တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁၈)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁၈)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
အားကိုးရသည့်မှော်ဆရာကြီး၊ မားမားမတ်မတ်ရပ်တည်ခဲ့သည့် မှော်ဆရာကြီး၊ ယခုအခါ မိမိတို့အား ထာဝရခွဲခွာသွားခဲ့လေသည်။ ဝမ်းနည်းခဲ့ရ၏။ မျက်ရည်များဆို့လျက် အော်ဟစ်ငိုကြွေးလိုက်ပြီး ဖုတ်ကောင်ကြီးအား လွန်စွာဒေါသထွက်မိသည်။ ။ မှော်ဆရာကြီးပေးခဲ့သည့် ဓားအား တန်ခိုးတစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက် ဖုတ်ကောင်ကြီးအား ယခုပင်လျင်အပျက်ရှင်းမည်ဟု တွေးတောကာ အထိနာ၍ဖုတ်ကောင်ကြီးခုန်ပေါက်သွားသော အမှောင်ထုအတွင်းသို့ လိုက်ပါသွားရန် ရည်ရွယ်လိုက်လေသည်။
''တန်ခိုး !… ''
အံကိုခဲခါ ဓားအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည့် တန်ခိုး၏မျက်နှာထားအား ထီးကလေးတစ်ယောက် အကဲခတ်ကြည့်ရုံနှင့် သဘောပေါက်စေနိုင်သည်။ စိတ်လိုက်မာန်ပါလုပ်တတ်သည့် တန်ခိုးတစ်ယောက် မိုက်ရူးရဲဆန်ကာ ဖုတ်ကောင်ကြီးအနောက်သို့ လိုက်ပါသွားရန် ရွယ်လိုက်ချိန်၌ သူငယ်ချင်းဖြစ်သူ ထီးကလေးတစ်ယောက် ပုခုံးအားဆွဲကိုင်လိုက်ပြီး
''တန်ခိုး !… မင်းဒီလိုလုပ်လို့မရဘူး … အချိန်လိုတယ်''
''တောက်! … သွားပါပြီကွာ … မှော်ဆရာကြီးမရှိတော့ရင် ငါတို့ဘာဆက်လုပ်ကြမလဲ ဖုတ်ကောင်ကြီး အထိနာသွားတယ် ဒီအချိန်လောက်ဆိုရင် ဝေးဝေးသွားနိုင်မှာမဟုတ်သေးဘူး ငါလိုက်ပြီး အပျက်ရှင်းပစ်မယ်''
''မရဘူးတန်ခိုး … မင်းပဲဒုက္ခရောက်သွားလိမ့်မယ်''
''ဟုတ်တယ်တန်ခိုး … မင်းနဲ့ထပ်တူ ငါတို့အာလုံးလဲ ခံစားရတာပဲ စိတ်ကိုထိန်းစမ်းပါကွာ''
''အေး !… တောက်!… ဖုတ်ကောင် … ဦးလေး ကျူပ်တို့ဦးလေးအတွက် အကာအကွယ်ပေးနိုင်ခဲ့ဘူးဗျာ ကျူပ်တို့ကိုခွင့်လွတ်ပါ''
''စိတ်မကောင်းမဖြစ်ပါနဲ့ကွာ … ကဲငါတို့မှာအချိန်မရှိဘူး တော်ကြာဦးလေးအလောင်းပါ ဖုတ်ကောင်ဖြစ်လာနိုင်တယ် အမြန်ဆုံး သင်္ဂျိုးမှဖြစ်မယ်''

စိတ်မကောင်းဖြစ်ရ၏။ မှော်ဆရာကြီးဦးလန်ဘား၏ အလောင်းအား ကောင်းမွန်စွာသင်္ဂျိုးပေးချင်သော်လည်း ဖုတ်ကောင်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး ကုသရန်အတွက် ဆေးမမှီလောက်အောင်ပင်ဲ မှော်ဆရာကြီးတစ်ယောက် ဆုံးပါးသွားခဲ့ရသည်။ ဦးလန်ဘား၏ရင်ဘတ်အား ဖုတ်ကောင်ကြီးမှာ ချွန်ထက်လှသော လက်သည်းရှည်များနှင့် ထိုးစိုက်ခဲ့သည်။ ထိုတင်မက လည်ပင်းမှသွေးကြောမကြီးအား အကိုက်ခံလိုက်ရပြီး သွေးများစွာထွက်ခဲ့ရသည်။ သွေးထွက်လွန်ကာ သေလုမျောပါးဖြစ်နေလျက် သက်စောင့်ဆေးလုံးဖြင့် ကုသမည်ဆိုလျင်လည်း ဒဏ်ရာဟာသွေးထွက်လွန်နေခဲ့သည်ကြောင့် အချိန်မမှီတော့ချေ။ ထို့ကြောင့် မှော်ဆရာကြီးဦးလန်ဘားမှာ ခန္ဓာကိုယ်၌ သွေးများစွာ မရှိတော့သကဲ့သို့ ဖြူဖက်သွားခဲ့ပြီး အသတ်ပေးခဲ့ရသည်။ ဖုတ်ကောင်၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကြောင့် မကြာခင်အချိန်၌တွင်လည်း မှော်ဆရာကြီး၏အလောင်းမှာ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းလာနိုင်သည်။ သို့နှင့် ကောင်းမွန်စွာသင်္ဂျိုးခွင့်မရတော့ပဲ ထိုအနားတွင်သာ ထင်းပုံများပုံလျက် သင်္ဂျိုပေးခဲ့ရသည်။
အမြင်မှန်ရခါ မိမိကိုယ်တိုင် အစပြုခဲ့သည့်ဖုတ်ကောင်ကြီးအား မိမိကိုယ်တိုင်ပင်လျင် အဆုံးသတ်မည်ဟု ဦးသိပ္ပတစ်ယောက်ကြံရွယ်ထားခဲ့ပြီး ကြံခင်းနယ်ဆီသို့ လာရာလမ်း၌ ကားကြီးမှာပျက်တန့်သွားခဲ့ရသည်။ ညနေဆောင်းလာသည့်အထိ ကြံခင်နယ်ဆီသို့လမ်းကြုံလိုက်ပါရန် ကားများတားခဲ့သော်လည်း မည်သည့်ကားတစ်စီးမှ ရပ်တန့်မပေးခဲ့ချေ။ ထို့ကြောင့် အသင့်ရှိနေသည့် သေနတ်ဖြင့် ဦးသိပ္ပမှာအကြမ်းဖတ်ခဲ့ရပြီး ကားတားမှသာလျင် တားစီး၍ရခဲ့သည်။ ကားဒရိုင်ဘာအား မည်သည့်ထိခိုက်မှုတစ်ခုမှ မပြုလုပ်ပဲ မိမိတို့ဆရာတပည့်နှစ်ယောက်အား ကြံခင်းနယ်ဆီသို့သာ ပို့ဆောင်ပေးပါဟု ပြောဆိုခဲ့သည်။ ကားဒရိုင်ဘာဟာလည်း မိမိ၏အသက်အားရန်မရှာလျင် လုံလောက်ပြီဟုတွေးမိလျက် ကြံခင်းနယ်ဆီသို့ ပို့ဆောင်ပေးစေခဲ့သည်။ သို့နှင့် ကြံခင်းနယ်ဆီသို့ ညဦးပိုင်းအချိန်မှသာလျင် ဦးသိပ္ပနှင့်တပည့်ဖြစ်သူ ကျော်ထက်တို့ရောက်ရှိလာခဲ့ကြသည်။
ထို့နောက်လသာရွာဝင်လမ်းအတိုင်း လသာရွာဆီသို့ အရောက်လှမ်းလာစေကာ မိမိကိုယ်တိုင်ပင်လျင် ပြင်းထန်လွန်းသောဆေးများ ခပ်ထားခဲ့သည့် မှော်ဆရာကြီးမှာ အပိုင်စခန်းအတွင်းမှ ပြန်လည်ထွက်ရောက်နိုင်ခဲ့ပြီး ယခုအခါလူငယ်များနှင့်အတူ လသာရွာဆီသို့ ပြန်လည်ရောက်ရှိနေခဲ့သည်အား မြင်တွေ့ခဲ့ရပြီး လွန်စွာအံ့သြမိချေသည်။ ထို့နောက် မှော်ဆရာကြီးနှင့်လူငယ်များ ဖုတ်ကောင်ကြီးနှင့် အပြင်းအထန်တိုက်ခိုက်နေကြသည်များအား မြင်တွေ့ခဲ့ရသေးသည်။ သို့သော် မိမိဟာ ဝရမ်းပြေးဘဝသို့ရောက်ရှိနေသည်ကြောင့် ဖုတ်ကောင်ကြီးနှင့်မှော်ဆရာကြီး တိုက်ခိုက်နေကြသည်အား သည်းထိတ်ရင်ဖို တွေ့မြင်နေခဲ့ရသော်လည်း မည်သည့်အကူညီတစ်ခုမှ မပေးနိုင်ခဲ့ချေ။ မှော်ဆရာကြီးသာလျင် ဖုတ်ကောင်ကြီးအား အပျက်ရှင်းနိုင်မည်ဟု ထင်ထားသော်လည်း ယခုမှော်ဆရာကြီးတစ်ယောက် ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် သေဆုံးသွားသည်အား မြင်တွေ့ခဲ့ရပြီး ဦးသိပ္ပတစ်ယောက်သည်လည်း လွန်စွာဝမ်းနည်းချေခဲ့မိသည်။ ထို့ကြောင့် တပည့်ဖြစ်သူကျော်ထက်အား
''ဟင် … မှော်ဆရာကြီး ငါ့ဆေးမိသွားတာတောင် ပြန်ထလာနိုင်ပါလား … တော်သေးတာပေါ့ သူသာမထလာနိုင်ခဲ့ရင် အခုလိုဖုတ်ကောင်ကြီး လွတ်သွားပုံနဲ့ဆိုရင် မတွေးရဲစရာ … ဟွန်း !… အခုတော့ သွားပါပြီး သွားပြီး မှော်ဆရာကြီးလဲသေပြီ ဒုက္ခပါပဲ''
''ဘယ်လိုလုပ်ကြမလဲဆရာ … ဟိုကောင်လေးတွေပဲ ကျန်တော့တယ် … ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ''
''လုပ်ဖို့တစ်နည်းပဲရှိတော့တယ် … ငါလဲနောက်မှ ဥပဒေကပေးတဲ့ အပြစ်ကိုခံတော့မယ် အခုတော့သူတို့နဲ့ပေါင်းပြီး ဖုတ်ကောင်ကြီးကိုအပျက်ရှင်းပစ်ရမယ်''
''ဆရာ !… ''
''ကျော်ထက် !… ငါပြောသလိုတာလုပ်ပါ … ရော့ … ဒီဆေးတွေကို အပိုင်ရဲစခန်းဆီ အမြန်သွားပို့ပေး … ပြီးရင် အိပ်ပျော်နေတဲ့ ရဲအရာရှိတွေကို တိုက်ခိုင်းလိုက် ဒါဖြေဆေးပဲ… ဦးသိပ္ပပေးခိုင်းလိုက်တာလို့ ပြော … မဟုတ်ရင် ရဲအရာရှိတွေ ငါ့ဆေးဒဏ်ကြောင့် အိပ်ယာကနိုးလာရင်လဲ အရူးတစ်ပိုင်းဖြစ်နေဦးမှာပဲ … ဒီတော့ အမြန်ဆုံးသွားပို့ပေး … ရွာမှာဖြစ်နေတဲ့အကြောင်းတွေကိုလဲ ပြောပြပြီး ငါ့ဆီကို မင်းအမြန်ဆုံးပြန်လာခဲ့''
''ဟုတ်ကဲ့ဆရာ … ဆရာ … အစစအရာရာ ဂရုစိုက်ပါနော် ဆရာ့ဆီကျုပ်အမြန်ဆုံးပြန်လာခဲ့ပါ့မယ်''
''အေးပါကျော်ထက်ရာ … မင်းလဲလမ်းမှာ အစစအရာရာ ဂရုစိုက်သွားနော်''
''ကျုပ်အတွက်မပူပါနဲ့ဆရာ … ဆရာသာ ဂရုစိုက်ပါ''

ကျွန်းအခေါင်းကြီးအား ခိုးယူရန် ရဲအရာရှိများအား ဦးသိပ္ပမှာတစ်ယောက်မှာတော့ မိမိကိုယ်တိုင်ပေါင်းစပ်ဖန်တီးထားသည့် ဆေးတစ်ချို့အား ဘီယာခွက်များအတွင်း၌ ခပ်စေခဲ့သည်။ ထိုဆေး၏အစွမ်းဟာ လွန်စွာမှပင်ပြင်းထန်ချေကာ အိပ်မောကျစေနိုင်ပြီး နိုးထလာလျင်လည်း (၂၄)နာရီတိတိ အရူးတစ်ပိုင်းဘဝသို့ ရောက်ရှိစေနိုင်သည်။ ယခုအခါ ဦးသိပ္ပတစ်ယောက်မှာတော့ နောင်တများစွာရစေခဲ့ပြီး ဖြေဆေးများအား အပိုင်စခန်းဆီသို့ တပည့်ဖြစ်သူကျော်ထက်နှင့် ပို့ဆောင်စေခိုင်းခဲ့သည်။ ဆရာဖြစ်သူ စေခိုင်းလိုက်သည့်အတိုင်း တပည့်ကျော်ထက်သည်လည်း ညတွင်းချင်းပင်လျင် အပိုင်စခန်းဆီသို့ ထွက်ခွာလေတော့သည်။
အချိန်ကား ညနက်အချိန်သို့ပင် ရောက်ရှိလာချေခဲ့သည်။ လူငယ်လေးများ၏ မျက်နှာပြင်တွင်လည်း လွန်စွာမှပင် ဝမ်နည်းနေလျက် တစ်ဦးကိုတစ်ဦး မည်သည့်စကားမျှ မပြောနိုင် တိတ်ဆိတ်ငြိမ်သတ်လေခဲ့သည်။ အားကိုရသည့် မှော်ဆရာကြီးသည်လည်း မိမိတို့အားခွဲခွာသွားခဲ့ပြီး ဖုတ်ကောင်ကြီးအား မည်သို့ပင်တိုက်ခိုက်ရမည်မှန်း မသိတော့ချေ။ လပြည်ညသို့ ရောက်ရှိတော့မည့် ကာလပင်ဖြစ်ပြီး လမင်းကြီးသည်လည်း ယခုဆောင်းညအလယ်၌ ထိန်ထိန်သာအောင် ထွန်းလင်းနေခဲ့သည်။
''ထီးလေး … တန်ခိုး … အခုချိန် ဖုတ်ကောင်ကြီးရောက်မလာနိုင်ဘူးလို့ ငါတို့မပြောနိုင်ဘူး … အဲ့ဒီတော့ ငါတို့ဘက်က တတ်နိုင်သမျှကြိုတင်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြရအောင် … ''
''ငါတို့ဆီမှာ ဦးလေးပေးခဲ့တဲ့ ဒီဓားတစ်ချောင်းပဲရှိတော့တယ် … အခုချိန်သာ ဖုတ်ကောင်ကြီးထပ်ရောက်လာရင် ငါတို့ကတော့ သေဖို့ပဲရှိတော့တယ်''
''အေးဟာ … ငါတို့မှာ အားကိုမရှိတော့ဘူး ဘာပဲဖြစ်ဖြစ်ငါတို့သေတဲ့အထိ ဖုတ်ကောင်ကြီးကို အပျက်ရှင်းပေးမယ်လို့ ငါခံယူထားတယ်''
''ကြိုက်တယ်မျှားကလေး … ငါလဲအဲ့ဒီလိုတွေးထားပြီးသားပဲ ဦးလေးပြောသွားသလို … ဖုတ်ကောင်ကြီးရဲ့ နှလုံးတည့်တည့်ကို ဒီဓားနဲ့ထိုးနိုင်ရင် အားလုံးပြီးပြီး … ဒီတော့ တန်ခိုး … အဲ့ဒီဓားငါ့ကိုပေးထား''
''မင်းဘာလုပ်မလို့တုန်း!… လမ်းလေး''
''ဖုတ်ကောင်ကြီးကို ငါရအောင်ရှင်းမယ် … ဒီဖုတ်ကောင်က အသိဥာဏ်ရှိတာမဟုတ်ဘူး အသိဥာဏ်ရှိတဲ့ ငါတို့တွေက ပရိယာယ်တွေနဲ့ အပျက်ရှင်းပစ်ဖို့လိုတယ် … မင်းတို့တွေက ဖုတ်ကောင်ကြီးကို လှည့်စားဖို့လုပ် … ငါကဒီဓားနဲ့ ဖုတ်ကောင်ကြီးနှလုံးကို ရအောင်ထိုးသွင်းမယ်''
''ကောင်ပြီး … ကြိုတင်မကြံစည်ထားပဲ ရောက်လာမယ့် အခြေအနေပေါ်မှာမူတည်ပြီး ငါတို့လှုပ်ရှားကြမယ်''
''ကဲ … ငါတို့ငါးယောက် သေအတူရှင်မကွာပဲ … ငါတို့သေတဲ့အထိ ဦးလေးဦးလန်ဘားအတွက် ဖုတ်ကောင်ကြီးကိုလက်စားချေသွားကြမယ်''

''အစ်ကိုတို့ … ကျုပ်ဘာမှ မကူညီပေးနိုင်ခဲ့ဘူးဗျာ … ကျုပ်လဲ ကေ့အတွက် အဲ့ဒီဖုတ်ကောင်ကြီးကို လက်စားချေချင်တယ် … ကျုပ်လဲအစ်ကိုတို့အတွက် တစ်ခုခုလုပ်ပေးချင်တယ်''
''ရပါတယ်ဆန်းလေးရာ … ငါတို့စကားကို မင်းနားထောင်ခဲ့တာကိုပဲ ငါတို့အားလုံး ကျေနပ်လှပါပြီ''
'' ထီးလေး !… လမ်းလေး !… ဟိုမှာလူတစ်ယောက်''
''ရပါတယ်ဆန်းလေးရာ … ငါတို့စကားကို မင်းနားထောင်ခဲ့တာကိုပဲ ငါတို့အားလုံး ကျေနပ်လှပါပြီ''
'' ထီးလေး !… လမ်းလေး !… ဟိုမှာလူတစ်ယောက်''
လရိပ်အောက်၏အလင်းရောင်၌ ရွာတောင်ပိုင်းဝင်ပေါက်တည့်တည့်ဆီသို့ လူတစ်ယောက်လှမ်းလာနေခဲ့သည်အား မျှားကလေးတစ်ယောက် မြင်တွေ့သွားခဲ့ပြီး စိုးရိမ်ကြီးစွာနှင့် အနီးရှိသူငယ်ချင်းဖြစ်သူများ၏ အမည်များအား တမ်းတခေါ်လိုက်လေသည်။ ထိုသူဟာ နောင်တကြီးစွာရ၍ ဖုတ်ကောင်ကြီးအား လူငယ်များနှင့်အတူ ပူပေါင်းရှင်းလင်းရန် ရောက်ရှိလာခဲ့သည့် သုတေသနပညာရှင် ဦးသိပ္ပပင်ဖြစ်ချေသည်။ လူဆိုး၊ လူကောင်း ဝေခွဲမရသည့်အတွက် တန်ခိုးတစ်ယောက်မှာတော့ ဓားရှည်တစ်ချောင်းအား ဆွဲကိုင်၍ ထိုသူ့အနားသို့ လျင်မြန်စွာသွားချေခဲ့သည်။ ဦးသိပ္ပမှာလည်း တရုတ်ပြည်မှမိမိနှင့်အတူ မြန်မာနိုင်ငံဆီသို့ လိုက်ပါလာခဲ့ပြီး ကားအပေါ်၌သေဆုံးသွားခဲ့ရသော မှော်ဆရာကြီး၏ ကျန်ရစ်နေခဲ့သည့်လွယ်အိတ်ကလေးအား လွယ်လျက်ထားပြီး မည်သည့်လက်နက်တစ်ခုမျှ ကိုင်ဆောင်မလာခဲ့ချေ။
မိမိဆီသို့တန်ခိုးတစ်ယောက် ဦးတည်လှမ်းလာသည်ကိုလည်း ဦးသိပ္ပတစ်ယောက်သိရှိထားသည်။ သို့နှင့် ဦးသိပ္ပ ၏ိံအနားသို့ တန်ခိုးရောက်ရှိလာသည်နှင့် ဓားရှည်အား ချိန်ရွယ်လိုက်ပြီး
''ခင်ဗျား … ဘယ်သူလဲ''
မျက်လွှာလေးအားချထား၏ိံ။ ထို့နောက် ငိုက်စိုက်ထားသော ဦးခေါင်းအား အသာမော့လိုက်ပြီး
''ဦးသိပ္ပ … မြန်မာနိုင်ငံ သုတေသနပညာရှင် ဦးသိပ္ပပဲ''
''ဗျာ !… ''
တည်ငြိမ်စွာပြောဆိုလိုက်သော ဦးသိပ္ပ ၏စကားကြောင့်ပင် တန်ခိုးတစ်ယောက်မှာ အံ့သြသွားချေခဲ့သည်။ ထို့နောက် မိမိ၏အနားသို့ သူငယ်ချင်းဖြစ်သူများပါ ရောက်ရှိလာခဲ့ကြပြီး
''ဘယ်သူလဲတန်ခိုး .…!''
''သုတေသနပညာရှင် ဦးသိပ္ပ''
''ဟင် … ဧည့်ခံပွဲတုန်းက ခင်ဗျားကို ကျုပ်တွေ့ဘူးသလိုပဲ ဝိတ်တာကြီးမဟုတ်လား''
''ဟုတ်တယ် … ငါဟန်ဆောင်ထားခဲ့တာ''
''သြော် … ဒါဆိုခင်ဗျားက မြန်မာနိုင်ငံသုတေသနပညာရှင် ဦးသိပ္ပဆိုတာလား ဖုတ်ကောင်ကြီးကို တရုတ်ပြည်ကနေ သယ်လာတာခင်ဗျားပေါ့ ဟုတ်လား''
''ဟုတ်တယ် ငါပဲ … မင်းတို့အားလုံးကို ငါသိတယ် … ဒီရွာမှာဖြစ်နေတဲ့ အကြောင်းတွေ အားလုံးကိုလဲ အစအဆုံးငါသိတယ် … ရဲစခန်းမှာ မင်းတို့အားလုံးကို အိပ်ဆေးခပ်ပြီ ကျွန်းအခေါင်းကြီးကို ခိုးသွားတာလဲငါပဲ''
''ဘာ !… ခင်ဗျားဗျာ … ခင်ဗျားကြောင့် လူတော်လူကောင်းတွေ အသတ်ပေးလိုက်ရပြီ အဲ့ဒါခင်ဗျားသိလား''
''ငါသိပါတယ် … ငါလဲနောင်တရနေပါပြီ … မှော်ဆရာကြီးလဲ သေသွားပြီးဆိုတော့ ဖုတ်ကောင်ကြီးအန္တရယ်ကို ငါတို့အားလုံးပူးပေါင်းပြီး ဖြေရှငိးမှရမယ် … အဲ့ဒါကြောင့် မင်းတို့ဆီကို ငါလာခဲ့တာပဲ''

''ခင်ဗျားတကယ်ပြောနေတာလား!… ''
''ငါတကယ်ပြောနေတာ … ဖုတ်ကောင်ကြီးကို အပြီးရှင်းပြီးမှ ငါလဲဥပဒေက ပေးတဲ့အပြစ်ကို ခံယူတော့မယ်''
''ခင်ဗျားအခုလို အမြင်ရလာတာပဲ ကျုပ်တို့ဝမ်းသာလှပါပြီ … ကဲလာ … ခင်ဗျားကိုကြိုဆိုပါတယ်''
''ငါတကယ်ပြောနေတာ … ဖုတ်ကောင်ကြီးကို အပြီးရှင်းပြီးမှ ငါလဲဥပဒေက ပေးတဲ့အပြစ်ကို ခံယူတော့မယ်''
''ခင်ဗျားအခုလို အမြင်ရလာတာပဲ ကျုပ်တို့ဝမ်းသာလှပါပြီ … ကဲလာ … ခင်ဗျားကိုကြိုဆိုပါတယ်''
မယုံကြည်သေး။ သို့သော် သတိထား၍ ဦးသိပ္ပအား ကြိုဆိုလေခဲ့သည်။ ဦးသိပ္ပသည်လည်း ဖုတ်ကောင်ကြီးနှင့်ပတ်သတ်သမျှ အကြောင်းတို့အား ပြောဆိုပြခဲ့သည်။ ထို့နောက် ဦးသိပ္ပတစ်ယောက်သိမ်းဆည်းထားခဲ့သော မှော်ဆရာကြီး၏ လွယ်အိတ်အတွင်းမှ စာရွက်အဝါတစ်ချို့နှင့် မိမိတို့အားလုံး နားမလည်နိုင်သည့် ပစ္စည်များသာ တွေ့ရှိခဲ့ရလေသည်။
''အဲ့ဒီပစ္စည်းတွေကို ဘယ်နေရာမှာ အသုံးချမှာလဲဦးသိပ္ပ''
''ဒါတော့ ကျုပ်လဲမသိဘူး … ဒီစာရွက်အဝါနဲ့ ဖုတ်ကောင်ရဲ့နဖူးကို ကပ်နိုင်ရင်တော့ ငြိမ်သွားလောက်မယ်ထင်တယ် … ဒါနဲ့ ခင်ဗျားတို့မှော်ဆရာကြီး ဘာပစ္စည်းတွေများ ကျန်ခဲ့သေးလဲ''
''ကျုပ်တို့ဆီမှာလဲ ဒီဓားတစ်ချောင်းပဲရှိတော့တယ် … ဘာပစ္စည်းမှမရှိတော့ဘူး''
''ဟင် … ငါသတိရပြီ … ဟို … ကြက်သွေးစိမ်ထားတဲ့ နိုင်လွန်ကြိုးကြီးတွေကို ဦးလေးလန်ဘား လရောင်လှမ်းထားသေးတယ်လေ''
''ဟုတ်တယ် … ဒါပေမယ့် အဲ့ဒီကြိုးတွေက နောက်ရက်တွေမှ သုံးလို့ရမှာ''
''အင်း … အခုသန်းခေါင်ကျော်နေပြီဆိုတော့ အသုံးပြုမယ်ဆိုရင် အစွမိးနည်းနည်းတော့ရနေလောက်ပြီ … အခုချိန် ဖုတ်ကောင်ကြီးထပ်ရောက်လာမယ်ဆိုရင်တော့ အဲ့ဒီကြိုးတွေက်ု အသုံးပြုကြည့်မယ်''
''အဲ့ဒါတော့ဟုတ်ပါပြီ … ရဲအရာရှိတွေကို အိပ်ဆေးပြေဖို့ ခင်ဗျားတကယ်ပေးခိုင်းပြီးပြီနော် သေချာလား''
''အိုးဗျာ … အခုချိန်ထိ ခင်ဗျားတိုက ကျုပ်ကို မယုံသေးပဲကို''
''မဟုတ်ပါဘူး … ပိုသေချာသိချင်လို့ မေးကြည်တာ''
''စိတ်ချပါဗျာ … ကျုပ်ကြောင့် လူတွေသေခဲ့ရပြီးပြီး ဒီတစ်ခါ လူတွေဘက်ကနေ ကျုပ်အစွမ်းကုန် ကာကွယ်သွားပေးတော့မှာပါ … ကျုပ်တပည့်တစ်ယောက်ကို အခုချက်သွားပေးခိုင်းထားတယ် မကြာခင် သူပြန်ရောက်လာလိမ့်မယ်''

အချိန်ကား သန်းခေါင်ယံအချိန်သို့ ကျော်လွန်လာခဲ့ချေသည်။ ဆရာဖြစ်သူဦးသိပ္ပ စေခိုင်းချက်ဖြင့် ကျော်ထက်တစ်ယောက်သည်လည်း ဖြေဆေးများအား ကိုင်ဆောင်စေပြီး ကြံခင်းနယ်အပိုင်စခန်းဆီသို့ တောလမ်းဖြတ်လမ်းများမှ လျင်မြန်စွာအရောက်လှမ်းနေခဲ့သည်။ ကံဆိုးခဲ့လေသလား။ မှော်ဆရာကြီးဦးလန်ဘား၏ မှော်ဓားချက်ဖြင့် အထိနာကာ မျက်စိတစ်ဖက်မရှိတော့သော ဖုတ်ကောင်ကြီးဟာ တောလမ်းအမှောင်ရိပ်တစ်ခု၌ ပုန်းအောင်နေလေခဲ့သည်။ ကျော်ထက်သည်လည်း ထိုအနားသို့ ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ကျော်ထက်တစ်ယောက် ထိုအနားသို့ရောက်ရှိလာသည်နှင့် ဖုတ်ကောင်ကြီးမှာ ရုတ်တရက်ပေါ်ထွက်လာလေသည်။ မိမိ၏အရှေ့မှောက်၌ မြင့်မားသောအရပ်မောင်းနှုင့် ရုတ်တရက်ရောက်ရှိလာသော ဖုတ်ကောင်ကြီးအား ကျော်ထက်တစ်ယောက် ဖြေးညင်းစွာမော့ကြည့်လိုက်လေသည်။
တွေးမိ၏။ မိမိဟာဖုတ်ကောင်ကြီး၏ သားကောင်အဖြစ်သို့ ရောက်ရှိတော့မည်လား။ မဖြစ်နိုင်သေး။ ဆရာဖြစ်သူစေခိုင်းလိုက်သည့် တာဝန်များအား မိမိတစ်ယောက် တာဝန်ကျေစွာ လုပ်ဆောင်ပေးသွားချင်သေးသည်။ ထို့ကြောင့် ဖုတ်ကောင်ကြီး၏လက်အတွင်းမှ လွတ်မြောက်စေရန် အလွတ်ရုံးပြေးသော်လည်း မလွတ်မြောက်တော့ချေ။ ကံဆိုးစွာနှင့် ကျော်ထက်တစ်ယောက်မှာတော့ ဖုတ်ကောင်ကြီး၏သားကောင်အဖြစ်သို့ ရောက်ရှိသွားခဲ့ချေတော့သည်။ လျင်မြန်စွာပြေးလိုက်သော ကျော်ထက်၏အနောက်သို့ ဖုတ်ကောင်ကြီးမှာ တစ်ကြိမ်မျှခုန်ပေါက်လိုက်ပြီး နောက်ကျောသို့ ချွန်ထက်လှသော လက်သည်းများထိုးစိုက်လိုက်လေသည်။ ထို့နောက် နောက်ကျော်မှနေ၍ ကျော်ထက်၏ ပင်မသွေးကြောမကြီးအား စုတ်ယူလေတော့သည်။ အားတင်ထား၏ မသေချင်သေး တာဝန်များရှိသေး၏ အပိုင်စခန်းဆီသို့ အရောက်လှမ်းဦးမည်။ ဒေါသများထက်နေသည့် ဖုတ်ကောင်ကြီးမှာ ကျော်ထက်အားသွေးစုတ်လျက် ပစ်ချစေခဲ့ပြီး လသာရွာအတွင်းသို့ ပြန်လည်ဦးတည်လေတော့သည်။
သေချာလေပြီ ဖုတ်ကောင်ကြီးဟာ လသာရွာဆီသို့ထပ်မံ၍ သွားရောက်တော့မည်။ ဆရာဖြစ်သူအား ကျော်ထက်တစ်ယောက် သွားရောက်အကြောင်းကြားချင်သေးသည်။ သို့သော် မိမိမသေခင် အသက်ရှိစဉ်၌ ဖြေဆေးများအား အပိုင်စခန်းဆီသို့ အရောက်ပို့ဆောင်တော့မည်ဟု တွေးတောလျက် နာကျင်နေသော ဝေဒနာများအား ကြိတ်မှိတ်ထားခဲ့ပြီး သေလုမျောပါးဖြစ်နေသည့် ကျော်ထက်ဟာ အပိုင်စခန်းဆီသို့အရောက်လှမ်းနေတော့သည်။
အိပ်မောကျနေကြသည့် ရဲအရှိများသည်လည်း (၂၄)နာရီတိတိ အိပ်မောကျနေခဲ့ကြပြီး ယခုအချိန်၌ အိပ်မောကြနေခဲ့သည်မှာ (၂၄)နာရီတိတိကြာမြင့်သွားသည်ကြောင့် ကိုယ်ဆီလှုပ်ရှားလာနေခဲ့သည်။ ဦးသိပ္ပ ၏ဆေးဟာ အိပ်မောကျခါ နိုးထာလာလျင်လည်း အရူးတစ်ပိုင်းအဖြစ်သို့ နောက်ထပ်(၂၄)နာရီ ရောက်ရှိနေဦးမည်ဖြစ်သည်။ အောင်ကို၏ စီစဉ်ချက်ဖြင့် လသာရွာသားများဟာ အပိုင်းစခန်းအတွင်းသို့ မည်သူမှမဝင်ရောက်နိုင်ရန် လက်နက်ကိုယ်ဆီကိုင်ဆောင်ထားကြပြီး စောင့်ကြပ်နေလေခဲ့ကြသည်။ လရောင်အောက်၏ မသည်းမကွဲအလင်းရောင်များကြားမှ ဒဏ်ရာအပြင်းအထန်နှင့် ကျော်ထက်တစ်ယောက်သည်လည်း အပိုင်စခန်းဆီသို့ ဦးတည်အရောက်လှမ်းနေခဲ့သည်အား စခန်းပတ်ဝန်းကျင်၌ စောင့်ကြပ်နေခဲ့ကြသော ရွာသားများမြင်တွေ့သွားခါ လက်နတ်ကိုယ်ဆီကိုင်ဆောင်၍ ကျော်ထက်၏အနားသို့ အရောက်လှမ်းစေခဲ့သည်။ ထို့နောက်
''ရပ်လိုက်စမ်း … ခင်ဗျားဘယ်သူလဲ''
''ကျုပ် … ကျုပ်… ''
နာကျင်လွန်းလှသည်။ လည်ပင်းမှဒဏ်ရာများ တစ်ဆစ်ဆစ်ကိုက်ခဲ့လျက် ရွာသာများ၏အမေးစကားကိုပင် ကျော်ထက်တစ်ယောက်မှာ ချက်ချင်းပြန်လည်အဖြေမပေးနိုင် ထစ်ငေါ့နေခဲ့ရသည်။
''ဟေ့လူ … ခင်ဗျားကို မေးနေတယ်လေ''
''ကျုပ် … အား … ကျုပ် … ကျုပ်က … ဦးသိပ္ပရဲ့တပည့်ပါ''
''ဘာ !… ငါတို့အားလုံးကို ဒုက္ခပေးနေတဲ့လူကြီးရဲ့ တပည့်ပဲ''
''ဟုတ်တယ်ကွ အခုလဲ ထပ်ပြီဟန်ဆောင်လာကြပြန်ပြီ မမေးနေနဲ့တော့ကွာ ကြာတယ်ခုတ်ကြ''

ဦးသိပ္ပ ၏တပည့်ဟု ဦးစွာပြောဆိုလိုက်သည်ကြောင့် ရွာသားများမှာ စိုးရိမ်ထိတ်လန့်သွားကြပြီး ကျော်ထက်အား အသင့်ကိုင်ဆောင်ထားကြသည့် ဓားများဖြင့် ဝိုင်းခုတ်ကြလေသည်။ ဦးသိပ္ပ ၏ကြေးစားလူမိုက်များထဲမှ ကျော်ထက်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံပညာအရာ၌ သူသည်လည်း ပိုင်နိုင်စွာတတ်မြောက်ထားသည်။ ထို့ကြောင့် ရွာသားများ၏ ဓားချက်များအား ကျော်ထက်တစ်ယောက် နာကျင်နေသောဒဏ်ရာများကြားမှ လျောင်တိမ်းနေခဲ့ရသည်။ ဖုတ်ကောင်၏လက်ချက်ဖြင့် ရရှိထားသည့် ဒဏ်ရာဟာအင်မတန်ပြင်းထန်လှပြီး ထိုဒဏ်ရာသာမရှိလျင် ကျော်ထက်တစ်ယောက် ရွာသားများအား ကျော်လွှား၍ အပိုင်စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့မည်မှာ မလွဲချေ။ ယခုအခါ ထိုဒဏ်ကြောင့် ကျော်ထက်တစ်ယောက်မှာတော့ ရွာသားတစ်ဦး၏ နောက်ကျောမှခုတ်လိုက်သော ဓားချက်ထိခိုက်သွားစေတော့သည်။
''အား!… ''
ရွာသားများ၏ဓားချက်သာလျင် ရှောင်တိမ်းနေခဲ့ပြီး ရွားသားများအား နာကျင်အောင်ပြုမူခြင်းမရှိခဲ့သည့် ကျော်ထက်မှာတော့ ယခုအချိန်ပိုင်း၌ တွေးမိ၏။ ရွာသားတစ်ဦးတစ်ယောက်အား ဓားစာခံလုပ်၍ အပိုင်းစခန်းဆီသို့ ဝင်ရောက်မှသာလျင် ဖြစ်ချေတော့မည်။ ထို့ကြောင့် မိမိအားနောက်ကျောမှ ခုတ်လိုက်သည့် ရွာသားတစ်ဦးအား ပိုင်နိုင်စွာတိုက်ခိုက်ချေလျက် လည်ပင်းအပေါ်သို့ ဓားဖြင့်ချိန်ရွယ်လိုက်နိုင်သည်။
''တစ် … တစ်ယောက်မှ အ … အနာမကပ်နဲ့နော် … အား !… အနားကပ်လာရင် ကျုပ် … ကျုပ်အဆိုးမဆိုနဲ့''
ထိုသို့အကြပ်ကိုင်ခါ အပိုင်စခန်းအတွင်းသို့ ဝင်ရောက်နိုင်ရန် ကြ်ုးစားခဲ့ရသည်။ စခန်းဆီသို့ ကျော်ထက်ရောက်ရှိလာခဲ့ပြီး ရွာသားများနှင့် တိုက်ခိုက်နေသည်ကြောင့် ရဲအရာရှိများအား စောင့်ကြည့်နေခဲ့သော ကိုအောင်အား ရွာသားတစ်ဦးမှ သွားရောက်ခေါ်ဆောင်လာခဲ့သည်။ သို့နှင့်အောင်ကိုသည်လည်း ထိုအနားသို့ အပြေးလှမ်းလာချိန်၌ ကျော်ထက်အားမြင်တွေ့လိုက်ရသည်။

' ကိုယ်လူ … ခင်ဗျားဘယ်သူလဲ ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ''
''ကျုပ် … ကျုပ်ကို ဆရာဒီပက … အိပ်ဆေးမိနေတဲ့ လူတွေအတွက် ဖြေဆေးပေးခိုင်းလိုက်လို့''
''ဟင် … ခင်ဗျားတကယ်ပြောနေတာလား''
''အား … !… ကျုပ်လဲ … ဖုတ်ကောင်အကိုက်ခံထားရတယ် ကြာကြာမနေရတော့ဘူး အိပ်ပျော်နေတဲ့သူတွေ ပြန်နိုးလာရင်လဲ အရူးတွေလိုဖြစ်နေကြလိမ့်မယ် ဒီဆေးကိုမြန်မြန်အရည်ဖျော်တိုက်လိုက် … လသာရွာက မှော်ဆရာကြီးလည်း သေပြီ ''
''ဘာ … ဟေ့လူ … ခင်ဗျားတကယ်ပြောနေတာလား''
''ကျုပ် … ကျုပ်ပြောတာကိုပဲ ခင်ဗျား နားထောင် … ရော့ … ဒီဆေးတွေကို အရည်ဖျော်ပြီး ဆေးမိနေတဲ့သူတွေ အားလုံးကို တိုက်လိုက် … ပြီးရင် လသာရွာဆီကို အမြန်ဆုံးသွားကြ … အား … အ … အ''
''ဟေ့လူ … ဟေ့လူ … သတိထားဦးလေ''
''ကျုပ် … အား ''

ကျေနပ်သွားခဲ့ပြီလား ကျော်ထက်ဟာ ဆရာဖြစ်သူ၏ စေခိုင်းချက်များအား မိမိ၏နောက်ဆုံးထွက်သတ်အထိ တာဝန်ကျေစွာလုပ်ဆောင်ပေးသွားနိုင်ခဲသည်။ ထို့နောက် အသင့်ရှိနေသည့် ဓားဖြင့် မိမိ၏ရင်ဘတ်ဆီသို့ ထိုးစိုက်ကာ သက်သေခဲ့ရသည်။ မိမိကိုယ်တိုင်သိရှိ၏ မိမိဟာ သေတော့မည်မှာ သေချာလှသည်။ မိမိသေသွားခဲ့လျင် ဖုတ်ကောင်အဖြစ်သို့ မရောက်ရှိလာစေရန် နှလုံးတည့်တည့်အား ဓားဖြင့်ထိုး၍ သက်သေသွားခဲ့ခြင်းဖြစ်သည်။
''ဒီလူပြောသွားတာ အမှန်တွေပဲလား !… အိုးဗျာ … ဘာပဲဖြစ်ဖြစ် ဒီဆေးတွေကို သူပြောတဲ့အတ်ုင်း လုပ်မှဖြစ်မယ်''
''အစ်က်ုအောင် … အစ်ကိုအောင် ရဲအရာရှိတစ်ယောက် အိပ်ယာကနိုးလာပြီး ရူးကြောင်ကြောင်တွေ လျောက်လုပ်နေတယ် မြန်မြန်လာကြည့်ပါဦး''
''ဟင် … ဒါဆိုဒီလူပြောသွား သေချာပြီ''

ဦးစွာနိုးထလာသည့် ရဲအုပ်မောင်ဝင်းမှာတော့ ရူးကြောင်ကြောင်ဘဝသို့ ရောက်ရှိနေခဲ့ရလေသည်။ မိတ်ဆွေဖြစ်သူ အောင်ကို၏ အမည်အားလည်း မမှတ်မိနိုင်သကဲ့သို့ မည်သူမည်ဝါမှန်းလဲ မသိနိုင်တော့ချေ။ ထို့ကြောင့် ကျော်ထက်ပြောဆိုခဲ့သည့်အတိုင်း ထိုဆေးများအား ရေခွက်အတွင်းသို့ အရည်များဖျော်စေကာ ရဲအုပ်မောင်ဝင်းအား ဦးစွာတ်ုက်ချေခဲ့သည်။ ထို့နောက် အိပ်မောကျနေသည့် ရဲအရာရှိများနှင့် ရွာသားများအား တစ်ဦးချင်းဆီ လိုက်လံ၍ ဖြေဆေးများတိုက်လေတော့သည်။ ဖြေဆေး၏အစွမ်းဖြင့် မကြာခင်အချိန်၌ပင် အိပ်မောကျနေကြသော သူများအားလုံး လူကောင်းပကတိအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ချေသည်။ ထို့နောက် ပြန်လည်ကောင်းမွန်လာသည့် ရဲအရာရှိများအား ဖြစ်ကြောင်းကုန်စဉ်အားလုံး မိတ်ဆွေအစ်ကိုအောင်တစ်ယောက်မှာတော့ ပြန်လည်ပြောဆိုလျက် စိုးရိမ်ကြီးစွာနှင့် မိတ်ဆွေလူငယ်များရှိနေကြသော လသာရွာဆီသို့ ချက်ချင်းပင်လျင် ဦးတည်ထွက်ခွာလေတော့သည်။
တပည့်ဖြစ်သူကျော်ထက်တစ်ယောက် ထွက်ခွာသွားခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ချေပြီး ထိုအချိန်လောက်ဆ်ုလျင် အပိုင်စခန်းဆီမှ ကျော်ထက်တစ်ယောက် မိမ်ဆီသို့ပြန်လည်ရောက်ရှိ လာသင့်ချေပြီ။ သိုပေမယ့် ယခုနံနက်အာရုံတတ်ချိန်(၄)နာရ်ီထိပင် ကျော်ထက်တစ်ယောက်မှာ ပြန်လည်ရောက်ရှိမလာသေးချေ။ တပည့်ဖြစ်သူအတွက် ဆရာဖြစ်သူဦးသိပ္ပ လွန်စွာစိတ်ပူမိသည်။ ကနာမငြိမ်နိုင် ရွာဝင်ပေါက်အတွင်းသို့ တမျှော်မျှော်နှင့် စောင့်ကြည့်နေခဲ့ရသည်။ တကယ်တော့ သစ္စာရှိလှသည့် တပည့်ဖြစ်သူကျော်ထက်ဟာ မိမိထံသို့ ပြန်လည်ရောက်ရှိလာနိုင်မည် မဟုတ်တော့ချေ။ ဖုတ်ကောင်၏လက်ချက်ဖြင့် အသက်ပေးခဲ့ရလေပြီ။ ကျော်ထက်၏ ဝိဥာဉ်သာလျင် ဆရာဖြစ်သူထံသို့ ယခုအချိန်၌ ပြန်လည်ရောက်ရှိလာဦးမည်ဆိုလျင် ဦးသိပ္ပတစ်ယောက် မြင်နိုင်ခွင့်မရှိတော့ချေ။ ''ဦးသိပ္ပ ခင်ဗျားတပည့် ပြန်ရောက်မလာသေးပါလား''
''ဟူတ်တယ် … ကျုပ်လဲ စိတ်ပူနေတာ အခုချိန်လောက်ဆိုရင် သူပြန်ရောက်သင့်နေပြီ''
''ဟွန်းဟွန်း … ခင်ဗျားနော် ''
''ဟာဗျာ … အရေးထဲမှ ခင်ဗျားတို့က ကျုပ်ကိုမယုံသင်္ကာဖြစ်နေရင် ကျုပ်နဲ့ခင်ဗျားတို့ ရေရှည်မှာ လက်တွဲနိုင်မှာမဟုတ်ဘူး အဓိက ဖုတ်ကောင်ကြီးနဲ့တွေ့တဲ့ အခါ ကျုပ်တို့အားလုံး တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိထားမှ ကောင်းကောင်းရင်ဆိုင်နိုင်လိမ့်မယ်''
''ဟုတ်ကဲ့ဦးသိပ္ပ … ကျုပ်သူငယ်ချင်းအတွက် ကျုပ်တောင်းပန်ပါတယ် ကျုပ်တို့အားလုံး စိုးရိမ်ကြီးနေလို့ ပြောမိတခွင့်လွတ်ပါ''
''ရပါတယ်ဗျာ ကျုပ်က အားလုံးအတွက် ပြောတာပါ''

''ဟင် … ထီးလေး လမ်းလေး ငါးလေး ဟိုမှာကြည့်စမ်း''
''ဟာ … ဦးသိပ္ပ ဖုတ်ကောင်ကြီး ထပ်လာနေပြီ''
''လာပါလိမ့်စေဗျာ … ကျုပ်ကိုယ်တ်ုင်စခဲ့တဲ့ ဖုတ်ကောင်ကြီးကို ကျုပ်ကိုယ်တ်ုင် ဇာတ်သိမ်းပေးမယ်''
''ဟာ … ဦးသိပ္ပ ဖုတ်ကောင်ကြီး ထပ်လာနေပြီ''
''လာပါလိမ့်စေဗျာ … ကျုပ်ကိုယ်တ်ုင်စခဲ့တဲ့ ဖုတ်ကောင်ကြီးကို ကျုပ်ကိုယ်တ်ုင် ဇာတ်သိမ်းပေးမယ်''
ညတွင်းချင်းပင်လျင် ဖုတ်ကောင်ကြီးမှာ လသာရွာဆီသို့ ထပ်မံ၍ရောက်ရှိလာခဲ့လေသည်။ မိမိကိုယ်တိုင် စခဲ့သည့် ဖုတ်ကောင်ကြီးအား မိမိကိုယ်တိုင်ပင်လျင် အပျက်ရှင်းပေးမည်ဟု ကြုံးဝါးလျက် တွန့်ဆုတ်ခြင်းမရှိသော ခြေလှမ်းများနှင့် ဦးသိပ္ပတစ်ယောက်မှာတော့ ဖုတ်ကောင်ကြီးအား ရပ်လျက်စောင့်ကြိုနေလေခဲ့သည်။
*******
ဇာတ်သိမ်းမည်ထင်ထားသော်လည်း မသိမ်းနိုင်ခဲ့သေးပါ။ ထို့ကြောင့် ကျန်ရှိနေသော ဇာတ်သိမ်းပိုင်းအား
(၂.၁.၂၀၁၆) မြန်မာစံတော်ချိန်
မွန်းလွဲ (၃)နာရီအချိန်တွင် ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
ဇာတ်သိမ်းမည်ထင်ထားသော်လည်း မသိမ်းနိုင်ခဲ့သေးပါ။ ထို့ကြောင့် ကျန်ရှိနေသော ဇာတ်သိမ်းပိုင်းအား
(၂.၁.၂၀၁၆) မြန်မာစံတော်ချိန်
မွန်းလွဲ (၃)နာရီအချိန်တွင် ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
(ရင်နှင့်ရင်း၍ရေးသားသည်)
်

No comments:
Post a Comment