တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ပဉ္စမမြောက် လက်စားရှင်
(ဝိဥာဉ် ကလဲ့စား)✔
(new version)
စားရေးသူ-ထီးကလေး 🌂
၅
ဘုန်းကြီးများ အကြံပေးသည့်အတိုင်း ထိုအဆောင်အား ချိတ်ပိတ်ထားခဲ့လျက် ထိုအဆောင်မေဂျာ အဆောင်အစား အဆောင်သစ် တည်ဆောက်ပေးထားခဲ့ချေသည်။ထိုအဆောင်ကား စိတ်ပညာ မေဂျာအဆောင် ဖြစ်လျက် တစ်ခြား မေဂျာအဆောင်များနှင့် အလှမ်းဝေးစွာ တည်ဆောက်ထားသော မေဂျာအဆောင် ဖြစ်ချေသည်။ ကျောင်းဝန်းပတ်ဝန်းကျင်တစ်ခုလုံးကား လယ်ကွင်းပြင်များဖြစ်လျက် အလွန်ခေါင်သည့် နေရာတစ်ခုဖြစ်သေးသည်။လစဉ်တိုင်း ထိုအဆောင်ပတ်ဝန်းကျင်၌ ပိရိတ် ပဠာန်းများ အမြဲ ရွတ်ဖတ်လျက် ကုသိုလ်ကောင်းမှု့အမျိုးမျိုး ပြုလုပ်ပေးလျက်ရှိသည်။ နှစ် နှစ်ကျော်ကာလ အတွင်း ထိုဖြစ်ရပ်ဖြစ်ပွားခဲ့သည်ကို မည်သည့်ကျောင်းသူ ကျောင်းသားများမှ မရိမ်မိခဲ့ချေ။ပြည့်စုံ၏ အလုပ်ရှင်ဖြစ်သော ဦးတွကြီး ကိုယ်တိုင်ပင်လျင် ပြည့်စုံတစ်ယောက် စိတ်ရူးပေါက်လျက် တစ်နေရာသို့ ထွက်သွားသည်ဟု ယူဆထားခဲ့သည်။ပါမောက္ခ လှမြင့်နှင့် စခန်းမှူးထူးမောင်တို့ သေဆုံးမှု့နှင့် ပတ်သတ်၍ ထိုသတင်းများအား တစ်စွန်းတစ်စ ပြောလေ့ရှိကြသည်။ သို့ပေမယ့် မည်သူမှ တစ္ဆေပြည့်စုံ၏ လက်စားချေခြင်းဟု မယုံကြည်ကြချေ။ ကျောင်းဝန်းပတ်ဝန်းကျင်တွင် နေထိုင်ကြသော လူတစ်ချို့မှ ညသန်းခေါင်ယံအချိန်တွင် ထိုအဆောင်အတွင်း၌ အော်ဟစ်ညည်းညူသံများ ကြားရလေ့ရှိသည်ဟု ပြောဆိုကြလေသည်။ ဒီဇင်ဘာလ ကျောင်းကြီး စတင်ပြန်လည်ဖွင့်ချေခဲ့ပြီ။ အဏုဇီဝဗေဒ မေဂျာမှသည် စာမေးပွဲကျသဖြင့် ကျွုန်ုပ်တို့ သူငယ်ချင်း ၃ယောက် ဓာတုဗေဒ မေဂျာသို့ ပြောင်းလဲ တတ်ရောက် သင်ယူနေလျက် ယခု နောက်ဆုံးနှစ် ကျောင်းသားဘဝသို့ ရောက်ချေခဲ့ပြီ။(မေဂျာပြောင်းသည့်အခါ အရင်မေဂျာနှင့် နီးစပ်မှု့ရှိသော မေဂျာကိုသာလျင် ပြောင်းလဲသင်ယူနိုင်သော မေဂျာ) စိတ်တူ ကိုယ်တူ သူငယ်ချင်းများဖြစ်လျက် မေဂျာပြောင်းသည်မှ အစ အတူတူပင်။
`သူငယ်ချင်း…သူငယ်ချင်းတို့…´
ကားဝန်းအတွင်းမှ သုံးယောက်သား မေဂျာဆောင် ရှိရာသို့ လျောက်လှမ်းလာစဉ် အနောက်မှ ကျောင်းသစ်အသစ်ဟု ယူဆရသော ကျောင်းသားလေးနှစ်ယောက်၏ လှမ်းခေါ်မှု့ကြောင့် ခြေလှမ်းများ တုန့်ခနဲ ရုပ်တန့်သွားချေခဲ့သည်။
`အော်…ငါတို့ကို ခေါ်တာလား…´
`ဟုတ်တယ်ဗျ…ဟိုလေ ဓာတုဗေဒ မေဂျာအဆောင်ကို လမ်းညွန်ပေးပါလား ကျွန်တော်တို့က ဒီနှစ်မှ ဒီကျောင်းကို ပြောင်းလာတာ အဲ့ဒါ မသိသေးလို့…´
`ဓာတုဗေဒ အဆောင်ဆို ငါတို့နဲ့လိုက်ခဲ့လေ ငါတို့လဲ ဓာတုကျောင်းသားတွေပဲ…မင်းတို့က ဘယ်နှစ်လဲ´
`ကျွန်တော်တို့က နည်းပညာတက္ကသိုလ်က ပြောင်းလာတာ ဓာတုဗေဒ ဒုတိယနှစ်ကို စတတ်မှာ…´ ထိုကျောင်းသားနှစ်ယောက်၏ ပုံစံကား ရုပ်ရည်သန့်ပြန့်လျက် ယောကျာ်းပီသစွာ ကြည့်ကောင်းသူများ ဖြစ်ကြသည်။ ကျောင်းအား ယခုနှစ်မှ ပြောင်းရွှေ့လာသည်ဟု ဆိုလျက် ကျွန်ုပ်တို့နှင့် မေဂျာအဆောင်အား ထိုကျောင်းသားလေး နှစ်ယောက် လိုက်ပါလာချေတော့သည်။
`အစ်ကိုတို့ အစ်မတို့က ဘယ်နှစ်ရောက်ပြီလဲ…´
`လုပ်မနေပါနဲ့ ရင်းရင်းနှီးနှီးပဲခေါ်ပါ တို့တွေက နောက်ဆုံးနှစ် တကယ်ဆို ဘွဲ့တောင် ရပြီးပြီး စာမေးပွဲတွေ ကျလို့ မေဂျာ ပြောင်းလာကြတာ…´
`သြော် …တွေ့ရတာ ဝမ်းသာပါတယ် တို့နှစ်ယောက်က နည်းပညာ တက္ကသိုလ်မှာ ခင်ကြတာ သူက သူရအောင်တဲ့ ငါက ငါးကလေး ငါတို့ကိုလည်း မင်းတို့ သူငယ်ချင်းအဖြစ် သတ်မှတ်ပေးပါနော်…´
`ဟားဟား ငါတို့ကလဲ အားလုံးကို ခင်ပြီးသားပါ ငါတို့ဆီမှာ နောက်သူငယ်ချင်း တစ်ယောက် ရှိသေးတယ် သူ့နာမည်က တန်ခိုးတဲ့ ငါတို့ မဆုံဖြစ်တာတောင် နှစ်နှစ်ကျော်လောက်ရှိပြီ ကျောင်းထွက်သွားပြီးလားတောင် မသိပါဘူး´
`ဟုတ်တယ်ကွ မင်းပြောမှ ငါလည်း သတိထားမိတယ် ဒီကောင်ကြီးက တို့ကို သိပ်ခင်ရှာတာ ငါတို့ စာမေးပွဲ နောက်ဆုံးနေ့ကတောင် တွေ့ဖြစ်လိုက်သေးတယ် သူလည်း စာမေးပွဲကျလို့ပဲ ဖြစ်မယ်…´
`ကဲပါ နောက်မှပြောကြ အခု အတန်းမတတ်ခင်လေး ဆိုင်တစ်ဆိုင်မှာ သွားထိုင်ရအောင်…´
`ဘယ်ဆိုင်သွားကြမှာလည်း …´
`နေနီဝန်းဆိုင်ကိုပဲပေါ့…´
`ငါးလေး မင်းတို့က ကျောင်းသား အသစ်ဆိုတော့ ကျောင်းသားရေးရာမှာ ကျောင်းသားကဒ် အရင်သွားထုတ်လိုက်ပါလား ပြီးမှ ဟိုအရှေ့လမ်းကွေ့လေးက နေနီဝန်းနီဆိုတဲ့ ဆိုင်ကို လာခဲ့ကြလေ´
သို့နှင့် ငါးကလေးနှင့်အတူ သူရအောင်အပါဝင် ကျောင်းသားရေးရာအဆောက်ဦး ရှိရာသို့ ဦးတည်လျောက်လှမ်းသွားတော့သည်။ မေဂျာအဆောင်များနှင့် ကျောင်းသားရေးရာ အဆောင်ဟာ အလှမ်းဝေးလှသည်။ ပါမောက္ခများ နားနေသည့် အဆောင်များနှင့် တွဲဆောက်ထားသောကြောင့် ကျောင်းသူ ကျောင်းသားများနှင့် အလှမ်းဝေးတိတ်ဆိတ်သော နေရာတွင်သာ တည်ဆောက်ထားခဲ့သည်။ ကျောင်းသားရေရာ အဆောက်ဦးအရောက်တွင် ကျောင်းသားကဒ် ပုံစံအား ဖြည့်စွက်လျက် ကဒ်ထုတ်ယူလာပြီသည့်နောက် ကျောင်းသားအသစ်များ ဖြစ်သော ငါးကလေးနှင့် သူရအောင်တို့က လာရာလမ်းအား သတိမထားမိလျက် လမ်းမှားခါ လျောက်နေမိသည်ကို မသိချေ။ ထိုနောက် အတန်ကြာလျောက်လှမ်းပြီးနောက်
`သူရ…ငါတို့လာတုန်းက ဒီဘောလုံးကွင်းကြီးကို မတွေ့မိပါဘူး ငါတို့ လမ်းမှားနေတာလား…မသိဘူး´
`မမှားလောက်ပါဘူးကွ အရှေ့နား ဆက်လျောက်ကြည့်မယ်…´
`မဟုတ်သေးဘူးနော် သူရ နေခင်းဘက်တောင် ဒီနားပတ်ဝန်းကျင်မှာ လူရိပ်လူယောင်တောင် မတွေ့ဘူး…´
`လာစမ်းပါကွာ ငါတို့လဲ ဒီဘက်ကို အခုမှ ရောက်ဘူးတာ လမ်းမှားတော့ရော ဘာဖြစ်လဲ ပြန်လှည့်တာပေါ့ ´
`အဲ့ဒါက အကြောင်းမဟုတ်ဘူး ထီးကလေးတို့ ငါတို့ကို စောင့်နေမှာလေ အားနာစရာကြီး …ဟာ…နေဦး´
`ဘာလဲဟ…ဘာဖြစ်တာလဲ…´
`ဟို…ဟိုမှာကြည့်စမ်း…´
ပြောပြောဆိုဆိုဖြင့် နှစ်ယောက်သား ဆက်လျောက်နေမိရင်း နှစ်ကာလ ကြာမြင့်စွာ ပိတ်ထားသည့် အဆောင်ကြီး တစ်လုံးအား မြင်တွေ့လိုက်ရသည်။ ထိုအရှေ့တွင် မိန်းကလေး တစ်ဦးအား တွေ့လိုက်သည်ကြောင့် ကျောင်းသား အသစ်များဖြစ်သည့် ငါးကလေးနှင့်အတူ သူရတို့ စိတ်ဝင်တစား လေ့လာရန် သွက်လက်သော ခြေလှမ်းတို့ဖြင့် ထိုဆောင်ရှိရာသို့ လျောက်သွားတော့သည်။ ထိုအဆောင်ကား လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှ ရင်နှစ်ဖွယ် ဖြစ်ရပ်များ ဖြစ်ခဲ့သော စိတ်ပညာမေဂျာ အဆောင်ပင် ။
`အဆောင် အဟောင်းကြီးကွ တံခါးမှာလဲ ဆိုဒ်းပိုဒ်ချိတ်ထားတယ် …ဘာတဲ့…ထိုအဆောင်အတွင်းသို့ မသည်သူမှမဝင် ဝင်ရောက်ပါက ဥပဒေအရ ထိရောက်စွာ မရေးယူမည်…တဲ့…´
`အေးလေ အကြောင်းတစ်ခုခုရှိလို့ ပိတ်ထားတာ နေမှာပေါ့ လာပါကွာ ပြန်ကြရအောင်…အဲ့ဒီအဆောင်ကြီးကို ကြည့်တာနဲ့ ငါကြက်သီးတွေ ထနေပြီ´
`မင်းကလဲကွာ နေခင်းကြောင်တောင်ကြီး ယောက်ျားမဟုတ်တဲ့ အတိုင်းပဲ လာပါ အခုနက မိန်းကလေးတစ်ယောက်ကို တို့တွေ့လိုက်ပါတယ် အခု ဘယ်ပျောက်သွားရတာလဲ…´
`သမီး ရည်းစားတွေ ချိန်းတွေ့နေကြတာ နေမှာပေါ့…ဒီနားက လူပျက်တာကို…´
`ဘာပဲဖြစ်ဖြစ် သွာကြည့်မယ်ကွာ…လာ´
လူငယ်များပီပီ စူးစမ်းချင်စိတ်ဖြင့် ထိုအဆောင် တံခါးရှိရာ လျောက်လမ်းသို့ နှစ်ယောက်သား တိုင်ပင်လျက် လျောက်လာခဲ့သည်။ အဆောင်ရှေ့ တံခါးအား သံကြိုးများဖြင့် ခတ်ထားလျက် ပိရိတ်ချည်မျည်များ တန်းထားသည်ကို တွေ့ရသော်လည်း ငါးကလေးနှင့် သူရကား သတိမထား သာမာန်သာ ဖြစ်မည်ဟု တွေးလျက် အဆောင်တံခါး သံတိုင်များကြားမှ အဆောင်အတွင်းသို့ ငေးမောမျှော်ကြည့်နေခဲ့သည်။ ထိုသို့ကြည့်နေစဉ်အတွင်းမှာပဲ ငါးကလေး၏ အမြင်၌ မိန်းကလေးတစ်ယောက်၏ အပေါ်လှေကားထစ်မှ အောက်သို့ခြေဆန့်ဆင်းထားသော ခြေထောက်တစ်စုံအား တွေ့လိုက်ရသည်နှင့် ခပ်လှမ်းလှမ်းတွင် အဆောင်အတွင်းသို့ စိတ်ဝင်စားစွာ မျှော်ကြည့်နေသော သူရအား လှမ်းခေါ်လိုက်တော့သည်။
`ဘာတွေ့လို့တုန်းကွ…´
`လာစမ်းပါ ဒီကို…´
လျှပ်တစ်ပျက် နှစ်ယောက်သား ပြန်ကြည့်မိသည်အခါတွင် ငါးကလေး တွေ့ခဲ့ရသည့် မိန်းကလေး၏ ခြေထောက်ကိုပင် မတွေ့ရတော့ချေ။
`ဘာတုန်းကွ…ဘာပြတာလဲ´
`အခုန ကောင်မလေး ခြေထောက် လှေကားအပေါ်ကနေ အောက်ကို ဆင်းထားတာ ငါတွေ့လိုက်လို့…´
`ရှုးတိုးတိုး အတွဲပဲ ဖြစ်ရမယ် အသာနေ ငါတို့ချောင်းမယ် …´
`မဟုတ်ဘူး သူရ အပေါ်လှေကားထစ်မှာ ထိုင်နေရင်း အခုမြင်နေရတဲ့ လှေကားအထစ်ကို သူ့ခြေထောက်နှစ်ဖတ် ချဆင်းထားတာ တစ်ယောက်တည်း နှစ်ယောက် မဖြစ်နိုင်ဘူး…´
`ဟားဟား…ဒါဆို သရဲခြောက်တာပဲ ဖြစ်မယ် စိတ်ဝင်စားသွားပြီ…´
`ပြန်မယ် သူရ ငါတို့ပြန်ကြမယ်…´
`မပြန်သေးဘူး…နေပါဦးကွာ…အဆောင်ကြီးက စိတ်ခြောက်ခြားစရာကြီး လွမ်းမောစရာလည်း ကောင်းတယ်…ပြီးတော့ ဒီအဆောင်ထဲ မဝင်ရလို့ ချိတ်ထားတဲ့ ဆိုဒ်းပိုဒ်ကိုကြည့်ပြီး ငါဝင်ချင်စိတ်တွေ ဖြစ်ဖြစ်လာတယ်…ခဏလေးပါကွာနော်´
သူငယ်ချင်းဖြစ်သူ သူရ ခေါင်းမာစွာဖြင့် စူးစမ်းနေသည်ကြောင့် ထူးဆန်းစွာ မြင်တွေ့ထားရသော ငါးကလေးကတော့ သူရဘေးတွင် ကပ်လျက်ရှိနေတော့သည်။ အဆောင်ရှေ့တံခါးမှ အဆောင်အတွင်းသို့ မျှော်ငေးကြည့်နေရာမှ သူရတစ်ယောက် အားမရနိုင် အဆောင် ပတ်ပတ်လည်အား စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာချေသည်။
`လာစမ်းပါ သူရရာ ပြန်ကြမယ်…မင်းဒီအဆောင်ကြောင်း သိချင်ရင် ထီးကလေးတို့ကို အရင်မေးပြီးမှ ပြန်လာခဲ့ အခုတော့ ပြန်ကြမယ်…´
`ဟာကွာ မင်းကို အားနာလို့ပေါ့ မဟုတ်ရင် အဆောင်ထဲကိုတောင် ငါဖောက်ပြီး ဝင်ကြည့်ချင်တာ…နောက်မှ ထပ်လာခဲ့မယ် လာ…ငကြောက် ပြန်မယ်…ဟင်…နေဦး ဘောပင်လေးပါလား ချစ်စရာလေးကွ…´
`ဟာကွာ ပြန်ထားလိုက်ပါ ဘယ်သူ လွှင့်ပစ်သွားတာလဲမသိဘူး မကောင်းပါဘူး ´
`အသစ်ကြီးရှိသေးတယ် ဘာဖြစ်လဲ ငါကောက်ရတာပဲ မထားနိုင်ပါဘူး ´
အဆောင်လျောက်လမ်းမ၌ ကျနေသည့် ဘောပင်လေးအား ဖုန်သုတ်ကိုင်ယူခါ လွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ သူရတစ်ယောက် ခပ်မြန်မြန်ထည့်လိုက်တော့သည်။ထိုနောက် သူငယ်ချင်းဖြစ်သူ ငါးကလေး၏ ခေါ်ဆောင်မှု့ဖြင့် သူရတစ်ယောက် နောက်ကြောင်းအား သံယော်ဇဉ်မပျက်နိုင် လာရာ လမ်းအတိုင်း နေနီဝန်းနီ ကန်တင်းရှိရာသို့ သွက်လက်သော ခြေလှမ်းတို့ဖြင့် ပြန်လည် လျောက်လှမ်းလာခဲ့လေတော့သည်။
`အလုပ်သမား အသစ်မခေါ်ဘူးလား ဦးတွကြီး…တစ်ယောက်တည်းပဲ လုပ်နေရတာ ပင်ပန်းတာပေါ့ …´
`မခေါ်တော့ပါဘူးကွာ ရှိတဲ့ အရူးတစ်ယောက်တောင် ဘယ်နေရာကို စိတ်ရူးပေါက်ပြီး ထွက်သွားသလဲ မသိဘူး ငါလည်း ဒီနှစ်ကုန်တာနဲ့ ဆိုင်ပြန်အပ်တော့မယ် မရောင်းတော့ဘူး…´
ဆိုင်ရှင်ဦးတွကြီး ပြောနေသည့် ပုံစံကား အလုပ်သမားလေး ပြည့်စုံ၏ ဖြစ်ရပ်အား သူတကယ်မသိသေးသည့်ပုံစံ။ ထိုနောက် ဆိုင်အတွင်းသို့ ငါးကလေးနှင့် သူရ ကြောင်တောင်တောင်ဖြင့် ဝင်လာလျက် ကျွုန်ပ်တို့ရှိနေသည့် စားပွဲဝိုင်းအတွင်းသို့ ဝင်ရောက်ထိုင်ခါ ကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်များအား ပြန်လည် ပြောပြချေတော့သည်။
`ဟုတ်လို့လား အဲ့အဆောင်က အရင် စိတ်ပညာအဆောင် လူနည်းနည်းပဲ ရှိတာ မင်းတို့ပြောသလိုတော့ သံကြိုးတွေ ခတ်ထားတယ် ဆိုင်းပိုဒ်ချိတ်ထားတယ်လို့ တစ်ခါမှ မကြားဖူးဘူး´
`ဟုတ်တယ် အခု အဆောင်တံခါးကို သံကြိုးတွေ ခတ်ထားတယ် ပြီးတော့ မဝင်ရဆိုတဲ့ ဆိုင်းပိုဒ်လည်း ချိတ်ထားတယ် အဲ့ဒါကို ငါစိတ်ဝင်စားနေတာ မင်းတို့က ဒီကျောင်းမှာ တတ်တာ ကြာပြီဆိုတော့ သိမလား မေးကြည့်တာ…´
`မနှစ်ကတုန်းကလည်း အဲ့အဆောင်မှာ သံကြိုးခတ်ထားတာ မတွေ့ပါဘူး မင်းတို့ပြောပုံအရဆို ဒီနှစ်မှ ခတ်ထားတာ ဖြစ်မယ် …တို့ အတန်းအားတဲ့ အချိန်မှ သွားကြည့်ကြတာပေါ့ အခုတော့ အတန်းလေး မှန်အောင် တတ်မှဖြစ်မယ်´
သို့နှင့် ဓာတုဗေဒ မေဂျာအဆောင်အတွင်းအား ကျွန်ုပ်တို့ဝင်လျက် ဒုတိယနှစ်ကျောင်းသားများဖြစ်သည့် ငါးကလေးနှင့် သူရကတော့ ဒုတိယအထပ်တွင် လမ်းခွဲသွားခဲ့တော့သည်။ အခန်းထဲရောက်သည်နှင့် ကျောင်းစဖွင့်သည်ကြောင့် ကျောင်းသားများ စုံလင်စွာ မရှိသေးချေ။ မိမိကောက်ရထားသည့် ဘောပင်လေးအား သူရထုတ်လျက် ထိုဘောပင်လေးအား စူးစိုက်စွာကြည့်နေမိသည်။ ထိုနောက်စိတ်ကူးပေါက်လျက် ဘောပင်လေးအား လှည့်လယ်မိလိုက်သည့်အချိန်တွင် မျက်လုံး တစ်ချက်ကား မှိတ်သွားလျက် ပြန်ပွင့်လာသည့် မျက်လုံးကား မျက်ထောက်နီစွာ မျက်တောင် မခတ် လက်မှ ဘောပင်အား လှည့်နေခဲ့သည်မှာ အဆက်အပျက်။ ထိုနောက် ထိုင်နေသည့် ခုံမှ ဆက်ခနဲ ထလိုက်ပြီး အခန်းအပြင်သို့ ခတ်ထန်လှသော မျက်နှာထားဖြင့် ထွက်သွားတော့သည်။ သူငယ်ချင်းဖြစ်သူ ငါးကလေး၏ ခေါ်သော် အသံတို့ကိုပင် ဂရုမစိုက် အခန်းပြင်မှတစ်ဆင့် အဆောင်အပြင်သို့ မာကျောသော ချေလှမ်းတို့ဖြင့် ထွက်သွားချေ့သည်။ သူရဦးတည်လျောက်လှမ်းသွားနေသည်က ပိတ်ထားသည့် စိတ်ပညာမေဂျာအဆောင် ရှိရာ လမ်းမကြီးဆီသို့ပင်။ သူငယ်ချင်းအား တားမရသည်ကြောင့် စိတ်ဆိုးစွာဖြင့် ခေါ်မနေတော့ပဲ အခန်းအတွင်းမှာသာ ငါးကလေး ထိုင်နေလိုက်တော့သည်။ ထိုအဆောင်ရှိရာသို့ ပုံမှန်မဟုတ်သော အနေထားဖြင့် သူရ ရောက်သွားပြီး အပြင်မှ ပိတ်ထားသည့် သံတံခါးအား ဒေါသတကြီး လှုပ်ခါဖွင့်နေခဲ့သည်။ သို့ပေမယ့် ဖွင့်မရသည်ကြောင့် အနီးရှိ ကျောက်ခဲဖြင့် ခတ်ထားသည့် သော့အား ထုရိုက်ဖွင့်လိုက်တော့သည်။ ထိုနောက် တံခါးပွင့်သွားပြီး တိတ်ဆိတ်နေသည့် ထိုအဆောင်အတွင်းသို့ လွမ်းဆွေးသော မျက်နှာတို့နှင့်အတူ ဝင်ရောက်သွားတော့သည်။ အခန်းအပြင်သို့ ထွက်သွားသည့် သူရတစ်ယောက် ပြန်မဝင်လာသည်ကြောင့် ငါးကလေး တွေးမိလိုက်သည်က ပိတ်ထားသည့် အဆောင်ကြီးဆီသို့ ထွက်သွားချေပြီကို သိလိုက်ရတော့သည်။သို့နှင့် စိုးရိမ်ကြီးစွာဖြင့် တတိယအထပ်သို့ အပြေးတတ်လာခါ သူရတစ်ယောက် အခန်းအပြင်သို့ မူမမှန်သော ပုံစံဖြင့် ထွက်သွားကြောင်း ကျွန်ုပ်တို့ရှိရာသို့ လာရောက်ပြောလေတော့သည်။ သူရကား ထိုအဆောင်ကြီးဆီသို့ ထွက်သွားသည်မှာ သေချာကြောင်းပြောလျက် ငါးကလေးနှင့်အတူ ကျွန်ုပ်တို့အားလုံးလည်း စိုးရိမ်တကြီး လိုက်ပါသွားချေတော့သည်။ ထိုအဆောင်ကြီးရှေ့ရောက်သည်နှင့် လှမ်းမြင်လိုက်ရသည်က ပွင့်လက်နေသည့် အဆောင်သံတံခါးကိုပင်
`မင်းတို့ပြောတော့ သံကြိုးတွေနဲ့ ခတ်ထားတယ်ဆို အခု တံခါးပွင့်နေတယ်လေ…´
`မဟုတ်ဘူး ဒီမှာကြည့်…´
ငါးလေးပြရာ ကျွန်ုပ်တို့အားလုံး ကြည့်မိလိုက်တော့ သံကြိုးဖြင့် ခတ်ထားသော သော့အား ရိုက်ဖွင့်ထားသည့် ပုံစံကို တွေ့လိုက်ရသည်။
`လုပ်ပါဦး ဒီကောင် ဒါကို ရိုက်ဖွင့်ပြီး အထဲကို ဝင်သွားပြီနဲ့ ထင်တယ်…ဘယ်လိုလုပ်ကြမလဲ…ငါအတန်တန်တားနေရဲ့နဲ့ ဒီကောင်တော့ကွာ´
`မထူးဘူးကွာ ငါတို့ပါ ဝင်ကြည့်မယ်…ဒီလိုမှ မလုပ်ရင် သူရ အတွက် အန္တရယ် တစ်ခုခု ရှိန်ုင်တယ်…လမ်းလေး မျှားလေး မင်းတို့ရော ဘယ်လို သဘောရလဲ…´
`မင်းသဘောအတိုင်းပဲလေ ငါတို့ပါ ဝင်ကြတာပေါ့…´
တိတ်ဆိတ်နေသည့် ထိုအဆောင်အတွင်းသို့ ကျွန်ုပ်နှင့်အတူ အားလုံး ဖြည်းညင်းသော ခြေလှမ်းတို့ဖြင့် ဝင်ရောက်လာလေတော့သည်။ အဆောင်အတွင်းသို့ ရောက်လာသည်နှင့် အားလုံ်းကြားလိုက်ရသည်က ငိုရှိုက်နေသော မိန်းကလေးတစ်ယောက်၏ ငိုသံတို့ပင်။အသံကြားနေရသည့် အခန်းသို့ ခြောက်ခြားသော စိတ်တို့နှင့် အားလုံးကြည့်မ်လိုက်ရာ ပြည့်စုံနှင့် ဝင့်ဝါအား ရက်စက်စွာ မြှုပ်ထားသော ကြမ်းပြင်အား သူရတစ်ယောက် ငိုကြွေးစွာ အသင့်ရှိနေသော ပေါက်တူးဖြင့် တူးဆွနေခဲ့လေသည်။ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည့် ငါးကလေးကား ထိုအခန်းအတွင်းသို့ ဝင်သွားလျက်
`ဟေ့ယောင် ဘာလုပ်နေတာလဲ…´
ငါးကလေး၏ အမေးအား သူရတစ်ယောက် ပြန်မဖြေ ဘိလပ်မြေခင်းထားသည့် မြေကိုသာ တူးဆွနေခဲ့သည်။ ထိုနောက် တားမရသည့် အဆုံး ကျွန်ုပ်တို့အားလုံးပါ ဝင်ရောက် အတင်းအဓမ္မ တားလိုက်မှသာလျင် ဝိဥာဉ်ဝင်ပူးခြင်း ခံထားရသည့် သူရတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားချေတော့သည်။
`ဟင်…သူရ ဘယ်လိုဖြစ်တာလဲ…´
`နောက်မှမေးတော့ အခုငါတို့ ဒီအဆောင်ထဲက မြန်မြန်ထွက်မှ ဖြစ်မယ် သူရကို ဝိဥာဉ်ဝင်ပူးပြီး ဒီအဆောင်ထဲက မကောင်းဆိုးဝါးတစ်ကောင်ကောင်က ခုတုံးလုပ်ပြီး သူရ ခန္ဓာကိုယ်ငှားပြီး တံခါးကိုဖွင့်သွားတာပဲ…´
`ဘယ်လိုလုပ်ကြမလဲ…အရှေ့တံခါးက ထွက်လို့ မဖြစ်တော့ဘူး ငါတို့အားလုံး ထောင်ချကုန်လို့မယ်…အနောက်တံခါးက ထွက်ကြမယ် ဘယ်သူမှ သိလို့မဖြစ်ဘူး…´
`ဖယ်…ဖယ် သူရကို ငါပွေ့လာမယ်…မင်းတို့ အနောက်တံခါးပေါက်ကို မြန်မြန်သွားကြ…´
သို့နှင့် သတိလစ်မျောနေသော သူရအား ကျွန်ပ်ပွေ့ချီလျက် အဆောင်အနောက်ပေါက် တံခါးရှိရာသို့ အပြေးဦးတည်နေတော့သည်။ အနောက် တံခါးမကြီးဆီသို့ ရောက်သည်နှင့်
`ဟင်…ထီးလေး…သော့ခတ်ထားတယ်…ဘယ်လိုလုပ်မတုန်း…´
`အဲ့ဘေးက အုတ်ခဲကျိုးနဲ့ ထုဖွင့်လိုက် မြန်မြန်လုပ်…´
`ရပြီ ရပြီ…´
သို့နှင့် သတိလစ်နေသော သူရနှင့် အတူ ကျွုန်ပ်တို့အားလုံး ထိုအဆောင်ကြီး အနောက် လယ်ကွင်းပြင်ကြီးရှိရာသို့ ရောက်သွားချေသည်။ သတိလစ်နေသော သူရအား လှုပ်နိုးလျက် ပြန်လည် သတိရလာချိန်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးအား သူမသိသည့် ပုံစံဖြင့် မေးလေတော့သည်။ သူ့အားရှင်းပြလျက် သူက
`ငါဒီအဆောင်အရှေ့မှာ ကျနေတဲ့ ဘောပင်လေးကို ကောက်လာတယ် ပြီးတော့ ငါအတန်းထဲမှာ အဲ့ဒီဘောပင်လေးကို လှည့်မိလိုက်တဲ့ အချိန် မိန်းကလေးတစ်ယောက်ရဲ့ ထိန်းချုပ်မှု့အောက်ကို ရောက်သွားခဲ့တယ် သူခိုင်းတာကို ငါလုပ်နေရသလိုပဲ မွန်းကျပ်ခဲ့ရတယ် ဘာတွေ ဖြစ်လဲတော့ ငါမသိဘူး…´
`အေး…ဘာတွေဖြစ်လဲ ဆိုတာတော့ အခုန ငါတို့ပြောသလိုပဲ ဒီကိစ္စကို ကျောင်းက လူကြီးတွေ သိလို့ကတော့ ငါတို့အားလုံး ထောင်နန်းစံရပြီ ဘယ်သူမှ သိလို့မဖြစ်ဘူး အခု အဆောင်တံခါးကြီးလည်း ပွင့်သွားပြီ အကြောင်းတစ်ခုခုရှိလို့ ဒီလိုပိတ်ထားတာပဲ ဖြစ်မယ်…´
`ဒါဆို အခု ဘယ်လို လုပ်ကြမလဲ မမြင်နိုင်တဲ့ ပရလောကသား ဆိုးကြီးတွေ ဖြစ်နေလို့ အခုလို အစိုးရအမိန့်နဲ့ ပိတ်ထားတာ ဖြစ်ရမယ် အခု ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ…´
`အကောင်းဆုံးနည်းကတော့ ဒီကိစ္စကို ငါတို့ မကြုံခဲ့ဘူး မဖြစ်ခဲ့ဘူးလို့ မှတ်ထားပြီး ပုံမှန်အတိုင်း ပြန်နေကြတာပေါ့…ဘယ်လိုလဲ.´
သဘောတူစွာ အားလုံးတိုင်ပင်လျက် ဘာမှ မဖြစ်ခဲ့သည့် ပုံစံအတိုင်း မေဂျာအဆောင်ရှိရာသို့ ပြန်ရောက်လာချေခဲ့သည်။ ဝိဥာဉ်ဝင်ပူးခြင်း ခံထားရသည့် သူရတစ်ယာက်ကတော့ မှိုင်ထွေနေသည့် မျက်နှာထားဖြင့် အိမ်ပြန်လမ်းကို ဦးတည်သွားတော့သည်။
*****************************
`လေးစားပါတယ် ရဲမှူးကြီး ဝင်ခွင့်ပြုပါ´
`ဘာသတင်းထူးလဲ ဆရာဝင်းနိုင်…´
`ဟုတ်ကဲ့ သတင်းပေးမှု့အရ အခင်းဖြစ်ပွားခဲ့တဲ့ အိမ်ကို ကျွန်တော်တို့ ရောက်သွားခဲ့ပါတယ် သေဆုံးသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ နှစ်နှစ်က သေဆုံးမှု့အတိုင်း ခန္ဓာကိုယ်ပေါ်မှာ မည်သည့် ဒဏ်ရာမှ မရှိပဲ အတွင်းကလိစာ နှလုံးတစ်စုံ ပျောက်ဆုံးနေတယ်လို့ ဆေးစစ်ချက်အရ သိရပါတယ်…´
`ဘာ!…ဘယ်လို.…လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ရပ်မျိုး ပြန်ဖြစ်နေပြန်ပြီ ဟုတ်လား´
`ဟုတ်ပါတယ် ရဲမှူးကြီး ကျွန်တော်တို့ ပိတ်ထားတဲ့ မေဂျာအဆောင်ကြီးကို တစ်ယောက်ယောက်က သော့ကို ရိုက်ဖွင့်သွားပြီး တံခါးပွင့်နေတာကိုလည်း တွေ့ရပါတယ် အဆောင်ရှေ့တံခါးမကြီးသာမက အနောက်တံခါးမကြီးပါ ထုရိုက်ဖွင့်သွားတဲ့ သဲလွန်စတွေကို တွေ့ရပါတယ်…ဒီအဆောင်ကြီး ပွင့်သွားမှု့နဲ့ သေဆုံးသူ အမျိုးသမီးဟာ ဆက်စပ်မှု့ရှိနေပါတယ်´
`သိပ်ရှိတာပေါ့ ဒါ လက်စား တစ္ဆေ ပြည့်စုံပြန်လည် ရှင်သန်လာပြန်ပြီ…သူ မထွက်နိုင်အောင် ပရိတ်ချည်တွေ အဆင့်ဆင့်နဲ့ တားထားခဲ့တာ တံခါးကို ဖွင့်ပေးလိုက်တော့ သူလွတ်သွားပြီပေါ့…သေဆုံးသူ အမျိုးသမီးရဲ့ နောက်ကြောင်းကို လေ့လာကြည့်ပြီးပြီလား.´
`ဟုတ်ကဲ့ ရဲမှူးကြီး သေဆုံးသူ အမျိုးသမီးဟာ တစ်ချိန်က တက္ကသိုလ်ကျောင်းဝန်းထဲမှာ ပြည့်တန်ဆာလုပ်စားခဲ့ဘူးတယ်ဆ်ုတာ သိရပါတယ်.´
`ဘာ…သေချာသွားပြီ ဒါ တစ္ဆေ ပြည့်စုံ ပြန်လည် ရှင်သန်လာပြန်ပြီ.…ဆရာဝင်းနိုင်တို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ ဒီကိစ္စကိုတော့ သေဆုံးသူ အမျိုးသမီးရဲ့ အိမ်သားတွေ နားလည်အောင် ရှင်းပြမှ ဖြစ်မယ်…´
`လေးစားပါတယ် ရဲမှူးကြီး ကျွန်တော့ကို ခွင့်ပြုပါဦး…´
အစိုးအရ အမိန့်ဖြင့် ပိတ်ထားခဲ့သည့် ထိုအဆောင်ကြီးအား ပွင့်လက်ခဲ့သည်ကြောင့် အကျဉ်းကျခံထားရသော တစ္ဆေ လွတ်မြောက်လာချေခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှ သေဆုံးခဲ့သော အငြိမ်းစားပါမောက္ခ လှမြင့်နှင့် အတူ စခန်းမှူးထူးမောင်တို့၏ သေဆုံးခဲ့ခြင်း ပုံစံအတိုင်း ယခုအခါ အမျိုးသမီးတစ်ဦး ထိုပုံစံအတိုင်း သေဆုံးခြင်း သတင်းကြောင့် ရဲအရာရှိကြီး ထိုင်ခုံပေါ်သို့ စိတ်ပျက်စွာ ထိုင်ချလိုက်စဉ်မှာပဲ သူ၏ စားပွဲအပေါ်မှ ဖုန်းအသံမြည်လာခဲ့ချေသည်။
`ဟယ်လို အမိန့်ရှိပါခင်ဗျာ…ရဲမှူးကြီးပြောနေပါတယ်´
`ဟုတ်ကဲ့ဆရာ…ကျွန်တော် ဒုရဲအုပ် မောင်ဝင်းပါ…လွန်ခဲ့တဲ့ ၂နာရီက ပယောဂါဆရာကြီး သေဆုံးသွားကြောင်း သိရပါတယ်…´
`…ဟာ…´
တစ္ဆေပြည့်စုံအား ဖမ်းစီးရာတွင် အကူညီပေးခဲ့သော နိုင်ငံတော် အသိမှတ်ပြု ပယောဂါဆရာကြီး သေဆုံးခြင်း သတင်းအား ကြားလိုက်ရသည်ကြောင့် ရဲမှူးကြီးတစ်ယောက် မည်သည့်စကားမှ ပြန်မပြောနိုင် ထိုင်ခုံပေါ်တွင်သာ ချေပစ် လက်ပစ် ထိုင်ချလိုက်လေတော့သည်။
……………………………………………………
စာရေးသူ-ထီးကလေး။
Post Top Ad
Responsive Ads Here
♠အပိုင်း(၅) တစ္ဆေကလဲ့စား (ပဉ္စမမြောက်လက်စားရှင်)
Share This
Tags
# ၀၆.ပဉ္စမမြောက်လက်စားရှင်
Share This
About Unknown
၀၆.ပဉ္စမမြောက်လက်စားရှင်
Labels:
၀၆.ပဉ္စမမြောက်လက်စားရှင်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment