တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၈ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
သူမကပြောတယ် ။ သူမ အဖေပေးခဲ့တဲ့ အမွေတွေထဲက ဘာမှ မယူတော့ပဲ ကျွန်တော်နဲ့တူတူနေတဲ့ အချိန်ကျရင် နေဖို့အတွက် ( ) မြို့နယ်ထဲက ခြံအမှတ် ၆၆ ဆိုတဲ့ အိမ်ကြီးတစ်လုံးကိုပဲ သူမ အမေဆီက တောင်းမယ်။ ကျန်တဲ့ အမွေအားလုံးကိုတော့ သူမအမေကိုပဲ အပ်လိုက်တော့လို့ ကျွန်တော့ကိုပြောတယ်။ ဘာပဲဖြစ်ဖြစ် သူမ သဘောပဲလေ။ ကျွန်တော်ချစ်တာ သူမရဲ့ အဖြူရောင် နှလုံးသားလေးကိုပါ။
ဒီလိုနဲ့ သူမနဲ့ကျွန်တော် အချိန်တွေကြာလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု့တွေရှိလာတယ်။ နားလည်မှု့တွေနဲ့ ပြည့်နှပ်လာခဲ့တယ်။ အခေါ်ဝေါ်လေးတွေက အစပြောင်းလဲလာခဲ့ပြီးလေ။ ချစ်သူ သက်တမ်း ၆လကျော်အထိ ကျွန်တော်ကို သူမ ညတိုင်းဖတ်နေတဲ့စာအုပ်တွေ ရေးတဲ့ စာရေးဆရာဆိုတာ တကယ်ပါပဲဗျာ သူမ မသိသေးဘူး။ သူမကို ကျွန်တော်လက်ထပ်မယ်။ ဘာအလုပ်လုပ်သလဲလို့ သူမ ကျွန်တော့က်ုမေးရင် ကျွန်တော့မှာ ဖြေစရာစကားမရှိသေးဘူး။ ကျွန်တော်က စာရေးဆရာလေ။ စာရေးတဲ့ အလုပ်ပဲ ကျွန်တော့်မှာရှိတာပေါ့။ သူမသိပ်ကြိုက်တဲ့ စာရေးဆရာက ကျွန်တော်ပါလို့ သူမကို မပြောသေးပဲ။ သူမ အံ့သြသွားမယ့် အချိန်လောက်မှ ကျွန်တော် ပြောပြမယ်လို့ စိတ်ကူးထားခဲ့တယ်။
ကျောင်းပိတ်ရက်ဖြစ်တဲ့ နွေရာသီရောက်တော့ သူမက ကျွန်တော့ကိုပြောတယ်
' ကို … ကေ အမေ့ဆီက အိမ်တစ်လုံးပဲ အမွေတောင်းထားလိုက်ပြီး … အဲ့ဒီအိမ်ကြီးမှာပဲ ကိုနဲ့ကေ တစ်သက်လုံး မခွဲပဲအတူတူနေသွားကြမယ်နော် '
ကျွန်တော်သိပ်သတိရတယ်ဗျာ။ သူမရဲ့ စကားသံလေးတွေ ။ သူမက အဲ့ဒီအိမ်ကြီးကို လာလည်ဖို့ ကျွန်တော့က်ု ခေါ်တယ်လေ ။ အိမ်ကြီးက အကျယ်ကြီးပဲ။ သူမကပြောတယ်။
' ကို ကေတစ်ယောက်တည်း ဒီအိမ်မှာကြီး လာပြောင်းနေတော့မယ် … ကိုလဲ အချိန်တိုင်း အားတာနဲ့ ကေ့ဆီကို လာခဲ့နော် '
ဟုတ်တယ် ။ ကျွန်တော့ကို မသိစေချင်တဲ့ အကြောင်းတွေ သူမမှာရှိနေလိမ့်မယ် ထင်တယ်။ ဘာအကြောင်းရင်းလဲဆိုတာတော့ ကျွန်တော်မသိခဲ့ဘူး။ အဲ့ဒီလိုပြောတဲ့ မျက်နှာလေးဟာ တစ်စုံတစ်ခုကို သူမစိုးရိမ်နေတယ်။ ကျွန်တော်ရိပ်စားမိခဲ့တယ်။ သို့ပေမယ့် သူမကို မမေးဖြစ်ခဲ့ဘူး။ လာမယ့် တပေါင်းလပြည့်နေ့ဆို အလုပ်ကိစ္စတစ်ခုနဲ့ ကျွန်တော်နယ်ဘက်ကို သွားရမယ်။ နယ်က ပြန်လာမှပဲ ကျွန်တော်ဟာ စာရေးဆရာဆိုတဲ့ အကြောင်း သူမကိုအသိပေးပြီး လက်ထပ်မယ်လို့ စိတ်ကူးထားခဲ့တယ်။
အဲ့ဒီညက ခြံအမှတ် ၆၆ မှာ ကျွန်တော်နဲ့သူမ အတူတူရှိနေခဲ့တယ်။ သူမရဲ့ ခါးလေးကို နောက်ကျောက ကျွန်တော်သိုင်းဖတ်ထားရင်း ပြည့်လုနီးပါးဖြစ်နေတဲ့ လမင်းကြီးကို ချစ်သူတို့သဘာဝအလျောက် စိတ်ကူးယဉ်ဆန်ဆန်ငေးမောကြည့်ရင်း သူမက
' ကို …ကိုယ့်ကိုလေ ကေအရမ်း … … ချစ်တယ် သိလား'
သတိရလိုက်တာ ကေရယ်။ မင်းမှတ်မိသေးလား။ ငါ့ကို ခဏခဏပြောခဲ့ဘူးတဲ့ ချစ်စကားလေးတွေလေ။ ငါလေ မင်းကို အခုချိန်ထိ ချစ်နေတုန်းပါပဲ။
နောက်ကျောက သိုင်းဖတ်ထားတဲ့ ကျွန်တော့ကို မော့ကြည့်လိုက်ပြီး သူမရဲ့ နှုတ်ခမ်းဖျားလေးနဲ့ ကျွန်တော့ကိုပြောတယ်။ ပြီးတော့ ကျွန်တောကိုယ်တိုင် မကြာသေးမီက ထွက်ထားတဲ့ စာအုပ်တစ်အုပ်ကို ယူပြီး ဖတ်ပြခိုင်းတယ်။ မနက်ဖြန်ဆို ကျွန်တော် ခရီးထွက်ရတော့မယ်လေ။ ဒီညလေးမှာပဲ ကျွန်တော်ကိုယ်တိုင် ရေးခဲ့တဲ့ ဝတ္တုကို ကျွန်တော်ကိုယ်တိုင် သူမကို ပြန်ဖတ်ပြတယ်။ သူမက ကျွန်တော့ကို စိုက်ကြည့်နေတယ်။
' အရမ်းကောင်းတာပဲ ကိုရာ … စာရေးဆရာထီးကလေးရဲ့ ဝတ္တုကို ကေ့ချစ်သူ'ကို' ဖတ်ပြတာ အရမ်းကောင်းတယ် '
သူမ အဲ့ဒီလိုပြောတယ်။ ကောင်းမှာပေါ့လေ။ ကျွန်တောကိုယ်တိုင် အသက်သွင်းခဲ့တဲ့ ဝတ္တုဖြစ်နေတော့ လူကြမ်းစကားပြောတဲ့ နေရာမှာ လူကြမ်းရဲ့ပြောပုံဆိုပုံအတိုင်း ကျွန်တော်ပြောတယ်။ ဇာတ်လိုက်နေရာမှာလဲ ဒီအတိုင်းပဲ သရုပ်ဆောင်းရင် ဖတ်ပြလိုက်တော့ သူမက ကျွန်တော့ကို သိပ်ကောင်းတယ်လို့ အပြုံးလေးနဲ့ စိုက်ကြည့်ရင်း ပြောနေခဲ့တယ်လေ။
ကျွန်တော် ဝတ္တုဖတ်ပြပြီးတော့ သူမနဲ့အတူ သူမရဲ့ အိပ်ခန်းထဲကို ရောက်လာခဲ့တယ်။ အိပ်ခန်းထဲမှာ နှစ်ယောက်အိပ် ကုတင်းလေးတစ်လုံးနဲ့ အနက်ရောက် စန္နယားတစ်လုံးရှိနေတယ်။ ညက တိတ်ဆိတ်နေတာပဲ စန္နယားအဖုန်းကိုဖွင့်ပြီး သူမက ကျွန်တော့ကို အလွမ်းသီချင်းလေးတစ်ပုဒ် ညည်းဆိုပြခဲ့တယ်လေ။ သူမရဲ့ စန္နယားသံစဉ်က ကျွန်တော့ရဲ့ နှလုံးအိမ်ကို လှုပ်ကိုင်ထားနိုင်ခဲ့တယ်။ သူမကိုယ်တိုင် စန္နယားသံစဉ်လေးနဲ့ အလွမ်းသီချင်းလေးတစ်ပုဒ်ကို ညည်းဆိုပြရင်း ဒီတစ်ညဖို့ ကုန်ဆုံးသွားစေခဲ့ပြီပေါ့။
မနက်လင်းတာနဲ့ ကျွန်တော်ခရီးထွက်မယ့် အကြောင်း သူမကိုပြောပြီး ကျွန်တော်ခရီးက ပြန်လာတာနဲ့ သူမအံ့သြစေမယ့် အကြောင်းတစ်ခု ပြောပြမယ်လို့ သူမကို ကျွန်တော် ပဟေဠိဆန်ဆန်လေး ပြောခဲ့လိုက်တယ်။ အချိန်တွေကြာခဲ့ပြီလေ။ ဘာလိုလိုနဲ့ ဒီနေ့ ကျွန်တော်နယ်က အလုပ်ကိစ္စတွေပြီတာကြောင့် ရန်ကုန်ကိုပြန်လာရပြီ။ မိဘအိမ်ကို အရင်မပြန်သေးပဲ အမောပြေအောင် ချစ်သူဆီကို အရင်ဝင်မယ်လို့ စိတ်ကူးထားခဲ့တယ် ။ လမ်းမှာ သူငယ်ချင်းအောင်ကြီးနဲ့တော့ အောင်ကြီးကိုလဲ ကေ့ကို ကျွန်တော့်အကြောင်းတွေ ပြောပြလိုက်တော့မယ်လို့ ပြောဖြစ်လိုက်သေးတယ် ။ သတ်သတ်ရပ်ရပ်လေး ဝတ်စားထားပြီး။ ကျွန်တော်ဟာ သူမရဲ့ တိတ်တခိုးရင်ခုန်နေခဲ့ရသူ စာရေးဆရာထီးကလေးဆိုတာ ပြောပြတော့မယ်လို့ တွေးရင်း သူမဆီကို တတ်ကြွတဲ့ ခြေလှမ်းတွေနဲ့ အရောက်လှမ်းလာခဲ့ပြီးလေ ။ ။
' နင်ဘာလာလုပ်တာလဲ '
' ဘာဖြစ်လဲ ကိုယ့်အစ်မအိမ် ကိုယ်လာတာပဲ '
' နင်နဲ့ငါ ဘာမှမတော်ဘူး … ပြီးတော့ နင့်ရဲ့အကြည့်တွေကိုလဲ ငါမကြိုက်ဘူး အဲ့ဒီတော့ အခုချက်ချင်း ငါ့အိမ်ထဲကထွက်သွားပါ '
' နင်ကလဲဟာ … ငါ့အဖေနဲ့ နင့်အမေနဲ့က လင်မယားဖြစ်သလို ငါနဲ့နင်နဲ့လဲ … '
' တိတ်စမ်း … နင်ဆက်မပြောနဲ့ … ငါ့မှာချစ်သူရှိတယ် … မကြာခင်မှာ ငါချစ်သူစာရေးဆရာထီးကလေးနဲ့ လက်ထပ်ကြတော့မှာ … နင်လဲ မင်းသားတစ်ယောက်ပဲ နင့်မှာမိန်းမမရှားပါဘူး … အိုးဟာ … ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး … နင့်ရဲ့အကြည့်တွေကို မကြိုက်လို့ ငါအိမ်ပြောင်းပြီး ဒီမှာလာနေတာနော် … ငါ့ကို မနှောက်ယှက်ပါနဲ့ နင်အခုချက်ချင်း ငါအိမ်ထဲက ထွက်သွားပါ ငါ့ချစ်သူ ဒီနေ့ငါ့ဆီကိုလာမှာနော် နင်အမြန်ဆုံး ထွက်သွားပေးပါ '
' ကေသဇင်စိုး … နင့်ကိုပဲ ငါချစ်တယ် နင့်ကိုပဲ ငါရအောင်ယူမယ် ဟိုစာရေးဆရာ အစုတ်ပလုတ်ကို ဘာလုပ်မှာလဲ … အလကားကောင် '
' တိတ်စမ်း … ငါ့ချစ်သူကို မစော်ကားနဲ့ အခုချက်ချင်း ငါ့အိမ်ထဲက နင်ထွက်သွားနော် '
' မထွက်နိုင်ဘူးဟာ … နင့်ကိုရအောင်ယူမယ် … '
' နင်အရှေ့တိုးမလာနဲ့နော် … ငါအော်လိုက်မှာနော် '
' ဟား ဟား … အော်ပေါ့ အော်လေ … ဒီအိမ်ကြီးက လေလုံတယ်ဆိုတာ အစတည်းက ငါသိပြီသား အော်ပါ ကြိုက်သလောက်အော် … '
' နင် မယုတ်မာနဲ့နော် ဦးလေးနဲ့ငါတိုင်မှာနော် နင်အရှေ့မတိုးနဲ့နော် '
သူမမိခင်၏ လင်ပါသားပင်ဖြစ်ပေသည်။ ဖခင်ဟာ လူကြီးလူကောင်းတစ်ယောက်ဖြစ်စေပြီး။ သားဖြစ်သူမှာလဲ အောင်မြင်ခါစ သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်ကာ မောင်နှမဟု သဘောထားခြင်းမရှိပဲ ကေသဇင်စိုးအား အဓ္ဓမပြုကျင့်ရန် စတင်ကြိုးစားလေတော့သည်။ ယောကျာ်းအားမာန်ဖြင့် သူမအား အနိုင်ရစေခဲ့ပြီး။ အိပ်ခန်းအတွင်း၌ အဓမ္မပြုမူခြင်း ဆဲဆဲ၌ပင် အနီးရှိ စားပွဲတင်ပန်းအိုးဖြင့် ထိုသူ၏ ဦးခေါင်းအား ရိုက်လိုက်လေသည်။ ထိုသူမှာ မူးဝေသွားခဲ့ပြီး စုတ်ပြဲနေသည့် အကျီများဖြင့် ကေသဇင်စိုးတစ်ယောက် အိပ်ခန်းအပြင်သို့ ထွက်ရောက်စဉ်၌ပင် သူမ၏ ပထွေးနှင့် လူတစ်စု အိမ်ကြီး၏လှေကားအတိုင်း တတ်ရောက်လာခဲ့လေသည်။ မိမိ၏ ဖခင်အရင်းသဖွယ် အားကိုးအားထားပြုရသော ထိုလူကြီးနှင့် လူတစ်စုအား တွေ့လိုက်ရသည်ကြောင့် သူမမှာ လွန်စွာမှ ဝမ်းသာသွားခဲ့ပြီး
' ဦး … ဦး ကေ့ကို … '
' ဟင် … ကေ သမီးဘာဖြစ်နေတာလဲ '
' ကေ့ကို … ကေ့ကို ရဲရန် ယုတ်မာလို့ '
' ဘာ … ဘာပြောတယ် … ရဲရန်က ယုတ်မာလို့ ဟုတ်လား … ဒီကောင်ဘယ်မှာလဲ … လာသမီး … ဦးနဲ့တွေ့မယ် '
လွန်စွာမှပင် ဒေါသကြီးစွာ ထွက်လျက် သူမအား လက်ဆွဲခေါ်ဆောင်စေပြီး သားဖြစ်သူ ရဲရန်ရှိနေသည့် အိပ်ခန်းဆီသို့ ဦးတည်ကာ စေ့ထားသည့် အိပ်ခန်းတံခါးအား တွန်းဖွင့်လိုက်လေသည်။
' ငါ့သား ညံ့လှချည်လား … မိန်းမတစ်ယောက်ကိုတောင် ကောင်းကောင်းမချုပ်ထိန်းနိုင်ဘူး '
' ရှင် … ဦး … '
' ရော့ … ပြန်ကြိုးစား ဖေဖေတို့ အပြင်ကနေ စောင့်နေမယ်'
ဟန်ဆောင်ကောင်းစွာဖြင့် သားဖြစ်သူဆီသို့ ကြက်ကလေး ငှက်ကလေး သဖွယ် မေသဇင်စိုးအား ထပ်မံပို့ဆောင်ပေးစေခဲ့ပြီး ဒုတိယအကြိမ်ဖြင့် အဓမ္မပြုကျင့်ခိုင်းလေတော့သည်။ ထိုတစ်ကြိမ်မှာတော့ ကေသဇင်စိုးဟာ အိပ်ခန်းအတွင်းမှ မည်သို့မှပင် လွတ်မြောက်နိုင်ခြင်းမရှိတော့ပဲ ကံကြမ္မာဆိုး၏ အရိပ်အောက်တွင် ကျရောက်သွားစေခဲ့တော့သည်။
' ကေရေ … သဲလေးရေ … ကို ပြန်လာပြီလေ … ဒီတစ်ခါ ဘယ်သူမှ မဖတ်ရသေးတဲ့ စာရေးဆရာထီးကလေးရေးတဲ့ ဝတ္တူကို ကိုဟ်ကိုတိုင် ဖတ်ပြမယ် … သဲလေးရေ '
ကျွန်တော်ခြံထဲ စဝင်လာကတည်းက တစ်အိမ်လုံးကို တိတ်ဆိတ်နေတယ်။ ခြံတံခါးကြီးလဲ ပွင့်နေတယ်။ အိမ်မကြီးတံခါးလဲ ဖရိုဖရဲ ပွင့်နေခဲ့တယ်။ အောက်ထပ်ကနေ ကေ့ကိုစကားတွေပြောရင်း အသံပေးပြီး လှေကားအတိုင်း တစ်ထစ်ခြင်းတတ်လာခဲ့တယ်။ ဒါပေမယ့် ကေ့ရဲ့အသံပြန်ပေးသံ တစ်ချက်မှမကြားရဘူး။ ဘေး ဘယ် ညာကို ခေါင်းမလှည့်ပဲ မျက်လုံးလေးဝေ့ကြည့်လိုက်ရင်း ကေကျွန်တော့ကို ပုန်းနေတာဖြစ်မယ်လို့ စိတ်ထဲတွေးမိတယ်။ ဒါနဲ့ ကျွန်တော် အပေါ်ထပ်လှေကား အရင်းမှာ ခဏလေးမတ်တပ်ရပ်ပြီး ကေထွက်လာအောင် စောင့်နေခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ သူမရဲ့အိမ်ခန်းတံခါးလေး ပွင့်လာခဲ့တယ်။ သူမသိပ်ကြိုက်တဲ့ ပန်းဆီရောင် အကျီင်္လေးနဲ့ ချိတ်ထမီးလေးကို ကျွန်တော် ပြန်လာတဲ့နေ့ ဝတ်ထားပေးလို့ ပြောထားတာကြောင့် သူဝတ်ထားခဲ့တယ်။ အိပ်ခန်းတံခါးပွင့်လာပြီး ကေထွက်လာခဲ့တယ်။ အေးစက်စက်အပြုံးနဲ့ အိပ်ခန်းအပေါက်ဝကို မှီးထားရင်း ကျွန်တော့ကို ကြည့်နေခဲ့တယ်။ အရှေ့ကို တိုးမလာဘူး။ ဝေဒနာ တစ်ခုခုကို သူမ နာနာကျင်ကျင်ခံစားနေရပုံပဲ။ အကျီရဲ့ လက်မောင်းမှာလဲ ပြဲနေတယ်။ ပုံစံက နဂိုကထက် သိသိသာသာကြီးပြောင်းလဲနေတယ်။
အိပ်ခန်းအပေါက်ဝကို မှီထားတဲ့ ကေ့ကို လှေကားအရင်းမှာ ရပ်နေတဲ့ ကျွန်တော် ပြုံးပြလိုက်ပြီး။ သူမရပ်နေတဲ့ နေရာကို တစ်လှမ်းချင်း လှမ်းသွားလိုက်တယ်။ ကျွန်တော်လျောက်လာတာကို သူမက မျက်ရည်တွေဝဲပြီး အေးစက်စက်အပြုံးနဲ့ စိုက်ကြည့်နေတယ်လေ။ ကျွန်တော်က သူကြိုက်တဲ့ စာရေးဆရာဆိုတာ သူမအနားကို လျောက်သွားရင် ကျွန်တော်ပြောလိုက်တော့မယ်။
' ကေ … ကိုယ့်ကို ကေစိတ်မဆိုးပါနဲ့နော် ကေ့ကို ကို အချိန်ကြာကြီး ညာနေခဲ့တာ မဟုတ်ပါဘူး … ကေ့ကို စတွေ့ကတည်းက ကိုယ်ပြောခဲ့ပါတယ် … ကိုယ်က … '
ကျွန်တော့ရဲ့ စကားမဆုံးလိုက်ဘူး။ ကေ့အနားကိုလဲ ရောက်ရော ကျွန်တော့ရင်ခွင်ထဲကို ရုတ်တရက် သူပြေးဝင်လိုက်တယ်။ ဘယ်လိုဖြစ်တာလဲဗျာ။ ဘယ်လိုဖြစ်ရတာလဲ ။ ကေ့ရဲ့ နောက်ကျောမှာ ဓားတစ်ချောင်းနစ်ဝင်နေခဲ့ပြီးလေ။ သူမ စကားမပြောနိုင်ဘူး။ အသက်ကလေး ခိုးပြီး ရှု့နေခဲ့တယ်။ ကျွန်တော့ကိုဖတ်ထားရင်း ပုခုံးသားတွေကို လက်နဲ့ဆုပ်ကိုင်ထားတယ်။ သူမကို ဘယ်သူဓားနဲ့ ထိုးလိုက်တာလဲ ။
' ကေ … ဘယ်လိုဖြစ်ရတာလဲကေ … ကေ ကိုယ်မေးနေတယ်လေ … ကေ ဖြေပါဦး '
ကျွန်တော့အမေးတွေကို သူမ ပြန်မဖြေနိုင်တော့ဘူး။ သူမရဲ့ မျက်စိ နား နှာခေါင်း အပေါက်တွေကြားကနေ သွေးတွေ ယိုစမ့်လာခဲ့ပြီလေ။
' ကေ … ကေ့ကိုဘယ်သူတွေ သတ်တာလဲ ကေ့ကိုဘယ်သူတွေ ရက်ရက်စက်စက် အခုလိုလုပ်ရတာလဲ '
သွားပါပြီဗျာ။ ကေအသတ်မရှိတော့ဘူး။ သူမရဲ့မျက်လုံးနစ်လုံးဟာ ပွင့်လျက်သား အသက်ပျောက်ကွယ်သွားခဲ့ပြီး။ သွေးတွေ စိုရွဲနေတဲ့ ကေ့ကို ကျွန်တော်သိုင်းဖတ်ရင်း ငိုပစ်လိုက်မိတယ်။ ကျွန်တော်ဟာ သူသိပ်ကြိုက်တဲ့ စာရေးဆရာဆိုတာတောင် ကေမသိသွားရဘူးဗျာ။
' ကေရယ် … ငါက မင်းသိပ်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်လေ … ကေ … မင်းနဲ့ငါတူတူနေမယ်လေ … ကိုယ်ကိုတိုင်ရေးတဲ့ ဝတ္တူကို ကိုယ်ကိုတိုင်ဖတ်ပြမယ်လေ … ကေရယ် မင်းကိုဘယ်သူတွေသတ်ရတာလဲ '
ပြန်မပြောချင်တော့ဘူးဗျာ။ ကျွန်တော့လက်ပေါ်မှာပဲ သူမ အသက်ပျောက်ကွယ်သွားခဲ့ရတယ်။ အသတ်မရှိတော့တဲ့ ကေ့ကို ကျွန်တော်ဖတ်ပြီး ငိုနေတုန်း အိပ်ခန်းထဲကနေ လူတစ်စု ထွက်လာကြတယ်။
' သြော် … ဒီကောင်မလေး ချစ်သူစာရေးဆရာ ထီးကလေးဆိုတာ မင်းလား '
လေးငါးယောက်လောက် ရှိလိမ့်မယ်ထင်တယ်။ ကျွန်တော့အမြင်တွေက ဝိုးတဝါးဖြစ်နေခဲ့တယ်။ အားလုံးရဲ့ ကိုယ်ပေါ်မှာ အဝတ်အစားမရှိဘူး။ ကျွန်တော့ကို ကေ့ချစ်သူ စာရေးဆရာလားလို့ မာန်ပါပါနဲ့ မေးလိုက်တယ်။ ကျွန်တော့်အမြင်အာရုံတွေမှာ ဒေါသစိတ်တွေ လွမ်းမိုးနေခဲ့ပြီး ပွေ့ထားတဲ့ ကေ့ကိုခဏအောက်ချလိုက်တယ်။ အဲ့ဒီလူတွေကို ကျွန်တော်အသေသတ်ပစ်မယ်လို့ စိတ်ကူးပြီး ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်တယ်။ သူတို့အထဲက အရင်ဦးဆုံး အရှေ့တိုးလာတဲ့ သူတစ်ယောက်ကို ဘယ်သော်အခါမှ သူများအသားကို နာကျင်အောင်မလုပ်ခဲ့ဘူးတဲ့ ကျွန်တော် အပြင်းထန်းဆုံး ထိုးကြိတ်လိုက်တယ်။
' အောင်မာ … ဘောပင်ကိုင်တဲ့ လက်က အစွမ်းထက်နေတယ်ပေါ့ဟုတ်လား … ဟေ့ကောင်တွေ '
အသက်ကြီးကြီးလူတစ်ယောက်က ညာသံပေးပြီး ကျွန်တော့ကို စတင်တိုက်ခိုက်တော့တာပဲ။ မခံနိုင်ဘူးဗျာ။ သူတို့ရဲ့ အပြင်းအထန်တိုက်ခိုက်မှု့အောက်မှာ ကျွန်တော်အရှုံးပေးလိုက်ရပြီး။ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ သေဆုံးနေတဲ့ ကေ့အလောင်းဘေးနားကို တရွှေ့ရွှေ့ ရောက်အောင်သွားပြီး ကေ့လက်ကလေးကို ဆုပ်ကိုင်လိုက်တယ်။ နားထဲမှာကြားနေရတာက
' ဒီအလောင်းကို ဘယ်မှာဖျောက်မလဲ … '
' ဒါကလွယ်ပါတယ် … ဒီခြံဘက်ကို လူသွားလူလာ နည်းတယ် ဒီအလောင်းကို နောက်ဖေးခြံဒေါင့်မှာ မြှုပ်ပြီး သူ့ရဲ့သွေးကို ကျုပ်ယူမယ် '
' ဟင် … အလောင်းမြှုပ်တာတော့ ဟုတ်ပါပြီ … သွေးကဘာလုပ်ဖို့လဲ '
' သူ့သွေးကိုယူပြီး ကျုပ်ဆရာကိုပေးရမယ် … သူ့ရဲ့ဝိဥာဉ်ကိုပါ အလွတ်ပေးလို့မဖြစ်ဘူးလေ '
' သြော် … သဘောပေါက်ပြီ '
' ဘာလုပ်မလို့လဲ … ကိုဆွေမြင့် '
ဆွေမြင့်ဟုခေါ်တွင်သော် ထိုလူကြီးမှာ သေဆုံးနေသည့် ကေသဇင်စိုး၏ အလောင်းမျက်နှာအား ကြမ်းတမ်းသော သူ၏လက်ဖြင့် နှစ်ချက်မျှရိုက်လိုက်ပြီး မာန်ပါလှသော စကားသံဖြင့်
' ကဲ့ဟာ … ကဲ့ဟာ … နင့်ကိုသတ်တဲ့ ငါ့တို့အကြောင်းကို ဖော်ရင် နောင်ဘဝအထိ နင့်ကိုသတ်ပစ်မယ် '
' အဲ့ဒါဘာလုပ်တာလဲ '
' ကျုပ်တို့အကြောင်းကို ဖော်မှာဆိုးလို့ … ဝိဥာဉ်ကိုပါ ခြိမ်းခြောက်ထားမှဖြစ်မယ် '
' ဟ … ကိုဆွေမြင့်ကတော့ဗျာ … ကိုလောင်းပြိုင် ကျွန်းပြန် ဘမှန်ရဲ့ ဆရာလို့ပြောစရာမလိုလောက်အောင် ကျွမ်းကျင်နေပါလား'
' ဟားဟား … ကဲဒါဆို ခင်ဗျားကသွေးကိုယူပြီး သူ့ဝိဥာဉ်ကို ထိန်းချုပ်ထား … ကျုပ်တာဝန်တော့ပြီးပြီး '
' ဒီကောင့်ကိုပါ အပျက်ရှင်းလိုက်ရမလား ကိုဇော်မျိုး '
' နေဦးဗျ … ဒီကောင်က နာမည်ကြီး စာရေးဆရာတစ်ယောက် … သူ့ဝင်ရှုတ်လို့ ကျုပ်သားနဲ့ ဒီကောင်မလေး အခုလိုတွေ လွဲကုန်ရတာ … သူ့ကို အသေမသတ်ချင်ဘူး '
' ဟ … ဖြစ်ပါ့မလား … ကျုပ်တို့လုပ်ရပ်ကို ဒီကောင်အကုန်လုံးတွေ့ထားတယ်လေ '
' ဟား ဟား … ဘာမှမပူပါနဲ့ ကိုဆွေမြင့်ရာ … စာရေးဆရာထီးကလေးက လူလည် ဥာဏ်ကောင်းတယ်လို့ ကြားဘူးတယ် … သူ့ရဲ့ မှတ်ဥာဏ်တွေကို ဖျက်စီးပစ်လိုက်ရုံပဲပေါ့ '
' လုပ်ဗျာ … ခင်ဗျားသဘောပဲ ကျုပ်သဘောတိုင်းသာဆိုရင် နှစ်ယောက်စလုံးကို အစဖျောက်ပစ်လိုက်မှာ '
သူတို့ဘာလုပ်ကြမှာလဲ ။ ကျွန်တော့နားထဲမှာ အဲ့ဒီစကားသံတွေကြားနေရတယ်။ အကြိမ်ကြိမ် လဲနေရာကနေ ထဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် လုံးဝ ပြန်မထနိုင်ခဲ့ဘူး။ ကေ့လက်ကလေးကို ဆုပ်ကိုင်ထားတဲ့ ကျွန်တော့လက်ကို လူတစ်ယောက်က အားကုန် ရိုက်ချလိုက်တယ်။ အရမ်းကို နာကျင်ခဲ့တယ်။ လက်ချောင်းကလေးတွေကိုလဲ တစ်ချောင်းချင်း အကျောတွေအဖျက်ခံလိုက်ရတယ်။ အဲ့နောက်ပိုင်း ကျွန်တော်ဘာဖြစ်သွားမှန်း မသိတော့ဘူး ။ သတိရလာတဲ့ အချိန်က ကျွန်တော်ဆေးရုံပေါ်ရောက်နေခဲ့တယ်လေ။ နေပြန်ကောင်းလာတော့ ကျွန်တော့်လက်ချောင်းလေးတွေ လှုပ်ရှားလို့မရတော့ဘူး။ မှတ်ဥာဏ်တွေ မကောင်းတော့ဘူး။
*****
စာရေးဆရာဟု ပြောဆိုမလိုလောက်အောင်ပင် ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူများအား သူ၏ အကြောင်းနှင့် ခြံအမှတ် ၆၆တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးကြီးအား ပြန်လည်ပြောပြနေခဲ့သည်မှာ မိုးလက်းခါစ အချိန်ထိ ရောက်ရှိလာခဲ့လေသည်။ မျက်ရည်များနှင့်အတူ သူ၏ ရင်နှင့်ဖွဟ် ဖြစ်ရပ်အား ကျွန်ုပ်နင့်အတူ သူငယ်ချင်းများ ကြားသိလိုက်ရပြီး ။ စာရေးဆရာနှင့်အတူ ထပ်တူခံစားခဲ့ရသည်။
' ဟာဗျာ … သိပ်ရက်စက်တဲ့ လူတွေပါလား … '
'တော်တော်လူစိတ်မရှိတဲ့ လူယုတ်မာတွေ …'
' ဆရာ … ဆရာ့ရဲ့ ဆံပင်ငါးချောင်းဖြစ်တဲ့ ကျုပ်တို့ငါးယောက် လက်စားပြန်ချေမယ် … '
' အဲ့ဒီလူယုတ်မာတွေက ဘယ်သူတွေလဲ ဘယ်ကလဲ '
အင်မတန်မှ လူမဆန်လှသည့် လူယုတ်မာအကြောင်းများအား ကြားလိုက်ရပြီး ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ထိုသူများရှိနေရာသို့ စတင်မေးမြန်းလေတော့သည်။ သို့ပေမယ့် စာရေးဆရာဟာ သူ၏မေ့ဖျောက်ထားသော ကြေကွဲစရာအတိတ်အား ပြန်လည်တမ်းတမိရင်း ကျွန်ုပ်တို့၏အမေးကိုပင် ပြန်လည်၍ အဖြေမပေးနိုင်။ ရှိုက်ငင်စွာငိုကြွေးနေခဲ့ပြီး ခေါင်းသာ ခါရမ်းပြနေခဲ့တော့သည်။
' ကျေးဇူးတင်ပါတယ်ကွာ … မင်းတို့ငါးယောက်ကို ငါကိုယ်တိုင်မွေးဖွား အသက်သွင်းပေးခဲ့တယ် … မင်းတို့ငါးယောက်က ငါ့ရဲ့သားတွေပါ … ဒါကြောင့် ဝိဥာဉ်ဖြစ်နေတဲ့ ငါ့သူငယ်ချင်းအောင်ကြီးက မင်းတို့အားလုံးကို သူ့ရဲ့ တူသားတွေလို့ပြောခဲ့တာပေါ့ … ငါ့ဘဝနဲ့ငါပဲရှိပါစေတော့ … အဲ့ဒီအိမ်ကြီးမှာ ငါ့ချစ်သူကေသဇင်စိုးရှိနေလိမ့်မယ်ဆိုတာ ငါသိပြီသားပါ … ငါ့တို့နှစ်ယောက်က အဖြစ်ဆိုးပါတယ်ကွာ … ပြီးခဲ့တာတွေလဲ ပြီးခဲ့ပါပြီ ထားလိုက်ပါတော့ '
' မဖြစ်ဘူးဆရာ … ဒါဟာ လူသတ်မုဒိန်းမှု့ပါ … ဥပဒေအတိုင်းဆောင်ရွက်မှဖြစ်မယ် … အဲ့ဒီလူတွေက ဘယ်သူတွေလဲဆိုတာ ကျုပ်တို့ကိုပြောပါ … '
' ငါယုံပါတယ်ကွာ … ငါ့ဇာတ်ကောင်တွေက တစ်ချိန်ချိန်မှာ ငါ့ကို အကူညီပြန်ပေးလိမ့်မယ်လို့ … ငါ့ဆရာဝိဥာဉ်ဦးလေး ပြောခဲ့တာပဲ … မင်းတို့ကူညီနိုင်မှာပါ … ဒါပေမယ့် လွယ်တော့မလွယ်ဘူး … အဓိကတရားခံက နိုင်ငံကျော်ရုပ်ရှင်မင်းသား ရဲရန်နိုင်ပဲ '
' ဗျာ … ရဲရန်နိုင် … '
' ဟုတ်တယ် … နာမည်ကြားလိုက်တာနဲ့ မင်းတို့မယုံနိုင်လောက်အောင် ဖြစ်သွားရပြီးမဟုတ်လား … ထားလိုက်ပါတော့ကွာ ငါ့အတွက် အပင်ပန်းခံမနေပါနဲ့ '
' ရဲရန်နိုင် … ဒါကြောင့် အိမ်ကြီးမှာတုန်းက ဂျာနယ်ထဲမှာ သူ့အကြောင်းဖတ်နေတုန်း … ကေသဇင်စိုးရဲ့ ဓာတ်ပုံက လှုပ်ရှားလာပြီး ခြောက်လန့်မှု့တွေဖြစ်လာရတာကို '
' တောက် … ကာယကံရှင် ပြောလိုသာ ယုံရတာဗျာ … ရုပ်ရှင်မင်းသားရဲရန်နိုင် … တွေ့ကြသေးတာပေါ့ … '
' ကျေးဇူးပါပဲဆရာ … အိမ်ကြီးအကြောင်းကို ကျုပ်တို့သိလိုက်ရပါပြီ … အချုပ်ခံထားရတဲ့ ဝိဥာဉ်တွေအားလုံးကို ကျုပ်တို့ကယ်တင်မယ် … ဆရာ့ချစ်သူ ကေသဇင်စိုးအပါအဝင် ကိုအောင်ကြီး … အားလုံးကို လွတ်မြောက်အောင် ကျုပ်တို့အစွမ်းကုန် ကြိုးစားမယ် '
' သတိရှိဖို့တော့လိုမယ်နော် … ကေက ဒါကြောင့် လူကောင်းတွေကိုပဲ ခြောက်လန့်နေခဲ့တာ… သူ့အဖေလို သဘောထားခဲ့ရတဲ့ လူကြီးလူကောင်းကတောင် သူ့ကို ဒုက္ခပေးခဲ့တော့ စိတ္တဇဆန်ပြီး လူကောင်းတွေအားလုံးကို ခြောက်လန့်နေခဲ့တယ် … ပြီးတော့ ရဲရန်တို့အသိုင်းဝိုင်းက သိပ်လျင်ကြတယ် … တော်ရုံတန်ရုံ သက်သေမပြနိုင်ပဲ သူတို့ကို စွတ်စွဲလို့ရမှာမဟုတ်ဘူး '
' ကျေးဇူးတင်ပါတယ်ဆရာ … မိုးလဲလင်းနေပြီ … ကျုပ်တို့လုပ်စရာလေးတွေ ရှိသေးတယ် … ဆရာ့ကို ကျုပ်တို့အားလုံး နှုတ်ဆတ်ပါတယ် … ဆရာ့လက်တွေ စာပြန်ရေးနိုင်အောင် ကျုပ်တို့ဆံပင်ငါးချောင်း အကူညီပြန်ပေးပါ့မယ် … ဆရာဒီအိမ်မှာပဲ ရှိနေမှာမဟုတ်လား … ကျုပ်တို့လိုအပ်တဲ့ အချိန်ကျရင် ဆရာ့ဆီကိုပြန်လာခဲ့ပါ့မယ် '
' ငါ့ဇာတ်ကောင်တွေကို ငါယုံပါတယ် … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး … '
ကျွန်ုပ်တို့ငါးဦး၏ အမည်များအား မာန်ပါပါဖြင့် ခေါ်ဆိုလိုက်ပြီး သွားမပေါ်သည့်အပြုံးလေးဖြင့် သူ၏မသန်စွမ်းတော့သော လက်ကလေးအား မြောက်ခါ ကျွန်ုပ်တို့အား လက်ပြနှုတ်ဆတ်နေခဲ့သည်။ မိုးလင်းပေါက်အထိ စာရေးဆရာနေအိမ်၌ ရှိနေခဲ့ပြီး ယခုမိုးစင်စင်လင်းမှသာ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ထိုရပ်ကွက်အတွင်းမှ ထွက်ခွာလာခဲ့ချေတော့သည်။ ထို့နောက် နီးစပ်ရာ ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ထိုင်လိုက်ပြီး ရှေ့ရေးအတွက် တိုင်ပင်မိကြတော့သည်။
' ရဲရန်နိုင် မထင်ရဘူးကွာ … ဒီကောင့်ကို ငါကိုယ်တိုင် နုတ်နုတ်စင်းပစ်ချင်တယ် … '
' ဒီအမှု့က လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်တုန်းက ဖြစ်ခဲ့တာဆိုတော့ … သိပ်မကြာသေးဘူး … '
' ဒါတော့ဟုတ်ပါပြီ … အဲ့ဒီရုပ်ရှင်မင်းသားက ဘယ်မှာနေတာလဲ သူ့အနားကို ငါတို့ဘယ်လိုသွားမလဲ '
' ဟာ … ဟုတ်ပါရဲ့ … သူ့ရဲ့လိပ်စာလဲမသိဘူး … ဘယ်မှာနေမှန်းလဲမသိဘူး … ဘယ်လိုလုပ်ကြမလဲ '
' ကိုမောင်ဝင်း … ဟာဟုတ်တယ် … ရဲအုပ်မောင်ဝင်းတစ်ယောက်လုံး ရှိနေတာပဲ … ဘာမှပူစရာအကြောင်းမရှိဘူး '
' ဟုတ်တယ် … အခု ငါတို့ စားသောက်ပြီးတာနဲ့ ခြံကြီးကိုအရင်ပြန်မယ် … ကေသဇင်စိုးရဲ့ အခြေနေကို ပြန်ပြီးအကဲခတ်ရမယ် … သူ့ဆီကလဲ အကူညီတစ်ခုခုတော့ရမှာ သေချာတယ် '
' ကဲ ဟုတ်ပြီး ဒါဆို စားကြ … ပြီးတာနဲ့ ခရီးဆက်ကြမယ်'
*****
' ဆရာကြီး … ဆရာကြီး '
' ဟ … ထွန်းပိုင် ဘာဖြစ်လာတာလဲ '
' ဟို … ဟို … '
' ဟာကွာ … ပြောစမ်းပါ … '
' ဟို ဟိုစာရေးဆရာ အိမ်ထဲကနေ မနက်က လူငယ်ငါးယောက်ထွက်သွားတာ တွေ့လိုက်တယ်ဆရာကြီး '
' ဘာ … ဘယ်စာရေးဆရာလဲ '
' ဟိုလေ … စာရေးဆရာထီးကလေး '
' ဟင် … ဘယ်သူတွေလဲ … အဲ့ဒီအရူးကို ငါစောင့်ကြည့်ခိုင်းထားတယ်လေ '
' ဟုတ်တယ်ဆရာကြီး … ကျုပ်လဲ အချိန်ပြည့်စောင့်ကြည့်နေတာ အဲ့ဒီလူငယ်ငါးယောက် ညနေကတည်းက အိမ်ထဲဝင်သွားတာ ဒီမနက်မှ ပြန်ထွက်လာတာ တွေ့တယ် … '
' အင်း … လူငယ်ငါးယောက် … မဟုတ်မှလွဲရော … ဟိုကောင်ငါးကောင်ပဲဖြစ်မယ် '
' ဟုတ်တယ်ဆရာ … အဲ့ဒီကောင်တွေကို လျော့တွက်လို့မရဘူးနော် … သူတို့က ဟိုရဲနဲ့အဆက်သွယ်ရှိနေတာ … '
' မင်းတော်တယ် … ဒီလောက်ဆို ဟိုအရူးဆီကနေ အဲ့ဒီငါးကောင် ငါတို့အကြောင်းတစ်ချို့တော့ သိသွားလောက်ပြီး … ဟားဟား … ငါထင်တယ် ဒီအရူးကို အပျက်မရှင်းမိတာ ငါမှားတာပဲ … ဒီတော့ မင်းက အဲ့ဒီအရူးနားမှာ အချိန်ပြည့်နေရမယ် … ဘာလုပ်ရမလဲဆိုတာ မင်းသိတယ် မဟုတ်လား '
' သိပါတယ် ဆရာကြီး … '
' ကောင်ပြီး … အရူးရဲ့အခြေနေကို စောင့်ကြည့်ထား … ဟန်ပျက်နေပြီဆိုတာနဲ့ အပျက်ရှင်းပစ်လိုက်တော့ '
' စိတ်ချပါဆရာကြီး … ကျုပ်အခုပဲ လုပ်လိုက်ပါ့မယ် '
' ဟာ … ကိုဆွေမြင့် ခင်ဗျားရောက်လာတာနဲ့ အတော်ပဲဗျာ … ခြံအမှတ် ၆၆မှာ တစ္ဆေခြောက်တာနဲ့ ပတ်သတ်ပြီး ဟိုကောင်ငါးကောင် မပြေးရတဲ့အပြင် စာရေးဆရာဆီကိုတောင် ရောက်သွားပြီးတဲ့ '
' ဘာ … ဘယ်လိုလုပ်ကြမလဲ … အစတည်းက ကျုပ်ပြောတဲ့အတိုင်း အဲ့ဒီကောင်ကိုပါ အပျက်ရှင်းပစ်ခဲ့ရမှာ အခုဘယ်လိုလုပ်မလဲ … '
' ကျူပ်တို့မှာ အချိန်တွေအများကြီးရှိပါသေးတယ်ဗျာ … ကျုပ်ညီနဲ့ပတ်သတ်ပြီး မောင်ဝင်းကိုလက်စားချေစရာရှိတယ် … အဲ့ဒီတော့ တစ်ချက်ခုတ်နှစ်ချက်ပျက် ဖြစ်ပြီး အိမ်ကြက်ချင်း အိုးမည်းသုတ်ပေးလိုက်တာပေါ့ '
' ခင်ဗျားပြောတာ ကျုပ်နားမလည်ဘူး '
' ဒီလိုလေဗျာ … ကျူုပ်တို့ကို ဒုက္ခပေးလာနိုင်မယ့် ဟိုကောင်ငါးကောင်ကို မောင်ဝင်းကိုယ်တိုင် ပြန်ဖမ်းရမယ့် နည်းလမ်းကိုပြောတာ သူတို့အချင်းချင်း ပြသနာဖြစ်ပြီး အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ခွက်သလိုပုံစံမျိုးပေါ့ '
' သဘောပေါက်ပြီး ခင်ဗျားအားလုံး စီစဉ်ပြီးပြီးလား … ဒါဆိုလုပ်လိုက်တော့ ကျုပ်တို့ဘက်က လက်ဦးမှု့အရင်ရဖို့လိုတယ် … ဒါနဲ့ အဲ့ဒီအိမ်ကြီးက သရဲကိုရော ချုပ်ကိုင်ထားနိုင်တယ် မဟုတ်လား '
' ဒါပေါ့ဗျ … အခြေနေမဟန်ရင် အဲ့ဒီသရဲမကိုပါ အသုံချပစ်ရမယ် '
' ကဲကောင်းပြီဒါဆို … ကျုပ်လုပ်ရမယ့် တာဝန်ပြော '
***
နိုင်ငံကျော် ရုပ်ရှုင်မင်းသား ရဲရန်နိုင်၏ိံ ဖခင်ဦးဇော်မျိုးပင် ဖြစ်ပေသည်။ အချိန်ပြည့် ရူးကြောင်ကြောင်ဖြစ်နေသော စာရေးဆရာအား တပည့်များနှင့် စောင့်ကြည့်စေထားပြီး ယခုလူငယ်ငါးယောက် အဝင်ထွက်ပြုလုပ်ခဲ့ခြင်း သတင်းအား အချိန်နှင့်တပြေးညီ ဦးဇော်မျိုးတစ်ယောက် သိရှိသွားခဲ့လေတော့သည်။
မနက်စာ အစားပြေစားသောက်ပြီးသည်နှင့် ကျွန်ုပ်နှင့်သူငယ်ချင်းများ ခြံအမှတ် ၆၆ ဆီသို့ ပြန်လည်၍ ထွက်ခွာလာခဲ့ချေသည်။ အချိန်ကား မနက်၈နာရီရှိနေခဲ့ပြီး။ မကြာခင် အချိန်အတွင်းမှာပင် ခြံကြီးအရှေ့သို့ ဆိုင်ကယ်အမြန်နှုန်းဖြင့် ရောက်ရှိလာခဲ့ပြီး ။ ခြံအရှေ့တွင် ဆိုင်ကယ်များအား ရပ်တန့်လျက် ခြံအတွင်းသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရဲရင့်သော ခြေလှမ်းတို့ဖြင့် ဝင်ရောင်လာခဲ့လေသည်။
တိတ်ဆိတ်ငြိမ်သတ်လျက်ရှိပြီး ။ ခြံဝန်းအတွင်း ဝင်လိုက်သည်နှင့် ခြောက်ခြားစရာကောင်းနေသော်လည်း ကျွန်ုပ်တို့ငါးဦး၏ စိတ်အတွင်း၌ ကြောက်လန့်ခြင်းများ ကင်းစင်နေပြီး အိမ်မကြီးတံခါးအား လွယ်ကူစွာ ဖွင့်လိုက်ချေသည်။ တံခါးပါတ်တာများ၏ မြည်သံနှင့်အတူ တွေ့ရှိလိုက်ရသည်က ၅ပေ ၃ပေခန့်ရှိသည့် ကေသဇင်စိုး၏ ရုပ်ပုံကြီးပင်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ထိုအိမ်ကြီးဆီသို့ စတင်ဝင်ရောက်လာခဲ့သည့် အချိန်ကဲ့သို့ပင် မိန်းကလေး၏ ဓာတ်ပုံမှာ ခပ်ပြုံးပြုံးပုံစံသို့ ပြန်လည်ပြောင်းလဲနေခဲ့သည်။
' ပုံကတော့ နဂိုအတိုင်း ပြန်ဖြစ်နေပါလား … '
သို့နှင့် သူငယ်ချင်းများမှာ ထိုပုံသို့ အာရုံစိုက်မနေတော့ပဲ ဘေးပတ်ဝန်းကျင်ကိုသာ အကဲခတ်နေစဉ် ထိုပုံအား စူးစိုက်စွာကြည့်နေခဲ့သောကျွန်ုပ်၏ိံ အမြင်၌ ရုပ်ပုံအတွင်းမှ မိန်းကလေးဟာ ကျွန်ုပ်အား အန္တရယ်တစ်ခုခုနှင့် ရင်ဆိုင်ရတော့မည်ကို သိရှိထားလျက် စိုးရိမ်ကြီးစွာသတိပေးနေခဲ့သော ဟန်အမူယာသို့ တွေ့ရှိလိုက်ရလေသည်။
' ဟာ … ပြောင်း … ပြောင်းနေပြန်ပြီ '
ပြောင်းလဲလာသော ထိုအမူယာကြောင့် အနီးရှိသူငယ်ချင်းဖြစ်သူများအား အံ့သြတကြီး နှုတ်မှကျွန်ုပ်ပြောဆိုလိုက်သည်။ ကျွန်ုပ်၏စကားသံကြောင့် သူငယ်ချင်းဖြစ်သူများမှာ ရုတ်တရက် ကျွန်ုပ်အနားသို့ ရောက်လာခဲ့ပြီး။ ဓာတ်ပုံကြီးအား စူးစိုက်စွာကြည့်လိုက်သည်။ ထို့နောက် သူတို့၏ နှုတ်မှ ပြုံးစိစိအမူယာဖြင့် ထွက်လာသည့် စကားသံများဟာ
' ဟင် … ဘာလဲဟ … လာနောက်နေတယ် … '
' ဟင် … ငါဘာနောက်လို့လဲ … ဟိုမှာကြည့်လေ … ငါတို့ကို တစ်ခုခုစိုးရိမ်နေသလိုပဲ '
' ထီးလေး … ငါတို့လဲ မင်းနဲ့အတူ ညကအိပ်ရေးပျက်တာပဲ … သေချာကြည့်ပါဦး ခပ်ပြုံးပြုံးပုံစံပါပဲ '
သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ပြုံစိစိအပြောကြောင့် ကျွန်ုပ်၏ိံမျက်လုံးများအား သေချာစွာ ပွတ်သပ်စေပြီး ပြန်လည်ခါကြည့်မိလိုက်သည်နှင့် မိန်းကလေး၏ အမူယာမှာ ခပ်ပြုံးပြုံးပုံစံသာ ပြန်လည်ဖြစ်ပေါ်နေခဲ့သည်။
'တွေ့လားမပြောင်းပါဘူး … ကိုမောင်ဝင်းဆီသွားပြီးတာနဲ့ ထီးလေးမင်းအနားယူလိုက်တော့ '
' ကဲလာ… ထူးခြားတာဆိုလို့ ဓာတ်ပုံက နဂိုမူလအတိုင်းပြန်ပြောင်းနေတာ တစ်ခုတည်းပဲရှိတယ် … အခု ငါတို့အားလုံး ကိုမောင်ဝင်းဆီသွားပြီး အကြောင်းစုံရှင်းပြရမယ် ပြီးတာနဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်ကြမယ် '
ထိုသို့ပြောကာ သူငယ်ချင်းဖြစ်သူ မျှားကလေးဟာ ကျွန်ုပ်နှင့် သူငယ်ချင်းများအား ဦးဆောင်ကာ အိမ်ကြီးအတွင်းမှ ထွက်ခွာရန် ဟန်ပြင်လေတော့သည်။ အိမ်ကြီးအတွင်းမှ မထွက်ခွာခင် အချိန်၌ပင် ဓာတ်ပုံအား ကျွန်ုပ်ပြန်လည်၍ ကြည့်မိလိုက်ပြန်သည်။ ထပ်မံတွေ့ရှိလိုက်ရသည်က ကျွန်ပ်အား တစ်စုံတစ်ခုသော အန္တရယ်တစ်ခုခုနှင့် ကြုံတွေ့ရတော့မည်ကို စိုးရိမ်နေသည့် အမူယာသို့ မိန်းကလေး၏ ရုပ်ပုံမှာ ပြောင်းလဲနေခဲ့ပြန်တော့သည်။
****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်။ )









No comments:
Post a Comment