ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၁၅) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၁၅)

Share This
        တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၁၅)
                ဝိဥာဉ်တစ်ကောင်၏ စကားသံ
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                        **********

    လတ်တလောရောက်ရှိလာခဲ့သော ရဲမင်းကြီးအား ထိုင်းဘုရင်ကြီးနှင့် သွားရောက်တွေ့ဆုံရန် ပြင်ဆင်နေခဲ့ကြသော ကိုမောင်ဝင်းနှင့် သံအမတ်ကြီးသည်လည်း ရဲမင်းကြီးအား အကြောင်းစုံရှင်းပြလျက် ခေါ်ဆောင်သွားခဲ့လေတော့သည်။

   ဝန်ကြီးချုပ်၏ အိမ်တော်ကြီးဆီသ်ို့ ရောက်ရှိလာခဲ့ကြသော အရာရှိကြီးများလိုက်ပါလာသည့် အချုပ်ကားကြီး အတွင်းသို့ မြန်မာတရားခံနှစ်ဦးအား သေဒဏ်ကျအကျဉ်းထောင်ဆ်ီသို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်၌ ကိုယ်ယောင်ဖျောက်နေခဲ့သော ယဉ်ယဉ်ထွေးသည်လည်း ဝန်ကြီးချုပ်၏အိမ်တော်ကြီးအတွင်း၌ သူမ၏ အစ်ကိုဖြစ်သူများအား လိုက်လံအကဲခတ်နေခဲ့သည်။

     သို့သော် အိမ်ကြီးအတွင်း၌ မည်သည့်အရိပ်ယောင်ကိုမှ မတွေ့ခဲ့ရပဲ၊ မြန်မာတရားခံနှစ်ဦးအား လက်ထိပ်၊ ခြေကျင်းများနှင့် အချုပ်ကားအတွင်းသ်ို့ ခေါ်ဆောင်နေကြသည့် အရာရှိကြီးများနှင့်သာ ရှုတ်ထွေးနေလေခဲ့သည်။

    ဝန်ကြီးချုပ်ဦးဆောင်စေရင်း မြန်မာလူငယ်နှစ်ဦးအား အချုပ်ကားကြီးအတွင်းသို့ ထည့်လေခါ၊ အကျဉ်းထောင်ဆီသို့ တိတိတဆိတ် မထွက်ခွာမှီအချိန်၌ ဝန်ကြီးချုပ်အနီးသို့ ဦးပစ္စတစ်ယောက် ကပ်လျက်သွားရောက်ရှိခဲ့ရင်း စကားတစ်ချို့ တိုးတိတ်စွာပြောဆိုလေခဲ့သည်။ ကိုယ်ယောင်ဖျောက်နေခဲ့သော ယဉ်ယဉ်ထွေးသည်လည်း ထိုသူနှစ်ဦးမည်သည့်စကားများစွာ ပြောဆိုနေကြသနည်းဟု သိလိုစိတ်ဖြင့် အနားသို့ လျင်မြန်စွာ ကပ်ရောက်သွားခဲ့လေသေးသည်။

     သို့သော် သူမတစ်ယောက် ထိုသူများအနီးသို့ ရောက်ရှိသွားခဲ့သည်နှင့် ထိုသူနှစ်ဦးမှာ ပြောဆိုနေခဲ့ကြသော စကားသံများ ရပ်တန့်သွားခဲ့လေခါ သူမသည်လည်း မည်သည့်စကားတစ်လုံးကိုမျှ ကောင်းစွာ မကြားလိုက်ရတော့ချေ။

  'ဆရာ…'
'ကျုပ်တို့မောင်းသွားရတော့မလား'
'နေဦး… ခဏစောင့် ငါပါတစ်ခါတည်းလိုက်ခဲ့မယ်''

  အချုပ်ကားကြီးနှင့်အတူ လိုက်ပါလာခဲ့သော အရာရှိကြီးတစ်ဦးမှ ဝန်ကြီးချုပ်ထံ၌ ခွင့်တောင်းဆိုခဲ့ရင်း အကျဉ်းထောင်ဆီသို့ ဦးစွာမောင်းနှင်ရလေမလားဟု မေးမြန်းစေခဲ့သည်။ သို့သော် ဝန်ကြီးမှာမူ သူတစ်ယောက် လုပ်စရာရှိနေသေးသော အမူယာများဖြင့် ထိုအရာရှိကြီးအား မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေခါ အိမ်တော်စောင့် တပ်သားနှစ်ဦးအား ကွယ်ရာဆီသို့ ခေါ်ဆောင်စေရင်း တိုးတိတ်စွာနှင့် ထိုသို့ပြောဆိုလေခဲ့သည်။

  'ဟေ့ကောင်တွေ… ဟိုကြောင်သူခိုးနှစ်ကောင်ကို သေချာကြည့်ထားကြ… အခုမင်းတို့နှစ်ယောက် သူတို့ကိုချုပ်ထားတဲ့ အခန်းဆီသွား… လက်နတ်တွေပါယူသွား… ရုတ်ရုတ်လုပ်ရင် တစ်ခါတည်းရှင်းပစ်လိုက် ပြီးတော့အဲ့ဒီမှာစောင့်နေတဲ့ ကောင်တွေကိုလည်းပြောလိုက် သေချာစောင့်ကြည့်ထား ငါမှာလိုက်တယ်လို့'
'ဟုတ်ကဲ့ပါဆရာ… စိတ်ချပါ'
'ကောင်းပြီ ဒါဆိုအခုပဲသွား'

  ဝန်ကြီး၏အနားတွင်မူ ယဉ်ယဉ်ထွေးတစ်ယောက် ကိုယ်ယောင်ဖျောက်ရှိနေခဲ့ရင်း ဝန်ကြီး၏ပြောစကားများအား လိုက်လံနားထောင်နေချိန်၌ ထိုသူ၏နှုတ်မှ ကြောင်သူခိုးနှစ်ဦးဟု ပြောထွက်လာခဲ့သော စကားသံများအား ကြားသိလိုက်ရလေသည်။ ထိုကြောင်သူခိုးနှစ်ဦးဆိုသည်မှာ မိမိ၏သွေးသောက် အစ်ကိုဖြစ်သူများလေလား။ အဘယ့်ကြောင့် ဝန်ကြီး၏အိမ်တော်အတွင်း၌ အဖမ်းခံလိုက်ရသနည်း။

   သူမတစ်ယောက် သေချာစွာသိလိုစိတ်နှင့် အစောင့်တပ်သားနှစ်ယောက်၏ အနောက်သို့ လိုက်ပါအကဲခတ်ရန်ပြင်ဆင်လိုက်လေသည်။ ထိုအချိန်တွင်းမှာမူ သူမ၏စိတ်အတွင်း၌ တစ်စုံတစ်ခုသော ခံစားမှု့များ ခံစားလိုက်ရလေသည်။ သူမခံစားလိုက်ရသည်က ကိုယ်ယောင်ဖျောက်ထားခဲ့သော မိမိအား တစ်စုံတစ်ယောက်မှ လိုက်လံကြည့်ရှု့နေခဲ့သော ခံစားမှု့များပင်ဖြစ်လေသည်။

  ''အိုး… င့ါစိတ်ထင်လို့နေမှာပါ… ငါ့ကိုဘယ်သူမြင်နိုင်မှာမို့လို့လဲ''

ခံစားနေခဲ့ရသော သူမ၏ခံစားမှု့များအား တစ်ကိုတည်းဖြေသိမ့်လေခါ အစောင့်တပ်သားနှစ်ဦး၏အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့လေသည်။ အစောင့်တပ်သားနှစ်ဦး ဦးတည်သွားနေသည်က အိမ်တော်ကြီး၏ လှို့ဝှက်မြေအောက်ခန်းဆီသို့ပင်ဖြစ်လေပြီး သူမသည်လည်း ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ရာမှ အချုပ်ခန်းကြီးတစ်ခုအရှေ့သို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့လေသည်။

 ဝန်ကြီးချုပ်မှာမူ အစောင့်တပ်သားနှစ်ဦးအား ကြောင်ဂိုဏ်းသားများဆီသို့ စေလွတ်ခဲ့ပြီးနောက်… မိမိ၏နားနေခန်းအဆောင်အတွင်း၌ ရှိနေခဲ့သော ဦးပစ္စထံသ်ို့ လျင်မြန်စွာ သွားရောက်လေခဲ့ပြီး ဦးပစ္စအား စကားတစ်ချို့ပြောဆိုလေခဲ့သည်။

 'ဆရာကြီး သေချာရဲ့လား'
'သေချာတယ်… ဒီမှာကြည့်ပါလား'
'ဟင်!…''

  အဆုံးစမရှိသော စကားတစ်ချို့အား မေးမြန်းစေခဲ့ရင်း ဦးပစ္စသည်လည်း အိမ်တော်ကြီးအတွင်း၌ တပ်ဆင်ထားခဲ့သော CCTV များအား ဝန်ကြီးထံသို့ ပြသလေခဲ့သည်။ ထိုအခါ ဝန်ကြီးတစ်ယောက် မြင်တွေ့လိုက်ရသည်က ကိုယ်ယောင်ဖျောက်နေနိုင်သော ဒုတိယမြောက်ပုဒါးရှင်လုံးပိုင်ရှင် ယဉ်ယဉ်ထွေးမှာမူ ခြံကြီးအတွင်းမှ အိမ်တော်ကြီးအတွင်းသို့ စတင်ဝင်ရောက်လာခဲ့သော အရိပ်ယောင်များပင်ဖြစ်လေသည်။

    ဝန်ကြီးသည်လည်း လွန်စွာအံ့သြသွားမိရင်း ဝိဥာဉ်လေလားဟု ထင်မြင်မိစေခဲ့သည်။ ထိုအခါ အောက်လမ်းဆရာကြီးမှာမူ သူတစ်ယောက်ရှိနေလျင် မည်သည့်တစ္ဆေသရဲတစ်ကောင်မျှ မလာရဲကြောင်းပြောဆိုနေခဲ့ပြီး CCTV အတွင်း၌ မြင်တွေ့နေရသည့် ထိုသူဟာ ကြောင်ဂိုဏ်းခေါင်းဆောင် တစ်ဦးပင်ဖြစ်မည်ဟု ပြောဆိုစေခဲ့သည်။

   'ဟင်… ဒါဆိုဘယ်လိုလုပ်မလဲ… ဆရာကြီး သူ့လူနှစ်ယောက်ကို ချုပ်ထားတဲ့နောက် လိုက်နေပြီ ကျုပ်တို့ဘယ်လိုလုပ်ရမလဲ'
'မပူပါနဲ့ဗျာ… အချူပ်ခန်းရှေ့ရောက်တာနဲ့ မီးနေသွေးစိမ်ထားတဲ့ ပိုက်ကွန်ကြိုးဆွဲလိုက်ရုံပဲ ဒါဆို ဒီကောင့်အစွမ်းတွေ ဘာခံနိုင်မှာလဲ'
'ဟင်… အဲ့ဒီ… အဲ့ဒီလိုလုပ်ဖို့ မ…မစီစဉ်ရသေးဘူးလေ'

'အဲ့ဒါပဲ အဲ့ဒါကြောင့် ခင်ဗျား ကျွန်းသူဌေးကြီးရဲ့ ကြိုးဆွဲရာ ကနေရတာ… ဟိုနှစ်ကောင်ကို ဖမ်းမိထားတည်းက ကျန်တဲ့သူတို့လို လူထူးလူဆန်းတွေ ရောက်လာလိမ့်မယ်ဆိုတာ ကျုပ်နဲ့သူဌေးကြီး ကြိုတွက်ပြီးသာ… အဲ့ဒါကြောင့် မိုးမလင်းခင်တည်းက အကုန်ပြင်ဆင်ပြီးပြီ'
'ဗျာ… တော်…တော်သေးတာပေါ့ဗျာ'
'တော်သေးတယ်လုပ်မနေနဲ့… ဟိုမှာကြည့်ဦး'

   အချုပ်ခန်းအရှေ့သို့ရောက်ရှိလာခဲ့သည်နှင့် ယဉ်ယဉ်ထွေးသည်လည်း အထဲသို့ မျော်ငေးကြည့်ရှု့လိုက်ရင်း သံကြိုးများစွာနှင့် တုတ်နှောင်ထားခဲ့သော သူ၏အစ်ကိုဖြစ်သူများအား မြင်တွေ့လိုက်ရလေသည်။ ထို့နောက် ငုံထားခဲ့သော ပုဒါးရှင်လုံးအား ထုတ်ယူလျက် သူမသည်လည်း ရုတ်တရက် ကိုယ်ယောင်ပေါ်ထွက် လာခဲ့လေတော့သည်။

    အချုပ်ခန်းအတွင်း၌ တင်းကြပ်စွာစောင့်ကြပ်နေခဲ့ကြသော အစောင့်တပ်သားများအား ယဉ်ယဉ်ထွေးမှာမူ တစ်ဦးတစ်ချက်ဖြင့် တိုက်ခိုက်စေခဲ့ရင်း အလဲထိုးနိုင်ခဲ့လေသည်။ သူမနှင့် အစောင့်တပ်သားများ တိုက်ခိုက်နေခဲ့ကြသော အသံများကြောင့် အချုပ်ခန်းအတွင်းမှ ရှောင်ဖိန်းနှင့်ရှိုင်းတို့မှာမူ ကြားသိလိုက်ရရင်း အပြင်သို့ မျှော်ငေးကြည့်ရှု့မိလေသည်။

   ထိုအခါ ထိုသူတို့၏ ကိုယ်ယောင်ဖျောက် ညီမလေး ယဉ်ယဉ်ထွေးဖြစ်နေသည်အား မြင်တွေ့လိုက်ရခါ အချုပ်ခန်းအတွင်းမှ အစ်ကိုဖြစ်သူများမှာမူ သူမအား လွန်စွာစိုးရိမ်သွားခဲ့လေသည်။ ယဉ်ယဉ်ထွေးသည်လည်း များပြားလှသော အစောင့်တပ်သားများအား အလဲတိုက်ခိုက်နိုင်ပြီး အချုပ်ခန်းသော့အား အစောင့်သားတစ်ဦးထံမှ ဖြုတ်ယူလေခါ…

   ''ကိုလတ်… ကိုငယ်''

  အချုပ်ခန်းအတွင်း၌ရှိနေခဲ့ကြသော သူမ၏အစ်ကိုဖြစ်သူများကိုမူ တမ်းတအော်ခေါ်လိုက်မိသည်။ သို့သော် အချုပ်ခန်းအတွင်း၌ရှိနေခဲ့သော ရှောင်ဖိန်းနှင့်ရှိုင်းတို့မှာ ညီမလေးဖြစ်သူအား ကျယ်လောင်လှစွာသော အော်သံများနှင့် ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်ချင်သေးသည်။

ညီမလေးရေ အချုပ်ခန်းတံခါးဖွင့်ပြီး အစ်ကို့တို့ကို လာမကယ်ပါနှင့်။

ထိုသို့အော်ဟစ်ပြောလိုက်ချင်သော်လည်း ထိုသူတို့၏ ပါးစပ်များအား တင်းကြပ်စွာ ပိတ်ဆို့ထားခြင်း ခံနေရသည်ကြောင့် အော်ဟစ်ပြောဆို၍မရနိုင်ချေ။

   ဟန်အမူယာများဖြင့်သာ အချုပ်ခန်းအတွင်းမှ လှုပ်ရမ်း၍ရနိုင်သော ကိုယ်အင်္ဂါအစိတ်ပိုင်းများဖြင့်သာ အချုပ်ခန်းတံခါးအား မပွင့်လစ်ရန် အမူယာများသာ ပြသနေခဲ့ရလေတော့သည်။ သို့သော်လည်း လွန်စွာသွေးပူနေခဲ့သည့် ယဉ်ယဉ်ထွေးမှာမူ နားမလည်နိုင်၊ အခန်းသော့အား လျင်မြန်စွာဖွင့်မိလိုက်ချေသည်။ ထိုအခါ မျက်နှာကြပ်ဆီမှ အုပ်မိုးရန်ဟန်ပြင်ထားသော ပိုက်ကွန်ကြီးတစ်ခုမှ ယဉ်ယဉ်ထွေး ခန္ဓာကိုယ်အပေါ်သို့ တစ်စိုက်မတ်မတ် ကျရောက်သွားခဲ့လေတော့သည်။

     လက်အတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သော ဒုတိယမြောက် ပုဒါးရှင်လုံးဟာလည်း အလင်းရောင်များစွာ ဖြာထွက်လျက် သူမ၏လက်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။ သို့နှင့် အိမ်တော်ကြီး၏ နားနေခန်းအတွင်းမှ အချုပ်ခန်းဆောင်အတွင်း၌ရှိနေသော CCTV အား မျက်ခြေမပျက် ကြည့်ရှု့နေကြသည့် ဝန်ကြီးချုပ်နှင့်အတူ အောက်လမ်းဆရာကြီတို့သည်လည်း မြေအောက်အချုပ်ခန်းဆီသို့ လျင်မြန်စွာ အပြေးသွားရောက်စေခဲ့သည်။

    အချုပ်ခန်းအတွင်း၌ လျို့ဝှက်စွာ ပုန်းခိုနေခဲ့ကြသော အစောင့်တပ်သားများသည်လည်း ရုတ်တရက် ပေါ်ထွက်လာလေခါ ပိုက်ကွန်အုပ်မိသွားစေသော ယဉ်ယဉ်ထွေးအား သေနတ်များဖြင့်ချိန်ဆထားလိုက်လေတော့သည်။

''ဟာ…သူ… သူကမိန်း… မိန်းကလေးတစ်ယောက်ပါလား''
''ဟုတ်တယ်… ဘာတတ်နိုင်ကြသေးလဲ… ကောင်မလေး… မင်းရဲ့ကိုယ်ဖျောက်အစွမ်းတွေ ပြပါဦး… ဟားဟားဟား… ဒုတိယမြောက်ပုဒါးရှင်လုံးပိုင်ရှင် ကြောင်ဂိုဏ်းခေါင်းဆောင် ယဉ်ယဉ်ထွေးတဲ့လား… ကြည့်စမ်းပါဦး အခုတော့ ကြွက်ကမလေးဖြစ်သွားပြီ''
'ဟေ့ကောင်တွေ ဒီကောင်မကို အချုပ်ထဲထည့်ထားလိုက်ကြစမ်း… သေချာလုပ်ကြနော်''
''ဟုတ်ကဲ့ပါဆရာကြီး''

''နေဦး… ဝန်ကြီး ကျွန်မကိုရှင်သိရဲ့လား'
'ဝန်ကြီးတော့ မင်းတို့အကြောင်းကြားဘူးတယ် သူသိမှာတော့မဟုတ်ဘူး'
'ရှင်ကဘယ်သူလဲ ရှင့်ကိုမမေးဘူး'
'ဟားဟား…ဟားဟား သူခိုးမလေးက သတ္တိတော့ ဘယ်နည်းပါ့မလဲ ဒါပေမယ့် မင်းရောက်နေတဲ့အခြေနေကို နားလည်သင့်တယ်နော်… အပြောအဆို ဆင်ခြင်ပါ ငါ့နာမည်ဦးပစ္စပဲ''

''ဘာ!… ထိုင်းနိုင်ငံရဲ့နာမည်ကြီး မှော်ဆရာဦးပစ္စလား'
'သိပ်ဟုတ်တာပေါ့'
'ရှင်… ရှင်ကရော''
''ငါလား… ငါက ကိတ်ကျွန်းပိုင်ရှင်သူကြီးပဲ'
'ဘာ!… ကိတ်ကျွန်းပိုင်ရှင် သူဌေးကြီး(………)ဆိုလား'
'သိပ်ဟုတ်တာပေါ့'
'ဟင်!… ဒါဆို ရှင်တို့နဲ့ဝန်ကြီးက ဘယ်လိုပတ်သတ်နေလဲ'

'အောင်မာ… ငါတို့ကိုများ စစ်လားဆေးလား လာလုပ်နေတယ်… ဟေ့ကောင်တွေ အချုပ်ခန်းထဲထည့်ထားလိုက်''
''နေဦး… ဝန်ကြီး ကျွန်မဘယ်သူလဲဆိုတာ ရှင်သိတယ်မဟုတ်လား''
''သိ!… သိတယ်'
'သိရင် ကျွန်မကိုဖမ်းစရာမလိုဘူး… ပြီးတော့ ကျွန်မအစ်ကိုတွေကိုရော ဘာကြောင့်ဖမ်းထားရတာလဲ… အခုပြန်လွတ်ပေးလိုက်စမ်း''
'အောင်မာ…''
'ဝန်ကြီးကို အမိန့်ပေးနေရအောင် မင်းကဘာကောင်မလဲ'

'ရှင့်ပါးစပ်ပိတ်ထားစမ်း!…''
''သေချင်တဲ့ကောင်မ… ကဲ့ကွာ'
'သူဌေးကြီး ခဏလေး''
'ပြောစမ်း… မင်းဘာပြောချင်တာလဲ''

''ဒီမှာဝန်ကြီး ကျွန်မတို့မောင်နှမတွေက အကြောင်းမရှိပဲ ဘယ်အရာရှိရဲ့ ပိုင်နက်ထဲကိုမှ ရောက်မလာတတ်ဘူးဆိုတာ ရှင်သိမှာပါ… အခုအကြောင်းတစ်ခုခုရှိနေလို့ ကျွန်မတို့ရောက်လာကြတာ… ကျွန်မတို့ကို အခုလိုမျိုးဆက်ဆံနေတာ နိုင်ငံတကာကသိသွားရင် ဝန်ကြီးဘာဖြစ်သွားမယ်ထင်လဲ''

''ဟားဟားဟား… ဟားဟား… ငါကဘာဖြစ်ရမှာတုန်း… မင်းတို့ကိုဖမ်းတာ ငါ့အိမ်တော်ထဲ ကျူးကျော်ဝင်လို့မဟုတ်ဘူး… ငါ့အိမ်တော်ထဲကို ကျူးကျော်ဝင်ရောက်မှု့နဲ့ တရားရုံးတင်မှာလည်းမဟုတ်ဘူး ဒီတော့ မင်းတို့ကိုဖမ်းထားတဲ့အကြောင်း ဘယ်နိုင်ငံကမှလည်း သိနိုင်မှာမဟုတ်ဘူး'
'ဝန်ကြီး!…''
''နားထောင်ဦး… ကိုယ့်ကိစ္စမဟုတ်ပဲ အရာရာဝင်ပါတတ်တဲ့ မင်းတို့အဖွဲ့ကို တိတ်တိတ်လေး အပျက်ရှင်းပစ်ဖို့အခုလို ထောင်ချောက်ဆင်ထားခဲ့တာ''

''ဘာ!… ဒါဆို… ကိတ်ကျွန်းလူသတ်မှု့ကြီးက မတရားလုပ်ထားတယ်ဆိုတာ သေချာသွားပြီပဲ''
''စကားတွေများတယ်ကွာ… ကဲ့ကွာ''
''ဟေ့ကောင်တွေ သိကြားမင်းတောင် လာမကယ်နိုင်တော့အောင် သေချာချုပ်ထားလိုက်ကြစမ်း''

   ထောင်ချောက်ပိုက်ကွန်ဖြင့် ဖမ်းမိသွားခဲ့သော ယဉ်ယဉ်ထွေးမှာမူ သူမ၏အစွမ်းများစွာ ပျောက်ကွယ်သွားခဲ့ရသော်လည်း လေသံအားဖြင့် တည်ကြည်မာထန်နေခဲ့ပြီး ဝန်ကြီနှင့်အတူ စကားများစွာပြောဆိုခဲ့သေးသည်။ သူမ၏စိတ်အတွင်း၌ သူမဟာ ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်လျင် ဝန်ကြီးမှာမူ သူမအား ဖမ်းစည်းလိမ့်မည်မဟုတ်ဟု ထင်မြင်စေခဲ့သည်။

   သို့သော်လည်း အထင်နှင့်အမြင်များ လွန်စွာလွဲမှားစေခဲ့ရင်း ဖမ်းစည်းခံလိုက်ရလေသည်။ ညီမလေးဖြစ်သူ ယဉ်ယဉ်ထွေး၏ အဖြစ်ပျက်များအား အချုပ်ခန်းအတွင်း၌ ရှိနေခဲ့ကြသော အစ်ကိုဖြစ်သူများမှာ လွန်စွာခံပြင်းလှစွာနှင့် ကြည့်ရှု့နေခဲ့ရလေသည်။ ဝန်ကြီးနှင့်အပေါင်းအပါများအား ခတ်ထန်စွာပြောဆိုနေခဲ့သော ယဉ်ယဉ်ထွေးကိုမူ ကျွန်းသူဌေးကြီးမှာ ဇာတ်ပိုးဆီသို့ ခပ်ပြင်းပြင်းရိုက်နှပ်လိုက်လေသည်။

   ထို့ကြောင့် သူမသည်လည်း ပြောလက်စ စကားများ မဆုံးသေး၊ ပိုက်ကွန်အတွင်း၌ပင် မူးမေ့သွားခဲ့ရလေတော့သည်။ သို့မှသာ အစောင့်တပ်သားများမှာမူ လွန်စွာခိုင်ခန့်ကြီးမားလှသော သံကြိုးကြီးများဖြင့် ဝန်ကြီး၏အိမ်တော် လျို့ဝှက်မြေအောက်ခန်းအတွင်း၌ ရှိုင်းနှင့်အတူရှောင်ဖိန်းတို့အပါအဝင် သူမအား ချုပ်နှောင်ဖမ်းစည်းထားခဲ့လေတော့သည်။

                         ********
''သမီးလေး… သမီးလေး''
''အ… အရော''
''သမီးလေး စိတ်မပူနဲ့တော့သိလား… အဒေါ်တ်ို့မြန်မာနိုင်ငံက တာဝန်ရှိသူတွေရောက်လာပြီးတော့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမှန်တိုင်းဖြစ်အောင် ကူညီပေးတော့မယ်လို့ အဒေါ်သိခဲ့ရတယ်'
'ယမ်… ယဒယ်ရားအရော'

'တကယ်ပြောတာသမီးရဲ့ အဒေါ် ဝန်ကြီးခြံရှေ့မှာ သားလေးကိုတွေ့ခွင့်ရဖ်ို့ ဒူးထောက်ဆန္ဒပြနေတုန်း မြန်မာနိုင်ငံက နာမည်ကြီးရဲအရာရှိကြီးတစ်ယောက်နဲ့ ဆုံခဲ့ရတယ်… သူ့…သူ့နာမည်က ကိုမောင်ဝင်းတဲ့… အဒေါ်တို့မြန်မာနိုင်ငံမှာဆိုရင် ကိုမောင်ဝင်းက အမှု့ကြီးတွေဖော်ထုတ်တဲ့နေရာမှာ အရမ်းနာမည်ကြီးတာ… သားလေးတို့ သားလေးတို့ဘာမှမဖြစ်ပါစေနဲ့ဦး… နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးကြပါ'

  သေဒဏ်ပေးခံထားရသော မြန်မာတရားခံနှစ်ဦးထဲမှ ရန်နိုင်၏ မိခင်ဖြစ်သူ ဒေါ်ခင်နုပင်ဖြစ်လေသည်။ ဝန်ကြီး၏အိမ်တော်ရှေ့မှ ရဲအုပ်မောင်ဝင်းနှင့် တွေ့ဆုံဖြစ်ခဲ့ပြီး သူမ၏သားဖြစ်သူရန်နိုင်နှင့် အောင်မိုးတို့၏ပြစ်မှု့များအား ပြန်လည်စစ်ဆေးခွင့်တောင်းခံမည်ဖြစ်ကြောင်း ဒေါ်ခင်နူတစ်ယောက် ဦးစွာသိရှိသွားခဲ့ရသည်။

   ထို့ကြောင့် သူမ၏နေအိမ်တဲစုတ်လေးဆီသို့ ဝမ်းသာမှု့များဖြင့် လျင်မြန်စွာပြန်လည် ရောက်ရှိသွားခဲ့ရင်း မျက်နှာပြင်ပေါ်တွင်မူ ဓားဒဏ်ရာအမာရွတ်များဖြင့် ရုပ်ဆိုးအကျဉ်းတန်စေပြီး စကားမပြောဆိုနိုင်ခဲ့သော မိန်းကလေးတစ်ဦးအား ဝမ်းသာအားရ စကားများစွာ ပြောဆိုလေခဲ့သည်။

     ထိုမိန်းကလေး၏အသွင်ပြင်မှာ မျက်နှာပြင်ပေါ်တွင် ကြီးမားလှစွာသော ဓားဒဏ်ရာအမာရွတ်ကြီးများမှာ လွန်စွာရုပ်ပျက်စေခဲ့သည်။ လျှာဖြတ်ခြင်းခံထားရသည်ကြောင့် ပီသစွာသော စကားများကိုပင်လျင် မပြောဆိုနိုင်။ လက်ချောင်းကလေးများမှာလည်း ကျိုးကြေ ကြေမွနေခဲ့ရလေသည်။

    ထိုမိန်းကလေးဟာ ကျွန်းသူဌေးသားများ၏ တပည့်ကျော်များ သေလုနီးပါး နှိတ်စက်လေခါ သူမအား မြန်မာနှစ်ဦးထံသို့ သတင်းပေးရလေမလားဟု ပြောဆိုလေခါ လျှာဖြတ်ခြင်းခံထားရသည့် မြန်မာအမျိုးသမီးလေး တစ်ဦးပင်ဖြစ်လေခဲ့သည်။

      အခင်ဖြစ်ပွားရာ ညတွင်မူ ကျွန်းသူဌေးသားများမှာ ဒေးဗစ်နှင့် ဟန်ဇာတို့အားရက်စက်စွာသတ်လျက် အမှောင်ထုအတွင်း၌ ဒဏ်ရာများဖြင့် ပြေးရှောင်သွားခဲ့သော ဆတီဗင်၊ မြန်မာလူငယ်နှစ်ဦးဖြစ်သော ရန်နိုင်နှင့်အောင်မိုးတို့အား မေ့ဆေးထိုးစေပြီး၊ ထိုသူတို့၏အခိုင်းအစေ မြန်မာအမျိုးသမီးလေးကိုမူ ခြေလက်များစွာ ရိုက်ချိုးစေခဲ့၏။ မျက်နှာပြင်အားလည်း ဓားဖြင့် မွှန်းစေခါ လျှာရှည်ပါသည်ဟု ပြောဆို၍ သူမ၏လျှားအား ရက်စက်စွာဖြတ်စေခဲ့သည်။

    သူမသည်လည်း ထိုဒဏ်ရာများဖြင့် သွေးများစွာ အလွန်ကျွမ်ထွက်လေခါ နှလုံးခုန်နှုန်များသည်လည်း ရပ်တန့်သွားစေခဲ့သည်။ ထို့ကြောင့် မူးရူးရမ်းကားမှု့များဖြင့် ပူလောင်နေခဲ့သော ကျွန်းလူမိုက်များမှာ သူမအား သေဆုံးသွားခဲ့ပြီဟု ထင်မှတ်စေမိသည်။

   ထို့ကြောင့် အလောင်းဖျောက်သည့်အနေဖြင့် ပင်လယ်အတွင်းသို့ သူမအား သေဆုံးသွားပြီဟုထင်ခါ မျောပစ်စေခဲ့သည်။ သို့သော် သူမမှာမူ အသက်ပြင်းစွာဖြင့် မသေနိုင်၊ တောရွာလေးဆီမှ ကိတ်ကျွန်းအပေါ်သို့ ရောက်ရှိနေခဲ့သော ဒေါ်ခင်နူနှင့် ဆုံတွေ့စေခဲ့ရသည်။ သားဖြစ်သူ၏ အဖြစ်ဆိုးများအား ကြားသိလိုက်ရသည့် ဒေါ်ခင်နူမှာမူ တောရွာလေးဆီမှ ကိတ်ကျွန်းဒေသသို့ အရောက်လှမ်းလာခဲ့လေပြီး။

   မျက်နှာပြင်ပေါ်တွင် ဒဏ်ရာများနှင့် လျှာဖြတ်ခြင်းခံထားရသည့် မြန်မာအမျိုးသမီးလေး သူဇာမှာမူ အသက်မသေစေပဲ ဒေါ်ခင်နူထံသို့ တိတ်တဆိတ်သွားရောက်စေခဲ့ရင်း ထိုအမှု့ကြီးနှင့်ပတ်သတ်ပြီး သူမဟာ အဓိက မျက်မြင်သက်သေဖြစ်ပါသည်ဟု အသိပေးစေခဲ့သည်။ သို့သော်လည်း သူမတို့မှာမူ လူနည်းစုများဖြစ်နေခဲ့ကြပြီး အမှန်တရားကိုမူ မထုတ်ဖော်ရဲခဲ့ပဲ တိတ်ဆိတ်စွာငြိမ်သတ်နေခဲ့ရခါ ရန်နိုင်နှင့်အောင်မိုး သေဆုံးရတော့မည့် အချိန်ကိုသာလျင် စောင့်စားနေခဲ့ရလေတော့သည်။

     ထိုသို့သော် အချိန်ခါမျိုး၌ ဒေါ်ခင်နူမှာ မြန်မာနိုင်ငံ အခွင့်ရေးရဲအုပ်မောင်ဝင်းနှင့် ဆုံတွေ့လိုက်ရပြီးဖြစ်သောကြောင့် သူမ၏ သားဖြစ်သူ အမှု့ကြီးအား အမှန်တိုင်းဖြစ်စေရန် ဖော်ထုတ်ဆောင်ရွက်ပေးမည်ဟု ကြားသိလိုက်ရသည့်အတွက် လျှာပျက်နေခဲ့သော မြန်မာလေးသူဇာအား ဝမ်းသာအားရ အသိပေးစေခဲ့တော့သည်။

                              ******
''ထီးလေး… ဟိုတည်အရှေ့မှာ ကျင့်စန့်ကို ရစ်သီသီလုပ်နေတာတွေ့တယ်… ဟိုးမှာဟိုမှာ''
'ဟင်… ဟုတ်ပါ့… ငါတို့ကိုလာရှာတာပဲဖြစ်ရမယ်'
'ဘာ!… ငါတို့ကိုလာရှာရအောင် သူက ငါတို့တည်းနေတဲ့ ဟိုတည်ကိုသိလို့လား'
'သိတယ်… ငါတို့တည်းနေတဲ့ ဟိုတည်… သူ့ကိုပြောပြလိုက်တယ်''
'ထီးလေး… ဒီကောင့်ကို ယုံလို့ဖြစ်ပါ့မလား… တော်ကြာ မြွေပွေးခါးပိုက် ပိုက်မိသလိုဖြစ်နေပါဦးမယ်'

''ကျင့်စိန်ကို… ငါအကဲခတ်ကြည့်ရသလောက် ဒီကောင် ငါ့တို့အပေါ်ကို သစ္စာရှိမယ့်ပုံပါပဲ… ငါသူ့ကိုယုံတယ်'
'ပြီးတော့… ငါးကလေးစုံစမ်းရသလောက်လည်း ကျင်စိန်က စိတ်ရင်းကောင်းတယ်… စိတ်ကောင်းလည်းရှိတယ် မဟုတ်မခံ… သူ့မှာမကောင်းတာဆိုလို့ လင်ရှိမယားတွေနဲ့ ဖောက်ပြန်တာတစ်ခုတည်းပဲ'

'ဟုတ်တယ်ကွ… ရေခဲမုန့်သည် ကောင်လေးကို ထိုင်းလူမိုက်တွေအနိုင်ကျင့်နေတုန်းကလည်း ကျင်စိန်က သူ့ကိုလူတွေမသိအောင် မျက်နှာဖုံးစွပ်ပြီး ဝင်ကယ်ခဲ့ဘူးတယ်တဲ့… ပြီးတော့ လင်ရှိမယားတွေနဲ့ ဖောက်ပြန်ရတယ်ဆိုတာကလည်း ကျင်စိန့်ရဲ့ မွေးရာပါမကောင်းတဲ့ပါရမီကြောင့် အဲ့ဒီမိန်းမတွေက သူ့ကိုလာပတ်သတ်ကြတာ'
'ဒါဆိုကောင်းပြီလေ… သူ့ဆီကနေ ငါတို့အတွက် တစ်ခုခုအကူညီရနိုင်မယ်ထင်တယ်''

'ထီးလေး… ဘာလုပ်မလို့လဲ'
'ငါသွားခေါ်မလို့'
'ထီးလေး… ဖြစ်ပါ့မလား'

''ဖြစ်ပါတယ်ဟာ… ငါတစ်ယောက်လုံးရှိနေတာပဲ ဒီကောင် ရုတ်ရုတ်လုပ်မယ်ဆိုရင် ငါနဲ့တွေ့သွားမှာပေါ့'
'တန်ခိုး… သတိထားနော်'

   ရဲမင်းကြီးနှင့်သံအမတ်ကြီး၊ မိတ်ဆွေရဲအုပ်မောင်ဝင်းတို့ဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိစေရန်အတွက် ထိုင်းအစိုးရထံသို့ သွားရောက်တွေ့ဆုံနေကြသည်။ ထို့ကြောင့် တည်းခိုရာ ဟိုတည်တွင် လူငယ်ငါးဦးသာ ကျန်ရစ်နေခဲ့ပြီး၊ မျှားကလေးတစ်ယောက် ပြတင်းပေါက်နံဘေး ဟိုတည်ပတ်ဝန်းကျင်ဆီသို့ အကဲခတ်ကြည့်နေစဉ်၌ ကျားကျင်စိန်တစ်ယောက် ဟိုတည်အရှေ့၌ ရစ်သီရစ်သီ လုပ်နေခဲ့သည်အား မြင်တွေ့လိုက်ရသည်။

    ကြာကျင်စိန်၏အကြောင်းများအားလည်း ငါးကလေးတစ်ယောက် တိတ်တဆိတ်စုံစမ်းထားခါ သူ၏သူငဟ်ချင်းများအားလည်း အကြောင်းစုံပြောဆိုထားခဲ့လေသေးသည်။ ကြာကျင်စိန်မှာ လူကောင်းတစ်ဦးပင်ဖြစ်ပြီး၊ စိတ်ရင်းကောင်းသော သူတစ်ဦးဟု ကျင်စိန်နှင့် ညီအစ်ကိုအရင်းသဖွယ် ခင်မင်ကြသည့် မြန်မာနိုင်ငံသား ရေခဲမုန့်သည်လေးဆီမှ အကြောင်းစုံသိရှိထားခဲ့လေသည်။

   သို့နှင့်ထီးကလေးနှင့်တန်ခိုးတို့မှာမူ ဟိုတည်အရှေ့သို့ ရောက်ရှိလာခဲ့ရသော ကျင်စိန်၏အခြေနေအား အကဲခတ်ရန် ဟိုတည်အပြင်သို့ ထွက်ရောက်သွားလေခဲ့သည်။ ဟိုတည်အပြင်သို့အရောက်…

''ကျားကျင်စိန်…''
''ဟာ… အစ်ကိုတို့'
'မင်းဒီနားမှာ ဘာလာလုပ်နေတာလဲ'
'ဘာလုပ်ရမှာတုန်းဗျ… ခင်ဗျားတို့ကိုလာရှာတာပေါ့'
'ဘာလုပ်ဖို့တုန်းကွ'
'သြော်… ထိုင်းကိုရောက်တုန်းရောက်ခိုက် ထိုင်းနိုင်ငံရဲ့ နာမည်ကြီးနေရာလေးတွေ လိုက်ပို့ပေးချင်လို့ပါ'

''ဟင်!… ကျေးဇူးတင်ပါတယ်ကွာ ငါတို့မှာ အဲ့လောက်ထိ အချိန်မရဘူးကွ'
'ဟင်… ဘာဖြစ်လို့လဲအစ်ကို… ကျုပ်က အစ်ကိုတ်ို့ကိုခင်လို့ပါဗျ… မြန်မာနိုင်ငံသားတွေနဲ့ တစ်ရင်းတစ်နှီး မနေရတာ တော်တော်လေးကြာနေပြီ… ပြီးတော့ ကျုပ်အသက်ကို ကယ်ပေးခဲ့တဲ့ အစ်ကိုတို့ကို ကျုပ်အစ်ကိုတွေအစ်မတွေလို ခင်တွယ်မိလို့ပါ'

''ဟိတ်!… ကျင်စိန်… ဘာလာလုပ်တာတုန်း'
'သြော်… အစ်မမျှားလေး ဒီမှာလေ… ဒီနေ့အစ်ကိုတ်ို့အားလုံးကို ကျုပ်ထိုင်းနိုင်ငံနေရာအနံ့လိုက်ပြပေးချင်လို့ပါ… အဲ့ဒါကို ကိုတန်ခိုးက မအားဘူးပြောနေတဟ်'

'ကျင်စိန်'
'ပြောလေ ကိုထီးလေး'
'မင်းအကြောင်းကို ငါတို့အားလုံးစုံစမ်းပြီးပြီ'
'ဗျာ… ကျူပ်အကြောင်းကို အစ်ကိုတို့က စုံစမ်းတယ်ဟုတ်လား… ဘာဖြစ်လို့တုန်းဗျ ကျုပ်ကလူကောင်းပါ… မကောင်းတာဆိုလို့ ဟို… ဟိုသူများမယားတွေနဲ့ ဖောက်ပြန်မိတာတစ်ခုတည်းပဲရှိတယ်… ဒါပေမယ့် အစ်မနဲ့အစ်ကိုတ်ု့ကို ကျုပ်ကတိပေးထားတဲ့အတိုင်း ကြာကျင်စိန်မလုပ်တော့ပါဘူး ကျားကျင်စိန်ဖြစ်အောင် ကျုပ်ပြုပြင်လိုက်ပါပြီ'

''ဟုတ်ပါပြီ… လာ… အထဲကိုလိုက်ခဲ့ ငါတို့အားလုံး ထိုင်းနိုင်ငံကို လာရတဲ့အကြောင်း မင်းကိုပြောပြမယ်'
'ထီးလေး!…'
'ဖြစ်ပါ့မလား…'
'စိတ်မပူပါနဲ့'

      ဟိုတည်အရှေ့မှ ထိုသို့ပြောဆိုလေခဲ့ရင်း ကျင်စိန့်အား နွေးထွေးစွာဖြင့် ပုခုံးကလေးဖတ်ခါ ဟိုတည်အတွင်းသို့ ခေါ်ဆောင်လာခဲ့လေသည်။ ဟိုတည်ပိုင်ရှင်ဟာ နိုင်ငံခြားသားတစ်ဦးဖြစ်သော်လည်း ဟိုတည်၏မန်နေဂျာမှာ မြန်မာနိုင်ငံသားတစ်ဦးပင်ဖြစ်သည်။ ကြာကျင်စိန်၏အကြောင်းများအားလည်း ထိုဟိုတည်မန်နေဂျာမှ ကြားသိထားဟန်တူသည်။

     ထို့ကြောင့် ကျင်စိန့်အား ဟိုတည်အတွင်းသို့ ဝင်ရောက်လာသည်နှင့် မျက်နှာရှုံ့မဲ့ ရွှံ့ရှာသွားခဲ့သော်လည်း ရဲမင်းကြီးနှင့် သံအမတ်ကြီးတို့၏ မိတ်ဆွေဖြစ်သူ လူငယ်လေးများမှ ကျားကျင်စိန့်အား ခေါ်ဆောင်လာခဲ့သည်ကြောင့် ကြည်ဖြူစွာဖြင့် လက်ခံလိုက်ရသည်။

    အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် လူငယ်ငါးဦးသည်လည်း ထိုင်းနိုင်ငံဆီသို့ မိမိတို့အားလုံးဟာ အလည်အပတ်ရောက်ရှိလာခဲ့ခြင်းမဟုတ် ကိတ်ကျွန်းလူသတ်မှု့ကြီးအား အစမှပြန်လည်စစ်ဆေးခွင့်ရရှိရန် ရောက်ရှိလာခဲ့ကြကြောင်း ကျင်စိန့်ထံသ်ို့ အကြောင်းစုံပြောဆိုလေခဲ့သည်။

    ''ဟင်… အစ်… အစ်ကိုတို့က အဲ့ဒီအမှု့ကြီးနဲ့ ပတ်သတ်ပြီးရောက်လာကြတာပေါ့ဟုတ်လား''
'ဟုတ်တယ်… ငါ့မိတ်ဆွေရဲအရာရှိကြီး ထိုင်းဘုရင်နဲ့သွားတွေ့တယ်… သူပြန်လာတာနဲ့ ဒီအမှု့ကြီးကို ပြန်လည်စစ်ဆေးခွင့်ရ၊ မရ ဆိုတာသိရတော့မှာ'
'အစ်ကိုတ်ု့… အစ်ကိုတို့… အစ်ကိုတို့ကို ကျုပ်ကျားကျင်စိန် လေးစားပြီးရင်း လေးစားမိတယ်… ရေများရေနိုင် မီးများမီးနိုင်ဖြစ်နေလို့ အမှန်တရားတွေကို ကျူပ်မျက်ကွယ်ပြုထားရတာ''

''ဘာ!… ဘာပြောလိုက်တယ်… ကျင်စိန်… ငါတို့ကိုသေချာပြောပြစမ်း'
'ဟုတ်တယ်… ဒီအမှု့ကြီးက ကလိမ်ကကျစ်အလုပ်ခံထားရတာ… မြန်မာနိုင်ငံသားနှစ်ယောက်ကို တမင်သတ်သတ် အနိုင်ကျင့်ထားကြတာပဲ… အမှန်တရားက ဘယ်လိုတွေလဲဆိုတာ ကျုပ်မသိပေမယ့်… အမှန်တရားအားလုံးကို သိနေတဲ့ နိုင်ငံခြားတစ်ယောက်တော့ ကျုပ်ဆီမှာရှိနေတယ်'

'ဟင်… ဘာ… ဘာပြောတယ် နိုင်ငံခြားသားတစ်ယောက်ဟုတ်လား ဘယ်သူလဲ'
'သူဘယ်သူလဲဆိုတာတော့ ကျုပ်လည်းသေချာတော့မသိဘူး… သေချာတာတစ်ခုကတော့ အဲ့ဒီသူက ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ လုံးဝပတ်သတ်နေတာသေချာတယ်… အခုလိုအချိန်ခါမျိုးမှာ သူ့အတွက်အသက် အန္တရယ်အရမ်းများနေတယ်… သူ့ကိုလူတစ်ချို့ကလည်း နှုတ်ပိတ်ဖို့လိုက်ရှာနေကြတယ်လို့ ကျုပ်သိထားရတယ် အဲ့ဒါကြောင့် သူ့ကိုကျူပ်ကိုယ်တိုင် ကယ်ထားခဲ့တာ… ပြီးတော့သူ့နာမည်က ဆတီဗင်'

'ဘာ… ဆတီဗင်'
'ဟုတ်တယ်…'
'အစ်ကိုထီးကလေးက အဲ့ဒီသူကိုသိလို့လား'
'သိတယ်… သိပ်သိတယ်… အဲ့ဒါအသတ်ခံလိုက်ရတဲ့ နိုင်ငံခြားသားတွေရဲ့ သူငယ်ချင်းတစ်ယောက် သူ့ကဒဏ်ရာတွေနဲ့ မသေပဲလွတ်သွားတာ သူအခုဘယ်မှာလဲ သူအခုဘဟ်မှာလဲ'

''ရှိတယ်… သူ့ကိုကျုပ်လုံခြုံတဲ့ နေရာမှာ သူ့အသတ်အန္တရယ်မထိခိုက်အောင် ကျူပ်ဖွတ်ထားတယ်'
'ဟာ… အတော်ပဲကွာ… ကောင်းပြီကျင်စိန်… သူ့ကိုငါတို့တွေ့ချင်တယ်… သူ့ဆီ ငါတို့ကိုခေါ်သွားပေးပါ'
'ထီးလေး… ဆတီဗင်ဆိုတာ မင်းပြောတဲ့ နိုင်ငံခြားသားတစ်ယောက်လား'
'ဟုတ်တယ်… သူ့ကိုအမြန်ဆုံး ငါတို့တွေ့မှဖြစ်မယ်'
'ကျင်စိန်… အခုချက်ချင်း သူ့က်ုတွေ့လို့ဖြစ်တယ်မဟုတ်လား'
'သိပ်ဖြစ်တာပေါ့အစ်ကိုတို့ရာ… ဒါဆိုအချိန်မရှိဘူး အခုပဲသွားကြမယ်'

   ဆတီဗင်။ ထိုသူဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် အဓိကပါဝင်နေခဲ့သော မျက်မြင်သက်သေတစ်ဦးပင်ဖြစ်ပြီး၊ ကျွန်းလူမိုက်များ၏လက်ဝယ်အတွင်းမှ ဒဏ်ရာများစွာဖြင့် လွတ်မြောက်သွားခဲ့သူ ဒေးဗစ်နှင့်ဟန်ဇာတ်ု့၏ သူငယ်ချင်းပင်ဖြစ်လေသည်။ ယခုအခါ ကျင်စိန်၏ပြောဆ်ုချက်များအရ ဆတီဗင်ဟာ သူတစ်ယောက် အသက်ဘေးမှကယ်တင်ထားခဲ့ပြီး လွတ်မြောက်လုံခြုံရာ နေရာအတွင်း၌ ပုန်းခိုထားခိုင်းကြောင်း သိရှိလိုက်ရသည်။

     လူငယ်လေးဦးသည်လည်း ထီးကလေး၏ ပြောဆိုချက်များကြောင့် ဆတီဗင်ဟုခေါ်တွင်သော ထိုလူငယ်၏အမည်နှင့်ရင်းနှီးဘူးထားသည်။ ထို့ကြောင့် ဆတီဗင်နှင့်အမြန်ဆုံးတွေ့ဆုံရန် လိုအပ်ပြီး ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အမှန်တရားများအား ဖော်ထုတ်နိုင်ရန် ကျင်စိန်၏လမ်းပြခေါ်ဆောင်မှု့ အနောက်သို့ လိုက်ပါရန် ဟန်ပြင်လိုက်ချိန်တွင်၊ တတ်ကြွနေခဲ့သော ထီးကလေး၏ခြေလှမ်းများ ရုတ်တရက် အခန်းအတွင်း၌ ရပ်တန့်သွားခဲ့လေသည်။

   သူ၏နားအတွင်း၌လည်း ထိုသို့သော စကားသံများ တပြိုင်နက် ကြားသိလိုက်ရခြင်းကြောင့်ဖြစ်၏။ စကားသံများဟာ မိမိထံသို့ ရောက်ရှိမလာနိုင်ပဲ ပျောက်ကွယ်နေခဲ့သော ဝိဥာဉ်ဒေးဗစ်၏ စကားသံများပင်ဖြစ်လေတော့သည်။

''ထီး… သူငယ်ချင်း… ငါ့ကိုလာခေါ်ပါဦး… ငါမင်းကိုတွေ့နေရတယ် ငါမင်းဆီမလာနိုင်ဘူး ငါ့ကိုလာခေါ်ပေးပါ''
''ဟင်… ဒေးဗစ်''
''ဒေးဗစ်… မင်း… မင်းဘယ်မှာလဲ''

''ထီးလေး… ထီးလေး ဘာဖြစ်တာတုန်း'
'ဒေးဗစ်… ဒေးဗစ်အသံတွေ ငါကြားနေရတယ်''
'ဟင်!…'
'ဟုတ်တယ်''
''ဒေးဗစ်… ဒေးဗစ် မင်းဘယ်မှာလဲ'

'ထီး… ငါမြန်မာနိုင်ငံမှာပါ… ငါထိုင်းကိုကူးလာလို့မရဘူး… ထိုင်းနိုင်ငံကို ငါဝင်လို့မရအောင် အောက်လမ်းဆရာကြီးက နယ်စပ်စည်းချထားတယ်… ငါဝင်လို့ရအောင် ကူညီပေးပါ… ကူညီပေးပါဦး''

''ဒေးဗစ်… ဟုတ်ပြီ… ငါဘယ်လိုကူညီရမလဲပြော''

''အစ်ကိုထီးလေး… ကျုပ်တို့သွားရမယ့်နေရာက အရမ်းခေါင်တယ်… မိုးချုပ်သွားရင် သိပ်သွားလို့မကောင်းတော့ဘူး အခုချက်ချင်းသွားမှဖြစ်မယ်နော်'
'ဟာ!… အဲ့ဒါမှဒုက္ခပါပဲ… ဒီလိုလုပ်ကွာ တန်ခိုး… မင်းနဲ့လမ်းလေး မျှားလေး ငါးကလေးတို့ ကျင်စိန့်နောက်ကို လိုက်သွားကြ… ပြီးရင် ဆတီဗင်ကို ငါတို့ဆီ လူတွေမသိအောင် ခေါ်လာခဲ့ပေး'

''ဟင်… မင်းကရော''
'ငါလိုက်လို့မရတော့ဘူး… ဒေးဗစ်… ဒေးဗစ်ထိုင်းနိုင်ငံထဲကို ဝင်လို့ရအောင် ငါလုပ်ပေးရဦးမယ်… သွားကြတော့ ငါပြောတဲ့အတိုင်း သေချာလုပ်နော်'
'မဖြစ်ဘူး… ငါနဲ့ငါးကလေး မျှားကလေးတို့ ကျင်စိန့်နောက်ကိုလိုက်သွားမယ်… လမ်းလေး… မင်းထီးလေးနဲ့ နေခဲ့''
'အေး!… တန်ခိုး… အစစအရာရာ ဂရုစိုက်နော်'
'စိတ်ချ သူငယ်ချင်း''

     ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အဓိကပါဝင်ပတ်သတ်ခဲ့သော အမေရိကန်နိုင်ငံသား ဆတီဗင်အား သွားရောက်တွေ့ဆုံမည့်အချိန်ခါမျိုး၌ ပျောက်ဆုံးနေခဲ့သော ဝိဥာဉ်ဒေးဗစ်၏ စကားသံများအား ထီးကလေးတစ်ယောက် ရုတ်တရက် ကြားသိလိုက်ရလေသည်။

     ထို့ကြောင့် ကြာကျင်စိန်၏ လမ်းပြဦးတည်ရာအနောက်သို့ မလိုက်နိုင်တော့ပဲ၊ ကြာကျင်စိန်နှင့်အတူ မျှားကလေး၊ ငါးကလေးနှင့်အတူ တန်ခိုးတို့ကိုသာလျင် လိုက်ပါသွားရန် ပြောဆိုစေခဲ့ရသည်။

     မိမိနှင့်အတူ လမ်းကလေးတို့သာ တည်ခိုးဆောင်အတွင်း၌ ကျန်ရစ်နေခဲ့စေရင်း နယ်နှင်ဒဏ်သင့်နေခဲ့သော  ဝိဥာဉ်ဒေးဗစ်တစ်ယောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် လုပ်ဆောင်ပေးရဦးမည်ဖြစ်လေတော့သည်။

                              ****
*ကိုယ်ဖော့ဝိဇ္ဇာတရုတ်လူမျိုးရှောင်ဖိန်း၊ စိတ်ညို့ပညာရှင် ကိုရီးယားလူမျိုးရှိုင်း၊ ကိုယ်ပျောက်ဝိဇ္ဇာ မြန်မာမလေး ယဉ်ယဉ်ထွေး ကမ္ဘာကျော်လူစွမ်းကောင်းသုံးဦး ထောင်ချောက်အတွင်းသို့ ကျရောက်သွားခဲ့၏။ ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိမ်း(စ်)တစ်ဦးတည်းသာ ကျန်ရစ်စေတော့သည်။

*ထိုသူတွင် မည်သည့်အစွမ်းများစွာရှိနေသနည်း။ သူ၏သွေးသောက်ညီအစ်ကိုဖြစ်သူများအား ပြန်လည်ကယ်တင်နိုင်၍ လူငယ်ငါးဦးနှင့် ပေါင်းစည်းဖြစ်မည်လား။ သို့မဟုတ်…

*လျှာဖြတ်ခံထားရသော ကျွန်းလူမိုက်များ၏ အခိုင်းအစေ မြန်မာအမျိုးသမီးလေး သူဇာတစ်ယောက် မည်သည့်အန္တရယ်များဖြင့် ကြုံတွေ့လာဦးမည်နည်း။ သူမတစ်ယောက် မြန်မာနိုင်ငံရဲအရာရှိကြီး ရဲအုပ်မောင်ဝင်းနှင့် အချိန်မှီဆုံတွေ့သွားနိုင်မည်လား။

*ကြာကျင်စိန်ဟုခေါ်တွင်သော ထိုသူဟာလည်း လူကောင်တစ်ဦး စင်စစ်ပင်ဖြစ်မည်လား။ ကြာကျင်စိန်ထံတွင် ရှိနေခဲ့သော ဆတီဗင်ဟာလည်း လူကောင်းအတိုင်းပင်လား။

*နယ်နင်ခံထားရသော ဝိဥာဉ်ဒေးဗစ်အား လူငယ်နှစ်ဦးမှာ မည်သို့ပင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ပြုလုပ်ဦးမည်နည်း။

*ထိုင်းဘုရင်ကြီးထံသို့ အယူခံဝင်ရန် သွားရောက်မည့် မြန်မာအရာရှိကြီးများသည်လည်း ထိုင်းဘုရင်ကြီးနှင့်ဆုံတွေ့နိုင်မည်လား။

*ဆုံတွေ့လာခဲ့လျင်လည်း ထိုအယူခံအား ထိုင်းဘုရင်ကြီး လက်ခံပေးလိမ့်မည်လား။ သို့မဟုတ် မည်သို့ပင်ဆက်လက် ဖြစ်လာကြဦးမည်နည်း။

*သေဒဏ်ကျ မြန်မာတရားခံနှစ်ဦးအနက် ကိုမောင်ဝင်းထံသို့ ရန်နိုင်၏မိခင်ဖြစ်သူ ပြောဆိုမည့် အရေးတကြီး အကြောင်းကိစ္စဆိုသည်မှာ မည်သည့်အကြောင်းအရာများပင် ဖြစ်လေသနည်း။

 … … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၂.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   http://hteekalayblog.blogspot.com/




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages