တစ္ဆေ ဇာတ်လမ်းရှည်ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ပဉ္စမမြောက် လက်စားရှင်
(ဝိဥာဉ် ကလဲ့စား)✔
(new version)
စားရေးသူ-ထီးကလေး 🌂
(ဇာတ်သိမ်းပိုင်း)
တစ္ဆေပြည့်စုံအား ဖမ်းစီးရာတွင် အကူညီပေးခဲ့သော နိုင်ငံတော် အသိမှတ်ပြု ပယောဂါဆရာကြီး သေဆုံးခြင်း သတင်းအား ကြားလိုက်ရသည်ကြောင့် ရဲမှူးကြီးတစ်ယောက် မည်သည့်စကားမှ ပြန်မပြောနိုင် ထိုင်ခုံပေါ်တွင်သာ ချေပစ် လက်ပစ် ထိုင်ချလိုက်လေတော့သည်။
……………………………………………………
သံယော်ဇဉ်ကြီးစွာ အမြဲထိုင်နေကြ နေဝန်းနီ ကန်တင်းရှိရာသို့ သူငယ်ချင်းဖြစ်သူ ငါးကလေး ကျွန်ုပ်တို့ ထိုင်နေရာ စားပွဲဝိုင်းသို့ တစ်ယောက်တည်း ခေါင်းငိုက်စိုက်လျက် မျက်နှာထားမကောင်းစွာ ဝင်ရောက်လာချေသည်။ ငါးကလေး ဆိုင်ထဲသို့ ဝင်လာသည်နှင့် သူငယ်ချင်းဖြစ်သူ မျှားကလေး က `ဟဲ့…ငါးကလေး ဘာဖြစ်လာတာလဲ…´
မျှားကလေး၏ အမေးကား ငါးကလေးတစ်ယောက် ပြန်လည်မဖြေသေး အနီးရှိ ခုံလွတ်တစ်ခုတွင် ဝင်ရောက်ထိုင်ခါ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။
`ဟဲ့…ဘာဖြစ်နေတာလဲလို့…နင်တစ်ယောက်တည်းလား သူရရော…´
`သူရ အစ်မ မနေ့ညက ဆုံးသွားလို့ သူဒီနေ့ ကျောင်းမတတ်နိုင်ဘူး…´
` ဟင်!…သူရ အစ်မဆုံးသွားလို့ ဟုတ်လား ဘယ်လို့ဖြစ်ရတာလဲ ဘာရောဂါနဲ့လဲ…´
`ရောဂါနဲ့ မဟုတ်ဘူး သေပုံက ထူးဆန်းတယ်…သနားပါတယ်ဟာ…သူတို့က ဆင်းရဲတယ် သူရနဲ့ သူ့အမေကို သူ့အစ်မပဲ မကောင်းတာလုပ်ပြီး ရှာကျွေးနေတာ…သနားပါတယ်ဟာ…´
`ဘယ်လို မကောင်းတာ လုပ်ကျွေးတာလဲ…´
`အော်…သူ့အစ်မက ပြောရရင် နားနဲ့ မနာ ဖဝါးနဲ့သာနာ ပြည့်တန်ဆာ လုပ်တာ သူရက ငါ့ကို အရမ်းခင်လို့ ပြောပြတာ…ဒီအချိန်ထိ နယ်တကာလှည့်ပြီး သူတို့သားအမိနှစ်ယောက်ကို သူ့အစ်မက ပြည့်တန်ဆာလုပ်ပြီး ရှာကျွေးနေတာ အခုတော့ သေပြီ´
`ကြားရတာ စိတ်မကောင်းစရာပဲ…ဒါနဲ့ မင်းအခုန သူရ အစ်မ သေတာ ထူးဆန်းတယ်ဆိုတာ ဘာကိုပြောတာလဲ…´
ကျွုန်ုပ်၏ အမေးကြောင့် သူငယ်ချင်းဖြစ်သူ ငါးကလေး ဆိုင်အတွင်းသို့ ဘယ် ညာ ဘေးပတ်ပတ်လည် လိုက်ကြည့်လိုက်ပြီ ထိုင်နေသည့် ခုံအား ကျွန်ုပ်တို့နှင့် အနီးစပ်ဆုံးဆွဲကပ်လျက် `ရှုးတိုးတိုး…ဘယ်သူမှ သိလို့မဖြစ်ဘူးနော် မင်းတို့ကို ငါအရမ်းခင်လို့ ပြောပြမယ် သူရက ငါ့ကို ဘယ်သူ့ကိုမှ မပြောဖို့ မှာထားတယ်…´
`အေးပါ…စိတ်ချ´
`ဒီလိုကွ…တနင်္ဂနွေ မနေ့ည ၁၀ ကျော်လောက်မှာ သူရတို့ အိမ်ထဲကို အရိပ်မည်းမည်းကြီး တစ်ခု အုပ်စိုးလာတယ်…သူရက သူ့အမေနဲ့ အစ်မကို ပြောတော့ မယုံကြဘူး ည ၁၂ နာရီကျော်လောက်ကျတော့ သူ့အစ်မအခန်းထဲကနေ အလန့်တကြား အော်သံတစ်ခုကြားတော့ သားအမိနှစ်ယောက် အပြေးသွားကြည့်တယ် အဲ့မှာ မျက်လုံးပြူးပြီး ကြမ်းပြင်ပေါ်မှာ ပွဲချင်းပြီး သေနေတာကို တွေ့တာပဲ…သူတို့ပြောတာတော့ တစ်ခုခုကို တွေ့ပြီး လန့်သေသွားတာလို့ ပြောကြတယ်…ရဲတွေရဲ့ ဆေးစစ်ချအရ သူ့အစ်မ အတွင်းကလိစာ နှလုံးတစ်စုံလုံး မရှိတော့ဘူး…ကိုယ်ပေါ်မှာလဲ သွေးထွက်သံယို တစ်စက်မှ မဖြစ်ပဲနဲ့ အတွင်း ကလိစာနှလုံး မရှိတော့တာကို ထူးဆန်းတယ် ပြောတာ…အပြင်မှာ ဒီသတင်း လုံးဝ ပေါက်ကြားလို့ မရဘူးနော် သူငယ်ချင်းတို့…´
`ဟင်!…အတွင်း ကလိစာ နှလုံးအထုတ်ခံလိုက်ရတာပေါ့ ဟုတ်လား…´
`ဒါတော့ မသိဘူး…သေသွားတာတော့ ဘာဒဏ်ရာမှ မရှိဘူး ရင်ခွဲရုံက ဆေးစစ်ချက်အဖြေထွက်တော့ နှလုံး မရှိတော့ဘူးလို့ သိရတာပဲ…´
`ဒါဆို…တော်တော်ထူးဆန်းတာပဲ ငါသတိရပြီ ဟိုတစ်နေ့က အဆောင်တံခါးပွင့်သွားတဲ့ ကိစ္စနဲ့များ ပတ်သတ်နေမလား…သူရ တံခါးဖွင့်မိလို့ သူရအစ်မ သေရတာလား…ဒါဆို အဆောင်ထဲကို ဝင်မိတဲ့ ငါတို့ကရော ဘာဖြစ်ကြမှာလဲ…´
`မဆိုင်ပါဘူးကွာ…လျောက်တွေးမနေနဲ့ ငါတို့အဆောင်ထဲမှာ ဘာအမှားမှ လုပ်ခဲ့တာမှ မဟုတ်တာ…´
`အေးပါကွ…ငါက စိုးရိမ်လို့ပါ…´
`ဘာပဲဖြစ်ဖြစ် ငါတို့ အားလုံး ဘုရား တရားမမေ့ကြဖို့တော့လိုမယ် ထင်တယ်´
`သိပ်မှန်တာပေါ့…´
သူငယ်ချင်းများနှင့်အတူ နေနီဝန်း ထိုကန်တင်း၌ စကားလက်ဆုံကြနေစဉ်မှာပဲ အတန်းချိန်ပြီးသည့် ကျောင်းသား တစ်ချို့ ထိုကန်သင်းအတွင်းသို့ ဝင်ရောက်လာကြပြီး အချင်းချင်း ပြောနေသည့် စကားတို့အား ကျွန်ုပ်တို့အားလုံး တစ်စွန်းတစ်စ ကြားလိုက်ရသည်က
`ဟုတ်တယ်ကွ…စာသင်နေရင်း ဆရာမ ရုတ်တရက် အတန်းနောက်ကို လက်ညိုးထိုးပြပြီး လဲကျသွားတာ အစက ငါတို့ထင်တာ အိပ်ငိုက်နေတဲ့ ကျောင်းသားတစ်ယောက်ကို သူစိုက်ကြည့်နေတာ ထင်လို့ ငါတို့လဲ အနောက်ကို လှည့်မကြည့်ဖြစ်ဘူး…နောက်တော့မှ အနောက်ဆုံးခုံမှာ မိန်းကလေးတစ်ယောက် ဆံပင်ဖားလျားကျပြီး ထိုင်နေတာကို သူတွေ့လိုက်လို့ သတိလစ်သွားတာလို့ သိတာပဲ…´
`အခုရော…သတိရလာပြီလား…´
`တော်သေးတာပေါ့ ဘီခန်းက ဆရာက အထက်လမ်းဂိုဏ်းဆရာဆိုတော့ သူမန်းမှုတ်ပေးရင်း သတိရလာတာပဲ ပရိတ်ရည်နဲ့ တစ်ခန်းလုံး လိုက်ဖျမ်းလိုက်ထားတယ်…ဆရာမသတိရလာတော့ အခုန ငါပြောသလို ပြောတော့တာပဲ…´
`ငါတို့ အဆောင်မှာ အရင်က ဒါမျိုးတွေ တစ်ခါမှ မကြားဖူးပါဘူး အခုမှ နေ့ခင်းကြောင်တောင် သရဲခြောက်ရတယ်လို့ ဘယ်လိုဖြစ်ရတာလဲ…´
`အရင်က အဲ့အခန်းက ကျောင်းသူလေးတစ်ယောက် ပျောက်သွားဘူးတယ် လင်နောက် လိုက်ပြေးသွားသလိုလို တစ်နေရာပြောင်းသွားသလိုနဲ့ သတင်းထွက်ပြီး ပျောက်သွားတာပဲ…´
`ဟို…ဟိုဝင့်ဝါဆိုတဲ့ ကောင်မလေးလား ငါလဲ မနှစ်တုန်းကတော့ တစ်စွန်းတစ်စကြားလိုက်သေးတယ် နောက်ပိုင်း သေသွားတယ်ဆိုလား…´
`မသိပါဘူးကွာ…ကျောင်းက ပါမောက္ခတွေလည်း အလုပ်ရှုတ်နေကြတယ်…´
ထိုကျောင်းသားနှစ်ယောက်၏ တစ်စွန်းတစ်စ ပြောသော စကားများအား ဆိုင်ရှင် ဦးတွကြီး ကြားသည်နှင့် ထိုကျောင်းသားများမှာထားသည့် စားစရာများအား သွားရောက် ပို့ပေးရင်း
`မင်းတို့ပြောနေတဲ့ ဝင့်ဝါဆိုတာ စိတ်ရောဂါရှင် မိန်းကလေးကို ပြောတာလား…´
`ဟမ်!…ဒါတော့ မသိဘူးဗျ နာမည်တော့သိတယ် ဝင့်ဝါတဲ့ အဲ့ကောင်မလေး ဒုတိယနှစ်တတ်နေတုန်းက ကျွန်တော်တို့က ပထမနှစ်တတ်နေတဲ့ အချိန်လေ…သေချာတော့ မသိဘူး…´
`ဟုတ်ပြီ…ဒါဆို ငါ့ဆိုင်က ဟိုအရူးပြည့်စုံလဲ အဲ့အချိန်ကတည်းက ပျောက်သွားခဲ့တာ ငါ့အထင် သူတို့နှစ်ယောက် ခိုးပြေးသွားကြတာများလား…´
`ပြည့်စုံဆိုတာ ဦးလေးဆိုင်က ဟိုကြောင်တောင်တောင်နဲ့ တစ်ယောက်ကို ပြောတာလား…´
`အေးကွ…ဟုတ်တယ် သူလဲ ငါ့ဆိုင်ကနေ ရုတ်တရတ် ဘယ်ပျောက်သွားမှန်း မသိဘူး ငါရိပ်မိသလောက်ကတော့ ပြည့်စုံက အဲ့ဒီကောင်မလေးကို စိတ်ဝင်စားနဲ့ ပုံပဲကွ…မပြောတတ်ပါဘူးကွာ…ဒါနဲ့ ဓာတုအဆောင်အနောက်မှာ ဖိုးတေဆိုလား…အဲ့ဒီလူက သရဲနိုင်တဲ့ လက်ဖွဲ့လုပ်ပေးတယ်လို့ကြားတယ်…ဟုတ်လား…´
`အလကားပါဗျာ…လူလိမ်…ကျွန်တော်တို့ သွားပြီးပြီ သူ့ကြည့်ရတာ အရူးတစ်ယောက်ဖြစ်မယ် ထင်ပါတယ် ညစ်ပတ်နေတာပဲ စားစရာမရှိလို့ ကျောင်းမှာ သရဲခြောက်တယ်လို့ သတင်းကြားတာနဲ့ တမင် ဂွင်လာဖန်တာ အလကား လူလိမ်…´
`အေး…ငါလဲ မနေ့က ကျောင်းသူလေး နှစ်ယောက် ပြောနေတာ ကြားလို့ ဘာတဲ့…ကျွန်းပြန် ဖိုးတေဆိုလား…´
`ဟုတ်ပ…ဟုတ်ပါ့…ဘယ်ကျွန်းက ပြန်လာသလဲတော့ မသိဘူး သူ့ကိုယ်သူ ကျွန်းပြန်ဖိုးတေဆိုပြီး ပြောနေတာပဲ…ဟားဟား…´
`အေး ဘာပဲဖြစ်ဖြစ် မင်းတို့လဲ သတိလေးနဲ့ နေကြ အခုတစ်လော ကျောင်းမှာ ဘာတွေ ဖြစ်နေမှန်းမသိဘူး ကြားရတဲ့ သတင်းတွေကလည်း မကောင်းဘူး…ကျောင်းဂိတ်စောင့်ကြီး ပြောတာကြားတာတော့ ပိတ်ထားတဲ့ စိတ်ပညာအဆောင်ကြီး တံခါးပွင့်သွားတည်းက ကျောင်းဝန်းထဲမှာ လူတစ်ယောက်ယောက်ကို တွေ့တွေ့နေတယ် ပြောတာပဲ တစ်ချို့ပြောတာတော့ သရဲခြောက်တယ်လို့ ပြောကြတယ်…မင်းတို့ အခုနပြောတာက အတန်းနောက်ဆုံးခုံမှာ သရဲမတစ်ယောက် ထပ်တွေ့တယ်ဆိုတော့ ဘာတွေမှန်းကို မသိပါဘူး …´
`စိတ်ရှုတ်ခံမနေနဲ့ အလကားပါ သရဲက ကျွန်တော့တို့ကို ခြောက်ရုံကလွဲပြီး ဘာလုပ်နိုင်မှာ မလို့လဲ…´
ကျောင်းသားနှစ်ယောက်နှင့် ဦးတွကြီး ပြောနေသည့် စကားတို့က စ်တ်ဝင်စားစဖွယ် ရူပဗေဒအဆောင်မှ ဆရာမတစ်ယောက်ကား အတန်းထဲတွင် စာသင်နေရာမှာ ကျောင်းသား မရှိသည့် နောက်ဆုံး စာသင်ခုံတွင် သရဲမတွေ့ခါ စာသင်ရင်း မူးလဲခဲ့ရသည်။ သိုနှင့် ထိုကျောင်းသားများပြောသည့် သရဲကြောက်သော လက်ဖွဲ့လုပ်ရောင်းနေသည်ဟူသော ကျွန်းပြန်ဖိုးတေ ရှ်ရာသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်း လမ်းကလေး မျှားကလေး ငါးကလေးတို့ သွားရောက်လေ့လာရန် တိုင်ပင်လျက် မေဂျာအဆောင် အနောက်ဘက်သို့ ဦးတည် လျောက်လှမ်း သွားလေတော့သည်။ အဆောင်အနောက် ပလပ်ဖောင်းပေါ်မှာ အကျီ င်္အဖြူ အပြဲလေးကို ဝတ်ထားပြီး ပုဆိုးအနီကွက် အကျဲလေးဖြင့် ထိုင်နေသည့် အရူးတစ်ယောက် ပုံစံနှင့် လူတစ်ယောက်အား ကျွုန်ုပ်တို့အားလုံးတွေ့ လိုက်ရသည်ကြောင့် အနားသို့ရောက်သွားပြီး
`ဦးလေး…´
ကျွန်ုပ်၏ ခေါ်လိုက်သော အသံကြားသည်ကြောင့် ပလပ်ဖောင်းပေါ်မှ ထိုင်နေတဲ့ ထိုလူကြီးက တည်ငြိမ်သော အကြည့်နှင့် ကြည့်လိုက်ပြီး
`သရဲကြောက်လို့ ငါ့ဆီရောက်လာတာလား…´
`မဟုတ်ပါဘူး ဦးလေး နာမည်ကို စိတ်ဝင်စားလို့ ရောက်လာတာ…´
`ဘာ!…ဟားဟား…ငါ့နာမည်ကို စိတ်ဝင်စားတယ်ပေါ့လေ…ဘာစိတ်ဝင်စားစရာရှိလို့တုန်းကွ…ငါ့နာမည်က ဖိုးတေလေ…´
`ကျွန်တော်တို့ကြားထားတာတော့ ကျွန်းပြန်ဖိုးတေလို့ ကြားထားတယ်…
`ဟားဟား…ကောင်လေးတို့ မင်းတို့ရဲ့ ငါ့ကို စူးစမ်းချင်တဲ့ စိတ်ကိုတော့ ကြိုက်သွားပြီး…ကျွန်းပြန်ဆိုတာ ငါကကျွန်းက ပြန်လာတာ မဟုတ်ဘူး ငါ့ဆီမှာ ရှိနေတဲ့ ပစ္စည်းတစ်ခုကို အစွဲပြုပြီး ကျွန်းပြုဖိုးတေလို့ ငါ့ကို ငါမှည့်ခေါ်ထားတာ…´
`ဦးလေးကိုတော့ ကျွန်တော်တို့ ပိုပြီး စိတ်ဝင်စားသွားပြီး…အခုတလော ကျောင်းမှာ ကြားနေရတဲ့ သတင်းတွေကို ဦးလေးကြားပြီးလောက်ပြီ ထင်တယ်…´
`ကြားလို့လည်း မဆိုင်တဲ့ ကျောင်းသားတွေ ဒုက္ခရောက်မှာ ဆိုးလို့ ငါကစေတနာနဲ့ တစ္ဆေမကပ်နိုင်တဲ့ လက်ဖွဲ့ကို ဈေးပေါပေါနဲ့ လာရောင်းပေးနေတာကို သိပ္ပံကျောင်းသားတွေက ငါ့ကို အရူးလို့သတ်မှတ်ထားတယ်လေ မင်းတို့ရော တစ္ဆေကို ကြောက်လား…´
`တစ္ဆေ!…မကြောက်ဘူး အခုချိန်ထိလည်း တစ္ဆေကိုမတွေ့ဖူးဘူး ဘာလို့ကြောက်ရမှာလဲ…´
`ဒါပေါ့…လွန်ခဲ့တဲ့ ၂နှစ်က ငါလည်း မကြောက်ဘူးလို့ ပြောခဲ့တာပဲ ဒါပေမယ့် မကြောက်ဘူးဆိုတဲ့ စကားနောက်မှာ ကြောက်စိတ်က မသိစိတ်ထဲမှာ အပြည့်ရှိနေခဲ့တယ်…ငယ်ငယ်က ငါအရမ်းပေတေခဲ့တာ အခုတော့ ငါလည်း နောင်တရနေပါပြီ ငါ့အဖော်တွေလည်း အကုန်လုံးသေကုန်ကြပြီ ငါလည်း သေမယ့်နေကို စောင့်နေတာ…´
`ဟင်…ဦးလေးက သေမယ့်နေ့ကို စောင့်နေတာ ဟုတ်လား…ဦးလေးပြောတဲ့ စကားကို ကျွန်တော်တို့ နားမလည်ဘူး…ဘာကိုဆိုလိုတာလဲ…´
`အခု ကျောင်းဝန်းအတွင်းထဲမှာ တစ္ဆေတွေရှိနေတယ်…ဘယ်သူမှ အဲ့တစ္ဆေတွေကို နိုင်မှာ မဟုတ်ဘူး…သူတို့က လက်စားစိတ်နဲ့ သေသွားကြတော့ တော်ရုံတန်ရုံ ဘယ်လိုမှ သူတို့ကို ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး…´
`ဦးလေးက ဘာလို့ အဲ့ဒီလိုတွေ ပြောနိုင်ရတာလဲ…သူတို့နဲ့ ဦးလေးက သိနေလို့လား…´
`အဲ့လိုတော့ မဟုတ်ဘူး…တစ်ချိန်တုန်းက ငါက အရမ်းဆိုးခဲ့တဲ့ လူမိုက်တစ်ယောက်ပေါ့ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းခဲ့တယ် မကောင်းတာ အားလုံးလုပ်ခဲ့တယ်…အခုတော့ နောင်တတွေရပြီး ငါ့စည်းစိမ်တွေအားလုံးကို လိုအပ်နေတဲ့ နေရာတွေမှာ လှူနေခဲ့တာကြာပြီ…ဘာပဲဖြစ်ဖြစ် ငါသေပျော်ပါပြီ…ငါမသေခင် အချိန်မှာ မင်းတို့အားလုံး ငါ့လိုအမှားမျိုးမဖြစ်ရအောင် ငါပြောပြမယ် လွန်ခဲ့တဲ့…၂နှစ်ကာလကပေါ့…´
အရှေ့စူးစူးအား မျှော်ငေးကြည့်လျက် လွန်ခဲ့သည့် ၂နှစ်အတွင်းမှ သူ၏ အတိတ်ကြောင်းအား ကျွုန်ုပ်နှင့်အတူ သူငယ်ချင်းများအား ပြောပြလေတော့သည်။
……………………………………………………
`ဘာသတင်းတွေ ထူးသေးလဲ ဆရာမောင်ဝင်း…ပယောဂါဆရာကြီးသေတာကရော သွေးရိုးသားရိုး ဟုတ်ရဲ့လား…´
`ဟုတ်ကဲ့ရဲမှူးကြီး…ပယောဂါဆရာကြီးကတော့ သူ့မှာရှိတဲ့ အသည်းယောဂါနဲ့ သေခဲ့ရတာပါ…ဒါပေမယ့် နောက်ကွယ်မှာတော့ မမြင်နိုင်တဲ့ မောက်ပယောဂါတွေ ရှိနေနိုင်ပါတယ်…သွေးပွက်ပွက်အန်ပြီး သေခဲ့ရတာပါ…ဆေးစစ်ချက်အရ အသည်းကင်ဆာလို့သိရပါတယ်.´
`တော်သေးတာပေါ့.…ဒါနဲ့ ကျုပ်စုံစမ်းခိုင်းထာတဲ့ မျက်နှာပြင်ဒဏ်ရာနဲ့ လူရဲ့ သတင်းရော ဘာထူးသေးလဲ…´
`အဲ့ဒီလူ နာမည်က ဦးမောင်မောင်လို့ သိရပါတယ်…သူက လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ပျောက်ကွယ်နေခဲ့ပါတယ်…ဒါပေမယ့် သူနဲ့ ပတ်သတ်တဲ့ သူတွေဆီက သိလာရတာတော့ ဘုရား သိမ် ကျောင်း အဲ့လိုနေရာမှာတွေ အလှူတန်းလုပ်လေ့ရှိတယ်လို့ သိရပါတယ် ရဲမှူးကြီး…´
`သူ့ကို အမြန်ဆုံးတွေ့မှ ဖြစ်မယ် နိုင်ငံတော်က ပေးတဲ့ အပြစ်ကိုခံယူလိုက်ရင် သူအသတ်ကတော့ ရှင်လိမ့်မယ် မဟုတ်ရင် သူ့အဖော်တွေလိုမျိုး အသေဆိုးနဲ့ သေရလိမ့်မယ်လို့ ကျုပ်တော့ ထင်တယ်.…´
`ဟုတ်ကဲ့ရဲ မှူးကြီး လာမယ့် တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ ကျောင်းဝန်းထဲက အဆောင်ကြီးကို နားလည်တဲ့ သူတွေနဲ့ အမြန်ဆုံး ပြန်ပိတ်မယ်လို့ စီစဉ်ထားပါတယ်…ကျောင်းပတ်ဝန်းကျင်က သူတွေပြောတာတော့ ကျောင်းဝန်းထဲမှာ လူတစ်ယောက်ကို တွေ့တွေ့နေတယ် ပြောပါတယ်…တစ်ချို့တွေပြောတာတော့ တစ္ဆေခြောက်တယ်လို့ ပြောကြတယ်…ကျွန်တော့အထင် ဟိုတစ္ဆေပြည့်စုံပဲ ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချမိပါတယ်…´
`ဟုတ်လိမ့်မယ်…ကျုပ်တို့ ဦးမောင်မောင်ကို ဖမ်းမမိ မချင်း သူ့အလောင်းကို ကောက်ဖို့ပဲ ရှိတော့တယ်…အချိန် သိပ်မရှိတော့ဘူး.´
မမြင်နိုင်သည့် ပရလောကသားအား ဖမ်းဆီးဖို့အတွက် ရဲအရာရှိများ မတတ်နိုင်ချေ။ အဓိက တရားခံဖြစ်သည့် မျက်နှာပြင်ဒဏ်ရာနှင့် လူအား နေရာအနံ့စုံစမ်းလျက် စိတ်ပညာ မေဂျာအဆောင်အား နိုင်ငံတော်အမိန့်နှင့် ပြန်လည် ပိတ်ရန် စီစဉ်ကြတော့သည်။ လွန်ခဲ့သည့် ၂နှစ်အတွင်းမှ အဖြစ်ပျက်အား ကျွန်းပြန်ဖ်ုးတေမှ နောင်တ တရားအား ရှေ့ထားလျက် ကျွုန်ပ်တို့ကို ပြောပြပြီးနောက် သေမည့်နေ့ကို စောင့်နေတော့မည်ဟု ဆိုကာ ကျွုန်ပ်တို့ရှေ့မှ ထွက်ခွာသွားခဲ့တော့သည်။ တစ်ည၌ နေဝန်းနီ ကန်တင်းပိုင်ရှင် ဦးတွကြီးတစ်ယောက် မိမိအိမ်သို့ ပြန်မအိပ်ပဲ ဆိုင်တွင်သာ အိပ်နေခဲ့သည်။
`ဒေါက်…ဒေါက်…´
ဆိုင်တံခါးအား လာရောက်ခေါက်သံကြားသည်ကြောင့် အိပ်နေသည့် ဆိုင်ရှင် ဦးတွကြီး ရုတ်တရက် နိုးသွားခဲ့လေသည်။ အိပ်ယာထဲမှ အသံပြန်ပေးရင်း တံခါးဖွင့်ရန် ထွက်လာခဲ့သည်။ တံခါးဂျက်အား ဖြုတ်လျက် တံခါးဖွင့်လိုက်ပြီးနောက်
`ဟင်!…ပြည့်…ပြည့်စုံ…မင်း…မင်းငါ့ဆီ ပြန်လာတယ် ဟုတ်လား…လာလာ…အထဲဝင်…´
သံယော်ဇဉ်ရှိစွာ တူသားအရင်းသဖွယ် ခင်တွယ်နေခဲ့သော မိမိဆိုင်မှ အလုပ်သမားလေး ပြည့်စုံအား ပြန်လည်တွေ့လိုက်ရသည်ကြောင့် ဝမ်းသာစွာဖြင့် ဆိုင်အတွင်းသို့ ခေါ်လိုက်ပြီး
`ပြည့်စုံ မင်းဘယ်တွေ လျောက်နေတာလဲ မင်းကို ငါနေ့တိုင်း သတိရလွန်းလို့ ငါ့ကို နှုတ်မဆတ်ပဲ ပျောက်သွားတဲ့ မင်းကို ဒေါသတောင်ဖြစ်မိတယ်…အခု ငါ့ဆီကို မင်းပြန်လာပြီနော်…ငါဝမ်းသာလိုက်တာ ပြည့်စုံရာ မင်းတောင် အရင်နဲ့မတူတော့ လူကြီးပုံစံကို ပေါက်လို့ …ပြောပါဦး ဒီလောက် အချိန်ကြာကြီး ဘယ်ကိုပျောက်နေရတာလဲ…´
ဝမ်းသာစွာဖြင့် အလုပ်သမားလေး ပြည့်စုံအား တရတ်ဆတ် မေးခွန်းများ မေးနေလေတော့သည်။ မိမိအား ကျွေးမွေးထားခဲ့သော ဆိုင်ရှင် ဦးတွကြီးအား ပြည့်စုံ စူးစိုက်စွာကြည့်လျက် မျက်ဝန်းမှ မျက်ရည်များ ကျလာလေခဲ့သည်။ ထိုနောက် လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှ သူ၏ ဖြစ်ရပ်ဆိုးအား ပြန်လည် ပြောပြလိုက်တော့သည်။
`ဘာ!…ဒါ…ဒါဆို မင်းက သေသွားပြီပေါ့ ဟုတ်လား…မဖြစ်နိုင်ဘူး…ပြည့်စုံ ဟုတ်လို့လား မင်းငါ့ကို စကားတွေ ပြောနေတာပဲ မင်းမသေပါဘူး ပြည့်စုံ မင်းငါ့ကို လာနောက်နေတာလား…´
`ဦးတွကြီးကို ကျုပ် ဘယ်တုန်းက စနောက်လို့လဲ ကျုပ်က သေသွားပြီး မနက်ဖြန် လူယုတ်မာ တစ်ယောက်ကို ကျုပ်သတ်ပြီးရင် ကျုပ်ချစ်သူ ဝင့်ဝါနဲ့ လွတ်ရာကျွတ်ရာကို ကျုပ်သွားတော့မယ် ဒါကြောင့် ကျုပ်ရဲ့ကျေးဇူးရှင့်ဖြစ်တဲ့ ခင်ဗျားကို ကျုပ် လာနှုတ်ဆတ်တာပဲ…´
`ဟာကွာ…ပြည့်စုံရာ ငါတကယ့်ကို စိတ်မကောင်းပါဘူး…ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီပဲ တရားခံတွေကို မင်းသတင်းပေးပြီး ဥပဒေအရ အရေးယူခိုင်းလိုက်ပါလား…´
`တော်စမ်း!…မွေးကတည်းက ကျုပ်တစ်ခါမှ မရယ်မပြုံးခဲ့ဖူးဘူး ကျုပ်သိပ်ချစ်ရတဲ့ ဝင့်ဝါလေးကို တွေ့ပြီးမှ ကျုပ်ပြုံးတတ်ခဲ့ရတယ်.…ကျုပ်နှလုံးသားကို အစိမ်းလိုက် အထုတ်ခံလိုက်ရတဲ့ အပြင် ကျုပ်ကိုပါ အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့တဲ့ လူယုတ်မာတွေကို ကျုပ်လက်နဲ့ လက်စားပြန်ချေရမှ ကျေနပ်မယ်…ကျုပ်ကို ခွင့်ပြုဦး ဦးတွကြီး ကျုပ် ခင်ဗျားကို ဘယ်တော့မှ မမေ့ပါဘူး´
`ပြည့်စုံ…ပြည့်စုံ…´
ဦးတွကြီး၏ ပြောသော စကားတို့အား ဒေါသတကြီး ပြန်လည်ပြောဆိုလျက် တစ္ဆေပြည့်စုံ ဦးတွကြီးအရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။ ထိုနေ့က တနင်္ဂနွေ ကျောင်းပိတ်ရက် ဖြစ်သည်ကြောင့် ကျွုန်ပ်၏ နေအိမ်သို့ သူငယ်ချင်းဟောင်းဖြစ်သည့် တန်ခိုး တစ်ယောက် စိုက်မြိုက်စွာ ရောက်လာချေခဲ့သည်။ ယခုနှစ်အား သူကျောင်းမတတ်ဖြစ်တော့ဘူး ပြောလျက် ကျွုန်ပ်နှင့် စကားလက်ဆုံကြနေစဉ်အချိန်မှာပဲ သူငယ်ချင်း ငါးကလေးနှင့် အတူ လမ်းကလေး၊ မျှားကလေးတို့ ကျွုန်ပ်၏နေအိမ်သို့ တိုက်ဆိုင်စွာ ရောက်ရှိလာလျက် ကျောင်းဝန်းအတွင်းမှ ပိတ်ထားသည့် စိတ်ပညာ မေဂျာအဆောင်အား သွားရောက်လေ့လာရန် တိုင်ပင်မိလေတော့သည်။ သဘောတူစွာ အားလုံးတိုင်ပင်လျက် ကျောင်းပိတ်ရက်ဖြစ်သည့် ကျောင်းဝန်းအတွင်းသို့ သွားရန် ခြေလှမ်းများ ဦးတည်လာခဲ့တော့သည်။ ကျွန်းပြန်ဖိုးတေ အရူးတစ်ယောက် တစ်ဖွယ်နေထိုင်ရာ ကျောင်းဝန်းအတွင်း အဆောင်ပျက်ကြီးဆီသို့ အခိုးအငွေ့များ အုပ်စိုးလျက် တစ္ဆေပြည့်စုံ ရောက်ရှိလာလေသည်။
`မင်းရောက်လာပြီလား…´
`ဟားဟား…ခင်ဗျား ကျုပ်ကို မှတ်မိသားပဲ ခင်ဗျားတို့ အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့တဲ့ ပြည့်စုံဆိုတဲ့ ကောင်လ မှတ်မိတယ်ပေါ့…´
`သိပ်မှတ်မိတာပေါ့ ပြည့်စုံရာ ငါလည်း အမှားအကြီးကြီး မှားပြီး နောင်တကြီးစွာ ရနေခဲ့ပါပြီ…ငါ့အဖော်တွေ သေပြီလို့ ကြားတည်းက ငါလည်း မင်းလာသတ်မည့် နေ့ကို စောင့်နေခဲ့တာ အခု မင်းငါ့ကို သတ်မယ်မဟုတ်လား သတ်လေ…´
`ခင်ဗျား မျက်နှာက ဒဏ်ရာကို တွေ့တိုင်း ကျုပ် ဒေါသတွေ ဖြစ်တယ် ကဲ့ကွာ…´
ပြောဆိုလျက် ဖိုးတေအနောက်သို့ ပြည့်စုံ ရုတ်တရက် ရောက်သွားလေသည်။ ထိုနောက် သူ၏လက်ဖြင့် ဖိုးတေ၏ မျက်နှာအား ပြင်းထန်စွာ ခြစ်ချလိုက်လေသည်။ သွေးများထွက်လာလျက် မည်သည့်တုန့်ပြန်မှု့မှ မလုပ်ပဲ မျက်စိသာ မှိတ်လျက် ဖိုးတေတစ်ယောက် ငြိမ်ခံနေလေတော့သည်။ ထိုနောက် အသတ်မသတ်သေးပဲ ညင်းပန်းနှိပ်စက်နေလျက် ထိုအချိန် အဆောင်တံခါး ပိတ်ရန် ရောက်ရှိလာကြသော ရဲအရာရှိများက တစ္ဆေပြည့်စုံအား သေနတ်ဖောက် အမိန့်ပေးလျက် ဘုန်းကြီးများမှ ပရိတ်ပဠာန်းများ စတင်ရွတ်ဖတ်လေတော့သည်။ ထိုအသံများအား ကြားရသော ပြည့်စုံကား အဆောင်ခေါင်မိုးပေါ်မှ ဖိုးတေအား အားကုန် တွန်းချလျက် အခိုးအငွေ့ဖြစ်ခါ ပျောက်ကွယ်သွားလေတော့သည်။ကျွုန်ပ်တို့ ရောက်ရှိသွားချိန်တွင် သက်ဆိုင်ရာမှ အသတ်မျော့မျော့ရှိသေးသည့် ဖိုးတေအား ဝိုင်းထားလျက် သက်ဆိုင်ရာ ဆေးရုံကားအား အကြောင်းကြားနေသည်ကို တွေ့လိုက်ရောတ့သည်။ ဖိုတေ၏ အဖြစ်အား တွေ့လိုက်ရသည့် ကျွုန်ပ်တို့အားလုံး သူ့အနားသို့ အပြေးသွားရန် ရွယ်လိုက်စဉ်မှာပဲ
`ညီလေးတို့ အနားသွားလို့ မရဘူး…´
ရဲအရာရှိများမှ ကျွုန်ုပ်တို့၏ အပြေးလာနေသော ခြေလှမ်းတို့အား ရုတ်တရက်တားလိုက်လေသည်။ မြေပြင်ပေါ်တွင် အသက်မျော့မျော့ကျန်နေသည့် ဖိုးတေကား ကျွုန်ပ်တို့ရှိရာသို့ မျော်ကြည့်လျက် အနားသို့ လာရန် ဟန်အမူရာဖြင့် ရဲအရာရှိများအား ပြောလေတော့သည်။ ဖိုးတေ၏ တောင်းဆိုချက်ကြောင့် သူ၏အနားသို့ ကျွုန်ပ်တို့ ကပ်ခွင့်ရပြီး မပီသတော့ အသံတို့ဖြင့်
`ကောင်လေးတို့ ငါသေပျော်ပါပြီ…ငါ့ကို ဥပမာယူပြီး ဘယ်တော့မှ ငါ့လို့ မဖြစ်ပါစေနဲ့…တစ္ဆေပြည့်စုံလဲ ငါ့ကို သတ်လိုက်ရလို့ သူကျေနပ်သွားပါပြီ ရော့…´
ပြောပြောဆိုဆိုဖြင့် သူ၏ အိပ်ကတ်ထဲမှ ဖန်ဂေါ်လီ သဏ္ဍန် အလုံးလေးအား ထုတ်ပေးလျက်
`ဒါဘာလဲ ဦးလေး…´
`ဘယ်မှာ အသုံးဝင်လဲတော့ ငါမသိဘူး…ကျွန်းပြန်ကြီး တစ်ယောက်ဆီက ငါငွေနဲ့ဝယ်ထားတာ ကိုးသင်္ချိုင်းမှော်ဝင်တယ်လို့ သိရတာပဲ…မင်းတို့ယူထားလိုက်ပါ…´
ဟုဆိုလျက် ဖိုးတေတစ်ယောက် အသက် ပျောက်ကွယ်သွားလေတော့သည်။ သူပေးထားခဲ့သော ထိုအလုံးလေးအား သိမ်းထားလျက် ရဲအရာရှိများ၏ ပြောဆိုချက်အရ ထိုကျွန်းပြန်ဖိုးတေသည် တစ်ချိန်က လူသတ် မုဒိန်း အလောင်းဖျောက်ခဲ့သော တရားခံ သူဌေးဦးမောင်မောင်ဟု သိရှိလိုက်ရလေတော့သည်။
စာရေးသူ-ထီးကလေး…
ပြီးပါပြီး
ဆက်လက်တင်ရှိမည့်ဇာတ်
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏ အလောင်း









No comments:
Post a Comment