လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၁)
ကုဝေရနတ်မင်းကြီးနှင့်ဝိဥာဉ်နှစ်ဦး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
မိမိကိုယ်ကို လောကပါလ နတ်မင်းကြီးများထဲမှ ပရလောကအား အစိုးရသော ကုဝေရနတ်မင်းကြီးဟု ပြောဆိုထားသည့် ခန့်ညားထည်ဝါလှသည့် လူကြီးကိုမူ တပြိုင်နက် တန်ခိုး၏နံဘေးတွင် ရှိနေခဲ့သည်အား ထီးကလေးတစ်ဦးတည်းသာ မြင်တွေ့လိုက်ရလေတော့သည်။
ထိုင်းနိုင်ငံတွင်ဖြစ်စေသည်။ လူသူအများအပြား ဝိုင်းအုံကြည်ရှု့နေကြသော နေရာတစ်ခုတွင်ဖြစ်ပြီး၊ ဝိုင်းအုံကြည့်ရှု့နေကြသည်က အလွန်ပင်ကြည့်ကောင်းလှစွာသော မှော်ဆန်ဆန်မျက်လှည့် ပြပွဲပင်ဖြစ်သည်။ လူအများ၏ လက်ခုပ်သြဘာသည်လည်း ဆူဆူညံလောက်အောင် ဖြစ်နေကြရင်း ပြသနေခဲ့သော မျက်လှည့်ပြကွက်ဟာလည်း အလွန်ပင် ထူးဆန်းမှု့များကြောင့် ဖြစ်ချေသည်။
ထူးဆန်းသည့်မျက်လှည့်ပြကွက်များ ပြသခဲ့ပြီးနောက် မျက်လှည့်ဆရာကြီးမှာ တစ်ဖက်သို့မျက်နှာမူလျက် မျက်စိနှစ်လုံးအားလည်း အဝတ်နီဖြင့်စည်းထားစေခဲ့သည်။ သူ၏လက်တွင်လည်း တစ်ပေခန့်ရှည်သာ သံတုတ်လေးတစ်ချောင်းအား လှည့်လည်နေခါ နံဘေးတွင်လည်း တပည့်တစ်ဦးရှိနေသေးသည်။
'အားလုံးပဲ မင်္ဂလာပါနော်… အပျော်တမ်းပြကွက်လေးတွေ ပြသပြီးတဲ့နောက်မှာတော့ အခုဆရာကြီးဟာ ဝိုင်းကြည့်နေကြတဲ့ လူတွေအထဲက ဘယ်သူဟာ ဘယ်မှာအလုပ်လုပ်တယ်… ဘယ်သူဟာ… ဘာအကျီအရောင်ဝတ်ထားတယ်… ဘယ်သူ့ရဲ့ ပိုက်ဆံအိပ်ထဲမှာ ငွေသားဘယ်လောက်ရှိနေလဲဆိုတာ မျက်စိမှိတ်ထားပြီး ပြောပြမှာဖြစ်ပါတယ်… ဆရာကြီးရဲ့ ပညာတွေကို လေးစားတန်ဖိုးထားတယ်ဆိုရင် ဘတ်ငွေအနည်းအများ လှူတန်းသွားနိုင်ကြပါတယ်ခင်ဗျာ''
သံပုလ္လင်ခွေအနေထား မြေပေါ်တွင်ထိုင်လျက်။ တစ်ဖက်သို့မျက်နှာမူထားသည်။ ထိုတင်မက မျက်စိများအားလည်း အဝတ်ဖြင့် စည်းထားစေပြီး နံဘေးနားရှိ သူ၏တပည့်ဖြစ်သူမှ ထိုင်းဘာသာစကားဖြင့် ထိုသို့ပြောဆိုလိုက်လေသည်။ ဝိုင်းအုံကြည့်ရှု့နေကြသော လူများသည်လည်း မျက်လှည့်ဆရာကြီး၏ ပညာအား လေးစားသောအားဖြင့် ငွေအနည်းအများ လှူတန်းစေခဲ့သည်။
ထို့နောက် မျက်လှည့်ဆရာကြီးမှာ မိမိ၏ပြပွဲအား ဝင်ရောက်ကြည့်ရှု့ခြင်းမရှိပဲ၊ သာမာန်သွားလာနေခဲ့သော လမ်းပေါ်ရှိတစ်ဦးတစ်ယောက်မှာ မည်သည့်အဝတ်စား ဝတ်စားထားခဲ့ပြီး၊ အဘယ်သို့သွားရောက်မည်ဟု ပြောဆိုလိုက်လေသည်။ ထို့နောက် ဝိုင်းကြည့်နေကြသော သူများအတွင်းမှ တစ်ဦးတစ်ယောက်၏ ပိုက်ဆံအိတ်ထဲတွင် အကြွေစေ့မှအစ ငွေသားပေါင်း မည်မျှပင် ပါရှိနေခဲ့ပါသည်ဟု မှန်ကန်စွာတိုက်ရိုက်ပြောဆိုနိုင်ခဲ့သည်။
အလွန်ပင်ထူးဆန်းသည်ကြောင့် ပိရိတ်သတ်များ၏ လက်ခုပ်သံများဟာလည်း ကျယ်သထက်ပင် ကျယ်လောင်လာခဲ့လေသည်။ သို့သော် သာမာန်လူသားများ၏ အမြင်အာရုံ၌ မမြင်တွေ့နိုင်သော အရာတစ်ခု မျက်လှည့်ဆရာကြီး၏ နံဘေးနားတွင် ရှိနေသေးသည်။ ထိုအရာမှာ ပရလောကမှ တစ္ဆေတစ်ကောင်ဖြစ်ပြီး ထိုတစ္ဆေမှ မျက်လှည့်ဆရာကြီးအား ပြောဆိုပေးနေခဲ့ခြင်းကြောင့် မျက်စိမှိတ်ထားသော်လည်း မျက်လှည့်ဆရာကြီးမှာ ထိုးဖောက်မြင်နိုင်သကဲ့သို့ ပြောဆိုနိုင်ခြင်းပင်ဖြစ်လေသည်။
တနည်းအားဖြင့် မျက်လှည့်ဆရာဟု အမည်ခံထားသော်လည်း တစ္ဆေမွေးခါ အောက်လမ်းပညာဖြင့် လူသားများအား လှည့်လည်လိမ်ညာနေရင်း ဝင်ငွေရှာနေခဲ့ခြင်းပင်ဖြစ်သည်။ တစ္ဆေမှာလည်း မျက်လှည့်ဆရာကြီးအား ဖိန့်ဖိန့်တုန်အောင် ကြောက်နေခဲ့ရသည့်ဟန် ပေါ်လွင်နေခါ မျက်လှည့်ဆရာကြီးကြိုးဆွဲရာ ကနေခဲ့ရလေသည်။
အတန်ကြာပြီးသည့်နောက် ပြပွဲပြီးဆုံးသွားခဲ့ရင်း ဝိုင်းအုံနေကြသော သူများသည်လည်း လူစုခွဲကုန်ကြလေသည်။ မျက်လှည့်ဆရာကြီးနှင့် သူ၏တပည့်သည်လည်း သိမ်းဆည်းစရာများအား သိမ်းနေချိန်၌ တပည့်တစ်ဦး အလောတကြီး အပြေးရောက်ရှိလာပြီး မျက်လှည့်ဆရာကြီးအား ထိုသို့ပင်ပြောဆိုလေတော့သည်။
''ဆရာကြီး … ဆရာကြီး''
''ဟ!… မောင်ကြိုင် ဘာဖြစ်လာတာတုန်း… ငါ့မိန်းမကိုတွေ့ခဲ့လား''
'တွေ့…တွေ့ခဲ့တယ်ဆရာကြီး'
''ဟေး… ဘယ်မှာတုန်း တစ်ခါတည်းခေါ်မလာဘူးလား… ငါတို့နေရာပြောင်းတော့မယ်လေ''
'ခေါ်… ခေါ်မလို့ပါပဲဆရာကြီး… ဒါ…ဒါပေမယ့်''
''ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောစမ်းမောင်ကြိုင်''
''ဟို… ဟို… ဟိုတစ်ယောက်နဲ့ ဆရာကြီးမိန်းမ ဆရာကတော် ချိန်းတွေ့နေကြတာ ကျုပ်တွေ့လို့ပါ''
''ဘာ!…ဘာပြောတယ်… ဒီကောင်တော့ကွာ တွေ့ကြသေးတာပေါ့ လိုက်ပြစမ်း… ဘဟ်မှာတုန်း''
တပည့်တစ်ဦး၏ ထိုသို့ပြောဆိုမှု့များကြောင့် မျက်လှည့်ဆရာကြီးမှာ သိမ်းဆည်းနေခဲ့သော ပစ္စည်းများအား ပစ်ထားစေခဲ့ရင်း ထိုသူလမ်းပြရာနောက်သို့ ဓားမြောင်လေးခါးကြားထိုးခါ လိုက်ပါသွားလေခဲ့သည်။ ထိုသူလမ်းပြခေါ်ဆောင်ရာအနောက်သို့ ရောက်ရှိလာခဲ့သည်နှင့် သူ၏ဇနီးသည်အမျိုးသမီးမှာ တစ်ခြားသော ယောကျာ်းတစ်ဦးနှင့် တရင်းတနှီးစကားများစွာ ပြောဆိုနေကြသည်အား မြင်တွေ့လိုက်ရလေသည်။
''ကျင်စိန်… မင်းကို ငါဘယ်နှခါပြောရမလဲ ငါ့မိန်းမနဲ့မပတ်သတ်ပါနဲ့လို့ ပြောထားရဲ့သားနဲ့… မင်းကွာ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး ကာမပိုင်လင်ယောကျာ်းရှိတာ မင်းမို့လို့ဖောက်ပြန်ရဲတယ်''
''ဒီမှာအဖိုးကြီး… ကျုပ်ကပတ်သတ်တာမဟုတ်ဘူး ခင်ဗျားမိန်းမကို ခင်ဗျားကြည့်ထိန်းထား ကျုပ်က ကျုပ်ဟာကျူပ်နေတာ''
''ဟုတ်ပါတယ်ယောကျာ်းရယ် ကိုကျင့်မှာအပြစ်မရှိပါဘူး ကျွန်မသွားပတ်သတ်မိတာပါ''
''နေ!… ချစ်လေး မင်းအမှားမဟုတ်ဘူး ကျင်စိန်… အဲ့ဒီကောင်အမှား… သူ့ကိုအပြစ်ပေးမှဖြစ်တော့မယ်''
ထိုသို့ပြောဆိုလေခဲ့ပြီး မျက်လှည့်ဆရာကြီးမှာ ထိုလူငယ်၏အနားသို့ အသာတိုးကပ်သွားခါ အသင့်ပါလာသော ဓားမြောင်ဖြင့် ဝမ်းဗိုက်အတွင်းသို့ ထိုးသွင်းလိုက်စေသည်။ ထိုလူငယ်သည်လည်း 'အား'ဟူသောအသံနှင့်အတူ မြေပြင်အပေါ်သို့ လဲကျသွားခဲ့သည်။ မိန်းမဖြစ်သူ၏ ဖောက်ပြန်နေခဲ့သော အကြောင်းများအား ချစ်လွန်း၍အပြစ်မမြင်နိုင် တစ်ပါးသူကိုသာ မပြစ်တင်စေရင်း ဓားဖြင့်ထိုးသတ်ခဲ့သည်။
လူသတ်ရန်အတွက် မရည်ရွယ်ထားခဲ့သည်ကြောင့် မျက်လှည့်ဆရာကြီးမှာလည်း ထိုလူငယ်လဲကျသွားသည်နှင့် လာရာလမ်းအတိုင်း ဇနီးဖြစ်သူအား လက်ဆွဲခါ လျင်မြန်စွာ ထွက်ပြေးတိမ်ရှောင်လေတော့သည်။ ထို့နောက် မိမ်တို့နေထိုင်ရာဆီသို့ ရောက်ရှိလာခဲ့သည်နှင့် သိမ်းဆည်းစရာများအား လျင်မြန်စွာသိမ်းဆည်းလေခါ တစ်ခြားသော လွတ်ရာဆီသို့ တိမ်းလျောင်ရန် ပြင်ဆင်လေတော့သည်။ ထိုသို့အလောတကြီး ပြုမူနေခဲ့သော ယောကျာ်းဖြစ်သူအား ကြည့်ရှု့လျက် ဇနီးဖြစ်သူမှာ ထိုသို့မေးမြန်းလေခဲ့သည်။
''ယောကျာ်းဘယ်ကိုသွားမလို့လဲ''
''ဘယ်သွားရမှာတုန်းမိန်းမရ… ငါလူသတ်ခဲ့ပြီးပြီးလေ… ထိုင်းထောင်ထဲကိုတော့ မရောက်ချင်ဘူး ငါတို့ပြေးမှဖြစ်မယ် ဟေ့ကောင်တွေ သိမ်းစရာရှိတာတွေသိမ်းပြီးပြီလား''
''ဟုတ်ကဲ့ဆရာကြီး သိမ်းပြီးပါပြီ''
''ကဲဒါဆိုသွားကြမဟ်''
'နေဦးယောကျာ်း ကျွန်မပြောတာ နားထောင်ပါဦး… ကိုကိုကျင်… အဲ့… ဟိုကျင်စိန် ကျင်စိန့်ကို ယောကျာ်းသတ်လဲ သူသေမှာမဟုတ်ဘူး ကျင်စိန်ကဒီလိုရှင့်'
မိမိအားဓားဖြင့်ထိုးသတ်လေခါ ကြောက်လန့်တကြား ထွက်ပြေးတိမ်းလျောင်သွားခဲ့သော မျက်လှည့်ဆရာကြီးနှင့်အဖွဲ့ မရှိတော့သည်နှင့် ဓားထိုးခံလိုက်ရသော ကျင်စိန်ဟုခေါ်တွင်သည့် ထိုသူမှာလည်း ဝမ်းဗိုက်ဆီမှ ဓားမြောင်အား လက်ဖြင့်ဆုပ်ကိုင်လျက် မြေပြင်အပေါ်မှ လူးလဲထလိုက်ပြီး…
'အောင်မာ… ကျင်စိန့်ကိုများ သတ်လို့ရမယ်ထင်နေလားမသိဘူး''
ခပ်ပြုံးပြုံးအမူယာဖြင့် ထိုသို့ရည်ရွတ်စေရင်း မိမိအား ထိုးသတ်စေခဲ့သည့် ဓားမြောင်လေးအား အဝေးသို့လွှင့်ပစ်စေခဲ့သည်။ ထို့နောက် တရက်ဆတ်ထွက်လာခဲ့သော် ဝမ်းဗိုက်အတွင်းမှ သွေးများအားလည်း လက်ဖြင့်ဖိနှပ်ခါ သွေးတိတ်ဂါထာမန်းလိုက်လေသလား၊ သွေးများစွာတိတ်သွားလျက် နှစ်လက်မခန့် ဒဏ်ရာဖြစ်သွားသော ဓားပေါက်ရာဟာလည်း အလိုလိုပင်ဆက်သွားစေခဲ့သည်။
''ဟင်… ဒါဆိုကျင်စိန်က…'
'ဟုတ်တယ် ကိုကျင်စိန်က ဓားပီးတုတ်ပီးတဲ့ သူတစ်ယောက် သူမသေနိုင်ဘူး… အဲ့ဒါကြောင့် ကျွန်မတို့လည်း ဒီနေရာကနေ ဘယ်မှထွက်သွားစရာမလိုဘူး''
'မိန်းမ ချစ်လေး… မင်းပြောတာသေချာရဲ့လား'
'အိုးရှင်သေချာပါတယ်ဆိုမှ''
'တော်သေးတာပေါ့ မိန်းမချစ်လေးရယ် နောက်တစ်ခါအဲ့ဒီကောင်နဲ့ သွားမပတ်သတ်ပါနဲ့တော့နော်'
'အင်းပါ'
''ဟေ့ကောင်တွေ ငါတို့ပြေးစရာမလိုတော့ဘူး… မောင်ကြိုင် ငါ့ကျေးဇူးရှင်တစ္ဆေမလေးကို အစာကျွေးထားပေးဦး… ညနေ သူ့ကိုအသုံးချရဦးမယ်'
သစ္စာမရှိသူ မိန်းမ၏ပြောစကားများကြောင့် မျက်လှည့်ဆရာကြီးမှာ ထွက်ပြေးတိမ်းလျောင်မှု့များ မပြုလုပ်စေတော့ပဲ စိတ်အေးစွာဖြင့် သက်ပြင်းချနိုင်လေခဲ့သည်။
ညအချိန်သို့ရောက်ရှိလာခဲ့၏။ ကြောင်ဂိုဏ်းအဖွဲ့ခေါင်းဆောင် တရုတ်လူမျိုး ရှောင်ဖိန်းသည်လည်း သူ၏ညီအစ်ကိုများအား ကတိပေးထားသည့်အတိုင်း မြန်မာနှစ်ဦးရှိနေကြသည့် သေမိန့်ကျ အကျင်းသားများထံသို့ တိတ်တဆိတ်သွားရောက်လေခဲ့သည်။ ရှောင်ဖိန်းဟာ ခန္ဓာကိုယ်အားဖြင့် ထွားကြိုင်းလှသော်လည်း ပေါ့ပါးသွက်လပ်လှပြီး ကြောင်တစ်ကောင်ကဲ့သို့ အလွန်ပင်မြင့်မားလှသော အုပ်နံရံများအားလည်း ကုတ်ဖဲ့တတ်ရောက်သွားနိုင်ခဲ့သည်။
အကျင်းသားများထားရှိရာ နေရာဆီသို့ မရောက်ရှိမှီ လမ်းခုလပ်၌ အစောင့်အကြပ်များစွာအား ကျော်ဖြတ်ခဲ့ရသေးသည်။ လွှားခနဲ ခုန်ပျံကျော်လွှားတိမ်းရှောင်မှု့များကြောင့် အစောင့်အကြပ်များကိုပင် ကောင်းမွန်စွာ ကျော်ဖြတ်သွားနိုင်ခဲ့လေပြီး အကျင်းထောင်အတွင်းသို့ ရောက်ရှိလာခဲ့လေတော့သည်။
''ဟိုနှစ်ယောက်ကို ဘယ်မှာထားပါလိမ့်''
နှုတ်မှရည်ရွတ်စေရင်း အကျင်းသားများအား လိုက်လံအကဲခတ်စေခဲ့သည်။ မြင်တွေ့နေရသည်က အကျင်းသားများစွာကိုပင်၊ ထိုင်းလူဆိုးများပါဝင်နေသလို ဆိုးသွမ်းသူများအားလည်း သေဒဏ်ကျ အကျဉ်းထောင်အခန်းတွင်၌ မြင်တွေ့နေရသေးသည်။
သို့သော် မြန်မာနှစ်ဦးအား မည်သည့်နေရာဆီ၌ ချုပ်နှောင်ထားစေသနည်း။ လိုက်လံရှာဖွေနေချိန်၌ပင် အစောင့်နှစ်ဦးမှာ လက်နတ်များကိုယ်ဆီကိုင်၍ ရှောင်ဖိန်းရှိနေရာဆီသို့ လှမ်းလာခဲ့လေသည်။ ရှောင်ဖ်န်းသည်လည်း အမှောင်အရိပ်အတွင်း၌ ပုန်းရှောင်လိုက်ရရင်း အစောင့်နှစ်ဦးအား အလစ်ဝင်ရောက်တတ်ခိုက်လိုက်စေသည်။ တစ်ဦးအား မေ့မျောသွားစေရန် ပြုလုပ်စေပြီး ကျန်တစ်ဦးအား ဓားမြောင်ဖြင့်ချိန်ဆခါ ထိုင်းဘာသာစကားဖြင့် ထိုသို့မေးမြန်းစေတော့သည်။
''မင်း…မင်းဘယ်သူလဲ'
'ပါးစပ်ပိတ်ထားစမ်း… ငါမေးတာကိုဖြေ… မဟုတ်ရင်ဒီမှာတွေ့လား'
'တွေ့…တွေ့ပါတယ်'
'မြန်မာနှစ်ယောက်ကို ဘယ်မှာချုပ်ထားကြလဲ ပြောစမ်း'
'ဟင်… ဒီ…ဒီထောင်ထဲမှာ မြန်မာနိုင်ငံသားတွေ အများကြီးရှိတယ်လေ ဘယ်သူ့ကိုမေးတာလဲ'
'ဟိုတလောက နိုင်ငံခြားသားတွေကို သတ်တဲ့အမှု့နဲ့ သေဒဏ်ကျထားတဲ့ နှစ်ယောက်ကိုမေးတာ… ဘယ်မှာလဲ'
'ဗျာ… ဒီ… ဒီအကျင်းထောင်မှာမရှိဘူး'
'ကဲ့ကွာ လိမ်ချင်ဦး… သေဒဏ်ကျတဲ့ တရားခံအားလုံးကို ဒီမှာပဲချုပ်ထားတာ ဒီမှာမရှိလို့ ဘယ်မှာရှိရမှာလဲ'
'အား… အား… ကျွန်…ကျွန်တော်မလိမ်ပါဘူး အဲ့ဒီ…အဲ့ဒီမြန်မာနှစ်ယောက်ကို ဒီမှာချုပ်မထားပါဘူး… ဝန်ကြီးအိမ်တော် အကျင်းထောင်မှာချုပ်ထားတာပါ'
'ဘာ!… ဘာဖြစ်လို့အဲ့ဒီမှာချုပ်ထားရတာလဲ'
'အဲ့…အဲ့ဒါတော့ ကျွန်တော်… ကျွန်တော်လဲမသိဘူး'
'မင်းပြောတာသေချာတဟ်နော်'
'သေ…သေချာပါတယ်'
'ကောင်းပြီ…'
အစောင့်တပ်သားတစ်ဦးထံမှ ထိုကဲ့သို့သိရှိလိုက်ရပြီး ရှောင်ဖိန်းမှာမူ ထိုသူ့အား မေ့မျောလောက်အောင် ရိုက်နှပ်လျက် ဝန်ကြီးအိမ်ယာအကျင်းထောင်ဆီသို့ လျင်မြန်စွာထွက်ခွာသွားရန် ဟန်ပြင်လိုက်စေသည်။
''ဟယ်လို…''
'ဝန်ကြီး… ဆရာ… ဆရာ့အကျင်းထောင်ထဲကို လူတစ်ယောက် လူတစ်ယောက်ရောက်လာလိမ့်မယ်ဆရာ'
'ဟေး… ရှန်(မ်)မင်းဘာတွေပြောနေတာလဲ'
'ဟုတ်တယ်ဆရာ… ကျုပ်တို့လုံခြုံရေး တင်းကျပ်လွန်းတဲ့ သေဒဏ်ကျအကျင်းထောင်ထဲကို လူတစ်ယောက် ဝင်လာနိုင်တယ်… ပြီးတော့ ဆရာအရေးတကြီးချုပ်ထားတဲ့ မြန်မာတရားခံနှစ်ယောက်ကို အတင်းမေးသွားတယ်ဆရာ… ခမ်း(မ်)က ကြောက်ကြောက်လန့်လန့်နဲ့ သူတို့ရှိတဲ့နေရာကို ပြောပြလိုက်တယ်ဆရာ'
'ဟင်… အကျဉ်းထောင်ထဲကို ဒီကောင်ဘယ်လိုဝင်နိုင်ပါလိမ့်… ဘယ်သူများလဲ… သြော်!… အေးအေး… မင်းဘာမှမဖြစ်ဘူးမဟုတ်လား… အဲ့ဒီမှာ လုံခြုံရေးနှစ်ဆထပ်ချထားလိုက် အခုလာမယ့်ကောင်ကို ငါတို့စောင့်ဖမ်းမယ်'
'ဟုတ်ကဲ့ဆရာ'
ရှောင်ဖိန်းတစ်ယောက် စိတ်လောစွာနှင့် သတိမမူမိခဲ့ချေ။ အစောင့်နှစ်ဦး လှမ်းလာခဲ့ရာမှ နှစ်ဦးစလုံးအား အလစ်တိုက်ခတ်ခဲ့သည်။ ထို့နောက် တစ်ဦးအား မေ့လျော့သွားလောက်အောင် ရိုက်နှပ်ခဲ့သော်လည်း ထိုသူမှာ ထင်သလောက်မဖြစ် မမေ့လျော့လေပဲ မေ့လျော့ယောင်ဆောင်ခါ ရှောင်ဖိန်းထွက်ခွာသွားခဲ့သည်နှင့် ဝန်ကြီးထံသို့အကြောင်းကြားစေခဲ့သည်။
ထိုသူ၏အကြောင်းကြားချက်ဖြင့် ဝန်ကြီးသည်လည်း နေအိမ်သို့အလည်ရောက်ရှိလာသည့် ပုဏ္ဍကပစ္စအောက်လမ်းဆရာကြီးအား ထိုသို့ပြောဆိုလေခဲ့သည်။
'ကဲဆရာကြီး… ဆရာကြီးကြားတဲ့အတိုင်း မြန်မာနှစ်ကောင်ကို ကယ်ချင်တဲ့သူရှိနေပြီ သေဒဏ်ကျအကျင်းထောင်ဆိုတာ ဘယ်လိုသူမျိုးမှ မဝင်နိုင်တဲ့နေရာမျိုး ဒါကိုးတောင် ဒီကောင်ဝင်နိုင်တယ်ဆိုတော့ သာမာန်သူမဟုတ်နိုင်ဘူးဆရာကြီး ဒီကောင့်ကိုဖမ်းဖို့လည်း မလွယ်နိုင်ဘူး ကျုပ်တို့ဘယ်လိုဖမ်းကြမလဲ'
'ဟုတ်တယ်… ဝန်ကြီးပြောတာမှန်တယ် ဒီကောင့်မှာအစွမ်းတစ်ခုခုတော့ရှိနေလိမ့်မယ်''
'လုပ်ပါဦးဆရာကြီး မြန်မာနှစ်ကောင်လွတ်သွားရင် ကျုပ်ကို ကျွန်းသူဌေးကြီးသတ်လိမ့်မယ်ဗျ… လုပ်ပါဦးဗျာ ဘယ်လိုလုပ်ရမလဲ'
'စိတ်မပူပါနဲ့ဗျာ ချုပ်ထားတဲ့ မြန်မာနှစ်ကောင်ကို ဒီကောင်လွယ်လွယ်တွေ့နိင်မယ့် နေရာမှာထား… ဒါမှ ကျူပ်တို့ထောင်ချောက်ထဲရောက်လာမှာ''
'ဟင်… သြော်… သိပြီဆရာကြီး ကျူပ်သပေါက်ပြီ''
ထိုအမှု့ကြီးအား ကြီးကြပ်ကိုင်တွယ်သူမှာ ဝန်ကြီးချုပ်ကြီးပင်ဖြစ်လေသည်။ ထို့ကြောင့် အမှု့နှင့်ပတ်သတ်သော အရာအားလုံးအားလည်း ဝန်ကြီးချူပ်မှ လိုသလိုချုပ်ကိုင်စေခဲ့သည်။ အကျင်းထောင်တွင် သေဒဏ်ကျမြန်မာနှစ်ဦးအား ချုပ်နှောင်ထားလျင် သူတစ်ယောက် စိတ်မချနိုင်သောကြောင့် သူ၏နေအိမ် မြေအောက်အကျင်းထောင်အတွင်း၌် ချုပ်နှောင်ထားစေခဲ့ရင်း နေ့ဘက်ရောက်မှသာ ဥပဒေအရ သတ်ဆိုင်ရာအကျင်းထောင်ဆီသို့ ပြန်လည်ပို့ဆောင်ထားလေ့ရှိသည်။
ယခုတွင်လည်း အကျင်းထောင်စောင့် တပ်သားတစ်ဦး၏ သတင်းပေးမှု့ဖြင့် ဝန်ကြီးချုပ်မှာ လုံခြုံစွာချုပ်နှောင်ထားခဲ့သော တရားခံနှစ်ဦးအား သာမာန်အချုပ်ခန်းအတွင်းသို့ အောက်လမ်းဆရာကြီးပြောဆိုသည့်အတိုင်း ရှောင်ဖိန်းတစ်ယောက် ရောက်ရှိလာလျင် လွယ်ကူစွာမြင်နိုင်ရန် ပြုလုပ်ထားလေခဲ့သည်။ အောက်လမ်းဆရာကြီးမှာလည်း သာမာန်မဟုတ်သော ရှောင်ဖိန်းအား ဖမ်းစည်းနိုင်ရန် ထောင်ချောက်များစွာ ပြင်ဆင်ထားစေတော့သည်။
နေအိမ်တစ်ခုလုံးအားလည်း အိပ်မောကျကြသော ဟန်ပန်များဖန်တီးထားလေခါ ရောက်ရှိလာမည့် လူစွမ်းကောင်းအား ထောင်ချောက်ဆင်ထားစေခဲ့သည်။ မကြာမီအချိန်တွင်း၌ပင် သွက်လပ်ပေါ့ပါးလှစွာဖြင့် ရှောင်ဖိန်းတစ်ယောက် ဝန်ကြီး၏နေအိမ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ပေါ့လွန်းသည့်က ကြောင်တစ်ကောင်။ ရဲရင့်လွန်းသည်က ကျားကြီးအသွင်နှင့် လုံခြုံလှသော ဝန်ကြီး၏နေအိမ်ခြံအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
'ဟင်… ဟုတ်ပါတယ် ဒါဝန်ကြီးချုပ်ရဲ့အိမ်ပါပဲ ဘာဖြစ်လို့အခြေနေတွေ ပြောင်းလဲနေရတာလဲ အစောင့်တွေလည်း တစ်ယောက်မှ မတွေ့ပါလား'
ပတ်ဝန်းကျင်အား အကဲခတ်စေရင်း စိတ်အတွင်း၌ မသင်္ကာစဖွယ်ဖြစ်နေမိသည်။ သို့သော်လည်း သူ၏ခြေလှမ်းများဟာ အနောက်သို့ဆုတ်မည့်ဟန်မပေါ် အရှေ့သို့သာ လှမ်းနေစေတော့သည်။ ထို့နောက် လွယ်ကူစွာနှင့်ပင် ဝန်ကြီး၏နေအိမ်အတွင်းသို့ နိုင်ငံတကာအသိမှတ်ပြု ကြောင်ဂိုဏ်းသူခိုးအဖွဲ့ ခေါင်းဆောင်ဟု ပြောစရာမလိုလောက်အောင်ပင် ဝင်ရောက်နိုင်စေခဲ့သည်။
နေအိမ်ကြီးဟာ အလွန်ပင်ကြီးမားလှပြီး အခန်းများဟာလည်း များပြားလိမ့်မည်ဖြစ်သည်။ သို့သော် စုံစမ်းထားမိသမျှ ဝန်ကြီး၏အကျင်းထောင်ဟာ သုံးခန်းမြောက်အခန်းဟု သိရှိထားစေပြီး ထိုအခန်းဆီသို့ ဦးတည်လေခဲ့သည်။ အုပ်နံရံကြီးများဖြင့် တည်ဆောက်ထားစေပြီး ဝင်ပေါက်တံခါးကိုမူ အပေါက်မရှိ အလုံပင်ပြုလုပ်ထားခါ အပေါ်ပိုင်း၌ သံတိုင်သုံးချောင်းမျှဖွင့်လစ်ထားစေသော အခန်းများရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ကြောင်ဂိုဏ်းအဖွဲ့သားများဟာ ဥပဒေနှင့်ပတ်သတ်သည့်နေအိမ်များ၊ သမ္မတအိမ်တော်များတွင်လည်း အခန်းမည်မျှရှိခါ ထွက်ပေါက်မည်မျှရှိသနည်းဟု ကောင်းစွာသိရှိနေစေခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံတကာမှ အံ့သြစေခါ အသိမှတ်ပြုခြင်းခံရသည်လည်း ဖြစ်စေတော့သည်။ သေချာလေသည်။ ဝန်ကြီး၏အကျင်းထောင်နေအိမ်ဆိုသည်မှာ ဤနေရာသာဖြစ်လိမ့်မည်။ ပို၍ပင်သေချာစေရန် ဆယ့်နှစ်ပေမျှမြင့်သော သံတိုင်အပေါက်နားသို့ နံရံများအားကုတ်ဖဲ့တတ်ခါ အတွင်းသို့ အကဲခတ်ကြည့်လိုက်လေသည်။
ထိုအခါ မြင်တွေ့လိုက်ရ၏။ အကျင်းထောင်အမှောင်ထုအတွင်း၌ မသဲမကွဲ အရိပ်ယောင်များ။ သည်းကွဲစွာမြင်တွေ့စေနိုင်ရန် သူ၏ကြောင်မျက်လုံးဟု တင်စားထားသည့် မွေးရာပါ အမှောင်ခွင်း၍အလင်းမြင်နိုင်သော အာရုံ။ သေချာလေသည်။ အချုပ်တွင်း၌ ခြေကျင်းများခတ်ထားခံရသော လူငယ်နှစ်ဦး၊ ထိုလူငယ်နှစ်ဦးမှာလည်း သံတ်ုင်ဆီမှ ချောင်းကြည့်နေသော မိမိအား မဝင်ရောက်လာရန် ခေါင်းတရမ်းရမ်းခါပြနေခဲ့သည်။
အချုပ်တွင်း၌ မြန်မာလူငယ်နှစ်ဦးဖြစ်ပြီး ထိုလူငယ်နှစ်ဦးမှာ မိမိတို့အား နေရာပြောင်းစေခါ တစ်ဦးတစ်ယောက်အား ထောက်ချောင်ဆင်ဖမ်းတော့မည်ဟု ကောင်းစွာသိရှိနေခြင်းကြောင့် ထိုသူ့အား မဝင်ရောက်လာရန် ဟန်ပြနေခဲ့ခြင်းဖြစ်သည်။ သို့သော် ရှောင်ဖိန်းမှာမူသဘောမပေါက် သံတိုင်များကြားမှ သူ၏လက်လေးအား အသာကာပြလိုက်သည်။ ဆိုလိုသည်က ငြိမ်ငြိမ်လေးသာနေစေပြီး သူတစ်ယောက် မိမိတို့အား လာရောက်ကယ်တင်ခြင်းဟု ဟန်အမူယာပြခြင်းပင်ဖြစ်လေတော့သည်။ သို့သော်လည်း လူငယ်နှစ်ဦးမှာ နှုတ်မှပြောဆို၍မရသည်ကြောင့် ဦးခေါင်းကိုသာလျင် တဆတ်ဆတ်ခါရမ်းပြနေခဲ့သည်။
အလွန်ပင်ကြီးမားလှစွာသော သော့ကြီးဖြင့် ခတ်ထားခဲ့သည့် အုတ်တံခါးကြီး၏အရှေ့တွင် ရှောင်ဖိန်းတစ်ယောက် ရပ်တည့်နေခဲ့ရင်း နှုတ်မှလည်း အသံမထွက်သော ဂါထာတစ်ချို့ရွတ်ဆိုလိုက်လေသည်။ ထိုအခါ အုတ်တံခါးကြီးမှာ ပွင့်ဟသွားခါ ရှောင်ဖ်န်းသည်လည်း အခန်းတွင်းသို့ လျင်မြန်စွာဝင်ရောက်လိုက်ချေသည်။ သူတစ်ယောက်ဝင်ရောက်လိုက်သည်နှင့် အခန်းတွင်း၌မဲမှောင်နေရာမှ မီးများစွာ ထွန်းလင်းလာလေပြီး။
ထိုတင်မက အခန်းတွင်း၌လည်း အမှောင်ရိပ်ခိုခါ သေနတ်ကိုယ်ဆီကိုင်ဆောင်ထားကြသော လုံခြုံရေးတပ်သားများအား မြင်တွေ့လိုက်ရစေသည်။
'ဟင်!…''
''ဟားဟားဟားဟားဟား'
ထို့နောက် အခန်းအဝ၌လည်း လက်နတ်ကိုယ်ဆီများနှင့်တပ်သားများ အပါအဝင် ဝန်ကြီးချုပ်နှင့်အတူ အသက်ကြီးကြီးလူကြီးတစ်ဦး၏ ရယ်သံများသည်လည်း တပြိုင်နက် ထွက်ပေါ်လာခဲ့လေတော့သည်။
'သိပ်တော်လှချည်လား… လုံခြုံရေးတင်းကြပ်လွန်းတဲ့ အကျင်းထောင်ထဲကိုတောင် ဝင်လာနိုင်တယ်ဆိုတော့ မင်းကသာမာန်သူမဖြစ်နိုင်ဘူး… ပြီးတော့ အခုလည်း ငါ့အိမ်ထဲကိုဝင်လာနိုင်တယ်… မင်းဘယ်သူလဲ'
'ဟားဟားဟားဟား… ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး အခုဘာလဲ ခင်ဗျားတို့က ကျူပ်ကိုဖမ်းနိုင်မယ်လို့ ထင်နေကြတာလား'
'သိပ်ဖမ်းနိုင်တာပေါ့မောင်ရင်ရာ မောင်ရင့်ကို အခုပဲ ကျုပ်တို့ဖမ်းထားလိုက်ပြီ'
'ဘာ!…'
အခန်းတွင်း၌ သေနတ်ကိုယ်ဆီများချိန်ဆထားခါ မြန်မာလူငယ်နှစ်ဦးအားလည်း မြေအောက်အကျင်းထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ရှောင်ဖ်န်းကိုမူ အသာတကြည်အဖမ်းခံရန် ပြောဆိုလေခဲ့သည်။ သို့သော်လည်း ရှောင်ဖိန်းမှာ အလွယ်တကူနှင့်အဖမ်းခံမည်မဟုတ် သူ၏ကိုယ်စွမ်းကိုယ်စများဖြင့် တိမ်းရှောင်မည်ဖြစ်သည်။ ထို့ကြောင့် မျက်စိမှိတ်ခါ ဂါထာရွတ်ဆိုလိုက်သော်လည်း မည်သည့်ထူးခြားမှု့တစ်စုံတစ်ခုမျှ ဖြစ်ပေါ်မလာခဲ့ချေ။
''ဟင်… ဘယ်လိုဖြစ်တာလဲ ငါဘာဖြစ်လို့ လေးလံသွားရတာလဲ'
'ဟားဟားဟား… မောင်ရင် မင်းဘယ်လိုပဲ အစွမ်းစတွေရှိနေပါစေ ဒီအခန်းထဲကိုဝင်လိုက်ကတည်းက မင်းမှာ ဘာအစွမ်းစမှမရှိတော့ဘူး… မင်းဝင်လိုက်တဲ့ အခန်းဝကိုကြည့်လိုက်ပါဦး'
'ဟင်… ထမီ… ထမီတွေ'
'သိပ်ဟုတ်တာပေါ့ ဒါရိုးရိုးထမီတွေမဟုတ်ဘူး မီးနေသည်ရဲ့သွေးစွန်း ထမီတွေပဲ'
'ဘာ… ခင်ဗျားတို့ယုတ်မာလှချည်လား ကျုပ်ကိုအခုလို ထောင်ချောက်ဆင်ဖမ်းတယ်ပေါ့ ခင်ဗျား… ခင်ဗျားဘယ်သူလဲ'
'ဟားဟားဟားဟား… ငါ့နာမည်က ပစ္စ… မင်းကြားဘူးမှာပါ ပုဏ္ဍကပစ္စဆိုတာ ငါပဲ'
'ဟာ!… ပုဏ္ဍကအစ္စ ခင်ဗျား…ခင်ဗျား'
'ပစ်!… ''
သူ၏အစွမ်းများပျောက်ကွယ်သွားရ၏။ အောက်လမ်းဆရာကြီးမှာ ရှောင်ဖိန်းတစ်ယောက် ဝင်ရောက်လာမည့် အခန်းအဝတွင် မီးနေသည်ထမီးများ ဟန့်တားထားစေရင်း ဘုန်းကံနိမ့်သွားစေရန် ပြုလုပ်ထားစေခဲ့သည်။ အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရှောင်ဖိန်းမှာမူ မီးနေသည်ထမီများ၏အောက်သို့ ရောက်ရှိသွားခဲ့ရင် သူ၏မွေးရာပါအစွမ်းများ ပျောက်ကွယ်သွားခါ သာမာန်လူသားတစ်ဦးအဖြစ် ရောက်ရှိသွားစေတော့သည်။
ကိုယ်ဖော့သွားစေနိုင်သည်။ ထိုတင်မက မျက်နှာကြပ်ခေါင်မိုးများအားလည်း ထိုးဖောက်နိုင်ပြီး သူတစ်ယောက် ရှောင်ပြေးနိုင်စေခဲ့သည်။ ထိုသို့သော အစွမ်းများဟာ ရှောင်ဖ်န်း၏မွေးရာပါ အစွမ်းများ။ ယခုပျောက်ကွယ်သွားခဲ့ရသည်ကြောင့် ရှောင်ဖိန်းမှာ မေ့ဆေးသေနတ်ဖြင့် အပစ်ခံလိုက်ရခါ ဝန်ကြီးချုပ်၏ နေအိမ်အတွင်းသို့ ခိုးဝင်မှု့၊ အကျင်းသားများအား ကယ်တင်ပေးမှု့၊ နိုင်ငံတော်၏ အကြီးကဲအကျင်းထောင်အား ဖောက်ထွင်းမှု့စသည့်အမှု့ကြီးများဖြင့် ဝန်ကြီးချုပ်မှာမူ အပိုင်အနိုင် ဖမ်းစည်းလိုက်နိုင်ခဲ့တော့သည်။
****
'တန်ခိုး…''
'' တန်ခိုး… မင်း'
'ကိုမောင်ဝင်း… သူငယ်ချင်းတို့ ငါ့ခြေထောက်တွေ ငါ့ခြေထောက်တွေ အလိုလိုပြန်ကောင်းသွားပြီးကွ ငါ…ငါလေ မင်းတို့နဲ့လိုက်လို့ရပြီသိလား'
'ဝမ်းသာလိုက်တာတန်ခိုးရာ… ငါတို့ဝမ်းသာလိုက်တာ ဘယ်လိုဖြစ်ပြီး ပြန်ကောင်းလာရတာတုန်း'
'အဲ့ဒါနောက်မှမေး… အခုလောလောဆယ် မင်းတို့နဲ့လိုက်လို့ရဖို့အရေးကြီးတယ်'
'တန်ခိုး…'
'ရဲမင်းကြီး'
'မောင်တန်ခိုး မောင်ရင့်ခြေထောက်တွေ မောင်ရင့်ခြေထောက်တွေပြန်ကောင်းသွားပြီလား'
'ဟုတ်ပါတယ်ရဲမင်းကြီး ကျုပ်ခြေထောက်တွေ အလိုလိုပြန်ကောင်းလာတယ်… အရမ်းဝမ်းသာတယ်ဗျာ ကျုပ်အရမ်းဝမ်းသာတယ် ရဲမင်းကြီး ကျူပ်လဲထိုင်းနိုင်ငံကို ကျုပ်သူငယ်ချင်းတွေနဲ့လိုက်ချင်တယ် ဖြစ်တယ်မဟုတ်လား'
'သိပ်ဖြစ်တာပေါ့ဗျာ ကိုတန်ခိုးရာ ခင်ဗျားမလိုက်နိုင်တော့လို့ ခင်ဗျားမိတ်ဆွေတွေ ဝမ်းနည်းနေကြတာ ကျုပ်ဖြင့်စိတ်မကောင်းတောင်ဖြစ်မိတယ်… ရတယ် ရတယ် ခဏလေး ကျုပ်တစ်ချက်သွားမေးကြည့်ဦးမယ်'
'ရဲမင်းကြီး'
'စိတ်ချပါမောင်ရင် မောင်ရင့်သူငယ်ချင်းတွေနောက်ကို လိုက်လို့ရမှာပါ'
လေယဉ်ပျံကြီးထွက်ခွာရန် မိနစ်(၂၀)သာလိုတော့သည်။ ထိုအချိန်တွင် အောက်ပိုင်းသေနေခဲ့သော တန်ခိုးတစ်ယောက် သူမိတ်တွေဖြစ်သူများရှိနေခဲ့ကြသော လေဆိပ်ဆီသ်ို့ မေးမြန်းထားခြင်းမရှိပဲ အလိုလိုသာလျင် သိရှိနေသလိုခံစားရခါ ရောက်ရှိလာခဲ့ရသည်။
ထီးကလေး၊ လမ်းကလေးနှင့် မျှားကလေး၊ ငါးကလေးနှင့် ကိုမောင်ဝင်းအပါအဝင် ရဲမင်းကြီးတို့မှာလည်း တန်ခိုးအား ရုတ်တရက် ထိုပုံစံနှင့်မြင်တွေ့လိုက်ရသည်ကြောင့် အံ့သြတကြီး ဝမ်းသာမဆုံးဖြစ်သွားခဲ့ရသည်။
သူ၏ပုံစံမှာလည်း အလွန်ပင်ဝမ်းသာနေခဲ့ရင်း သေအတူ ရှင်မကွာ သူငယ်ချင်းဖြစ်သူများနှင့် ထိုင်းနိုင်ငံသို့လိုက်ပါနိုင်ရန် အလောတကြီးသာ ရဲမင်းကြီးထံသို့ပြောဆိုလေခဲ့သည်။
ထိုနေ့မှသာလျင် လေယာဉ်စီးသူများ များပြားနေခဲ့လေသလား။ လေယဉ်လက်မှတ် ကုန်ဆုံးနေခဲ့ရပြီး ရဲမင်းကြီးမှာမူ တန်ခိုးတစ်ယောက် လိုက်ပါနိုင်ရေးအတွက် လေယဉ်လက်မှတ်အရောင်းဌာနဆီသို့ ဦးတည်ထွက်ခွာသွားခဲ့လေသည်။
ထီးကလေးမှာမူ မိတ်ဆွေဖြစ်သူများ၏ အမြင်အာရုံ၌ မမြင်တွေ့နိုင်စေသော တန်ခိုးနှင့်အတူ လိုက်ပါလာသည့် ခန့်ညားထည်ဝါလှသော ထိုသူကြီးအနားသို့ အပြေးသွားရောက်လေခဲ့သည်။ ထိုသူကြီးမှာလည်း ထီးကလေးတစ်ယောက် အံ့သြတကြီး မိမိထံသို့ လှမ်းလာနေခဲ့သည်ကိုပင် ပြုံးပြုံးကြီးစိုက်ကြည့်နေခဲ့လေ၏။
'ဦးကြီး… ဦးကြီး'
'ဘာတုန်းကလေးရ'
'ဦးကြီး… ဦးကြီးကျုပ်သူငယ်ချင်းကို အကူညီးပေးခဲ့တာလား'
'ဒါပေါ့… မတရားအမှု့ကြီးကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကလေးတို့ငါးယောက်ပေါင်းမှ အဆင်ပြေလိမ့်မယ်လို့ ဦးကြီးထင်တယ် ဒါကြောင့် ဘူလေးတို့သူငယ်ချင်းတွေ အားလုံးလူကောင်း ပကတိအတိုင်းဖြစ်အောင် ဦးကြီးကူညီပေးခဲ့တာပဲလေ'
'ကျေးဇူးတင်ပါတယ်ဦးကြီးရာ… ကျုပ်လည်းဦးကြီးကိုမျှော်နေတာ… ကျုပ်တ်ို့သူငယ်ချင်းလေးယောက် ပြန်ကောင်းလာပြီးတော့ တန်ခိုးတစ်ယောက် ဘာကြောင့်ကောင်းမလာရတာလဲ… ပြီးတော့ ဦးကြီးကိုကျုပ်ပြောစရာတွေလည်း ရှိတယ်… ဦးကြီးလည်း ကျူပ်တို့နဲ့ တစ်ခါတည်းလိုက်ပြီး ဒီမတရားမှု့ကြီးကိုအဆုံးထိ ဖြေရှင်းပေးပါလား'
'ဟိုး!… မင်းနားလည်အောင်ပြောရရင် ငါက အေးအေးဆေးဆေးနေတဲ့ နတ်ပါကွ… လောကီရေးရာတွေကို ဝင်ရောက်စွတ်ဖတ်ခွင့်မရှိဘူး ဒီတော့ လောကီရေးရာတွေကို လောကီလူသားတွေကပဲ ဖြေရှင်းလိုက်ကြတာ ကောင်းပါလိမ့်မယ်'
'ဗျာ… ဟုတ်…ဟုတ်ကဲ့ဦးကြီး ကျုပ်သဘောပေါက်ပါပြီ… သြော်ဦးကြီး ကျူပ်တို့လေယဉ်ထွက်တော့မယ်… ဦးကြီးကို ကျုပ်တစ်ခုပြောစရာရှိသေးတယ်'
'ပြောလေ… ဘာများတုန်း'
'ရဲမင်းကြီး… ကျုပ်…ကျုပ်သူငယ်ချင်း လိုက်ဖို့လက်မှတ်ရသေးလားဟင်'
'ဟူး… ဒီနေ့မှ လေယဉ်စီးတဲ့သူတွေ အရမ်းများနေလားမသိဘူးဗျာ လက်မှတ်မရတော့ဘူးတဲ့ အရောင်းဌာနကတော့ ပြောပါတယ် အဖိုးကြီးတစ်ယောက်နေရာမှာ ပေးမယ်လို့ ဒါပေမယ့်မဖြစ်သေးပါဘူးဗျာ လူတွေအားလုံးက တစ်ယောက်တစ်မျိုးစီ အရေးကြီးနေကြတာပဲမဟုတ်လား ရဲမင်းကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူများလက်မှတ်နေရာကို မလိုချင်တော့ပါဘူး'
'ဗျာ… ဒါ…ဒါဆို'
'စိတ်မပူပါနဲ့… ကျုပ်မလိုက်တော့ဘူး ဟုတ်ပြီလား မောင်တန်ခိုးအရင်လိုက်သွားပါ… နောက်မှ ကျုပ်လိုက်လာခဲ့မယ်'
'ရဲမင်းကြီး… အဲ့လိုလုပ်လို့လည်းမဖြစ်သေးဘူး ထိုင်းကိုရောက်ရင် ရဲမင်းကြီးပါသွားမှ တစ်ခြားကိစ္စတွေ အဆင်ပြေလိမ့်မယ်ထင်တယ် ဒါဆိုလည်း ကျုပ်နောက်မှပဲ လိုက်သွားလိုက်ပါတော့မဟ်'
'မဟုတ်တာပဲမောင်တန်ခိုးရာ ထိုင်းမှာမြန်မာသံအမတ်ကြီးရှိနေပါတယ် သူ့ကိုကျူပ်အားလုံး စီစဉ်ခိုင်းပြီးသား ကျုပ်မပါလာလည်း ဖြစ်သေးတယ် အဲ့ဒါကြောင့် မောင်တန်ခိုးကို အရင်လိုက်သွားခိုင်းတာ'
'ရဲမင်းကြီး'
'ပြောလေကိုမောင်ဝင်း'
'ဟုတ်ကဲ့… ရဲမင်းကြီး… ရဲမင်းကြီးနဲ့သံအမတ်ကြီးကို ကတိပေးထားခဲ့သလို ကျွန်တော်တ်ု့ကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး မပျက်ပျယ်စေရပါဘူးလို့ ထပ်ပြီးကတိပေးပါတယ်'
'ဟင်… သြော်… ဟားဟားဟားဟား… ကိုမောင်ဝင်းက အခုတော့ ယုံကြည်မှု့အပြည့်ရှိတဲ့ လေသံနဲ့ ထပ်ပြောနိုင်ပြီပေါ့ဗျ… ဘာဖြစ်လို့လဲဆိုရင် မောင်တန်ခိုးက ခင်ဗျားတို့နဲ့ လိုက်လာနိုင်ပြီလေ'
'ဟော… လေယဉ်ထွက်တော့မယ် ထီးကလေးရော'
'ဟင်… ဟုတ်ပါရဲ့ ထီးကလေးဘယ်ရောက်သွားတာလဲ'
'ဟင်…ဟိုမှာ ဟိုမှာ ကလေးလေးတစ်ယောက် စကားပြောနေပါလား'
'ထီးလေးရေ ထီးလေး'
'ပြောလေ ကလေး… ဘာပြောမလို့တုန်း'
'ဟို… ဟို … နိုင်ငံခြားသား ဝိဥာဉ်စုံတွဲနှစ်ယောက်တည်းက ဟန်ဇာ့ကို သူတို့ထက်ကြီးတဲ့ အကောင်ကြီးကြီး တစ်ကောင်က ဖမ်းခေါ်သွားတယ်လို့ သူ့ချစ်သူဒေးဗစ်က ကျုပ်ကိုပြောသွားတယ်ဦးကြီး ပြီးတော့လည်း သူ့ချစ်သူကို မရရအောင်ကယ်မယ်ဆိုပြီး ထွက်သွားတာ အခုချိန်ထိ ဒေးဗစ်ရော ဟန်ဇာရော ကျုပ်ဆီပြန်မရောက်လာကြသေးဘူး'
'အဲ့ဒီတော့…'
'သြော်!… အဲ့ဒီတော့ သူတို့ဘယ်ရောက်နေလဲဆိုတာ ဦးကြီးများ သိနိုင်မလားလို့'
'အင်း… ခဏလေး… သြော်သူတို့တွေ''
'ထီးလေး… ဘာလုပ်နေတာလဲ လာခဲ့တော့ လေယဉ်ထွက်တော့မယ်'
'ခဏလေး… ဦးကြီး ဦးကြီး'
'ဟင်… မင်းဘယ်သူ့ကိုခေါ်နေတာလဲ'
'ဟာ!… ဘယ်…ဘယ်ရောက်သွားပါလိမ့်'
'ဘယ်သူ့ကိုမေးနေတာလဲ'
'ဟို… ကုဝေရနတ်မင်းကြီး'
'ဟင်… ကုဝေရနတ်မင်းကြီး မင်းနေမှကောင်းရဲ့ထီးလေး… ဘာတွေပြောနေတာလဲ အခုနတည်းက မင်းစကားပြောနေတာ ဒီကလေးလေးနဲ့ပါ… ဘယ်ကနတ်မင်းကြီးတုန်း'
'ဟင်…'
'ဟုတ်တယ် လာလာ ရဲမင်းကြီးမင်းကိုခေါ်ခိုင်းနေပြီ'
'သြော်… အေးအေး'
လူအများ၏ အမြင်အာရုံထဲ၌် (၇)နှစ်သားကလေးလေးနှင့် စကားများစွာပြောဆိုနေခဲ့သည်ဟု ထင်မြင်ကြသော်လည်း သူ၏အမြင်၌မူ ခန့်ညားထည်ဝါလှသော လူကြီးတစ်ဦးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် လောကပါလနတ်မင်းကြီးပင်ဖြစ်ပြီး အများ၏အမြင်အာရုံများအား လွဲပြောင်းထားစေခါ ကလေးတစ်ယောက်အသွင်နှင့် ထီးကလေး၏နံဘေး ရှိနေခဲ့ခြင်းဖြစ်လေသည်။
လေယဉ်ထွက်ခွာတော့မည်ဖြစ်သော်ကြောင့် မိမိအား သူငယ်ချင်းဖြစ်သူ ငါးကလေးတစ်ယောက် လာရောက်ခေါ်ဆိုမှု့ဖြင့် ထိုလူကြီး၏ပြောဆိုတော့မည့် စကားများမှာပင် ပျက်ပျယ်သွားခဲ့ရလေသည်။ ခန့်ညားထည်ဝါလှသော ထိုသူကြီးသည်လည်း ပျောက်ဆုံးနေခဲ့သော ဒေးဗစ်နှင့်ဟန်ဇာတို့၏ဝိဥာဉ်များမှာ အဘယ်သို့ရောက်ရှိနေကြပြီဟု ထီးကလေးအား ပြောဆိုခွင့်မရတော့ချေ။
ငါးကလေး၏ခေါ်ဆောင်မှု့ဖြင့် မိမိအားစောင့်စားနေခဲ့ကြသော သူငယ်ချင်းဖြစ်သူများ၏အနားသို့သာ ရောက်ရှိသွားခဲ့ရလေသည်။ အနောက်သို့တစ်ဖြန် ပြန်လည် လှည့်ကြည့်မိသော်လည်း ခန့်ညားထည်ဝါလှသည့် ထိုလူကြီးအား သူတစ်ယောက် မမြင်တွေ့ရတော့ပေ။
ခရီးသည်များအားလုံး လေယဉ်အပေါ်သို့ တတ်ရောက်နေကြပြီဖြစ်သောကြောင့် မိမိတို့အားလုံးသည်လည်း အများနည်းတူ လေယဉ်အပေါ်သို့တတ်ရောက်ကြရန် လေယဉ်အနီးသို့ ထွက်ခွာသွားခဲ့ရသည်။ ထို့နောက် ရဲမင်းကြီး၏ခုံအမှတ်နေရာတွင် တန်ခိုးတစ်ယောက် လိုက်ပါမည်ဖြစ်ကြောင်း ပြောဆို၍ လေယဉ်အပေါ်သို့ တတ်ရောက်သွားခဲ့ပြီး လေယဉ်အတွင်း နေရာယူထိုင်စေခဲ့သည်။
ထီးကလေးမှအပ လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်ကိုမောင်ဝင်းတို့မှာ အောက်ပိုင်းသေနေခဲ့သော တန်ခိုးတစ်ယောက် မည်သို့ပင်ပြန်လည် ကောင်းမွန်လာရသနည်းဟု နားမလည်နိုင်ကြသော်လည်း လေယဉ်အပေါ်သို့ ကိုယ်ဆီရောက်ရှိသွားခါ၊ လေယဉ်ပျံကြီး ဦးမော့၍ ထိုင်းနိုင်ငံဆီသို့ ဦးတည်ထွက်ခွာသွားကြလေတော့သည်။
******
*လူသားများမမြင်တွေ့နိုင်သော တစ္ဆေများနှင့် မျက်လှည့်ပြ ဝင်ငွေရှာနေသော မျက်လှည့်ဆရာကြီးနှင့် ဓားပြီးတုတ်ပြီး ကျင်စိန်။ ထိုသူနှစ်ဦး မည်သို့ပင် ပတ်သတ်ဆက်နွယ်နေကြမည်နည်း။
*ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းခေါင်းဆောင်ဖြစ်သော ရှောင်ဖိန်းတစ်ယောက် ဝန်ကြီးချုပ်၏ထောင်ချောက်အတွင်းသို့ ရောက်ရှိသွားလေခါ အဖမ်းခံခဲ့ရပြီးဖြစ်သည်။
*တရုတ်လူမျိုး လူဝကြီးရှောင်ဖိန်းနှင့် လူငယ်ငါးဦး မည်သို့ပင် ဆုံတွေ့ကြမည်နည်း။
*ပျောက်ဆုံးသွားခဲ့သော အဓိကဝိဥာဉ်နှစ်ဦးဖြစ်သည့် ဒေးဗစ်နှင့်ဟန်ဇာတို့သည်လည်း မည်သည့်ဆီသို့ ရောက်ရှိသွားခဲ့သနည်း။
*ထိုင်းနိုင်ငံဆီသို့ လူငယ်ငါးဦးနှင့် ရဲအုပ်မောင်ဝင်းတို့ဟာ လွယ်ကူစွာဖြင့်ရောက်ရှိသွားနိုင်မည်လား။
* ကမ္ဘာကျော်ထိုအမှု့ကြီး၏ နောက်ကွယ်မှ ခက်ခဲနက်နဲလှသော မှော်ပညာများအား အဘယ်သို့ဖျက်စီးနိုင်မည်နည်း။
*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများနှင့် ကယ်တင်ရှင်များအဖွဲ့ မည်သို့ပင် ဆုံဆည်းကြမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၂)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၂၄.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment