(၈)
ကျန်ရှိနေသော ဇာတ်သိမ်းအဆက်
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
စာရေးသူ -ထီးကလေး
ထိုစဉ်မှာပဲ မှောင်ရိပ်တစ်ခုမှ
လူတစ်စုထွက်လာသည်ကို အားလုံးတွေ့လိုက်ရတော့သည်။ ထိုသူတို့က သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ အားဖောက်သွားသော ကိုကိုကြီးတို့ပင်ဖြစ်နေတော့သည်။
`နင်သိပ်တွေ့ချင် သတ်ချင်နေတဲ့ကိုကိုကြီးဆိုတဲ့ငါ ရောက်လာပြီ…´
မှောင်ရိပ်မှ မီးတုတ်အလင်းများဆီသို့ ကိုကိုကြီး၏ မျက်နှာကိုမြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက် တစ်ရွာလုံးနှင့် ရွာလူကြီးအပါအဝင် အံသြတစ်ကြီးဖြစ်သွားခါ ရွာလူကြီးက
`လူယုတ်မာ ကိုကိုကြီး မင်းသုဘရာဇာကြီးကို ရက်ရက်စက်စက် သတ်တယ် ငါတို့ရွာကိုလည်း မင်းဒုက္ခပေးဖို့ထပ်ရောက်လာပြန်ပြီ ´
`မဟုတ်ဘူး လူကြီး နောက်မှ ကျုပ်ရှင်းပြမယ် မကောင်းဆိုးဝါးကို နိုင်ဖို့ကျုပ်နည်းပရိယာယ်တွေ သုံးခဲ့ရတာ ကျုပ်တစ်ရွာလုံးကို ကယ်တင်ချင်လို့´
`တိတ်စမ်း လူယုတ်မာ မင်းကို ငါသတ်မယ်´
ဟုဆိုကာ စိတ်လိုက်မာန်ပါဖြင့် စည်းဝိုင်းအတွင်းတွင် ရှိသော ရွာလူကြီးကား စည်းအပြင်သို့ထွက်ရန် ရွယ်လိုက်စဉ်မှာပဲ ဆရာမြ စိတ်ကို ထိန်းရန် တားလိုက်တော့သည်။ထို့နောက် ဟားတိုက်ရယ်မောနေသော အုတ်ဂူအမြင့်ပေါ်မှ ဆံပင်များ ဖားလျားချထားသည့် ခင်ဝါက လက်ညှိုးညွှန်ပြလိုက်ရာ ကိုကိုကြီးဘေးသို့ဆရာမြ ဝိဥာဉ်ဘူးခွံအတွင်းမှ လွတ်မြောက်သွားသော ပုဏ္ဍကတစ္ဆေ (ခေါ်)ဒေါ်သန်းသန်းကြည် ရောက်ရှိသွားတော့သည်။ ကိုကိုကြီးကား သူ့လက်ထဲတွင် ကိုင်ဆောင်လာသော တောင်မွှေးဖြင့် ဟန့်တားလိုက်ပြီး ပုဏ္ဍကတစ္ဆေအား
`ရော့ နင်ဒီမှာ ခဏကပ်နေ´
ဟုဆိုကာ ငှက်ပျောပင်တစ်ပင်တွင် ဖမ်းချုပ်ထားလိုက်သည်။သင်္ချိုင်းတစ်ဝန်းလုံး ခင်ဝါ၏ ဟားတိုက်ရယ်မောသံများနှင့် ပြည့်နှပ်နေလျက်။ကိုကိုကြီးက ပုဏ္ဍကတစ္ဆေအား လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဦးမောင်မောင် ခန္ဓာကိုယ်ထဲတွင် ဝင်ကပ်နေသော ဖုတ်တစ္ဆေ (ဝိဥာဉ်ဦးလေး)က ထပ်မံ သူ၏အနားသို့ရောက်ရှိလာသည်။ တောင်မွှေးဖြင့် ဟန့်တားလိုက်သော်လည်း မရတော့ချေ။ သို့နှင့် သူ၏တပည့်များက အလိုက်သိစွာ စည်းဝိုင်းချလိုက်သည်။ထိုစည်းဝိုင်းအတွင်းသို့ ဖုတ်တစ္ဆေဝင်၍မရ ။စည်းဝိုင်းဘေးပတ်ပတ်လည်တွင် သွေးဆာနေသော ဝံပလွေတစ်ကောင်ကဲသို့ အော်ဟစ် ညည်းညူနေခဲ့တော့သည်။ ရယ်မောနေသော ခင်ဝါက
`နင်ကိုယ်တိုင် ငါ့ကိုဒူးထောက် တောင်းပန်ရင် တစ်ရွာလုံးကို ကပ်ဘေးက ငါလွတ်ပေးမယ် ဒီလိုမှ မဟုတ်ရင် နင့်ဝိဥာဉ်ကို ငါနှုတ်ရလိမ့်မယ်´
`ဟားဟား ဒူးထောက် တောင်းပန်ရမှာက နင်ဟဲ့…ရော…ဝိဇ္ဇာတန်ပြန် နတ်လှံ´
တစ်ဦးနှင့် တစ်ဦး မည်သူမှ အလျော့မပေးပဲ ကိုင်ဆောင်ထားသော တောင်းမွှေးအား ခင်ဝါ့ထံသို့ကိုကိုကြီး ပစ်လိုက်သည်။လက်ဖြင့် တားလိုက်ရုံနှင့် ကိုကိုကြီး ပစ်လိုက်သော တောင်မွှေးမှာ ခင်ဝါ့အနားသို့မရောက်ပဲ လမ်းခုလပ်တွင် ကျိုးကြေ ကြေမွသွားခဲ့သည်။
`ငါလို သင်္ချိုင်းသခင်မ ဖဲဝါကိုများ နင်က ယဉ်ချင်သေးတယ် လာဟေ့ ငါ၏တစ္ဆေအပေါင်းတို့ထိုသူတို့အား ခြိမ်းခြောက်စေရမည်´
ခင်ဝါပြောလိုက်သည်နှင့်တပြိုင်နက် ခွေးနက်ကြီးများနှင့်အတူ ဧရာမ ခွေးကြီးတို့က စည်းဝိုင်းဘေးတွင် ဝိုင်းအုံခြောက်လန့်သွေးဆာနေတော့သည်။ထိုမြင်ကွင်းအား တွေ့နေရသည့် ကိုကိုကြီး၏ တပည့်များမှာ ကြောက်လန့်နေလျက် ဆရာဖြစ်သူ ကိုကိုကြီးအနားသို့ဝိုင်းအုံကပ်နေသည်။
`ဟာ ဟေ့ယောင်တွေ ငြိမ်ငြိမ်နေကြစမ်းပါမင်းတို့လုပ်တာနဲ့ငါစည်းပေါက်တော့မယ်´
`ဆရာကြီး ကျွန်တော်တို့ကြောက်တယ်´
`ဟာကွာ…ငါ့တပည့်လုပ်နေပြီးတော့ ကြောက်ရသလား သွားကွာ…´
ရက်စက်စွာဖြင့် သူ၏တပည့်တစ်ယောက်အား စည်းဝိုင်းအပြင်သို့တွန်းထုတ်လိုက်သည်။စည်းအပြင်သို့ရောက်သွားသော သူမှာ ကြောက်ရွှံ့စိတ်ဖြင့် သွေးလန့်ရူးသွတ်ပြေမိပြေးရာ ပြေးသွားတော့သည်။ ကျန်ရှိနေသော ကိုကိုကြီး၏ တပည့်တို့မှာ သူ၏ဆရာအား ရွှံကြောက် ကြောက်သွားကြီပြီး ကြောက်ရွှံ့စိတ်ကို ဖုံးကွယ်ထားလျက် ဟန်မပျက်စွာ နေတော့သည်။တစ်ရွာလုံးနှင့် အတူရှိနေသော ဆရာမြက
`ကိုကိုကြီး မင်းတောင်းပန်လိုက် မဟုတ်ရင် မင်းသူ့ကို မနိုင်ဘူး မင်းသေလိမ့်မယ်´
`တိတ်စမ်း အဘိုးကြီး ကျုပ်က တောင်းပန်စရာ မလိုဘူး ကျုပ်အလုပ် ကျုပ်လုပ်တာ ´
`တော်တော်ခေါင်းမာတဲ့ကောင်ပါလားကွာ…မင်းသဘောပဲ နေကွာ´
တောင်းပန်ခိုင်းနေသည်ကို ကိုကိုကြီးက ငြင်းဆန်နေလျက်။ မဖဲဝါ၏ပိုင်နက်ဖြစ်သော သင်္ချိုင်းအတွင်းမှ အလောင်းများအား တူးဖော်လေ့ရှိသော ကိုကိုကြီးအား နယ်ကျော်မှု့ဖြစ် မဖဲဝါ ခေါ် ခင်ဝါမှာ သူ့အားတစ်ဖက် တစ်လှမ်းမှ အနိုင်ရထားပြီးပြီးကို သိသောကြောင့် ဆရာမြပြောနေသည်ကို မှော်ပညာ ရထားသော ကိုကိုကြီးက လက်မခံနိုင်ဖြစ်နေသည်။ သူ၏မှော်ပညာတို့ဖြင့် မဖဲဝါအား ရင်ဆိုင်တိုက်ခိုက်နေသောလည်း ထိရောက်မှု့မရှိတော့ချေ။ ရက်စက်ကြမ်းကြုတ်လှသော ကိုကိုကြီးက သူသေတော့မည်ကို ထိန်လန့်ကြောက်ရွှံသွားပြီး သူ၏အနားတွင် ရှိသော တပည့်များအား စည်းဝိုင်းအပြင်သို့တစ်ယောက်ချင်း သွေးရူးသွေတန်းဖြင့် တွန်းထုတ်နေခဲ့တော့သည်။ စည်းဝိုင်းအပြင်သို့ရောက်သော သူများသည် သွေးလန့်မှု့ဖြင့် သေသောသူက သေ မသေသူများဟာ ရူးသွပ်စွာ ခုန်ပေါက်နေကြတော့သည်။ပျက်လုနီးပါး ဖြစ်နေသော စည်းအတွင်းသို့ဖုတ်ဝင်နေသော ဦးမောင်မောင် ခြေလှမ်းလိုက်စဉ် ကိုကိုကြီးက သူ၏လွယ်အိတ်ထဲမှ ပစ္စည်းတစ်ခုနှင့် ပေါက်လိုက်လေရာ ဦးမောင်မောင် ခန္ဓာကိုယ်အား မီးဟုန်းဟုန်းတောက်လျက် ဝင်နေသော ဝိဥာဉ် ဦးလေးကား ထိုခန္ဓာကိုယ်ထဲတွင် မနေနိုင်တော့ပဲ ထွက်လာသောအခါ သူ့၏ပညာဖြင့် ကိုကိုကြီးက ဖမ်းချုပ်ထားလိုက်ပြီး
`မင်းလဲ ဒီအပင်မှာ ခဏကပ်နေ ပြီးမှ မင်းတို့အားလုံး ခိုင်းစားမယ် ´ဟုဆိုကာ ချုပ်ထားလိုက်တော့သည်။ ထိုအချိန် မသည်းမကွဲ ထီးကလေး မြင်လိုက်ရသည်က ဝိဥာဉ်ဦးလေးကိုပင်။မြင်တစ်ချက် မမြင်တစ်ချက် ဖြစ်နေပြီ ဝေခွဲမရ ဝိဥာဉ်ဦးလေး ပေးထားသည့် နာရီအား သူ့လက်တွင် ကြည့်မိလိုက်တော့ နာရီဟာ မှန်ကွဲပျက်စီးနေခြင်းကြောင့် ထိုသို့မသည်းမကွဲသာ မြင်ရတော့သည်ကို သူသဘောပေါက်မိလိုက်သည်။ ကိုက်ုကြီးနှင့် မဖဲဝါတို့အပြိုင်ဆိုင် တိုက်ခိုက်ကြပြီး ရက်စက်လှသည့် ကိုကိုကြီးမှာ မဖဲဝါလက်ချက်ဖြင့် စည်းဝိုင်းအတွင်းတွင် သွေးပွက်ပွက် အန်ကာ အသက်ဆုံးရှုံးသွားရသည်။သင်္ချိုင်းပရဝဏ်းအတွင်း ခင်ဝါ၏ အောင်ပွဲခံ ရယ်မောသံများက ပဲ့တင်ထပ်နေလျက်။သူမ လိုချင်နေသော ကိုကိုကြီးအား အနိုင်ရလိုက်သောကြောင့် ရွာသူရွာသားများအား ဒုက္ခမပေးပဲ မိုးလင်းခါနီးအချိန်တွင် သင်္ချိုင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဦးမောင်မောင်အလောင်အားလုံး မီးလောင်မှု့ကြောင့် ပြာကျ သင်္ဂျိုးပြီးသားဖြစ်နေသည်။ သွေးအိုင်ထဲတွင် သေဆုံးနေသော ကိုကိုကြီး အလောင်းမှာ မီးခိုးငွေ့များပြန်နေလျက် သူတတ်မြောက်ထားသော မှော်ပညာတို့မှာ အခိုးအငွေ့ဖြစ် ပျောက်ကွယ်နေတော့သည်။ ထိုညမှ စ၍ မဖဲဝါ ဝင်စားသော ခင်ဝါမှာလည်း အရိပ်ယောင်တောင် မတွေ့တော့ပဲ ပျောက်ကွယ်နေတော့သည်။ အပင်တွင် အချုပ်ခံထားရသော ပုဏ္ဍက တစ္ဆေအား ဆရာမြ ကယ်တင်ပေးလိုက်သည်ကြောင့် လွတ်ရာကျွတ်ရာသို့ သာမာန် ဝိဥာဉ်ဖြစ်သာ ကျွတ်လွတ်သွားချေတော့သည်။ ဝိဥာဉ်ဦးလေးအားလည်း ချူပ်ထားသည့် သစ်ပင်မှ ဆရာမြ ကယ်တင်ပေးလိုက်သောကြောင့် မသည်းမကွဲမြင်နေရသည့် ထီးလေး ထိုနေရာသို့သွားပြီး
`ဦးလေး´
ဟု အပင်ကြီးကိုခေါ်နေသည်ကို သူ၏သူငယ်ချင်းများနှင့်အတူ တစ်ရွာလုံးမြင်တွေ့လိုက်ပြီး သူ့အား ထူးဆန်းစွာကြည့်နေကြသည်။တစ်ရွာလုံး အမြင်မှာကား တစ်ယောက်တည်း စကားပြောနေသည့် ဟန် သို့ပေမယ့် သူကား သစ်ပင်တွင်ခိုကပ်နေခဲ့သော ဝိဥာဉ်ဦးလေးအား နာရီလေးကောင်းစဉ်ကလို သည်းသည်းကွဲကွဲမမြင်ရပေမဟ့် ဝိုးတဝါးတော့ မြင်နေရသေးသည်။ သို့ဖြင့် အပင်အား လူတစ်ယောက်ပမာ စကားပြောဆိုနေသည်က
`ဦးလေး ကျုပ်ကိုဘာလို့မခေါ်တော့တာလဲ ကျုပ်ကို စိတ်ဆိုးနေတာလား´
`ဟင်!…မင်းက ငါ့ကိုမြင်ရတယ် ဟုတ်လား မင်းငါ့ကို ဖမ်းမလို့လား´
`မဟုတ်ပါဘူး ကျုပ်လေ ကျုပ်ကို မသိတော့ဘူးလား ´
ထိုသို့ကျွန်ုပ်မေးလိုက်သည်ကြောင့် ဝိဥာဉ်ဦးလေးမှာ ကျွန်ုပ်အား သေချာ စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ခေါင်းကိုခါရမ်းလိုက်တော့သည်။
`ဟင်!…ဘယ်လိုဖြစ်သွားရတာလဲ တကယ်တမ်းပြောရရင် ခင်ဗျားကို ကျုပ် သံယော်ဇဉ်ဖြစ်မိတယ် ကျုပ်ကို တကယ်မသိတော့တာလား'.
`မသိဘူး…မင်းငါ့ကို မြင်နိုင်နေတာကိုပဲ အံ့သြနေတာ ´
`ဒီမှာလေ…ကျုပ်ကို ခင်ဗျား ပေးထားတဲ့နာရီ မှန်တော့ကွဲသွားတယ်´
`နာရီ ငါပေးတဲ့နာရီ ဟုတ်လား မသိဘူး´
`ကျုပ်ကို မသိတော့တာ တကယ် စိတ်မကောင်းဖြစ်မိတယ်ဗျာ´
ထိုအချိန်မှာပဲ ကျွန်ုပ်ဘေးသို့ဆရာမြနှင့်အတူ ရွာသူရွာသားများ ရောက်လာကြပြီး
`ကောင်လေး မင်းဘယ်သူနဲ့စကားပြောနေတယ် ဆိုတာ အဘမသိပေမယ့် ရိပ်မိပါတယ် မင်းနဲ့ခင်မင်ခဲ့တဲ့ပရလောကသားဟာ အခုချိန်မှာ မှော်ပညာအမျိုးမျိုးဒဏ်ကို ခံလိုက်ရတော့ မင်းကို သူမသိနိုင်တော့ဘူး ဘာပဲဖြစ်ဖြစ် သူတို့အားလုံးအတွက် ငါတို့ကုသိုလ်ကောင်းမှု့လေးတွေ လုပ်ပေးရင်း အမျှတမ်းပေးလိုက်ကြတာပေါ့´
ထိုအချိန်မှ စ၍ ထိုရွာလေးတွင် သာယာအေးချမ်းခဲ့ပြီး ဆရာမြဦးဆောင်ကာ မြို့မှ ရဟန်းသံဃာများ ပင့်ဖိတ်လျက် အမျှတမ်းပေးဝေခဲ့ကြသည်။ ရေစက်ချ အမျှပေးဝေသည့် နေ့၌ ဝိဥာဉ်ဦးလေး နာမည်အားကျွန်ုပ်ခေါ်ကာ ရေစက်ချနေစဉ်မှာပဲ ကျွနိုပ်ဘေးသို့ဝိဥာဉ်ဦးလေး ရောက်လာကာ
`ကောင်လေး မင်းကို ငါမှတ်မိပြီ ငါ့ကို ကူညီပေးခဲ့တာတွေ အားလုံးအတွက် မင်းကို သံသရာတစ်ကွေ့မှာ ငါပြန်ကူညီဦးမှာပါ အခုတော့ ငါသာဓုခေါ်လိုက်တော့မယ် သာဓုခေါ်ပြီးတာနဲ့တစ်ခြားဘဝကို ငါကူးပြောင်းနိုင်ပြီ ငါပေးထားတဲ့နာရီလေးကိုတော့ တစ်နေရာမှာ စွန့်ပစ်ပေးပါ မင်းကိုနှုတ်ဆတ်ခဲ့ပါတယ် ကူညီပေးခဲ့တာတွေကို ငါဘဟ်တော့မှ မမေ့ပါဘူး´
ဟုဆိုကာ အနားမှ ပျောက်ကွယ်သွားချေတော့သည်။ ရွာ၌သာသာယာယာဖြစ်သွားချိန်မှာတေတ့ နောင်တစ်ကြိမ် ဤကဲ့သို့ထပ်မဖြစ်စေရန် အားလုံး ဝိုင်းဝန်းစောင့်ကျပ်နေတော့သည်။
`အဘမြနဲ့လူကြီး ကျွန်တော်တို့လဲ ရန်ကုန်ပြန်တော့မယ် ရွာလေးမှာ နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်အောင် သတိဝရီယလေးတွေနဲ့နေကြပါ´
`အေးပါကွာ…မင်းတို့ကူညီပေးခဲ့တာတွေအားလုံးကိုလည်း တို့ရွာသူရွာသားတွေ ဘယ်တော့မှ မမေ့ပါဘူး နောင်လည်း တို့ရွာလေးကို လာလည်ပါဦး မင်းတို့တွေကို ကောင်းကောင်းဧည့်ခံပါ့မယ် ´
`ကျေးဇူးတင်ပါတယ် ဒါနဲ့အဘကရော မပြန်သေးဘူးလား´
`အေးကွယ် အဘကတော့ ဒီရွာလေးမှာ ခဏ နေပေးလိုက်ဦးမယ် နောက်မှပဲ အေးအေးဆေးဆေးပြန်မယ် မင်းတို့ပြန်ရင် ကားဂိတ်ကို အဘမြလိုက်ပို့ပေးမယ်လေ´
`ဟုတ်ကဲ့ အဘ´
`ငါတို့မျှားလေးကို ရှာရဦးမယ်လေ´
`အခုလောက်ဆို မျှားကလေးက သူ့အိမ်ပြန်ရောက်နေလောက်ပြီနဲ့ထင်တယ် ဖုန်းတော့ အခုချိန်ထိ ဘယ်မှဆက်မရသေးဘူး ´
`သူပြန်မရောက်သေးရင်ရော´
`ဒါက လွယ်ပါတယ်ကွာ သူငယ်ချင်းမ မျှားကလေး ရှာပုံတော်ဆိုပြီး ပျောက်နေတဲ့ အစ်ကိုအောင်နဲ့ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ထပ်ရေးလိုက်ကြတာပေါ့´
`ဟားဟား…ဟုတ်တယ်ဟေ့´
ထိုရွာလေးအား စရောက်ချိန်မှစ၍ ယခုမှပဲ ကျွန်ုပ်တို့ရယ်သံများ ပေါ်ထွက်လာနိုင်တော့သည်။ကျွန်ုပ်တို့အား အပြန်ကားဂိတ်သို့အဘမြဦးဆောင်ခါ လိုက်ပို့ပေးခဲ့သည်။နေ့၊ လ၊ ကြာလာသည်နှင့်အမျှ ထိုရွာလေးအကြောင်း ကြားလိုက်ရသည့် သတင်းက အရိပ်ယောင်ရှာမတွေ့တော့သော ခင်ဝါအား ထိုရွာလေး၏ ရွာပြင် သင်္ချိုင်းတွင် ရုပ်ထု ထုလုပ်ထားကာ ရွာသူ ရွာသားတစ်ချို့မှ ယုံကြည်စွာ ရွာအေးချမ်းသာယာရေးအတွက် အကူညီတောင်းလေ့ရှိသည်ဟု သိခဲ့ရသည်။ ရွာအဝင်လမ်းမှာလဲ အတော်ဆုံး ပန်းပုဆရာ၏ လက်ရာဖြင့် ခတ်ထန်လှသော မဖဲဝါ ခေါ် ခင်ဝါ၏ ပုံတူရုပ်ထုအား ထုလုပ်ထားသည်ဟု သိရသည်။ ။
စောနယ်မြို့နယ်။ ဂျိုးဖြူကုန်းကျေးရွာ။
မဖဲဝါ ဝင်စားခဲ့သော အဖြစ်အပျက်အား ဇာတ်လမ်းဖွဲ့ရေးသားခဲ့ပါသည်။ထိုအကြောင်းအား တစ်စွန်းတစ်စ သိရှိသူများလည်း လိုအပ်ချက်များအား ဖြည့်စွက်နားလည်ပေးပါဟု အမှာစာပြုလိုက်ရပါသည်။
ပြီးပါပြီ။ ။
*****************************
more stories >> http://hteekalayblog.blogspot.com/









No comments:
Post a Comment