အပိုင်း (၁၀) နှစ်၁၀၀အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း (၁၀) နှစ်၁၀၀အိမ်ကြီး

Share This
အပိုင်း (၁၀)

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
     
စာရေးသူ -ထီးကလေး၊ လမ်းကလေး၊
                 မျှားကလေး၊ငါးကလေး၊
                  တန်ခိုး။




``ဟူတ်တယ် ငါ့တူတို့ ဦးထင်ခရဲ့ ဝိဥာဉ်တွေ မနိုးထခင်မှာ ငါ့တူတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြပါတော့ …´´
ဒီလို
ပြောပြီး အားလုံးရဲ့အရှေ့မှ ဦးတင်အောင် ပျောက်ကွယ်သွားပါတော့သည်။

***************************
  အားလုံးလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာဆက်လုပ်ရမှန်းမသိတော့ချေ။
``ထီးလေး …ဘာလုပ်ကြမလဲ …´´
``အခုချက်ချင်း အမြန်ဆုံးပြန်ဖို့ စီစဉ်ကြတော့ …´´
``တန်ခိုး …ကားသော့ မင်းဆီမှာမဟူတ်လား…´´
``ကားသော့က ငါ့ဆီမှာပဲ …ဒါပေမယ့်…´´
``ဒါပေမယ့်…ဘာဖြစ်လဲ ဆက်ပြောလေကွာ အရမ်းအရေးကြီးဆုံး အချိန်ရောက်နေပြီ…´´
``ဒါပေမယ့် ကားမှာက ဆီနည်းနေတယ်´´
``ဘာ…´´
``ဟာ…မင်းကွာ အစတည်းကမပြောဘူး…အခုဘယ်လိုလုပ်ကြမလဲ…´´
``ငါ့ပဲ လာပြောမနေနဲ့လေ ဒီလိုဖြစ်မယ်ဆိုတာ ငါမှကြိုမသိတာ …´´
``ကဲကဲ…ဒီအချိန်မှာ အားလုံး စည်းလုံးမှု့က အရေးကြီးဆုံးပဲ မင်းတို့ တစ်ယောက်တစ်ပေါက် ပြောမနေနဲ့တော့ …´´
``ကဲ…မျှားလေး နင်အိမ်ကို ဖုန်းဆက် …´´
``ငါဖုန်းက တိုင်တွေ ပျောက်နေတယ်…လုပ်ကြပါဦး…´´
``ငါတို့…ဖုန်းတွေ ရောပဲ…´´
``နေဦး…နေဦး ငါ့ဖုန်းမှာတော့ တိုင်ပေါ်တယ် ငါဆက်မယ်…´´
ငါးကလေးက ခြေတုန်လက်တုန်ဖြင့် ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ကာ
``ဟယ်လို…အမေ …အမေလား …သား…သားတို့ ဒီမှာ အခတ်ခဲ တွေ့နေတယ် အမေ အမြန်ဆုံး သား…သားပြောတဲ့နေရာကို အမြန်ဆုံး လိုက်…လိုက်ခဲ့ပေးပါ…´´
တုန်တုန်ရင်ရင်ဖြင့် ငါးလေး ပြောနေလျက် တစ်ဖက်က ပြန်ပြောသံကတော့
``ဟယ်လို…ဖုန်းမှားနေပါတယ်ခင်ဗျာ´´
``ဟင် …ဘယ်ကလဲ…´´
``ဟုတ်ကဲ့…နာရေးကူညီမှု့အသင်း ကပါ´´
``ဗျာ…´´
တစ်ဖက်ဖုန်းရဲ့ အဖြေကြောင့် ငါးကလေး ကြောင်တောင်တောင် ဖြစ်သွာခဲ့တယ်။
``ဟေ့ယောင်…ငါးလေး ဆက်လို့ရလား…မြန်မြန်ပြောစမ်းပါကွ …ဆက်လို့ရလား မင်းအိမ်က လိုက်လာမယ်တဲ့လား…´´
ခြေပစ်လိုက်ပစ် လက်ထဲက ဖုန်းကြမ်းပြင်အပေါ် လွတ်ကျသွားပြီး
``မ…မဟုတ်ဘူး…ဖုန်းမှားသွားတယ် နာရေးကူညီမှု့အသင်းဆီ ရောက်နေတယ်တဲ့…´´
``ဘာ…မင်းနံပါတ် မှားနှိပ်လိုက်တာလား …´´
``ငါ…ငါ …မှားမနှိပ်ဘူး…´´
``ဒါဆို ဘဟ်လိုဖြစ်တာလဲ´´
``ဟင်…ဖုန်းတွေ ဆက်ကြပါဦး ´´
``လုပ်ကြပါဦးဟ ´´

အားလုံး ရောက်ရက်ခတ်ခါ စိုးရိမ်မှု့ပေါင်းစုံက ကြီးဆိုးလျက်
``ဟာ …ရပြီ …ရပြီ…ငါဖုန်းလိုင်းပေါ်လာပြီ…´´
``ဆက်လေကွာ  အိမ်ကို မြန် မြန် အကူညီတောင်း လုပ်လုပ်…´´
``ဟယ်လို…အဖေ သားတို့ ဒုက္ခတွေ့နေပြီ သားတို့ဆီ အမြန်လိုက်လာခဲ့ပါ…သူတို့ ဒုက္ခတွေ့တော့မယ်နဲ့ထင်တယ် အဖေ အမြန်ဆုံး သားပြောတဲ့ အိမိကြီးဆီ လာခဲ့ပါ နော် …နော် အဖေ´´

လမ်းကလေး ကတုန်ကရင်ဖြင့် ပြောနေလျက်
``ဟယ်လို ဘယ်ကို ဆက်တာလဲ…´´
တစ်ဖက်ဖုန်းရဲ့ အဖြေက
``ဖုန်းမှားနေပါတယ် …´´
``ဟင် …ရန်ကုန်ကအဟုတ်ဘူးလား…´´
``ဟုတ်ပါတယ် …ရေဝေး သုသာန်ကပါ ဘာများ အကူညီပေးရမလဲ…´´
``ဗျာ…´´

တစ်ဖွဲ့လုံး တုန်လှုပ်ခြောက်ခြားနေပြီ။
ဖုန်းမှားသူနှစ်ယောက်လုံးရဲ့ ဖုန်းတွေက ထူးဆန်းစွာ မှားနေခဲ့ချေ။ အားလုံးပြာယာခတ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေချိန်မှာတော့ ဧည့်ခန်းဒေါင့်မှ ဖုန်းက မြည်သံကြားလိုက်ရတော့သည်။ အဝင်ဖုန်းသံ ကြားတာကြောင့် မျှားကလေး အပြေးသွားကိုင်လိုက်ပြီး
``ဟယ်လို …သမီး မျှားလေးလား…´´
``ဟင် …အဖေ သမီးတို့ကို ကယ်ပါဦး သမီးတို့ အိမ်ကြီးထဲမှာ ဒုက္ခရောက်နေပြီ အဖေ မြန်မြန် လိုက်လာခဲ့ပေးပါ…´´
``ဟားဟား…သမီးကလဲ နောက်နေပြန်ပါပြီ နောက်မနေနဲ့တော့ ဖုန်းမှာ မစ်(စ်)ကော်တွေ တွေ့လို့ပြနိခေါ်လိုက်တာ …´´
``မနောက်ပါဘူး ဖေဖေ သမီးတို့ အရမ်းအရေးကြီးနေပြီး ဖေဖေတို့လိုက်လာခဲ့ပါ…သမီးတို့ ဒုက္ခရောက်နေပြီ …´´
``သမီး…ဘယ်နေ့ပြန်လာမှာလဲ ဖေဖေနဲ့မေမေ သမီးကို လွမ်းလှပြီ…´´
တစ်ဖက်ဖုန်းရဲ့ စကားသံတွေကတော့ အေးအေးဆေးဆေးဖြင့်သာ ပြန်ပြောနေလျက် မျှားကလေး အသိဝင်လာကာ သူမ လက်ထဲက ဖုန်းကို ပြန်ကြည့်မိပြီ
``ဖေဖေက သမီးဖုန်းကို မဆက်ပဲ ဘာလို့ ဒီအိမ်ကြီးက ဖုန်းကို ဆက်နေရတာလဲ …´´

တစ်ဖက်ဖုန်းရဲ့ အဖြေက အေးဆေးတည်ငြိမ်စွာ ရီလျက်
``ဟာ…သမီးကလဲ သမီးဖုန်းကို မဆက်လို့ ဖေဖေက ဘယ်အိမ်ကြီးက ဖုန်းကို ဆက်ရမှာလဲ နောက်စရာ မရှိ ဒီကလေးမ ကြံဖန်နောက်တယ်…´´

မျှားကလေးနဲ့အတူ ထီးကလေးတို့ တစ်ဖွဲ့လုံး သတိဝင်လာတဲ့ချိန်မှာတော့ လက်ထဲမှ ကိုင်ထားလျက်ရှိသော ဖုန်းကို မျှားကလေး လွတ်ချလိုက်တော့သည်။
ဖုန်းကြိုး ဆက်သွယိရာကို ကြည့်လိုက်တော့ ဖုန်းကြိုးကပျက်နေလျက် ခေါင်မိုးအပေါ်မှာ တွဲလောင်း ဖုန်းနဲ့ကြိုးမဆက်ထားပဲ မျှားကလေးဖုန်းပြောနေသည်ကို သတိဝင်လာမိလိုက်တော့သည်။ အောင်ကိုက
``အမ မျှားလေး ဒီနားကို မြန်မြန်လာ …´´
``ကိုထီးရေ…ကျုပ်တို့တွေတော့ ပုဏ္ဍက လှည့်ကွက်ထဲ ရောက်နေပြီ အားလုံး သတိရှိမှ ရတော့မယ်´´
ဒီလိုပြောလိုက်ပြီ
``ဘုရား ငါးဆူနှင့်တကွ အဘဘိုးတော်ဆရာကြီးအပေါင်းတို့၏ အမိန့် ငါဆရာ၏ အမိန့် အရာအားလုံး မူလပြန်စေရမယ်…´´

ဟုဆိုကာ ဖနောက်ဖြင့် ကြမ်းပြင်ကို တစ်ချက်ပေါက်လိုက်တော့သည်။
ခဏအကြာမှာတော့ လေပြင်းတစ်ချက်တိုက်ခိုက်လိုက်ပြီး ပြန် ငြိမ်သွားချိန်မှာတော့ ဧည့်ခန်းထဲမှ ဖုန်းဟာ မြေနီတုံးကြီးအဖြင့်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
``ကဲ …တွေ့လား ကိုထီးလေး …´´
``ဒါဆို ဘယ်လို ဆက်လုပ်ရမလဲ ကိုအောင် …´´
``အပေါ်ထပ်မှာ ခင်ဗျားတို့ ကျန်နေခဲ့တယ် အရေးကြီး ပစ္စည်းတွေ အမြန်သွားယူပြီး ကျုပ်တို့ အိမ်ကြီးနဲ့ဝေးရာကို ထွက်သွားရမယ် …´´
``တန်ခိုး…လာ …ငါတို့ အပေါ်အားလုံး လူစု မကွဲပဲ တတ်ကြမယ် …မျှားလေး သူဇာ့ကို လက်တွဲထား ငါးလေးနဲ့ လမ်းလေး မင်းတို့နှစ်ယောက် ကိုအောင်နဲ့အတူ ရှိနေ တန်ခိုး မင်းနဲ့ငါက အပေါ်ကို အရှေ့က ဦးဆောင်ပြီး စတတ်မယ် …´´
ထီးကလေး ပြောသည့်အတိုင်း အားလုံး အိမ်အပေါ်ထပ်သို့ တတ်ရန်အချိန်မှာပဲ လင်းနေသည့် မိုးများက အားလုံးမှိတ်ခါ ပျက်စီးနေသော မီးချောင်းကွဲများအဖြစ် ပြောင်းလဲသွားတော့သည်။
တစ်ဖွဲ့လုံး
``ဟင်…´´
``ရတယ် ရတယ် …ငါပြောတဲ့အတိုင်း အားလုံး တစ်ညီတည်းရှိပစေနော် အပေါ်မှာ ဓာတ်မီးရှိတယ် …´´

ထိုစဉ်မှာပဲ အိမ်မကြီးတံခါးက သူ့အလိုလို ပိတ်သွားခဲ့ပြီ။
အလင်းရောင်မရှိတဲ့အမှောင်ထဲမှာ တစ်လှမ်းချင်း အိမ်အပေါ်ထပ်သို့ တဖြည်းဖြည်းတတ်လာခဲ့သည်။
``အား…´´
``တန်ခိုး…တန်ခိုး…မင်းဘာဖြစ်တာလဲ…´´
``ငါ…ငါ ခြေထောက် လှေကား အပေါက်ကျွန်နေပြီ လုပ်ပါဦး ထီးလေး …´´
``လာလာ…ငါ့လက်ကို ဆွဲ …
``အီး……ရလား တန်ခိုး…´´
``ရပီ …ရပီ…´´
``တန်ခိုး …ခြေထောက်ဘာဖြစ်သွားလဲ …´´
``မသိဘူး မျှားလေး ငါ့ကို အသာထား နင်တို့ညီမနှစ်ယောက်ပဲ ဂရုစိုက်ပြီး ဖြည်းဖြည်းချင်းတတ်…´´
ကိုအောင်နဲ့ လမ်းလေး ငါးလေးက အနောက်မှ နေကာ မျှားလေးနဲ့သူဇာကို အလည်မှာထားပြီး ထီးလေးနဲ့တန်ခိုးက ဦးဆောင်ကာ အိမ်အပေါ်ထပ်သို့ရောက်လာခဲ့ပြီး။
``နေဦ…ကိုထီး အားလုံး မူလပြန်ပြီး မူလ အခြေနေတွေ ဖြစ်ကုန်ပြီ ဆိုတော့ အရင်လိုတော့ ဟုတ်မှာ မဟုတ်တော့ဘူး ဒီတော့ အရင်ကောင်းနေတဲ့ဟာတွေက အခုနလှေကားလို ဆွေးနေလောက်ပြီ အဲ့ဒီတော့ အားလုံး သတိနဲ့ ဓာတ်မီးကိုသာ ရအောင် အရင်ယူရမယ် …ဓာတ်မီးက ဘယ်အခန်းမှာ ရှိတာလဲ …´´
``ကျွန်တော်တို့အားလုံးရဲ့ အိတ်တွေအထဲမှာ ပါတယ် …´´
``ဒါဆို အနီးစပ်ဆုံးအခန်းက ဓာတ်မီးကို အရင်ဆုံးရအောင်ယူရမယ် …´´

မမြင်ရတဲ့အမှောင်ထဲမှာ မိမိတို့နေခဲ့တဲ့အခန်းကို မှန်းပြီးသာ လျောက်နေရတော့သည်။
`` ဒေါင်းဆုံးအခနိးဆိုတော့ … ထီးလေး ဒါ ငါတို့အခန်းပဲ ဖြစ်ရမယ် …´´
``မင်းဓာတ်မီးထားတဲ့နေရာ မှတ်မိတယ် မဟုတ်လား လမ်းလေး…´´
``အေး…မှတ်မိတယ် …ငါဝင်လိုက်မယ်…´´
``နေဦး …ကိုလမ်းလေး ကျွန်တောပါ လိုက်မယ် …´´

အောင်ကိုနဲ့လမ်းလေး အခန်းထဲသို့ ဝင်သွားခဲ့တယ် ။အပြင်မှာတော့ ထီးလေးတို့ ငါးယောက်ပဲ ကျန်နေလျက် ထိုအချိန် အိမ်အောက်ထပ်မှ
``သူဇာရေ …သူဇာ…´´
မျှားကလေး အသံဖြင့် သူဇာ့ကို လှမ်းခေါ်နေခဲ့တော့သည်။
``ဟင် …မျှားလေး နင့်အသံပါလား …နင်ဒီမှာ ရှိပါတယ်နော် …´´
``ထီးလေး …ငါဒီမှာရှိနေတယ် …ငါအသံမျိုးနဲ့ ဘယ်သူခေါ်နေတာလဲ …´´
လမ်းလေးနဲ့အောင်ကို ဓာတ်မီးနှစ်လက်ကိုင်ကာ အခနိးပြင်သို့ ပြန်ထွက်လာခဲ့ပြီ။
``ကိုအောင် အောက်ထပ်ကနေ မျှားကလေးအသံနဲ့သူဇာ့ကို ခေါ်နေတယ် ဘယ်လိုလုပ်ရမလဲ …´´
``ပုဏ္ဍက နက္ခထဲ ကျုပ်တို့ အပြည့်ရောက်နေပြီ အားလုံး စိတ်ကို မလွတ်မိစေနဲ့ အနားက သူမဟုတ်ပဲ ခေါ်နေရင် လုံးဝမထူးကြပါနဲ့ …´´
``လုပ်ပါဦး …ကိုအောင်ရာ ကျနော်တို့ အားကိုပါတယ်…´´
``စိတ်ချပါ …ကျုပ် ဒုက္ခရောက်နေတုန်းကလဲ ခင်ဗျားတို့ ကူညီပေးခဲ့ကြတာပဲ အခု ကျုပ်ခင်ဗျားတို့ကို အတတ်နိုင်ဆုံးကူညီမှာပါ အားလုံး ကျနော်ပြောတဲ့စကားကို နားထောင်ကြပါ…´´
``ဟုတ် ကိုအောင် စိတ်ချပါ …´´
``တို့အခု ထွက်ပေါက်က ဘယ်မှာလဲ အောက်တံခါးကြီးကလဲ ပိတ်နေပြီ…´´
``မမ သူဇာကြောက်တယ် …´´
``သူဇာ အစ်ကိုတို့ရှိပါတယ် ဘာမှ မကြောက်နဲ့စိတ်ကို ငြိမ်ငြိမ်လေးထား …´´
``ဓာတ်မီး နှစ်လက်ရပြီ ရော့ထီးလေး မင်းတစ်လက်ယူထား ကိုအောင်က တစ်လက်ယူထားလိမ့်မယ် …´´
``ကိုအောင်နဲ့ တန်ခိုး လမ်းကလေးနဲ့ကတစ်ဖွဲ့နေလိုက် မျှားလေးတို့ညီမနှစ်ယောက်က တို့တွေကြားမှာပဲနေ ထွက်ပေါက်ကို အမြနိဆုံးရအောင် ရှာရမယ် …´´

အားလုံး နံရံကိုကျောဖြင့်ကပ်ခါ နောက်ကျောမလုံစွာနဲ့ သွားမိသွားရာ
ထွက်ပေါက်ကိုသာ ရှာနေမိတော့သည်။
 ငါးကလေး ပစ်ချခဲ့တဲ့ ဖုန်းက အမှန်အကန် သူ့မိဘတွေဆီက ဖုန်းလာနေသည်ကိုတော့ မည်သူမှ မသိနိုင်ချေ။

``တို့… ဒီအတိုင်းဆက်သွားနေလို့ကတော့ ဘယ်နည်းနဲ့မှ ထွက်ပေါက်တွေ့နိုင်မှာ မဟုတ်ဘူး ကိုအောင် …အဲ့တော့ မိုးလင်းအောင် စောင့်နေမှ ဖြစ်တော့မယ်´´
``မိုးလင်းအောင် စောင့်လို့ဖြစ်ပါ့မလား ထီးလေး …အခုတောင် ဒီလိုတွေ ဖြစ်နေပြီ…အချိန်ကြာသွားရင် တို့အသတ်အန္တရယ် ပါထိခိုက်လာနိုင်တယ် တစ်ခုခုကြံကြပါဦး …´´
``ပြတင်းပေါက် တံခါးတွေလဲ သူ့အလိုလို ပိတ်ကုန်ကြပြီ ဘယ်လိုဖြစ်ရတာလဲ …´´
``ဒါတွေ မတွေးနဲ့တော့ အခု ဖုန်းဘယ်သူတွေဆီမှာ ပါလာကြသေးလဲ´´
``ငါ့ဆီမှာပါလာတယ် …´´
``မျှားလေး ဒါဆို နင် အချိန်ပြည့် နင့်မိဘတွေဆီကို ဖုန်းခေါ်…တစ်ချက်မဟုတ် တစ်ချက်ကတော့ ရမှာပဲ …´´
``နေဦး…ဒါနဲ့အခု ကျုပ်တို့ဘယ်နားကို ရောက်လာကြပြီလဲ ကိုထီး…´´
``သေချာတော့ မသိဘူး အပေါ်ထပ်ကနေ နောက်ဖေး အပေါက်ကို ဆင်းတဲ့လှေကားနားတော့ နီးနေပြီနဲ့ထင်တယ်…´´
``ခင်ဗျားတို့ ဒီကိုစရောက် လာတည်းက အိမ်ကြီးအနံ့ကို မရောက် ဘူးသေးဘူးလား …´´
``မရောက်ဘူးသေးဘူး …´´
``ဒုက္ခပါပဲ …ဒီအရိပ်မှာ ကျုပ်တို့ ရှိနေသမျှ ပုဏ္ဍက ရဲ့ အရိပ်အောက်မှာ လှည့်စားခံနေရဦးမှာပဲ အိမ်ကြီးထဲက မထွက်နိုင်မချင်း ကျုပ်ပညာတွေလဲ သုံးမရနိုင်ဘူး …ကိုထီး ……´´
``ဟာ…ဒုက္ခပါပဲ …´´
``ဒါဆို ဘယ်လုပ်ကြမလဲ ´´
``အရေးကြီဆုံးက ကြောက်စိတ်ကိုဖျောက်ပြီး စိတ်ကို မလွတ်မိစေနဲ့ ထွက်ပေါက်ကိုပဲရအောင် အရင်ရှာကြမယ် …´´

တစ်ဖွဲ့လုံးဒေါင့်တစ်ဒေါင့်မှာ စုနေရင်း ဓာတ်မီးလေးထွန်းထားကာ ငြိမ်နေကြစဉ် …``ဟားးးဟားးးဟားးးးဟားး…´´
ပဲ့တင်ထပ်နေတဲ့ရီသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
``မကြောက်ကြနဲ့ …မကြောက်ကြနဲ့ ကျုပ်တို့ကို အန္တရယ် မပြုနိုင်ပါဘူး …ခြိမ်းခြောက်ပြီး မောင်းထုတ်နေတဲ့ သဘော…´´
ထိုအချိန် ငြိမ်သတ်နေ သူဇာက
``နင်တို့ …အားလုံး နောက်ကျ နေပြီ အားလုံးကို ဒီကနေ ပေးမထွက်နိုင်ဘူး …နင်တို့အားလုံး ဒီမှာပဲ နေရမယ် …ဟားးဟားး ငါအရမ်းပျော်တာပဲ…´´
``အမလေး သူဇာ …သူဇာ သတိထားပါဦး …´´

သူဇာ့ကို ဓာတ်မီးဖြင့် ကိုအောင် ထိုးလိုက်တော့ နံရံမှာ သူဇာ အရိပ်မပေါ်ပဲ ရှေး ဆန်ဆန် မိန်းမကြီး တစ်ယောက်ရဲ့အရိပ်သာ ပေါ်နေတော့သည်။ အားလုံးလဲ ရသမျှ ဘုရားစာတွေ နှုတ်က ရွတ်မိရွတ်ရာ ရွတ်ရင်း အထစ်ထစ်အငေါ့ငေါ့
ကိုအောင်ကို က
``ဟေ့…တိတ်စမ်း …မင်းက ထွက်ခွင့်မပေးရအောင် မင်းက ဘာလဲ …´´
``အောင်မာ ဆရာအစုတ် နင် ဒီအိမ်ကြီးထဲ စရောက်လာတည်းက နင့်ကို ငါတစ်ချိန်လုံး ကြည့်နေခဲ့တာ နင်ကတော့ ဘယ်သိပါ့မလဲ …နင်လို မတောက်တစ်ခေါက် ပညာလေးနဲ့ငါကို နိုင်မယ် ထင်နေလား ဆရာစုတ် …´´
``တိတ်စမ်း…ငါတို့အားလုံးကို ဒီကထွက်ပေါက်ပြမယ်ဆို မင်းကို အမျှ ပေးကုသိုလ် လုပ်ပေးမယ် …´´
``ဟား…ဟားး…အမျှမလိုချင်လို့ ဒီအိမိကြီးမှာ နေလာတာ နှစ်ပေါင်းမနည်းတော့ဘူး …ဟိုကောင်တိတ်စမ်း ငါနားငြီးတယ် …´´
ရသမျှ ဘုရားစာတွေကို ငါးကလေးက အလွဲလွဲ အချော်ချော်တွေ ရွတ်နေစဉ် သူဇာ့ကို လွှမ်းမိုးထားတဲ့ တစ္ဆေက လှမ်းအော်လိုက်တယ် ။ ငါးကလေးက တုန်ခနဲ့ရပ်တန့်သွားခဲ့တော့
``ကိုငါးလေး သူပြောတာ ဂရုမစိုက်နဲ့ ဆက်သာရွတ်နေပါ …´´
``ဟုတ် …ဟုတ်ကဲ့…´´
``ဒီမယ် …မင်းဘယ်လောက်ပဲ အကောင်ကြီးကြီး ငါကဆရာတစ်ယောက်ပဲ မင်းကို ငါနိုင်ရမယ် မင်းဘယ်သူလဲဆိုတာ ပြောစမ်း …´´
``ငါက ဒီအိမိကြီးရဲ့ အရှင်သခင် မြနှင်းဆီပဲဟေ့……´´
``အော် …မြနှင်းဆီပဲ ခင်ဗျားကို ကျုပ်အခွင့်ရေးတစ်ခုပေးမဟ် ကျုပ်တို့အားလုံးကို ထွက်ပေါက်ပြမယ်ဆိုရင် ခင်ဗျားကို ကျုပ်အလွတ်ပေးမယ် …မဟုတ်ရင်တော့ ဒီမှာရော့ ……´´
အသင့်လွယ်ထားတဲ့ လွယ်အိတ်ထဲမှ ကိုအောင် ရေဘူးကို ဖွင့်ခါ သူဇာ့ကို ပတ်လိုက်တော့သည်။
``အား…´´
``မှတ်ပါလား…ထွက်ပေါက်ကို ပြောစမ်း …´´
ကိုအောင် ဒီလိုမေးနေစဉ်မှာ သူဇာ သတိမေ့လဲသွားတော့သည်။
``ဟာ…ဒင်းထွက်သွားပြီ…ကိုထီး သူဇာ့ကို သတိရအောင် အရင်လုပ်…´´
ထီးလေး သူဇာ့ကို လှုပ်နိုးမှု့ကြောင့် သူဇာ သတိပြန်လည်လာကာ
``ဟင်……သူ…သူဇာ ဘာဖြစ်သွားတာလဲ အစ်ကို ထီးလေး…´´
``ဘာမှ မဖြစ်ဘူး …သူဇာ …ဘာမှ မဖြစ်ဘူး… မကြောက်နဲ့…မကြောက်နဲ့…´´

``တန်ခိုး မင်းကားထဲမှာ ဆီ ဘယ်လောက်ကျန်သေးလဲ ဘယ်ထိရောက် မောင်းလို့ ရနိုင်သေးလဲ…´´
``ဒီကနေဆို တို့လာရာလမ်းအတိုင်း သစ်ပုတ်ပင်ကြီးနားလောက်တော့ ရနိုင်သေးတယ် …´´
``ဟုတ်ပီ …အဓိက ဒီအိမိကြီးနဲ့ဝေးရာကို ရောက်သွားဖို့ပဲ ဒီတော့ ကိုအောင် မျှားကလေးတို့ ညီမနှစ်နဲ့ငါးကလေးကို ကိုအောင်စောင့်ရှောက်ထားပေးပါ …ကျနော်နဲ့တန်ခိုး လမ်းကလေးတို့ ထွက်ပေါက်ကိုရအောင် ရှာပြီး ကားနားကို အရောက်သွားမယ် …´´
``ဟာ …ထီးလေး ငါတို့လဲ လိုက်မှာပေါ့ အားလုံး တစ်စုတည်းနေကြမယ်လေ…´´
``ဟုတ်တော့ဟုတ်တယ် မမျှားလေး ဒါပေမယ့်…… ကိုထီးပြောတဲ့အတိုင်းကပိုကောင်းတယ် ကိုထီးလေး ဂရုစိုက်ပြီး သွားပါ သူတို့ကိုစိတ်ချ ကျုပ်အသတ်နဲ့လဲပြီ စောင့်ရှောက်ထားပါ့မယ် …´´
``ဟုတ်ကဲ့ ကျေးဇူးပါ အစ်ကိုအောင်ရာ အရမ်းကျေးဇူးတင်ပါတယ် ကျနော်တို့ အားလုံး ဘာမှ မဖြစ်ပဲ အိမ်ပြန်ရောက်ခဲ့ရင်ကိုအောင်ကို ကို ထမင်းဖိတ်ကျွေးပါ့မယ် …´´

ပြောဆိုပြီး ဓာတ်မီးတစ်လက်ကို တင်းတင်းကိုင်ကာ ထီးလေး တန်ခိုး လမ်းလေးတို့ အလင်းပြပြမြင်နေရသည့်အတိုင်း ထွက်ပေါက်ကိုမျှော်ကာ အရှေ့စူးစူးသို့ ဦးတည်သွားနေပါတော့သည်။    ။

*****************************

ဇာတ်သိမ်းပိုင်း တွင် ဆက်လက်ဖတ်ရှု့ ပေးပါရန် ……

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages