အပိုင်း(၉) တစ္ဆေကိုက်တဲ့ အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၉) တစ္ဆေကိုက်တဲ့ အိမ်ကြီး

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၉ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



ထိုသို့ပြောကာ သူငယ်ချင်းဖြစ်သူ မျှားကလေးဟာ ကျွန်ုပ်နှင့် သူငယ်ချင်းများအား ဦးဆောင်ကာ အိမ်ကြီးအတွင်းမှ ထွက်ခွာရန် ဟန်ပြင်လေတော့သည်။ အိမ်ကြီးအတွင်းမှ မထွက်ခွာခင် အချိန်၌ပင် ဓာတ်ပုံအား ကျွန်ုပ်ပြန်လည်၍ ကြည့်မိလိုက်ပြန်သည်။ ထပ်မံတွေ့ရှိလိုက်ရသည်က ကျွန်ပ်အား တစ်စုံတစ်ခုသော အန္တရယ်တစ်ခုခုနှင့် ကြုံတွေ့ရတော့မည်ကို စိုးရိမ်နေသည့် အမူယာသို့ မိန်းကလေး၏ ရုပ်ပုံမှာ ပြောင်းလဲနေခဲ့ပြန်တော့သည်။

ကျွန်ုပ်၏စိတ်အတွင်း၌ ကောင်းစွာ သဘောပေါက်ချေခဲ့သည်။ မိန်းကလေး၏ ရုပ်ပုံပြောင်းလဲမှု့များဟာ ကျွန်ုပ်တစ်ယောက်တည်းကိုသာ မြင်တွေ့စေချင်ပုံရသည်။ ကျွန်ုပ်၏ အမြင်များနှင့် အာရုံများဟာ အိပ်ချင်နေသော စိတ်များဖြစ်ပေါ်ခြင်းမရှိသည်ကို ကျွန်ုပ်ကိုယ်၌ပင် ကောင်းစွာသိရှိထားသည်။ အမြင်မှားခြင်းမဟုတ်။ ကျွန်ုပ်တစ်ယောက်တည်းကိုသာ သူမ၏အမူယာ ပြောင်းလဲပြသနေခဲ့ခြင်းဟု ကျွန်ုကောင်းစွာသိရှိစေတော့သည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူများအား ကျွန်ုပ်ပြောပြ နေခြင်းမရှိတော့ပဲ တံခါးအားပြန်လည်ပိတ်စေပြီး ဆိုင်ကယ်များရပ်ထားသည့် ခြံအပြင်သို့ထွက်ခါ မိတ်ဆွေရဲအုပ်မောင်ဝင်းထံသို့ ဦးတည်ထွက်ခွာလေတော့သည်။

*****

' ဗျို့ … အစ်ကိုကြီး ဟ … တစ်အိမ်လုံးလဲ တိတ်ဆိတ်နေပါလား … ဘယ်သူမှမရှိကြဘူးလား '
စာရေးဆရာလေး၏ နေအိမ်ခြံတံခါးအရှေ့မှ ဝါးခမောက်အား စောင်းလျက်ထားပြီး ပုဆိုးခပ်တိုတိုဝတ်ဆင်ထားသည့် လူတစ်ဦးမှ တောဆန်ဆန်လေသံဖြင့် အသံပေးအော်ခေါ်နေလေသည်။ ထိုလူကြီး၏ ခေါ်သံကြောင့် အိမ်အတွင်းမှ စာရေးဆရာလေး၏မိခင် ဒေါ်နီထွက်လာပြီး
' ဘယ်သူတုန်း … ဟင် … တင်ငွေ ဘယ်ကလှည့်လာတာတုန်း … လာအိမ်ထဲဝင် '
' ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူးအစ်မကြီးရေ …  ကျုပ်တူရဲ့ သတင်းကြားတာနဲ့ လာခဲ့တာ … ဘယ်မှာတုန်း ကျုပ်တူလေး '
' ရှိပါအေ … အခုတလော အရင်ကထက်စာရင် စိတ်အခြေအနေ နည်းနည်းပြန်ကောင်းလာတယ် '
' သားလေးရေ … လာပါဦး နင့်ဦးလေးရောက်နေတယ် '

တင်ငွေနှင့် ဒေါ်နီနီတို့၏ အပြန်လှန်ပြောပုံဆိုပုံများမှာ အင်မတန်မှရင်းနှီးမှု့ရှိကြပြီး တင်ငွေဆိုသော ထိုသူမှာ စာရေးဆရာလေးအား အင်မတန်မှချစ်ခင်ပုံရသည်။ အိမ်အပေါ်သို့ ရောက်ရှိလာသည်နှင့် စာရေးဆရာလေးအား နှုတ်မှ တစ်ဖွဖွမေးမြန်းနေခဲ့သည်။ တင်ငွေနှင့် စာရေးဆရာလေး၏ ဖခင်ဦးမြင့်တို့မှာ လူပျိုဘဝကတည်းမှ လည်ပင်းဖတ်ပေါင်းသင်းလာကြသော ဆရာတပည့် သူငယ်ချင်းများဖြစ်ချေပြီး ။ ဦးမြင့်တစ်ယောက် ဇနီးဖြစ်သူ ဒေါ်နီနီနှင့် အိမ်ထောင်ကျသည့်အထိ တင်ငွေမှာ ညီအစ်ကိုမောင်နှမသဖွယ် နေအိမ်သို့ အဝင်အထွက်ရှိသူတစ်ယောက်ဖြစ်သည်။ စာရေးဆရာလေး မွေးသည့်အချိန်မှစ၍ သူ၏ ထိန်းကျောင်းမှု့ဖြင့် တင်ငွေ၏လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်ဟု ဆိုနိုင်ပေသည်။ တင်ငွေမှာ ဦးမြင့်တို့မိသားစု တစ်ဖက်ရပ်ကွက်မှ ပြောင်းရွှေ့သွားသည့်အချိန်မှစပြီး မတွေ့ဖြစ်ကြသည်မှာ နှစ်ကာလကြာမြင့်နေခဲ့ပြီးဖြစ်သည်။

ယခု စာရေးဆရာလေး၏ လုပ်ကြံခံရသည့် သတင်းနှင့် ပုံမှန်မဟုတ်သော စိတ်အခြေနေရောဂါတို့ အကြောင်းအား ကြားရသည်ကြောင့် တင်ငွေမှာ စိုးရိမ်ကြီးစွာဖြင့် စာရေးဆရာလေး၏ နေအိမ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မိခင်၏ အိမ်အရှေ့မှ ခေါ်သံကြောင့် စာရေးဆရာလေးမှာ အိမ်အရှေ့သို့ ငြိုးငယ်သော မျက်နှာထားလေးဖြင့် ထွက်လာခဲ့ချေသည်။ တင်ငွေမှာ စာရေးဆရာလေးအား တွေ့ရှိလိုက်သည်နှင့် လွန်စွာမှပင် စိတ်မကောင်းဖြစ်ချေခဲ့ပြီး ခံပြင်းလွန်းသော စိတ်ဖြင့်
' ဖြစ်မှဖြစ်ရလေ ငါ့တူကြီးရာ … တောက် !… ဒီလောက်အေးအေးဆေးဆေး နေတတ်တဲ့ ငါ့တူကြီးကိုမှ အခုလိုရက်ရက်စက်စက် လုပ်ရတယ်လို့ …  '
' သား … ဦးတင်ငွေကို မှတ်မိလား '
မိခင်၏ အမေးစကားကြောင့် စာရေးဆရာလေးမှာ တင်ငွေ၏မျက်နှာအား စူးစိုက်စွာကြည့်လိုက်သည်။ သို့ပေမယ့် စာရေးဆရာလေး၏ မျက်လုံးများဟာ သာမာန်လူကောင်းတစ်ယောက်နှင့်မတူ မျက်လုံးအိမ်များ ရီဝေစွာဖြင့် ကြောင်တောင်တောင်ကြည့်နေခဲ့သည်။
' ဦးတင်ငွေ … ဦးတင်ငွေလား '
' အေးလေ … ဦး … ဦးလေ… ဦးကိုမှတ်မိတယ်မဟုတ်လား'
' ဦးတင်ငွေမဟုတ်လား … ဦးတင်ငွေ '
' အေးအေး … ဟုတ်တယ်လေ ငါတင်ငွေလေ မှတ်မိပြီမဟုတ်လား '
' ဟင့်အင်း မသိဘူး '
' ဟာကွာ … ငါ့တူကြီးနောက်နေတာတော့ မဟုတ်ပါဘူးနော် '
' ဟင့်အင်း မသိဘူး မသိဘူး … ခင်ဗျားက လူဆိုးလား လူကောင်းလား '
' ဟ … ငါလူကောင်းပါကွ '
' ဟင် … ကြောက်တယ် အမေသားကြောက်တယ် … အဲ့ဒီလူကောင်းကို သားကြောက်တယ် … သားသူ့ကိုကြောက်တယ် '

တင်ငွေ၏နှုတ်မှ လူကောင်းဟုကြားလိုက်ရသည့်နှင့် စိတ်ရောဂါရှင် စာရေးဆရာလေးမှာ အနီိးရှိ မိခင်ဖြစ်သူ၏ ရင်ဝယ်အတွင်းသို့ ကလေးငယ်တစ်ဦးပမာ ခေါင်းတိုးဝင်ပုန်းရှောင်လေတော့သည်။

' အဲ့ဒါပဲကြည့်တော့ တင်ငွေရေ … ဟိုတစ်နေ့က လူငယ်လေးတွေနဲ့ စကားပြောနေတုန်းက သူရဲ့ပုံမှန်စိတ်အတိုင်းပဲ … နောက်နေ့ကြတော့ အခုလိုပြန်ဖြစ်နေတာပဲ '
' အဲ့ဒီလူငယ်လေးတွေဆိုတာ ဘယ်သူတွေလဲ အစ်မ '
' ငါလဲသေချာမသိပါဘူး … တစ်ညလုံး စကားတွေပြောနေကြတာပဲ …  မနက်ကျမှ အဲ့ဒီကလေးတွေလဲ ပြန်သွားကြတယ် … အဲ့ဒီနောက်ပိုင်း သားလေးရဲ့ စိတ်ရောဂါလဲ ပြန်ဖောက်လာပြန်တယ် '
' အင်းဗျ … တူလေးရဲ့ ရောဂါက ထူးဆန်းတယ် လူကောင်းလို့ကြားလိုက်တာနဲ့ ကြောက်လန့်သွားတယ် … ကျွန်တော့အထင် လူကောင်းတွေကပဲ သူ့ကိုအခုလိုဘဝရောက်အောင် လုပ်ခဲ့တာပဲဖြစ်မယ် '
' မသိပါဘူးတင်ငွေရာ … ငါတို့လဲ ဘယ်လိုဖြစ်ရတာလဲဆိုတာ အခုချိန်ထိ သေသေချာချာ မသိသေးဘူး … '
' သားလေး … မကြောက်နဲ့တော့နော် … အဲ့ဒီဦးလေးက သားကို ဘာမှမလုပ်ဘူး … သူက လူဆိုး '
' ဟင် … မေမေတကဟ်ပြောတာနော် သူက လူဆိုးနော် '
' ငါကလူဆိုးပါကွ … ငါ့တူလေးကို ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး … နေပါဦး အခုနတုန်းက ဦးတင်ငွေလို့ နာမည်ခေါ်ပြီးမှ ဘာဖြစ်လို့ မသိဘူးလို့ပြောရတာလဲ '
' ကျုပ်စိတ်ထဲမှာ တင်ငွေဆိုတာကို သိတယ် … နောက်ကြောင်းတွေကို ပြန်တွေးလိုက်ရင် ဘာမှမသိတော့ဘူး … အဲ့ဒါကြောင့် သိတယ် မသိဘူး ရောကုန်တာ '
' သြော် …ဖြစ်မှဖြစ်ရလေ ငါ့တူကြီးရာ … ဟိုတစ်နေ့က လူငယ်လေးတွေနဲ့ စကားပြောဖြစ်လိုက်တယ်ဆို အဲ့ဒီတုန်းက အတိတ်ကြောင်းတွေကို မှတ်မိခဲ့သေးလား '
' ဟင့်အင်း … သူတို့က ကျွန်တော့ရဲ့ သူငဟ်ချင်းတွေလို့ ပြောပြီး ဘာတွေလာမေးနေကြမှန်းမသိဘူး သူတို့မေးတာတွေကို ကျွန်တော်စိတ်ထဲရှိတာတွေ ဖြေပေးလိုက်တယ် '
' ဟား ဟား … ဟုတ်ပါပြီကွာ ဟုတ်ပါပြီ '
' ဒါနဲ့ အစ်ကိုမြင့်တစ်ယောက်ရော မတွေ့ပါလား '
' ဟော့ … ပြောရင်းဆိုရင်း ပြန်လာပါပြီတော် '
' ဟ … တင်ငွေ ပျောက်ချက်သားကောင်းလှချည်လား '
' ဟုတ်တယ် အစ်ကိုကြီးရေ … ငွေလေးဘာလေး အချောင်ရမယ့် အလုပ်လိုက်လုပ်နေလို့ဗျ '
' ဟားဟား … ငါ့ကောင်ရေ တို့တွေအသက်က မငယ်တော့ဘူးဟ … တည်တည်ငြိမ်ငြိမ်နေတော့ '
' ကျုပ်လဲ တည်ငြိမ်နေပါပြီဗျာ … '
' ဟုတ်ပါပြီ ဒါနဲ့ ဘယ်ကလှည့်လာရတာလဲ '
' ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူးဗျ … ကျုပ်တူလေးအကြောင်းကြားပြီး စိတ်ပူလို့ ဒီအိမ်ကိုမရမက ရှာဖွေပြီးလိုက်လာရတာ … '
' အေးကွာ … ငါတို့လဲ စပြောင်းကတည်းက ဘယ်သူ့ကိုမှ အသိမပေးပဲ တိတ်တိတ်လေးပြောင်းလာခဲ့တာ … ဘာဖြစ်လဲဆို … ငါတို့မိသားစုမှာ မမြင်နိုင်တဲ့ အန္တရယ်တွေရှိနေတယ်လေ '
' ကဲ … တင်ငွေ ထုံးစံအတိုင်း အိမ်မှာပဲ နေမှာမဟုတ်လား '
' ဒါပေါ့အစ်မရ … ကျုပ်တူလေးအနားမှာပဲ ငယ်ငယ်ကလို စောင့်ရှောက်ပေးမယ်လေ '
' အေးအေး ကောင်းတယ် … ငါတို့လဲ စီးပွားရေးတစ်ဖက်နဲ့ဆိုတော့ သားလေးကို အချိန်ပြည့် အဖော်မလုပ်ပေးနိုင်ဘူးဖြစ်နေတယ် နင်ရောက်လာတော့ ငါ့သားလေးအတွက်လဲ အဖော်ရတာပေါ့ '
' ဒါပေါ့ဗျ … ဒါပေါ့ '

မဆုံတာကြာပြီဖြစ်သည့် မိတ်ဆွေများ ရယ်မောပျော်ရွှင်နေကြသော်လည်း စာရေးဆရာလေးမှာ ငြိုငြင်လှသော မျက်နှာထားလေးဖြင့်သာ ရပ်တည်ထားနိုင်ခဲ့သည်။

မိတ်ဆွေကိုမောင်ဝင်းရှိနေသည့် အပိုင်ရဲစခန်းဆီသို့ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ ဆိုင်ကယ်အမြန်နှုန်းဖြင့် ရောက်ရှိလာခဲ့လေသည်။ စခန်းဝန်းအတွင်းသို့ ဆိုင်ကယ်များသွင်းစေပြီး မိတ်ဆွေရဲအုပ်မောင်ဝင်း၏ိံ တာဝန်စားပွဲဝိုင်းရှေ့သို့ အရောက်လှမ်းမည်ဖြစ်သည်။ တတ်ကြွသော ခြေလှမ်းများနှင့်အတူ ကိုမောင်ဝင်းရှိနေမည့် အခန်းအရှေ့သို့ ရောက်ရှိလာခဲ့ပြီး အပေါက်စောင့် ရဲဘော်လေးတစ်ဦးအား စခန်းမှူးကြီးနှင့် တွေ့ချင်သည်ဟု တောင်းဆိုကာ ထိုအခန်းအရှေ့၌ရှိနေသော ခုံတန်းရှည်တွင် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဝင်ရောက်နေယူထိုင်လိုက်သည်။ ခဏအကြာမှာပင် အခန်းအတွင်းမှ ရဲဘော်တစ်ဦးထွက်လာပြီး ကျွန်ုပ်တို့အားတွေ့ရှိလိုက်သည်နှင့်
' ဟုတ်ကဲ့ … ဘာများကူညီပေးရပါ့မလဲ '
' သြော် … ကျွန်တော့်နာမည် ထီးကလေးပါ '
' ဗျာ … ဟို ဆရာခဏခဏ ပြောတဲ့ သူ့မိတ်ဆွေ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့ဆိုတာလား '
' ဟုတ်ပါတယ် '
' ဟုတ်ကဲ့ အားလုံးနဲ့တွေ့ရတာ ဝမ်းသားပါတယ် … ဆရာခဏခဏပြောလို့ ထီးကလေးတို့ရဲ့နာမည်တွေနဲ့ ရင်းနှီးနေတာကြာပါပြီ အခုမှပဲဆုံဘူးတော့တယ် ကျွန်တော်က ဒုရဲအုပ် သန်းနိုင်ဝင်းပါ '
' ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် '
' ဒါနဲ့ စခန်းမှူးကြီးကိုမောင်ဝင်းရော '
' ဆရာမောင်ဝင်း အရေးကြီးအမှု့ကိစ္စတစ်ခုနဲ့ ခရီးထွက်သွားတယ်ဗျ '
' ဗျာ … ကိုမောင်ဝင်း ခရီးထွက်သွားတယ် ဟုတ်လား '
' ဟုတ်ကဲ့ … '
' ဘယ် … ဘယ်ကိုသွားတာလဲဗျ '
' အဲ့ဒါတော့ ကျွန်တော်တို့ကို ပြောမသွားဘူး … ဒီမနက်ပဲ ထွက်သွားတာ … အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ပဲ ကျွန်တောတို့ကိုပြောသွားခဲ့တယ် '
' ဟင် … ဟာဗျာ … သွားပါပြီ '
' ဘာများဖြစ်လို့လဲခင်ဗျ … အရေးကြီးကိစ္စရှိလို့လား '
' ရှိတယ် … သိပ်ရှိတယ် … '
' ကျွန်တော်ကူညီပေးမယ်ဆိုရင်ရော ဖြစ်မလား '
' မရဘူးဗျ … ကိုမောင်ဝင်းနဲ့တွေ့မှဖြစ်မှာ … ဘယ်တော့လောက် ပြန်လာမလဲဆိုတာရော သိလား '
' အဲ့ဒါလဲ ကျွန်တော်တို့မသိရဘူး … အစဉ်စီမရှိပဲ ရုတ်တရက်ကိစ္စပေါ်လာလို့ ဒီမနက်ပဲ ဆရာခရီးထွက်သွားခဲ့တာ '
' ဟာ … သွားပြီး ဒီမနက်မှ ထွက်သွားတာဆိုတော့ အနည်းဆုံး သုံးလေးရက်တော့ ကြာမှာပဲ … ငါတို့ဘာဆက်လုပ်ကြမလဲ '
' ဆက်လုပ်ရမယ့် ကိစ္စက ကိုမောင်ဝင်းနဲ့တိုင်ပင်ပြီးမှ လုပ်လို့ရမှာ … '
' ဟုတ်တယ် … ဟိုလူယုတ်မာတွေ ငါတို့ထက် လက်ဦးမှု့ရလို့မဖြစ်ဘူး '
' နေကြပါဦး … ဘယ်လိုကိစ္စမျိုးဖြစ်နေလို့လဲဗျ … ကျုပ်ကူညီနိုင်ရင် ကူညီပါ့မယ် '
' ရပါတယ်ဗျာ… ကိုမောင်ဝင်းနဲ့တွေ့မှပဲ ကိုသန်းနိုင်ဝင်းကို ကျွန်တော်တို့အကူညီတောင်းပါ့မယ် … ကျွန်တော်တို့ကို ခွင့်ပြုဦး '
' နေ … နေကြပါဦးဗျ … ကော်ဖီးလေးဘာလေး သောက်သွားကြပါဦးလား '
' ကျေးဇူးပါပဲဗျာ … နောက်ကြုံမှပဲ ကိုသန်းနိုင်ဝင်းတိုက်တဲ့ ကော်ဖီပူပူလေး ကျုပ်တို့ငါးယောက် လာသောက်ပါဦးမယ် အခုတော့ လုပ်စရာလေးတွေရှိသေးလို့ ကျွန်တော်တို့ကို ခွင့်ပြုပါဦး '
' ဟုတ် … ဟုတ်ကဲ့ … '
' ဘာကိစ္စမို့လို့ ဒီလောက်ထိ ပြာယာခတ်နေရတာလဲ ကြည့်ရတာ ငါတို့ရဲတွေထက် ပိုပြီအလုပ်ရှုတ်နေသလိုပဲ '

အလာကောင်းခဲ့သော်လည်း အခါနှောင်းခဲ့ပြီဟု ဆိုရလေမလား။ ခြံအမှတ် ၆၆မှ အိမ်ကြီးနှင့် ပတ်သတ်ပြီး ပြစ်မှု့ကြီးတစ်ခုကြောင်းအား မိတ်ဆွေ ရဲအုပ်မောင်ဝင်းထံသို့ အကြောင်းစုံရှင်းပြရန် လာရောက်ခဲ့သော်လည်း မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်းမှာ ယနေ့မနက်၌ ခရီးထွက်သွားခဲ့သည်ဟု သိရှိလိုက်ရတော့သည်။ သို့နှင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အပိုင်ရဲစခန်းအတွင်းမှ ထွက်ခွာလာကြပြီး အနီးရှိ လက်ဘက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ဝင်ရောက်ထိုင်လိုက်သည်။

' ဘယ်လိုလုပ်ကြမလဲ … ကိုမောင်ဝင်းကလဲ ခရီးထွက်သွားတယ်ဆိုတော့ … ဘာဆက်လုပ်ကြမလဲ '
' ဒုရဲအုပ် သန်းနိုင်ဝင်းကိုအဖော်ခေါ်ပြီး ရဲရန်နိုင်ရဲ့ လိပ်စာစုံစမ်းရင်ရော မကောင်းဘူးလား '
' မဖြစ်သေးဘူးကွ … ငါတို့လှုပ်ရှားနေတာ သူတို့ဘက်က ရိပ်မိလို့မဖြစ်သေးဘူး … ကိုမောင်ဝင်းနဲ့တိုင်ပင်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စီစဉ်မှ အဲ့ဒီလူယုတ်မာတွေကို သက်သေအခိုင်လုံနဲ့ အလစ်ဖမ်းနိုင်မှာ … မဟုတ်လို့ကတော့ အားလုံးလွဲကုန်လိမ့်မယ် '
' ဒါဆို ကိုမောင်ဝင်းကိုပဲ စောင့်မှာလား '
' ဒီလိုပဲလုပ်ရတော့မှာပေါ့ … ကိုမောင်ဝင်းခရီးက ပြန်လာမယ့်နေ့ကို စောင့်ရင်း ငါတို့လဲ တတ်နိုင်တဲ့ဘက်က လုပ်စရာရှိတာလေးတွေ လုပ်ထားကြတာပေါ့ '
' ဟုတ်ပြီ … ဒါဆို ငါတို့အခု ဘယ်ကိုအရင် ဦးတည်မလဲ '
' ခြံအမှတ် ၆၆မှာပဲ ပြန်ပြီ နေကြတာပေါ့ … '
' ဖြစ်ပါ့မလား …  '
' ဘာလို့မဖြစ်ရမှာလဲ … ငါတို့က သူတို့အမှု့ကို ဖော်ပေးမယ့်သူတွေဆိုတာ သူတို့သိနေလောက်ပြီ '
' ကဲ … ဒါဆို ကေသဇင်စိုးဆီက သဲလွန်စ တစ်ခုခုတော့ ရမှာပဲ … ဟုတ်တယ် … ခြံအမှတ် ၆၆မှာပဲ ပြန်နေကြတာကောင်းတယ် '
' လုပ်ကွာ … သဘောပဲ … အဲ့ဒီလူယုတ်မာမင်းသား လိပ်စာသိလို့ကတော့ အခုချက်ချင်း ငါကိုယ်တိုင်အသေသွားသတ်ပစ်လိုက်မယ် '
' တန်ခိုး … သွေးအေးအေးထားမှဖြစ်မယ်နော် … ဥပဒေအတိုင်းလုပ်မယ် '
' အေးပါကွာ … ငါခံပြင်းလွန်းလို့ပါ '

ကျွန်ုပ်တို့၏ လမ်းစများ ပျောက်ကွယ်နေခဲ့ချေပြီ။ မိတ်ဆွေရဲအုပ်ကိုမောင်ဝင်း တစ်ယောက် ခရီးမှပြန်လည်ရောက်ရှိလာမည့် နေ့ရက်အား စောင့်မျှော်နေရင်း ခြံအမှတ် ၆၆မှ သဲလွန်စတစ်ခုခုအား ရယူရန် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ထိုခြံကြီးဆီသို့ပြန်လည်ဦးတည်သွားခဲ့သည်။

                                 ***

' မောင်ဇော်မျိုး … ဘာအကြောင်း ကိစ္စရှိလို့လဲ '
' ဟုတ် … ဟုတ်ကဲ့အဘ … ကျွန်တော်ချုပ်ခိုင်းထားတဲ့ ဝိဥာဉ်ရဲ့အခြေအနေလေး သိချင်လို့ပါ '
' ဟား ဟား … ဒါလား … ဘာမှမပူနဲ့ … မင်းချုပ်ခိုင်းထားတဲ့ ဝိဥာဉ်က အခုဆို သရဲဘဝကနေ တစ္ဆေဘဝကို ရောက်နေပြီ … ပြောရရင် လူကိုတောင် သတ်နိုင်တဲ့အဆင့်ရောက်နေပြီ … ခမောက်စောင်းနေပြီကွ … ခမောက်စောင်းနေပြီ '
' ဘယ်လို အဘ … ခမောက်စောင်းနေပြီ ဟုတ်လား '
' အေး ဟုတ်တယ် … ခမောက်စောင်းနေပြီဆိုတာ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ တစ္ဆေသရဲ အားလုံးရဲ့ ဘုရင်ဖြစ်နေပြီလို့ပြောတာ '
' ဟုတ် … ဟုတ်ကဲ့ အဘ … ကျွန်တော်စိုးရိမ်တာက အဲ့ဒီကောင်မလေးကို ကျွန်တော်တို့ကိစ္စတစ်ခုကြောင့် သတ်ခဲ့တာ … အခုရဲတွေက အဲ့ဒီအမှု့ကို လိုက်နေကြပြီ … ပြီးတော့ ခြံအမှတ် ၆၆နဲ့ပတ်သတ်တယ်ဆိုတာ သူတို့ရိပ်စားမိပြီးတော့ အဲ့ဒီသရဲမဆီက အကူအညီတစ်ခုခုပေါ့လေ တောင်းဆိုတဲ့အခါ သရဲမက ပေးလိုက်မှာဆိုးတာ … အဲ့ဒီအခါကြရင် ကျွန်တော်တို့ရဲ့ ပြစ်မှု့တွေ အားလုံးပေါ်ရလိမ့်မယ် '
' ဟေး … ဟုတ်ပြီ စိတ်ချပါ အဲ့ဒီတစ္ဆေမက ငါ့စကားတစ်ခွန်းတည်း နားထောင်စေရမယ် … ဘယ်တော့မှ သူ့ဆီက ဘယ်သူမှ အကူညီရမှာမဟုတ်ဘူး … အကူညီတောင်းတဲ့ သူတွေကိုပါ သူကအန္တရယ်ပေးလိမ့် ဟားဟား ဟား '
' ဟုတ် … ဟုတ်ကဲ့ဆရာကြီး ကျုပ်စိုးရိမ်လို့ ဆရာကြီးဆီရောက်လာရတာပါ '
' ဘာမှ စိုးရိမ်မနေနဲ့ … ဟုတ်ပြီလား ငါတစ်ယောက်လုံးရှိတယ် '
' ကျေးဇူးတင်ပါတယ်ဆရာကြီး … ကျုပ်ကို ခွင့်ပြုပါဦး '

' ဘာတဲ့လဲ … ကိုဇော်မျိုး '
 ' ဆရာကြီးကပြောတယ် … ဘယ်သူမှ အဲ့ဒီသရဲမဆီက အကူညီတောင်းလို့မရဘူးတဲ့ စိတ်ချပြီးနေလို့ပြောတယ် '
' ဟ ကောင်းလိုက်တာဗျာ … ဒါဆို အိမ်ကြက်ခြင်း အိုးမည်းသုတ်မဲ့ ကိစ္စကို ကျုပ်တို့စလိုက်တော့မယ် '
' အဲ့ဒီတော့အတွက် ဘာမှမပူနဲ့ ကျုပ်အားလုံးစီစဉ်ပြီးသွားပြီ'

                       ****
ဝိဥာဉ်မလေး ကေသဇင်စိုးအား ရက်စက်စွာသတ်ခဲ့သည့် နိုင်ငံကျော် ရုပ်ရှင်မင်းသားရဲရန်နိုင်၏ ဖခင်နှင့် သူ၏မိတ်ဆွေပင် ဖြစ်ချေသည်။ ကေသဇင်စိုးအား ရက်စက်စွာသတ်ခဲ့ရုံတင်မက သူမ၏ဝိဥာဉ်ကိုပါ လွတ်မြောက်ခွင့်မပေးပဲ အောက်လမ်းဆရာကြီးဆီ၌ အချုပ်နှောင်ထားစေခဲ့သည်။ ယခုအခါ ဝိဥာဉ်မလေး ကေသဇငိစိုးဟာ အောက်လမ်းဆရာကြီး၏ လက်အတွင်းသို့ လိုရာစေခိုင်းခြင်း ခံနေခဲ့ရပြီး ဆိုးရွားသည့် ခမောက်စောင်း သရဲဘုရင်ဘဝသို့ ကူးပြောင်းနေခဲ့သည်ဟု အောက်လမ်းဆရာကြီးမှ ကြုံးဝါးပြောဆိုနေခဲ့သည်။

ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ (    ) ရပ်ကွက်အတွင်းမှ ခြံအမှတ် ၆၆ဆီသို့ ပြန်လည်၍ ရောက်ရှိလာခဲ့ပြန်သည်။ သူငယ်ချင်းများဟာ ခြံအတွင်းသို့ ဆိုင်ကယ်များသွင်းနေခဲ့ပြီး ကျွန်ုပ်မှာမူ မည်သည့်အတွက်ကြောင့် ထိုခြံကြီးအရှေ့၌ မိမိကိုယ်မိမိ အဆုံးစီစဉ်၍ သေဆုံးသွားခဲ့သော ဝိဥာဉ်အောင်ကြီးအား တွေ့လိမ့်နိုးနှင့် ရှာနေမိခဲ့သည်။ သို့ပေမယ့် တိတ်ဆိတ်ငြိမ်သတ်နေသည့် ပတ်ဝန်းကျင်ကိုသာ ထိတွေ့ခံစားနေရပြီး ကိုအောင်ကြီး၏ အရိပ်ယောင်ကိုပင် မတွေ့ရချေ။

' လာထီးလေး … ဘာတွေကြည့်နေတာတုန်း … အိမ်ထဲဝင်ရအောင် … '
' သြော် … အေး  '
' ထီးလေး မင်းကြည့်ရတာ သိပ်မလန်းဘူးဖြစ်နေတယ် … တစ်ရေးလောက် ခဏမှေးလိုက် '
' အေး အေး '
ကျွန်ုပ်၏စိတ်အတွင်းသို့ သူငယ်ချင်းဖြစ်သူများ မမြင်တွေ့နိုင် ။ ကျွန်ုပ်၏ အပြင်ပန်းအမူယာအား အကဲခတ်ပြီး အိပ်ရေးပျက်သည်ကြောင့် ငိုင်တိုင်တ်ုင်ဖြစ်နေသည်ဟု ထင်မြင်နေခဲ့ကြသည်။ သို့နှင့် အိမ်မကြီးတံခါးဆီသို့ အရောက်လှမ်းသွားကြပြီး တံခါးအားလွယ်ကူစွာ ဖွင့်လိုက်ချေသည်။ မြင်နေကြတိုင်း ဦးစွာမြင်တွေ့လိုက်ရသည်က အိမ်အလည်တိုင်မှ ကေသဇင်စိုး၏ ဓာတ်ပုံကြီးပင်ဖြစ်သည်။

' စာရေးဆရာလေးဆီက ပြန်လာတဲ့အချိန်က စပြီး ဒီဓာတ်ပုံက ပြောင်းလဲတာတွေ မတွေ့ရတော့ပါလား … '
' အေးဟ … ငါ့အထင် ငါတို့အကြောင်းကို သိသွားလို့ ဒီမိန်းကလေး စိတ်အေးလက်အေးဖြစ်သွားတာ ထင်တယ် '
' ကဲ … မိန်းကလေးရေ ခင်ဗျားဘဝအကြောင်းကို ကျုပ်တို့အားလုံး သိလာရပြီ … ဒီတော့ ကျုပ်တို့အတွက် အကူညီလေးဘာလေး တစ်ခုခုပေးဦး '

တစ်ယောက်တစ်ပေါက်ဖြစ် သူငယ်ချင်းဖြစ်သူများဟာ အိမ်အလည်တိုင်၌ ချိတ်ဆွဲထားသည့် မိန်းကလေး၏ ဓာတ်ပုံအား စိုက်ကြည့်နေကြပြီး အေးဆေးသော လေသံများဖြင့် ပြောဆိုအကူညီတောင်းနေခဲ့သည်။ သူငယ်ချင်းဖြစ်သူများ၏ ပြောစကားအား ကြားရသည့်ကျွန်ုပ်မှာ သူငယ်ချင်းဖြစ်သူများဟာ ခပ်ပြုံးပြုံးမိန်းကလေးပုံကိုသာ တွေ့ရှိနေရသည်ဟု ကျွန်ုပ်ကောင်းစွာသဘောပေါက်ချေသည်။ သို့ပေမယ့် ကျွန်ုပ်၏ိံအမြင်မှာမူ မိန်းကလေး၏ိံ ရုပ်ပုံမှာ တစ်စုံတစ်ခုအား လွန်စွာစိုးရိမ်နေသည့် အမူယာအား တွေ့ရှိနေခဲ့ရသည်။

သို့နှင့် သူငယ်ချင်းများဟာ မိမိတို့၏ အိတ်များကိုသာ ခေါင်းအုံးသဖွယ် ပြုလုပ်ခဲ့ပြီး ပြောင်းတင်းနေသည့် ကြမ်းပြင်ပေါ်တွင် ကျောဆန့်နေနိုင်ခဲ့သော်လည်း ကျွန်ုပ်မှာတော့ အပြင်လူမကြားနိုင်သည့် စကားသံမျိုးနှင့် စိုးရိမ်ကြီးစွာအမူယာဖြစ်နေသော မိန်းကလေးအား မေးနေခဲ့ရသည်။
' မကေ … ခင်ဗျားအမူယာကို ဘာဖြစ်လို့ ကျုပ်တစ်ယောက်တည်းကိုပဲ ပြနေရတာလဲ … ခင်ဗျားဘာတွေကို စိုးရိမ်နေရတာလဲ … ကျုပ်တို့အားလုံး ခင်ဗျားကို အခုလိုအချုပ်နှောင်ဘဝကနေ ကယ်တင်ပေးမှာပါ … ဘာကြောင့်အခုလို ဖြစ်နေရတာလဲဆိုတာကို ကျုပ်ကို ပြောပြနိုင်မလား '

အသံမထွက်။ သို့ပေမယ့် မိန်းကလေး၏ပုံအား ကျွန်ုပ်စိုက်ကြည့်နေရင်း ရင်အတွင်း၌ ပြောနေမိသည်။
' ဟ … သတင်းထူးပဲဟေ့ … '
ငြိမ်သတ်စွာ တည်ရှိနေသည့် အိမ်ကြီးအတွင်း၌ လမ်းထိပ်ဂျာနယ်ဆိုင်လေးတွင် ဝယ်ယူလာပြီး ကျောဆန့်ကာ ဂျာနယ်ဖတ်နေသော လမ်းကလေး၏ ရုတ်တရက်စကားသံအား ကြားလိုက်ရသည်။
' ဘာဖြစ်လို့လဲ … '
' ဒီမှာကြည့်လေ … နေ့လည် ၁၂ နာရီမှာ ပြည်သူချစ် နိုင်ငံကျော်ရုပ်ရှင်မင်းသားလေး ရဲရန်နိုင်ရဲ့ ဗီဒီယိုရိုက်ကွင်း ကန်တော်ကြီးမှာ တိုက်ရိုက်ကြည့်ရှု့ချင်သူများ ဖော်ခေါ်အပ်ပါသည်တဲ့ … '
' ဟာ … ဟုတ်ပြီ အခု၁၀ နာရီကျော်ပြီ ငါတို့ကန်တော်ကြီးကို အမြန်ဆုံးသွားပြီး ရဲရန်နိုင်နဲ့စကားနည်းနည်းလောက် သွားပြောကြည့်ရအောင် '
' ရိုက်ကွင်းကို သွားတာတော့ ဟုတ်ပါပြီ … ရဲရန်နိုင်က ငါတို့ကို စကားလက်ခံပြောပါ့မလား '
' ဒါကတော့ ကြိုးစားကြည့်ရမှာပေါ့ '
' ကဲလာ … ပြောနေတာကြာတယ် … အခုပဲ သွားမယ် '
' မိန်းကလေး … ခင်ဗျား ဝိဥာဉ်လဲ ဒီမှာရှိနေရင် ကျုပ်တို့လိုက်လာပြီး ရဲရန်နိုင်နဲ့ စကားပြောခွင့်ရအောင် ကူညီပေးပါဦး '

ရဲရန်နိုင်၏ိံ သတင်းအား ဖတ်ရှု့လိုက်ရပြီး မိတ်ဆွေကိုမောင်ဝင်း ခရီးမှ ပြန်လည်ရောက်ရှိလာမည့် အချိန်အား စောင့်စားနေရင်း ရဲရန်နိုင်နှင့် တစ်ခေါက်လောက်ဖြစ်ဖြစ် စကားပြောကြည့်ကာ လိပ်စာအား အရစုံစမ်းမည်ဖြစ်သည်။ ထ်ု့ကြောင့် ဂျာနယ်အတွင်း၌ ရိုက်ကွင်းတည်နေရာအား ဖော်ပြပေးထားသည့် သတင်းအား ဖတ်ရှု့လိုက်ရပြီး ကျွန်ုပ်နှင့် သူငယ်ချင်းများ ထိုနေရာသို့ အရောက်သွားမည်ဖြစ်သည်။ အိမ်ကြီးအတွင်းမှ မထွက်ခွာင်္မီ အချိန်၌ မိန်းကလေး၏ ရုပ်ပုံအားကျွန်ုပ် ထပ်မံ၍ ကြည့်မိလိုက်ပြန်သည်။ ထိုတစ်ကြိမ်တွင်လဲ မိန်းကလေး၏ ရုပ်ပုံဟာ တစ်စုံတစ်ခုအား လွန်စွာစိုးရိမ်နေသည့် အမူယာမှ ပြောင်းနေခြင်းမရှိသေးချေ။ သို့နှင့် တံခါးအား ပြန်လည်ပိတ်စေပြီး ခြံအပြင်သို့ ဆိုင်ကယ်များထုတ်ကာ တတ်ကြွသော စိတ်ထားများ မွေးလျက် စက်နှိုးနေခဲ့စဉ် ခြံအကြီးအတွင်းမှ ဝိဥာဉ်ကိုအောင်ကြီးအား ကျွန်ုပ်တွေ့ရှိလိုက်ရသည်။ သို့နှင့် စက်နှိုးမောင်နှင်နေသော သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ အနောက်မှ ကျွန်ုပ်အား နက်ရှိုင်းသော စကားသံဖြင့်

' ထီးကလေး … ဂရုစိုက်နော် ရဲရန်နိုင်တို့အသိုင်းဝိုင်းက မာယာများတယ် '
ပဲတင်ထပ်နေသည့် လေသံဖြင့် ခြံအတွင်းမှ ဝိဥာဉ်အောင်ကြီးဟာ ကျွန်ုပ်အား သတိပေးအော်ပြောလိုက်လေသည်။

ကားဂိတ်နှင့်နီစပ်ရာ ဒေါ်တုတ်ထမင်းဆိုင်လေးတွင် ကျွန်ုပ်တို့၏ ဆိုင်ကယ်များအား အပ်နှံထားခဲ့ပြီး Taxi ဖြင့် ကန်တော်ကြီးပန်းခြံသို့ အရောက်လှမ်းလာခဲ့လေတော့သည်။ သို့နှင့် လူစုလူဝေးဖြစ်နေရာ ရိုက်ကွင်းဆီသို့ လျင်မြန်စွာရှာဖွေခဲ့ပြီး မင်းသားရဲရန်နိုင်အား ဗီဒီယိုရိုက်ကွင်းတွင် တွေ့ရှိလိုက်ရသည်။
' တန်ခိုး … '
' တောက် ! … လူယုတ်မာကွာ … '
' တန်ခိုး … မင်းအဲ့ဒီလိုလုပ်လို့ မရဘူးလေ … မင်းကိုငါဘယ်နှခါပြောရမလဲ '

ရိုက်ကွင်းတွင် ရဲရန်နိုင်အား တွေ့ရှိလိုက်ရသော သူငယ်ချင်းဖြစ်သူ တန်ခိုးမှာ ဒေါသကြီးစွာထွက်လျက် ရိုက်ကွင်းအတွင်းသိုံ့ ဝင်ရောက်မည်လုပ်စဉ်တွင် သူ့အား စိတ်အေးအေးထားရန် အားလုံးဝိုင်းတားခဲ့ရသည်။ တတ်သစ်စ မင်းသားလေးဖြစ်ပြီး ဖော်ရွေမှု့နှင့် ပြည့်စုံလှသော ရဲရန်နိုင်အား ပိရိသာတ်၏ ချစ်ခင်အားပေးများကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရိုက်ကွင်းပြီးသည့် အထိ စောင့်စားနေခဲ့ရပြီး ရိုက်ကွင်းပြီးသည့်အခါတွင်လည်း ရဲရန်နိုင်၏ အနားသို့ မရောက်နိုင်သေး။ သူ၏ိံ ပိရိတ်သာတ်များနှင့် ပြည့်နှပ်နေသည်ကြောင့် စောင့်စားနေခဲ့ရသေးသည်။
' ငါစိတ်မရှည်တော့့ဘူးကွာ … '
' နေပါဦး … အားလုံးရှင်းသွာမှ သူ့အနားကို သွားကြတာပေါ့ '
' ဒီအတိုင်း လူရှင်းအောင် စောင့်နေရင် သူနဲ့တွေ့ဖို့ လွယ်မှာ မဟုတ်ဘူး '
' ဟာ … ဟိုမှာ သူပြန်တော့မယ် ထင်တယ် '
' လာ လာ … သူဆီအမြန်သွားမှ ဖြစ်မယ် '

ပရိသာတ်များအား အပြုံးပန်းများဖြင့် နှုတ်ဆတ်နေခဲ့ပြီး အသင့်ရှိနေသည့် သူ၏ ကားဆီသို့ အရောက်လှမ်းနေသည့် ရဲရန်နိုင်ဆီသို့ သွက်လက်သော ချေလှမ်းများဖြင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အပြေးသွားလိုက်ပြီး
' ခဏလေး … ကိုရဲရန်နိုင် '
' ခွင့်ပြုပါဦး … ကျွန်တော် တစ်ခြားရိုက်ကွင်းရှိလို့ နောက်မှပဲ မိတ်ဆတ်ပါရစေ '
' ခဏလေးပါကိုရဲရန်နိုင် ခဏလေးပါ '
' အိုးဗျာ … ကျွန်တော် ရိုက်ကွင်းအချိန်နီးနေလို့ပါ … ခွင့်ပြုပါဦး …
ကားတံခါးအား အဆင်သင့် ဖွင့်ထားပေးသည့် ကားပေါ်သို့ တတ်ရောက်လုဆဲဆဲ ဖြစ်သော ရဲရန်နိုင်အား အချိန်နည်းနည်းမျှ တောင်းဆိုနေခဲ့သော်လည်း ရဲရန်နိုင်ဟာ ခွင့်မပြုပဲ ကားပေါ်သို့သာ တတ်ရောက်နေခဲ့သည်။
' ဟေ့ကောင် … မင်းကို ခဏနေဦးလို့ ပြောတယ် မကြားဘူးလား '
 ဒေါသကြီးစွာ သူငယ်ချင်းဖြစ်သူ တန်ခိုးမှ ရုတ်တရက်အော်ပြောလိုက်လေသည်။
' ဗျာ … အစ်ကိုတို့က ဘယ်သူတွေလဲ '
' အေး … ငါ့နာမည်က တန်ခိုးပဲ ဒါထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး ငါတို့ငါးယောက် '
' ဟင် … သြော် … ခင်ဗျားတို့ငါးယောက်လား … တွေ့ရတာဝမ်းသာတယ် ကျွန်တော့ကို ခွင့်ြ့ပုဦး '
' ဟင် … ဟာ … ဟေ့ကောင် နေ… နေဦးလေ '

စိတ်မရှည် ဒေါသကြီးစွာ ပြောလိုက်သော တန်ခိုး၏ စကားများအား မချိပြုံးပြုံးကာ ကားအား အရှိန်ပြင်းစွာ မောင်းထွက်သွားခဲ့လေတော့သည်။
' အဖေ … အဖေပြောတော့ အေးဆေးပါဆို အခုဟိုကောင် ငါးကောင် … ရိုက်ကွင်းအထိရောက်လာကြပြီး '
' ဘာ … ဘာပြောတယ် … ရိုက်ကွင်းအထိတောင် ဒီကောင်တွေ ရောက်လာရဲတယ်ပေါ့ဟုတ်လား '
' ဟုတ်တယ် … သူတို့ကိုကြည့်ရတာ … ခြံအမှတ် ၆၆နဲ့ပတ်သတ်ပြီး တစ်ခုခုသိထားသလိုပဲ … ပြီးတော့ သူတို့ငါးယောက်တည်းတွေ့တယ် ဟိုရဲအစုတ်ကို မတွေ့ဘူး '
' ရဲစုတ်ကို အဖေပညာပေးထားတယ် … အဲ့ဒါကြောင့် သူအခုရန်ုကုန်မှာ မရှိဘူး … '
' အဖေကလဲဗျာ … အချိန်ဆွဲမနေနဲ့တော့ ဒီကောင်တွေ နောက်ဆိုရင် ကျွန်တော်တို့အိမ်အထိ ရောက်လာနိုင်တယ် … ကြေးစားတွေနဲ့ ရှင်းခိုင်းလိုက်ရမလား '
' ဟိုး … အဲ့ဒီလောက်ထိ အပင်ပန်းခံစရာ မလိုပါဘူးငါ့သားရာ … ဒီည အဖေနဲ့ ကိုဆွေမြင့် နှစ်ယောက်ပေါင်းပြီး ဒီကောင်တွေကို ကောင်းကောင်းကြီးဒုက္ခပေးတော့မယ် … '
' ဟင် … သူတို့ကို ဘာလုပ်မှာလဲ '
' ဟားဟား … တစ်ချက်ခုတ် သုံးချက် ပျက်ပေါ့ … အဲ့ဒီချာတိတ်ငါးကောင်လဲ ထောင်ထဲဝင် မောင်ဝင်းလဲ အလုပ်တွေရှုတ်ပြီး ရာထူးကပြုတ် အဖေတို့ရဲ့ အပြစ်တွေအားလုံးလဲ ပျောက်မယ့် နည်းလမ်းပေါ့ '
' ဟာ … သိပ်ကောင်းတယ်ဗျာ ဦးလေးကို သတ်ခဲ့တဲ့ မောင်ဝင်းကို ကျွန်တော်လဲ လက်စားချေချင်နေတာ '
' ဟားဟား … ချေရမှာပေါ့ကွ ချေရမှာပေါ့ '
' ဒါနဲ့အဖေ ဟိုအရူးကိုရော … '
' အဲ့ဒီအရူးအတွက်တော့ ဘာမှမပူနဲ့ သူ့အနားမှာ အဖေ့တပည့်တစ်ယောက် လွတ်ထားတယ် … အခြေနေမကောင်းတာနဲ့ အရူးကိုလဲ ရှင်းပစ်ခိုင်းထားတယ်'
' ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ် … ဖော်ကောင်လုပ်ချင်တဲ့ ကောင်တွေအားလုံးကို အပျက်ရှင်းပစ်ရမယ် ဟားဟား '

မင်းသားခေါင်း စောင်းထာသည့် ဘီလူးတစ်ယောက်ကဲ့သို့ နိုင်ငံကျော် ရုပ်ရှင်မင်းသား ရဲရန်နိုင်၏ိံ ယုတ်မာကောက်ကျစ်မှု့များမှာ အင်မတန်မှ ဆိုးရွားလှသည်။ မိမိ၏ ရိုက်ကွင်းဆီသို့ လူငယ်ငါးယောက် ရောက်ရှိလာခြင်းနှင့် ပတ်သတ်ပြီး ဖခင်ဖြစ်သူအား ပြောဆိုနေခဲ့ပြီး ဖခင်ဖြစ်သူမှာ ယနေ့ည၌ လူငယ်ငါးယောက်နှင့် မောင်ဝင်းအား ဒုက္ခပေးတော့မည်ဟု ကြုံးဝါးပြောဆိုနေတော့သည်။

                                   ***

          ကျန်ရှိနေသော ဇာတ်လမ်အဆက်အား
                        ဆက်ဆက်ဖော်ပြပေးသွားပါမည်။
                   စာရေးသူ - ထီးကလေး
                (ရင်နှင့်ရင်း၍ရေးသားသည်)
                                **

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages