တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၂ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
***
ငယ်မူပြန်ခြင်းတော့မဟုတ် လူငယ်ဖြစ်သော ကျွန်ုပ်တို့ လွတ်လပ်စွာဖြင့် အိမ်မကြီး၏ အပေါ်ထပ်ဆီသို့ အပြေးအလွှာတတ်သွားခဲ့ကြသည်။ အိမ်ကြီးဟာ လောလောလက် လူများနေထိုင်သကဲ့သို့ ခန်းဝင်ပစ္စည်းများမှအစ အရာအားလုံး အသစ်အတိုင်းသာလျင် တည်ရှိနေခဲ့ပြီး ။
အပေါ်ထပ်အခန်းများဆီသို့ ကျွန်ုပ်တို့အားလုံး နေရာယူရန် အပြေးတတ်ရောက်လာခဲ့လေသည်။ အပေါ်ထပ်ရှိ အိပ်ခန်းများဟာလဲ သော့ခတ်ထားခြင်းမရှိပဲ စေ့ထားသည့် တံခါးများကိုသာ တွေ့လိုက်ရပြန်သည်။
' ဟင် … ဒီမှာလဲ သော့တွေ ခတ်မထားပါလား'
' ထီးလေး … ဒါတစ်ခုခုတော့ ထူးခြားနေတာ သေချာပြီ '
' အေးကွ … ငါလဲစိတ်ထဲမှာ တစ်မျိုးကြီး '
' မင်းတို့ကလဲကွာ … ဘာမှတွေးမနေနဲ့ အခုလို ထူးထူးခြားခြား တွေ့ရတာကိုပဲ ငါတို့အတွက် လမ်းစရနေတာပဲ မဟုတ်လား '
' ဒီလိုပဲတွေးရတော့မှာပေါ့ '
အိပ်ခန်းများအတွင်းသို့ ဝင်ရောက်ကြည့်ရှု့ခဲ့သော်လည်း အိပ်ယာ ကုတင်း စောင် ခေါင်းအုံး အစစပြည့်စုံစွာရှိနှင့်ပြီးသား ဖြစ်သည်။ ကိုယ်ဆီ အခန်းတစ်ခုစီသို့ နေရာယူစေပြီး အပေါ်ထပ် ဝရမ်တာ၌ ငါးယောက်သား စကားများ ပြောဆိုကာ ရယ်မောနေကြစဉ် ရဲကားတစ်စီ ခြံအတွင်းသို့ ဝင်ရောက်ရန် ဦးတည်နေခဲ့ပြီး ခြံစောင့်ကုလားကြီးမှ ခြံတံခါးအား ဖွင့်ပေးစေခဲ့သည်။
' ဟင် … ရဲကားကြီး ဘာဖြစ်လို့ ငါတို့ခြံထဲဝင်လာရတာလဲ '
' ဟိုလူကြီးကရော မမေးမစမ်းပဲ ဘာကြောင့် ဖွင့်ပေးလိုက်ရတာလဲ '
' ကဲလာ … တို့အောက်ဆင်းကြမယ် '
ဘာရယ်ကြောင့်မှန်းမသိ။ ကျွန်ုပ်တို့၏ ခြံအတွင်းသို့ ရဲအမြောက်အများ လိုက်ပါလာသည့် ရဲကားကြီးတစ်စီး ခြံအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အကြောင်းရင်းသိရှိစေရန် အောက်ထပ်သို့ဆင်းရန် ရွယ်လိုက်လေသည်။ အပေါ်ထပ်လှေကားမှ တစ်ဆင့် အောက်ထပ်သို့ တစ်ထစ်ခြင်း ဆင်းလာခဲ့သော ကျွန်ုပ်တို့အား အောက်ထပ်သို့ရောက်လာသည်နှင့် ကြားလိုက်ရသည့် အသံကား
' တစ်ယောက်မှ မလှုပ်နဲ့ '
' ဟင် … ဗျာ … '
ရောက်ရှိလာခဲ့သည့် ရဲအရာရှိများဟာ အိမ်မကြီးပေါက်ဝမှ ကျွန်ုပ်တို့အား အသင့်ပါလာသည့် သေနတ်များဖြင့် ချိန်းထားကာ မလှုပ်နှင့်ဟူသော မာန်ပါလှသည့် စကားသံဖြင့် အော်ပြောလိုက်လေသည်။ ထိုသူတို့၏ အပြုအမူနှင့် အော်ပြောလိုက်သော စကားသံကြောင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး ကြောင်တောင်တောင် ကြည့်နေမိခဲ့တော့သည်။
' ဟင် … ဘာ … ဘာဖြစ်လို့လဲခင်ဗျ '
' ဘာမှ မမေးနဲ့ မင်းတို့အကြောင်း မင်းတို့သိကြတယ်မဟုတ်လား တစ်ယောက်မှ မလှုပ်နဲ့နော် လက်မြောက်ထား … ကဲ ဆရာကြီး သူတို့အားလုံးကို လက်ထိပ်သွားခတ်လိုက်ပါ … တစ်ယောက်မှ လှုပ်ရှားမယ်မကြံနဲ့နော် '
'ဟင် … '
ဘာရယ်ကြောင့်မှန်းမသိ။ ကျွနိုပ်တို့အား လက်မြှောက်ခိုင်းလျက် ရဲဘော်နှစ်ဦးအား စေလွတ်စေပြီး ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများအား လက်ထိပ်ခတ်လိုက်လေတော့သည်။
' နေ … နေပါဦး … ဘာဖြစ်လို့ ကျုပ်တို့ကို ဖမ်းရတာလဲ '
' ဘာမှ မေးမနေနဲ့ စခန်းရောက်မှ ရှင်း '
သို့နှင့် ကျွန်ုပ်တို့ငါးယောက်အား နှစ်ယောက်တစ်တွဲ လက်ထိပ်ခတ်စေပြီး အသင့်ပါလာသည့် ကားပေါ်သို တတ်ခိုင်းစေကာ ကြောင်တောင်တောင်ဖြင့် အပိုင်ရဲစခန်းသို့ ရောက်ရှိလာလေတော့သည်။
အပိုင်ရဲစခန်းသို့ ရောက်ရှိလာသည်နှင့် ကျွန်ုပ်တို့အား အလွန်ဆိုးသွမ်းလှသည့် တရားခံများအား ဖမ်းစီးလာသကဲ့သို့ ပြုမူကာ သီးသန့် အချုပ်ခန်းအတွင်းသို့ ပို့ဆောင်ထားစေသည်။
' ဟာ … ထီးကလေး ဘာဖြစ်လို့ငါတို့ကိုဖမ်းရတာလဲ '
' ငါလဲ မသိဘူးလေ … '
' မျှားကလေး နင်အဆင်ပြေရဲ့လား '
' ရတယ် ငါ့အတွက်မပူနဲ့ ဘာဖြစ်လို့ ငါတို့ကို ဖမ်းလာရတာလဲ တစ်ခုခုတော့ လွဲနေပြီနော် '
' ခဏစောင့် သူတို့လာခေါ်မှ သေချာမေးကြည့်ရမယ် … မဟုတ်လို့ကတော့ ကိုမောင်ဝင်းနဲ့ကို တိုင်ပစ်ဦးမယ် '
' ဟ … စိတ်ထိန်းပါဦးတန်ခိုးရ လူမှားပြီး ဖမ်းလာတာပဲဖြစ်မှာပါ'
' ဟာကွာ … လူမှားပြီး ဖမ်းလာတာဆိုလဲ ငါတို့သိက္ခာထိခိုက်တယ်ကွ ငါတော့ လုံးဝ မကျေနပ်နိုင်ဘူး '
' နေကြပါဦး … ငါတို့က ဘာအမှားမှ လုပ်တာမှမဟုတ်ပဲ ဘာမှစိုးရိမ်မနေနဲ့ အခြေနေမကောင်းရင် ကိုမောင်ဝင်းကို အကြောင်းကြားလိုက်မယ် '
' ကြည့်ပါဦးကွာ အချုပ်ထဲရောက်တာတောင်မှ ခတ်ထားတဲ့ လက်ထိပ်ကိုမဖြုတ်ပေးဘူး … ဘဏ်ဝင်ဖောက်တဲ့ ဓားပြတွေကြနေတာပဲ '
သူငယ်ချင်းဖြစ်သူများ ဒေါသအလိပ်လိပ်ထွက်နေချေခဲ့ပြီး။ မည်သည့် အကြောင်းကြောင့် ကျွန်ုပ်တို့အား ဖမ်းခေါ်လာခဲ့ခြင်းမသိ အချုပ်ခန်ူအတွင်းသို့ ရောက်ရှိနေသည့်တိုင်အောင် ခတ်ထားသည့် လက်ထိပ်ပင်လျင် ဖြူတ်ပေးခြင်းမရှိချေ။ ခဏအကြာ၌ အချုပ်ခန်းသံတိုင်အား ရဲဘော်၎ဦး နံပါတ်တုတ်များဖြင့် ခေါက်ကာ အသံပေးလိုက်ပြီး
' တရားခံတွေ ခဏထွက်မယ် '
' ဘာ … ငါတို့က တရားခံ '
' တန်ခိုး … ဘာမှမပြောနဲ့ အပြင်ရောက်မှရှင်းမယ် '
' ကဲ ထွက်ကြ '
အမြင့်သုံးပေမျှရှိသော အချုပ်ခန်းထွက်ပေါက်မှ ငုတ်လျက် ကျွန်ုပ်နှင့်အတူ လက်ထိပ်ခတ်ခံထားရသည့် သူငယ်ချင်းများ ထွက်လာကာ စခန်းမှူးကြီး၏ တာဝန်စားပွဲဝိုင်းအရှေ့သို့ ရောက်ရှိလာခဲ့လေတော့သည်။ စခန်းမှူးကြီး၏ တာဝန်စားပွဲဝိုင်းအရှေ့၌ အသားဖြူဖြူ ခပ်ဝဝ ခနိ့ခနိ့ညားညားလူကြီးတစ်ယောက်နှင့်အတူ ခြံစောင့် မုတ်ဆိပ်ရှည်ရှည် အ, အကြီးအား တွေ့ရှိလိုက်ရလေသည်။ ကျွန်ုပ်တို့အား တွေ့လိုက်သည်နှင့် ခြံစောင့်ကုလားကြီးမှာ ရဲအရာရှိကြီးအား တိုင်နေခဲ့လေသလား မပီသသော စကားများဖြင့် ပြောနေခဲ့သည်။
' မုတ်ဆိတ်ကြီးပြောတာ သူတို့ပဲလား '
' အမ် … အမ် '
' ခင်ဗျားတို့က ဘယ်ကလဲ … '
' နေဦးရဲအရာရှိကြီး … ခင်ဗျားမေးခွန်းကို ကျုပ်တို့မဖြေခင် ကျုပ်တို့အရင်မေးမယ် '
' ကိုယ်လူတို့ ကျွန်တော်မေးတာကိုပဲဖြေပါ'
' ကောင်းပြီ ကျုပ်တို့က မြောက်ဥက္ကလာက … ဘာဖြစ်လို့ကျုပ်တို့ကို ဖမ်းရတာလဲ '
' ဖောက်ထွင်းမှု့ ခိုးမှု့'
' ဘာ … ဖောက်ထွင်းမှု့ ခိုးမှု့ဟုတ်လား '
' ဟုတ်တယ် ဒီကမိတ်ဆွေကြီး အိမ်ကို ခင်ဗျားတို့ငါးယောက် အတင်းဝင်ပြီး ဖောက်ထွင်းဖို့ စီစဉ်နေကြတယ်ဆိုတာ ဒီကခြံစောင့် မုတ်ဆိပ်ကြီးသတင်းပေးလို့ ကျွန်တော်တို့အချိန်မှီ ဖမ်းစီးခဲ့တာပဲ '
' ဗျာ … အခုအိမ်ကိုဖောက်ထွင်းဖို့ ကျုပ်တို့က ကြံစည်နေကြတာနဲ့ ခင်ဗျားတို့က ဖမ်းတာဟုတ်လား '
'ဟုတ်ပါတယ် '
'မဟုတ်သေးဘူး စခန်းမှူးကြီး အဲ့ဒီအိမ်က ကျုပ်တို့လက်ဆောင်ရထားတဲ့ အိမ်ကြီးပါ'
' ဘာ … ဘာပြောတယ် … အဲ့ဒါ ကျုပ်နဲ့ကျုပ်မိန်းမ တစ်ခါတစ်လေ အပန်းဖြေဖို့ဝယ်ထားတဲ့ အိမ် … ဘာကို ခင်ဗျားတို့က လက်ဆောင်ရတာလဲ … စခန်းမှူးကြီး သူတို့လိမ်နေတာ … ကျုပ်အိမ်ထဲကို အတင်းဝင်ပြီး ဖောက်ထွင်းဖို့ လုပ်ကြတာပါ … ကျုပ်တပည့် ခြံစောင့်ကြီးက ချက်ချင်းဖုန်းဆက်အကြောင်းကြားနဲ့ ဆရာတို့ဆီ အချိန်မှီတိုင်ကြားရတာပါ '
' ကဲ … ဘာငြင်းချင်ကြသေးလဲ '
' သိပ်ငြင်းလို့ရတာပေါ့ … အဲ့ဒါကျုပ်တို့ကို သူဌေးလေး နေသူရှန်ကိုယ်တိုင် လက်ဆောင်အဖြစ် ပေးခဲ့တဲ့အိမ်ပဲ '
' ဘာ … ဘာပြောတယ် … သူဌေးလေး နေသူရှိန်ဟုတ်လား … ဟားဟား … ခင်ဗျားတို့တွေက သိပ်ပြီး ဟာသတွေပြောတာပဲ နေသူရှိန်ဆိုတာ ကျုပ်တောင်အခုထိ တစ်ခ်ါမှမတွေ့ဖူးသေးဘူး လိမ်ရင်လဲ ပိပိရိရိလိမ်စမ်းပါဗျာ '
' ကောင်းပြီး … ဒါဆို ကျုပ်တို့မိတ်ဆွေတစ်ယောက်ဆီကို ဖုန်းတစ်ချက်လောက် ဆက်ပါရစေ '
မိမိမတွေ့ဘူး ၊ မကြုံဘူးတိုင်း မဖြစ်နိုင်ဘူးဟု ပြောဆိုနေသော စခန်းမှူးကြီးအား မည်သည့်စကားမှ ပြောမနေတော့ပဲ မိမိကိုယ်ကို အိမ်ပိုင်ရှင်ဟု ပြောဆိုနေသော လူဝကြီးဆီမှ ဖုန်းအားခေတ္တယူစေပြီး မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းထံသို့ အကြောင်းကြားစေတော့သည်။
' ဘယ်လို … ထီးကလေးတို့အခု ရဲစခန်းမှာ စွတ်စွဲခံထားရတယ် ဟုတ်လား … ဟုတ်ပြီ ဟုတ်ပြီ ကျုပ်အခုချက်လာခဲ့ပါ့မယ် '
ကျွန်ုပ်၏ အကြောင်းကြားချက်ဖြင့် မကြာမီအချိန်တွင်းမှာပင် သူ၏ မော်တော်ကယ်လေးဖြင့် မိတ်ဆွေက်ုမောင်ဝင်းတစ်ယောက် တာဝန်များအား လစ်လှူရှု့ထားပြီး ကျွန်ုပ်တို့ရှိနေသည့် ရဲစခန်းဆီသို့ လျင်မြန်စွာရောက်လာချေခဲ့သည်။ ကိုမောင်ဝင်းအား မြင်တွေ့လိုက်သည်နှင့် တာဝန်စားပွဲတွင် အခန့်သားထိုင်နေသော စခန်းမှူးကြီးမှာ ပြာတိပြာရိဖြစ်သွားခဲ့ပြီး မိမ်ထိုင်နေသည့် ခုံပေါ်မှ ထလိုက်ပြီး မိတ်ဆွေကိုမောင်ဝင်းအား နေရာပေးထိုင်ခိုင်းစေသည်။
' ဆရာမောင်ဝင်း ဒီကိုကြွပါ '
' ထီးကလေး ဘာဖြစ်ကြတာလဲ '
မိမိ၏ထိုင်ခုံတွင် နေရာပေးထိုင်ခိုင်းစေသော်လည်း မိတ်ဆွေကိုမောင်ဝင်းမှာ လွတ်နေသည့် ဘေးခုံလေးတွင်သာ ထိုင်ခဲ့သည်။ မိတ်ဆွေကိုမောင်ဝင်း၏ အမေးအား ကျွန်ုပ်တို့အားလုံး မချွန်းမချန်ပြောပြခဲ့ပြီးနောက်
' ဟုတ်တယ် … အဲ့ဒီအိမ်ကြီးကို နေသူရှိန်ကိုယ်တိုင်က ကျုပ်မိတ်ဆွေတွေက်ု ပေးခဲ့တာပဲ ဒီက စခန်းမှူးကြီး မှားနေပြီထင်တယ်'
' ဘာဖြစ်လို့မှားရမှာလဲ အဲ့ဒါကျုပ်အိမ် '
' ဟုတ်ကဲ့ဆရာမောင်ဝင်း ဒီကပုဂ္ဂိုလ်က သူ့အိမ်ကို ဒီလူတွေ ဖောက်ထွင်းဖို့ ကြံစည်နေကြတယ်လို့ သတင်းပေတာနဲ့ ကျုပ်တို့ဖမ်းရတာပါ … ဒါနဲ့ ဆရာမောင်ဝင်းရဲ့ မိတ်ဆွေတွေဆိုတော့ ဘယ်သူတွေများလဲခင်ဗျ '
' ဘယ်သူတွေဖြစ်ရမှာလဲ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့ပေါ့ဗျ '
' ဟင် … ဗျာ … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး '
' ဟုတ်တယ်လေ … ကျုပ်မိတ်ဆွေတွေက အဲ့ဒီလိုလုပ်ရက်မျိုး လုပ်ပါ့မလား '
' ဟင် … ဟုတ် … ဟုတ်ကဲ့ ဒါကြောင့် သူတို့တွေရဲ့ အကြည့်တွေထဲမှာ ရဲရင့်ပျက်သားမှု့တွေ တွေ့နေရတာကို … ကျုပ်ဒီကိစ္စကို သေချာရှင်းပေးပါ့မယ် သူဌေးလေးကို ကယ်ပေးခဲ့တဲ့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ဆိုတာ ကျုပ်အထင် ခန့်ခန့်ညားညားနဲ့ အသက်ကြီးပိုင်းတွေဖြစ်မယ်ထင်တာ '
' အဲ့ဒါကိုက စခန်းမှူးကြီး အတွေးမှားနေတာပေါ့ဗျ ဘုရားလောင်း မဟော်သဓာတောင် အသက်ငယ်ငယ်းလေးနဲ့ အမတ်ဖြစ်ခဲ့တာပဲ … အသက်ငယ်တိုင်း ကလေးမှမဟုတ်တာ '
' ကျုပ် … ကျုပ်သဘောပေါက်ပါပြီ'
' ဒီက အိမ်ပိုင်ရှင်ကြီးက ခင်ဗျားအိမ်ဆိုတာ သေချာလား '
' သိပ်သေချာတာပေါ့ဗျာ … မယုံရင် အိမ်ဂရမ်ပါယူပြရဦးမလား '
' ဒါဆို … ကိုထီးလေးတို့သွားတဲ့ အိမ်က '
' ကိုမောင်ဝင်း သူဌေးလေး အိမ်သော့ပေးလိုက်ကတည်းက ကျုပ်ပဲ သိမ်းထားပေးတာ … ဒီမှာလေ ခြံအမှတ် ၉၉ '
' ဟာ … ကိုလမ်းလေး မှားကုန်ပြီဗျ … ခြံအမှတ်က ၉၉ မဟုတ်ဘူး '
' ဗျာ … '
' ဟုတ်တယ် ခြံအမှတ်က ၆၆ '
' ဟာ … မှား … မှားကုန်ပြီ '
၆၆ နှင့် ၉၉ အား သူငယ်ချင်းဖြစ်သူ လမ်းကလေး ပြောင်းပြန်ကြည့်မိလိုက်လေသလား ကျုပ်တို့အား အရှေ့မှ ဦးဆောင်ကာ ခေါ်ဆောင်ခဲ့သော အိမ်ဟောင်းကြီးမှာ သူဌေးလေး နေသူရှိန်ပေးခဲ့သော တစ္ဆေကိုက်နေသည့် အိမ်ကြီးမဟုတ် ရဲစခန်းသို့ အမှူ့ဖွင့် တိုင်ကြားစေသော် ထိုလူကြီး၏ အိမ်ပင်ဖြစ်ချေခဲ့သည်။ သို့နှင့် ကျွနိုပ်တို့ငါးဦး၏ အမှားအား အိမ်ပိုင်ရှင်ကြီးကို တောင်ပန်းပြောဆိုခဲ့ပြီး ထိုသူကြားဘူးနေသည့် လူငယ်ငါးဦးဟာ ကျွန်ုပ်တို့ဖြစ်နေသောကြောင့် စိတ်ကျေနပ်စွာ ခွင့်လွတ်ပေးခဲ့လေသည်။ ထို့နောက် ကျွန်ုပ်တို့အား နှုတ်ဆတ်၍ ခြံအမှတ် ၉၉မှ အိမ်ပိုင်ရှင် စခန်းအတွင်းမှ ထွက်ခွားသွားချေတော့သည်။
' ဟူး … တော်သေးတာပေါ့ဗျာ … '
' ဒါကြောင့် အဲ့ဒီခြံက မုတ်ဆိတ်ကုလားကြီး ကျုပ်တို့ကို ခြံထဲမဝင်ဖို့တားနေခဲ့တာကို မသိဘူးဗျ ကျုပ်တို့က တစ္ဆေနဲ့တွေ့မှာဆိုးလို့ တားနေတာ ထင်ပြီးဇွတ်ဝင်ခဲ့ကြတာ … ကျုပ်သူငဟ်ချင်း လမ်းလေးကတော့ လုပ်ချလိုက်ရင် အဲ့ဒီအလွဲမျိုးပဲဗျို့ '
' ဟားဟား … ကျုပ် ခင်ဗျားတို့ ငါးယောက်ကို မသိလို့ ရိုင်းပြမိခဲ့တာ ကျုပ်ကို နားလည်ပေးပါ '
' ဟာဗျာ … မလိုပါဘူး ကျုပ်တို့ငါးယောက်ကသာ ဒီကစခန်းမှူးကြီးကို အလုပ်ရှုတ်အောင်လုပ်ခဲ့မိလို့ တောင်းပန်းရဦးမယ် '
' မဟုတ်တာပဲ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်ဗျာ … ဒါနဲ့ ကိုထီးလေးတို့ သွားမယ့်ခြံက ဘယ်ခြံလဲ '
'ကျုပ်တို့သွားမယ့်ခြံက ခြံအမှတ် ၆၆ ဗျ '
' ဟင် …ဘာ ဘယ်လို … ခြံအမှတ် ၆၆ဟုတ်လား'
' အင်း … ဟုတ်တယ်လေ '
ခြံအမှတ် ၆၆ဟု ကြားလိုက်ရုံနှင့် စခန်းမှူှးကြီးမှာ တုန်လှုပ်သွားစေခဲ့သည်။ မိတ်ဆွေကိုမောင်ဝင်းပြောခဲ့ဘူးသည့် ထိုခြံကြီးအတွင်းမှ တစ္ဆေခြောက်ခံလိုက်ရသော ရဲအရာရှိကြီးဆိုသည်မှာ ထိုစခန်းမှူှးကြီးပင် ဖြစ်ချေသည်။ ထိုအိမ်ခြံကြီးအတွင်းမှ မည်သို့ပင် ကြောက်စရာကောင်းလှသော အရာကိုပင် တွေ့ရှိခဲ့သည် မသိ။ ခြံအမှတ် ၆၆ ဟုကြားလိုက်ရုံနှင့် စခန်းမှူးကြီးမှာ စကားများစွန့်အ,သွားလေတော့သည်။
သို့နှင့် တာဝန်ချိန်များ ရှိသေးသည်ကြောင့် မိတ်ဆွေကိုမောင်ဝင်းမှာ ကျွန်ုပ်တို့အား နှုတ်ဆတ်လျက် စခန်းအတွင်းမှ ထွက်ခွားသွားပြီနောက် ကျွန်ုပ်တို့အားလုံးသည်လည်း တုန့်လှုပ်နေသည့် စခန်းမှူးကြီးအား နှုတ်ဆတ်ကာ ခြံအမှတ် ၆၆သို့ ယခုတစ်ကြိမ်မလွဲမှားစေရန် ဂရုတစိုက် ဦးတည်သွားခဲ့လေတော့သည်။
အချိန်ကား ညနေ ၃နာရီ ၃၀ ရှိနေခဲ့ပြီ။
မကြာမီအချိန်တွင်းမှာပင် လမ်းသွယ်လေးတစ်ခုအတွင်းသို့ ကွေ့လျက် ခြံစည်းရိုးပေါ်သို့ နွယ်ပင်များစွာ နွယ်တတ်နေခဲ့သော ခြံကြီးတစ်ခုအား တွေ့ရှိလိုက်ရလေသည်။ ဖရိုဖရဲချိတ်ဆွဲထားသည့် ခြံအမှတ်အား စူးစိုက်ကြည့်လိုက်သည်နှင့် ခြံအမှတ် ၆၆ဟု ချိတ်ဆွဲထားသည်အား တွေ့ရှိလိုက်ရလေသည် ။
' ဒီတစ်ခါတော့ သေချာပြီ '
' အိုး … ကြည့်စမ်းပါဦး … တကယ့်ကို ခြောက်ခြားစရာကာင်းတဲ့ အိမ်ကြီးပါလား '
' ဟုတ်ပါ့ကွာ … ကဲ ခြံတံခါးဖွင့် …သော့ ခတ်ထားပါတယ်နော် '
'ဟုတ်တယ်ကွ ဒီတစ်ခါတော့ မလွဲတော့ပါဘူး ခြံသော့လဲခတ်ထားတယ် '
' ကဲကဲ … ခြံတံခါးဖွင့်ပြီး အထဲဝင်မယ် ညနေလဲဆောင်းတော့မယ်ဆိုတော့ ညစာအတွက် အပြင်မှာပဲ သွားစားလိုက်ကြမယ် '
သို့နှင့် ခြံသော့ကိုင်ဆောင်ထားသူ လမ်းကလေးတစ်ယောက်မှာတော့ သော့အား ဖွင့်လျက် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ခြံကြီးအတွင်း ခြေလှမ်းစတင် လှမ်းလိုက်လေသည်။
' အောင်မလေး ကျက်သီးတွေတောင် ထတယ် '
' ငါရောပဲ … အလိုလိုနေရင်း ကျက်သီတွေ ထသွားတယ် '
' စိတ်ထင်နေတာပဲဖြစ်မှာပါကွာ … လာ အိမ်ထဲဝင်ကြရအောင် '
' နေဦး … ငါလဲ တစ်ကိုယ်လုံး ကျက်သီးတွေ ထသွားတယ် '
' ကျက်သီးထတာကတော့ မင်းတို့တင်မဟုတ်ဘူး ငါလဲထတာပဲ ရာသီဥတုနဲ့ ငါတို့အတွင်းစိတ်နဲ့ ပေါင်းပြီး ကျက်သီးထတာလဲ ဖြစ်နိုင်ပါတယ် ဘာမှတွေးမနေနဲ့ မင်းတို့ကြောက်လို့လား '
' ကြောက်စရာလားကွ … ဒီထက်ဆိုးတာတွေတောင် ကျော်လာနိုင်ခဲ့ပြီးမှ အခု တစ္ဆေဆိုတာလောက်နဲ့ အရှုံးပေးရမှာလား '
' အဲ့ဒါပြောတာပေါ့ … ကဲပါ လာ '
ကျွန်ုပ်တင်သာမက သူငယ်ချင်းဖြစ်သူများသည်လည်း ကျွန်ုပ်အတိုင်းပင် ကျက်သီးများ ထနေသည်မှာ ထူးဆန်းမှု့ပင်တစ်ခုပင် ဖြစ်ချေသည်။ သို့ပေမယ့် မေ့ဖျောက်ထားကာ အိမ်မကြီး တံခါးဆီသို့ အရောက်လှမ်းလာနိုင်ခဲ့သည်။ အိမ်မကြီးတံခါးအား အသင့်ပါလာသည့် သော့ဖြင့် လမ်းကလေးတစ်ယောက် ဖွင့်လိုက်ပြီး အိမ်အတွင်းသို့ ကျွန်ုပ်တို့အားလုံး ခြေလှမ်းစတင် လှမ်းလိုက်ပြန်လေသည်။
' အိုး … စိတ်ထဲမှာ ဆိုးနစ်သွားတယ် '
' ဟူး … '
ကျွန်ုပ်တို့အားလုံး သက်ပြင်းတစ်ချက်အား ပြိုင်တူ ခပ်ပြင်းပြင်းချလိုက်မိလေသည်။ တိုင်ပင်ကာ သက်ပြင်းချမည်ဟု မှာထားခဲ့လျင်တောင် လွဲသွားဦးမည်မှာ သေချာလှသည်။ သို့ပေမယ့် ယခုသက်ပြင်းချလိုက်သည့်အချိန်ဟာ ငါးယောက်စလုံးပြိုင်တူ ညီညာနေခဲ့ပြီး တစ်ဦးမျက်နှာ တစ်ဦး ကြည့်မိလိုက်လေသည်။
အိမ်မကြီးအကျယ်အဝန်းမှာ ပေ၂၀ ခန့်ရှိပြီ။ အိမ်အတွင်း၌ မည်သည့်အသုံးဆောင် ပရိဘောဂပစ္စည်းတစ်ခုမ မရှိ။ ဧည့်ခန်းအတွင်း၌လည်း ခုံတစ်လုံးမျှမရှိ။
တစ်အိမ်လုံး၌ ရှင်းလင်းနေလေခဲ့သည်။
ထို့နောက် မည်သည့်စကားမှ မပြော အိမ်ကြီးအတွင်းသို့ တစ်လှမ်းခြင်း ဝင်ရောက်လာပြီး ဦးစွာမြင်တွေ့လိုက်ရသည်က အလျား၅ပေ အနံ၃ပေရှိသည့် ကြီးမားလှသော မော်ဒယ်မင်းသမီးလေးတစ်ယောက်၏ ကိုယ်လုံးပေါ် အလှဓာတ်ပုံပင်ဖြစ်ချေသည်။
' ဒါ ဘယ်မင်းသမီးလဲ '
သူငယ်ချင်းဖြစ်သူ ငါးကလေးမှ ထိုဓာတ်ပုံအား စူးစိုက်စွာကြည့်လိုက်ပြီး နှုတ်မှ မည်သည့်မင်းသမီးဖြစ်သနည်းဟု မေးလိုက်လေသည်။ သူ၏ အမေးကြောင့် ကျွန်ုပ်တို့အားလုံး ထိုဓာတ်ပုံဆီသို့ အာရုံရောက်သွားကာ စူးစိုက်ကြည့်မိလိုက်သည်။
' မသိဘူး … မင်းသမီးမဟုတ်ဘူးနဲ့ ထင်ပါတယ် … အရင်အိမ်ရှင်တွေ ကျန်နေခဲ့တာဖြစ်မှာပေါ့ '
' တော်တော်တော့ ကြည့်ကောင်းသားကွ '
ပန်းဆီရောင် ရင်ဖုံးအကျီလေးအား မြန်မာစံလှစွာ ဝတ်ဆင်ထားပြီး ချိတ်ထမီလေးအား သပ်ရပ်စွာဆင်မြန်းထားသည့် မော်ဒယ်မင်းသမီးလေး တစ်ယောက်၏ ကိုယ်လုံးပုံဓာတ်ပုံအား ဦးစွာတွေ့ရှိလိုက်ရပြီး စူးစိုက်စွာကြည့်မိခဲ့ကြသည်။ ထို့နောက် လှေကားအတိုင်း ကျွန်ုပ်နှုင့်အတူ သူငယ်ချင်းများ ဖြေးညင်းသောခြေလှမ်းတို့ဖြင့် တစ်လှမ်းခြင်း တတ်လာခဲ့ပြီး ရှေးဦးစွာမြင်တွေ့နေရသည့် အခန်းအရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်၌ အားလုံး၏ နှုတ်မှ မည်သည့်စကားမှ ပြောဆိုခြင်းမရှိ တိတ်ဆိတ်ငြိမ်သတ်နေခဲ့ကြပြီး ခတ်ထားသည့် အိပ်ခန်းသော့ကိုသာ လမ်းကလေးတစ်ယောက် ဖွင့်လိုက်လေသည်။
အိမ်ခန်းတံခါး ဖွင့်လိုက်သည်နှင့် အနံ့သတ်က မွှေးကြိုင်လှသည်။ စန္ဒားတစ်လုံးနှင့် နှစ်ယောက်အိပ်ကုတင်း တစ်လုံးအား မြင်တွေ့နေရပြီး အလွမ်းဓာတ်များ ဖုံးလွမ်းနေလေသလား ကျွန်ုပ်တို့အားလုံး၏ စိတ်အတွင်း၌ အဆွေးဓာတ်များဖြင့် ဆို့နစ်သွာကြသည်မှာ မလွဲချေ။
' ဒီအခန်းမှာ ကုတင်းရယ် စန္နယားရယ်ရှိနေတယ် … အရင်အိမ်ပိုင်ရှင်တွေ ပစ္စည်းတော့ဖြစ်မယ် မထင်ဘူး '
' နင်ဘာကိုဆိုလိုတာလဲ မျှားကလေး '
' ဒီလိုလေဟာ အောက်ထပ်မှာရှိတဲ့ ဓာတ်ပုံကြီးက အရင်အိမ်ပိုင်ရှင်တွေ ကျန်ခဲ့တယ်လို့ ဆိုလို့ရပေမယ့် … အရင်အိမ်ပိုင်ရှင်တွေက တန်ဖိုးရှိတဲ့ ဒီပစ္စည်းတွေကိုတော့ ထားခဲ့ပါ့မလား '
' ဒါဆို ကနဦးအစ အိမ်ပိုင်ရှင်တွေရဲ့ ပစ္စည်းလို့ ပြောချင်တာလား '
' ဒါပေါ့ … ဒီပစ္စည်းတွေကို အရင် အိမ်ပိုင်ရှင်တွေကလဲ တွေ့ခဲ့ရတာပဲလား '
' လာပါဟာ … နောက်ထပ်အခန်းတွေ ရှိသေးတာပဲ လိုက်ကြည့်ကြတာပေါ့ '
ကုတင်းလေးဟာ သပ်ရက်စွာရှိနေသေးသည်။ ရှိနေသည့် စန္နယားလေးဟာလဲ မည်းနက်၍ ပြောင်းတင်းနေကာ မြူမှုံတစ်စက်မရှိ။ ထိုအခန်းအား တံခါးပြန်ပိတ်လိုက်ပြီး ဘေးချင်းယှဉ် အိပ်ခန်းအား သူငယ်ချင်းဖြစ်သူ လမ်းကလေး ဖွင့်လိုက်ပြန်လေသည်။
' ဟင် … ဒီအခန်းမှာကြတော့ ဘာမှ မရှိပါလား '
ယခုဖွင့်လိုက်သည့် အိပ်ခန်းအတွင်းမှာတော့ မည်သည့်အသုံးဆောင်း ပစ္စည်းတစ်ခုမှ မရှိ ။ ရှငိးလင်းနေသည်ကိုသာ တွေ့ရှိလိုက်ရသည်။ ထို့အတူ မျက်နှာချင်းဆိုင် အိပ်ခန်းမှာလဲ မည်သည့်ပစ္စည်းမှ မရှိ ရှင်းလင်းစွာ တည်ရှိနေခဲ့သည်။
' ကဲ … ဒါဆို ငါတို့တွေ ဘယ်လိုနေကြမလဲ အိပ်ခန်းက သုံးခန်းရှိတယ် ဟိုဘက်အခန်းကတော့ အိပ်ယာ ကုတင်း အစုံရှိတယ် … ဘယ်လိုနေမလဲ'
' အောက်မှာလဲ အိမ်အခွံကြီးပဲရှိနေတာ ထိုင်ခုံတွေဘာတွေလဲ မရှိဘူး … အဓိကက ငါတို့အိပ်ဖို့လာတာမဟုတ်ဘူး ပြီးတော့ အပျော်ခရီးလဲမဟုတ်ဘူးဆိုတော့ ဖြစ်သလိုနေပြီး အကောင်းဆုံး ဒီအိမ်ကြီးအကြောင်းကို လေ့လာရမယ် '
' ဟုတ်ပြီ … မင်းပြောတာ ငါတို့သဘောပေါက်တယ် … ဘယ်အချိန်ရှိပြီလဲ ငါးကလေး '
' ၄နာရီခွဲတော့မယ် '
' ကဲကဲ … အခုအပြင်မှာ တစ်ခုခုသွားစားပြီး နေဖို့ထိုင်ဖို့အတွက် တိုငိပင်ကြတာပေါ့ '
' ဟုတ်တယ် ဟုတ်တယ် အဲ့ဒီအစီအစဉ်ကောင်းတယ် '
ယူဆောင်လာသည့် ပိုက်ဆံများသာ အိတ်ကတ်အတွင်းသို့ ထည့်ထားစေပြီး အသင့်ပါလာသည့် အဝတ်စားလေးတချို့သာ အပေါ်ထပ်တွင် ထားရစ်စေပြီး လှေကားအတိုင်း အောက်သို့ဆင်းကာ ညနေစာ စားသောက်ရန်အပြင်သို့ သွားမည်အလုပ် အပေါ်ထပ်လှေကား အရင်းမှ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကြားလိုက်ရသည်က
' ဟင် … မင်းတို့ကြားလား '
အောက်သို့ဆင်းရန် ရွယ်ထားသည့် ကျွန်ုပ်တို့၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်စေပြီး ကြားနေရသည့် သံစဉ်သဲ့သဲ့အား ရှင်းလင်းစွာကြားသိစေရန် တိတ်ဆိတ်ငြိမ်သတ်နေလိုက်သည်။
' ဟင် … ဒီသံစဉ်က အဆိုတော် စိုးစန္နာထွန်းရဲ့ အချိန်ရမှာနားထောင်ပါဆိုတဲ့ သီချင်းပဲ '
သံစဉ်ဟာ စန္နယားမဟုတ် တစ်ဦးတစ်ယောက် ညည်းထွားနေခဲ့သည့် ညည်းထွားသံပင် ဖြစ်ချေသည်။ ပြောင်တင်းနေသည့် ကြမ်းပြင်များအား ခြေဖနှောက်မပါ ခြေဖျားလေးဖြင့် ထောက်လျက်လျောက်စေပြီး အသံလာရာဆီသို့ ဦးတည်သွားနေမိရာမှ ကုတင်းနှင့် စန္နယားရှိနေသည့် အိပ်ခန်းအတွင်းမှ ထိုညည်းသံအား ကြားနေရခြင်းဖြစ်သည်။ အိပ်ခန်းတံခါးအား နားဖြင့် ကျွန်ုပ်ကပ်လိုက်ပြီး အနီးရှိ သူငဟ်ချင်းဖြစ်သူ မျှားကလေးအား လက်နှင့် နှုတ်ခမ်းကပ်ခါ
' ရှုး … တိုးတိုး ဟုတ်တယ် ဒီအခန်းထဲက ကြားနေရတာပဲ '
စိတ်ငြိမ်စွာ နားစွင့်နေသော ကျွန်ုပ်၏ိံအမူယာအား တန်ခိုးတစ်ယောက် စိတ်မရှည်တော့လေသလား ကျွနိုပ်အား ခေါင်းလေးအသာငြိမ့်ပြလျက် အခန်းတံခါးအား ဆတ်ခနဲ တွန်းဖွင့်လိုက်ချေသည်။
' ဝူး … … ဝူး … '
အိပ်ခန်းတံခါးဖွင့်လိုက်သည်နှင့် မည်သည့်အခါမှ ကျွနိုပ်တို့မကြားခဲ့ဘူးသော ဆိုးရွားလှသည့် အသံဆိုးကြီးတစ်ခုအား ထွက်ပေါ်လာခဲ့ပြီး သံစဉ်ညည်းထွားနေသည့် အသံပါပျောက်ကွယ်သွားရချေသည်။
' ဟေ့ … ဒီအိမ်ကြီးမှာ ရှိနေတဲ့ တစ္ဆေ … အသင့်ကိုကျွန်ုပ်တို့ ကူညီမည့်လူများသာဖြစ်သည်။ … ဒါကြောင့် ကျွနိုပ်တို့အား ခြောက်လန့်ခြင်းမပြုပါနှင့် … ကျွနိုပ်တို့ဟာ လူကောင်းတွေပါ '
စာသံပေသံဟု ဆိုရလေမလား ။ သူငယ်ချင်းဖြစ်သူ ငါးကလေးတစ်ယောက် အိပ်ခန်းအတွင်းသို့ ရည်မှန်းကာ ပြောဆိုလိုက်သည်နှင့် အသံဆိုးကြီးတစ်ခုအား ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။ ကျွန်ုပ်ဟာ ယခုနှစ်ဆိုလျင် လူ့လောကသို့ ရောက်ရှိလာခဲ့သည်မှာ ၂၂ နှစ်ကျော်ရှိနေခဲ့လေပြီ။ မိခင်ဝမ်းမှ ကျွတ်လွတ်လာသည့် အချိန်မှစတင်၍ ယခုအချိန်ထိ ထိုကဲ့သို့သော ဆိုးရွားလှသည့် အသံဆိုးကြီးအား မည်သည့်အခါမှ မကြားခဲ့ရဘူးချေ။ ကျွန်ုပ်နှငိ့အတူ သူငယ်ချင်းများသည်လဲ ထိုသို့ပင် ဖြစ်ချေသည်။ ထိုအသံဟာ အဝေးမှလေပြင်း သို့မဟုတ် မိုးများသည်းထန်စွာ ရွာသွန်းလာနေသည့် အသံမျိုးပင်ဖြစ်ချေသည်။
ထိုအသံကြောင့် ကျွနိုပ်တို့အားလုံး ညီညာစွာ ရပ်တန့်လိုက်ပြီး ကြောက်လန့်ရမည့်စိတ်အား မေ့ဖျောက်ထားကာ ဖြစ်ပေါ်လာမည့် ပြသနာအား ရင်စည်းခံမည့် အနေထားသို့ ပြောင်းလဲထားလိုက်လေသည်။ သို့ပေမဟ့် ထိုအသံဆိုးကြီးအား ထပ်မံ၍ မကြားရတော့ချေ။
ကျွန်ုပ်၏နံဘေးမှ ငါးကလေးဟာ ကျွနိုပ်၏မျက်နှာအား ကြည့်လိုက်ပြီး
' ထီးကလေး … ဟုတ်တော့ဟုတ်နေပြီ'
ငါးကလေး၏ အပြောကြောင့် ကျွန်ုပ်ခေါင်းအား တစ်ဆတ်ဆတ်ငြိမ့်လိုက်ပြီး
' လူမနေတာကြာပြီဆိုတော့ … အသံလုံနေလောက်ပြီ ဒါကြောင့် ငါ့တို့အထဲမှာရှိတဲ့ မသိစိတ်နဲ့ပေါင်းပြီး ဒီအသံမျိုးဆိုတာ ဖြစ်နိုင်တာပဲ … ဒီအသံလောက်နဲ့ ငါတို့အားလုံး စိတ်မရှုတ်စေချင်သေးဘူး … ဒီတော့ တံခါးပြန်ပိတ်ပြီး ဗိုက်အရင် သွားဖြည့်ကြမယ် … ဟုတ်မဟုတ် ဒီည သေချာစစ်ဆေးကြတာပေါ့ '
' မင်းသဘောပဲ ထီးလေး … '
ဆိုးရွားလှသည့် ထိုအသံကြီးအား သူငယ်ချင်းဖြစ်သူများကို ကျွန်ုပ်ဖြေသိမ့်နစ်သိမ့်စကားများ ပြောဆိုခဲ့ပြီး ရှုတ်စေမည့်စိတ်အား မေ့ဖျောက်ထားကာ တိကျစွာသိရှိမည့် အရေးသာအဓိကဖြစ်သည်ဟု ဆိုခဲ့ရသေးသည်။
သို့နှင့် ပွင့်သွားသည့် ထိုတံခါးအား ပြန်လည် ပတ်ခါ အပေါ်ထပ်မှ တစ်ဆင့် အောက်ထပ်သို့ ပတ်ဝန်းကျင်အား နားစွင့်စေပြီး ညနေစာအတွက် စားသောက်ရန် အပြင်သို့ ထွက်လာချေတော့သည်။
ထိုအိမ်ကြီးနှင့် မဝေးလှသည့် ဒေါ်တုတ် (ရှယ်ထမင်းဆိုင်) ဟူသော ထမင်းဆိုင်လေးတစ်ခုအတွင်းသို့ ညနေစာအတွက် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဝင်ရောက်စားသောက်ခဲ့ကြသည်။ အချိန်ကား ညနေဆည်းဆာ နေဝင်လုနီးပါးဖြစ်နေခဲ့ပြီး။ စားသောက်ပြီးသည်နှင့် ဒေါ်တုတ်ထမင်းဆိုင်လေး အတွင်းမှ ကျွန်ုပ်တစ်ယောက်တည်း ဦးစွာထွက်လာခဲ့ပြီး ရပ်ထားသည့် ကျွန်ုပ်တို့၏ ဆိုင်ကယ်များရှိနေရာသို့ အရောက်လှမ်းနေခဲ့သည်။ ။
ဆိုင်ကယ်များရပ်ထားသည့် နေရာဆီသို့ ဦးတည်သွားနေသော ကျွန်ုပ်အား အရှေ့စူးစူးမှ လျောက်လှမ်းလာသော လူလတ်ပိုင်း လူတစ်ယောက်ဟာ ကျွန်ုပ်၏ လက်အား လှမ်းဆွဲလိုက်ပြီး။
' ခြံအမှတ် ၆၆ '
' ဟင် … ဗျာ … အစ်ကို ဘာပြောတာလဲ '
ဆိုင်ကယ်ရှိရာသို့ ရောက်လုနီးပါး နေရာ၌ လက်လွဲကာလျောက်နေသော ကျွန်ုပ်၏လက်အား လှမ်းဆွဲလိုက်ပြီး ခြံအမှတ် ၆၆ ဟု မျက်ထောက်များနီးရဲလျက် အပြုံးမျက်နှာဖြင့် ပြောဆိုလိုက်သည်။ အပြုံးဆိုစေကာမူ ထိုသူ၏ အပြုံးဟာ ကြောက်စရာကောင်းလှသည့် အပြုံးပင်ဖြစ်ချေသည်။ ကျွန်ုပ်၏လက်အား တင်းရင်းစွာ ဆုတ်ကိုင်ထားသည်မှာ မလွတ်သေး။ အနောက်တွင်ပါလာသော သူငယ်ချင်းဖြစ်သူများ၏ အသံများအား ကြားလိုက်မှသာလျင် ဆုတ်ကိုင်ထားသည့် ကျွန်ုပ်၏လက်အား လွတ်ပေးချေသည်။
' ခြံအမှတ် ၆၆ မှာ တစ္ဆေကြီးရှိတယ် '
သြလှသည့် အသံ ။ မျက်နှာထားအား ကြောက်စရာအသွင်သို့ အမူယာပြကာ ပြောဆိုလိုက်သည့် စကားဟာ အင်မတန်မှ နက်ရှိုင်းလှသည်။
' ထီးလေး ဘာလုပ်နေတာလဲ ဒီအစ်ကိုက ဘယ်သူလဲ '
' ငါက ဘုရင်… မင်းသားလေးကို ကယ်မယ့် ဘုရင်… ဟား ဟား '
' ဟင် … အစ်ကို ကျုပ်တို့ကို ခွင့်ပြုဦး သွားစရာရှိသေးလို့ '
' သွား သွား ခြံအမှတ် ၆၆ ကိုသွား '
' ဘာလဲဟ … စိတ်မနံ့ဘူးနဲ့ထင်တယ် '
ထိုသို့ပြောဆိုကာ ကျွန်ုပ်တို့၏အရှေ့မှ ခုန်ပေါက်ကာ အရူးတစ်ယောက်သဖွယ် ထွက်သွားခဲ့သည့် ထိုသူအား မျက်စိတစ်ဆုံး ကျွန်ုပ်ကြည့်နေမိခဲ့သည်။
' ထီးလေး … ဘာတွေကြည့်နေတာလဲ လာ သွားကြရအောင် ထားလိုက်ပါ စိတ်ရောဂါရှင်ပဲဖြစ်မှာပေါ့ … မိုးချုပ်တော့မယ် ငါတို့လဲနောက်ကျနေပြီ '
ထိုသူအား ကျွန်ုပ်စိတ်ဝင်စားမိသည်မှာ သေချာလှသည်။ ကျွန်ုပ်တို့ဦးတည်နေသည့် အိမ်ကြီးအား ထိုသူ မည်သို့ပင် သိရှိနေခဲ့သည်အား ကျွန်ုပ်စဉ်းစားမရချေ။ သို့နှင့် သူငယ်ချင်းဖြစ်သူ လမ်းကလေး မောင်းနှင်သည့် ဆိုင်ကယ်အနောက်တွင်သာ လိုက်ပါလာရင်း ခြံကြီးအရှေ့သို့ ပြန်လည် ရောက်ရှိလာခဲ့ချေသည်။
သို့နှင့် မောင်းနှင်စက်နှိုးထားသော ဆိုင်ကယ်များအား ရပ်လျက်စက်သတ်လိုက်ပြီး စေ့ထားသည့် ခြံတံခါးအား တွန်းဖွင့်ကာ ခြံကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ခြံအတွင်းသို့ ဆိုင်ကဟ်များအား ထည့်သွင်းစေပြီ မှောင်လုနီးပါးအချိန်ဖြစ်သည်ကြောင့် အိမ်မကြီးအတွင်းသို့ စေ့ထားသည့် တံခါးအား ဖွင့်ကာ အပေါက်ဝတွင်ရှိနေသော မီးခလုတ်လေးအား ဖွင့်လိုက်လေသည်။
' ကဲ … ဒီညတော့ ငါတို့အားလုံး အောက်ထပ်မှာ အိပ်လိုက်ကြတာပေါ့ '
' မျှားကလေး ဖြစ်ပါ့မလား '
' ဘာလို့မဖြစ်ရမှာလဲ … ငါတို့က သေအတူ ရှင်မကွာ ငါးကိုယ်တစ်စိတ် မောင်နှမတွေပဲ '
' ဒါပဲပေါ့ … ဒါဆို ထမင်းလဲစားပြီးပြီး တစ်နေ့ကုန်လဲ ပင်ပန်းနေတာ ကိုယ်တွေလက်တွေကို ကိုက်ခဲနေတာပဲ '
' လက်ကောက်ဝတ်တွေ အခုထိနာနေတုန်း '
' ဟုတ်ပါ့ … ကြည့်စမ်းပါဦး ငါ့လက်ကောက်ဝတ်မှာ အခုထိ လက်ထိပ်အရာ မပျောက်သေးဘူး'
' အေးပါဟာ … ငါ့ကြောင့်ပါ ခြံအမှတ် ၆၆ နဲ့ ၉၉က ပြောင်းပြန်ကြည့်လိုက်ရင် အတူတူပဲဆိုတော့ ငါလဲသတိမထားမိပဲ မင်းတို့ကို ဦးဆောင်ခေါ်ခဲ့တာ အိမ်ပိုင်ရှင်ကိုတောင် ငေါက်လွတ်လိုက်သေးတယ် … တော်သေးတာပေါ့ ကိုမောင်ဝင်းရောက်လာလို့ မဟုတ်ရင်မလွယ်ဘူး '
' ဟား ဟား … ဟုတ်ပါ့ကွာ ငါတို့အဖြစ်ကလဲ ငိုအားထက် ရယ်အားသန်ဖြစ်နေပြီ '
' ဟင် … ထီးလေး ဟိုမှာကြည့်စမ်း '
ထိုင်ခုံမရှိ ပြောင်တင်းနေသည့် ကြမ်းပြင်ပေါ်၌သာ ငါးယောက်သား ခြေပစ်လက်ပစ် ထိုင်ချစေပြီး။ ခြံအမှတ် ၆၆နှင့် ၉၉ မှားယွင်းခဲ့ပုံများအား ရယ်မော်ပြောဆိုနေကြစဉ် သူငယ်ချင်းဖြစ်သူ ငါးကလေး၏ ရုတ်တရက် လက်ညိုးညွှန်ရာသို့ ကြည့်မိလိုက်လေသည်။
' ဘာဖြစ်တာလဲ … အလန့်တကြား '
' ဒီပုံကိုကြည့်စမ်းပါဦး … ညနေက ငါတို့သေချာကြည့်တုန်းက ခပ်ပြုံးပြုံးပုံစံပါ အခုပုံက ဒေါသဖြစ်နေတဲ့ ပုံစံပေါက်နေတယ် '
အိမ်မကြီးအလယ်တိုင်တွင် ချိတ်ဆွဲထားသည့် မော်ဒယ်မင်းသမီးလေး ပုံအား လမ်းကလေးတစ်ယောက် ပြောလိုက်မှသာလျင် ထိုင်နေသည့် ကျွန်ုပ်တို့လေးယောက်သား ရုတ်တရက်ထလိုက်ကာ ပုံအား သေချာစွာကြည့်မိလိုက်လေသည်။ နေ့လယ်ခင်းမှ ခပ်ပြုံးပြုံးပုံစံဖြင့် တွေ့ရှိလိုက်ရသော ထိုပုံဟာ ယခုအချိန်၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ မြင်တွေ့လိုက်ရသည်က တစ်ဦးတစ်ယောက်အား ဒေါသကြီးစွာ ထွက်နေပြီး ခတ်ထန်လှသည့် ပုံရိပ်များဖြစ်ပေါ်နေလေခဲ့သည်။
********************
Post Top Ad
Responsive Ads Here
အပိုင်း(၂) တစ္ဆေကိုက်တဲ့အိမ်ကြီး
Share This
Tags
# ၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Share This
About Unknown
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Labels:
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment