ူတစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ကဝေဘုရင် ယမမင်းရှင်✔
(၅)
စာရေးသူ -ထီးကလေး🌂၊မျှာကလေး⬆
တန်ပြန်တိုက်စစ်ဖြင့် ကဝေအဆင့် အောက်လမ်းပညာအား ကွမ်းရွက်ကလေး လိပ်လိုက်ရုံနှင့် ဆိုင်အတွင်းရှိ မိန်းကလေးများ၏ လုံချည် ထမီးတို့မှာ ထီးကလေး လိပ်လိုက်သော ကွမ်းရွက် အတိုင်း အပေါ်သို့လိပ်တင်လာခဲ့သည်။ ထိုနောက် ငါးယောက်စလုံးအား ဆိုင်ရှိမိန်းကလေးများ တောင်းပန်လျက် ကဝေဘုရင် စေခိုင်းသည်ဟု သိရှိလိုက်ရတော့သည်။ကဝေဘုရင်၏ ရာဇဝင်အား ဆိုင်ရှိ မိန်းကလေးများ သေချာမသိကြောင်းပြောလျက် ကဝေဘုရင် နေထိုင်ရာ ရွာသို့သာ လမ်းညွှန်ပေးခဲ့တော့သည်။
မည်သည့်အတွက်ကြောင့် ဆိုင်ရှင်မိန်းကလေးများက သူတို့အား တောင်းပန်သည်ကို ဆိုင်အတွင်းရှိ လူများက မသိချေ။ကြောင်ကြောင်တောင်ဖြင့်သာ ဝိုင်းကြည့်နေကြတော့သည်။ အချိန်ကား နေဝင်လုနီးပါးဖြစ်လျက် ရွာထဲသို့ဝင်ရန် မသင့်တော်တော့ချေ။သို့နှင့်
`ကိုအောင်…ကျုပ်တို့ဒီချိန် ရွာထဲဝင်ဖို့တော့ မလွယ်တော့ဘူး…မိန်းကလေးတွေ ပြောပုံအရဆို အဲ့ရွာက တော်တော်ဝေးသေးတယ်…ဒီတော့ ကျုပ်တို့ ဒီမှာပဲ တစ်ညလောက်တည်းပြီးမှ ရွာထဲကို မနက်စောစောဝင်ရင် ကောင်းမလား´
`ကိုထီးလေးတို့သဘောအတိုင်းပဲလေ´
`ဒီမှာတည်းတာတော့ ဟုတ်ပါပြီ ဖြစ်ပါ့မလား…ငါတို့ဗိုက်လဲ တော်တော်ဆာနေပြီ…´
`ဟုတ်တယ် ငါလည်းတော်တော် ဆာနေပြီ…´
`ဘဟ်လို လုပ်ကြမတုန်း ဒီဆိုင်မှာမှ မစားရင် စားစရာဆိုင်လည်း မရှိတော့ဘူး…´
`ဟာကွာ…ဒီမှာ စားလို့တော့ မဖြစ်ဘူးထင်တယ်နော် အခုန မင်းတို့တွေ့တဲ့အတိုင်းပဲ နောက်ဟာတွေလည်း ဒီအတိုင်းပဲဆို ဘယ်နှလုပ်မတုန်း…´
`ဒီ့အတွက်တော့ ဘာမှ ပူမနေနဲ့ ငါတို့ဘာတွေလဲဆိုတာ သူတို့ကောင်းကောင်းသိသွားကြပြီ တစ်နည်းအားဖြင့် ဦးကျိုးသွားကြပြီ ငါတို့ကို ဒုက္ခမပေးနိုင်တော့ဘူး…´
`ဟုတ်တယ်…ကိုထီးလေး ပြောတာ မှန်တယ် သူတို့ ထပ်မလုပ်ရဲတော့ပါဘူး ဘာမှ မပူကြနဲ့ စားဖို့သောက်ဖို့သူတို့ကိုပဲ ထပ်စီစဉ်ခိုင်းရမယ်…´
သို့နှင့် ဆိုင်ရှင် မိန်းကလေးအား လှမ်းခေါ်လိုက်ပြီး ထိုဆိုင်လေးတွင် တစ်ညသာ တည်းခိုမည်ဖြစ်ကြောင်း ပြောလျက် ဆိုင်ရှင်မိန်းကလေးများမှာလည်း ကြည်ဖြူစွာ တည်ခွင့်ပြုလိုက်သည်။
`ကျုပ်တို့နေ့လည်တည်းက ဘာမှ မစားရသေးဘူး…ကျုပ်တို့ဆာနေပြီ တစ်ခုခုစီစဉ်ပေးပါ…အခုနလို ထပ်လုပ်ဦးမယ်ဆိုရင်တော့ ကျုပ်တို့ဘာတွေလည်းဆိုတာ ခင်ဗျားတို့သဘောပေါက်ပါတယ်နော်´
`ပေါက်…ပေါက်ပါတယ်ဆရာ ကျွန်မတို့မလုပ်ရဲတော့ပါဘူး ဆရာတို့နဲ့လည်း မယဉ်ရဲပါဘူး ဆရာတို့ဒီညအတွက် ကျွန်မတို့စီစဉ်ပေးပါ့မယ်´
`ကောင်းပြီ…ဒါဆို မြန်မြန်လုပ်…´
သို့နှင့် ညနေစာ ထမင်းဟင်းများအား သပ်ရပ်စွာ လာရောက်ချပေးခဲ့သည်။ ကဝေအဆင့် အောက်လမ်ပညာတို့ဖြင့် ပြုလုပ်ထားမည်ကို ဆိုးသဖြင့် လက်နှင့်အုပ်ခါ မူလပြန်ခိုင်းနေခဲ့သည်။ထိုအခါမှာတော့ သန့်ရှင်းသော ထမင်းဟင်းများကိုသာ တွေ့ရပြီး သာမာန်ထမင်းများဟင်းဖြစ်ချေတော့သည်။သို့နှင့် အားလုံးစားသောက် ပြီးသည့်နောက်မှာတော့ အမှောင်ထုက ကြီးဆိုးသွားခဲ့သည်။လကွယ်ညဖြစ်သောကြောင့် ထိုမြို့ပေါ်တွင် အလင်းအားဖြင့် မီးအိမ်အရောင်သ
မျှသာ ရှိချေသည်။ ဆိုင်အတွင်းရှိ မိန်းကလေး ဦးရေပေါင်း ဆယ်ယောက်ခန့်ရှိကြပြီ မှောင်လာသည်နှင့်အမျှ ဆိုင်အတွင်းရှိ မိန်းကလေးများ အိပ်ကုန်ကြလေသလား ဆိုင်ရှင် မိန်းကလေး တစ်ယောက်နှင့် အဖော် မိန်းမချောလေး နှစ်ယောက်ကိုသာ တွေ့နေရတော့သည်။ခရီးကြမ်းအား ရောက်လာကြသည့် အားလုံးအဖို့ ညနေစာ စားပြီးသည်နှင့် ထမင်းဆိပ်တတ်၍ စကားပြောနေကြသောလည်း ကိုဟ်စီငိုက်မြည်းနေကြတော့သည်။
`ထီးလေး…ငါတော့ တော်တော် အိပ်ချင်နေပြီ ဘဟ်လိုမှ မရတော့ဘူး…´
`ဟုတ်တယ် ငါရောပဲ…´
`ဒါဆို မင်းတို့တွေ သတိလေးထားပြီး ခုံပေါ်မှာ မှောက်အိပ်နေကြ သတိ ဝီရိယနဲ့ အိပ်ကြနော် ကိုယ့်နေရာမဟုတ်ဘူး ဘယ်အချိန်မဆို အန္တရယ်ကျရောက် လာနိုင်တယ်´
`ကိုအောင် …အိပ်ချင်ရင်လဲ အိပ်လေ ကျွန်တော် စောင့်နေပေးပါ့မယ်…´
`ရတယ် ထီးလေး…ကျွန်တော်လဲ မအိပ်ချင်သေးဘူး ကိုလမ်းလေးတို့နိုးလာမှ ကျွန်တောတို့တစ်လှည့်ပြန်အိပ်ကြတာပေါ့…´
သို့နှင့် ကိုအောင်နှင့် ထီးလေးကား မိန်းကလေးများ ထွန်းပေးထားသည့် ဖန်မီးအိမ်အလင်းရောင် အောက်တွင်သာ ထိုင်နေလျက် ပတ်ဝန်းကျင်အခြေနေကို စောင့်ကြည့်နေကြတော့သည်။ဆိုင်ရှိ မိန်းကလေးများလည်း အရိပ်အယောင်မတွေ့ရပဲ တစ်နေကုန် ပင်ပန်းမှု့ဖြင့် အိပ်နေသလား မသိချေ။ မေးမြန်း၍ မသင့်တော် သည်ကြောင့် နှစ်ယောက်သား ကိုယ်အတွေးနှင့်ကိုယ်သာ တွေးထားကြတော့သည်။ ညနက်ပိုင်းသို့ရောက်လာသည်နှင့် တစ်မြို့လုံး တိတ်ဆိတ်နေလျက် သစ်ရွက်ခြောက်များ ကြွေကျနေသည့် အသံကိုပင် အသေးစိပ်ကြားနိုင်နေသည်။
✏✏✏✏✏✏✏✏✏✏✏✏
`ညီလေး မင်းမအိပ်သေးဘူးလား ညနက်နေပြီလေ…´
`မအိပ်ချင်သေးပါဘူး အစ်ကိုကြီးရာ ကျုပ်စဉ်းစားနေတာ…´
`ပြောစမ်းပါဦး ငါ့ညီရ ဘာတွေများ စဉ်းစားနေတာတုန်း.´
`ဒီလိုလေ အစ်ကိုကြီးက ကျုပ်ကို သိပ်ချစ်တယ် ပြီးတော့ အစ်ကိုကြီးက တစ်ခြားသူတွေနဲ့မတူဘူး ကျုပ်နဲ့လဲ တစ်ခါမှ ထမင်းတူတူမစားဖူးဘူး တူတူလည်းမအိပ်ဖူးဘူး အစ်ကိုကြီး အိပ်တာ စားတာလည်း ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး ပြီးတော့ ရွာထဲကလူတွေက ကျုပ်ကို အရူးတစ်ယောက်လို့သတ်မှတ်ထားကြတယ် ဟိုနေ့က မြို့သွားတုန်းကလည်း ကျုပ်တစ်ယောက်တည်းကိုပဲ လူတွေက စကားပြောကြတယ် အစ်ကိုကြီးကိုကြတော့ မတွေ့တဲ့အတိုင်းပဲ ဘယ်သူမှ စကားမပြောကြဘူး…´
`ဟားဟား…ညီလေးရေ လူ့လောကကြီးဆိုတာ ဒီအတိုင်းပါပဲ ပုံသေတွက်လို့မရဘူးကွ သစ်ပင်ကို ဘာလို့ သစ်ပင်လို့ခေါ်တာလဲ စဉ်းစားနေသလို ဖြစ်နေပြီ…´
`အစ်ကိုကြီးပြောတဲ့ စကားက တန်ဖိုးရှိပေမယ့် ကျုပ်သေချာ နားမလည်ဘူး …´
`ဘာပဲဖြစ်ဖြစ် မင်းနောက်တော့ နားလည်လာမှာပါ …´
`ကျုပ်တို့အဖေနဲ့အမေက ဘာလို့သေသွားကြတာလဲ လုပ်ကြံလို့သေရတာဆို ဟူတ်လား…´
`အမေနဲ့အဖေက ညီလေး ရှင်ပြုပွဲအတွက် လိုအပ်တာတွေ ဝယ်ဖို့မြို့တတ်ရင်း လမ်းမှာ ပညာသည်တစ်ယောက်ရဲ့တိုက်မြွေနဲ့အတိုက်ခံပြီး သေသွားရတာ မင်းကိုတောင် ရှင်ပြုမပေးနိုင်လိုက်ရှာဘူး´
`အဲ့ပညာသည်က ဘဟ်သူလဲ ကျုပ်သူ့ကို လက်စားပြန်ချေချင်တယ်…´
`စ်တ်ချပါကွာ မင်းလက်စားပြန်ချေရမှာပါ မင်းကို အဖေက ပါရမီရှင်လေးလို့ငါ့ကို ပြောပြဘူးတယ် တစ်ချိန်မှာ မင်းက စင်္ကြာမင်းသားလေးလို အစွမ်းရှိလာမယ့် ပါရမီရှင် တစ်ယောက်ပဲ ´
`ဘယ်လို…စင်္ကြာမင်းသား ဟူတ်လား…´
`ဟုတ်တယ် …ဘာလဲဆ်ုတာတော့ အစ်ကိုကြီးလဲ သေချာမသိဘူး…ကဲထားလိုက်ပါ အခုအချိန်လည်း မရှိတော့ဘူး ကဲလာ ညီလေး ဒီည အစ်ကိုကြီး မင်းနဲ့ တူတူအိပ်ပေးမယ် ဟုတ်ပါ့လား…´
ပြောပြောဆိုဆိုဖြင့် ခြံထဲ ကွပ်ပျစ်လေးမှ ညီဖြစ်သူဖိုးချစ်အား စကားလမ်းကြောင်းလွဲလျက် ပုခုံးလေးဖက်ခါ အိမ်အပေါ်သို့တတ်လာကြတော့သည်။ထိုစဉ်မှာပဲ ဘုရားစင်အပေါ်ရှိ သေတ္တာလေးဟာ အလင်းတန်းများ ထွန်းလင်းလျက် လေကြမ်းတိုက်သကဲ့သို့ အလင်းတန်းများ ဖျာထွက်သွားပြီး ရပ်ကြည့်နေကြသော ဖိုးချစ်ဘေးမှ ယောင်တုန်းလေး ပျောက်ကွဟ်သွားလျက် ဖိုးချစ် တစ်ယောက်တည်းသာ ကျန်ရှိနေတော့သည်။မိမိဘေးတွင် ရှိနေသော အစ်ကို ဖြစ်သူ လျောင်တုန်းလေး ပျောက်ကွယ်သွားသည်ကြောင့် လိုက်ကြည့်နေစဉ်မှာပဲ အလင်းတန်းများဟာ အခိုးအငွေ့များဖြစ်လျက် ဝတ်ဖြူစင်ကြယ် အဖိုးအိုတစ်ယောက်အဖြစ် ဖြစ်ပေါ်လာချေတော့သည်။ကြည့်နေမိသော ဖိုးချစ်တစ်ယောက် ထိုအဖိုးအို ရပ်နေသည့် ဘုရားစင်နားသို့လျောက်သွားပြီး
`အဘက ဘယ်သူလဲ…´
ဖိုးချစ်၏အမေးကြောင့် ထိုအဖိုးအိုအား သူအားပြုံးပြလျက် ကြည့်လိုက်ပြီး
`စင်္ကြာမင်းသားလေး…´
နှုတ်မှ ရည်ရွတ်ပြောဆိုလိုက်တော့ ဖိုးချစ်ဟာ ကြောင်တောင်တောင် လိုက်ကြည့်နေလျက်
`ဘယ်သူ့ကို ခေါ်တာလဲဟင်!…´
`မင်းကိုဘဲ…´
`ကျုပ်ကို…´
`ဟုတ်တယ် မင်းက ပါရမီရှင်တစ်ယောက်ပဲ အဘက ဒီမိချောင်း ပုရိပိုက်ကို စောင့်လျောက်နေရတဲ့ ဘိုးတော် တစ်ပါးပဲ မင်းအခု အသက်၂၀ ပြည့်ပြီ မင်းလက်ထဲကို အဘ အပ်ခဲ့တော့မယ် ဒီပုရိပိုက်ထဲက ကျင့်စဉ်အတိုင်းသာ ငါ့သား လုပ်ဆောင်ပါ ထွက်ရပ်ပေါက် ဝိဇ္ဇာတစ်ပါးအဖြစ် ငါ့သားကို အဘ မျှော်နေပါ့မယ်…မကောင်းသူပယ် ကောင်းသူကယ်ပါ ပထမအဆင့်အောင်တာနဲ့ မင်းအနားကို ပရလောကသားတွေ မကပ်နိုင်တော့ဘူး ဒုတိယဆင့် အောင်တာနဲ့ အောက်လမ်းပညာသည်တွေ ငါ့သားကို ကြောက်နေရလိမ့်မယ် နောက်အဆင့်တွေ မတိုင်ခင် မင်းကို အဖျက်တွေ ဖျက်ကြလိမ့်မယ် သမာဓိ တရားကို လက်ကိုင်ထားပါ…ခုနှစ်ဆင့်မြောက်တာနဲ့ မင်းဟာ ထွက်ရပ်ပေါက် ဝိဇ္ဇာတစ်ပါးအသွင်ကို ကူးပြောင်းလာလိမိ့မယ်…ငါ့သား…အခုတော့ အဘကို ခွင့်ပြုဦး သေတ္တာလေးထဲက ပုရိပိုက်ကို မင်းပိုင်ဆိုင်သွားပါပြီ…´
ထိုဝတ်ဖြူစင်ကြယ် အဖိုးအိုပြောနေသည့် စကားတို့အား ဖိုးချစ်တစ်ယောက် နားမလည်နိုင် မျက်မှောင်ကျုတ်လျက် အဖိုးအို၏ စကားတို့၌ မေ့မျောနေခဲ့သည်။ထိုနောက် မိမိအရှေ့တွင် ရှိနေသော အဖိုးအိုဟာ ရုတ်တရက် ပျောက်ကွယ်သွားချေလျက် သတိဝင်လာပြီး သေတ္တာလေးထဲမှ ကြေးမျက်နှာဖုံး ပုရိပိုက်ကိုထုတ်ခါ ကြည့်နေမိတော့သည်။ထိုအစဉ်မှာ အစ်ကိုဖြူသူ ယောင်တုန်းလေးဟာ မိမိဘေးတွင် ရောက်လာပြီး
`အစ်ကိုကြီး ဘယ်ပျောက်သွားရတာတုန်း ´
`အစ်ကိုကြီး ဒီအလင်းတန်းကို မခံနိုင်ဘူး ဒါကြောင့် ခဏပုန်းနေလိုက်တာ မင်းဘာမှ မဖြစ်ပါဘူးနော်…´
`ကျုပ်ဘာမှ မဖြစ်ပါဘူး.´
မိမိကြုံတွေ့ခဲ့သမျှ အဖြစ်ပျက်တို့ကား အစ်ကိုဖြစ်သူ ယောင်တုန်းလေးအား ပြောပြလျက် ကြေးပုရိပိုက်က သူပိုင်ဆိုင်သွားကြောင်း ပြောလိုက်တေတ့သည်။မိဘနှစ်ပါးအတွက် လက်စားချေချင်စိတ် ပြင်းပြနေသော ဖိုးချစ်တစ်ယောက်အဖို့ ပုရိပိုက်ထဲမှ ကျင့်စဉ်တို့အား ကျင့်မည်ဖြစ်ကြောင်း အစ်ကိုဖြစ်သူယောင်တုန်းလေးကို ပြောလိုက်သည်။အစ်ကို ဖြစ်သူ ယောင်တုန်းလေးဟာလည်း ညီဖြစ်သူ ဖိုးချစ်အား အားပေးပြောဆိုလျက် ထွက်ရပ်ပေါက် ဝိဇ္စာတစ်ပါးဖြစ်ရန် အစစ တတ်နိုင်သည့် ဘက်မှ ကူညီမည်ဟု ပြောဆိုခဲ့သည်။မိမိ၏ ရောက်နေသော ညီဖြစ်သူဖိုးချစ်တစ်ယောက်တည်းသာ မြင်တွေ့နေရသည့် အကြောင်းတို့အားလည်း မကြာခင် ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်ထားတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
ညနက်လာသည်နှင့် ပတ်ဝန်းကျင်အား စောင့်ကြည့်နေကြသော ကိုအောင်နှင့် ထီးလေးကားလည်း ငိုက်မြည်းနေကြတော့သည်။သို့နှင့် နှစ်ယောက်သား ကြက်မှေးလေးသာ မှေးနေလျက် ငါးကလေးကား တစ်ရေးနိုးလာပြီး အပေါ့အပါးသွားချင်သည်ကြောင့် ပိတ်ထားသော ဆိုင်တံခါးအား ဖွင့်လျက် ရန်ကုန်သားပီပီ ဆိုင်ရှေ့တွင် အပေါ့သွားမည်ဟု တွေးလျက် မျက်လုံးအား မဖွင့်နိုင်ပဲ ဆိုင်အပြင်သို့ထွက်လာချေသည်။မှောင်ရိပ်လေးအား ခိုလျက် အပေါ့သွားနေစဉ်မှာပဲ
`ဟင်!…ဘာတွေလဲ…မိန်းကလေးတွေ အများကြီးပါလား…ဘာလုပ်နေကြတာပါလိမ့်.…´
မြင်တွေ့လိုက်ရသည့် မြင်ကွင်းကား မိန်းမလေးများ တစ်ယောက်နှင့် တစ်ယောက် ပွတ်သပ်နေလျက် လုံချည်မပါ ကိုယ်ဗလာဖြင့် ရယ်မောပြုံးရွှင်နေကြသည်ကို တွေ့လိုက်ရတော့သည်။ မိမိ၏ အသိစိတ်ကား လွတ်သွားလျက် ဆွဲဆောင်မှု့ရှိနေသော ထိုမိန်းကလေးများဆီသို့ ခြေလှမ်းကား ဦးတည်သွားနေသည်ကို သတိမထားမိလျက် ။
`ဟင်…ကိုအောင် ငါးကလေးရော…´
`ဗျာ!…ဟင်…အခုန ဒီမှာ အိပ်နေတာပဲလေ…အပြင်ထွက်သွားတာလား မသိဘူး အန္တရယ် ရှိနိုင်တယ် ကျုပ်တို့လိုက်ရှာမှ ဖြစ်မယ်…´
ငါးကလေးအား ရှာရန် မီးအိမ်လေးအား ဆွဲကိုင်လိုက်ပြီး ဆိုင်တံခါးပွင့်နေသည်ကြောင့် အပြင်ထွက်သွားသည်မျာ သေချာပြီး။ ဆိုင်အပြင်သို့ရောက်သည်နှင့်
`ဟင်!…ငါးလေး…မသွားနဲ့…´
နောက်ကျောသာ တွေ့နေရသည့် ငါးကလေးကာ ခွေးနက်ကြီးများ အုပ်စုဖွဲ့နေသည့်ဆီသို့ဦးတည် လျောက်နေသည်ကို တွေ့လိုက်ရသည်။ငါးကလေး၏ အမြင်မှာကား အလွန်ချောမောလှပသည့် မိန်းကလေးများပင်။တားနေသည့် အသံတို့ကိုပင် သူမကြားနိုင်ပဲ အရှေ့သို့လျောက်နေတော့သည်။နှစ်ယောက်သား အပြေးလှမ်းသွားလျက် သူ့အားတားလိုက်သည်ကို မရ ဇွတ်အတင်းသာ ထိုနေရာသို့ဦးတည်နေခဲ့တော့သည်။တားနေသည့် ကိုအောင်အားနှင့် ထီးကလေးတို့အား တားမည်နည်းဟု သူကား ရန်မူလျက် ဇွတ်အတင်းရုံးကန်နေတော့သည်။ ထိုနောက် ပါးခုံအား လက်ဖြင့် သူငယ်ချင်းဖြစ်သူ ထီးကလေးကား ပုတ်လိုက်တော့
`ဟင်!´
ဟု အသံထွက်ပေါ်လာလျက်
`ငါ…ဘာ…ဘာဖြစ်တာလဲ…ဟင် ဟို ဟို မိန်းကလေးတွေရော …´
`ဘယ်မှာလဲ မိန်းကလေးတွေ အဲ့တာ လူယောင်ဆောင်ထားတဲ့ ခွေးနက် ကဝေမတွေ …မင်းကို ငြို့နေကြတာ အခုဘယ်မှာ ရှိတော့လို့လဲ သေချာ´
အိပ်ချင်းမူးတူးမျက်လုံးအား ပွတ်သပ်လိုက်ပြီး အရှေ့စူးစူးသို့ကြည့်လိုက်တော့ မှောင်မည်းနေသည်ကိုသာ တွေ့လိုက်ရသည်။ သုံးယောက်သား ဆိုင်အတွင်းသို့ပြန်ဝင်လာလျက် အားလုံးနိုးကုန်ကြပြီး ငါးကလေး၏ အဖြစ်ပျက်အား ပြောဆိုနေကြသည်။
`တကယ်လို့ အဲ့နားကို ကျုပ်ရောက်သွားခဲ့ရင် ဘာဖြစ်သွားနိုင်လဲ အစ်ကိုအောင်သိလား…´
`သိပ်သိတာပေါ့…သူတို့က ကဝေမတွေပဲ ခင်ဗျားကို ငြို့ယူပြီး သူတို့ပညာတွေ အဆင့်ထပ်တိုးကြလိမ့်မယ် နောက် ခင်ဗျားအသက်ကိုပါ နုတ်ယူသွားနိုင်တယ်…´
`ဒါဒီဆိုင်က မိန်းကလေးတွေ ဖြစ်နိုင်လား´
`ဒါတော့ ကျုပ်လဲ သေချာမသိဘူး ဖြစ်ဖို့တော့များတယ် အခုကြည့်လေ တစ်ဆိုင်လုံးမှာ ကျုပ်တို့တွေပဲ ရှိနေကြတာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာပဲ…´
`သတိရှိပါလိမ့်စေနော် အားလုံး ဆိုင်ထဲကနေ မထွက်ကြတာ ကောင်းမယ် မိုးလင်ခါနီးရင် ကျုပ်တို့အားလုံး ရွာထဲဝင်ကြမယ်…အခုတော့…´
ပြောနေသည့် စကားမဆုံးခင်မှာပဲ အားလုံးရဲ့၏အရှေ့သို့ အဝတ်ဗလာဖြင့် မိန်းကလေးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး တွန့်လိမ်နေသော ကိုယ်ခန္ဓာဖြင့် ရောက်လာခဲ့သည်။မိန်းကလေး၏ ခန္ဓာကိုယ်အား ခေါင်းအစ ခြေအဆုံး အားလုံး ကြည့်နေမိလျက် မည်သည့်စကားမှ မပြောနိုင်တော့ပဲ သူမ၏အလှတွင် မျောနေမိသည်။ မိန်းကလေးကား အားလုံး၏အနားသို့ တစ်လှမ်းချင်း လျောက်လာလျက် မိမိ၏ ကိုယ်ခန္ဓာအား တစ်ပတ်လည် လှည့်ပြနေခဲ့သည်။ထိုနောက် ငိုင်ကြည့်နေမိသော ကိုအောင်ကား အသိဝင်လာလျက်
`ထီးလေး …အားလုံး မျက်လုံးမှိတ်ထားကြ ကျုပ်တို့ ကဝေစက်ကွင်းထဲ မိနေပြီ အားလုံး မကြည့်မိစေနဲ့ …´
ကိုအောင်၏ စကားသံကား တစ်ဆိုင်လုံး ပဲ့တင်ထွက်ပေါ်လာခဲ့သည်။ငိုင်ကြည့်နေမိသော အားလုံး အသိစိတ်ဝင်လာပြီး လူသားစင်စစ်မဟုတ်ကြောင်း သိလျက် မျက်လုံးများအား မှိတ်ထားလိုက်တော့သည်။အတန်ကြာသည့်အထိ ထိုကဝေမဟာ ပျောက်ကွယ်သွားခြင်းမရှိပဲ ရမ္မက်စိတ်ဖြစ်ပေါ်လာစေရန် အမျိုးမျိုးပြုလုပ်နေခဲ့သည်။အထက်ဂုဏ်း ဆရာဆင့်တတ်ထားသည့် ထီးလေးအနားသို့မသွားနိုင်ပဲ ကျန်နေသူများ၏ အနားသို့သွားခါ သူမ၏ မွှေးညင်းတို့ဖြင့် ပွတ်သပ်နေခဲ့တော့သည်။ ထိုအခါ ဖခင်မှာလိုက်သော စကားတို့အား နားထဲတွင် ပြန်ကြားလာမိပြီး ထီးကလေးကား
`ဆိုင်ရာက ချုပ်ထားစေ… ငါဆရာအမိန့်…´
မာန်ပါပါဖြစ် အမိန့်ပေးလိုက်လေရာ မိန်းကလေး၏ နာကျည်သော အသံများ ထွက်ပေါ်လာလျက် တိရိစ္ဆာန်တစ်ကောင်၏ ညည်းသံများဖြင့် ကွယ်ပျောက်သွားခဲ့တော့သည်။ ဝေလီ ဝေလင်း မနက်အလင်းရောင်ကြောင့် တွေ့မြင်လိုက်ရသည့် ကိုယ်ဗလာဖြင့် မိန်းကလေးဟာ ပုတ်သင်ညို တစ်ကောင်အဖြစ် သေဆုံးနေသည်ကို တွေ့လိုက်ရ့သည်။
`အဲ့ဒါပဲဗျ…အထက်ပညာဆိုတာ ဗုံလိုပဲ မတီးမမြည်ဘူး…ဘယ်လောက်ပဲ ပညာတတ်တတ် နှုတ်က မပြောမချင်း ဘာမှ အသုံးမဝင်ဘူး…´
`ဟုတ်ပါ့ဗျာ…မိုးလည်း လင်းနေပြီ ကျုပ်တို့ခရီးဆက်လိုက်ကြရအောင်…´
`အိုး…တစ်ဆိုင်လုံး ပုတ်သင်ညိုအသေတွေ ချည်းပါလား ဘဟ်လိုဖြစ်ရတာတုန်း.…´
`ဘယ်လိုဖြစ်ရမှာတုန်းဗျ ကဝေမတွေပေါ့ အခုတော့ သူ့တို့ပုံစံအမှန် ပြန်ဖြစ်ပြီး ပညာရှုံးလို့ပျောက်ကွယ်ကုန်ပြီ…´
မနက်လင်းသည်နှင့် တစ်ပြိုင်နက် မိမိတို့လိုရာခရီးဖြစ်သော ရွာထဲသို့ဝင်ရန် ခြေဦးစတင်တော့သည်။ထိုဆိုင်ကား ကဝေအတတ်ပညာဖြင့် ပြုစားကာ ရောင်းချနေသော ဆိုင်တစ်ဆိုင်ဖြစ်သည် မိန်းမလှလေးများဟာ လူစင်စစ်မဟုတ် ကဝေမများဖြစ်လျက် ပညာရှုံးနိမ့်သွားသည်ကြောင့် ပုတ်သက်ညိုများသဏ္ဍန်ဖြင့် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။ထိုအချိန်မှစပြီး ဆေးမိထားကြသော မြို့သူမြို့သားများကား နားကျည်းမုန်းတီးလျက် ထိုဆိုင်အား မီးရှို့ဖျက်စီးလိုက်ကြတော့သည်။ အဖြေမှန်ဖော်ပြပေးခဲ့သော ထီးလေးတို့အားလုံးအား ကျေးဇူးတင်လျက် လိုရာခရီးသို့ လှည်း၊ လှေ အဆင့်ဆင့်ဖြင့် လိုက်ပို့ပေးကြသည်။ မိမိတို့ဦးတည်လာသည့် ရွာထိပ်သို့ရောက်သည်နှင့် ဦးဆုံးမြင်တွေလိုက်ရသည်က ရွာပြင်အစပ်တွင် အထီးကျန်စွာ တည်ရှိနေသည့် ဖိုးချစ်နှင့် ယောင်တုန်းလေတို့၏ နေအိမ်ကိုသာ။
`တို့ရွာထဲ ဝင်လို့တော့ မဖြစ်သေးဘူး အခုလောက်ဆို ကဝေဘုရင် သူ့တအည့်မတွေ ပညာရှုံးသွားတာ သိနေလောက်ပြီ…ပြီးတော့ ရွာထဲမှာလဲ အသိမရှ်ဘူး…အခုမြင်နေရတဲ့ တဲလေးမှာ မျှားကလေး အကြောင်းကို တိတ်တဆိတ် စုံစမ်းရတာပေါ့…´
`အဲ့ဒါကောင်းတဟ်…´
သို့နှင့် ထိုတဲလေးဆီသို့ ဦးတည်လှမ်းသွားကြပြီး
`ဗျို့…အိမ်ရှင်တို့ကျုပ်တို့မြို့က ဧည့်သည်တွေပါ တစ်ခုလောက်သိချင်လို့…´
ကိုအောင်ကား ဦးဆောင်လျက် အိမ်ရှေ့မှ အသံပေး အော်ခေါ်နေခဲ့သည်။
`ဘာကိစ္စရှိလို့တုန်း…´
မကြာခင်မှာပဲ ဖိုးချစ်ထွက်လာပြီး အားလုံးကို မေးလျက် ကိုအောင်ကား ဦးဆောင်ပြီး ထိုတဲလေးတွင် သတင်းတစ်ခုအား စုံစမ်းချင်ပါသောကြောင့် ထိုရွာလေးအား ရောက်လာကြောင်းကို ပြောပြလိုက်သည်။
`ကျုပ်တို့က ညီအစ်ကို နှစ်ယောက်တည်း နေတာ…အစ်ကိုကြီးက မနက်ကမှ မြို့တတ်သွားတယ်…အခု ကျုပ်တစ်ယောက်တည်းပဲရှိတဟ် နောင်ကြီးတို့ဒီမှာ တည်းချင်တယ်တိုလည်း တဲပေါ့´
မိချောင်းပုရိပိုက်ထဲမှ စာသားတစ်ချို့အား ဖတ်မိထားသော ဖိုးချစ်က လူကြီးဆန်ဆန် စိတ်ဓာတ်ရင့်ကျက်လာချေသည်။
`ခင်ဗျားတို့က ညီအစ်ကို နှစ်ယောက် နေတယ်လည်း ပြောသေးတယ် အသုံးဆောင်တွေက တစ်ယောက်တည်းစာပဲ ရှိတာလား´
`ဟုတ်တယ် အစ်ကိုကြီးက သူများတွေနဲ့ မတူဘူး ကျုပ်အတွက်လည်း အရမ်းအားကိုးရတယ်…´
မိတ်ဆွေအရင်းသဖွယ် ခင်မင်မိသွားသော ထီးကလေးတို့သူငယ်ချင်းများအားလုံးအား မိမိ၏ ငယ်စဉ်အချိန်မှ ဖြစ်ရပ်တို့ကို ပြောပြခဲ့သည်။စိတ်ဝင်တစ်စား နားထောင်လျက် ကဝေဘုရင်၏ အကြောင်းကိုပါ သိလိုက်ရတော့သည်။အစ်ကိုဖြစ်သူ ယောင်တုန်းလေးအား တစ်နေ့ကုန်စောင့်မျှော်နေသောလည်း ပြန်ရောက်မလာခဲ့ချေ။ ပြန်ရောက်လာခဲ့သော ယောင်တုန်းလေးကား မည်သူမှ မမြင်နိုင်သည့်အတွက် လူဆိုး လူကောင်းခွဲခြားသိနိုင်သော ယောင်တုန်းလေးကား ရောက်လာသော ဧည့်သည်တို့ကို ရန်မမူပဲ မမြင်ကွယ်ယာမှသာ ကြည့်နေတော့သည်။ ဖိုးချစ်ကား မိတ်ဆွေ အရင်းသဖွယ် ခင်မင်သွားသော ကိုအောင်တို့အားလုံးအား သူ၏ ပုရိပိုက်ကို ထွက်ပြလျက်
`ဟင်!…ဟုတ်ပါ့ဗျာ…ဒါကျုပ်ဆရာပြောတဲ့ မိချောင်းပုရိပိုက်ဆိုတာ ဒါပဲ…´
`ကိုအောင်က သိနေတာလား…´
`သိတာပေါ့ အဖဆရာအေး ကိုယ်တိုင် ဒီပုရိပိုက် ရာဇဝင်အကြောင်း ပြောပြဘူးတယ်…စိတ်ချတော့ ညီလေး ဖိုးချစ် မင်းကဝေဘုရင်ကို အနိုင်ရစေရမယ် ဒီပုရိပိုက်ထဲက အတိုငိး မင်းကျင့်မယ်ဆိုရင် ထွက်ရပ်ပေါက် ဝိဇ္ဇာတစ်ပါးဖြစ်လာလိမ့်မယ်…´
ကိုအုန်းကျော်၏ ဖခင် ဆရာအေးဆိုသူမှာ ကိုအောင်၏ ပျောက်ဆုံးနေသော ဆရာပင်ဖြစ်ချေတော့သည်။သို့ပေမယ့် ဆရာအေးအား ထိုအိမ်တည်ရှိရာသို့ ရောက်မလာခဲ့ချေမှာ နှစ်အတန်ကြာနေခဲ့ပြီ။
နှစ်ရက်အချိန်ထိ မိမိဆီသို့အစ်ကိုဖြစ်သူ ယောင်တုန်းလေး ပြန်ရောက်မလာချေ။ စိတ်ပူစွာဖြင့် စောင့်မျှော်ရင်း ပုရိပိုက်ကျင့်စဉ်အတိုင်း တရားသာအမြဲထိုင်နေသည့် ဖိုးချစ်ကိုသာ အိမ်၌ တွေ့နေရသည်။နှစ်ရက်အကြာမှာပဲ ဖိုးချစ်နေအိမ်သို့ကဝေဘုရင်၏ အတိတ်မေ့နေသူ သမီး အိမ်ရှေ့သို့ရောက်လာပြီး
`ကိုဖိုးချစ်…ကျွန်မ ဝင်ခဲ့လို့ရမလား…´
မိန်းကလေး၏ အသံကိုကြားသည်ကြောင့် စကားပြောနေရာမှ ဖိုးချစ် ထလိုက်ပြီး
`ဟင်!…နှင်းဆီ လာလေ…´
နှင်းဆီ ဆိုသည်နှင့် ကဝေဘုရင်၏ သမီးဖြစ်သည်ကို ကိုအောင်တို့အား ကောင်းစွာ သဘောပေါက်ချေခဲ့သည်။အားလုံး ထိုင်နေရာမှ ထလိုက်ပြီး ထိုမိန်းကလေးကို ကြည့်လိုက်ရာ
`ဟာ…မျှာ…မျှားကလေး…´
`ဟင်…နင်…နင်မသေဘူးနော်…´
ခြံဝတွင်ရှိနေသော မိန်းကလေးကား အိမ်ထဲသို့မရောက်ခင်မှာပဲ အိမ်ပေါ်ရှိ အားလုံးက အံ့သြကြီးစွာ လှမ်မေးလိုက်လေတော့သည်။ အားလုံး၏အမေးကား သူမ စိုက်ကြည့်နေလျက် မည်သည့် စကားမှ ပြန်မပြောပဲ ကြောင်တောင်တောင် မျက်လုံးများဖြင့် သာကြည့်နေတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
Post Top Ad
Responsive Ads Here
အပိုင်း(၅) ကဝေဘုရင် ယမမင်းရှင်
Share This
Tags
# ၀၅.ကဝေဘုရင် ယမမင်းရှင်
Share This
About Unknown
၀၅.ကဝေဘုရင် ယမမင်းရှင်
Labels:
၀၅.ကဝေဘုရင် ယမမင်းရှင်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment