ဝိဥာဉ် ဖေဖေ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်ဖေဖေ
စာရေးသူ- ထီးကလေး
             မျက်ရည်များဖြင့် ရေးသားသည်။



ကျွန်တော်ဟာ ကံခေလွန်းသူပါ 
    သူနဲ့ဆက်စပ်သမျှ တစ်စုံ တစ်ရာ
ဘာမှသူ့ကို မဖြည့်ဆည်းပေးနိုင်ခဲ့သူပေါ့
    ဒါကြောင့်…
ကျွန်တော် ဆုတောင်းလိုပါတယ်။
   သံသရာ အဆက်ဆက် ပြုဘူးခဲ့သမျှ
ကုသိုလ် အဖုံဖုံ စုပြုံးပြီး အကျိုးပေးပါက
   လူမင်း နတ်မင်း စည်းစိမ်များ မခံစားလိုပါ…
   ကျွန်တော် ဖြစ်သမျှ သူလှစေဖို့
သူရဲ့ဒေါက်ဖိနပ်ကလေး တစ်ရံ…
    ဒီ့ထက် ပိုကံကောင်းမယ်ဆိုရင် 
သူ့ရဲ့နားဆွဲလေး …
ထိုမျှသာ ဖြစ်လိုပါတယ်………။         ။

ကျွန်တော့မိန်းမနဲ့ကျွန်တော်နဲ့ စတွေ့ခဲ့တာလေးက ဆန်းတယ်ဗျ။ ဥပမာ ပြောရရင် ဘုရင့် သမီးတော်နဲ့စောင်းဦးလုလင်တို့လိုပဲ။သူက ဒိတ်ဒိတ်ကျဲ သူဌေးသမီး ကျွန်တော်က အညတရ သာမန် နေနိုင်စားနိုင်ရုံလောက်ပဲ။ ကျွန်တော် အဝေးသင် ဒုတိယနှစ် ဓာတုဗေဒတတ်နေစဉ်က စတွေ့ခဲ့တယ်။ တတိယနှစ်ရောက်တော့လဲ သူနဲ့ကံပါပြီး တစ်ခန်းတည်း ပြန်ဆုံခဲ့တယ်။သူကကိုယ်ပိုင်  ကားနဲ့ကျောင်းလာတတ်တာဆိုတော့ ရှိန်တယ်ဗျ။ ခိုးကြည့်ရုံလောက်လွဲပြီး မျက်လုံးချင်းတောင် ဆုံအောင် မကြည့်ရဲဘူး။ သူအရင်နှုတ်ဆတ်ပြုံးပြမှ ကိုယ့်ကိုတောင် အထင်ကြီးမိတယ်။ စာအုပ်ငှား တစ်ခုံတည်းမှာ တူတူထိုင် ရာကနေ ခင်သွားကြတယ်။ ကန်သင်းထိုင်ရင်လဲ သူက ကျွန်တော် ထိုင်တဲ့ဆိုင်မှာ လိုက်ထိုင်တယ်ဗျ။ သူ့ကို ခိုးခိုးကြည့်တာ သူတွေ့ရင် ကျွန်တော် ရှက်သွားတာကို သူသဘောကျနေပုံရတယ်။ စာမေးပွဲဖြေခါနီး အချိန်ရောက်တော့ သူ့ကို ချစ်ခွင့်ပန်ခဲ့တယ်။ အဲ့ဒီကစပြီး သူနဲ့ကျွန်တော် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်လာခဲ့တယ် ။ သူ့မိဘတွေနဲ့တွေ့ပေးတယ်။ကျွန်တော့ အဖေက တိုင်းရင်းဆေးကုတယ်။ အမေက မှီခို ဆိုတာ သိတော့ သူ့သမီးနဲ့ကျွန်တော့ကို ဘဟ်လိုလုပ် သဘောတူပါ့မလဲ။ ရတယ်လေ ဒီကောင်ကလဲ သူတို့လိဲု မချမ်းသာပေမယ့် ဆင်းရဲတဲ့မာနတရားတော့ရှိတယ်။ တစ်ခြားသူတွေလို အချစ်တွက် ပေးဆပ်ခြင်းတို့ ချစ်သူ ဆင်းရဲမှာဆ်ုးတာတို့ လုပ်မနေဘူး။သူ့မိဘတွေ သဘောမတူဘူးပြောတော့ ပိုတောင် သူ့ကို ချစ်မိသွားတယ်။ ကျွန်တော့ မိဘတွေကလဲ ကျွန်တော့ ချစ်သူနဲ့သဘောမတူဘူးဗျ။ သူတို့က ချမ်းသာလိုတဲ့။ အဲ့ကောင်မလေးကို ယူရင် ကျွန်တော့ကို အဖေက အမွေပျက် စွန့်လွတ်မယ်။ နှစ်ဖက်မိဘရဲ့သဘောမတူမှု့တွေက ကျွန်တောတ်ု့နှစ်ယောက်ကို မြန်မြန်ညားအောင် တွန်းအားပေးလိုက်သလိုပဲ။ ဘာပြောကောင်းမလဲ လက်သွက် ခြေသွက်ရှိတဲ့ ဒီကောင်က ခိုးပြေးတာပေါ့ ။ကိုင်း…ဘာပြောကောင်းမလဲ အဲ့ဒီမှာ သူနဲ့ညားတာပဲ…။

သူနာမည်က ဖြူဖြူသျှင်းတဲ့။သိပ်ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်။ ကျွန်တော့ ဆင်းရဲတဲ့ဘဝထဲကို သူလိုက်လာ ကတည်းက ကျွန်တော့ကို ဘယ်လောက်ချစ်လို့သူ့ကို မေးစရာမလို့တော့ဘူး။ထောက်ကြံ့မှာနေတဲ့ ကျွန်တော့ သူငယ်ချင်းမြတ်သူက ခေါ်ထားတယ်လေ။ သူကလဲ ချမ်းသာလို့တော့ မဟုတ်ဘူး။ ရော်ဘာခြံက ခြံစောင့်။ သူ့သူဌေးဆီမှာ ကျွန်တော်လဲ သူ့လို ညဘက် ရော်ဘာခြံစောင့်ဖို့ အလုပ်ပြောပေးမယ်တဲ့။ ဘာပဲဖြစ်ဖြစ်လေ နေစရာလေးရရင်ပဲ တော်ပြီပေါ့။ မြတ်သူနဲ့ခြံခြင်းကပ်ရပ်မှာ ကျွန်တော့်ကို သူဌေးက လင်မယားနှစ်ယောက် နေလို့ရအောင် တဲလေး တစ်လုံး ထိုးပေးထားတယ်။ ချစ်စ ခင်စဆိုတော့ တဲအိုပျက်က ရွှေနန်းတော်ကြီးပေါ့လေ။ သူ့မှာ လက်ဝက်စားတွေ ပါလာတယ်။ ဒါပေမယ့် ကျွန်တော သူ့ပစ္စည်းတွေကို နည်းနည်းလေးမှ အထိခိုက်မခံဘူး။ ခြံကရတဲ့ညစောင့်လခနဲ့ကြာတော့ မလောက်တော့ဘူး။ ကျောင်းကလဲ ဘွဲ့မရသေးတော့ အလုပ်ကောင်းလဲ မရဘူး။ နှစ်ဖတ်မိဘတွေကိုလဲ လင်မယားနှစ်ယောက်စလုံး လုံးဝ အဆက်သွယ် မလုပ်ဘူး။ သူတို့ဆီက အကူညီလဲ မလိုချင်ဘူး။ အလုပ်လိုက်ရှာတာလဲ ဘယ်မှာမှ အဆင်မပြေဘူး။ အဆင်မပြေမှု့တွေ များလာတော့ ကျွန်ောတ့မျက်နှာမှာ ဖုံးကွယ်မရအောင် စိတ်ညစ်မှု့တွေ ပေါ်လွင်နေခဲ့ပြီ။ ကျွန်တော့ မိန်းက ကျွန်တော်မသိအောင် သူ့လက်ဝတ် လက်စားတွေ ရောင်းပြီး ကျွန်တော့ကိုပိုက်ဆံတွေ လာပေးတယ်။ စီးပ္ပားရေးတစ်ခုလုပ်လိုက်ပါတဲ့။ အရင်းနှီးဆိုပြီး။ သူ့ပစ္စည်းတွေကို ရောင်းလိုက်လို့ ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့်လဲ ဘာမှ မတတ်နိုင်ဘူး။နောက်မှ ပြန်ရှာမယ်ပေါ့ ။

အဲ့ပိုက်ဆံလေးနဲ့လူတစ်ယောက်ကို ယုံပြီး စီးပ္ပားရေး လုပ်လိုက်တာ တစ်ခါတည်း ပိုက်ဆံတွေ အလိမ်ခံလိုက်ရတယ်။ လက်ထဲမှာ ပိုက်ဆံလေး ၃ သိန်းပဲရှိတော့တယ်။ တကဟ်ပါပဲ ဒုက္ခဆိုတာ အပေါင်းအဖော်နဲ့ကို လာတာပါလားနော်။ ကျွန်တော့ ချစ်ဇနီးက နှစ်သိမမ့်ပါတယ်။ ဒါနဲ့လက်ထဲရှိတဲ့ ပိုက်ဆံလေးရယ် ခြံစောင့်လခ ရတဲ့ပိုက်ဆံလေးရယ် ဆုပြီး ဆိုင်ကယ် တစ်စီးဝယ်တယ်။ နေ့ည ဆိုင်ကယ် ကယ်ရီပဲ မောင်းတော့တယ်ဗျာ…။အဲ့ခါကျမှပဲ လင်မယားနှစ်ယောက်အတွက် လုံလောက်လာတယ်။ အပိုငွေလေးတွေလဲ စုမိလာရော မိန်းမက ကိုယ်ဝန်ရှိလာခဲ့တယ်။ ဘာပဲဖြစ်ဖြစ်လေ လင်မယားနှစ်ယောက် သံယော်ဇဉ်ခိုင်မြဲစေဖို့ ရင်သွေးဆိုတာ ရှိသင့်တယ်။ မိန်းမက ကိုယ်ဝန်သုံးလ ရှိနေပြီ။ သိပ်မကြာခင် အချိန်တွင်းမှာ ကျွန်တော် ကလေးအဖေ ဖြစ်တော့မယ်။ အဖေခေါ်ခံရတော့မယ်။ ပိုက်ဆံရှာချင်စိတ်တွေ ပိုပိုပြီး ဖြစ်ပေါ်လာတယ်။ နေ့ရော ညပါ အလုပ်တွေ ပိုပိုလုပ်ခဲ့တယ်။

တစ်နေ့ဟိုးဘက်ရော်ဘာခြံက ဟိုဘက်ခြံဆိုပေမယ့် တစ်ခြံနဲ့တစ်ခြံ ပေ ၅၀ လောက်ဝေးတယ်။ ကျွန်တော့ သူငယ်ချင်း ရောက်လာပြီး လက်ထဲမှာလဲ ခွေးပေါက်လေး တစ်ကောင်ကို ချီလို့
         ငထီး
      အေး မြတ်သူ လာလေကွာ လက်ထဲမှာလဲ ခွေးတစ်ကောင်နဲ့ ဘာလုပ်မလို့တုန်း
      အေးကွာ ငါလဲ ပဲခူးလမ်းမကြီးမှာ ဒီခွေပေါက်လေး တစ်ကောင်တည်း အဖော်မဲ့နေလို့ ခေါ်လာတာ ဒါပေမယ့် ငါတော့ မမွေးဘူး မင်းကို မွေးခိုင်းမလို့
        ဟာကွာ အိမ်မရှိပဲ ခွေးမွေး
 ဘယ်ဖြစ်ပါ့မလဲ မမွေးချင်ပါဘူး
      မွေးထားလိုက်ပါ ငထီးရာ အဖော်ရတာပေါ့ ချစ်စရာလေးပါကွ ကြည့်ပါဦး နောက်မို့ဆို ငါမွေးပါတယ် အခု ငါကခြံပြောင်းရတော့မှာ မလို့ကွ
      ဟင် မင်းခြံပြောင်းရတော့မယ် ဟုတ်လား ဘယ်ကို ပြောင်းရမှာလဲ
      ဟုတ်တယ် လားရှိုးဘက်လို့တော့ သူဌေးကပြောတာပဲကွာ ဒါကြောင့် ဒီကောင်ကြီး မင်းပဲ မွေးထားလိုက်ပါလား
      ဟုတ်တယ် အစ်ကိုယ်ရယ် မွေးထားလိုက်ပါ မိန်းမလဲ အဖော်ရတာပေါ့ အစ်ကိုက နေရော ညရော အလုပ်တွေ လုပ်နေတော့ မိန်းမတစ်ယောက်တည်း ခြံထဲမှာနေရတာ ပြင်းတယ် ခွေးလေးရှိနေတော့ အဖော်ရတာပေါ့
      ကဲ ထားခဲ့လိုက်တော့ မြတ်သူရေ ငါ့မိန်းမက မွေးချင်တယ်တဲ့ကွ
      အမလေး မယားပြော တစ်ညဆိုတာ တယ်မှန်ပါ့လား

ကျွန်တော့ ချစ်ဇနီးက မွေးချင်တယ် ပြောတော့လဲ မွေးပါစေ။ ကျွန်တော် ခွေးလေးကို ခေါ်ထားလိုက်တယ်။ ဆိုးလိုက်တာဗျာ ညဘက်ဆို တစ်ကောင်တည်းမို့လို့လား မသိဘူး။ အော်တာမှ ငယ်သံပါပဲ။အလုပ်က ပန်ပင်းရတဲ့အတည်း ဒီခွေးက အော်နေတော့ အိပ်မရဘူး။ မိန်းကလဲ ကြောင်လေး ခွေးလေးတွေကို သိပ်ချစ်တတ်တော့ တစ်ကောင်တည်း သနားလို့ဆိုပြီး ခွေးကို ခြင်ထောင်ထဲ ခေါ်သိပ်တယ်။တော်တော် လည်တဲ့ ခွေး ခြင်ထောင်ထဲ ရောက်တော့ အသံတိတ်လို့။ ဒီလိုနဲ့လင်မယားနှစ်ယောက် ဆင်းဆင်းရဲရဲနေလာတာ ကိုယ်ဝန်တောင် ငါးလကျော်နေခဲ့ပြီ။ မွေးထားတဲ့ခွေးလေးကလဲ လူနဲ့အနေနီးလို့လား မသိဘူး။ လူစကားတော်တော်လေး နာလည်တယ်။ အမှိုက်လေး ပစ်ပြီး ပြန်ချီခဲ့လို့ပြောလိုက်ရင် အမြီးတစ်နန့်နန့်နဲ့ပြန်ချီလာတယ်။ နာမည်ကို တိုးပွားလို့ပေးထားတယ်။ကြီးလာတော့ ပုံစံပြောင်းလာတယ်။ အမွှေးကတုံးတုံး အရောင်က အမည်းကြား နားရွက်က ဝိုင်းဝိုင်း ခြေတံလက်တံတွေမှာ အဖြူစပ် ကျွန်တော် အလုပ်က ပြန်လာလို့ တိုးပွားရေလို့ ခေါ်လိုက်တာနဲ့ လာကြိုတာများဗျာ အိမ်ကမိန်းမထက်တောင် အားကိုးရသေးတယ်။ အဲ့…ဒီစကားတော့ ကျွန်တော့မိန်းမ အခုနေ ဒီစာကို ဖတ်ရရင် ကျွန်တော့ကို နားရင်းလာရိုက်မှာ သေချာတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တောလဲ ခွေးလေး တိုးပွားအပေါ်မှာ သံယော်ဇဉ်ဖြစ်လာခဲ့တယ်။ အကောင်ကြီးလာတော့ အိမ်ပေါ်ကို မတတ်တော့ဘူးဗျ။ အိမ်ပေါ်ကို တတ်တာ ကျွန်တော် မကြိုက်ဘူးဆိုတာ ဒီကောင်ကြီး သိနေသလားပဲ။ ဖိနပ်ချွတ်လေးမှာပဲ အမြဲနေတယ်။ တိုးပွားရေ လာနင်းပေးပါဦး လို့ပြောလိုက်လို့ကတော့ ကျွန်တော့ ပေါင်းအရင်းထိရောက်အောင် သူ့ခြေလေးဘက်နဲ့တတ်နင်းပါလေရော။ ဒီလောက်အသိဥာဏ်ရှိတဲ့ တိရိစ္ဆာန်ကို ဘယ်သူက သံယော်ဇဉ် မဖြစ်ပဲ နေနိုင်ပါ့မလဲဗျာ။
     
ပိုက်ဆံလေးတွေ ဆုထားတယ်။ မိန်းမက နောက်သုံးလလောက်ဆို မွေးတော့မယ်။ ညဘက် ကျွန်တော် ကယ်ရီထွက်ဆွဲလို့အိမ်ပြန်မလာ မချင်း တိုးပွားကြီး တစ်ကောင် မအိပ်သေးပဲ ကျွန်တော့ကို စောင့်နေတယ်။ ကျွန်တော့ ခြေသံ ဆယ်ပေအကွာလောက်က ကြားတာနဲ့ ချက်ချင်းပြေးထွက်လာတယ်။ ကျွန်တော့ပိုက်ဆံလွယ်အိတ် ပေးလိုက်လို့ကတော့ ပါးစပ်နဲ့ချီးပြီး အိမ်အပေါက်ဝလေးမှာ ချထားလိုက်တယ်။ လူတစ်ယောက်လို အရမ်းအားကိုးရတဲ့ တိုးပွားကြီးပါဗျာ ။

အချိန်တွေ ကြာလာခဲ့ပြီ။ မိန်းမကလဲ ထောက်ကြံ့ကလက်သည်နဲ့ပဲ အိမ်မှာ မွေးလိုက်ရတယ်။ ကျွန်တော့ ဘဝထဲ သူဝင်လာကာမှ ရွှေပေါ်မြတင်နေလာရတဲ့ သူဌေးသမီးတစ်ယောက် ကလေးတစ်ယောက်ကို ကြမ်း ခုနစ်ချောင်း ကားယားခွပြီး မွေးခဲ့ရတယ်။ သမီးလေး မွေးတယ်။ မအေတူလေးမို့လို့ဖြူဖြူချောလေးလေးဗျ။ ခုနစ်ရက်သမီးအရွယ်လေး ရောက်လာတယ်။ တိုးပွားကို ပုခတ်လွှဲတာ သင်ပေးထားတယ်။ တိုးပွားတစ်ကောင် တစ်နေ့တစ်နေ့ ပုခတ်ကြိုးကို ပါးစပ်နဲ့ကိုက်ကိုက်ပြီး လွှဲတာ မြင်ရတဲ့ကျွန်တောတို့လင်မယားနှစ်ယောက် အိမ်အကူ တစ်ယောက်ကို ခေါ်ထားတာထက်တောင် စိတ်ချရသေးတယ်။ သမီးလေး အိပ်ယာကနိုးလို့ငိုနေပြီဆိုလဲ အောက်ကနေ ယောက်ယပ်ခတ်နေရောပဲ။သမီးလေး အိပ်ယာနိုးနေတာ  ကျွန်တော်တို့မသိရင်တောင် ပုဆိုးကို လာဆွဲပြီး ကလေးနိုးနေတာကို သတိပေးတယ်။သမီးလေး အငိုတိတ်မှ သူလဲ ဖိနပ်ချွတ်လေးမှာပဲ မှေးလေးတင်ပြီး အိပ်တယ်။

တစ်နေ့ ည၈နာရီလောက် ကျွန်တော် ကယ်ရီဂိတ်မှာ ထိုင်နေတုန်း လူသုံးယောက် ရောက်လာတယ်။
      ညီလေး ကယ်ရီ သွားချင်လို့
     အော် ဟုတ် အစ်ကိုတို့ ဘယ်သွားကြမလဲ
      ပခူးမြို့အဝလေးတင်ပဲ
      နီးနီးလေးပဲရှိတော့တာလေ လမ်းလျောက်သွားလိုကိပါလား
      ဟာကွာ လမ်းမလျောက်ချင်လို့ မင်းဆိုင်ကယ်ကို ငှားစီးတာပေါ့ ကဲပြော ငါတို့သုံးယောက် ဘယ်လောက်ပေးရမလဲ
      အစ်ကိုတို့ကျွန်တော့် ဆိုင်ကယ်က သုံးယောက်လောက်ပဲ တင်နိုင်မယ် ထင်တယ်ဗျ အစ်ကိုတို့သုံးယောက်တည်းက နှစ်ယောက်ပဲ လိုက်လို့ရမယ်
      ဟာကွာ တစ်စီးတည်းပဲ သွားချင်လို့ပေါ့ကွ မင်းတောင်းသလောက်ပေးမယ်
     ဟာဗျာ ခတ်တာပဲ

လူပုံစံတွေ ကြည့်ရတာ နည်းနည်းမူးနေကြတယ်။ ကျွန်တော်လဲ အမူးသမားတွေနဲ့ ဆက်ပြီး စကားရှည်မနေချင်တော့တာနဲ့ လိုက်ပို့ပေးဖို့ဆုံး ဖြတ်လိုက်တော့တယ်။
ကယ်ရီဂိတ်နဲ့ သူတို့သွားမယ့် နေရာက သိပ်မဝေးဘူး။ ဒါကို အရေးတကြီးလုပ်လို့ ဆိုင်ကယ်ငှားစီးပြီး ယစ်နေသေးတယ်။ ရောက်ခါနီးကျတော့ သူတို့အထဲက တစ်ယောက်က နည်းနည်းမှောင်ရိပ်ရှိတဲ့နေရာမှာ ခဏရပ်ပေးပါ။ အပေါ့သွားချင်လို့ဆိုတာနဲ့ ရပ်ပေးလိုက်တယ်။ သုံးယောက်လုံး ဆိုင်ကယ်အပေါ်က ဆင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် အကျီ င်္ ရင်ဘတ်ကို စောင့်ဆွဲလိုက်ပြီး
      ကောင်လေး
     ဟင် ခင် ခင်ဗျား တို့ဘာလုပ်ကြမလို့လဲ ပိုက်ဆံယူမလို့ ဒါဆိုလဲ ယူသွားပါဗျာ မလောက်သေးရင် ဆိုငိကယ်ပါ ယူသွားပါဗျာ လူကိုတော့ ဒုက္ခမပေပါနဲ့ ကျွန်တော့မှာ မွေးကင်းစ သမီးလေးနဲ့မိန်းမရှိပါတယ် ကျွန် ကျွန်တော့ကို ဒုက္ခမပေးပါနဲ့ဗျာ
     မရတော့ဘူး နောက်ကျသွားပြီ မင်းမိန်းမက ငါတို့ဆရာရဲ့သမီး မင်းကို မပတ်သတ်ပါနဲ့လို့ပြောထားရက်နဲ့ငါ့တို့ဆရာသမီးကို ခိုးပြေးရဲတယ် ဒါကြောင့် ဆရာကြီးက သူ့သမီးသတင်းကြားပြီး စိတ်မကောင်းလို့ မင်းကို အပျက်ရှင်းပြီး သူ့သမီးကို ပြန်ခေါ်ခိုင်းလိုက်တာပဲ
    ဗျာ မ မလုပ်ပါနဲ့ဗျာ ကျုပ် ကျုပ် တောင်း တောင်းပန်ပါတယ်

ကျွန်တော် ပြောလို့မဆုံးသေးခင်မှာပဲ သူတို့ထဲက တစ်ယောက်က ကျွန်တော့နောက်ကျောကို ချွန်ထက်တဲ့အရာနဲ့ ထိုးလိုက်တယ်။ ကျွန်တော် ကြောက်လန့်ပြီး လက်ရမ်းလိုက်တော့ အဲ့လူရဲ့မျက်နှာကို ဖျက်ရိုက်မိသွားတယ်။ သူတို့ဒေါသဖြစ်ပြီး ကျွန်တော့ကို ရက်ရက်စက်စက် ဓားတွေနဲ့ ဝိုင်းထိုးတော့တာပါပဲ။ အဲ့အချိန်မှာလေ ကျွန်တော် သမီးလေးမျက်နှာကို မျက်စိထဲ မြင်တယ်။ ကျွန်တော့ မိန်းမရဲ့အပြုံး ခွေးလေး တိုးပွားရဲ့အားကိုးရပုံတွေကို ပြန်မြင်လိုက်တယ်။ သူတို့ရဲ့ ဓားချက်တွေကြောင့် ကျွန်တော် မြေပေါ်လဲ ကျနေခဲ့ပါပြီ။ အသိစိတ်တော့ ရှိနေသေးတယ်။ နောက် ကျွန်တော့ လည်ပင်းကို ဓားနဲ့လှီးလိုက်တော့မှပဲ ကျွန်တော် ဘာမှ မသိတော့တာ။

သတိပြန်ရလာတဲ့အချိန်က မနက် ၄နာရီ ညက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။ သို့ပေမယ့် ဘာမှ စဉ်းစားလို့မရခဲ့ဘူး။ ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ တစ်ကိုယ်လုံးကို ပေါ့ပါးနေတာပါပဲ။ ကျွန်တော့်အိမ်ရှိတဲ့ ရော်ဘာခြံထဲကို ကျွန်တော် ရောက်လာခဲ့ပြီ အရင်လို တိုးပွားကြီး တစ်ကောင် လာကြိုတာကို မတွေ့တော့ဘူး။ ဒါနဲ့ ကျွန်တော် အိမ်ရှေ့ရောက်လာတော့ အိမ်ရှေ့ခြံ စည်းရိုး တံတားမှာ တိုးပွာကြီးတစ်ကောင်တည်း ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရတယ်။ ကျွန်တော့ကိုတိုးပွားကြီး မြင်သွားတော့ ငုတ်တုတ်ထိုင်နေရာကနေ စက်ခနဲ ထလိုက်ပြီး သေချာကြည့်နေတယ်။ မမြင်ဘူးတဲ့သူတစ်ယောက်ကို ကြည့်နေတဲ့ အကြည့်မျိုးနှင့်။ ကျွန်တော် လှမ်းခေါ်လိုက်တော့ အနားကို ရောက်လာပြီး မဝံ့မရဲ အနံ့ခံနေတယ်။နောက် သူမှတ်မိသွားပြီး။ ကျွန်တော့ကိုယ့်လုံးပေါ် ဘတတ်ရပ်ပြီး တစ်ကိုယ်လုံးကို လျှာနဲ့ရက်နေတော့တယ်။
      ဟာ ဟေ့ကောင်ကြီး ဖယ်စမ်းပါဦးကွ ငါ့သမီးလေး ကိုတွေ့ချင်လှပြီ ဘယ်မှာတုန်း အိပ်နေတာလား တိတ်ဆိတ်နေတာပဲ

တစ်အိမ်လုံးကို တိတ်ဆိတ်လို့ ကျွန်တော် အိမ်ပေါ်ကို ပြေးတတ်လိုက်တယ်။ တစ်အိမ်လုံး ပွပလဲနေတာကို တွေ့လိုက်ရတယ်။ သေချာပြီ ဒါဆို သူ့အဖေ လာပြန်ခေါ်သွားခဲ့ပြီပဲ။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်ဗျာ။ အိမ်ပေါ်မှာ တစ်ကိုယ်လုံးအားမရှိတော့သလို ထိုင်ချသွားတယ်။ တိုးပွားရဲ့အကြည့်တွေက ကျွန်တော့ကို သနားနေတာလား။ အိမ်ပေါ်တတ်လေ့ မရှိတဲ့ တိုးပွားက တစ်အိမ်လုံးကို ယောက်ယပ်ခတ်နေတော့တယ်။ အိမ်ရှေ့ခန်းမှာ ငိုနေတဲ့ကျွန်တော့ဆီကို သူ အထုတ်လေး တစ်ထုတ် ချီလာခဲ့တယ်။ ကလေး အနှီးထုတ်လေးပါ။ တိုးပွားကြီးရဲ့ခေါင်းကို ပွတ်ပေးလိုက်တော့ ဝင်းယားထိုးပြီး ကျွန်တော့ကို မော့ကြည့်နေတော့တယ်။ ငိုနေလဲ ငါအပိုပဲ ။ဒါက ငါ့မိန်းမပဲ သူတို့ပြန်ခေါ်ချင်တိုင်း ခေါ်လို့မရဘူး။ ငါပြန်သွားခေါ်မယ်။ ကျွန်တော် ရန်ကုန်မြို့အစပ်ကနေ ကျွန်တော့မိန်းမ ရှိနေတဲ့သူ့အဖေအိမ်ကို ပြေးနေခဲ့တယ်။တိုးပွားကလဲ လျှာလေးထုတ်ခါ ကျွန်တော်နဲ့အတူ လိုက်လာခဲ့တယ်။တွေ့သမျှ လမ်းက ခွေးတွေက သူ့ကို တွေ့တာနဲ့ဟောင်ကြတယ်။ ဒီကောင်ကြီး ဂရုမစိုက်ဘူး။ ကျွန်တော်နဲ့အတူ ပြေးလိုက်လာတယ်။ သိပ်မကြာလိုက်သလိုပါပဲ။ သူတို့ခြံရှေ့ကို ရောက်လာခဲ့တယ်။တိုးပွားတစ်ကောင်ကတော့ မောဟိုက်နေလို့ကျွန်တော်ကတော့ ဇောတတ်နေလို့လားမသိ အမောမရှိ။ ခြံရှေ့ရောက်တော့ အိမ်ထဲကို ကျွန်တော် ချောင်းကြည့်လိုက်တယ်။ အိမ်ထဲမှာ လူ လေးယောက် ဟိုလျောကိ ဒီလျောက် လျောက်နေလျက်။ ခြံဘေး အုတ်နံရဲကနေ ကျွန်တော် ကျော်တတ်လိုက်တယ်။နံရံအပေါ်ကနေ အောက်ငုတ်ကြည့်လိုက်တော့ တိုးပွားကြီးတစ်ကောင် ယောက်ယပ်ခတ်နေလျက် နံရံပေါ်ကနေ ခြံထဲကို ခုန်ချမယ် အလုပ်မှာ လူတစ်ယောက် ကျွန်တော့ကို စောင့်တွန်းလိုက်ပြီး
     မင်း ဘာလုပ်မလို့လဲ
  ဟင် ကျနော့ မိန်းမကို လာပြန်ခေါ်တာပ် ကျနော့ကို မသတ်ပါနဲ့တောင်းပန်ပါတယ်
    မင်းက သေသူ ဝိဥာဉ်ဖြစ်နေပြီ ဒီခြံထဲကို ဝင်ခွင့်မပေးနိုင်ဘူး
    ဗျာ ကျွန် ကျွန်တော်က သေ သေသူ ဟူတ် ဟုတ်လား
   ဟုတ်တယ် မင်းသေသွားတာ ၃ရက်တောင် ရှိနေပြီ
   ခင် ခင်ဗျား မဟုတ်တာတွေ မပြောနဲ့နော် ဒီချိန်မှာ ကျုပ် လူသတ်ဖို့လဲ ဝန်မလေးဘူး ကျုပ်မိန်းမကို လာပြန်ခေါ်တာ မိန်းမရေ အစ်ကို ဒီမှာ ရောက်နေတယ် မင်းကို လာပြန်ခေါ်တာ ငါဒီမှာလေ မင်းငါ့ကို လာကြည့်ပါဦး မင်းယောကျာ်း ငါခေါ်နေတယ်လေ ဖြူ မိန်းမ
  မင်းခေါ်နေလဲ သူမကြားနိုင်တော့ဘူး ဒီတော့ မင်းခုနှစ်ရက် မပြည့်မချင်း မင်းသွားချင်တဲ့နေရာကို သွားထားပါ ဒါပေမယ့် ဒီအိမ်ထဲတော့ ဝင်ဖို့မကြိုးပါနဲ့
   ခင် ခင်ဗျား လိမ်နေတာ ကျုပ်မသေဘူး ကျုပ် မသေသေးဘူး ခင်ဗျားက ကျုပ်မိန်းမ အဖေရဲ့တပည့်မလို့ခင်ဗျား လိမ်ပြောနေတာ
   မင်းမှားနေပြီ ငါက ဒီတစ်ခြံလုံးကို စောင့်လျောက်ရတဲ့နတ်ပဲ
    ဟင် ဟုတ် ဟုတ်လို့လား ဒါဆို ကျုပ်သေသွားတာကို ခင်ဗျား သက်သေပြနိုင်မလဲ ပြမယ်

ပြောပြီး လူလေးယောက် လမ်းလျောက်နေသည့် နေရာက်ု ခဲတစ်လုံး ပစ်လိုက်တော့ ထိုလူလေးယောက် ရောက်လာပြီး ကျွန်တောနဲ့အဲ့လူကို မမြင်သလို ဟိုကြည့် ဒီကြည့်လုပ်ပြီး ကျွန်တော့အရှေ့ကနေ ပြန်လှည့်သွားတယ်။ ဟင် ဒါဆို ကျွန်တော် တကယ်ပဲ သေသွားပြီးလား ။တိုးပွားနဲ့အတူ ခြံအပြင်မှာ ကျွန်တော်ထိုင်ချလိုက်တယ်။တိုးပွားကြီရဲ့အကြည့်တွေက ငြိုမှိုင်းလှစွာ ကြည့်နေတော့သည်။ ဟုတ်ပါ့မလား။ ကျွန်တော သေနေတာ ၃ရက်တောင် ရှိနေပြီတဲ့။ တိုးပွားကြီး ငါသေသွားပြီးကွ။ငါ့သမီးလေးနဲ့ငါ့မိန်းမကို ဒီတစ်သက် ငါပြန်မတွေ့ရတော့ဘူး။ တိုးပွား ငါ့ကို မင်းကူညီပေးပါလား။ ငါကို အခုချိန်မှာ မင်းတစ်ကောင်တည်း မြင်နိုင်တော့တယ်။ ငါဘာကိုမှ မကိုင်နိုင်တော့ဘူး မထိနိုင်တော့ဘူး။ ကျွန်တော် သိပ်ခံစားရတယ်။သမီးလေးက အခုဆို ၁၀ရက် သမီးလေး ဖြစ်နေပြီ။ သမီးလေးနဲ့ကျွန်တော် ပြန်မတွေ့ရတော့ဘူးလား။ကြံရာ မရတဲ့အဆုံး တိုးပွားကို ခေါ်ပြီး အနောက် ခြံစည်းရိုး ခွေးတိုးပေါက်ကနေ တိုးပွားကြီးကို ဝင်ခိုင်လိုက်တယ်။ ကျွန်တော်လဲ ခိုးဝင်မလို့လုပ်ပါသေးတယ်။အိမ်စောင့်နတ်ဆိုတဲ့လူကြီးက နေရာတိုင်းမှာ ကျွန်တော့ကို ကြည့်နေသလို။ အဲ့ဒါကြောင့် တိုးပွားကိုပဲ ခွေးတိုးပေါက်ကနေ ဝင်ခိုင်းလိုက်တယ်။ ဒီကောင်ကြီး ဝင်သွားခဲ့တယ်။ အပေါက်ကနေ ကျွန်တော် ချောင်းကြည့်နေခဲ့တယ်။ ကျွန်တော့ မိန်းမအနံ့နဲ့သမီးလေးအနံ့ကို ဒီကောင်ကြီး ကောင်းကောင်းသိနေတယ်လေ ။နှာခေါင်း တစ်ရှုတ်ရှုတ်နဲ့ အနံ့ခံနေခဲ့တယ်။ နောက်ဖေး မီးဖိုချောင်ထဲကို ဒီကောင်ကြီး ဝင်သွားတော့
   ဟဲ့ခွေး သွားစမ်း ဘယ်က ခွေးက ဝင်လာတာလဲ ဟဲ့ လာမောင်းလိုက်ကြစမ်း ဒီမှာ ခွေး ခြံထဲဝင်နေတယ်

ယောက်ခမကြီး အသံပါပဲ။ ခြံထဲကလူတွေ ရောက်လာပြီး တိုးပွားကို ဝိုင်းရိုက်ပြီး မောင်းထုတ်နေပေမယ့်လဲ ဒီကောင်ကြီး ပေတေပြီး ငြိမ်ခံနေတယ်။ ကျွန်တော့အထင် တိုးပွားကြီး ရည်ရွယ်ချက်က ဖြူအိမ်ထဲကနေ ထွက်လာတဲ့အထိ ဒီလူတွေ ဝိုင်းရိုက်တာ ခံနေဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်လိမ့်မယ်။ မညာမတာ ရိုက်ခံနေရတဲ့တိုးပွားကြီးရဲ့အဖြစ်ကို ကျွန်တော် မကြည့်ရက်တော့တာကြောင့် ဒီကောင်ကြီး ပြန်လာခဲ့ဖို့ ခေါ်လိုက်တော့တယ်။ ဝင်သွားတဲ့အပေါက်ကနေပဲ ခြေထောက် ထော့နင်းနင်းနှင့် ကျွန်တော့ဆီပြန်လာတော့တယ်။

    ဘယ်ကခွေးတုန်း သောက်ကျော တော်တော် တင်းတယ် ဒီလောက် ရိုက်နေတာတောင် ပေတေပြီး နေတယ် ထွက်မပြေးဘူး

မကြာပါဘူး အောက်က ရုတ်ရုတ်အသံကြားတော့ ကျွန်တော့ မိန်းမဖြူ ဆင်းလာခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံး ငိုထားတာကြောင့် အစ်နေတာကို မြင်လိုက်တော့ ကျွန်တော် အလိုလို ငိုချင်လာတယ်ဗျာ။ ကျွန်တော် ခြံပြင်ကနေ ဖြူ့ကို အော်ခေါ်နေတယ်။သို့ပေမယ့် သူမကြားပါဘူး။ ခွေးတစ်ကောင် ဝင်လာတယ်လို့သူသိတော့ တစ်ခုခုကို တွေးလိုက်ပြီး ငိုနေတာကို ကျွန်တော် အပြင်ကနေ လှမ်းမြင်နေရတယ်။ ဘာမှ မတတ်နိုင်ဘူးဗျာ။ ဘာမှလဲ မလုပ်ပေးနိုင်တော့ဘူး။ ဖြူရယ် ငါဒီမှာလေ ငါခေါ်နေတယ်လေး ပြန်ထူးပါဦး ဖြူရဲ့ မင်းယောကျားငါ့ကို ကြည့်ပါဦး ဖြူ ဖြူရေ ငါဒီမှာလေ ။ကျွန်တော် အကြိမ်ကြိမ်အခါခါ အကျယ်ဆုံး အသံနဲ့သူ့ကို အော်ခေါ်နေခဲ့ပါတယ်ဗျာ ။ဒါပေမယ့် သူမကြားနိုင်ဘူး။ ကျွန်တော် မောပြီး အိပ်ပျော်သွားသလား။ နောက်တစ်မနက်မှာ ခြံစောင့်နတ်ဆိုတဲ့သူကြီး ကျွန်တော်ရှိနေတဲ့ဖြူ့အိမ်ခြံစည်းရိုးဘေးကို ထပ်ရောက်လာခဲ့တယ်။ ဒီနေ့နဲ့ဆို ကျွန်တော်သေတာ ၄ ရက်ရှိပြီလို့လာပြောပြန်တယ်။ တိုးပွားကြီးရဲ့မျက်နှာမှာလဲ မျက်ရည်များကျနေသလား။ မျက်ချေးများနဲ့ပြည့်နှပ်နေတယ်။ ကျွန်တော့ ဝိဥာဉ်က ဖြူ့အိမ်ပြင်မှာပဲ ရှိနေခဲ့တာပါ။ နေ့လည်လောက်ကျတော့ ခြံထဲကနေ ကလေးငိုသံကြားတာကြောင့် တိုးပွားကြီး ခြံအပြင်ကနေ ထိုးဟောင်းနေတယ်။ ခြံထဲကို မြင်ရတဲ့အပေါက်ကနေ ကြည့်လိုက်တော့ ကျွန်တော့သမီးလေးကို ခြံထဲ နေပူပူမှာ နေလှန်းထားသလို တွေ့လိုက်ရတယ်။ သိပ်ရက်စက်တဲ့ဂုဏ်ကြီးရှင်တွေဗျာ ။ကလေးလေကို နေပူထဲ ပစ်ထားတယ်။ ဖြူရော ကျွန်တော့ မိန်းမဖြူကရော သမီးလေး ဒီလိုဖြစ်နေတာ မသိဘူးလား။ မခံစားနိုင်တော့ဘူး ။သမီးလေးကို နေပူထဲ ပစ်ထားတာ ကျွန်တော့ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲတော့မယ်။ ခြံစောင့် နတ်ကြီးဆီကို ကျနော် အပြေးသွားပြီး ခြံထဲ ဝင်ခွင့် ခဏလေးပေးပါ လို့ ငိုပြီးတောင်းပန်တော့ ကျွန်တော့ကို ၁၀မိနစ် အချိန်ပေးမယ်လို့ပြောတယ် အရမ်း ဝမ်းသာမိသွားတယ်။ ကျွန်တော် ခြံထဲကို ရောက်လာခဲ့တယ်။ နေပူထဲက သမီးလေးကို ပွေ့ချီလိုက်တယ်။ ဘယ်လိုဖြစ်တာလဲ ကျွန်တော် ဘယ်လိုဖြစ်တာလဲ သမီးလေးကို ထိလို့မရဘူး။ လုပ်ကြပါဦး ကယ်ကြပါဦး ဖြူရေ သမီးလေးကို လာခေါ်ပါဦး သမီးလေး မငိုပါနဲ့ကွယ် ဖေဖေကြီး ဒီမှာလေ သမီးလေးကို ဖေဖေကြီး နေမပူအောင် ကာပေးထားမယ်နော် သမီးလေးမငိုပါနဲတော့ ဖေဖေ့ရင်တွေ ကွဲတော့မယ်။ သမီးလေး မငိုပါနဲ့တော့။ တိုးပွားကြီးရေ အပေါက်ကနေ ဝင်ခဲ့ပါဦး။ ခေါ်သံကြားတော့ တိုးပွားကြီး ရောက်လာခဲ့တယ်။ သမီးလေးကို သူပါးစပ်နဲ့ကိုက်ချီပြီး နေကွယ်ရာထဲ ချီသွားတယ်။ အဲ့မှာလေ သမီးလေးက ကျွန်တော့ကို တွေ့နေရသလား။ လျှာလေးထုတ်ပြလိုက် လက်ကလေးနဲ့ရိုက်ပြလိုက် လုပ်နေခဲ့တယ်။ သမီးလေး ဖေဖေ့ကို မြင်ရလား သမီးလေးရယ် ဖေဖေရင်တွေ ကွဲတော့မယ် သိလား သမီးလေးကို ဖေဖေ ဒီတစ်သက် ချီခွင့်မရနိုင်တော့ဘူးသမီးလေးရဲ့ နင့်မေကြီးက သိပ်ရက်စက်တာကို ငါ့သမီးလေးကို နေပူထဲ ပစ်ထားရက်တယ် သမီးလေးရယ် ဖေဖေလေ သမီးလေးကို သိပ်ချစ်တယ် တိုးပွားကြီး ငါ့သမီးလေးကို ငါချီခွင့် မရနိုင်တော့လား
တိုးပွားကြီးကလဲ မျက်ရည်တွေ ကျနေတယ် နောက် ယောက်ယပ်ခတ်ပြီ ထိုးဟောင်လိုက်တယ်။ သူ့အသံကြားတော့ ဖြူ့အမေကြီးနဲ့လူတွေ ထွက်လာပြီး တိုးပွားကြီးကို ဝိုင်းရိုက်တော့တာပါပဲ ဒီကောင်ကြီး မပြေးဘူး ကြိတ်မှိတ်ခံနေတယ်။ အဲ့လူတွေကို ကျွန်တော် ထိုးတယ် လုံးဝ မထိဘူး။ ဆူညံသံကြားတာနဲ့ အိပ်မှုံစုံဖွားနဲ့ဖြူစင်းလာတော့ သှူုအမေကြီးက မြေပေါ်က သမီးလေးကို  ကောက်ချီလိုက်ပြီး မသိရင် ကလေးထိန်းနေသလိုနဲ့လုပ်နေတယ်။ ဖြူရောက်လာတော့ တိုးပွားကြီးကို မရိုက်ဖို့အဲ့လူတွေကို တားလိုက်တယ်။ ဆက်မရိုက်တော့ပဲ သမီးလေးကို ဖြူချီထားလိုက်ပြီး
    တိုးပွားကြီ နင်လိုက်လာတယ် ဟုတ်လား ထီးလေးရော နင့်သခင် ထီးလေးကိုရော ခေါ်မလာခဲ့ဘူးလား ငါ့ကို နင့်သခင် ထီးလေး ထားသွားခဲ့ပြီ သိပ်ရက်စက်တာပဲ
ဖြူ့ရဲ့တစ်ဖက်သတ် စွတ်ဆွဲချက်တွေကို မရှင်းပြနိုင်တဲ့တိုးပွားကြီးက ကျွန်တော့ဘက်ကို ကြည့်ပြီး ထိုးဟောင်းနေတယ်။

ဖြူ ငါကသေသွားပြီ မင်းနဲ့သမီးလေးကို ငါမစောင့်ရှောက်ပေးနိုင်တော့ဘူး ငါ့ကို ခွင့်လွတ်ပါဖြူရယ် ငါလေ မင်းတို့သားအမိနှစ်ယောက်အတွက် ပိုက်ဆံတွေ ဆုထားတယ် သိလား မင်းတို့သားမိနှစ်ယောက်ကို ငါလူတန်းစေ့ တင့်တောင့် တင့်တယ် ထားချင်လို့ပေါ့ အခု ငါကသေသွားတာ ၄ရက်တောင် ရှိနေခဲ့ပြီုဖြူရဲ့ သမီးလေးကို ငါချီချင်လိုက်တာ သမီးလေးကို ငါသီချင်းဆိုပြီး သိပ့်မယ်လေ မင်းက ငါ့လက်မောင်း အပေါ်မှာ အိပ် သမီးလေးကို ငါတို့နှစ်ယောက် သီချင်းဆိုပြပြီး သိပ့်ကြမယ်လေ ဘယ်လောက် သာယာလိုက်တဲ့မိသားစုလေးဖြစ်မလဲ
         ငါ မင်းကို အရမ်ချစ်တယ် သိလား ဖြူ သမီးလေးကို မင်းပဲ စောင့်လျောက်ထားလိုက်ပါတော့ ငါ့အချိန်ပြည့်ပြီ ငါ့ကို ပြန်ခိုင်းနေပြီ ငါသွားတော့မယ် သမီးလေး ဖေဖေကြီးသွားတော့မယ်နော် သမီး မေမေကြီးနဲ့ လိမ်လိမ်မာမာနေခဲ့တော့နော် ဖေဖေ နှုတ်ဆတ်ခဲ့ပါတယ် သမီးလေးရယ် မိန်းမ ငါနှုတ်ဆတ်ခဲ့ပါတယ် ဟာ ငါသွားတော့မယ် တိုးပွားကြီး မင်းကိုလဲ ကျေးဇူးတင်ပါတယ် ငါနှုတ်ဆတ်ခဲ့ပါတယ်
       ငါသွားတော့မယ်……

စာရေးသူ- ထီးကလေး
  မျက်ရည်များဖြင့် ရေးသည်။

***---************************

1 comment:

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages