အပိုင်း(၁၁) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၁) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး

Share This
အပိုင်း(၁၁)

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
     
စာရေးသူ -ထီးကလေး၊ လမ်းကလေး၊
                 မျှားကလေး၊ငါးကလေး၊
                  တန်ခိုး။



ပြောဆိုပြီး ဓာတ်မီးတစ်လက်ကို တင်းတင်းကိုင်ကာ ထီးလေး တန်ခိုး လမ်းလေးတို့ အလင်းပြပြမြင်နေရသည့်အတိုင်း ထွက်ပေါက်ကိုမျှော်ကာ အရှေ့စူးစူးသို့ ဦးတည်သွားနေပါတော့သည်။    ။

*****************************

``တန်ခိုး …မင်းခြေထောက် နာနေသေးလား …´´
``ရပါတယ်ကွာ…ငါမနာတော့ပါဘူး …´´
``ငါတို့အဓိက ဒီအိမ်ကြီးထဲက ထွက်ပေါက်ကို အရင်ရှာတွေ့ဖို့အရေးကြီးတယ် …´´

တကယ်တော့ တန်ခိုးခြေထောက်မှာ ပွန်းရှထားမှု့ကြောင့် သွေးများထွက်လျှက် သုံးယောက်သား ဓာတ်မီးတစ်လက်ဖြင့် လျောက်လာလိုက်ကြတာ

``ဟင်…ထီးလေး …အရှေ့မှာ နံရံကြီးပဲ ရှိတော့…ငါတို့ ဘယ်လိုဆက်သွားမလဲ…´´
``လမ်းကနှစ်ဖက်ဖြစ်နေတယ် ထီးလေး တစ်လမ်းကတော့ ထွက်ပေါက်ဖြစ်နိုင်တယ်…´´
``ဘဟ်လို လုပ်ကြမလဲ …´´
``တို့လူခွဲပြီး …သွားမလား …´´
``မီးက တစ်လက်တည်းရှိတယ် …လူခွဲပြီးသွားလို့ အဆင်မပြေလောက်ဘူး …ဒီတော့ တန်ခိုး ငါတို့ မထူးဘူးကွာ ဒီဘက်ကို အရင်ဝင်မယ် …´´
``မင်းသဘော လုပ်ကွာ …´´

သုံးယောက်စလုံးရဲ့သံတွေက ရဲရင့်ပျက်သား မှု့အသံတွေလိုလို ဖြစ်ပေမယ့် တကယ့်တော့ ကြောက်စိတ်တွေက လွှမ်းမိုးနေလျက် ထီးကလေးက လက်တစ်ဖက် ထိုးပေးလိုက်တယ် နောက်
 လက်တစ်ဖက်ပေါ်မှာ သုံးယောက်ထပ်ပြီး စိတ်ကို ရဲတင်းစွာ ဆုံးဖြတ်ချက်ချကာ တစ်လမ်းတည်းသို့သာ ဦးတည်လျက်သွားနေတော့သည်။

****************************-
``ထီးလေးတို့ အဆင်မှ ပြေရဲ့လား မသိဘူး ကိုအောင် …´´
``စိတ်ချပါ …မမျှားလေး ထီးလေးရော တန်ခိုးပါ ပါသွားတာပဲ စိတ်မပူပါနဲ့ သူတို့ထွက်ပေါက်ကို ရှာတွေ့လာနိုင်မှာပါ …´´
``ညီမလေး သူဇာ မကြောက်နဲ့နော် ထီးလေးတို့ ထွက်ပေါက်ကို တွေ့ပြီး အစ်မတို့ကို လာခေါ်မှာပါ နော် ညီမလေး…´´
``ဟုတ်…ဟုတ်…မ…မမ ´´

ထီးလေးတို့တစ်စု လှေကားများကို တစ်စင့်ပြီးတစ်စင့် စင်းလာခဲ့ပြီး  တစ်နေရာ အရောက်မှာတော့
``တန်ခိုး…ငါတို့ အခုန ဒီနားမှာ ရပ်ပြီး စကားပြောခဲ့တဲ့ နေရာမဟုတ်လား …´´
``မဟုတ်လောက်ဘူး ထင်တယ်နော် အမြင်မှားနေတာလား…´´
``ငါ…အမြင်မမှားဘူး လမ်းလေး …´´
``ဟုတ်တယ် ဒီနားမှာ ငါတို့လက်ချင်းထပ်ခဲ့တဲ့ နေရာပဲ …´´
``ဒါဆို …ငါတို့ မျက်စိ အလှည့်ခံနေရပြီပေါ့ …´´
``ဘယ်လိုလုပ်မလဲ …´´
``နောက်ကြောင်းပြန်လှည့်မလား ထီးလေး …´´
``ငါတို့ ဆင်းလာခဲ့တဲ့လှေကားတွေက အများကြီး ပြီးတော့ ဒီနေရာပဲ ပြန်ရောက်နေတယ် ဆိုတော့ နောက်ကြောင်းပြန်လှည့်ရင်ရော …´´

သုံးယောက်စလုံး ဇောကျွေးတွေက ထွက်လျက်
``ဟာကွာ …သောက်အရေးထဲ ဓာတ်မီးက အားကုန်ပြီး …´´
``ဟာ…သွားပါပြီးကွာ …´´
``ဒီမီး မှိန်မှိန်လေးနဲ့ပဲ ငါတို့ နောက်ကြောင်းပြန်လှည့်ကြမလား…´´
``ငါတော့ မပြောတတ်တော့ဘူးကွာ …´´
``လမ်းလေး တစ်ခုခုလောက် စဉ်းစားကြည့်ပါဦး …´´

စိတ်ပျက်စွာ ထိုနေရာမှာပဲ သုံးယောက်စလုံး ထိုင်ချလိုက်တော့သည်။ ဘာဆက်လုပ်ရမှန်းမသိတော့ချေ။ ဓာတ်မီးကလဲ အားကုန်နေသလို နောက်ကြောင်းပြနိလှည့်ရင်းလဲ ဒီလို မျက်စိလည်နေမှာ ဆိုးတာကြောင့် သုံးယောက်စလုံး စိတိပျက်စွာ ထိုင်ချလိုက်စဉ်မှာပဲ
``ငါတူတို့…´´
ဦးလေးတင်အောင်ရဲ့ အသံကိုကြားလိုက်ရတော့သည်။
``ဟင် …ဒါ …ဦးတင်အောင် အသံ မဟုတ်လား…´´
``ဦး…ဦးလေး…ကျွန် …ကျွန်တော်တို့ကို ကယ်ပါဦးဗျာ …လုပ် …လုပ်ပါဦး …´´

ရုတ်တရက် အမှောင်ထဲမှ ဦးလေးတင်အောင်ရဲ့ အသံကိုကြားလိုက်ရတော့ လမ်းကလေး အားတတ်သွားပြီး ဘယ် ညာ ကြည့်ခါ ပြောနေလျက်
``ဟင် …ဦးလေးက သေသွားပြီလေ…ဟာ …မထူးပါဘူး ဦးလေး ကျနော်တို ကိုကယ်ပါဦး… …´´
``ဦးလေး ကျွန်တောတို့ကို ကူညီပါဦး ထွက်ပေါက်ပျောက်နေပြီး …ကယ်ပါဦး …ဦးလေး…´´
ရေနစ်သူအဖို့ ကောက်ရိုးတစ်မျှင်ဟာလဲ အသုံးဝင်တာကြောင့် သေသူ တစ္ဆေမှန်း သိရက်နဲ့လဲ အကူညီ တောင်းနေမိတော့သည်။
``ဦးလေး မင်းတိုကို ကူညီ မှာပါ …´´
``ဟာ…ကျေးဇူးတင်လိုက် ဦးလေးရာ ဦးလေး…ဘယ်မှာလဲ ကျွန်တောတို့ဆီ လာပါဦ…´´
``ဦးလေးမှာ အချိန် သိပ်မရှိတော့ ဘူး ဦးလေးကို သူတို့ ခေါ်နေကြပြီ မင်းတို့ ညာဘက် လှေကားကနေ တည့်တည့်ဆင်းသွားကြ တံတားအကျိုးကြီး တစ်ခုတွေ့လိမ့်မယ် အဲ့တံတားကို……အား…မလုပ်ပါနဲ့ …ကြောက်ပါပြီဗျာ…မလုပ်ပါနဲ့…´´
အမှောင်တစ်နေရာမှ ဦးတင်အောင် ပြောလို့ မဆုံးသေးခင် တစ်ယောက်ယောက်က ညှင်းပန်းနှိပ်ဆက်တာကို ခံနေရသော အသံမျိုးက ပဲ့တင် ထပ်ခါ ဦးတင်အောင် အသံပျောက်သွားပါတော့သည်။

``ဦးလေး…ဦးလေး…ဆက်ပြောပါဦး …ဦးလေး …ဘယ်ပျောက်သွားပြီလဲ ကျွန်တော်တို့ကို ထွက်လမ်းဆက်ပြောပါဦး…´´
``မရတော့ဘူး လမ်းလေး ဦးတင်အောင်ကို တစ်ယောက်ယောက်က ထိန်းချုပ်တာ ခံနေရပြီနဲ့တူတယ် …´´
``ဒါဆို ငါတို့ ဘယ်လို လုပ်ကြမလဲ မျှားလေးတို့ကို ပြန်ခေါ်ပြီးမှ အတူတူ သွားကြမလား …´´
``ပြန်ခေါ်တာတော့ ဟုတ်တယ် ဒါပေမယ့် ငါတို့ မျက်စိ လည်ပြီးဒီနေရာကိုပဲ ပြန်ရောက်လာရင် ရော …´´
``မတတ်နိုင်ဘူး တန်ခိုး ငါတို့ ပြန်ခေါ်ပြီး ဦးလေး တင်အောင် ပြောတဲ့လမ်းအတိုင်း သွားရမယ် …´´
``ဒါဆို တို့ လမ်းမပျောက်အောင် အမှတ်သား တစ်ခု လုပ်ထားမှ ဖြစ်လိမ့်မဟ်နော် …´´
``ဘယ် နာရီလောက်ရှိပြီလား တန်ခိုး သိလား…´´
``မမြင်ရဘူး ထီးလေး ငါ့နာရီ မီးမပါဘူး …´´
``မိုးတော့ လင်းခါနီးပြီနဲ့တူတယ် …´´
``ရော့…လမ်းလေး ဒီသစ်သား အစနဲ့ ငါတို့ ဒီလမ်းကို ပျောက်မသွားအောင် နံရံတွေမှာ အမှတ်သား ခြစ်ထား…´´
``ဓာတ်မီးက အားသိပ်မရှိတော့ဘူး ဆိုတော့ မျှားလေးတို့ဆီ မရောက်မချင်း မသုံးတာ ကောင်းလိမ့်မယ် လိုအပ်မှ သုံးမယ် …ရော့ …တန်ခိုး မင်း ဓာတ်မီးယူထားလိုက် …´´

အသဲမကွဲ လာရာလမ်းအတိုင်း နံရံတွေမှာ အမှတ်သားလုပ်ကာ မျှားလေးတို့ ကျန်ခဲ့သည့် နေရာသို့ ဦးတည် သွားနေကြတော့သည်။

***-*************************

``ဟာ …လမ်းလေး …´´
``ကိုအောင်ကို ဟိုမှာ လမ်းလေးတစ်ယောက်တည်း ပြန်လာနေပါလား…´´
သူဇာ ညွှန်ပြမှု့ကြောင့် အောင်ကိုနဲ့ မျှားလေး ကြည့်လိုက်ပြီး
``ဟင် …လမ်းလေး …ထီးလေးနဲ့တန်ခိုးရော …´´
မျှားကလေးလှမ်းမေးလိုက်ပြီး ထိုင်ရာမှ မကွဲမပြားမြင်နေရသော လမ်းကလေး ရှိရာသို့ သွားမယ် အလုပ်မှာတော့
``မမျှားလေး…မသွားနဲ့ …အဲ့ဒါ ကိုလမ်းလေး မဟုတ်လောက်ဘူး…´´
အောင်ကိုက မျှားကလေး လက်ကို လှမ်းဆွဲလိုက်ရာ
``ဟာ…ကိုအောင် …လမ်းလေးကို သွားခေါ်ရမယ်လေ …လွှတ်…လွှတ်…´´
``မျှားလေး ကိုအောင် ပြောတာ နားထောင်ဦး …´´
``ငါးလေး …ငါက ဘာနားထောင်ရဦးမှာလဲ ဟိုမှာ လမ်းလေးတို့ကို မတွေ့လို့ ဖြစ်မယ် …လွှတ်ပါ…လွှတ် …လွှတ် သွားခေါ်မလို့…´´

ကိုအောင်နဲ့ ငါးကလေးတားနေသည်ကို မျှားကလေးက နားမထောင်ပဲ သွားရန်သာ ကြိုးစားနေတော့သည်။
သို့ပေမယ့် အောင်ကိုကတော့ ဆွဲထားတဲ့ လက်ကို မလွှတ်ပဲ
``ငါဆရာ…အရာအားလုံးကို မူလ ပြန်ခိုင်းထားတယ်နော် …လိမိရင် ညာရင် မီးကဲ့သို့ ပြာပူ အထိ ဖြစ်စေရမယ် …မည်သည့် အရာမှ ခိုကပ်နေခြင်း မရှိစေရ …မူလပြန်စေရမယ် …´´
``ဟိုမှာကြည့်…မမျှားလေး နံရံကြီးပါ…´´
အောင်ကို ပြရာသို့ မျှားကလေး ကြည့်လိုက်ပြီး
``ဟင်…ဘယ်လိုဖြစ်တာလဲ အခုန ကျမတွေ့လိုက်တာ လမ်းကလေးပါ …´´
``ဟုတ်တယ် မမျှားလေး အရာအားလုံကို သတိရှိနေမှ ရမယ် အခုနက ကျုပ် မမျှားလေးကို ကြည့်မိတဲ့အချိနိမှာ ငိုက်နေခဲ့တယ်လေ…ဒါကြောင့်စိတ်လွတ်ပြီး ပုဏ္ဍက လှည့်ကွက်ထဲ ဝင်သွားတာပါ မစိုးရိမ်ပါနဲ့ ကျုပ်ဖြေရှင်းနိုင်ပါတယ် …´´
မျှားကလေး ထိုင်ချလိုက်တော့သည်။
``ကျမတို့ ဘယ်လိုလုပ်ကြမလဲ အရမ်းသွေးပျက်မတတ်ပဲ …ထီးလေးတို့ရော ဘာတွေဖြစ်နေကြပြီလဲ မသိဘူး …´´
``မိုးလင်းခါနီးပါပြီး မျှားလေးရာ ငါတို့ရှိနေတာပဲ အားတင်းထား…´´
မျှားလေး ငိုချလိုက်တော့သည်။
``သူဇာရေ……´´
ထိုအချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ ဆွဲဆွဲငင်ငင် အသံမျိုးဖြင့် သူဇာ့ကို လှမ်းခေါ်သံကြားလိုက်ရတော့သည်။

``လုပ်ပါဦး…ကိုကြီး အောင်ကို ခေါ်နေပြန်ပြီ …လုပ်ပါဦး …သူဇာ ကြောက်တယ် …´´
``သူဇာ …မကြောက်နဲ့ မထူးမိစေနဲ့…´´
``အဲ့ဒါ ဘယ်သူ ခေါ်…ခေါ်နေတာလဲ …ကို …ကိုအောင် …´´
``ဒါတွေကို ကျုပ်နောက်မှ ရှင်းပြမယ် …´´
``ရော့…ကျုပ်ဆီမှာ ပါလာတဲ့ ရေမန်းတွေကို ခင်ဗျားတို့ ၃ယောက် မျှသောက်ထားကြ …´´

အိတ်ထဲမှ ရေဘူးတစ်ဘူးထုတ်ခါ ကိုအောင်က ပေးလိုက်တော့သည်။ သူဇာ အရင်သောက်လိုက်တယ်။ ပြီးတော့ မျှားကလေး
``ရော့…ငါးလေး…´´
``ဟာ…သွားပြီ …´´
မျှားလေးနဲ့ ငါကလေး အကြား ရေဘူးမှာ လွတ်ကျခါ မှောက်ကုန်ပါတော့သည်။
``ဟာ…ကုန်ပြီ…´´
``မျှားလေး နင်ဘဟ်လိုပေးတာလဲ …´´
``ငါသေချာပေးတာလေ …နင် လှမ်းယူလိုက်လို့ နင်လက်နဲ့ထိပြီး ငါ့လက်တောင် အေးခနဲ ဖြစ်သွားတယ် …ငါသေချာပေးတာ…´´
``ဟင်…ငါ့ယူမလို့ လှမ်းတုန်း ရှိသေးတာ ရေဘူးတောင် မထိရသေးဘူး…´´
``ရတယ် …ရတယ် …စိတ်မပူနဲ့ မိန်းကလေး နှစ်ယောက် သောက်ထားပြီးပြီးးမဟုတ်လား …ကိုငါလေးကယောကျားလေးပဲ …ဘာမှ မဖြစ်ရအောင် ကျုပ်တာဝန်ယူတယ် …ဟုတ်ပြီလား …´´
ရေဘူးဟာ နှုတ်ခမ်းအဝကျယ်ဆိုတော့ ကျသွားသည်နှင့် တစ်ပြိုင်နက် ရေမန်းအားလုံး မှောက်သွားချေပြီ။

*****************************

``ထီးလေး …နံရံကို ငါသစ်သားချောင်းနဲ့ခြစ်တာ သွေးတွေ ထွက်ထွက်လာတယ် …´´
``ဟေး…´´
``ဟုတ်တယ် …ဒီမှာကြည့်…´´
``ဟာ …ဟိုမှာ မီးရောင် တွေ့ပြီ အဲ့…အဲ့ဒါ …မျှားလေးတို့ပဲ ဖြစ်ရမယ် …´´
``လှမ်းပြီး အသံပေးလိုက်…တန်ခိုး…´´
``မျှားလေးရေ …မျှားလေးတို့လား …ငါတို့ မီးအားမရှိတော့လို့ …ငါတို့အသံကို ကြားလား …´´

``လုပ် …လုပ်ပါဦး…အစ်ကိုအောင် ကျမနာမည်ကို ခေါ်နေပြန်ပြီ …´´
``မမ …မ…မထူး…နဲ့နော် …´´
``အေး…အေး …သူဇာ မကြောက်နဲ့နော် …´´

``မျှားလေးတို့ မဟုတ်ဘူးနဲ့တူတယ် …တန်ခိုး …ပြန်မထူးပါလား…´´
``လာလာ …ပိုသေချာအောင် အနားသွားမယ် …´´
``ဟာ…ဟေ့ယောင် …မင်း ဓာတ်မီးအရောင်လေး နည်းနည်းကျန်သေးတာပဲ အချက်ပြလိုက်လေ …ခေါ်နေရင် ထူးမှာ မဟုတ်ဘူး …´´
``အော် …အေးအေး…ငါလဲ ရုတ်တရက်ဆိုတော့ မေ့နေတာ…´´

ထီးလေးပြောလိုက်မှ ပိတ်ထားတဲ့ ဓာတ်မီးအရောင် မှိန်မှိန်လေးကို လှုပ်ခါယမ်းပြလိုက်တော့မှ
 ``မဟုတ်ဘူး…မမျှားလေး ကိုထီးလေးတို့…ကိုထီးလေးတို့ ထွက်ပေါက်တွေ့လို့ ပြန်လာခေါ်တာ ဖြစ်မယ် …´´
``ကိုထီးလေးတို့လား…ကျုပ် အောင်ကိုအသံကိုကြားလား …´´

``ဟာ…ဟုတ်တယ် မမ အစ်ကိုထီးလေးတို့…´´
``ထီးလေး ထွက်ပေါက်တွေ့ပြီလား …ဘယ်နားလဲ …ဘယ်မှာလဲ …မြန်မြန် ပြောစမ်းပါ…´´
``စိတ်အေးအေးထားပါကွ …ငါးလေး´´
``ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲကွ …ပြောစမ်းပါကွာ…တွေ့ခဲ့ပြီလား…´´

ဦးအောင်တင်နဲ့ ဆုံခဲ့သမျှကို တန်ခိုးပြောပြလိုက်တော့
``ဟာ…ဒါဆို …ဦးလေးတင်အောင်ပြောတာ အမှန်ပဲ …ကဲ…ခင်ဗျားတို့ စိတ်အေးအေးထားကြ…ထွက်ပေါက်အစတော့ရပြီ…´´

ဓာတ်မီးတစ်လက်ဖြင့် တန်ခိုးအရှေ့မှ ဦးတည်ကာ မှတ်သားရာ လမ်းအတိုင်း လျောက်လာပါတော့သည်။ သူတို့ မျက်စိလည်ခဲ့သည့် အကြောင်းကို အောင်ကို့ကိုပြောလိုက်တော့ …

``ဒီလိုတွေ ဘာလို့ ဖြစ်ရတာလဲ အစ်ကို အောင် …´´
``နောက်တော့မှ ကျုပ် အားလုံးပြောပြပါ့မယ်…´´

ဓာတ်မီးဖြင့် အရှေ့မှာ ဦးဆောင်နေသည့် တန်ခိုးတစ်ယောက် တုန့်ခနဲ ရပ်တန့်သွားပြီး
``တန်ခိုး…တန်ခိုး…မင်း…မင်းဘာဖြစ်တာလဲ …´´
``ဟို…ဟိုမှာ နံရံကို ကြည့်လိုက်စမ်း ထီးလေး…´´

တန်ခိုးမီးထိုးပြရာသို့ ထီးလေး ကြည့်မိလိုက်တော့…

``မနက် အာရုံတတ်ချိန် မင်းတို့ ဒီကမထွက်သွားသေးရင်  ဒီအိမ်ကြီးမှာ အပြီးနေရစေသတည်း…နှစ်တစ်ရာ ကျိန်စာ …´´

သွေးဖြင့်ရေးထားသော နံရံမှ စာကို အားလုံးဖတ်လိုက်ကြပြီ…
``နေဦး…အားလုံးဖတ်လိုက်ကြပြီလား……´´
``ဖတ်…ဖတ်လိုက်…ပြီး…ကိုအောင် ဘယ်လို လုပ်ကြမလဲ…´´
``ဟာ…မဖတ်ဖို့ ကျုပ်တားတာ နောက်ကျသွားပြီး…ဒါကျိန်စာတိုက်ထားတာ  ဖတ်မိတာနဲ့ သူရေးထားတဲ့အတိုင်း ပုဏ္ဍကနက္ခတ်အပြည့်မိပြီ…´´
``ဟင်…ဒါ…ဒါဆို ဘယ်လို လုပ်ကြမလဲ …´
``မတတ်နိုင်တော့ဘူး …ဦးတင်အောင်ပြောထားတဲ့ လမ်းအတိုင်းပဲ …မနက်လေးနာရီ မကျော်ခင်အချိန် ထွက်ပေါက်ကို ရှာတွေ့မှ ရတော့မယ်…´´
``ဟာ…ဒီ…ဒီနေရာ…´´
``ဟာ…မှတ်မိပြီး ဒါအခုန ငါတို့ သုံးယောက် လမ်းရွေးခဲ့တဲ့နေရာပဲ …ဟုတ်တယ်မလား ထီးလေး ကြညိ့ပါဦး…´´
``ဟုတ်တယ် …ဟုတ်တယ် …ဦးလေးပြောတဲ့အတိုင်း ညာဘက်လှေကားဘက်ကို ဆင်းမယ်…ကဲ …အားလုံးသတိဝီရိယရှိပလိမ့်စေနော် …´´
``ဟုတ်တယ် …မီးကတစ်လက်တည်းဆိုတော့ အရှေ့ကနေ ငါဆင်းမယ် တန်ခိုး …ဓာတ်မီး …ငါ့ကိုပေး …´´
``ရတယ် …ထီးလေး …ငါပဲ အရင်ဆင်းပါ့မယ် …မင်းက အားလုံး အနောက်မှာ နေပေးလိုက် …´´
``ကိုအောင် အဆင်ပြေရဲ့လား…´´
``ကျုပ်အတွက် ဘာမှမပူကြနဲ့ …ခင်ဗျားတို့ အားလုံးပဲ ဂရုစိုက်ကြ …´´
``သတိထား ဆင်းကြ …လှေကားတွေက ဆွေးနေပြီး…´´
``တည့်တည့် ဆင်းရမယ် …ပြီးရင်…လှေကားအကျိုး တစ်ခုတွေ့လိမ့်မယ်တဲ့ …´´
``အဲ့ဒါဆို ထွက်ပေါက်ရောက်ပြီလား …´´
``မသိဘူး …ဦးလေးတင်အောင် ပြောလို့ မဆုံးသေးပဲ အသံပျောက်သွားတာ…´´
``ဟာ…ဒါဆို ဘယ်လို ဆက်လုပ်ကြမလဲ …ဒီမှာ ၃နာရီခွဲတော့မယ် …´´
``ဟင်…၃ နာရီခွဲတော့မယ် ဟုတ်လား…ဒါဆို ဘယ်လို လုပ်မလဲ…´´
``ဟာ…ဦးလေး…ပြောတဲ့နေရာအထိ အရင်ရောက်အောင် သွားပါဦး …အဲ့ရောက်တော့မှ တစ်ခုခု ကြံကြံတာပေါ့…ကဲ…သွား…သွား…´´
တစ်ဖွဲ့လုံး လှေကားအတိုင်း ဆင်လာကြပြီး
လှေကားဆုံးသွားတော့ …
``ဟင် …အရှေ့မှာ တံခါး သော့ခတ်ထားပါလား…ဘယ်လို လုပ်မလဲ…´´
``ဟာ ဟုတ်တယ် သော့ခတ်ထားတယ် …´´
``ဟာ…သွားပါပြီ ၃နာရီ ခွဲပြီးနေပြီ…တစ်ခုခုပြောကြပါဦး…´´
``ဟင်…သော့…´´

မျှားကလေးက သော့ကို သတိရသွားပြီး…

``ထီးလေး…သော့…ဟိုသော့နဲ့ ရမလား…မသိဘူး …သော့ပေး…´´
ဘောင်းဘီ အိတ်ထဲကိုနှိုက်ခါ ထီးလေး သော့လှမ်းပေးလိုက်တော့သည်။
``ရော့…ရော့…´´

မျှားလေး လှမ်းယူလိုက်ပြီး သော့ကလောက်ထဲကို ထိုးလိုက်တယ်။
``ဟာ …ကျပ်နေတာပဲ …´´
``သော့ …သူ့သော့ဟုတ်လား…´´
``ဟုတ်တယ် …ဒါပေမယ့် ဖွင့်လို့မရပါလား…´´
``ပေးပေး…ငါဖွင့်မယ်…´´
လမ်းကလေး သော့ကိုယူကာ ထိုးဖွင့်သော်လဲ မရ တစ်ယောက်ပြီး တစ်ယောက် အားအကုန်သုံးဖွင့်သော်လဲ မရတာကြောင့်
``ဘာလို့မရတာလဲ…ရော့…ထီးလေး ဓာတ်မီး ခဏကိုင်ထား ငါ့ဖွင့်ကြည့်မယ် …´´
ပြောပြောဆိုဆိုဖြင့် ထီးလေးကို ဓာတ်မီးလှမ်းပေးကာ သော့ကို တန်ခိုး ထိုးဖွင့်လိုက်တော့
``ဟာ…ပွင့်သွားပြီး…´´
``ဟာ…ပွင့်ပြီဟေ့…´´
``ထီးလေး ငါ့ကို ဓာတ်မီးပေး…အရှေ့ကနေ ငါ အရင်သွားမယ်…အမလေး…အား…´´

ဓာတ်မီးလှမ်းယူလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ တန်ခိုးတစ်ယောက် အောက်သို့ ပြုတ်ကျသွားပါတော့သည်။
          ``အား´´
``တန်ခိုး………´´
``တန်ခိုး…ပြုတ်ကျသွားပြီ…´´
``တန်ခိုး…တန်ခိုး…ဟာ …ဦးတင်အောင်ပြောတဲ့ လှေကားအကျိုးက ဒီဟာပဲ …´´
``ဟာ …တံခါး…ဖွင့်လိုက်တာနဲ့…ပြုတ်ကျသွားအောင် တမင်လုပ်ထားတာ…´´
``တန်ခိုးကို …ဘယ်လို…လုပ်ကြမလဲ …´´
``ထီးလေး …တန်ခိုးကို ကယ်ပါဦး…´´
``လုပ်ကြပါဦး …တန်ခိုး…ကိုကယ်ကြပါဦး…´´

တံခါး အပေါက်မှ နေ၍အောက်ကို လှမ်းကြည့်နေကြပြီ တန်ခိုး ကိုသာ လှမ်းအော်ခေါ်နေကြတော့သည။်

*****--*********************
``ထီးလေး …ကိုအောင် …ဘယ်လို လုပ်ကြမလဲ…လုပ်ပါဦး တန်ခိုး …ဘယ်ထဲကို ကျသွားတာလဲ …´´

သက်ပြင်းတစ်ချက်ကို ချကာ အောင်ကိုက
``မထူးတော့ဘူး …ကျုပ်တို့ ၄ နာရီလဲ ထိုးတော့မယ် …ကိုတန်ခိုးကိုတော့ ထားခဲ့မှ ရတော့မယ် …´´
``ဟာ…မထားနိုင်ဘူး…ကျမတို့က သေအတူ ရှင်မကွာ သူငယ်ချင်းတွေ တန်ခိုးကို ထားပြီး မသွားနိုင်ဘူး…´´
``ဟာ…ဒါဆို ပုဏ္ဍက စက်ကွင်းထဲမှာ အားလုံး အသေခံမှာလား…´´
ထီးလေးက ခေါင်းကို ငိုက်စိုက်ကာ ဝမ်းနည်းနေသော်လဲု
``ဟုတ်တယ် …မျှားလေး မိုးလင်းမှ ငါတို့ တန်ခိုးကို ပြန်လာရှာမယ် …အခုတော့ ကိုအောင်ပြောသလို လုပ်မှရမယ် …´´
မျှားလေးကတော့ ငိုနေလျက် မဖြစ်နိုင်တော့တဲ့အခြေနေမို့ မျှားလေး ဝမ်းနည်းစွာ စိတ်ကို လျော့ပြီး
``တန်ခိုး…တန်ခိုး…ငါ့သူငယ်ချင်းလေး ဘာမှ မဖြစ်ပါစေနဲ့…´´
``ကိုထီး…ကျုပ်ဟိုဘက်ကို အရင် လှမ်းခုန်ကူးလိုက်မယ် ပြီးမှ ခင်ဗျားတို့ကို တံတားထိုးပေးမယ် …´´
``ကိုအောင် …သတိထား…´´

၅ပေမျှ ကျယ်ဝန်းလှတဲ့ အပေါက်ဆွေကြီးကို ကိုအောင်တစ်ယောက် အရှိန်ယူကာ လှမ်းခုန်လိုက်ပြီး …
``ကိုအောင်…သတိထားနော်…´´
``ရပြီ…ရပြီ…ကျုပ် တံတားလုပ်ပေးမယ်…ဖြေးဖြေးချင်း ခင်ဗျားတို့ တစ်ယောက်ခြင်းလာခဲ့ကြ…´´
ဟုဆိုကာ ဘေး ဘယ် ညာ ရှိ  သစ်သားတစ်ချောင်းကို ထိုးပေးလိုက်တော့သည်။

****************************-

အပိုင်း (၁၂) သို့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages