အပိုင်း(၂)ရွာပျောက်ကြီးရှာပုံတော် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၂)ရွာပျောက်ကြီးရှာပုံတော်

Share This
အပိုင်း (၂) ရွာပျောက်ကြီး ရှာပုံတော်

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                     လိုက်သူများနှင့်
                     ရွာပျောက်ကြီး ရှာပုံတော်
 
စာရေးသူ -ထီးကလေး၊
ဒုတိယမြောက် ဇာတ်လမ်းနှင့် အရေးသားအဟောင်း




လေးယောက်စလုံးဆီ ဖုန်းဆက်ပေမယ့် မည်သူ့မှ ထီးလေးဖုန်းကို မကိုင်ခဲ့ချေ။
စိတ်ညစ်ညစ်ဖြင့်
ရုတ်တရက် သူ့ဘေးမှ မိန်းကလေးကို တစ်ချက်ကြည့်မိလိုက်တယ်။ တည်ငြိမ်အေးဆေးလှတဲ့ မျက်နှာပိုင်ရှင်လေးကို တွေ့လိုက်ရတော့ သူ့စိတ်ထဲ တစ်ခုခုအေးချမ်းသွားသလိုဖြစ်ကာ ပြုံးနေမိတော့သည်။

*****************************
ဥပေက္ခာပြုထားလို့မရလောက်အောင်ကို ထီးလေး ခိုးခိုးကြည့်နေမိတော့သည်။ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်တယ်
``၇နာရီတောင် ခွဲတော့မှာပါလား…ဒီလောက်ဆို ဟိုကောင်တွေ အိမ်ပြန်ရောက်လောက်ပြီ ဖုန်းဆက်ဦးမှပဲ…´´
စိတ်ထဲတွေးမိပြီး တစ်ယောက်ချင်းစီ ဖုန်းဆက်သော်လဲ မည်သူမှ ဖုန်းကို မကိုင်ခဲ့ချေ။
``ဒါတော့ မဖြစ်နိုင်ဘူး ဒီကောင်တွေ တစ်ခုခုများ ဖြစ်နေကြတာလား…အိုး…အဖေ့ဆီ ဆက်ပြီး မေးကြည့်တာပဲ ကောင်းပါတယ်လေ…´´
``ဟယ်လို…ဖေဖေလား…´´
``အေး…သားဘာဖြစ်လို့လဲ…´´
``မျှားလေးတို့ အိမ်ပြန်ရောက်လာကြပြီလား…´´
``ရောက်တာဖြင့်ကြာပြီ…ဘာဖြစ်လို့လဲ…´´``သား…ဖုန်းဆက်တာ ဘယ်သူမှ မကိုင်ကြလို့…´´
``အော်…ဖေဖေ…သား…ကျုတ်…´´
``ဟာကွာ…ရန်ကုန်ကျော်ပြီဆိုတာနဲ့ ဖုန်းတွေကလဲ…ဟွန်း…´´
စကားမဆုံးခင် ဖုန်းလိုင်းကျသွားခဲ့သည်။ ဖုန်းပြန်ခေါ်လို့မရတော့တာကြောင့်ခုံနောက်ကျောဘက်ကို မှီလိုက်တယ်။ဘေးက မိန်းကလေးကို ခိုးကြည့်မိပြန်တယ်။ သူမ ကတော့ တည်ငြိမ်နေလျက်ပါ။
``ခရီးသည်များ အားလုံးခင်ဗျာ…ကျွန်တော်တို့ကား လမ်းတစ်ဝက်ဖြစ်တဲ့ ဗိုလ်မြတ်ထွန်းတံတားမှာ ခေတ္တနားပါ့မယ်…´´
ကားစပယ်ယာပြောတော့မှ ထီးလေး နာရီကို ပြန်ကြည့်မိလိုက်တယ်။
``ရန်ကုန်က ထွက်လာတာ နှစ်နာရီနီးပါးတောင် ရှိနေပြီ ´´
ဗိုလ်မြတ်ထွန်းတံတားသို့ အရောက်မှာတော့ စားသောက်ဆိုင်အရှေ့ကားရပ်လိုက်တော့သည်။
``ကျေးဇူးပြု၍ ခရီးသည်များ အားလုံး ကားအောက်လေးကို မိမိတို့လိုအပ်တာလေးတွေ ယူပြီး ဆင်းပေးကြပါ…´´
``ဒီမှာ…ဒီမှာ…ကားအောက်ဆင်းခိုင်းနေပြီ ရှင်…နည်းနည်းဖယ်ပေးပါ…´´
``အော်…ကျွန်တော်လဲ ဆင်းမှာပါ…´`
ခရီသည်အားလုံး ကားပေါ်မှ ဆင်းကာ စားသောက်ဆိုင်ထဲသို့ ဦးတည်ပြီးဝင်သွားကြတော့သည်။ မိန်းကလေးလဲ ဆိုင်ရဲ့ခုံလွတ်တစ် နေရာမှာ ထိုင်လိုက်တယ်။ ထီးကလေးကတော့ မိန်းကလေးကို လှမ်းမြင်နိုင်တဲ့ ခုံမှာ ထိုင်ပြီး မိန်းကလေးကို ခိုးခိုးကြည့်နေမိတော့တယ်။ ခဏအကြာ စားပွဲထိုးရောက်လာတာကြောင့် ကော်ဖီတစ်ခွက်ကို မှာကာ စီကရက်တစ်လိပ်ကို မီးညှိပြီး အဝေးမှလှမ်းမြင်နေရသည့် မိန်းကလေးရဲ့မြန်မာဆန်ဆန် အလှကို သူငေးကြည့်နေမိတော့သည်။မိန်းကလေးကတော့ ဘာတစ်ခုမှ မစားပဲ ခုံလေးမှာသာ တည်ငြိမ်စွာ ထိုင်နေလျက်။ အချိန်နည်းနည်းအကြာမှာတော့ သူ့အရှေ့ခုံမှ မိန်းကလေးထသွားသည်ကို မြင်တော့ သူလဲ ထပြီးကားပေါ်သို့ မိန်းကလေးအနောက်မှ လိုက်တတ်လိုက်တယ်။ မိန်းကလေးကပြတင်းဘေး ဒေါင့်ခုံမှာ ထိုင်လိုက်တော့ ထီးလေးလဲ  နေရာဖြစ်တဲ့မိန်းကလေးရဲ့ဘေးမှာ သူဝင်ထိုင်တော့တယ်။ ခဏအကြာ ကားစတင်ထွက်ပါတော့သည်။
``ကဲ…ခရီးသည် အားလုံးပဲ…လမ်းတစ်ဝက်မှ တတ်လာတဲ့ ခရီးသည်များ ခရီး တစ်ဝက်ခလေးတွေ ပေးကြပါ…´´
ကားစပယ်ယာက ခရီးတစ်ဝက်ခဆိုပြီး ကားခလိုက်ကော်ခါ ထီးလေးတို့အနားအရောက်မှာတော့
``အစ်ကို …ဘယ်ကိုသွားမှာလဲ…ကားခလေး…´´
``ဗျာ…ကျွန်…ကျွန်တော် အဝေးပြေးမှာတည်းက လက်မှတ်တစ်ခါတည်းဝယ်ပြီးသားလေ…ထပ်ပေးဖို့လိုသေးလို့လား…´´
``ဟင်…ကျွန်တော်တို့ကားက အဝေးပြေးကထွက်တာ မဟုတ်ဘူး အစ်ကို…ညအောက်ဆိုဒ်ကား လမ်းတစ်ဝက်ခရီတင်ကားပါ…အစ်ကိုက ဘယ်ကို သွားမှာလဲ…´´
``ဝါးခယ်မကိုလေ…´´
``ဟာဗျာ…ခင်ဗျား…ကားမှားတတ်လာပြီနဲ့တူတယ်…ဒါက ဟင်္သာတ ကိုသွားမယ့် ကားဗျ…´´
``ဗျာ…ဒါ…ဒါ အောင်ချမ်းသား ကား မဟုတ်ဘူးလား…´´
``မဟုတ်ဘူး…သေချာကြည့်ပါဦး…ကျွန်တော်တို့ကား ရောက်တော့ ရွှေလောင်း၊ ဝါးခယ်မ ကား ရပ်ထားတာတော့ တွေ့တယ် ခင်ဗျား ကားမှားတတ်လာပြီးနဲ့တူတယ်…´´
``ဟာ…အမိ ကျွန်တော်တို့ကားမှားတတ်လာပြီ…ဘယ်လိုလုပ်မလဲ…အစ်ကို…အစ်ကို…ဒါဆို ကျွန်တော်တို့ကို ဒီနားမှာ ကားရပ်ပေးပါ…´´
``ဟိုး…ဆရာရေ…ခရီးသည်တစ်ယောက်ဆင်းမလို့…´´

စပယ်ယာရဲ့အော်သံကြောင့် ဒရိုင်ဘာကားရပ်ပေးလိုက်တော့သည်။ ထီးလေး ကားပေါ်မှ ခပ်သွက်သွက်ဆင်းသွားပြီး သူအနောက်မှ မိန်းကလေးကို ကြည့်လိုက်မိတယ်။
``ဟင်…မှားပါတယ်ဗျာ…ကျွန်တော်က ခင်ဗျား တတ်တဲ့ကားပေါ်ကို အနောက်က လိုက်တတ်မိတာ…´´
``ကျမလဲ သေချာ မကြည့်မိဘူး ကျွန်မတို့ကားပဲ ထင်လို့တတ်တာပဲ…ရှင်က ဘာလို့ကျွန်မတတ်တဲ့ကားပေါ်ကို လိုက်တတ်ရတာလဲ…´´
``ဟာ…မတတ်လို့ရမလား…ခင်ဗျားဘေးမှာ ကျုပ်ထိုင်တာလေ…´´
``ဒါဆို အခုဘယ်လို လုပ်ကြမလဲ…´´
``မတတ်နိုင်ဘူး အမိရေ…ကျုပ်လဲ စိတ်လောပြီး ကားကိုရပ်ခိုင်းလိုက်တာ ဝါးခယ်မကားဂိတ်ကို ဘယ်လို ပြန်သွားရမလဲ မမေးထားမိလိုက်ဘူး…´´
``ဒါ…ဒါဆို…ရှင်…နဲ့…ကျွန်မ…´´
``အောင်မလေးဗျာ…ဘာမှ ပူမနေနဲ့ ခင်ဗျားကို ကားဂိတ်တွေ့အောင်ရှာပြီး ကျုပ်ပို့ပေးမယ်…ခင်ဗျား မှဲ့တစ်ပေါက် မစွန်းစေရဘူး…စိတ်ချ ကျုပ်က မိကောင်းဖခင် သားသမီး…အခုတော့ အနောက်ပြန် လျောက်ကြည့်ကြမယ်…အကူညီတွေ့ရင်လဲ တောင်းရတာပေါ့…´´

မိန်းကလေးနှင့် အတူ ထီးလေးက တစ်လှမ် အကွာမျှ ခြားပြီး ဘေးချင်းကပ်လျောက်လာခဲ့တယ်။ မိန်းကလေးရဲ့မျက်နှာမှာတော့ စိုးရိပ်ပူပန်စိတ်များ ဖြစ်ပေါ်နေသည်ကို မတွေ့ရ
``ဟာ …ဟိုမှာ ကားတစ်စီးလာနေတယ် ကျွန်တော်တားလိုက်မယ် …´´
မီးထိုးမောင်းလာသည့် ကားတစ်စီလာနေသည်ကို တွေ့တာကြောင့် ထီးလေး တားလိုက်တော့သည် ။
``ဘာဖြစ်လို့လဲ…ညီလေး…´´
``ကျွန်တော်တို့ ဝါးခယ်မ ကားဂိတ်ကို သွားချင်လို့ ကူညီပေးပါလား အစ်ကို…´´
``ဟာ…အစ်ကိုက အခု လူမမာပါလာလို့ ဆေးရုံကို လိုက်ပို့ပေးမလို့ Sorry ပဲညီရေ နောက်တစ်ကားသာ တားလိုက်တော့…´´
``အစ်ကို…အစ်ကို…´´
ပြောပြီး ကားမောင်းထွက်သွားပါတော့သည်။ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းလေး ချလိုက်တယ်။ ဘေးကမိန်းကလေးကို ပုခုံး တွန့်ပြလိုက်တယ်။ စိတ်ပျက်စွာ နှစ်ယောက်စလုံး လမ်းဆက်လျောက်လာရင်း
``ဒါနဲ့…အမိ နာမည်ကဘယ်လိုခေါ်တုန်း…´´
``ရှင်…ဘာလုပ်မလို့လဲ…´´
``အော်ဗျာ…ခင်ဗျားကလဲ…ကျုပ်ကို အခုထိ မယုံသေးပါလား…ဟုတ်မှာပေါ့လေ…ဘယ်ယုံနိုင်ပါ့ဦးမလဲ…ကျွန်တော့နာမည်က ထီးကလေးပါ…ရန်ကုန်ကနေ ဦးလေးရှိတဲ့ ဝါးခယ်မမြို့ကို ကိစ္စတစ်ခုနဲ့သွားမလို့…´´
``ကျမနာမည် မိုးဝတီ ပါ ရန်ကုန်ကို အလည်လာတာ အခု  ဝါးခယ်မကို ပြန်မှာ…´´
``ဒါဆို ကျွန်တော်တို့ကားဂိတ်ရောက်တာနဲ့ အတူတူ သွားလို့ရတာပေါ့…´´
``ဒီအတိုင်းလျောက်နေလို့ကတော့ ကျွန်တော်တို့ကားဂိတ်ရောက်ဖို့မလွယ်ဘူးဗျ…သူငဟ်ချင်းတွေဆီ ဖုန်းဆက်ကြည့်ဦးမယ်…´´

ဘောင်ဘီအိတ်ထဲမှာ ဖုန်းကိုထုတ်ပြီ တန်ခိုးဆီသို့ ထီးလေး ဖုန်းဆက်လိုက်တော့တယ်
``ဟာကွာ…တော်သေးတာပေါ့…ငါတစ်ညနေလုံး မင်းတို့လေးယောက်ဆီ ဖုန်းခေါ်နေတာ…အခုမှပဲ ကိုင်တော့တယ်…´´
`မင်း…မြို့ရောက်နေပြီလား…ထီးလေး´
``ဘယ်ကသာရောက်ရမှာလဲကွာ…ကားမှားတတ်မိလို့ အခု အဝေးပြေးလမ်းမှာ လမ်းလျောက်နေရတယ်…´´
``ဟင်…ဘယ်လို…ဒါဆို …မင်းအခု လမ်းပေါ်မှာပေါ့…´´
``သေချာတာပေါ့…ဒါနဲ့မင်းတို့တွေဆီ ငါညနေက ဖုန်းခေါ်တာ ဘာလို့ မကိုင်ကြတာလဲ ငါ့မှာတော့ မင်းတို့တစ်ခုခုဖြစ်နေသလား ဆိုပြီး စိတ်ပူလိုက်ရတာ…´´
``မခေါ်ပါဘူးကွ…မင်းဖုန်းက အခုမှ ဝင်လာတာ…ဟေ့ယောင်…ဖုန်းထဲမှာ…အော်သံလိုလို ရီသံလိုလိုတွေ ကြားနေတယ် မင်းဘယ်ရောက်နေတာလဲ…´´
``လမ်းမှာပါဆိုနေ လာနောက်နေတယ်´´
``ငါမနောက်ဘူး…ထီးလေး…´´
``မနောက်လဲနေ အခု ငါပြောစရာရှိတယ်…မင်းတို့လိုက်လာရင် ငါ့အခန်း စားပွဲအပေါ်က ကျုတ်လက်ဖွဲ့…ဟို…ဟာ …´´

ထီးလေးပြောလို့မဆုံးခင်မှာပဲ မိုးချိန်းကာ ရုတ်တရက် မိုးပေါက်များ ကျလာပါတော့တယ် ။
``ဟာ…ဒုက္ခပဲ…မဝတီ…လာလာ…´´
မိုးပေါက်များ ကျလာတာကြောင့် ပြောလက်စ ဖုန်းကိုချပြီး မိန်းကလေးလက်ကို ဆွဲခါ ခပ်သွက်သွက်လေး အရှေ့စူးစူးကို လျောက်သွားလိုက်တယ်။
``ဟိုးမှာ…ကင်းတဲလားမသိဘူး…မီးတော့ လင်းနေတယ်…ကျွန်တော်တို့ အဲ့မှာ ခဏဝင်ခိုရအောင်…´´
မီးရောင်ပြပြမြင်နေရတဲ့ဆီသို့ မိန်းကလေး လက်ကို ဆွဲကာ ဦးတည်သွားနေလျက်
``ဟာ…မိုးက ရွာလာပြီ…မဝတီ မြန်မြန်လေးလျောက် ´´
မိန်းကလေးလက်ကို တင်းတင်းဆုပ်ခါ မီးရောင်တွေ့နေရသော ဆီသို့နီးကပ်လာခါမှ မိုးက ရုတ်တရက် သည်းထန်စွာ ရွာချလိုက်ပါတော့သည်။
``လာဗျာ…မဝတီ…မမှီတော့ဘူး…စိုပါလိမ့်စေတော့ ကျွန်တော်တို့မြန်မြန်လေး ပြေးသွားလိုက်မယ်…´´
*****************************

မီးလုံးလေးထွန်းထားသည့် ကင်းတဲလေးကို ရောက်လာကြတော့ နှစ်ယောက်လုံးရဲ့ ကိုယ်မှာ ရွှဲဆိုနေလျက် ``လာ…မဝတီရေ ဘယ်သူမှလဲ…မရှိဘူး…မောသွားပြီလား…´´
``မမောပါဘူး…တစ်ကိုယ်လုံးတော့ ဆိုကုန်ပြီ…´´
မည်သူမှ မရှိသည့် ကင်းတဲလေးမှာ ထီးကလေးနဲ့မိန်းကလေးနှစ်ယောက်တည်းသာ မိန်းကလေးက ကင်းတဲဒေါင့်လေးမှာ ကပ်နေလျက် ထီးလေးကတော့ ကင်းတဲ အဝမှာသာ ရပ်နေတော့သည်။ မိန်းကလေးကို တစ်ချက် လှည့်ချက်လိုက်တယ်။ ဒေါင်းလေးမှာ ကပ်ပြီး တစ်ကိုယ်လုံး တုန်းနေတာကို တွေတော့ မိုးရေဆိုနေတဲ့ အပေါ်အကျီ င်္ ကို ချွတ်လိုက်တယ်။ အောက်က မိုးရေ မဆိုတဲ့ ရှပ်အကျီင်္လေးကို ထပ်ချွတ်လိုက်ပြီး
``ဝတီ…အရမ်းချမ်းနေလား…´´
မိန်းကလေးက မော့ကြည့်လိုက်ပြီး ရှက်သွားပုံရသည် ။
``ရော့ …မဝတီ ကျွန်တော့ အကျီ င်္ လေးခြုံထားလိုက်ပါ …ဒါကရေမဆိုဘူး…ရော့ …ခြုံထားလိုက်ပါဗျ …ကျွန်တော်က ယောကျားလေး နေနိုင်ပါတယ်…´´
မိန်းကလေးက အကျီင်္ပေးနေသည့် လက်မှနေ၍ တဖြည်းဖြည်းထီးလေး မျက်နှာကို မော့ကြည့်ပြီး
``ကျေးဇူးတင်တယ်ပါ ကို…???´´
``ထီးကလေး…ပါ…´´
``ကျေးဇူးတင်ပါတယ်…ကိုထီးလေး ရှင့်ကိုလဲ တစ်ချိန်ချိန်မှာ ကျွန်မ ပြန်ကူညီခွင့် ရချင်ပါတယ်…´´
``ရပါတယ်ဗျာ …မလိုပါဘူး…ကျွန်တော်က မဝတီနေရာမှာ တစ်ခြားတစ်ယောက်ဆိုလဲ ဒီလိုပဲ ကူညီမှာပါ…´´``ကျွန်မ သိပါတယ် ကိုထီးလေး…ကျေးဇူးတင်မိလို့ပါ…´´
ထီးလေး ပေးသည့် ရှပ်အကျီ င်္ အဖြူလေးကို သူမ အပေါ်မှ ထပ်ခြုံထားလိုက်တယ်။
``ဖုန်းကလဲ ရေဆိုသွားပြီး…ဟင်…၂ နာရီတောင် ထိုးတော့မယ် …မဝတီ…အဲ့မှာ အိပ်လိုက်နော် …ကျွန်တော် ဒီအဝမှာပဲ ကားသွား ကာလာ ကိုစောင့်ရင်း ရှိနေပါ့မယ်…´´

နှုတ်မှ ဘာစကားမှ ပြန်မပြောပဲ ခေါင်းလေးသာ တစ်စက်စက် ငြိမ့်နေလျက် …

*****************************

``ဟေ့လူ…ဟေ့လူ…´´
နားထဲ ခေါ်သံကြားတာကြောင့်
``ဟင်…´´
``ခင်ဗျား…ဘယ်ကလဲ…ကျုပ်တို့ဆိုင်ခင်းတော့မယ်…သွားတော့…´´

အထုတ်အပိုးများဖြင့် ယောကျားကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။
``ကျုပ်တို့က ခရီးသွားတွေပါ ကားမှားစီးမိပြီး မိုးရွာလို့ခဏဝင်ခိုနေတာပါ…ဟိုမှာ မိန်းကလေးတစ်ယောက်လဲ ပါပါတယ်…´´
``ဘယ်မှာလဲ…´´
``ဟို…ဟို……………ဟင်´´
``ကြောင်တောင်တောင်နဲ့ သွားသွား…သူများဈေးဆိုင်မှာ လာပြီး အိပ်နေရတယ်လို့…လာဒ်တိတ်တယ်´´
``နေပါဦးဗျာ…နေပါဦး…မိန်းကလေးတစ်ယောက်ကို ခင်ဗျား တွေ့မိလိုက်သေးလား…´´
``ဘာတွေလာပြောနေတာလဲ…ဘယ်က မိန်းကလေးလဲ…ကျုပ် ဆိုင်ခင်းမလို့လာတည်းက ဒီမှာ ခင်ဗျားတစ်ယောက်တည်း အိပ်မောကျနေတာ …ကြောင်တောင်တောင်နဲ့အရူးကွက်လာမနင်းနဲ့နော် ရဲတိုင်လိုက်မှာ…ဘာမှတ်နေလဲ ´´
``ဟာဗျာ…ရဲတော့ မတိုင်ပါနဲ့…ဒါက ခင်ဗျားတို့ဆိုင်လား…´´
``ဟုတ်တယ်…ထမင်းကျော်ဆိုင်…´´
``ဒါနဲ့…ညကရော မိုးတော်တော်လေး ရွာလား…´´
``ဟေ့လူ…ခင်ဗျား ပုံမှန်ဟုတ်ပါတယ်နော် …မိုးရွာဖို့မပြောနဲ့ ပူလွန်းလို့အိပ်လို့တောင်မရဘူး…´´
``ဗျာ…ခ…ခင်ဗျား…တ…တကယ်ပြောနေတာလား´´``ခင်ဗျားကို လိမ်ပြီး ဘာလုပ်ရမှာလဲ…သွားသွား…ကျုပ် ဆိုင်ခင်းတော့မယ် ခင်ဗျား လှည့်ကင်းနဲ့ မတွေ့တာပဲ ကံကောင်းတယ် မှတ်…´´
``နေပါဦးဗျာ…အစ်ကိုကြီး …အခုဘယ်နာရီ ရှိပြီလဲ…´´
``ခင်ဗျား လက်က နာရီမဟုတ်ဘူးလား´´
``ဟုတ်…ဟုတ်…ဟင်…၅ နာရီတောင် ခွဲနေပြီ…´´``ဟုတ်တယ် …ဖယ်စမ်းပါဗျာ ဆိုင်ခင်းတာနောက်ကျလို့ ကျုပ်မိန်းမပြောတာ ခံနေရဦးမယ်…ဖယ်ဖယ်…´´

ကြောင်တောင်တောင်ဖြစ်ကာ ထီးလေး ဆိုင်အဝမှ ထွက်ပြီး တွေဝေစွာဖြင့် ရပ်နေမိတော့သည်။
``ဟေ့လူ…ခင်ဗျား ဆိုင်ရှေ့မှာ ဘာရပ်လုပ်နေတာလဲ…´´
``ဗျာ…အော်…ဝါးခယ်မ ကားတွေ ဘယ်လမ်းကို ဖြတ်လဲ မေးမလို့…´´
``ဝါးခယ်မ အဝေးပြေးကားတွေက အရှေ့တည့်တည့်ကို လျောက်သွား အရှေ့မှာ ဆိုင်တစ်ဆိုင်ရှိတယ် အဲ့ရောက်မှ ခင်ဗျား …ကားတားပြီးတော့ စီးသွားတော့…အခု ခင်ဗျား ခြေဦးလှည့်နေတဲ့ဘက်က ဟင်္သာတ သချို င်္င်းပဲရှိတယ်…ဒီဘက်ကို ပြန်လျောက်…´´
``ဟင်…ဟုတ်…ဟုတ်ကဲ့အစ်ကိုကြီး ကျေး…ကျေးဇူးတင်ပါတယ်´´
``ဘာမှန်းလဲ မသိဘူး လူကိုက ကြောင်တောင်တောင်နဲ့ မိုးရွာတယ်တဲ့မိန်းကလေးတစ်ယောက်တဲ့…အိုး…ရှုတ်နေတာပဲ လူကောင်းမှ ဟုတ်ရဲ့လား မသိဘူး…´´

ဆိုင်ပိုင်ရှင် ညွှန်ပြလိုက်သည့် လမ်းအတိုင်း ဝေလီ ဝေလင်း နေမထွက်ခင် အချိန်မှာတော့ ထီးလေးတစ်ယောက် အတွေးများစွာဖြင့် ဦးတည် လျောက်နေပါတော့သည်။         ။

*****************************

အပိုင်း (၃)တွင် ဆက်လက် ဖော်ပြပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages