တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၁၅ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
ဒေါသကြီးစွာ ပြောဆိုနေခဲ့ပြီး ။ တန်ခိုးတစ်ယောက် နယ်မြေပိုင်စခန်းအတွင်းမှ ရုတ်တရက်လှည့်ထွက်သွားကာ စခန်းဝန်းအတွင်း၌ အသင့်ရှိနေသော ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ပြီး ခြံအမှတ် ၆၆ရှိရာသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
' ဆရာကြီး ကျုပ်တို့ဖမ်းထားတဲ့ အရူးကိုဘာဆက်လုပ်လိုက်ရမလဲ '
' ပြသနာအားလုံးပြီးသွားရင် အရူးကိုလဲ ငါတို့အသုံးမတည့်တော့ဘူး … အခုလောလောဆယ်တော့ ဖမ်းထားတာကောင်းတယ် … ဘာဖြစ်လို့လဲဆိုရင် အရူးက ငါတို့အကြောင်းအားလုံးကို သိထားတယ် … '
' ကျုပ်ကတော့ စိတ်မရှည်တော့ဘူး အပျက်ရှင်းပစ်လိုက်ရင် နောက်ကြောင်းအေးမယ်ထင်တယ် '
' အဲ့ဒီလိုလုပ်လို့မဖြစ်သေးဘူးကွ … သူ့မိဘတွေ အခြေနေရော ဘယ်လိုရှိလဲ'
' သူ့မိဘတွေက သူ့သား စိတ်ဖောက်ပြန်ပြီး ထွက်သွားတယ်ပဲ ထင်နေကြတယ် … အဲ့ဒါကြောင့် ကျူပ်လဲ လိုက်ရှာပေးမယ်ဆိုပြီး ရှောင်နေခဲ့တာ '
' ဒီကောင့်ကြည့်ရတာ တကယ်ရူးနေတာတော့ သေချာတယ်ကွ … မင်းအမြင်ရော '
' ကျုပ်ကတော့ မထင်ဘူးဗျ … ဒီကောင်လေး ငယ်ငယ်တည်းက ကျူပ်ထိန်းခဲ့တာ ကျုပ်လက်ပေါ်မှာတင် ကြီးလာတယ်လို့ ပြောလို့ရတယ် … ဒီကောင်က အရမ်းလည်တယ် ရူးချင်ယောင်ဆောင်နေတယ်လို့ ထင်မိတယ်'
' ဟားဟား … ညဘက် ညဘက် သူ့အခန်းထဲကို မင်းချောင်းကြည့်နေတာပဲ လူကောင်းနဲ့သူတဲ့ အမူယာတွေ တွေ့လို့လား '
' အမ် ! … အဲ့လိုမတွေ့ဘူးဗျ … တစ်ယောက်တည်း စကားတွေ ပြောနေတာတော့ တွေ့တာပဲ '
' အေး … အဲ့ဒါပြောတာပေါ့ အခု ခင်မာလာက ထီးကလေးကို သတ်လိုက်နိုင်ပြီ … တရားခံကိုလွတ်ပေးထားတဲ့ မောင်ဝင်းကိုလဲ အခွင့်ရေးရဲတစ်ယောက်ဖြစ်နေလို့ အထက်က သူ့ကို အချိန်သုံးရက်ပေးထားတယ်လို့ ငါ့မိတ်ဆွေရဲမှူးကြီးဆီက သိရတယ်… အချိန်သုံးရက်အတွင်းမှာ တရားခံထီးကလေးကို ပြန်မဖမ်းပေးနိုင်ရင် မောင်ဝင်းဘဝလဲ ပျက်ပြီ … ငါတို့ကိုဘယ်သူမှ ပြဿနာမရှာနိုင်တော့ဘူး '
' သိပ်တော်ပါတယ်ဆရာကြီး … ဆရာကြီးရဲ့ ထောင်ချောက်ဇာတ်ကွက်ထဲကို လူလည်လုပ်နေတဲ့ ငါးကောင်တင်မကဘူး တော်လှပါချည်ရဲ့ဆိုတဲ့ အခွင့်ရေးရဲအုပ်မောင်ဝင်းပါ ထိုးဝင်လာကြတယ် … '
' ဟားဟား ဒီလောက်တော့ရှိမှာပေါ့ကွ … အောင်မြင်နေတဲ့ ရုပ်ရှင်မင်းသားရဲ့အဖေဆိုတော့ လမ်းညွှန်လေးတော့ နည်းနည်းပါးပါးရေးကြည့်လိုက်တာပါကွာ '
' ဟုတ်ကဲ့ဆရာကြီး … ဒါနဲ့ ခြံအမှတ် ၆၆က အိမ်ကြီးမှာရှိနေတဲ့ သရဲကိုရော ဘယ်လိုဆက်လုပ်မှာလဲ '
' ကိစ္စတွေအားလုံးပြီးသွားရင် … ဘယ်သူမှ မသိအောင် အဲ့ဒီအိမ်ကြီးကို မီးရှို့ဖျက်စီးပစ်ရမယ် … အခုလောလောဆယ်တော့ အဲ့ဒီတစ္ဆေမကို ငါ့ဆရာကြီးထိန်းချုပ်ထားတယ် အိမ်နားကိုကပ်တာနဲ့ အဲ့ဒီတစ္ဘေ္ဆမက အားလုံးကို ရန်ပြုလိမ့်မယ် '
' တစ်ခုတော့ သတိထားရမယ်ဗျ … မောင်ဝင်းတို့ဘက်ကလဲ ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး သူတို့ဘာတွေ ကြံစဉ်ထားကြလဲဆိုတာ ကျုပ်တို့လဲမသိနိုင်ဘူး ကျုပ်စုံးစမ်ရသလောက် သူတို့တွေက ကျီးကန်းတွေလိုပဲဗျ တစ်ကောင်ထိရင် အုပ်လိုက်ဝိုင်းထိုးကြတာ '
' ဟားဟား … ထိုးကြစမ်းပါစေကွာ ခွေးလေးခုန်လို့ ဖုံမထပါဘူး … မောင်ဝင်းမှာအချိန်မရှိတော့ဘူး … ထီးကလေးကလဲ ပြန်မလာနိုင်တော့ဘူး အဲ့ဒီတော့ သုံးရက်ပြည့်တာနဲ့ မောင်ဝင်းထောင်ထဲဝင်ရတော့မယ် … '
' ဟို … ကျန်တဲ့လေးကောင်ရော '
' ထီးကလေးနဲ့ မောင်ဝင်းမရှိတော့မှ ကျန်တဲ့လေးကောင်က အတောင်ကျိုးတဲ့ ငှက်ကလေးတွေ ဖြစ်သွားပြီပေါ့ကွ … အဲ့ဒီအခါကျမှ ကြူပင်ခုတ်ကြူငုတ်မကျန် ရှင်းပစ်လိုက်ရုံပဲ '
' အကြံပိုင်ပါပေတယ် ဆရာကြီးရယ် '
အချိန်ကား ညနေ၃နာရီခန့်ရှိနေခဲ့ပြီး ။ သူငယ်ချင်းဖြစ်သူ ထီးကလေး၏ အဖြစ်ဆိုးအား တန်ခိုးတစ်ယောက်သိရှိသွားခဲ့ပြီး မည်သို့မှပင် ထီးကလေးသေပြီဟူသော သတင်းအား မယုံနိုင်ခဲ့ချေ။ သူငယ်ချင်းဖြစ်သူများ၏ တားဆီးသော စကားများကိုပင် လွန်ဆန်ခဲ့ပြီး ခြံအမှတ် ၆၆ဆီသို့ တန်ခိုးတစ်ယောက် စိုက်မြိုက်စွာရောက်ရှိလာခဲ့လေတော့သည်။ ဒေါသဖြစ်နေသည့် စိတ်ကြောင့် တန်ခိုးတစ်ယောက်မှာ ခြောက်လန့်စိတ်များ ကင်းစင်နေခဲ့ပြီး ။ ခြံအရှေ့တွင် ဆိုင်ကယ်အား ရပ်တန့်လျက် ခြံကြီးအတွင်းသို့ လွယ်ကူစွာဖြင့် ဝင်ရောက်လာခဲ့လေတော့သည်။
ခြံအတွင်းသို့ ရောက်ရှိလာသည်နှင့် တန်ခိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများထလျက် တစ်စုံတစ်ယောက်၏ိံ လွှမ်းမိုးမှု့အောက်တွင် ရောက်ရှိသွားသကဲ့ ခံစားလိုက်ရသည်။ စိတ်အတွင်း၌ မွန်းကြပ်လာခဲ့ပြီး အသက်ရှု့မဝလေသလား။ ခပ်ပြင်းပြင်း လေမျာအား တစ်ဝကြီးရှု့ရှိုက်လိုက်သည်။
' ကေသဇင်စိုး … ကေသဇင်စိုး '
တိတ်ဆိတ်ငြိမ်သတ်နေသည့် ခြံကြီးအတွင်းသို့ ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်ကြည့်လိုက်ပြီး နောက်ကျောမလုံစွာဖြင့် ကေသဇင်စိုး၏ အမည်အား တမ်းတခေါ်လိုက်သည်။ ထို့နောက် ရဲတင်းသော စိတ်အား မွေးမြူးထားခဲ့ပြီး အိမ်မကြီးတံခါးဆီသို့ ဦးတည်လျောက်လာခဲ့သည်။ တိတ်ဆိတ်နေသည့် ထိုခြံကြီးအတွင်း၌ သစ်ရွက်ခြောက်များ ကြွေကျနေသည့် အသံကိုပင် ရှင်းလင်းစွာကြားသိစေနိုင်သည်။
ရဲတင်းသော ခြေလှမ်းများဖြင့် အိမ်မကြီးတံခါးဆီသို့ တန်ခိုးတစ်ယောက် ရောက်လုဆဲဆဲ၌ပင် ပိတ်ထားသည့် တံခါးကြီးဟာ ရုတ်တရက်ပွင့်လစ်သွားခဲ့သည်။ လျောက်လှမ်းလာသော ခြေလှမ်းများ ခေတ္တရပ်တန့်သွားခဲ့ပြီး ပွင့်သွားသည့် တံခါးအတိုင်း အိမ်ကြီးအတွင်းသို့ တန်ခိုးတစ်ယောက် ခြေလှမ်းစတင်လှမ်းလိုက်လေပြီး
' ဟင် … ဘယ်လိုဖြစ်တာလဲ '
အိမ်မကြီးအတွင်းသို့ရောက်ရှိလာသည်နှင့် တံခါးကြီးဟာ ရုတ်တရက် ပြန်လည်ပိတ်သွားစေပြီး ပဲ့တင်ထပ်နေသော သီချင်းသံအား ကြားနေခဲ့ရသည်။
' ကေသဇင်စိုး … ခင်ဗျားကို ကျုပ်မေးစရာရှိလို့ လာခဲ့တာ … အခုထီးလေးတစ်ယောက် သေသလား ရှင်သလား ကျုပ်သိချင်တယ် … ခင်ဗျားကူညီပေးနိုင်မလား '
အိမ်ကြီးပတ်ပတ်လည်အား မျက်စိတစ်ဆုံးလှည့်ပတ်ကြည့်နေရင်း ထိုသို့ပြောဆိုလိုက်သည်။ သို့ပေမယ့်ကြားနေရသည့် သီချင်းသံဟာ ရပ်တန့်သွားခြင်းမရှိပဲ သူ၏အမေးစကားအားလဲ မည်သည့်တုန့်ပြန်မှု့များမှ ထွက်ပေါ်မလာခဲ့ချေ။ သို့နှင့် ကေသဇင်စိုး၏ အမည်အား နှုတ်မှ တစ်ဖွဖွတမ်းတနေရင်း လှေကားအတိုင်း အိမ်မကြီးအပေါ်ထပ်သို့ ဦးတည်နေမိသည်။
အပေါ်ထပ်ဆီသို့ ရောက်ရှိလာခဲ့သည်နှင့် ဦးစွာမြင်တွေ့နေရသည့် အိပ်ခန်းဟာ ပွင့်လစ်နေခဲ့ပြီး အခန်းအပေါက်ဝသို့ နောက်ကျောပေးကာ စန္ဒယားတီးခတ်နေသော မိန်းကလေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။ ထိုအခန်းဆီသို့ ဖြေးညင်းစွာလျောက်လှမ်းသွားရင် အခန်းဝအရောက်
' ကို … ဒီနှစ်ကုန်ရင် ကိုနဲ့ကေ လက်ထပ်ကြမယ်နော် '
' ဒါပေါ့ကေရဲ့ … ကိုယ် နယ်ကနေပြန်လာတာနဲ့ မိဘတွေကို အသိပေးလိုက်တော့မယ် '
' ကိုယ့်ကိုလေ ကေအရမ်းချစ်တယ် သိလား '
မည်သူမှ ဂရုမစိုက် အခန်းဝတွင် မတ်တပ်ရပ်လျက်ရှိနေသော တန်ခိုးတစ်ယောက် မြင်တွေ့နေရသည်က စာရေးဆရာလေးအပါဝင် ကေသဇင်စိုးတို့၏ စကားပြောနေသည့် ပုံရိပ်များပင်ဖြစ်ချေသည်။ သီချင်းသံစဉ်ဟာ ရပ်တန့်သွားစေခဲ့ပြီး ကုတင်းအပေါ်၌ ထိုင်နေသော စာရေးဆရာလေးထံသို့ အပြုံးမျက်နှာလေးဖြင့် စန္ဒယားခုံလေးဆီမှ ထိုကုတင်းရှိရာသို့ လှမ်းသွားစေခဲ့ပြီး မြေမထိသည့် ခုတင်းအပေါ်၌ ချစ်သူနှစ်ဦး၏ ကျီစယ်ပျော်ရွှင်နေကြသော ပုံရိပ်များအား ထပ်မံမြင်တွေ့လိုက်ရလေသည်။
' ကေသဇင်စိုး … ဆရာ … '
ကြောင်တောင်တောင်ငေးကြည့်နေမိသော တန်ခိုးတစ်ယောက် အသိစိတ်ဝင်ရောက်လာခဲ့ပြီး နာမည်များအား တမ်းတခေါ်မိလိုက်သည်။ ထိုအချိန်တွင်းမှာပင် မြင်တွေ့နေခဲ့ရသော ပုံရိပ်များရုတ်တရက် ကွယ်ပျောက်သွားခဲ့ပြီး အခန်းတစ်ခုလုံး၌ မီးလောင်မှု့ကြီးဖြစ်ပွားနေသည်အား ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
' ဟာ … မီး … မီးဗျို့ … မီး '
ရဲရဲတောက် လောင်ကျွမ်းနေသော မီးတောက်ကြီးအား မြင်တွေ့လိုက်ရပြီး စိုးရိမ်သောစိတ်ဖြင့် မီးလောင်နေသည်ဟု တန်ခိုးတစ်ယောက် နှုတ်မှအော်လိုက်မိသည်။ မိမိ၏ မျက်နှာအား အပူဟပ်လာသဖြင့် အိမ်ကြီး၏အောက်ထပ်သို့ ပြေးဆင်းမည်အလုပ် လှေကားအားမတွေ့ရတော့ပဲ အောက်၌ ချွန်ထက်လှသော အဆူချောငိးများ ထောင်ထားသည်ကို မြင်တွေ့လိုက်ရသည်။
' ဟာ … ဘယ် … ဘယ်လိုတွေဖြစ်ကုန်တာလဲ '
မီးတောက်များဟာ လှေကားအရင်း၌ ရပ်တန့်နေသော တန်ခိုးအနားသို့ နီးကပ်စွာရောက်လာချေခဲ့ပြီ ။ လှေကားမရှိတော့ပဲ အောက်သို့ကုန်ချလိုက်လျင် အဆူးချောင်းများနှင့် လွတ်မည်မဟုတ် ထို့ကြောင့် မီးတောက်များနှင့် လွတ်ရာ အပေါ်ထပ်တစ်နေရာသို့ လျင်မြန်စွာရှောင်တိမ်လိုက်သည်။ လောင်းကြွမ်းနေသော မီးတောက်များအတွင်းမှ တန်ခိုးဆီသို့ မီးလောင်နေသည့် ခွေးနက်ကြီးများ ရုတ်တရက်ပြေးဝင်လာခဲ့ပြီး
' လုပ်ကြပါဦး … ကယ်ကြပါဦး '
နှုတ်မှတမ်းတအော်နေမိရင်း ခွေးနက်ကြီးနှစ်ကောင်နှင့် တန်ခိုးတစ်ယောက် အပြန်အလှန်တိုက်ခိုက်နေခဲ့ရသည်။ ထိုသို့တိုက်ခိုက်နေချိန်၌ ရုတ်တရက်ခွေးနက်ကြီးများ ပျောက်ကွယ်သွားခဲ့ပြီ လောင်ကျွမ်းနေသည့် မီးတောက်များမှာလဲ ရုတ်တရက် ငြိမ်းသွားစေခဲ့သည်။
' ဟင် … ငါ … ငါဘာဖြစ်တာလဲ ငါအညို့ခံနေရပြီလား '
' ကေသဇင်စိုး … ကေသဇင်စိုး ခင်ဗျားကျုပ်ကို ခြောက်လန့်နေတာလား '
တည်ငြိမ်သောစိတ်အား မွေးမြူခဲ့ပြီး ဘေးပတ်ပတ်လည်အား ချာချာလည်အောင် ကြည့်နေရင်း ထိုသို့ပြောဆိုလိုက်ချိန်တွင် အခန်းလွတ်တစ်ခုအတွင်းသို့ လူတစ်ယောက် ပြေးဝင်သွားသည့်အလား မြင်တွေ့လိုက်ရသည်။ ကြမ်းပြင်အပေါ် ထိုင်ချနေသည့် တန်ခိုးတစ်ယောက် ရုတ်တရက်လျင်မြန်စွာ ထလိုက်ပြီး ထိုအခန်းဆီသို့ စူးစမ်းလိုစိတ်ဖြင့် ဝင်ရောက်လာခဲ့သည်။
အခန်းအတွင်းသို့ရောက်ရှိလာသည်နှင့် ရှင်းလင်းနေသည့် မြင်ကွင်းကိုသာ မြင်တွေ့နေရပြီး။ နံရံများမှ လက်ချောင်းအမြောက်အများ ပေါ်ထွက်လာကာ တန်ခိုးအား လက်ယပ်ခေါ်နေခဲ့သည်။
' မလာဘူး … မလာဘူး '
ခြောက်ခြားစိတ်များ လွမ်းမိုးနေလေခဲ့ပြီး။ ဆယ်ပေမျှ ကျယ်ဝန်းသည့် အိပ်ခန်းဟာ ဖြည်းညင်းစွာကျင်းကပ်လာခဲ့ပြီး နံရံမှထွက်ပေါ်နေသော လက်ချောင်းမျာဟာ တန်ခိုးဆီသို့ နီးကပ်လာလေခဲ့ပြီး။ ကြောင်တောင်တောင်ကြည့်နေမိရင်း အိပ်ခန်းအပြင်သို့ ပြန်လည်ထွက်ရန် တံခါးအား ဖွင့်လိုက်လေရာ ကြမ်းပြင်မရှိ အခန်းအတွင်း၌ ထွက်လိုက်သည်နှင့် မြင့်မားသော ချောက်ကပ်ပါးတစ်ခုအတွင်းသို့ ကျရောက်သွားမည်မှာသေချာလှသည်။ ထို့ကြောင့် အခန်းအတွင်းမှ မထွက်သေး ဇောချွေးများစွာ စီးကျလျက်
' ကေ … သ … ဇင် … စိုး '
ဆွဲငင်စွာနှင့် ကေသဇင်စိုး၏ နာမည်အား မျက်စိမှိတ်ကာ ကျယ်လောင်စွာအော်လိုက်လေသည်။ မှိတ်ထားသည့် မျက်စိအား ဖြေးညင်းစွာဖွင့်လိုက်ပြီး ထမ်မံမြင်တွေ့လိုက်ရသည်က
' လွတ်ပါ … လူယုတ်မာတွေ လွတ် … လွတ် '
' ဟာ … ဟေ့ … ဟေ့ ဘာလုပ်ကြတာလဲ လွတ် လွတ်လိုက်လေ'
မိန်းကလေးတစ်ယောက်အား အားမာန်ကိုးကာ အဓ္မပြုကျင့်နေသည့် မြင်ကွင်အား တန်ခိုး၏အရှေ့၌ မြင်တွေ့နေခဲ့ရသည်။ ထိုသူများအား တန်ခိုးတစ်ယောက် တိုက်ခိုက်လျက် ငိုကြွေးနေသည့် မိန်းကလေး၏ ပခုံးအား အနောက်မှ ဖြေးညင်းစွာကိုင်လိုက်ပြီး
' မိန်းကလေး … ဘယ်လိုဖြစ်ရတာလဲ '
ဆံပင်များ ရှုတ်ထွေးနေခဲ့ပြီး ရှိုက်ငင်စွာငိုကြွေးနေခဲ့သော မိန်းကလေးအား နောက်ကျောမှ နေ၍ တန်ခိုးတစ်ယောက် ကြောင်တောင်တောင်မေးလိုက်သည်။ တန်ခိုး၏အမေးကြောင့် ရှိုက်ငင်စွာငိုကြွေးနေသော မိန်းကလေး တန်ခိုး၏ဘက်သို့ ဖြေးညင်းစွာ လှည့်လာလေခဲ့သည်။
' ဟင် … မင် … မင်း … '
မိန်းကလေး၏မျက်နှာအား မြင်တွေ့လိုက်ရသည်နှင့် တန်ခိုးတစ်ယောက်မှာ အနောက်သို့ ဖြေးညင်းစွာတွန့်ဆုတ်သွားရင်း ပြူးကြောင်ကြောင် မျက်လုံးများနှင့် အခန်းအပြင်သို့ ပြေးထွက်ခါလှေကားအတိုင်း အောက်သို့ ပြေးဆင်းလေတော့သည်။ တန်ခိုးမြင်တွေ့လိုက်ရသည့် မိန်းကလေး၏မျက်နှာမှာ ပြောင်ချောနေသည့် အသားပြင်ကြီးသာဖြစ်ချေသည်။
ဒေါသကြီးစွာ ခြံအမှတ် ၆၆ဆီသို့ အပြေးသွားရောက်သော တန်ခိုး၏အနောက်သို့ သူငယ်ချငိးဖြစ်သူများ စိုးရိမ်ကြီးစွာလိုက်ပါလာရင်း ခြံအမှတ် ၆၆အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ခြံအရှေ့တွင် ရပ်တန့်ထားသော တန်ခိုး၏ ဆိုင်ကယ်အားမြင်တွေ့လိုက်ရပြီး ပွင့်လစ်နေသည့် ခြံစည်းရိုးတံခါးအတိုင်း အထဲသို့ ဝင်ရောက်လာခဲ့လေတော့သည်။ သို့ပေမယ့် အိမ်မကြီးတံခါးအား ဖွင့်၍မရ အတွင်းမှ ဂျက်ချထားခဲ့ပြီး အပြင်မှ တန်ခိုးအား စိုးရိမ်ကြီးစွာနှင့် သူ၏သူငယ်ချင်းဖြစ်သူများ အော်ခေါ်နေလေသည်။ သို့ပေမယ့် တန်ခိုး၏ ပြန်လည်အသံပေးသံအား မကြားရ တံခါးအား ပြင်းထန်စွာတွန်းဖွင့်နေခဲ့တော့သည်။
' တန်ခိုး … မင်းအထဲမှာရှိလား တန်ခိုး တံခါးဖွင့်ပါဦး'
အပြင်မှ သူငယ်ချင်းဖြစ်သူများ ကျယ်လောင်စွာအော်ခေါ်နေသောလဲ တန်ခိုး၏အသံအား ပြန်လည်၍ မကြားရချေ။ သို့နှင့် သုံးဦးသား ခန္ဓာကိုယ်ဖြင့်တံခါးအား စောင့်တွန်းဖွင့်နေသောလဲ ပွင့်လစ်သွားခြင်းမရှိ့ပဲ တံခါးမှာခိုင်မာလွန်းလှသည်။ ထို့နောက် သုံးဦးသား တိုင်ပင်လိုက်ပြီး ပြိင်တူတွန်းဖွင့်မည်ဟု လုပ်စဉ်တွင် တံခါးကြီးမှာ ရုတ်တရက်ပွင့်လာခဲ့လေသည်။
' ဟင် … တန် … တန်ခိုး ဘာလုပ်နေတာလဲ '
' မလာနဲ့ … မလာကြနဲ့ '
မျက်နှာပြင်တစ်ခုလုံး၌ ပွန်းပဲ့ဒဏ်ရာများနှင့် အိမ်ကြီး၏ကြမ်းပြင်ပေါ်တွင် ရေပြင်ကဲ့သို့ လက်ပစ်ကူးခတ်နေသော တန်ခိုးအားတွေ့ရှိလိုက်ရလေသည်။ မြေပြင်အား ရေပြင်ထင်ခါ ကူးခတ်နေသော သူငယ်ချင်းဖြစ်သူ တန်ခိုး၏ အနားသို့အပြေးသွားရောက်ခါ သူငယ်ချင်းများ ပွေ့ထူလိုက်ပြီး
' တန်ခိုး !… '
ခေါ်သံကိုပင် ပြန်လည်၍ မထူနိုင်တော့ပဲ တန်ခိုးတစ်ယောက် မျက်ဖြူလန်ကာ မေ့မျောသတိလစ်သွားလေတော့သည်။ သူငယ်ချင်းဖြစ်သူ တန်ခိုးအား အိမ်ကြီးအတွင်းမှ လျင်မြန်စွာထုတ်စေပြီး ခြံအတွင်း၌ သတိလည်လာစေရန် နိုးနေခဲ့သော်လည်း တန်ခိုးတစ်ယောက်မှာ ပြန်လည်၍ သတိမလည်လာခဲ့ချေ။ သို့နှင့် ဒဏ်ရာများနှင့် တန်ခိုးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး ပြန်လည်သတိရလာမည့် အချိန်သာ သူငယ်ချင်းဖြစ်သူများ စိုးရိမ်ကြီးစွာ မျှော်လင့်စောင့်စားနေခဲ့ရသည်။
' တန်ခိုး ဘယ်လိုဖြစ်သွားရတာလဲ … တန်ခိုး တန်ခိုး '
' ငါတို့အတန်တန်တားတယ် … '
' စိတ်အေးအေးထားကြပါဟာ … ဆရာဝန်ကြီးကပြောတယ် နှလုံးသွေးလည်ပတ်မှု့နည်းသွားတာတဲ့ … သတိပြန်လည်လာရင်တောင် တစ်ခုခုကိုကြောက်လန့်နေလိမ့်မယ်လို့ပြောလိုက်တယ်'
' သွားပါပြီဟာ … ထီးကလေးမရှိတော့လို့ တန်ခိုးတစ်ယောက်ရှိနေသေးရင် ငါတို့အားရှိသေးတာပေါ့ အခုတော့ဟာ … '
' ကိုမောင်ဝင်းကိုလဲ ရဲချုပ်ကြီးအပြင်းအထန် သတိတွေပေးနေပြီ ငါတို့ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး … '
' ငါတို့သုံးယောက် ကိုမောင်ဝင်းကို ဘယ်လိုကယ်တင်ရမလဲ … '
လမ်းကလေး မျှားကလေး ငါးကလေး ကျန်ရှိနေသော သူငဟ်ချင်းသုံးယောက်မှာ မေ့မျောနေသော တန်ခိုး၏ ကုတင်းဘေး၌ စိတ်ပျက်စွာ ခေါင်းငိုက်စိုက်နေပြီး ။ မည်သို့ပင် ရှေ့ဆက်ရမည်ကို မသိတော့ချေ။
ညနက်ချိန်ခါပင် ဖြစ်ချေသည်။ မိမိ၏အတွက်နှင့် စိတ်ထားကောင်းသော ထီးကလေးတစ်ယောက် သေဆုံးသွားခဲ့ခြင်းနှင့် ပတ်သတ်ပြီး မိနွယ်တစ်ယောက်မှာ နေ့ရောညပါ စိတ်ထိခိုက်နေခဲ့ရသည်။ မိမိ၏ အခန်းအတွင်းမှာသာ လဲလျောင်းနေခဲ့ချိန်၌ အခန်းအတွင်းသို့ အရက်မူးကာ သီဟတစ်ယောက်ဝင်ရောက်လာခဲ့လေသည်။
' ဟင် … သီ … သီဟ နင်ဘာလာလုပ်တာလဲ ''
' နင့်ကို ငါချစ်တယ် … နင့်ကိုငါယူမယ် '
' သီဟ နင်ထွက်သွားနော် … ''
' မိနွယ် ငါ့လူတွေကို သတ်ပေးနေတာ နင့်ကိုသိပ်ချစ်လို့ မမကြီးခိုင်းတာတွေ ငါလုပ်ပေးနေရတာ … နင့်ကိုငါလက်ထပ်ယူမှာပါဟာ '
' သီဟ … ငါတောင်းပန်ပါတယ်ဟာ …နင်ထွက်သွားပါ ငါအိမ်ထောင်မပြုချင်တော့ဘူး … မမကြီးခိုင်းတဲ့ ကိစ္စတွေအားလုံးပြီးသွားရင် ငါ့မြို့ကို ပြန်ပြီး သမီးလေးနဲ့ပဲ အေးအေးဆေးဆေးနေတော့မယ် '
' နင်ရူးနေလား … ဒီလောက်ပြစ်မှု့ကြီးတွေ ကျူးလွန်းထားကြတဲ့ သူတွေက သူတို့ခိုင်းတဲ့ အလုပ်တွေအားလုံးပြီးသွားရင် နင့်ကို အသက်ရှင်ခွင့်ပေးပါ့မလား … အားလုံးကို သူတို့နှုတ်ပိတ်ကြမှာ … နင့်မှာအသက်ရှင်ဖို့ နည်းလမ်းတစ်ခုတည်းပဲ ရှိတယ် … နင်နဲ့ငါလက်ထပ်လိုက်ရင် မမကြီးတို့နင့်ကို ရန်ရှာရဲမှာမဟုတ်တော့ဘူး နင့်ကို ငါကာကွယ်ပေးမှာပါ'
' ဟင့်အင်း … ငါ … ငါအသက်ရှင်ချင်တယ် ငါ့သမီးလေးနဲ့ ပျော်ပျော်ပါးပါးနေသွားချင်သေးတယ် … ဒါပေမယ့် ငါအိမ်ထောင်ထပ်မပြုချင်တော့ဘူး နင့်ကိုလဲ ဘယ်လိုမှခံစားလို့မရဘူး … သီဟ … ကျေးဇူးပြုပြီး နင်ထွက်သွားပေးပါ '
' အေးရတယ် … ငါကတော့ နင့်ကို မရ ရအောင် ယူမယ်'
အရက်များလွန်ကျွန်စွာမူးနေခဲ့ပြီး သိပ်ချစ်ရသည့် မိနွယ်ဆီမှ သီဟတစ်ယောက် လက်ထပ်ခွင့်တောင်းဆိုနေခဲ့သော်လည်း မိနွယ်မှာ မည်သို့မှပင် လက်မခံချေ။ သို့နှင့် မိနွယ်အား မရရအောင် ယူမည်ဟုဆိုကာ သီဟတစ်ယောက် ယောကျာ်းအားမာန်ကိုးလေတော့သည်။ ထို့နောက် ပိတ်ထားသည့် တံခါးအား တစ်ဦးတစ်ယောက်မှ ပြင်းထန်စွာ တွန်းဖွင့်လိုက်ပြီး
' ရပ်လိုက်စမ်း ! … '
' ဟင် … ထီးကလေး ! … ရှင် … ရှင်မသေဘူးနော်'
' သြော် … မင်းကတော်တော် အသက်ပြင်းပါလား ဒီတစ်ခါတော့ ပြင်းတဲ့အသက်ကို ထပ်သတ်ပေးရတာပေါ့'
မိနွယ်၏ိံ အခန်းအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာသူဟာ မျက်စိနှစ်ဖတ် အလင်းကွယ်နေသည့် ထီးကလေးပင်ဖြစ်ချေသည်။ အမြင်အာရုံဟာ မကောင်းစေပဲ ကြားနေရသည့် နားနှစ်ဖက်ဖြင့်သာ မိနွယ်အား ယုတ်မာရန်ကြိုးစားနေသော သီဟအား ပြန်လည်တုန့်ပြန်မည်ဟု ရည်ရွယ်ထားခဲ့လေသည်။
ထို့နောက် ခါးတွင်အသင့်ပါလာသော ဓားအား ထုတ်ယူလိုက်ပြီး မျက်မမြင်ထီးကလေးအား သီဟတစ်ယောက် အသေသတ်ရန် ဟန်ပြင်လိုက်ပြီး စတင်တိုက်ခိုက်ချေတော့သည်။ အမြင်အာရုံမကောင်းတော့သည့် ထီးကလေးဟာ သီဟအား ပြန်လည်၍ ကောင်းစွာ မတုန့်ပြန်နိုင်ပဲ သီဟ၏ တိုက်ခိုက်မှု့အောက်တွင် အရှုံးပေးလိုက်ရလေသည်။ ကြမ်းပြင်ပေါ်သို့ လဲကျသွားသော ထီးကလေးအား ဓားဖြင့် ထိုးမည်ဟု ရွယ်လိုက်စဉ်မှာပင်
' သီဟ … မ … မလုပ်ပါနဲ့ '
' သြော် … ငါသိပ်ချစ်တဲ့ နင်က သူ့ဘက်ကနေ ကာကွယ်ပေးနေတယ်ပေါ့ဟုတ်လား … သတ်မှာ သတ်ပစ်မှာကြည့်နေ '
' သီဟ … မလုပ်နဲ့ … ငါနင့်ကိုလက်ထပ်မယ် '
' ဟင် … နင် … နင်တကယ်ပြောတာနော် '
' အင်း … '
' ကောင်းပြီ နင့်ကတိတည်ပါစေနော် … ဒီကောင့်ကိုမသတ်တော့ဘူး ဒါပေမယ့် အလုပ်တွေမပြီးသေးခင် အချိန်ထိတော့ ငါချုပ်ထားရဦးမှာပဲ'
လဲကျသွားသည့် ထီးကလေးအား သီဟတစ်ယောက် ကိုင်ဆောင်ထားသည့် ဓားဖြင့် ထိုးသတ်မည်အလုပ် မိမိ၏ ချစ်လှစွာသော မိနွယ်၏နှုတ်မှ လက်ထပ်မည်ဟု ပြောစကားအား ကြားလိုက်ရသည်နှင့် ထီးကလေးအား မသတ်တော့ပဲ လုံခြုံစွာပြုလုပ်ထားသည့် မြေအောက်ခန်းအတွင်း၌သာ မျက်စီမမြင်တော့သည့် ထီးကလေးအား သီဟတစ်ယောက် ချူပ်နှောင်ထားစေတော့သည်။
' မင်းဒီမှာ ခဏနေဦး … ငါတို့အလုပ်တွေအားလုံးပြီးသွားတာနဲ့ မင်းကိုလွတ်ပေးမယ် … ကဲ … နင်ကြောင့် သူ့ကိုမသတ်တော့ဘူးနော် ငါ့ကတိငါတည်တယ် … နင်လဲကတိတည်ပါစေ မိနွယ် … လာသွားမယ် '
' ဟင့်အင်း … နင်သွားနှင့် ငါထီးကလေးနဲ့ စကားနည်းနည်းပြောချင်တယ် … '
' ဘာပြောမှာလဲ မြန်မြန်ပြော '
' နင်အပြင်ထွက်ပေးပါ … နင်ရှိနေရင် မပြောတော့ဘူး '
' ကောင်ပြီ ငါအပြင်မှာ စောင့်နေမယ် မြန်မြန်ပြော '
' ထီးကလေး ရှင်မသေဘူးနော် '
' ဟုတ်တယ် မင်းရော နေကောင်းရဲ့လား '
' ကျွန်မနေကောင်းပါတယ် … ရှင်ဘာလို့ ကျွန်မဆီပြန်လာရတာလဲ ဒီိကိုပြန်လာရင် ရှင်သေလိမ့်မယ်ဆိုတာ မသိဘူးလား '
' သိပ်သိတာပေါ့ … ငါ့မျက်စိတွေ ကွယ်သွားပြီ … ပြီးတော့ ငါ့မိတ်ဆွေရဲအုပ်ကြီးကိုလည်း အမှု့မှန်ပေါ်အောင် စုံစမ်းခဲ့မယ်လို့ ငါကတိပေးထားခဲ့တယ် … ဒါပေမယ့် အခုချိန်ထိ တရားခံကိုငါမဖမ်းပေးနိုင်ခဲ့ဘူး ဒါကြောင့် အသေခံပြီး မင်းတို့ဆိုင်မှာ ကြားရသေးတဲ့ ငါ့ရဲ့နားနှစ်ဖတ်နဲ့ တရားခံကိုထပ်စုံစမ်းဖို့ ငါထပ်ရောက်လာခဲ့တာ … သီဟရဲ့ ဓားချက်က ငါ့ကိုမသေစေနိုင်ခဲ့ဘူး … ချောင်းထဲမျောသွားရင်း ငါးဖမ်းသမားတစ်ယောက်က ငါ့ကိုကယ်ထားခဲ့တာပဲ … '
' တော်သေးတာပေါ့ … ရှင်က စိတ်ထားကောင်းတဲ့ သူပါ … ကျွန်မအသက်ကို ရှင်ကယ်ခဲ့ဘူးသလို အခု ရှင့်ကိုလဲ ကျွန်မပြန်ကယ်ပေးလိုက်ရလို့ ကျေနပ်သွားပြီ … ကျွန်မ သီဟကို လက်ထပ်လိုက်တော့မယ် … '
' မိနွယ် … '
ကျွန်မကို မတားပါနဲ့ထီးကလေး … ကိစ္စတွေအားလုံးပြီးသွားတာနဲ့ ရှင့်ကိုပြန်လွတ်ပေးမှာပါ… ကျွန်မသွားတော့မယ် … '
' မိနွယ် … မိနွယ် … '
မှောင်မိုက်နေသည့် ညနက်အောက်၌ သီဟ၏ ဓားချက်ဟာ ထီးကလေးအား သေလောက်ပြီဟု ထင်ထားခဲ့သော်လည်း အပေါ်ယံမျှ လျှပ်ထိလျက် ဒဏ်ရာမချက်သေး အလင်းကွယ်နေသည့် မျက်လုံးများဖြင့် မိနွယ်ဆီသို့ ထီးကလေးတစ်ယောက် ထပ်မံရောက်ရှိလာနိုင်ခဲ့သည်။
' ဘာ !… နင်တို့နှစ်ယောက် လက်ထပ်ကြတော့မယ်ဟုတ်လား … '
' ဟုတ်ပါတယ် မမကြီး … '
' သီဟ နင်ရူးနေလား … '
' မမကြီး … ကျုပ်အစတည်းက မိနွယ်ကိုချစ်လို့ မမကြီးခိုင်းတဲ့ အလုပ်တွေ လုပ်ပေးခဲ့တာပါ … အခု မမကြီးခိုင်းတဲ့ ကိစ္စတွေအားလုံး ပြီးတော့မယ် ဒါကြောင့် မိနွယ်နဲ့ကျုပ် တိုင်ပင်ပြီး လက်ထပ်ကြဖို့ မမကြီးကို အသိပေးတာပါ'
' မိနွယ်ကရော … '
' ဟုတ် … ဟုတ်ကဲ့ မမကြီး … '
' ကောင်းပြီလေ … နှစ်ယောက်စလုံးက သဘောတူကြတယ်ဆိုတော့ မမကြီး မင်းတို့ကိုမတားတော့ပါဘူး '
' ကျေးဇူးတင်ပါတယ်မမကြီး … '
မေ့မျောနေခဲ့သည့် တန်ခိုးတစ်ယောက်မှာ ပြန်လည်သတိလည်လာခဲ့သော်လည်း သွေးပျက်စရာဖြစ်ရပ်များကြောင့် စိတ်ခြောက်ခြားနေခဲ့ပြီး ပုံမှန်စိတ်အခြေနေသို့ ပြန်လည်၍ ရောက်ရှိလာစေရန် စိတ်ကျန်းမာရေး ဆေးရုံ၌ ဆေးကုသမှု့များ ခံယူနေခဲ့ရသည်။
' ကဲ … မိတ်ဆွေတို့မနက်ဖြန်ဆို … အထက်ကပေးထားတဲ့ အချိန်သုံးရက်ပြည့်ပြီ … တရားခံကိုလဲ အခုထိမဖော်ပေးနိုင်တော့ ကျုပ်ရာထူးကနေ အနားယူရတော့မယ် '
' ကိုမောင်ဝင်း … ကျုပ်တို့သုံးယောက် ကိုမောင်ဝင်းအတွက် တစ်ခုခုလုပ်ပေးချင်တယ် … ဘယ်လိုလုပ်ပေးရပါ့မလဲ '
' ရပါတယ်ဗျာ … ကျုပ်တို့အတွက် အပင်ပန်းမခံပါနဲ့တော့ အသက်ပေးသွားတဲ့ ထီးကလေးအတွက် ကျုပ်ဘာမှမလုပ်ပေးလိုက်နိုင်တာကိုပဲ ဝမ်းနည်းနေမိတယ်… ကိုတန်ခိုးတစ်ယောက်ကိုလဲ ကျူပ်မကာကွယ်ပေးလိုက်နိုင်ဘူးဗျာ '
' ကိုမောင်ဝင်း … ကျွန်တော်တစ်ခု အကြံရတယ် ကိုမောင်ဝင်းရဲ့ရာဇဝင်ကို အထက်ကလူတွေ သိနေတာပဲ အချိန်နည်းနည်းလောက် ထပ်တောင်းပြီး ကျုပ်တို့အားလုံး အစွမ်းကုန်ကြိုးစားကြည့်ကြမယ်လေ '
' ဟုတ်တယ် ကိုမောင်ဝင်း … ကိုမောင်ဝင်းအလုပ်ပြုတ်သွားရင် ရဲရန်နိုင်တို့သားဖကိုလဲ ကျုပ်တို့အားလုံး လက်ပိုက်ကြည့်နေရတော့မှာ … ပြီးတော့ ကေသဇင်စိုး … သူ့လဲဒီလိုဘဝကနေ တစ်သက်လုံးကျွတ်မှာ မဟုတ်တော့ဘူး … အိမ်ကြီးဆီမှာရှိနေတဲ့ ပရလောကသားတွေ ပြီးတော့ ကျုပ်တို့သူငယ်ချင်းထီးကလေးအတွက် ဘယ်သူက လက်စားချေပေးတော့မှာလဲ '
' အချိန်တွေလွန်သွားပြီမိတ်ဆွေတို့ မနေ့က ကျုပ်အချိန်ထပ်တောင်းကြည့်သေးတယ် … ကျုပ်ကိုအမြင်မကြည်တဲ့ လုပ်ဖော်ကိုင်ဖတ်တွေက သဘောမတူကြဘူး … ဒါကြောင့် ကျုပ်ကို အထက်က အခွင့်ရေးမပေးတော့ဘူး … '
' ဟူး … တော်တော်ယုတ်မာတဲ့ လူတွေဗျာ … သတ္တိကောင်းတဲ့ တန်ခိုးကိုတောင် သွေးပျက်လောက်အောင် ခြောက်လန့်နိုင်ခဲ့တယ် … ထီးကလေးကို သတ်ပစ်တယ် … ကိုမောင်ဝင်းကို ထောင်ထဲပို့တယ် … ကျုပ်တို့… ကျန်နေသေးတဲ့ ကျုပ်တို့သုံးယောက်ကိုရော … သူတို့ဘာလုပ်ကြမှာလဲ '
' မျှားကလေး … လမ်းကလေး … ငါးကလေး … ကိုမောင်ဝင်း … '
လွယ်အိတ်အနီရောင်လေးအား ပုခုံးတွင်လွယ်ထားပြီး ဝါးခယ်မောက်လေးအား ငိုက်စိုက်စောင်းထားသည်။ ယောပုဆိုးလေးအား ခပ်တိုတိုဝတ်ထားပြီး သန့်ရှင်းလှသည့် အဖြူထည်အကျီလေးနှင့် ထိုသူ၏ ခေါ်သံကြောင့် နယ်မြေပိုင် စခန်းအတွင်းမှ မိတ်ဆွေများနှင့်အတူ လမ်းစပျောက်ခါ စိတ်ပျက်နေသော ကိုမောင်ဝင်းနှင့် သူ၏ မိတ်ဆွေများ ရုတ်တရက် လှည့်ကြည့်မိလိုက်သည်။
' ဟင် … အစ်ကိုအောင် '
ဝဲလျက်မျက်ရည်များနှင့် ကိုမောင်ဝင်းနှင့်အတူ လမ်းကလေး မျှားကလေး ငါးကလေးအား ပြုံးရယ်ပြလိုက်သူဟာ အောင်ကို ပင်ဖြစ်ချေသည်။
' အစ်ကိုအောင် … ကျွန်တော်တို့ ဒီမှာရှိနေတာ ဘယ်လိုလုပ်သိလဲ '
' အားလုံးရဲ့အကြောင်းကို ထီးကလေးရဲ့မိဘတွေဆီက ကျုပ်သိခဲ့ရပြီူပြီး … ဖြစ်မှဖြစ်ရလေဗျာ … ကိုမောင်ဝင်း ခြံအမှတ် ၆၆နဲ့ပတ်သတ်ပြီး ဖြစ်ရပ်အားလုံးကို ကျူပ်သေချာသိချင်တယ် … '
' ကိုအောင်ကို … ခင်ဗျားကို ပြန်တွေ့ရတာ ကျုပ်ဖြင့်သိပ်ကိုအားရှိမိတယ် … ဖြစ်ရပ်အားလုံးကတော့…'
နယ်တကာလှည့်နေသည့် အထက်လမ်းဆရာ အောင်ကိုဟာ ထီးလေး၏နေအိမ်မှ လမ်းညွှန်ပေးလိုက်သည်ကြောင့် မိတ်ဆွေများရှိနေသည့် အပိုင်ရဲစခန်းဆီသို့ စိုက်မြိုက်စွာရောက်ရှိလာကာ ဖြစ်ရပ်များအား မေးမြန်နေတော့သည်။
' မမကြီး … ဒီလမ်းက လူပျက်တယ် ကျုပ်တို့ဘယ်ကိုသွားကြမှာလဲ '
' အစ်ကိုကြီးအိမ်ကိုပေါ့ … သူခိုင်းတဲ့ အလုပ်တွေအောင်မြင်လို့ နင်နဲ့နင့်ဇနီးလောင်းမိနွယ်ကို ဂုဏ်ပြုချင်လို့သူ့အိမ်ကို ဒီလမ်းကနေ လာခဲ့လို့ ငါ့ကိုမှာလိုက်တာ … '
' တစ်ခြားလမ်းက သွားလို့မရဘူးလား … '
' နင်ကလဲ … စကားများနေတယ် သူဌေးက ငါတို့အံ့သြစေမယ့် အရာတစ်ခုခု လုပ်ပေးမလို့ထင်တာပဲ'
' ဟေ့ … ရပ်ကြစမ်း '
' အောင်မာ … မင်းတို့က ဘာတွေလဲ '
' မင်းကို အသေသတ်မလို့ '
မနက်ခင်းအချိန်၌ ခင်မာလာဦးဆောင်ပြီး မိနွယ်နှင့်သီဟအား ဦးဇော်မျိုး၏ နေအိမ်သို့ လာရာလမ်းတွင် မျက်နှာဖုံးလူတစ်စုမှ လက်နတ်များဖြင့် တားစီးလိုက်လေသည်။ မိန်းမမသားဖြစ်သည့် မိနွယ်နှင့် ခင်မာလာအား ရန်မပြုပဲ သီဟကိုသာ ထိုလူတစ်စု လက်နတ်များဖြင့် စတင်တိုက်ခိုက်ချေတော့သည်။ ထိုလူတစ်စု၏ အပြင်းထန်တိုက်ခိုက်မှု့ကြောင့် သီဟမှာ ဓားဒဏ်များစွာနှင့် သေလုနီးပါး ဖြစ်သွားခဲ့ရသည်။ သွေးများစွာဖြင့် အသက်မျော့မျော့ကျန်နေသေးသည့် သီဟအား ဓားဖြင့်ထိုးမည်အလုပ်
' နေဦး … ' ကွယ်ယာမှ ထွက်လာသူဟာ ဦးဇော်မျိုးပင်ဖြစ်ချေသည်။ ထို့နောက် သွေးများစွာဖြင့် သီဟမှာ ထိုသူများအား တတ်နိုင်သမျှ တိုက်ခိုက်ချေပြီး သေလုနီးပါးဒဏ်ရာများနှင့် အလွတ်ပြေးလေတော့သည်။
' ပြေးပြီးဆရာကြီး … ပြေးပြီ '
' ထားလိုက် မလိုက်နဲ့တော့ … ဒီကောင်ဝေးဝေးမပြေးနိုင်တော့ဘူး … သူဟာသူသေသွားလိမ့်မယ် '
' ဟင် … အစ်ကိုကြီး … ဘယ် … ဘယ်လိုလုပ်လိုက်တာလဲ'
' ဟားဟား … မြင်တဲ့အတိုင်းပဲလေ … အခုကိစ္စတွေအားလုံးပြီးသွားပြီ ဒီကောင့်ကို မလိုတော့ဘူး ဒါကြောင့် အပျက်ရှင်းခိုင်းလိုက်တာ '
' ဟင် … ဒါ … ဒါဆို ကျွန်မတို့ကရော … '
' ဟားဟား … နင်တို့ကို ဘာမှမလုပ်ပါဘူး … နောက်ဆုံးတစ်ကြိမ် မောင်ဝင်းကို ထောင်ထဲပို့ဖို့ နင်တို့ထွက်ဆိုချက်လိုတယ် … ထွက်ဆိုပြီးတာနဲ့ … နင်တို့နှစ်ယောက်ကို လွတ်မြောက်ခွင့်ပေးမှာပါ … ဒီကောင်က လူသတ်သမားလေ ကိစ္စတွေအားလုံးပြီးသွားပြီဆိုတော့ သူမလိုတော့ဘူး … ဒါကြောင့်ရှင်းပစ်လိုက်တာ … မိနွယ် နင်မြင်တယ်နော် … အာခံမယ်ဆိုရင် တွေ့တယ်မဟုတ်လား '
' ဟုတ် … ဟုတ်ကဲ့အစ်ကိုကြီး '
ရက်စက်စွာဦးဇော်မျိုး၏ လုပ်ရက်ကြောင့် သီဟတစ်ယောက်မှာ အလွတ်ပြေးလာရင်း မိမိချုပ်နှောင်ထားသည့် ထီးကလေးဆီသို့ အသက်မျော့မျော့ဖြင့် ရောက်ရှိလာခဲ့သည်။
' ဘယ်သူလဲ … သီဟ … သီဟလား '
အလင်းကွယ်နေသော မျက်လုံးများနှင့် ထီးကလေးရှိနေသော မြေအောက်ခန်းအတွင်းသို့ အသက်မျော့မျော့ဖြင့် ရောက်ရှိလာခဲ့သော သီဟတစ်ယောက်မှာ စကားအား ပြန်လည်၍ အဖြေမပေးနိုင်တော့ချေ။
' သီဟ … မင်း … မင်းဘာဖြစ်လာတာလဲ '
' ငါလုပ်ကြံခံလိုက်ရပြီ … ငါ့ကိုဦးဇော်မျိုးတို့ ဝိုင်းသတ်ကြတာပဲ ငါမှားသွားပြီ ထီးကလေး ငါမှားသွားပြီ'
' သီဟ … အားတင်ထားဦး … ငါ့ကိုကြိုးဖြေပေး မင်းကိုဆေးရုံခေါ်သွားပေးမယ် '
'မရတော့ဘူး သွေးထွက်အရမ်းလွန်နေပြီ … အား … ထီးလေး ငါ … ငါမှားသွားခဲ့တယ် မိနွယ်ကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ သူမျာခိုင်းတာတွေ ငါလိုက်လုပ်မိခဲ့တယ် ငါမှားသွားပြီ … ငါမနေရတော့ဘူး မင်းကိုလွတ်ပေးမယ် … ( )ရပ်ကွက်ထဲမှာ ငါကယ်တင်ထားတဲ့ မိန်ူကလေးတစ်ယောက်ရှိတယ် သူဆီကို မင်းသွားလိုက် မင်းမျက်လုံးတွေကို သူကုပေးလိမ့်မယ် … ငါအရမ်းမှားသွားခဲ့ပြီ ငါ … ငါ့ကိုခွင့်လွတ်ပါ '
' သီဟ … သီဟ … '
မိမိချူပ်နှောင်ထားခဲ့သည့် ထီးကလေးဆီသို့ သီဟတစ်ယောက် အရောက်လှမ်းလာနိုင်ခဲ့ပြီး မိမိ၏အပြစ်များအား တောင်းပန်ပြောဆိုကာ ချုပ်နှောင်ထားသည့် ကြိုးများအား ဖြည်ပေးစေခဲ့ပြီး သီဟတစ်ယောက်ဒဏ်ရာများစွာနှင့် သွေးထွက်လွန်ကာ သွေးဆုံးသွားခဲ့ချေတော့သည်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည် ။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည် )
Post Top Ad
Responsive Ads Here
အပိုင်း(၁၅) တစ္ဆေကိုက်တဲ့ အိမ်ကြီး
Share This
Tags
# ၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Share This
About Unknown
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Labels:
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.








