အပိုင်း၁၂ နှစ်၁၀၀ကျိနိစာသင့်အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း၁၂ နှစ်၁၀၀ကျိနိစာသင့်အိမ်ကြီး

Share This
အပိုင်း (၁၂)

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
     
စာရေးသူ -ထီးကလေး၊ လမ်းကလေး၊
                 မျှားကလေး၊ငါးကလေး၊
                  တန်ခိုး။



``ကိုအောင်…သတိထားနော်…´´
၅ပေမျှ ကျယ်ဝန်းလှတဲ့ အပေါက်ဆေွးကြီးကို ကိုအောင်တစ်ယောက် အရှိန်ယူကာ လှမ်းခုန်လိုက်ပြီး …

``ရပြီ…ရပြီ…ကျုပ် တံတားလုပ်ပေးမယ်…ဖြေးဖြေးချင်း ခင်ဗျားတို့ တစ်ယောက်ခြင်းလာခဲ့ကြ…´´
ဟုဆိုကာ ဘေး ဘယ် ညာ ရှိ  သစ်သားတစ်ချောင်းကို ထိုးပေးလိုက်တော့သည်။

***************************
``မျှားလေး …နင် အရင်ကူးလိုက်…´´
``ဖြည်းဖြည်းချင်းလာ …မမျှားလေး မကြောက်နဲ့…´´
``အေးအေး.…ရပြီး…ရပြီ…´´
``သူဇာ …ညီမလေး စိတ်အေးအေးထားပြီး ကူး…ဟူတ်ပြီလား ဘာမှ မကြောက်နဲ့…´´

နှစ်တွေကြာနေပြီ ဖြစ်တဲ့ သစ်တားချောင်းကြီးဟာ လမ်းကလေး ကူးပြီးတဲ့နောက်မှာတော့

``ကျွိ…ကျွိ …´´
``ဟာ …ငါးလေး …မြန်မြန် ခုန်ကူးလိုက်တော့…´´
 ``လုပ်ပါဦး…ကျိုးတော့မလား မသိဘူး…´´
``ငါးလေး…ခုန်လိုက်တော့…´´

ငါးလေး ခုန်ကူးလိုက်တဲ့နောက်မှာတော့ သစ်သားချောင်းကြီးဟာ နှစ်ပိုင်း ကျိုးသွားပါတော့သည်။
``ဟာ…ထီးလေး…လုပ်ပါဦး …အစ်ကို အောင် …ထီးလေး ကျန်သေးတယ်…´´
``ကျွန်တော် ခုန်ကူးလိုက်ရင် ရောက်နိုင်ပါ့မလား အစ်ကိုအောင်…´´
``နေဦး ကိုထီး …မရနိုင်ဘူး…သစ်သားကျိုးပြီး ဘေးနှုတ်ခမ်းတွေပါ ပဲ့ကုန်ပြီး ခင်ဗျား ခုန်လိုက်ရင် ရောက်ဖို့မလွယ်ဘူး…´´
``လုပ်ကြပါဦး …လမ်းလေး သစ်သားတစ်ချောင်း မြန်မြန်ရှာပေးကြပါ…´´
``ထီးလေး…နင့်နောက်မှာ ကြည့်ကြည့်ပါဦး ရှိမလား…´´
``မရှိဘူး…မျှားလေး ကိုအောင် ၄ နာရီ မကျော်ခင် ကျွန်တော့သူငယ်ချင်းတွေကိုသာ အပြင်ကို ခေါ်သွားပါတော့ …ကျွန်တော်အတွက် မပူနဲ့ ကျွန်တော် ရအောင် ပြန်ထွက်ခဲ့မယ်…´´
``ဟာ…ထီးလေး …နင်မပါပဲနဲ့ …ငါတို့လဲ မသွားဘူး…တန်ခိုး…တန်ခိုး .တစ်ယောက်ကိုလဲ ထားခဲ့ရပြီးပြီး…မသွားနိုင်ဘူး…နင့်ကို ထားပြီး…ငါတို့ မသွားနိုင်ဘူး…´´
``မျှားလေး…ငါ့ကို မပူနဲ့အခု နင်တို့ ရအောင် ထွက်ကြ…အခုဘယ် နာရီရှိနေပြီလဲ …´´
``၃ နာရီ ၄၅ ´´
``ထွက်…ထွက်…အခုထွက်တော့ မျှားလေး…ငါ့စကားကို နားထောင်စမ်း…ကိုအောင်
   သူတို့တွေကို ခေါ်သွားတော့…´´

ထိုချိန်မှာပင် လေပြင်းတစ်ချက်က ပြင်းထန်စွာ တိုက်ခတ်လာပါတော့သည်။
အပေါ်ခေါင်မိုးဟာလည်း …လှန်သွားပြီ့း  အလင်းရောင်လေးကိုတော့ မသဲမကွဲ မြင်နေရပြီ…

``ကိုထီးလေး မပါရင် သူတို့အားလုံးလိုက်မှာ မဟုတ်ဘူး …မထူးဘူးဗျာ …ကိုထီးလေး အရှိန်နဲ့သာ ခုန်လိုက်တော့ …´´

မှောင်မိုက်နေသည့် အပေါက်ကြီးအောက်မှာ မည်သည့်အရာများ ရှိနေမည်ဆိုတာကို မည်သူကမှ မသိ တန်ခိုး ပြုတ်ကျသွားခဲ့သည့် အပေါက်ကြီးထဲမှာ တန်ခိုးတစ်ယောက်ကတော့ သေသလား ရှင်သလား မသိ ။ထီးလေး အနောက်ကို လေးငါးလှမ်းလောက် ဆုတ်လိုက်ပြီး အရှိန်ယူခါ အပြေးခုန်လိုက်တော့သည်…။

******-******-******-*****-***
``ဟာ…ထီးလေး…´´
``တော်သေးတာပေါ့ဗျာ …ဘာဖြစ်သွားသေးလဲ …´´
``ရ…ရ…တယ် ကိုအောင် အပေါက်ကိုသာ မြန်မြန်တွေ့အောင်ရှာတော့ ´´
``ဟာ…ဟေ့ယောင် …လမ်းလေး …လာလေ ဘာကြောင်တောင် တောင် လုပ်နေတာလဲ …လာ…´´

လမ်းလေးမှာတော့ ပြူးကြောင် ကြောင် မျက်လုံးနှင့်အတူ ကြောင်တောင်တောင်ကြီး ရပ်နေလျက်
``မင်းတို့…အားလုံးကို …ငါ ပေးမထွက်နိုင်ဘူး…´´
``ဟင်…´´
``ကိုအောင် လုပ်ပါဦး …´´
``မင်းကဘယ်သူလဲ …´´
``ငါက ဒီအိမ်ကြီးရဲ့ အရှင်သခင် ထင်ခပဲဟေ့…´´
``မင်းက …ဘာလို့ငါတို့ကို ဒုက္ခပေးချင်ရတာလဲ…ငါတို့အခု ထွက်ပေါက်ပျောက်နေတယ် …ပြောစမ်း…ထွက်ပေါက်ဘယ်မှာလဲ´´
``ဆရာပေါက်စလေးကများ ငါ့ကို အမိနိ့ပေးနေတယ်…
    ဟား…ဟား…ဟား´´

မာန်ပါပါ ရီသံနဲ့အတူ လမ်းကလေး ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။

``လမ်းလေး…ဟေ့ယောင် …လမ်းလေး…´´
``ဟင်…ထီးလေး အပြင်ထွက်ကြတော့လေ …အချိန်မရှိတော့ဘူး…´´
``ထထ …မင်းကို တစ်ယောက်ယောက် စီးနေလို့……´´
``ဟင်…´´
``ဟာ…ကိုထီးလေး နောက်မှ ပြော…အခု အချိန်မရှိတော့ဘူး…´´

ပြောနေတုန်းအချိန်မှာပဲ အပေါ်အမိုး ခေါင်တိုင်ကြီးတစ်ခုက ထီးလေးနှင့်အတူ လမ်းလေးနဲ့ အောင်ကိုတို့ ကြားစည်းတားလိုက်သလို အလည်တည့်တည့် ပြုတ်ကျလာပါတော့သည်။
``ထီးလေး…သတိထား…´´
``ထိသွားသေးလား…´´
``မထိဘူး…မထိဘူး…ရတယ်…´´
``မြန်မြန်လာလာ…မြန်မြန်လာလာ…´´
``ဟိုမှာ အလင်းရောင်လိုလို တွေ့နေရတယ် အဲ့ဒါထွက်ပေါက်ပဲ ဖြစ်ရမယ် …ကိုအောင်တို့အရှေ့ကသွား…´´
``မျှားလေး ဘယ်နာရီရှိနေပြီလဲ…´´
``၃နာရီ ၅၅ …´´
``ဟာ…အချိန်လုံးဝ မရှိတော့ဘူး…´´
``သွားတော့…´´
ထီးလေးက ကြမ်းပြင်ပေါ်မှ မထပဲ အားလုံးကို အလျင်စလို သွားခိုင်းနေတော့သည်။
သူနဲ့အတူရှိနေတဲ့ လမ်းကလေးက
``ဟေ့ယောင် …မင်းလဲ ထလေ…ဘာလုပ်နေတာလဲ´´
``ငါ…ငါ့ကို ထားခဲ့…မင်း မျှားလေးတို့နဲ့ မြန်မြန်လိုက်သွား…´´

ခေါင်မိုးမှ အမိုးတွေက စတင်ပြိုကျလာပါတော့တယ်။ ကြမ်းပြင်အားလုံးကလဲ ကျွမ်ကျကာ တိုင်ကြီး အားလုံးကလဲ ဘယ် ညာ လဲကျကုန်ပြီ…
``ဟာ…ထီးလေး…ထလေ…´´
``ငါ…ငါ…ထလို့မရဘူး…ငါ့ခြေထောက် တိုင်ပိနေတယ်…´´
``ဟင်…´´
``ဟုတ်တယ်…လမ်းလေး …ငါ့ကို ထားခဲ့တော့ မင်းထွက်သွားတော့…´´
``ဟာကွာ…ဟုတ်ပါရဲ့…ဘာမှ မဖြစ်ဘူး ထီးလေး …ငါရအောင် ဖယ်ပေးမယ်…´´
``အား…´´

လမ်းကလေး ပိနေသည့် တိုင်ကြီးကို ဖယ်နေစဉ်မှာပဲ တစ်အိမ်လုံးနီးပါးက ပြိုကျနေလျက်

``အား……………´´
``ရပြီး…ရပြီ…ထီးလေး…နေဦး…ငါ့ကိုတွဲ…
ထီးကလေးကို တွဲကာ လမ်းလေး အလင်းရောင် ပြပြမြင်နေရသည့် အပေါက်ကိုသာ ဦးတည်နေပါတော့သည်။ အိမ်ကြီးကတော့ ကျွမ် ကျ ပြို ကျ နေလျက်
သူတို့အားလုံး ထွက်ပေါက်ကို တွေ့နိုင်သွားပြီ

``ဟာ…ဟို…ဟိုမှာ …ထီးလေးတို့ နှစ်ယောက် …´´
``မြန်မြန်လာ…လမ်းလေး အနောက်မှာ တိုင်ကြီးလဲလာပြီ…´´

လမ်းလေးနဲ့ထီးလေး အပြင်ရောက်လာချိန်မှာတော့ အိမ်ကြီး အနောက်အခန်းတွဲဟာ အားလုံးပြုတ်ကျသွားပါတော့သည်။ အိမ်မကြီးကတော့ သူတို့အစ တွေ့နေရတဲ့ အိမ်ကြီးမဟုတ်တော့ပဲ အုပ်ဆိုင်းကာ ဆွေးမြေ့နေသော အိမ်အိုကြီးပုံစံကိုသာ တွေ့လိုက်ရတော့သည်။

********-******-******-*******

``တော်ပါသေးရဲ့…´´
``တန်ခိုး…တန်ခိုးကို ငါတို့ဘယ်လိုပြန်ရှာရမလဲ…လုပ်ပါဦး…´´
``ကိုအောင် …ကျွန်တော့သူငယ်ချင်း တန်ခိုး ကို ဘယ်လိုပြန်ကယ်ရမလဲ…ပြောပါဦး…´´
``စိတ်ချပါ…ပုဏ္ဍကစက်ကွင်း နှစ်၁၀၀ ကျိန်စာထဲကနေ ကျုပ်တို့အားလုံး ထွက်လာနိုင်ခဲ့ပြီပဲ…ခင်ဗျားတို့မိဘတွေဆီကို မိုးထိန်ထိန်လင်းတာနဲ့အကြောင်းကြားပြီး ကိုတန်ခိုးကို အိမ်ကြီးထဲမှာ ပြန်ရှာကြတာပေါ့…´´
``ငါ့သူငယ်ချင်း…တန်ခိုး ဘာမှ မဖြစ်ပါစေနဲ့…´´
``ထီးလေး …မင်းလမ်း လျောက်နိုင်မှာမဟုတ်ဘူး …ငါကိုတွဲထားနော် …´´
``ကံကောင်းလို့ပေါ့ ထီးလေးရယ် နင့်ခြေထောက် တော်တော် နာနေလား…´´
``မနာပါဘူးဟာ…နင်တိုကမိန်းကလေးတွေပဲ ဂရုစိုက်…´´
``ဟင်…အစ်ကို အောင် ဟို…ဟိုမှာ ဘုန်ကြီးတွေပါလား…´´

ငါးလေးညွှန်ပြရာသို့ ကိုအောင် ကြည့်လိုက်တော့သည်။
``ဟင်…အိမ်ကြီးထဲကို ဘယ်လိုလုပ် ရောက်နေတာလဲ…´´
``ဟင်…အစ်ကိုထီးလေး သူဇာ တွေ့ခဲ့ရတယ် ပြောတာ အဲ့ဘုန်းကြီး ၃ပါးပါပဲ …´´

ဘာစကားမှ မပြောတော့ပဲ ငါးကလေး ဘုန်းကြီးတွေရှိရာသို့ အပြေးသွားလိုက်တော့သည်။ သူ့စိတ်မှာကား အားကိုးရသွားဟန်ဖြင့်
ဘယ်ကရောက်လာမှန်း မသိတဲ့ ဘုန်းကြီးတွေ အရှေ့ပြေးသွားပြီး လက်အုပ်ချီကာ
``ဘုန်းဘုန်းတို့…တပည့်တော်တို့ကို ကယ်ပါဦး …တပည့်တော်တို့ သရဲခြောက်ခံနေရလို့ပါ ဘုန်းဘုန်းတို့ ကယ်ပါ…´´

ငါးကလေး သွားတာကြောင့် ကျန်နေသူအားလုံးလဲ ရောက်သွားခါ အကြောင်းဆုံကို ရှင်းပြလိုက်တော့သည်။
ထို့နောက် အပြောကိုသာ နားထောင်လျက်ရှိသော ဘုန်းကြီး၃ပါးက ``ဒကာလေးတို့ကို ဦးဇင်းတို့ ကျေးဇူးတင်ပါတယ်…´´
``ဗျာ…´´
``ဘာလို့ကျေးဇူးတင်ရတာလဲ ဘုန်းဘုန်း…´´
``ဦးထင်ခ သတ်ပြီး အစောင့်ထားခံရတဲ့သူတွေအထဲမှာလဲ …ဘုန်းဘုန်းတို့ ၃ပါးလဲ ပါခဲ့ရတယ်…´´
``ဗျာ…´´

ဘုန်းကြီး ၃ပါးရဲ့ စကားကြောင့် တစ်ဖွဲ့လုံး အနောက်သို့ဆုတ်သွားတော့သည်။

``ဦးထင်ခရဲ့ ဝိဥာဉ်တံခါးသော့ကို ပိုင်ရှင်မဟုတ်တဲ့အရင်ဦးဆုံး သော့ကို ကိုင်မိသူဟာ လက်မှာ ဝိဥာဉ် ကပ်ခြင်းကို ခံရမယ်…ထိုသူရဲ့လက်ဟာ ပင့်ကူရှက်သကဲ့သို့ ရောင်ယမ်းခါ ဝိဥာဉ်စီးတဲ့အခါမှာ ကိုက်ခဲခြင်းဝေဒနာကို ခံစားရမှာ ဖြစ်တယ်…တံခါးဖွင့်တဲ့အခါမှာလဲ ထိုသူ ဖွင့်မှ ထိုတံခါးဟာ ပွင့်နိုင်တာပါ…အခု တံခါးပွင့်သွားချေပြီ…ဒါကြောင့် ဦးဇင်းတို့ မကျွတ်မလွတ်သေးတဲ့ ဝိဥာဉ်အားလုံးကို ကယ်တင်ပေးခဲ့တဲ့  ဒကာလေးတို့ အားလုံးကို ကျေးဇူးတင်ရခြင်းပါ…´´

``ဗျာ…´´
``ဟုတ်ပါတယ် ဒကာလေးတို့ ဒီအိမ်ကို အနှောက်ယှက်ရှိတယ်ဆိုပြီး  ဦးဇင်းတို့ကို လာပင့်ခဲ့တဲ့ ဒကာတစ်ယောက်ကို သူဖခင်က မြို့ကိုခဏ တတ်ခိုင်းပြီး ဒီအိမ်ပိုင်ရှင်ကြီးက ဦးဇင်းတို့ ကို တပည့်အပေါင်းအပါနဲ့ ဝိုင်းသတ်ပြီး အခုလို ခြံစောင့်ထားခံခဲ့ရတာပါ…´´

တစ်ဖွဲ့လုံး ပြူးကြောင်ကြောင်တွေ ဖြစ်ခါ မျက်စိအရှေ့မှ ဘုန်းကြီးအားလုံး ပျောက်ကွယ်သွားပါတော့သည်။

``ဟာ…ဘုန်းကြီးတွေရော…´´
``တော်တော် ရက်စက်တာပါလား…´´
``ကဲကဲ…တို့တွေ အိမ်ရှေ့ကို အရောက်ထွက်ကြမယ်…မိုးလင်းနေပြီ…´´
``ဘယ်ဘက်က ထွက်ရမှာလဲ……´´
``ဒီဘက်ဘေးက ပတ်ထွက်သွားရင် ဦးတင်အောင်……´´
``ဦးတင်အောင်ကို တစ်ယောက်ယောက်ထိန်းချုပ်ထားသေးတယ်…´´
``ဦးလေးက တို့အပေါ်ကောင်းခဲ့သူပါ…´´
``ဆက်ပြောလေ…ထီးလေး ဒီဘက်ဘေးက ပတ်ထွက်သွားရင် ဘယ်ရောက်မှာလဲ…´´
``ပြောမှာပါဟာ…ဦးလေးကို သတိရသွားလို့ပါ…ဒီဘက်က ပတ်ထွက်သွားရင် ဦးလေးတင်အောင် နေခဲ့တဲ့ အိမ်အဖြူလေးကိုတွေ့မယ် …ဒါဆို တို့ကားထားတဲ့ နေရာဆီ တန်းရောက်ပြီ…´´

``တန်ခိုးကိုရော…´´
``တန်ခိုး…ကိုတော့ လူကြီးတွေကို အကြောင်းကြားပြီးမှ ပြန်လာရှာကြတာပေါ့…´´

ထီးကလေး ညွှန်ပြပေးသည့် အတိုင်း တစ်ဖွဲ့လုံးဦးတည်လာကြတော့သည်။

``ဟာ…´´
``ဘာဖြစ်တာလဲ ထီးလေး…´´
``ဟို…ဟိုမှာ …ဦးလေးတင်အောင် နေတယ်ပြောတဲ့…အိမ်ကို ကြည့်စမ်းပါဦး…´´
``ဟင်…
``ဟာ…´´
``အမလေး´´
``ဟင်…အုတ်ဂူကြီးပါလား…´´
``မကြောက်ကြပါနဲ့ကွာ…ဦးလေးက ငါတို့ကို ဒုက္ခပေးတာမှ မဟုတ်တာ´´
``လာလာ…တို့…ဒီဘေးကနေ ပတ်ထွက်သွားမယ်ဆို ကားရှိတဲ့နေရာကို လှမ်းတွေ့ရလိမ့်မယ် …´´
``ဦးလေး…ဦးလေး…´´

ဦးတင်အောင် ဝါးတဲနေအိမ် ဖြူဖြူလေးဟာ တကယ်တော့ ညိုမွဲနေတဲ့ အုတ်ဂူသာဖြစ်လေတော့သည်။

``ဟာ…ဟိုးမှာ တို့ကား…တွေ့ပြီဟေ့…´´
``ဟာ…ကား…ကားတွေပြီး…အားလုံးပဲ အားတင်ထား…´´

အားတင်းခါ အားလုံးကားနားကို အရောက်သွားကြတော့သည်။ ထီးလေးကတော့ ခြေထောက် ဒဏ်ရာကြောင့် လမ်းကလေးက တွဲထားလျက် တစ်ရွှေ့ရွှေ့သွားနေတော့သည်။
ကားနားကို အရောက်မှာတော့ ရုတ်တရက်…
********-*******-*******-*****

``အမလေး…´´
``ဟင်…တန်…တန်ခိုး…နင်…နင် ဘာမှ မဖြစ်ဘူးနော်…´´
``ငါဘာမှ မဖြစ်ပါဘူး…´´
``နင်တို့ရော…´´
``ငါတို့လဲ …ဘာမှ မဖြစ်ပါဘူး…´´
``ဝမ်းသာလိုက်တာ သားကြီးရာ …´´
``တန်ခိုးရယ်…နင်တစ်ခုခုဖြစ်ပြီ ထင်လို့ ငါ့တို့မှာ စိုးရိမ်လိုက်ရတာဟာ…ငါ့မှာ ငိုတောင် ငိုရတယ် …´´
``ဝမ်းသာလိုက်တာ …တန်ခိုးရာ…´´
``တို့…သူငယ်ချင်းတွေက သေအတူ ရှင်မကွာ …သူငယ်ချင်းတွေလေ မင်းကို အခုလို ပြန်တွေ့ရလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ထားဘူး…´´
``မင်း…မင်း…တန်ခိုး အစစ်ဟုတ်ပါတယ်နော် …´´
``မင်းတို့ သူငယ်ချင်း မဟုတ်မခံ တန်ခိုး အစစ်ပါ ငါးကလေးရာ…ဒီမှာတွေ့လား ငါ့လည်ပင်းက မှဲ့…´´
``ဝမ်းသာလိုက်တာ …သားကြီးရာ…´´
``ဒါနဲ့…မင်းဘယ်လိုဖြစ်ပြီး…ဒီကားနားရောက်နေရတာလဲ…´´
``ကဲပါ…အချိန်သိပ်မရှိဘူး…ဒီအိမ်ကြီးနဲ့ဝေးရာကို မြန်မြန်သွားကြမယ်…ပြီးတော့မှ ခင်ဗျားတို့ သူငယ်ချင်းတွေ ပြောကြ …လာလာ …ကိုတန်ခိုး ကျုပ် ခင်ဗျားကို အကာကွယ် မပေးနိုင်ခဲ့တာ ခွင့်လွတ်ပါ…´´
``ဟာဗျာ …ကိုအောင်ကလဲ ခင်ဗျား ကူညီပေးခဲ့လို့ကျုပ်တို့ဘာမှ မဖြစ်ကြတာပါ…´´
``ကဲကဲ…ကားပေါ်တတ်ကြတော့…´´
``အားလုံးပဲ …ကျုပ်တစ်ခု သတိပေးမယ် ကျုပ်တို့ကားစထွက်ပြီဆိုတာနဲ့ အိမ်ကြီးကိုနောက်ပြန်မကြည့်ကြပါနဲ့…´´
``စိတ်ချ …အစ်ကိုအောင် ´´

တစ်ရှိန်ထိုး ကားကို လမ်းကလေးမောင်းထွက်သွားပါတော့သည်။
``ပြောပါဦး…တန်ခိုးရ ဘယ်လိုလုပ် မင်းကားဆီကို ရောက်နေရတာလဲ…´´
``ဒီလိုကွ ငါအပေါက်ကြီးထဲကို ပြုတ်ကျသွားတယ်လေ အနည်းဆုံး ၁၀ ပေလောက်တော့ အမြင့်ရှိမယ် အောက်မှာ သဲ တွေချည်းပဲ ငါလဲ ပြုတ်ကျသွားတည်းက လန့်ပြီး သတိမေ့သွားတယ်နဲ့တူတယ် သတိပြန်ရလာတော့ အလင်းပြပြလေးမြင်တာနဲ့ငါ ကြောက်ကန်ကန်ပြီး တစ်ဇွတ်ထိုး ပြေးထွက်လာတာ …အမှန်ပဲဖြစ်သွားတယ် …တကယ်တော့ အဲ့အပေါက်ကြီးက ငါ့အထင် ထွက်ပေါက်ပဲဖြစ်ရမယ် …အပြင်ရောက်တာနဲ့ငါလဲ ကားရှိတဲ့ဆီကို အပြေးလာပြီး မောင်းထွက်မလို့ပဲ …နောက်မှ မင်းတို့ကို ငါသတိရသွားတာနဲ့ စောင့်နေခဲ့တာ…´´
``တန်ခိုးရာ…မင်းစိတ်ဓာတ်ကို ငါတို့သိပါတယ်…´´
``ဒါနဲ့…အစ်ကိုအောင် …ကျွန်တော်တို့ကို ဒီအိမ်ကြီးမှာ ကြုံခဲ့ရတဲ့အမြင်မှားတာတွေ ပြီးတော့ နံရံကို သစ်တားနဲ့ခြစ်လိုက်တာ သွေးတွေ ထွက်လာတာ ဘာကြောင့်လဲ…´´
``ဟုတ်တယ် …ဟုတ်တယ်…ပြန်တွေးမိရင် ကျက်သီးထတယ် ကျနော်တို့ သုံးယောက် လှေကားတွေ ဆင်းလာတာ မနည်းဘူး ဒါပေမယ့် ဒီနေရာပဲ ပြန်ရောက်လာတာကရော…´´
``ဒါတင်မကဘူးလေ…ဟို…ဟို ငါ့အသံနဲ့သူဇာ့ကို ခေါ်ခေါ်နေတာလဲပါတယ် ပြီးတော့ ဖုန်းကြိုးအပျက်ကြီးဆီ ငါ့ဖေဖေ ဖုန်းဝင်တာကရော…´´
``ဒါတွေအားလုံးက ပုဏ္ဍက တိုက်ခံရတဲ့ အိမ်မှာ ဖြစ်တတ်တဲ့သဘာဝပါ တကယ်တော့…´´

ကိုအောင်ပြောလို့ မဆုံးသေးခင်မှာပဲ ကားဟာ တုန့်ခနဲ ထိုးရပ်သွားပါတော့သည်။
``ဟင် …ကားဘာဖြစ်တာလဲ…လမ်းလေး…´´
``မသိဘူး…ထိုးရပ်သွားတာပဲ…´´
``ဟင်…ဆီကုန်တာပဲ…´´
``ဟာ…ဟုတ်ပါ့ကွာ…သစ်ပုတ်ပင်ကြီးအနားပဲ…´´
``ငါပြောပါတယ်…ကားက သစ်ပုတ်ပင်ကြီးအနားလောက်ပဲ ဆီရတော့မယ်လို့…´´
``ဒါဆို ဘယ်လိုလုပ်ကြမလဲ…´´
``တို့ လာတုန်းကလဲ…ဟိုးအရှေ့နားမှာ ပျက်တယ်…´´
``အခုလဲ……´´
``ဘာမှ မပူနဲ့ကွာ …အခုမှ မနက်၆ နာရီခွဲပဲရှိသေးတာ တစ်နေ့လုံး အကူညီကို မျှော်လို့ရပါသေးတယ်…´´
``ဒါဆိုလဲ …ပေါက်တဲ့နံဖူး မထူးဘူး…ဆက်ပြီး မျှော်နေလိုက်ကြတာပေါ့…´´

အရှေ့ဘက်မှ ထွက်လာသည့် နေမင်းကြီးကပင် ထိုသစ်ပုတ်ပင်ကြီးကို နေရောင် မဖျောက်နိုင်လောက်အောင် အုပ်ဆိုင်းနေသော သစ်ပင်ကြီးအောက်မှာသာ…ကားလေးတစ်ဆီးက အထီးကျန်စွာ ရှိနေတော့သည်။

****************************

ဇာတ်သိမ်းပိုင်းတွင် …ဆက်လက်ဖော်ပြ သွးပါမည်။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages