တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁၇)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁၇)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
ကြုံးဝါးထား၏။ မည်သည့်ကြိုတင်ပြင်ဆင်မှု တစ်ခုမျှမရှိတော့ချေ။ ဖုတ်ကောင်ကြီးအား ပြန်လည်ဖမ်းနိုင်မည့် လက်နတ်ပစ္စည်းများလည်း မရှိတော့။ သို့သော်ဇွဲမလျော့ ထိုတစ်ကြိမ်သာ ဖုတ်ကောင်ကြီးအား ဖမ်းမိလျင် မည်သူ့စကားမှ နားမထောင်ပဲအပျက်သာလျင် ရှင်းပစ်တော့မည်။
အထီးကျန်နေသည်ဟုဆိုရလေမလား။ တစ်ရွာလုံးဟာ ခြောက်ကပ်နေခဲ့ပြီး မှော်ဆရာကြီးနှင့် ထီးကလေး၊ လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်တန်ခိုး၊ ဆန်းထွန်းပိုင်နှင့်အတူ ရွာခံရွာသားလေးဦးသာ ရှိနေခဲ့သည်။ ကျန်ရွာသာများနှင့် မိတ်ဆွေအစ်ကိုအောင်မှာမူ မှော်ဆရာကြီး၏ စေခိုင်းချက်ဖြင့် အိပ်စေမိကာ အိပ်မောကျနေသော ရဲအရာရှိများနိုးထမည့်အချိန်ထိ အပိုင်စခန်းအတွင်း၌ စောင့်ကြည့်စေရန် မှာကြားထားခဲ့သည်။ ဆန်းထွန်းပိုင်၏မျက်နှာပြင်တွင်လည်း ဇနီးသည်အားလွန်စွာမှပင် စိုးရိမ်နေခဲ့ပြီး ဇနီးသည်၏အလာအား မျှော်ငေးစောင်ကြည့်နေလေခဲ့သည်။ သို့ပေမယ့် ယခုညနေဆောင်းလာသည်အထိ ဇနီးဖြစ်သူမှာ မိမိ၏ထံသို့ ပြန်လည်၍ ရောက်ရှိမလာခဲ့ချေ။ လူငယ်များမှာလည်း ဆန်းထွန်းပိုင်အား စိတ်ဓာတ်မကျစေရန် အားပေးစကားများစွာ ပြောဆိုနေခဲ့သော်လည်း မိမိအား အားပေးနေသည်ကို ကြိုတင်သိရှိထားသည့် ဆန်းထွန်းပိုင်တစ်ယောက်မှာတော့ ပုံစံပြောင်းလဲသွားခြင်းမရှိ။ မှိုင်တွေနေလေခဲ့သည်။
ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် ဒဏ်ရာရရှိသွားကြသော ရွာသားများဟာ သေဆုံးသွားခဲ့ပြီး ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းလာခါ ဆေးရုံဝန်ထမ်းများအား ရန်ရှာစေခဲ့သည်။ ထို့ကြောင့်ဆေးရုံဝန်ထမ်းများသည်လည်း ဒဏ်ရာရရှိသွားကြခါ ဖုတ်ကောင်အဖြစ်သို့ မကူးပြောင်းလာစေရန် နှစ်ပေါင်းများစွာသိမ်းဆည်းထားခဲ့သော ဆေးများဖြင့် မှော်ဆရာကြီးမှာ ကုသပေးခဲ့ရသည်။ ထို့ကြောင့် မိမိ၌ပါလာသော ဆေးလုံးများဟာ လျော့ပါးသွားခဲ့ပြီး ယခုအခါဆေးတစ်လုံးတည်းသာ အသက်စောင့်အနေဖြင့် မိတ်ဆွေထီးကလေးအား ပေးထားစေသည်။ ထီးကလေးဟာလည်း ထိုဆေးနှင့် ဖုတ်ကောင်တစ်ပိုင်းအဖြစ်သို့ ရောက်ရှိနေသော ကေသရီအား ပြန်လည်ကုသ၍ရနိုင်မည်လားဟု မှော်ဆရာကြီးအား မေးစေခဲ့သည်။ ထို့ကြောင့်မှော်ဆရာကြီးဟာ ထိုဆေး၏ အစွမ်းများအား ယခုအခါ အကြောင်းစုံပြောပြလေခဲ့သည်။
''အင်း !… အသိစိတ်ပျောက်နေတဲ့ ဖုတ်ကောင်လုံးလုံးမဖြစ်သေးတော့ မင်းဆီမှာရှိနေတဲ့ ဆေးနဲ့သူ့ကိုပြန်ကုပေးနိုင်တယ် … သာမာန်ဒဏ်ရာရထားတဲ့သူကိုတော့ ဆေးလုံးကြိတ်ပြီး အုံထားပေးတာနဲ့ ချက်ချင်းကောင်းသွားနိုင်တယ် … ဖုတ်ကောင်တစ်ပိုင်းဖြစ်နေပြီဆိုရင်တော့ နှလုံးထိ ဆေးအာနိသင် အမြန်ဆုံးသတ်ရောက်နိုင်အောင် ဆေးအလုံးလိုက် မြိုချပစ်ရမယ်''
''ဒါဆို ဆန်းထွန်းပိုင်အတွက် သတင်းကောင်းပဲပေါ့ … ဒီဆေးလုံးတွေ ဦးလေးဆီမှာ ရှိနေသေးလား''
''ဟင့်အင်း … မရှိတော့ဘူး ဒီဆေးတွေကို ငါသိမ်းထားခဲ့တာ … နှစ်ပေါင်း(၅၀)ကျော်နေပြီ … လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀)လောက်တုန်းက ဒီဖုတ်ကောင်ကြီး တရုတ်ပြည်မှာအခုလိုပဲ ဆိုးသွမ်းနေလို့ ဒဏ်ရာရတဲ့သူတွေ အများကြီးရှိတယ် … ငါ့အဖိုးက နာမည်ကြီးမှော်ဆရာတစ်ယောက်ဆိုတော့ သူ့ကိုပဲ ပြည်သူတွေအားထားရတယ် … ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်အနေနဲ့ ကုဖို့အတွက် ဒီဆေးတွေကို ငါ့အဖိုးကိုယ်တိုင်ဖော်စပ်ခဲ့တာ … ငါ့အဖေလဲ သူမသေခင်အချိန်အထိ ဒီဆေးတွေကို သိမ်းသွားခဲ့တယ် … ငါ့လက်ထက်ရောက်တော့လဲ အခုချိန်ထိ ငါသိမ်းထားခဲ့တုန်း … ဒါပေမယ့် ဘယ်လိုမှမယုံနိုင်လောက်အောင် အဖိုးပြောပြခဲ့တဲ့ ဒဏာရီထဲက ဖုတ်ကောင်ကြီးပြန်ရှင်သန်လာတော့ အခုသူ့ဆေးတွေကို လူတွေအတွက် ငါကောင်းကောင်း အသုံးချနိုင်ခဲ့ပြီလေ''
''သြော် !… ဒါကြောင့် တရုတ်ပြည်မှာ ဖုတ်ကောင်ဆိုတာ တကယ်ရှိခဲ့တာကို''
''သိပ်ရှိခဲ့တာပေါ့ … ''
''ဒါနဲ့ဦးလေး … ဖုတ်ကောင်ကြီးဒီညရောက်လာခဲ့ရင် ကျုပ်တို့ဘာအရင်လုပ်ကြမလဲ''

''မင်းတို့ငါးယောက်က ငါ့ဘေးနားမှာနေကြ … ထွေထွေထူးထူးတော့ ဘာမှမလုပ်ပါဘူး … အခုနိုင်လွန်ကြိုးကြီးတွေ ရထားပြီးမဟုတ်လား''
''ဟုတ်ကဲ့ဦးလေး''
''အေး … အဲ့ဒီကြိုးတွေနဲ့ ဖုတ်ကောင်ကြီးကို ဖမ်းမယ် … မိပြီဆိုတာနဲ့ ဒီဓားနဲ့ဖုတ်ကောင်ရဲ့နှလုံးတည့်တည့်ကို ထိုးပစ်လိုက်ရုံပဲ ဒါဆို နောက်တစ်ခါဘယ်တော့မှ ဖုတ်ကောင်ကြီးဆိုတာ မရှိနိုင်တော့ဘူး''
''ဟုတ်ကဲ့ဦးလေး … ''
''ငါတို့အားလုံး အရင်ကထက်ပိုပြီး အစစအရာရာ ဂရုစိုက်ဖို့လိုတယ် … ငါတို့ဆီမှာ ဘာလက်နက်မှ မရှိတော့ဘူး''
''ဦးလေး … ရွာခံတစ်ယောက်ကို ကျုပ်နေ့လည်က ကြက်တွေရသလောက် ဝယ်လာခိုင်းထားတယ် … ဦးလေးများ ကြက်သွေးလိုမလား မသိဘူး''
''လိုတယ် … မင်းတို့ရွာထဲရောက်နေတုန်း … အားလုံးငါစီစဉ်ပြီးသွားပြီး ငါကိုယ်တိုင်လည်လှီးပြီး နိုင်လွန်ကြိုးတွေကို ကြက်သွေးစိမ်ထားတယ် … ဒီတစ်ညတော့ လရိပ်အောက်မှာ အဲ့ဒီကြိုးတွေကို အစီရင်လုပ်ထားမယ် … မနက်ဖြန်ရောက်တာနဲ့ အဲ့ဒီကြက်သွေးစိမ်ထားတဲ့ ကြိုးတွေမှာ မှော်ဓာတ်တွေဝင်ရောက်နေပြီပဲ''
''ဟင် … ဒါဆို ဒီညအဲ့ဒီကြိုးတွေကို သုံးလို့မရသေးပေါ့ဟုတ်လားဦးလေး''
''ဟုတ်တယ် … ဒီညအတွက်တော့ ရိုးရိုးကြိုးတွေကိုပဲ အသုံးချရမယ်''

ရွာတောင်ပိုင်းဝင်ပေါက်တွင် ဖြစ်ချေသည်။ မှော်ဆရာကြီး၏ဘေး၌ မိတ်ဆွေလူငယ်လေးများ ဝိုင်းရံနေခဲ့ပြီး အရှေ့စူးစူးသို့ မျှော်ငေးလျက် မှော်ဆရာကြီးတစ်ယောက် ကြိုတင်အစီစဉ်များ ပြောကြားနေလေခဲ့သည်။ အချိန်ဟာ တစ်ဖြည်းဖြည်းနှင့် ညနေစောင်းအချိန်သို့ကူးပြောင်းလာနေခဲ့ပြီး ဆောင်းညနေ၏ အေးစိမ့်စိမ့်သည်လည်း သတ်ရောက်နေလေခဲ့သည်။ ဖုတ်ကောင်တစ်ပိုင်းဖြစ်နေသည့် ကေသရီဟာလည်း ယခုအချိန်ထိပင် လင်ယောကျာ်းဖြစ်သူထံသို့ ပြန်လည်၍ရောက်ရှိမလာခဲ့ချေ။ ဆန်းလေး၏အပူ မည်သူလာ၍ငြိမ်းစေနိုင်သနည်း။ အားကိုရသည့် မှော်ဆရာကြီးနှင့် မိတ်ဆွေများမိမိ၏ဘေး၌ ရှိနေခဲ့သော်လည်း ဇနီးသည်ဟာ မိမိ၏အနား၌ရှိမနေခဲ့။ ယခုအချိန်သာ ဇနီးဖြစ်သူ မိမိထံသို့ရောက်ရှိလာခဲ့မည်ဆိုလျင် မှော်ဆရာကြီး၏ဆေးအစွမ်းဖြင့် ဇနီးသည်မှာပြန်လည်၍ ကောင်းမွန်လာမည်မှာ မလွဲချေ။ သို့သော် ယခုအချိန်ထိပင်လျင် ဇနီးသည်၏ မည်သည့်အရိပ်အယောင် တစ်ခုကိုမျှ မတွေ့ခဲ့ရ စိတ်ပူစွာဖြင့်မျှော်မြဲတိုင်းသာ မျှော်နေချေခဲ့သည်။
ဦးသိပ္ပနှင့်အသက်ရှင်လျက် ကျန်ရှိနေသော တပည့်များသည်လည်း ကားကြီးအားမောင်းနှင်၍ လွတ်ကင်းရာဆီသို့ ရောက်ရှိခဲ့ကြသည်။ ခိုးယူလာခဲ့သော ဖုတ်ကောင်ကြီးသည်လည်း လွတ်မြောက်သွားခဲ့ရပြီး အားကိုးရသည့် တပည့်ဖြစ်သူဒီပသည်လည်း အသက်ပေးခဲ့ရသည် ။ ထို့ကြောင့် မိမိသည်လည်း ရန်ကုန်သို့သာ ပြန်တော့မည်ဟု တွေးမိလျက် အဝေးပြေးလမ်းမအတိုင်း ကားကြီးအားမောင်းနှင်စေခဲ့သည်။ သို့ပေမယ့် ဦးသိပ္ပဟာ ယခုမောင်းလက်စကားကြီးအား ရပ်တန့်လိုက်ပြီး
''ဆရာ … ဘာလုပ်ဖို့လဲ''
ရန်ကုန်သို့အပြန် အဝေးပြေးလမ်းမတစ်ဝက်၌ ကားကြီးအား ရုတ်တရက်ရပ်တန့်လိုက်သည်ကြောင့် တပည့်ဖြစ်သူများမှာ ဝိုင်းဝန်းမေးမြန်းကြလေသည်။ ထို့နောက် ပါးစပ်မှခဲထားသည့် ဆေးပြင်းလိပ်အား ဖြုတ်စေကာ ရှင်းလင်းနေသည် အဝေးပြေးလမ်းကြီးဆီသို့မျှော်ငေးကြည့်လိုက်ရင်း

''ငါရန်ကုန်ကို မပြန်သေးဘူး''
''ဟင် … ဘယ်ကိုသွားမလို့လဲဆရာ''
''ကြံခင်းနယ်ကို ပြန်သွားမယ်''
''ဗျာ … ကြံခင်းနယ်ကို ပြန်သွားမယ်ဟုတ်လားဆရာ''
''ဟုတ်တယ် … ငါအမြင်မှန်ရပြီ ငါလောဘကြောင့် အပြစ်မဲ့တဲ့သူတွေ သေကြရတယ် … ငါ့ရဲ့အားကိုရဆုံးတပည့် ဒီပလည်း အသက်ပေးလိုက်ရပြီ … ဒီတစ်ခါကြံခင်းနယ်ကို ပြန်သွားမယ့်ရည်ရွယ်ချက်က ဖုတ်ကောင်ကြီးကို ငါအပျက်ရှင်းချင်လို့ပဲ''
''ဗျာ … ဘယ်လို … ဆရာဖုတ်ကောင်ကြီးကို အပျက်ရှင်းမလို့ ဟုတ်လားဆရာ''
''ဟုတ်တယ် … ''
''ဟာဗျာ … ဆရာကလည်း … ဘယ်လိုလုပ်ဖြစ်မှာလဲ ဟိုဖုတ်ကောင်ကြီးက လူလဲမဟုတ်ဘူး … ဘာမှကြောက်တာလဲ မဟုတ်ဘူး မလုပ်ပါနဲ့ဆရာရယ် … ကျုပ်တို့နဲ့ပဲ ရန်ကုန်ကိုပြန်လိုက်ခဲ့ပါ''

''မလိုက်တော့ဘူး … မင်းတို့အားလုံးလဲ မလိုက်ရဲတဲ့သူ ရန်ကုန်ကိုပြန်ကြ … ငါကတော့ ကိုယ်စခဲ့တဲ့ဇာတ် ကိုယ်နိုင်အောင်သိမ်းရမှာပဲ''
''ဟာဗျာ … ဆရာ … မဖြစ်ဘူးနော်''
''တော်တော့ … မင်းတို့ရန်ကုန်ကို ပြန်ချင်တဲ့သူတွေ ဒီနားကပဲ ကားတားဆီးသွားကြတော့ ငါကတော့ ကြံခင်းနယ်ကိုပြန်သွားမဟ် … လိုက်ရဲတဲ့သူ လိုက်ခဲ့ကြ''
''ဟာဗျာ … ဆရာ … မဖြစ်ဘူးနော်''
''တော်တော့ … မင်းတို့ရန်ကုန်ကို ပြန်ချင်တဲ့သူတွေ ဒီနားကပဲ ကားတားဆီးသွားကြတော့ ငါကတော့ ကြံခင်းနယ်ကိုပြန်သွားမဟ် … လိုက်ရဲတဲ့သူ လိုက်ခဲ့ကြ''
ထိုသို့ပြောဆိုကာ ကားတံခါးဆီသို့ ပြေးညင်းစွာလျောက်လှမ်းသွားလေသည်။ ဖုတ်ကောင်ကြီးအား မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ဘူးသည့် ကြေးစာလူမိုက်များမှာ ထိတ်လန့်နေခဲ့ကြပြီး ဦးသိပ္ပ ၏အနောက်သို့ မည်သူမှ လိုက်ပါမလာခဲ့ချေ။ မိမိ၏ကျွေးမွေးထားသော သစ္စာရှိလှပါသည်ဟူသော တပည့်များဟာ ယခုအခါ သေတွင်းဆီသို့ သွားရောက်မည့်အချိန်၌ မည်သူတစ်ဦးတစ်ယောက်မျှ မလိုက်ပါရဲတော့ချေ။ ထိုအဖြစ်ကြောင့် ဦးသိပ္ပသည်လည်း သံဝေဂတရားများစွာ ပိုမို၍ရမိသည်။ မိမိ၏လောဘကြောင့် အသက်ပေးသွားရသော သစ္စာရှိလှသည့် တပည့်ဖြစ်သူဒီပအားလည်း ယခုအချိန်၌ပို၍ တမ်းတမိခဲ့ချေသည်။
ထို့သို့အတွေးများစွာဖြင့် ကားတံခါးဆီသို့ လျောက်လှမ်းသွားရင်း မိမိ၏အနောက်၌ မည်သူများလိုက်ပါလာမည်နည်းဟု တွေးမိခါ ခြေလှမ်းများအား ခေတ္တရပ်တန့်လျက် အနောက်သို့ ပေစောင်းစောင်းတစ်ချက်ကြည့်လိုက်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ လိုက်ပါမလာခဲ့ချေ။ ဝမ်းနည်းမိ၏။ သေတူရှင်မကွာ တပည့်ဒီပအား။ ခေါင်းအားငြိမ့်မိလိုက်သည်။ နှုတ်ခမ်းအား တင်းရင်းစွာစေ့လိုက်ရင်း တစ်ကိုယ်တည်းသာလျင် ထွက်ခွာတော့မည်ဟု ကြံရွယ်လျက် ကားတံခါးအားလျင်မြန်စွာဖွင့်လိုက်သည်။ ထို့နောက်စက်နှိုး၍ ဘတ်မှန်အားကြည့်မိလိုက်စဉ် တပည့်ဖြစ်သူ ကျော်ထက်တစ်ယောက် ကားဆီသို့အပြေးရောက်လာသည်အား မြင်တွေ့လိုက်ရလေသည်။
''ဆရာ … ဆရာနဲ့ကျုပ်လိုက်ပါရစေ''
''ဆရာ … ဆရာနဲ့ကျုပ်လိုက်ပါရစေ''
တပည့်ကျော်ထက်၏စကားအား ကြားလိုက်ရသည့် ဦးသိပ္ပမှာ လွန်စွာပီတိဖြစ်မိသည်။ သို့နှင့် ကားပြတင်းပေါက်မှနေ၍ အောက်၌ရှိနေသော တပည့်ကျော်ထက်အား သွားမပေါ်သည့်အပြုံးဖြင့် ပြုံပြလိုက်ရင်း
''ကျော်ထက် … မင်းတကယ်လိုက်ရဲလို့လား''
''ဆရာ … ကျုပ်က တစ်ကောင်ကြွက်ပါ … ဆရာသာ ကျုပ်ကို လမ်းဘေးကနေ မခေါ်ထားခဲ့ရင် ကျော်ထက်ဆိုတဲ့ကျုပ်ဆီမှာ ဒီလိုနေ့မျိုးဆိုတာ ရှိမလာနိုင်ဘူးဆရာ … ဆရာက ကျုပ်ရဲ့ကျေးဇူးရှင်ပါ … သေအတူရှင်မကွာ ဆရာနဲ့ကျုပ်လိုက်ပါရစေ''

ကျော်ထက်ဆီမှ ထိုစကားအား ထပ်မံ၍ကြားလိုက်ရသည့် ဦးသိပ္ပဟာ ယခုအခါပီတိများစွာဖြစ်လျက် ဝဲလျက်မျက်ရည်များနှင့်အတူ အပြစ်ကင်းလှသည့်အြ့ပုံးဖြင့် ထပ်မံ၍ပြုံးစေကာ
''ကဲ … လာ … တတ်''
ကားတံခါးအားဖွင့်ပေးလျက် ရန်ကုန်ဆီသို့မောင်းနှင်လာခဲ့သော အဝေးပြေးလမ်းမဆီသို့ နောက်ကြောင်းလှည့်ခါ ဖုတ်ကောင်ကြီးအား မိမိကိုယ်တိုင်ပင်လျင် အဆုံးသတ်မည်ဟု ကြံရွယ်လျက် ကြံခင်းနယ်ဆီသို့ ဦးတည်မောင်းနှင်လာခဲ့လေတော့သည်။ အချိန်ကား မွန်းတည့်အချိန်ဖြစ်လျက် တပည့်ဖြစ်သူကျော်ထက်အား ဘေးခုံ၌ထိုင်ခိုင်းစေပြီး ကြံခင်းနယ်ဆီသို့ အဝေးပြေးလမ်းမအတိုင်း ဦးတည်မောင်းနှင်လာခဲ့ရင်း
''ဟင် … ကားဘာဖြစ်တာလဲ''

နေမဝင်ခင် ကြံခင်းနယ်ဆီသို့ရောက်ရှိရန်အတွက် လျင်မြန်စွာမောင်းနှင်နေသည့် ကားကြီးမှာ ရုတ်တရက်ထိုးရပ်သွားခဲ့လေသည်။ ကျော်ထက်၏အမေးအား ဦးသိပ္ပတစ်ယောက် ပြန်လည်မဖြေပေး။ တံခါးဖွင့်လျက် ကားအောက်သို့ ဆင်းလာခဲ့သည်။
''ကားပျက်သွားပြီ .… ''
''ဗျာ … ဘယ်လိုလုပ်ကြမလဲဆရာ''
''မတတ်နိုင်ဘူး ငါလဲမပြင်တတ်ဘူး … ကားကပျက်ရုံတင်မကဘူး … ဘီးလဲပေါက်သွားပြီ ဆီလဲခမ်းတော့မယ်''
''အဲ့ဒါမှဒုက္ခပဲဆရာ ! … လမ်းအလည်ခေါင်တည့်တည့်ကြီးဖြစ်နေတယ် … ဒီနားမှာ ဆီးဆိုင်လဲမရှိဘူး ဝတ်ရှော့လဲမရှိဘူးဆရာ''
''ဘယ်တတ်နိုင်မလဲကွာ … ကြံခင်းနယ်ရောက်ဖို့ သိပ်မလိုတော့ပါဘူး … လာတဲ့ကားကို အကူညီတောင်းကြည့်ကြတာပေါ့''

မောင်းနှင်လာသည့်ကားကြီးဟာ ယခုအခါပျက်လျက်သွားခဲ့ပြီး ကားဘီးပေါက်ရုံတင်မက ဆီများသည်လည်း ကုန်ခမ်းနေခဲ့လေပြီ။ အထီးကျန်ဆန်နေသည့် အဝေးပြေးလမ်းမကြီး၌ ရှင်းလင်းနေကာ ဘေးပတ်ဝန်းကျင်၌ လယ်ကွင်းပြင်များသာ တည်ရှိနေလေခဲ့သည်။ ထို့ကြောင့် လမ်းကြုံကားအား တားလျက် အကူညီတစ်ခုခုတောင်းမည်ဟု တွေးထားခါ ဆရာတပည့်နှစ်ယောက် အားတင်းစွာဖြင့်စောင့်မျှော်နေလေခဲ့သည်။ သို့သော် မိမိတို့၏ တားဆီးမှုများအား မည်သည့်ကားတစ်စီးမှ ရပ်တန့်မပေးခဲ့ချေ။
* * *
နေဝင်ဆည်းဆာ နေမင်းကြီးဟာ ကောင်းကင်တစ်ခုလုံး နီးမြန်းသွားခဲ့ပြီး လိမ္မော်ရောင်အဆင်းနှင့် အနောက်အရပ်သို့ ဦးတည်နေလေခဲ့သည်။ တိမ်းများစွာဟာလည်း တောက်ပနေခဲ့ပြီး အထီးကျန်နေသည့် လသာရွာလေး၌ လွမ်းမောဖွယ်ခံစားမှုများအား အပြည့်ဝခံစားနေခဲ့ရသည်။ ဆောင်းလေသွေးများ၏ တစ်ချက်ချက်တိုက်ခိုက်လာလျင် ရွာတောင်ပိုင်းဝင်ပေါက်၌ရှိနေကြသော မှော်ဆရာကြီးတို့အဖွဲ့အား ကြက်သီးများစွာ ထစေလောက်သည်။ ကမ္ဘာတည်သ၍ ရောက်ရှိနေမြဲဖြစ်သည့် ညဦးအပိုင်းအချိန် ၊ ယခုသည်လည်း ကမ္ဘာတည်နေဆဲမို့ ရောက်ရှိခဲ့လေပြီ ထိုအချိန်ဆီ။
''ဆရာကြီး … ကိုထီးလေး''
စိတ်ဓာတ်များစွာကျနေခဲ့သည်။ အသံအားဖြင့် ပျော့နေလျက် မျက်ဝန်းအတွင်းမှ ဝဲလျက်မျက်ရည်များ စီးကျလုနီးပါး။ မာန်တင်းကာ ဖုတ်ကောင်ကြီး၏ အလာအား စောင့်မျှော်နေခဲ့သော မိမိ၏ဘေး၌ရှိသည့် မှော်ဆရာကြီးနှင့်ထီးကလေးအား ဆန်းထွန်းပိုင်တစ်ယောက် ခေါ်လိုက်လေသည်။

''ပြောလေ !… ဆန်းလေး … ဘာဖြစ်လို့လဲ''
''ကျုပ် … ကျုပ်ကေ့ကို သွားရှာချင်တယ်ဗျာ … ကျုပ်ကိုခွင့်ပြုပါ'
''ဟာ … ဘယ်ဖြစ်မှာလဲ … မင်းအတွက်အန္တရယ်များလွန်းတယ် … ကေပြန်လာမှာပါကွာ … ငါတို့တာဝန်ယူပါတယ်''
''ကျေးဇူးတင်ပါတယ်ကိုထီးလေးရာ … ဒါပေမယ့် ကျုပ်ကေ့ကိုစိတ်မချဘူး သူတစ်ခုခုဖြစ်နေပြီနဲ့ထင်တယ် … ကေမရှိရင် ကျုပ်လဲမရှိနိုင်ဘူး … ကိုထီးလေးရယ် ကျုပ်ကိုရူးတယ်လို့ ပြောချင်လဲပြောပါဗျာ … ကေ့ကိုကျုပ်ဘယ်လောက်ထိ ချစ်လဲဆိုတာ ခင်ဗျားတို့အားလုံးသိမှာပါ … အိုးဗျာ!… ဖြစ်ချင်ဖြစ်ကျုပ်အခုပဲ သွားရှာမယ်''
''ဆန်းလေး … ဆန်းလေး''
''မောင်ဆန်းလေး… မင်းစိတ်အေးအေးထားစမ်း''
''မထားနိုင်ဘူးဗျာ … ကျုပ်တစ်ယောက်အတွက်နဲ့ ခင်ဗျားတို့အားလုံး စိတ်အနှောက်ယှက်မဖြစ်ပါနဲ့ ကျုပ်ဟာကျူပ်ဖြစ်ချင်ရာ ဖြစ်ပါစေ … ကျုပ်ကိုဥပေက္ခာပြုပေးပါ''
''ဆန်းလေး … မင်းအဖေက ငါ့ဆရာ … ပြီးတော့ မင်းကို ငါတို့ကိုယ်တိုင်ရှာပြီး ပြန်အပ်ပေးပါ့မယ်လို့ ကတိတွေအကြိမ်ကြိမ်ပေးခဲ့တယ် မင်းမိုက်ရူးရဲမဆန်ချင်စမ်းပါနဲ့ကွာ''
''ဟုတ်တယ် ထီးလေးပြောတာမှန်တယ်ဆန်းလေး … မင်းကိုငါတို့ခွင့်မပြုနိုင်ဘူး''
''ကိုတန်ခိုး … ကျုပ်ကိုခွင့်လွတ်ပါ''
''ခွင့်မလွတ်နိုင်ဘူး ဆန်းလေး … ထီးလေးရော တန်ခိုးရော ခွင့်ပြုမယ်ဆိုရင်တောင် မင်းကိုငါခွင့်မပြုဘူး … မင်းစိတ်ကိုငြိမ်ငြိမ်ထားစမ်း''
''ကိုလမ်းလေး … ကျုပ်က သေမထူးနေမထူးဘဝရောက်နေပြီ ကျုပ်သွားရှာမယ်''
''ရပ်လိုက်စမ်း … ဒီမှာကိုယ့်လူ … ကျုပ်တို့အားလုံးကို ခင်ဗျားအားနာဖို့ကောင်းတယ် ကျုပ်တို့ပြောတာကို နားထောင်ပါ''
''ကိုငါးလေး … ခင်ဗျားတို့အားလုံးကို ကျုပ်တကယ်ပဲအားနာမိပါတယ် … ဒါကြောင့်လဲ ခင်ဗျားတို့ကို ကျုပ်ဒုက္ခမပေးချင်တော့ဘူး … ကျုပ်ကိုခွင့်လွတ်ကြပါ''

''ကိုဆန်းလေး … ကျွန်မတစ်ခုပြောမယ် … အချစ်အတွက်နဲ့ လူတွေဟာ မိုက်ရူးရဲဆန်လေ့ရှိတယ် … ဒါပေမယ့် အချစ်စိတ်ဆိုတာ နှလုံးသားသတ်သတ် ဦးနှောက်ကို အသုံးချပြီးတော့ ကိုဆန်းလေးတွေးကြည့်ပါ ဒီအချိန်မှာ ရှင်ကျွန်မတို့အနားမှာပဲရှိနေသင့်တယ် တကယ်လိုများ ကေသေသွားခဲ့ရင် ကေ့အတွက် ဘယ်သူကလက်စာချေမလဲ … ချစ်သူသေခြင်းက သာမည၊ ပွဲလမ်းသဘင်သွားခါနီး ဖိနပ်သည်းကြိုးပျက်နေတာက အဓိက … ရှင်ကျွန်မတို့အနားမှာရှိမနေရင် ကျွန်မတို့အားလုံး ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေ စိတ်ဖျောင့်ဖျောင့်နဲ့လုပ် သွားနိုင်မှာမဟူတ်တော့ဘူး … လောကမှာပေးနေတဲ့ကြားက လျော့ပါးမသွားတဲ့အရာဆိုလို့ ချစ်ခြင်းမေတ္တာတစ်ခုတည်းပဲရှိတယ် … ကျွန်မကိုယ်ချင်းမစားလို့ ပြောတာမဟုတ်ဘူး ကေ့ကိုကျွန်မတို့ကိုယ်တိုင် ရှင့်ဆီကိုအသက်ရှင်လျက်နဲ့ ပြန်ခေါ်လာခဲ့ပေးမယ်ဆိုရင် ရှင်ယုံနိုင်မလား''
''အစ်မမျှားလေး … အစ်မမျှားလေးပြောတာ အခုချိန်မှာ ကျုပ်ဘယ်လိုမှနားမလည်နိုင်ဘူးဗျာ ကျုပ်ကြောင့် ခင်ဗျားတို့အားလုံး စိတ်အနှောက်ယှက်ဖြစ်သွားရင် ခင်ဗျားတို့ကို ကျုပ်ဘယ်လိုမျက်နှာပြရဲပါ့မလဲ''
''ရပါတယ်ကွာ … ငါတို့စကားကိုမင်းနားထောင်ပြီး မသွားတော့ဘူးဆိုရင်ပဲ ငါတို့အားလုံးက မင်းကိုသိပ်ကျေးဇူးတင်မိမှာ''
''ကျုပ် … ကျုပ်စိတ်လွတ်သွားတယ် … ဟုတ်တယ် ကျုပိမသွားသင့်ဘူး ကျုပ်အတွက်နဲ့ မိဘတွေစိတ်ဆင်းရဲရတယ် အခုခင်ဗျားတို့အားလုံးပါ စိတ်အနှောက်ယှက်ဖြစ်သွားရပြီး ကျုပ်အားလုံးကို တောင်းပန်ပါတယ်ဗျာ''
''ရပါတယ်ကွာ … ရပါတယ်''

အချစ်အတွက်နှင့် အသက်ပင်သေပါစေ။ ဆန်းထွန်ပိုင်၏ ဇနီးသည်အပေါ်ထားသော မေတ္တာတရားအား လေးစားမိသော်လည်း ယခုအချိန်၌သူ့အား မည်သို့မှပင်သွားခွင့်မပြုနိုင် နည်းအမျိုးမျိုးဖြင့် လမ်းပြခဲ့ရသေးသည်။ အားလုံးပြုံးမိ၏။ ဦးခေါင်းအားစိုက်ခါ သွားခွင့်မပေးသည့် လူငယ်များ၏စကားအား နားထောင်သွားခဲ့ပြီး မိမိကိုယ့်ကိုမှားမိကြောင့် ဝန်ခံစေခဲ့သည်။ သက်ပြင်းများချမိ၏။ မိမိတို့၏ပြောစကားအား နားထောင်သွားခဲ့သော် ဆန်းထွန်းပိုင်အား လွန်စွာကျေးဇူးတင်မိသည်။ ထိုအချိန်၌
မာန်ပါလှသော အသံဖြင့် မှော်ဆရာကြီး၏ အဆုံးအစမရှိသော စကားသံအားကြားလိုက်ရပြီး လူငယ်များအားလုံး၏ မျက်နှာပြင်၌ အပြုံးပန်းများမှတစ်ဆင့် တဖြည်းဖြည်း တည်တံ့သောမျက်နှာထားအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ သေချာလေပြီး။ အရှိန်ပြင်းစွာ ဝင်ပေါက်ဆီသို့ ဦးတည်လာသည့် ဖုတ်ကောင်ကြီးအား မြင်တွေ့သွားခဲ့ခြင်းပင်ဖြစ်သည်။

''ဦးလေး!… ''
သံပြိုင်ခေါ်လိုက်သော လူငယ်များ၏ အသံ။ ဘယ်လက်အား အသာကာပြလျက် ဝင်ပေါက်အနားသို့ လျင်မြန်စွာအရောက်သွားကာ ကြိုးများအားယူဆောင်စေပြီး ကြိုးတစ်စအား တန်ခိုးထံသို့ ပစ်လိုက်ချေသည်။ တန်ခိုးတစ်ယောက် ကိုယ်ခံပညာကျွမ်းကျင်ကြောင်း မှော်ဆရာကြီးတစ်ယောက် ရိပ်စားမိဟန်တူသည်။ ထို့ကြောင့် သိုင်းကွက်ကျကျ ဖုတ်ကောင်ကြီးအား ကြိုးဖြင့်ဟန့်တားနိုင်ရန် ကြိုးတစ်စအား တန်ခိုးထံသို့ ပစ်ပေးလိုက်ခြင်းဖြစ်သည်။ တန်ခိုးသည်လည်း ကောင်းစွာသဘောပေါက်၏။ ထို့ကြောင့် ပစ်ပေးလိုက်သော ကြိုးတစ်စအား မြေပြင်ပေါ်သို့ လိမ့်ချလျက် လျင်မြန်စွာကောက်ယူလိုက်သည်။ ထို့နောက် နောက်ဆုတ်ခြင်းမရှိသော ခြေလှမ်း၊ ဦးတည်လှမ်းလာနေသည့် ဖုတ်ကောင်ကြီးဆီသို့ နှစ်ဦးသားကြိုးစများအား တစ်ဖက်တစ်ချက်ဆီကိုင်လျက် အပြေးလှမ်းလေတော့သည်။ ကျန်လူငယ်များသည်လည်း မှော်ဆရာကြီး၏ ပြောဆိုစေခိုင်းချက်ကိုသာလျင် စောင့်စားနေမည်ဖြစ်သည်။ ကြိုး၏အရှည်မှာ ဆယ်ပေကျော်မျှ ရှည်လျားပြီး ကြိုးအဖျားကိုသာ ဖြင့်ကိုင်ထားလျက် အလယ်တွင် ဆယ်ပေခန့်မျှ အလွတ်ထားခါ ဖုတ်ကောင်၏အနားသို့ရောက်ရှိခဲ့သည်။ ထို့နောက် အရပ်မြင့်လှသည့် ဖုတ်ကောင်ကြီး၏ ခါးဆီသို့ ကြိုးဖြင့်ရောက်ရှိခဲ့ပြီး တန်ခိုးနှင့်မှော်ဆရာကြီး ဘယ်၊ညာနေရာချိန်းလိုက်လေသည်။

ထို့ကြောင့် ဖုတ်ကောင်ကြီး၏ခါးဆီသို့ ကြိုးနှင့်ချည်လျက်သားဖြစ်ခဲ့ပြီး ခါးမှတစ်ခင်း ခေါင်းစခြေအစ နှစ်ဦးသား ဘယ်၊ညာနေရာချိန်းခါ တုတ်ချည်မည်ဖြစ်သည်။ သို့နှင့်နှစ်ဦးသား နေရာများချိန်းကာ ဖုတ်ကောင်ကြီး၏ ဇုံရပ်နေသော ခြေသလောက်အထိ ကြိုးဖြင့်တုတ်နိုင်ချေခဲ့သည်။ ဒေါသများစွာထွက်သွားလေသလား။ ဖုတ်ကောင်ကြီးမှာ အော်ဟစ်လိုက်သည်။ ထိုနောက်ရုံးကန်၏။ အရှေ့ဆီသို့ လှမ်းနေသောဖုတ်ကောင်ကြီးအား အနောက်၌ တန်ခိုးနှင့်မှော်ဆရာကြီးကြိုးဖြင့် အားကုန်ဆွဲထားသည်ကြောင့် လှမ်းမရခဲ့ချေ။ သို့သော် အားပြင်းလွန်းသည့် ဖုတ်ကောင်ကြီး၏ အင်အားကိုပင်မယဉ်နိုင် ကြိုးဆွဲထားသောလည်း မိမိတို့နှစ်ဦးပါလျင် ဖုတ်ကောင်ကြီး၏ရုံကန်ရာနောက်သို့ တစ်ချက်ချက်လိုက်ပါသွားစေခဲ့သည်။ ထို့ကြောင့် ကျန်လူငယ်များအား ဝိုင်းဝန်ဆွဲထားပေးရန် မှော်ဆရာကြီးတစ်ယောက် အော်ပြောလိုက်လေသည်။
လူငယ်များသည်လည်း အပြေးရောက်လာခါ တစ်ဖက်တစ်ချက်ဆီ၌ ကြိုးစများအား ဝိုင်းဝန်းဆွဲထားပေးလေသည်။
''အားလုံးဆွဲထားနော် … ငါဖုတ်ကောင်ကြီးကို အပျက်ရှင်းပြီး''
''အားလုံးဆွဲထားနော် … ငါဖုတ်ကောင်ကြီးကို အပျက်ရှင်းပြီး''
အရှေ့သို့ခုန်ပေါက်လှမ်းနေသော ဖုတ်ကောင်ကြီးအား အနောက်မှ လူငယ်များဟာ ကြိုးကြီးဖြင့်တုတ်နှောင်ထားပြီး အရှေ့သို့မရောက်သွားစေရန် ဆွဲထားခဲ့ရသည်။ လက်ဝါးပြင်များ၌လည်း ကျိန်းစပ်နေခဲ့ပြီး မျက်နှာများသည်လည်း အားကုန်ဆွဲထားသည်ဟု သိသာလောက်အောင် ရဲရံနေလေခဲ့သည်။ ထိုသို့ပြောဆိုကာ မှော်ဆရာကြီးတစ်ယောက်မှာောတ့ နောက်ကျောမှဓားအား သိုင်းကွက်ကျစွာထုတ်ယူလျက် ခန္ဓာကိုယ်အားကိုယ့်ဖော့ခါ နောက်ကျောမှနေ၍ ထိုဓားဖြင့်ဖုတ်ကောင်ကြီးအား ထိုးရန်ခန္ဓာကိုယ်ပေါ်သို့ လွှားခနဲတတ်ရောက်သွားခဲ့သည်။ ထိုအချိန်၌ အရှေ့သို့လှမ်းနေသော ဖုတ်ကောင်ကြီးမှာ အရှေ့သို့မလှမ်း အနောက်သို့ပြန်လည်၍ လှမ်းလိုက်သည်ကြောင့် မှေိာဆရာကြီးမှာ ဟန်ချက်ပျက်သွားရလေသည်။ အရှေ့သို့ မရောက်သွားစေရန် အနောက်မှကြိုးအား အားကုန်ဆွဲထားကြသော လူငယ်များသည်လည်း ဖုတ်ကောင်ကြီးအနောက်သို့ပြန်လည် ခုန်လိုက်သည်ကြောင့် အရှိန်လွန်ကာ မြေပြင်ပေါ်၌လဲကျသွားခဲ့ရတော့သည်။
နာကျင်ခဲ့ရ၏။ကိုယ်လက်များ။ သို့သော် မေ့ဖျောက်ထားသည် လူးလဲပြန်ထ၏ ဟန်ချက်ပျက်သွားသည့် မှော်ဆရာကြီးမှာလည်း လူငယ်များအား ကိုင်ဆောင်ထားသည့်ကြိုးအား မလွတ်စေရန် အော်ပြောလေခဲ့သည်။ မိမိ၏သွားရာလမ်းအား ပိတ်ဆို့ထားခဲ့သည့် လူငယ်များအားဖုတ်ကောင်ကြီးမှာ ဒေါသထွက်လျက် ပစ်မှတ်ဟုသဘောထားခါ ဦးတည်ခုန်ပေါက်မည်အလုပ် မှော်ဆရာကြီးမှာ ကြိုးတစ်ချောင်းဖြင့် ဖုတ်ကောင်ကြီး၏ဦးခေါင်းအား စွပ်ချလိုက်လေသည်။ ထို့နောက် ဖုတ်ကောင်ကြီးလဲကျသွားရန် အတွင်းအားများထုတ်သုံးလျက် မြေပြင်ပေါ်သို့အားကုန်ဆွဲချလိုက်လေသည်။ ထို့ကြောင့်ဖုတ်ကောင်ကြီးမှာ မြေပြင်ပေါ်သို့အရှိန့်ပြင်းစွာ နောက်ပြန်လဲကျလေတော့သည်။ ထိုအခါမှ မှော်ဆရာကြီးဟာ ဖုတ်ကောင်၏ရင်ဘတ်တည့်တည့်ဆီသို့ ဓားဖြင့်ထိုးမည်ရွယ်လျက် ဖုတ်ကောင်ကြီးမှာ မတ်မတ်ပြန်လည်၍ ထစေခဲ့သည်။ ထို့နောက် ပက်လက်အနေအထား လဲကျနေသည့် ဖုတ်ကောင်ကြီးမှာ ဆန့်တန်းထားသည့် လက်အားဝှေ့ရမ်းလိုက်ပြီး တစ်ဖက်ဆီသို့လဲချလိုက်သည်ကြောင့် မှော်ဆရာကြီး၏ဓားချက်ဟာ လွဲချေသွားခဲ့ရသည်။ အားကုန်ထိုးလိုက်သည်ကြောင့် မိမိသည်လည်း အရှိန်လွန်ခါ ယိုင်လဲသွားခဲ့သည်။ ဖုတ်ကောငိကြီးလဲ အင်အားကုန်သုံးလေသလား။ ချည်နှောင်ထားသည့် ကြိုးကြီးများ ပျက်တောက်သွားလေခဲ့သည်။ ထို့နောက် ဟန်ချက်ပျက်၍ မြေပြင်ပေါ်၌လဲကျနေသော မှော်ဆရာကြီးအား ဖုတ်ကောင်ကြီးများ ကွေးဆန့်ခြင်းမရှိ သူ၏လက်ဖြင့် မှော်ဆရာကြီး၏ရင်ဘတ်အား ထိုးစိုက်လိုက်ပြီး အပေါ်သို့မြောက်တင်ခါ ပြန်လည်ကျလာသည့် မှော်ဆရာကြီးအား သွေးစုတ်လေတော့သည်။
ဖုတ်ကောင်ကြီး၏သားကောင်ဖြစ်ချေပြီး။ လယ်ပင်းဆီမှ သွေးကြောမကြီးအား ဖုတ်ကောင်ကြီးကိုက်ဖဲ့လိုက်သည်။ နာကျင်ခဲ့ရလေသလား။ မိမိ၏အံ့ကိုကြိတ်လျက် လူငယ်များအား
''ဓားပေး !… ''
ထိုသို့ပြောလျက် မည်သို့ပင်မှော်ဆရာကြီးအား ကယ်တင်ရမည်မှန်းမသိတော့သော လူငယ်များဟာ မြေပြင်ပေါ်၌ ကျရောက်သွားသော ဓားအားလှမ်းယူပေးလိုက်ချေသည်။ ထို့နောက် လေထဲ၌ဝဲရောက်လာသော ဓားအား မှော်ဆရာင်္ကြးတစ်ယောက် သွေးစုတ်ခံနေရသည့် အထဲမှ ဖုတ်ကောင်၏နှလုံးအား ထိုးသွားပေးသွားမည်ဟု ကြံရွယ်လျက် ထိုးလိုက်သော်လည်း ဖုတ်ကောင်ကြီး၏ရင်ဘတ်ဆီသို့ မရောက် ဘယ်မျက်လုံးကိုသာ ထိုဓားဖြင့်ထိုးမိချေခဲ့သည်။ မှော်စွမ်းအင်ရှိနေသော ဓားဖြစ်သည်ကြောင့် မိမိ၏မျက်လုံးအား ထိုးမိသွားခဲ့သော ဖုတ်ကောင်ကြီးမှာ မှော်ဆရာကြီးအားပစ်ချလျက် ဆိုးရွားလှသော အော်သံကြီးဖြင့် ခုန်ပေါက်ပြေးလေတော့သည်။

''ဦးလေး … ဦးလေး … ''
အသက်မျော့မျော့ကျန်နေခဲ့ပြီး သွေးများစွာထွက်လျက် အားတင်းခါ ထမည်ဟု ကြံလိုက်သေးသည်။ စိတ်သာလျင်ထနိုင်ခဲ့ပြီး ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်၌ ပြန်လည်လဲကျသွားခဲ့ရသည်။ လူငယ်များသည်လည်း မှော်ဆရာကြီး၏အနားသို့ အရောက်သွားလိုက်ပြီး
''ဦးလေး … ဦးလေး … ဟာ … သွားပါပြီဗျာ ဦးလေး''
သေလုမျောပါးဖြစ်နေသည့် မှော်ဆရာကြီးမှာ စိတ်မကောင်းကြီးစွာဖြစ်သွားရသော လူငယ်များအား သွားမပေါ်သည့်အပြုံးဖြင့် ပြုံးစေကာ
''ငါ … ငါမနေရတော့ဘူး … ဖုတ်ကောင်ကြီးကို ငါအပျက်ရှင်းချင်သေးတယ် … ''
''ဦးလေး … ဦးလေးအားတင်းထားပါဦး ဆေး … ဆေးရှိတယ်လေ''
''မရတော့ဘူး အချိန်မမှီတော့ဘူး မင်းတို့အားလုံး ဖုတ်ကောင်ကြီးကို ကောင်းကောင်းယဉ်ဆိုင်နိုင်မှာပါ … မင်းတို့တစ်ယောက်မှ မထိခိုက်စေနဲ့''
''ဦးလေး … အားတင်းထားပါဦး''
''ငါကလဲ … မင်းတို့လိုဆံပင်တစ်ချောင်းပါပဲကွာ … ဖုတ်ကောင်ကြီးကိုရှင်းဖို့အတွက် ဆံပင်လေးတစ်ချောင်းကနေ မှေိာဆရာဘဝကို ရောက်လာခဲ့တာ … မင်းတို့ငါးယောက် တစ်ယောက်မှမထိခိုက်စေနဲ့ … ရော့ … ဓား … ဒီဓားနဲ့ဖုတ်ကောင်ရဲ့ နှလုံးတည့်တည့်ကို ထိုး … ဒီကောင်ကြီးမျက်လုံးမရှိတော့ဘူး မင်းတို့ဂရုစိုက်ပါ''

အားကိုးရသည့်မှော်ဆရာကြီး၊ မားမားမတ်မတ်ရပ်တည်ခဲ့သည့် မှော်ဆရာကြီး၊ ယခုအခါ မိမိတို့အား ထာဝရခွဲခွာသွားခဲ့လေသည်။ ဝမ်းနည်းခဲ့ရ၏။ မျက်ရည်များဆို့လျက် အော်ဟစ်ငိုကြွေးလိုက်ပြီး ဖုတ်ကောင်ကြီးအား လွန်စွာဒေါသထွက်မိသည်။ ။ မှော်ဆရာကြီးပေးခဲ့သည့် ဓားအား တန်ခိုးတစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက် ဖုတ်ကောင်ကြီးအား ယခုပင်လျင်အပျက်ရှင်းမည်ဟု တွေးတောကာ အထိနာ၍ဖုတ်ကောင်ကြီးခုန်ပေါက်သွားသော အမှောင်ထုအတွင်းသို့ လိုက်ပါသွားရန် ရည်ရွယ်လိုက်လေသည်။
****
ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှု့ပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၁.၁.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီအချိန်တွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှု့ပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၁.၁.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီအချိန်တွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
်

No comments:
Post a Comment