♠အပိုင်း(၁၃) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

♠အပိုင်း(၁၃) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
          ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
             အလောင်း
                     အပိုင်း (၁၃)
စာရေးသူ-ထီးကလေး၊



သို့နှင့် သတိမေ့မျောနေသော ခွေးလေးအား ခွဲစိတ်ဆရာဝန်ကြီးမှ ပွေ့ချီသွားလျက် သက်ဆိုင်ရာ ဆရာဝန်များအားခေါ်ဆောင်ကာ ခွဲစိတ်ခန်းအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
ခွဲစိတ်ခန်းအရှေ့၌ ကျွန်ုပ်နှင့် အတူ သူငဟ်ချင်းများ ယောက်ယက်ခပ်နေကြသည်က ဆွေမျိုးသားချင်းတစ်ယောက်အလာiး ခွဲစိတ်ခန်းသို့ ဝင်နေသည်ဟု ထင်မှတ်ရသလောက်အောင် ပြာယာခတ်နေခဲ့သည်။
' အဆင်ပြေပါ့မလား မသိဘူး …'
'စိတ်အေးအေးထားပါကွ … အဆင်ပြေမှာပါ '
  ဘေး၌ ရှိနေသော သူငဟ်ချင်းများကမူ ကျွန်ုပ်နှင့်ထပ်တူ ခွေးလေးအား စိုးရိမ်နေကြသည်က မျက်စိပျက် မျက်နှာပျက် ။အတန်ကြာသည့်အထိ ခွဲစိတ်ခန်းအရှေ့၌ ကျွန်ုပ်တို့ အားလုံး ယောင်ယပ်ခပ်စွာ ရှိနေစဉ်မှာပဲ အခန်းတံခါးအား ပွင့်လာလျက် ခွဲစိတ် ဝတ်စုံမျက်နှာဖုန်းဖြင့် ခွဲစိတ်ဆရာဝန်ကြီး ထွက်လာချေတော့သည်။ ဆရာဝန်ကြီးအား တွေ့လိုက်သည်နှင့် ယောက်ယပ်ခပ်စွာဖြစ်နေသော ကျွန်ုပ်တို့အားလုံး ဆရာဝန်ကြီးအနားသို့ အပြေးသွားလျက်
' ဒေါက်တာ … ခွေးလေး အခြေအနေ ဘယ်လိုရှိလဲဟင်… အသက်ရှင်နိုင်ပါ့မလား '
ကျွန်ုပ်တို့၏ စိုးရိမ်စွာ မေးလိုက်သော အမေးစကားတို့အား ခွဲစိတ်ဆရာဝန်ကြီးမှ မျက်နှာပြင်တွင် တပ်ဆင်ထားသော မျက်နှာဖုံးအား ချွတ်လိုက်ပြီး ပြုံးလျက်
' အခြေနေကောင်းပါတယ် '
ဆရာဝန်ကြီး၏ အဖြေစကားအား ကြားလိုက်ရသည်နှင့် ကျွန်ုပ်နှင့် သူငယ်ချင်းတစ်စုတို့ ရင်တွင်း၌ ဆို့နစ်နေသော အလုံးကြီးကား ချစင်းသွားလေသလား ပေါ့ပါးသွားခါ
' ကျေးဇူးပါပဲ ဒေါက်တာ … ဒါဆို ခွေးလေး အသက်ရှင်ပြီပေါ့နော် '
' အင်း … နောက်နှစ်ရက်နေရင် အကောင်းပကတိ အတိုင်းဖြစ်ပြီ… အခုရက်ပိုင်းတွေမှာတော့ သူ့ကို လူတစ်ယောက်လိုပဲ အနားပေးဖို့လိုတယ်…'
' ကျေးဇူးတင်လိုက်တာ ဒေါက်တာရာ …'
'ရပါတယ်ဗျာ … ခင်ဗျားတို့အတွက် ဒီခွေးလေက ဒီလောက်အရေးကြီးမယ်မှန်း မသိလို့ ကျွန်တော် အစကငြင်းမိတာပါ … ကဲ အခုတော့ အားလုံး စိတ်အေးအေးထားကြတော့ ဟုတ်ပြီလား''
' ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးအရမ်းတင်ပါတယ်'
အပြုံးများက ကူးစပ်လေသလား ကျွန်ုပ်တို့ အားလုံး၏ မျက်နှာပြင်ပေါ်၌ အပြုံးပန်းများ ဝေဆာနေခဲ့သည်။ ခွေးလေးတိုးပွား၏ အသက်အား ကယ်တင်ပေးခဲ့သော ခွဲစိတ်ဆရာဝန်ကြီးအား ကျေးဇူးတင်စကားပြောလျက် ရင်ထဲ၌ရှိနေသော အပူလုံးကြီး ပျောက်ကွယ်သွားခဲ့တော့သည်။
မိန်းမဖြစ်သူအား မိမိသေသွားခဲ့သည်မှာ တစ်နှစ်နီးပါးမျှ ရှိနေပြီဟု အသိပေးခဲ့လျက် ဝိဥာဉ်မောင်ကျော်တစ်ယောက်မှာတော့ အလွန်ပင် စိတ်ထိခိုက်သော်လည်း မိမိ၏ အကြောင်းအား မိန်းမဖြစ်သူ သိရှိသွားပြီးဖြစ်သောကြောင့် လွန်စွာဝမ်းနည်းဝမ်းသာဖြစ်နေခဲ့သည်။ မိမိအား ပြန်လည် ဖမ်းဆီးမည့် မှော်ဆရာကြီး၏ ရန်အား တိမ်းရှောင်နေရသော်လည်း အချိန်နှင့်အမျှ မိန်းမဖြစ်သူ ဖြူဖြူသျှင်းထံသို့ ထပ်မံသွားရန် ကြံစည်ထားခဲ့သည်။ တစ်ညနေလုံး ဖြူဖြူသျှင်းတစ်ယောက်မှာတော့ မှော်ဆရာကြီး၏ အတိတ်အား မေ့စေနိုင်သော ရေတစ်ချို့ကြောင့် သတိပြန်လည်၍ မရသေးပဲ သူမ၏ အိပ်ယာကုတင်းဘေးတွင် မိဘနှစ်ပါးကား စောင့်ကြည့်နေလေခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးအား အမှောင်ထုက ကြီးဆိုးခဲ့ချေပြီ။ ညဦးပိုင်းသို့ ရောက်လာချိန်မှာပဲ သတိမေ့မျောနေသည့် ဖြူဖြူသျှင်းတစ်ယောက် သူမ၏ ငြိမ်သတ်နေသော လက်ချောင်းကလေးများ ပြန်လည်လှုပ်ရှားလာပြီး
' အား … ´
သူမ၏ နှုတ်မ အားဟုအသံထွက်ပေါ်လျက် နံဖူးပြင်အား လက်ဖြင့်ကိုင်ခါ မျက်လုံးလေးအား ဖြေးညင်းစွာပွင့်လာခဲ့လေသည်။
' သမီး … သမီးသတိရလာပြီလား '
' ဟင် … သမီး ဘာဖြစ်နေတာလဲ ဖေဖေနဲ့ မေမေ'
' သမီး သတိလစ်နေတာ သုံးရက်ရှိနေပြီ အိမ်ပေါ်ထပ် လှေကားကနေ သမီးလေး ပြုတ်ကျသွားတယ်လေ … မှတ်မိရဲ့လား '
  သတိလည်လာခြင်းမှာပဲ အတိတ်အကြောင်းအားလုံးအား သူမ မမှတ်မိတော့လေသလား ကြောင်တောင်တောင် မျက်လုံးကလေးများနှင့် လိမ်လည်ပြောဆိုနေသော ဖခင်ဖြစ်သူဦးခိုင်ခံ့တင်အား စိုက်ကြည့်နေလျက်
' ဟင် … သမီး အိမ်ပေါ်ထပ်က ပြုတ်ကျသွားတာ ဟုတ်လား ဖေဖေ'
' ဟုတ်တယ် … ငါ့သမီးလေး တော်သေးတာပေါ့ မသေကောင်း မပျောက်ကောင်း သမီး မမှတ်မိတော့ဘူးလား '
'ဟင့်အင်း သမီးမမှတ်မိဘူး ခေါင်းတစ်ခုလုံး မူးနောက်နေတာပဲ သိတယ် '
'အေးအေး… သမီးလေး ငြိမ်ငြိမ်လေးနေနော် … ဆရာဝန်က ခဏလေးနားလိုက်ရင် ပြန်ကောင်းသွားမယ်လို့ ပြောတယ် သိပ်ပြီး မစဉ်းစားနဲ့ ကြားလား'
    တကယ်ပါပဲ ဖြူဖြူသျှင်တစ်ယောက်မှာတော့ အတိတ်ကြောင်းအားလုံးအား မေ့ပျောက်သွားချေခဲ့ပြီ။ မိဘ ဆွေမျိုးသားချင်းတို့အား မှတ်မိနေသော်လည်း ခင်ပွန်းဖြစ်သူ မောင်ကျော်နှင့် စတွေ့ခဲ့သည့်အချိန်မှ အဖြစ်ပျက်အားလုံးအား သူမ တကဟ်ပင်လျင် မမှတ်မိတော့ချေ။ သူမအား ဖခင်ဖြစ်သူဦးခိုင်းခံ့မှ အိပ်ခန်းအတွင်း အနားယူစေရန်ဟုဆိုလျက် အခြွေအရံများဖြင့် ထားစေခဲ့သည်။
' သိပ်တော်တာပဲ ဆရာကြီးရာ … ဆရာကြီးကို ကျုပ်ဖြင့် အထင်ကြီးပြီးရင်း ကြီးရင်းပဲ သိပ်လည်း အားကိုးမိတယ် … အခုဆို ကျုပ်တို့ဘက်က အရာအားလုံး ခိုင်လုံတဲ့ သက်သေတွေ ရှိနေပြီ ဘယ်သူက ကျုပ်အပြစ်ကို ဖော်ရဲဦးမှာလဲ '
' သိပ်လဲ ပျော်မနေနဲ့ဦး… ဟိုသရဲကို ဖမ်းခိုင်းထားတာ အခုချိန်ထိ ကျုပ်ဆီ လာပြန်မအပ်သေးဘူး … ဝင်းမြတစ်ကောင် အဆင်မှ ပြေရဲ့လားမသိဘူး … ´
' ဟုတ်တယ် အဲ့ဒီ သရဲကိုဒီတစ်ခါ မိတာနဲ့ စောင့်မနေတော့ဘူးဗျာ … တစ်ခါတည်း ကမ္ဘာပေါ်က ပျောက်သွားအောင် လုပ်လိုက်တော့'
' ဟုတ်တယ် ကျုပ်လဲ အဲ့ဒီလိုပဲ တွေးထားတယ် ဒါနဲ့ ဟိုချာတိတ်ငါးယောက်ကို ကျုပ်တို့ အချုပ်ထဲထည့်ထားတာ အခု တစ်ယောက်က သူဝင်ခဲ့ပါတယ်ဆိုပြီး ဝန်ခံလိုက်တယ် ပြီးတော့ ကျန်တဲ့ လေးယောက်က အပြင်ရောက်နေတယ် သူတို့ ခြံထဲမဝင်ပဲနဲ့ ခြံထဲဝင်ပါတယ်လို့ ကျုပ်တို့ ချောက်တွန်းခဲ့တာကို ဒီကောင်တွေ သိနေလောက်ပြီးထင်တယ် ပြီးတော့ သူတို့အပြင်ထွက်လို့ ရအောင် သူတို့ထဲက တစ်ယောက်ကို အချုပ်ထဲမှာ ထားခဲ့တယ်ဆိုတော့ ဒီကောင်တွေမှာ အကြံတော့ရှိမယ် လျော့တွက်လို့မရဘူးနော် ဦးခိုင်ခံ့တင်'
'ဟုတ်ပါ့ဗျာ … ဒီကောင်တွေ ကိုယ့်အကြောင်းမဟုတ်ပဲ တော်တော် အရာရာပါတဲ့ ကောင်တွေ … အကုန်လုံးကို အချုပ်ထဲထည့်ပစ်မယ် ကျုပ်ခြံနားကပ်လာခဲ့ရင် တစ်ခါတည်း အပျက်ရှင်းလိုက်တော့မယ် '
' ဟေ့ကောင်တွေ … အဲ့ဒီ ချာတိတ်တွေ ငါခြံနားကို ကပ်လာတာနဲ့ မင်းတို့တွေအားလုံး အပျက်ရှင်းလိုက်ကြ … ကြားလား'
' စိတ်ချပါဆရာကြီး … ဒီတစ်ခါ ဒီချာတိတ်တွေကို ကျုပ်တို့ အပိုင်ရှင်းပါ့မယ် '
' သြော် … ဒါနဲ့ ဟိုကလေးလေးကိုရော … အောင်ထွန်း မင်းဘယ်မှာ ပစ်လိုက်လဲ '
' ဟုတ်ကဲ့ဆရာကြီး… ကလေးလေးက သိပ်ချစ်စရာကောင်းနေတာနဲ့ ကျုပ်လဲ မပစ်ရက်လို့ ကျုပ်ညီဆီမှာ ခဏသွားထား ထားတဟ် '
' ဘာ!… အခုချိန်ထိ အဲ့ဒီကလေးလေးကို မပစ်ရသေးဘူး … ဟုတ်လား …'
' ဟုတ် … ဟုတ်ပါတယ်ဆရာကြီး '
'တောက် !!!! မင်းတော့ကွာ … မင်းညီက စိတ်ချရလို့လား… မဟုတ်ရင် အားလုံးဒုက္ခရောက်ကုန်မယ်နော် '
'စိတ်ချရပါတယ် ဆရာကြီး … ကျုပ်ညီက အရက်သောက်နေရရင် ကျေနပ်နေတာပါ စိတ်ချရပါတယ်'
' အိုး … ! ဘာပဲဖြစ်ဖြစ် ငါစိတ်မချဘူး သွား … ညတွင်းချင်းပဲ ငါတို့ရပ်ကွက်နဲ့ဝေးရာကို သွားပစ်လိုက် အခုချက်ချင်းသွား … '
'ဟုတ် … ဟုတ်ကဲ့ '
မိမိ၏ သွေးသားဖြစ်သော မြေးလေးဖြစ်သူ ဖြူဖြူသျှင်း၏ သမီးလေးအား ရက်စက်စွာဖြင့် ဦးခိုင်ခံ့တင်တစ်ယောက် စွန့်ပစ်ခိုင်းခဲ့သော်လည်း သမီးလေးဟာ အင်မတန်မှ ချစ်စရာကောင်းသည်ဟု ဆိုလျက် သူ၏တပည့် လူမိုက်ကြီး ထွန်းအောင်ကား မပစ်သေးခဲ့ချေ။ သို့ပေမယ့် ဦးခိုင်ခံ့တင်အား ထွန်းအောင်ဆိုသည့် ထိုလူမိုက်ကြီးက မလွန်ဆန်နိုင်ချေ။ သို့နှင့် ညီဖြစ်သူထံသို့ သွားကာ သမီးလေးအား ရက်စက်စွာဖြင့် ညတွင်းချင်းပါပင်လျင် ထိုရပ်ကွက် အိမ်ကြီးနှင့် ဝေးရာဆီသို့ စွန်ပစ်လိုက်လေတော့သည်။
' ကလေးလေးရယ် … နင်က ဒိတ်ဒိတ်ကျဲ သူဌေးဝမ်းထဲ ဝင်စားခဲ့ပေမယ့် ကံဆိုးပါတယ် ငါ့ကို ခွင့်လွတ်ပါ… နင့်ကို မပစ်ချင်ပေမယ့်လည်း သူ့ဆန်စားရဲရတဲ့ ငါ့ဘဝကို နားလည်ပေးပါ ချစ်ဖို့ကောင်းတဲ့ ကလေးလေး လူကောင်းတွေနဲ့ တွေ့ပါစေ '
လူမိုက်ကြီးဖြစ်နေပေမယ့်လည်း ထိုလူကြီးဟာ သမီးလေး၏ ချစ်စရာကောင်းသော ဝိုင်းစက်နေသည့် မျက်နှာလေးကို ကြည့်လျက် ငြိုးငယ်သော စကားများပြောနေခဲ့သည်။ ခရေပင် ရိပ်မွန် အိမ်ယာရပ်ကွက်နှင့် မှောင်မိုက်စွာ ဝေးကွာလှသော ရပ်ကွက်တစ်ခုအတွင်းသို့ သမီးလေးအား မြေပြင်၌ အခင်းလေးအား ခင်းပေးထားလျက် ထိုလူကြီး ဝမ်းနည်းစွာ စွန့်ပစ်ခဲ့ချေတော့သည်။ ထို့နောက် ဦးခိုင်ခံ့တင်အား စိတ်ချစွာနေရန် ပြောဆိုလျက် သမီးလေးအား စွန့်ပစ်ခဲ့ကြောင်းပြောလေတော့သည်။
အချိန်ကား ည ၁၂ နာရီနီးပါးမျှ ရှိနေခဲ့ပြီ။ ရပ်ကွက်တစ်ခုလုံး မီး အလင်း ရောင်များဖြင့် ထိန်ထိန်သာနေခဲ့သောလည်း ညဥ့်နက်ချိန်ထိ အမှောင်ထုတစ်နေရာမှ မိန်းမဖြစ်သူ ဖြူဖြူသျှင်းရှိနေသည့် အိမ်ကြီးဆီသို့ အလစ်ဝင်ရန် အခြေနေအား ဝိဥာဉ်မောင်ကျော်  စောင့်ကြည့်နေလေခဲ့သည်။ မောင်ကျော်၏ အသွင်မှာ သာမာန်ဝိဥာဉ်နှင့်မတူ ဆိုးရွားစွာ ကြောက်စရာကောင်းလှသည့် တစ္ဆေတစ်ကောင် အသွင့်သို့ ကူးပြောင်းနေခဲ့သည်။ မိမိအား ဖမ်းစီးမည့် မှော်ဆရာကြီးအား ရှောင်တိမ်းလျက် အိမ်ကြီးဆီသို့ ဝင်ရန် ခြံအနားသို့ တိတ်တဆိတ်ခိုကပ်လာစဉ် ပတ်ဝန်းကျင်တစ်ခုလုံး၌ ငြိမ်သတ်နေရာမှ ထိုရက်ကွက်အတွင်းရှိ ခွေးများကား စတင်အူမြည်လေတော့သည်။
` ဟင်… ငါ့ကို အရင်က ဒီခွေးတွေ တွေ့နေကြပါ … ဘာလို့ အခုမှ လာအူနေရတာလဲ …´
တစ္ဆေတစ်ကောင်အဖြစ်သို့ ကူးပြောင်းလာသည်ကို ဝိဥာဉ်မောင်ကျော်ကား သတိမထားမိ သာမာန်မျှသာထင်လျက် ဆိုးရွားစွာ အူနေသော ခွေးများအား ကြည့်လျက် တွေးနေမိသည်။ ထို့နောက် ဝိဥာဉ်ဦးကြီးပေးထားသည့် လည်ဆွဲလေးအား ဆွဲကာ ခွေးတိုးပေါက်မှ ခြံအတွင်းသို့ဝင်ရောက်လာလျက် မိန်းမဖြစ်သူ ဖြူဖြူသျှင်း၏ အိမ်ခန်းအတွင်းသို့ ရောက်ရှိလာလေတော့သည်။ ဖြူဖြူသျှင်းရှိနေသည့် အိပ်ခန်းအတွင်းသို့ လွယ်ကူစွာဖြင့် မောင်ကျော် ရောက်ရှိလာသည်နှင့် ကုတင်ဘေးတွင် မှောက်လျက်အိပ်နေကြသော ဖြူဖြူသျှင်း၏ လိုရာစေခိုင်းနိုင်သည့် မိန်းကလေးများအား တွေ့လိုက်ရသည်။ ဖြူဖြူသျှင်းကား ကုတင်အပေါ်၌ အသာလှဲလျောင်းနေပြီး မျက်လုံးကလေးအား အသာမှိတ်ထားခဲ့သည်။ မိန်းမဖြစ်သူအား မောင်ကျော် အိပ်ခန်းဒေါင့်မှ လှမ်းကြည့်လျက် ပြုံနေမိသည်။ ထို့နောက် ဖြေးညင်းသော ချေလှမ်းတို့ဖြင့် မိန်းမဖြစ်သူဆီသို့ တစ်လှမ်းချင်း လှမ်းသွားကာ
' ဖြူ … '
ဂရုဏာအသံဖြင့် မှေးလျက်နေသော မိန်းမဖြစ်သူအား ခေါ်လိုက်လေသည်။ မောင်ကျော်၏ ခေါ်သံအား ကြားလိုက်ရသည့် ဖြူဖြူသျှင်းတစ်ယောက်မှာတော့ မှေးနေသည့် မျက်လုံးအား ဆတ်ခနဲဖွင့်လိုက်ပြီး
' ဟင်… ရှင် … ရှင်ဘယ်သူလဲ '
အရှေ့တည့်တည့်တွင် ရပ်လျက်ရှိနေသော မောင်ကျော်အား တုန့်ပြန်လိုက်သည့် ဖြူဖြူသျှင်းကား မည်သည့်အခါမှ မတွေ့ဘူးသည့် သူစိမ်းတစ်ယောက်ကဲ့သို့ပင်။
'ဖြူ … ငါ… ငါလေ… နင့်ယောက်ျား မောင်ကျော်လေ'
' ရှင်ဘာတွေ လာပြောနေတာလဲ … ဘာယောကျာ်းလဲ … ဘယ်လိုလုပ် ကျွန်မအခန်းထဲ ရောက်လာရတာလဲ … အခုထွက်သွား… အခုထွက်သွားလို့ ပြောနေတယ်နော် … ကျွန်မအော်လိုက်မှာနော် '
ဖြူဖြူသျှင်း၏ တုန့်ပြန်မှု့စကားတို့က တက္ကသိုလ်ကျောင်းသူ ဘဝမှ သူမအား ချစ်ခွင့်ပန်ခဲ့သော ယောကျာ်းလေးများအား နှင်ထုတ်ခဲ့သော အမူယာဖြင့် ပြောဆိုနေခဲ့သည်ကို မောင်ကျော်တစ်ယောက် ရိပ်စားမိချေခဲ့သည်။
' ဘယ်လိုဖြစ်ရတာလဲ မင်းကြည့်ရတာ ပြန်ငယ်သွားသလိုပဲ … သမီးလေးရော … ငါ့သမီးလေးရော '
မိန်းမဖြစ်သူ ဖြူဖြူသျှင်း၏ အမူယာအား အကဲခတ်ကြည့်နေရင်း ကုတင်းဘေး၌ အမြဲရှိနေသည့် ကလေးပုခတ်လေးရှိရာဆီသို့ မောင်ကျော်၏ အကြည့်တစ်စုံ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ သို့ပေမယ့် ဖြူဖြူသျှင်း၏ ကုတင်းဘေး၌ သမီးလေး၏ ပုခတ်အား မတွေ့ရတော့ပဲ ရှင်းလင်းနေသည်ကိုသာ တွေ့လိုက်ရသည်ကြောင့် စိုးရိမ်တကြီး သမီးလေးအား နှုတ်မှ တစ်ဆာဆာမေးလေတော့သည်။
'ရှင် ထွက်မသွားသေးဘူးလား ဘယ်က သမီးလဲ မသိဘူး ရှင်ထွက်သွား ထွက်သွား'
'ဖြူဖြူ… မင်း ငါ့ကို မသိတော့ဘူးလား'
' မသိဘူး … '
' မင်းငါ့ကို စိတ်ဆိုးနေတာဖြူ … သမီးလေးရော … ငါ့သမီးလေးရော … ဘယ်မှာလဲ ဖြူဖြူ…'
' ဘာတွေ လာပြောနေတာလဲ ဘယ်က သမီးလေးလဲ မသိဘူး ရှင်ထွက်မသွားရင် ကျွန်မအော်လိုက်မှာနော် '
' ဖြူ ငါမေးနေတာကို ဖြေပါဦး'
' ဖေဖေရေ… '
ယောက်ယပ်ခပ်စွာဖြင့် စိုးရိမ်ကြီးစွာ သမီးလေးအား မေးနေခဲ့သော မောင်ကျော်၏ စကားတို့ကို ဖြူဖြူသျှင်းတစ်ယောက် ပြန်လည်၍ မတုန့်ပြန်တော့ပဲ ဖခင်ဖြစ်သူကိုသာ အားကိုတကြီး အော်ခေါ်လေတော့သည်။ ဖြူဖြူသျှင်း၏ အသံအား ကြားလိုက်ရသည့် ဦးခိုင်ခံ့တင်ကား အိပ်ခန်းရှိရာသို့ အပြေးတတ်ရောက်လာသော အသံအား မောင်ကျော်ကြားလိုက်ရသည်နှင့်
' ဖြူ… မင်းဘယ်လို လုပ်လိုက်တာလဲ မင်းသိပ်ရက်စက်တယ်ကွာ … ငါသွားတော့မယ် နောက်မှ ပြန်လာခဲ့မယ် ငါ့သမီးလေးကို ပစ်မထားပါနဲ့ '
အလျင်စလိုဖြင့် ကုတင်းပေါ်မှ မိန်းမဖြစ်သူအား အမှာစကားများပြောလျက် ဝိဥာဉ်မောင်ကျော် အိပ်ခန်းအတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
'သမီး… သမီး… ဘာဖြစ်တာလဲ '
ဖြူဖြူသျှင်း၏ အော်သံကြောင့် အိမ်ကြီး၏ အောက်ထပ်ဆီမှ မှော်ဆရာကြီးနှင့်အတူ ဦးခိုင်ခံ့တင်ကား အပြေးရောက်လာခါ သူမအရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသော မောင်ကျော်အား ပတ်ချာလှည့် လိုက်ကြည့်နေလေခဲ့သော်သမီးဖြစ်သူအား အလောတကြီး မေးလေတော့သည်။
' လူတစ်ယောက် သမီးအခန်းထဲရောက်လာပြီး သမီးကို ဖြူတဲ့… ပြီးတော့ သမီးက သူ့မိန်းမတဲ့ သမီးလေးရောတဲ့… ဘာတွေ လာပြောနေမှန်းမသိဘူး အခုလေးတင် သမီးအရှေ့ကနေ ပျောက်သွားတာပဲ'
ဖြူဖြူသျှင်း၏ စကားများအား ကြားလိုက်ရသည့် မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင်တို့ကား မျက်လုံးချင်း ဆုံသွားလျက်
' အဲ့ဒါ လူမဟုတ်ဘူး သမီး … ဝိဥာဉ်တစ်ကောင်ပဲ သူက သူ့မိန်းမနဲ့ ကလေးကို စိတ်ဆွဲပြီး မကျွတ်နိုင်သေးတာ ပြီးတော့ ဖေဖေတို့ မိသားစုကို နှောက်ယှက်နေတာပဲ သူ့မိန်းမနဲ့ ရုပ်ချင်းစင်တဲ့ သမီးလေးကို လှေကားအပေါ်က တွန်းချပြီး အသေသတ်ခဲ့တာလဲ သူပဲ … ကံကောင်းလို့ သမီးလေး အသက်မရှုံးရတာ … အဲ့ဒီဝိဥာဉ်ကို ဖမ်းဖို့ ဒီဆရာကြီးကိုတောင် ဖေဖေတို့ အိမ်မှာ ခေါ်ထားရတာပဲ '
'ရှင်… အဲ့ဒါ လူမဟုတ်ဘူး ဟုတ်လား ဖေဖေ'
' ဟုတ်တယ် တူမကြီး… အဲ့ဒါ တစ္ဆေတစ်ကောင်ပဲ သူ့ကို ဖမ်းဖို့အတွက် သမီးဖေဖေ ဦးကြီးကိုတောင် အိမ်မှာ ခေါ်ထားရတာပဲ '
' ဟင် …  ဒါဆို သူက သမီးကို  '
' ဟုတ်တယ်သမီး… လူလစ်တာနဲ့ သမီးကို ဒီတစ္ဆေ ဒုက္ခပေးနိုင်တယ် '

နားမလည်နိုင်သည့် ဖြူဖြူသျှင်းအား ရှုတ်ထွေးလှသည့် ပယောလောက အကြောင်းများနှင့် လိမ်လည်ပြောဆိုလျက် အကွက်ကျကျ လိမ်လည်နေခဲ့သည်။ ဖခင်ဖြစ်သူနှင့် မှော်ဆရာကြီး၏ ပြောစကားများအား ကြားရသည့် ဖြူဖြူသျှင်းကား မျက်မှောင်ကျူတ်လျက် ကြောင်တောင်တောင်ဖြင့်ခါ မည်သည့် စကားမှ ပြန်လည်၍ မပြောဆိုနိုင် ငြိမ်သတ်နေလေတော့သည်။
' ဆရာကြီး … ဘာဆက်လုပ်ကြမလဲ '
' စိတ်အေးအေးထားပါ … အခုလောလောဆယ်တော့ ခင်ဗျားသမီးလေး ဘေးမှာ လူမပျက်ရှိနေဖို့လိုတယ် … လိုအပ်တဲ့ အချိနိကျရင် ကျုပ်ပြောမယ် '
' ကဲ … တူမကြီး ဘာမှ မကြောက်နဲ့ ဟုတ်ပြီလား… နောက်တစ်ခါ … ဒီတစ္ဆေ ဒီကိုထပ်မလာရဲတော့ဘူး ဦးကြီးသူ့ကို ဒီညတွင်းချင်းပဲ ရှင်းလိုက်တော့မယ်'

သို့နှင့် ဖြူဖြူသျှင်း၏ ကုတင်းဘေး၌ မိန်းကလေး အဖော်ပေါင်းများစွာ ခြွေရံထားလျက် သူမ၏ မိခင်ပါ အတူရှိနေလေတော့သည်။ မိန်းမဖြစ်သူ၏ ပြောင်းလဲသွားသော ပုံစံအား ဝိဥာဉ်မောင်ကျော်တစ်ယောက် နားမလည်နိုင် ညဥ့်နက်နက် သန်းခေါက်ယံ၌ အတွေးများစွာဖြင့် ရှိနေခဲ့ပြီ
' ဖြူ ဘာဖြစ်သွားရတာလဲ သမီးလေးရော … ငါ့သမီးလေးရော ဘယ်ပျောက်သွားရတာလဲ… ဟာကွာ ဘာတွေ ဖြစ်ကုန်ပြီလဲ … '
အတွေးများစွာ စိုးမိုးလျက် မှောင်မိုက်နေသည့် ညဥ့်နက်အောက်တွင် စိတ်ပျက်စွာ မောင်ကျော်တစ်ယောက် ထိုင်ချလိုက်စဉ်မှာပဲ
' ဟင်… ခင်ဗျား'
' ကောင်လေး… နင်ငါနဲ့ လိုက်ခဲ့'
' ကျုပ်ကို မခေါ်သွားပါနဲ့ဗျာ… ကျုပ်ခင်ဗျားကို တောင်းပန်ပါတယ် '
' မရဘူး… ငါ့ဆရာ ခိုင်းတဲ့ အတိုင်းလုပ်ရမှာပဲ'
သူ၏ ဘေးသို့ ရုတ်တရက် ရောက်လာသူက မှော်ဆရာကြီး ခိုင်းစေထားသော တစ္ဆေမကြီး ဝင်းမြပင်။ မိမိအား ဖမ်းစီးတော့မည်ကို မောင်ကျော်တစ်ယောက် ကောင်းစွာ နားလည်လျက် တစ္ဆေမကြီးအား တောာင်းပန်ပြောဆိုနေတော့သည်။ သို့ပေမယ့် တစ္ဆေ မကြီးဟာ မည်သို့မှ တောင်းပန်၍ မရ။ မောင်ကျော်အား ဖမ်းစီးရန် စတင်လေတော့သည်။ သာမာန် ဝိဥာဉ်မဟုတ်တော့သည့် မောင်ကျော်ကား တတ်နိုင်သမျှ တုန့်ပြန်မည်ဟု တွေးထားလျက် သူ၏ ပြောင်းလဲလာသော တစ္ဆေတစ်ကောင်၏ အစွမ်းများဖြင့် ထိုတစ္ဆေမကြီးအား ပြန်လည် တိုက်ခိုက်လေတော့သည်။

 ငယ်နိုင်ဟု အတွေးရှိသော တစ္ဆေမကြီးဟာ ဝိဥာဉ်မောင်ကျော်အား အလွဟ်တကူ ဖမ်းစီးနိုင်မည်ဟု ထင်ထားသော်လည်း တစ္ဆေတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာသော ဝိဥာဉ်မောင်ကျေိာ၏ တုန့်ပြန်တိုက်ခိုက်မှုများကို သူမ မခံနိုင် ရှုံးနိမ့်စွာဖြင့် ပြေးလေတော့သည်။ ခံစစ်ဖြင့် တိုက်ခိုက်ခဲ့သော မောင်ကျော်ဟာ တစ္ဆေမကြီးကို အနိုင်ရလိုက်သည့်အတွက် မိမိကိုယ့်ကိုအား မယုံနိုင် အံ့သြစွာနှင့် အောင်ပွဲခံ ဟားတိုက်ရယ်မောလေတော့သည်။ အမှောင်ထုကြီး၏ အောက်၌ တစ္ဆေမကြီးအား အနိုင်ရရှိလိုက်သည့် အတွက်ကြောင့် မောင်ကျော်တစ်ယောက် ဟားတိုက်ရယ်မော်နေခဲ့စဉ်
' ****-------*****'
သူ့၏ နား၌ သမီးလေး၏ ဆိုးရွားစွာ ငိုနေသော အသံတို့အား ကြားလိုက်ရလေသည်။
' ဟင် … ဒါငါ့သမီးလေးရဲ့ အသံပါလား သမီးလေး… ငါ့သမီးလေး ဘယ်နေရာကနေ ငိုနေရတာလဲ '
မိမိ၏ သွေးသားဖြစ်သော သမီးလေးနှင့် ဝိဥာဉ်ဘဝသို့ ရောက်ရှိနေသော ဖခင်ဖြစ်သူ မောင်ကျော်တို့၏ စိတ်ချင်းအား ဆက်သွယ်နေခဲ့လေသလား အစွန့်ပစ်ခံထားရသည့် သမီးလေး၏ ငိုသံအား မောင်ကျော် ကောင်းစွာ ကြားသိသွားရတော့သည်။
သို့နှင့် အသံကြားရာဆီသို့ သူ၏ ကိုဟ်စွမ်းကိုယ်စများနှင့် လျောက်လှမ်းနေရင်း မှောင်မိုက်နေသည့် လမ်းသွယ်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့ချေသည်။ ထိုလမ်းသွယ်အတွင်းသို့ ရောက်ရှိလာသည်နှင့် သမီးလေး၏ ငိုနေသော အသံအား ပိုမို၍ နီးကပ်စွာ ကြားနေရသည်။ ထို့နောက် လမ်းနံဘေး၌ ပစ်ထားခြင်းခံရသည့် သမီးလေးအား မောင်ကျော်တစ်ယောက် ရင်နှစ်ဖွယ် တွေ့ရှိသွားလေတော့သည်။
ခွဲစိတ်ဆရာဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် ခွေးလေးအား ဆေးရုံမှ ဆင်းလာချေခဲ့သည်။ ထို့နောက် ကျွန်ုပ်၏ နေအိမ်၌ မိဘများအား တစ်ဖက်လှည့်ဖြင့် ခွေးလေးအကြောင်းအား ပြောလျက် တိုးပွားကြီးအား ကျွန်ုပ်၏ အိပ်ခန်းအတွင်း၌ အနားယူစေခဲ့သည်။ ကျွန်ုပ်နှင့် အတူ သူငယ်ချင်းများ ခွေးလေး၏ အခြေနေကို စောင့်ကြည့်နေခဲ့သည်မှာ တစ်နေတာ ကုန်လျက် ယခု ညနက်ပိုင်းအချိန်ထိသို့ ရောက်ရှိလာခဲ့ချေသည်။ သူငယ်ချင်းများအား ကိုယ်ဆီ အိမ်သို့ပြန်စေလျက် အိပ်ခန်းထဲ၌ ကျွန်ုပ်နှင့် ခွေးလေးတိုးပွားသာ ရှိနေလေတော့သည်။ ဆေးရုံမှ ဆင်းလာသည့်အချိန်မှ စ၍ ခွေးလေးဟာ လှုပ်ရှားမှု့မရှိ ငြိမ်သတ်နေခဲ့ပေမယ့် ယခုညဥ့်နက်ပိုင်း အချိန်၌ ကျွန်ုပ်၏ အိပ်ယာ ကုတင်းပေါ်မှ ရုတ်တရက် ခုန်ချလိုက်လေသည်။ ခွေးလေးအား စောင့်ကြည့်နေသော ကျွန်ုပ်ကား ကောင်းစွာ အိပ်မပျော်ခဲ့သည်ကြောင့် ခွေးလေး၏ ကုတင်းပေါ်မှ ဆင်းလိုက်သော အသံအား ကျွန်ုပ်ကောင်းစွာ သိရှိသွားခဲ့သည်။
' ဟင် … ဟေ့ကောင်ကြီး … ဘယ်သွားမလို့လဲ … ဆရာဝန်ကြီးက မင်းကို အနားယူရမယ်တဲ့ ဘယ်သွားမလို့လဲ … မင်းခေါင်က ဒဏ်ရာမချက်သေးဘူး သွားလို့မရဘူး … ´
လူသားတစ်ယောက်အား ပြောနေသည့်အလား ခွေးလေးအား ကျွန်ုပ်စကားများပြောနေခဲ့သည်။ သို့ပေမယ့် ခွေးလေးဟာ ကျွန်ုပ်၏ စကားများအား ဂရုမစိုက် အပြင်သို့ ထွက်နိုင်မည့်အပေါက်ကိုသာ ရှာနေတော့သည်။
' ဟေ့ကောင် … ဘာဖြစ်နေတာလဲ … မင်းအပေါ့အပါးသွားမလို့လား… အာ … ဟုတ်သေးပါဘူး… ဘာဖြစ်နေတာလဲ'.
ခွေးလေး၏ အပြုမူအား ကျွန်ုပ်နားမလည်နိုင်သေး စိုးရိမ်ကြီးစွာ မေးနေသည့် ကျွန်ုပ်အနားသို့ ရောက်လာခါ စကားများပြောနေသည့် ကျွန်ုပ်မျက်နာသို့ မော့ကြည့်လျက် လုံချည်စအား ကိုက်ချီကာ တစ်နေရာသ်ု့ ဆွဲခေါ်နေခဲ့လေသလား ကိုက်လျက်ဆွဲနေတော့သည်။
' သြော်… သိပြီ သိပြီ ငါ့ကို ခေါ်နေတာလား …´
ခွေးလေးတိုးပွား၏ လူတစ်ယောက်ကဲ့သို့ အသိဥာဏ်ပြည့်ဝလှပုံတို့ကို ဝိဥာဉ်မောင်ကျော်ဆီမှ ကျွန်ုပ်သိရှိထားခဲ့သည်။ ထို့ကြောင့် ခွေးလေးလမ်းပြရာ ဆီသို့ ကျွန်ုပ်လိုက်ပါသွားမည်ဟု ဆုံးဖြတ်လျက် အိပ်ခန်းတံခါးအား ဖွင့်လိုက်လေတော့သည်။
ထို့နောက် အိပ်မောကြနေသည့် မိဘများမသိစေရန် ဖြေးညင်းသော ချေလှမ်းတို့ဖြင့် ခွေးလေး တိုးပွား ဦးတည်ခါ လမ်းပြခေါ်ဆောင်သွားသည့် အနောက်သို့ ကျွန်ုပ်လိုက်ပါသွားချေခဲ့သည်။ မည်သည့် နေရာဆီသို့ ကျွန်ုပ်အား လမ်းပြမည်ကိုမသိ ။ နာကျည်လွန်းသော သူ၏ ခွဲစိတ်ဒဏ်ရာကို ကြိတ်မှိတ်လျက် အရှေ့မှ ဦးဆောင်ကာ အပြေးသွားလေတော့သည်။

**********************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages