တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၁၉)
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)
ကျွန်ုပ်တို့၏ သံပြိုင်ထွက်ပေါ်လာသော စကားသံကြောင့် ထိုင်ခုံတွင် မထိုင်သေး သူ၏ နှုတ်မှ
'ဟင် … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး '
ဟု အံ့သြတကြီး ခေါ်လိုက်လေတော့သည်။ ထို့နောက် ကျွန်ုပ်တို့အား စူးစိုက်ကြည့်လိုက်ပြီး
' မနက်ဖြန် ရုံတင်ရမယ်ဆိုတဲ့ ဖောက်ထွင်းမှု့တရားခံတွေက … မင်းတို့ ငါးယောက်လား '
' သိပ်ဟုတ်တာပေါ့ … ကိုမောင်ဝင်းရယ် '
' ဟင် … ဘယ်လိုတွေ ဖြစ်ရတာလဲ … ငါလဲ ဒီစခန်းကို မင်းတို့ အမှု့ကြောင့်ပြောင်းလာရတာ … ဘယ်လိုဖြစ်ရတာလဲ ပြောပါဦး…'
' ဒီလို … ကိုမောင်ဝင်းရ … ပြောရရင် အရှည်ကြီးပဲ … တကယ်တော့ ကျွန်တော်တို့က တကယ့်တရားခံ အစစ်တွေ မဟုတ်ဘူး … မတရားတဲ့ အမှု့ကြီးတစ်ခုကို ဖော်ထုတ်ဖို့ ကြိုးစားရင် အခုလို ဖောက်ထွင်းတရားခံတွေလို့ အစွတ်စွဲခံရတာပဲ'
' မင်းတို့ ငါးယောက်အကြောင်းကို ငါကောင်းကောင်းသိပါတယ် … ပြောစမ်းပါဦး … မင်းတို့ ဘက်ကနေ သက်သေလိုက်လို့ရမယ့် အမှု့မျိုးဆို အစွမ်းကုန် ငါကူညီပြီး သက်သေလိုက်ပေးမယ် '
' ဟာ … သိပ်လိုက်လို့ရတဲ့ အမှု့ပေါ့ဗျာ … တစ်ခြား စခန်းမှူးဆိုရင်တောင် ကျွန်တော်တို့ အခုပြောပြမယ့် စိတ်ကူးယဉ်ဆန်ဆန် အကြောင်းကို လက်ခံမှာ မဟုတ်ဘူး …အခု ကိုမောင်ဝင်းဖြစ်နေတော့ ကျွန်တော်တို့ မချွန်းမချန်အားလုံး ပြောပြရဲသွားပြီး'
' ဒီလိုဗျ … လွန်ခဲ့တဲ့ ၆ လလောက်က ပဲခူးမြို့အစွန်မှာ ရက်ရက်စက်စက် လူသတ်မှု့ကြီး တစ်ခုဖြစ်ခဲ့ဘူးတယ် … ဆိုင်ကယ် ကယ်ရီသမားလေး တစ်ယောက်ကို သူဌေးရဲ့ တပည့်လူမိုက်တွေက ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး အလောင်းကိုဖျောက်ခဲ့ကြတယ် '
' ဟေး … အဲ့ဒီလူသတ်မှု့နဲ့ မင်းတို့နဲ့က ဘယ်လိုများ ပတ်သတ်နေကြတာလဲ … မဟုတ်မှ လွဲရော … ပရလောကနဲ့ မင်းတို့ အဆက်သွယ်ရပြီ… ဒီအကြောင်းတွေကို သိခဲ့ရတာများလား'
' ဟာ … သိပ်တော်တာပဲ ကိုမောင်ဝင်းရာ … ဒါကြောင့်လဲ အချိန်တိုတိုအတွင်းမှာ ဒီလိုနေရာမျိုးကို ရောက်လာရတာဖြစ်မယ်… ဟုတ်တယ်ဗျ … တစ်ခြား စခန်းမှူးတစ်ယောက်ဆိုရင် ကျွန်တော်တို့ အခုပြောတဲ့ စကားတွေကို လက်ခံမှာ မဟုတ်ဘူး … အခု ပရလောကအကြောင်းကို နားလည်ထားတဲ့ ကိုမောင်ဝင်းဖြစ်နေတော့ ကျွန်တော်အစ အဆုံးပြောပြပါ့မယ် '
သူ၏ တာဝန်စားပွဲဝိုင်းအရှေ့တွင် ကျွန်ုပ်တို့အား တရားခံများဟု သဘောမထားပဲ မိတ်ဆွေအဟောင်းများအား ပြန်လည်တွေ့ရသော ပုံစံဖြင့်သာ စခန်းမှူးကြီးမောင်ဝင်း ရင်းနှီးစွာဖြင့် ပြောဆိုဆက်ဆံနေခဲ့သည်။ ထို့နောက် ဝိဥာဉ်မောင်ကျော်၏ ရင်နှစ်ဖွယ် ဖြစ်ရပ်တို့နှင့် ကျွန်ုပ်တို့အား ဖောက်ထွင်းတရားခံဘဝသို့ ရောက်ရှိလာပုံတို့အား ပြောပြစေရန် နေရာပေးကာ ခုံများတွင် အသီးသီးနေရာယူ ထိုင်စေခဲ့သည်။ ဝိဥာဉ်မောင်ကျော်ပြောပြခဲ့သော သူ၏ အကြောင်းနှင့် ကျွန်ုပ်သိသမျှ အကြောင်းစုံရှင်းပြတော့မည်ဟု ကြံဆထားလျက် နှုတ်မှ ရွယ်လိုက်စဉ်မှာပဲ
' ထီးကလေး … '
ထိုအသံဟာ တစ်ချိန်တစ်ခါက ကျွန်ုပ်တို့နှင့် ရင်းနှီးစွာ ကြားခဲ့ဘူးသော အသံပိုင်ရှင်ဖြစ်သည့်အလား တစ်ချိန်တစ်ခါက ကျွန်ုပ်နှင့် သူငယ်ချင်းများ အားကိုး အားထား ပြုခဲ့ဘူးသော အသံပိုင်ရှင်လဲ ဖြစ်ပေသည်။ ထိုသူနှင့် ပြန်လည်ဆုံတွေ့ချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာလျက် မဆုံတွေ့ဖြစ်ခဲ့ချေ။ ထို့နောက် အသံပိုင်ရှင်အား ကျွန်ုပ်နှင့် သူငယ်ချင်းတစ်စုတို့ လျင်မြန်စွာ လှည့်ကြည့်လိုက်လေရာ
' ဟင် … အစ်ကိုအောင် '
ကျွန်ပ်တို့အား အကြိမ်ကြိမ်အခါခါ သေဘေးအမျိုးမျိုးမှ မားမားမတ်မတ်ရပ်ခါ ကာကွယ်ပေးခဲ့ဘူးသော ကိုအောင်ကိုပင် ဖြစ်နေချေတော့သည်။
' ဟာ … အစ်ကိုအောင် … အတော်ပဲဗျာ … အချိန်အခါ သင့်လိုက်တာ … '
စခန်းဝင်ပေါက်မှ တစ်ဆင့် ကျွန်ုပ်တို့ရှိနေရာ စခန်းမှူကြီး တာဝန်စားပွဲဝိုင်းအနားသို့ သူ့အား လှိုက်လှဲစွာ ခေါ်လိုက်တော့သည်။ အစ်ကိုအောင်နှင့်အတူ ကျွန်ုပ်၏ ဖခင်ဖြစ်သူတို့ ရောက်ရှိလာကြပြီး
' ဘယ်လိုတွေ ဖြစ်ရတာလဲဗျာ … ကျုပ်ဖြင့် ခင်ဗျားတို့ အကြောင်းကြားကြားချင်း လိုက်လာခဲ့တာ '
စိုးရိမ်တကြီး မေးမြန်းနေသော အစ်ကိုအောင်၏ စကားများအား အေးဆေးတည်ငြိမ်သော အပြုံးတစ်စုံနှင့် သူ့အား ကျွန်ုပ်ပြန်လည် ပြုံပြလိုက်ချေသည်။ အေးစက်စွာဖြင့် ပြုံးပြလိုက်သော ကျွန်ုပ်အား အစ်ကိုအောင်တစ်ယောက် ကြောင်တောင်တောင် မျက်လုံးတစ်စုံဖြင့် ကြည့်နေခဲ့သည်။
' အဲ့ဒီအကြောင်းတွေ ကျုပ်အခုပဲပြောပြမလို့ … အစ်ကိုအောင်လဲ ရောက်နေပြီဆိုတော့ ကျုပ်တို့ ဒီအမှု့ကြီးကို ကောင်းကောင်းဖော်ထုတ်နိင်မှာ သေချာသွားပြီး '
ဝမ်းသာစွာ ကျွန်ုပ်ပြောလိုက်သည့် စကားများအား အစ်ကိုအောင်နှင့်အတူ ကျွန်ုပ်၏ ဖခင်ဖြစ်သူတို့ ကြောင်တောင်တောင်ကြည့်နေမိသည်။ ထို့နောက် ဝိဥာဉ်မောင်ကျော်နှင့် ဆုံတွေ့ခဲ့သမျှ အကြောင်းတို့အား ကျွန်ုပ်ပြန်လည်၍ မချွန်းမချန် ပြောပြလေတော့သည်။ ။
' တော်သေးတာပေါ့ဗျာ … အလောင်းကို ပြန်တွေ့ရတာပဲ … '
' ကဲ … စကားများမနေနဲ့ အချိန်သိပ်မရှိဘူး … မြန်မြန်နေရာရွေ့မှရမယ် … '
' ဘယ်နေရာကို ရွှေ့မှာလဲ ဆရာကြီး'
' ခင်ဗျား … အိမ်ကိုပဲ'
' ဗျာ … ဟာဗျာ … ဖြစ် … ဖြစ်ပါ့မလား'
' ဘာလို့မဖြစ်ရမှာလဲ … ခင်ဗျားအိမ်ကို ရွှေ့ထားမှ အကောင်းဆုံးဖြစ်မှာ'
' ဟာဗျာ … တစ်ခြားနေရာကို ရွှေ့လို့မရဘူးလား '
' မရဘူး … တစ်ခြားနေရာမှာဆို ကျုပ်တို့အတွက် မလုံခြုံဘူး ခင်ဗျားအိမ်မှာသာ လုံခြုံမှာ'
' ဖြစ်ပါ့မလား … ဆရာကြီး … အလောင်းကြီးကို ကြည့်ရတာနဲ့တင် ကျုပ်တော်တော်လန့်နေပြီ'
' ခင်ဗျားကလဲဗျာ … ဒါကြီးက အလကားပါ … ဘာမှမလုပ်နိုင်ပါဘူး … ကြောက်မနေနဲ့ တကယ့်အနှစ် ဝိဥာဉ်ကို ကျုပ်တို့ဖမ်းထားပြီးပြီးပဲ … '
' ဒါတော့ … ဒါပေါ့ … ဒါပေမယ့်… '
' ဒီမှာ … ဦးခိုင်ခံ့တင် ခင်ဗျားစကားရှည်မနေနဲ့ ကျုပ်ပြောတဲ့အတိုင်း လုပ်ရင်လုပ် မလုပ်ရင် အလောင်းကို ဒီမှာပဲ ပြန်မြှုတ်ထားလိုက်တော့ … ဟိုချာတိတ်တွေ တရားရုံမှာ အယူခံဝင်ပြီး အလောင်းမြှုတ်ထားတဲ့ နေရာကိုပြောလိုက်လို့ အလောင်းတွေ့သွားရင်တော့ ကျုပ်လဲ မကယ်နိုင်ဘူး '
' ဟင် … အဲ့ …အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ … ရွှေ့… ရွှေ့ပါ့မယ် '
' ဒါဆိုလဲ မြန်မြန်လုပ် … ညဥ့်နက်လာရင် အချိန်အခါ မကောင်းတော့ဘူး … '
ဝိဥာဉ်မောင်ကျော်၏ အလောင်းလေလား အရိုးအားဖြင့် ပေါ်လျက်ရှိနေပြီ။ အသားအရည်ခမ်းခြောက်နေကာ ဆိုးရွားသည့်အနံ့သတ်က ငွေ့ငွေ့မျှ ကျန်နေသေးသည်။ ဦခိုင်ခံ့တင်၏ နေအိမ်သို့ ထိုအလောင်းကောင်ကြီးအား ရွှေ့ရန် မှော်ဆရာကြီးမှ ပြောလိုက်ပြီး ကြောက်ရွှံ့နေသော လူမိုက်ကြီးများကမူ အလောင်းအား ကားအနောက်ဖုံးသို့ လျင်မြန်စွာ ထည့်လိုက်လေတော့သည်။
' ကဲ … ထည့်ပြီးပြီးလား … ပြီးရင် အဲ့ဒီနေရာက မြေကို နဂိုကအတိုငိး သိပ့်နေအောင် ပြန်လုပ်ရမယ် … အကယ်၍ ရဲတွေဒီနေရာကို လာခဲ့ရင် ခြေယာ လက်ယာမပျက်ရှိနေတာပေါ့'
' ဟားဟားဟား … တော်လိုက်တဲ့ ဆရာကြီးဗျာ … ဒါကြောင့် ကျုပ်ဖြင့် အားကိုနေရတာပေါ့ '
' ကဲ … အပိုတွေ ပြောမနေနဲ့ ကားအပေါ်မြန်မြန်တတ် အချိန်မရှိဘူး'
ဝိဥာဉ်မောင်ကျော်၏ အရိုးသာကျန်ရှိနေသော အပုတ်နံ သဲ့သဲ့ကျန်နေသေးသည့် အလောင်ကြီးအား ဦးခိုင်ခံ့တင်နှင့်အတူ မှော်ဆရာကြီး ကားအနောက်ဖုံးသို့ ထည့်ခါ တူးဆွခဲ့သည့် မြေတို့အား ခြေရာလက်ရာမပျက် ထားခဲ့လေတော့သည်။ ညတွင်းချင်းသာလျင် မိမိခြံဒေါင့်၌ အုတ်ကန်တစ်ခုအား အကောင်းဆုံး ပန်းရံသမားများနှင့် အချိန်တိုအတွင်း ဝိဥာဉ်မောင်ကျော်၏ အလောင်းအား အောက်တွင်ခံထားပြီး အုတ်ကန်တစ်ခုအဖြစ် ပြုလုပ်လိုက်တော့သည်။ ထိုအုတ်ကန်အား အသစ်ဟု မထင်မှတ်စေရန် အချိန်ကြာမြင့်စွာ တည်ဆောက်ထားပြီးသော အုတ်ကန်အဟောင်း တစ်ခုဟု ထင်မှတ်ရလေအောင် မှော်ဆရာကြီးမှ သူ၏ မှော်အစွမ်းများနှင့် ပြုလုပ်လိုက်ချေတော့သည်။
ဝိဥာဉ်မောင်ကျော်၏ ရင်နှစ်ဖွယ် ဖြစ်ရပ်တို့်အား ကြားလိုက်ရသည့် စခန်းမှူးကြီး မောင်ဝင်းနှင့်အတူ ကိုအောင်ကိုတို့ဟာ ဝမ်နည်းကြေကွဲသော ပုံရိပ်တို့်အား ဆောင်လျက်
' တကယ်ပဲလား … အခုရော အဲ့ဒီဝိဥာဉ်မောင်ကျော် ထီးလေးဆီလာနေသေလား … '
' မလာတာတော့ တော်တော်ကြာနေပြီ … ကျုပ်တို့ ပထမတစ်ချိန် အချုပ်ခန်းထဲမရောက်ခင်က ကျုပ်ဆီနောက်ဆုံးလာသွားတာပဲ '
' ကိုထီးလေး ပြောပုံအရဆိုရင် ဝိဥာဉ်မောင်ကျော်ရဲ့ အလောင်းမြူတ်ထားတဲ့ နေရာကို သိထားတယ်ပေါ့ … ဟုတ်လား'
' သိတယ် … ကျုပ်တို့ဘက်မှာ ခိုင်လုံတဲ့ သတ်သေ သူ့မိန်းမဖြူဖြူသျှင်းကို မောင်ကျော့်အကြောင်း ပြောပြီးမှ သက်ဆိုင်ရာကို တိုင်ပြီး အလောင်းပြန်ဖော်မလို့ ကြံထားတာ … အခုတော့ အဲ့ဒီအခြေအနေ မပေးလာဘူး '
' ဒါဆို ဖြူဖြူသျှင်း အယောင်ဆောင်ထားတဲ့ မိန်းကလေးကရော ဘယ်သူလဲ … သူကရော အခုဘယ်ရောက်နေလဲ ဖြူဖြူသျှင်းကရော ထီးလေးတို့ပြောတဲ့ ကဝေဘုရင်ကြောင့် ကြောင်တောင်တောင်ဖြစ်နေရတာလား'
' ကျုပ်စခန်းမှူးဘဝတုန်းက အိမ်ဖော်ကောင်မလေး မိတုန်အကြောင်းကို မေးဘူးတယ်ဗျ … ကျုပ်အထင်ပြောရရင် အိမ်ဖော်ကောင်မလေး မိတုန်က ဖြူဖြူသျှင်း အယောင်ဆောင်ထားခဲ့တာများလား … ဦးခိုင်ခံ့တင်ပြောတာတော့ မိတုန်က သူ့အမေနေမကောင်းလို့ ရွာပြန်သွားတယ်တဲ့'
' ရဲမှူးကြီးပြောတဲ့ စခန်းမှူးရာထူးပြုတ်ဆိုတာ ခင်ဗျားလား '
' ဟုတ်ပါ့ဗျာ … ကျုပ်စခန်းမှူးဘဝတုန်းက ထီးလေးတို့ပြောတာနဲ့ ဦးခိုင်ခံ့တင်အိမ်ကို ကျုပ်တို့ဖမ်းဝရမ်နဲ့ ဝင်မွေခဲ့သေးတယ် … ဒါပေမယ့် သူတို့ပြောတဲ့ ဖြူဖြူသျှင်းဆိုတဲ့ မိန်းကလေးမပြောနဲ့ တစ်ခြား မိန်းကလေးအသုံးဆောင် ပစ္စည်းတစ်ခုတောင် မတွေ့ခဲ့ရဘူး'
' အခုနထီးလေးပြောပြခဲ့သလိုပဲ … ခွေးလေးကိုယ်တိုင် ကျုပ်ဆီအမှု့တိုင်သလိုမျိုး ရောက်လာတာနဲ့ ကျုပ်လဲ တရားခံအဖြစ် ချုပ်ထားတဲ့ ထီးကလေးနဲ့ လမ်းကလေးကို အိမ်ကြီးမှာ ဖြူဖြူသျှင်းဆိုတာ ရှိမရှိ ထပ်ပြီးဝင်ဖို့ ခွင့်ပြုလိုက်တာပဲ … ဒါပေမယ့် သူတို့ကို အိမ်ရှင်တွေ မိသွားတော့ ကျုပ်ပါ တရားခံတွေကို လွတ်တဲ့အမှု့နဲ့ ရာထူးပြုတ်ပြီး အခုလိုအချုပ်သားဘဝ ရောက်နေရတာပဲ'
'ဒီလောက်ဆို ကျုပ်သဘောပေါက်ပြီ … ကဲစခန်းမှူးကြီး ဒီအမှု့ကြီး မပေါ်မချင်း ခင်ဗျားလဲ အချုပ်သားဘဝနဲ့ သည်းခံပြီနေပေးပါ… ညဥ့်လဲ နက်နေပြီ … မနက်လင်းတာနဲ့ ခင်ဗျားတို့ အားလုံးကို တရားရုံတင်တော့မယ် … ကျုပ်တစ်ခုတော့ ကူညီနိုင်တယ် မနက် ခင်ဗျားတို့ကို ရုံးမတင်သေးဖို့ ကျုပ်အထက်ကို ပြောထားပေးပါ့မယ် …'
' ဟာ … ကောင်းလိုက်တာဗျာ ကျုပ်တို့ကို မနက်ရုံးတင်လိုက်ရင် ဝိဥာဉ်မောင်ကျော်ရဲ့ တစ်ဖက်က အမှု့ကြီး လစ်ဟာသွားမှာ သေချာတယ်'
' ပြီးတော့ မနက်လင်းတာနဲ့ အဲ့ဒီ အခင်းဖြစ်ပွားတဲ့ ပဲခူးမြို့အစွန်ကို သွားကြမယ် … မောင်ကျော် အလောင်းကို ပြန်ဖော်မယ် '
' ဒါပေမယ့် မောင့်ကျော်သမီးလေးက ဘယ်ရောက်သွားပြီးလဲ … ခွေးလေးကရော အခု ဘယ်သူနဲ့ရှိနေလဲ '
' ခွေးလေးကတော့ ကျုပ်နဲ့အတူ ရှိနေတယ်… ကလေးမလေးကတော့ ဘယ်ရောက်နေလဲ ကျုပ်မသိဘူး'
စခန်းမှူးမောင်ဝင်း၏ အမေးတို့အား ကျွန်ုပ်သိသမျှ အားလုံးဖြေကြားလျက် ဘေးတွင် ငြိမ်သတ်စွာဖြင့် မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိသော ကိုအောင်ကား ရုတ်တရက်
' ဟာ…'
ကိုအောင်၏ နှုတ်မှ အာမေဋိတ် အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာချေသည်။ တစ်ခုခုအား သတိရသွားလေသလား အသံထွက်ပေါ်လာရာ အစ်ကိုအောင်ဆီသို့ ကျွန်ုပ်နှင့်အတူ အားလုံးကြည့်မိလေတော့သည်။
' ကျုပ်ဘူတာရုံကနေ … ကလေးလေးတစ်ယောက်ကို ကယ်လာခဲ့တယ် … အဲ့ဒီကလေးလေးကများ … ထီးလေးပြောတဲ့ မောင်ကျော်ရဲ့ သမီးလေးဖြစ်နေမလား မသိဘူး'
' ဖြစ်လောက်တယ် … ကျွန်တော့သားထီးလေး ခေါ်ထားတဲ့ ခွေးလေးက ဝိဥာဉ်မောင်ကျော်ရဲ့ ခွေးလေးတိုးပွားဆိုတော့ အခုန ကျုပ်တို့ စခန်းကို ထွက်မလာခင်က အဲ့ဒီခွေးလေး မောင်အောင်ကို ခေါ်လာတဲ့ ကလေးလေးကို မြင်တော့ ယောက်ယပ်ခတ်နေတာပဲ … ကလေးလေးကို ကြမ်းပြင်အပေါ်ချပေးလိုက်ရော … ပတ်ပတ်လည် လှည့်ပတ်ပြေးပြီးပျော်နေတာ လူတစ်ယောက်အတိုင်းပဲ'
' ဟင် … အစ်ကိုအောင် ကလေးတစ်ယောက် ခေါ်လာတယ် ဟုတ်လား … အခုဘယ်မှာလဲ '
' အခု ထီးကလေး အိမ်မှာ ထားခဲ့တယ် … ကျုပ်လဲ အမှု့ပတ်မှာဆိုးလို့ ခင်ဗျားတို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်မလို့ ကလေးလေးကို ဘူတာရုံကနေ ခေါ်လာတာပဲ'
' ဟင် … ဘယ်လို အမှု့မျိုးပတ်မှာဆိုးလို့လဲ '
' ဒီလိုဗျ … ကျုပ်ဘူတာရုံမှာ အရှေ့ခရီးဆက်စရာရှိလို့ အချိန်မှန်ရထားကို စောင့်နေတုန်း လူတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့တယ် … နောက်ပြီးတော့ အခုကလေးလေးကို ချီထားတဲ့ လူကြီးက လူဆိုးတွေ ဝိုင်းသတ်လို့ သေသွားပြီး'
ဘူတာရုံမှ ကြမ်းတမ်းလှသော လူကြီးနှင့် ကလေးလေးတို့၏ အကြောင်းအား ကိုအောင်တစ်ယောက် အဝေးကို မျှော်ကြည့်သော မျက်ဝန်းတစ်စုံဖြင့် စခန်းမှူးကြီး ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အား ပြန်လည် ပြောပြနေခဲ့သည်။ ထို့ နောက် လူမမယ်ကလေးလေးအား ကာကွယ်လျက် ခြုံအတွင်းမှ ဝှက်ထားကာ ထိုလူကြီး လက်ညိုးညွှန်ရာဆီမှ ကလေးလေးအား ခေါ်ဆောင်လာခဲ့ကြောင်း ပြောဆိုလေတော့သည်။ ထိုကလေးလေးအား မြင်လျင်မြင်ချင်း မိမိအိမ်တွင် ခေါ်ဆောင်ထားသော ခွေးလေးတိုးပွား၏ သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ သမီးလေးဖြစ်ကြောင်း ဖော်ပြခဲ့ပုံတို့အား ကျွန်ုပ်တို့အားလုံး သိရှိလိုက်ရတော့သည်။
' အဲ့ဒါပဲ … စခန်းမှူးကြီး … ကျုပ်က တောသားပါ ကျုပ်ဆရာနဲ့ နယ်တကာလှည့်ပြီး ပယောဂါလိုက်ကုနေတာပါ … အဲ့ဒီလူကြီးသေတာ ကျုပ်နဲ့ မပတ်သတ်ပါဘူး … ကျုပ်ပြောခဲ့တဲ့ အတိုင်း သူနဲ့ရန်ညိုး ရန်စရှိတဲ့သူတွေ သတ်ခဲ့တာပါ '
လူသတ်မှု့နှင့် ပတ်သတ်၍ မိမိအား အမှု့ပတ်မှာ စိုးရိမ်နေသော ကိုအောင်ကို၏ စကားအဆုံး၌ စခန်းမှူးကြီးမောင်ဝင်း ပြုံးရယ်လျက်
' ဟား … ဟား … ကိုအောင်ကိုကြီးမှာ အပြစ်မရှိပါဘူးဗျာ … ဘာမှပူမနေနဲ့ စိတ်အေးအေးထား … ကလေးမလေးကို ကယ်တင်လာပေးတာနဲ့တင် ကိုအောင်ကိုက လူကောင်းမှန်း ကျုပ်သိလိုက်ပါပြီ'
'ကျေးဇူးပါပဲဗျာ … ဒါဆို ကျုပ်ခေါ်လာတဲ့ ကလေးလေးက ထီးကလေးပြောတဲ့ ဝိဥာဉ်မောင်ကျော်ရဲ့ သမီးလေးဖြစ်နေတာ သေချာသွားပြီးပေါ့'
' သေချာလောက်တယ် … ကျွန်တော်တို့လဲ အဲ့ဒီကလေးလေးကို တစ်ခါမှ မမြင်ဖူးဘူး … အစ်ကိုအောင် ပြောတဲ့ လူကြီးပုံစံအရဆိုရင် ကျုပ်တို့သူငယ်ချင်းတွေ ခွေးလေးတိုးပွားကို ဝယ်ထားလိုက်တဲ့ လူကြီးပဲ ဖြစ်ရမယ် … အခု ဘာဆက်လုပ်ကြမလဲ … စခန်းမှူးကြီး '
' အခု ညဥ့်နက်နေပြီဆိုတော့ ကျုပ်တို့မှာ အချိန်မရှိတော့ဘူး … မနက်ကျမှ ပဲခူးမြို့ကို သွားကြမယ် … ပြီးရင် အလောင်းကို ဖော်ကြမယ် … အလောင်းရပြီဆိုတာနဲ့ အမှု့စလိုက်မယ် … '
' စခန်းမှူးကြီး … သူတို့ဘက်မှာ အောက်လမ်း မှော်ပညာတစ်ဖက်ကမ်းခတ် တတ်တဲ့ ကဝေဘုရင်ရှိနေတော့ သာမာန်ကိစ္စတွေကို ကျုပ်တို့ မြင်တွေ့နိုငိပါ့မလား'
' အင်း … ခတ်သားဗျ … လူလူချင်းဆိုရင် … ရှင်းလို့ရတယ် … ဒီမှော်လောကဆိုတာ သိပ်ဆန်းကြယ်တယ် … ပြီးခဲ့တဲ့ ပဉ္စမမြောက်လက်စားရှင် ပြည့်စုံရဲ့ အမှု့ကိုပဲကြည့်လေ သွေးထွက်သံယို တစ်ချက်မှ မရှိပဲ အတွင်းကလိစာ နှလုံးကို ထွက်ယူနိုင်တယ် … ဒီတော့ မှော်ပညာကို ကျုပ်တို့ ကာကွယ်နိုင်ဖို့တော့ ခတ်ခဲမယ်ထင်တယ် '
' အဲ့ဒီအတွက်တော့ ဘာမှ မပူနဲ့ဗျ … ကျုပ်မှာ မှော်ပညာကို နိုင်တဲ့နည်းတွေရှိတယ် … အိုးဗျာ … မှော်ပညာတင်မကဘူး … ဗျဝိ ဗျတ္တလို အစွမ်းရှိတဲ့ လူစွမ်းကောင်းတွေကိုပါ နိမ်နင်းနိုင်တယ် '
' ဟာ … အစ်ကိုအောင် … ညွန်းလှချည်လားဗျ … လုပ်စမ်းပါဦး ဘာပညာနဲ့ နိုမ်နင်းမှာလဲ '
' ဒါကတော့ ကျုပ်ကိုယ်တိုင် နိုင်နင်းပေးမယ် … ဘာပညာလဲဆိုတာတော့ နောက်မှ ပြောပြမယ်… အဓိဂက အဲ့ဒီလူနားကို ကပ်လို့ရမယ့် အခွင့်အရေးရဖို့ပဲလိုတယ် '
'အာကိုးပါတယ် … အစ်ကိုအောင်ရာ အားကိးုပါတယ် … '
' ကဲ … ကိုထီးလေးတို့ သူငယ်ချင်းတွေနဲ့ စခန်းမှူးကြီးကတော့ ကျုပ်နဲ့အတူ စခန်းမှာပဲ အတူတူနေပေးကြဦး … ကိုထီးလေးအဖေနဲ့ ကိုအောင်ကိုတို့က အိမ်ပြန်ချင် ပြန်လို့ရတယ် '
' ဟုတ်ကဲ့စခန်းမှူးကြီး … ဒါဆို ကျုပ်နဲ့ဦးလေး အိမ်ပြန်ပြီး လုပ်စရာရှိတာတွေ လုပ်လိုက်ဦးမယ် … ကဲကိုထီးလေး လမ်းကလေး မျှားကလေး ငါးကလေး ကိုတန်ခိုး … ကျုပ်ကို ခွင့်ပြုဦး … မနက်ဖြန်မှ ပြန်ဆုံကြမယ် …'
' ဟုတ်ကဲ့… ကောင်းပါပြီ အစ်ကိုအောင်'
အချိန်ကား ည၁၂ကျော်ခန့်ရှိနေခဲ့ပြီ။ ကျွန်ုပ်၏ ဖခင်နှင့်အတူ အစ်ကိုအောင်တို့ စခန်းမှူးကြီးနှင့်အတူ ကျွန်ုပ်တို့အား နှုတ်ဆတ်လျက် အိမ်အပြန်လမ်းသို့ ဦးတည်သွားကြတော့သည်။
'ဟူး … စိတ်ပန်ပင်လိုက်တာဆရာကြီးရာ … မိုးလဲလင်းတော့မယ် … အားလုံးလဲ စီစဉ်ပြီးသွားပြီး … ဟား ဟား … မနက်ဖြန် ဟိုအရာရာပါတဲ့ ချာတိတ်တွေကို အမှု့စစစ်တော့မယ် … ကျုပ်တို့ဘက်က အရာအားလုံး ပိပိရိရိလဲ လုပ်ထားပြီးပြီး … ဘာများလိုသေးလဲ ဆရာကြီး'
' လိုသေးတာပေါ့ … ခင်ဗျား သမီးအယောင်ဆောင်ခဲ့တဲ့ မိန်းကလေးရော … အခုဘယ်မှာလဲ …'
' ရှိတယ်ဆရာကြီး … ကျုပ်မြေအောက်ခန်းမှာ ချုပ်ထားတယ် သူ့ကို အပျက်ရှင်းပစ်လိုက်ရင် ကောင်းမလား … '
' နေဦးဗျ … ရဲက အဲ့ဒီမိန်းကလေးရဲ့ နောက်ကြောင်းကို လိုက်နိုင်သေးတယ် … ဒီတော့ သူ့အကြောင်းကို ခင်ဗျားသေချာသိလား'
' သိတယ် ဆရာကြီး … ကျုပ်မိန်းမ နယ်ဘက်ကို အရောင်းအဝယ်သွားရင် လမ်းဘေးကနေ သနားလို့ဆိုပြီး အိမ်မှာခေါ်ထားခဲ့တာ … သူက တစ်ကောင်ကြွက် ဆွေမျိုးမရှိဘူး'
'ဟုတ်ပြီ … ဒါဆို ရဲက သူ့အကြောင်းမေးရင် နယ်တစ်နယ်ကို ထိုးပြပြီး အဲ့နယ်မှာ အဲ့ဒီကောင်မလေး အယောင်နဲ့သူ့အမေ အယောင်ဆောင်ဖို့ လူနှစ်ယောက် လွတ်ထားလိုက် … ဒါဆို ကျုပ်တို့ဘက်မှာ ဘာစွဲချက်မှ မရှိတော့ဘူးပေါ့ … '
' ဟုတ် … ဟုတ်ကဲ့ဆရာကြီး'
မှော်ဆရာကြီး ဦးမျိုးမြင့်ဟာ အင်မတန်မှ ဥာဏ်အမြော်အမြင်ကောင်းလျက် အများထက် တစ်ကွက် ကြိုတင်မြင်တတ်သူ တစ်ယောက်ဖြစ်သည့်အလား မိမိတို့ဘက်တွင် မည်သည့် မသင်္ကာစရာမှ မရှိစေရန် ဦးခိုင်ခံ့တင်အား အစစအရာရာ အကြံပေးလေခဲ့သည်။ ဦးခိုင်ခံ့တင်ဟာလည်း ထိုမှော်ဆရာကြီး ပြောသည့်အတိုင်း မချွန်းမချန် ဆောင်ရွက်နေခဲ့တော့သည်။
အချိန်ကား မနက် ၆ နာရီတိတိရှိနေခဲ့ပြီ။ ကျွန်ုပ်တို့အား အချုပ်သားများဟု သဘောမထားပဲ မိတ်ဆွေများသဖွဟ် သဘောထားသော စခန်းမှူးကြီးကား ယနေ့၌ ကျွန်ုပ်တို့အား တရားရုံမတင်သေးပဲ စခန်းတွင်သာ ချုပ်ထားမည့် အခွင့်အရေးအား ရရှိခဲ့ကြောင်းပြောလေတော့သည်။ သို့နှင့် ဝိဥာဉ်မောင်ကျော်ဟာ မိမိအား ရက်စက်စွာ သတ်လျက် အလောင်းအား မြှုတ်ထားခဲ့သည့် နေရာအား ကျွန်ုပ်သိရှိထားလျက် ကျွန်ုပ်ဦးဆောင်သည့် အဖွဲ့ကား မနက်မိုးစင်စင်လင်းသည့်နှင့် ထိုပဲခူးမြို့ အစွန်သို့ ရောက်ရှိသွားကြတော့သည်။
' ဒီနေရာပဲ ဖြစ်လိမ့်မယ် … စခန်းမှူးကြီး'
' အင်း … ပတ်ဝန်ကျင်အနေအထားကတော့ တိတ်ဆိတ်နေတာပဲ … ကွင်းပြင်ကလဲ တော်တော်လေး ကျယ်တယ် … အလောင်းကို ဘယ်နေရာမှာ မြှုတ်ထားတာလဲဆိုတာရော ကိုထီးလေး သိလား'
' ဒီနေရာဆိုတာတော့ ကျုပ်သိတယ် … ဘယ်နေရာမှာ မြှုတ်ထားတာလဲတော့ … ကျုပ်မသိဘူး'
' မြေအနေအထားကလဲ မိုးရွာထားတော့ ညီညာမှု့မရှိဘူး … ကျုပ်တို့ထက် အရင်ရောက်ပြီးတဲ့ သူတွေများ ရှိနေနိုင်မလား'
' ဟင် … ဒီ… ဒီမှာ ဖိနပ်တစ်ဖက်ပါလား'
ပတ်ဝန်းကျင်အား စူးစိုက်လျက် မြေအနေအထားအား လေ့လာနေသော စခန်းမှူးကြီး၏ စကားအဆုံး၌ သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ မြေပျော့တွင် စိုက်နစ်နေသော ဖိနပ်တစ်ဖက်အား ရုတ်တရက် လက်ညိုးထိုးပြလိုက်လေသည်။ သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ လက်ညိုးညွှန်ရာသို့ စခန်းမှူးကြီးတစ်ယောက် လျင်မြန်စွာ ကြည့်လိုက်ပြီး
' ဒီဖိနပ်ရဲ့ အနေအထားကို ကြည့်ရရင် အသစ်ပဲရှိဦးမယ် … ပြီးတော့ မြေပျော့ကို နင်းမိပြီး ပြန်ဆွဲနုတ်မရတာနဲ့ ထားခဲ့တာပဲ ဖြစ်မယ် … ဖိနပ်က ဆင်ငါးကောင်ဖိနပ် … မြေအပျော့မှာစိုက်နေတယ် … ကျုပ်အထင် မောင်ကျော့်အလောင်းကို လူတစ်စု ကျုပ်တို့ထက် အရင် လာဖော်သွားပြီနဲ့တူတယ်'
' ဟာဟိုမှာကြည့်ဦး'
ကွင်းပြင်ဘေးပတ်ပတ်လည်အား လိုက်လံကြည့်ရှု့နေသည့် သူငယ်ချင်းဖြစ်သူ တန်ခိုးကား ထပ်မံ၍ ကွင်းပြင်တစ်နေရာအား ညွှန်ပြလိုက်လေပြန်သည်။ သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ညွှန်ပြရာသို့ ကြည့်မိလိုက်သည်နှင့် သပ်ယပ်မှု့မရှိစွာ မြေပြင်အား သိပ့်လျက်ထားသော ပုံစံကိုတွေ့လိုက်ရလေပြန်သည်။
' သေချာသွားပြီး … ညက ကျုပ်တို့ထက် ဦးတဲ့ သူတွေ မောင်ကျော်ရဲ့ အလောင်းကို လာဖော်သွားကြပြီ'
' ဟင် … ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ … အလောင်းကိုရော … ဘယ်သူတွေ လာဖော်သွားကြတာလဲ '
' ဘယ်သူတွေဖြစ်မှာလဲ … ဝိဥာဉ်မောင်ကျော်ရဲ့ ယောက်ခမကြီးပဲ ဖြစ်မှာပေါ့'
' ဟင် … ဒါဆို ဘယ်လို လုပ်မလဲ '
' သူ့အိမ်ကို လိုက်သွားကြမယ် '
' ကျုပ်တို့ သူငယ်ချင်းတွေပါ လိုက်လာလို့ရမလား'
' သိပ်ရတာပေါ့… ကဲ… ဒီနေ့တော့ ဦးခိုင်ခံ့တင်နဲ့ ကြံရာပါတွေကို လက်ရဖမ်းစီးနိုင်ပြီပဲ သွားကြမယ် … '
' ကိုအောင်ကိုနဲ့ ထီးလေးအဖေလဲ ခရေပင်ရိပ်မွန် အိမ်ယာ ရပ်ကွက်ထိပ်မှာ စောင့်နေမယ်လို့ ပြောတယ် စခန်းမှူးကြီး…'
' သိပ်ကောင်းတယ် … သူတို့တွေကလဲ ဂိုဏ်းဆရာတွေ ဆိုတော့ မှော်ဆရာကြီးရဲ့ ပညာတွေကိုလဲ အတော်အသင့် ကာကွယ်နိုင်မှာ သေချာတယ် … ကဲ … ကားပေါ်တတ်ကြတော့'
ကျွနိုပ်တို့နှင့်ဦးစွာ မောင်ကျော်၏ အလောင်းအား ထိုနေရာမှ ဦးခိုင်ခံ့တင်နှင့် မှော်ဆရာကြီးတို့ လာရောက်တူးဖော်သွားကြောင်း ပတ်ဝန်းကျင်၏ ဖြစ်ပျက်မှု့များကို အကဲခတ်လျက် စခန်းမှူးကြီးတစ်ယောက် ကောင်းစွာ သဘောပေါက် နားလည်သွားချေတော့သည်။ သို့နှင့် အပိုင်ရဲစခန်းမှ ရဲကားဖြင့် ပဲခူးမြို့စွန်မှ ဦးခိုင်ခံ့တင်၏ နေအိမ်သို့ ကျွနိုပ်တို့နှင့်အတူ စခန်းမှူကြီး သွားရောက်ချေတော့သည်။ ထိုခရေပင် ရိပ်မွန် အိမ်ယာ ရပ်ကွက် ထိပ်သို့ အပိုင်ရဲကား စိုက်ရောက်လာသည်နှင့် ကျွနိုပ်၏ ဖခင်ဖြစ်သူနှင့်အတူ အစ်ကိုအောင်အား ဦးစွာကြိုတင် စောင့်နှင့်နေသည်ကို တွေ့ရှိလိုက်ရတော့သည်။ ထိုသူတို့အား တွေ့လိုက်သည်နှင့် စခန်းမှူးကြီးမှာ ကားအားရပ်လျက် ဖခင်ဖြစ်သူနှင့် အစ်ကိုအောင်တို့ပါ ကားပေါ်သို့ ခေါ်ဆောင်လေတော့သည်။ ထို့နောက် အစ်ကိုအောင်၏ လက်အတွင်းမှ အထုတ်အမည်းတစ်ခုအား ဆွဲကိုင်ထားသည်ကို တွေ့ရှိရသောကြောင့် ကျွန်ုပ်ကား
' ဟင် … အစ်ကိုအောင် လက်ထဲက အထုတ်ကြီးက ဘာအထုတ်ကြီးတုန်း'
ကျွန်ုပ်၏ အမေးစကားကြောင့် မိမိလက်ထဲတွင် ကိုင်ထားသော ထိုအထုတ်အမည်းကြီးအား ငုတ်ကြည့်လျက် အစ်ကိုတစ်ယောက် ပြုံးလိုက်သည်။ ထို့နောက်
' သြော် … ဒါလား ဟိုလူယုတ်မာ ကဝေဘုရင် မှော်ဆရာကြီး ဦးမျိုးမြင့်ကို အနိုင်ယူမဲ့ အထုတ်လေဗျ … ဟား … ဟား …'
ထိုသို့ပြောလျက် အစ်ကိုတစ်ယောက် ခပ်ပြုံးပြုံးဖြင့် ရှိနေခဲ့သည်။ ထိုအထုတ်ကြီးဟာ မည်သည့်ပစ္စည်းဖြစ်သနည်းဟု ကျွန်ပ်နှင့်အတူ သူငယ်ချင်းများအား အစ်ကိုအောင် တစ်ယောက် ပြန်လည်၍ မဖြေပေးခဲ့ချေ။
***********************************
Post Top Ad
Responsive Ads Here
အပိုင်း(၁၉)ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း
Share This
Tags
# ၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Share This
About Unknown
၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment