♠အပိုင်း(၉) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

♠အပိုင်း(၉) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
          ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
             အလောင်း
                     အပိုင်း (၉)
စာရေးသူ-ထီးကလေး၊



   ကျွန်ုပ်၏ ပြောစကားများအား ထိုရဲအရာရှိများမှ နားမထောင် ကျွန်ုပ်အား လက်ထိပ်ခတ်လျက် အပိုင်ရဲစခန်းရှိရာသို့ ခေါ်ဆောင်သွားလေတော့သည်။ ကျွန်ုပ်၏ မိဘနှစ်ပါးကမူ ဝမ်းနည်းကြီးစွာဖြင့် အပိုင်ရဲစခန်းရှိရာသို့ လိုက်ပါလာချေခဲ့ပြီး။
စခန်းသို့ ရောက်လာသည်နှင့် ရှုတ်ယှက်ခတ်လျက် ရှိနေသော လူတစ်ချို့အား မြင်တွေ့လိုက်ရပြီး ထိုလူတို့ကား သူငယ်ချင်းဖြစ်သူများ၏ မိသားစုများပင် ဖြစ်နေချေတော့သည်။ အချုပ်ခန်းဆီသို့ ကျွန်ုပ်အား ဝင်ခိုင်းစေပြီး အထဲသို့ ရောက်လာသည်နှင့် သူငယ်ချင်းဖြစ်သူ လမ်းကလေး ငါးကလေး တန်ခိုးတို့အား ဦးစွာ တွေ့လိုက်ရတော့သည်။
ကျွန်ုပ်နှင့်အထက် ဦးစွာ အချုပ်ခန်းအတွင်းသို့ ရောက်ရှိနေသော သူငယ်ချင်းဖြစ်သူများအား ကြည့်မိလျက် ကျွန်ုပ်အံ့သြနေမိသည်။
`ဘယ်… ဘယ်လိုဖြစ်ပြီ… မင်းတို့တွေ ဒီအထဲရောက်နေရတာလဲ … ဘာတွေဖြစ်ကုန်တာလဲ …´
မနက်အိပ်ယာနိုးလာသည့်နှင့် ကျွန်ုပ်ကား မျက်နှာ မသစ်ရသေး ။ကြောင်တောင်တောင်ဖြစ်သာ ထိုအချုပ်အခန်းအတွင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူငယ်ချင်း ဖြစ်သူများက အချုပ်ခန်းနံရံအား မှီးထားလျက် စိတ်ပျက်စွာဖြင့် ထိုင်နေကြသည်က ကျွန်ုပ်အတိုင်းပင်လျင် မျက်နှာမသစ်ရသေးသူများ ဖြစ်ချေမည်ဟု သိရှိလိုက်သည်။ ကျွန်ုပ်၏ အမေးအား ပြန်မဖြေ သူငယ်ချင်း ငါးကလေးမှ ညင်းသာစွာဖြင့် ခေါင်းအား ခါရမ်းပြလိုက်ပြီး
` မင်းလဲ ရောက်လာပြီလား …´
`ဟင် … ဘဟ်လိုတွေ ဖြစ်ကုန်ရတာလဲ… ´
`မင်းမြင်တဲ့ အတိုင်းပဲလေ … ´
` ဟင်!… တန်ခိုး … ငါ့ဘေးမှာ အိပ်နေရာကနေ ဘဟ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ … အခုရော မင်းတို့ ဘယ်လိုလုပ် ဒီအထဲရောက်နေရတာလဲ´
`ဟင် … ငါတို့ကိုမေးနေတယ် အားလုံး တစ်ယောက်ချင်းစီ ရောက်လာတာပဲ … အခုသိရတာတော့ … ဦးခိုင်ခံ့တင် လက်ချက်ပေါ့ကွာ … သူ့အိမ်ထဲကို ညက ငါတို့အတည်းက တစ်ယောက်ဖောက်ထွင်းပြီး တစ်ခုခုခိုးဖို့ ဝင်လာတယ်ဆိုပြီး ရဲကိုတိုင်လိုက်တာပဲ …´
`ဘာ … သူ့အိမ်ထဲကို ငါတို့ ဖောက်ဝင်တယ် ဟုတ်လား ...´
`အေး … ဟုတ်တယ် အခု ခိုးမှု့နဲ့ ရောက်နေတာပဲ…´
`ဟင်!… အဲ့ဒီအိမ်ထဲကို မဝင်ပါနဲ့လို့ ငါအတန်တန်တားနေရက်နဲ့ ဘယ်သူဝင်တာလဲ…´

သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ အဖြေအား ကြားလိုက်ရသည်နှင့် ကျွနိုပ်၏ အကြည့်တစ်စုံကား နံရံအားမှီထားသည့် သူငယ်ချင်းဖြစ်သူ တန်ခိုးထံသို့ ရောက်ရှိသွားလေတော့သည်။

` ဟာ … ဟေ့ … ဟေ့ယောင်ထီးလေး … ငါ့ကိုအဲ့ဒီအကြည့်မျိုးနဲ့ မကြည့်နဲ့ … မင်းစကားကို ငါနားထောင်ပြီးသား … ငါမဝင်ဘူး … မင်းနဲ့ တူတူအိပ်နေရာကနေ မိုးလင်းခါနီးတော့ ငါနိုးနေတာနဲ့ အိမ်ကိုပြန်သွားခဲ့တာ … မင်းအိပ်မောကျနေလို့ ငါပြောမသွားခဲ့တာ … ´

ကျွန်ုပ်၏ အကြည့်အား လွယ်ကူစွာဖြင့် သူငယ်ချင်းဖြစ်သူ တန်ခိုးမှ နားလည်သွားလျက် ကျွန်ုပ်အား ဖြေရှင်းချက်များ စတင်ပေးလေတော့သည်။
`ဒါဆို ဘယ်သူဝင်တာလဲ … မင်းတို့ နှစ်ယောက်ရော ´
`ဟာကွာ … ပေါက်ပေါက်ရှာရှာ မင်းအိမ်ရှေ့လိုက်ပို့ပေးပြီးကတည်းက ငါရယ် ငါးကလေးရယ် မျှားကလေးရယ် အတူတူအိမ်ပြန်သွားကြတာ မဝင်ဘူး … ´
`အခု မျှားကလေးရော … ´
`သူလဲ … ငါတို့လိုပဲ ဟိုဘက် အမျိုးသမီး အချုပ်ခန်းထဲမှာ …´
`ဟင် … ဟာ … မျှားကလေးပါ အချုပ်ထဲရောက်နေတယ်ပေါ့ … ´
`ဟုတ်တယ် … ငါတို့ ငါးယောက်စလုံးကို အမှု့ဖွင့်ထားတာပဲ … ´
`ဒါဆို … ညက ငါတို့ကို လာသတ်တာ မအောင်မြင်လို့ ဦးခိုင်ခံ့တင် တစ်ကွက်ကြိုပြီး ငါတို့ကို အချုပ်ထဲ ထည့်လိုက်တာပဲ… ´
`ဘာ … ဘယ်လို … ညက မင်းတို့ကို လာသတ်တယ် ဟုတ်လား … ´
`အေး … ဟုတ်တယ်… အခုငါတို့ ဘာဆက်ကြမလဲ… ´
`ငါလဲ မသိတော့ဘူးကွာ … ဒီအထဲမှာ နေရတာ တစ်ကိုယ်လုံးယားနေတာပဲ … ´
`ပြောစမ်းပါဦး… ညက မင်းတို့ကို ဘယ်သူတွေ လာသတ်တာလဲ … ´

သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ အမေးကား ကျွန်ုပ်နှင့် တန်ခိုး ပြန်လည်ပြောပြလျက် အချုပ်ခန်းအတွင်း၌သာ စိတ်ပျက်စွာဖြင့် ရှိနေတော့သည်။ ကျွန်ုပ်တို့၏ မိဘများကမူ စိုးရိမ်ကြီးစွာ ဝမ်းနည်းစွာဖြင့် ပူပန်းမှု့များ ပြည့်နပ်နေခဲ့သည်။ သို့ပေမယ့် ကျွန်ုပ်နှင့် သူငဟ်ချင်းဖြစ်သူများ၏ အတွေးကပင် အတွေ့ကြုံအသစ်ရသည်ဟု တွေးထားလျက် မိမိတို့၏ စိတ်အား ဖြေသိမ့်ထားရသည်။
`ကဲ … ကောင်လေးတွေ ခဏထွက် … ´
အနေခက်လှသည့် အချုပ်ခန်းတွင်း၌ စိတ်ပျက်စွာဖြင့် မည်သည့်စကားမှ မပြော နံရံအားမှီလျက်ထိုင်နေသော ကျွန်ုပ်တို့ လေးယောက်ဆီသို့ အချုပ်ခန်းစောင့် ရဲတစ်ဦးမှ လာရောက်အော်ပြောလေသည်။ အချုပ်ခန်းတံခါးအပေါက်မှ ငုတ်ထွက်လျက် စခန်းမှူးကြီး၏ စာပွဲဝိုင်းတွင် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရောက်လာချေခဲံ့သည်။ ထို့နောက် ကျွန်ုပ်တို့လေးယောက် မတ်တပ်ရပ်နေသည့် နေရာဆီသို့ အမျိုးသမီးအချုပ်ခန်းဆီမှ သူငယ်ချငိးဖြစ်သူ မျှားကလေးပါ ရောက်ရှိလာချေသည်။ ထိုနောက် စခန်းမှူးကြီးမှ ကျွန်ုပ်တို့၏ မျက်နှာများအား တစ်ယောက်ချင်း ကြည့်လျက်
`ငါ့ညီတို့ မင်းတို့ ညက ခရေပင်ရိပ်မွန် အိမ်ယာရပ်ကွက်က အိမ်တစ်အိမ်ကို ကျုးကျော်ဝင်တယ်ဆိုတာ ဟုတ်လား … ´
မာန်ပါလှသော စကားနှင့် ထိုစခန်းမှူးကြီးမှ ကျွန်ုပ်တို့အား မေးလေတော့သည်။ စခန်းမှူးကြီး၏ စကားအဆုံးတွင်
` မဝင်ပါဘူး … ´
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလေးယောက်၏ အဖြေက သံပြိုင်ထွက်လာချေခဲ့သည်။
`ဟင် …! မင်းတို့ကို အဲ့ဒီအိမ်ပိုင်ရှင်ကြီးက အမှု့ဖွင့်ထားတယ် … မင်းတို့အထဲက တစ်ယောက် ကျုးကျော်ဝင်ခဲ့တယ် … နောက်ပြီး … ခြံစောင့်လူကြီးကို တိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်လို့ ပြောတယ် … ´
`ဗျာ!… မဟုတ်သေးဘူး … စခန်းမှူးကြီး တစ်ခုခုတော့ မှားနေပြီ … ကျုပ်တို့ တကယ်မဝင်ခဲ့ဘူး … ´
ကျွန်ုပ်၏ အဖြေကြောင့် ထိုစခန်းမှူးကြီးမှ ကျွန်ုပ်၏မျက်နှာအား သေချာကြည့်လိုက်ပြီး
`  ဒါနဲ့ … မင်းမျက်နှာက ဒဏ်ရာတွေနဲ့ ဘယ်လိုဖြစ်ရတာလဲ … ´
ကျွန်ုပ်၏ မျက်နှာပေါ်တွင် ရှိနေသော  ဒဏ်ရာတစ်ချို့အား စခန်းမှူးကြီးမှ မေးလေတော့သည်။ ကျွန်ုပ်ရရှိထားသော ထိုဒဏ်ရာများက ဦးခိုင်ခံ့တင် တပည့်များ၏ လက်ချက်ဖြင့် ရရှိခဲ့ခြင်းသာ ဖြစ်သည်ဟု ဖြေချင်သော်လည်း မည်သည့် ခိုင်လုံမှု့အကြောင်းတစ်ခုမျှ မရှိသည်ကြောင့် အတန်ကြာ ငြိမ်သတ်နေခဲ့သည်။
` ဟေ့ … မင်းကို မေးနေတယ်လေ … ´
ဒုတိယအကြိမ် စခန်းမှူးကြီး၏ အမေးကြောင့် ကျွန်ုပ်အသိဝင်လာပြီး
` ဒါ … ဒါ … ဒါက … ´
`ဖြေလေ … အဲ့ဒီခြံထဲကို မင်းဝင်ခဲ့တာ မဟုတ်လား…´
စခန်းမှူးကြီး၏ တစ်ဖက်သတ် စွပ်စွဲချက်များအား ကျွန်ုပ်မငြင်းဆိုနိုင် သူငယ်ချင်းဖြစ်သူ တန်ခိုး၏ မျက်နှာအား ကြည့်လိုက်ပြီ
`ဟုတ် … ဟုတ်တယ် … ကျုပ်ဝင်ခဲ့တာပဲ… ´
ကျွန်ုပ်၏ အဖြေစကားကြောင့် သူငယ်ချင်းဖြစ်သူများ အံ့အားသင့်သွားလျက်
`မဟုတ်ဘူး … ကျွန်တော် ဝင်ခဲ့တာပဲ …´
ရုတ်တရက် ကျွန်ုပ်၏ စကားအား ပယ်ဖျက်လျက် သူငယ်ချင်း ဖြစ်သူ ငါးကလေးမှ ဝင်ရောက်ပြောဆိုလိုက်သည်။ ငါးကလေး၏ စကားအဆုံးအား ဝင်ရောက်ပြောလိုက်သူက လမ်းကလေး
`ဟာ … သူငယ်ချင်းတို့ … မင်းတို့ ဝင်တာမှ မဟုတ်တာ … ဦးခိုင်ခံ့တင် အိမ်ထဲကို … ငါဝင်ခဲ့တာ …´
`ဟဲ့ … လမ်းကလေး … နင်ဘာတွေ လျောက်ပြောနေတာလဲ သူတို့ ဝင်တာ မဟုတ်ဘူး စခန်းမှူးကြီး … ကျွန်မဝင်ခဲ့တာပါ …´
`ဟေး … ညည်းက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘာလို့ သူများ အိမ်ထဲကိုဝင်ရတာလဲ … ´
` ဟာ… စခန်းမှူးကြီး … ဒီကောင်မလေး ပြောတာ မယုံပါနဲ့ တကယ်ဝင်ခဲ့တဲ့ သူက ကျွန်တော်ပါ … ခြံစောင့် လူကြီးကို တိုက်ခိုက်ပြီး ထွက်ပြေးလာခဲ့တာ ကျွန်တော်ပါ … ကျွန်တော့ သူငယ်ချင်းတွေ မဟုတ်ပါဘူး …´
တရားအစွပ်စွဲခံရသော အမှု့နှင့် ပတ်သတ်ရင် ကျွန်ုပ်တို့ ငါးယောက်သား တစ်ယောက်တစ်လှည့်ဆီ ထိုအိမ်ကြီးထဲ ဝင်ရောက်ခဲ့သည်ဟု ပြိုင်တူ ဝင်ခံလေတော့သည်။ ကျွန်ုပ်တို့၏ ဝင်ခံချက်များအား ကြားလိုက်ရသည့် စခန်းမှူးကြီးကား
`ဟာ… ဘာတွေလဲကွာ … မင်းတို့ အတည်းက ဘယ်သူဝင်တာလဲ … မဟုတ်ရင် ဝတ္တရားနှောက်ယှက်မှု့နဲ့ မင်းတို့ကို တရားထပ်စွဲပစ်မယ် ပြောစမ်း… ´
`ကျွန်တော်… ဝင်တာပါ … ´
စိတ်ရှုတ်စွာဖြင့် စခန်းမှူးကြီး၏ စကားအဆုံးမှာပဲ ကျွန်ုပ်နှင့် သူငဟ်ချင်းဖြစ်သူများ၏ နှုတ်မှ ပြိုင်တူ ထွက်ပေါ်လာပြန်သည်။
`ဟာ … ဒီကောင်တွေတော့ကွာ… အားလုံး ထောင်ထဲ ထည့်ပစ်လိုက်ရရင်တော့ … ဘယ်သူဝင်တာလဲ မှန်မှန်ဖြေရင် မင်းတို့ အမှု့ပေါ့မယ်နော် … မဟုတ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့ … ´
ဒေါသထွက်စွာ ပြောဆိုလိုက်သော စခန်းမှူးကြီး၏ စကားကြောင့် ကျွန်ုပ်တို့၏ ငါးယောက်စလုံး အကြည့်ချင်းဆုံမိကာ ဦးခိုင်ခံ့တင်အကြောင်းအား စွဲချက်တင်ရန် တိုင်ပင်မိတော့သည်။
` ဒီလိုပါ စခန်းမှူးကြီး … တကယ်တော့ ကျုပ်တို့ ငါးယောက်စလုံး အဲ့ဒီအိမ်ကြီးကို ဘဟ်သူမှ မဝင်ခဲ့ပါဘူး … အဲ့ဒီအိမ်ပိုင်ရှင် ဦးခိုင်ခံ့တင်ဟာ … လွန်ခဲ့တဲ့ … ခြောက်လလောက်က သူ့ရဲ့ သမတ်ဖြစ်တဲ့ မောင်ကျော်ဆိုတဲ့ ကောင်လေးကို သတ်ခဲ့ပါတယ် … အဲ့ဒီမောင်ကျော်ဟာ … ဝိဥာဉ်ဘဝနဲ့ မကျွတ်လွတ်နိုင်သေးပဲ ကျွန်တော့ဆီမှာ … သူ့ရဲ့မတရားအမှု့ကို ဖော်ထုတ်ပေးဖို့ အကူညီလာတောင်းခဲ့တယ် … အဲ့ဒါကြောင့် ကျွန်တော်နဲ့ ဒီက သူငယ်ချင်းတွေက ခိုင်လုံတဲ့ သက်သေကို ရှာရင်း ဦးခိုင်ခံ့တင်နဲ့ ပတ်သတ်မိခဲ့ပါတယ် … ´
`ဘာ … အဲ့ဒီ အိမ်ပိုင်ရှင် သူ့သမတ်လေးကို သတ်ခဲ့တယ် … ဟုတ်လား… မင်းတို့ ပြောတာ သေချာလို့လား …´
`အသေအချာပါပဲ စခန်းမှူးကြီး … အခုချိန်ထိ မောင်ကျော်သေသွားတာ သူ့မိန်းမ မသိသေးပါဘူး … အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး… သူ့မိန်းကို ကျွန်တော်တို့ အသိပေးဖို့ အကြိမ်ကြိမ် ကြိုးစာရာကနေ ဦးခိုင်ခံ့တင် သိပြီး ကျွန်တောတို့ရဲ့ အသတ်ကိုပါ ရန်ရှာခဲ့သေးပါတယ် … ကျွန်တော်ပြောတာတွေ မယုံရင် အဲ့ဒီခြံကိုသွားပြီး ဒီက စခန်းမှူးကြီး လေ့လာကြည့်ပါ … သေဆုံးသူ မောင်ကျော်ရဲ့ ဝိဥဉ်ကလဲ သူ့မိန်းမနဲ့ သူသမီးလေးအနားမှာပဲ ရှိနေခဲ့တာလို့ ဝိဥာဉ်ဘဝရောက်နေတဲ့ မောင်ကျော် ကျွန်တော့်ကို ပြောခဲ့တဟ် … ကျွန်တော်ပြောတာတွေကို မယုံရင် စခန်းမှူးကြီး အခုချက်ချင်း သွားလေ့လာပါ … အဲ့ဒီအိမ်မှာ မိန်းကလေးတစ်ယောက်နဲ့ တစ်နှစ်တောင် မပြည့်သေးတဲ့ သေဆုံးသူ မောင်ကျော်ရဲ့ သမီးလေး ရှိနေပါတယ် … ´

ကျွန်ုပ်၏ တိကျစွာ စွဲဆိုမှု့များကြောင့် အတန်ကြာသည့်အထိ စခန်းမှူးကြီးတစ်ယောက် ငြိမ်သတ်နေခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့အား မေ့ကြည့်လျက်
`သေသွားတဲ့ ဝိဥာဉ်က မင်းကို အကူညီလာတောင်းတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား … ငါက ဘယ်လိုလက်ခံရမလဲ … ´
`ကျွန်တော်ကိုကျွန်တော်လဲ တစ်ကယ့်ကို အံ့သြမိပါတယ် … သေဆုံးသူ မောင်ကျော်ဟာ ကျွနိတော် တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေပဲ ကျွန်တော့ဆီကို ရောက်လာပြီး အကူညီအမြဲတောင်းနေခဲ့တယ် … စခန်းမှူးကြီး ဒီထက်ပိုပြီး လက်ခံနိုင်အောင် အခုချက်ချင်းပဲ အဲ့ဒီအိမ်ကြီးကို သွားပေးပါ … မဟုတ်ရင် … ဝိဥာဉ်မောင်ကျော် … မှော်ဆရာကြီးဆိုတဲ့သူရဲ့ လက်ချက်ကြောင့် ဒုက္ခရောက်နေလိမ့်မယ် … စခန်းမှူးကြီးတို့ ကူညီပါ … ဒါမှ မဟုတ်ရင်လဲ ခိုင်လုံတဲ့ သက်သေရအောင် ကျွန်တော်တို့ ပူးပေါင်းဖော်ထုတ်ပေးပါ့မယ် … ပြီးတော့ မောင့်ကျော်ကို သတ်ပြီး အလောင်းမြှုတ်ထားတဲ့ နေရာက်ုလဲ ကျွန်တော်တို့ လိုက်ပြပါ့မယ် … ´
ကျွန်ုပ်၏ ပျက်သားစွာ ပြောဆိုမှု့များအား ကြားလိုက်ရသည့် စခန်းမှူးကြီးက ခေါင်းအား တစ်ဆက်ဆက်ငြိမ့်လျက်
` မင်းပြောနေတာတော့ ဇာတ်လမ်းတစ်ပုဒ်လိုပါပဲလား … ကောင်းပြီလေ … မင်းပြောတဲ့ အတိုင်း အဲ့ဒီအိမ်ကို အခုပဲ ငါတို့ သွားလိုက်မယ် … ´
`ကျေးဇူးတင်ပါတယ် … စခန်းမှူးကြီးရာ … အဲ့ဒီ အိမ်က ဖြူဖြူသျှင်းဆိုတဲ့ အမျိုးသမီးကို မောင်ကျော်သေသွားတဲ့ အကြောင်း ပြောဖြစ်အောင် ပြောပြခဲ့ပေးပါ… ´
`ကောင်းပြီ … စိတ်ချ … ရာဇဝင့်ဘေး ပြေးမလွတ်ပါဘူး … ကဲ …ဆရာကြီးတို့… အသင့်ပြင် ကျုပ်တို့ သွားကြမယ် … ´
` ကျွန်တော်တို့လဲ လိုက်လို့ရမလား… ´
` ဟာ … ဘယ်လိုလုပ်ရမှာလဲ … အခုချိန်မှာ မင်းတို့က တရားစွဲခံထားရတဲ့ တရားခံတွေဆိုတော့ မင်းတို့အမှုမှန် မပေါ်မချင်း ချုပ်ထားရဦးမှာပဲ … ´

ဝိဥာဉ်မောင်ကျော်၏ မတရားသေဆုံးမှု့ အကြောင်းအား ပြန်လည် စွဲချက်တင်လျက် နယ်မြေပိုင် ရဲအရာရှိများ ကျွန်ုပ်၏ ပြောစကားဖြင့် ဦးခိုင်ခံ့ခိုင်တင် နေအိမ်သို့ သွားရောက်ရန် ပြင်ဆင်လေကြတော့သည်။
သံကြိုးဖြင့် အိပ်ခန်းတိုင်တွင် ချီထားသော ခွေးလေးတိုးပွားမှာတော့ သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်အား ပြန်ရောက်လာလိမ့်နိုးနှင့် စောင့်မျှော်နေခဲ့သလား မှိုင်ထိုင်နေလေခဲ့သည်။
`တိုးပွား … နေမကောင်းဘူးလား … ဘာဖြစ်နေတာလဲ … နင့်ကို ကြိုးနဲ ချီထားလို့ ငါ့ကို စိတ်ကောက်နေတာလား … နင်က အခုတလော အရင်နဲ့မတူပဲ … ဆိုးချင်လာတယ် … ဒီလိုမှ နင့်ကို ချီမထားရင် ဖေဖေတို့ နင့်ကို သတ်ပစ်လိမ့်မယ် … ငါ့ကို စိတ်မဆိုးပါနဲ့နော် ´
လူတစ်ယောက်အလား ဖြူဖြူသျှင်းတစ်ယောက် ခွေးလေးတိုးပွားအား ဖြေရှင်းချက် စကားများ ပြောနေခဲ့သည်။ ထိုအချိန် သူမ၏ အိပ်ခန်းတံခါးသို့ လာရောက်ခေါက်သော အသံအား ကြားလိုက်ရသည်ကြောင့်
`ဘယ်သူလဲ … ဝင်ခဲ့လေ … ´
`မေမေပါသမီးရဲ့ … သမီးကို ပြောစရာလေး ရှိလို့ … ဝင်ခဲ့မယ်နော် ´
အိပ်ခန်းအပြင်မှ အချက်ပေးလျက် ဖြူဖြူသျှင်း၏ မိခင်ဖြစ်သူ အိပ်ခန်းအတွင်းသို့ ဝင်ရောက်လာလေသည်။
` သမီး … နေကောင်းရဲ့လား … ငါသမီးလေး အခုလို နေ့တိုင်းတိုင်း တစ်မှိုက်မှိုင် တစ်ထွေထွေဖြစ်နေတာ မေမေတို့ စိတ်ချမ်းမသာဘူး … ဒီလိုဖြစ်ရတာ … ဟိုလူယုတ်မာကြောင့် … သမီးလေးကို ထားပြီး နောက်တစ်ယောက်နဲ့ … လိုက်သွားတယ် … တော်တော်လူစိတ်မရှိတဲ့ အကောင် …´
ဟန်ဆောင်လျက် မောင်ကျော့်အား ဖြူဖြူသျှင်း၏ မိခင်မှ သမီးဖြစ်သူ နာကျည်း၍ မုန်းတီးသွားစေရန် သွေးထိုးစကားများ ပြောလေတော့သည်။ သူမ၏ မိခင် စကားအဆုံးမှာပဲ ချီတိုင်တွင်ရှိနေသည့် ခွေးလေးကား ရုတ်တရက် ထိုးဟောင်းလိုက်သည်။
`အောင်မလေး … ဟာ … အဲ့ဒီခွေး အခုတစ်လော ဘာဖြစ်နေလဲ မသိဘူး … ´
`ဟဲ့ … တိုးပွား … လုပ်ပြန်ပြီလား … ငြိမ်ငြိမ်နေစမ်း … ဒီတစ်ခါဆို နင့်ကို ရိုက်မှာနော် …´
သခင်ဖြစ်သူ ဖြူဖြူသျှင်း၏ ဟန့်တားမှု့ကြောင့် ခွေးလေးမှာ တိတ်ဆိတ်သွားသော်လည်း သူမ၏ မိခင်းဖြစ်သူအား ကြည့်နေသည်က မကျေနပ်လှသည့် တိရိစ္ဆာန်တို့၏ အကြည့်မျိုးပင် ။
` ရပါတယ် မေမေရယ် … သမီးဘေးနားမှာ ဒီခွေးလေးနဲ့ သမီးလေးရှိနေရင်ပဲ … သမီးဘဝကြီး ပြည့်စုံနေပါပြီ …´
`မဟုတ်သေးဘူးလေ … သမီးရဲ့ … ရှေ့လျောက်ဒီလိုနေသွားလို့ မဖြစ်ဘူးလေ … ငါ့သမီးလေးကို အမြန်ဆုံး အိမ်ထောင်ချပေးမလို့ ဖေဖေနဲ့ မေမေ တိုင်ပင်ထားတယ် … ´
`ရှင် … မေမေရယ် … သမီး အိမ်ထောင်ရေးကို စိတ်ကုန်နေပါပြီ … နောက်ထပ်လဲ အပူတွေ မရှာချင်တော့ဘူး … ´

နေ့တိုင်းလိုလိုပင် ဖြူဖြူသျှင်း၏ မိဘများက သူမအား အိမ်ထောင်ပြုပေးရန် လာရောက်ပြောဆိုနေခဲ့သညိ။ သို့ပေမယ့် ဖြူဖြူသျှင်းဟာ အပြင်းထန်ငြင်းဆိုလျက်ရှိပြီး သမီးလေးနှင့် ခွေးလေးတိုးပွားကိုသာ သူမ၏ အချစ်စိတ်များ ပုံပေးထားခဲ့သည်။ သို့ပေမယ့် သူမ၏ မိဘနှစ်ပါးကမူ ဖြူဖြူသျှင်းအား သင်္ဘောသားတစ်ဦးနှင့် ချောင်ပိတ်ပေးစားမည်ဟု ကြံစည်ထားခဲ့သည်။
ခြံကြီးဆီသို့ ဦးခိုင်ခံ့တင်၏ တပည့်တစ်ဦး အပြေးဝင်ရောက်လာခဲ့ပြီး ခြံထဲတွင် ရှိနေသော ဦးခိုင်ခံ့တင်အနားသို့ ရောက်သည်နှင့် မောဟိုက်လျက်
`ဆ … ဆရာ … ဆရာကြီး … ´
`ဟေ့ကောင် … ဘာဖြစ်လာတာလဲ …´
ဆရာကြီး အိမ်ကို အပိုင်ရဲအရာရှိတွေ ဦတည်လာနေတာကို တွေ့လို … ကျုပ်အမြန်လာပြောတာ …´
`ဟေး … ငါ့အိမ်ကို ဒီရဲတွေ ဦးတည်လာနေပုံ ထောက်ရင် … ဟိုချာတိတ်တွေ ငါ့အကြောင်းကို ဖော်လိုက်ပြီနဲ့ ထင်တယ် … လုပ် … လုပ်ပါဦး … ဆရာကြီး … ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ …´

စိုးရိမ်ကြီးစွာ မိမိအနားရှိ ပယောဂါဆရာကြီးအား ဦးခိုင်ခံ့တင်တစ်ယောက် အားကိုကြီးစွာ မေးလိုက်လေသည်။ ပယောဂါဆရာကြီးက သတင်းလာရောက်ပေးသော လူကိုကြည့်လိုက်ပြီး
`ငါတို့ခြံနား ရောက်ခါနီးပြီးလား … ´
`နည်းနည်းတော့ လိုသေးတယ် … နောက် … ငါးမိနစ်လောက်ဆို ရောက်လာလိမ့်မယ် …´
`ကဲ … ကောင်းပြီ .… ဒါဆို အချိန်မရှိဘူး … ခင်ဗျားသမီး … ဒီအချိန် အပြင်ထွက်တတ်လား …´
`မထွက်တတ်ဘူး … သူ့အခန်းထဲမှာပဲ ရှိနေတတ်တယ် …´
`ကောင်းပြီ… ကျုပ် လုပ်ပေမယ် … ´
`ဟင် !… ဆရာကြီး ဘယ်လို လုပ်ပေးမှာလဲ …´
`မမေးနဲ့ ကျုပ်ကို ယုံရင် အသာလေးနေ …´

မိမိကိုယ်အား ယုံကြည်မှု့ရှိစွာပြောဆိုလျက် မှော်ဆရာကြီးကား ဦးခိုင်ခံ့တင်ကို ပြောလိုက်လေသည်။ အတန်ကြာသည်နှင့် ဦးခိုင်ခံ့တင်၏ ခြံရှေ့သို့ နယ်မြေပိုင် ရဲအရာရှိများ ရောက်ရှိလာခဲ့ကြသည်။
` ကြွပါ … ဆရာတို့ … ထပါ …´
ဖော်ရွေစွာဖြင့် မိမိနေအိမ်သို့ရောက်ရှိလာသော ရဲအရာရှိများအား ဧည့်ခန်းအတွင်း၌ နေရာပေးလိုက်ပြီး
`ဆရာတို့ … ကျွန်တော့အိမ်ကို ရောက်လာတာ … ဘာကိစ္စများ ရှိလို့လဲ … ဟိုချာတိတ်တွေ သူတို့ လုပ်ရက်ကို ဝင်ခံသွားပြီလား … ´
` သူတို့က ခင်ဗျားကို တရားပြန်စွဲထားလို့ ကျုပ်တို့ ခင်ဗျားအိမ်မှာ စုံစမ်းစရာလေးတွေ ရှိနေလို့ ရောက်လာတာ … ကျုပ်တို့မေးတာကို ဒီက ဦးခိုင်ခံ့တင် ဖြေပေးပါ .…´
`ဟုတ် … ဟုတ်ကဲ့ … ဖြေပေးပါ့မယ် …´
` ဦးခိုင်ခံ့တင်မှာ … သမီးတစ်ယောက်ရှိလား …´
`ဟုတ်ကဲ့ရှိပါတယ် …´
`သူရော … အခုဘယ်မှာလဲ … နာမည်ကရော… ´
`ကျွန်တော့သမီးလေးက … အခု နိုင်ငံခြားမှာ ကျောင်းသွားတတ်နေပါတယ် … နာမည်က ရတနာလေးပါ …´
`နိုင်ငံခြားမှာ ကျောင်းသွားတတ်နေတယ်ဆိုတာ တကယ်ပဲလား … နာမည်က ရတနာလေးနော် …´
`ဟုတ်ပါတယ် … ကျုပ်က နာမည်တစ်လုံးနဲ့ နေတဲ့ သူတစ်ယောက်ပါ … အခုလို ကျုပ်ကို စစ်လားဆေးလား လုပ်နေတာ … ကျုပ်အတွက် ဂုဏ်သိက္ဂာတွေ ထိခိုက်နေပြီ … ကျုပ်မလိမ်ဘူး … ဆရာတို့ကို တကယ်ပြောနေတာ …´
`စိတ်မရှိပါနဲ့ … ဦးခိုင်ခံ့တင် … ကျွန်တော်တို့က တာဝန်အရ လုပ်ရတာပါ … အခု ခင်ဗျားသမီး အိမ်မှာ မရှိဘူးဆိုတာ … သေချာတယ်နော် … ´
` သိပ်သေချာတာပေါ့ … ကျုပ်သမီးက နိုင်ငံခြားမှာ ပြန်လာခါနီးပြီ … အခုအိမ်မှာမရှိဘူး …´
`ကဲ့… ဒါဆို ကောင်းပြီး … ကျွန်တောတို့ တာဝန်အရ ဦးခိုင်ခံ့တင်ရဲ့ တစ်အိမ်လုံးကို ရှာပါရစေ …´
`ဒါတော့ … ဒီကဆရာတွေ လွန်နေပြီလို့ … ထင်တယ်နော် … မရှိပါဘူးလို့ … ဒီလောက်ပြောနေရဲ့နဲ့ …´
`စိတ်မရှိပါနဲ့ … ဦးခိုင်ခံ့တင် … တာဝန်အရပါ … ကျုပ်တို့မှာ … ဖမ်းဝရမ်းလဲပါပါတယ် …´
`ဒါဆိုလဲ … သဘောပဲဗျာ … ရှာကြ … ´
ဟန်ဆောင်ကောင်းစွာ ဦးခိုင်ခံ့တင်တစ်ယောက် ရဲအရာရှိများအား လိမ်လည်ပြောဆိုလျက် မိမိတစ်အိမ်လုံးအား ရှာရန် ခွင့်ပြုလိုက်ချေတော့သည်။ မကြာမီ အချိနိအတွင်းမှာပဲ တစ်အိမ်လုံးအား နေရာအနံ့ရှာပြီးသည့် ရဲဘော်များ စခန်းမှူးကြီးနှင့် ဦးခိုင်ခံ့တင်တို့၏ အရှေ့သို့ ပြန်လည်ရောက်ရှိလာကြပြီး
`တွေ့ခဲ့လား … ဆရာတို့ …´
ရှေးဦးစွာ စခန်းမှူးကြီးမှ မေးလိုက်လေသည်။
`ဟုတ်ကဲ့ … ဆရာ ကျွန်တော်တို့ တစ်အိမ်လုံးမှာရှိတဲ့ အသုံးအဆောင်တွေနဲ့ အခန်းအားလုံးကို လိုက်ရှာပြီးပါပြီ … ဒါပေမယ့် … မိန်းကလေးတစ်ယောက်မှ မတွေ့ခဲ့ပါဘူး …´
`ဟင် … !´
ရဲဘော်တစ်ဦး၏ အဖြေစကားကြောင့် စခန်းမှူးကြီး အံ့အားသင့်သွားလျက် ဦးခိုင်ခံ့တင်အား ကြည့်မိလိုက်သည်။ ထိုအချိန်၌ အိမ်ကြီး၏ အပေါ်ထပ်ဆီမှ ခွေးတိုးပွာ စခန်းမှူးကြီးရှိနေသည့် ဧည့်ခန်းဆီသို့ အပြေးဝင်ရောက်လာလေပြီ။  အပြေးဝင်လာသည့် ခွေးလေးတိုးပွားအား စခန်းမှူးကြီး ကြည့်နေစဉ်မှာပဲ သူ၏ ဘောင်းဘီအား ကိုက်လျက် တစ်နေရာသို့ လမ်းပြလေမလား ဆွဲခေါ်နေသကဲ့သို့ ကိုက်ချီနေခဲ့လေသည်။

***********************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages