ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၁၈)
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)
သတိရခါစ ကျွန်ုပ်နှင့် လမ်းကလေးအား စိုးရိမ်ကြီးစွာနှင့် သူငယ်ချင်း ဖြစ်သူ ငါးကလေး၏ စကားအဆုံး၌ အချုပ်ခန်း တံခါးပွင့်လာပြီး အထဲသို့ ထပ်မံရောက်လာသူကား
' ဟင် … စခန်းမှူးကြီး …'
ယူနီဖောင်း မဟုတ် အပြင်အဝတ်စားဖြင့် အချုပ်ခန်းအတွင်းသို့ ထပ်မံ ရောက်ရှိလာသူကား စခန်းမှူးကြီးပင် ဖြစ်နေချေတော့သည်။
လူအမြောက်အများဖြင့် စည်းကားလှသည်။ လူတန်းစား အစုံဖြင့် ပြည့်နှပ်နေလှသည့် ဘူတာရုံတစ်ခု၌ အကျီ င်္အဖြူကွက်လေးအား သပ်ယပ်စွာ ဝတ်ဆင်ထားပြီး ဝါးခမောက်လေးအား စောင်းထားခါ နောက်ရောက်လာမည့် အချိန်မှန် ရထားအား မျှော်လင့်နေသော လူငယ်လေး တစ်ယောက်။ သူ၏ ဘေးသို့ နုနယ်သော ကလေးတစ်ယောက်အား ချီးထားသော လူကြီး တစ်ယောက်ရောက်ရှိလာပြီး ။
' ဘယ်အချိန် ရထားလာမလဲ … ကိုယ့်ညီ'
' ကျုပ်လဲ မသိဘူးဗျ … အခုမှ နယ်ကနေ တတ်လာတာ … ဒီဘူတာရုံကို ရောက်ဘူးတာ ဒါပထမဆုံးပဲ '
ကလေးချီထားသော ထိုလူကြီးဟာ ကြောင်တောင်တောင် ရပ်နေသည့် လူငယ်ကောင်လေးအား ရထားလာမည့် အချိန်ကို မေးလေသည်။ လူငယ်လေးဟာ ထိုရန်ကုန်ဘူတာသို့ ရောက်ဘူးသည်မှာ ပထမဆုံးဖြစ်ကြောင်း ပြောလိုက်သည်နှင့် ခပ်လှမ်းလှမ်းအကွာတွင် ရပ်နေပြီး ငိုနေသော လူမမယ်ကလေးလေးအား မချော့တတ်သည့် အချော့မျိုးဖြင့် ချော့မြူနေခဲ့သည်။ သို့ပေမယ့် ငိုနေသည့် ကလေးလေးဟာ ရပ်တန့်သွားခြင်းမရှိ။ ငိုမြဲတိုင်းသာ ငိုနေခဲ့သည်။
' ငါ့အစ်ကိုကတော့လုပ်ချလုပ်ပီ … ဒီကလေးတစ်ကောင်ကို ခေါ်ပြီး ငါ့မှာ ဘယ်သွားလို့ ဘဟ်လာရမှန်း မသိဘူး … မငိုပါနဲ့ကလေးရယ် ငါလဲ မင်းကို မချော့တတ်ဘူး … ကဲ … တိတ် … တိတ် … ငါတို့ ရထားကြီးစီးပြီး ဟိုးအဝေးကြီးကို သွားကြမယ်နော် … လိမ္မာတယ် တိတ်တိတ်'
ကြမ်းတမ်းလှသည့် ထိုလူကြီး၏ လက်ဝယ်အတွင်းမှ ကလေးလေးဟာ အင်မတန်မှ နုနယ်လျက် ချစ်စရာကောင်းလှသည်။ နုနယ်လှသည့် ကလေးနှင့် ကြမ်းတမ်းလှသည့် ထိုလူကြီးအား ဝါးခမောက်စောင်းထားသည့် လူငယ်လေး ရပ်ကြည့်နေပြီး ပြုံးနေမိခဲ့သည်။
' အင်း … ဒီလူကြီးကြည့်ရတာ … သူ့ကလေးဖြစ်ပုံတော့ မပေါ်ဘူး … ကြည့်စမ်းပါဦး ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ … '
ခရီးဆောင် အိတ်ကြီးအား ဘေးတွင်ချထားပြီး ငိုယိုနေသည့် ကလေးလေးအား စိတ်ပျက်စွာချော့မြူနေသည့် ထိုလူကြီးကို ကြည့်လျက် လူငယ်လေး အတွေးများနှင့် ပြည့်နှပ်နေခဲ့သည်။ ပြုံးရွှင်စွာ လူငယ်လေး စိုက်ကြည့်နေစဉ်မှာပဲ ကလေးချီးထားသည့် ထိုလူကြီး ပတ်ဝန်းကျင်အား လှည့်ပတ်စွာ အကဲခတ်လျက် ဘူတာရုံအနောက်ဘက်သို့ လျင်မြန်စွာ ပြေးလေတော့သည်။ ဘာရယ်ကြောင့်မှန်းမသိ။ ထိုလူကြီး ပြေးဝင်သွားသည့် အနောက်သို့ ရပ်ကြည့်နေသော လူငယ်လေးဟာ ရုတ်တရက် ထိုလူကြီး ပြေးဝင်းသွားရာ ဘူတာရုံအနောက်ဘက်သို လိုက်ကြည့်နေမိသည်။ ကလေးချီထားသည့် ထိုလူကြီးအား ဘူတာရုံ၌ လူတစ်စုမှ သူ့အား အမှတ်မထင် တွေ့လိုက်သည်ကြောင့် အငြိုးတကြီး လိုက်လေတော့သည်။ ထိုလူကြီး ပုန်းလျောင်ရာ အနောက်သို့ လူငယ်လေး လိုက်ကြည့်နေရာမှာ သူ့အား ထိုလူတစ်စုမှ တွန်းထုတ်၍ ပြေးလျောင်သွားသော လူကြီးအနောက်သို့ အသည်းအသန်လိုက်လေတော့သည်။ ထိုလူကြီးပြေးဝင်သွားသည့် နေရာကား ဘူတာရုံအနောက် လူပျက်သည့် ချုံနွယ်များနှင့် ပြည့်နှပ်နေခဲ့သော နေရာပင်ဖြစ်ချေသည်။ စူးစမ်းချင်စိတ်ဖြစ်ပေါ်လာပြီး ထိုလူကြီးနှင့် လူတစ်စု ပြေးဝင်သွားသော အနောက်သို့ ဝါးခမောက်နှင့် လူငယ်လေး မမြင်ကွယ်ရာမှ ပုန်းအောင်းကြည့်နေခဲ့သည်။ နုနယ်လှသော ကလေးလေးအား ချီထားသည့် လူကြီးမှာတော့ လူငယ်လေး ကြည့်နေစဉ်မှာပဲ ချီထားသည့် ကလေးအား မည်သည့်နေရာတွင် ဝှက်ထားလိုက်သည်မသိ သူ၏ အနောက်သို့ လိုက်ပါလာသော လူတစ်စုဆီသို့ ထွက်တွေ့လိုက်လေသည်။
' ဘယ်ပြေးမလဲ … ငါတို့ဆီက ဖျံကျသွားတဲ့ ငွေတွေ ဘယ်မှာလဲ '
' မင်းတို့ဆီက ဖျံကျသွားတာ မဟုတ်ဘူး … ငါလည်လို့ ငါစားတာ … အဲ့ဒီငွေတွေ လိုချင်တယ် ဆိုရင်တော့ … ငါ့ကိုပဲ သတ်သွားတော့ '
' အောင်တင် … မင်းကို ငါတို့ ကောင်းကောင်းမေးနေတာနော် … ငွေတွေ ဘယ်မှာဝုက်ထားလဲ … မင်းကို မသတ်ချင်ဘူး … ပြော …'
' မင်းတို့ ငွေလေး သိန်းသုံးဆယ်လောက်ကို ငါက ဘယ်လောက်ကြာကြာ သိမ်းထားရမှာလဲ … သုံးလို့ ကုန်ပြီးပေါ့ကွ … ဟားဟား '
' ရတယ်လေ … မင်းကို နေရာအနံ့လိုက်ရှာနေတာ အခုတော့ ဘူတာရုံမှာမှ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရတယ်လို့ ငွေတွေ မပေးရင် သေဖို့သာပြင်ပေတော့'
ဟုဆိုလျက် ထိုလူကြီးနှင့် လူငါးယောက် အပြင်းအထန် တိုက်ခိုက်ချေတော့သည်။ တိုက်နိုင်သလောက် တုန့်ပြန်တိုက်ခိုက်နေသော်လည်း အများနှင့် တစ်ယောက်ဖြင့်လျက် ထိုလူကြီးမှာ အကြိမ်ကြိမ်အခါခါ အထိနာနေခဲ့သည်။ သို့ပေမယ့် သူ၏ အသက်အား အသေခံမည့်ပုံမပေါ် အင်အားမမျှသည့် ထိုလူတစ်စုအား ပြန်လည်၍ တိုက်ခိုက်နေလေခဲ့သည်။ ထိုမြင်ကွင်းအား မမြင်ကွယ်ယာမှ ပုန်းခိုကြည့်နေသော လူငယ်လေးကား ဘာလုပ်ရမည်ကိုမသိ
' ဟာ … ဒုက္ခပါပဲ … ငါဘာလုပ်ပေးရမလဲ … ဟာ … မဖြစ်ဘူး … ဒီအတိုင်းဆို ဒီလူကြီး နိုင်မှာမဟုတ်ဘူး … ငါသွားရင်လဲ ငါပါကြားထဲက အချောင်သေနေဦးမယ် … ဘာလုပ်ရမလဲ … ဘာလုပ်ရမလဲ '
ယောက်ယပ်ခပ်စွာ ပုန်းခိုနေသည့် နေရာမှ ထိုလူငယ်လေး မည်သို့ပင် အကူညီပေးရမည်ကို မသိ စဉ်းစား၍မရ တွေးဝေစွာကြည့်နေစဉ်မှာပဲ
' အား … '
' သေ … သေစမ်း … '
ဘူတာရုံမှ ကလေးလေးအား ချီထားခဲ့သော လူကြီးအား ထိုလူတစ်စုမှ ရက်စက်စွာ ဓားဖြင့် ထိုးလိုက်လေတော့သည်။
' မှတ်ထား … သေစမ်း … တော်တော် ခေါင်းမာတဲ့ အကောင် … ကဲ့ကွာ …'
အကြိမ်ကြိမ်အခါခါ နှုတ်မှ အငြိုးကြီးစွာ ပြောနေလျက် လဲကျနေသည့် ထိုလူကြီးအား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်နေတော့သည်။ ထို့နောက် ပတ်ဝန်းကျင်အား အကဲခတ်လျက် လူတစ်စု ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားချေတော့သည်။
' ဟင် … သေ … သွေသွားပြီးလား မသိဘူး '
လူပျက်သည့် ထိုနေရာမှ လူတစ်စုဟာ ဓားဖြင့်ရက်စက်စွာ ထိုးသတ်လျက် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားချေတော့သည်။ လူတစ်စုထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်အား အကဲခတ်လျက် ပုန်းနေသည့် လူငယ်လေး ထိုလူကြီးအနားသို့ တွန့်ဆုတ်သော ချေလှမ်းတို့ဖြင့် တစ်လှမ်းချင်းလှမ်းသွားပြီး
' ဟင် … အသက်ရှုနေသေးပါလား '
တစ်ကိုယ်လုံး၌ သွေးများဖြင့် ရဲရဲတောက်နေပြီး အသက်မျော့မျော့ ရှု့ရှိုက်နေသည့် ထိုလူကြီးအား ပွေ့ချီလိုက်ပြီး
' ဟာဗျာ … ရက်စက်လိုက်တဲ့ လူတွေ … အစ်ကိုကြီး ကျုပ်ကို ခွင့်လွတ်ပါဗျာ … ခင်ဗျားကို ဝိုင်းတိုက်ခိုက်နေတာ ကျုပ်တွေ့တယ် … ဒီလောက်ထိ ဖြစ်မယ် မထင်လို့ ပတ်ဝန်းကျင်ကို ကျုပ်အကူညီမတောင်းခဲ့တာပါ … ကျုပ်ကို ခွင့်လွတ်ပေးပါဗျာ …'
လူငယ်လေး၏ လှိုက်လှဲစွာ တောင်းပန်နေသော စကားတို့ကိုပင် ထိုလူကြီး ဂရုမစိုက်နိုင် ပွေ့ထားသည့် လူငယ်လေး၏ အကျီ င်္ အစအား ဆုတ်ကိုင်လိုက်ပြီး တစ်ခုခုအား ပြောချင်နေပေမယ့် သူ၏ နှုတ်မှ အသံထွက်ပေါ်မလာချေ။
' အစ်ကိုကြီး … အားတင်းထား … ဘာ … ဘာပြောချင်လို့လဲ .…'
ပါးစပ် နှာခေါင်း နားများမှ သွေးများ ယိုစိမ့်နေခဲ့သည်။ လူငယ်လေး၏ အကျီ င်္စအား ကိုင်ဆွဲလိုက်ပြီး ချုံထူထူတစ်ခုဆီသို့ သူ၏ လက်ညိုးညွှန့်ပြကာ လူငယ်ကောင်လေး၏ လက်ဝယ်အတွင်း၌ပင် အသက်ပျောက်ကွယ်သွားချေတော့သည်။
' ဟင် … အစ် … အစ်ကိုကြီး သတိထားဦးလေ … '
လှုပ်နှိုးကာ အကြိမ်ကြိမ်သတိပေး အော်ခေါ်နေခဲ့သော်လည်း ထိုလူကြီးမှာ မည်သည့်တုန့်ပြန်မှု့များမှ ပြန်လည် မတုန့်ပြန်တော့ချေ။
' ဟာ … ဒုက္ခပါပဲ … ငါတော့ အမှု့ပတ်ပြီနဲ့ ထင်တယ် … မဖြစ်ဘူး '
မိမိလက်ပေါ်တွင် သေဆုံးသွားသော ထိုလူကြီးအား မြေပြင်ပေါ်သို့ ပစ်ချလျက် ညွန်ပြပေးခဲ့သော ချုံထူထူဆီသို့ ဦးတည်သွားလိုက်သည်။
' ဟင် … က … ကလေးပါလား … လာလာ … မင်းလူကြီးကတော့ သေပြီ … ငါနဲ့ပဲ လိုက်ခဲ့တော့'
ဘူတာရုံအနောက်ဘက်သို့ ပြေးဝင်လျက် ထိုလူကြီးဟာ မိမိလက်ထဲရှိ ကလေးလေးအား မထိခိုက်စေရန် ချုံအတွင်းမှ ဝှက်ထားပြီး မိမိနှင့် ရန်ငြိုးရန်စရှိခဲ့ဘူသော ထိုလူတစ်စုအား အသေခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သေလုနီးပါးဖြစ်နေသော်လည်း ချုံထားရှိ ဝှက်ထားခဲ့သော ကလေးလေးအား လက်ညိုးညွှန်ပြလျက် ခေါ်ဆောင်သွားပေးရန် လူငယ်လေးအား ဟန်ဖြင့် ပြောဆိုခဲ့လေသည်။ ထိုလူကြီး ညွှန်ပြပေးခဲ့သော ချုံအတွင်းသို့ ကြည့်မိလိုက်သည်နှင့် ဘူတာရုံတွင် ငိုယိုလျက်ရှိနေသော ကလေးလေးဟာ ထိုချုံအတွင်း၌ ငိုယိုခြင်းမရှိချေ။ ကလေးလေးအား ချုံအတွင်းမှ ကောက်ချီလျက် မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသည့် ထိုလူကြီးအား ထားခဲ့ပြီး ဝေးရာမှ လူငယ်ကောင်လေး အကဲခတ်ကြည့်နေလိုက်သည်။ ထို့နောက် သေဆုံးနေသော ထိုလူကြီးထံသို့ ပတ်ဝန်းကျင်၏ သတင်းပေးမှု့နှင့် သတ်ဆိုင်ရာ ရဲအရာရှိများ ရောက်လာခါ အလောင်းအား ဆေးရုံဆီသ်ု့ ခေါ်ဆောင်သွားကြတော့သည်။ ထိုမြင်ကွင်းအား လူအုပ်ကြားမှ မသိသလိုနှင့် လူငယ်လေး ကြည်နေပြီ
' ဟူး … တော်သေးတာပေါ့ … ငါ့ကိုအမှု့မပတ်တာပဲ … ကဲ… ကလေးလေးရေ … မင်းကလဲ ဘယ်ကမှန်းမသိ … ငါကလဲ ဘဟ်ကို ပို့ပေးရမှန်းမသိ … ကြည့်စမ်းပါဦး တော်တော်လည်တဲ့ ကလေး … အခုကျတော့ တစ်ချက်တောင် မငိုတော့ဘူး '
ချစ်စရာကောင်းလှသည့် ကလေးလေးဟာ လူငယ်လေး၏ လက်ဝယ်အတွင်း၌ ငိုယိုခြင်းမရှိ သူအား ပြုံးပြနေသလား ချစ်စဖွယ် မျက်နှာလေးကိုသာ တွေ့လိုက်ရသည်။
' အင်း … ငါကလဲ ခြေတစ်သလုံးအိမ်တိုင် ဒီကလေးလေးကို ခေါ်ထားလို့ မဖြစ်ဘူး … ဘယ်လိုလုပ်ရပါ့မလဲ … ဟာ … အကြံရပြီ … '
မိမိလက်ဝယ်အတွင်း၌ ရှိနေသော လူမမယ်ကလေးလေးအား
ငုံ့ကြည့်လျက် လူငယ်ကောင်လေး အတွေးများဖြင့် ထို့နောက် အကြံရသွားလျက် ဘူတာရုံမှ ထွက်ခွာခါ ရန်ကုန်မြို့ ဘတ်စ်ကားမှန်တိုင်သို့ ဦးတည်သွားလေတော့သည်။
' ဟင် … စ … စခန်းမှူးကြီး ရောက်လာတယ် '
' ဘာအခုမှ ရောက်လာတာလဲ … အစတည်းကပြောတယ် … သေချာလုပ်ပါလို့ … အခုငါပါ အလုပ်ပြုတ်ပြီး ထောင်ကျတော့မယ် '
' ကျုပ်တို့ကို ခွင့်လွတ်ပါဗျာ … ဖြူဖြူသျှင်းဆိုတဲ့ မိန်းကလေးက ကျုပ်တို့ကို ရိုက်ပြီး … သူ့အဖေကို အော်တိုင်လိုက်တာဗျ …'
' ဟုတ်တယ် … ဖြူဖြူသျှင်းမှ ဟုတ်ရဲ့လား မသိဘူး'
' မင်းတို့ကို ယုံမိတာ ငါ့အမှား … အစကတည်းက အဲ့ဒီအိမ်ကြီးမှာ မင်းတို့ပြောတဲ့ အမျိုးသမီး မရှိပါဘူးလို့ … ငါကိုက သောက်သုံးမကျတာ … မင်းတို့ကို ယုံမိလို့ … အခုတော့ ရာထူးပြုတ်တဲ့ အပြင် ထောင်ပါကျမှာ ကျိန်းသေနေပြီ'
အချုပ်ခန်းအတွင်းသို့ ထပ်မံရောက်လာသည့် စခန်းမှူးကြီးဟာ ကျွန်ုပ်တို့အား အပြစ်တင် စကားများပြောဆိုပြီး ငြိုးငယ်သော မျက်နှာထားဖြင့် အချုပ်ခန်း ဒေါင့်တစ်နေရာတွင် ကပ်လျက် ထိုင်နေလိုက်သည်။
' မဟုတ်သေးဘူး … စခန်းမှူးကြီး… တစ်ခုခုလွဲနေတာတော့ သေချာတယ် … အဲ့ဒီ မိန်းကလေးသာ ဖြူဖြူသျှင်းဆိုရင် မောင်ကျော်လို့ အသံကြားလိုက်တည်းက အံ့သြသွားရမှာပေါ့ … အခုတော့ သူနဲ့ မဆိုင်သလိုပဲ … ကြောင်တောင်တောင် ဖြစ်နေတယ် '
' ဟုတ်တယ် … ကျုပ်ဆီ ဖြူဖြူသျှင်း အယောင်ဆောင်ပြီး လာတဲ့ မိန်းကလေးကမှ အခုတွေ့ခဲ့ မိန်းကလေးထက်စာရင် တအံ့တသြရှိသေးတယ် အခုမိန်းကလေးက အေးတိအေးစက်နဲ့ … '
' မင်းတို့ တွေ့ခဲ့တဲ့ မိန်းကလေးက တကဟ့်ဖြူဖြူသျှင်းသာဆိုရင် … မဟုတ်မှလွဲရော ကဝေဘုရင် ဦးမျိုးမြင့် လက်ချက်ကြောင့် ကြောင့်တောင်တောင် ဖြစ်နေရတာများလား '
' ဘာ … ကဝေဘုရင် … ဟား … ဟား '
သူငယ်ချငိးဖြစ်သူ ငါကလေး၏ စကားအဆုံး၌ ကျွန်ုပ်တို့နှင့် အလှမ်းကွာရာ အချုပ်ခန်းဒေါင့်မှ စခန်းမှူးကြီးကား ရုတ်တရက် ရယ်မောလိုက်သည်။
' မင်းတို့ကကွာ … ခေတ်လူငယ်တွေ ဖြစ်ပြီး … ဒါတွေကို ယုံလို့လား …'
' ယုံတာပေါ့ဗျ … စခန်းမှူးကြီး မယုံရင် ကျုပ်တို့ ဒီပြသနာတွေ အားလုံးပြီးသွားရင် နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီးကို အလည်တစ်ခေါက် ပြန်သွားဖို့ရှိတယ် … အဲ့ဒီအခါကျမှ ခင်ဗျားလဲ လိုက်ခဲ့လေ အတွေ့ကြုံရတာပေါ့ '
' အေးပါကွာ … အဲ့ဒီမသွားခင် အခု အရင် အချုပ်ခန်းထဲကပဲ အပြင်ရောက်အောင် ကြံကြပါဦး'
' ဘာမှ ပူမနေပါနဲ့ဗျာ … တရားကို နတ်စောင့်ပါတယ် '
' ဟင် … အဲ့ဒါ ငါပြောနေကြ စကားလေ '
ကလေးတစ်ယောက်လေလား တည်ကြည်စွာနေတတ်သည့် စခန်းမှူးကြီးကား အချုပ်ခန်းအတွင်း ရောက်လာသည်နှင့် ကလေးတစ်ယောက်ပမာ ဖြစ်နေခဲ့သည်။ ကျွန်ုပ်တို့ကြောင့် သူပါ အချုပ်ခန်းအတွင်းသို့ ရောက်လာသည်ဟုဆိုလျက် စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းအား ဆူထားပြီး ကျွန်ုပ်တို့နှင့် အလှမ်းကွာရာ အချုပ်အခန်းဒေါင့်လေးတွင်သာ ထိုင်နေခဲ့တော့သည်။
' သြော် … ဒါနဲ့ … စခန်းမှူးကြီး … ခင်ဗျားက အချုပ်ထဲရောက်လာတယ်ဆိုတော့ ဒီစခန်းက အရာရှိက ဘဟ်သူဖြစ်သွားပြီးလဲ … '
' မသိပါဘူးကွာ … မင်းတို့ခိုးဝင်တဲ့ ခြံပိုင်ရှင်က မြို့နယ်မှူးကို တိုင်စာပို့လိုက်တာပဲ … အဲ့ဒါကြောင့် ငါလဲရာထူးပြုတ် … ကြားတာတော့ ညနေမှ ဒီစခန်းကို စခန်းမှူးအသစ်တစ်ယောက် ပြောင်းလာမယ်လို့ ကြားတာပဲ … အဲ့ဒီအခါကျမှ ငါတို့ကို ရုံတင်လိမ့်မယ် '
' ဟင် … ရုံတင်ရင် ကျုပ်တို့ ထောင်ကျပြီးပေါ့ ဟုတ်လား '
' သေချာတာပေါ့ … အာမခံကို မရှိတာ '
' ဒါဆို ဘယ်လို လုပ်ကြမလဲ … ဒီအမှု့ကြီးကို ဒီအတိုင်းပဲ မေ့ပစ်လိုက်ကြမှာလား '
' ငါတော့ ကိုယ့်မှာ အပြစ်မရှိပဲနဲ့ အလကားသတ်သတ် ထောင်မကျခံနိုင်ဘူး … တကဟ့်အပြစ်ရှိတဲ့ သူက ငါတို့ကို ထောင်ပြန်ချတာတော့ တရားဥပဒေမှာ မရှိသင့်ဘူး … အိုး … ဘာပဲဖြစ်ဖြစ် ညနေ စခန်းမှူးအသစ်လာရင် အကြောင်းစုံထပ်ရှင်းပြမယ် … ဒါကိုမှ လက်မခံရင် တရားရုံးအထိ ဖြေရှင်းချက်တွေ ပေးလိုက်ကြတာပေါ'
' သိပ်ကောင်းတဲ့ အစဉ်စီပဲ … ဒါနဲ့ ခွေးလေးတိုးပွားရော အခု ဘယ်မှာလဲ '
' ခွေးလေးအတွက် ဘာမှ မပူနဲ့ … မနက်က မင်းတို့ သတိလစ်နေတုန်း … မင်းအဖေနဲ့အမေ ပြောသွားတယ် … မင်းခေါ်ထားတဲ့ ခွေးက အိမ်မှာပဲ ရှိနေတယ်တဲ့ … အိမ်ပေါ်တော့ မတတ်ဘူး … အောက်လေးမှာပဲ ထိုင်နေတာ တွေ့တယ်လို့ ပြောသွားတယ် '
' ဟူး … တော်သေးတာပေါ့ … ငါတို့နဲ့အတူ ခွေးလေးပါ ထောင်ချောက်မမိတာပဲ ကျေးဇူးတင်ရဦးမယ် '
စခန်းမှူးကြီး၏ ပြောဆိုချက်များအရ ကျွန်ုပ်တို့အားလုံးသည် ဦးခိုင်ခံ့တင်၏ ခြံအတွင်းသို့ ခိုးဝင်သည့်အမှု့နှင့် ပတ်သတ်၍ ထောင်ချမည်ကို ကောင်းစွာ နားလည်သိရှိသွားချေသည်။
သို့ပေမယ့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများဟာ ဇွဲ့လျော့မသွား အချုပ်ခန်းအတွင်း၌ မိမိတို့အား အပြစ်မရှိကြောင်း ဖြောင့်ချက်ပေးမည်ဟု ကြံစည်ထားကြတော့သည်။ မိမိတို့ကြံစည်လိုက်တိုင်း အောင်မြင်ခဲ့ကြသော ဦးခိုင်ခံ့တင်နှင့် မှော်ဆရာကြီးမှာတော့ အောင်ပွဲခံလျက် သမီးဖြစ်သူ ဖြူဖြူသျှင်းအား အိမ်ထောင်ပြုပေးရန် ကြံစည်နေကြတော့သည်။
' ကဲ … ဆရာကြီး … ပြသနာတွေ အားလုံးပြီးသွားပြီ ထင်ပေမယ့် … ညက ဟိုကောင်တွေ ကျုပ်အိမ်ထဲကို ထပ်ရောက်လာကြတာ … ကျုပ်တကယ်အံ့သြတယ် … လုံးဝ မကျေနပ်ဘူး … ဆရာကြီး တားလို့ပေါ့ … မဟုတ်ရင် ဒီကောင်တွေ အခုလောက်ဆို ဆရာကြီးရဲ့ ဝိဥာဉ်စဥ့်အိုးထဲ ရောက်နေလောက်ပြီ '
' ဟား … ဟား … ဒါပေမယ့် အခု ကျုပ်ပြောတဲ့ အတိုင်းလုပ်လိုက်တာ ပိုမကောင်းဘူးလား … ဟိုစစ်လား ဆေးလား လုပ်တဲ့ ရဲအစုတ်လဲ အခုဆို အချုပ်ထဲရောက်သွားပြီ' .
' ကောင်းပါ့ဗျာ … ဟမ် … အခုတော့ ဘာတတ်နိုင်သေးလဲ … မနက်ဖြန် ဒီကောင်တွေကို တရားရုံးတင်တော့မယ် … '
' ဟား … ဟား … ဆရာကြီး ကျုပ်သမီး မင်္ဂလာပွဲပြီးမှ ဆရာကြီးလိုရာခရီးကို ကြွပါ … အခုတော့ ကျုပ်တို့နဲ့ အတူတူ နေပေးပါဦး'
' ရပါတယ်ဗျာ … ကျုပ်လဲ ခင်ဗျားတို့ မိသားစုကို သံယော်ဇဉ်ဖြစ်နေပါပြီ '
' ကျေးဇူးတင်ပါတယ်ဆရာကြီးရာ … ဒါနဲ့ ဟိုစဥ့်အိုးလေးထဲက ဝိဥာဉ်တွေကို အချိန်ကြာကြာထားလို့ ကောင်းပါ့မလား'
' ရပါတယ်ဗျ … ကျုပ်တာဝန်ယူတယ် … ဟိုချာတိတ်တွေ ရုံးတင်ပြီး ထောင်ကျသွားမှ ကျုပ်လဲ စိတ်အေးနိုင်မှာ … ဒီကောင်တွေက လျော့တွက်လို့မရဘူး … ကျုပ်နဲ့ စောနယ်မှာ တစ်ခါဆုံဘူးတည်းက ဒီကောင်တွေအကြောင်းသိထားတယ် … အစွယ်လေးတွေနဲ့ဗျ … '
' ဟုတ်တယ်ဗျ … ဒီကောင်တွေမို့… ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို ဝင်ပါရဲတယ် … ကျုပ်ကိုများ တခြားသူ ထင်နေလားမသိဘူး … ကျားသေကို အသတ်သွင်းမိတော့ သူတို့ပဲ ဒုက္ခရောက်တာပေါ့ … ဟား … ဟား … ဟား … အခုတော့ အဲ့ဒီအစွယ်တွေကို ကျုပ်ရိုက်ချိုးနိုင်ပြီလေ'
' နေဦး … ကျုပ်တို့ လုပ်ရမှာ တစ်ခုကျန်နေသေးတယ် … '
' ဘာတုန်း ဆရာကြီး …'
' အခုကျုပ်တို့ ဖမ်းထားတဲ့ လက်စားဝိဥာဉ်ရဲ့ အလောင်းလေ … သူ့အလောင်းကို ခင်ဗျားတို့ ဘယ်မှာ မြှုတ်ထားကြလဲ '.
' ဟင် … အဲဒီသရဲရဲ့ အလောင်း ဟုတ်လား '.
' ဟုတ်တယ် … ကျုပ်အထင် ဟိုချာတိတ်ငါးယောက်တည်းက တစ်ယောက်နဲ့ အဲ့ဒီဝိဥာဉ်နဲ့က အဆက်သွယ်စကားပြောဆိုနိုင်မယ် ထင်တယ် … ဒါကြောင့် သူ့အကြောင်း အကုန်ပြောပြပြီး … သူ့ကို သတ်သွားတဲ့ အကြောင်း ပြီးတော့ သူ့အလောင်းမြှုတ်ထားတဲ့ နေရာ … အဲ့ဒါတွေကို ဟိုကောင်လေးတွေ သိသွားလောက်ပြီ …'
' ဟင် … ဒါဆို ဘယ်လိုလုပ်ကြမတုန်း … အလောင်းမြှုတ်ထားတဲ့ နေရာကိုတော့ ကျုပ်လဲ မသိဘူး … အောင်ထွန်းတို့ပဲ သိကြတာ'
' ဒါဆို မြန်မြန်မေးပြီး အလောင်းကို နေရာရွှေ့ဖို့ လုပ်ရမယ် … မဟုတ်ရင် … တရားရုံမှာ အဲ့ဒီတွေ ဖျောင့်ချက်ပေးလိုက်တာနဲ့ အလောင်းရှိတဲ့ နေရာကို ပြောလိုက်မှာ သေချာတယ် အဲ့ဒါဆို ကျုပ်တို့ပါ အမှု့မကင်းနိုင်ဘူး '
' ဟုတ် … ဟုတ်ကဲ့ … ဟေ့ကောင်တွေ အောင်ထွန်းကို သွားခေါ်ကြစမ်း '
ဝိဥာဉ်မောင်ကျော်၏ မြှုတ်ထားသော အလောင်းအား နေရာရွှေ့ရန် ကျန်ရှိနေသေးကြောင်း မှော်ဆရာကြီးမှ သတိတရ ပြောလိုက်လေသည်။ သို့နှင့် မောင်ကျော်အား ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး သူ၏ အလောင်းအားမြှုတ်ထားခဲ့သော နေရာအား သိရှိသော လူမိုက်ကြီး အောင်ထွန်ကို ခေါ်၍ မေးလေတော့သည်။ မောင်ကျော်အား ပဲခူးမြို့အစွန် ကွင်းပြင်၌ သက်လျက် သူ၏ အလောင်းအား ထိုကွင်းပြင်မှာသာလျင် မြှုတ်နှံခဲ့ကြောင်း သိရှိလိုက်သည်နှင့် လက်ဦးမှု့ရရှိရန် မှော်ဆရာကြီနှင့် ဦခိုင်ခံ့တင်ကား ထိုနေရာသို့ ချက်ချင်းပင်လျင် သွားကြတော့သည်။
အချိန်ကား ညနေဆောင်းလုနီးပါး ဘူတာရုံမှ နုနယ်လှသော ကလေးလေးအား ရင်ဝယ်ပိုက်ချီလာလျက် ဘတ်စ်ကားပေါ်မှ လူငယ်လေး မှတ်တိုင်တစ်ခုတွင် ဆင်းလိုက်သည်။ ထို့နောက် ကလေးလေးအား ချီလျက် လမ်းချိုးတစ်ခုအတွင်းသို့ ဝင်ရောက်ခါ အိမ်တစ်အိမ်အရှေ့ရောက်သည်နှင့်
' ဗျို့ … ထီးကလေး … ကိုထီးလေး … '
ထိုအိမ်အရှေ့၌ လူငယ်ကောင်လေးဟာ ထီးကလေးဟူသော အမည်အား ရင်းနှီးနေသော လေသံဖြင့် အော်ခေါ်နေခဲ့သည်။ သူ၏ အသံအား ကြားလိုက်သည်နှင့် အိမ်အတွင်းမှ အသတ် ၅၀ ခန့် လူကြီး တစ်ယောက် ဆင်းလာပြီး
' ဟင် … မောင်အောင်ကို … လာလေ … ခြံထဲဝင်'
သူအား ရင်းနှီးသော အမူယာဖြင့် ထိုလူကြီးမှ ခေါ်ဆောင်ကာ အိမ်ပေါ်သို့ရောက်သည်နှင့်
' ဘယ်ကနေလှည့်လာတာတုန်း … '
' ကျုပ် ရန်ကုန်ကိုပဲ လာချင်စိတ်ဖြစ်နေတာနဲ့ ထွက်လာခဲ့တာ … '
' လက်ထဲက ကလေးလေးက … '
' ဟုတ်တယ်ဗျို့ … ဦးကြီးရေ … ဒီကလေးလေးနဲ့ ဆုံခဲ့တဲ့ အကြောင်းက ဒီလိုဗျ … ကျုပ်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ ကိုထီးကလေးဆီလာပြီး အကျိုးအကြောင်းတိုင်ပင်မလို့ '
' ကလေးလေးက ချစ်စရာလေးပဲ … ပြောပါဦး … မောင်အောင်ကိုရ … ဒီကလေးလေး အကြောင်း'
အိမ်ရှင် ဦးကြီး၏ အမေးကြောင့် အောင်ကိုဟူသော ထိုလူငယ်ကောင်းလေးဟာ နုနယ်လှသော ကလေးလေးနှင့် ဆုံတွေ့ခဲ့သမျှ အကြောင်းတို့ အား မချွန်းမချန် ပြောပြလိုက်လေတော့သည်။
' ဟေး … '
' ဟုတ်တယ် ဦးကြီး … ဒီကလေးလေးက ဘယ်ကမှန်းလဲ မသိဘူး … ပြီးတော့ ကျုပ်ကိုလဲ အမှု့ပတ်မှာ ဆိုးတယ် … ဒါနဲ့ ကျုပ်လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာနဲ့ ကိုထီးလေးဆီ ဝင်လာတာပဲ … ကိုထီးကလေးတို့ရော '
ကလေးလေး၏ အကြောင်းအား သိလိုက်ရသော ထိုလူကြီး ဝမ်းနည်းသွားလျက် ကလေးလေးအား စိုက်ကြည့်နေခဲ့သည်။ ငိုယိုခြင်းမရှိသည့် ကလေးလေးဟာ ထိုလူကြီးကို အပြုံးလေးဖြင့် ပြန်လည် တုန့်ပြန်နေသလား လက်ကလေး ကားယားဖြင့် နှုတ်ဆတ်သယောင် ဟန်ပြနေခဲ့သည်။ ထို့နောက် အောင်ကိုဟူသော လူငယ်လေး၏ အမေးစကားကြောင့် ထိုလူကြီး သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်ပြီး
' မောင်ရင့် သူငယ်ချင်း … ထီးကလေးက အခု အချုပ်ခန်းထဲမှာ …'
' ဟင် … ကိုထီးလေးက အချုပ်ခန်းထဲမှာ ဟုတ်လား ဦးကြီး … ဘယ်လိုဖြစ်ရတာတုန်း '
' ဟူး … မပြောချင်ပါဘူးကွာ … သူတို့ပြောနေတာတွေကို ဦးကြီးလည်း နားမလည်ဘူး … အခုအချုပ်ခန်းထဲရောက်နေရတဲ့ အမှု့က အိမ်တစ်အိမ်ကို သူတို့ သူငယ်ချင်းငါးယောက်စလုံး ဖောက်ထွင်းဝင်တဲ့အမှု့နဲ့ပဲ '
'ဟင် '… အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်တဲ့ အမှု့ ဟုတ်လား ဦးကြီး … ဘာလုပ်ဖို့ ဝင်ကြတာလဲ … ဒါဆို လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့လဲ အချုပ်ခန်းထဲမှာပေါ '
' ဘာကိစ္စနဲ့ ဝင်ကြတာလဲတော့ ဦးလဲမသိဘူး … အခု သူတို့ သူငယ်ချင်းအားလုံး အဲ့ဒီအမှု့နဲ့ အချုပ်ထဲ ရောက်နေကြတာပဲ … မနက်ဖြန် တရားရုံတင်တော့မယ် '
' ဟင် … ငါးယောက်စလုံး အချုပ်ထဲ ရောက်နေတာဆိုတော့ အကြောင်းတစ်ခုခုရှိလို့ သူတို့ အဲ့ဒီအိမ်ကြီးထဲ ဝင်ကြတာ ဖြစ်မယ် … ကိုထီးကလေးနဲ့ သူ့သူငယ်ချင်းတွေအကြောင်း ကျုပ်အသိဆုံးပဲ … သူတို့အကြောငိးမဲ့ သတ်သတ်တော့ ဝင်ကြတာ မဖြစ်နိုင်ဘူး… ကျုပ်သူတို့ကို တွေ့ချင်တယ် … ဦးကြီးကူညီပေးပါလား'
' ဒါဆို ဦးကြီးနဲ့ လိုက်ခဲ့လေ … ဦးလဲ အခုပဲ သူတို့နဲ့ သွားတွေ့မလို့ … '
' ဟုတ်ကဲ့ '
ထိုအောင်ကိုဆိုသော သူဟာ ထီးကလေး လမ်းကလေး ငါးကလေး မျှားကလေး တန်ခိုး ထိုသူများနှင့် သေဘေးအမျိုးမျိုးအား ရင်ဆိုင်ကျော်ဖြတ်ခဲ့ဘူးသူ တစ်ယောက်ဖြစ်သည့်အလား ထိုငါးယောက်၏ အကြောင်းအား ကောင်းစွာသိရှိထားသူ တစ်ယောက်ဖြစ်ချေသည်။ တိုင်ပင်ကာ အိမ်ပိုင်ရှင် ဦးကြီးနှင့် အပိုင်ရဲစခန်းရှိရာဆီသို့ သွားမည်အလုပ် အပြင်မှ လျင်မြန်စွာ အပြေးဝင်လာသော ခွေးလေးတိုးပွားကား အောင်ကို ချီထားသည့် ကလေးလေးအား အောက်သို့ ချပေးစေရန် အလို့ငှာ ဘတတ်ရပ်လျက် ခုန်ပေါက်နေခဲ့သည်။ ထိုမြင်ကွင်းအား မြင်ရသည့် အောင်ကိုနှင့် အိမ်ပိုက်ရှင် လူကြီးက
' လုပ် … လုပ်ပါဦး … ဦးကြီး … ကျုပ်ကို ကိုက်မလို့လား မသိဘူး လုပ်ပါဦး '
' ဟဲ့ … သွားစမ်း '
ထိုအိမ်ပိုင်ရှင်ကြီး မည်သို့ပင် ခွေူလေးတိုးပွားအား မောင်းနှင်နေပါသော်လည်း ခွေးလေးဟာ ထွက်ခွာသွားခြင်းမရှိ။ အောင်ကို ချီထားသည့် ကလေးလေးအား မော့ကြည့်လျက် ခုန်ပေါက်နေလေခဲ့သည်။
' ဟင် … မသွားပါလားဦးကြီး … ဘယ်ကခွေးတုန်း… ကျုပ်ကိုတော့ ရန်မပြုဘူး … ကလေးလေးကို တွေ့ပြီး ခုန်ပေါက်နေတာပဲ '
' မောင်ရင့် သူငယ်ချင်း ထီးကလေး ခေါ်လာတာပဲ … ဘယ်ကမှန်းလဲ မသိဘူး … သူလာချင်တဲ့ အချိန် အိမ်ကို ပြန်လာတာပဲ ဦးတို့လဲ သူ့ကို သတိမထားမိဘူး … '
' ဟင် … ဒါကိုထီးလေးခေါ်ထားတဲ့ ခွေးလေးပေါ့ ဟုတ်လား … ဦးကြီး '
' အေးလေ …'
' နေဦးဗျ … ဒါဆို အကြောင်းတစ်ခုခုရှိလိမ့်မယ် … ကလေးလေးကို အောက်ချပေးကြည့်မယ် … ဒီကလေးနဲ့ ဒီခွေးလေးက ဆက်ဆက်နေမလား'
အိမ်ပိုင်ရှင် ဦးလေးကြီး၏ အဖြေစကားကြောင့် မောင်အောင်ကို အတွေးပေါက်လျက် မိမိချီထားသည့် ကလေးလေးအား ကြမ်းပြင်သို့ ချပေးလိုက်သည်။ ဝမ်းလျားထိုးသွားကာ ဆော့ကစားနေသည့် ကလေးလေးဆီသို့ ခွေးလေးတိုးပွား အပြေးသွားလိုက်ပြီး ငယ်စဉ်ကတည်းမှ မိမိထိမ်းကျောင်းခဲ့သော သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ သမီးကြောင်းအား အနီးရှိ မောင်အောင်ကိုနှင့် အိမ်ပိုင်ရှင် ဦးလေးကြီးအား ပြောနေခဲ့သလား ကြမ်းပြင်တွင် ရှိနေသော သမီးလေး၏ ဘေးပတ်ပတ်လည်၌ မြူးတူးခုန်ပေါက်ပြနေခဲ့သည်။ ထိုမြင်ကွင်းအား မြင်တွေ့နေရသည့် သမီးလေးအား ဘူတာရုံမှ ကယ်တင်လာခဲ့သော အောင်ကိုတစ်ယောက် ကောင်းစွာ သဘောပေါက် နားလည်သွားချေတော့သည်။
' ဟာဟုတ်ပြီ … ဒီကလေးလေးနဲ့ ဒီခွေးလေးက အဆက်စပ်ရှိနေတာ သေချာပြီ … ဦးကြီး ကျုပ်တို့ ကိုထီးလေးတိုဆီ အမြန်သွားပြီး ဒီအကြောင်းကို ပြောပြမှ ဖြစ်မယ် … ကြီးတော် … ကျုပ်ဒီကလေးလေးကို ဒီမှာ ခဏထားခဲ့မယ် … ကြည့်ပေးထားနော် .'
သဘောပေါက်စွာဖြင့် အိမ်ပိုင်ရှင် အန်တီကြီးဆီ၌ ခွေးလေးနှင့် သမီးလေးအား ထားရစ်ခဲ့ပြီး အချုပ်ကျနေသည့် သူ၏ သူငယ်ချင်း ထီးကလေးဆီသို့ အိမ်ပိုင်ရှင် ဦးလေးကြီးနှင့်အတူ ဦးတည်ထွက်ခွာသွားချေတော့သည်။ှ
ညနေဆောင်းသည့် အချိန်အထိ ကျွန်ပ်နှင့် သူငယ်ချင်းဖြစ်သူများ အပါဝင် စခန်းမှူးကြီးမှူးကြီးမှာ ထိုအပိုင်စခန်းသို့ အသစ်ပြောင်းရွှေ့လာမည့် စခန်းမှူးအသစ်အား စောင့်မျှော်နေလေခဲ့သည်။ ညနေဆောင်းအချိန်ထိ ပြောင်းရွှေ့လာမည့် စခန်းမှူးကြီးဆိုသူကာ ပေါ်မလာသေးချေ။ မှောင်ရီပျိုးသည့် အချိန်ရောက်လာသည်နှင့် အချုပ်ခန်းတံခါးဆီသို့ ရဲဘော်တစ်ဦး ရောက်ရှိလာပြီး
' ကဲ … ခဏထွက်ကြ '
ထိုရဲဘော်၏ အသံအား ကြားလိုက်သည်နှင့် ကျွနိုပ်နှင့်အတူ သူငယ်ချင်းများ လျင်မြန်စွာ ထလျက် အချုပ်ခန်းတံခါးအပြင်သို့ လျင်မြန်စွာဖြင့်သာ ထွက်လိုက်သည်။ ထို့နောက် ရဲဘော်ခေါ်ရာ အနောက်သို့ လိုက်ပါလာရင်း စခန်းမှူးကြီး၏ တာဝန်စားပွဲဝိုင်းအရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် အမျိုးသမီး အချုပ်ခန်းဆီမှ သူငယ်ချင်းဖြစ်သူ မျှားကလေးပါ ကျွန်ုပ်တို့ရှိနေရာသို့ ရောက်လာခဲ့သည်။
' ခဏစောင့် ခင်ဗျားတို့ အားလုံးကို အသစ်ပြောင်းလာတဲ့ စခန်းမှူးကြီးက တွေ့ချင်တယ်ဆိုလို့ '
တာဝန်ခုံ၌ စခန်းမှူးကြီးမရှိသေးချေ။ အတန်ကြာ စားပွဲဝိုင်း အရှေ့တွင် ကျွန်ုပ်တို့ငါးယောက်နှင့်အတူ စခန်းမှူးဟောင်းကြီးပါ ရပ်နေခဲ့ရသည်။ ထို့နောက် တာဝန်စားပွဲဝိုင်းရှိရာသို့ ပြောင်းရွှေ့လာသည့် စခန်းမှူးကြီးဟာ ဝင်ပေါက်မှ ဖြေးညင်းစွာ ဝင်ရောက်လာလေသည်။ သူ၏ တာဝန်ကျရာ စားပွဲဝိုင်း ထိုင်ခုံတွင် ထိုင်မည်အလုပ် ကျွန်ုပ်တို့ ငါးယောက်စလုံး၏ နှုတ်မှ သံပြိုင် ထွက်ပေါ်လာသည်က
' ဟင် … ဒုရဲအုပ် ကိုမောင်ဝင်း '
ထိုသူကား ကျွနိုပ်တို့၏ အကြောင်းအား ကောင်းစွာသိရှိထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် ပဉ္စမမြောက် လက်စားရှင် (ဝိဥာဉ်ကလဲ့စား) မှ တစ္ဆေပြည့်စုံအား ဖမ်းစီးခဲ့သော ဒုရဲအုပ် မောင်ဝင်းပင်ဖြစ်နေချေခဲ့သည်။ ကျွန်ုပ်တို့၏ သံပြိုင်ထွက်ပေါ်လာသော စကားသံကြောင့် ထိုင်ခုံတွင် မထိုင်သေး သူ၏ နှုတ်မှ
'ဟင် … ထီးကလေး လမ်းကလေး ငါးကလေး တန်ခိုး '
ဟု အံ့သြတကြီး ခေါ်လိုက်လေတော့သည်။









No comments:
Post a Comment