လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၄)
ထိုင်းဘုရင်ကြီးထံသို့…
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
တစ်ပြိုင်နက် နိုင်ငံခြားသား ဝိဥာဉ်နှစ်ဦးပြောဆိုခဲ့ဘူးသော မိမိတို့အား ရေမြေခြားနယ်နှင်ခဲ့သည့် ထိုင်းန်ုင်ငံ၏ နာမည်ကျော် မှော်ဆရာကြီးအမည်ခံနှင့် အောက်လမ်းဆရာကြီး၏အကြောင်းများအား ထီးကလေးတစ်ယောက် ကြာကျင်စိန်ထံသို့ မေးမြန်းလေခဲ့သည်။ တင်စိန်ဟုဆိုသည်။ ကြာကျင်စိန်၏ အစ်ကိုဖြစ်သည်ဟု သူတစ်ယောက်ပြောဆိုစေရင်း ပုဏ္ဍကပစ္စ၏အကြောင်းများအား ပြောဆိုစေရန် ဟန်ပြင်လိုက်စေတော့သည်။
မိုးစင်စင်လင်းလာခဲ့၏။ စုံထောက်ကြီးဂျိမ်းစ်သည်လည်း မျက်နှာပြင်သို့ နေရောင်ထိုးမိမှသာလျင် နိုးလာခဲ့ရင်း နံဘေး၌ မိမိနှင့်အတူတကွရှိနေခဲ့သော ညီမလေးဖြစ်သူအား လှည့်ပတ်ရှာနေခဲ့မိသည်။ ကမ္ဘာ့အသိမှတ်ပြု လူစွမ်းကောင်းများဖြစ်သော်လည်း နေထိုင်ရာနေရာမှာမူ အကောင်းဆုံးသော နေရာများပင်မဟုတ်။ ဘုရားပျက်။ အိမ်ပျက်။ ဇရပ်ပျက် စသည့်နေရာများတွင်သာ နေထိုင်လေခြင်းဖြစ်သည်။
ထို့ကြောင့် လူသူအများမှာ ထိုသူတို့အား လမ်းဘေးနေ၊ လမ်းဘေးစား သူတောင်းစားများပင်ဟု သတ်မှတ်ထားလေခါ အမြဲတစေ မြင်တွေ့နေခဲ့ဘူးသည်။ သို့သော် မတရားမှု့များအား လိုက်လံဖြေရှင်းပေးနေသည့် ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်း လူစွမ်းကောင်းများပင်ဟု မသိရှိခဲ့ချေ။ ယခုတွင်လည်း မတရားအမှု့လေလားဟု သွားရောက်စုံစမ်းလျက်ရှိသော သူ၏ညီအစ်ကိုများအား စောင့်မျှော်နေခဲ့ရင်း ခေတ္တမှေးစက်သွားမိသည်။
နိုးထာလာခဲ့ရင်း ပတ်ဝန်းကျင်အား လှည့်ပတ်အကဲခတ်နေစဉ် ညီမဖြစ်သူ ယဉ်ယဉ်ထွေးမှာမူ စဉ်းစားနေခဲ့သော အတွေးများဖြင့် ဂျိမ်းစ်ရှိရာဆီသ်ို့ လျင်မြန်စွာရောက်ရှိလာခဲ့လေသည်။
'ညီမလေး… အစ်ကိုကြီးတို့တော်တော်လေး အိပ်မောကျသွားကြတာပဲ… မိုးစင်စင်တောင်လင်းနေပြီ ရှောင်ဖိန်းပြန်ရောက်လားပြီမသိဘူး… ရှိုင်းရော'
'ဘယ်ကသာ အိပ်မောကျရမှာလဲအစ်ကိုကြီးရာ အစ်ကိုရှိုင်း ညီမလေးတို့က်ု စိတ်ညို့ပြီးထားခဲ့တာ… သူမရှိတော့ဘူး အစ်ကိုရှောင်ဖိန်းလည်း အခုချိန်ထိ ပြန်ရောက်မလာသေးဘူး… အစ်ကိုငယ်ဒုက္ခရောက်နေပြီနဲ့ထင်တယ်… အစ်ကိုရှိုင်းကရော ဘယ်ရောက်သွားရတာလဲ'
'ဟင်… ရှောင်ဖိန်းဒီအချိန်ထိတောင် ပြန်မရောက်သေးဘူး… ဟုတ်လား! ရှိုင်း… ရှိုင်းပါပျောက်နေတယ်… ရှိုင်းပါပျောက်နေတယ်ဆိုတော့ ငါ့ညီတွေ… ငါ့ညီတွေ အန္တရယ်တစ်ခုခုဖြစ်နေတာတော့သေချာပြီ'
'ဘယ်လိုအစ်ကိုကြီး အန္တရယ်တစ်ခုခုဖြစ်နေပြီဟုတ်လား'
'ဟုတ်တယ်ညီမလေး… ရှောင်ဖိန်း… ထောင်ချောက်တစ်ခုခုမိသွားကြပြီ'
'ဒုက္ခပါပဲ… အစ်ကိုရှိုင်းကို လိုက်မလာသွားပါနဲ့ဆိုမှ သူကပါလိုက်သွားတော့ အားလုံးရှုတ်ကုန်ပြီ'
'အစ်ကိုကြီး… ညီမလေး လိုက်သွားမယ်'
'နေဦးညီမလေး… ညီမလေးက ဘယ်ကိုလိုက်သွားမှာလဲ' 'သေဒဏ်ကျအကျဉ်းထောင်ဆီကို'
'မဟုတ်သေးဘူးညီမလေး… အကျဉ်းထောင်ဆီကိုမသွားနဲ့… ဝန်ကြီးအိမ်တော်ဆီမှာ အရင်စုံစမ်းမှဖြစ်မယ်'
'ဘာဖြစ်လို့လဲအစ်ကိုကြီး'
'သေချာသွားပြီးညီမလေး အစ်ကိုကြီးတို့တစ်ကွက်နောက်ကျနေပြီ… မြန်မာတရားခံနှစ်ယောက်က အကျဉ်းထောင်မှာရှိနေမှာမဟုတ်ဘူး… ဒီအမှု့ကြီးကို ဝန်ကြီးကိုင်နေတာဆိုတော့ ဝန်ကြီးအိမ်တော်မှာပဲရှိနေမှာသေချာတယ်… ပြီးတော့ သေချာတာနောက်တစ်ခုက ဒီအမှု့ကြီးဟာ လုံးဝမတရားဘူးဆိုတာ ထင်ပေါ်နေပြီ… နောက်ကွယ်မှာ ကြီးကြီးမားမားလှို့ဝှက်ချက်ကြီး တစ်ခုခုရှိနေတယ်'
'ကိုငယ်နဲ့ကိုလတ်… သူတို့တွေကို ဘယ်သူမှလွယ်လွယ်နဲ့ ဖမ်းနိုင်မှာမဟုတ်ဘူးအစ်ကိုကြီး… အစ်ကိုကြီးပြောသလို ထောင်ချောက်တစ်ခုခု မိသွားတာပဲဖြစ်လိမ့်မယ်'
'သေချာတာပေါ့… ထောင်ချောက်ဆိုရင်တောင် သော့ဝိဇ္ဇာ၊ကိုယ်ဖော့ဝိဇ္ဇာ ရှောင်ဖ်န်း… စိတ်ညို့ပညာရှင် ရှိုင်း… သူတို့အစွမ်းတွေ ထုတ်သုံးမရောက်လောက်အောင် ကြီးမားတဲ့ထောင်ချောက်မျိုးပဲဖြစ်ရမယ်… ညီမလေးမသွားနဲ့ အစ်ကိုကြီးလိုက်သွားမယ်'
'မဟုတ်သေးဘူးအစ်ကိုကြီး… ညီမလေးသွားမယ်… ဝန်ကြီးအိမ်တော်ထဲကို ရအောင်ဝင်မယ်… ပြီးတာနဲ့ အစ်ကိုငယ်နဲ့ကိုလတ်ကို ပြန်ခေါ်လာခဲ့မယ်… ညီမလေးကိုစိတ်ချပါ'
'ညီမလေး…'
'အစ်ကိုကြီး ညီမလေးပြောတာကို နားထောင်ပါနော်… တကယ်လို့များ နောက်နှစ်နာရီအတွင်း အစ်ကိုကြီးဆီ ညီမလေးပြန်ရောက်မလာတော့ဘူးဆိုရင်… ကြောင်ဂိုဏ်းကို အစ်ကိုကြီးဆက်ပြီး ထိန်းသိမ်းပေးပါ'
'ညီမလေး… ညီမလေး''
တွေးခဲ့မိလေ၏။ သူ၏ညီအစ်ကိုဖြစ်သူများဟာ သာမာန်သူများပင်မဟုတ်။ ထူးခြားလှစွာသော အစွမ်းများ ရှိသူများပင်ဖြစ်သည်။ အရာအားလုံး ဆက်ဆက်ကြည့်၏။ သို့နှင့် ရှောင်ဖိန်းနှင့်အတူ ရှိုင်းတ်ု့ဟာ ထိုအချိန်ထိ ပြန်လည်မရောက်ရှိလာခဲ့သည်ကြောင့် ကြီးမားလှစွာသော ထောင်ချောက်ကြီးတစ်ခုခု မိသွားခဲ့ပြီဟု ကောက်ချက်ချနိုင်ခဲ့သည်။
မောင်နှမ နှစ်ဦးတည်းသာ ကျန်နေခဲ့၏။ အကြီးဆုံးဖြစ်သူ ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိမ်းစ်နှင့် တစ်ကိုယ်တော်ပရဟိတ္တ မြန်မာမလေး ယဉ်ယဉ်ထွေး။ ညီဖြစ်သူများအား လွန်စွာစိုးရိမ်မိရင်း ဂျိမ်းစ်မှာမူ ကောက်ချက်ချမိသော ဝန်ကြီး၏အိမ်တော်ဆီသို့ လိုက်ပါသွားမည်ဟု ဆန္ဒရှိသော်လည်း ယဉ်ယဉ်ထွေးမှာ သူမသာလျင် သွားရောက်မည်ဟု ဇွတ်အတင်းပြောဆိုစေရင်း ထွက်ခွာသွားလေခဲ့သည်။
တရုတ်လူမျိုး လူဝကြီးရှောင်ဖိန်းဟာ မည်သို့ပင်ခက်ခဲကြမ်းတမ်းလှသော သော့မျိုးကိုမဆို အလွယ်တကူဖွင့်နေနိုင်ပြီး၊ ကိုယ်ခန္ဓာအားလုံး လေထက်ပင်လျင် ပေါ့ပါးလှအောင် ဖန်းတီးနိုင်သော မွေးရာပါအစွမ်းများရှိသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်သော ကိုရီးယားလူမျိုး ရှိုင်းဟာလည်း အခတ်ခဲကြုံလာလျင် သူ၏ကျောက်ရုပ်အသွင်ပြောင်း လေချွန်သံဖြင့် ပြုစားနိုင်သည်။ ထိုသူနှစ်ယောက် ထောင်ချောက်မိနေ၏။
ယဉ်ယဉ်ထွေး။ သူမတွင်မူ မည်သည့်အစွမ်းများစွာရှိနေသနည်း။ သူမဟာ ဒုတိယမြောက် ပုဒါးရှင်လုံးဟု ခေါ်တွင်ရလောက်အောင် အလွန်ပင်အစွမ်းထက်သည့် ထိုဓာတ်လုံးအားပိုင်ဆိုင်ထားစေရင်း ထိုပုဒါးရှင် အာခံတွင်း အတွင်းသို့ ငုံယူလိုက်လျင် ဝိဥာဉ်ကဲ့သို့ ရှိန်းဆာရာကိုယ်ဖျောက်နိုင်စွမ်းရှိလေသည်။ ယခုအခါ ထိုအစွမ်းများအား အသုံးချလျက် သူမ၏သွေးသောက်အစ်ကိုများအား သွားရောက်ကယ်ပေးနိုင်ရန် ဂျိမ်းစ်တစ်ယောက်ပြောဆိုသည့်အတိုင်း ဝန်ကြီး၏အိမ်တော်ဆီသို့ ပုဒါးရှင်လုံးအား အာခံအတွင်း၌ ငုံစေခါ ဂျိမ်း(စ်)၏မရှေ့မှ လျင်မြန်စွာပျောက်ကွယ်သွားခဲ့ချေသည်။
********
အလွန်ပင်ခမ်းနားလှသည်။ ဝန်ကြီး၏အိမ်တော်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့ရင်း ရဲအုပ်မောင်ဝင်းမှာ လိုက်လံအကဲခတ်နေမိသည်။ ဝန်ကြီးဟာလည်း ခပ်ပြုံးပြုံးအမူယာများဖြင့် မိမိထံသို့ သာမာန်ဧည့်သည်များအနေနှင့်သာ ရောက်ရှိလာခဲ့ကြသော သံအမတ်ကြီးနှင့်ကိုမောင်ဝင်းတို့အား ဧည့်ခန်းအတွင်း၌ နေရာပေးထိုင်ခိုင်းစေသည်။
ဝန်ကြီး၏ အိမ်တော်အတွင်း၌မူ အောက်လမ်းဆရာကြီး ပုဏ္ဍပစ္စသည်လည်း အတူတကွရှိနေ၏။ ထိုင်းလူမျိုး စစ်စစ်ဖြစ်သော်လည်း ပုဏ္ဍကပစ္စ၏ ပုံစံမှာမူ မြန်မာလူမျိုးတို့၏ ပုံဏ္ဍန်ကဲ့သို့ပင် လျောင်ထုံးထုံးထားပြီး မျက်နှာအသွင်ပြင်မှာလည်း ခန့်ညားတည်ကြည်လှသည်။ ယခုအခါရောက်ရှိလာခဲ့သော သံအမတ်ကြီးနှင့် ကိုမောင်ဝင်းတို့မှာ မည်သည့်အတွက်နှင့် ရောက်ရှ်လာခဲ့သည်ဟု သူတစ်ယောက် ကောင်းစွာကြိုတင်သိရှိနေခဲ့သည်။
သို့သော်လည်း ယခုအခ်ျန်၌ ဖွင့်ပြောခွင့်မရသည်ကြောင့် တိတ်တဆိတ်သာ ဝန်ကြီးချုပ်၏မိတ်ဆွေတစ်ဦးအဖြစ် ဧည့်ခန်းအတွင်း၌ ထိုင်လျက်ရှိနေခဲ့သည်။ ကိုမောင်ဝင်းနှင့်သံအမတ်ကြီးသည်လည်း ဧည့်ခန်းအတွင်း၌ ဝန်ကြီးနေရာချထားပေးသော ထိုင်ခုံလေးအတွင်း ထိုင်လိုက်စေရင်း ဝန်ကြီးချုပ်၏ ဧည့်ခံထားသော ကော်ဖီပူပူလေးအား တစ်ငုံမျှသောက်စေသည်။ ထို့နောက်…
'ဘယ်လိုဖြစ်လာတာတုန်းဗျ… လာမယ်ဆိုလည်း ကြိုပြောပေါ့… ကျုပ်ကိုယ်တိုင်လာကြိုမှာပေါ့ အခုတော့သံအမတ်ကြီးကို အားနာစရာတွေဖြစ်ကုန်ပြီ'
'သြော်… ရပါတယ်ကိစ္စမရှိပါဘူး'
'ဒါနဲ့ သံအမတ်ကြီး ကျုပ်ဆီကို အခုလိုပုံစံမျိုးနဲ့ရောက်လာရတာ အကြောင်းတစ်ခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်… အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်းပြောပါ'
'ဟုတ်တယ်… အကြောင်းတော့ရှိပါတယ်… ဒါပေမယ့် ဘယ်ကနေ ဘယ်လိုစပြောရမှန်းမသိဖြစ်နေတာ'
'သြော်!… ဟားဟားဟား… ပြောစရာရှိတာပြောပါဗျ… ကျုပ်နဲ့သံအမတ်ကြီးက အခုမှခင်လာတဲ့ မိတ်ဆွေတွေမှမဟုတ်ပဲ ရပါတယ်ဗျ ပြောစရာရှိတာပြော ဟုတ်ပြီလား'
ထိုင်းဘာသာစကားနှင့်ပြောဆိုသည်။ ဝန်ကြီးချုပ်နှင့်အတူ မြန်မာသံအမတ်ကြီး။ ထို့ကြောင့် ကိုမောင်ဝင်းမှာမူ ထိုဘာသာစကားအား နားမလည်နိုင်သည့်အတွက် ဝန်ကြီးချုပ်နှင့်သံအမတ်ကြီးတို့၏ မျက်နှာပြင်များကိုသာ တစ်စိုက်မတ်မတ် အကဲခတ်နေခဲ့သည်။ ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့၏ ပြောဟန်ဆိုဟန်များအား ကိုမောင်ဝင်းတစ်ယောက် အကဲခတ်ကြည့်ရုံနှင့် ထိုသူနှစ်ဦးမှာ အလွန်ပင်ရင်းနှီးကျွမ်းဝင်နေခဲ့ကြောင်း သိရှိစေနိုင်သည်။
သံအမတ်ကြီးသည်လည်း လာရင်းကိစ္စများအား မည်သို့ပင် အစပြုပြောဆိုရမည်မှန်းမသိ။ ကိုမောင်ဝင်း၏မျက်နှာပြင်ဆီသို့ တစ်ချက်ကလေး လှမ်းကြည့်မိလေသည်။ ထို့နောက်…
'သြော်!… ဒီလိုပါဗျ… ဒါကကျုပ်မိတ်ဆွေ သူကကျူပ်တို့နိုင်ငံမှာဆိုရင်… ပြိုင်ဘက်ကင်းစုံထောက်ကြီးလို့ သတ်မှတ်နိုင်တယ်… စုံထောက်ဆိုပေမယ့်လည်း ရဲအရာရှိတစ်ဦးပါပဲ… ခက်ခဲနက်နဲတဲ့ အမှု့ကြီးတော်တော်များများကို သူဖော်ထုတ်နိုင်တယ်… အိုးဗျာ… ဘယ်လောက်ပဲ နှစ်တွေကြာနေပါစေ… ကိုမောင်ဝင်းက… အမှု့စစ်ဆေးတဲ့နေရာမှာ သာမာန်စုံထောက်ကြီးတွေထက် အဆပေါင်းများစွာ သာလွန်းတယ်ဗျ… ဒါကြောင့်လည်း သူ့မှာ ထူးထူးခြားခြား အခွင့်ရေးတစ်ခုရထားတယ်လေ ပြည်သူတွေရဲ့ အရေးကိစ္စက စပြီး… နိုင်ငံတော်အစိုးရကိစ္စတွေကိုပါ သူစိတ်တိုင်းမကျရင် ဝင်ရောက်စွတ်ဖတ်နိုင်တဲ့ အခွင့်ရေးပေါ့ပြီးတော့… ကိုမောင်ဝင်းက ဘက်စုံထူးချွန်တယ်… ပြသနာတစ်ခုရဲ့ အခြေအနေပေါ်ကိုမူတည်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲတတ်တယ်… ဥပမာ… ရဲအရာရှိတစ်ယောက်ကနေ အရေးကြုံလာရင် ရှေ့နေတစ်ယောက်အဖြစ် ပြောင်းလဲသွားတာမျိုးပေါ့'
'ဟုတ်ပါပြီဗျ… မိတ်ဆွေရဲအုပ်မောင်ဝင်းရဲ့ ကောင်းသတင်းတွေကို မြန်မာအစိုးရဆီကနေ ကျုပ်သိပြီသားပါ… အခုလာရင်း အကြောင်းနဲ့များ ပတ်သတ်နေလို့လား'
'ဟုတ်ပါတယ်… ဟိုတစ်နေ့က မြန်မာတရားခံနှစ်ယောက်နဲ့ ပတ်သတ်ပြီး အစည်းအဝေးတစ်ခုမှာ သူတို့အကြောင်း ကျုပ်ပြောဖြစ်ခဲ့တယ် အဲ့ဒါနဲ့… အဲ့ဒါနဲ့ ကျုပ်မိတ်ဆွေက အဲ့ဒီမြန်မာတရားခံနှစ်ယောက်ရဲ့ အမှု့ကြီးကို ပြန်စစ်ဆေးချင်တယ်လို့ သူတောင်းဆိုနေလို့ပါ'
'ဘာ… ဘယ်လို!''
'ဘာဖြစ်လို့လဲဝန်ကြီး ကျုပ်အပြောမှားသွားလို့လား'
'ဘာစစ်ဆေးစရာလိုသေးလို့လဲ သူတို့ကို မနက်ဖြန်တရားရုံးက သေဒဏ်ပေးထားပြီးပြီး စစ်ဆေးစရာမလိုတော့ဘူးလေ'
'ဟုတ်ပါတယ်ဝန်ကြီး… ဝန်ကြီးပြောတာမှန်ပါတယ်… ဒါပေမယ့် ကျုပ်မိတ်ဆွေပြန်စစ်ဆေးချင်တာက အခု သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်က တကယ့်တရားခံတွေ ဟုတ်မဟုတ် သေသေချာချာစစ်ဆေးကြည့်ချင်တာပါ'
'အိုးဗျာ… မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်တဲ့ တောင်းဆိုချက်ပဲ ဒီမှာသံအမတ်ကြီး… တရားခံနှစ်ယောက် ပြစ်မှု့ကျူးလွန်ခဲ့တာက ထိုင်းနိုင်ငံမှာ ကျူးလွန်ခဲ့တာနော်… သက်ဆ်ုင်ရာနိုင်ငံကလည်း တရားခံနှစ်ယောက်ပြစ်မှု့ကို သက်သေအခိုင်လုံနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးပြီး ဒါကိုး ခင်ဗျားတို့က ဝင်ရောက်စွတ်ဖတ်ဦးမယ်ဆိုတော့… တရားလွန်ရာ ကျမနေဘူးလား'
'မဟုတ်ပါဘူးဝန်ကြီး ဝန်ကြီးထင်သလို ကျွန်တော်တို့မရည်ရွယ်ပါဘူး… ကျွန်တော်နဲ့ဝန်ကြီးက ဟိုတုန်းတည်းက ခင်မင်လာခဲ့ကြတာဆိုတော့ အနီးကပ်ဗျာ… ဝန်ကြီးဆီမှာ လူငယ်လေးတွေရဲ့ ပြစ်ဒဏ်လျော့ပေါ့အောင် ကျုပ်တောင်းဆိုကြည့်တာပါ'
'ဒီမှာသံအမတ်ကြီး ခင်ဗျားကိုယ်တိုင် အဲ့ဒီတရားခံနှစ်ယောက်နဲ့ တွေ့ခဲ့ပြီးပြီးမဟုတ်လား… ပြီးတော့ သူတို့ကိုယ်တိုင်ကလည်း သူတို့သတ်ပါတယ်လို့ ခင်ဗျားအရှေ့မှာ ဝန်ခံထားပြီးပြီးလေ သံအမတ်ကြီးကိုယ်တိုင်ကလည်း တရားခံအစစ်တွေပါလို့ သတ်မှတ်ထားခဲ့ပြီးပြီးမဟုတ်လား… ဒါကိုး ဘာလို့ပြန်စစ်ဆေးချင်နေရတာလဲ'
''ဒီလိုပါဝန်ကြီး… ကျုပ်တို့ညှိနှိုင်းကြည့်တာပါ ဘာပဲဖြစ်ဖြစ်ဗျာ… လူငယ်လေးတွေ သေဒဏ်ကနေ နည်းနည်းပါးပါးပေါ့လျော့သွားအောင် ကျုပ်မိတ်ဆွေက ပြန်စစ်ဆေးကြည့်ယုံလေးပါပဲ'
'မဖြစ်နိုင်ဘူး လုံးဝပြန်စစ်ဆေးစရာမလိုတော့ဘူး''
'ဝန်ကြီး!…'
'သံအမတ်ကြီး ခင်ဗျားတစ်ခုသိထားရမှာက… ဒါဟာ မြန်မာနိုင်ငံမဟုတ်ဘူးဆိုတာကိုပါပဲ'
ကိုမောင်ဝင်း၏အကြောင်းများအား သံအမတ်ကြီးတစ်ယောက် ချီးမွန်းခန်းများဖွင့်နေချိန်၌ ဝန်ကြီးချုပ်မှာ ခေါင်းတငြိမ့်ငြိမ့် ခပ်ပြုံးပြုံးအမူယာများနှင့် နားစိုက်ထောင်နေခဲ့သည်။ သို့သော် သံအမတ်ကြီး၏ ဒုတိယမြောက် ပြောဆိုလာခဲ့သော မြန်မာတရားခံနှစ်ဦး၏ အကြောင်းများ ကြားသိလိုက်ရသည်နှင့် ဝန်ကြီးချုပ်မှာမူ အမူယာများစွာပျက်ပျယ်သွားခဲ့ရသည်။
သံအမတ်ကြီး၏ တောင်းဆိုလာခဲ့သော စကားများအားလည်း မဖြစ်နိုင်ဘူးဟုသာ ''ဘူး''တစ်လုံးတည်း ဆောင်နေခဲ့တော့သည်။ နံဘေး၌ရှိနေသော ကိုမောင်ဝင်းသည်လည်း သံအမတ်ကြီးနှင့်ဝန်ကြီးတို့နှစ်ဦးသား ပြောဆ်ုနေခဲ့သည့် အမူယာများ ကောင်းစွာသဘောပေါက်သွားစေခဲ့သည်။
ယဉ်ယဉ်ထွေးသည်လည်း ဝန်ကြီးချုပ်၏အိမ်တော် ပတ်ဝန်းကျင်ဆီသို့ ရောက်ရှိလာခဲ့လေပြီ။ အိမ်တော်ကြီး၏အခြေနေများအား အဝေးတစ်နေရာမှ အကဲခတ်နေခဲ့ရင်း အိမ်တော်ကြီး၏ ပတ်ဝန်းကျင်တွင်မူ လုံဖြုံရေးတပ်သားများအား အနည်းငယ်မြင်တွေ့လိုက်ရသည်။ အိမ်တော်ကြီး၏အတွင်း၌ သူမ၏သွေးသောက် အစ်ကိုဖြစ်သူများ ရှိလင့်ကစား။ သူမတစ်ယောက် အိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်ရန်ဦးတည်လေတော့မည်ဖြစ်သည်။
သို့နှင့် သူမ၏အဆောင်ပစ္စည်းဖြစ်သော ဒုတိယမြောက် ပုဒါးရှင်လုံးဟု အမည်တွင်လောက်သည့် ဖန်လုံးကလေးအား ပါးစပ်အတွင်း၌ ငုံယူလိုက်လေပြီ်။ ပါးစပ်အတွင်းသို့ ထိုဖန်လုံးလေး ငုံလိုက်သည်နှင့် ယဉ်ယဉ်ထွေးမှာမူ ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရပြီး သူမအား မည်သူတစ်ဦးတစ်ယောက်မျှ မမြင်တွေ့နိုင်တော့ချေ။
သို့နှင့် အိမ်တော်ကြီး၏အရှေ့ဆီသို့ သူမတစ်ယောက် ပုံမှန်အတိုင်းသာလျင် လျောက်လှမ်းလာခဲ့သော်လည်း ခြံအရှေ့မှ စောင့်ကြပ်နေကြသော လုံခြုံရေးတပ်သားများမှာ သူမအား မမြင်တွေ့နိုင်ခဲ့ပေ။ ခြံတံခါးကြီးမှာလည်း ပွင့်လျက်နေပြီးသားဖြစ်နေသည်ကြောင့် လွယ်ကူစွာနှင့်ပင် ခြံကြီးအတွင်းသို့ ဝင်ရောက်စေနိုင်ခဲ့သည်။ ခြံကြီးအတွင်း၌လည်း လုံခြုံရေးတပ်သားများစွာ ရှိနေခဲ့ရင်း အိမ်တော်ကြီး၏အတွင်းသို့ ဝင်ရောက်နိုင်ရန် အိမ်မကြီး၏တံခါးအပေါက်ဆီသို့ ခပ်သုတ်သုတ်လှမ်းသွားခဲ့လေသည်။
''ဝန်ကြီး… ခင်ဗျားကူညီနိုင်ပါတယ်ဗျာ ဒီအမှု့ကြီးကို ကျုပ်မိတ်ဆွေ ပြန်စစ်ဆေးခွင့်ရအောင် ခင်ဗျားကူညီပေးပါလား'
'ဒီမှာသံအမတ်ကြီး ကျူပ်ခင်ဗျားကိုပြောပြီးသွားပြီ ပြန်စစ်ဆေးဖို့အတွက် အရာအာလုံးလည်းနောက်ကျနေပြီ မနက်ဖြန်မိုးလင်းတာနဲ့ တရားခံနှစ်ယောက်ကို သေဒဏ်ပေးဖို့လည်း အားလုံးအဆင်သင့်ပြင်ထားပြီးပြီ… ကျုပ်တို့အလုပ်တွေရှုတ်ကုန်အောင် မလုပ်ပါနဲ့'
'ဝန်ကြီး…''
''တော်တော့သံအမတ်ကြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်ဆီကိုခင်ဗျားလာတာဆိုရင် ပြန်ပါတော့ ကျုပ်မကူညီနိုင်ဘူး'
ကိုယ်ယောင်ဖျောက်နေသော ယဉ်ယဉ်ထွေးတစ်ယောက် အိမ်တော်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် အောက်လမ်းဆရာကြီးနှင့်အတူ ထိုင်းဝန်ကြီးချုပ်၊ သာမာန်အရပ်ဝတ်များဖြင့် အတိုက်အခံ စကားပြောဆ်ုနေကြသော လူနှစ်ဦးအား မြင်တွေ့လိုက်ရချေသည်။ သို့နှင့် ထိုသူနှစ်ဦးအား သူမတစ်ယောက် စူးစိုက်ကြည့်လေခါ မျက်မှောင်အားကြုတ်မိစေရင်း…
''ဟင်!… ဟိုတစ်ယောက်က မြန်မာသံအမတ်ကြီးပဲ… ဒီလူက… ဒီလူက မြန်မာနိုင်ငံက အခွင့်ရေးရ ရဲတစ်ယောက်ပါလား… သူတို့ဒီမှာဘာလာလုပ်နေကြပါလိမ့်'
ထိုသူနှစ်ဦးအား သူမတစ်ယောက် အကဲခတ်ကြည့်မိလိုက်သည်နှင့် ကမ္ဘာကျော်ကြောင်ဂိုဏ်းခေါင်းဆောင်ဟု ပြောဆိုမလိုလောက်အောင်ပင် နိုင်ငံတကာမှ အရေးပါအရာရောက်သော သူများအား သိရှိသွားစေနိုင်သည်။ သိုနှင့်သူမ၏စိတ်အတွင်းမှ စကားများစွာ ရည်ရွတ်မိရင်း ထိုသူများ အပြန်အလှန်ပြောဆိုနေကြသော စကားများကိုပင် ဆက်လက်နားထောင်နေခဲ့လေသည်။
'ဝန်ကြီး… ကျုပ်ထပ်တောင်းဆိုပါရစေဗျာ… ကျုပ်တို့နိုင်ငံသားတွေအတွက် အခွင့်ရေးပေးပါ တရားဥပဒေအတိုင်းပဲ ဖြစ်စေရမှာပါ… ဝန်ကြီးဆိုတဲ့ ခင်ဗျားကလည်း တရားဥပဒေအပေါ်မှာ သစ္စာရှိပြီသားဆိုတာ ကျုပ်သိပြီသားပါ… ကူညီပေးပါ'
'ကျူပ်မကူညီနိုင်ဘူးလို့ပြောပြီးပြီ သံအမတ်ကြီး ခင်ဗျားတို့ကြောင့် ထိုင်းမြန်မာချစ်ကြည်ရေး မပျက်ပျယ်ပါစေနဲ့'
'ဝန်ကြီး'
'တော်တော့… ကဲ အစောင့်တွေ ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်ကြတော့'
'ဝန်ကြီး… ဒီအမှု့ကြီးရဲ့နောက်ကွယ်မှာ မတရားလုပ်ထားတာတွေရှိနေတယ်… အဲ့ဒါကြောင့်…''
'တိတ်စမ်း!… ခင်ဗျားဘာတွေလျောက်ပြောနေတာလည်း ဘာမှ မတရားလုပ်ထားတာမရှိဘူး… ကိုယ်ဖြစ်ကိုယ်ခံရမှာပဲ ခင်ဗျားတို့နိုင်ငံသားအချင်းချင်း အကာကွယ်မပေးချင်ပါနဲ့… ခင်ဗျာတို့ပြန်ကြတော့ တပ်သားတွေ သူတို့ကိုခြံပြင်ခေါ်ထုတ်သွားကြစမ်း'
'အောင်မာ… ငါလိုသံအမတ်ကြီးတစ်ယောက်ကိုများ မင်းတို့က မောင်းထုတ်ရဲတယ်ပေါ့'
'ဘာ!… သံအမတ်ကြီးဟုတ်လား သံအမတ်ကြီးဆိုရင် ဘောင်ဝင်ဝင်နဲ့ မြန်မာသံအမတ်ကြီးတစ်ယောက်အနေနဲ့ ကျုပ်အိမ်တော်ကို လာနေကြအတိုင်း လာခဲ့ပါ… အခုခင်ဗျားက သာမာန်ပြည်သူတစ်ယောက်အနေနဲ့ ကျုပ်အိမ်တော်မှာ ဧည့်သည်လာလုပ်တာဆိုတော့ မြန်မာသံအမတ်ကြီးတစ်ယောက်လို အခုချိန်မှာ ကျုပ်သဘောမထားနိုင်ဘူး… ဟေ့ကောင်တွေ သူတို့ကိုခေါ်ထုတ်သွားတော့'
မြန်မာနိုင်ငံ၏အရေးပါအရာရောက်သော အရာရှိကြီးများနှင့် ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်၊ ထိုသူများ၏ ပြောစကားများအား ကိုယ်ယောင်ဖျောက်နေခဲ့သော ယဉ်ယဉ်ထွေးတစ်ယောက် အလုံးစုံကြားသိသွားခဲ့လေသည်။ မြန်မာသံအမတ်ကြီးသည်လည်း ထီးကလေး၏ ပြောစကားများကြောင့် ထိုအမှု့ကြီး၏နောက်ကွယ်တွင် မတရားပြုမူခံထားရခြင်း ရှိနေလိမ့်မည်မှာ သေချာလှသည်ဟု သိရှိထားခဲ့သော်လည်း ထိုနိုင်ငံ၏ဝန်ကြီးချုပ်သည်လည်း ပါဝါနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
ထို့ကြောင့်လည်း ထိုအမှု့ကြီးအား အခွင့်ရေးရဲအုပ်မောင်ဝင်းတစ်ယောက် ပြန်လည်စစ်ဆေးခွင့်ရရှိရန် ဝန်ကြီးချုပ်နှင့် တိုးတိတ်စွာတိုင်ပင်ခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ ဝန်ကြီးချုပ်မှာမူ သံအမတ်ကြီးအား နေအိမ်အတွင်းမှ နှင်ထုတ်နေခဲ့သည်များက အခိုင်းစေတစ်ဦးကိုပင် ပြောဆိုဆက်ဆံနေခဲ့သည့် အမူယာများပင်ဖြစ်နေလေတော့သည်။
ထိုအမူယာများအား မြန်မာသံအမတ်ကြီးမှာမူ အံ့သြကြီးစွာကြည့်နေမိရင်း ရဲအုပ်မောင်ဝင်းသည်လည်း ဝန်ကြီးချုပ်အား မသင်္ကာစဖွယ်ဖြစ်သွားမိလေသည်။ အစောင့်တပ်သားများ၏ နှင်ထုတ်မှု့ဖြင့် သံအမတ်ကြီးနှင့်အတူ ရဲအုပ်မောင်ဝင်းတို့ဟာ အိမ်တော်ကြီးအတွင်းမှ ခြံအတွင်းသို့အရောက် ဝန်ကြီးချုပ်၏ ခြံအတွင်းသို့ အချုပ်ကားကြီးတစ်စီးနှင့်အတူ အရာရှိများ လိုက်ပါလာကြသော မော်တော်ယဉ်များ ဝင်ရောက်လာခဲ့ကြလေသည်။
သို့နှင့်သံအမတ်ကြီးနှင့်အတူ ကိုမောင်ဝင်းသည်လည်း ခြံအတွင်းမှ မထွက်ခွာသေး ထိုမော်တော်ယဉ်များအား စူးစမ်းစွာကြည့်နေမိခဲ့သည်။ ကားအသံများကြောင့် ဝန်ကြီးချုပ်သည်လည်း နေအိမ်အတွင်းမှ ထွက်ရောက်လာခါ မိမိ၏ခြံအတွင်းမှ မထွက်ခွာနိုင်သေးသော သံအမတ်ကြီးနှင့်ကိုမောင်ဝင်းတို့အား မြင်တွေ့လိုက်ရလေသည်။ သို့နှင့်ဝန်ကြီးမှာမူ သက်ပြင်းကိုသာ ချစေရင်း နှုတ်ခမ်းအား တင်းရင်းစွာစေ့လျက်…
'သံအမတ်ကြီး… ခင်ဗျားကို ကျုပ်ကောင်းကောင်းမွန်မွန် ပြန်ခိုင်းနေပါတယ်… ကျုပ်စိတ်မတိုခင် ခင်ဗျားတို့နှစ်ယောက် ကျုပ်ခြံထဲက ထွက်သွားကြပါ'
'ဝန်ကြီး!…''
'ဒီမှာသံအမတ်ကြီး… ခင်ဗျားကျူပ်ကိုတွေ့ချင်ရင် မြန်မာသံအမတ်ကြီးတစ်ယောက်အနေနဲ့… အစိုးရဧည့်ခန်းဆောင်မှာ လာတွေ့နိုင်ပါတယ်'
'ခင်ဗျား… ခင်ဗျား'
'လာပါသံအမတ်ကြီးရာ… သူ့ရဲ့အခြေနေကို ကျုပ်တို့သိလိုက်ရပြီပဲ… ကျုပ်တို့ပြန်ကြမယ်… ဒီအမှု့ကြီးကို ကျုပ်ရအောင်ပြန်စစ်ဆေးမှာပါ… အခုတော့ ကျုပ်တို့ပြန်လိုက်တာပဲ ကောင်းလိမ့်မယ်ထင်တယ်'
'မိုက်ရိုင်းလိုက်တာဗျာ… ထင်တောင် မထင်ထားမိဘူး'
ရိုင်းပြ ရင့်သီးစွာ ဆက်ဆံလိုက်သော ဝန်ကြီးချုပ်၏ အမူယာများကိုပင် သံအမတ်ကြီးတစ်ယောက် အလွန်ပင်အံ့သြသွားမိသည်။ ကိုမောင်ဝင်း၏ ပြောစကားများဖြင့် သံအမတ်ကြီးမှာမူ ခြံအပြင်သို့ ခံပြင်းစွာထွက်ခွာသွားစေရင်း… အိမ်တော်ကြီး၏ ပတ်ဝန်းကျင်တစ်နေရာမှ ဝန်ကြီးချုပ်၏အိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ကြသော မော်တော်ယဉ်ပေါ်ရှိ အရာရှိများအား အကဲခတ်ကြည့်ရှု့စေခဲ့သည်။
အိမ်တော်ကြီးဆီသို့ ရောက်ရှိလာခဲ့သော အချုပ်ကားကြီးနှင့် အရာရှိများမှာ ဝန်ကြီး၏အိမ်တော်အတွင်း၌ ချုပ်နှောင်ထားစေသော မြန်မာတရားခံနှစ်ဦးအား သေဒဏ်ကျ အကျဉ်းထောင်ဆီသို့ ခေါ်ဆောင်မည့် သူများသာဖြစ်ပေသည်။
ကိုယ်ပျောက်ယဉ်ယဉ်ထွေးသည်လည်း ဝန်ကြီးချုပ်နှင့် မြန်မာအရာရှိကြီးတို့၏ ဆက်ဆံရေးအခြေနေများအား ကောင်းစွာရိပ်စားမိစေခါ။ ပျောက်ဆုံးနေခဲ့သော သူ၏သွေးသောက် အစ်ကိုဖြစ်သူများ၏အကြောင်း ဆက်လက်သိရှိစေရန် ဝန်ကြီးချုပ်၏ အိမ်တော်အတွင်းသို့ ဝင်ရောက်စစ်ဆေးစေခဲ့သည်။
*****
'ကျုပ်အဖေက မြန်မာနိုင်ငံသားစစ်စစ်ဗျ… ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ရင်း ကျုပ်အမေ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ချခဲ့တာ… ပြီးတော့ တင်စိန်၊ ကျင်စိန်ဆိုတဲ့ ကျုပ်တို့အမွှားညီအစ်ကို နှစ်ယောက်ကိုမွေးတယ်… ကျုပ်ခုနှစ်နှစ်သားအရွယ်မှာ မြန်မာနိုင်ငံကိုတစ်ခေါက်ရောက်ဘူးတယ်… အဖွားအိမ်မှာ တစ်နှစ်တိတိအဖေနဲ့ အတူတူနေတယ်… ကျုပ်ရှစ်နှစ်သား အရွယ်ရောက်တော့ အမေနဲ့ကျုပ်အစ်ကိုကြီးတို့ရှိနေတဲ့ ထိုင်းနိုင်ငံကိုပြန်လာခဲ့တယ်… ကျုပ်ကတော့ မြန်မာစကားကို ကောင်းကောင်းနားလည်သလို ကောင်းကောင်းလည်း ပြောတတ်တယ်… ကျုပ်အစ်ကိုတင်စိန်ကတော့ နားတော့လည်တယ် မပြောတတ်ဘူး… ကျုပ်တို့ဆယ်နှစ်သားအရွယ်မှာ အဖေနဲ့အမေ… အောက်လမ်းဆရာကြီး တစ်ယောက်လက်ချက်နဲ့ သွေးအန်ပြီးသေခဲ့ရတယ်'
''ကျုပ်တို့ညီအစ်ကိုနှစ်ယောက်လည်း အဲ့ဒီအချိန်ကစပြီး အားကိုးရမယ့်သွားတယ်… လမ်းဘေးမှာ သူတောင်းစားတွေလိုပဲ နေရတော့တယ်… အဲ့ဒီအချိန်မှာ ကျုပ်တို့ရဲ့ ကယ်တင်ရှင်… ဦးပစ္စကိုတွေ့ခဲ့တယ် ဦးပစ္စက ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ကို သူ့အိမ်ဆီခေါ်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လေ… ပြောရရင် ကျုပ်တို့ရဲ့ ဒုတိယဖခင်က ဦးပစ္စပါပဲ'
''ဖခင်မရှိ၊ မိခင်မရှိ၊ လူ့လောကကြီးမှာ အနိမ်ခံမှု့မျိုးစုံနဲ့ လူတကာရဲ့ အနိုင်ကျင့်မှု့တွေကိုလည်း ကျုပ်တို့ညီအစ်ကိုတွေ ခံခဲ့ရတယ်… ရွယ်တူအချင်းချင်း ခိုက်ရန်ဖြစ်ခဲ့ရင်တောင် ကျုပ်တို့ညီအစ်ကိုက အမြဲဒဏ်ရာအနာတရ ရခဲ့ရတယ်'
'တစ်နေ့မှာ ဦးပစ္စက ကျူပ်တို့ညီအစ်ကိုနှစ်ယောက်ကို ဓားပြီးတုတ်ပြီးဆေး ထိုးပေးတယ်… လူတကာရဲ့ အနိုင်ကျင့်မှု့တွေကို တွန်းလှန်နိုင်အောင်လို့ပဲ… လူပျိုပေါက်အရွယ်ရောက်လာတော့ ကျုပ်က ရပ်ရွာတကာလှည့်ုပြီး လူပျို့လှည့်တယ်… ကျုပ်အစ်ကိုတင်စိန်ကတော့ လူအေးဗျ… ကျုပ်နဲ့ အမွှာညီအစ်ကိုဖြစ်နေလို့ ရုပ်ချင်းတာတူတာ စရိုက်ချင်းကတော့ တခြားစီပဲ… ဦးပစ္စအနားမှာ… တင်စိန်အမြဲံရှိတယ်… တကယ်တော့ ဦးပစ္စက ကျုပ်တို့အပေါ်ကောင်းသလိုလိုနဲ့ အသုံးချခဲ့တာ''
''သူ့ရဲ့ အသစ်အဆန်းဖော်တဲ့ အောက်လမ်းဆေးမှန်သမျှ ကျုပ်အစ်ကိုတင်စိန်ကို ဖားလေး၊ ငါးလေးလိုသဘောမျိုးနဲ့ စမ်းသပ်ခဲ့တယ်… အာဠာဝကဆေး၊ ကိုယ်ပျောက်ဆေး၊ ပီယဆေး အမျိုးမျိုးနဲ့စမ်းတယ်… အကုန်လုံးအောင်မြင်ခဲ့တယ်… အဲ့… ဒါပေမယ့် ကျုပ်တစ်စွန်းတစ်စ ကြားလိုက်တာတော့ ဆင်သွေးနဲ့ပုဏ္ဍကဆေး… ဟုတ်တယ်ဗျ… ဆင်သွေးနဲ့ပုဏ္ဍကဆေး အဲ့ဒီဆေးနဲ့ တင်စိန်ကိုစမ်းလိုက်တဲ့အချိန်မှာ တင်စိန်… တင်စိန်ဆင်တစ်ကောင်လို အားအင်တွေကြီးသွားတယ်… တစ်ခါတစ်ခါ ဆင်ရိုင်းတစ်ကောင်လို ထထအော်လိုက်ရင် အနီးနားပတ်ဝန်ကျင်မှာရှိနေတဲ့သူင်္တေ တစ်ယောက်မှမခံနိုင်ဘူး… နောက်ဆုံး''
''နောက်ဆုံး လကွယ်ညတစ်ညမှာ အဲ့ဒီဆေးအစွမ်းတွေ ထကြွလာတယ်… သူ့ရဲ့ပုံမှန် အသိစိတ်တွေပျောက်သွားတယ် သူ့ဆရာဦးပစ္စကိုပါ အသေသတ်ဖို့လုပ်တော့တာပဲ… အဲ့ဒီအချိန်မှာ ဦးပစ္စက ကျူပ်အစ်ကိုတင်စိန်ကို သူ့နည်းသူ့ဟန်နဲ့ဖမ်းပြီး တင်စိန့်ကိုယ်ထဲက သွေးတွေဖောက်ထုတ်တယ်… တင်စိန်လည်း တစ်ကိုယ်လုံးဖြူဖွေးပြီး သွေးမရှိတော့ပဲ အသက်ပေးလိုက်ရတယ်… ပြီးတော့ တင်စိန့်အလောင်းကို ဦးပစ္စက လူသူမရှိတဲ့နေရာမှာ မီးရှို့တယ်… ပြီးတော့ တင်စိန့်အရိုးပြာကိုယူတယ်… နောက်ပြီး သွေးနဲ့အရိုးပြာ ရောပြီး သူ့အောက်လမ်းပညာကို အဆင့်မြင့်တော့တာပဲ''
'ကမ္ဘာကျော်မှော်ဆရာတစ်ယောက် ဖြစ်စေရမယ်လို့ ကြုံးဝါးပြီး တင်စိန့်ကိုဆင်တစ်ကောင်လို ချွန်းနဲ့ပေါက်ခိုင်းတယ် ပုဏ္ဍကဘီလူးလို စိတ်ကြမ်းသွင်းပြီး နယ်တကာက အောက်လမ်းဆရာတွေကို နိမ်နင်းပစ်ခဲ့တယ်… တကယ်တော့ ပုဏ္ဍကပစ္စဆိုတာ ကျုပ်အစ်ကို့ကို အစွဲပြုပြီး ဦးပစ္စကခိုင်းစေနေခဲ့တာ သူ့ရဲ့ယုတ်မာကောက်ကျစ်တာတွေကို သိတဲ့သူဆိုလို့ ကျုပ်တစ်ယောက်တည်းပဲရှိတော့တယ်… ကျုပ်လည်း မသေချင်သေးတာနဲ့ ဦးပစ္စနဲ့တွေ့ရင် ဘာမှမသိတဲ့ အရူးတစ်ယောက်လို အမြဲဟန်ဆောင်နေခဲ့ရတယ်လေ'
''အဲ့ဒါပဲဗျို့… ဦးပစ္စရဲ့အကြောင်းကတော့'
'အေးကွ… ဘာပဲဖြစ်ဖြစ် မင်းတို့မိသားစုအကြောင်းကြားရတာ ငါတို့အားလုံး တကယ့်ကိုစိတ်မကောင်းပါဘူး'
'ဟုတ်တယ်ကျင်စိန်… အဲ့ဒီပုဏ္ဍကပစ္စကို နိုင်မယ့်နည်းလမ်းကိုရော မင်းသိလား'
'နိုး!… အဲ့ဒါတော့ ကျုပ်မသိဘူး'
'သိတဲ့သူရောရှိလား'
'ရှိတယ်!… ဒါပေမယ့် ဦးပစ္စလက်ချက်နဲ့ပဲ သေသွားပြီ'
'ဟင်!… ''
ထိုင်းနိုင်ငံ၏ နာမည်ကြီး မှော်ဆရာကြီးအမည်ခံနှင့် အောက်လမ်းဆရာကြီးဦးပစ္စ၏ အကြောင်းများအား အတွင်းကျကျသိရှိနေခဲ့သော ကျင်စိန်တစ်ယောက်၊ လူငယ်ငါးဦးအား ပြောဆိုပြခဲ့သည်။ သို့နှင့်လူငယ်ငါးဦးသည်လည်း ဦးပစ္စ၏အကြောင်းများအား သိရှိသွားခါ စားသောက်ဆိုင်အတွင်းမှ ကျင်စိန့်အားနှုတ်ဆတ်လျက် လမ်းခွဲထွက်ခွာလာခဲ့ကြလေသည်။
ထို့နောက်… မိမိတို့၏ တည်းခိုဆောင်ဆီသို့ ပြန်လည်ဦးတည်လာခဲ့ရင်း မိတ်ဆွေဖြစ်သူ ကိုမောင်ဝင်းအား စောင့်မျှော်နေခဲ့လေသည်။ မကြာမီအချိန်တွင်းမှာပင် တည်းခိုဆောင်ဆီသို့ အငှားကားလေးဖြင့် သံအမတ်ကြီးနှင့်အတူ ကိုမောင်ဝင်းတို့မှာ ပြန်လည်ရောက်ရှိလာခဲ့လေပြီး။
''ကိုမောင်ဝင်း… သံအမတ်ကြီး'
'ကိုမောင်ဝင်း…''
မျက်နှာမကောင်းစွာနှင့် ပြန်လည်ရောက်ရှိလာခဲ့ကြသော က်ုမောင်ဝင်းအား လူငယ်ငါးဦးမှာမူ အလောတကြီးကြိုဆိုစေခဲ့ရင်း… ဧည့်ခန့်အတွင်းသို့အရောက် ရဲအုပ်မောင်ဝင်းမှာမူ သက်ပြင်းကိုသာလျင် ချစေရင်း အငှားကားပေါ်တွင် မည်သည့်စကားတစ်ခွန်းမှမပြော၊ ငြိမ်သတ်နေခဲ့သည့် သံအမတ်ကြီးတစ်ယောက် ထိုင်းဝန်ကြီးချုပ်၏အကြောင်းများအား မိမိသိရှိခဲ့သမျှုပြန်လည်ပြောဆိုစေတော့သည်။
'ဟင်!… ဒါဆို… ဒါဆိုကျုပ်တို့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတော့မှာလား'
'မတတ်နိုင်တော့ဘူးဗျာ ထိုင်းဝန်ကြီးကို တကယ်အံ့သြမိတယ်… အရင်တုန်းကဆိုရင်လည်း သူ့ဆီကို သာမာန်ဧည့်သည်အနေနဲ့ ကျုပ်သွားနေကြ… ဒီလိုမျိုးတစ်ခါမှ မဆက်ဆံခဲ့ဖူးဘူး… အခုဘယ်လိုဖြစ်ရတာပါလိမ့်'
''သံအမတ်ကြီး ကျုပ်စိတ်ထဲမှာ သိပ်မင်္ကာဘူး ဒီကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ဝန်ကြီး… ဝန်ကြီးပယောဂါလည်း မကင်းဘူးလို့ ကျုပ်ထင်မိတယ်'
'ဟင်… ဘယ်လိုကိုမောင်ဝင်း… ဒီမတရားအမှု့ကြီးမှာ ဝန်ကြီးချုပ်ရဲ့ ပယောဂါလည်းမကင်းနိုင်ဘူးဟုတ်လား ကိုမောင်ဝင်းက ဘာကြောင့်အဲ့လိုထင်ရတာလဲ'
'ကျုပ်တရားခံတော်တော်များများကို တွေ့ခဲ့ဘူးတယ်… အပြင်ပန်းမှာအပြုံးနဲ့ စိတ်ထဲက အင်မတန်ယုတ်မာလှတဲ့ လူမျိုးတွေက်ုလည်း ကျုပ်ရဲ့ ရဲသက်တမ်းအရ ကြုံတွေ့ခဲ့ဘူးတယ်… ဥပဒေဘက်တော်သားအယောင်နဲ့ ဥပဒေကိုခုတုံးလုပ်ပြီး နောက်ကွယ်မှာ တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် လုပ်နေကြတဲ့ အရာရှိကြီးတွေက်ုလည်း ကျုပ်ဖမ်းစည်းခဲ့ဘူးတယ်… အခုလည်း ဝန်ကြီးချုပ်ကို ကျုပ်အကဲခတ်မိသလောက် ဒီမတရားမှု့ကြီးမှာ သူရဲ့ပယောဂါတွေလည်း ရှိနေမှာသေချာတယ်… အားလုံးကိုဆက်ဆက်ကြည့်လိုက်ရင် ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးချင်တယ်ဆိုတဲ့ စကားအဆုံးမှာ ဝန်ကြီးချုပ်တစ်ယောက် တော်တော်လေးထိတ်လန့်သွားတယ်… သူ့အမူယာတွေလည်း အင်မတန်ပြောင်းလဲပြီး သိပ်ကြောက်စရာကောင်းသွားတယ်… သံအမတ်ကြီးနဲ့ဝန်ကြီးချုပ်က စကားပြောနေတယ်… ဒါပေမယ့် ပွဲကြည့်ပရိတ်သတ်တစ်ယောက်အနေနဲ့ ဘေးကကြည့်နေတဲ့ ကျုပ်က ပိုပြီးသိနေနိုင်တယ် ဒါကြောင့် ကျွန်တော်အဲ့လိုပြောနိုင်တာပဲ'
'ဗျာ… ဒါဆို… ဒါဆိုခင်ဗျားဘာဆက်လုပ်မလဲ'
'မနက်ဖြန်ဆိုရင် မြန်မာနှစ်ယောက်ကို သေဒဏ်ချထားတဲ့ နေ့ရောက်ပြီး ကျုပ်တို့မှာ အချိန်မရှိတော့ဘူး… အမှု့ကြီးကိုကိုင်ထားတဲ့ ဝန်ကြီးချုပ်နဲ့လည်း ကျုပ်တို့တိုင်ပင်ကြည့်ပြီးသွားပြီး ဒါကိုသူကလက်မခံဘူး… အဲ့ဒီတော့ သူ့ထက်ကြီးတဲ့ ထိုင်းဘုရင်နဲ့ ကျုပ်အခုပဲ သွားတွေ့ချင်တယ်'
'ဗျာ… ထိုင်းဘုရင်နဲ့တွေ့ချင်တယ်'
'ဟုတ်တယ်သံအမတ်ကြီး အဲ့ဒါခင်ဗျားကူညီပေးပါ'
'ဟင်… ကျွန်…ကျွန်တော်ကူ… ကူညီပေးလို့ရပါတယ် ဒါပေမယ့်တစ်ခုတော့ရှိတယ်… ထိုင်းဘုရင်က ဧည့်သည်တစ်ယောက်အနေနဲ့ ကျုပ်ကိုလက်ခံတွေ့၊ မတွေ့ဆိုတာ သေချာမပြောနိုင်သေးဘူး… မြန်မာသံအမတ်တစ်ယောက်အနေနဲ့ ထိုင်းဘုရင်က ကျူပ်ကို လက်ခံတွေ့ဆုံပေးတယ်ဆိုရင် အဆင်ပြေနိုင်ပေမယ့် တကယ့်လို့များ သူလက်ခံမတွေ့ပေးခဲ့ရင် ဘယ်လိုလုပ်ကြမလဲ'
'သံအမတ်ကြီးပြောတာ ကျုပ်မောင်ဝင်းသဘောပေါက်ပါတယ်… ထိုင်းဘုရင်ကြီးက သာမာန်အစိုးရတွေနဲ့ မတူပါဘူး သူကအရမ်းတော်တယ်… အရမ်းထက်တယ်… အရာကိုအမြဲစဉ်းစားနေတတ်တယ်… ကျုပ်တို့ကို ထိုင်းဘုရင်ကြီး လက်ခံတွေ့၊ မတွေ့ဆိုတာထက် ကျုပ်တို့ဘက်က မြန်မာနှစ်ယောက်အတွက် အယူခံသဘောမျိုးနဲ့ အမှု့ပြန်စစ်ပေးဖို့ တောင်းဆိုကြည့်ရမှာက ကျူပ်တို့အလုပ် ကဲဒီတော့ သံအမတ်ကြီး အခုပဲ ကူညီပေးပါ'
'ကောင်းပြီလေ… ဒါဆိုလည်း နေ့မမြင့်ခင်သွားကြတာပေါ့'
'ဟင်!… ကိုမောင်ဝင်း… ဟိုတယ်အရှေ့မှာ ကားတစ်စီးရပ်လာပါလား'
'ဟာ!… ရဲမင်းကြီး'
'ရဲမင်းကြီးရောက်လာပြီ'
'အတော်ပဲဗျာ… ရဲမင်းကြီးကိုပါ ကျုပ်တို့ခေါ်သွားရမယ်'
'ကိုထီလေး… အစ်မမျှားလေး ကျုပ်ကတိပေးပါတယ်… ထိုင်းဘုရင်ကြီးဆီမှာ ကျုပ်အမှု့စစ်ပေးဖို့ ရအောင်ပြောခဲ့ပါ့မယ်'
'ကိုမောင်ဝင်း… ဂရုစိုက်ပါ'
ထိုင်းဝန်ကြီးချုပ်၏ ပျက်ပျယ်သွားခဲ့သော ဟန်အမူယာများကြောင့် ရဲအုပ်မောင်ဝင်းသည်လည်း မိတ်ဆွေဖြစ်သူများအား ထိုမတရားအမှု့ကြီးထဲတွင် ထိုသူသည်လည်း ပါဝင်ပတ်သတ်နေလိမ့်မည်ဟု ခန့်မှန်းမိစေခဲ့သည်။ သို့နှင့် စကားဝိုင်းဖွဲ့ တိုင်ပင်ခဲ့ကြရင်း ထိုရာဇဝဏ်မှု့ကြီးအား ပြန်လည်စစ်ဆေးနိုင်ရန် ထိုင်းဘုရင်ကြီးထံ၌ အယူခံဝင်မည်ဟု တိုင်ပင်မိခဲ့ကြလေသည်။
ထိုအချိန်အတွင်းမှာပင် လေယဉ်လက်မှတ် အခက်ခဲများကြောင့် ထိုင်းနိုင်ငံဆီသို့ တပါတည်းလိုက်ပါ မလာနိုင်ခဲ့သော ရဲမင်းကြီးသည်လည်း ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ဦးဆောင်တည်ခိုနေသည့် ဟိုတယ်ဆီသို့ ယနေ့မနက်ခင်းအချိန်၌ပင် ရောက်ရှိလာခဲ့လေတော့သည်။
သို့နှင့် လတ်တလောရောက်ရှိလာခဲ့သော ရဲမင်းကြီးအား ခရီးရောက်မစိုက် ထိုင်းဘုရင်ကြီးနှင့် သွားရောက်တွေ့ဆုံရန် ပြင်ဆင်နေခဲ့ကြသော ကိုမောင်ဝင်းနှင့် သံအမတ်ကြီးသည်လည်း ရဲမင်းကြီးအား အကြောင်းစုံရှင်းပြလျက် ခေါ်ဆောင်သွားခဲ့လေတော့သည်။
**********
*ကမ္ဘာကျော်လူစွမ်းကောင်းတစ်ဦးဖြစ်သော ကိုယ်ယောင်ဖျောက်နိုင်သည့် မြန်မာမလေးယဉ်ယဉ်ထွေးတစ်ယောက် ဝန်ကြီးချုပ်၏နေအိမ် အကျဉ်းထောင်အတွင်း၌ ချုပ်နှောင်ခံထားရသော သူမ၏အစ်ကိုဖြစ်သူများအား ကယ်တင်ပေးနိုင်မည်လား။
*သို့မဟုတ် သူမသည်လည်း ပရိယာယ်ကြွယ်ဝလှသော ဝန်ကြီးချုပ်၏နေအိမ်အတွင်း၌ ရှိနေခဲ့သည့် အောက်လမ်းဆရာကြီး ပုဏ္ဏကပစ္စ၏ ထောင်ချောက်အတွင်းသ်ို့ ရောက်ရှိသွားဦးမည်လား။
*ကမ္ဘာကျော်ရာဇဝဏ့်မှု့ကြီးဖြစ်သည့် ကိတ်ကျွန်လူသတ်မှု့ကြီးနှင့်အတူ ကြာကျင်စိန်တစ်ယောက် မည်သို့ပင်ပတ်သတ်နေလိမ့်မည်နည်း။
*ထိုင်းဘုရင်ကြီးထံသို့ အယူခံဝင်ရန် သွားရောက်မည့် မြန်မာအရာရှိကြီးများသည်လည်း ထိုင်းဘုရင်ကြီးနှင့်ဆုံတွေ့နိုင်မည်လား။
*ဆုံတွေ့လာခဲ့လျင်လည်း ထိုအယူခံအား ထိုင်းဘုရင်ကြီး လက်ခံပေးလိမ့်မည်လား။ သို့မဟုတ် မည်သို့ပင်ဆက်လက် ဖြစ်လာကြဦးမည်နည်း။
*သေဒဏ်ကျ မြန်မာတရားခံနှစ်ဦးအနက် ကိုမောင်ဝင်းထံသို့ ရန်နိုင်၏မိခင်ဖြစ်သူ ပြောဆိုမည့် အရေးတကြီး အကြောင်းကိစ္စဆိုသည်မှာ မည်သည့်အကြောင်းအရာများပင် ဖြစ်လေသနည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၅)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၃၁.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/









No comments:
Post a Comment