ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၈) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၈)

Share This

      တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၂၈)
         ကိတ်ကျွန်းလူသတ်မှု့ကြီး စစ်စင်ရေး(၁)
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)

                        *********


အမေရိကန်နိုင်ငံသား အမျိုးသားကြီးနှင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးကြီးအပါအဝင် အမေရိကန်အမျိုးသမီးလေးတို့အား တွေ့ဆုံစေခဲ့ရင်း ထိုသူများ၏ ပြောဆိုချက်များအား မြန်မာအရာရှိကြီးတို့မှာ ကြားသိလိုက်ရသည်နှင့် ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်ဖော်ထုတ်စစ်ဆေးရန်အတွက် အကောင်းဆုံးသော ပရိယာယ်သက်သေတစ်ခု ရရှိသွားခဲ့ပြီဟု ကြုံးဝါးပြောဆိုလိုက်စေတော့သည်။

   အချိန်ဟာ ည(၉)နာရီခန့်ဆီသို့ ရောက်ရှိလာခဲ့ပြီးဖြစ်၏။

''ကိုယ့်လူ… ကျွန်တော့ကို ခင်ဗျား ဘယ်အထိခေါ်သွားမှာလဲ ခင်ဗျားပြောတော့ မြို့ပြင်ဘူတာရုံနားဆို…
''ဟုတ်ပါတယ်ဒေါက်တာ စိတ်မရှိပါနဲ့… ဘူတာရုံကိုကျော်တာနဲ့ ရောက်ပါပြီ''
''ခင်ဗျားပုံစံကြည့်ရတာ ထိုင်းနိုင်ငံသားတော့ မဖြစ်နိုင်ဘူး… ကမ္ဘာ့လှည့်ခရီးသည်တစ်ဦးဦးပဲဖြစ်မယ်ထင်တယ်''
''ဟုတ်ပါတယ်ဒေါက်တာ ကျွန်တော်က ပြင်သစ်နိုင်ငံသားပါ''
'သြော်… ထိုင်းစကားတော့ တော်တော်လေးပြောတတ်တယ်နော်''
''အင်း… ထိုင်းမှာနေတာ ကြာလာတော့လည်း ပိုပိုပြီးပြောတတ်လာတယ်ဆိုပါတော့''

''သြော်… ဒါနဲ့ လူနာက ဘယ်မှာလည်း''
''အရှေ့နားက ဘူတာရုံကိုကျော်ရင် ရောက်ပါပြီ ကျွန်တော့်မိတ်ဆွေတစ်ယောက် အပြင်းအထန်ဒဏ်ရာတွေ ရထားလို့ ညဘက်ကြီး ဒေါက်တာ့ကို အခုလို အလောတကြီးနဲ့လာပင့်ရတာပါ''
''ဟင်!… ဘူတာရုံကိုကျော်ရင် ကွင်းပြင်တွေပဲရှိတော့တာနော်… မစ်စတာ…''
''ကျွန်တော့်ကို ဂျိမ်းလို့ပဲ ခေါ်နိုင်ပါတယ်''
''မစ်စတာဂျိမ်း… ခင်ဗျားမိတ်တွေက ဘာဖြစ်တာလဲ ရာဇဝဏ်သားဆိုရင်တော့ ကျွန်တော့်ကို အမှု့ပတ်နေမှာစိုးတယ်''
''အိုး!… ဒေါက်တာ… ကျွန်တော်တို့က ရာဇဝဏ်သားတွေမဟုတ်ပါဘူး ဥပဒေနဲ့ မလွတ်ကင်းတာကိုလည်း ဘာတစ်ခုမှ မလုပ်ထားပါဘူးဗျ စိတ်ချပါ ကျွန်တော်တို့ကြောင့် ဒေါက်တာဒုက္ခမရောက်စေရပါဘူး''

   အပြင်းအထန်ဒဏ်ရာများကြောင့် သတိလစ်မေ့မျောနေခဲ့သော မြန်မာလူငယ် လမ်းကလေးအား ဒေါ်ခင်နုနှင့်အတူ သူဇာအပါအဝင် ပယောဂါဆရာ တောသားလေးတို့နှင့် အတူတကွ ထားရစ်စေခဲ့ရင်း မစ်စတာဂျိမ်းမှာမူ ထိုအနီးပတ်ဝန်းကျင်မှ ဆေးဆရာဝန်အား သွားရောက် ပင့်ဆောင်စေခဲ့သည်။ ဆေးဆရာဝန်နှင့်အတူ စကားတစ်ပြောပြောနှင့် ညအမှောင်ရိပ်များအား ကျော်ဖြတ်လာစေရင်း ကွင်းပြင်များသာ ပတ်ချာလည်ဝန်းရံနေခဲ့သော ဘူတာရုံကြီးဆီသို့ ကျော်လွန်လာခဲ့ပြီးဖြစ်သည်။

   အတန်ကြာလျောက်လှမ်းခဲ့ပြီးနောက် မိတ်ဆွေဖြစ်သူများ ရှိနေခဲ့ကြသော ဗလီပျက်ကြီး၏အရှေ့ဆီသ်ို့ ရောက်ရှိလာခဲ့လေတော့သည်။
''မရောက်သေးဘူးလား မစ်စတာဂျိမ်း''
''ရောက်ပါပြီဒေါက်တာ''
''ဟင်!… ဘယ်မှာတုန်းဗျ''
''ဟိုးအရှေ့က ဗလီပျက်ကြီးထဲမှာပါ''
''ဟင်… မစ်စတာဂျိမ်း ခင်ဗျားကျုပ်ကို လိမ်ခေါ်လာတာပဲ ခင်ဗျားတ်ို့က ဓားပြတွေလား သူခိုးတွေလား… ဒီလိုလူသူပျက်တဲ့ ဗလီပျက်ကြီးထဲမှာရှိနေကြတာဆိုတော့ လူတွေကို ဒုက္ခပေးနေတဲ့ သူတွေဆိုရင် ကျုပ်ဆေးပညာတွေနဲ့ ကုသပေးလေ့မရှိဘူး… ကျုပ်ကိုပြန်ပို့ပေးပါ''

''ဒေါက်တာ… ကျွန်တော့်ကို အထင်မလွဲပါနဲ့… ကျွန်တော်တို့ဘယ်သူတွေလဲဆ်ုတာ ဒေါက်တာ့ကို နောက်မှပြောပြပါမယ် အခု ကျွန်တော့်မိတ်ဆွေ သွေးအားအရမ်းနည်းပြီး သတိလစ်နေတယ် သူ့အခြေနေ အရမ်းစိုးရိမ်နေရလိုပါဒေါက်တာ ခဏလေးဝင်ကြည့်ပေးပါနော်''
''အိုးဗျာ… မကြည့်နိုင်ဘူး ခင်ဗျားပြန်မပို့ပေးရင်လည်း ရတယ်… ကိုယ့်ဟာကိုပြန်မယ်''
''ဒေါက်တာ… ''

''ဟင်… ဒါ… ဒါဘာလုပ်တာလဲ''
''စိတ်မရှိပါနဲ့ဒေါက်တာ… ခဏလေးပါ… ခဏလေးပါနော်''
''ခင်ဗျား… ခင်ဗျားဓားကြီး ဖယ်…ဖယ်လိုက်ပါ… ဒါ…ဒါနောက်စရာမဟုတ်ဘူးနော်''
''ဒေါက်တာ… အပိုတွေပြောနေမယ့်အစား ကျွန်တော်ပြောသလို လုပ်ပေးပါ မဟုတ်ရင် ဒေါက်တာ့ကိုကျွန်တော် ရိုင်းပြမှု့တွေနဲ့ ဆက်ဆံမိလိမ့်မယ်''
''ဟင်!… ကောင်းပြီလေ… ခင်ဗျားကြည့်ရတာလည်း သွေးအေးအေးနဲ့ရက်စက်တတ်တဲ့ ပုံစံမျိုး… ကျွန်တော်လည်း သေရေးရှင်ရေးထက် အရေးကြီးတာတွေ လုပ်စရာရှိသေးတယ် အသေခံလို့မဖြစ်သေးဘူး… ကျွန်တော်ကဆရာဝန်တစ်ယောက်ပါ လူနာကို လူဆိုးလူကောင်း ခွဲခြားမနေသင့်ပါဘူး ကျွန်တော်လိုက်ကြည့်ပေးပါ့မယ်''

''ကျေးဇူးတင်ပါတယ်ဒေါက်တာရယ် ကျေးဇူးအများကြီးတင်ပါတယ်… အခုလိုအပြူအမူတွေအတွက် ကျွန်တော့်ကို ခွင့်လွတ်ပေးပါနော်''
''ရပါတယ်ဗျာ… ဘယ်မှာတုန်း ခင်ဗျားလူနာ…''
''အထဲမှာပါဒေါက်တာ … အထဲမှာပါ''

    ဆရာဝန်ကြီးသည်လည်း အမှောင်ရိပ်များစွာ အုပ်စိုးနေခဲ့သော ပတ်ဝန်းကျင်အခြေနေများကြောင့် ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏ ခေါ်ဆောင်ရာအနောက်ဆီသို့ ဆက်၍မလိုက်တော့ပဲ ပေကပ်ကပ်ပြုနေမူနေခဲ့သည်။ ထိုအခါ မစ်စတာဂျိမ်းမှာမူ အသင့်ဆောင်ထားခဲ့သော ဓားမြောင်လေးဖြင့် ဆရာဝန်ကြီး လည်ပင်းဆီသို့ ချိန်ဆလိုက်မှသာလျင် ဆေးဆရာဝန်သည်လည်း မစ်စတာဂျိမ်း၏ ဦးတည်ရာအနောက်ဆီသို့ လိုက်ပါလာခဲ့ရလေသည်။

     တဖြူးတိုက်ခိုက်နေခဲ့သော ကွင်းပြင်များမှ ဝင်ရောက်လာခဲ့သည့် လေအေးများဟာ အလွန်ပင် အေးချမ်းနေလှသည်။ ဗလီပျက်ကြီးအတွင်း၌ ဦးစွာရှိနေခဲ့သော အမျိုးသမီးများအားလည်း ဆေးဆရာဝန်ကြီးမှာ ဗလီပျက်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ဦးစွာမြင်တွေ့ခဲ့ရသည်။ ထို့နောက် သတိလစ်မေ့မျောနေခဲ့သော မြန်မာလူငယ်လမ်းကလေးအား အသင့်ပါလာသည့် ဆေးအိတ်အတွင်းမှ ဆေးတစ်လုံးထိုးပေးလေခါ ထိုသို့ပင်ပြောဆိုလေတော့သည်။

''တော်သေးတာပေါ့ဗျာ… ခင်ဗျားတို့လူနာမှာ သွေးပေါင်ချိန်လုံးဝမရှိတော့ဘူး… နောက်၁၀မိနစ်လောက်နေရင် ခန္ဓာကိုယ်က သွေးတွေခမ်းပြီး သူသေရတော့မှာသေချာတယ် တော်သေးတာပေါ့ဗျာတယ် တော်သေးတာပေါ့ အခုတော့ ဒီကလေးရဲ့ အသက်ကို မစ်စတာဂျိမ်းကြောင့် ကျွန်တော်ကယ်တင်ပေးလိုက်နိုင်ပါပြီ''
''ကျေးဇူးတင်ပါတယ်ဒေါက်တာရယ် ကျေးဇူးတင်ပါတယ်'' ''ရပါတယ်ဗျာ''
''သြော်ဒေါက်တာ… ဒါဆိုကျွန်တော်မိတ်ဆွေ စိုးရိမ်စရာမရှိတော့ဘူးပေါ့နော် သူ…သူသတိရလာတော့မှာလား''
''အင်း… အခုလောလောဆယ်တော့ သူသတိရလာမှာမဟုတ်သေးဘူး … ကျွန်တော်ဆေးတစ်လုံးထိုးပေးထားတယ်… ခဏနေရင်တော့ သွေးပေါင်ခ်ျိန်ပြန်ပြည့်ပြီး သူသတိရလာနိုင်မှာပါ''
''ဟုတ်ကဲ့ဒေါက်တာ''

''သြော်!… ဒါနဲ့ သူတို့တွေက''
''ဒါက ကျွန်တော်မိတ်ဆွေတွေပါ… သူတို့အားလုံးက လူကောင်းတွေချည်းပါပဲဒေါက်တာ… ပြီးတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေပါ''
''သြော်… ဒါနဲ့နေပါဦးဗျ… ဒီကောင်လေးကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေက များလှချည်လား ဘယ်လိုဖြစ်ပြီး ဒီဒဏ်ရာတွေ ရလာရတာလဲ…''
''အမ်… သြော်… အဲ့… အဲ့ဒါက… အဲ့ဒါက''
''ဘာဖြစ်လို့လဲ မစ်စတာဂျိမ်း မဟုတ်မှလွဲရော သူက ရာဇဝဏ့်သားလား''
''ဟင်… မဟုတ်ပါဘူးဒေါက်တာ မဟုတ်ပါဘူး''

''ဘာပဲဖြစ်ဖြစ်ပါဗျာ ရာဇဝဏ့်သားပဲဖြစ်ဖြစ် လူကောင်းပဲဖြစ်ဖြစ် ကျုပ်တတ်နိုင်တဲ့ဘက်က ကူညီပေးပြီးသွားပြီ… ကဲ… မစ်စတာဂျိမ်း ကျုပ်လည်းအိမ်ပြန်နောက်ကျနေပြီး ပြန်ခွင့်ပြုပါဦး''
''ကျွန်တော်လိုက်ပို့ပေးပါ့မယ်ဒေါက်တာ''

    စပ်စုလေခဲ့သလား။ ဆေးဆရာဝန်ကြီးသည်လည်း လမ်းကလေး၏ ခန္ဓာကိုယ်အပေါ်မှ များပြားလှစွာသော ဓားဒဏ်ရာများဟာ မည်သည့်အတွက်ဖြင့် ရရှိထားခဲ့သနည်းဟု မေးမြန်းစေခဲ့သေးသည်။ သို့သော်လည်း ထိုဒဏ်ရာများရရှိလာခဲ့သည့် အကြောင်းရင်းများအားလည်း မစ်စတာဂျိမ်းအပါအဝင် ယခုရှိနေခဲ့ကြသော သူများထဲမှ မည်သူမျှ ကောင်းစွာသိရှိမထားခဲ့ချေ။ ထို့ကြောင့်လည်း ဆေးဆရာဝန်ကြီး၏ အမေးစကားများကိုပင် မစ်စတာဂျိမ်းတစ်ယောက် မဖြေနိုင်ခဲ့ချေ။

    အခ်ျိန်သည်လည်း အလွန်ပင်မိုးချုပ်နေပြီဖြစ်သောကြောင့် လူနာအား စစ်ဆေးကုသပေးခဲ့ရင်း ဆရာဝန်ကြီးသည်လည်း သူ၏အိမ်အပြန်လမ်းအား ပြန်လည်ဦးတည်ရန် ဟန်ပြင်လိုက်စေသည်။ ထိုအခါ မေ့မျောနေခဲ့သော လမ်းကလေး၏ နှုတ်မှ ဂယောင်ဂတမ်းများစွာ ထွက်ပေါ်လာခဲ့၏်။ လမ်းကလေး၏ စကားသံများကြောင့် အိမ်အပြန်လမ်းအား ဦးတည်ရန် ထိုင်ရာမှ ထရန်ရွယ်လျက်ရှိနေခဲ့သော ဆရာဝန်ကြီး၏ဟန်ပန်များမှာလည်း ချက်ချင်းဆိုသကဲ့သို့ပင် ရပ်တန့်သွားခဲ့လေတော့သည်။

    လမ်းကလေး၏နှုတ်မှ ဂယောင်ဂတမ်းပြောဆိုလာခဲ့သော စကားများမှာ…

''ကိတ်ကျွန်း… ကိတ်ကျွန်း… ကိတ်ကျွန်းလူသတ်မှု့ကြီး''
''ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကျုပ်တို့အကောင်းဆုံး သက်သေတွေနဲ့ ဖော်ထုတ်ပေးနိုင်တော့မယ်… ထီးကလေး မျှားကလေး ငါးကလေး တန်ခိုး… သူငယ်ချင်းတ်ို့… သူငယ်ချင်းတို့ မင်းတို့အားလုံးဆီ ငါပြန်လာခဲ့မယ်သိလား… ဒီမတရားမှု့ကြီးကို ငါတို့နဲ့ ကိုမောင်ဝင်းဖော်ထုတ်ပေးနိုင်မှာပါ''

         မိတ်ဆွေဖြစ်သူများမှာလည်း လမ်းကလေးတစ်ယောက် ပြန်လည်သတိရရှိလာခဲ့ပြီလားဟူ၍ ဝမ်းသာအားရ ဝိုင်းဝန်းအသံပေးကြည့်သေးသည်။ သို့သော်မဟုတ်။ ဆေးအစွမ်းများနှင့် ဒဏ်ရာများ၏ အနာရှိန်ကြောင့် ဂယောင်ဂတမ်း စကားများစွာ ပြောဆိုလာခဲ့ခြင်းပင်ဖြစ်လေသည်။ ထိုကဲ့သို့သော် စကားသံများအား ကြားသိလိုက်ရသည်နှင့် ဆရာဝန်ကြီးမှာလည်း တုန့်ခနဲရပ်တန့်သွားလေခါ လဲလျောင်းနေခဲ့သော လမ်းကလေးဘက်သို့ လျင်မြန်စွာဖြင့် စူးစိုက်ခါ လှည့်ကြည့်မိလိုက်သည်။

    မိမိဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးအတွက် ဆရာဝန်ဘဝဖြင့် တိတ်တဆိတ် လေ့လာစမ်းစုံးနေခဲ့သူ တစ်ဦးဖြစ်သည်။ မြန်မာဘာသာစကားအား ကောင်းမွန်စွာနားမလည်နိုင်သော်လည်း ဆန္ဒပြပြည်သူများထဲမှ ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတို့၏ ဆန္ဒထုတ်ဖော်ရာတွင် ထိုင်းဘာသာစကား''ကိတ်''ဟူသော ပညတ်အား တိုက်ရိုက်ခေါ်ဝေါ်ကြရင်း မြန်မာဘာသာစကားဖြင့် ကျွန်းလူသတ်မှု့ကြီး။ နှစ်ခုပေါင်းလျင် ကိတ်ကျွန်းလူသတ်မှု့ကြီး ဟူသော မြန်မာလူမျိုးတို့၏ အသုံးနှုံးကိုပင် မိမိမှာ အချိန်နှင့်အမျှ ကောင်းမွန်သိရှိနားလည်နေခဲ့သည်။

    ထို့ကြောင့် ယခု လမ်ကလေးတစ်ယောက် ထစ်ငေါ့စွာပြောဆိုလာခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီးဟူသော စကားသံများအား ကြားသိလိုက်ရသည်နှင့် သူ၏စိတ်အတွင်း၌ သူတစ်ယောက်စုံးစမ်နေခဲ့သော အမှု့ကြီးဟူပင် ကောင်းစွာနားလည်သွာခဲ့လေတော့သည်။

    ထိုတင်မက မိမိအား အိမ်အပြန်လမ်းသို့ ပြန်လည်လိုက်ပို့ပေးရန် ဟန်ပြင်နေခဲ့သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏ မျက်နှာပြင်ဆီသ်ို့လည်း မျက်မှောင်အား စူးစိုက်စွာကြုတ်လျက် ကြည့်ရှု့လိုက်သေးသည်။ မစ်စတာဂျိမ်းသည်လည်း မိမိတို့အားလုံးဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့် ပတ်သတ်ပြီး လျှို့ဝှက်စွာဖြင့် ထိုနေရာတွင် ခေတ္တပုန်းခိုနေခဲ့ရခြင်း အကြောင်းများအား ဆရာဝန်ကြီးတစ်ယောက် သိရှိသွား၍မဖြစ်။ မိုးခိုးကြွက်လျောက် ပြသနာများစွာ ဖြစ်ပေါ်သွားစေနိုင်သည်။

    ထို့ကြောင့် …
''သြော်… ဂယောင်ဂတမ်းနဲ့ ဘာတွေပြောနေပါလိမ့်… ဆရာ… သူ… သူ… သူလျောက်ပြောနေတာ… သ…သတိရလာပြီထင်လို့ ဝမ်းသာသွားတာပဲ… လာပါဆရာ လာပါ… ကျုပ်ပြန်လိုက်ပို့ပေးပါ့မယ်''
''မစ်စတာဂျိမ်း…''
''ဗျာ… ဘာဖြစ်လို့လဲဒေါက်တာ… ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ်… ကြွပါဒေါက်တာ ကြွပါ''
''မစ်စတာဂျိမ်း… ခင်ဗျားတို့က ဘယ်သူတွေလဲ…''
''ဟင်!… သြော်… ဟို… ဟို ကျွန်တော်တို့အားလုံးက ခရီးသွားတွေပါ… ဘာ… ဘာဖြစ်လို့ဒေါက်တာ''
''မစ်စတာဂျိမ်း… ကျုပ်ကိုမညာပါနဲ့… အခုန ဒီကောင်လေးပြောလိုက်တဲ့ စကားတွေထဲမှာ ကိတ်ကျွန်းလူသတ်မှု့ကြီးပါနေတယ် ပြီးတော့ သူ့စကားတွေထဲမှာလည်း အားမာန်တွေအပြည့်ပါနေတယ်… မစ်စတာဂျိမ်း… ကျုပ်ကိုပြောပါ ခင်ဗျားတို့ဘယ်သူတွေလဲ''

''မဟုတ်ပါဘူးဒေါက်တာ မဟုတ်ပါဘူး…''
''မစ်စတာဂျိမ်း… ကျွန်တော်ဒီဗလီအပျက်ကြီးထဲကို ရောက်မလာခင်တုန်းက ဗလီပျက်ကြီးအရှေ့မှာ ခင်ဗျားကျုပ်ကို ဓားမြောက်နဲ့ခြိမ်းခြောက်ခဲ့တာ မှတ်မိလား… အဲ့ဒီတုန်းက ကျုပ်မသေချင်သေးပါဘူး… ကျုပ်မှာ သေရေးရှင်းရေးထက် အရေးကြီးတဲ့ကိစ္စတစ်ခုကို လုပ်ရဦးမယ်လို့ ခင်ဗျားကိုပြောခဲ့တာရော မှတ်မိလား''
''မှတ်မိပါတယ်ဒေါက်တာ…''
''ဟုတ်တယ်မစ်စတာဂျိမ်း… ကျုပ်လည်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမှန်တိုင်းဖြစ်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ စောင့်မျှော်တဲ့ သူတစ်ဦးပါ''

''ဟင်!… ဒေါက်တာ… ''
''ဟုတ်ပါတယ်မစ်စတာဂျိမ်း''
''ဒေါက်တာက ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ ပတ်သတ်ပြီး ဘာတွေများသိထားလို့လဲ''
''ကျုပ်သိထားတာက သေးသေးလေးတွေပါ ဒါပေမယ့် ခင်ဗျားတို့ဘယ်သူတွေဆိုတာ မသိရမချင်း ကျုပ်သိထားတာတွေလည်း ခင်ဗျားတို့ကို မပြောပြပေးနိုင်ဘူး''
''ဒေါက်တာ… ကျွန်တော်တို့အားလုံးကလည်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမှန်တိုင်းဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံသားတွေပါပဲ…''

''••••• ••••• ••••• ••••''
''ဟင်… အစ်မကြီး … အစ်မကြီးဘာတွေပြောနေတာလဲ… ကျုပ်မြန်မာစကားနားမလည်ပါဘူးအစ်မကြီး… ကျုပ်ကိုထိုင်းလိုပြောပေးပါလား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားနဲ့လည်း ကျုပ်ကိုပြောနိင်ပါတယ်''
''သြော်!… ဒေါက်တာ ဒါက ကိတ်ကျွန်းလူသတ်မှု့ကြီးမှာ မတရားစွပ်စွဲခံထားရတဲ့ မြန်မာတစ်ဦးရဲ့မိခင်ပါ… အခု သူပြောနေတာက ဒေါက်တာ့ကိုအိမ်ပြန်နောက်ကျနေပြီလို့ သတိပေးစကားပြောနေတာပါဒေါက်တာ''
''သြော်!… ရပါတယ်အစ်မကြီး… ကျုပ်မပြန်တော့ပါဘူး''

''ဟင်… ဒေါက်တာ… ဘာဖြစ်လို့လဲ''
''ဟုတ်တယ်မစ်စတာဂျိမ်း ကျုပ်ခင်ဗျားတို့နဲ့အတူတူ ကိတ်ကျွန်းလူသတ်မှု့ကြီးကို အဆုံးတိုင်အထိ ပါဝင်ကူညီပေးမယ်''
''ဒေါက်တာ… ဒေါက်တာတကယ်ပြောနေတာလား''
''ဟုတ်တယ်ပါမစ်စတာဂျိမ်း… ခင်ဗျားတို့က ဘယ်သူတွေလဲ''
''ကျူပ်က ကြောင်ဂိုဏ်းခေါင်းဆောင်တစ်ဦးပါ''
''ဟင်!… ကြောင်ဂိုဏ်း… ကြောင်ဂိုဏ်းဆိုတော့ နိုင်ငံတကာအသိမှတ်ပြု လူစွမ်းကောင်းကြောင်သူခိုးအဖွဲ့ကို ပြောတာလား''
''ဟုတ်ပါတယ်ဒေါက်တာ…''

''ဟာ… ဒါဆို ခင်ဗျားက ပြင်သစ်စုံထောက်ဟောင်းကြီး မစ်စတာဂျိမ်းဆိုတာပေါ့ဟုတ်… ဟုတ်လား''
''ဟုတ်ပါတယ်ဒေါက်တာ…''
''ဟာဗျာ… ခင်ဗျားတို့ဂုဏ်သတင်းအကြောင်းတွေ ကြားဘူးထားတာတော့ တော်တော်လေးကြားပြီ အခုလိုအပြင်မှာ ဆုံရလိမ့်မယ်လို့ ကျွန်တော်မှ မမျှော်လင့်ထားခဲ့ဘူး တွေ့ရတာ ဝမ်းသာတယ်ဗျာ… သြော် ဒါနဲ့ သူတို့တွေက''

''သူတို့တွေကလည်း ကျုပ်တို့လိုပါပဲ ကိတ်ကျွန်းလူသတ်မှု့ကြီးရဲ့ အဖြစ်မှန်တွေအားလုံး ဖော်ထုတ်ဖို့အတွက် စောင့်မျှော်နေကြတဲ့ သူတွေပါ… ဒီမြန်မာလူငယ်လေးတစ်ဦးက မြန်မာနိုင်ငံတွင်းမှာ နှစ်ရှည်လများ ပျောက်ဆုံးနေခဲ့တဲ့ အမှု့ကြီးတွေကို ဖော်ထုတ်ပေးခဲ့တဲ့ လူငယ်ငါးဦးတည်းက တစ်ဦးပါ ဒီဆရာက လူငယ်ငါးဦးရဲ့ မိတ်ဆွေပါ… မထင်မှတ်ပဲ အခုနစ်ပိုင်းလေးမှာ သူနဲ့ကျုပ်မိတ်ဆွေဖြစ်ခဲ့တယ် အခုလည်း ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ ဒီကမ္ဘာကျော်အမှု့ကြီးကို ဖြေရှင်းဖို့အတွက် သူတို့တွေနဲ့ မြန်မာအရာရှိကြီးတွေ ရောက်လာကြတာပါ အခုရခဲ့တဲ့ ဒဏ်ရာတွေကလည်း အဲ့ဒီအမှု့ကြီးကို ဖော်ထုတ်နိုင်ဖို့ကြိုးစားရင်း အခုလိုဒဏ်ရာတွေရခဲ့ရတာ…''
''ဒီဘက်က မြန်မာအမျိုးသမီးလေးက သူဇာလို့ခေါ်တယ်… သူက ကိတ်ကျွန်းလူသတ်မှု့ကြီးရဲ့ အဓိက မျက်မြင်သက်သေတစ်ဦး ဒါပေမယ့် ကျွန်းလူမိုက်တွေရဲ့ လက်ချက်နဲ့ လျှာအဖြတ်ခံထားရတယ် … ဒီဘက်က အစ်မကြီးကတော့ အခုနကျွန်တော်ပြောသလိုပါပဲ မတရားစွပ်စွဲခံထားရတဲ့ မြန်မာတရားခံတစ်ဦးရဲ့ အမေပါ…''

''ဟာဗျာ… ခင်ဗျားတို့အားလုံးက ဒီအမှု့ကြီးကို ဖြေရှင်းနိုင်ဖို့အတွက် တကယ့်ကိုသက်သေခိုင်ခိုင်လုံတွေပါပဲလား''
''ကျန်သေးတယ်ဒေါက်တာ… အနောက်မှာတစ်ယောက် ရှိနေသေးတယ်… သူ့နာမည်က ဆတီဗင်… ကိတ်ကျွန်းလူသတ်မှု့ကြီးမှာ ဒဏ်ရာတွေ လွတ်မြောက်နိုင်ခဲ့တဲ့ သေဆုံးသူတွေရဲ့ သူငယ်ချင်းတစ်ဦး''
''ဟာ!… ဟုတ်ပြီဗျ… ဟုတ်ပြီ''

''ဘာဟုတ်တာလဲဒေါက်တာ…''
''ဒီလိုဗျ… မီးများမီးနိုင် ရေများရေနိုင်ဖြစ်နေလို့ အမှန်တရားတွေကို သိထားပေမယ့်လည်း မြိုသိပ့်ပြီးနေခဲ့ရတဲ့ ကျုပ်ဆန္ဒတွေ အခုတော့ပြည့်တော့မယ်… အဲ့ဒီအမှု့ကြီးမဖြစ်ခင်တုန်းက နိုင်ငံခြားသားတွေနဲ့ ကျွန်းလူမိုက်တွေ ကိတ်ကျွန်းပေါ်က စားသောက်ဆိုင်တစ်ခုမှာ ခတ်ရန်ဖြစ်ခဲ့ကြတယ်… အဲ့ဒီစားသောက်ဆိုင်က ကျွန်တော့်အဖေရဲ့ဆိုင်ပါပဲ… အဖေပြောတယ် နိုင်ငံခြားသားလေးတွေနဲ့ ကျွန်းလူမိုက်တွေ သူ့ဆိုင်ထဲမှာ ရန်ဖြစ်ပြီး လမ်းခွဲသွားကြတယ် ကျွန်းလူမိုက်တွေနဲ့ ရန်ဖြစ်ပြီးတဲ့သူတွေအားလုံးက ကျွန်းပေါ်ကနေ အသေထွက် ထွက်သွားရလိမ့်ရှိတယ် အဲ့ဒါကြောင့် သူလည်း နိုင်ငံခြားသားလေးတွေကို စိုးရိမ်ပြီး ဒီကျွန်းပေါ်ကနေ အမြန်ဆုံးရှောင်နေကြဖို့ သွားပြောခဲ့သေးတယ်… ဒါပေမယ့် အဖေ့စကားကို နိုင်ငံခြားသားလေးတွေက နားမထောင်ခဲ့ဘူး… အဲ့ဒီလိုပြောပြီး သူလည်း ကျွန်းလူမိုက်တွေက်ု ကြောက်ရတာနဲ့ ဆိုင်ကိုချက်ချင်းပြန်လာခဲ့တယ်… နောက်တော့ တတ်နိုင်တဲ့ဘက်ကနေ အဖေလည်း ကူညီပေးနိုင်ဖ်ို့ နိုင်ငံခြားသားလေးတွေ ဦးတည်သွားတဲ့ဘက်ကို ဓားရှည်တစ်ချောင်းနဲ့လိုက်သွားတယ်… ဒါပေမယ့် အဖေရောက်သွားတဲ့အချိန်မှာ နိုင်ငံခြားသားလေးတွေအားလုံး အထိနာပြီး မလှုပ်နိုင်ကြတော့ဘူး အဖေ့မှာ ဗီဒီယိုဖိုင်ရှိတယ်…''

''ဟင်… ဘာဗီဒီယိုဖိုင်လည်း ဒေါက်တာ''
''နိုင်ငံခြားသူ ကောင်မလေးကို ကျွန်းသူဌေးသားတွေ အတင်းအဓ္ဓမပြုနေတဲ့ မြင်ကွင်းတွေနဲ့ သူတို့အားလုံးကို ရက်ရက်စက်စက် ကျွန်းပေါ်မှာ သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေပဲ''
''ဟာ… ဒါဆို… ဒါဆိုဒေါက်တာ အဖေ… အခုဘယ်မှာလည်း သူဘယ်မှာရှိနေလဲ''
''ဒီမြို့ပေါ်မှာပဲ ရှိနေပါတယ်… သူ့ဆိုင်မှာရန်ဖြစ်ခဲ့တဲ့အကြောင်းကို လျောက်မပြောဖို့အတွက် ကျွန်းလူမိုက်တွေက အဖေ့ကိုခြိမ်းခြောက်ထားကြတယ်… သက်သေတွေအားလုံးရှိနေပေမယ့်လည်း တရားဥပဒေဘက်တော်သားတွေ မရှိလို့ မြန်မာနှစ်ယောက်ကို သေဒဏ်ပေးတဲ့ အဖြစ်ပျက်ကြီး ကျုပ်တို့ရင်နာနာနဲ့ ကြည့်နေခဲ့ရတာပေါ့ဗျာ''
''ဟင်… ဒါဆို ကျုပ်တို့အားလုံး အကောင်းဆုံး သက်သေတွေရပြီ… ဟုတ်တယ်ဗျ အကောင်းဆုံးနဲ့ အခိုင်လုံစုံး သက်သေတွေရပြီ… ဒေါက်တာ… ကျုပ်တို့အာလုံး မိုးမလင်းခင် ဒီကနေထွက်မှဖြစ်မယ်…''

    ဆရာဝန်ကြီး၏ ပြောဆိုချက်များအား မစ်စတာဂျိမ်းတစ်ယောက် သိရှိလိုက်ရသည်နှင့် ကိတ်ကျွန်းလူသတ်မှု့ကြီးအား အခိုင်မာဆုံးသော သက်သေများဖြင့် ဖော်ထုတ်ပေးနိုင်တော့မည်ဟု ကြုံးဝါးပြောဆိုလိုက်လေတော့သည်။ ထိုတင်မက ထိုင်းဘာသာစကားများအား နားမလည်နိုင်ခဲ့သော သူ၏မိတ်ဆွေမြန်မာနိုင်ငံသားများအားလည်း ထိုင်းဆရာဝန်ကြီး၏ ပြောဆိုချက်များကိုပင် အစအဆုံး ပြန်လည်ပြောပြလေခဲ့သည်။

    ထိုအချိန်တွင်းမှာပင် ဦးခေါင်းအား စောင့်မိထားခဲ့ပြီး သတိလစ်မေ့မျောသွားခဲ့သည့် အမေရိကန်နိုင်ငံသားလေး ဆတီဗင်မှာလည်း ''တကျွတ်ကျွတ်''ဟု ရည်ရွတ်စေရင်း နိုးထလာခဲ့လေသည်။ နိုးထလာခဲ့သည်နှင့် ဗလီပျက်ကြီးအတွင်း၌ စကားများစွာ ပြောဆိုနေခဲ့ကြသော သူများသည်လည်း ဆတီဗင်ရှိရာဆီသ်ို့ အကြည့်များစွာ ရောက်ရှိသွားခဲ့လေတော့သည်။

''ဟယ်… အရူးလေး… အရူးလေးသတိရလာပြီ''
(''ကျွန်တော်… ကျွန်တော်ဘယ်ရောက်နေတာလဲ ကျွန်တော်ဘယ်ရောက်နေတာလဲ'')

   နိုးထလာခဲ့သည်နှင့် သူ၏ဦးခေါင်းအား လက်ဖြင့်ညစ်ထားစေရင်း အင်္ဂလိပ်ဘာသာစကားတို့ဖြင့် စတင်မေးမြန်းလေတော့သည်။ ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းဆောင်တစ်ဦးဖြစ်သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှာမူ ဘာသာစကားမျိုးစုံအား ကောင်းစွာနားလည်နေခဲ့သည်ကြောင့် ဆတီဗင်၏ အမေးစကားများကိုမူ ပြန်လည်အဖြေပေးနိုင်ခဲ့လေသည်။

(''မင်းသတိရလားဆတီဗင်'')
(''အင်း… ကျွန်တော်ဘယ်ရောက်နေရတာလဲ ခင်ဗျားတို့ကရော… ခင်ဗျားတို့ကရော ဘယ်သူတွေလဲ'')
(''ငါတို့အားလုံးက မင်းပြန်ကောင်းလာမယ့်အချိန်ကို စောင့်နေခဲ့တာ မင်းရဲ့ရန်သူတွေမဟုတ်ပါဘူး'')
(''ဟင်!… ကျွန်တော် … ကျွန်တော်က ဘာဖြစ်နေလို့ ခင်ဗျားတို့က ကျွန်တော်ပြန်ကောင်းလာမယ့် အချိန်ဆိုတာကို စောင့်နေရတာလည်း'')
("အဲဒါတွေ အားလုံးနောက်မှ မေးတော့ အခုလောလေဆယ် မင်းခဏနားနေမှဖြစ်မယ်'')
(''ဗျာ…")

''ပြင်သစ်နိုင်ငံသားကြီး… ဒီကလေး… ဒီကလေး ပြန်ကောင်းလာတာလား''
''ဟုတ်ပါတယ်အစ်မကြီး… သူနေပြန်ကောင်းလာပါပြီ''
''ဟယ်… ဝမ်းသာစရာပဲ ဒါဆို ကျွန်မတို့ဘက်မှာ လူသတ်တွေအားလုံးနီးပါး ပြည့်စုံနေပြီ… ဝမ်းသာလိုက်တာရှင် ဝမ်းသာလိုက်တာ''
''သမီးလေး… သမီးလေးသူဇာ… သမီးလေးသိနေတဲ့ နိုင်ငံခြားသားလေး နေပြန်ကောင်းလာပြီတဲ့… သူနဲ့စကားနည်းနည်းလောက် သွားပြောကြည့်ပါလား''
''ဝုတ်ရဲ့အရော''

   ဒေါ်ခင်နု၏ တိုက်တွန်းမှု့များကြောင့် အ.မလေး သူဇာသည်လည်း မူးနောက်နောက် အာရုံများစွာဖြစ်ပေါ်နေခဲ့သော ဆတီဗင်၏အရှေ့ မီးတုတ်လေးအနီးသို့ အရောက်လှမ်းသွားလေခဲ့သည်။ ထိုအခါ ဆတီဗင်သည်လည်း ရှုတ်မဲ့နေခဲ့သော အကြည့်များဖြင့် မသည်းမကွဲမြင်ကွင်များကြားမှ မိမိ၏အရှေ့ဆီသို့ ရောက်ရှိလာခဲ့သော သူဇာ့အား ကြည့်ရှု့မိလိုက်လေသည်။

    ''မစ်စတာဂျိမ်း… နိုင်ငံခြားသားလေးရဲ့ စိတ်အခြေနေပုံမှန် ပြန်ဖြစ်သွားပါပြီး… ခင်ဗျားတို့အားလုံး ဒီနေရာကနေ အမြန်ဆုံးသွားကြတာကောင်းလိမ့်မယ်''
''ဟင်… ဘာဖြစ်လို့လဲဒေါက်တာ ဒီမှာကျုပ်တို့မိုးလင်းတဲ့အထိ ခဏပုန်းနေရင် ပိုလုံခြုံလိမ့်မယ်လို့ ကျုပ်ထင်တယ်''
''မဟုတ်ဘူးမစ်စတာဂျိမ်း… မကြာခင်အချိန်မှာ ခင်ဗျားတို့ရှိနေတဲ့ ဒီဗလီပျက်ထဲကို ထိုင်းရဲတွေ ရောက်လာကြတော့မယ်… ခင်ဗျားတို့အားလုံး ဒီနေရာကနေ အမြန်ဆုံးထွက်သွားကြတော့''
''ဟင်… ဟာဗျာ… ဒီနေရာက မြို့ပြင်လေ ကျုပ်တို့လုံခြုံပါတယ် ထိုင်းရဲတွေကရော ဒီနေရာကို ဘာကြောင့်ရောက်လာရမှာလဲ''

''မဟုတ်သေးဘူး မစ်စတာဂျိမ်း… အရင်ဦးဆုံး ကျုပ်ကိုခွင့်လွတ်ပါလို့ ကျုပ်တောင်းပန်ပါရစေ''
''ဟင်… ဒေါက်တာ… ခင်ဗျားဘာကို ဆိုလိုတာလဲ''
''ဟုတ်တယ် မစ်စတာဂျိမ်း… ညကြီးအချိန်မတော် ခင်ဗျားကျုပ်ကို လာပင့်ကတည်းက ကျုပ်နဲ့အဆက်သွယ်ရှိတဲ့ ဝန်ကြီးချုပ်ရဲ့ဘက်တော်သားတွေကို ကျုပ်အကြောင်းကြားမိခဲ့တယ်…''
''ဘာ!… ဒေါက်တာ… ဒေါက်တာဘာပြောလိုက်တယ် ဒါဆိုဒေါက်တာက…''

''ကျုပ်ကိုအထင်မလွဲပါနဲ့မစ်စတာဂျိမ်း… ဒီနေ့ပဲ ကျုပ်တို့မြို့လေးမှာ လူသတ်မှု့တစ်ခုဖြစ်သွားခဲ့တယ် အဲ့ဒါကြောင့် မသင်္ကာစရာလူရှိရင် ကျုပ်ကိုအကြောင်းကြားပေးရမယ်လို့ ရဲကင်းထောက်တွေက လာပြောထားကြတယ်… သူတို့အားလုံးက ကိတ်ကျွန်းလူသတ်မှု့ကြီးကို လှည့်ဖျားထားတဲ့ ဝန်ကြီးရဲ့လက်အောက်ခံ လူတွေဆိုပေမယ့် သူခိုးဓားပြတွေနဲ့ ကြုံတွေ့လာရတဲ့ အချိန်ခါမျိုးဆိုရင် သိပ်ကိုးအားကိုးရပါတယ် အစတုန်းက ခင်ဗျားကို အခုလိုမတရားမှု့ကြီးအတွက် ကိုယ်ကြိုးစွန့်ပြီး ဖြေရှင်းပေးနေတဲ့သူလို့ ကျူပ်မထင်ခဲ့မိဘူး… ဓားပြတစ်ဦးဦး လူဆိုးတစ်ယောက်ယောက်ပဲဖြစ်လိမ့်မယ်လို့ ကျုပ်ထင်နေခဲ့တာ… အဲ့ဒါကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး ဒီလောက်ထိ လူသူပျက်တဲ့ မြို့ပြင်ကိုခေါ်နေတဲ့ ခင်ဗျားနောက်ကို ကျုပ်အေးအေးဆေးဆေးနဲ့ လိုက်လာခဲ့တာပေါ့… အခုတော့ အချိန်တွေအားလုံး လွန်ကုန်ပြီ ခင်ဗျားတို့အားလုံး ဒီကနေ အမြန်ဆုံးထွက်သွားကြတော့''
''ဟာဗျာ… ဒါဆို ဒါဆိုသွားပြီပေါ့''

''ဟေ့!… မစ်စတာဂျိမ်း''
''ဟင်… ဘာဖြစ်လို့အစ်ကိုအောင်…''
''ဗလီအရှေ့ဘက်နားမှာ မီးတုတ်အရိပ်ယောင်တွေ တွေ့နေရတယ်… ဒီဘက်ကို လူစုလူဝေးတွေ ဦးတည်လာနေတယ်ထင်တယ်နော်''

''ဟင်… ''
''ဒေါက်တာ… ကျုပ်တ်ို့ဆီကို လူတစ်စု ဦးတည်လာနေကြပြီတဲ့''
''ဟုတ်တယ်… အဲ့ဒါထိုင်းရဲတွေပဲ … မစ်စတာဂျိမ်း ခင်ဗျားတို့အားလုံး ဒီကနေ အရှေ့ဘက်တည့်တည့်သာ ဦးတည်သွားကြတော့… မြို့ပြင်ဖြစ်နေတော့ ဒီပတ်ဝန်းမှာ လူနေအိမ်တွေတစ်လုံးမှ ခင်ဗျားတို့တွေ့မှာမဟုတ်ဘူး အေး… စစတွေ့တဲ့ လူနေအိမ်ဆိုတာနဲ့ အဲ့ဒီအိမ်ကိုသွား ပြီးရင် ကျုပ်နာမည်•••••• လွတ်လိုက်တာလို့ ပြောလိုက်တာပါ ကျူပ်အဖေကို ခင်ဗျားတို့တွေ့လိမ့်မယ် သွားကြတော့''
''ဒေါက်… ဒေါက်တာကရော''
''သွားပါ… ခင်ဗျားတို့အားလုံးသာ ကျုပ်အဖေဆီကို သွားကြ… ပြီးရင် ခင်ဗျားတို့မိတ်ဆွေ အရာရှိကြီးတွေကိုတွေ့အောင်ရှာ… ပြီးတာနဲ့ အဖေ့ဆီက သက်သေခံပစ္စည်းတွေအားလုံးကို စုပြီး ကိတ်ကျွန်းလူသတ်မှု့ကြီးကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ်ပေးကြပါ''

''ဟာဗျာ… ဒေါက်တာ့ကိုလည်း မထားခဲ့နိုင်ဘူး… အခုလာနေတဲ့ ရဲတွေက်ုလည်း ဘာကြောင့်ဖြစ်နေလို့ ကျူပ်တို့ကရှောင်ပြေးနေရမှာလည်း မပြေးနိုင်ဘူး… သူတို့နဲ့ကျူပ်ဖြေရှင်းမယ်''
''မစ်စတာဂျိမ်း… ကျုပ်စကားကို နားထောင်ပါ… ထိုင်းရဲတွေနဲ့ ခင်ဗျားတို့တွေ့သွားရင် စစ်လားဆေးလားနဲ့ ဝန်ကြီးဆီရောက်သွားတော့မှာ သေချာတယ် အဲ့ဒါဆိုရင် ကျုပ်တို့အားလုံး ရှေ့ဆက် လုပ်ရမယ့် ကိစ္စတွေအားလုံး ကျန်ကြာကုန်ရလိမ့်မယ်… အဲ့ဒီတော့ ကျူပ်ပြောသလိုတာ လုပ်ပါဗျာ''
''ဒေါက်တာ… ဒေါက်တာ''
''သွားတော့ မစ်စတာဂျိမ်း… သွားကြတော့''
''ဒေါက်တာ ဂရုစိုက်ပါ''

      စိတ်ဖျောက်ပြန်နေခဲ့သော အမေရိကန်နိုင်ငံသားလေး ဆတီဗင်သည်လည်း ပုံမှန်စိတ်အခြေနေများစွာ ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီး ကိတ်ကျွှန်းကမ်းခြေပေါ်တွင် သေရေးရှင်ရေး အဖြစ်ပျက်များအတွင်း၌ ခေတ္တခဏ မြင်တွေ့ခဲ့ဘူးသော မြန်မာမလေးသူဇာအား သူတစ်ယောက် မှတ်မိစေခဲ့သည်။ ထို့နောက် ထိုသူများအားလုံးဟာ မိမိနှင့်သူငယ်ချင်းတစ်စုတို့ မတရားပြုမူခြင်း ခံထားရသော အမှု့ကြီးအား ဖြေရှင်းပေးနိုင်ရန် ကြိုးစားနေခဲ့ကြသည့် သုံးနိုင်ငံခြားလူမျိုးကြားများပင် ဖြစ်နေခဲ့သည်အား အနည်းငယ်သိရှိသွားခဲ့ရလေသည်။

     ဆရာဝန်ကြီးသည်လည်း မစ်စတာဂျိမ်းဦးဆောင်သော အဖွဲ့အား ဗလီပျက်ကြီးအတွင်းမှ လျင်မြန်စွာဖြင့် ထွက်ခွာသွားကြရန် အနူးအညွှတ်ပြောဆိုလေခဲ့သည်။ ထို့ကြောင့် သတိလစ်နေခဲ့သော လမ်းကလေးအား သူ၏မိတ်ဆွေ ပယောဂါဆရာ အောင်ကိုမှာမူ ထမ်းရွက်လျက် ခေါ်ခင်နုနှင့် သူဇာအပါအဝင် မူးနောက်နောက်အာရုံများစွာ ဖြစ်ပေါ်နေခဲ့ရသော ဆတီဗင်အား မစ်စတာဂျိမ်းမှာမူ ဆရာဝန်ကြီးလမ်းညွှန်သည့်အတိုင်း စတင်ဦးတည်လေတော့သည်။

       မိမိအား စိတ်မချမှု့များစွာဖြင့် မစ်စတာဂျိမ်းနှင့်အဖွဲ့များ ဗလီပျက်ကြီးအတွင်းမှ စတင် ထွက်ခွာသွားခဲ့သည်နှင့် ဆရာဝန်ကြီးသည်လည်း မိမိ၏အကြောင်းကြားချက်ဖြှင့် ဗလီပျက်ကြီးအတွင်းသို့ ရောက်ရှိလာမည့် ရဲအရာရှိမျာအား တစ်မျိုးတစ်ဖုံဖြင့် လှည့်စားရန် ပြင်ဆင်နေခဲ့စေသည်။ မကြာမီအခ်ျန်တွင်းမှာပင် ဗလီပျက်ကြီးအား မီးတုတ်ကိုင် လူတစ်စုမှ ဝိုင်းရံထားခဲ့ပြီး ခေါင်းဆောင်ဟု သတ်မှတ်နိုင်ခဲ့သော လူတစ်ဦးမှ နောက်လိုက်များစွာဖြင့် ဝင်ရောက်လာခဲ့လေသည်။

    ထိုသူဝင်ရောက်လာခဲ့သည်နှင့် ဘောင်ဘီအနက်ရောက် အရှည်လေးအား ဝတ်ဆင်ထားခါ တီရှပ်အကျီအဖြူရောင်လေးဖြင့် ဗလီပျက်ကြီးအတွင်း၌ တစ်ကိုယ်တည်းရှိနေခဲ့သည့် ဆရာဝန်ကြီးတစ်ဦးတည်းကိုပင် မြင်တွေ့လိုက်ရလေသည်။ ဆရာဝန်ကြီးထင်ထား၏။ ယူနီးဖောင်းဝတ်စုံများဖြင့် မိမိထံသို့ရောက်ရှိလာကြမည့် ရဲအရာရှိကြီးများ။ သို့သော် ယခုရောက်ရှိလာကြသည်က သွေးဆာနေခဲ့သော ပုံစံများဖြင့် အရပ်ဝတ်စားများနှင့်လူအမြောက်များပင် ဖြစ်နေစေတော့သည်။

''ခင်ဗျားဘယ်သူလဲ''
''ကျွန်တော်ဆရာဝန်တစ်ယောက်ပါ''
''ဒီမှာတစ်ယောက်တည်း ဘာလာလုပ်နေတာလဲ''
''နေစမ်းပါဦး… ငါ့ကိုစစ်ဆေးနေရအောင် မင်းတို့က ဘယ်သူတွေမို့လို့လဲ''
''အောင်မာ… ပြန်မမေးနဲ့ ငါတို့မေးတာကိုပဲဖြေ''

      ထိုသူသည်လည်း ဗလီပျက်ကြီးတစ်ခုလုံးအား မျက်လုံးအစုံး အကဲခတ်နေခဲ့ရင်း ဂျစ်ကန်ကန်ပုံစံများဖြင့် ဆရာဝန်ကြီးအား မေးမြန်းလေခဲ့သည်။ ဆရာဝန်ကြီးသည်လည်း ရှောင်ပြေးသွားခဲ့သော မစ်စတာဂျိမ်းနှင့်အဖွဲ့ ခပ်လှမ်းလှမ်းနေရာဆီသို့ လျင်မြန်စွာဖြင့် ရောက်ရှိသွားနိုင်ရန်အတွက် ထိုသူများအား အချိန်ဆွဲနေခါ ပေကပ်ကပ်ပြုမူနေခဲ့သည်။

''ဟေ့လူ… ကျုပ်မေးနေတာဖြေလေ''
''မင်းတို့ကဘယ်သူတွေလဲ… ဘာဖြစ်လို့ ငါ့ကို လာစစ်ဆေးနေရတာလဲ''
''ဒီမှာဆရာဝန်… ခင်ဗျားကို မသင်္ကာစရာလူတစ်ယောက်က မြို့ပြင်က ဘူတာရုံဘေးကို ဆေးကုဖ်ို့ လာခေါ်သွားခဲ့တယ်မဟုတ်လား… အခုအဲ့ဒီသူတွေ ဘယ်မှာလဲ''
''ဟင်… ဒါဆို မင်းတို့က ရဲတွေလား… ရဲတွေတော့ဖြစ်နိုင်မယ်မထင်ဘူး…''
''သိပ်သေချာတာပေါ့… ဒီရုပ်ဒီရည်တွေက ရဲတွေဖြစ်နိုင်ပါ့မလား''
''ဒါဆိုမင်းတို့ကဘယ်သူတွေလဲ''
''ငါတို့ကိုဒုက္ခပေးနေတဲ့ ဖော်ကောင်အဖွဲ့ကို သတ်ဖို့ရောက်လာတဲ့ ကိတ်ကျွန်းပိုင်ရှင် သူဌေးကြီး••••ရဲ့ သားတွေပဲ''
''ဟင်… သြော်… လူယုတ်မာတွေပဲ''
''ဟားဟားဟား… ဟားဟား… ခင်ဗျားရူးချင်ယောင်ဆောင်နေတယ်… မေးတာကို အေးအေးဆေးဆေးဖြေပေးစမ်း… မဟုတ်ရင် ခင်ဗျားကိုသတ်မှာနော်''
''သတ်ချင်လည်းသတ်လိုက်တော့… ငါသေပျော်နေပြီ… အေး… မင်းတ်ို့တစ်ခုသိထားဖို့က မနက်ဖြန်မိုးလင်းတာနဲ့ မင်းတို့သားဖတွေအကုန်လုံး ကြိုးဆင်တတ်ဖို့သာ ပြင်ထားပေတော့…''

''ဟာကွာ… ဒီဆရာဝန်ကတော့… ကဲ့ကွာ…ကဲ့ကွာ ထပ်ပြောစမ်း… ထပ်ပြောစမ်း''
''ဟားဟားဟား… ကြိုးဆင်တတ်ဖို့ မင်းတို့ပြင်ထား''
''ဟေ့ကောင်တွေ ရှိသမျှလမ်းတွေကိုပိတ်ပြီး ပြေးသွားတဲ့ကောင်တွေ နောက်ကိုအမှီလိုက်ကြစမ်း''
''ဟားဟားဟားဟား… လိုက်မနေနဲ့တော့ ငါ့မိတ်ဆွေတွေအားလုံး ဒီကနေ ထွက်သွားကြတာ ကြာလှပြီ အခုဆိုရင်…''
''တိတ်စမ်း… ••••• အဲ့ဒီလူကို သတ်ပစ်လိုက်တော့…''
''ဟုတ်ကဲ့ပါအစ်ကိုကြီး''
''တော်တော်သေချင်နေတဲ့ကောင်… ကဲ့ကွာ သေစမ်း… အဲ့ဒီမှာသေစမ်း''
''အား… အ… အား''

     ဗလီပျက်ကြီးအတွင်းမှ ပြေးရှောင်သွားခဲ့သော မိတ်ဆွေဖြစ်သူများအားလုံးဟာ အဝေးဆီသို့ ရောက်ရှိနေလောက်ပြီဟု ခန့်မှန်းမိမှသာလျင် ဆရာဝန်ကြီးသည်လည်း ထိုသူများအား ပျက်သားစွာဖြင့်ပြောဆိုလေတော့သည်။ ထိုအခါ ထိုသူများမှာလည်း ဆရာဝန်ကြီးအား ဒေါသကြီးစွာဖြင့် အသင့်ရှိနေကြသော ဓားကြီးများဖြင့် ထိုးသတ်လိုက်စေတော့သည်။

''ဒီကောင်တွေဆီမှာ လူနာပါသွားတယ်… သူတို့ ဝေးဝေးပြေးနိုင်ကြမှာမဟုတ်သေးဘူး… ငါတို့အားလုံးလူစုခွဲပြီလိုက်မယ်''

    ဆရာဝန်ကြီးအား အသေသတ်ပြီးသည်နှင့် မီးတုတ်ကိုင် လူတစ်စုသည်လည်း ဗလီပျက်ကြီးအတွင်းမှ ပြေးရှောင်သွားကြသော မစ်စတာဂျိမ်းတို့၏အနောက်ဆီသို့ လူစုခွဲလျက် အသည်းအသန် လိုက်ပါသွားခဲ့ကြလေသည်။

    ပေကပ်ကပ်လုပ်နေခဲ့သော ထိုင်းလူဆိုးကြီးသည်လည်း ထိုသူများအသေသတ်ခဲ့သော ဒေးဗစ်နှင့်ဟန်ဇာတို့မှာ ထိုသူတို့အပေါ်၌ မည်မျှပင် ခြောက်လန့်သွားခဲ့သနည်းမသိ။ သေဆုံးသူဟန်ဇာ၏ အမွှာညီအစ်မ ဟန်နာ့အာ မြင်တွေ့လိုက်ရသည်နှင့် ကြောက်လန့်တကြားဖြစ်သွားလေခါ သူတစ်ယောက်သိရှိထားသမျှ ကိတ်ကျွန်းအပေါ်မှ အဖြစ်အပျက်များကိုပင် ဖွင့်ဟ ဝန်ခံလိုက်ချေတော့သည်။

  ''သြော်!… တော်တော်ရက်စက်တဲ့ သူတွေပါလား''
  ''တွေ့ကြသေးတာပေါ့ကွာ… ဆရာကြီးတို့ သူ့ကိုအချုပ်ထဲ သေချာထည့်ထားပေးပါ''
   ''ဟေ့လူ… ဟေ့လူ… ကျုပ်… ကျုပ်ကို ကျုပ်ကိုတစ်ယောက်တည်း တစ်ယောက်တည်းမထားပါနဲ့… ကျုပ်ကိုသရဲမ လာသတ်သွားလိမ့်မယ် ကျုပ်ကိုတစ်ယောက်တည်း မထားကြပါနဲ့ဗျာ''
''စိတ်ချပါ… မင်းကို လုံခြုံရေးတွေနဲ့ သေသေချာချာထားမှာ… သရဲမ မင်းကိုလာမသတ်နိုင်ပါဘူး စိတ်အေးအေးနဲ့ အချုပ်ထဲကို ဝင်နေပေး…''
''ခင်ဗျား… ခင်ဗျားတကယ်ပြောနေတာလား''
''ဟုတ်တယ်… မင်းပြောတဲ့ လူသတ်မှု့ကြီးကို အမှန်တကယ်ကျူးလွန်ခဲ့ကြတဲ့ ကျွန်းလူမိုက်သုံးယောက်ကို ငါတို့သွားဖမ်းမယ်… တရားခွင်မှာ မင်းသိထားသမျှ အကြောင်းအရာတွေ အားလုံး ထွက်ဆိုပေးရမယ်… အဲ့ဒါဆိုရင် သူများအကြပ်ကိုင်ခိုင်းလို့ လုပ်ပေးရတဲ့ မင်းတို့အားလုံးကို အမှု့ကနေ ပေါ့ပေါ့ဆဆ အရေးယူပေးလို့ရတယ်… ဒီလိုမဟုတ်ပဲ မင်းလူတွေဘက်က ကာကွယ်ပေးနေခဲ့ရင်း အလိုတူအလိုပါတရားခံအဖြစ် အပြစ်ပေးတာခံရမယ်''
''စိတ်ချပါဗျာ… စိတ်ချပါ… ကျုပ်သိထားသမျှ ပြောပြပေးမှာပါ တစ်နေ့တစ်နေ့ အဲ့ဒီလူသတ်မှု့ကြီးကို ကျုပ်စိတ်တွေခြောက်ခြားပြီး ထိတ်လန့်နေခဲ့ရတာ… အခုတော့ မထူးတော့ပါဘူးဗျာ ကျုပ်စိတ်က ကျုပ်ကိုပြန်သတ်နေတဲ့အတူတူ အမှန်တိုင်းပြောပြလိုက်တာကမှ ပိုကောင်းပါသေးတယ်''
''အေးပါ မင်းအတွက် ငါတို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးသွားမှာပါ… ကဲဆရာတို့ သူကိုအချုပ်ထဲ ထည့်ထားလိုက်ပါ''

     အမေရိကန်သမ္မတကြီးနှင့်အတူ ထိုင်းဘုရင်ကြီး၏ ညာလက်ရုံးကိုယ်ရံတော်ကြီးတို့၏ အရှေ့မှောက်တွင်မူ ထိုင်းလူဆိုးကြီးမှာ သူတစ်ယောက်သိရှိထားသမျှ အကြောင်းအရာတို့အား အလုံးစုံပြောပြလေခဲ့သည်။ ထို့နောက် ဧည့်ခန်းဆောင်အပြင်၌ ရောက်ရှိနေခဲ့ကြသော နိုင်ငံခြားသားများနှင့်အတူ စကားလက်ခံပြောဆိုနေခဲ့ကြသည့် မြန်မာအရာရှိကြီးများသည်လည်း အမေရိကန်သမ္မတကြီးနှင့် ကိုယ်ရံတော်ကြီးတို့ထံသို့ ရောက်ရှိလာခဲ့ကြလေသည်။

''သမ္မတကြီး… ကိုယ်ရံတော်ကြီး''
''ဟုတ်တယ်ကိုမောင်ဝင်း… ခင်ဗျားမိတ်ဆွေလေးတွေပြောသလိုပဲ ကိတ်ကျွန်းလူသတ်မှု့ကြီးကို တကယ်ကျူးလွန်တဲ့ တရားခံတွေက ကျွန်းသူဌေးသားတွေပဲါ''
''ဟုတ်ကဲ့သမ္မတကြီး… တရားခံအစစ်တွေကို ကျွန်တော်တို့သိထားပြီးပြီဆိုတော့ ဘာဆက်မယ်လို့ သမ္မတကြီးစီစဉ်ထားလဲ''

''ဘာဆက်လုပ်ရမှာတုန်းဗျ… အခုပဲ ဖမ်းဝရမ်းထုတ်ပြီး သွားဖမ်းမယ်''
''သမ္မတကြီး… သူတို့အားလုံး အခုဘယ်ကိုရောက်နေကြတယ်ဆ်ုတာ သိထားရဲံ့လားခင်ဗျ''
''အင်း… အခုနလူရဲ့ ပြောပြချက်တွေအရ ကျွန်းသူဌေးသား သုံးယောက်စလုံး ဒီမြို့ပေါ်က သူ့အဖေအိမ်မှာ ရောက်နေကြတယ်… ကဲ… ကိုမောင်ဝင်း… ကိုယ်ရံတော်ကြီး… ကိုယ်ရံတော်ကြီးရဲ့ အထူးရဲတပ်ဖွဲ့တွေကို အမြန်ဆုံးအကြောင်းပါ… အခုချက်ချင်းပဲ ကျွန်းသူဌေးကြီး•••• အိမ်ကို ကျုပ်တို့ဦးတည်မယ်…''
''ဟုတ်ကဲ့ပါသမ္မတကြီး အားလုံးအဆင်သင့်ပါပဲ''
''ကောင်းပြီ ဒါဆို ကျုပ်တို့အခုပဲ သွားကြတာပေါ့''

     ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးရာတွင် အချိန်သုံးရက်မျှသာ ရရှိထားခဲ့သည်ကြောင့် ထိုသုံးရက်အတွင်း နေ့မနား၊ ညမနား၊ ကြိုးစားနေခဲ့ရရင်း ယခုမိုးလင်းခါနီးအချိန်တွင်း၌ ကျွန်းလူမိုက်သုံးဦးအား သွားရောက်ဖမ်းစည်းစေရန် မြန်မာသံအမတ်ကြီးနှင့်အတူ မြန်မာရဲမင်းကြီး ။ မြန်မာရဲအရာရှိကြီးကိုမောင်ဝင်း အပါအဝင် အမေရိကန်သမ္မတကြီး•••••။ ထိုင်းဘုရင်ကြီး၏ ကိုယ်ရံတော် ရဲတပ်ဖွဲ့များသည်လည်း ထိုသူသုံးဦး ရှိနေရာဆီသို့ လျင်မြန်စွာဖြင့် ဦးတည်ကြလေတော့သည်။

                          ******
*ဗလီပျက်ကြီးအတွင်းမှ ပြေးရှောင်သွားကြသော မစ်စတာဂျိမ်းတို့အဖွဲ့များမှာ ဆရာဝန်ကြီးလမ်းညွှန်ချက်အတိုင်း ရောက်ရှိသွားနိုင်ကြမည်လား။ သို့မဟုတ်…

*ကိတ်ကျွန်းလူသတ်မှု့ကြီး၏ လူသတ်သေများအားလုံး သေဆုံးသွားခဲ့ရသည့် အချိန်ခါမျိုး၌ မည်သည့်သက်သေအား အကောင်းဆုံးထုတ်ပြနိုင်မည်နည်း။

*အောက်လမ်းဆရာကြီး ဦးပစ္စအား နိုမ်နင်းနိုင်ရန်အတွက ကြာကျင်စိန်၏ အကူညီများစွာ လိုအပ်ပေမည်။ ကြာကျင်စိန်တစ်ယောက် မည်သည့်ဆီသို့ ရောက်ရှိနေခဲ့ရသနည်း။

*ကျွန်းလူမိုက်သုံးဦးအား သွားရောက်ဖမ်းစည်းသော အမေရိကန်သမ္မတကြီးနှင့်အဖွဲ့များမှာ ထိုသူသုံးဦးအား လွယ်ကူစွာနှင့် ဖမ်းစည်းရမည်လား။ သို့မဟုတ်…

*သေဆုံးသူဟန်ဇာ၏ အမွှာညီအစ်မ ဟန်နာ့အား ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် မည်သို့ပင် ပရိယာယ်သုံးလျက် ဖော်ထုတ်စစ်သွားမည်နည်း။

 … … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

   စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
     လေးစားစွာဖြင့်…
     စာရေးသူ-ထီးကလေး

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
    ၁၈.၁၀.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
 
*ကိတ်ကျွန်းလူသတ်မှု့ကြီး၏ လူသတ်သေများအားလုံး သေဆုံးသွားခဲ့ရသည့် အချိန်ခါမျိုး၌ မည်သည့်သက်သေအား အကောင်းဆုံးထုတ်ပြနိုင်မည်နည်း။



*သေဆုံးသူဟန်ဇာ၏ အမွှာညီအစ်မ ဟန်နာ့အား ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် မည်သို့ပင် ပရိယာယ်သုံးလျက် ဖော်ထုတ်စစ်သွားမည်နည်း။ ထိုပရိယာယ်သည်လည်း အောင်မြင်လေမည်လား။

*ဖမ်းစည်းခြင်းခံထားခဲ့ရသော ဝိဥာဉ်များဟာ တရားခွင်သို့ ရောက်ရှိလာနိုင်ရန် အောက်လမ်းဆရာကြီး ဦးပစ္စအား နိုမ်နင်းနိုင်ရန်လိုသည်။ အောက်လမ်းဆရာကြီးအား နိမ်နင်းနိုင်ရန် ကြာကျင်စိန်၏ အကူညီများစွာ လိုအပ်ပေမည်။ ကြာကျင်စိန်တစ်ယောက် မည်သည့်ဆီသို့ ရောက်ရှိနေခဲ့ရသနည်း။

 … … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၃၀)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

   စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
     လေးစားစွာဖြင့်…
     စာရေးသူ-ထီးကလေး

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
    ၂၂.၁၀.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages