(၅)
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
စာရေးသူ -ထီးကလေး၊
`ဒါတော့ ကျုပ်လဲ မသိဘူး…သူမီးလောင်ပြီးသေတာကို ဇော်ဂျီဖိုဝင်ပါတယ်ဆိုပြီး ရွာထဲက လူတွေက စားမယ်လုပ်ကြနေတယ် ´
`ဟေး…ဟာ…ဒုက္ခပါပဲ…´
ရွာလူကြီး အိမ်ပေါ်မှ အပြေးဆင်းသွားခါ အိမ်ပေါ်မှာ ကျန်နေခဲ့သည့် ကျွန်ုပ်တို့အားလုံးလဲ သူ့အနောက်မှ လာပါသွားတော့သည်။အစိုးရခွင့်ပြုထားသည့် လိုက်စင်ရ နှစ်လုံးပြူးသေနတ်ကို ဆွဲကာ လူကြီး အပါအဝင် ကျွန်ုပ်တို့နှင့်အတူ ဝိဥာဉ် ဦးလေးကြီးပါ လိုက်လာပါတော့သည်။ လူကြီး ဦးတည်နေသည့် နေရာကို ရောက်တော့ တစ်ရွာလုံးရှိ လူများ ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရတယ်။ ထိုအထဲမှ ရွာသားခေါင်ဆောင် ဖြစ်သူက မီးကျွမ်းနေသော အလောင်းဘေးတွင် ဓားကိုင်ထားပြီး မည်သူမှ အနားမကပ်ရန် ပြောနေခဲ့တယ်။လူကြားထဲမှ ရွာလူကြီး တိုးဝင်သွားခါ
`ဟင်…ဒါဘယ်လိုဖြစ်ရတာလဲ´
ထိုအခါ ရွာသားခေါင်းဆောင်က
`ကျုပ်လဲ မသိဘူး…ကိုကိုကြီး တပည့်တစ်ယောက် လာပြောလို့သိတာ ဒီရောက်တော့ ဒီလောင်းကို ရွာသားတစ်ချို့က ဇော်ဂျီဖိုဝင်ပါတယ်ဆိုပြီး အတင်းဖဲ့စားမလို့ လုပ်နေကြတယ်…ကျုပ်လဲ မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာဆိုးလို့ ဓားကိုင်ပြီး အနားမကပ်ဖို့ပြောနေတာ´
`ဖြစ်မှ ဖြစ်ရလေ ကိုကိုကြီးရာ…ဟိုတစ်နေ့တည်းက ငါပြောတယ်…အခုတော့ ဖြစ်ပြီမဟုတ်လား…ကြည့်စမ်းပါဦး အသားတွေတောင် ကျက်နေပြီ…မှတ်တောင် မမှတ်မိဘူး…´
`လူကြီး ဒီအလောင်းကို အမြန်ဆုံး သင်္ဂျိုးမှ ရမယ်…´
ထိုအခါ ရွာသားလူငယ် တစ်ချို့က
`ဟာဗျာ…ဇော်ဂျီဖိုဝင်နေတဲ့ဒီအလောင်းကို မီးမရှို့နိုင်ဘူး…ကျုပ်တို့ကို ပေး´
`ဟုတ်တယ်…ကျုပ်တို့ကိုပေး…´
ဆူညံသံများနှင့်အတူ မီးကျွမ်းနေသာ ကိုကိုကြီး အလောင်းနားသို့ ဝိုင်းအုံလာကြတော့သည်။ ထိုအခါ ရွာလူကြီးက မိမိလက်ထဲမှ နှစ်လုံးပြူး သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်ပြီး
`တိတ်ကြစမ်း…´
သေနတ်သံဖောက်လိုက်တော့ အားလုံး ဆူညံသံများတိတ်သွားပြီး မြေပေါ်မှာ ထိုင်ချလိုက်တော့သည်။
`ကျုပ်ပြောတာကို တစ်ရွာလုံး နားထောင်ကြ ပြသနာတစ်ခုက မပြီးသေးဘူး…အခု နောက်တစ်ခုက ထပ်ဖြစ်ပြန်ပြီ ဒီရွာမှာ ကျုပ်အကြီးဆုံး ကျုပ်ပြောတာကို အားလုံး နားထောင်ကြ…ဒီအလောင်းကို ဇော်ဂျီဖိုဝင်တယ်လို့ ဘယ်သူက ပြောသလဲ…´
ရွာလူကြီး၏ အမေးကို မည်သူမှ မဖြေပဲ တိတ်ဆိတ်ငြိမ်သတ်နေလျက် ကိုကိုကြီး တပည့်တစ်ယောက် ထိုင်ရာမှ ထလိုက်ပြီး
`ကျုပ်…ကျုပ်ပြောတာ…´
`မင်းက ဘယ်လို လုပ်သိလဲ…´
`ကျုပ်ကို ဆရာကြီးက သူမသေခင် မှာသွားတယ်…သူပညာပြိုင်တာ ရှုံးလို့သေခဲ့ရင် ရွာထဲက လူတွေကို ပြောခိုင်းခဲ့တယ်…သူက ဇော်ဂျီကျင့်စဉ်ကို ကျင့်ပြီး ဖိုဝင်နေပြီ မီးလောင်ပြီး သေရင် သူကဇော်ဂျီဖိုဝင်ဖြစ်ပြီး သူ့အသားစားမိတဲ့သူတွေက မြေလျှိုး မိုးပျံနိုင်မယ်လို့ပြောခဲ့တယ်…´
`တိတ်စမ်း…ဒါမဖြစ်နိုင်ဘူး…ဒီတော့ ဒီအလောင်းနားကို ဘယ်မှ မကပ်ရဘူး…ကပ်တဲ့သူကို ကျုပ် အရေးယူမယ်…ရွာသားခေါင်းဆောင် မင်းက ဒီအလောင်းကို မြန်မြန် သင်္ဂျိုဖို့စီစဉ်လိုက်တော့…´
ရွာလူကြီး အမိန့်ပေးလိုက်ခါမှ အသီးသီး ကိုယ့်အိမ်ကို ပြန်ကုန်တော့သည်။ ထိုလူအုပ် ရှင်းသွားချိန်တွင် ကိုကိုကြီး အိမ်ဘေးမှ ထမီယဉ်လျားဖြင့် မျက်နှာထားတင်းတင်း စိုက်ကြည့်နေသူက ခင်ဝါ
`ဟင်…သ…သမီး ခင်…ခင်ဝါ…အဲ့မှာ ဘာလုပ်နေတာတုန်း…ထ…ထမီ ယဉ်လျားနဲ့…မ…မနေကောင်းဘူး…´
ထစ်ထစ်ငေါ့ငေါ့ဖြစ် ရွာလူကြီး မေးနေသည်ကို ခင်ဝါ ပြန်မဖြေပဲ လှည့်ထွက်သွားတော့သည်။ ထိုအချိန်မှာ ကျွုန်ပ်ဘေးမှ ဝိဥာဉ်ဦးကြီးကလဲအနားမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။
`ဦးကြီး ခင်ဝါဆိုတာ အဲ့ဒီ့မိန်းကလေးလား´
`ရှုးတိုးတိုး…ကြားသွားဦးမယ် ဟုတ်တယ်…´
`ရုပ်ကလေးကတော့ လှသား…´
`ဟုတ်တယ် ရုပ်ကလေး လှသလောက် နေပုံထိုင်ပုံကိုသာ ကြည့်တော့…ကဲ မောင်ရင်လေးတို့မင်းတို့လာရှာတဲ့ ဦးလွန်းတင်လည်း သေပြီ အခု ကိုကိုကြီးလဲ သေပြီ…ငါ့အိမ်ကိုသာ လိုက်ခဲ့တော့ နောက်မှ တစ်ခုခု စီစဉ်ကြတာပေါ့…အော်…ရွာသားခေါင်းဆောင် ဒီအလောင်းကို သေသေချာချာ မြေမြှုပ်သင်္ဂျိုးလိုက်ပါ…စိတ်ချမယ်နော်´
`စိတ်ချပါ လူကြီး…´
ကိုကိုကြီးအလောင်းအား မီးကျွမ်းနေသည်မှာ တစ်ကိုယ်လုံး မည်းမှောင်နေလျက် ခိုကိုးရာမယ့်နေသည့် ကျွန်ုပ်တို့အားလုံးကို ရွာလူကြီးက သူ့နေအိမ်သို့ခေါ်ပြီး ထိုရွာလေးတွင် ကပ်ဘေး ဆိုက်ကြောင်းကို အစ အဆုံး ပြောပြနေတော့သည်။
`အဲ့ဒါဘဲ မောင်ရင်တို့ရေ ´
`ဦးလွန်းတင် အလောင်းဘေးမှာ မဖဲဝါလို့စာရေးခဲ့တယ်ဆိုတော့ သူ မဖဲဝါ လက်ချက်ကြောင့် သေရတာပေါ့…ပြီးတော့ ကိုကိုကြီးက မဖဲဝါကို မတောင်းပန်နိုင်ဘူးလို့ပြောခဲ့တယ် သူလဲပဲ မဖဲဝါလက်ချက်ကြောင့် သေရတာပဲလား ´
`ငါလဲ မပြောတတ်တော့ပါဘူးကွာ…လကွယ်ည မြန်မြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေရတယ်…သူ့ကို ဘာများ အမှား လုပ်မိခဲ့သလဲဆိုတာ မေးပြီး တောင်းပန်လိုက်ရင် ကပ်ဘေးက လွတ်နိုင်တယ်လို့သင်္ချိုင်းစောင့်ကြီးကတော့ ပြောတာပဲ'.…ထားလိုက်ပါတော့ မိုးလဲချုပ်နေပြီ့း မောင်ရင်တို့ကျုပ်အိမ်မှာပဲ အိပ်လိုက်ကြတော့ မနက်မှ တစ်ခုခုစီစဉ်ပြီး မောင်ရင်တို့ပြန်ချင်လဲ မပြန်ချင်လဲ ဒီမှာ ပျော်သလောက်နေသွားကြပေါ့…ဟုတ်ပြီလား…´
`ကျေးဇူးတင်ပါတယ်ဗျာ…´
ကျယ်ဝန်းလှသည့် ရွာလူကြီး အိမ်မှာ ကျွန်ုပ်တို့အားလုံးတည်ခိုနေကြပြီး အစားအသောက် အနေထိုင်မှအစ သဘောကောင်းစွာဖြင့် ဖော်ဖော်ရွေရွေ ဆက်ဆံပေးခဲ့သည်။နေထိုင်ဖို့အတွက်ကျွန်ုပ်တို့သာမက ဝိဥာဉ်ဦးလေးကြီး အတွက်ပါ ပိုင်ရာဆိုင်ရာများအား ခွင့်တောင်းပြီး ကျွန်ုပ်တို့နှင့် နေထိုင်နိုင်ရန် မမြင်နိုင်သည့် ပဂ္ဂိုလ်များအား ခွင့်တောင်းပေးထားခဲ့ရသည်။ ညစာ စားသောက်ပြီးနောက် ရွာလူကြီးနှင့် စကားပြောနေတုန်း အိမ်အပေါက်ဝမှာ မှိုင်တွေ ငေးငိုင်နေသည့် ဝိဥာဉ်ဦးလေးကြီးက ကျွုန်ုပ်အနားသို့ရောက်လာပြီး
`ကောင်လေး မင်းခွင့်တောင်းထားပေးလို့ ရွာတော်ရှင်က ငါ့ကို ဒီမှာ နေခွင့်ပြုထားတယ်…ဒါပေမယ့် ဒီရွာမှာ ငါကြောက်ရတဲ့သူတစ်ယောက်ကို တွေ့တယ်ကွ…´
ရွာလူကြီးနှင့်အတူ သူငဟ်ချင်းများနှင့် ဝိုင်းဖွဲ့စကားပြောနေသည်ကြောင့် ဝိဥာဉ်ဦးလေး ပြောသည့် စကားကို ကျွန်ုပ်ပြန်မေးခွင့် မရဘဲ သူဘက်သို့ကြည့်လိုက်ပြီး
`ငါသဘောပေါက်ပါတယ် ဘယ်သူလဲ မေးမလို့ မဟုတ်လား…ဟို …အလောင်းနားမှာ လာကြည့်နေတဲ့ခင်ဝါဆိုတဲ့ မိန်းမကို ငါကြောက်ရတယ်…´
သူ့အပြောကြောင့် ကျွန်ုပ်စိတ်ဝင် တစ်စားဖြစ်ခါ အပေါ့အပါးသွားချင်ယောင် ဆောင်ပြီး မီးအိမ်လေး ကိုင်ခါ အိမ်အနောက်ဘက် အိမ်သာဆီသို့သွားပြီး ဝိဥာဉ်ဦးကြီးကိုပါ ခေါ်လာခဲ့သည်။
`ဦးလေး ဒီမှာ ကျုပ်တို့အားလုံး အတွက် အန္တရယ် ရှိနိုင်လား…ခင်ဗျား ဘယ်လိုမြင်လဲ…ပြီးတော့ ခင်ဝါကို ခင်ဗျား ဘာကြောင့် ကြောက်ရတာလဲ…အဲ့ဒါတစ်ခုချင်းဆီကို ကျုပ်ဘေးကနေ ခင်ဗျား ပြန်ဖြေပေး ကျုပ် သူငယ်ချင်းတွေကို စိတ်မချဘူး သူတို့အနားမှာ အချိန်ပြည့် ကျုပ်ရှိနေမှ ဖြစ်မယ်…´
ပြောလိုက်ပြီး ရွာလူကြီးနှင့် ငယ်ချင်းတို့၏စကားဝိုင်းဘေးသို့ကျွန်ုပ်ပြန်သွားလိုက်ခါ ဝိဥာဉ်ဦးလေး၏ အဖြေများကို မသိမသာ နားစွန့်ထောင်နေလိုက်တော့သည်။
`ဒီရွာမှာ မင်းတို့အတွက် အန္တရယ် မရှိနိုင်ပါဘူးလို့ငါသေချာမသိနိုင်ဘူး…ငါ့ဆီကိုလဲ အန္တရယ်က အချိန်မရွေး ရောက်လာနိုင်တယ်…ဒီတော့ မင်းတို့တွေ သတိထားပြီးနေတာ ပိုကောင်းလိမ့်မယ်…ခင်ဝါ့ကို ငါကြောက်နေရတယ်.…ဘာလို့ကြောက်နေရတာလဲ ဆိုတာတော့ ငါလဲ မသိဘူး…ငါ့အမြင် သူက ခတ်ထန်အကျည်းတန်တဲ့ မိန်းမတစ်ယောက်လို့ မြင်တယ်…မင်းတို့လူတွေ အမြင်မှာတော့ သူက ချောမော လှပနေလိမ့်မယ်…မီးကျွမ်းသေသွားတဲ့ အလောင်းကလဲငါ့တူ ကိုကိုကြီး မဟုတ်လောက်ဘူးလို့ငါထင်တယ်…´
သူဘေးမှ ပြောနေသည့် စကားတို့အား တစ်လုံးချင်း ကျွုန်ပ်ပြန်မေးချင်သော်လည်း မေးခွန်းမရှိ တိုးတိတ်စွာ ငြိမ်သတ်နေခဲ့ရသည်။
`ဟေ့ယောင်…ထီးလေး …လူကြီးမေးတာ ကြားလား…ဘာတွေ စဉ်စားနေတာလဲ…´
`ဟမ်…ဘာ…ဘာမှ မဟုတ်ပါဘူးကွ…ဘာမေးလိုက်တာလဲ´
`အဲ့ဒါပဲ ကြည့်တော့ ဦးကြီးရေ ကျုပ်သူငယ်ချင်း တစ်ခုခုဖြစ်နေတာတော့ သေချာပြီ…တစ်လမ်းလုံးလဲ တစ်မှိုင်မှိုင် တစ်ထွေထွေ ဖြစ်နေတယ်…အခုလဲ ကြည့်လေ…သူ့ကို ဘာမေးတာလဲတဲ့´
`ဟာကွာ…မင်းတို့ကလဲ ငါဘာမှ မဖြစ်ပါဘူးကွ…ခရီးပန်းနေလို့ပါ ဘာမေးလိုက်တာလဲ…´
`ဦးလွန်းတင်လဲ မရှိတော့ဘူး ကိုကိုကြီးလဲ မရှိတော့ဘူး…မျှားလေးကလဲ ဒီမှာ မရှိဘူးဆိုတော့ ငါတို့ဘာဆက်လုပ်မလဲတဲ့…´
`အွန်း…မင်းတို့သဘောကရော…´
`ငါတို့က မင်းသဘောပဲ …´
`ဒါဆို ဒီရွာမှာ မဖဲဝါတောင်းပန်ပွဲ လုပ်ပြီးမှ ငါတို့ရန်ကုန်ပြန်ကြရင် မကောင်းဘူးလား…´
`ကောင်းတယ်…ငါလဲ လေ့လာချင်တယ်…လူကြီး…ကျွန်တော်တို့လဲ အဲ့ပွဲကို လိုက်ကြည့်လို့ရတယ်မဟုတ်လား…´
`ကြည့်လို့တော့ ရတယ်…သို့ပေမယ်…အန္တရယ် တစ်ခုခုဖြစ်မှာ ဆိုးတယ်…´
`ဒီ့အတွက် ဘာမှ မပူနဲ့ဦးကြီး ကျုပ်တို့က ခံနိုင်ရည် ရှိပြီးသား…´
`ကောင်းပြီ ဒါဆို လကွယ်ည ၁၂ နာရီ တိတိ ကဲ…အခုတော့ အိပ်လိုက်ကြတော့ မနက်ကျရင် ရွာထဲမှာ ဘာအသံတွေ ကြားရဦးမလဲ မသိဘူး…´
သို့နှင့် မိန်းကလေးဖြစ်သူ ကေသီဖြူအား စောင့်ရှောက်ထားပေးလျက်။ဦးစားပေးခါ အိပ်စေခဲ့သည်။ အိပ်စက် စားသောက်ခြင်း မရှိသည့် ဝိဥာဉ်ဦးလေးကြီးကတော့ ကျွန်ုပ်တို့အားလုံး အတွက် ကင်းစောင့်သမား တစ်ယောက်ကဲ့သို့ အနားမှ ထပ်ကြပ်မကွာ ရှိနေခဲ့သည်။ ညနက်အချိန်မှာပဲ တစ်ရွာလုံး ရှိ ခွေးများ ဆွဲငင်စွာ အူနေသည်ကို ကျွန်ုပ်တို့နှင့်အတူ တစ်ရွာလုံး ကြားကြမည် ထင်ပါသည်။ထိုအသံကို ကြားတော့ ဝိဥာဉ်ဦးလေးက
`အဲ့ဒါ ရွာထဲကို ဟိုမိန်းမ အခေါင်းထမ်းပြီး လမ်းလျောက်နေပြီ ကောင်းလေးရေ…ငါခဏပုန်းနေမယ်…ငါကြောက်တယ်..´
`ဟင်!…သူ့ကိုများ အားကိုးရမလားထင်တယ်…သရဲက ပြန်ကြောက်နေရသေးတယ်…´
စိတ်ထဲ၌ ရည်ရွတ်ပြီး ထိုဆူညံနေသော ခွေးအူသံများအား လေ့လာချင်ပေမယ့် ကြိတ်မှိတ်အိပ်လိုက်ောတ့သည်။ ထိုညမှာပဲ ခင်ဝါဟာ တစ်ရွာလုံးသို့ ထမီယဉ်လျားကာ လမ်းလျောက်နေသည်ကို ရွာရှိ လူတစ်ချို့က တွေ့မြင်နေကြသည်။ သို့ပေမယ့် မည်သူမှ ထွက်မကြည့်ရဲကြ ဖခင်ဖြစ်သူ ဦးမောင်မောင်ဟာလဲ သူ၏ချစ်လှစွာသော သမီးလေး အနောက်မှ တစ်ခေါက်ခေါက် လိုက်နေသည်ကိုလဲ တွေ့နေခဲ့ရသည်။ဇနီးဖြစ်သူ ဒေါ်မြနှစ် မဆုံးခင်က ပြောခဲ့သော ခင်ဝါ၏ ချက်ကြိုးအား မည်သည့်နေရာတွင် ထားခဲ့သည်ကို သူမသိခဲ့ချေ။ ခင်ဝါ့အား တားဆီနိမ်နင်းနိုင်သော အချက်ကား ဤချက်ကြိုးဖြစ်သည်ဟု မည်သူ့ကိုမှ သူမပြောပဲ သမီးကို ချစ်သော စိတ်ဖြင့် ဖုန်းကွယ်ထားခဲ့လေသည်။ မနက်လင်းသည်နှင့် တစ်ပြိုင်နက် ကြားလိုက်ရသည့် သတင်းက
`ရွာအလယ်ပိုင်းက ထွန်းတင် ဆုံးပြီ´
ညက အဖြစ်အပျက် တစ်ချို့အား သိရှိသူများက ခင်ဝါဟာ မဖဲဝါဟု တစ်ထစ်ချ ယုံကြည်လိုက်လေတော့သည်။ သို့နှင့် ရွာလူကြီး အိမ်သို့တစ်ရွာလုံး နီးပါး ရောက်လာကြကာ
`လူကြီး…ဒီကိစ္စကို ခင်ဗျား ဒီအတိုင်းကြည့်နေတော့မှာလား…´
`ဘာကိစ္စတုန်း…´
`ဘာကိစ္စရမှာလဲ…ရွာက ဦးမောင်မောင် သမီးခင်ဝါ့ကို ရွာပြင် ထုတ်ပေးပါ…´
`ဟုတ်တယ်.…လူကြီး…ရွာပြင်ပို့ပေး…မနေ့ညက ထွန်းတင် အိမ်ရှေ့မှာ သူတို့သားဖ တစ်ဝဲဝဲလုပ်နေတာ ကျုပ်အိမ်ထဲကနေ ချောင်းကြည့်လို့တွေ့ခဲ့ရတယ်…အခုတော့ တစ်ရွာလုံးမှာ အအေးဆုံး ထွန်းတင် သေရပြီ…´
`ဟုတ်တယ်.…လူကြီး…ခင်ဗျား ရွာပြင်မထုတ်ပေးရင် ကျုပ်တို့ကိုယ်တိုင် ဆွဲထုတ်မယ်…´
`ဟုတ်တယ်…ဟုတ်တယ်.…´
`ဟာကွာ…နေကြပါဦး…နေကြပါဦး…လကွယ်ညထိတော့ စောင့်ကြည့်လိုက်ကြပါဦး…´
`ဟာဗျာ…ဒါဆို တစ်နေ့တစ်ယောက် အသေခံပြီး စောင့်နေရမှာလား…´
`ဟုတ်တယ် လူကြီး…မစောင့်နိုင်ဘူး…အခုပဲ ရွာထဲကနေ ကျုပ်တို့ဆွဲထုတ်မယ်…´
`ဟုတ်တယ်ဗျို့…´
ရွာသူ ရွာသားများ ဝိုင်းအုံခါ တစ်ယောက် တစ်ပေါက်ဖြင့် ပြောဆို နေကြစဉ် သူတို့အနောက်မှ ပုဆိုး အကွက်ကျဲ အင်္ကျီဖြူ ဝတ်ဆင်ထားပြီး ခမောက်အား ငိုက်စိုက်ဆောင်းထားသော လူကြီးတစ်ဦးက
`ဒါ …ဂျိုးဖြူကုန်းရွာလား…´
တည်ငြိမ်လှသည့် လေသံနှင့်အတူ ရွာနာမည်အား မေးလိုက်သည့် လေသံတို့မှာ သြဇာရှိလှသည့် အသံဖြင့် မေးလိုက်တော့ ဆူညံသံများ ရပ်တန့်သွားပြီး
`ဟုတ်…ဟုတ်တယ်…´
`ရွာလူကြီး အိမ်က ဒီအိမ်လား…´
ဟုဆိုကာ ခမောက်အား ချွတ်လိုက်တော့
`ဟင်!…ငါတို့နဲ့ဆုံခဲ့တဲ့ ဘကြီး မဟုတ်လား…´
`လူကြီး အဲ့ဒါကျုပ်တို့ပြောတဲ့ဘကြီးတစ်ယောက်ဆိုတာလေ…´
`ဟေး…ဖယ်ကြစမ်း…ဖယ်ကြစမ်း…ဆရာကြီး အိမ်ပေါ်ကို ကြွပါ…ကဲ ရွာသူ ရွာသားအပေါင်းတို့ကျုပ်တို့ရွာကို အခုရောက်လာတဲ့သူကကပ်ဘေးကို ကယ်တင်ပေးနိုင်မယ့် ဆရာတစ်ယောက်ပဲ ဒီတော့ ဟိုသားဖကို ရွာပြင်မထုတ်ဖို့ ကျုပ်တောင်းဆိုတယ်…မနက်ဖြန် ရွာမှာ ဘာမှ မဖြစ်ရအောင် ကျုပ်တာဝန်ယူတယ်…´
`ဟုတ်ပြီးနော် လူကြီး…ခင်ဗျား တာဝန်ယူရင် ပြီးရော…ရွာမှာ လူတွေ အထိခိုက်မခံနိုင်တော့ဘူး ´
ပြောပြောဆိုဆိုဖြင့် တစ်ရွာလုံး ပြန်သွားကြတော့သည်။ထိုလူကြီအား ရွာသူကြီ အိမ်ပေါ်ကို ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်ဘေးမှ ဝိဥာဉ်ဦးလေး ပျောက်ကွယ် သွားရတော့သည်။ အရှေ့အနောက် ဘယ်ညာ လိုက်ကြည့်သော်လဲ မတွေ့တော့ချေ။ ထိုရွာ၌ ဖြစ်ကြောင်း ကုန်စဉ်အား ရွာသူကြီးနှင့် အတူ ကျွန်ုပ်၏သူငယ်ချင်းများ ပြောနေကြစဉ် ပျောက်သွားသည့် ဝိဥာဉ်ဦးလေးအား ရှာရန် ကျွနိုပ်အိမ်ပေါ်မှ ဆင်းလာခဲ့တော့သည်။ ခြံဝိုင်းအတွင်းမှ လိုက်ကြည့်သောလဲ မတွေ့ တစ်ခြံလုံး အနံ့လိုက်ရှာသောလဲ အရိပ်ယောင်တောင် မတွေ့တော့ ကျွန်ုပ်စိုးရိပ်မိခဲ့တော့သည်။ ထိုအစဉ်မှာပဲ အိမ်အနောက်ဘက် ခြံဝိုင်းအပြင်မှ ဝိဥာဉ်ဦးလေးရဲ့ ခေါ်သံကို ကြားလိုက်ရတော့ ဝမ်းသားစွာဖြင့် ကျွန်ုပ်လှည့်ကြည့်လိုက်ပြီး
`ဟာ…ဦးလေး…ခင်ဗျားဘယ်ပျောက်သွားတာလဲ လာခဲ့လေ…´
`ငါခြံထဲ ဝင်လို့မရတော့ဘူး…ဟိုလူကြီးက သူဝင်လာကတည်းက အိမ်ဝိုင်းကို စည်းချလိုက်ပြီ ငါဝင်လ်ု့မရတော့ဘူး…´
`ဒါဆို ကျုပ် ဘယ်လို လုပ်ပေးရမလဲ…´
`မင်းကို ငါ စကားတွေ ပြောစရာရှိတယ်…မင်းခြံပြင်ကို ထွက်ခဲ့…´
`ကောင်းပြီ ကောင်ပြီ…ကျုပ်အခု ထွက်ခဲ့မယ်…´
သို့နှင့် ခြံဝိုင်းအနောက် ကောက်ရိုးပုံ နံဘေး နွားတင်းကုတ်လေးမှာ သူနှင့် ကျွန်ုပ်ထိုင်လိုက်ပြီး
`ခင်ဗျား ခြံထဲကို ဝင်လို့မရတော့ဘူးပေါ့…ဟုတ်လား…ခင်ဗျား အမြင်မှာ အဲ့လူကြီးက တော်တော် အစွမ်းထက်လား…´
`သူက အထက်ဆရာတစ်ယောက်ကွ…သူခြံထဲဝင်လာတည်းက ခြံဝိုင်းကို စည်းချထားလိုက်တာ ငါတို့လို ဝိဥာဉ်လောက သားတွေ လုံးဝ ဝင်ထွက်ခွင့်မရှိတော့ဘူး…´
`ဒါဆို ဒီရွာက ကပ်ဘေးကို သူကယ်တင်ပေးနိုင်လား…´
`အဲ့ဒါတော့ ငါလဲ မသိဘူး… မင်းတို့မပြန်ခင် အချိန်ထိ ငါလဲ ဒီနွာတင်းကုန်မှာ ကပ်နေရတော့မယ်…မင်းငါ့နာရီပတ်ထားသ၍ မင်းနဲ့ငါ ဒီလိုပဲ ပြောနိုင်ဆိုနိုင်လိမ့်မယ်…´
`နေပါဦး ဒါနဲ့ ကျုပ်က ခင်ဗျား နာရီလေးကို ပတ်ထားရုံနဲ့ခင်ဗျား ဝိဥာဉ်ကို ကျုပ်မြင်ရတာ ဘာကြောင့်လဲ…ပြီးတော့ ခင်ဗျားတူ ကိုကိုကြီး ဝိဥာဉ်နဲ့ရော ခင်ဗျား အဆက်အသွယ် ရလား…တခြား ဝိဥာဉ်တွေနဲ့ရော ခင်ဗျား အဆက်သွယ်ရလား…´
`ဟာကွာ…မင်းမေးခွန်းတွေကလဲ များလှချည်လား…ငါတို့ပရလောကဆိုတာ မင်းတို့လူ့လောကလိုပဲ သိပ်ရှုတ်ထွေးလွန်းတယ်…ဥပမာ ငါ့နာရီကို မင်းပတ်ထားရုံနဲ့မြင်နိုင်တာက ငါမသေခင် မိနစ်ပိုင်းလေးမှာ အဲ့နာရီလေးကို မျက်စိထဲမြင် တမ်းတမိတယ်…ပြောရမယ်ဆိုရင် အဲ့နာရီကို စွဲလမ်းပြီး ငါ့ဝိဥာဉ်က ကပ်နေနိုင်တယ်…ငါက တမင်သတ်သတ် သာဓုမခေါ်သေးလို့ မကျွတ်သေးတာ ငါမကျွတ်ချင်သေးဘူး…ငါတို့မိသားစုကို လုပ်ကြံသေတွင်းထဲ ပို့ခဲ့တဲ့ သူကို သိချင်သေးတယ် ဒါကြောင့် ငါစွဲလမ်းနေတဲ့ ကစ္စည်းတစ်ခုက မင်းဆီမှာ ရှိနေတော့ မင်းငါ့ကို မြင်နိုင်တယ်…ကယ်နိုင်တယ်…ငါလဲ မင်းကို အသ်ပေးနိုင်တယ်…ဒီထက် ပိုတာက အခုလို နှစ်ယောက်တည်း စကားပြောခွင့်ရတာပဲ…´
`အော်…အစွဲဆိုတာ ဒါကိုပြောတာပေါ့'
`ကိုကိုကြီး ဝိဥာဉ်နဲ့အဆက်သွယ်မရဘူးကွ တစ်ခြားဝိဥာဉ်တွေကြတော့လဲ သူတို့ဘုံဗိမာန်ကို လုမှာစိုးသားလားပဲ အချင်းချင်းတွေ့ရင် ပြူးပြဲခြောက်ကြတယ်…ပြီးတော့ မီးလောင် ကျွမ်းသေသွားတဲ့အလောင်းကိုလဲ ငါ့တူ ကိုကိုကြီး အလောင်းလို့ငါမထင်ဘူးကွ…´
`ဘာလို့ခင်ဗျားက အဲ့လို ပြောရတာလဲ…´
`ဒါက ဒီလိုရှိတယ်ကွ…မင်းတို့လူတွေ ပြောနေကြ စကားလိုပေါ့ သွေးက စကားပြောတယ်ဆိုတာ အေး…ငါတို့ဝိဥာဉ်တွေမှာလဲ အနံ့ဆိုတာရှိတယ်…အဲ့အနံ့ကို ငါမရဘူး…အဲ့ဒါကြောင့် ငါပြောနိုင်တာ´
`ကျုပ် သိချင်သေးတာတွေ ရှိသေးတယ်…ခင်ဗျား သိရင်ဖြေပေးနိုင်မလား…ကျုပ်ကြားဘူးတာ…ခင်ဗျားတို ပရလောကသားတွေက ဘုရားဟောကျမ်းစာမှာ တစ်ထွာ တစ်မိုက်ဘဲ ရှိတယ်ဆို အဲ့တာ ဟုတ်လား…´
`ဒါတော့ မသိဘူး…ငါသိတာတော့ ဥပမာ ငါက ဧရာမ အကောင်ကြီးလို့စိတ်ထဲထင်လိုက်တာနဲ့ လူသားတွေက ငါ့ကို ဧရာမအကောင်ကြီးတိုင်း မြင်သွားပါလေရော…ပုရွတ်ဆိတ်လို သေးသေးလေးလို့ငါစိတ်ကူးလိုက်တာနဲ့ အလိုလို ငါက သေးသေးလေးအဖြစ်ပြောင်းသွားတယ် ငါ့အိမ်မှာ ငါနေတုန်းက အိမ်ဝယ်သူတွေကို ငါခြောက်လန့်ခဲ့တာပဲ …´
ကျယ်ပြန့်လှသည့် ပရလောကအကြောင်း မေးနေသော ကျွန်ုပ်အားမရနိုင်ဖြစ်ကာ သိချင်သော အကြောင်းအမျိုးမျို မေးနေမိတော့သည်။ ဝိဥာဉ် ဦးကြီးနှင့် ကျွန်ုပ်စကား လက်ဆုံကြနေစဉ်မှာပဲ ကျွန်ုပ်အား အကဲခတ် စောင့်ကြည့်နေသော သူငယ်ချင်းများနှင့် ရွာလူကြီး အပါအဝင် နွားတင်ကုတ် ကောက်ရိုးပုံဘေးသို့ ရုတ်တရက် ရောက်လာပြီး
`အဘ ဒီမှာပဲ…ကျွန်တော့ သူငယ်ချင်းကို ကယ်ပါဦးဗျာ…သူပြုစားခံထားရပြီ…´
သူငယ်ချင်းဖြစ်သူ တန်ခိုး ပြောလိုက်သည့် စကားအား ကျွန်ုပ်နားမလည်နိုင်ပဲ ကြောင်တောင်တောင်ဖြစ် ကြည့်နေမိတော့သည်။ ဆရာမြဆိုသည့် ထိုလူကြီး ပါလာသည်ကြောင့် ဘေးမှ ဝိဥာဉ်ဦးလေးကို ကြည့်မိလိုက်တော့ သူကား ကျွန်ုပ်ဘေးမှ ပျောက်ကွယ်သွားခါ သုံးဖက်စာမျှ ရှိသော အပင်ကြီးနှင့် ကွယ်ကာ ကျွန်ုပ်အား အဝေးမှ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရတယ်။
`ဟင်!…တန်ခိုး…မင်းဘာတွေ လျောက်ပြောနေတာလဲ…ငါ့ကို ဘယ်သူက ပြုစားလို့လဲ…´
`မင်းကိုယ်မင်း မသိနိုင်ပါဘူးကွာ…သူငယ်ချင်း မင်းအောက်ဆင်းသွားတည်းက ငါးလေးနဲ့လမ်းလေး မင်းအနောက်ကနေ လိုက်ချောင်းပြီး ကြည့်နေတာ နောက်မှ ငါတို့ပါ မင်းအခြေနေကို ဒီနားကနေ ချောင်းကြည့်နေခဲ့တာ ကြာပြီ မင်းတစ်ယောက်တည်း စကားတွေ ပြောပြီး ရူးကြောင်ကြောင်လုပ်နေတယ်´
`ဟာ…လွဲကုန်ပြီး…အဲ့ဒါ…´
ကျွန်ုပ်ရှင်းပြမလို့ရွယ်လိုက်စဉ်မှာပဲ ပုန်းကွယ်နေသော ဝိဥာဉ်ဦးလေးက
`ကောင်လေး…မင်းပြောလ်ု့မဖြစ်သေးဘူး…မင်းပြောရင် ငါဒုက္ခရောက်သွာလိမ့်မယ်…´
သူအော်ပြောသံကြောင့် ကျွန်ုပ်၏စကားတို့မှာ စွန့်အ ရပ်တန့်သွားခဲ့ရတော့သည်။ ထိုအခါ ဆရာမြခေါ် ကျွန်ုပ်တို့နှင့် ဆုံခဲ့ရသည့် လူကြီးက အနံ့သတ်တစ်ခုအား ရနေသလား အနံ့ခံနေလျက်
`ကဲ…ကောင်လေး…မင်း အဘတို့နားကို လျောက်လာခဲ့တယ်…´
သူပြောလိုက်သည်ကြောင့် ကျွန်ုပ်လျောက်လိုက်တယ်။ သူကား လွယ်အိတ်ထဲမှ ဘူးသီခွံအခြောက်သေးသေးလေး တစ်ခုအား ထုတ်ယူလိုက်ပြီး ဆို့ပိတ်ထားသည့် အပိတ်လေကို ဖွင့်လိုက်တော့
`အား…ကောင်လေး…ငါ့ကို ကယ်ပါဦး´
`သူငါ့ကို ဖမ်းနေပြီ ငါ့ကို ကယ်ပါဦး…မင်းနဲ့ငါ့အကြောင်း ဘယ်သူ့ကိုမှ ကျေးဇူးပြုပြီး မပြောပါနဲ့ဦး…အား…´
နာကျင်သော အသံဖြင့် ဝိဥာဉ်ဦးလေး ပုန်းကွယ်နေသော သစ်ပင်ကြီးမှ ထိုဘူးခွံအတွင်းသို့ တစ်ဖြည်းဖြည်း အခွင့်လေးဖြင့် ဆွဲငင်ပါလာတော့သည်။
ကျွန်ုပ်၏အမူယာ ပျက်နေသည်ကိုတော့ သူငယ်ချင်းဖြစ်သူများက ရိပ်စားမိခဲ့သည်။ ထိုနောက် ဘူးခွံအတွင်းသို့ ဝိဥာဉ်ဦးလေး အငွေ့လေးအဖြစ်သို့ပြောင်းလဲခါ ကွယ်ပျောက်သွားလေတော့သည်။
`ရပြီ မောင်ရင်တို့မင်းတို့သူငယ်ချင်းကို ပရလောကသား တစ်ကောင်ကောင် နှောက်ယှက်နေတာ အခု အဘ ဖမ်းချုပ်ထားလိုက်ပြီ…´
`ဗျာ!…မ…မဟုတ်ဘူး…´
`ထီးလေး မင်းစိတ်ငြိမ်ငြိမ်ထားပါ…မင်းကို အဘကုပေးနေတာပါ…´
`ဟာကွာ…ဒုက္ခပါပဲ…´
`ဟုတ်တယ် မောင်ရင်ရဲ့ မင်းတို့ပြောတဲ့အဘက အပ ပယောဂါဆရာတစ်ယောက်ပဲ အောက်လမ်း စုန်း ကဝေ သူ နိုင်တယ်…´
`ဟူး……´
ကျွန်ုပ်ဘာမှ ပြန်မပြောတော့ပဲ သက်ပြင်းတစ်ချက်သာ ချလိုက်တော့သည်။ ထိုလူကြီးက ဆိုးသွမ်းသော တစ္ဆေတို့အား ထိုဘူးခွံလေးများထဲတွင် ချုပ်နှောင်ထားပြီး အပြစ်ပေးသော ဆရာတစ်ဦးဆိုသည်ကို သိလိုက်ရတော့သည်။ မဖဲဝါ တောင်းပန်ပွဲတွင်လည်း သူကူညီပေးနိုင်မည်ဟု သိလိုက်ရသည်။ လကွယ်ရန် အချိန်ကိုသာ ကျွန်ုပ်တို့အားလုံးနှင့် တစ်ရွာလုံး စောင့်စားနေရတော့သည်။ သို့ပေမယ့် ဝိဥာဉ် ဦးလေး အချုပ်ခံထားရသည်ကို ကျွန်ုပ်စိတ်ထဲတွင် ဘဝင်မကျနိုင် စိတ်မကောင်းကြီးစွာဖြင့် ကြိတ်မှိတ်ခံစားနေရသည်။ ထိုသူကြီးရောက်စဉ်မှ စ၍ ခင်ဝါ၏အခြေနေဟာလည်း မုန်တိုင်းထခါနီ လေငြိမ်နေသကဲ့သို့ငြိမ်သတ်နေခဲ့တော့သည်။ တစ်ရွာလုံးတွင်လည်း အသေအပျောက်မရှိတော့ပဲ တစ်မနက်မှာ
`လူကြီး…လူကြီး …လုပ်ပါဦး…´
ရွာမှ လူငယ်ခေါင်းဆောင် ရွာသူကြီး နေအိမ်သို့ အသည်းအသန် ပြေးတတ်လာခဲ့ပြီး
`ဘာဖြစ်လာတုန်း…´
`ဟို…ဟို…ကိုကိုကြီး တပည့်တွေ ဦးလွန်းတင်အုတ်ဂူကို ဖောက်ပြီး အလောင်းကို ယူသွားကြပြီ…´
`ဟေး¡…ဒါဆို မြန်မြန်သွားမှ ဖြစ်မယ်…´
`နေဦး…လူကြီး ကျုပ်လဲ လိုက်မယ်…´
ထိုသတင်းကြားသည်နှင့် တစ်ပြိုင်နက် ရွာသူကြီနှင့်အတူ အဘမြအပါဝင် ကျွန်ုပ်တို့အားလုံး ငါးရွာပိုင် ရွာပြင် သင်္ချိုင်းသို့ အပြေးအလွှား သွားကြတော့သည်။ဆရာမြမှာ ရုတ်တရက် လိုက်ပါလာသောကြောင့် သူ၏ဆေးလွယ်အိတ်မှာ ပါမလာခဲ့ချေ။ ကျွန်ုပ်ကား သူ၏ဆေးလွယ်အိတ် အတွင်းမှ ဘူးခွံခြောက်ထဲတွင်ချုပ်ခံထားရသော ဝိဥာဉ်ဦးလေးအား ကယ်တင်ရန် အခွင့်စောင့်နေသူ ပီပီ ခြေလှမ်းများအား ရုတ်တရက် နှေးလိုက်ပြီး အားလုံး မရိပ်မိခင်မှာပဲ ရွာသူကြီးအိမ်သို့နောက်ပြန် သွားပြီး ဆရာမြ၏ ဆေးလွယ်အိတ်အတွင်းမှ ဝိဥာဉ်ဦးလေးအား ထုတ်ပေးရန် လွယ်အိတ်ကို သွန်မောက်လိုက်တော့
`ဟင်.…ဝိဥာဉ် ဘူးခွံတွေက အများကြီးပါလား…ဘယ်ဘူးက ဦးလေး ဘူးခွံပါလိမ့်…´
ဘူးခွံခြောက်လေးများ အမြောက်အများကို ကျွန်ုပ်တွေ့လိုက်ရပြီး မည်သည့် ဘူးခွံက ဝိဥာဉ်ဦးလေး ဘူးခွံမှန်း မသိ ဖြစ်နေခဲ့တော့သည်။
**************************u**
နေ့စဉ်တင်ပြပေးသွားပါမည်။
more story >> http://hteekalayblog.blogspot.com/
Post Top Ad
Responsive Ads Here
အပိုင်း(၅) သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
Share This
Tags
# ၀၄.သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Share This
About Unknown
၀၄.သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Labels:
၀၄.သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment