လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၃ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
***
အိမ်မကြီးအလယ်တိုင်တွင် ချိတ်ဆွဲထားသည့် မော်ဒယ်မင်းသမီးလေး ပုံအား လမ်းကလေးတစ်ယောက် ပြောလိုက်မှသာလျင် ထိုင်နေသည့် ကျွန်ုပ်တို့လေးယောက်သား ရုတ်တရက်ထလိုက်ကာ ပုံအား သေချာစွာကြည့်မိလိုက်လေသည်။ နေ့လယ်ခင်းမှ ခပ်ပြုံးပြုံးပုံစံဖြင့် တွေ့ရှိလိုက်ရသော ထိုပုံဟာ ယခုအချိန်၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ မြင်တွေ့လိုက်ရသည်က တစ်ဦးတစ်ယောက်အား ဒေါသကြီးစွာ ထွက်နေပြီး ခတ်ထန်လှသည့် ပုံရိပ်များဖြစ်ပေါ်နေလေခဲ့သည်။
' ဟုတ်ပါရဲ့ … ဒါတကယ့်ကို ထူးခြားမှု့တစ်ခုပဲ '
' ဟုတ်ပါ့မလား … မီးအရောင်ကြောင့် ဖြစ်နေတာများလား '
' မဖြစ်နိုင်ဘူး မီးအလင်းရောင်ကြောင့် ပြုံးနေတဲ့ပုံကနေ မဲ့သွားရတယ်ဆိုတာ ဘာဆိုင်လို့လဲ မဖြစ်နိုင်ဘူး '
' ဒါဆို ဒီပုံက '
' ငါ့အထင် အရင်အိမ်ပိုင်တွေရဲ့ ပုံမဟုတ်ပဲ ဒီမှာခြောက်လန့်နေတဲ့ တစ္ဆေများလား '
' အသင် … ကျွန်ုပ်တို့ ဘာများကူညီပေးရပါ့မလဲ … ကျွန်ုပ်တို့ဟာ လူကောင်းတွေပါ '
' ငါးကလေး ! ဖယ် … '
ပြောင်းလဲနေသည့် ထိုဓာတ်ပုံအား စူးစိုက်စွာကြည့်နေခဲ့ကြပြီး သူငယ်ချင်းဖြစ်သူ ငါးကလေးဟာ အကူညီပေးမည့် သူများသာဖြစ်ကြောင်း ပြောဆိုလိုက်သည်နှင့် အိမ်အပေါက်ဝတွင် ရှိနေသော တိုင်ချောင်းကြီးဟာ လမ်းကလေးဆီသို့ ရိုင်တိုင်ကာ လဲကျလာခဲ့သည်။ သို့ပေမယ့် တန်ခိုး၏ လျင်မြန်ဖျက်လပ်မှု့ဖြင့် လမ်းကလေးအား ထိုတိုင်ကြီးနှင့် မထိခိုက်စေရန် အချိန်မှီ တွန်းဖယ်လိုက်နိုင်သည်။
' ဟာ … ဒီနားကို ဒီတိုင်းချောင်းကြီးက ဘယ်လိုလုပ်ရောက်နေတာလဲ … တော်သေးတာပေါ့ကွာ … တန်ခိုးမင်းရှိနေလို့ပေါ့ '
' ဒါမရိုးသားဘူးလို့ ငါထင်တယ် … အကူညီပေးမယ်လို့ ပြောတိုင်း တစ်ခုခုထူးခြားနေတယ် '
' ကဲ … အသင် … ကျွန်ုပ်တို့ဟာ အသင့်ကို ရန်ပြုမည့်သူများ မဟုတ် … ကူညီဖေးမပေးမည့် သူများသာဖြစ်သည် … ဒါကြောင့် ကျွန်ုပ်တို့ကို မခြောက်လန့်ပါနှင့် '
' ကဲ … ထားလိုက်ပါတော့ စိတ်ထဲထားမနေနဲ့ ငါတို့အရှေ့ဆက်ဖို့ အများကြီးရှိသေးတယ် တိုက်ဆိုင်တာလဲ ဖြစ်ကောင်းဖြစ်မှာပါ '
' ဟုတ်ပါပြီ ခြံအမှတ်ကိုကြားတာနဲ့ တုန့်လှုပ်နေကြတဲ့ ဒီခြံကြီးကို ဒီညငါတို့စောင့်ကြည့်ရသေးတာပေါ့ '
' ထီးလေး … ဘယ်သွားမလို့လဲ '
' အော် အပေါ်ထပ်မှာ အထုတ်တွေ ကျန်ခဲ့တယ်လေ … သွားယူမလို့ '
' ငါလိုက်ခဲ့မယ် … '
' လာလေ … မင်းတို့အထုတ်တွေလဲ ယူလာခဲ့ရမလား '
' အေးကွာ … တတ်လက်စနဲ့ တစ်ခါတည်းယူခဲပေး'
ကျွန်ုပ်နှင့်အတူ လမ်းကလေးတို့နှစ်ယောက်သား အပေါ်ထပ်တွင် ထားရစ်ခဲ့သော အထုတ်များအား အောက်ထပ်သို့ ယူဆောင်လာစေပြီး ။ အိတ်အတွင်းမှ အပြင်းပြေ ဖတ်ရှု့စရာလေးများအား ထုတ်ကာ ထိုတစ်ညဖို့ ကုန်ဆုံးမည်ဟု ကျွန်ုပ်တို့အားလုံး ကြံဆထားလိုက်သည်။
' ဒီမင်းသားလေးက တော်တော်အောင်မြင်လာတာပဲ '
' ပြစမ်း … ဟုတ်တယ် မိန်းကလေးတင်မကဘူး ယောကျာ်းလေး ပိရိသာတ်တွေကပါ သူ့ကို အားပေးကြတာ '
' ဟိုတလောက ပရဟိတမှာလဲ အလှူတန်းက အားကျစရာပဲ တကယ့်ကို စေတနာကောင်းတဲ့ မင်းသားလေးပဲ … ဒီထက်မက အောင်မြင်ဦးမယ် '
ကျွနိုပ်အိတ်အတွင်းမှ ဂျာနယ်အဟောင်းလေးအား တွေ့ရှိလိုက်သည်ကြောင့် တတ်သစ်စ မင်းသားလေး အကြောင်းအား ဖတ်ရှု့မိရင်း အနားတွင်ရှိနေသော သူငယ်ချင်းများအား ထိုမင်းသားလေး၏ အောင်မြင်မှု့အကြောင်းများအား ပြောဆိုနေစဉ် အိမ်အလည်တိုင်တွင် ချိတ်ဆွဲထားသော မိန်းကလေး၏ ဓာတ်ပုံမှာ လေတိုက်ခိုက်ခြင်းမရှိပဲ သိသာစွာ ယိမ်းယိုင်လာခဲ့သည်။
' ဟင် … စလာပြန်ပြီး '
' လေလဲတစ်ချက်မှ မတိုက်ပဲနဲ့ ဘာဖြစ်လို့ လှုပ်နေရတာလဲ'
ထူးဆန်းစွာဖြင့် ထိုဓာတ်ပုံကြီးဟာ လှုပ်ရှားနေခဲ့သည်။ သို့နှင့် နံရံအားမှီထားသည့် တန်ခိုးတစ်ယောက်မှာတော့ ရုတ်တရက် ထလိုက်ပြီး လှုပ်ရှားနေသည့် ၅ပေ ၃ပေခန့်ရှိသော ထိုဓာတ်ပုံအား မလှုပ်ခတ်စေရန် ကိုင်ဆောင်လိုက်သည်။ တန်ခိုး ကိုင်လိုက်သည်နှင့် ထိုပုံကြီးမှာ လှုပ်ရှားမှု့များ မရှိတော့ပဲ ငြိမ်သတ်သွားသည်ကြောင့် တန်ခိုးတစ်ယောက် လှည့်ထွက်မည်အလုပ် ထိုဓာတ်ပုံကြီးဟာ ပြန်လည်၍ လှုပ်ရှားလာခဲ့ပြန်သည်။
' ဟင် … ဘာလဲဟ … '
' တန်ခိုး ထားလိုက် … သူဘာသူလှုပ်တာ ငါတို့နဲ့မဆိုင်ဘူး အချိန်တန်ရင် ရပ်သွားလိမ့်မယ် '
ထူးဆန်းစွာ လှုပ်ရမ်းနေသည့် ထိုပုံကြီးအား ကြောင်တောင်တောင်ကြည့်နေမိသည့် တန်ခိုးတစ်ယောက်အား ကျွန်ုပ်မာန်ပါပါဖြင့် လှမ်းပြောလိုက်လေသည်။ ကျွန်ုပ်၏ ပြောစကားကြောင့် တန်ခိုးတစ်ယောက်မှာ ထိုပုံကြီးအား အာရုံစိုက်မနေတော့ပဲ ကျွန်ုပ်၏နံဘေးသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် ဖတ်လက်စ ဂျာနယ်လေးအား ဆက်လက်၍ ဖတ်မည့်အလုပ် ကျွန်ုပ်၏လက်အတွင်းမှ ထိုဂျာနယ်လေးဟာ တစ်ဦးတစ်ယောက် ဆွဲယူလိုက်သည့်အလား လွှင့်ထွက်သွားခဲ့သည်။ ကျွန်ုပ်၏တစ်ကိုယ်လုံး ကျက်သီးများထလျက် ဂျာနယ်လေး လွှင့်သွားသည့် နေရာဆီသို့ ကြောင်တောင်တောင်ကြည့်နေမိခဲ့သည်။ ကျွန်ုပ်နည်းတူ သူငဟ်ချင်းများသည်လည်း ထိုအဖြစ်အပျက်အား အံ့သြကြီးစွာ ကြည့်နေမိခဲ့သည်။
' ငါတို့ဒီအိမ်ကြီးကို ဒီနေ့ပဲစရောက်တယ် ဒီနေ့ပဲ ဒီလိုထူးဆန်းတာတွေ ဖြစ်နေတယ် … တော်တော်ကြမ်းတာပဲ '
' မင်းတို့ဘယ်လိုတွေးမိလဲ '
' အကူညီလိုနေတဲ့ တစ္ဆေဆိုရင် ငါတို့ရဲ့အသက်ကိုပဲ စွန့်ရပါစေကွာ … ဝိဥာဉ်မောင်ကျော်ကို အကူညီပေးခဲ့တုန်းကလို အစွမ်းကုန် ကူညီပေးလိုက်မယ် အခုဟာက … '
' အေးကွနေပါဦး … ငါတို့ဆုံးဖြတ်ချက် စောလို့မဖြစ်သေးဘူး ဒီတစ်ညတော့ စောင့်ကြည့်ရဦးမှာပဲ '
' ကဲ အချိန်လဲ မနည်းတော့ဘူး ဒီညတော့ ဒီအောက်မှာပဲ ဖြစ်သလိုအိပ်လိုက်ကြတာပေါ့ … မနက်ကျမှ သေသေချာချာနေရာယူကြမယ် '
အချိန်ကား ည ၁၀ နာရီ ၃၀ ရှိနေခဲ့ပြီး။ ကျွန်ုပ်အပါအဝင် သူငယ်ချင်းဖြစ်သူများသည်လည်း တစ်နေကုန် ပင်ပန်းထားသည်ကြောင့် မျက်ခွံများ လေးလံနေခဲ့ပြီ။ တန်ခိုးတစ်ယောက်ဆိုလျင် မှီထားသည့် နံရံမှ အိပ်ငိုက်ကာ ဇာတ်ချိုးနေလေခဲ့ပြီး။ သို့နှင့် မိမိတို့၏ အိတ်များကိုသာ ခေါင်းအုံးသဘောပြုလုပ်ကာ ပြောင်းတင်းနေသည့် အိမ်အလယ်ခေါင် ကြမ်းပြင်ပေါ်၌ လှဲလျောင်းနေခဲ့ရသည်။
မကြာမီအချိန်တွင်းမှာပင် အားတင်းထားကြသော သူငယ်ချင်းဖြစ်သူများ ပင်ပန်းကာ အိပ်ပျော်လုနီးပါး ဖြစ်လျက် ကျွန်ုပ်နှင့်အတူ လမ်းကလေးသာ ပြူးကြောင်ကြောင်မျက်လုံးများဖြင့် ရပ်တည်ထားနိုင်ခဲ့သည်။
ညည်းထွားသံပင်ဖြစ်ချေသည်။ ဆွဲငင်လှသည့် အသံ နေ့လည်ခင်းမှ ကြားလိုက်ရသော အဆိုတော် စိုးစန္ဒာထွန်းရဲ့ 'အချိန်ရမှ နားထောင်ပါ' ဟူသော သီချင်းသံအား ယခု ၁၁ နာရီ ၃၀ ခန့်တွင် ထပ်မံ၍ ကြားလိုက်ရပြန်သည်။ အိတ်အပေါ်သို့ ခေါင်းတင်ကာ ကြမ်းပြင်အပေါ်၌ လဲလျောင်းနေပြီး စာအုပ်ဖတ်နေသော လမ်းကလေးမှာ ထိုအသံအားကြားလိုက်ရသည်နှင့် ကျွန်ုပ်၏ဘက်သို့ ဆတ်ခနဲ့ လှည့်ကြည့်လိုက်ပြီး ငုတ်တုတ်အနေအထားသို့ ပြောင်းလဲလိုက်သည်။ အိပ်မောကျနေသည့် သူငယ်ချင်းများ မသိစေချင်သောကြောင့် လမ်းကလေးအား အမူယာဖြင့် တိုးတိုးနေစေရန် ကျွနိုပ်ပြောလိုက်ပြီး။ အသံကြားရာဆီသို့ နားစွင့်ကြည့်မိသည်နှင့် အပေါ်ထပ်မှ ညည်းထွားနေသော အသံပင်ဖြစ်သည်။
နှစ်မိနစ်ခန့် ထိုသံစဉ်အား ကြားနေရပြီးသည့်နောက်မှာတော့ ရှိုက်ငင်စွာ ငိုကြွေးနေသော မိန်းကလေးတစ်ယောက်၏ ငိုသံအား ထပ်မံကြားလိုက်ရပြန်သည်။ လွန်စွာမှပင် ကြေကွဲဝမ်းနည်းနေသော ငိုသံဖြစ်သည့်အလား သူမ၏ တစ်ချက်ချက် ရှိုက်လိုက်သော အသံဟာ ကျွန်ုပ်နှင့် လမ်းကလေးတို့၏ တစ်ကိုယ်လုံးအား ကျက်သီးများ ထလာစေသည်။ ကျွန်ုပ်၏ အမူအယာအား လမ်းကလေးတစ်ယောက် အကဲခတ်နေလေသလား မျက်နှားအား စိုက်ကြည့်နေခဲ့သည်။ ကျွန်ုပ်၏ မျက်နှာအား စိုက်ကြည့်နေခဲ့သည့် လမ်းကလေးအား အသာခေါင်းငြိမ့်ပြလိုက်ပြီး ဖြည်းညင်းစွာဖြင့် ကျွန်ုပ်ထလိုက်သည်။ ထိုင်နေသည့် လမ်းကလေးဟာ ကျွန်ုပ်နည်းတူ ထမည်အလုပ် သူ့အား လက်ကာပြလျက် ပြန်လည်ထိုင်ခိုင်းစေပြီး အသံလာရာ အပေါ်ထပ်ဆီသို့ ကျွန်ုပ်ဦးတည်မည်ဖြစ်သည်။
လှုပ်ရှားလုနီးပါးဖြစ်သည့် ကျွန်ုပ်၏ စိတ်အား တည်ငြိမ်အောင်ထိန်းနိုင်ခဲ့သည်။ အပေါ်သို့တတ်ရန် အောက်ထပ်လှေကားရင်း တစ်ထစ်အား စတင်လှမ်းလိုက်သည်နှင့် ကြားနေရသည့် ထိုရှိုက်သံတစ်ချို့ တိတ်ဆိတ်ငြိမ်သတ်သွားခဲ့သည်။ သို့ပေမယ့် အပေါ်ထပ်သို့ တတ်မည်ဟု တွေးထားသည့် ကျွန်ုပ်၏စိတ်အား တားဆီးမရတော့ချေ။ ထို့ကြောင့် လှေကားအတိုင်း အပေါ်ထပ်သို့ ကျွန်ုပ်တတ်ရောက်လာခဲ့လေသည်။ အထီးကျန်ဆန်လှသည့် ထိုည၌ အိမ်မကြီးအပေါ်ထပ်တွင်လဲ တိတ်ဆိတ်ငြိမ်သတ်မှု့များနှင့်သာ ပြည့်နှပ်နေခဲ့ပြီး မည်သည့်အသံတစ်ခုမှ မကြားရတော့ချေ။ သို့နှင့် အပေါ်ထပ် ပြတင်းပေါက်မှ ခြံအတွင်းသို့ မြင်တွေ့နိုင်သည့် ပြတင်းပေါက်ဆီမှ အိမ်ကြီး၏ ဘေးအား ကြည့်မိလိုက်လေရာ
' ဟင် … ဘယ်ကခွေးလေး ရောက်နေတာပါလိမ့် '
ခွေးအကျားလေးတစ်ကောင် ဆော့ကစား မြူးတူးနေသည်ကို ကျွန်ုပ်တွေ့ရှိလိုက်ရသည်။ ခွေးလေး၏ ဆော့ကစားပုံမှာ တစ်ကောင်တည်းသာလျင် ဆော့ကစားနေခြင်း မဟုတ် တစ်ဦးတစ်ယောက်နှင့် မြူးတူးစွာ ဆော့ကစားနေသကဲ့သို့ ဖြစ်ချေသည်။
ထိုခွေးလေးအား စူးစိုက်စွာ ကျွန်ုပ်ကြည့်မိနေသည်မှာ အချိန်မည်မျှပင် ကြာသွားသည်ကို သတိမထားမိချေ။ ကျွန်ုပ်အား စိုးရိမ်စွာဖြင့် လမ်းကလေးတစ်ယောက် အပေါ်ထပ်သို့ တတ်ရောက်လာခဲ့လေသည်။
' ထီးလေး … ဘာတွေကြည့်နေတာလဲ မင်းကြာလို့ ငါလိုက်လာတာ '
လမ်းကလေး၏ စကားအား ကျွန်ုပ်ပြန်လည်၍ အဖြေမပေး ခြံထဲတွင် မြူးတူးစွာဆော့ကစားနေသော ခွေးကျားလေးအား ပြတင်းပေါက်မှ လက်ညိုးထိုးပြလိုက်လေသည်။
' ဘယ်ကရောက်လာတာလဲ … ခြံတံခါးကိုလဲ ငါသေချာပိတ်ထားခဲ့တာပါ '
ကစားနေသည့် ခွေးလေးအား လမ်းကလေးတစ်ယောက် စူးစိုက်စွာကြည့်နေရင်း စကားများပြောနေခဲ့သည်။ သို့နှင့် နှစိဦးသား အောက်ထပ်သို့ ပြန်လည်ဆင်းရန် တိုင်ပင်လိုက်ပြီး လမ်ကလေး၏ ပုခုံးအား ကျွန်ုပ်သိုင်းဖတ်ခါ ဆင်းလာခဲ့ချေသည်။
ညည်းထွားသံများ ငြိမ်သတ်သွားသည်ကြောင့် လမ်းကလေးမှာတော့ မိမိနေရာတွင် ပြန်လည်လဲလျောင်းနေခဲ့ပြီး။ ကျွန်ုပ်ကား အိမ်မကြီးအပေါက်ဝမှ နေ၍ ခြံအတွင်းသို့ အကဲခတ်လိုက်ကြည့်နေမိစဉ်
' ဟင် … ဟိုလူ '
ခြံထောင့်မှ ကျွနိုပ်တို့ရှိနေသည့် အိမ်ကြီးအတွင်းသို့ လူတစ်ယောက် ချောင်းမြောင်းကြည့်နေခဲ့သည်အား ကျွန်ုပ်တွေ့ရှိသွားခဲ့သည်။ သို့နှင့် ကျွန်ုပ်တို့အား ရန်ပြုမည်ကို စိုးရိမ်၍ ခြံအတွင်းသို့ ကျွန်ုပ်ဆင်းသွားချိန်၌ ထိုသူဟာ လျင်မြန်စွာဖြင့် အမှောင်ထုအတွင်းသို့ ပြေးဝင်လေတော့သည်။ ထိုသူဟာ တစ်ခြားသူမဟုတ် ညနေမှ ကျွန်ုပ်၏လက်အား ဆွဲထားသူ အရူးပင်ဖြစ်ချေသည်။
' ဒီလူက ဘာလဲ … ဘာဖြစ်လို့ ငါတို့ကိုချောင်းနေရတာလဲ '
ထိုသူဟာ လူဆိုး လူကောင်း ကျွန်ုပ်တစ်ယောက် ဝေခွဲမရ။ ခြံအမှတ်အား ကြားလိုက်သည်နှင့် ထိတ်လန့်နေကြသော သူများဟာ ထိုရပ်ကွက်အတွင်း၌ အမြောက်များရှိနေကြသော်လည်း ထိုသူမှာ ခြံအနားသို့ ကပ်လာခါ ကျွန်ုပ်တို့အား ချောင်းမြောင်းကြည့်နေခဲ့သည်မှာ ထူးခြားလှသည်။ သို့နှင့် ခြံအတွင်းမှ တစ်လှမ်းခြင်းလျောက်လှမ်းလာပြီး မိမိနေရာဆီသို့ အတွေးများစွာဖြင့် ပြန်လည်ရောက်ရှိလာကာ အထုတ်လေးပေါ်၌ ခေါင်းချလိုက်ပြီး ပတ်ဝန်းကျင်အား နားစွင့်ကာ ကျွန်ုပ်အိပ်ပျော်သွားချေခဲ့သည်။
' နင်တို့အားလုံး ထွက်သွားကြ ငါစိတ်ဆိုးအောင် မလုပ်ကြနဲ့ အားလုံးကို သတ်ပစ်မယ် '
အိပ်မက်လေလား။ ကျွန်ုပ်၏နားအတွင်း၌ မိန်းကလေးတစ်ယောက်၏ ဒေါသကြီးစွာ အော်ပြောလိုက်သော စကားသံအားကြားလိုက်ရလေသည်။ မှေးခနဲ ဖြစ်နေသည့် ကျွန်ုပ်၏အိပ်ချင်စိတ်များ ပြေပျောက်သွားကာ ရုတ်တရက် ထလိုက်မိသည်။ ဘေး ဘယ် ညာ တွင် သူငယ်ချင်းဖြစ်သူများ အိပ်မောကကျနေပြီး ထိုအသံဟာ ကျွန်ုပ်တစ်ယောက်တည်းပင် ကြားခဲ့ရလေသလား။
မျက်မှောင်အား ကြုတ်ထားလျက် အိမ်မက်ပင်လား တကယ်လားဟူ၍ ကျွန်ုပ်ခွဲခြားမရ ။ သိုနှင့် အလယ်တိုင်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံကြီးဆီသို့ ကျွန်ုပ်၏ မျက်လုံးတစ်စုံ ရုတ်တရက် ရောက်ရှိသွားခဲ့လေသည်။
' ဟင် … ဟာ … ဘယ် … ဘယ်လိုဖြစ်တာလဲ '
အိပ်ချင်နေသည့် မျက်လုံးများကြောင့်လား မျက်စိနှစ်ဖတ်အား လက်ဖြင့်ပွတ်သပ်လိုက်သည်။ စိတ်ထင်နေလို့လား တည်ငြိမ်သော စိတ်ကို မွေးလျက် ထိုဓာတ်ပုံအား ပြန်လည်ကြည့်မိလိုက်သည်။ သို့ပေမယ့် ကျွန်ုပ်မြင်တွေ့နေရသည့် ဓာတ်ပုံဟာ အထဲမှ မိန်းကလေးပုံအား မတွေ့ရတော့ပဲ ဗလာကြီးကိုသာ တွေ့ရှိလိုက်ရလေသည်။ ကြောက်စိတ်ဆိုတာ ထိုအရာပင်လား။ နှလုံးခုန်နှုန်းများ စက္ကန့်တံနှင့် ပိုမို၍ လျင်မြန်လာစေသည်။ ထိုင်နေသည့် ကြမ်းပြင်ပေါ်မှ ကြမ်းနှင့်မထိ အပေါ်သို့ မြောက်တတ်နေသည့်အလား ကျွန်ုပ်၏စိတ်အတွင်း၌ ခံစားသွားရသည်။
ကျွန်ုပ်သတိမထားမိ။ သတိထားမိလိုက်သည်နှင့် ကျွန်ုပ်၏မျက်လုံးတစ်စုံဟာ ထိုပုံဗလာကြီးကိုသာ စိုက်ကြည့်နေမိပြီး အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းမထိ ပါးစပ်အဟောင်းသား ဖြစ်နေလေခဲ့သည်။ ထိုအချိန် ကျွန်ုပ်၏နားအတွင်း၌ စန္နယားတီးခတ်သံအား ရုတ်တရက် ကြားလိုက်ရလေပြီး ထိုအသံကြားရာဆီသို့ ကျွန်ုပ်၏စိတ်မပါ အလိုလိုသာလျင် ထမိနေပြီး လှေကားအရင်းမှ အပေါ်ထပ်ဆီသို့ တစ်လျောက်ခြင်းလျောက်လှမ်းနေမိသည်။
လှေကား၏ ၅ထစ်မြောက်မှ မြင်တွေ့နေရသော အိပ်ခန်းဟာ ပွင့်လစ်နေခဲ့ပြီး မထွန်းထားသည့် မီးချောငိးများဟာ ယခုအချိန်၌ လင်းထိန်းနေလေခဲ့သည်။ ထိုအခန်းဆီသို့ ကျွန်ုပ်၏ ခြေလှမ်းများ ဦးတည်နေခဲ့ပြီး အိပ်ခန်းအဝသို့ ရောက်ရှိသွားချိန်၌ ပန်းဆီရောင် အကျီလေးအား ဝတ်ဆင်ထားပြီး ချိတ်ထမီလေးဖြင့် မိန်းကလေးတစ်ယောက်ဟာ အိပ်ခန်းအပေါက်သို့ နောက်ကျောပေးထားပြီး ရှိုက်သံများနှင့် သူမညည်းထွားနေကြ သံစဉ်အား စန္နယားတီးခတ်ကာ သီဆိုနေလေခဲ့သည်။ ဆံပင်များအား ကျောအလယ်တိတိ ဖြန့်ချထားပြီး ရှိုက်သံများနှင့် ထိုသီချင်းအား သီဆိုနေခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်စိုက်ကြည့်နေမိရင်း သူမ၏ ကျေကွဲစရာကောင်းလှသော သီဆိုသံကြောင့် ကျွန်ုပ်၏မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်စများ အလိုလိုဝဲလာခဲ့လေသည်။
' သား … လောကမှာ အရေးကြီးဆုံးက စိတ်ပဲ စိတ်ကိုနိုင်ရင် ငါ့သားကို ဘယ်သူမှ ငြို့ယူဖမ်းစားနိုင်မှာ မဟုတ်တော့ဘူး … အသိနဲ့ သတိကို ဘယ်တော့မှ မလွတ်စေနဲ့ '
ကျွန်ုပ်ဖခင်၏ အချိန်ပြည့်ဆိုသလို ဆုံးမပြောဆိုနေခဲ့သော စကားအား ယခုအချိန်၌ ကျွန်ုပ်တစ်ယောက် ပြန်လည်ကြားယောင်စေခဲ့သည်။ မြင်တွေ့နေရသည့် ထိုမြင်ကွင်း အသိအား ၊ သူမ၏ ငြို့ယူဖမ်းစားနေသော သံစဉ်အတွင်းသို့ မျောပါမသွားစေရန် သတိအား အသိနှင့်ကပ်မိလိုက်လေသည်။
' မိန်းကလေး '
တည်ငြိမ်သော စိတ်အား နှလုံးသားသွင်းစေသည်။ မာန်အား ထည့်လျက် သူမ၏ သံစဉ်များကြားမှ မာန်ပါလှသော လေသံဖြင့် ကျွန်ုပ်ခေါ်ဆိုလိုက်သည်ကြောင့် တီးခတ်နေသည့် သူမ၏ စန္နယားအသံနှင့်အတူ ရှိုက်ငင်စွာသီဆိုနေသည့် အသံများ တည်ငြိမ်နေသည့်ရေပြင်ကဲ့သို့ ငြိမ်သတ်သွားစေခဲ့သည်။ ထို့နောက် အသိနှင့်သတိ လျင်မြန်စွာကပ်နိုင်ခဲ့ပြီး။ လွတ်နေသည့် ကျွန်ုပ်၏ ပင်ကိုယ်စိတ်ရင်း ပြန်လည်မွေးဖွားနိုင်လာခဲ့သည်။
' မိန်းကလေး … ကျုပ်ဘာများ အကူညီပေးရမလဲ '
အိပ်ခန်းအပေါက်ဝမှ သူမအား တည်ငြိမ်သော လေသံဖြင့် ကျွန်ုပ်မေးလိုက်သည်နှင့်
' ဟား ဟားဟား '
ပဲ့တင်ထပ်နေသည့် အသံဖြင့် သူမဟာ ဟားတိုက်ရယ်မောလေသည်။
' မိန်းကလေး … ကျုပ်တို့အားလုံးဟာ ဒီအိမ်ကြီးမှာ မကျွတ်လွတ်နိုင်သေးတဲ့ တစ္ဆေဆိုတာကို အကူညီပေးဖို့ ရောက်လာကြသူတွေပါ … ကျုပ်တို့ဟာ လူကောင်းတွေပါ'
' တိတ်စမ်း … '
နက်ရှိုင်းလှသည့် အသံကြီးဖြင့် ကျွန်ပ်၏စကားအဆုံး၌ သူမတစ်ယောက် ဒေါသကြီးစွာ အော်ဟစ်ပြောဆိုလိုက်သည်။ ထို့နောက် ထွန်းလင်းထားသည့် မီးချောင်းများ ရုတ်တရက် ပိတ်သွားစေပြီး ပွင့်ဟနေသည့် အိပ်ခန်းတံခါးမှာ အရှိန်ပြင်းစွာ ပိတ်လာသည်ကြောင့် အိပ်ခန်းအပေါက်ဝ၌ မတ်တပ်ရပ်နေသော ကျွန်ုပ်တစ်ယောက် နောက်ပြန်ကာ လဲကျသွားခဲ့ရသည်။ မည်မျှပင် ဆူညံသွားခဲ့သည်မသိ။ အိမ်ကြီး၏ အောက်ထပ်မှ အိပ်မောကျနေသော ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများ အပေါ်ထပ်သို့ စိုးရိမ်ကြီးစွာ အပြေးတတ်ရောက်လာလေတော့သည်။
' ထီးလေး … ထီးလေး '
စိုးရိမ်ကြီးစွာ ကျွန်ုပ်၏နာမည်အား တစ်ဆာဆာခေါ်လျက် အိမ်ကြီး၏ အပေါ်ထပ်ဆီသို့ အပြေးတတ်ရောက်လာသော သူငယ်ချင်းဖြစ်သူများအား ပြန်လည်၍ အသံမပေးနိုင် လှေကားအရင်းဒေါင့်လေး၌ ကျွန်ုပ်တစ်ယောက် လွှင့်စေလဲကျနေလေခဲ့သည်။
' ဟင် … '
' မင်းဘာဖြစ်တာလဲ …ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့'
' ဟို … ဒီအိမ်ကြီးမှာ တစ္ဆေရှိနေတယ်ဆိုတာတော့ သေချာသွားပြီး တော်တော်ကို ကြမ်းတယ် … '
' ဟင် … မင်းဘာတွေ့လိုက်လို့လဲ … '
' ဓာတ်ပုံထဲက မိန်းကလေး '
ထိုသို့ပြောကာ အိမ်မကြီးအပေါ်ထပ်မှ ကျွန်ုပ်တစ်ယောက် အောက်ထပ်သို့ အပြေးဆင်းသွားကာ အိမ်အလည်တိုင်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံကြီးအရှေ့သို့ ရောက်ရှိလာလေခဲ့သည်။ ကျွန်ုပ်၏အနောက်သို့ သူငယ်ချင်းဖြစ်သူများသည်လည်း ကြောင်တောင်တောင်ဖြင့် လိုက်ပါလာခဲ့လေသည်။ ယခုအခါ ထိုဓာတ်ပုံအား ပြန်လည်ကြည့်မိလိုက်သည်နှင့် ပုံအတွင်းရှိ မိန်းကလေးဟာ ကျွန်ုပ်အား မဲ့ပြုံးပြုံးလျက် စိုက်ကြည့်နေသည့် ဟန်သို့ ပြောင်းလဲနေခဲ့သည်။
' ဟင် … ပုံစံပြောင်းသွားပြန်ပြီ …
' ဟုတ်တယ် အခုနတုန်းက ဓာတ်ပုံထဲမှာ သူမရှိတော့ဘူး ပုံကလဲ ဗလာကြီးဖြစ်နေတယ် … အပေါ်ထပ်အိပ်ခန်းထဲက သီချင်းသံကြားတော့ အဲ့ဒီအခန်းကို ငါအလိုလိုလျောက်သွားမိခဲ့တယ် … ဒီပုံတည်းက မိန်းကလေး တော်တော်ဝမ်းနည်းနေတဲ့ ပုံစံနဲ့ သူဆိုနေကြ သီချင်းကို စန္နယားတီးပြီးဆိုနေတယ် … ငါအကူညီပေးပါရစေလို့ ပြောလိုက်တော့ ဒေါသဖြစ်ပြီး အော်လိုက်တာ မီးတွေလဲပိတ်သွားတယ် … အပေါက်ဝမှာ ရပ်နေတဲ့ငါလဲ တံခါးအရှိန်နဲ့ လွှင့်ထွက်သွားခဲ့တယ် … အခုဒီပုံလာပြန်ကြည့်တော့ နေ့လယ်ခင်းကရော ညနေကရော ပုံစံနဲ့ မတူတော့ဘူး အခုတစ်မျိုးထပ်ပြောင်းနေပြန်ပြီ '
' ဒါဆို သူက အကူညီမလိုပဲနဲ့ ခြောက်လန့်ရုံသတ်သတ်လုပ်နေတာမျိုးလား '
' ဒါတော့ ငါလဲ မပြောတတ်ဘူး '
' ထီးလေး ဟိုမှာကြည့်စမ်း '
သူငယ်ချင်းဖြစ်သူ မျှားကလေး၏ လက်ညိုးညွှန်ရာဆီသို့ ကျွန်ုပ်တို့အားလုံး ကြည့်မိလိုက်လေရာ ခွေးကျားလေးတစ်ကောင်ဟာ ဓာတ်ပုံတစ်ပုံအား ကိုက်ချီလျက် အိမ်မကြီးတံခါးအပေါက်ဝသို့ ရောက်ရှိနေလေခဲ့သည်။
' ဒီခွေးလေးက ဘယ်ကလဲ အခုနတုန်းကလဲ ငါနဲ့လမ်းကလေး သူခြံထဲမှာ တစ်ကောင်တည်းကစားနေတာ တွေ့လိုက်တယ် '
' သူချီလာတဲ့ ပုံက ဘာပုံလဲမသိဘူး … ငါသွားယူလိုက်မယ်'
' နေဦးငါးကလေး … မင်းကိုအန္တရယ်ပြုနိုင်တယ် … ငါသွားယူလိုက်မယ် '
ခွေးလေးဟာ ပါးစပ်ဖြင့် ဓာတ်ပုံလေး တစ်ပုံအား ကိုက်ချီထားခဲ့ပြီး ထိုပုံအား ကျွန်ုပ်ယူဆောင်ရန် အနားသို့ လျောက်လှမ်းသွားသည်နှင့် ကိုက်ချီထားသည့် ထိုပုံအား အောက်သို့ ချပေးစေပြီး လျင်မြန်စွာပြေးလေတော့သည်။ သို့နှင့် ခွေးကျားလေး ချပေးခဲ့သည့် ပုံအား ကျွန်ုပ်ကာက်ယူကြည့်မိလိုက်သည်။ ဓာတ်ပုံလေးဟာ စုတ်ပြဲနေကာ အချိန်တော်တော်ကြာသောကြောင့် ဟောင်းနွမ်းနေလေခဲ့ပြီး။ ကျွန်ုပ်၏အနားသို့ သူငယ်ချင်းဖြစ်သူများသည်လည်း ရောက်ရှိလာကာ ခွေးလေးချပေးခဲ့သည့် ပုံအား စူးစိုက်ကြည့်နေမိသော်လည်း မည်သူ၏ပုံဖြစ်သည်ကို မသိခဲ့ချေ။
' ဒီဓာတ်ပုံထဲက ဘယ်သူလဲ …ဒီဓာတ်ပုံထဲက မိန်းကလေးနဲ့ ပတ်သတ်နေတဲ့ သူတစ်ယောက်ပဲလား '
' သူကို မင်းတို့သိကြလား '
' မသိဘူး … ဒီဓာတ် … '
ခွေးလေးချပေးခဲ့သည့် ဓာတ်ပုံအား လမ်းကလေးတစ်ယောက် စူးစိုက်စွာကြည့်နေရင်း အိမ်အလယ်တိုင်တွင် ချိတ်ဆွဲထားသော မိန်းကလေး၏ပုံအား လှည့်ကြည့်လိုက်ပြီး ပြောလက်စ သူ၏ စကားများ နှုတ်မှ စွန့်အသွားခဲ့လေသည်။ သို့နှင့် ကျွန်ုပ်တို့အားလုံးသည်လည်း အိမ်အလယ်တိုင်မှ မိန်းကလေး၏ ဓာတ်ပုံဆီသို့ အကြည့်များ ကိုယ်ဆီရောက်သွားချိန်၌ မြင်တွေ့ရသည်က ပုံထဲတွင် မိန်းကလေးမရှိတော့ပဲ ဗလာကြီးကိုသာ တွေ့ရှိလိုက်ရလေသည်။
' ဟာ … ဘယ်လိုဖြစ်တာလဲ '
ကျွန်ုပ်တို့အားလုံး၏ အာမေဋိတ်အသံများနှင့်အတူ ကြားလိုက်ရသည်က မိန်းကလေးတစ်ဦး၏ ငိုကြွေးနေသော ရှိုက်သံပင် ဖြစ်ချေသည်။
' ဟာ … ငိုသံကြားနေရပြန်ပြီ … '
' ဘယ်အချိန်ရှိပြီလဲ … လမ်းလေး '
' လေးနာရီထိုးတော့မယ် '
' ကဲဘာလုပ်ကြမလဲ '
' အသံကြားနေရတဲ့ အခန်းကို သွားကြည့်ရသေးတာပေါ့'
' ကဲလာ '
သို့နှင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အောက်ထပ်ဆီမှ ခြောက်ရွှံ့ခြင်းမရှိသော ခြေလှမ်းများနှင့် အပေါ်ထပ်အသံလာရာဆီသို့ တတ်ရောက်လာလေခဲ့သည်။ ထိုညည်းထွားသံဟာ တစ်အိမ်လုံးသို့ ဖုံးလွမ်းနေခဲ့သည့်အလား ကြားနေရသည့် ကျွန်ုပ်တို့အားလုံး၏ နှလုံးသားသည်လည်း အလွမ်းဆွေ ညည်းထွားသံကြောင့် လှိုက်လှဲစွာခံစားရသည်။
' ဒီအခန်းထဲကပဲ '
ပြောပြောဆိုဆိုဖြင့် တန်ခိုးတစ်ယောက်မှာတော့ အိပ်ခန်းတံခါးအား ဖွင့်လိုက်လေသည်။ တံခါးပွင့်လာသည်နှင့် ညည်းထွားငိုကြွေးနေသော သံစဉ်များ ရုတ်တရက် ပျောက်ကွယ်သွားရလေပြီး။
' ဓာတ်ပုံ … '
ထိုညည်းထွားသံ ပျောက်ကွယ်သွားသည်နှင့် တစ်စုံတစ်ခုအား ကျွန်ုပ်သတိရသွားခါ အောက်ထပ်သို့ အပြေးဆင်းသွားခဲ့လေပြီ။ သူငယ်ချင်းဖြစ်သူများသည်လည်း ကျွန်ုပ်၏အနောက်သို့ လိုက်ပါလာလေခဲ့သည်။
ထိုဓာတ်ပုံအား ပြန်လည်ကြည့်မိလိုက်သည်နှင့် မိန်းကလေး၏ ရုပ်ပုံပြန်လည်၍ တွေ့ရှိလိုက်ရလေပြီး။ သို့ပေမယ့် မျက်ရည်ကျနေသည့် ပုံစံသို့ ပြောင်းလဲနေခဲ့ပြန်သည်။
' ဒါ ဘာသဘောလဲ … ညည်းသံကြားပြီးတာနဲ့ ဓာတ်ပုံက အမျိုးမျိုးပြောင်းနေတယ် … တစ်ခုခုကိုများ အသိပေးနေခဲ့တာလား '
' ဟင် … သေချာကြည့်စမ်း … '
ရုပ်သေဖြစ်သော ထိုဓာတ်ပုံအတွင်းမှ လူလေးယောက်၏ိံ ရုပ်ပုံများ မပီပြင် ဝိုးတဝါးပေါ်လာခဲ့ပြီး ထိုလူများအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ မည်သူများဖြစ်သည်ဟု ကောင်းစွာ မသိရှိခဲ့သော်လည်း ထိုအထဲတွင် ပေါ်လာသော ပုံတစ်ပုံအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကောင်းစွာသိရှိလိုက်သည်။ ထိုသူကား တတ်သစ်စ နိုင်ငံကျော်မင်းသားလေး၏ ပုံပင်ဖြစ်ချေသည်။
' ဟင် … ပျောက်သွားပြီ '
' အဲ့ဒါဘယ်သူတွေလဲ … ဘာဖြစ်လို့ ထူးထူးခြားခြားပေါ်လာရတာလဲ … '
' မင်းသားလေးရဲ့ ပုံလဲပေါ်လာတယ် … '
' ကဲ … ကျုပ်တို့ကို ရှင်းရှင်းလင်းလင်း ပြောပါလားဗျာ … ကျုပ်တို့အားလုံး မိန်းကလေးကို အစွမ်းကုန် ကူညီပေးမှာပါ '
ပဟေဠိဆန်လွန်းလှသည်။ အချိန်နှင့်အမျှ ဓာတ်ပုံအတွင်းမှ မိန်းကလေး၏ ရုပ်ဟာလဲ အမျိုးမျိုးပြောင်းလဲနေခဲ့ပြီ။ ယခုထပ်မံတွေ့ရှိလိုက်ရသည်က မည်သူမှန်းမသိသော လူများ၏ ပုံများပင်ဖြစ်ချေသည်။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ စိတ်ပျက်စွာဖြင့် ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထချလိုက်သည်။
အချိန်ကား မိုးစင်စင်လင်းဖို့ နာရီပိုင်းမျှသာ လိုတော့သည်။ ဖွင့်ထားသည့် အိမ်မကြီးတံခါးပေါက်အား မျက်နှာမူထားသော ကျွန်ုပ်ဟာ ခြံစည်းရိုး တံခါးပေါက်သို့ မျက်လုံးရောက်ရှိသွားသည်နှင့် ညနေမှ ကျွန်ုပ်၏လက်အား လှမ်းဆွဲခဲ့သည့် အရူးကို ထပ်မံ၍ တံခါးဝတွင် တွေ့ရှိလိုက်ရပြန်သည်။ လျင်မြန်သော ခြေလှမ်းများနှင့် ကျွန်ုပ်ရုတ်တရက်ထလိုက်ပြီး ထိုသူအား မည်သည့်အကြောင်းများကြောင့် ကျွန်ုပ်တို့အား ချောင်းမြောင်းနေရသည်ကို သိရှိစေရန် ခြံအတွင်းသို့ လျင်မြန်စွာအပြေးဆင်းလေသည်။
ယခုတစ်ကြိမ်၌ ထိုသူဟာ ပြေးရှောင်ခြင်းမရှိတော့ပဲ တံခါးဝတွင်သာ တည်ငြိမ်မှု့ရှိစွာဖြင့် ရပ်လျက်နေခဲ့သည်။ ထိုသူရပ်နေသည့် ခြံတံခါးဝဆီသို့ ကျွန်ုပ်ရောက်ရှိသွားစေခဲ့ပြီး ။
' ဟေ့လူ … ခင်ဗျားဘယ်သူလဲ ဘာဖြစ်လို့ ကျုပ်တို့ကို လာလာချောင်းနေရတာလဲ … ပြောလေ '
မာန်ပါလှသော အမိန့်သံဖြင့် မျက်နှာငယ်စွာ ရပ်နေသော ထိုသူအား ကျွန်ုပ်မေးလိုက်လေသည်။ ထို့သူနှင့် ကျွန်ုပ်ဟာ အသက်အရွယ်အားဖြင့် ကျွန်ုပ်ထက် ထိုသူ ငါးနှစ်ခန့်မျှသာ ကြီးရင့်မည်ဖြစ်သည်။ သို့ပေမယ့် ထိုသူ၏ နှုတ်မှ ကျွန်ုပ်အားခေါ်လိုက်သည်က
' မင်းက ငါ့တူပါ '
' ဘာ … ဘယ်လို '
ကျွန်ုပ်ရှိရာသို့ သူငယ်ချင်းဖြစ်သူများသည်လည်း အပြေးရောက်ရှိလာခဲ့ကြသည်။ ညီအစ်ကိုအရွယ်မျှ သူငယ်ချင်းအရွယ်မျှရှိသော ထိုသူဟာ ကျွန်ုပ်အား သူ၏တူဖြစ်သည်ဟု ပြောဆိုမှု့ကြောင့် ကျွန်ုပ်အံ့အားသင့်သွားစေသည်။
' ဟုတ်တယ် … မင်းတို့ဒီအိမ်ကြီးကို စရောက်လာတည်းက ငါချောင်းကြည့်နေခဲ့တာ … မင်းတို့အားလုံးက ငါ့သူငယ်ချင်းရဲ့သားတွေပဲ '
' ဘာ … ဘယ်လို ခင်ဗျား ဘာကိုဆိုလိုတာလဲ '
' ငါ့နာမည်က အောင်ကြီး … ဒီအိမ်ကြီးကို လူတွေက တစ္ဆေကိုက်တဲ့ အိမ်ကြီးလို့ခေါ်ကြတယ် … ဒါပေမယ့် ဒီအိမ်ကြီးမှာ မကျွတ်လွတ်နိုင်သေးတဲ တစ္ဆေကိုကြတော့ ဘယ်သူမှ အကူညီမပေးပဲ ဥပေက္ခာပြုထားကြတယ် … အခု မင်းတို့တွေက အကူညီပေးမယ့်သူတွေဆိုတာ ငါသိခဲ့ရပြီ … ငါ့သူငယ်ချင်းကိုလဲ မင်းတို့ ကူညီနိုင်လိမ့်မယ်လို့ ငါထင်တယ် '
' ဒါဆို ခင်ဗျားက ဒီအိမ်ကြီးအကြောင်းကို သေချာသိတယ်ပေါ့ဟုတ်လား '
' ငါ့ထက်ပိုသိတဲ့ သူတစ်ယောက်တော့ရှိတယ် … သူက စာရေးဆရာ ထီးကလေး '
' ဟင် … စာရေးဆရာ ထီးကလေး ဟုတ်လား '
' ကျုပ်နာမည်လဲ ထီးကလေးပဲ '
' ငါသိပါတယ် … မင်းတို့အားလုံး အပါအဝင် မင်းက ငါ့သူငဟ်ချင်း စာရေးဆရာရဲ့ ကိုယ်ပွားပဲ '
' ဟာဗျာ … ရှုတ်နေတာပဲ ခင်ဗျားသေချာပြောပြနိုင်မလား '
' ငါပြောပြနိုင်ပေမယ့် ပြောပြပြီးတာနဲ့ ငါသေရလိမ့်မယ် '
' ဟင် … ဒီအိမ်ကြီးအကြောင်း ခင်ဗျားပြောပြပြီးတာနဲ့ သေရလိမ့်မယ် ဟုတ်လား '
' ဟုတ်တယ် … အဲ့ဒါကြောင့် ငါ့ထက်ပိုသိတဲ့ သူတစ်ယောက်ဆီ ငါလမ်းညွန်းပေးလိုက်မယ် ( …… ) မြို့နယ်မှာနေတဲ့ စာရေးဆရာထီးကလေးဆီကို မင်းတို့သွားမေးကြ … ပြီးရင် ဒီအိမ်ကြီးမှာရှိနေတဲ့ တစ္ဆေကို မင်းတို့အာလုံး အကူညီပေးနိုင်လိမ့်မယ် … မင်းတို့ဒီအိမ်ကြီးမှာ ဆက်ပြီးစုံးစမ်းနေရင်လဲ ဘာမှသိရမှာမဟုတ်ဘူး … အရိပ်အငွေ့ကလွဲပြီး သူက မင်းတို့ကို ပြောပြမှာမဟုတ်ဘူး '
' ကျုပ်က ထီးကလေး … ဒီအိမ်ကြီးက တစ္ဆေအကြောင်းကို သေချာသိတဲ့သူက စာရေးဆရာ ထီးကလေး … ကျုပ်တော့ ဘာကိုမှ နားမလည်တော့ဘူးဗျာ … '
' စိတ်ချပါ … ငါ့သူငယ်ချင်းဆီ မင်းတို့ရောက်သွားတာနဲ့ အရာအားလုံး နားလည်သဘောပေါက်သွားလိမ့်မယ် … သူ့ဆီကနေ ဒီတစ္ဆေကိုက်တဲ့ အိမ်ကြီးအကြောင်း သိရတာနဲ့ ဒီမှာရှိနေတဲ့ တစ္ဆေကို မင်းတို့ဝိုင်းပြီး အကူညီပေးလိုက်ကြပါ … '
' ကျုပ်လဲ ဝိဥာဉ်တော်တော်များများကို အကူညီပေးခဲ့ဘူးတယ် ဒါပေမဟ့် ဒီအိမ်ကြီးက တစ္ဆေကိုတော့ ကျုပ်တို့ တစ်ခါမှ မကြုံဘူးသေးဘူး '
' ဟုတ်တယ် ဗျ … ဒါနဲ့ ကိုအောင်ကြီးက ဘယ်မှာနေတာလဲ '
' မနေ့ ညနေ့တုန်းက မင်းတို့ထမင်းဝင်စားခဲ့တဲ့ ဒေါ်တုတ် ထမင်းဆိုင်ကို မေးလိုက်တာနဲ့ ငါနေတဲ့ နေရာကို သိလိမ့်မယ် … ကဲ မိုးလဲလင်းပြီး … ( …… ) အဲ့ဒီမြို့နယ်ကို မင်းတို့အမြန်ဆုံးသွားပါ … '
' ကျေးဇူးတင်ပါတယ် ကိုအောင်ကြီး … ခင်ဗျားကိုကျေးဇူးတင်ပါတယ် '
ထိုသူဟာ ထိုအိမ်ကြီးအကြောင်း ကောင်းစွာသိရှိထားသော လူတစ်ယောက်ဆီသို့ ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူများအား လမ်းညွှန်းပေးကာ ထိုအိမ်ကြီးအတွင်း၌ မကျွတ်လွတ်နိုင်သေးသော တစ္ဆေအား အကူညီပေးပါဟု တောင်းဆိုနေခဲ့သည်။ ထိုသူပေးခဲ့သည့် လိပ်စာအတိုင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ သွားရောက်မည်ဖြစ်သည်။ သို့နှင့် အိမ်ကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာစေပြီး အိမ်အလည်တိုင်မှ ချိတ်ဆွဲထားသော ဓာတ်ပုံကြီးအား ထပ်မံကြည့်မိလိုက်လေသည်။ ထိုတစ်ကြိမ်၌ ဖြစ်ပေါ်နေသော မိန်းကလေး၏ ပုံစံအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများတွေ့ရှိလိုက်ရပြီး အံ့သြကြီးစွာဖြင့်
' ဟာ … ဟင် … ကြည့် … ကြည့်ကြစမ်းပါဦး '
ကျွနိုပ်တို့ အားလုံး၏ နှုတ်မှ အာမေဋိတ် စကားအသံများ ကိုယ်ဆီထွက်ပေါ်လာခဲ့ကြတော့သည်။
*******
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး။
(ရင်နှင့်ရင်း၍ ရေးသားသည်။ )









No comments:
Post a Comment