အပိုင်း(၂၀) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၂၀) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
          ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
             အလောင်း
                     အပိုင်း (၂၀)
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)



' သြော် … ဒါလား ဟိုလူယုတ်မာ ကဝေဘုရင် မှော်ဆရာကြီး ဦးမျိုးမြင့်ကို အနိုင်ယူမဲ့ အထုတ်လေဗျ … ဟား … ဟား …'
ထိုသို့ပြောလျက် အစ်ကိုတစ်ယောက် ခပ်ပြုံးပြုံးဖြင့် ရှိနေခဲ့သည်။ ထိုအထုတ်ကြီးဟာ မည်သည့်ပစ္စည်းဖြစ်သနည်းဟု ကျွန်ပ်နှင့်အတူ သူငယ်ချင်းများအား အစ်ကိုအောင် တစ်ယောက် ပြန်လည်၍ မဖြေပေးခဲ့ချေ။
ဦးခိုင်ခံ့တင်၏ လုပ်ရက်များအား ရိပ်စားမိလျက် တိကျခိုင်လုံသော သတ်သေများ ရရှိထားကာ မိမိအား လာရောက်ဖမ်းစီးမည့် အပိုင်ရဲစခန်းမှ ကားအား သူ၏ တပည့်ဖြစ်သူ တွေ့ရှိလိုက်သည်နှင့် ဦးခိုင်ခံ့တင်၏ နေအိမိသို့ အသည်းသန်လာရောက် ပြောလေတော့သည်။
' ဆရာကြီး … ဆရာကြီး '
ခြံဝန်းအတွင်းအပြေးဝင်လာလျက် ဦးခိုင်ခံ့တင်အား အိမ်ကြီး အောက်ထပ်ဆီမှ သူ၏တပည့်ဖြစ်သူ အလောတကြီး အော်ခေါ်နေခဲ့သည်။ ထိုအသံအား ကြားလိုက်ရသော ဦးခိုင်ခံ့တင်နှင့်အတူ မှော်ဆရာကြီး အပေါ်ထပ် စာဖတ်ခန်းအတွင်းမှ လျင်မြန်စွာ ထွက်လာပြီး
' ဟေး … ထွန်းလှ ဘာဖြစ်လာတာတုန်း '
ဆရာဖြစ်သူ ဦးခိုင်ခံ့တင်၏ အမေးတို့အား တပည့်ဖြစ်သူ ထွန်းလှဆိုသူ ချက်ချင်းပြန်လည် မဖြေနိုင်သေးပဲ မောဟိုက်နေလျက် ခဏအကြာမှ
' ဟို … ဟို … ရဲ … ရဲကားကြီးတစ်စီး ဆရာကြီးခြံကို ဦးတည်ပြီးလာနေကြတာ … ကျုပ်တွေ့လိုက်တယ်'
' ဟေး … ဟာကွာ … ဟိုကောင်တွေကို ရုံးတင်မယ့်အကြောင်း လာပြောတာလားမှ မသိတာ … ဘာဖြစ်လဲ လာပါလိမ့်စေပေါ့'
' မဟုတ်သေးဘူးနော် … ဆရာကြီး … ကျုပ်ထောင်ထဲကို ခဏခဏ ဝင်နေတာ ရဲတွေရဲ့ ပုံစံကိုအကဲခတ်ကြည့်နိုင်တယ် … အခုလာတဲ့ ပုံစံက တရားခံကို ဖမ်းမဲ့ ပုံစံမျိုး … ဆရာကြီးကို စိုးရိမ်လို့လာပြော … ပြီးတော့ ဟိုချာတိတ်ငါးယောက်လဲ ပါလာတာ တွေ့လိုက်တယ် '
' ဟေး … ဒါဆို ဆရာကြီးလုပ်ပါဦး '
တိကျစွာ ပြောဆိုနေသော တပည့်ဖြစ်သူ ထွနိးလှ၏ စကားများအား ဦးခိုင်ခံ့တင်တစ်ယောက် ကြားလိုက်ရသည်နှင့် အနီးရှိ မှော်ဆရာကြီးအား အားကိုးတကြီး တမ်းတလိုက်လေတော့သည်။
' မင်းဘယ်နားလောက်မှာ တွေ့ခဲ့တာလဲ'
' ကျုပ် ဆိုင်ကယ်ဆီဖြည့်နေတုန်း … ရပ်ကွက်ထဲကို ဦးတည်လာတာ တွေ့တာပဲ … အခုလောက်ဆို ဂိတ်ဝလောက်တော့ ရောက်နေလောက်ပြီ'
' ဟင် … ဒါဆို မမှီတော့ဘူး ဦးခိုငိခံ့တင် … နည်းနည်းလောက် လှမ်းနေသေးရင် သူတို့ဒီကို ရောက်မလာနိုင်အောင် ကျုပ်လုပ်ပေးနိုင်တယ် အခုတော့ အချိန်မမှီတော့ဘူး … ကျုပ်ပြောတဲ့ အတိုင်းသာ ခင်ဗျားလုပ်ပေတော့ '
' ဟုတ် … ဟုတ် … '
'ရဲတွေ ခြံထဲဝင်လာတာနဲ့ ဟန်မပျက်ပဲ ခင်ဗျားဧည့်ခန်းစကားပြော … တတ်နိုင်သလောက် အချိန်ကို ရအောင်ဆွဲထား … တကယ်လို့ ကျုပ်တို့အကြောင်းကို သူတို့ဘက်က ခိုင်လုံတဲ့ သက်သေပြပြီး ဖမ်းစီးမလို့ လုပ်နေပြီဆိုရင်… ကျုပ်ကို အချက်ပြလိုက် ကျုပ်ပညာစပြမယ် … '
' ဟုတ်ကဲ့ … ဆရာကြီး … အားကိုးပါတယ်ဗျာ … အားကိုးပါတယ် '
' တော်ရုံတန်ရုံနဲ့တော့ ကျုပ်တို့ကို မဖမ်းနိုင်ပါဘူး … ဒါပေမယ့် တိတိကျကျစွတ်စွဲနေပြီး ဆိုရင်တော့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး … ကဲ အချိန်မရှိဘူး … ကျုပ် မပေါ်ထပ်မှာ လိုအပ်တာတွေ စီစဉ်နေမယ်'
မှော်ဆရာကြီးဟာ တုန့်လှုပ်နေသည့် အနီးရှိ ဦးခိုင်ခံ့တင်အား အကြောင်းဆုံမှာထားလျက် အိမ်ကြီး၏ အပေါ်ထပ်ဆီသို့ တတ်သွားကာ သူ၏နောက်ဆုံးမှော်ပညာတို့ဖြင့် ရဲအရာရှိများအား ပြုစားရန် စတင်စီစဉ်လေတော့သည်။ မကြာခင် အချိန်မှာပဲ ဦးခိုင်ခံ့တင်၏ ခြံဝန်းအရှေ့သို့ အပိုင်ရဲစခန်းမှ စခန်းမှူးကြီး ဦးဆောင်သည့် ရဲကားကြီး စိုက်မြိုက်စွာ ရောက်ရှိလာလေတော့သည်။ ကြည်ဖြူစွာ နှင့်သာလျင် ခြံစောင့်ကြီးမှ ကျွန်ပ်တို့နှင့် စခန်းမှူးကြီးတို့အား ခြံကြီးတံခါးဖွင့်ဟပေးလျက် အိမ်အတွင်းသို့ ဖော်ရွေစွာ ခေါ်ဆိုလေခဲ့သည်။ အိမ်ကြီးအတွင်းသို့ မဝင်သေး အိမ်အဝ၌ ရောက်ရှိလာသော စခန်းမှူးကြီးနှင့် ရဲအရာရှိမျာအား ဦးခိုင်ခံ့တင်မှ အပြုံးမျက်နှာဖြင့် ဦးစွာ ခရီးဦး ကြိုနေလေခဲ့သည်။ ထို့နောက် သူ၏ အကြည့်ကား အချုပ်ထဲရောက်နေသည့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းတစ်စုဆီသို့ ရောက်ရှိသွားလျက် အံ့သြသော အမူယာအား ဆောင်ကာ
' ကြွပါဆရာတို့ … ဒီချာတိတ်လေးတွေကို ဒီနေ့ တရားရုံးတင်မယ်ဆို … ဘယ်လိုဖြစ်ပြီး ဒီကိုခေါ်လာရတာလဲ '
ဦးခိုင်ခံ့တင်၏ အမေးစကားများအား စခန်းမှူးကြီးမောင်ဝင်း တစ်ယောက် ပြန်လည်၍ မဖြေသေး ဧည့်ခန်းအတွင်းရှိ ခန်းများတွင် နေရာယူထိုင်လိုက်ပြီး
' နေမှကောင်းရဲ့လား … ဦးခိုင်ခံ့တင်'
' ကောင်းပါတယ်'
' ကျူပ်တို့ အခုလာရင်း ကိစ္စက လွန်ခဲ့တဲ့ ၆လ ၇လ လောက်တုန်းက … ပဲခူးမြို့အစွန်မှာ လူသတ်မှု့ကြီးတစ်ခု ဖြစ်ပွားခဲ့တယ်ဆိုတာ ဦးခိုင်ခံ့တင်ကြားမိလိုက်သေးလား'
' ဗျာ … မကြားမိလိုက်ဘူး … ဘာဖြစ်လို့လဲ ကျုပ်နဲ့များ ဘယ်လို ပတ်သတ်နေလို့လဲ'
' ဒီလိုပါ … ဒီကောင်လေးတွေက အဲ့ဒီအမှု့ကြီးနဲ့ ပတ်သတ်ပြီး သဲလွန်စရထားခဲ့တယ် … အသက်ခံခဲ့ရတဲ့ လူငယ်လေးရဲ့ ဝိဥာဉ်က သူတို့ဆီမှာ အကူညီလာတောင်းလို့ ခိုင်လုံတဲ့ သက်သေရှာရင်း ခင်ဗျားအိမ်ထဲကို ဖောက်ထွင်းဝင်သလိုဖြစ်ခဲ့ရတယ် '
' ဟင် … စခန်းမှူးကြီး ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ဘာပါလိမ့် … ကျုပ်သိပ်နားမလည်ဘူး'
' ဟုတ်ပြီ … ခင်ဗျားသမီး ဖြူဖြူသျှင်းဆိုတာ ဒီအိမ်ကြီးမှာ ရှိလား'
' ရှိပါတယ် … နိုင်ငံခြားကနေ ပညာတော်သင် ပြန်လာတာ မကြာသေးပါဘူး'
' ကျုပ်တို့ အဲ့ဒီမိန်းကလေးနဲ့ ခဏလောက်တွေ့လို့ရပါ့မလား'
' ရပါတယ် … သမီးရေ … သမီးဖြူလာပါဦး'
ဧည့်ခန်းဆီမှ ဦးခိုင်ခံ့တင်၏ ခေါ်သံအားကြားလိုက်ရသည့်နှင့် ဧည့်ခန်းဆီသို့ မိန်းကလေးတစ်ယောက် ဝင်ရောက်လာလေခဲ့သည်။ သူမကား လင်ယောကျာ်းဖြစ်သူ ဝိဥာဉ်မောင်ကျော်နှင့် ပတ်သတ်ခဲ့သမျှအတိတ်အကြောင်း အားလုံးအားမေ့မျောနေခဲ့သည့် ဝိဥာဉ်မောင်ကျော်၏ မိန်းမဖြစ်သူ ဖြူဖြူသျှင်းပင် ဖြစ်ချေသည်။
' သူပဲ… ဆရာတို့ '
အပြုံးမျက်နှာဖြင့် ဦးခိုင်ခံ့တင်မှာ ဖြူဖြူသျှင်းအား အနီးရှိ ဧည့်ခန်းခုံတွင် ထိုင်ခိုင်းစေလိုက်သည်။ သူမအား အစ်ကိုအောင်နှင့်အတူ ကျွန်ုပ်၏ ဖခင်ဖြစ်သူတို့ စူးစိုက်စွာ အကဲခတ်ကြည့်နေပြီး ဖြူဖြူသျှင်းကား မည်သည့်စကားမှ မပြောပဲ ငြိမ်သတ်စွာဖြင့် ခုံလေးမှာသာ ခေါင်းငိုက်စိုက်လျက် ထိုင်နေခဲ့သည်။
' မိန်းကလေး နာမည်က ဖြူဖြူသျှင်းနော် '
' ဟုတ်ပါတယ်'
' မိန်းကလေးမှာ … တစ်ချိန်တစ်ခါက သိပ်ချစ်ရတဲ့ ချစ်သူများ ရှိခဲ့ဘူးသလား'
' ဟင်အင်း … ကျွန်မ အင်္ဂလန်ကနေ ပညာတော်သင်ပြန်လာတာ မကြာသေးပါဘူး … မြန်မာပြည်မှာ ချစ်သူလဲ မရှိခဲ့ဘူးပါဘူး'
' ဟုတ်ပြီ … ဒါဆို မောင်ကျော်ဆိုတဲ့ လူငယ်လေးကိုများ သိသလား … သို့မဟုတ် … နာမည်ရော ကြားဘူးလား'
စခန်းမှူးကြီး၏ ထိုအမေးစကားကြောင့် ဖြူဖြုသျှင်းတစ်ယောက် အနီးရှိ ဖခင်ဖြစ်သူအား တွေဝေသော အကြည့်မျိုးဖြင့် ကြည့်မိလိုက်သည်။ သူမ၏ အတွေးစိတ်တွင် ဝိဥာဉ်မောင်ကျော်နှင့် ဆုံခဲ့ဘူးလျက် အချိန်ကြာကြာ စကားများလဲ ပြောဘူးခဲ့သည်။ ထိုအရာတင်မက မိမိ၏ အိမ်၌ ဖြစ်ခဲ့သည့် ပြသနာတိုင်းဟာလဲ ထိုမောင်ကျော်ဟု အမည်ရှိသည့် လူနှင့်ပတ်သတ်နေခဲ့သည်ကို ဖြူဖြူသျှင်းတစ်ယောက် စဉ်းစားမိလိုက်သည်။ သို့ပေမယ့် သူမ၏ နှုတ်မှ
' ဟင့်အင်း … သိလဲ မသိပါဘူး … နာမည်လဲ မကြားဘူးပါဘူး '
ုပျက်သားစွာ သူမ၏ အဖြေစကားကြောင့် စခန်းမှူးကြီးမှာ သူ၏ိံ ခေါင်းအား ဖြေးညင်းစွာ ငြိမ့်လိုက်ပြီး
' အခုလိုဖြေပေးတာ… ကျေးဇူးတင်ပါတယ် … သြော်ဒါနဲ့ … ဒီအိမ်မှာ ဧည့်သည် မှော်ဆရာကြီးတစ်ယောက် ရောက်နေတယ်လို့ သတင်းကြားတယ် … သူ့ကိုရော တွေ့လို့ရမလား'
ဒုတိယအကြိမ်မြောက် စခန်းမှူးကြီး၏ တောင်းဆိုချက်အား ဦးခိုင်ခံ့တင်မှ
' စခန်းမှူးကြီးက  … ကျုပ်ဆီကိုလာတာ တရားခံတစ်ယောက်ကို လာစစ်နေသလိုပဲ … လိုရင်းကိုပဲ ပြောပြီး … စခန်းမှူးကြီးတို့ တာဝန်တွေ ဆက်လက်ထန်းဆောင်ပေးပါ'
' ကဲ ကောင်းပြီ … လိုရင်းကိုပဲ ပြောမယ် … ကျေးဇူးပြုပြီး ဦးခိုင်ခံ့တင် ကျွန်တော်တို့နဲ့ စခန်ကိုခဏလိုက်ခဲ့ပေးပါ့ … '
' ဟင် … ကျုပ်က ဘာလိုလိုက်ရမှာလဲ … အဲ့ဒီမောင်ကျော်ကို ကျုပ်သတ်တာမှ မဟုတ်တာ '
မည်သည့် အကြောင်းဖြင့် စခန်းမှူးကြီးဟာ အပိုင်ရဲစခန်းသို့ ဦးခိုင်ခံ့တင်အား ခေါ်ဆောင်သနည်းကို မသိပဲ သူ၏ နှုတ်မှ မောင့်ကျော်အား မသတ်ခဲ့ပါဘူးဟု ငြင်းဆိုနေခဲ့သည်။
' ဟင် … ကျုပ်က ဘာများပြောရသေးလို့လဲ … စခန်းကိုပဲ ခဏလေး လိုက်ခဲ့ဖို့ ခေါ်တာပါ… မောင်ကျော့်ကို သတ်လားလို့ ကျုပ်မမေးရသေးပါဘူး … '
' ဟင် … ဟို … ဟို …'
ငြင်းဆိုနေသော ဦးခိုင်ခံ့တင်၏ စကားအား စခန်းမှူးကြီးမှ ဝင်ရောက် ထောက်လျက် ပြောလိုက်တော့သည်။ ထို့နောက် ဦးခိုင်ခံ့တင်မှာ မည်သည့် စကားမှ ပြန်လည်၍ မပြောဆိုနိုင်တော့ပဲ ထစ်ငေါ့နေသော စကားများဖြင့်သာ ဇောချွေးများထွက်လျက်ရှိနေတော့သည်။
' ကဲ … ဦးခိုင်ခံ့တင် ခင်ဗျားကို လူသတ် အလောင်းဖျောက်တဲ့အမှု့နဲ့ ကျုပ်တို့ အခု လာဖမ်းတာပဲ'
' ဟင် … ကျုပ် … ကျုပ်ကို လာဖမ်းတာဟုတ်လား'
' ဟုတ်ပါတယ် … ကျုပ်တို့နဲ့ ခင်ဗျားအေးအေးဆေးဆေး လိုက်ခဲ့ပေးပါ '
' ကျုပ်မသတ်ဘူး … ကျုပ်မသတ်ဘူး … ခင်ဗျားတို့မှာ ဘာသက်သေတွေ ရှိလို့ ကျုပ်ကို လူသတ်တရားခံပါလို့ စွတ်စွဲနေရတာလဲ … ကျုပ်အိမ်ထဲက အခုချက်ချင်း ခင်ဗျားတို့ ထွက်သွားကြနော် မဟုတ်ရင် …  ခင်ဗျားတို့ အားလုံးကို အသေရည်ဖျက်မှု့နဲ့ တရားဆွဲမယ်'
အပြင်းအထန်သာလျင် ဦးခိုင်ခံ့တင် ငြင်းဆိုလေတော့သည်။ ဖခင်ဖြစ်သူ၏ အနီးတွင် ထိုင်လျက်ရှိနေသော သမီးဖြစ်သူ ဖြူဖြူသျှင်းမှ
' ကျွန်မအဖေက ဘာလို့ လူသတ်ရမှာလဲ … ရှင်တို့ မှားနေကြပြီ … ရှင့်ဘေးနားက ဟိုနှစ်ယောက်ကမှ တကယ့်လူသတ်တရားခံတွေ ဖြစ်နိုင်တယ် … ကျွန်မအိပ်ခန်းထဲကို သူတို့တွေ ခိုးဝင်လာကြတယ်'
' မိန်းကလေး … မင်းတို့ မိသားစုကို သေကွဲ ကွဲအောင် လုပ်ခဲ့တဲ့ တရားခံက မင်းအဖေပါပဲ … မင်းမသိချင်ယောင်ဆောင်မနေပါနဲ့ … မင်းယောကျာ်းမောင်ကျော် သေသွားတာ ကြာပြီ … အခု မင်းသမီးလေးနဲ့ မင်းတို့ရဲ့ ခွေးလေးလဲ ငါတို့ဆီမှာ ရှိနေပါတယ် '
' အိုး … ရှင်တို့ ဘာတွေ လာပြောနေကြတာလဲ … ဘယ်ကမိသားစုလဲ … ဘယ်က သမီးလေးလဲ မသိဘူး'
အတိတ်မေ့နေသည့် ဖြူဖြူသျှင်းဟာ ဖခင်ဖြစ်သူ၏ ဘက်မှ ရပ်တည်လျက် သူမ၏ အတိတ်ကြောင်းအားလုံးအား မဟုတ်ပါဘူး အပြင်းအထန် ငြင်းဆိုနေလေခဲ့သည်။ ထိုသို့ ဧည့်ခန်အတွင်းမှ ရုတ်ရုတ်သည်းသည်းဖြစ်နေချိန်တွင် ရာထူးအဖြုတ်ခံထားရသည့် စခန်းမှူးဟောင်းကြီး ထပ်ရောက်လာပြီး။ သမီးလေးအား ချီထားလျက် ခွေးလေးတိုးပွားလည်း ရောက်လာချေခဲ့တော့သည်။ ခွေးလေးဟာ သခင်ဖြစ်သူ ဖြူဖြူသျှင်းအား တွေ့လိုက်သည်နှင့် သူမ၏ အနားသို့ အပြေးသွားရောက်ခါ လုံချည်စအား ကိုက်ဆွဲလျက် သူမ၏ ခြေထောက်အား လျှာဖြင့် ရက်နေခဲ့သည်။ အချိန်ကြာမြင့်စွာ ကွဲကွာနေရသည်ကြောင့် သခင်ဖြစ်သူ ဖြူဖြူသျှင်းအား လာရောက်နှုတ်ဆတ်ခြင်း ဖြစ်သည်။ သို့ပေမယ့် အတိတ်ကြောင်း အားလုံးအား မေ့မျောနေသည့် သခင်ဖြစ်သူ ဖြူဖြူသျင်းမှာတော့ ခွေးလေးအား မမှတ်မိ အနီးရှိ ခိုင်ခံ့လှသော တံမြတ်စီးဖြင့် ပြင်းထန်စွာ ကြောက်ကန်ကန်လျက် ရိုက်လိုက်ချေတော့သည်။ ဒုတိယအကြိမ်မြောက် ပြင်းထန်စွာ အရိုက်ခံလိုက်ရသော ခွေးလေးတိုးပွားမှာတော့ ထိုနေရာ၌တွင်သာ နာကျည်သာ အသံအား ထွက်ပေါ်လျက် လှဲကျသွားခဲ့တော့သည်။
' ဟင် … တိုးပွား … တိုးပွားကြီး'
တိုးပွားကြီး၏ ဖြစ်ရပ်အား မြင်တွေ့လိုက်ရသည့် ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူများ လှဲကျသွားသည့် ခွေးလေးတိုးပွားအနားသို့ အပြေးသွားရောက်ခါ ပွေ့ချီလိုက်ပြီး
' ခင်ဗျား တော်တော်ရက်စက်ပါလား … ဒီကောင်ကြီးက ခင်ဗျားကို အကြိမ်ကြိမ်အခါခါ လူရုံတစ်ယောက်လိုပဲ အကူညီပေးနေတဲ့ ကောင်ကြီး … ခင်ဗျားဗျာ … တော်တော်ရက်စက်တဲ့ မိန်းမပဲ '
' အိုး … ဘာတွေ လာပြောနေတာလဲ … ကျွန်မ မရိုက်ရင် သူ ကျွန်မကို ကိုက်တော့မှာ ဒါကြောင့် ရိုက်လိုက်တာ'
ဦးခေါင်းတွင် သွေးခဲမှု့ကြောင့် ခွဲစိတ်ခြင်းခံထားရသော ခွေးလေး၏ ဒဏ်ရာဟောင်းမှာပင် မကျက်ရှာသေး။ ယခုပြင်းထန်စွာ ရိုက်ချက်အား ထပ်မံ၍ ခံလိုက်ရသည်ကြောင့် တုတ်တုတ်မှ မလုပ်ပဲ ပွေ့ချီထားသော သူငယ်ချင်းဖြစ်သူ ငါးကလေး၏ လက်ဝယ်အတွင်း၌သာ ငြိမ်သတ်သွားခဲ့တော့သည်။ ထို့သို့ ဧည့်ခန်းအတွင်း၌ ရုတ်ရုတ်သည်းသည်း ဖြစ်နေချိန်မှာပဲ အိမ်မကြီးဆီသို့ ဒဏ်ရာပေါင်းများစွာနှင့် အပြေးဝင်ရောက်သော မိန်းကလေးတစ်ယောက်ကား
' ကယ် … ကယ်ပါဦး '
ရဲအရာရှိများအား အကူညီတောင်းကာ တစ်ကိုယ်လုံးအား သွေးများဖြင့် ဆိုရွှဲနေခဲ့သည့် မိန်းကလေးတစ်ယောက်ပင် ။ သူမကား ဖြူဖြူသျှင်း အယောင်ဆောင်ခဲ့ဘူးသော အိမ်အဖော်ကောင်မလေး မိတုန်ပင် ဖြစ်နေချေတော့သည်။ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာပေါင်းများစွာ ရှိနေခဲ့ပြီး မိမိ၏ သေလုနီးပါးမှ အတင်းရှုံးထွက်လာကာ အိမ်မကြီးဆီသို့ ဝင်ရောက်လာခဲ့လေသည်။ ဒဏ်ရာပေါင်းများစွာနှင့် မိတုန်းအား ကျွန်ုပ်တို့အားလုံး လျင်မြန်စွာကြည့်နေစဉ်မှာပဲ သူမ၏ အနောက်သို့ အပြေးလိုက်လာသူများဟာ အိမ်မကြီး၏ အပေါက်ဝဆီသို့ အရောက် ရဲအရာရှိများအား တွေ့ရှိလိုက်သည်နှင့် ထိုသူတို့၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားချေသည်။
'ဟင် … မိန်းကလေး သတိထားဦးလေ'
' ကျွန် … ကျွန်မကို ခွင့် … ခွင့်လွတ်ကြပါ … မ… မမလေး မိတုန်ကို ခွင့်လွတ်ပါ … ကျွန်မမှားခဲ့ပါတယ် ဟိုလူယုတ်မာကြီးက မောင်ကျော့်ကို သတ်ခဲ့သူပါ'
သေလုနီးပါး လုံးထွေးနေသော စကားသံများနှင့် အိမ်အဖော်ကောင်မလေး မိတုန်း သူမ၏ အပြစ်များအား ဝန်ခံသွားလျက် ထိုနေရာတွင်သာ အသက်ပျောက်သွားခဲ့လေတော့သည်။
' ဟာ … ဟေ့ကောင်တွေ … တောက် … ဒီကောင်မကိုတောင် ပိပိရိရိမသတ်နိုင်ဘူး … ဒီထိလွတ်လာရတယ်လို့ '
ဒေါသထွက်လျက် မိမိ၏ နှုတ်မှ အိမ်အဖော်ကောင်မလေး မိတုန်အား နှုတ်ပိတ်သတ်ခိုင်းလိုက်ပြီ အိမ်မကြီးထိ ရောက်လာနိုင်ခဲ့သော မိတုန်အား တွေ့လိုက်သည်နှင့် သူ၏ တပည့်များအား ဒေါသကြီးစွာ သတိလွတ်လျက် အော်ပြောလိုက်မိသည်။ သေဆုံးသွားသည့် မိတုန်၏ အလောင်းအား ကြည့်ရှု့နေသော စခန်းမှူးကြီးဟာ ဦးခိုင်ခံ့တင်၏ စကားသံကြောင့် သူ့အား လှည့်ကြည့်လိုက်ပြီး
' ခင်ဗျား … တော်တော် ရက်စက်တဲလူပါလား'
' အေး … မင်းတို့အားလုံးကိုလဲ အရှင်မထားဘူး … ဆရာကြီး စလိုက်တော့'
ထိုသို့ပြောလျက် အိမ်အပေါ်ထပ်၌်ရှိနေသော မှော်ဆရာကြီးအား အချက်ပေးလိုက်လေတော့သည်။ သို့နှင့် ဧည့်ခန်းအတွင်းရှိနေသည့် ကျွန်ုပ်တို့အားလုံးဆီသို့ ညိုမှိုင်းသော အခိုးအငွေ့များ ပေါ်လာခါ တစ်အိမ်လုံးသို့ အမှောင်ထုကြီးမှ အုပ်စိုးသွားချေတော့သည်။ အမှောင်ထုကြီး ဖြည်းညင်းစွာ ကွယ်ပျောက်သွားချိန်၌ ဧည့်ခန်းအတွင်းသို့ ရယ်မောသံများနှင့် မှော်ဆရာကြီးရောက်ရှိလာခဲ့သည်။ ကျွန်ုပ်တို့၏ အမြင်များ ဝေဝါးနေလျက် ဘေးတွင်ရှိနေသော ရဲအရာရှိများ နှင့်အတူ ကျွန်ုပ်၏ သူငယ်ချင်းများကား ကြမ်းပြင်ပေါ်တွင် လဲကျနေလေခဲ့သည်။
' ဟင် … စခန်းမှူးကြီး … ဟာ … လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး '
အခိုးအငွေ့များကြောင့် ကြမ်းပြင်တွင် လဲကျနေသည့် စခန်းမှူးကြီးနှင့်အတူ သူငယ်ချင်းဖြစ်သူများအား ကျွနိုပ်စိုးရိမ်ကြီးစွာ အော်ခေါ်နေခဲ့မိသည်။ မှော်အစွမ်းဖြင့် ထိုအငွေ့များကြောင့်လား ကျွန်ုပ်၏ ဦးခေါင်းမှ မူးနောက်နောက် ခံစားနေရသကဲ့သို့ ကြမ်းပြင်တွင် မူးလဲခြင်းမရှိပဲ ဖခင်ဖြစ်သူနှင့် အစ်ကိုအောင်သည်လည်း ကျွနိုပ်ခံစားနေရသည့်အတိုင်းသာလျင် ၎င်းတို့လည်း ထိုသို့ပင်ခံစားနေရမည်မှာ မလွဲချေ။
' ဟင် … ဆရာကြီး ဟိုသုံးယောက်က ဘာဖြစ်လို့ ပြန်ထလာရတာလဲ'
  အခိုးအငွေ့များကြားမှ မူးနောက်နောက် အာရုံများနှင့် လူးလဲထလာသည့် ကျွန်ုပ်တို့ ၃ဦးအား တွေ့လိုက်ရသည့် ဦးခိုင်ခံ့တင်တစ်ယောက် ဘေးမှ မှော်ဆရာကြီးအာ အံ့သြတကြီး မေးလေတော့သည်။
' သြော် … မင်းတို့က ပညာလေးတွေ ရှိနေတော့ ငါ့မှော်အငွေ့ကို ကျော်နိုင်တယ်ပေါ့လေ … ဟား ဟား … မင်းတို့အားလုံးကိုပါ သွက်သွက်ခါအောင် အရူးဘဝပြောင်းပေးမယ် '

ကြုံးဝါးပြောဆိုလျက် ဟားတိုက်ရယ်မောနေသော ကဝေဘုရင် ဦးမျိုးမြင့်အား ကြည့်လိုက်ပြီး အစ်ကိုအောင်ဟာ သူ၏ လက်အတွင်းမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော အထုတ်အမည်းကြီးအား စတင်ဖြည်လေတော့သည်၊။ မူးနောက်နေသည့် အာရုံကြောင့် ထိုအထုတ်အား အစ်ကိုအောင်တစ်ယောက် ကောင်းစွာ မဖြည်နိုင်ချေ။ ထို့နောက် မှော်အငွေ့ဒဏ်အား ခံနိုင်ရည်ရှိအောင် ဖြေပေးထားသည့် လူမိုက်လူသတ်သမားများ ကျွန်ပ်တို့ဆီသို့ ရောက်ရှိလာခါ ပြင်းထန်စွာ ထိုးကြိတ်လေတော့သည်။ မူးနောက်နောက် အာရုံကြောင့်လား ကိုယ်ခံပညာဖြင့် မကျွမ်းကျင်လှသည့် ကျွနိုပ်တို့ သုံးဦးဟာ လက်မရွှံ့လူမိုက်များ၏ ပြင်းထန်စွာ ထိုးကြိတ်မှု့အောက်တွင် နာကျည်စွာ ကျရောက်လေခဲ့ရသည်။ ထိုသူတို့၏ ပြင်းထန်စွာ တိုက်ခိုက်မှု့ကြောင့် ကျွန်ုပ်အပါအဝင် အစ်ကိုအောင်နှင့် ဖခင်ဖြစ်သူတို့ ကြမ်းပြင်ပေါ်တွင် လှဲကျနေခိုက် ဖြေးညင်းသော ချေလှမ်းတို့ဖြင့် မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင်တို့ လျောက်လှမ်းလာခဲ့ကြသည်။
' ဟား ဟား … ဘာတတ်နိုင်သေးလဲ '.
'ဆရာကြီး သူတို့တွေကို ဘယ်လိုလုပ်မလဲ '
' ဘာမှပူမနေနဲ့ … အားလုံးကို အပျောက်ဖျောက်ပေးမယ် … ကျုပ်ရဲ့ နောက်ဆုံအဆင့် မှော်ပညာပဲ '
သူ၏ နောက်ဆုံးအဆင့် မှော်ပညာဟူဆိုလျက် လှဲကျနေခဲ့သည့် ကျွနိုပ်တို့အနားသို့ ဖြေးညင်းစွာ ကပ်လာလေခဲ့သညိ။ ဒဏ်ရာမျာနှင့် ကြမ်းပြင်တွင် လဲကျနေသည့် အစ်ကိုအောင်ဟာ ထိုးကြိတ်ခြင်းကြောင့် လွတ်ကျသွားခဲ့သော သူ၏ အထုတ်အမည်းကြီးအား မမှီတမှီဆီသို့ လက်လှမ်းကာ ယူနေခဲ့သည်။ ထိုအထုတ်အမည်းဆီသို့ အစ်ကိုအောင် လက်လှမ်းနေသည်ကို မှော်ဆရာကြီး တွေ့လိုက်သည်နှင့် အစ်ကို၏ ကမ်းလက်များနှင့် ထိုအထုတ်ကြီး ဝေးသွားစေရန် သူ၏ ခြေထောက်ဖြင့် အဝေးဆုံးသို့ ကန်ထုတ်လိုက်ချေတော့သည်။
' အား … . . . . '
အစ်ကိုအောင် လက်လှမ်းနေသည့် အထုတ်ကြီးအား မှော်ဆရာကြီး ကန်လိုက်သည်နှင့် ကန်လိုက်သော သူ၏ ခြေထောက်မှာ ရုတ်တရက် ခွေလဲကျသွားခဲ့သည်။ ဘာရယ်ကြောင့်မှန်းမသိ ထိုအထုတ်ကြီးအား ကန်လိုက်သည်နှင့် လှဲကျသွားသော မှော်ဆရာကြီးအနားသို့ ဦးခိုင်ခံ့တင် အပြေးသွားလိုက်ပြီး
' ဆ… ဆရာကြီး … ဘာဖြစ်တာတုန်း '
စိုးရိမ်ကြီးစွာ မေးနေသော ဦးခိုင်ခံ့တင်၏ အမေးတို့ကိုမူ မှော်ဆရာကြီး ပြန်လည်မဖြေကြားနိုင်ပဲ ထိုအထုတ်ကြီးအား လက်ညိုးညွှန်ပြလျက်
' သွား … အဲ့ဒီ အထုတ်ကြီးကို ကျုပ်နဲ့ ဝေးရာကို ပစ်လိုက် … သွား … မြန်မြန်လုပ် '
' ဟုတ် … ဟုတ်ကဲ့ '
မှော်ဆရာကြီး၏ စေခိုင်းမှု့ကြောင့် နံရံဒေါင့်တွင် ကပ်လျက်ရှိနေသော အထုတ်ကြီးဆီသို့ ဦးခိုင်ခံ့တင် လျင်မြန်စွာ စွန့်ပစ်ရန် အပြေးသွားလိုက်စဉ်မှာပဲ ဦးခိုင်ခံ့တင်၏ လက်ဦးမှု့ မရရှိသေးခင် ပြင်းထန်စွာ ရိုက်ချက်ဖြင့် လဲကျနေသည့် ခွေးလေးတိုးပွားမှာ ထိုအထုတ်ကြီးအား လျင်မြန်စွာ ကိုက်ဆွဲလျက် လဲကျနေသည့် အစ်ကိုအောင်ဆီသို့ ကိုက်ချီပေးလိုက်သည်။ အားလျော့စွာ လဲကျနေသည့် အစ်ကိုအောင်၏ လက်အတွင်းသို့ ခွေလေးတိုးပွား၏ အကူညီဖြင့် ထိုအထုတ်အမည်းကြီး ရရှိသွားသည်နှင့် နာကျည်လွန်းသော သူ၏ ဒဏ်ရာများအား မေ့ဖျောက်ထားလျက် ကြမ်းပြင်မှ လူးလဲစွာ ထလိုက်တော့သည်။ အစ်ကိုအောင် ကြမ်းပြင်မှ လူးလဲ ထလိုက်သည်ကို ကျွနိုပ်မြင်တွေ့လိုက်ရသည်ကြောင့် အစ်ကိုအောင်နည်းတူ ကျွန်ုပ်သည်လည်း နာကျည်လွန်းသော ထိုးကြိတ်ခံ ဒဏ်ရာများအား မေ့ဖျောက်လိုက်ပြီး လူးလဲထလိုက်လေသည်။ ထို့နောက် အထုတ်ကြီးအား မရှိတော့သော သူ၏ အားနှင့် စွဲဖျဲနေခဲ့သောလည်း မပျဲခဲ့ချေ။
' အစ်ကိုအောင် … ပလပ်စတစ်အိတ်မဟုတ်လား … ပါးစပ်နဲ့ ကိုက်ဖျဲလိုက်လေ '
' အဲ့လို လုပ်လို့မရဘူး … ကျုပ်တို့ပါ ကံနိမ့်သွားမယ် … ဒါက မီးနေသည် ထမိန်းထုတ်ဗျ'
ဟုဆိုလျက် အားအကုန်သာလျင် အထုတ်ကြီးအား ဆွဲလျက်ဖျဲလိုက်လေတော့သည်။ အထုတ်ကြီးအား ကန်လိုက်မိသည်ကြောင့် နာကျည်စွာ ခြေထောက် မရပ်နိုင်သော မှော်ဆရာကြီးဆီသို့ အစ်ကိုအောင်နှင့် ကျွနိပ် လျင်မြန်စွာ သွားလိုက်ပြီး ထိုမီးနေသည် ထမိန်ဖြင့် မှော်ဆရာကြီးအား အုပ်မည်အလုပ် ရှည်လျားလှသော တုတ်ဖြင့် ဦးခိုင်ခံ့တင်မှ ကျွနိုပ်တို့ နှစ်ယောက်အား လွဲရိုက်လေခဲ့သညိ။ နှေးကွေးစွာ ရောက်ရှိလာသော ထိုတုတ်ကြီးအား လျင်မြန်စွာဖြင့် ကျွန်ုပ်နှင့် အစ်ကိုအောင် ရှောင်တိမ်းနိုင်လေခဲ့သည်။ ထို့နောက် ဧည့်ခန်းဆီမှ ထောက်နင်းသော ခြေလှမ်းများနှင့် မှော်ဆရာကြီး ပြေးထွက်မည်အလုပ် သူ့၏ အနောက်မှ ထိုမီးနေသည် ထမိန်ဖြင့် အုပ်လိုက်လေတော့သည်။

မှော်ဆရာကြီး၏ ကိုယ်ပေါ်သို့ မီးနေသည် ထမိန်းအုပ်လိုက်သည်နှင့် သူ၏ နှုတ်မှ နာကျည်လွန်းသော အသံများထွက်ပေါ်လာကာ ပူလောင်သော အခိုးအငွေ့များဖြင့် ဧည့်ခန်းတစ်ခုလုံး လွှမ်းမိုးသွားချေတော့သည်။ ထို့နောက် လဲကျနေသည့် ရဲအရာရှိများနှင့် ကျွန်ုပ်၏ သူငယ်ချင်းဖြစ်သူများပါမကျန် လဲကျနေခဲ့သော သူများအားလုံး အိပ်ယာမှ နိုးလာသကဲ့သို့ နိုးထလာချေတော့သည်။ ထိုတင်မက မှော်အစွမ်းများဖြင့် ဖန်တီးထားခဲ့သော အရာများအားလုံးသည်လည်း မှော်ဆရာကြီး ဦးမျိုးမြင့် ပညာရှုံးနိမ့်သည်ကြောင့် မူလပြန်ကာ နဂိုအတိုင်း ပြန်လည်ဖြစ်ကုန်ချေတော့သည်။
ဝိဥာဉ်များအား ဖမ်းစီးထားသည့် ဝိဥာဉ်စဥ့်အိုးဟု ခေါ်ရလေမလား ထိုအထဲမှ အခိုးအငွေ့များ ထွက်ပေါ်လာခါ သေသပ်စွာ သိမ်းဆည်းထားသော ထိုစဥ့်အိုးကြီး ကွဲရှသွားချေတော့သည်။

************* *******************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages