♠အပိုင်း(၄) တစ္ဆေကလဲ့စာ (ပဉ္စမမြောက်လက်စားရှင်) ဝိဥာဉ်ကလဲ့စား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

♠အပိုင်း(၄) တစ္ဆေကလဲ့စာ (ပဉ္စမမြောက်လက်စားရှင်) ဝိဥာဉ်ကလဲ့စား

Share This
တစ္ဆေ ဇာတ်လမ်းရှည်ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော 
            တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်  
                    ပဉ္စမမြောက် လက်စားရှင် 
              (ဝိဥာဉ် ကလဲ့စား)✔
                     (new version)
စားရေးသူ-ထီးကလေး 🌂
                     ၎



ထိုမိန်းမ လမ်းညွှန်ပေးလိုက်သူက စိတ်ရောဂါဝေဒနာရှင် ဝင့်ဝါဆီသို့ပင်။ ယိုင်တိုင်ကာ အိမ်အတွင်းသို့ ဝင်သွားပြီး ဝင့်ဝါရှိနေသည့် အိပ်ခန်းအတွင်းသို့ ရောက်သွားလျက် မိန်းမပျက်ဟု ထင်ကာ အဓမ္မပြုကျင့်ရန် စတင်ကြံဆတော့သည်။ မိမိပြုတ်ထားသော ခေါက်ဆွဲတို့ကို ချိုင့်ဖြင့် ထည့်လျက် ဝင့်ဝါဆီသို့ ပြုံးရွှင်ကာ အရောက်လှမ်းလာသော ပြည့်စုံတစ်ယောက် ထိုအိမ်ရှေ့သို့ ရောက်ခဲ့ချေပြီ။ ထိုနောက် ပွင့်လပ်နေသော တံခါအတိုင်း ဝင့်ဝါရှိနေသော အခန်းတံခါးဆီသို့ ပြည့်စုံတစ်ယောက် ပြုံးရွှင်သော မျက်နှာထားဖြစ် ဖွင့်ရန် ရွယ်လိုက်လေတော့သည်။

တံခါးကား အတွင်းမှ ဂျက်ထိုးထားလျက် အပြင်၌ရှိနေသော ပြည့်စုံတစ်ယောက် ဖွင့်မရချေ။
`ဝင့်ဝါ…ညီမလေး…တံခါးဖွင့်ပေးဦးလေ အစ်ကိုပါ ဒီမှာ ညီမလေးစားဖို့ ခေါက်ဆွဲပြုတ်တွေ ပါလာတယ်လေ…အစ်ကိုကို တံခါးဖွင့်ပေးဦး…ညီမလေး…ညီမလေး…ဝင့်ဝါ ညီမလေး…´
မည်သို့ပင် အခန်းအပြင်မှ ပြည့်စုံတစ်ယောက် အကြိမ်ကြိမ်အသံပေး ခေါ်နေသော်လည်း အခန်းအတွင်းမှ မည်သည့် တုန်ပြန်သံများ ပြန်မကြားရချေ။ စိုးရိမ်တစ်ကြီး အော်ခေါ်နေရာမှ အသံပြန်မပေးသည့် အဆုံး အနီးတွင် ရှိနေသည့် ခုံတန်းရှည်ဖြင့် တံခါးအား စတင် တွန်းဖွင့်လိုက်ချေတော့သည်။ ထိုနောက် အခန်းတံခါးကား ပွင့်သွားလျက် အခန်းအတွင်း၌ ဝင့်ဝါ၏ အရိမ်အယောင်ကိုပင် မတွေ့ရချေ။လက်ထဲ၌ ရှိနေသော ချိုင့်ဟာ ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားလျက် စိုးရိမ်တစ်ကြီး တစ်ခန်းလုံး ရှာဖွေသော်လည်း မတွေ့ရှုန်းရင်း ဆံခပ်ဖြစ်နေသော အိမ်ယာပြင်နှင့် အနောက်ဘက် တံခါးပွင့်လက်နေသည်ကို တွေ့လိုက်တော့သည်။ထိုအခန်းအတွင်းမှ တံခါးပေါက်သည် အနောက်ဘက် ကျောင်းဝန်းလမ်းသို့ လှို့ဝှက်စွာ ဖျောက်ထားသော အခန်းတံခါးဖြစ်ချေသည်။ပွင့်နေသည့် အခန်းတံခါးမှ ပြည့်စုံတစ်ယောက် အပြေးထွက်သွားလျက် ဝင့်ဝါ၏နာမည်လေးကိုသာ တမ်းတအော်ခေါ်နေခဲ့သည်။မလင်းတစ်လင်း လရောင်အောက်၌ ပြည့်စုံတစ်ယောက်မှာ အရူးတစ်ယောက်ကဲ့သို့ဖြစ်လျက် ဝဲကျနေသော မျက်ရည်တို့ဖြင့် ထိုလမ်းမတစ်လျောက် အသံပေး အော်ခေါ်နေခဲ့တော့သည်။လမ်းမအတိုင်း လျောက်လှမ်းလာရင်း တစ်နေရာ အရောက်တွင် တစ်ခုခုအား နင်းမိလိုက်သဖြင့် ငုတ်ကြည့် ကောက်ကိုင်လိုက်ရာ
`ဟင်!…ဒါ…ဒါဝင့်ဝါရဲ့ ဘောပင်လေး…သူ…သူဘယ်ပျောက်သွားရတာလဲ…ဝင့်ဝါရေ ညီမလေး…အစ်ကို ခေါ်နေတယ်လေ…ဟင်…´
လမ်းဘေး ဘေးပတ်ပတ်လည်သို့ အငိုမျက်လုံးများဖြင့် ကြည့်မိလိုက်လေရော လရောင်မလင်း တလင်း၌ အကျီအဖြူရောင်လေးဖြင့် မြေပြင်သို့ လဲကျနေသော ဝင့်ဝါအား တွေ့လိုက်ရတော့သည်။လဲကျနေသော ဝင့်ဝါဆီသို့ အပြေးသွားလျက် ပွေ့ချီလိုက်ပြီး
`ညီ…ညီမလေး…ဘဟ်လိုဖြစ်ရတာလဲ…ဒီလမ်းမကို ဘဟ်လိုလုပ်ရောက်လာတာလဲ ညီမလေး အစ်ကိုခေါ်နေတဟ်လေ…ဝင့်ဝါ ညီမလေး´
ပြည့်စုံ၏ အမေးတို့ကား ဝင့်ဝါတစ်ယောက် ပြန်မဖြေနိုင်ခြေ ဒဏ်ရာများစွာဖြင့် နာကျည်သော ဝေဒနာတို့အား ခံစားနေရပြီး သွေးများပေနေသည့် သူမ၏ လက်ဖြင့် ပြည့်စုံ၏ မျက်နှာအား ကိုင်လျက် မျက်မှာအပေါ်တွင် အမှတ်သားပါသည့် လူတစ်ယောက်ကား သူမအား အဓမ္မပြုကျင့်လျက် သတ်ခဲ့ကြောင့် ဟန်အမှုယာဖြင့် ပြောချေတော့သည်။ ထိုနောက် ဒဏ်ရာပေါင်းများစွာဖြင့် သွေးထွက်လွန်ကာ ဝင့်ဝါတစ်ယောက် သေဆုံးသွားရတော့သည်။
ဝင့်ဝါ၏ အလောင်းအား ပွေ့ချီလျက် လမ်းမအတိုင်း ထိုတံခါးပေါက်ရှိရာသို့ အငိုမျက်လုံးများဖြင့် ပြန်လည် လျောက်လမ်းလာချေခဲ့သည်။ ဝင့်ဝါ၏ အလောင်းအား အခန်းအတွင်း ကုတင်းအပေါ်တွင် တင်ထားလျက် ယူကြုံးမရ အော်ဟစ်ငိုကြွေးလေတော့သည်။ ထိုနောက် ကုတင်းစာပွဲအပေါ်တွင် မိမိဆိုင်မှ ဝယ်ယူသွားသော ခေါက်ဆွဲထုတ်လေးအား မြင်တွေ့လိုက်ရသည်။ ခေါက်ဆွဲထုတ်လေးအား မြင်သည်နှင့် မိမိဆိုင်တွင် ဝင်ရောက်ဝယ်ယူသွားသော အမူးသမားကြီးကသာလျင် ဝင့်ဝါအား စော်ကားသတ်ဖြတ်ခဲ့သည်ဟု သေချာစွာ သိရှိသွားခဲ့ချေတော့သည်။အလောင်းအား ပွေ့ချီလျက် ကျောင်းဝန်း ရဲဌာနသို့ အမှု့ဖွင့်တိုင်ကြားရန် ဖြေညင်းသော ချေလှမ်းတို့ဖြင့် လျောက်လှမ်းလာခဲ့သည်။ ထိုရဲကင်း၌ ကြီးကြပ်ရေး အရာရှိ နယ်ထိမ်း ထူးမောင်တာဝန်ယူရသည့်(သေဆုံးခဲ့သော စခန်းမှူး ထူးမောင်) ညဖြစ်သည်။ အလောင်းအား ပွေ့ချီထားပြီး ရဲကင်းအရှေ့မှ
`ဗျို့…ကူညီပါဦး လူတစ်ယောက် ကျုပ်ချစ်သူကို သတ်သွားလို့ ဗျို့ရဲအရာရှိတို့ တံခါးဖွင့်ပါဦး…´
ပြည့်စုံ၏ အသံပေးမှု့ကြောင့် ကိုယ်ဗလာ ဘောင်းဘီဇစ်အား ဆွဲတင်လျက် နယ်ထိမ်းထူးမောင် ထွက်လာပြီး
`ဘာကိစ္စရှိလို့တုန်း ညကြီး အချိန်မတော်…ဟင်!…´
ပွေ့ချီထားသော ပြည့်စုံ၏ လက်အတွင်းမှ သွေးများဖြင့် သေဆုံးနေသော ဝင့်ဝါ၏အလောင်းအား တွေ့ရှိလိုက်ရသည်။ ထိုနောက် ဝင့်ဝါအား ခေါ်ထားခဲ့သည့် ပြည့်တန်ဆာမိန်းမပါ ထူးမောင်အနောက်မှ ထွက်လာပြီး
`ကို ဘယ်သူတုန်း ဘာတွေလဲ အိပ်ရေးပျက်တယ်ကွာ လာ… ဟင်!…ဟို…ဟိုကောင်မလေးကို မင်း…မင်းသတ်လိုက်ပြီ…´
`ကျုပ်…ကျုပ်မသတ်ဘူး…ခင်ဗျား သိတယ်လေ ကျုပ်နဲ့ဝင့်ဝါအတူတူလာတာလေ ခင်ဗျားအိမ်မှာ ခဏထားခဲ့ရင်း အခု အသတ်ခံရလို့ ကျုပ်အမှု့လာဖွင့်တာ…´
`အိုး…မင်း မင်းမဟုတ်တာတွေ လျောက်မပြောနဲ့ မင်းစိတ်ဖောက်ပြန်ပြီး မိန်းကလေးကို သတ်လိုက်တာပဲ´
`ကျုပ်က ဘာလို့သတ်ရမှာလဲ…ကျုပ်မသတ်ဘူး´
`ကဲကဲ…ကောင်းပြီး အထဲကိုလာခဲ့ ငါ့ကိုအကြောင်းစုံပြောပြ…´
ဟုဆိုလျက် ဝင့်ဝါအလောင်းအား ပွေ့ချီထားသော ပြည့်စုံအား စခန်းအတွင်းသို့ ခေါ်လိုက်သည်။အလောင်းအား လွတ်လွပ်သည့် နေရာတွင် ထားစေပြီး နယ်ထိမ်းစာပွဲခုံ၌ ပြည့်စုံကား ထိုင်ခိုင်းစေသည်။ထိုနောက် ဖြစ်ပျက်ခဲ့သမျှ အစဆုံးအား ပြည့်စုံတစ်ယောက် ရှင်းပြပြောဆိုလျက် မယုံသင်င်္ကာအကြည့်ဖြင့် နယ်ထိမ်းထူးမောင်က
`မင်း မသတ်ဘူးလို့ ဘာသတ်သေပြနိုင်သလဲ အခုလို လွယ်လွယ်ပြောရုံနဲ့ ငါတို့က ယုံပေးရမှာလား…´
`ကျုပ်ပြောပြီး ကျုပ်က ဝင့်ဝါကို မျက်လုံးလေးနဲ့တောင် သေချာကြည့်ရက်တဲ့ သူတစ်ယောက်မဟုတ်ဘူး…ပြီးတော့ သက်သွားတဲ့ သူရဲ့ မျက်နှာမှာ အမှတ်သား ဒဏ်ရာတစ်ခုရှိတယ်…´
ပြည့်စုံ၏ စကားကြောင့် နယ်ထိမ်းထူးမောင် မျက်မှောင်ကျုတ်လျက် ထိုနောက် ပြည့်စုံ၏ကျောဘက် နယ်ထိမ်းထူးမောင်၏ မျက်နှာချင်းဆိုင်တွင် လူတစ်ယောက်မှ လက်ပြလှမ်းခေါ်လိုက်သည်ကြောင့် ထူးမောင် ထိုင်နေရာမှ ထသွားပြီး ထိုလူအနားသို့ သွားရောက်ခါ
`အစ်ကိုကြီး သူပြောတာ တကယ်လား အစ်ကိုကြီး အဲ့မိန်းကလေးကို သတ်လိုက်တာလား…´
`သတ်တာတော့ မဟူတ်ဘူး ငါလည်း အမူးလွန်းပြီး သူအတင်းရုန်းတာနဲ့ လက်လွန်သွားခဲ့တာ…အလကားပါကွာ မကောင်တာ လုပ်စားတဲ့ မိန်းကလေးတစ်ယောက်…´
`ဟုတ်တယ်လေ ဒါပေမယ့် ဟိုကောင်က အမှု့လာတိုင်နေပြီ ကျွန်တော် ဘယ်လို ဆက်လုပ်ရမလဲ…´
`ဘာလဲ မင်းက ပြည့်တန်ဆာမ တစ်ယောက်အတွက်နဲ့ ညီလိုအစ်ကိုလို နေတဲ့ ငါ့ကို ဖမ်းမလို့လား…ဒါဆိုလဲ ဖမ်းလေ…´
`ဟာ…အဲ့လိုမဟုတ်ဘူး…မျက်နှာမှာ အခြစ်ရာပါတဲ့ လူတစ်ယောက် သတ်သွားတာလို့ ပြောနေတယ် အစ်ကိုကြီးမျက်နှာကို တွေ့လိုက်တာနဲ့ သူသိနိုင်မှာပဲ…အဲ့ဒါ ဘယ်လို လုပ်မလဲ မေးတာ ကျွန်တော့ အသတ်ကို ကယ်ဘူးထားတဲ့ အစ်ကိုကြီးကို ကျွန်တော် ဘာလို့ ဖမ်းရမှာလည်း ကျွန်တော် ပြောဖူးပါတယ် တစ်နေ့နေ့ကျရင် အစ်ကိုကြီး ဒုက္ခဖြစ်နေချိန် ကျွန်တော် ပြန်ကူညီခွင့်ရချင်တယ်ဆိုတာလေ…ဒါပေမယ့် အခုဟာက လူသတ်မှု့တင်မကဘူး မုဒိန်းမှု့ပါ ပါနေတော့…´
`ဒါက လွယ်ပါတယ် ဒီကောင့်ကိုပါ အပျက်ရှင်းလိုက်ကြတာပေါ့…´
မျက်နှာပြင်ပေါ်တွင် ဒဏ်ရာရှိသော ထိုသူနှင့် နယ်ထိမ်းထူးမောင်တို့ဟာ အင်မတန်မှ ရင်းနှီးနေကြသည့်ဟန် ထိုနောက် နယ်ထမ်းစာပွဲခုံရှေ့တွင် ထိုင်နေသည့် ပြည့်စုံတစ်ယောက် စခန်းပတ်ဝန်းကျင်ရှိ ကပ်ထားသော ဓာတ်ပုံများအား အကဲခတ်လိုက်ကြည့်လေရာ စခန်းမှူးထူးမောင်နှင့်အတူ မျက်နှာပြင် ဒဏ်ရာနှင့်ထိုလူတို့ တစ်ရင်းနစ်နှီး ပြုံးရွှင်စွာ ရိုက်ထားသော ဓာတ်ပုံများအား တွေ့ရှိသွားတော့သည်။ထိုပုံများ ကပ်ထားသော နံရံဆီသို့ ထိုင်ရာမှ ထသွားလျက် စူးစိုက်စွာကြည့်ပြီး အနောက်သို့ပြန်လှည့်ချိန်တွင် နယ်ထိမ်းထူးမောင်ကား သူ၏အနောက်သို့ ရောက်ရှ်နေလေသည်။
`သူ…သူပဲ ကျုပ်ဆိုင်မှာ ခေါက်ဆွဲခြောက်လာဝယ်သွားတဲ့ အမူးသမား ပြီးတော့ မျက်နှာမှာလည်း ဒဏ်ရာရှိနေတယ်…ခင်…ခင်ဗျားတို့က တစ်ဖွဲ့တည်း…အဲ့လူကို အခုဖမ်း…´
`နေပါဦး ကောင်လေးရ မလောပါနဲ့ ဖမ်းမှာပေါ့ အခု မင်းတော့ မင်းကို အရင်ဖမ်းမယ်…´
`ဘာ!…ကျုပ် ကျုပ်ကို ဘာလို ဖမ်းမှာလဲ ကျုပ် ဘာလုပ်လို့လဲ…´
`ဟဲ့ကောင် နင်ကောင်မလေးကို ငါ့အိမ်ခေါ်လာတယ် ပြီးတော့ နင်မုဒိန်းကျင့်ပြီး အခုသတ်လိုက်တာလေ´
`ခင်ဗျား မဟုတ်တာတွေ လျောက်မပြောနဲ့နော်…ခင်ဗျား အိမ်မှာ ခဏထားခဲ့ပြီး ကျုပ် ဆိုင် ကျုပ်ပြန်ပြီး ဝင့်ဝါစားဖို့ ခေါက်ဆွဲသွားပြုတ်နေခဲ့တာ´
ထိုအချိန် ရဲကင်းအရှေ့မှ
`ထူးမောင် ထူးမောင်´
`အော် ဆရာလှမြင့် (သေဆုံးသွားခဲ့သော အငြိမ်းစားပါမောက္ခ လှမြင့်)ညကြီး အချိန်မတော် ဘာကိစ္စရှိလို့တုန်း…´
`အဝေးသင် အဖြေလွှာတွေ ဒီည တစ်ညလုံး ငါစစ်နေရတယ်လေ အိမ်တောင် မပြန်နိုင်ဘူး အခုအညောင်းပြေ အညာပြေ လမ်းလျောက်လာတာ…အထဲခေါ်ဦးလေကွာ…´
`ဗျာ…အော်…ဟုတ်…ဟုတ်ကဲ့…လာလာလေ ဆရာ…´
`ဘယ်လို ဖြစ်နေတာတုန်း မင်းကြည့်ရတာ ကြောင်တောင်တောင်နဲ့ ဘာဖြစ်နေတာတုန်း…ဟင်!…ဟို…ဟိုကောင်မလေးက သေနေတာလား…ဘယ်လိုဖြစ်တာလဲ…´
နှစ်ဦးသား စကားပြောဆိုနေသည်ကို ပြည့်စုံမှ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား ဝင်ရောက် ပြောဆို ရှင်းပြချေတော့သည်။
`ဘာ!…မျက်နှာပြင် ဒဏ်ရာနဲ့သူ ဟုတ်လား…´
`ဟုတ်တယ် အဲ့လူ ကျုပ်ချစ်သူ ဝင့်ဝါကို မုဒိန်းကျင့်ပြီး သတ်သွားခဲ့တာ အခု သူ့ကို အမြန်ဆုံးဖမ်းပေး…´
`စိတ်ချ စိတ်ချ ငါလည်း ဒါမျိုးလုပ်တာ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး စိတ်ချ ငါတို့ဝိုင်းရှာဖမ်းပေးမယ်…´
`ဒီဓာတ်ပုံထဲက လူတွေထဲမှာ (ပါမောက္ခ လှမြင့်)ခင်ဗျားလဲ ပါနေတယ်ဆိုတော့ အဲ့ဒဏ်ရာနဲ့ သူကို ခင်ဗျားလည်း သိမှာပဲ အခုချက်ချင်း ဖမ်းပေး မဟုတ်ရင်တော့ ကျုပ် အထက်ကို တတ်ရလိမ့်မယ်…´
ကျပ်မပြည့်သူ ရူးကြောင်ကြောင်ဟု အားလုံးမှ ထင်ထားခဲ့သော ပြည့်စုံ၏ စကားကြောင့် ကွယ်ရာတွင်ရှိနေသော မျက်နှာပြင်ဒဏ်ရာနှင့် လူဆီအား ပါမောက္ခလှမြင့်နှင့် အတူ နယ်ထိမ်းထူးမောင်တို့ မျက်လုံးချင်းဆုံကြည့်မိသွားချေသည်။မျက်နှာပြင်ဒဏ်ရာနှင့်လူသည် နိုင်ငံတော်မှ သူဌေးဘွဲ့ရရှိထားသော လူတစ်ယောက်ဖြစ်လျက် ပေပေတေတေ နေတတ်သူ တစ်ယောက်ဖြစ်သည်။မိမရှိ ဖမရှိ တစ်ကောင်ကြွက် နယ်ထိမ်းထူးမောင်အား ဆယ်တန်းအောင်သည့်နှစ်မှ ကျောင်းဆက်ထားပေးပြီး ပညာတတ် ဘွဲ့ရသည့်အထိ ကြည့်ရှု့စောင့်လျောက်ပေးခဲ့သူ တစ်ယောက်ဖြစ်ချေသည်။ ယခု နယ်ထိမ်းဘဝကျော်လွန်လာသည့် အထိ ထူးမောင်အား လိုလေသေးမရှိ ပြုစုစောင့်လျောက်ပေးနေခဲ့သည်။ ထူးမောင်နှင့် ထိုလူတို့၏ ပတ်သတ်မှု့က ညီအစ်ကိုသဖွယ်ဖြစ်လျက် ကျေးဇူးရှင်ဟု ယူဆ၍ရသော ထိုလူ၏ အမှု့အား ထူးမောင် တစ်ယောက် ဥပဒေအား လက်တစ်လုံးကြား မျက်ကွယ်ပြုချေတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ထိုကျောင်းတွင် နေည မပျက် အမြဲရှိနေတတ်သူက ပါမောက္ခရာထူးဖြင့် ကျောင်းဆရာလှမြင့်ပင်။ထိုအချိန်ကား စီးပွားရေး ပြေလည်မှု့မရှိသည့် ဆရာလှမြင့်နှင့် နယ်ထိမ်းထူးမောင်တို့အား မျက်နှာပြင် ဒဏ်ရာရှိသူက သူတို့နှစ်ဦးအား ခင်မင်လျက် အခတ်ခဲမျိုးစုံတို့ကို ကူညီဖြေရှင်းပေးခဲ့သူ တစ်ယောက်ဖြစ်နေတော့ ယခု အမှု့အားအစဖျောက်ရန် သဘောတူထားလိုက်တော့သည်။ နှုတ်ပိတ်သည့် အနေဖြင့် ပြည့်တန်ဆာမအား ငွေအမြောက်အများပေးလျက် ထိုနယ်မှ အပြီးပိုင် မောင်းထုတ်စေလွတ်ခဲ့သည်။ထိုနောက် ဝင့်ဝါအလောင်းဘေးတွင် လက်ကလေးအား ကိုင်လျက် ငိုယိုနေသော ပြည့်စုံအနားသို့ နယ်ထိမ်းထူးမောင် ရောက်ရှိသွားပြီး ပုခုံးအားပုတ်လျက်
`ကဲ ငါ့ညီ ဘာမှ စိတ်မကောင်း ဖြစ်မနေနဲ့ လူသတ်တရားခံကို အစ်ကိုတို့ အခုချက်ချင်း ဖမ်းပေးမယ် အဲ့အလောင်းကို ညီ မင်းထမ်းခဲ့…´
`ဟင်!…အလောင်းကို ဆေးရုံမပို့ဘူးလား…´
`ဟာကွာ…ငါတို့ အစီစဉ်ကို မင်းမသိပါဘူး ပွေ့ဆိုပွေ့လာခဲ့ ဒါက အဓိက သတ်သေပဲ…´
နယ်ထိမ်းထူးမောင်ပြောသည့်အတိုင်း သွေးများစွာဖြင့် သေဆုံးနေသော ဝင့်ဝါ၏ အလောင်းအား တင်ထားသည့် ခုံမှ ပြည့်စုံတစ်ယောက် မချီလိုက်တော့သည်။ထိုနောက် ပါမောက္ခလှမြင့် ဦးဆောင်သည့် အနောက်သို့ ကိုယ်စီလျောက်လှမ်း လိုက်ပါလာခဲ့ချေသည်။
`ရဲအရာရှိကြီး အခုဘယ်ကို သွားနေတာလဲ…´
`အော်…လာစမ်းပါကွာ စကားများမနေနဲ့…´
မကြာမီ အချိန်တွင်းမှာပဲ မေဂျာ အဆောင်တစ်ဆောင် အရှေ့သို့ ရောက်လာချေတော့သည်။ အဆောင်သံတံခါးအား ဖွင့်လိုက်ပြီး သော့ခတ်ပိတ်ထားသေား အခန်းတစ်ခုဆီသို့ ပါမောက္ခလှမြင့် အသင့်ပါလာသည့် သော့ဖြင့် ဖွင့်လိုက်သည်။
`ကဲ…ဝင်…´
`ဘာလုပ်မလို့လဲ…ဒီအခန်းထဲကို ကျွန်တော်က ဝင်ပြီး ဘာလုပ်ရမှာလဲ…´
`စကားရှည်လိုက်တာကွာ…ကဲ့ကွာ…´
ပြန်မေးနေသည့် ပြည့်စုံအား နယ်ထိမ်းထူးမောင်မှ နံပ့တ်တုတ်ဖြင့် ဇာတ်ပိုးသို့ ခပ်ပြင်းပြင်း ရိုက်လိုက်ချေတော့သည်။ မြေပြင်ပေါ်သို့ ဝင့်ဝါ၏ အလောင်းနှင့်အတူ ပြည့်စုံတစ်ယောက် ကြမ်းပြင်အပေါ်သို့ လဲကျသွားခဲ့တော့သည်။

ထိုနောက် နောက်ယောင်ခံပါလာသော မျက်နှာပြင် ဒဏ်ရာနှင့် လူက
`ဒီမှာ ဘာလုပ်ကြမှာလဲ…´
`ဒီအခန်းက ကျုပ်ကို ပြင်ဖို့ တာဝန်ပေးထားတဲ့ အခန်းဗျ အထဲမှာ ကြမ်းပြင်အပေါက်ကြီးရှိတယ် အဲ့အပေါက်ထဲကို ဒီအလောင်းတွေ ထည့်ပြီး အပေါ်ကနေ ကြမ်းပြင်ခင်းလိုက်မယ်ဆိုရင် ပြီးပြီပေါ့ဗျ…မဟုတ်ဘူးလား…´
`ဖြစ်ပါ့မလား လှမြင့်…´
`ဖြစ်ပါ့တယ် အစ်ကိုကြီးရာ ဘာမှ ပူမနေနဲ့ သူတို့ လွတ်ရာကျွတ်ရာ သွားလို့ရအောင် နောက်မှ ကျွန်တော့နည်း ကျွန်တော့ဟန်နဲ့ ကုသိုလ်လုပ် အမျှပေးလိုက်မယ်…အခု အခ်ျန်မရှိဘူး အလောင်းတွေ မြေမြှုပ်ဖို့လုပ်ကြမယ်…´
`ဘိလပ်မြေတို့ အုတ်တို့ရော အထဲမှာ ရှိနေလား´
`အခန်းထဲမှာ အဆင်သင့်ရှိတယ်…´
သုံးယောက်သား တိုင်ပင်လျက် ကြမ်းပြင်ကျွန်နေသည့် အပေါက်အတွင်းသို့ ဝင့်ဝါ၏ အလောင်းအား ဦးစွာ ချလိုက်တော့သည်။ထိုနောက် နယ်ထိမ်းထူးမောင်၏ရိုက်ချက်ဖြင့် လဲကျနေသော ပြည့်စုံတစ်ယောက် လူးလဲထလာကာ နယ်ထိမ်းထူးမောင်အား စတင်ထိုးကြိတ် တိုက်ခိုက်ချေတော့သည်။ သို့ပေမယ့် အများနှင့် တစ်ယောက် အင်အားမမျှသောကြောင့် အနီးရှိ သစ်သားချောင်းဖြင့် ပါမောက္ခလှမြင့်မှ ပြည့်စုံအား အားအကုန်ရိုက်ချလိုက်တော့သည်။သတိလစ် လဲကျနေသည့် ပြည့်စုံအား ကြောက်ကန်ကန်လျက် ထူးမောင်းကား အချက်ပေါင်းများစွာ ထပ်ဆင့်ရိုက်သတ်လေတော့သည်။ဇောချွေးများဖြင့် မြေကျွန်နေသည့် အပေါက်အတွင်းသို့ အသတ်မျော့မျော့ ကျန်နေသေးသည့် ပြည့်စုံကိုပါ တစ်ပါတည်း ထည့်မြှုပ်ချေတော့သည်။ ထိုအပေါက်အတွင်းသို့ အုတ် ၊ဘိလပ်မြေ၊ သဲများထည့်လျက် တစ်ညလုံး ထိုသူ သုံးယောက်ကား မသေမရှင်ဖြစ်နေသေးသည့် ပြည့်စုံအား ဥပက္ခောပြုလျက် ရက်စက်စွာ အရှင်လက်လက် မြေမြှုပ်လိုက်ကြတော့သည်။ ထိုနောက် စိတ်ချစွာဖြင့် ထိုအခန်းအား ပြတင်းပေါက် တံခါးမှ အစ တံခါးမကြီးအပါအဝင် ခိုင်မာသော သော့ကြီးတို့ဖြင့် ခေတ်လျက်ထားခဲ့ချေတော့သည်။ထိုနေ့မှစ၍ မျက်နှာပြင်ဒဏ်ရာပါသည့် လူသတ်မုဒိန်းကောင်ကား ထိုမြို့တစ်ဝိုက်တွင် အရိပ်ယောင်မတွေ့ ပျောက်သွားချေခဲ့သည်။ ကျန်ရှိနေခဲ့သော အငြိမ်းစား ပါမောက္ခ လှမြင့်နှင့်အတူ စခန်းမှူး ထူးမောင်မှာတော့ မိမိအသည်းနှလုံးဖြစ်သော တိတ်တခိုးချစ်ခဲ့ရသည့် ဝင့်ဝါအား ကြံရာပါ သတ်ဖျက်ခဲ့သည်ကြောင့် ၎င်းတို့၏ အသည်းနှလုံးအား လက်စားချေစိတ်ဖြင့် ကြီးမားသည့် တစ္ဆေတစ်ကောင် ဘဝဖြင့် ပြန်လည်ထုတ်ချေ သတ်ဖြတ်ခဲ့ခြင်းဖြစ်ချေသည်။

✏✏✏✏✏✏✏✏✏✏✏✏
`ဘာ!…ဒီနိုင်ငံမှာ ဒါမျိုး ဖြစ်ရပ်ရှိသေးလို့လား…´
`ဟားဟား…သိပ်ရှိတာပေါ့ အခုတော့ လူယုတ်မာ နှစ်ကောင်ကို ကျုပ်လက်စားချေပြီးပြီး နောက်ထပ် လူယုတ်မာ နှစ်ကောင်ကို လက်စားချေပြီးရင် ကျုပ်ချစ်သူနဲ့ ကျုပ်လွတ်ရာကို သွားတော့မယ်…´
`မင်း အဲ့လို လုပ်ချင်တိုင်း လုပ်လို့ရမလား…မင်းအမှူ့ကို ငါပြန်လိုက်ပေးမယ် မင်းလွတ်ရာ ကျွတ်ရာကိုသာ သွားပါတော့ ငါတို့ ကုသိုလ်ကောင်းမှု့လုပ်ပေးမယ်…´
`တိတ်စမ်း!…လူယုတ်မာတွေကို ငါ့လက်နဲ့ မသတ်ရမချင်း ဘယ်ကိုမှ ငါမသွားဘူး…´
ပဲ့တင်ထပ်နေသည့် အသံကြီးကား ထိုအခန်းအတွင်း၌ စိုးမိုးစွာထွက်ပေါ်နေလျက် ရဲမှူးကြီးမှ ပယောဂါဆရာကြီး၏ မျက်နှာအား တစ်ချက် လှမ်းကြည့်လိုက်ချေသည်။
`ပြည့်စုံ ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ မင်းလွတ်ရာကျွတ်ရာကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါ…´
`ကျုပ်ကို တရားလာမချနဲ့ ကျုပ်ချစ်သူ ဝင့်ဝါ ပြန်လည်နိုးထလာမယ့် အချိန်ကို ကျုပ်စောင့်စောင်းနေခဲ့တာ အခုဆို နှစ်နှစ်ကျော်နေပြီ ကျုပ်ဘယ်မှ မသွားနိုင်ဘူး…ဟားဟားဟား´
ရယ်မောလျက် ပြောလိုက်ချိန်တွင် တစ်ခန်းလုံး၌ အပုဒ်နံ လေပြင်းများစတင် တိုက်ခိုက်လာချေတော့သည်။ထိုအပုဒ်နံအား မည်သူမှ မခံနိုင်ချေ။ နှာခေါင်းများ ကိုယ်စီပိတ်ထားလျက်
`ဆရာကြီး ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ…´
`အသာနေ ငါဆုံးဖြတ်မယ်…ပြည့်စုံ မင်း မင်းအခုရပ်လိုက်တော့…ငါပြောတာကို ခဏနားထောင်ပေး…´
ပယောဂါဆရာကြီး တောင်းဆိုမှု့ကြောင့် ထိုအပုဒ်နံဖြင့် လေပြင်းများ ထိုးရပ်သွားလျက် နယ်ထိမ်းမောင်ဝင်းအား နီးစပ်ရာ ဘုန်းကြီးကျောင်းရှိရာသို့ စေလွတ်လျက် ဘုန်းကြီးများအား ပင့်လျောက်စေခိုင်းလိုက်ချေသည်။တကယ်တန်းဆိုလျင် နိုင်ငံတော် အသိမှတ်ပြု ထိုပယောဂါဆရာကြီးပင်လျင် လက်စားချေစိတ်ပြင်းပြနေသော ထိုအင်အားကြီးမားသည့် တစ္ဆေ ပြည့်စုံကို မယဉ်နိုင်တော့ချေ။ ဘုန်းကြီးများဖြင့် ပေါင်းလျက် နိုင်နင်းမည်ဟု အတွေးပေါက်လျက် မောင်ဝင်းအား စေလွတ်စေခဲ့သည်။ထို့နောက် ဘုန်းကြီးများ ကြွလာမည့် အချိန်သို့ စောင့်ဆိုင်းလျက် အချိန်ဆွဲသည့်အနေဖြင့် ထိုတစ္ဆေအား စကားများမေးမြန်းနေခဲ့သည်။
`ဘာလဲ ခင်ဗျားလည်း ကျုပ်ကို နိုင်မယ်ထင်လို့လား အခု ကျုပ်စိတ်တွေ အသစ်ပြန်လည်မွေးဖွားလာခဲ့ပြီ ကျုပ်ကို ဘယ်သူမှ တားလို့မရတော့ဘူး ဟားဟား ကျုပ်ငြိမ်သတ်နေတဲ့ စိတ်ကို ခင်ဗျားတို့ နှိုးဆွပေးခဲ့ပြီးပြီ ဒီတော့ ကျုပ်လမ်းကို ပိတ်မယ့်သူ ဘယ်မဆို ကျုပ်ရှင်ထုတ်ရမှာပဲ…ကျုပ်ကို တားဦးမလား…´
`မဟုတ်သေးဘူး ပြည့်စုံ မင်းက လူဘဝတုန်းကလည်း လူကောင်းတစ်ဦးပဲ အခု ဘာလို့ လက်စားပြန်ချေချင်သေးတာလဲ ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီပဲ ပူလောင်ပါတယ် ဒီအမှူ့ကြီးကိုလည်း ပြန်လည်ဖော်ထုတ်ပေးပါ့မယ် မင်းလွတ်ရာကိုသာ သွားပါတော့…´
`တိတ်စမ်း…ရော့…´
ခေါင်တိုင် ပြုတ်ကျလာလျက် ပယောဂါဆရာကြီး၏ ဦးခေါင်းသို့ ထိခိုက်မိသွားချေသည်။
`ဟားဟား…ကျုပ်ကို ဖမ်းပါဦး…ဟားဟား´
ထိုအချိန်၌ အဆောင်အတွင်းသို့ ဘုန်းကြီးများ တန်းစီဝင်ရောက်လာလျက် နှုတ်မှ ပရိတ်တရားတို့အား ရွတ်ဖတ်လာချေတော့သည်။ ထိုအခန်းရှေ့သို့ အရောက် ပိရိတ်သံများအား တစ်စွန်းတစ်စ ကြားလိုက်ရသည့် တစ္ဆေ ပြည့်စုံတစ်ယောက် မကြားနိုင်လေသလား ပူလောင်သော အသံတို့ ထွက်ပေါ်လာပြီး အော်ဟစ် ညူးထွားလာချေတော့သည်။ထိုနောက် အခန်းအတွင်းရှိနေသည့် အားလုံးအား အပြင်သို့ ထွက်လာစေခိုင်းပြီး အဆက်မပျက် ပိရိတ်တရားတို့အား ရွတ်ဖတ်နေခဲ့သည်။ အခန်းတစ်ခုလုံး အတွင်းမှ သောင်းကျန်း ကျန်နေခဲ့သော ပြည့်စုံတစ်ယောက်ကား ခဏအကြာမှာပင် တိတ်ဆိတ်ငြိမ်သတ်သွားချေခဲ့သည်။ ထိုအခန်းပတ်ဝန်းကျင်အား ပိရိတ်ကြိုးတို့ဖြင့် တားစီးလျက် အပြင်မှ သော့ခတ်လှောင်ပိတ်ထားချေခဲ့သည်။ ထိုအချိန်မှ စလျက် ထိုစာသင်ဆောင်ကြီးအား မည်သူမှ မဝင်ရောက်စေရန် အမိန့်ထုတ်ပြန်ထားချေခဲ့သည်။မေဂျာအဆောင်အား အသစ်ဖွင့်စေလျက် ထိုအဆောင်အား ပိတ်ထားချေခဲ့သည်။
`ဘုန်းဘုန်း ဘုရားဒီအတိုင်း ထားခဲ့လို့ဖြစ်ပါ့မလား…တစ်ချိန်ချိန်မှာ ပြန်ထလာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ…´
`ဒါကတော့ ဘုန်းကြီးတို့နဲ့ နိုင်ငံတော်အစိုးရ ပေါင်းစီစဉ်ကြမှ ဖြစ်မယ် မဟုတ်ရင် သူလက်စားချေမယ့် သူတွေ သေမယ့်အပြင် မဆိုင်တဲ့ ဒီကျောင်းဝန်းတစ်ခုလုံးကိုပါ သူဒုက္ခပေးနိုင်တယ်…ဒီတော့ အခုလောလောဆယ် ဒီအကြောင်းတွေကို ပြည်သူတွေဆီ ပေါက်ကြားလို့ မဖြစ်သေးဘူး…´
`စိတ်ချပါ ဘုရား တပည့်တော်တို့ ပါမောက္ခဆရာလှမြင့်အမှူ့နဲ့ စခန်းမှူးထူးမောင်တို့ လင်မယားနှစ်ယောက် အမှူ့ကို လိုက်ဆဲလို့ပဲ သတင်းလွှင့်ထားပါ့မယ်…´
`ကောင်းတယ် ကောင်တယ် အခု ကျောင်းတွေလည်း ဖွင့်ခါနီးပြီဆိုတော့ ဖြစ်နိုင်ရင် ဒီအဆောင်နားကို ဘယ်သူမှ မလာကြတာ ကောင်းလိမ့်မယ်…မဟုတ်ရင် အားလုံးအတွက် အန္တရယ်ရှိတယ် ´
`တင်ပါ့ဘုရား…တပည့်တော်တို့ အမိန့်ထုတ်ထားလိုက်ပါ့မယ်…´
ဘုန်းကြီးများ အကြံပေးသည့်အတိုင်း ထိုအဆောင်အား ချိတ်ပိတ်ထားခဲ့လျက် ထိုအဆောင်မေဂျာ အဆောင်အစား အဆောင်သစ် တည်ဆောက်ပေးထားခဲ့ချေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages