တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက်ီးသန့်ရေးသားထားသော သီးသန့်ရေးသားထားသော လိုက်သူများနှင့်
ကဝေဘုရင် ယမမင်းရှင် ✅
အပိုင်း(၂)
စာရေးသူ -ထီးကလေး၊
တစ်နေ့သ၌ သူငယ်ချင်းဖြစ်သူ မျှားကလေးအား သတိရ လွမ်းဆွတ်လျက် ခြံထဲစားပွဲဝိုင်းတွင် ထီးကလေး တစ် သီးသန့်ရေးသားထားသော ယောက်တည်းထိုင်ကာ မှိုင်တွေ ငေးငိုင်နေခဲ့သည်။ဖခင်ဖြစ်သူကား မှိုင်တွေ ငေးငိုင်နေသည့် သားဖြစ်သူကိုတွေ့တော့ အနားသို့ရောက်လာပြီး
`သား…ဘာတွေ တွေးနေတာတုန်း´
`အော်…ဖေဖေ ဘာမှ မဟုတ်ပါဘူး မျှားကလေးတစ်ယောက် သေသလား ရှင်သလားမသိပဲ အစအနပျောက်နေလို့ သူ့အကြောင်းတွေးနေတာ´
`အေးကွယ်…သူ့ အဖေ အမေလည်း သနားပါတယ် ဖေဖေတို့လဲ အစွမ်းကုန် လိုက်ရှာပေးခဲ့ပြီးပြီပဲ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူးလေ ဘဟ်တတ်နိုင်မလဲ သားရယ်…သူမသေရင်တော့ မင်းတို့ဆီကို ပြန်လာဦးမှာပေါ့…´
`သားကတော့…မျှားကလေး တစ်ချိန်ချိန်မှာ သားတို့ဆီ ပြန်လာလိမ့်မယ်လို့ယုံကြည်တယ်´
လွမ်းဆွတ် တမ်းနေလျက် သားဖနှစ်ယောက်သား ခြံထဲ၌ စကားလက်ဆုံကြနေစဉ်မှာဘဲ
`ထီး…ထီးလေး´
မှိုင်တွေနေသော မျက်နှာထားနှင့် ငါးကလေး ခြံထဲသို့အလောတကြီး ဝင်လာာခဲ့သည်။
`ဘာဖြစ်လာတာလဲ…´
`မျှား…မျှားကလေး…´
`ပြောပါကွ…မျှားကလေး ဘာဖြစ်လို့လဲ သူအိမ်ပြန်လာလို့လား…´
`မဟုတ်ဘူးကွ…မျှားကလေး သေပြီတဲ့´
`ဘာ!…မျှားကလေး သေပြီ ဟုတ်လား´
`ဟုတ်တယ်…ငါတို့သူငယ်ချင်း မျှားကလေး သေသွားပြီ…အခု သူ့အိမ်မှာ ကလေးလေး တစ်ယောက် ရောက်နေတယ် အဲ့ဒီ့ကလေးလေးက မျှားကလေး ဝင်စားတယ်လို့ပြောတယ် ငါလဲ ကြားကြားခြင်းမင်းကို လာပြောတာဘဲ´
`ဟင်!…ဟုတ်ပါ့မလား ဒါဆို ငါတို့သွားကြမယ်လေ…တန်ခိုးတို့ရော´
`သူတို့ရောက်နှင့်နေလောက်ပြီ…´
`ဖေဖေ သားတို့အရင်သွားနှင့်မယ်´
`အေးအေး ဖေဖေတို့လဲအနောက်က လိုက်ခဲ့မယ်…´
ထီးကလေးဆီသို့အပြေးရောက်လာသော ငါးကလေးက သူငယ်ချင်းဖြစ်သူ မျှားကလေးကား သေဆုံးပြီးနောက် လူဝင်စားအဖြစ်နှင့် သူမအိမ်သို့ပြန်ရောက်လာပါကြောင်းကို ပြောပြခဲ့သည်။သို့နှင့် သူငယ်ချင်းဖြစ်သူ မျှားကလေးအိမ်သို့နှစ်ယောက်သား အပြေးလှမ်းသွားလျက် သူမခြံရှေ့သို့ရောက်သည်နှင့် ခြံတံခါးအား တွန်းဖွင့်လိုက်ပြီး နှစ်ယောက်သား အိမ်ထဲသို့ဝင်လိုက်တော့ တန်ခိုး လမ်းကလေးနှင့် အတူ အသက် ၄၀ကျော်အရွယ်ရှိ လင်မယားနှစ်ယာက်ကိုပါ ဧည့်ခန်းထဲ၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မျှားကလေး၏ အမေကား ၃နှစ်ကျော်ကျော် ၄နှစ်နီးပါးမျှ ရှိသည့် လူမမယ်ကလေးတစ်ယောက်အား ဖတ်ထားလျက် ရှိုက်ငင်စွာ ငိုနေသည်ကို တွေ့လိုက်ရသည်။အိမ်ထဲရောက်လာသည်နှင့် ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် လွတ်နေသော ဧည့်ခန်းခုံတွင် နှစ်ယောက်သားဝင်ထိုင်လိုက်ပြီး သူငဟ်ချင်းဖြစ်သူ တန်ခိုးအား မျက်စာပစ် မော့ငေါ့ပြလိုက်သည်။ ညို့မှိုင်းနေသော မျက်ဝန်းတို့နှင့် ဝမ်းနည်းစွာဖြင့် တန်ခိုးကား ခေါင်းခါလျက် မျှားကလေး၏အမေမှာ ထီးကလေးအား ရောက်လာသည်ကို တွေ့လိုက်တော့
`မောင်ထီးလေး…မင်းတို့သူငယ်ချင်း မျှားကလေးက သေပြီး အခုလူဝင်စားဖြစ်နေပြီ…´
ရင်ခွင်ထဲ၌ ထိုကလေးလေးအား ဖတ်ထားပြီး ထီးကလေးအား ဝမ်းနည်းစွာ ပြောလိုက်သည်။ထိုအခါ ရင်ခွင်ထဲတွင် ငြိမ်သတ်နေလျက်ရှိသော ကလေးလေးကား ထီးကလေး နာမည်ကို ကြားသည်နှင့် အတင်းရုန်းထွက်ခေါင်းပြူးလိုက်ပြီး
`ထီးကလေး!…´
၎ နှစ်နီးပါးမျှ ရှိသော ထိုကလေးလေးက သူအား ရင်းနှီးသော ခေါ်သံတို့နှင့် ပြုံးရယ်ပြလိုက်သည်။ကြောင်တောင်တောင်ဖြစ်ကာ သူကြည့်နေလျက်
`ထီးကလေး…ငါ…ငါမျှားကလေးလေ…´
`ဟင်!…သမီးလေးက မျှားကလေး ဟုတ်လား…´
`ဟဲ့…နင်နော် ငါ့ကို ဘာသမီးလေးလဲ´
ထိုကလေးလေး ပြောလိုက်သည့် စကားသံတို့ကား ချစ်စဖွယ် ။ပီသအောင် မပြောနိုင်သေးသည့် စကားသံတို့ဖြင့် ထီးကလေးအား ခေါ်ဝေါ်ပြောနေပုံက ရင်းနှီးလှစွာ။
`ဟဲ့…ဘာကြောင်ကြည့်နေတာလဲ လိုချင်ရင် ဖမ်းသွားလေ…ကြောင်ကြည့်မနေနဲ့…´
ထိုသို့စနောက် ပြောလိုက်သည့် စကားတို့က သူမအား ထီးကလေး ငယ်စဉ်ကတည်းမှ စနောက်ပြောဆိုခဲ့သည့် စကားတို့ပင်ဖြစ်ချေသည်။ နှုတ်ခမ်းစေ့ထားပုံ၊ ပြုံးရယ်နေပုံက သူတို့၏ သူငယ်ချင်းမ မျှားကလေးပုံစံ
`နင်…နင်တကယ်ပဲ မျှားကလေးလား´
`တကယ်မလို့နင်တို့လေးယောက်ဆီ ငါပြန်လာခဲ့တာပေါ့…´
ကလေးမလေးကား ထိုစကားပြောလိုက်သည်နှင့် ဘေးတွင် ငြိမ်သတ်စွာ ထိုင်နေသော လင်မယားနှစ်ယောက်အား ထီးကလေး လှမ်းကြည့်လိုက်တော့
`ထီးကလေးဆိုတာ ညီလေးလား´
ထိုလင်မယားနှစ်ယောက်တည်းမှ လင်ယောကျာ်းဖြစ်သူက ထီးကလေးအား မေးလိုက်သည်။
`ဟုတ်ကဲ့…ကျွန်တော်ပါ´
`သမီးလေးက အစ်ကိုတို့ လင်မယားနှစ်ယောက်ဆီမှာ လူဝင်စားဖြစ်နေတာထင်တယ်…သူစကားစပြောတတ်တည်းက ထီးကလေး လမ်းကလေး ငါးကလေး တန်ခိုး ဆိုတဲ့နာမည်တွေကို ခဏခဏပြောတယ် ပြီးတော့ အဲ့ဒီလူတွေဆီ ပြန်ချင်တယ်ဆိုပြီး အစ်ကိုတို့လင်မယားနှစ်ယောက်ကို ခဏခဏလိုက်ပို့ခိုင်းတယ်…အစ်ကိုတို့က မှော်ဘီရော်ဘာခြံမှာ ခြံစောင့်လုပ်ကြတာပါ ဆင်းရဲတယ် သမီးလေးကို အရမ်းချစ်တယ် သူ့မျက်နှာလေး မညိုးရအောင် အစ်ကိုတို့လင်မယားနှစ်ယောက် ထားပါတယ် အခု သမီးလေး ၄နှစ်ပြည့်တော့မယ် အစ်ကိုတို့လင်မယားနှစ်ယောက်ကို ဂျစ်တိုက်ပူဆာပြီး ဒီကိုအတင်းလိုက်ပို့ခိုင်းလို့ လိုက်ပို့ပေးခဲ့တာ အခုမှပဲ သိတော့တယ် သမီးလေးက လူဝင်စားတာဘဲ ညီလေးတို့နဲ့ဘဝအဟောင်းက သူငယ်ချင်းတွေဖြစ်ခဲ့ဘူးတာ အခုမှပဲ သိတော့တယ်´
ကလေးမလေး ဖခင်ဖြစ်သူက သူတို့အားလုံးကို ရှင်းပြပြောဆိုနေခဲ့သည်။ထိုအခါ ဝဲကျနေသော မျက်ရည်တို့ဖြင့် ထီးကလေးက
`မျှားကလေးရယ်…သူငယ်ချင်း ဖြစ်မှဖြစ်ရလေဟာ…ငါတို့တွေလည်း နင့်ကို နေရာတိုင်းမှာ လိုက်ရှာနေခဲ့တာပါ အခုချိန်ထိလည်း နင့်ကို ငါတို့ရှာနေတုန်းပါပဲ…ဘယ်လိုဖြစ်ရတာ နင့်ဘယ်လို သေခဲ့ရတာလဲ…´
စိတ်မထိန်းနိုင်တော့ပဲ ထီးကလေးကား ငိုချပြောလိုက်တော့သည်။ထိုအခါ ကလေးမလေးက ငိုနေသော ထီးကလေးဘေးသို့သွားပြီး စီးကျနေသော မျက်ရည်များအား သုတ်ပေးနေလျက်
`ငါဘဟ်လို သေသွားတာလဲ ဆိုတာ ငါကိုယ်တိုင်လည်း မသိလိုက်ဘူး (တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ) ဖေဖေ မေမေတို့အိမ်ဝယ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ငါ့ကိုဆူလို့အိမ်ပေါ်ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ငါဆင်းသွားခဲ့တယ် အဲ့နောက်ပိုင်း ငါဘာဖြစ်သွားမှန်း မသိတော့ဘူး…ငါသိတဲ့အချိန်က နင်တို့လေးယောက်ကို သတိရတာပဲ သိတော့တယ်…´
ကလေးမလေး ပြောဆိုနေသည်က သူတို့၏သူငယ်ချင်း မျှားကလေး ပြောဆိုနေပုံနှင့် တစ်ထပ်တည်းပင်။စကားသံများ ပီသအောင် မပြောနိုင်ပေမယ့် ပြောနေသည့် လေသံက ပျက်သားစွာ ဆုံးဖြတ်ပြောဆိုတတ်သော မျှားကလေး အသံမျိုးပင်ဖြစ်နေတော့သည်။ ထီးကလေးဘေးမှ ငါးကလေးကို ကြည့်လိုက်ပြီး ကလေးမလေးကား
`ငါးကလေး…မငိုပါနဲ့တော့ဟာ ငါနင်တို့ဆီ ပြန်လာပြီပဲ ဘာလို့ငိုနေရတာလဲ ပဉ္စမမြောက် လက်စားရှင် ကိုပြည့်စုံက နင့်ကို ဘာမှာခဲ့သလဲ နင်မေ့နေပြီလား…မျက်ရည်ဘယ်တော့မှ မကျရဘူး မျက်ရည်ဆိုတာ နှလုံးသားနဲ့ဖွဲ့စည်းထားတဲ့မျက်စိနဲ့မြင်နိုင်တဲ့နှလုံးသားပုံရိပ်လို့နင့်ကို ပြောခဲ့ဘူးတယ်လေ မေ့နေပြီလား…´
နှစ်အတန်ကြာနေပြီး ဖြစ်သည့် (တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် ပဉ္စမမြောက် လက်စားရှင်)မှ ပြည့်စုံကား ငါးကလေးကို ပြောခဲ့သည့် စကားတစ်ခွန်းကို သတိတရ ပြန်ပြောလိုက်ရာ လေးယောက်စလုံး အံသြတကြီးဖြစ်သွားတော့သည်။
`ငါမမေ့ပါဘူး မျှားကလေးရာ ငါတို့နင့်ကို ဘာမှ မကာကွယ်ပေးလိုက်နိုင်တာကိုပဲ ဝမ်းနည်းနေမိတာပါဟာ…´
`ဟုတ်တယ် မျှားကလေး ငါတို့ကို ခွင့်လွတ်ပေးပါ…´
`ဟာ…လက်မရွှံ့လှမင်း နာမည်ပေးခဲ့တဲ့သံမဏိခဲ တန်ခိုး နင်ကလဲငိုနေတယ်ပေါ့ ဟုတ်လား…မငိုပါနဲ့တော့ဟာ ငါပြန်ရောက်လာပြီဘဲ…´
`အေးပါ မျှားလေးရယ် ငါတို့ဆီကို နင်ပြန်လာလိမ့်မယ်ဆိုတာ ငါတို့အစတည်းက ယုံကြည်ပြီးသားပါ´
လေးနှစ်ကျော်မျှ ပျောက်ကွယ်နေခဲ့သည့် မျှားကလေးကား အားလုံးနှင့်ပြန်ဆုံတွေ့လိုက်ရသည့် အဖြစ်က ရင်နှင့်စဖွယ်။ သူမ၏ မိဘနှစ်ပါးမှာလည်း ယူကြုံးမရ ဝမ်းနည်းနေလျက်။ လူဝင်စားသည့် ကလေးမလေးက အရာအားလုံးကို မှတ်မိနေခဲ့သည်။သို့နှင့် ကလေးမလေး၏ မိဘနှစ်ပါးကား ဆင်းရဲနွမ်းပါးလှသည်။့ မွေးစားဖို့ကလေးမလေးအား တောင်းခဲ့သည်။သို့ပေမယ့် မိမိတို့၏ သမီးလေးအား ဘယ်လိုမှ မပေးနိုင်ပါကြောင်း ငြင်းဆန်ခဲ့သည်။နှစ်ဦးနှစ်ဖက် နားလည်မှု့ဖြင့် အမုန်းမပွားစေရန် ကလေးမလေးအား ဘဝဟောင်းမှ မိဘနှစ်ပါးထံသို့လာချင်သည့် အချိန်တိုင်း သူမ၏မိဘနှစ်ပါးက လာရောက် ပို့ဆောင်ပေးခဲ့သည်။ သေအတူ ရှင်မကွာ ပေါင်းသင်းလာသည့် သူငယ်ချင်းများထံတွင်လည်း ကလေးမလေးက မျှားကလေး၏ လာနေ သွားနေကြအတိုင်း ဝင်ထွက်လေ့ရှိသည်။
✏✏✏✏✏✏✏✏✏✏✏✏
ကိုအုန်းကျော်နှင့် မမယ်ကြည်တို့မွေးဖွားခဲ့သည့် ကလေးလေးကား အများနှင့်မတူပဲ တစ်မူထူးခြားနေခဲ့သည်။မွေးရာပါ စင်္ကြာပုံသဏ္ဍန် အမှတ်သားလေးက ထိုကလေး၏ ရင်ဘတ်တွင် အကြွေစေ့အဝိုင်းခန့်ထင်ရှားစွာပေါ်နေခဲ့သည်။ထိုကလေး မွေးဖွားခဲ့သည့်နေ့မှ စပြီး မြေအောက်မှ တူးဖော်ရရှိထားသည့် သေတ္တာလေးကလဲ လပြည့် လကွယ်ညများ၌ ထွန်းလင်းတောက်ပခြင်း မရှိတော့ပါ။ ကလေး၏အမည်ကား ချစ်စနိုးဖြင့် ကိုအုန်းကျော်နှင့် မမယ်ကြည်တို့ကား ဖိုးချစ်လေးဟု ခေါ်တွင်ခဲ့သည်။ ကိုအုန်းကျော်၏ လယ်ယာထွက် စံပါးသီးနှံတို့မှာလည်း အများနှင့်မတူ ပိုမိုဖြစ်ထွန်းလာချေခဲ့သည်။သုံးနှစ်အရွယ်ရောက်လာသည့် ဖိုးချစ်လေးကား မွေးစအချိန် တစ်ချိန်မှစပြီး သုံးနှစ်အရွယ်ထိ ကလေးတို့သဘာဝအရ ငိုယိုခြင်းမရှိ။ပြုံးရွှင်နေသော ချစ်စဖွယ် မျက်နှာလေးကိုသာ တွေ့မြင်နေရသည်။ဖိုးချစ်လေး လမ်းလျောက်တတ်၊ ဆော့ကစားတတ်သည့် အရွယ်ရောက်လာတော့ ခြံဝိုင်းအတွင်း၌ အဖော်ကလေးငယ်တစ်ဦး ရှိနေသကဲ့သို့တစ်ယောက်တည်း စကားများပြောကာ ဆော့ကစားလေ့ရှိသည်။တစ်ည ကိုအုန်းကျော် ခြံဝိုင်းအတွင်း အညောင်းပြေလမ်းလျောက်နေခဲ့စဉ် ရှေးဆန်ဆန် ယောင်ပေစူးလေးဖြင့် ကလေးလေး ပြန်လည်ပေါ်လာခဲ့ပြီး ခြံထောင့်မှ ကိုအုန်းကျော်ရှိရာသို့လျောက်လာခါ
`ဖေဖေ သား အခု ဒီရွယ်ရောက်နေပြီ´
ထိုကလေးလေးအား ကိုအုန်းကျော်တစ်ယောက် စိုက်ကြည့်နေလျက် မည်သည့်စကားမှ ပြန်မပြောပဲ ဆရာအေးပေးခဲ့သည့် ဂဲလုံးလေး၏ အစောင့်ဆိုသည်ကို သူကောင်းစွာ သိရှိနားလည်ထားခဲ့ပြီဖြစ်သည်။
`သား ညီလေးနဲ့လည်း အတူတူကစားပေးတယ် ဖေဖေ …သားညီလေးကိုအရမ်း ချစ်တယ် ညီလေးကိုလည်း စောင့်ရှောက်ပေးမှာပါ´
ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခြံဝိုင်းအတွင်း ဖိုးချစ်လေး တစ်ယောက်တည်းဆော့ကစားနေခြင်းမဟုတ်ပဲ ထိုယောင်ပေစူး ခြံစောင့်ကလေးနှင့် အတူဆော့ကစားနေခဲ့ခြင်းဖြစ်သည်ကိုလည်း သူနားလည်သွားခဲ့သည်။ မည်သည့်စကားမှ ပြန်မပြောပဲ ထိုကလေးအား ခေါင်းငြိမ်ပြလိုက်တော့ သူထွက်လာရာ ခြံထောင့်သို့ပြန်ဝင်သွားလျက် ပျောက်ကွယ်သွားခဲ့တော့သည်။ မနက်ရောက်သည်နှင့် ဇနီးဖြစ်သူမယ်ကြည်အား ကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်အားလုံးကို တိုင်ပင်ပြောဆိုခဲ့သည်။ဖိုးချစ်လေး ကျောင်းနေသည့်အရွယ်တွင်လည်း မည်သည့်အဖော်နှင့်မှ ဆော့ကစားလေ့မရှိပဲ တစ်ယောက်တည်းဆော့ကစားနေသည်ဟု ထင်ကြပေမယ့် တကယ်ကား ခြံထောင့်မှ ယောင်ပေစူးကလေးနှင့် ဆော့ကစားနေခြင်းပင်ဖြစ်သည်။လူအများမမြင်တွေ့နိုင်သည့် ယောင်ပေစူးလေးကား ဖိုးချစ်လေးကသာ မြင်တွေ့နိုင်လေသည်။တစ်နေ့ဘုရားစင်ပေါ်တွင် တင်ထားသော သေတ္တာလေးအား ကိုအုန်းကျော် ဖုံသုတ် ရှင်းလင်းနေစဉ် ဖိုးချစ်လေး ရောက်လာခါ
`ဖေဖေ သားခြံထဲမှာ အစ်ကိုကြီးနဲ့ကစားလိုက်ဦးမယ် အစ်ကိုကြီးက သားကို အရမ်းချစ်တာ´
ဟု ပြောခါ ခြံထဲသို့ပြေးဆင်းသွားလေသည်။ထရံအပေါက်မှ သားဖြစ်သူအား ချောင်းကြည့်နေသော ကိုအုန်းကျော် မြင်တွေ့နေရသည်က သားဖြစ်သူ ဖိုးချစ်တစ်ယောက်တည်းသာ သို့ပေမယ့် ဖိုးချစ်အမြင်မှာကား မွေးချင်းညီကို တစ်ယောက်ရှိသူဟု ထင်မှတ်နေခဲ့သည်။အချိန်ကြာလာသည့်နှင့် အမျှ ရွာထဲရှိလူတစ်ချို့ကား ကိုအုန်းကျော်နှင့် မမယ်ကြည်မွေးလိုက်သည့် ဖိုးချစ်လေးအား အရူးလေးဟု သတ်မှတ်ပြောဆိုကုန်ကြသည်။ ရွယ်တူကလေးများကလည်း ဖိုးချစ်လေးအား အရူးပါဟု လှောင်ပြောင်ခြင်းများ ခံရတော့သည်။ထိုရွာလေးတွင်ကား အတန်းပညာရေး မထွန်းကားချေ။ရေးတတ် ဖတ်တတ်သည့် အရွယ်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောင်းမှအပြီပိုင် ထွက်လိုက်တော့သည်။ ဖိုးချစ်လေးအား ကျောင်းဆရာ ဆရာမများမှ အစ အရူးလေးပါဟု ထင်မှတ်နေလျက် ပတ်ဝန်းကျင်၏ လှောင်ပြောင် ပြောဆိုမှု့များအား အမျိုးမျိုးခံနေရသော်လည်း ဖိုးချစ်လေးမှာ အပြုံးမပျက် နေမြဲတိုင်းသာနေသည်။ ဖိုးချစ်လေး ဆယ်နှစ်သားအရွယ်ရောက်လာတော့ ဖခင်ဖြစ်သူ ကိုအုန်းကျော်နှင့် မိခင်ဖြစ်သူ မမယ်ကြည်တို့ကား မိမိတို့ရရှိထားသော သေတ္တာလေးအား သားဖြစ်သူကို ပြပြီး
`ငါ့သား မင်းဟာ ပါရမီရှင်တစ်ယောက်ပဲ ဒီသေတ္တာလေးကို မင်းပဲ ဖွင့်နိုင်လိမ့်မယ်´
`ပေးလေ ဖေဖေ သားဖွင့်မယ်´
ဆယ်နှစ်သားမျှ ရှိသေးသော ဖိုးချစ်လေးကား မိဘနှစ်ပါး၏ ပြောစကားတို့ကို နားမလည်နိုင် ကလေးပီပီပြန်ပြောနေခဲ့သည်။သို့နှင့် ဖခင်ဖြစ်သူက သေတ္တာလေးအား သားသဖြစ်သူ ဖိုးချစ်ကို ပေးဖွင့်လိုက်သည်။သို့ပေမယ့် သေတ္တာလေးဟာ သူတို့ထင်သလို ပွင့်မလာခဲ့ချေ။
`အား…သားမဖွင့်နိုင်ဘူး ဖေဖေ သားအစ်ကိုကြီးနဲ့ ခြံထဲမှာ သွားကစားလိုက်ဦးမယ်´
အားရှိသမျှ သေတ္တာလေးအားဖွင့်သော်လည်း မရသည်ကြောင့် ပြောပြောဆိုဆိုဖြင့် ခြံထဲသို့ဆင်းသွားခဲ့သည်။
`အွန်း…မမယ်ကြည်ရေ ငါတို့သားလေး အသက်ငယ်နေသေးလို့ဖွင့်မရတာများလား ဆရာအေးကလဲ ငါတို့ဆီ ပြန်မလာတာ နှစ်တွေကြာနေပြီ အခုလောက်ဆို အဘဆရာအေးလည်း သေလောက်ပြီးနဲ့ထင်ပါတယ်´
`ဟုတ်မယ်…အဘအေး မသေသေးရင် တို့ဆီတော့ အလည်တစ်ခေါက်လောက်တော့ လာစေချင်သေးတယ် သားလေးလည်း အရွယ်ရောက်နေပြီ ကျုပ်တို့တွေ သားလေးကို ရှင်ပြုပေးရင် မကောင်းဘူးလား…´
`ဟ…ဘယ်နှပြောလိုက်ပါလိမ့် မယ်ကြည်ရယ် ကောင်းတာပေါ့ဟ…ငါတို့ရှေ့လာမယ့် သီတင်းကျွတ်လပြည့်နေ့ကြရင် တို့သားလေးကို ရဟန်းခံရှင်ပြု အလှူလုပ်ပေးကြမယ်လေ…´
`ကောင်းတာပေါ့တော်…ကျုပ်တို့လဲ သားလေးအတွက် ပိုက်ဆံရှာထားတာ စုမိဆောင်းမိ လုံလုံလောက်လောက်ရနေပြီပဲ အမြန်ဆုံးလုပ်ပေးလိုက်တာ အကောင်းဆုံးပဲ…´
သားဖြစ်သူအား ရှင်ပြုအလှူလုပ်ပေးရန် စီစဉ်ထားလျက် သေတ္တာလေးအား ပွင့်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။ ဆရာအေးပေးခဲ့သည့် ဂဲလုံးလေး၏ အစောင့်ဖြစ်သော ယောင်ပေစူးလေးကား အသက်ရွယ်ကြီးပြင်းလာသည်နှင့်အမျှ ပုံသဏ္ဍန်အဆင့်ဆင့်ပြောင်းလဲ လာခဲ့သည်။ ရောက်လာသည့် အရွယ်တိုင်းလည်း ကိုအုန်ကျော်ကို အသိပေး ကိုယ်ထင်ပြလျက်ရှိသည်။့  ခြံထောင့်မှ ယောင်ပေစူးလေး ဆယ့်ငါးနှစ်သား အရွယ်ရောက်တော့ ယောင်တုံးအသွင်ဖြင့် ကူးပြောင်းလာသည်အား ကိုအုန်းကျော်ကို အသိပေးပြသခဲ့သည်။ကိုအုန်းကျော်ကား သားဖြစ်သူ ဖိုးချစ်အား ရဟန်းခံရှင်ပြု လုပ်ပေးမည် ဖြစ်ကြောင်းကို ယောင်တုံး အသွင်ဖြင့် ပြောင်းလဲလာသော ခြံစောင့်လေးအား ပြောပြလျက် ယောင်တုံးလေးက သဘောတူ သာဓုခ်ါပါကြောင်း ပြန်ပြောခဲ့သည်။ သို့ပေမယ့် ယောင်တုံးလေးဟာ ကိုအုန်းကျော်အား အသိပေးပြောစရာရှိသည်ဟု ပြောလျက် ကိုအုန်းကျော်ကား ပြောခွင့်ပြုလိုက်တော့
`ဖေဖေ…သား ဟိုဘက်ရွာက ဆရာတစ်ယောက်ကို မယဉ်နိုင်ဘူး သူက အစွမ်းအရမ်းထက်နေပြီ…´
ယောင်တုံးလေး၏ စကားကြောင့် ကိုအုန်းကျော်တစ်ယောက် စိတ်ဝင်တစားဖြစ်သွားခါ
`ဘယ်သူတုန်း…ဘယ်ဆရာလဲ…´
`ဟိုးဘက်ရွာက ကဝေဘုရင်ဆိုတဲ့ဆရာကိုပြောတာ သူက ပညာတွေ အဆင့်တတ်နေပြီ သူ့မှာ မြေခွေး ကဝေမတွေလဲ အများကြီးရှိတယ်´
`ဟင်!…သူ့က ငါနဲ့သိတာပဲငါတို့ကို အန္တရယ်မပြုနိုင်လောက်ပါဘူး´
`ဟိုတစ်ညက သားတို့အိမ်ရှေ့ကို သူ့တပည့် ကဝေမတွေ ရောက်လာသေးတယ် သားခြောက်လန့်လိုက်လို့ပြန်ပြေးကုန်ကြတယ်…ဘာပဲဖြစ်ဖြစ် သားရှိနေသ၍ သူတို့ကို သားယဉ်ဆိုင်မှာပါ…´
`အေးပါ သားရာ…မင်းက ငါ့ရဲ့ဒုတိယမြောက် သားပါပဲ´
ယောင်တုံးလေး၏ ဦးခေါင်းအား ပွတ်သပ်ခါ ပြောနေစဉ်မှာပဲ ဇနီးဖြစ်သူ မယ်ကြည် တစ်ရေးနိုးထလာသည်ကြောင့် မိမိဘေးတွင် ရှိနေသော ယောင်တုံးလေးမှာ ရုတ်တရက်ပျောက်ကွယ်သွားချေတော့သည်။
`ကိုအုန်း…ညဥ့်နက်နေပြီလေ…တော်မအိပ်သေးဘူးလား…မနက်ကျရင်လဲ အလှူအတွက် လိုအပ်တာတွေ စောစောသွားဝယ်ရဦးမယ် မဟူတ်လား´
`အော်…အေး…အိပ်မှာပါကွ…´
ကြီးပြင်းလာခဲ့သည့် ယောင်တုံးလေးကား မိမိအရွယ်ရောက်လာသည့် တစ်ချိန်တည်းသာ ကိုအုန်ကျော်အား ကိုယ်ထင်ပြလျက်ရှိပြီး မည်သူ့ကိုမှ မသိစေချင်လျက် မယ်ကြည် နိုးလာသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့တော့သည်။ ဖိုးချစ်လေးမှာ ယခု ဆယ်နှစ်သားအရွယ်ထိ မွေးချင်းညီအစ်ကို တစ်ယောက်ရှိသည်ဟု ထင်မှတ်နေခဲ့ပြီး ကိုအုန်းကျော်ကား ဇနီးဖြစ်သူ မယ်ကြည်နှင့် တိုင်ပင်ပြောဆိုကြလျက် အလှူရက်ရောက်သည်နှင့် သားဖြစ်သူ ဖိုးချစ်အား အဖြစ်မှန်များအားလုံး ဖွင့်ပြောတော့မည်ဟု တိုင်ပင်ထားကြတော့သည်။မနက်လင်းသည်နှင့် မြို့တတ်ခါ အလှူအတွက် လိုအပ်သည်များကို သွားဝယ်ကြရန် ပြင်ဆင်နေစဉ်
`ဗျို့…အုန်းကျော်…´
အသံလာရာဆီသို့ ကိုအုန်းကျော်လှည့်ကြည့်လိုက်တော့ တစ်ဖက်ရွာမှ ကဝေဘုရင် ပယောဂါဆရာဖြစ်နေသည်။
`လာလေဗျ…ဦးမျိုးမြင့် ဘယ်ကနေလှည့်လာတာလဲ´
`ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူးဟေ့ မင်းဆီကိုပဲ တမင်လာခဲ့တာ ´
`ခြံထဲဝင်လာခဲ့လေ´
`ဝင်လို့မရဘူးကွ မင်းကောင်ကြီးက ငါ့ကို ပေးမဝင်ဘူး…´
`ဟင်!…ဘယ်ကောင်ကြီးတုန်းဗျ…´
`မင်းမွေးထားတဲ့ကောင်ကြီးလေကွ ဒီကောင်ကြီးက မင်းအတွက် သိပ်ကို အားကိုရပုံပေါ်တယ်´
ကဝေဘုရင် ပြောလိုက်သည်နှင့် ယောင်တုံးလေးဆိုသည်ကို ကိုအုန်းကျော် ကောင်းစွာ သဘောပေါက် နားလည်ခဲ့သည်။သို့နှင့် ယောင်တုံးလေးအား မှန်းဆလျက် ကဝေဘုရင်အား ပေးဝင်ရန် ပြောလိုက်သည်။ ယောင်တုံးလေးကား ကိုအုန်းကျော်ကို ကဝေဘုရင် အန္တရယ်တစ်ခုခုပြုလုပ်တော့မည် ဆိုသည်ကို သူသိရှိထားခဲ့သည်။သို့ပေမယ့် သခင်ဖြစ်သည့် ကိုအုန်းကျော်ကား ပေးဝင်စေတော့ သူဆက်မတားနိုင်တော့ပဲ ခွင့်ပြုလိုက်ရတော့သည်။
`ဟ…ဒီလင်မယားတွေ ဘယ်သွားကြမလို့တုန်း…´
`ကျုပ်တို့သားလေး ရှေ့လာမယ့် အပတ်ထဲမှာ ရှင်ပြုအလှူရှိတယ်လေ အဲ့ဒါမြို့တတ်ပြီး လိုအပ်တာလေးတွေ သွားဝယ်မလို့´
`ကောင်းတယ်ဟေ့ ကောင်းတယ် ´
`ဒါနဲ့ဦးမျိုးမြင့်က ကိစ္စရှိလို့လား…´
`မရှိပါဘူး…မင်းတို့အိမ်ကို လာချင်စိတ်ပေါ်လို့တမင်လာခဲ့တာ´
လူတိုင်းကား ပင့်ဖိတ်နေလျက်ရှိသော ကဝေဘုရင်က ကိုအုန်းကျော်၏ နေအိမ်သို့မခေါ်ဘဲ ရောက်လာခဲ့သည်။ကဝေဘုရင်အား ခေါင်းရင်း၌ထိုင်ခိုင်းလျက်ရှိပြီး လေးစားစွာပဲ လင်မယားနှစ်ယောက် ဧည့်ခံစကားပြောနေခဲ့သည်။ခဏအကြာမှာပဲ မြို့တတ်စရာရှိသေးသည့် ကိုအုန်းကျော်တို့အား အလိုက်သိစွာဖြင့် ကဝေဘုရင်က ပြန်တော့မည်ဖြစ်ကြောင်းပြောခဲ့သည်။
`ရော့…အုန်းကျော် ဒီကြိုးလေးကို ယူသွားလိုက် မင်းတို့လမ်းခရီးမှာ ဘာအန္တရယ်မှ မဖြစ်စေရဘူး´ဟုဆိုကာ
၂ပေခန့်ရှည်လျားသည့် ကြိုးလေးတစ်ချောင်းအား ပေးလိုက်သည်။ကိုအုန်းကျော်က မလိုချင်ပေမဟ့် အားနာသောကြောင့် ထိုကြိုးလေးအား ခွေလိုက်ပြီး မိမိခါးပိုက်ထောင်ထဲသို့မြို့တတ်လျင် ယူဆောင်သွားရန် ထည့်ထားခဲ့တော့သည်။သားဖြစ်သူ ဖိုးချစ်လေးအား ယောင်တုံလေးနှင့် ဆော့ကစားခါ အိမ်မှာနေခိုင်းခဲ့ပြီ ကိုအုန်းကျော်နှင့် မမယ်ကြည်တို့မြို့တတ်ရန် လှည်းလမ်းအတိုင်း လှည်းရှိရာဆီသို့ လျောက်လာခဲ့သည်။ရွာပြင်တစ်နေရာ အရောက်
`မယ်ကြည် …ငါ့ခါးပိုက်ထောင်ထဲက ကြိုးက လှုပ်လာသလိုပဲ´
`ဟုတ်ပါ့မလားတော်…ကြိုးက အသက်ဝင်လာပါ့မလား ကြည့်ကြည့်လိုက်လေ…´
မိန်းမဖြစ်သူ မယ်ကြည်ပြောလိုက်တော့ မိမိခါးပိုက်ထောင်ထဲတွင် ထည့်ထားသော ကြိုးလေးအား ထုတ်လိုက်စဉ်
`ဟင်…မြွေ…မြွေ…အား…မယ်…မယ်ကြည် နင်…နင်ပြေးတော့ ငါတို့ကို ဟိုလူယုတ်မာ တိုက်မြွေနဲ့တိုက်လိုက်ပြီ´
ယူဆောင်လာသော ကြိုးခွေလေးမှ တိုက်မြွေအဖြစ်သို့ပြောင်းလဲသွားပြီး ကိုအုန်းကျော်အား ကိုက်လိုက်တော့သည်။မိန်းမဖြစ်သူ မယ်ကြည်အား ပြေးခိုင်းလျက် သူကားအဆိပ်တတ်ပြီး လှဲကျသွားခဲ့သည်။လဲကျနေသည့် ယောက်ျားဖြစ်သူအား မယ်ကြည် ပစ်မထားရက်ခဲ့ ပွေ့ချီလိုက်သည့် အချိန်မှာပဲ ထိုမြွေက မယ်ကြည့်၏ လက်ကိုပါ ကိုက်လိုက်တော့သည်။လင်မယားနှစ်ယောက်စလုံး တိုက်မြွေဖြင့်အတိုက်ခံခဲ့ရပြီး ရွာပြင်တွင် ပွဲချင်းပြီး သေဆုံးနေလေတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
သူငယ်ချင်းဖြစ်သူ မျှားကလေး၏ ဖြစ်ရပ်ကား ဆန်းကြယ်လှသည်။မည်သို့မှ မယုံနိုင်အောင်ပဲ လေးနှစ်သားအရွယ် ကလေးမလေးက အားလုံးကို ရင်းနှီးစွာ သိရှိနေခဲ့သည်။ကျန်ရှိနေသေးသော ထီးကလေးတို့လေးယောက်ကား အလွမ်းပြေဖြစ် သူငယ်ချင်းဖြစ်သူ မျှားကလေး ဝင်စားသည့် ကလေးမလေးကိုသာ အမြဲသွားတွေ့နေလေ့ရှိသည်။တစ်နေ့ထီးလေးနှင့် လမ်းလေးကား သူငယ်ချင်းမ မျှားကလေးနှင့် ဆုံတွေ့ရင်ဆိုင်ခဲ့ရသော သည်းထိတ်ရင်ထို ဖြစ်ရပ်များအား လွမ်းဆွတ်တမ်းတစွာ နှစ်ယောက်သား ပြန်လည် တမ်းတနေလျက် ခြံရှေ့မှ
`ဗျို့…အိမ်ရှင်တို့…´
ခေါ်သံကြားသည်ကြောင့် ခြံတံခါးဖွင့်ပေးရန် ထီးကလေး ထိုင်ရာမှ ခြံတံခါးဆီသို့လျောက်သွားပြီး တံခါးဖွင့်လိုက်စဉ်။ခမောက်အား ငိုက်စိုက်စောင်းထားလျက် ယောပုဆိုးအား ခပ်တိုတို ဝတ်ထားပြီး တောသားတစ်ယောက်ကို တွေ့လိုက်ရသည်။သို့နှင့်
`ဘယ်သူနဲ့တွေ့ချင်လို့လဲ´
ထီးကလေး၏အမေးအား ပြန်ဖြေရန် စောင်းထားသော ခမောက်အား ချွတ်လိုက်တော့
`ဟင်!…အစ်…အစ်ကိုအောင်…ခင်…ခင်ဗျားမသေဘူးနော်…ဟုတ်…ဟုတ်လား´
(တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီး နှင့်အတူ တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် တစ္ဆေတို့၏စာမျက်နှာ)မှ စုန်းမ ခင်မမ၏လက်ချက်ဖြင့် အားလုံးက သေပြီဟု ထင်ထားသော ကိုအောင်ကို တစ်ယောက်ကား ထီးကလေးအိမ်သို့စိုက်မြိုက်စွာရောက်လာတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
Post Top Ad
Responsive Ads Here
အပိုင်း(၂) ကဝေဘုရင် ယမမင်းရှင်
Share This
Tags
# ၀၅.ကဝေဘုရင် ယမမင်းရှင်
Share This
About Unknown
၀၅.ကဝေဘုရင် ယမမင်းရှင်
Labels:
၀၅.ကဝေဘုရင် ယမမင်းရှင်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment