အပိုင်း(၁၀) တစ္ဆေကိုက်တဲ့အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၀) တစ္ဆေကိုက်တဲ့အိမ်ကြီး

Share This


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၁၀ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



မင်းသားခေါင်း စောင်းထာသည့် ဘီလူးတစ်ယောက်ကဲ့သို့ နိုင်ငံကျော် ရုပ်ရှင်မင်းသား ရဲရန်နိုင်၏ိံ ယုတ်မာကောက်ကျစ်မှု့များဟာ အင်မတန်မှ ဆိုးရွားလှသည်။ မိမိ၏ ရိုက်ကွင်းဆီသို့ လူငယ်ငါးယောက် ရောက်ရှိလာခြင်းနှင့် ပတ်သတ်၍ ဖခင်ဖြစ်သူအား ပြောဆိုနေခဲ့ပြီး ဖခင်ဖြစ်သူမှာ ယနေ့ည၌ လူငယ်ငါးယောက်နှင့် မောင်ဝင်းအား ဒုက္ခပေးတော့မည်ဟု ကြုံးဝါးပြောဆိုနေတော့သည်။

အရှိန်ပြင်းစွာမောင်းထွက်သွားသော ကားအနောက်၌ ကျွန်ုပ်တို့အားလုံး ကျန်ရစ်နေခဲ့ရပြီး ရဲရန်နိုင်အား မည်သည့်စကားမှ မပြောဖြစ်လိုက်ချေ။
' ထီးလေး … ငါစိတ်လောပြီး အဲ့ဒီလူယုတ်မာကို အော်လိုက်မိတယ် … ငါမှားသွားလား '
' မင်းမမှားပါဘူး … သူက ငါတို့ငါးယောက်ကို သိနေတာလား … '
' ဟုတ်လောက်မယ်ထင်တယ် … ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားတို့ငါးယောက်ကိုလို့ ပြောပြီး နှုတ်ဆတ်သွားတယ် '
' ဒါဆို …  ကိုမောင်ဝင်းနဲ့ ငါတို့အားလုံး ရင်းနှီးကြတာကိုလဲ သူတို့တွေ သိထားလောက်ပြီး '
' ဟုတ်တယ် … ပိုဆိုးတာက ငါတို့တွေ သူ့ဆီကို အခုလိုရောက်လာတာနဲ့ ပတ်သတ်ပြီး သူတို့ဘက်က တစ်ခုခုလက်ဦးမှု့ရသွားနိုင်တယ် '
' ဟုတ်တယ် … နေဦး ဖုန်းလာနေတယ် '

ကျွန်ုပ်၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ တုန်ခါမှု့တစ်ခုနှင့် သီချင်းသံတစ်ချို့ဟာ ရုတ်တရက် ထွက်ပေါ်လာချေခဲ့သည်။ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းအား ထုတ်ယူလျက် ဝင်ရောက်လာသည့် နံပါတ်အား စူးစိုက်ကြည့်လိုက်ပြီး
' ဟင် … ကိုမောင်ဝင်းဆီက ဖုန်းပဲ … '
' ဟယ်လို … ကိုမောင်ဝင်း … ဟယ်လို ဟယ်လို ကြားလားကိုမောင်ဝင်း … ဟယ်လိုကြားရဲ့လား '

မိတ်ဆွေရဲအုပ်မောင်ဝင်း၏ ဖုန်းနံပါတ်ပင်ဖြစ်ချေသည်။ သို့ပေမယ့် ဖုန်းလိုင်းများဟာ ကောင်းစွာမမီချေပဲ ပျက်တောက်လျက်ရှိသော တစ်ဖက်မှ ကိုမောင်ဝင်း၏ စကားသံကိုသာကြားနေရသညိ။
'ဟယ်လို … ကိုမောင်ဝင်းကြားလား … ကျွန်တော်တို့ခြံအမှတ် ၆၆နဲ့ပတ်သတ်ပြီး အရေးကြီး ကိစ္စတစ်ခုသိထားရတယ် … ဟယ်လို … ဟယ်လို '
' ဟာကွာ … ဖုန်းကျသွားပြီ '
' ကိုမောင်ဝင်းဘာပြောလဲ … ပြန်လာပြီတဲ့လား '
' ဘာမှကိုရှင်းရှင်းလင်းလင်းမကြားရဘူး … လိုင်းမမီတဲ့ နေရာရောက်နေတာ ဖြစ်မယ် … ဒါပေမယ့် ငါ့ဘက်က စကားတော့ သူကြားသွားရအောင် ပြောထားလိုက်တယ် '
' ဟုတ်တယ် … နယ်ဘက်ရောက်နေတာ ဖြစ်မယ် … မနက်ကတည်းက ငါလဲ အဆက်မပျက်ခေါ်နေခဲ့တာပဲ ဆက်သွယ်ရေး ဧရိယာပြင်ပဲဖြစ်နေတယ် '
' အကြောင်းတစ်ခုခုရှိလို့များ ဆက်တာလားမသိဘူး '
' ထပ်ခေါ်ကြည့်ပါလား … ကိုမောင်ဝင်းမြန်မြန်ပြန်လာမှ ဖြစ်မယ် မဟုတ်ရင် ငါတို့ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး '
' မရဘူးဟ … ဆက်သွယ်ဧရိယာပြင်ပပဲ '
' ကဲထားလိုက်တော့ … အိမ်ကြီးဆီပြန်မယ် … ပြီးတော့ ဒီတစ်ည အဲ့ဒီအိမ်ကြီးမှာ အခြေနေစောင့်ကြည့်ရင်း ကေသဇင်စိုးဆီက အကူညီတစ်ခုခုတောင်းကြည့်ရတာပေါ့'

မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းတစ်ယောက် မည်သည့်နေရာဆီသို့ ခရီးထွက်ခွာသည်အား မသိ။ ကိုမောင်ဝင်းဆီသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်များ အချိန်ပြည့်ဖုန်းခေါ်ဆိုနေခဲ့သော်လည်း ဆက်သွယ်ရေးဧရိယာပြင်ပဟုသာ ပြန်လည်ဖြေဆိုသော သံအား ကြားနေခဲ့ရသည်။
အရှိန်ပြင်းစွာ မောင်းထွက်သွားသော ကားအနောက်မှ ကျန်ရစ်နေခဲ့သော ကျွန်ုပ်တို့အားလုံးသည်လည်း လာရကျိုးမနပ် မည်သည့်စကားမှ ရဲရန်နိုင်အား ပြောဆိုလိုက်ရခြင်းမရှိပဲ လာရာလမ်းအတိုင်းသာ ပြန်လည်ထွက်ခွာလာရတော့သည်။

' ဟယ်လို ဆရာကြီး… ကျွန်တော်တင်ငွေပါ အခုချိန်ထိတော့ ကြည့်ရတာ ဒီကောင်လေးရူးနေတုန်းပဲ ဒါပေမယ့်ကျွန်တော် စောင့်ကြည့်ထားတယ် '
' အေးကောင်းတယ် … ဒီညလဲ ငါတို့အစီစဉ် စထားတယ် … အဲ့ဒီအရူး အတိတ်တွေပြန်သတိရလာပြီး မရူးတော့ဘူးလို့ ထင်တာနဲ့ အပျက်သာရှင်းပစ်လိုက်နော် '
' ဟုတ်ကဲ့ ဆရာကြီး စိတ်ချပါ …  '
' ဟင် … မင်း'
' တူကြီး … မင်း… မင်းဒီမှာ ဘာလုပ်နေတာလဲ …'
' ဘာမှမလုပ်ပါဘူး '
' ငါပြောတာတွေ မင်းကြားလိုက်သေးလား '
' မကြားပါဘူး '
' အမလေးတော်သေးတာပါ့ … တူကြီး မင်းငါ့ကို တကယ်မမှတ်မိတော့တာလား '
' မှတ်မိတယ်လေ … လူဆိုးကြီးမဟုတ်လား '
' ဟာကွာ … အဲ့ဒါပြောတာ မဟုတ်ဘူး … မင်းကို ငယ်ငယ်တည်းက ထိန်းကျောင်းခဲ့တဲ့ ငါ့ကို မှတ်မိလားလို့ မေးတာ '
' မသိဘူးဗျာ … မသိဘူး '
' ဟေ့ကောင် … မင်းကို ကောင်းကောင်းမေးနေတယ် … ဟိုတစ်နေ့က မင်းဆီလာတဲ့ ကောင်လေးတွေကို မင်းဘာတွေပြောလိုက်သေးလဲ … မှန်မှန်ဖြေနော် … ဒီမှာတွေ့လား…  '
' ဟင် … ဓားကြီးပါလား ကျွန်တော့ကိုပေး ကျွန်တော်မုတ်ဆိတ်မွှေး ရိတ်ချင်လို့ '
' ဟာ … ဟေ့ကောင် … ဓားနဲ့ချိန်ထားတာတောင် မကြောက်ဘူးလား … ငါထိုးလိုက်ရမလား '
' ဒီနားလေးကို ထိုးပေးပါလား ကျွန်တော်ဗိုက်အောင့်အောင့်နေလို့ '
' ဟာကွာ … ဒီအရူးနဲ့တော့ '
' ဟင် … ဘယ်သူက အရူးလဲ ခင်ဗျားက အရူး '
' ဟာ … ငါ့ကိုများအရူးလေး ဘာလေးနဲ့ '
' မင်းတကယ်ရူးနေတာရော … ဟုတ်လို့လား ငါ့ကို မညာနဲ့နော် '
' အောင်မာ ကျုပ်ကရူးနေတာမဟုတ်ဘူး ရူးနေတာကခင်ဗျား … '
' ဘာကွ … မင်းတော့ကွာ … '

တင်ငွေဆိုသော ထိုလူမှာ ဦးဇော်မျိုး၏ တပည့်ဖြစ်ပြီး ပုံမှန်စိတ်မဟုတ်သော စာရေးဆရာလေး၏ အနားသို့ အနီးကပ် အကဲခတ်ရန် ရောက်ရှိနေသူဖြစ်သည်။ ဦးဇော်မျိုး၏ အမှာစကားအရ စာရေးဆရာလေး လူကောင်းပကတိပြန်လည် ဖြစ်နေပါက အသေသတ်နှုတ်ပိတ်ခိုင်းလိုက်ခြင်းကြောင့် စာရေးဆရာလေး၏ မိဘများမရှိချိန်၌ နည်းနည်းအမျိုမျိုးဖြင့် တင်ငွေမှာ စမ်းသပ်နေခဲ့သည်။ လူအကဲခတ် မညံ့သည့် စာရေးဆရာလေးမှာ တင်ငွေအား စတင်ရောက်ရှိလာသည့် အချိန်မှစပြီး အကြံနှင့်မိမိ၏ အနားသို့ ကပ်လာသူ တစ်ဦးဖြစ်နေကြောင်း ကြိုတင်၍ သိရှိထားခဲ့သညိ။ ထို့ကြောင့် စိတ်ရောဂါဝေဒနာများ ပြန်လည်ကောင်းမွန် သက်သာနေသော စာရေးဆရာလေးမှာ ဆက်လက်၍ ရူးချင်ယောင်သာဆောင်ထားခဲ့ရသညိ။ စာရေးဆရာလေး၏ အခြေနေအား တင်ငွေတစ်ယောက် ဆရာဖြစ်သူ ဦးဇော်မျိုးထံသို့ ဖုန်းဆက်အကြောင်းကြားနေသည်အား စာရေးဆရာလေး ကြားသိသွားခဲ့ရသည်။ သို့ပေမယ့် အမူယာမပျက် ရူးချင်ယောင်သာ ဆက်လက်ဆောင်ထားခဲ့သည်။

' ခင်ဗျားက ကျုပ်ကို အရူးလို့ပြောတယ်ပေါ့ဟုတ်လား … ကျုပ်က မရူးဘူး … ရူးနေတာက ခင်ဗျား … ခင်ဗျားကအရူးကြီး '
' ဟုတ်တယ် ငါကအရူး … မင်းရူးလား မရူးလားဆိုတာ … အခုတော့ အဖြေပေါ်မှာပေါ့ … ကေသဇင်စိုး … ကေသဇင်စိုးဆိုတဲ့ မိန်းကလေးကို သိလား '

သက်သာခါစ စိတ်ရောဂါဝေဒနာရှင် စာရေးဆရာလေးမှာ ကေသဇင်စိုးဟူသော မိမိ၏ချစ်သူ ကောင်မလေးအမည်အား ကြားလိုက်ရသည့်နှင့် ရုတ်တရက်မျက်နှာပျက်သွားရပြီး ဝမ်းနည်းဆို့နစ်သွားခဲ့ရသည်။
' ဟား … ဟား မင်းမရူးဘူးမဟုတ်လား… '
မိမိ၏ အမူအား တင်ငွေတစ်ယောက် ရိပ်စားမိသွားမည်ကို စိုးရိမ်၍ ချစ်သူကောင်မလေး၏ အမည်အား ကြားလိုက်ရပြီး ဝမ်းနည်းသွားခဲ့ရသော်လည်း စာရေးဆရာလေးမှာ ဟန်ဆောင်မှု့ကောင်းစွာဖြင့်
' သိတာပေါ့ … အဲ့ဒါဘယ်သူလဲ '
' ဟင် … ကေသဇင်စိုးလေ … မင်းချစ်သူလေ သိတယ်မဟုတ်လား '
' ကေသဇင်စိုး သိတာပေါ့ ငါ့ချစ်သူ သူကဘုရင်မလေ '
' ဟာကွာ … ဒီအရူးနဲ့ငါနဲ့ကတော့ … မင်းသိအောင်ပြောပြမယ် … လွန်ခဲ့တဲ့ ၂နှစ်ကျော်တုန်းက မင်းကောင်မလေး ကေသဇင်စိုးကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တဲ့သူတွေထဲမှာ ငါလဲပါတယ် '
' ဘာ … '
' ဟား … ဟား မင်းမရူးဘူးပဲ … ကဲဒါဆို လိုရာဆုသာ တောင်းပေးတော့ '
နာကျည်းသော လေသံနှင့် စာရေးဆရာလေးမှာ မျက်ရည်များဆီးကျလာပြီး နှုတ်မှ ဒေါသကြီးစွာအော်မိလိုက်သည်။ ထိုသို့အမူယာပျက်သွားသော စာရေးဆရာလေးအား တင်ငွေတစ်ယောက်မှာတော့ အသင့်ကိုင်ဆောင်ထားသည့် ဓားဖြင့် အသေသတ်ရန် ရွယ်လိုက်စဉ်တွင်
' နေဦး … အဓမ္မကျင့်တဲ့ အထဲမှာ ငါလဲပါမယ်လေ … ဟုတ်တယ် ငါလဲပါမယ် ငါလဲပါမယ် '
' ဟင် … '
မျက်ရည်များဆီးကျနေပြီး ဆက်လက် ရူးချင်ယောင်ဆောင်လိုက်သော စာရေးဆရာလေးအား တင်ငွေတစ်ယောက် ကြောင်တောင်တောင် ငေးကြည့်နေမိသည်။
' ဟာကွာ … မင်းမရူးဘူးဆိုမှ ငါက သတ်ချင်တာ အရူးကိုတော့ ငါလဲမသတ်ချင်ဘူး … အေး ဒါပေမယ့် တစ်ခုတော့ရှိတယ် … မင်းကိုငါသိပ်မယုံသေးဘူး စောင့်ကြည့်နေဦးမှာ … အခုအကြောင်းတွေ တစ်ခြားသူတွေ သိလို့ကတော့ မင်းတို့တစ်မိသားစုလုံး မလွဲဘူးသာမှတ် … ကြားလား ဟေ့ကောင် မီးလောင်တိုက်သွင်းပစ်မယ် '
' ဟင် … မီးလောင်တိုက် သွင်းပစ်မှာဟုတ်လား … ကောင်းတယ် ကောင်းတယ် … မီးလောင်လို့ ပြာဖြစ်သွားရင် ငါကတော့ သွားတိုက်ပစ်လိုက်မယ် ဟား ဟား သွားတိုက်ပစ်မယ် သွားတိုက်ပစ်မယ် '
' လာလာ … မင်းမိဘတွေ ပြန်လာခါနီးပြီး '

ပုံမှန်စိတ်အနေအထားသို့ ပြန်လည်ကောင်းမွန်လာသော်လည်း စာရေးဆရာလေးမှာ မိမိ၏ အနားတွင် အနီးကပ်ရန်သူရှိနေခြင်းကြောင့် အရူးတစ်ယောက်သဏ္ဍန်သို့သာ ဆက်လက်၍ ဟန်ဆောင်ထားခဲ့ရသည်။
' အင်း … ငါထင်တဲ့အတိုင်း ဒီလူက ငါတို့နောက်ကျောကို ဓားနဲ့ထိုးမယ့်သူပါလား ငါ့အကြောင်းတွေ ဘယ်သူ့ဆီ သတင်းပေးနေတာလဲ … ဒီအကြောင်းတွေကို အဖေအမေတို့သိတာနဲ့ ငြိမ်ခံနေမှာမဟုတ်ဘူး … ငါပြောပြလိုက်ရင်ကောင်းမလား …  မဖြစ်ပါဘူး ငါ့ကြောင့် ငါ့မိဘတွေပါ ဒုက္ခရောက်ရလိမ့်မယ် … ငါ့ရဲ့ဇာတ်လိုက်ငါးယောက်ကိုပဲ စောင့်နေရင်းနဲ့ အခုလိုဟန်ဆောင်ထားတာ ကောင်းပါတယ်လေ '

စာရေးဆရာလေး၏ မိဘများဟာ ညီအစ်ကိုမောင်နှမကဲ့သို့ ရင်းနှီးကျွမ်းဝင်သော တင်ငွေနှင့် စာရေးဆရာလေးအား စိတ်ချစွာ ထားစေခဲ့သည်။ တင်ငွေ၏ အကြောင်းအား စာရေးဆရာလေးတစ်ယောက် သိလိုက်ရသော်လည်း မိဘများကိုမူ အသိမပေး။ မိမိအား ကယ်တင်ပေးမည်ဟူသော လူငယ်ငါးယောက်၏ အလာကိုသာ ရူးချင်ယောင်ဆောင်လျက် စောင့်နေလေတော့သည်။

ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ စာရေးဆရာလေးဆီမှ ညလုံးပေါက် တစ္ဆေကိုက်နေသည်ဟူသော အိမ်ကြီးအကြောင်းအား မေးမြန်းခဲ့ပြီး ယခုအချိန်၌ ကိုယ်ဆီ အိပ်ငိုက်နေလျက်ရှိကြသည်။ အိမ်ကြီးအတွင်းသို့ ဝင်ရောက်နေရာယူစေပြီး ပြောင်တင်းနေသည့် ကြမ်းပြင်အပေါ်သို့သာ ကျောခင်းလှဲချလျက်
အိပ်မည်ဟု စိတ်ကူးမရှိ သို့ပေမယ့် ကျွန်ုပ်၏မျက်လုံးများဟာ ထိန်းချုပ်မရပဲ ခေတ္တအိပ်ပျော်သွားခဲ့လေသလား။ နားတွင်း၌ ရှိုက်ငင်စွာ ငိုကြွေးနေသော မိန်းကလေးတစ်ဦး၏ ငိုသံအား ကြားနေခဲ့ရသည်။
' ဟင် … တန်ခိုး … မျှားကလေး '
ရုတ်တရက် ကျွန်ုပ်နိုးလာခဲ့သည်။ ဘေး၌ရှိသော ကျွန်ုပ်၏ သူငယ်ချင်းလေးယောက်အား မတွေ့ရပဲ ကျွန်ုပ်တစ်ဦးတည်းသာ အိမ်ကြီးအတွင်း၌ ရှိနေခဲ့သည်။ ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သည်နှင့် မှောင်စပျိုးနေခဲ့ပြီး ညဦးပိုင်းသို့ရောက်ချေတော့မည်။ ကျွနုပ်၏ိံစိတ်အတွင်း၌ ခေတ္တအိပ်ပျော်သွားခဲ့သည်ဟု ထင်မှတ်နေခဲ့သော်လည်း ယခုနိုးလာသည်က မိုးချုပ်လုနီးပါး ဖြစ်နေချေခဲ့ပြီ။
' ဒီကောင်တွေ ဘယ်ရောက်သွားပါလိမ့် …  '
' ငါအိပ်ပျော်နေလို့များ မနှိုးသွားတာဖြစ်မယ် '
ကျွန်ုပ်၏ဘေးတွင် မရှိကြသော သူငယ်ချင်းဖြစ်သူများဟာ မည်သည့်ဆီသို့ ထွက်ခွာသွားခဲ့သည်အား ကျွနုပ်မသိချေ။ ထင်မြင်ချက်များသာ တွေးတောမိလျက် ရှိုက်ငိုသံကြားနေရသည့် အသံလာရာဆီသို့ ကျွန်ုပ်ဦးတည်မည်ဖြစ်သည်။ အသံလာရာဆီကား အိမ်ကြီး၏ အပေါ်ထပ်ဆီမှပင်ဖြစ်ပြီး တတ်ကြွသော ခြေလှမ်း ကြောက်လန့်ခြင်းများ ကျွန်ုပ်၏ စိတ်အတွင်း၌ ပျောက်ကွယ်နေခဲ့ပြီး အသံလာရာဆီသို့ ဦးတည်တတ်ရောက်လာခဲ့လေသည်။ ပိတ်ထားသည့် အိပ်ခန်းတံခါးဟာ ပွင့်နေခဲ့ပြီး အနက်ရောင် စန္နယားလေးအရှေ့၌ အခန်းအား နောက်ကျောပေးထားသည့် မိန်းကလေးအား တွေ့လိုက်ရပြန်သည်။
' မိန်းကလေး … ခင်ဗျားက ဒီိအိမ်ကြီးမှာ အသတ်ခံလိုက်ရတဲ့ ကေသဇင်စိုးဆိုတာလား '
အိပ်ခန်း၏ အပေါက်ဝမှ နောက်ကျောပေးထားသော ရှိုက်ငိုနေသည့် ထိုမိန်းကလေးအား ကျွန်ုပ်မေးလိုက်သည်။
' ဟုတ်ပါတယ် … '
' ခင်ဗျားအကြောင်းကို ခင်ဗျားချစ်သူဆီက ကျုပ်တို့သိလာရပါပြီ … ကျုပ်တို့ မကေ အတွက် လူယုတ်မာတွေကို လက်စားချေပေးပါ့မယ် '
' မလုပ်နဲ့ … ရှင်တို့ပဲ ဒုက္ခရောက်ရလိမ့်မယ် … ကျွန်မကို ဦးဇော်မျိုးတို့ ချုပ်ထားတယ် … ကျွန်မဒီအိမ်ကြီးထဲကနေ ဘယ်နေရာကိုမှ သွားလို့မရဘူး … ရှင်တို့အားလုံးကို ဦးဇော်မျိုး ဒုက္ခပေးလိမ့်မယ် '
' ပေးစမ်းပါစေဗျာ… သူတို့လုပ်ခဲ့တဲ့ လုပ်ရက်က ရာဇဝဏ်ဘေး ပြေးမလွတ်ပါဘူး … ခင်ဗျားဓာတ်ပုံထဲမှာ တစ်ခုခုကို စိုးရိမ်နေတဲ့ အမူယာတွေ တွေ့နေရတယ် … ပြီးတော့ ကျုပ်တစ်ယောက်တည်းပဲ မြင်နေရတာ ဘာကြောင့်လဲ '
' ဟုတ်တယ် … ရှင့်ကိုပဲ အသိပေးလို့ရတယ် ရှင့်ကိုဒီည ဦးဇော်မျိုးတို့ တစ်ခုခုလုပ်ကြံကြလိမ့်မယ် … ရှင်တို့အားလုံး ဒီအိမ်ကြီးကို ရောက်လာတဲ့နောက်ပိုင်း ကျွန်မကို အောက်လမ်းမှော်ဆရာကြီးက တင်းတင်းကြပ်ကြပ်ပိုပြီး ချူပ်နှောင်ထားခဲ့တယ် … ကျွန်မလဲ ဒီဘဝကြီးနဲ့ နေသားကျနေပါပြီ ကျွန်မအတွက် ဘာမှမလုပ်ပေးပါနဲ့တော့ … '
' ဟ … ဘယ်ဖြစ်မှာလဲဗျ … ခင်ဗျားလဲ ကျုပ်တို့ဘက်ကနေ တတ်နိုင်သလောက် ကူညီပေးပါလား အခုလောလောဆယ် ရဲရန်နိုင်ရဲ့ အိမ်လိပ်စာ ခင်ဗျားသိလား '
' သိတယ် … အဲ့ဒီအိမ်မှာ ကျွန်မအမေလဲရှိသေးတယ် … '
' ဟာ … ဒါဆို မြန်မြန်ပြောပါ ကျွန်တော်တို့အိမ်လိပ်စာ သိထားမှဖြစ်မယ်  '
' အိမ်လိပ်စာက … … … … … … … … ပါပဲ '
' ကျေးဇူးတင်ပါတယ် ကေသဇင် ကျွန်တော်တို့အားလုံး ခင်ဗျားအတွက် အစွမ်းကုန်ကူညီပေးသွားမှာပါ … ကျွန်တော်တစ်ခုလောက် တောင်းဆိုချင်တယ် … ခင်ဗျားကို တွေ့ရတိုင်း နောက်ကျောကိုပဲ တွေ့နေတယ် ကျွန်တော့ဘက်ကို လှည့်ကြည့်ပါလား '
' မတွေ့ချင်ပါနဲ့ … ကျွန်မမျက်နှာကို တွေ့ဘူးတဲ့ သူတိုင်း ဒီအိမ်ကြီးထဲကနေ စိတ်ဖောက်ပြန်ပြီး ထွက်သွားရတယ် '
' ဘယ်လို စိတ်ဖောက်ပြန်ပြီး ထွက်သွားရတယ်ဟုတ်လား … ကျွန်တော်လဲ အရင်က ဝိဥာဉ်တော်တော်များကို အကူညီပေးခဲ့ဘူးပါတယ် … သူတို့တွေရဲ့ ဥပတိရုပ်ဟာ ပြောင်းလဲမှု့တွေ မတွေ့ရဘူး … '
' မတူဘူး … ကျွန်မက ခမောက်စောင်းတဲ့ သရဲဘုရင်အဆင့်ရောက်နေပြီ … ရှင်တို့ ဆက်ပြီးကျွန်မအတွက် အကူညီပေးနေမယ်ဆိုရင် ဦးဇော်မျိုးက ကျွန်မကို အသုံးချပြီး ရှင်တို့နဲ့ တိုက်ခိုက်ခိုင်းလိမ့်မယ် '
' ဘယ်လို … '

မာန်ပါပါပြောဆိုနေသော ကေသဇင်စိုး၏ ပြောစကာများ ပြောမဆုံးခင်အချိန်၌ ကျွနုပ်၏ လက်ကိုင်ဖုန်းဟာ ရုတ်တရက် အသံထွက်ပေါ်လာချေသည်။
' အေး … လမ်းလေးပြော '
' မင်းနိုးနေပြီလား … မင်းပင်ပန်းပြီး အိပ်မောကျနေတာနဲ့ ငါတို့မနှိုးသွားခဲ့တာ … အခုမင်းအိမ်ပြန်လာခဲ့တော့ … မင်းအိမ်မှာ ငါတို့အားလုံးနဲ့ ကိုမောင်ဝင်းရှိနေတယ် '
' ဟင် … ကိုမောင်ဝင်း ပြန်ရောက်နေပြီဟူတ်လား '
' အေးဟုတ်တယ် … ဆိုင်ကယ်တစ်စီးခြံထဲမှာ ထားခဲ့တယ် … မြန်မြန်လာခဲ့တော့ '
' အေးအေး ဒါပဲ … ငါအခုလာပြီ …'
' ဟင် !…မိန်းကလေး '
သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ ဖုန်းပင်ဖြစ်ချေပြီး မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ခရီးမှ ပြန်ရောက်လာပြီဟု သိရှိလိုက်ရသည်။ ဖုန်းအား လျင်မြန်စွာချလိုက်ပြီး မိန်းကလေးအား ပြန်လည်ကြည့်မိလိုက်သည်နင့် အိပ်ခန်းတံခါးဟာ ပိတ်လျက်သားပြန်ဖြစ်နေခဲ့ပြီး မိန်းကလေး၏ အရိပ်ယောင်ကိုလဲ မတွေ့ရတော့ချေ။ ကျွန်ုပ်၏ စိတ်အတွင်း၌ အိပ်မက်မက်နေသည့်အလား ထင်ယောင်မိခဲ့သည်။ သို့ပေမယ့် အိပ်မက်ပင်မဟုတ် ။ ကိုမောင်ဝင်းအား ထိုအိမ်ကြီးနှင့် ပတ်သတ်ပြီး သေချာစွာရှင်းပြချင်စိတ်များ ပြင်းထန်နေခဲ့သောကြောင့် အောက်ထပ်သို့ လျင်မြန်စွာ ဆင်းကာ အိမ်မကြီးတံခါးအား ပိတ်ချေပြီး အသင့်ရှိနေသည့် ခြံအတွင်းမှ ဆိုင်ကယ်အား စက်နိုးမောင်နှင်ကာ ကျွန်ုပ်၏ိံ နေအိမ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ချေတော့သည်။

' ထီးကလေးက အိမ်မှာမရှိဘူးလား '
' နေ့လည်က ကျွန်တော်တို့ အိမ်ကြီးမှာအားလုံးရှိနေကြတာ … ညနေဆောင်းတော့ ကိုသန်းနိုင်ဝင်းက ကိုမောင်ဝင်းခရီးက ပြန်ရောက်လာပြီးလို့ အကြောင်းကြားတာနဲ့ ချက်ချင်းထွက်လာခဲ့တာပဲ … ထီးလေးတော်တော်လေး ပင်ပန်းပြီး အိပ်မောကျနေတာနဲ့ မနှိုးခဲ့တော့တာ '
' ဟင် … ဒါဆို ကိုထီးကလေးက တစ္ဆေကိုက်နေတဲ့ အိမ်ကြီးမှာပေါ့ဟုတ်လား … သူ '
' ဟားဟား …  သူ့အတွက်မစိုးရိမ်ပါနဲ့ဗျာ … အိမ်ကြီးမှာက အားလုံးပြေပြေလည်လည် ဖြစ်သွားပါပြီ  '
' ဟင် … ပြေပြေလည်လည်ဖြစ်သွားပြီ အေးဗျာ … ကျုပ်လဲ ရုတ်တရက် ခရီးထွက်သွားရတာနဲ့ ခင်ဗျားတို့ငါးယောက်ကိုတောင် ပြောမသွားဖြစ်လိုက်ဘူး အခုလဲမနက်ကသွားပြီး ညနေရအောင် ပြန်လာခဲ့တာပဲ အကြောင်းကိစ္စကတော့ လူသတ်မှု့ပေါ့လေ '
' လူသတ်မှု့ … အခုရော '
' ဟုတ်တယ်ဗျ … အခုထိ လူသတ်တရားခံကို မမီသေးဘူး တရားခံက လူသတ်ပြီးတိုင်း အနားမှာ နှင်းဆီပန်းအနက်ရောင်လေး ချထားခဲ့တယ် … သိပ်လျင်တဲ့ လူသတ်သမားဗျ … အဲ့ဒီအမှု့ကို အခုလိုက်နေရတယ် … အထက်ကလဲ ကျုပ်ကို တာဝန်တွေအပြည့်ပေးထားတော့ အချိန်မရွေးတာဝန်အရ ခရီးထွက်ရဦးမှာပဲ  … '
' နှင်းဆီပန်းအနက်ရောင်လေး ချထားခဲ့တယ်ဆိုတော့ ဒါသက်သက် သဲလွန်စပေးပြီး ရဲတွေကို မျက်စိလည်အောင် လုပ်တာပဲဖြစ်ရမယ် '
' သိပ်ဟုတ်တာပေါ့ဗျာ … နေပါဦးဒါနဲ့ ကိုတန်ခိုးတို့ ကျုပ်ကို မျှော်နေပုံရရင် … ခြံအမှတ်၆၆ နဲ့ပတ်သတ်ပြီး တစ်ခုခုသိထားရပြီနဲ့ထင်တယ် '
' သိပ်သိထားတာပေါ့ ကိုမောင်ဝင်းရာ … '
' ဘယ်လို အကြောင်းမျိုးလဲဗျ … '
' ထီးကလေး ရောက်လာတာနဲ့ ကိုမောင်ဝင်းကို သူသေချာရှင်းပြလိမ့်မယ် … တရားခံကတော့ နိုင်ငံကျော် ရုပ်ရှင်မင်းသား ရဲရန်နိုင်ပဲ '
' ဘယ်လို မင်းသားရဲရန်နိုင်ဟုတ်လား '

မင်းသားရဲရန်နိုင်၏ အောင်မြင်မှု့များဟာ တစ်နိုင်ငံလုံးသိရှိထားပြီး။ တန်ခိုး၏ ပြောစကားကြောင့် ရဲအုပ်မောင်ဝင်းမှာ အံ့အားသင့်သွားခဲ့လေသည်။

မနှေးမမြန် ပုံမှန် မောင်းနှင်လာသော ကျွန်ုပ်၏နေအိမ် အိမ်ပြန်လမ်းအရှေ့တွင် လူတစ်ဦး လဲကျနေသည်အား တွေ့ရှိလိုက်ရပြီး ဘရိတ်ဆွဲကာ ဆိုင်ကယ်အား ရပ်တန့်လိုက်ရသည်။ထို့နောက် ဆိုင်ကယ်အပေါ်မှ ဆင်း၍ လဲကျနေသည့် ထိုသူအနားသို့ ကျွနိုပ်ဖြေးညင်းစွာသွားလိုက်ပြီး
' နောင်ကြီး … ဟေ့ နောင်ကြီး '
လဲကျနေသည့် ထိုလူ၏ ပုံစံမှာ မြေပြင်ပေါ်၌ မှောက်လျက်ရှိနေခဲ့ပြီး။ ကျွန်ုပ်၏အသံအား မကြားရလေသလား တုတ်တုတ်မျှမလှုပ် ငြိမ်သတ်နေလေသည်။ သို့နှင့် ထိုလူအား ကျွန်ုပ်ဆွဲထူမည်အလုပ် အသင့်ရှိနေသည့် သူ၏ဓားဦးဟာ ကျွနိုပ်၏ ရင်ဘက်ဆီသို့ ရုတ်တရက် ဦးတည်လာခဲ့လေသည်။ သတိထားနေသည့် ကျွန်ုပ်အဖို့ ထိုသူ၏ ဓားဦးအား လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်ပြီး ကိုင်ဆောင်ထားသည့် ဆိုင်ကယ်ဦးထုတ်နှင့် ထိုသူ၏လက်အား ရိုက်ချမိလိုက်ချေသည်။ ထို့နောက် ထိုသူမှာ ကျွန်ုပ်နှင့်အပြန်အလှန် ထိုးကြိတ်တိုက်ခိုက်ရင်း အထိနာသည့်အဆုံး အမှောင်ထုဆီသို့ ပြေးဝင်လေတော့သည်။ ထိုသူဟာ ကျွန်ုပ်၏အသက်အား ရန်ရှာခဲ့သူဖြစ်သောကြောင့် အလွတ်ပေးမည့်ဟု စိတ်ကူးမရှိ။ ထိုသူ၏အနောက်သို့ ကျွန်ုပ်အမှီလိုက်လေတော့သည်။ ထိုသူမှာ အင်မတန်မှ လျင်မြန်သွက်လက်သူ တစ်ယောက်ဖြစ်သည့်အလား လမ်းချိုးတစ်ကွေ့၌ အရိပ်ယောင်မျှမတွေ့ရတော့ပဲ ပျောက်ကွယ်သွားခဲ့လေသည်။
' မလုပ်ပါနဲ့ … ကျွန်မအဲ့ဒီမှာ မနေချင်တော့လို့ပါ မလုပ်ပါနဲ့'
ပျောက်ကွယ်သွားသည့် ထိုသူအား ပတ်ဝန်းကျင်တစ်ခုလုံးသို့ ကျွန်ုပ်၏မျက်လုံးတစ်ဆုံး အကဲခတ်ကြည့်နေစဉ်အချိန်၌ပင် အရှေ့စူးစူးမှ မိန်းကလေးတစ်ဦး၏ အော်သံနှင့်အတူ လူတစ်စု၏ လက်အတွင်းမှ အလွတ်ပြေးနေခဲ့သည်အား တွေ့ရှိလိုက်ရသည်။ ထို့နောက် ကျွနိုပ်၏အနားသို့အရောက် ထွက်ပြေးလာသည့် မိန်းကလေးမှာ ထိုသူများ၏ လက်အတွင်းသို့ ရောက်ရှိသွားစေခဲ့ပြီး မိန်းကလေး၏ ပါးပြင်မျာအား မညာမတာရိုက်နှပ်ချေတော့သည်။ သို့နှင့်
' ဟေ့လူတွေ … ရပ်လိုက်စမ်း '
ကျွန်ုပ်၏အရှေ့တည့်တည့်တွင် မြင်တွေ့နေရပြီ အားနွဲ့သည့် မိန်းကလေးအား မညာမတာရိုက်နှပ်နေသည့် ထိုလူတစ်စုအား ကျွန်ပ်တာစီးလိုက်လေသည်။

' ကိုယ့်လူတို့ မိန်းမသားတစ်ယောက်ကို ဒီလိုမဆက်ဆံသင့်ဘူးလို့ ကျုပ်ထင်တယ် '
' မင်းနဲ့ဘာဆိုင်လဲ မင်းနဲ့မဆိုင်ရင် ကိုယ့်လမ်းကိုယ်သွားတာ ကောင်းလိမ့်မယ် ထင်တယ် '
' အမြင်မတော်လို့ ပြောနေတာ '
' အောင်မာ … ဒီကောင်မက ဘယ်နေရာက ထင်လို့လဲ … ငါတို့စားသောက်ဆိုင်က ကောင်မ … ထွက်ပြေးလို့လိုက်ဖမ်းနေရတာ မင်းနဲ့မဆိုင်ဘူး ကိုဟ့်လမ်းကိုဟ်သွားပါ မဟုတ်ရင် ငါ့တို့အဆိုးမဆိုနဲ့ '
' စာသောက်ဆိုင်က မိန်းကလေးလဲ လူတစ်ယောက်ပဲ … ဒီလိုမပြုမူသင့်ဘူး '
'ဟာကွာ … စကားများတယ် '
ထိုသူများဟာ နှစ်ယောက်ဖြစ်ပြီး ကျွန်ုပ်ဟာ တစ်ယောက်တည်းပင် ဖြစ်ချေသည်။ အမြင်မတော်သည့် ထိုမြင်ကွင်များအား မျက်ကွယ်မပြုချင်သည့် ကျွန်ုပ်နှင့် ထိုသူတို့ အပြန်လှန်ပြောဆိုကြရင် တိုက်ခိုက်ရန် ဟန်ပြင်လေတော့သည်။ ထိုသူတို့အား အနီးရှိ တုတ်ဖြင့် ကျွန်ုပ်ရိုက်နှပ်စေခဲ့ပြီး ကျွန်ုပ်၏တိုက်ခိုက်မှု့အောက်တွင် အရှုံးပေးကာ ပြေးရှောင်သွားလေတော့သည် ။ ထို့နောက် ကျွန်ုပ်နှင့်အတူ မိန်းကလေးသာ ကျန်ရှိနေခဲ့ပြီ
' မိန်းကလေးက ဘဟ်ကလဲ ဘယ်ကိုပြန်မှာလဲ '
' ကျွန်မက မိုးမြင့် စားသောက်ဆိုင်က မိန်းကလေးတစ်ယောက်ပါ ကျွန်မမလုပ်ချင်တဲ့ အလုပ်ကို မမကြီးက အတင်းခိုင်းတာနဲ့ ထွက်ပြေးလာခဲ့ရတာ '
' မမကြီးဆိုတာ … '
 'ကျွန်မတို့မောင်နှမ နှစ်ယောက်ကို ကျွေးမွေးထားတဲ့ ဆိုင်ရှင်အမကြီးပါ '
' ဒါဆို အခုမိန်းကလေးက ဘယ်ကို ပြန်မှာလဲ '
' ဆိုင်ကိုပဲ ပြန်မှာပါ '
 'ဟင် … ဖြစ်ပါ့မလား မမကြီးနဲ့ပြန်တွေ့နေရရင် ဘယ်လိုလုပ်မလဲ '
' အခုလောက်ဆို ဟိုလူတွေလဲ ပြန်သွားလောက်ပါပြီ …  ဆိုင်မှာမောင်လေး ကျန်နေခဲ့တယ် … ကျွန်မမပြန်ရင် မောင်လေးကို သူတို့နှိပ်စက်နေလိမ့်မယ် … ကျွန်မကို ခွင့်ပြုပါဦး '
' ဟင် … မိန်း … မိန်းကလေး နေဦးလေ '
ထိုသို့ပြောကာ ကျွန်ုပ်၏အရှေ့မှ မိန်းကလေး အပြေးထွက်ခွာသွားချေတော့သည်။ ဆိုင်ကယ်ရှိရာသို့ ကျွနိုပ်ပြန်လည်ဦးတည်သွားပြီး ထိုမိန်းကလေး၏ အနောက်သို့ အကဲခတ်လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

                            ***
' ဘယ်လိုလဲ … မမလေး အဆင်ပြေရဲ့လား '
' အေးပြေတယ်ညီမလေး … မမကြီးရော '
' ရှိပါတယ်ရှင် ရှိပါတယ် ဘယ်လိုလဲနွယ် ထီးကလေးနဲ့ဆုံခဲ့ရပြီ မဟုတ်လား '
' ဟုတ်ကဲ့ မမကြီး သူသမီးအနောက်ကို လိုက်လာမှာ သေချာတယ် '
' ကဲ … ဟုတ်ပြီ ရွာမှာတုန်းက ပြဇာတ်တိုက်သလို ဇာတ်လမ်းလေး ကပြလိုက်တာပေါ့ '

  မိန်းကလေးအား ထပ်မံ၍ မနှိပ်စက်စေရန် သူမပြောသွားသည့် မိုးမြင့်စားသောက်ဆိုင်ရှိရာသို့ လိုက်လံအကဲခတ်စေရန် ကျွန်ုပ်ရောက်ရှိလာခဲ့လေသည်။ အချိန်ကား ည၁၀ နာရီရှိနေခဲ့ပြီး။ လူအများနှင့် စည်းကားနေသည့် စားသောက်ဆိုင်အရှေ့တွင် ဆိုင်ကယ်အား ရပ်တန့်ထားစေခဲ့ပြီး မိန်းကလေးအား ကျွန်ုပ်ရှာဖွေနေခဲ့သည်။ ထို့နောက် ဆူညံသံသဲ့သဲ့ ကြာနေရသည့် အခန်းတစ်ခန်းဆီသို့ ကျွန်ုပ်ချောင်းကြည့်အကဲခတ်ရန် ဦးတည်လိုက်ပြီး ထိုအခန်းဟာ ဆိုင်ရှိမိန်းကလေးများ နားနေဆောင်ပင် ဖြစ်ချေခဲ့သည်။
' မလုပ်ပါနဲ့ မမကြီးရယ် သမီးနောက်တစ်ခါ ထွက်မပြေးတော့ပါဘူး … '
' နင့်ကြောင့် ဧည့်သည်နှစ်ယောက် စိတ်ညစ်သွားရပြီ အဲ့ဒါကြောင့် နင့်မောင်လေးကို ဒီနေ့ထမင်းမကျွေးဘူး '
' မလုပ်ပါနဲ့ မမကြီးရယ် … သမီးမစားရရင်နေပါ့စေ … မောင်လေးကိုတော့ ထမင်းကျွေးပါ '
' ကျွေးမယ် ဒီမှာကြည့် … '

ထိုအခန်းအတွင်းမှ ကျွနိုပ်မြင်တွေ့လိုက်ရသော မြင်ကွင်းဟာ အင်မတန်မှ ရက်စက်လှသည်။ မသန်မစွမ်း လူငယ်လေးတစ်ယောက်အား ထမင်းကျွေးမည်ဟု ဆိုကာ ကြမ်းပြင်ပေါ်သို့ ထမင်းပန်းကန်မောက်ချစေပြီး ကြမ်းပြင်ပေါ်မှ ထမင်းများအား ကောက်စားနေခဲ့သော လူငယ်လေးတစ်ယောက်ကို တွေ့ရှိလိုက်ရလေသည်။ မသန်မစွမ်းဖြစ်နေသည့် ထိုလူငယ်လေးမှာ ကျွန်ုပ်နှင့် ဆုံခဲ့ဘူးသော မိန်းကလေး၏ မောင်လေးပင်ဖြစ်ချေသည်။ ဆိုင်မှ သူမထွက်ပြေးသွားသည်ကြောင့် မောင်ဖြစ်သူအား ထမင်းမကျွေးဘူးဟု ဆိုကာ ကြမ်းပြင်ပေါ်သို့ ထမင်းပန်ခံသွန်ချစေခဲ့ပြီး ကြမ်းပြင်ပေါ်မှ ထမင်းများအား အားပါးတရ ကောက်ယူစားနေသော မသန်မစွမ်းလူငယ်လေးအား တွေ့ရှိလိုက်ရသည်။
' မောင်လေးရယ် မမကြောင့်ပါ '
' မှတ်ထား ညည်းနောက်တစ်ခါ ထွက်ပြေးမယ်ဆိုရင် ဒီမသန်မစွမ်းကို အသေသတ်ပစ်မယ် နားလည်လား '
'  ဟုတ် … ဟုတ်ကဲ့ မမကြီး '
' မမ … တားမဝါတေးဖူး'
'မမကြီး သမီးမောင်လေး မဝသေးလို့ နည်းနည်းလောက် ကျွေးပါဦးလား '
' ကောင်းပြီ … ဟေ့ … အဲ့ဒီမှာ စားပြီးသာ အရိုးတွေနဲ့ ထမင်းတွေယူလာခဲ့ သူ့မောင်ကို ကျွေးလိုက် '

ကြမ်းပြင်အပေါ်မှ ထမင်းများအား ကောက်ယူစားနေသည့် မသန်မစွမ်းလူငယ်လေးဟာ အမဖြစ်သူမိန်းကလေးအား မပီသသော စကားသံများနှင့် မဝသေးဘူးဟုဆိုသောကြောင့် အများတကာ စားပြီးသားအကျွင်းအကျန်များအား ဆိုင်ရှင်မိန်းမကြီးမှ ယူဆောင်ကျွေးမွေးခဲ့သည်။

' တောက် ! … တော်တော်ရက်စက်တဲ့ မိန်းမကြီးပါလား … တွေ့ကြသေးတာပေါ့ '
ထိုမြင်ကွင်အား မြင်တွေ့လိုက်ရသည့် ကျွန်ုပ်အဖို့ လွန်စွာမှခံပြင်းလွန်းလှသည်။ သို့နှင့် နေအိမ်တွင် စောင့်မျှော်နေကြမည့် မိတ်ဆွေများအား အားနာလွန်းလှသဖြင့် ထိုစားသောက်ဆိုင်ဆီမှ ကျွန်ုပ်အိမ်အပြန်လမ်းအာ ပြန်လည်ဦးတည်လာခဲ့လေတော့သည်။

' ဘယ်လိုလဲ ပြန်သွားပြီလား .… '
' ပြန်သွားပြီမမကြီး … '
' ဟား … ဟား ဒါပဲပေါ့ မင်းတို့အားလုံး သရုပ်ဆောင်ကောင်းကြတယ် … ဒီမြင်ကွင်းကို တွေ့သွားတဲ့ မဟုတ်မခံ အရာရာပါတဲ့ ထီးကလေးဆိုတဲ့ ငနဲတော့ ခံပြင်းနေမှာသေချာတယ် … '
' ဟုတ်တယ်မမကြီး … '
' မကြာခင်မှာ အဲ့ဒီထီးကလေးဆိုတဲ့ ကောင် … ငါတို့ဆိုင်ကိုရောက်လာလိမ့်မယ် … ဟားဟား ဟား '
' ဟင် … ကျုပ်စုံစမ်းရသလောက် ထီးကလေးဆိုတဲ့ သူက အထက်ဂိုဏ်းတတ်ထားတဲ့ သူတစ်ယောက်လို့ သိရတယ် … ဒီလိုဆိုင်မျိုးကိုလာပါ့မလား '
' အဲ့ဒါပဲ … နင်တို့အဲ့ဒါကြောင့် သူများနောက်လိုက်ပဲဖြစ်နေတာ … ထီးကလေးရဲ့ ရာဇဝင်ကို ငါကောင်းကောင်းသိတယ် … သူ့မှာတစ်ချိန်တုန်းက သိပ်ချစ်ရတဲ့ ဖြူဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ကံအကြောင်းမလှလို့ ဖြူက သူနဲ့မပေါင်းလိုက်ရပဲ သေသွားခဲ့ရတယ် … အခု နွယ်က သူ့ကောင်မလေးဖြူနဲ့ ရုပ်ချင်းတော်တော်တူတယ် … အဲ့ဒီအတွက်ကြောင့် ဒီလိုဘဝကိုရောက်နေရတဲ့ နွယ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ သူလာကယ်မှာပဲ … အဲ့ဒီအခါကြရင် အစ်ကိုကြီးခိုင်းထားတဲ့ အတိုင်း ငါတို့လုပ်လိုက်ရုံပဲပေါ့ … ဟားဟား … မိနွယ် နင်လဲ ဒီအတိုင်းပဲ ဆက်ပြီဟန်ဆောင်ထားပေးပါ … မဟုတ်လို့ကတော့ နင့်သမီးလေးနဲ့ တစ်သက်လုံး ပေးမတွေ့ဘူးလို့မှတ် '
' ဟုတ် … ဟုတ်ကဲ့ပါမမကြီး … သမီးလေးနဲ့ ဘယ်နေ့တွေ့ရမလဲဟင် '
' တွေ့ရမှာပေါ့ … ထီးကလေး ဒီဆိုင်ကိုရောက်လာပြီး ငါတို့အကွက်ထဲဝင်လာပြီဆိုတာနဲ့ ငါခိုင်းတဲ့အတိုင်း အောင်မြင်အောင် လုပ်ပေးရင် နင့်သမီးလေးနဲ့ ပေးတွေ့မယ် … '
' ဟုတ် … ဟုတ်ကဲ့မမကြီး '
' ထီးကလေးကို ဘယ်လိုလုပ်မှာလဲ မမကြီး … သူ့အနောက်မှာ ဟိုလေးယောက်ရှိနေသေးတယ်နော် … ပြီးတော့ ဟိုရဲအုပ်မောင်ဝင်းဆိုတာလဲ ရှိသေးတယ် '
' ဟားဟားဟား … ငါတို့အကွက်ထဲကို ထီးကလေးဆိုတဲ့သူ ရောက်လာပြီဆိုတာနဲ့ ကျန်တဲ့ လေးယောက်အပါဝင် ရဲအုပ်မောင်ဝင်းကိုပါ တစ်ပါတည်းဒုက္ခပေးလို့ရပြီ … ဖော်ကောင်လုပ်ချင်တဲ့ ကောင်တွေ တစ်ခါတည်း အပျက်ရှင်းလို့ရပြီပေါ့ '
' ဟား … ဟား သိပ်တော်တာပဲ မမကြီးရာ '
' မသန်မစွမ်း သရုပ်ဆောင်ခဲ့တဲ့ ကျွန်းပြန်ဘမှန် သိပ်တော်တယ် … အစ်ကိုကြီးဇော်မျိုးခိုင်းတဲ့ အတိုင်း ငါတို့အောင်မြင်ခဲ့ရင် ငါတို့အားလုံး ချမ်းသာပြီ ဟားဟား '

မသန်မစွမ်းလူငယ်လေး အယောင်ဆောင်ထားသူမှာ လူသတ်မှု့များ ကျူးလွန်နေခဲ့ပြီး နှင်းဆီနက်ဟု ရဲအရာရှိများကြားတွင် အပြင်းအထန်လိုက်နေသော လူသတ်တရားခံပင် ဖြစ်ချေပြီး။ အကွက်ကျကျ ထောင်ချောက်ဇာတ်ကွက်ထဲတွင် မိန်းကလေး၏ မသန်မစွမ်းသော မောင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ထားခြင်းပင် ဖြစ်ချေသည်။ ခြံအမှတ် ၆၆နှင့်ပတ်သတ်၍ ဖော်ကောင်များလုပ်နေသော လူငယ်ငါးယောက်နှင့်အတူ ရဲအုပ်မောင်ဝင်းအား ထောင်ချောက်စင်ဖမ်းရန် ရဲရန်နိုင်၏ဖခင် ဦးမျိုးမြင့်၏စေခိုင်းချက်ဖြင့် ထိုသူများမှာ လုပ်ဆောင်နေခဲ့ခြင်းပင်ဖြစ်ချေသည်။

                                     ***
         ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                         ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
                    စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages