လူစင်စစ်မှ ကြက်မွှေးများပေါက်သူ (ဖြစ်ရပ်မှန်) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

လူစင်စစ်မှ ကြက်မွှေးများပေါက်သူ (ဖြစ်ရပ်မှန်)

Share This
စာမပေါ်သူများအတွက်ဦးစားပေးရေးသားလိုက်သော
                 ဖြစ်ရပ်မှန်ဇာတ်လမ်းတို
         လူစင်စစ်မှ ကြက်မွှေးများပေါက်လာသူ
                ဘကြီးကျော်၏ ပြောပြချက်
               စာရေးသူ - ထီးကလေး
           (ရင်နှင့်ရင်း၍ရေးသားသည်)
                            ****




  အချိန်ကား ၁၉၈၀ပြည့်နှစ် ကျေးရွာလေးတစ်ရွာတွင် ဖြစ်စေသည်။ ထိုကျေးရွာလေးတွင် နေထိုင်သူများမှာ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူးရေးလုပ်ငန်းများ စသည်တို့အား လုပ်ကိုင်လေ့ရှိကြ၏။ အများအားဖြင့် မွေးမြူးရေးလုပ်ငန်းများ အဓိကထား လုပ်ကိုင်စားသောက်သူ အများပြားရှိကြသည်။ မွေးမြူရေးလုပ်ငန်းဟုဆိုစေကာမူ ကြီးကြီးမားမား မွေးမြူးရေးလုပ်ငန်းမျိုးပင်မဟုတ်၊ နေအိမ်များတွင် ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား ထို့သို့သော တိရိစ္ဆာန်များအား မွေးမြူကာ မြို့ပေါ်သို့ရောင်းချခြင်းမျိုးဖြစ်ချေသည်။

   ''သူတောင်းစားသူခိုးတွေ ဘယ်ခွေးသူခိုးလက်ချက်လဲ မနက်စောစောစီးစီး မဆဲဆိုချင်လို့ နေလဲမရဘူး… ငါ့အသံလူကြားမှာဆိုးလို့ ကြိတ်မှိတ်ပြီးနေခဲ့တာ များလာပြီး''
     ''သူတောင်းစားသူခိုးတွေ သုံးရက်ရှိပြီး ငါ့ခြံထဲက ဘဲတွေပျောက်ပျောက်နေတာ… ဒီနေ့တော့မခံစားနိုင်တော့ဘူး… ရွာမှာ အဲ့ဒီလိုသူခိုးမျိုးရှိနေလို့မဖြစ်ဘူး… ရွာလူကြီးနဲ့ကိုးတိုင်မှဖြစ်တော့မယ် ××××''

   ရိုးသားကြ၏။ ထိုတစ်ရွာလုံး။ မနက်မိုးလင်းလာသည်နှင့် ထိုကဲ့သို့သော ဆဲဆိုသံများ တစ်အိမ်မဟုတ် တစ်အိမ်အိမ်၌ အမြဲတစေကြားရလေ့ရှိသည်။ ယခုအခါတွင်လည်း ရွာအတွင်းရှိ နေအိမ်တစ်အိမ်မှ ဒေါသတကြီးအော်ဟစ် ဆဲဆိုနေသော အသံပင်ဖြစ်ချေသည်။ မိမိ၏မွေးမြူးထားခဲ့သော ဘဲများ ပျောက်ဆုံးသွားခဲ့ပြီး ခိုးယူသွားခဲ့သော ဘဲသူခိုးအား မည်သူမည်ဝါမှန်းမသိ ဝါးလုံးရှည်ဖြင့် လှည့်ရမ်းခါ ဆဲဆိုနေခဲ့ခြင်းဖြစ်သည်။

     ''အားလုံးကြားကြသမျှ အမျှ အမျှ အမျှ
        ယူတော့မူကြပါကုန်လော
          သာဓု သာဓု သာဓု …''

 မနက်အချိန်ခါတိုင်း ကြားရလေ့ရှိ၏။ ဒေါ်ဘွားရှင်၏ အိမ်ဦးခန်းမှ အမျှဝေကြေးစည်သံများ။ ထိုတစ်ရွာလုံးတွင် ဒေါ်ဘွားရှင်ဟူသော အဘွားအိုမှာ အသက်အားဖြင့် ၇၅နှစ်ခန့်ရှိပြီဖြစ်ပြီး အဘွားအိုတွင် သားတစ်ယောက်ရှိ၏။ သားဖြစ်သူမှာလည်း တစ်ရွာလုံး၏စီးပွားရေးဖြစ်သော ကြက်၊ ဘဲ တိရိစ္ဆာန်များအား မွေးမြူထားခဲ့သည်။

  တစ်နေ့တွင် သားဖြစ်သူမှာ ရန်ကုန်သို့တတ်ရောက်စေရင်း အလုပ်လုပ်ကိုင်မည်ဟု မိခင်ဒေါ်ဘွားရှင်ထံတွင် ခွင့်တောင်းဆိုခဲ့သည်။ ဒေါ်ဘွားရှင်ဟာလည်း သားဖြစ်သူအား မိမိ၏မျက်စိအောက်တွင်သာ ရှိနေချင်ခဲ့သော်လည်း ဝမ်းရေးအတွက် သားဖြစ်သူ၏ တောင်းဆိုချက်အား ခွင့်ပြုလိုက်ရချေသည်။ သားဖြစ်သူသည်လည်း မိခင်ထံသို့ မကြာခဏလာရောက်တွေ့ဆုံမည်ဟု ပြောဆိုစေခါ ရန်ကုန်သို့ တတ်ရောက်သွားစေခဲ့သည်။

   သားဖြစ်သူ၏ မွေးမြူထားသော တိရိစ္ဆာန်လေးများအား ဒေါ်ဘွားရှင်မှာ စောင့်ရှောက်ပေးထားရသည်။ သားဖြစ်သူမှာလည်း ထိုကဲ့သို့သော တိရိစ္ဆာန်များအား မွေးမြူရောင်းခြင်းအလုပ်မှာ အကုသိုလ်ကံမြောက်ကြောင်း သိရှိထားစေသည်။ ထို့ကြောင့် ယခုအရွယ်၌ တရားဘာဝနာဖြင့် နေထိုင်သင့်သော မိခင်အိုကြီးအား မိမ်၏မွေးမြူထားခဲ့သော တိရိစ္ဆာန်များ စောင့်ကြည့်ထားပေးရန် မမှာရက်ခဲ့ချေ။ ဒေါ်ဘွားရှင်မှာမူ သားဖြစ်သူ မွေးမြူထားခဲ့သော တိရိစ္ဆာန်လေးများအား မေတ္တာတရားအရှေ့ထားခါ မနက်၊ နေ့လည်၊ ညနေ အချိန်များတွင် အစားအစာများ ကျွေးမွေးလေ့ရှိသည်။

    ဒေါ်ဘွားရှင်နှင့် သက်တူရွယ်တူ အဘိုးအဘွားများသည်လည်း ထိုကျေးရွာလေးတွင် နေထိုင်ကြသည်။ ဒေါ်ဘွားရှင်နှင့် ငယ်ပေါင်းကြီးဖော် ဘကြီးကျော်ဟူသော အဘိုးအိုတစ်ယောက်သည်လည်း ထိုရွာလေးတွင် နေထိုင်ချေသည်။ ဘကြီးကျော်တွင်လည်း သားတစ်ယောက်ရှိ၏။ အမည်မှာ ကိုအောင်ကြီးဟုခေါ်တွင်သည်။ ထိုသူမှာ တစ်ရွာလုံးတွင် မူးယစ်သောက်စား အပျော်ပါးအား အလွန်ပင်မက်မောသူဖြစ်သည်။ ဖခင်ဘကြီးကျော်မှာလည်း ဆင်းရဲမွဲတေနေခဲ့သည်မဟုတ် သို့သော် ကိုအောင်ကြီးမှာ ပေပေတေတဖြင့်သာ အမြဲတစေနေတတ်သည်။ တစ်ရွာလုံးတွင်လည်း သူ့အား ခြေဆော့လက်ဆော့ရှိပြီး ခိုးတတ်သည်ဟု သတ်မှတ်ထားစေသည်။

  သို့သော် ထိုရွာလေး၏ရပ်မိရပ်ဖဖြစ်သော ဘကြီးကျော်၏သားဖြစ်နေသည်ကြောင့် သူ့အား အပြစ်မပြောရက်ခဲ့ချေ။ ကိုအောင်ကြီးမှာ စောရနက္ခနှင့်ယှဉ်ပြိုင်မွေးလာသည်ဟုလည်း ဖခင်ဘကြီးကျော်မှ တစ်ခါခါပြောဆိုလေ့ရှိသည်။ ငွေကြေးမတတ်နိုင်သောကြောင့် ရွာတွင်မွေးမြူထားခဲ့သော ကြက်၊ ဘဲများအား အောင်ကြီးတစ်ယောက် ခိုးယူစားသောက်ခြင်းမဟုတ်။ အပေါင်းသင်းများနှင့် အပျော်သဘောအနေနှင့်သာ ခိုးခြင်းဖြစ်လေသည်။

   အောင်ကြီးနှင့်အပေါင်းအဖော်များ၏ ရန်အား ကြောက်ရသည်ကြောင့် ရွာသူရွာသားများမှာ မိမိတို့မွေးမြူထားခဲ့သော တိရိစ္ဆာန်များအား ညအချိန်ခါ၌ ကင်းချခါ စောင့်ကြပ်လေ့ရှိသည်။ အောင်ကြီးနှင့်အပေါင်းအဖော်များသည်လည်း ကြက်ခြံ၊ ဘဲခြံများအား ကင်းစောင့်နေသည်ကို သိရှိလျင် ခိုးယူခြင်းမပြုပဲ ရှောင်တိမ်းသွားတတ်သည်။

    တစ်ရွာလုံးနီးပါး ထိုသို့ကင်းစောင့်နေကြသည်ကြောင့် အောင်ကြီးတစ်ယောက်မှာမူ ကြက်ဘဲများအား ခိုးယူရန်အတွက် အလွန်ပင်ခက်ခဲနေခဲ့သည်။ အပေါင်းသင်းများ၏ ဝိုင်းဝန်းမြောက်ပင့် ပြောဆိုနေခဲ့သည့် စကားများကြားမှ ဒေါ်ဘွားရှင်အိမ်တွင် သားဖြစ်သူခရီးထွက်ခွာသွားခဲ့ပြီး နေအိမ်ရှိ ကြက်ခြံတွင် စောင့်ကြပ်မည့်သူမရှိကြောင်း ကြားသိလိုက်ရသည်။ ထို့ကြောင့် ယနေ့ညတွင် မိမိတစ်ကိုယ်တည်း ဒေါ်ဘွားရှင်၏နေအိမ်မှ ကြက်များသွားရောက်ခိုးယူမည်ဟု ကြံစည်ထားခဲ့သည်။

     ''အားလုံးကြားကြသမျှ အမျှ အမျှ အမျှ
        ယူတော့မူကြပါကုန်လော
          သာဓု သာဓု သာဓု …''
မိုးစင်စင်လင်းလာသည်နှင့် တစ်ခြားသော နေအိမ်များမှ ဆဲဆိုသံများနှင့် အစပြုနေခဲ့သော်လည်း ဒေါ်ဘွားရှင်၏နေအိမ်တွင်မူ အမျှပေးသံ၊ မေတ္တာပို့သံများနှင့် အေးချမ်းစွာ အစပြုလာစေခဲ့သည်။ မိမိ၏အလုပ်တစ်ခုဖြစ်သော သားဖြစ်သူ၏တိရိစ္ဆာန်လေးများအား မနက်လင်းသည်နှင့် အစာခေါ်ယူကျွေးမွေးလေခဲ့သည်။ ထိုအခါ မွေးမြူထားခဲ့သော တိရိစ္ဆာန်များထဲမှ အလိမ္မာဆုံးဟု သတ်မှတ်ထားသည့် ကြက်မကြီးတစ်ကောင် ပျောက်ဆုံးနေခဲ့လေသည်။

  မည်သူ့လက်ချက်ပင်ဖြစ်သနည်း။ ဒေါ်ဘွားရှင်တစ်ယောက် စိတ်မကောင်းဖြစ်မိ၏။ မနက်အချိန်ခါတိုင်း မိမိမေတ္တာပို့နေသည့်အချိန်များတွင် အိမ်အပေါက်ဝလေး၌ ငြိမ်သတ်စွာရှိနေတတ်ပြီး အစားကျွေးချိန်ဆိုလျင် မိမိ၏လက်ဝယ်အတွင်းမှ ဆန်ကွဲလေးများအား လာရောက်စားတတ်သည်။ ယခုအခါ ထိုကြက်မကြီးပျောက်ဆုံးသွားခဲ့သည်ကြောင့် ဒေါ်ဘွားရှင်မှာမူ အလွန်ပင် ဝမ်းနည်းတမ်းတမိ၏။ သို့သော်လည်း ဒေါ်ဘွားရှင်မှာ တရားသဘောနှင့်သာ ဖြေသိမ့်နေခဲ့သည်။

   တစ်ခြားသော နေအိမ်များ၌ ထိုကဲ့သို့ တိရိစ္ဆာန်များ ပျောက်ဆုံးသွားခဲ့သည်နှင့် တစ်ရွာလုံအား လှည့်ပတ်ရမ်းခါ ဆဲဆိုလေ့ရှိသော်လည်း ဒေါ်ဘွားရှင်မှာမူ ထိုကဲ့သို့မျိုးမဟုတ် ဆိတ်ဆိတ်သာငြိမ်သတ်နေခဲ့လေသည်။ အောင်ကြီးတစ်ယောက်မှာလည်း ဒေါ်ဘွားရှင်တစ်ယောက် သူမ၏ကြက်များ ပျောက်ဆုံးနေခဲ့သည်ကိုပင် ရိမ်စားမိခြင်းမရှိခဲ့လေသလားဟု ထင်မှတ်ခါ ညစဉ်တိုင်းသာလျင် လာရောက်ခိုးယူနေတော့သည်။

  ဒေါ်ဘွားရှင်သည်လည်း မိမိ၏တိရိစ္ဆာန်လေးများ တစ်နေ့တစ်ခြား လျော့ပါးလာခဲ့ပြီး ပျောက်ဆုံးနေခဲ့သည်ကိုလည်း ကောင်းစွာသိရှိနေခဲ့သည်။ သို့သော်လည်း စိတ်ဆိုးဒေါသထွက်ခြင်းမရှိ။ ပျောက်ဆုံးသွားသည့် တိရိစ္ဆာန်များအား မေတ္တာပို့အမျှပေးခါ တရားနှင့်သာ ဖြေသိမ့်နေခဲ့သည်။

ထိုကဲ့သို့ရက်ပေါင်းများလေသည်။ အောင်ကြီးသည်လည်း စားကျက်တွေ့နေသကဲ့သို့ နေ့စဉ်ကြက်များခိုးယူနေခဲ့ပြီး တစ်မနက်တွင် သူ၏တစ်ကိုယ်လုံး ယားရမ်လာခဲ့သည်။ အဘယ့်ကြောင့်ထိုကဲ့သို့ ယားနေရသနည်း။ ရေများချိုး၏။ သို့သော်လည်း ယားရမ်မှုများ ပျောက်ဆုံးသွားခြင်းမရှိခဲ့ချေ။ တစိမ့်စိမ့်နှင့် ပို၍ပင် ယားရမ်းလာခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း အမွှေးအမျှင်များ ရှည်ထွက်လာခဲ့သည်ဟု ခံစားမြင်ယောင်နေမိသည်။

   ဖခင်ဖြစ်သူဘကြီးကျော်အားလည်း ထိုကဲ့သို့ မိမိယားရမ်းနေခဲ့ကြောင်း ပြောဆိုလေခဲ့သေးသည်။ သို့သော်ဖခင်ဖြစ်သူမှာ သားဖြစ်သူ၏ အကြောင်းအား သိရှိထားခဲ့ပြီး သာမာန်မျှသာ ယားရမ်ခြင်းဖြစ်မည်ဟု သတ်မှတ်ထားစေလေသည်။ တစ်နေကုန်လာ၏။ အောင်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံး နီးရဲနေခဲ့ပြီး ကုတ်ဖဲ့ထားခြင်းကြောင့်လည်း အရည်ပြားများမှာလည်း စုတ်ပြဲနေခဲ့ရသည်။

   ညအချိန်ခါတွင်လည်း တစ်ညလုံးနီးပါးမျှ တစိမ့်စိမ့်ယားရမ်လာခါ မနက်အာရုံတတ်ခါနီးအချိန်၌တွင် အောင်ကြီးခန္ဓာကိုယ်ပေါ်မှ ကြက်မွှေးများကဲ့သို့ ပေါ်ထွက်လာခဲ့လေသည်။ အမွှေးနုလေးများအား အကဲခတ်ကြည့်လိုက်ရုံနှင့် ကြက်များ၏ကိုယ်ပေါ်တွင် ပေါက်လေ့ရှိသော အမွှေးအမျင်များဟု ကောင်းစွာသိရှိစေနိုင်သည်။ ဖခင်ဖြစ်သူဘကြီးကျော်သည်လည်း သားဖြစ်သူ၏ အဖြစ်အား မျက်ဝါးထင်ထင်မြင်တွေ့ရလျက် အဘယ်ကြောင့် ထိုကဲ့သို့ဖြစ်ရသနည်းဟု မေးမြန်းစေခဲ့သည်။

  သားဖြစ်သူအောင်ကြီးမှာလည်း အပျော်သဘောနှင့် ရွာရှိကြက်ဘဲများအား ခိုးယူခါ အပေါင်းအသင်းများနှင့် စားသောက်လေ့ရှိကြောင်း။ ထို့ကြောင့် မနက်လင်းလာသည်နှင့် ရွာရှိနေအိမ်များမှ ဆဲဆိုသံများကြားရလေ့ရှိပြီး ထိုကဲ့သို့ ဆဲဆိုနေခဲ့လျင် မိမိနှင့်အပေါင်းဖော်များမှာ ထန်းရည်ဝိုင်း၌ ပျော်ရွှင်ရယ်မောစွာ ပြန်လည်ပြောဆိုခဲ့ကြသည်။ တစ်ရွာလုံးရှိ ကြက်ခြံပိုင်ရှင်များမှာ ကင်းစောင့်များချထားခဲ့သည်ကြောင့် ကင်းစောင့်မရှိသော ဒေါ်ဘွားရှင်၏နေအိမ်တွင် မွေးမြူထားခဲ့သည့် ကြက်များအား ခိုးယူမိခဲ့ကြောင်း ပြောဆိုလေခဲ့သည်။ သို့သော် ဒေါ်ဘွားရှင်မှာမူ ရွာသားများကဲ့သို့ ဆဲဆိုကျိန်းမောင်းခြင်းများမရှိ။ မေတ္တာပို့ခါ တရားသဘောနှင့်ဖြေနေခဲ့သည်ကြောင့် မိမိနှင့်အပေါင်းအဖော်များမှာ ရွာသူရွာသားများအား လှောင်ပြောင်သကဲ့သို့ ဒေါ်ဖွားရှင်အား မလှောင်ပြောင်နိုင်ခဲ့ကြောင်း ပြောဆိုလေခဲ့သည်။

  ခန္ဓာကိုယ်ပေါ်တွင် ကြက်မွှေးများပေါက်လာသည်ဟု ယူဆနိုင်သော သားဖြစ်သူအောင်ကြီး၏ ပြောစကားများအား ဘကြီးကျော်တစ်ယောက် ကြားသိလိုက်ရသည်နှင့် ကောင်းစွာသဘောပေါက်စေခဲ့သည်။

  ''အေးကွ!… မေတ္တာ…မေတ္တာ''
  ''တယ်လဲဆန်းကြယ်တဲ့ မေတ္တာတရားပါလား''

ထိုကဲ့သို့သော် ဖခင်ဖြစ်သူ၏နှုတ်မှ လေးလေးပင်ပင်ပြောဆိုလာခဲ့သည့် စကားများအား အောင်ကြီးတစ်ယောက် နားမလည်နိုင်။ မိမိ၏ခန္ဓာကိုယ်ပေါ်မှ ကြက်မွှေးများကဲ့သို့ အမွှေးအမျှင်များ ပျောက်ကွယ်သွားချင်ရုံမှလွဲ၍ တစ်ခြားသော စကားများ သူတစ်ယောက်မကြားချင်ခဲ့ချေ။

    ''ဒေါ်ဘွားရှင်က ဘုရားတရားကိုင်းရှိုင်းတဲ့ လူတစ်ယောက်ကွ… သူ့အိမ်က ကြက်တွေပျောက်သွားတိုင်း သူများတွေလို ဒေါသတကြီး အော်ဟစ်ဆဲဆိုတာမျိုးမရှိဘူး… တရားသဘောနဲ့ပဲဖြေသိမ့်နေခဲ့တယ်!''
  ''နောက်ပြီး. မေတ္တာတရားအရှေ့ထားပြီး အရာရာတိုင်းကို သဘောတရားနဲ့မကြည့်ပဲ တရားသဘောနဲ့ကြည့်တော့ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေအပေါ်လည်း တပ်မတ်မှု့မရှိတော့ဘူးလေ!''
  ''အပေါ်ယံအရ ယူဆမယ်ဆိုရင် ဒေါ်ဘွားရှင်ရဲ့ ကြက်ကိုခိုးစားလို့ ဒေါ်ဘွားရှင်က မင်းကို အောက်လမ်းပညာနဲ့ ပြုစားလိုက်ပါတယ်လို့ ပြောကြဦးမှာသေချာတယ်''
   ''တကယ်တော့ သူ့ရဲ့မေတ္တာတွေက မင်းကိုစူးစေခဲ့တာပဲ သူများတွေလို ဒေါ်ဘွားရှင်လဲ ဒေါသတရားနဲ့ ဆဲဆိုလိုက်မယ်ဆိုရင် မင်းခန္ဓာကိုယ်ပေါ်မှာ အခုလိုကြက်မွှေးတွေလဲ ပေါက်လာမဟုတ်ဘူး…''

   ''ဟင်!… ဒါဆို အဘပြောချင်တာက…"
  "ဟုတ်တယ်!… ဒေါ်ဘွားရှင် မင်းအပေါ်မေတ္တာမပျက်သ၍ မင်းအခုလို ကြက်မွှေးတွေရှည်ထွက်လာဦးမှာပဲ''
   ''ဟာဗျာ… အဘရာ… ကျုပ်အဲ့ဒါတွေအခုမှသိတယ်… ကျုပ်တကယ်နောင်တရပါပြီဗျာ… အခုကျူပ်ကိုယ်ပေါ်က အမွှေးအမျှင်တွေ ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲ''
  ''အင်း!… လုပ်ဖို့တစ်နည်းပဲရှိတယ်… မင်းအပေါ်မှာထားတဲ့ ဒေါ်ဘွားရှင်ရဲ့ မေတ္တာတွေ ပြေပျောက်သွားမှဖြစ်မယ် မဟုတ်ရင် မင်းကိုယ်ပေါ်က ကြက်မွှေးတွေပျောက်မှာမဟုတ်ဘူး''
    ''ဒါဆိုကျူပ်ဘယ်လိုလုပ်ရမလဲအဘ''
   ''ဒေါ်ဘွားရှင်ဆီကိုသွား… ဒေါ်ဘွားရှင်ကြီးက ငယ်ငယ်တည်းက သူ့ခါးကိုတို့ရင် ယောင်တတ်တယ်!… ပြီးတော့သိပ်လဲစိတ်ဆိုးတာ ဒေါ်ဘွားရှင်အကြောင်း ငါကောင်းကောင်းသိတယ် မင်းကလဲ သူ့သားနဲ့တရွယ်တည်း သူ့လက်ပေါ်မှာ ကြီးပြင်းလာတယ်လို့ ယူဆလို့ရတယ်''
  ''ဒီတော့… သူ့ဆီကိုးသွားပြီး သူ့ခါးကိုတို့ အဲ့ဒီအခါကျရင် မင်းနာမည်ခေါ်ပြီး သူယောင်မိယောင်ရာတွေ ယောင်လာလိမ့်မယ် အဲ့ဒါဆို တစ်နည်းအားဖြင့် မင်းအပေါ်ကိုသူစိတ်ဆိုးပြီး မေတ္တာပျက်သွားလိမ့်မယ် အဲ့ဒါဆိုရင် မင်းကိုယ်ပေါ်က ကြက်မွှေးတွေ ပျောက်သွားမှာသေချာတဟ်''
 
 သားဖြစ်သူအောင်ကြီးအား ဘကြီးကျော်မှထိုသို့ပြောဆိုလိုက်လေသည်။ သို့နှင့် အောင်ကြီးမှာ မိမိ၏တစ်ကိုယ်လုံး ကြက်မွှေးများထွက်နေသည်ကြောင့် အလွန်ပင် ရှက်ကြောက်မိရင်း ဒေါ်ဘွားရှင်၏နေအိမ်ဆီသို့ ခြုံစောင်ပတ်ခါ ဦးတည်သွားလေခဲ့သည်။ ဒေါ်ဘွားရှင်အိမ်ရှေ့သို့ ရောက်သည်နှင့် အောင်ကြီးမှာ

''ဗျို့… ဒေါ်ဘွားရှင်… အဘွားရှင်''
  ''ဟဲ့!… ဘယ်သူတုန်း''
''ကျုပ်ပါ. အောင်ကြီး''
   ''ဟဲ့… ငအောင် စောင်ကြီးပတ်ပြီး ဘာတွေလုပ်နေတာတုန်း… နင်နဲ့ဟယ် အိုက်ရပူရတဲ့ကထည်း… လာ… အိမ်ထဲဝင်''

''ဘယ်လိုဖြစ်လာတာတုန်း!… ငဖျားတတ်နေတာလား''
   ''ကြီးတော် ကျုပ်ကို ကြီးတော် အားရပါးရ ဆဲပါဗျာ… ကျုပ်ကိုဆဲပါ''
''ဟင်… ဘယ့်နှဟယ်… ငါ့ကိုအကုသိုလ်လာပေးနေတာ နင့်ကိုဘာလို့ဆဲရမှာတုန်း''
 ''လုပ်ပါကြီးတော်ရာ ကျူပ်ကိုဆဲပေးပါ ကျုပ်ကိုကြီးတော် စိတ်ရှိလက်ရှိဆဲလိုက်ပါ''
  ''ဒီကောင်လေး ငါ့ကိုနောက်နေတာလား… ဘာဖြစ်နေတာလဲ''
  ''ဘာမှမဖြစ်ပါဘူး ကျုပ်ကိုကြီးတော် ဆဲမှာလား မဆဲဘူးလား''
  ''ဟက်အေး!… ငါကနင့်ကိုဘာလို့ဆဲရမှာလဲ''
  ''ဒါဆိုလဲပြီးရော!…''

   သဘောကောင်းလွန်းလှသည့် ဒေါ်ဘွားရှင်ဟာ အောင်ကြီးအား နေအိမ်အပေါ်တွင် အကြမ်းရေဖြင့် ဧည့်ခံခါ စကားလက်ခံပြောစေသည်။ အောင်ကြီးတစ်ယောက် အိမ်ပေါ်သို့ တတ်ရောက်လာကတည်းမှ ဒေါ်ဘွားရှင်အား ဆဲဆိုခိုင်းနေခဲ့သည်။ သို့သော် ဒေါ်ဘွားရှင်မှာ မည်သို့မှပင် သူ၏နှုတ်မှ အောင်ကြီးအပေါ်၌ မေတ္တာပျက်ပျယ်သော အမူယာများ မတွေ့ခဲ့ရချေ။ သို့နှင့် ဖခင်ဘကြီးကျော် ပြောဆိုလိုက်သည့်အတိုင်း အောင်ကြီးမှာမူ ထိုင်နေရာမှ ရုတ်တရက်ထလိုက်ခါ ဒေါ်ဘွားရှင်၏ခါးအား လက်ဖြင့်တိုလိုက်စေသည်။

  ထိုအခါ ဒေါ်ဘွားရှင်မှာ သူ၏နှုတ်မှ ကယောင်ကတမ်းစကားများစွာ ပြောစွာလာခဲ့ရင်း အောင်ကြီးအား လွန်စွာစိတ်မိချေသည်။ ပို၍ပင်ဆိုးသည်က မိမိအား ခါးတို့စေခဲ့ရင်း အောင်ကြီးမှာမူ မိမိတစ်ယောက် ကယောင်ကတမ်းပြောဆိုလာသည့် စကားများအားကြားသွားစေကာ ဟားတိုက်ရယ်မောစေခြင်းကြောင့် ဒေါ်ဘွားရှင်မှာမူ ဒေါသများမိုးထိရောက်ခဲ့ရသည်။ ထိုကဲ့သို့ ယောင်တတ်ခြင်းအား ဒေါ်ဘွားရှင်မှာမူ မေ့ဖျောက်ထားခဲ့သည်မှာ နှစ်ကာလကြာမြင့်နေပြီဖြစ်သည်။

 သူမအပျိုစင်ဘဝမှ သူမအား ခါးတို့ခါ လှောင်ပြောင်ခဲ့သည့် သူမျာအား ဒေါသတကြီးဆဲဆိုမုန်းတီးခဲ့ဘူးသည်။ ယခုအချိန်ထိလဲ ဒေါ်ဘွားရှင်မှာ သူမအား ခါးတို့စနောက်သည့် လူများအား ဒေါသကြီးစွာထွက်မည်မှာ အမှန်ပင်ဖြစ်မည်ကို ငယ်ပေါင်းဘကြီးကျော်တစ်ယောက် သိရှိခဲ့ပြီး သားဖြစ်သူအောင်ကြီးအား ထိုသို့စေခိုင်းလိုက်ခြင်းဖြစ်စေသည်။

ဒေါ်ဘွားရှင်မှာ ဒေါသကြီးစွာနှင့် အောင်ကြီးအား ဆဲဆိုခါနေအိမ်အပေါ်မှ နှင်ထုတ်စေခဲ့သည်။ တစ်နေ့လုံးတွင်လည်း ဒေါ်ဘွားရှင်မှာ အောင်ကြီး၏အပေါ်သို့ မေတ္တာပျက်ပျယ်ခါ စိတ်ဆိုးမပြေခဲ့ချေ။ သို့မှသာလျင် အောင်ကြီး၏ခန္ဓာကိုယ်ပေါ်၌ ထွက်ပေါ်နေခဲ့သော ကြက်မွှေးများကဲ့သို့ အမွှေးအမျှင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရလေသည်။

 နောက်တစ်နေ့တွင်မူ ဘကြီးကျော်နှင့် သားဖြစ်သူအောင်ကြီးတို့မှာ ဒေါ်ဘွားရှင်၏နေအိမ်ဆီသို့ ရောက်ရှိလာခဲ့ပြီး အောင်ကြီး၏အကြောင်းများအား အကြောင်းစုံရှင်းပြစေခါ ဝန်ချတောင်းပန်လေခဲ့သည်။ မိမိ၏ကြက်များ နေ့စဉ်နှင့်အမျှ ပျောက်ဆုံးနေခဲ့ရသော်လည်း ဒေါ်ဖွားရှင်မှာ ခိုးယူသူအပေါ်၌ မတ္တာတရားမပျက်ပျယ် မေတ္တာတရားနှင့် တုန့်ပြန်ခဲ့ခြင်းကြောင့် အောင်ကြီး၏ကိုယ်ပေါ်တွင် ဒေါ်ဖွားရှင်၏ကြက်များကဲ့သို့ အမွှေးအမျှင်များ ပေါ်ထွက်လာခဲ့ရခြင်းဖြစ်သည်။

 ဒေါ်ဘွားရှင်တစ်ယောက် မေတ္တာပျက်ပျယ်သွားမှသာလျင် အောင်ကြီးသည်လည်း ခန္ဓာကိုယ်အပေါ်မှ ကြက်မွှေးများပျယ်ပျောက်သွားခဲ့ရသည်။ ထိုနေ့မှစတင်ခါ အောင်ကြီးသည်လည်း မေတ္တာတရား၏အစွမ်းပကာသတို့အား သိရှိစေခဲ့ရင်း မကောင်းမှု့များစွန့်ခွာသွားစေခါ သာသနာဘောင်၌ ရဟန်းဝတ်ဖြင့် ကိုယ်ကျင့်တရားစောင့်ထိန်းစေခဲ့ရင်း မေတ္တာတရားသာလျင် ရှေ့တန်းထားခဲ့လေတော့သည်။

                              ****
ဤဇာတ်လမ်းလေးအား ဖတ်ရှု့ခဲ့ပြီးနောက် တစ်စုံတစ်ခုသော အကျိုးကျေးဇူးများရရှိသွားခဲ့လျင် စာရေးသူ ကျွန်ုပ်အဖို့ ရေးသားရကျိုးနပ်ပါ၏။   ။

                              ကျေးဇူးတင်ပါသည်။
                              စာရေးသူ - ထီးကလေး
                             (ရင်နှင့်ရင်း၍ရေးသားသည်)


pdf/book apk အဖြစ်လိုချင်လျင် Downloadလုပ်ရန် >>> http://hteekalayblog.blogspot.com/2016/04/pdf-book-apk.html

More Stories >> http://hteekalayblog.blogspot.com/















No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages