နောက်၅မိနစ်အတွင်းမှာ သေရလိမ့်မယ် '
' ဗျာ … ဆ … ဆရာကြီး '
' ဟုတ်တယ် … မင်းအခုသောက်လိုက်တဲ့ အအေးထဲမှာ အပြင်းဆုံး အဆိပ်တွေခပ်ထားတယ် စိတ်မကောင်းပါဘူးတင်ငွေ … ကမ္ဘာမီးလောင် သားကောင်တောင်ချထားရတယ်ဆိုတာ မင်းကြားဘူးမှာပါ'
' ခင် … ခင်ဗျားက လူယုတ်မာပဲ ခင်ဗျားက တစ်ဘို့တည်းကြည့်တတ်တဲ့ နွားကြီး … အ … အား '
' ဟားဟား … ဟုတ်တယ် မင်းလုပ်ပေးခဲ့တာတွေ အတွက်နောင်ဘဝမှ ကျေးဇူးပြန်ဆပ်တော့မယ် '
' အာ … အာ အား '

ခန္ဓာကိုယ်တစ်ခုလုံး တွန့်တွန့်လူးလျက် တင်ငွေမှာ ဦးဇော်မျိုး၏ အပြင်းထန်ဆုံးသော အဆပ်အား မိသွားချေခဲ့ပြီး သွေးများစွာအန်ချလိုက်ရင်း အိမ်အတွင်းမှ ယိုင်တိုင်ကာ တင်ငွေတစ်ယောက်မှာ ထွက်သွားလေတော့သည်။
' ဟာ … ဇော်မျိုး ဟိုကောင်ပြေးပြီး '
' ထားလိုက်ပါဆရာကြီး … နောက်သုံးမိနစ်လောက်ဆို ဒီကောင့်ကလိစာတွေ အရည်ပျော်ကျပြီး သေသွားလိမ့်မယ်'
' ဟား … ဟား … ဇော်မျိုး ဇော်မျိုး မင်းကတော့ လုပ်လိုက်ရင် အပျက်ချည်းပဲ တော်တယ်ကွာ '

အမြင်အာရုံများ ဝေဝါးနေလေခဲ့ပြီ ။ သေလုနီးပါးဖြစ်နေရသည့် တင်ငွေမှာ မိမိချုပ်နှောင်ထားသော စိတ်ရောဂါဝေဒနာရှင် စာရေးဆရာလေးဆီသို့ ဦးတည်ရောက်လာခဲ့ပြီး မိမိထံသို့ တင်ငွေတစ်ယောက် နေ့တိုင်းနီးပါး ရူးနေသည်ဟုတ်မဟုတ်ကို လာရောက်ချောင်းမြောင်းကြည့်နေခဲ့ခြင်အား စာရေးဆရာလေးမှာ သိရှိထားသောကြောင့် မိမိထံသို့ တင်ငွေရောက်ရှိလာသည်ကို မြင်၍ ရူးချင်ယောင်ဆောင်ကာ တစ်ကိုယ်တည်းစကားများ ပြောဆိုလေတော့သည်။
' ဟားဟား … ငါ့ကိုဘယ်သူက အရူးလို့ပြောတာလဲ ငါမရူးဘူးကွ ငါမရူးဘူး '
' တူကြီး … အား … အာ့ '
' ဟင် … နောင်တော်ကြီး ဘာဖြစ်လာတာတုန်းကွယ့် ပါးစပ်မှာလဲ အချဉ်ရည်တွေနဲ့ပါလား ပြောစမ်း ဘာဖြစ်လာတာတုန်း '
' တူကြီး … ငါ … ငါလူယုံသတ်ခံလိုက်ရပြီ … ငါသေတော့မယ် မင်းအပေါ်ကို ငါ … ငါယုတ်မာမိခဲ့တယ် မင်းလွတ်ရာကိုပြေးတော့ အား … အား '
' နောင်တော်ကြီး ခင်ဗျားရူးချင်ယောင်ဆောင်တာတော့ မဟုတ်ပါဘူးနော် '
' အား … အ … မင်း … မင်းပြေးတော့ ရဲ … ရဲအုပ်မောင်ဝင်းဆီကို အ … အမြန်ဆုံး ဒီအနောက် ပတ်လမ်းကနေ ပြေးတော့ '
' ဟင် … ဦးတင်ငွေ … ခင်ဗျားတကယ်ပြောနေတာလား ကျုပ်ကမရူးဘူး ခင်ဗျားကို ဟိုလူယုတ်မာ ဒုက္ခပေးလိုက်ပြီမဟုတ်လား '
' ဟင် … ငါ့တူကြီး … မင်း … မင်းတကယ်မရူးဘူးနော် '
' ကျူပ်နေပြန်ကောင်းနေတာ ကြာပြီ … လူယုတ်မာတွေရန်ကိုကြောက်လို့ ကျုပ်ရူးချင်ယောင်ဆောင်နေခဲ့တာ '
' ဝမ်းသာလိုက်တာကွာ … မင်းအဖေနဲ့အမေကိုလဲ ဦးလေးတောင်းပန်ပါတယ်လို့ ပြော … ပြောပေးပါ …  '
' ဦးလေး အားတင်းထားပါဦး … ဦးလေးကို ကျူုပ်ဆေးရုံပို့ပေးမယ် '
' မရတော့ဘူးငါ့တူ … မင်း… မင်းသာအလွတ်ပြေးတော့ ခြံအမှတ် ၆၆မှာ မင်းချစ်သူကောင်မလေးရဲ့ ဝိဥာဉ်ကို အောက်လမ်းဆရာကြီး ချုပ်နှောင်ထားတယ် … နောက်ဖေးခြံထောင့်မှာ အလံအနီးလေးစိုက်ထားတယ် အဲ့ … အဲ့ဒါကို နုတ် … နုတ်လိုက် … မင်းကောင်မလေးရဲ့ ဝိဥာဉ်လွတ်သွားလိမ့်မယ် … အား '
' ဦးလေး … ဦးလေး အားတင်ထားဦးလေ '
' ငါ့ကိုတစ်ခုလောက် ကူညီပေးပါ … ငါတစ်သတ်လုံး လူမိုက်လုပ်စားခဲ့တာ ဘယ်သူ့ကိုမှ မယုတ်ခဲ့ဖူးဘူး … လူယုတ်မာရဲ့ လက်ချက်နဲ့လဲ ငါမသေချင်ဘူး … ရော့ … ဒီဓားနဲ့ ငါ့တူကြီးမင်းငါ့ကို ထိုးပါ '
' ဟင် … မ … မလုပ်ပါရစေနဲ့ဗျာ … '
' ထိုး … ထိုးပါငါ့ … ငါ့ကိုထိုး … အား … ကျေနပ်တယ် ငါကျေနပ်တယ် … လူယုတ်မာဇော်မျိုး သတ်လို့သေတာမဟုတ်ဘူးကွ … ငါသိပ်ကြိုက်တဲ့ စာရေးဆရာကြီး ငါ့တူသတ်လို့ သေရတာကွ … အား … အား '
' ဟာ … ဦး … ဦးလေး '

သေဆုံးခါနီးဖြစ်သည့် ဦးတင်ငွေမှာ စာရေးဆရာလေးအား လွတ်ရာလမ်းညွှန်ပြပေး၍ ဦးဇော်မျိုး၏ လက်ချက်ဖြင့် မသေချင်ဘူးဟုဆိုကာ အသင့်ပါလာသည့် ဓားဖြင့် စာရေးဆရာ၏ လက်ဝယ်အတွင်းသို့ ထည့်ပေးလိုက်ပြီး ဓားကိုင်ထားသည့် စာရေးလေး၏လက်အား မိမိ၏ရင်ဘတ်ဆီသို့ ဆွဲသွင်းကာ မိမိကိုယ်မိမိ အဆုံးစီရင်လိုက်လေတော့သည်။ သေဆုံးသွားသည့် ဦးတင်ငွေ၏ အလောင်းအား ထားရစ်ခဲ့ပြီး ဦးတင်ငွေ ညွှန်ပြပေးလိုက်သည့် လမ်းအတိုင်း လွတ်ရာလမ်းသို့ စာရေးဆရာလေးမှာ ကိုယ်လွတ်ရုံးပြေးလေတာ့သည်။

အစ်ကိုအောင် အကြံပေးသည့်အတိုင်း ရဲအုပ်မောင်ဝင်းတစ်ယောက်မှာတော့ အရှေ့မှ မိမိတာဝန်ကျေပွန်ခဲ့သည်များအား ထောက်ထားစေခဲ့ပြီး ခင်မာလာနှင့် မိနွယ်အား နောက်ဆုံးတစ်ကြိမ် ရဲမှူးကြီး၏အရှေ့မှောက်၌ စစ်ဆေးခွင့်ကို တောင်းဆိုချေခဲ့သည်။ ဥပဒေအတိုင်းသာ လုပ်ဆောင်နေရခြင်းဖြစ်သည်ကြောင့် ရဲမှူးကြီးမှာ ကိုမောင်ဝင်းအား ယုံကြည်အားကိုခဲ့သော်လည်း ဥပဒေကိုမလွန်ဆန်နိုင်။ ထိုကြောင့် ၎င်းအမှု့နှင့်ပတ်သတ်ပြီး ရဲအုပ်မောင်ဝင်းအား ရာထူးဖြုတ်၍ ထောင်ဒဏ်အပြစ်ပေးရမည်ဖြစ်သည်။ ရဲအုပ်မောင်ဝင်း၏ ယခုလိုတောင်းဆိုချက်အား ရဲမှူးကြီးမှာ ကိုမောင်ဝင်းရှုံးမည်ဟု ကြိုတင်မှန်းဆထားပြီး ကိုမောင်ဝင်း၏ တောင်းဆိုချက်အား နောက်ဆုံးအနေနှင့် ခွင့်ပြုလိုက်ချေတော့သည်။

' ခင်မာလာ … ဒါက ကျုပ်အထက်က ရဲမှူးကြီးဆန်းအေးပါ နောက်ဆုံးတစ်ကြိမ် ခင်ဗျားနဲ့ မိနွယ်ကို တစ်ယောက်ချင်းလူခွဲမမေးပဲ … ရဲမှူးကြီးရဲ့အရှေ့မှာ မေးပါရစေ '
' ဟုတ်ကဲ့ရှင့် … ရဲမှူးကြီးတွေ့ရတာ ဝမ်းသာပါတယ် ရဲမှူးကြီးရှိနေတော့ ပိုကောင်းတာပေါ့ … ကဲမေးပါ'
' ထီးကလေးက သီတာကို သတ်လိုက်တာ ခင်ဗျားမျက်စိနဲ့မြင်လား '
' အိုရှင် … ကျွန်မဖြေပြီးပြီးပဲ … '
' ဟုတ်ပါတယ် ကျေးဇူးပြုပြီး ကျုပ်အခုထပ်မေးတာကို ဖြေပေးပါ'
' ကျွန်မမမြင်လိုက်ပေမယ့် ဟောဒီက ကျွန်မညီမလေး မိနွယ်မြင်လိုက်ပါတယ် '
' မိနွယ် … မင်းတကယ်ပဲ ထီးကလေး သီတာ့ကို သတ်လိုက်တာ မြင်ခဲ့တာလား … ဖြေပေးပါ '

ရဲအုပ်မောင်ဝင်း၏ အမေးစကားကြောင့် ငြိုးငယ်လှသော မျက်နှာထားလေးဖြင့် ခေါင်းငိုက်စိုက်ထားသော မိနွယ်မှာ သူမ၏ဘေးမှရှိနေသော ခင်မာလာအား မျက်လုံးကလေး ဝှေ့ကြည့်လိုက်ပြီး
' ဟို … ဟို … ကျွန် … ကျွန်မ '
' မိနွယ် ဖြေလိုက်လေ နင်မြင်လိုက်တာပဲ ဖြေလိုက် '
' ကျွန် … ကျွန်မမြင်ခဲ့ပါတယ် '
' ဘာ ! … မိနွယ် ထီးကလေးက မင်းကြောင့် ထောင်ချောက်ထဲကို ရောက်ခဲ့ရတာနော် … မင်းကို စိတ်ဝင်စားတာ တစ်ခုတည်းနဲ့ ထောင်ချောက်မှန်းသိသိကြီးနဲ့ တိုးဝင်ခဲ့တာနော် '
' ဒီမှာ စခန်းမှူးကြီး ရှင်ပြောတာက ကျွန်မတို့ကို ထိခိုက်နေပြီ ဘာထောင်ချောက်လဲ ကျွန်မတို့ ဘာမှမလုပ်ဘူး အဲ့ဒါပဲ ကြည့်ပါတော့ ရဲမှူးကြီး … ပြောတဲ့စကားကိုက တစ်ဖက်သားကို ထိခိုက်နေပြီး'
' ခင်မာလာ ကျုပ်မမေးပဲ ခင်ဗျား ဝင်မပြောပါနဲ့ … ကျုပ်ခင်ဗျားကို မမေးဘူး ခင်ဗျားက ထီးကလေးကို ဆေးခပ်လိုက်တယ် သီတာ့ကိုသတ်တယ် ပြီးတော့ ထီးကလေးသတ်ပါတယ်လို့ အမှု့ဖွင့်တယ် အဲ့ဒါတွေအားလုံး ကျုပ်တို့မသိဘူးများထင်နေလား … '
' မဟုတ်ဘူး ရှင်လျောက်ပြောနေတာ ထီးကလေးက ကျွန်မမွေးစားသမီးလေး သီတာကို ရက်ရက်စက်စက် သတ်ခဲ့တာ … အဲ့ဒါကိုရှင်က အရေးမယူပဲ တရားခံကို လွတ်ပေးလိုက်တယ် '
' တိတ်စမ်း ! … ဘာပဲဖြစ်ဖြစ် ကျုပ်တို့မှာ သတ်သေမပြနိုင်လို့ ခင်ဗျားရဲ့ထောင်ချောက်ဇာတ်လမ်းကို ငြိမ်ခံနေခဲ့ရတာ … ခင်ဗျားကိုမေးမှ ဖြေပေးပါ '
' မိနွယ် … မင်းရဲ့ထွက်ဆိုချက်က သေသွားခဲ့တဲ့ ထီးကလေးကို သိက္ခာကျစေသလို ငါတို့အားလုံးကိုလဲ မင်းဒုက္ခပေးသလိုဖြစ်လိမ့်မယ် … မင်းစဉ်းစားပြီးဖြေပေးပါ'
' ကျွန်မ … ကျွန်မ … … '

သိပ်ချစ်ရသည့် သမီးလေးနှင့် အကြပ်ကိုင်ကာ စေခိုင်းထားခြင်းခံထားရသော မိနွယ်မှာ ရဲအုပ်မောင်ဝင်း၏ အမေးစကားမျာအား တုန့်လှုပ်စွာ ဖြေဆိုမည်အလုပ်
' သွားစမ်း … '
မိနွယ်၏ သမီးလေးနှင့်အတူ စောင့်ကြည့်ရန် စေခိုင်းထားသော လူစောင့်အား အစ်ကိုတစ်ယောက် ကိုမောင်ဝင်း၏ အရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့လေတော့သည်။
' ကဲ … မမိနွယ် … ခင်ဗျားဘာမှ စိုးရိမ်နေစရာမလိုတော့ဘူး ဒီမှာ ခင်ဗျားသမီးလေး ခင်ဗျားဆီရောက်လာပြီး ကိုမောင်ဝင်းမေးတာ အမှန်တိုင်းဖြေပေးလိုက်ပါ '
' သမီး … ' 'မေမေ … '
' အစ်ကိုအောင် ဒါမိနွယ်သမီးလား '
' ဟုတ်တယ် ကိုမောင်ဝင်း … ကျုပ်သက်သေတွေခေါ်ခဲ့တာပဲ '
' ကျေးဇူးတင်လိုက်တာ အစ်ကိုအောင်ရာ ကျေးဇူးတင်လိုက်တာ '
' မိနွယ် … ကျုပ်မေးတာကို ဖြေပေးပါဦး '
' ကျွန်မမမြင်ခဲ့ပါဘူး … မမကြီးပြောခိုင်းလို့ ပြောရတာပါ'
' ဘာ !… မိနွယ် … နင် … နင်ဘယ်လိုပြောလိုက်တယ် မဟုတ်ဘူး သူလိမ်နေတာ … သူလျောက်ပြောနေတာ ရဲမှူးကြီးသူတို့ပြောတာတွေကို မယုံပါနဲ့ သူတို့က အမှု့ကနေလွတ်အောင် တမင်သတ်သတ် လျောက်ပြောနေကြတာပါ … သူတို့ပြောတာ မယုံပါနဲ့'
' မ ခင် မာ လာ '

တုန်လှုပ်စွာပြောဆိုနေသော ခင်မာလာ၏ စကားအဆုံး၌ သူမ၏နာမည်အား စခန်းအပေါက်ဝမှ တစ်လုံးချင်း ရုတ်တရက် လှမ်းခေါ်လိုက်သူကား ထီးကလေးပင်ဖြစ်ချေသည်။
' ဟင် … ကိုထီးလေး … '  ' ထီး … ထီးလေး နင် … နင်ပြန်လာတယ် '
' ထီးလေး မင်းမသေဘူးနော် '
' ထီးလေး ဟုတ်တယ်နော် မင်း … မင်းတကယ်မသေဘူးပဲ'

သေဆုံးသွားပြီဟု သတ်မှတ်ထားသော သူငယ်ချင်းဖြစ်သူ ထီးကလေးတစ်ယောက် နယ်မြေပိုင်စခန်းအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာခဲ့ခြင်းကြောင့် သူငယ်ချင်းဖြစ်သူများမှာ အားရဝမ်းသာ ဝဲလျက်မျက်ရည်များနှင့် ကြိုဆိုပွေ့ဖတ်လေတော့သည်။
' ငါမသေပါဘူးကွာ … ငါမသေပါဘူး '
' ကိုထီးလေး … ခင်ဗျားမသေဘူးနော် '
' ကျုပ်မသေပါဘူး အစ်ကိုအောင်ရ … ကျုပ်မသေပါဘူး အစ်ကိုအောင်လဲ ရောက်နေတာပဲ လမ်းကလေး မျှားကလေး ငါးကလေး … ဟင် … တန်ခိုးရော '
' ဟားဟားဟား … မင်းတို့က ငါ့ကို အရူးထောင်ပို့ထားကြတာကိုကွ … ငါအခုပြန်လာပြီ ဆရာဝန်ကြီးက ငါ့ကိုနေကောင်းနေပြီးလို့ ပြောလိုက်တယ် အခုပဲဆေးရုံက စင်းစင်းခြင်း ကိုမောင်ဝင်းဆီကို လာခဲ့တာပဲ '
' တန်ခိုး … ဘယ်လိုဖြစ်ရတာတုန်း … ခေါင်းမှာလဲ ပတ်တီးကြီးနဲ့ပါလား '
' ဘယ်လိုဖြစ်ရမှာတုန်းက ကေသဇင်စိုးလေ … သူပေါ့ ငါ့ကိုခြောက်လွတ်လိုက်တာ … ကဲထားပါ နောက်မှပြောကြတာပေါ့ အခုဒီလူယုတ်မာမကြီးကို အရင်ရှင်းရမယ် '
' ကဲ … ခင်မာလာ … ကျုပ်မိတ်ဆွေတွေအားလုံး ရောက်လာကြပြီ … ခင်ဗျားအပြစ်ကို ခင်ဗျားဝင်ခံတော့'
' အောင်မာ … ရှင့်မိတ်ဆွေတွေ ပြန်ရောက်လာတာနဲ့ ကျွန်မက ဘာအပြစ်တွေကို ဝင်ခံရမှာလဲ '
' ခင်မာလာ … ခင်ဗျား မဝင်ခံချင်လဲရတယ်လေ … ကိုမောင်ဝင်း ကျုပ်အဓိက သတ်သေတစ်ယောက် ခေါ်လာခဲ့တယ် … သီတာ ဝင်ခဲ့ပါဦး'

ထီးကလေး၏ စကားအဆုံး၌ ကိုမောင်ဝင်း၏ တာဝန်စားပွဲဝိုင်းအရှေ့သို့ သီတာတစ်ယောက် ရောက်ရှိလာခဲ့လေသည်။ သီတာအား မြင်တွေ့လိုက်သည်နှင့် ခင်မာလာမှာ တုန့်လှုပ်အံ့သြသွားခဲ့ပြီး
' ဟင် … သီ … သီတာ နင် … နင်မသေဘူးလား '
' ဟုတ်တယ် ကျွန်မသီတာပဲ ရှင်ကိုယ်တိုင်သတ်ခဲ့တဲ့ သီတာပဲ … ဒါပေမယ့် ရှင်က ကျွန်မကိုသေအောင် မသတ်နိုင်ခဲ့ဘူး '
' ဟင် … '
' ကဲ … ခင်မာလာ ခင်ဗျား ဘာငြင်းချင်သေးလဲ … သီတာ ဒီမှာရဲမှူးကြီးလဲရှိနေတယ် ဖြစ်ကြောင်းကုန်စင်အားလုံးကို ပြောပြပေးပါ '
' ဟုတ်ကဲ့ ကျွန်မပြောပြပါ့မယ် '

မိမိဓားဖြင့် ရက်စက်စွာထိုးသတ်ခဲ့သော သီတာ့အား ခင်မာလာတစ်ယောက် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး မည်သည့်စကားမှ ပြန်လည်မပြောနိုင်တော့ပဲ ကြောင်တောင်တောင်ဖြင့် ဖြစ်ကြောင်းကုန်စင်အားလုံးအား သီတာပြောပြသမျှ နားထောင်နေခဲ့ရတော့သည်။

သေဆုံးသူ ဦးတင်ငွေ လမ်းညွှန်ပေးလိုက်သည့် အတိုင်း စာရေးဆရာလေးမှာ ခြံအမှတ် ၆၆ဆီသို့ ဦးတည်အပြေးရောက်ရှိလာခဲ့လေတော့သည်။
ခြံတံခါးအား ကျော်လွှားစေခဲ့ပြီး ခြံကြီးအတွင်းသို့ ရောက်ရှိလာကာ အိမ်ဘေး ပတ်လမ်းအတိုင်း အလံနီးကလေး ရှိနေသည်ဟူသော ခြံထောင့်ဆီသို့ အရောက်သွားချေခဲ့သည်။ မိမိခန္ဓာကိုယ်နစ်ခုလုံး ကျက်သီးများထနေသည်ကို မမှု့ ထိုမြေပုံလေးဆီသို့ အရောက်လှမ်းနေခဲ့ရင်း သူ၏လမ်းအရှေ့၌ ခွေးကျားလေးတစ်ကောင် လမ်းပိတ်သကဲ့သို့ တားစီးရပ်တန့်နေလေခဲ့သည်။

' ဟဲ့ ခွေး … သွား '
မောင်းနှင်နေသော စာရေးဆရာလေးအား ထိုခွေးကျားလေးမှ မာန်ဖီကာ ခုတ်အုပ်မည့် ဟန်ပြင်နေခဲ့ပြီး စာရေးဆရာလေးမှာတော့ ထိုခွေးကျားလေးအား အာရုံမထား အနောက်၌မြင်တွေ့နေရသော အလှံနီးစိုက်ထားသည့် မြေပုံဆီသို့ အရောက်သွားရန်သာ ဟန်ပြင်နေလေခဲ့သည်။

မာန်ဖီနေသည့် ခွေးကျားလေးအား ဂရုမစိုက် အရှေ့သို့ ခြေတစ်လှမ်း စတင်လှမ်းလိုက်သည်နှင့် ထိုခွေးကျားလေးမှာ စာရေးဆရာလေးအား ခုန်အုပ်လိုက်ချေပြီး။ မိမိ၏မျက်နှာအား ကိုက်မည့်ခွေးကျားလေး၏ိံပါးစပ်အား သူ၏လက်နှစ်ဖတ်ဖြင့် ထိန်းချုပ်ထားခဲ့ပြီး ခွေးကျားလေးနှင့် မြေပြင်ပေါ်၌ အပြင်းထန်တိုက်ခိုက်နေခဲ့ရသည်။

ထိုအချိန်အတွင်း၌ပင် အိမ်ကြီးအား မီးရှို့ဖျက်စီးမည့် ဦးဇော်မျိုးနှင့်အတူ အောက်လမ်းဆရာကြီး တို့ရောက်ရှိလာခဲ့ပြီး
' ဟင် … သြော် … တင်ငွေက မင်းကိုလွတ်ပေးလိုက်တာပဲ … ထင်တယ် မင်းဒီခြံကြီးထဲကို ရောက်နေမယ်ဆိုတာ '
' ဆရာကြီး … အဲ့ဒီကောင် မြေပြင်ပေါ်မှာတစ်ယောက်တည်း ဘာတွေလုပ်နေတာလဲ'
' ဘာလုပ်ရမှာတုန်းကွ အဲ့ဒါ ခမောက်စောင်း သရဲဘုရင်ရဲ့ ညို့ကွင်းထဲကို မိသွားတာ သူ့မျက်စီထဲမှာ တိရိစ္ဆာန်တစ်ကောင်ကောင်နဲ့ တိုက်ခိုက်နေတာပဲ ''
' ဟင် … ကျုပ်တို့ကြတော့ မမြင်ရဘူးလေ '
' ဟုတ်တယ် သရဲဘုရင်ကို ငါက ထိန်းချုပ်ထားတော့ သူငါ့ကိုရန်ရှာလို့မရဘူး ဒါကြောင့် သာမာန်အနေထားပဲ တွေ့နေရတာ '
' သြော် … ကျုပ်သဘောပေါက်ပြီး … ဒီကောင်ကိုပါ တခါတည်း မီးရှို့ပစ်လိုက်ကြတာပေါ့'
' ဟားဟားဟား … ဘာပြောကောင်းမလဲကွာ … ပျော်စရာနေ့လေး တစ်နေ့ဖြစ်သွားရတာပေါ့ '

မြေပြင်ပေါ်၌ တစ်ကိုယ်တည်း တိုက်ခိုက်နေသော စာရေးဆရာလေးမှာ မောဟိုက်သွားခဲ့ပြီး မြေပြင်ပေါ်၌သာ မလှုပ်မယပ်ငြိမ်သတ်သွားခဲ့လေတော့သည်။ ထို့နောက် စာရေးဆရာလေးအား မြေပြင်ပေါ်မှ ပွေ့ချီလိုက်ပြီး အိမ်ကြီးအတွင်း၌ ကြိုးတုတ်ကာ အိမ်ကြီးပတ်ဝန်းကျင် တစ်ခုလုံးအား မီးလောင်တိုက်သွင်းရန် ဦးဇော်မျိုးနှင့်အတူ အောက်လမ်းဆရာကြီးတို့စတင် လုပ်ဆောင်လေတော့သည်။

သီတာ၏ ထွက်ဆိုချက် စကားများအဆုံး၌ ခင်မာလာမှာ မည်သည့်စကားမှ မတုန့်ပြန်တော့ပဲ ငြိမ်သတ်နေခဲ့လေပြီး။ ထို့နောက် မိမိအား ခြံအမှတ်၆၆တွင် ဖြစ်ပွားခဲ့သော လူသတ် မုဒိန်းမှု့နှင့်ပတ်သတ်ပြီး ဦးဇော်မျိုးခိုင်းစေခဲ့ကြောင်းအား ဖြောင့်ချက်ပေး ဝန်ခံလေတော့သည်။
' ကဲကောင်းပြီ … ခင်မာလာ ခင်ဗျားဘယ်လိုပဲ ဥာဏ်ကောင်းပါတယ်ဆိုပါစေ ရာဇဝဏ်ဘေးဆိုတာ ဘယ်တော့မှ ရှောင်တိမ်လို့မရနိုင်ဘူးဗျ … '
' ဟုတ်ပါတယ် … နဂိုကထက် ကိုမောင်ဝင်းတို့အဖွဲ့ကို ကျွန်မလေးစားမိပါတယ် တော်ရုံတန်ရုံလူတစ်ယောက်ဆိုရင် ကျွန်မတို့ရဲ့ ထောင်ချောက်ဇာတ်ကွက်ထဲမှာ ဇာတ်သိမ်းသွားခဲ့မှာ သေချာပါတယ်'
' ညီမလေးမိနွယ် သီတာ မမကြီးကိုခွင့်မလွတ်ပါနဲ့ မိနွယ် သမီလေးကို ကောင်းကောင်းစောင့်ရှောက်ပေးပါ မမကြီးလိုမဖြစ်စေနဲ့ '
' ကဲ … ဆရာကြီးတို့ တရားခံကို ချုပ်ထားလိုက်ပါ '
' ကိုမောင်ဝင်း … ရဲရန်နိုင်တို့ သားအဖကို သွားဖမ်းလို့ရပြီလား '
' ဟုတ်ကဲ့ ရပြီ '
' ဒါဆို ကျုပ်နဲ့ ထီးကလေးတို့ ငါးယောက်က ခြံအမှတ် ၆၆ကို တစ်ချက်လောက် သွားလေ့လာကြည့်မယ် … ကိုမောင်ဝင်းနဲ့ ရဲတပ်ဖွဲ့ လုပ်စရာရှိတာလေးတွေ ဆက်လုပ်ကြပါ '
'ကောင်းပါပြီ အစ်ကိုအောင် ကျွန်တော်မောင်ဝင်း ခင်ဗျားနဲ့အတူ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အားလုံးကို လေးစားချစ်ခင်မိပါတယ်'
' ဟားဟား … ကျေးဇူးတင်ပါတယ်ကိုမောင်ဝင်း ကျူပ်တို့ကို ခွင့်ပြုပါဦး '

မိတ်ဆွေအခွင့်ရေး ရဲအုပ်ကိုမောင်ဝင်းအား နှုတ်ဆတ်စကားများပြောဆိုခဲ့ပြီး ကျွန်ုပ်နှင့်အတူ အစ်ကိုအောင်အပါဝင် သူငယ်ချင်းဖြစ်သူများ ခြံအမှတ် ၆၆ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ချေတော့သည်။ ရယ်မောပျော်ရွှင်စွာဖြင့် ခြံအမှတ် ၆၆ တည်ရှိရာ ရပ်ကွက်အနားသို့ နီးကပ်လာခဲ့သည်နှင့် ထိုရပ်ကွက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေခဲ့ပြီး မီးလောင်နေသည်ဟု စကားသံများ ကြားလိုက်ရချေသည်။ မီးလောင်နေသည့်နေရာသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အရောက်လာခဲ့ပြီး မီးလောင်နေသည့်ခြံဟာ ခြံအမှတ် ၆၆ ပင်ဖြစ်နေချေတော့သည်။


                                ***      
              ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                     ဆက်လက်၍ ဖော်ပြပေးသွားပါမည် ။
                   စာရေးသူ - ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည် )
Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages