တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၁၁ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
မသန်မစွမ်းလူငယ်လေး အယောင်ဆောင်ထားသူမှာ လူသတ်မှု့များ ကျူးလွန်နေခဲ့ပြီး နှင်းဆီနက်ဟု ရဲအရာရှိများကြားတွင် အပြင်းအထန်လိုက်နေသော လူသတ်တရားခံပင် ဖြစ်ချေပြီး။ အကွက်ကျကျ ထောင်ချောက်ဇာတ်ကွက်ထဲတွင် မိန်းကလေး၏ မသန်မစွမ်းသော မောင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ထားခြင်းပင် ဖြစ်ချေသည်။ ခြံအမှတ် ၆၆နှင့်ပတ်သတ်၍ ဖော်ကောင်များလုပ်နေသော လူငယ်ငါးယောက်နှင့်အတူ ရဲအုပ်မောင်ဝင်းအား ထောင်ချောက်စင်ဖမ်းရန် ရဲရန်နိုင်၏ဖခင် ဦးမျိုးမြင့်၏စေခိုင်းချက်ဖြင့် ထိုသူများမှာ လုပ်ဆောင်နေခဲ့ခြင်းပင်ဖြစ်ချေသည်။
' အဲ့ဒါပဲ …ကိုမောင်ဝင်းရေ '
' တောက် !… ရိုင်းလိုက်တာဗျာ မထင်ရဘူး … အခုစာရေးဆရာလေးကရော … စိတ်အခြေအနေ ဘယ်လိုရှိလဲ '
' စာရေးဆရာလေးကတော့ နေပြန်ကောင်းနေပါပြီ…ဒါပေမယ့် သူ့ရဲ့လက်တွေကတော့ အခုချိန်ထိ ဘောပင်ပြန်မကိုင်နိုင်သးဘူး … မှတ်ဥာဏ်ကလဲ ပုံမှန် အကောင်းကြီးတော့မဟုတ်သေးဘူး'
' ဒါဆို မင်းသားရဲရန်နိုင်တို့ သားအဖနှစ်ယောက်က အဓိကတရားခံတွေပေါ့ … တွေ့ကြသေးတာပေါ့ဗျာ … ကျုပ်ကိုတိုင် ဖမ်းမယ် … အဲ့ဒီအိမ်ကြီးမှာရှိနေတဲ့ ပရလောကသားတွေကို ကိုထီးလေးတို့သူငယ်ချင်းတွေက ကျွတ်လွတ်နိုင်အောင် အကူညီပေးပါ … ရဲရန်နိုင်တို့သားအဖကိုတော့ ကျုပ်ကိုယ်တိုင် လက်ရဖမ်းမယ် '
'ဟုတ်တယ်ကိုမောင်ဝင်း … အဲ့ဒီအိမ်ကြီးထဲမှာ ဝိဥာဉ်တွေလဲ အချုပ်နှောင်ခံထားရတယ် '
' တော်တော်ရက်စက်တဲ့ သူတွေ … လူစိတ်မရှိတဲ့ လူယုတ်မာတွေ ကျုပ်ထင်တယ် လူကောင်းတွေကိုမှ ရွေးပြီးခြောက်လန့်နေတယ်ဆိုတည်းက အကြောင်းတစ်ခုခုတေတ့ရှိရမယ်ဆိုတာ … အခုလို အသိပေးတဲ့ ကိုထီးလေးတို့အားလုံးကို ကျုပ်မောင်ဝင်း ဆရာတင်မိပါတယ် … ရဲရန်နိုင် ရဲရန်နိုင် တွေ့ကြသေးတာပေါ့ကွာ … '
ခြံအမှတ် ၆၆နှင့်ပတ်သတ်ပြီး ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ စာရေးဆရာလေးထံမှ ကြားသိခဲ့ရသော အဖြစ်အပျက်များအား မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းထံသို့ အကြောင်းစုံရှင်းပြ ပြောဆိုလိုက်သည်။ ထိုဖြစ်ရပ်အား ကြားလိုက်ရသည့် မိတ်ဆွေရဲအုပ်မောင်ဝင်း တစ်ယောက်မှာတော့ လွန်စွာမှ ခံပြင်းဒေါသထွက်နေခဲ့ပြီး ရဲရန်နိုင်နှင့် သူ၏ဖခင်အား လက်ရဖမ်းစီးမည်ဟု ကြုံးဝါးပြောဆိုနေခဲ့သည်။
' အမှူ့တစ်ခုက မပြီးသေးဘူး တစ်ခုက ထပ်ပေါ်လာပြန်ပြီ … နှင်းဆီနက်ဆိုတဲ့ လူသတ်တရားခံက အခုရန်ကုန်ဘက်ကို ရောက်နေတယ်လို့ ကျုပ်တို့ရဲတပ်ဖွဲ့ သတင်းရထားတာနဲ့ နေ့ခြင်းရန်ကုန်ကို ပြန်လာခဲ့ရတာ … ရဲရန်နိုင်တို့သားအဖကို ဖမ်းဖို့အတွက် ဒုတိယအစီစဉ် ထားမှရတော့မယ် '
' ဒါဆို ကိုမောင်ဝင်းရုတ်တရက် ခရီးထွက်သွားရတဲ့ အကြောင်းက လူသတ်မှူ့ကြောင့်ပေါ့ဟုတ်လား '
' ဟုတ်တယ်ဗျ … လူသတ်တရားခံက အရမ်းလျင်တယ် … ရဲတပ်ဖွဲ့ကို တမင်သတ်သတ် စိန်ခေါ်နေသလိုပဲ … လူသတ်တယ် သတ်ပြီးရင် နှင်းဆီးပန်အနက်ရောင် တစ်ပွင့်ကို ချထားခဲ့တယ် '
' အင်း … ဒါဆိုရင် အခုရက်ပိုင်းတွေမှာ ကိုမောင်ဝင်းတော်တော်လေး အလုပ်ရှုတ်နေမှာပေါ့ '
' ဟုတ်တယ်ဗျ … အဲ့ဒီအမှု့အတွက် အထက်ကလဲ ကျုပ်ကိုတာဝန်တွေပေးထားတယ် … အခုပျောက်ဆုံးနေတဲ့ အမှု့တစ်ခုကလဲ ထပ်ပေါ်လာပြန်ပြီဆိုတော့ … ဟူး '
မည်သည့်အခါမှ မတွေ့ဘူးခဲ့သော မိတ်ဆွေရဲအုပ်ကိုမောင်ဝင်း၏ မျက်နှုာပြင်၌ ဖိစီးအမြောက်အများအား တွေ့နေခဲ့ရပြီး သက်ပြင်းတစ်ချက်အား ခပ်ခပ်ပြင်းချလိုက်လေသည်။
ထိုအချိန် စားပွဲအပေါ်၌ တင်လျက်ထားသော မိတ်ဆွေရဲအုပ်ကိုမောင်ဝင်း၏ လက်ကိုင်ဖုန်းမှာ ရုတ်တရက် မြည်သံထွက်ပေါ်လာချေခဲ့သည်။
' ဟယ်လို အမိန့်ရှိပါခင်ဗျာ စခန်းမှူးမောင်ဝင်းပြောနေပါတယ် … သြော် … ဟုတ်ကဲ့ဆရာ နောက် နာရီဝက်အတွင်း ကျွန်တော်ရောက်အောင် လာခဲ့ပါ့မယ် '
' ကဲ … ကိုထီးလေးတို့ရေ ရဲမှူးကြီးက ကျွန်တော့ကို ခဏလာပါဦးလို့ခေါ်နေပြီ … မနက်ဖြန်မိုးလင်းတာနဲ့ ရဲရန်နိုင်တို့အိမ်ကို သွားလေ့လာကြမယ် သြော် … တစ်ခုတော့ရှိတယ်ဗျ … မနက်ရှစ်နာရီကျော်လို့ ကျုပ်မရောက်လာဖြစ်ဘူးဆိုရင် တာဝန်တစ်ခုနဲ့ အလုပ်ရှုတ်သွားပြီလို့ မှတ်ပြီး ကိုထီးလေးတို့ လုပ်စရာရှိတာတွေ ဆက်လုပ်ထားပေးပါ '
' ဟုတ်ကဲ့ကိုမောင်ဝင်း … ရဲရန်နိုင်ရဲ့ အိမ်လိပ်စာကို ကျုပ်သိထားတယ် တကယ်လို့ ကိုမောင်ဝင်းမလာဖြစ်ဘူးဆိုရင် ကျုပ်တို့အရင်သွားလေ့လာနှင့်မယ် '
' အရာအားလုံး သတိဝီရိယ ရှိမှဖြစ်မယ်နော် ကိုထီးလေးတို့အားလုံး ဂရုစိုက်ပါ '
စိုးရိမ်ကြီးစွာ ကျွန်ပ်တို့အား အမှာစကားများပြောဆိုခဲ့ပြီး မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ထွက်ခွားသွားခဲ့ချေတော့သည်။
' ထီးလေး … မင်းကိုငါတို့အိမ်ကြီးမှာ တစ်ယောက်တည်းထားခဲ့ရတာက ကေသဇင်စိုးရဲ့ဝိဥာဉ်နဲ့ တွေ့ရအောင်ပဲ … ငါတို့ရှိနေရင် ကေသဇင်စိုးက ထွက်လာမှာမဟုတ်ဘူးလေ … အဲ့ဒါကြောင့် ငါတို့ခဏရှောင်ပေးလိုက်တာ '
' ဟုတ်တယ် ထီးလေး … နင်တစ်ခုခုများ သိခဲ့ရလား '
' ငါထင်ပါတယ် မင်းတို့အားလုံး ရှောင်ပေးသွားခဲ့တယ်ဆိုတာ သိပ်သိခဲ့ရတာပေါ့ … ကေသဇင်စိုးရဲ့ ပုံစံပြောင်းလဲနေတာကို မင်းတို့မမြင်ရဘူး … သူကပြောတယ် ငါ့တစ်ယောက်တည်းကိုပဲ အသိပေလို့ရတော့တယ်တဲ့ … ပြီးတော့ သူ့ဆီကနေ ရဲရန်နိုင်ရဲ့ အိမ်လိပ်ကို သိခဲ့ရတယ် '
' ဟ … သိပ်ကောင်းတယ်ကွာ … ဒါဆို မနက်ဖြန်ကိုမောင်ဝင်း မလာဖြစ်ရင်လဲ ငါတို့အားလုံး အရင်သွားလေ့လာကြည့်ကြတာပေါ့ '
' အင်း … ကေသဇင်စိုးကပြောသေးတယ် သူက သရဲဘုရင်ဘဝကို ရောက်နေရပြီတဲ့ … ငါတို့ဘက်ကနေ ဘာတစ်ခုမှ အကူညီပေးလို့ရမှာမဟုတ်ဘူးလို့ ပြောတယ် … သူ့အတွက်လဲ အပင်ပန်းခံမနေပါနဲ့ ဦးဇော်မျိုးဆိုတဲ့ ရဲရန်နိုင်ရဲ့အဖေက သူနဲ့ငါတို့အားလုံးကို တိုက်ခိုက်ခိုင်းလိမ့်မယ်လို့ သိခဲ့ရသေးတယ် '
' ဒီလူကြီးကွာ … ယုတ်မာပြီးရင်း ယုတ်မာနေတော့တာပဲ … ဘာပဲဖြစ်ဖြစ် သူတို့ဘက်က လက်ဦးမှု့မရအောင် ငါတို့အရင် လုပ်စရာရှိတာတွေ လုပ်ထားမှ ဖြစ်မယ် '
' မင်းပြောပုံအရဆိုရင် ကေသဇငိစိုးရဲ့ဝိဥာဉ်နဲ့ ကိုအောင်ကြီးရဲ့ ဝိဥာဉ်ကို ဦးဇော်မျိုးက အဲ့ဒီအိမ်ကြီးထဲမှာ ချုပ်ထားတုန်းပဲပေါ့ '
' ဟုတ်တယ် … အခု ကေသဇင်စိုးတစ်ယောက်တည်းကိုပဲ ငါတွေ့ခဲ့ရတယ် … ဝိဥာဉ်အောင်ကြီးကိုတော့ မတွေ့ခဲ့ရဘူး '
' ကိုအောင်ကြီးက ဘာကြောင့် အဲ့ဒီအိမ်ကြီးရှေ့မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ရတာလဲ '
' ငါ့အထင် … ကိုအောင်ကြီးကိုလဲ ရဲရန်နိုင်တို့သားအဖ သတ်ခဲ့တာပဲလို့ ထင်တယ် '
' စာရေးဆရာလေး ပြောပြခဲ့တဲ့ အဖြစ်ပျက်တွေထဲမှာ သူ့သူငယ်ချင်း အောင်ကြီး သေသွားခဲ့တဲ့ အကြောင်းမပါဘူး '
' ဟုတ်တယ် ဘာပဲဖြစ်ဖြစ် … အဲ့ဒါတွေအားလုံး ရဲရန်နိုင်တို့ သားအဖကို ဖမ်းမိတာနဲ့ အကုန်သိရမှာပဲ '
' ကဲ … ထီးလေး အချိန်လဲ မနည်းတော့ဘူး … ငါတို့လဲ ဒီည အိမ်ပြန်အိပ်လိုက်မယ် မနက်ဖြန်မနက် အတွက် အားမွေးထားကြတာပေါ့ '
' အေး … သူငယ်ချင်းတို့ ငါလဲ နည်းနည်းပင်ပန်နေတယ် စောစောနားလိုက်တော့မယ် '
' နေပါဦး ဒါနဲ့ … အိမ်ကြီးဆီကနေ မင်းအိမ်ကိုပြန်လာတာ နောက်ကျနေသလိုပဲ '
' သြော် … အေး … ဟုတ်တယ်ကွ လမ်းမှာဆိုင်ကယ် ဆီပျက်သွားလို့ '
' ဟင် … ငါဆိုင်ကယ်ထဲမှာ ဆီအပြည့်ဖြည့်ထားခဲ့တာပါ '
' ဟမ် … ဟို … ဟာကွာ … ဘာမှ မဟုတ်သေးဘူး နောက်မှ မင်းတို့အားလုံးကို ပြောပြမယ် '
' ပြီးရောကွာ … ပြီးရော ကဲဒါဆို ငါတို့အားလုံးပြန်မယ် မင်းလဲ စောစောနားလိုက်တော့ '
အိမ်ကြီးနှင့်ပတ်သတ်ပြီး ထင်မြင်ချက်များ ပြောဆိုကာ သူငယ်ချင်းဖြစ်သူများ ထွက်ခွားသွားခဲ့ချေတော့သည်။ အိမ်အပြန်လမ်းသို့ နောက်ကျနေခဲ့ရပြီး စားသောက်ဆိုင်မှ မိန်းကလေးနှင့် ဆုံတွေ့ခဲ့ပုံများအား သူငယ်ချင်းဖြစ်သူများကို ကျွနိုပ်အသိမပေးသေး။ လှိုဝှက်ထားခဲ့သည်။
အချိန်ကား မနက်၈ နာရီ ၄၅ ပင်ရှိနေချေခဲ့ပြီး။ အချိန်အားလေးစားတတ်သော မိတ်ဆွေကိုမောင်ဝင်း၏ အကြောင်းအား သိရှိထားသူ ကျွန်ုပ်တို့အဖို့ ကိုမောင်ဝင်းတစ်ယောက် မလာဖြစ်တော့သည်အား ကောင်းစွာ သဘောပေါက်ချေခဲ့သည်။
' ဒီအချိန်လောက်ဆို ကိုမောင်ဝင်းမလာဖြစ်တော့ပါဘူး '
' ဖုန်းဆက်ကြည့်လိုက်ရမလား '
' မဆက်နဲ့တော့ သူအလုပ်ရှုတ်နေလိမ့်မယ် ထင်တယ် … '
' ကဲဒါဆို … ငါတို့ချည်းပဲ လိပ်စာအတိုင်း သွားမလား '
' သွားတာတော့ ဟုတ်ပါပြီ … ငါတို့ချည်းပဲသွားရင် အရာထင်မှာမဟူတ်ဘူး … ပြီးတော့ သူတို့ဘက်က ခြံအမှတ် ၆၆နဲ့ပတ်သတ်ပြီ … ငါတို့လိုက်နေပြီဆိုတာ ရိပ်မိသွားလောက်မယ် '
' ဒါဆို ဘယ်လိုလုပ်မလဲ … ခတ်တာက ရဲရန်နိုင်ကလဲ ငါတို့ကိုမြင်ဘူးထားတယ် '
' ဒါဆို ရုပ်ဖျက်ကျွမ်းကျင်တဲ့ လမ်းကလေးတစ်ယောက်တည်းကိုပဲ လွတ်လိုက်မလား '
' အေးအဲ့ဒါကောင်းတယ် … ဘယ်လိုလဲ လမ်းလေး '
' ရတယ်လေ … လိပ်စာသာပြော ပြီးတော့ ဘာတွေစုံစမ်းခဲ့ရမလဲဆိုတာပြော '
' ဟုတ်ပြီ … ကေသဇင်စိုးကပြောတယ် … သူပေးလိုက်တဲ့ လိပ်စာမှာ သူ့အမေလဲ အခုထိ အဲ့ဒီအိမ်မှာရှိနေသေးတယ်လို့ ပြောတယ် … ပြီးတော့ သူပြောပုံအရ … ကေသဇင်စိုး အခုလိုအဖြစ်မျိုးနဲ့ သေသွားခဲ့တာကို သူ့အမေလဲ မသ်လောက်သေးဘူး '
' ဟုတ်ပြီ … ဒါဆို အဲ့ဒီအိမ်ကြီးရဲ့ လူဝင်လူထွက်နဲ့ အိမ်သားတွေအကြောင်း စုံစမ်းခဲ့မယ် … ပြီးတော့ သူတို့ဘာတွေ လှုပ်ရှားနေသလဲဆိုတာလဲ ငါရအောင်စုံစမ်းခဲ့မယ် '
' မင်းကိုယုံတယ်လမ်းကလေး … ဒါဆို ဒီလိပ်စာအတိုင်း သွားပေတော့… ငါတို့အားလုံး ဒီမှာ လုပ်စရာလေးတွေ လုပ်ထားလိုက်မယ် '
' စိတ်ချ ငါအမြန်ဆုံးပြန်လာခဲ့မယ် '
' ကဲဟုတ်ပြီ … တန်ခိုး မျှားကလေး ငါးကလေး မင်းတို့သုံးယောက်က ကိုမောင်ဝင်းရှိနေတဲ့ အပိုင်းရဲစခန်းမှာ သွားစောင့်နေကြ '
' ဟင် … မင်းကရော '
' ငါအိမ်ကြီးဆီကို ခဏလောက် သွားလေ့လာကြည့်ဦးမယ် … အကြောင်းတစ်ခုခု ထူးခြားနေမှာသေချာတယ် '
' ဟုတ်ပြီ … ကဲဒါဆို ငါတို့စစ်စင်ရေး စလိုက်ကြတာပေါ့ '
သူငယ်ချင်းဖြစ်သူများအား ကိုယ်ဆီ တာဝန်များပေးလျက် ကျွနိုပ်မှာမူ ခြံအမှတ် ၆၆ ဆီသို့ ဦးတည်လာခဲ့သည်။ အမြန်နှုန်းဖြင့် မောင်းနှင်လာရင်း ခြံရှေ့အရောက် ဆိုင်ကယ်အား စက်သက်စေခဲ့ပြီး ခြံကြီးအတွင်းသို့ ငေးမောကြည့်ရှု့လိုက်သည်။
' ဟင် … ကိုအောင်ကြီး '
ခြံတံခါးအား မဖွင့်သေး ။ ခြံအရှေ့မှ လှမ်းတွေ့လိုက်ရသည်က သေဆုံးပြီးသူ စာရေးဆရာလေး၏ သူငယ်ချင်း ကိုအောင်ကြီးပင်ဖြစ်ချေသည်။
' ကိုအောင်ကြီး … !
အားရဝမ်းသာဖြင့် အပြုံးမျက်နှာအား ဆောင်စေခဲ့ပြီး ခြံအတွင်းမှ ကိုအောင်ကြီးအား အသံပေးအော်ခေါ်လိုက်လေသည်။ ထို့နောက် ခြံတံခါးအား ဖွင့်လျက် ကိုအောင်ကြီးရှိနေရာဆီသို့ လှမ်းသွားစေခဲ့ပြီး
' ဟင် … မင်းငါ့ကို မြင်နေရတယ်ဟုတ်လား '
' ဘာဖြစ်လို့လဲ … ခင်ဗျားက ကျုပ်ကို မြင်အောင်ပြတာမဟုတ်ဘူးလား '
' မဟူတ်ဘူး … မင်းကို စတွေ့ကတည်းက ငါ့တို့အားလုံးကို ဒီလိုဘဝကနေ ကျွတ်လွတ်အောင် ကယ်ပေးနိုင်မယ်လို့ ငါ့စိတ်ထဲမှာ ခံစားနေမိတယ် … မင်းမှာ ထူးထူးခြားခြားမွေးရာ အစွမ်းတော့ရှိနေလိမ့်မယ်ထင်တယ်'
' အဲ့ဒါတော့ ကျုပ်လဲမသိဘူးဗျ … ခင်ဗျားတို့ ဝိဥာဉ်တော်တော်များကို ကျုပ်အကူညီပေးခဲ့ဘူးတယ် … အဖေပြာတာတော့ ကျွန်တော့မှာ မွေးရာပါ ဆဋ္ဌမအာရုံပါတယ်လို့ ပြောတာပဲ '
' အင်း … ဟုတ်လောက်မယ် … အခုမင်းတစ်ယောက်တည်းလား '
' အင်း ကျုပ်တစ်ယောက်တည်းပဲ '
' ခင်ဗျားပြောတဲ့အတိုင်း စာရေးဆရာလေးဆီကို ကျုပ်တို့ရောက်ခဲ့ပြီူပြီး ဒီအိမ်ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေလဲ သိပြီးပြီ … ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့ ဒီခြံရှေ့မှာ ကိုယ်ကိုကိုယ် အဆုံးစီရင်ခဲ့ရတာလဲ '
' ဟားဟား … ငါ့ကိုငါ အဆုံးစီရင်ခဲ့တာ မဟုတ်ဘူး … နှင်းဆီနက်လူသတ်သမား … '
' ဘာ … ဘယ်လို နှင်းဆီနက်လူသတ်သမား ဟုတ်လား '
' ဟုတ်တယ် … အဲ့ဒီနေ့က ငါ့သူငဟ်ချင်းစာရေးဆရာနဲ့ ကေသဇင်စိုးက ဒီအိမိကြီးမှာ ရှိနေတယ်ဆိုတာ သိလို့ ငါအနောက်ကနေ လိုက်သွားခဲ့တယ် … အိမ်ကြီးဆီလဲ ရောက်ရော … သွေးအိုင်ထဲမှာ သေနေတဲ့ ကေသဇင်စိုးနဲ့ သတိလစ်နေတဲ့ ငါ့သူငယ်ချင်းကို တွေ့လိုက်ရတယ်… ပြီးတော့ လူတစ်စု … သူတို့တွေရဲ့ လုပ်ရက်တွေအားလုံး ငါကမျက်မြင်သက်သေတွေ့ထားတော့ ငါ့အသက်ကိုပါ ရန်ရှာတာနဲ့ ကိုယ်လွတ်ရုံးပြီး ပြေးခဲ့ရတယ် … ဒါပေမယ့် သူတို့လက်က ငါမလွတ်ခဲ့ဘူး … လွန်ခဲ့တဲ့ ၆လလောက်တုန်းက ငါ့ကိုလည်ပင်း ကြိုးကွင်းဆွတ်ပြီး နှင်းဆီနက်လူသတ်သမားက အသေသတ်ခဲ့တယ် … ပြီးတော့ ငါ့အလောင်းကို ဒီခြံကြီးအရှေ့မှာ ထားပြီး ကိုယ့်ကိုကို အဆုံးစီစဉ်တဲ့ပုံစံ လုပ်ထားခဲ့တာပဲ '
' တောက် ! … ဒါဆို ရဲရန်နိုင်တို့သားအဖပဲ ကိုအောင်ကြီးကို သတ်ခဲ့တာပေါ့ဟုတ်လား '
' သိပ်ဟုတ်တာပေါ့ကွာ … သတ်ရုံတင်မကဘူး ငါ့သွေးကိုပါ ယူပြီး ဒီခြံကြီးရဲ့ခြံစည်းရိုးပတ်ပတ်လည်မှာ လောင်းထားတယ် ပြီတော့ ခြံစောင့်အဖြစ်နဲ့ ဒီခြံကြီးနားကို ဘယ်သူမှမကပ်ရဲအောင် အောက်လမ်းဆရာနဲ့ ငါ့ကိုမွေးထားခဲ့တာ … ငါ့မှာ မခြောက်လန့်ချင်လဲ ခြောက်လန့်နေခဲ့ရတယ် '
' ရက်စက်လိုက်တာဗျာ … ကျုပ်မနေ့ညက အပြန်လမ်းမှာ လူတစ်ယောက်က ကျုပ်အသက်ကို ရန်ရှာခဲ့တယ် … သူက သိပ်လျင်တယ် သူ့အနောက်ကို လိုက်ဖမ်းရင်း ပျောက်သွားခဲ့တယ် … ပြီးတော့ အဲ့ဒီအချိန်ပိုင်းလေးမှာပဲ စားသောက်ဆိုင်က မိန်းကလေးတစ်ဦးနဲ့ ကျုပ်ဆုံဖြစ်ခဲ့တယ် … ကိုအောင်ကြီးပြောပုံအရဆိုရင် နှင်းဆီနက်လူသတ်သမား … ကျုပ်အသက်ကို ရန်ရှာတဲ့သူ မိုးမြင့်စားသောက်ဆိုင်က မိန်းကလေး ရဲရန်နိုင်တို့သားအဖ … အင်း … သူတို့အားလုံက အဆက်ဆက်ရှိနေကြတာလား … ပြီးတော့ အဲ့ဒီမိန်းကလေးကလဲ ကျုပ်သိပ်ချစ်ခဲ့ရတဲ့ ဖြူဆိုတဲ့ မိန်းကလေးနဲ့ တော်တော်လေး ရုပ်တူတယ် '
' အဲ့ဒါထောင်ချောက်ပဲဖြစ်လိမ့်မယ် ထီးကလေး '
' ဟင် … ထောင်ချောက် … ဟုတ်လားကိုအောင်ကြီး '
' ဟုတ်တယ် … ရဲရန်နိုင်တို့သားအဖက အရမ်းမာယာများတယ် … မင်းချစ်သူ ဖြူနဲ့ ရုပ်ချင်းတူတဲ့ မိန်းကလေးကို ငါးစာချပြီး မင်းကိုထောင်ချောက်ထဲ မျှားခေါ်နေတာပဲ '
' ဟားဟား … ထောင်ချောက်ဆိုလဲ ကျုပ်ကို ရအောင်ဖမ်း … ကျုပ်ကတော့ အဲ့ဒီမိန်းကလေးကို သနားမိတယ် ပြီးတော့ စိတ်ဝင်စားတယ် '
' ဟင် … ဒါဆိုမင်းက '
' ဟုတ်တယ် … ကိုအောင်ကြီးတို့ကို ကယ်ဖို့ ပြီးတော့ ရဲရန်နိုင်တို့သားအဖကို ဖမ်းဖို့အတွက် အဲ့ဒီစားသောက်ဆိုင်ကို ကျုပ်သွားရမယ် '
' ထီးလေး … အစစအရာရာ သတိရှိနော် ငါ့ထင်နေတယ် မင်းတို့ကို ဒီခြံကြီးနဲ့ ပတ်သတ်ပြီး ရဲရန်နိုင် ဒုက္ခပေးဖို့ ထောင်ချောက်စင်နေပြီဆိုတာ '
' ဟားဟား … လုပ်စမ်းပါစေဗျာ … အခုကိုအောင်ကြီး သေခဲ့ရတဲ့ အဖြစ်ကိုလဲ ကျုပ်သိလိုက်ရပြီ လူယုတ်မာတွေကို အပြစ်ပေးဖို့အတွက် ကျုပ်တို့အားလုံး အစွမ်းကုန်ကြိုးစားပေးမယ် … ကဲ ကျုပ်ကို ခွင့်ပြုဦး '
' ကောင်လေး … သတိထားနော် '
စိုးရိမ်နေသော မျက်နှာထားဖြင့် ကျွန်ပ်အား သတိပေးနေသော ဝိဥာဉ်အောင်ကြီးအား အပြုံးမျက်နှာဖြင့် ပြုံးပြစေခဲ့ပြီး မိုးမြင့်စားသောက်ဆိုင်ရှိရာသို့ ကျွန်ုပ်ဦးတည်မည်ဖြစ်သည်။
' ဘဘကြီး အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ် ဘဘကြီးနဲ့ တွေ့ချင်လို့တဲ့ '
' ဘယ်သူလဲ … '
' မသိဘူး ဘဘကြီး … အစ်မကြီးတစ်ယောက်ပဲ '
' ကောင်းပြီ ဝင်ခိုင်းလိုက် ……'
' ဘယ်သူများမှတ်တယ် … ခင်မာလာပါလား မင်းကတော့ ဘယ်အချိန်ကြည့်ကြည့်လှနေတာပဲနော် '
' အစ်ကိုကြီးကလဲ မြှောက်နေပြန်ပါပြီ အဲ့ဒီအလှတွေကလဲ အစ်ကိုကြီးအတွက်ပဲပေါ့ '
' ဟားဟား … ဟုတ်ပါပြီ ငါခိုင်းထားတဲ့ အလုပ်ကိစ္စရော ဘယ်လိုလဲ '
' အဆင်ပြေပါ့ … ထီးကလေးကိုကြည့်ရတာ … မိနွယ်ကိုစိတ်ဝင်စားနေတာ သေချာတယ် …မကြာခင်မှာ ဆိုင်ကို သူရောက်လာတော့မှာ … မနေ့ညတုန်းကလဲ မိနွယ်အနောက်ကနေ သူလိုက်လာတယ် … ဟီး … ကျွန်မတို့ရဲ့ ဇာတ်လမ်းလေးကိုတောင် သူတွေ့ပြီးခံပြင်းနေလောက်ပြီ '
' ဟားဟား … သိပ်တော်တယ် မိနွယ်ဆိုတဲ့ မိန်းကလေးကရော စိတ်ချရပါ့မလား '
' စိတ်ချရပါတယ် သူ့သမီးလေးက ကျွန်မလက်ထဲမှာရှိနေတာလေ … သူ့သမီးလေးနဲ့ အကြပ်ကိုင်ပြီး မိနွယ်ကိုခြိမ်းခြောက်လိုက်ရင် သူမငြင်းရဲပါဘူး '
' အေး … သေချာလုပ် တစ်ခုခုလွဲသွားခဲ့ရင်တော့ ညည်းတို့အားလုံး မလွယ်ဘူးဆိုတာ သိတယ်နော် '
' ဟုတ် … ဟုတ် သိ … သိပါတယ် အစ်ကိုကြီး … '
' အေး နင်အခုလာတဲ့ အဲ့ဒီအကြောင်း ပြောမလို့မဟုတ်လား … '
' ဟုတ်ကဲ့ …အစ်ကိုကြီး '
' ကဲကောင်းပြီး ဒါဆို လုပ်စရာရှိတာတွေ ဆက်လုပ်ထား လုံးဝမလွဲစေနဲ့နော် … လွဲလို့ကတော့ နင့်ရဲ့မိုးမြင့်စားသောက်ဆိုင် နိဂုံးချုပ်ဖို့သာ ပြင်ပေတော့ '
' ဟုတ် … ဟုတ်ကဲ့ … စိတ်ချပါအစ်ကိုကြီး … ကျွန်မကို ခွင့်ပြုပါဦး '
ခင်မာလာဆိုသော ထိုအမျိုးသမီးမှာ ဦးဇော်မျိုး၏ အငယ်အနှောင်းဖြစ်စေပြီး ထီးကလေးနှင့်အပေါင်းအပါများအား အကွက်ကျကျ ထောင်ချောက်စင်ဖမ်းရန် ဦးဇော်မျိုး၏ စေခိုင်းချက်အတိုင်း လုပ်ဆောင်နေခဲ့လေသည်။
မိုးမြင့်စားသောက်ဆိုင်သို့ ကျွန်ုပ်ရောက်ရှိလာခဲ့ပြီး နေ့လည်ခင်းဖြစ်သောကြောင့် ရှင်းလင်းနေသည့် မြင်ကွင်းကိုသာ တွေ့ရှိလိုက်ရသည်။ ထို့နောက် ဆိုင်အတွင်းသို့ ဝင်ရောက်စေပြီး လွတ်နေသည့် ခုံ၌ နေရာယူဝင်ထိုင်လိုက်သည်။ ထို့နောက် ညမှမြင်တွေ့ခဲ့ရသော ရက်စက်လှသည့် မိန်းမကြီးတစ်ဦးနှင့်အတူ မိန်းကလေးတစ်ယောက် ထွက်လာခဲ့ပြီး
' ဟင် … ကိုကြီးထီးလေး ရောက်နေပါလား '
' ဟုတ်တယ် … ကျုပ်နွယ်နဲ့တွေ့ချင်လို့ '
' ဟီး … ဟီ ကိုကြီးကြည့်ရတာ ဒီလိုနေရာမျိုးကို အခုမှရောက်ဘူးတယ်နဲ့ထင်တယ် … '
' ဟုတ်တယ် … '
' ဟင် … အခုမှ ရောက်ဖူးပေမယ့် ကျွန်မတို့ဆိုင်က အချောလှလေးကိုတော့ သိနေသား … သူက ဈေးကြီးတယ်နော် '
' အပိုတွေမပြောနဲ့ … ဒီမှာ '
ကျွန်ုပ်အား ချွဲနွဲ့စွာဖြင့် ပြောဆိုနေသည့် မိန်းကလေးနှင့် မိန်းမကြီးအား ပျက်သားသည့် လေသံဖြင့် ပြန်လည်ချေပပြောဆိုခဲ့သည်။ ထို့နောက် နွယ်ဟူသော မိန်းကလေးနှင့် နှစ်ယောက်တည်းတွေ့ခွင့်ရရေးအတွက် ကျွန်ုပ်ကြိုးစားကာ သူမနှင့် တွေ့ဆုံစေခဲ့သည်။ သီးချင်းဖွင့်ထားသည့် ကာရာအိုကေ အခန်းအတွင်း၌ သူမအား ကျွနုပ်စောင့်နေခဲ့ပြီး။ မကြာခင်အချိန်၌ သူမ ရောက်လာခါ
' ရှင် … ရှင်ဒီကိုဘာလာလုပ်တာလဲ '
' မင်းကိုတွေ့ချင်လို့ပေါ့ '
' ကျွန်မကို မတွေ့ချင်ပါနဲ့ရှင် … ကျွန်မကရှင်နဲ့ တွေ့ဖို့မထိုက်တန်ပါဘူး '
' မဟုတ်သေးဘူး မိန်းကလေး … မင်းသာစိတ်ပါမယ်ဆိုရင် မင်းဘဝကို ပြောင်းလဲပစ်ဖို့ လုပ်သင့်တယ် … '
' ကျွန်မလဲ အဲ့ဒီလိုမျိုးတွေးခဲ့ဘူးပါတယ် … ဒါပေမယ့် အတွေးတွေကို အကောင်ထည်မဖော်နိုင်ဘူး ဒီအလုပ်မှာပဲ လုပ်ဖြစ်နေခဲ့တယ် '
' မင်းကို တစ်ဦးတစ်ယောက်က အကြပ်ကိုင်ပြီး ဒီလိုအလုပ်မျိုး လုပ်ခိုင်းနေရတာလား '
' ဟင့်အင်း … ကျွန်မစိတ်နဲ့ ကျွန်လုပ်တာပါ ဘယ်သူမှ မခိုင်းပါဘူး '
' မိန်းကလေး ငါမေးတာကို မင်းမှန်မှန်ဖြေပေးပါ … မင်းကိုအကြပ်ကိုင်ပြီး ခိုင်းနေတာလား '
' မဟုတ်ပါဘူး … ဘယ်သူမှ အကြပ်မကိုင်ပါဘူး ကျွန်မဘာသာကျွန်မ လုပ်တာပါ … ကျွန်မကို မေ့ထားလိုက်ပါ'
မနေ့ညမှ ရက်စက်လှသည့် မြင်ကွင်းအား ကျွန်ုပ်မြင်တွေ့ထားခဲ့ပြီး သူမအား သိလျက်နှင့် မေးမြန်းနေခဲ့သော်လည်း သူမဟာ အမှန်တိုင်ဖြေကြားခြင်းမရှိပဲ လိမ်လည်နေခဲ့သည်။ သူမ၏ ရှက်သွေးဖျားနေသော မျက်နှာထားလေးမှာ ကျွန်ုပ်၏ိံ သိပ်ချစ်ခဲ့ရဘူးသော ချစ်သူနှင့် တစ်ထပ်တည်းပင် တူနေချေကာ သူမ၏ မျက်နှာအား ကျွန်ုပ်စိုက်ကြည့်နေမိရင်း အချိန်မည်မျှ ကြာသွားခဲ့သည့်အား သတိမထားမိ။ အခန်းတံခါး နှစ်ချက်မျှခေါက်ပြီး ဆိုင်ရှင်မိန်းမကြီးရောက်လာကာ နွယ်အားအချိန်စေ့ပြီးဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့လေတော့သည်။ သူမထွက်ခွာသွားသည်နှင့် အခန်းအတွင်းမှ ထွက်လာခါ ကျွန်ုပ်၏အိမ်အပြန်လမ်း တစ်လျောက်၌ မိန်းကလေး၏ ဘဝလေးကိုသာ ဂရုဏာသတ်ဝင်နေမိသည်။
' ဟင် … မင်းတို့ကို ငါကိုမောင်ဝင်းဆီကနေ စောင့်ခိုင်းထားတာလေ … ဘာဖြစ်လို့ ငါ့အိမ်ရောက်နေကြတာလဲ လမ်းလေး အဆင်ပြေရဲ့လား '
' မပြေဘူး … မင်းပေးတဲ့ လိပ်စာက အိမ်ပိုင်ရှင်တွေက လွန်ခဲ့တဲ့ ၆လကျော်လောက်က ပြောင်းသွားပြီတဲ့ '
' ဟင် … ဒါဆို ရဲရန်နိုင်တို့ တစ်ခြားနေရာကို ပြောင်းသွားကြပြီပေါ့ဟုတ်လား '
' အေး … ငါလဲ မယုံလို့သေချာ စုံစမ်းခဲ့သေးတယ် … ဟုတ်တယ် ရဲရန်နိုင်တို့ ပြောင်းသွားပြီဆိုတာ သေချာတယ်'
' ဟာ … သွားပါပြီကွာ … ဒါဆိုကေသဇင်စိုးရဲ့ ဝိဥာဉ်က သူ့အမေဆီကိုတောင် သွားမရအောင် ဦးဇော်မျိုးတို့လုပ်ထားတာဖြစ်မယ် … တန်ခိုး စခန်းမှာ ကိုမောင်ဝင်းကို တွေ့ခဲ့လား '
' မတွေ့ခဲ့ဘူး … လူသတ်မှူ့ကိစ္စနဲ့ သဲလွန်စနောက် လိုက်နေတယ်လို့ကြားတယ် '
' နှင်းဆီနက် လူသတ်သမားက ကိုအောင်ကြီးကိုလဲ အသေသတ်ခဲ့တာလို့ ငါသိခဲ့ရတယ် … ညက အိမ်အပြန်လမ်းမှာ ငါနောက်ကျနေခဲ့ရတာ ဒီလိုကွ … '
မနေ့ညမှ ကျွန်ုပ်၏ ဖြစ်ရပ်များအား သူငယ်ချင်းဖြစ်သူများ ကြားသိသွားစေပြီ
' ဒါဆို မင်းစားသောက်ဆိုင်ကိုလဲ ရောက်ခဲ့ပြီးပြီးပေါ့ဟုတ်လား '
' အင်း … မိန်းကလေးက ဖြူနဲ့တော်တော်လေး တူတယ် …'
' ထီးလေး … ကိုအောင်ကြီးပြောသလို ထောင်ချောက်များဖြစ်နေမလား မသိဘူးနော် '
' ငါ့အထင် ရဲရန်နိုင်တို့သားအဖ … နှင်းဆီနက်လူသတ်သမား ပြီးတော့ မိုးမြင့်စားသောက်ဆိုင် အဲ့ဒီလူတွေ အားလုံးက အဆက်ဆက်ရှိနေလိမ့်မယ်လို့ ငါထင်တယ် … '
' ဟုတ်တယ် … ဒီအကြောင်းတွေကို ကိုမောင်ဝင်းဆီ သတင်းပေးထားမှဖြစ်မယ် '
' ခတ်တာက ကိုမောင်ဝင်းကလဲ အလုပ်ရှုတ်နေတဲ့ အချိန်ဆိုတော့ … အေးအေးဆေးဆေး စကားပြောလို့မရဘူးဖြစ်နေတယ် … ဒီည အဲ့ဒီစားသောက်ဆိုင်ကို ငါထပ်ပြီးလေ့လာချင်တယ် '
' ထီးလေး … ဖြစ်ပါ့မလား '
' ဖြစ်ပါတယ် ငါ့အတွက်မပူနဲ့ အဲ့ဒီစားသောက်ဆိုင်ကနေ ရဲရန်နိုင်ရဲ့ လိပ်စာကို ငါရအောင်ယူလာခဲ့မယ် '
' ကိုမောင်ဝင်းကို စောင့်ပါဦးလား … '
' စောင့်မနေတော့ဘူးကွာ … ငါတို့ဘက်က လုပ်စရာရှိတာလေးတွေ ဆက်လက်ထားတာ ကောင်းတယ် '
' ဒီည ထပ်သွားမယ်ဆိုလဲ သတိထားနော် ထီးကလေး … ငါလိုက်ခဲ့ရမလား '
' ရတယ် မလိုက်နဲ့တော့ … ငါ့အတွက်မပူနဲ့ မင်းတို့သူငယ်ချင်းပါကွ … '
' သိပါတယ်ကွာ … ထီးကလေးက စဉ်းစားတတ်တဲ့ နှလုံးရည်သမားဆိုတာ '
ကျွန်ုပ်၏နေအိမ်၌ တစ်နေ့တာလုံး မိတ်ဆွေရဲအုပ်ကိုမောင်ဝင်း ရောက်လာမည့်အချိန်အား စောင့်စားနေခဲ့သော်လည်း ယခုညနေ အချိန်သို့သာ ရောက်ရှိလာခဲ့ပြီး ကိုမောင်ဝင်း၏ ဖုန်းသံလေးတစ်ချက်တောင် မကြားခဲ့ရချေ။ သို့နှင့် သူငယ်ချင်းဖြစ်သူများအား ကျွန်ုပ်၏နေအိမ်၌ ထားရစ်စေခဲ့ပြီး ရဲရန်နိုင်၏ လိပ်စာနှင့် မိန်းကလေး၏ အခတ်ကဲများအား ကူညီပေးစေချင်သော စိတ်ဖြင့် မိုးမြင့်စားသောက်ဆိုင်သို့ ကျွန်ုပ်ထပ်မံရောက်ရှိလာခဲ့သည်။
' မမကြီး … သီတာ့ကိုခေါ်တယ်ဆိုလို့ '
' အေး … လာထိုင် သီတာ့ကို မမကြီးပြောစရာရှိတယ် '
' ပြော … ပြောလေ မမကြီး '
' သီတာ မမကြီးဆိုင်မှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲသိလား '
' ဟုတ် … သိ … သိပါတယ်မမကြီး သုံးနှစ်ကျော်ရှိပါပြီ '
' အင်း … အဲ့ဒီသုံးနှစ်လုံးလုံး သီတာ့ကို မမကြီးကောင်ကောင်းဆက်ဆံခဲ့ရဲ့လား '
' ဟုတ် … ဟုတ်ကဲ့မမကြီး '
' သီတာ့ကို ဧည့်သည်တွေနဲ့အိပ်ပေးဖို့ မမကြီးအတင်းအကြပ်မတောင်းဆိုခဲ့ဘူး အဲ့ဒါဘာဖြစ်လို့လဲသိလား … သီတာ့ကို မမကြီးရဲ့ သမီးလေးတစ်ယောက်လို ချစ်လို့ပေါ့ '
' ဟုတ် … ဟုတ်မမကြီး … သီ … သီတာကျေးဇူးတင်ပါတယ် '
' အခု မမကြီးကို သီတာ တစ်ခုလောက် ပြန်ပြီးကူညီပေးပါလား … '
' ဟုတ်မမကြီး … မမကြီးအတွက် သီတာအသက်ပေးဖို့တောင် ဝန်မလေးပါဘူး '
' အင်း … အဲ့လောက်မလိုမသေးပါဘူး … သီတာလုပ်ပေးရမှာက သေးသေးလေး '
'မမကြီး … ဆိုင်ထဲမှ ထီးကလေးဆိုတဲ့ သူရောက်နေတယ် … နွယ်နဲ့ တွေ့ချင်လို့တဲ့ '
' အေးအေး ငါလာခဲ့မယ် အဲ့ဒီမှာ ခဏစောင့်ခိုင်းထားလိုက် '
' ကဲ … ဟိုကောင်ကတော့ ထပ်ရောက်လာပြန်ပြီ … ငါတို့အစီစဉ်စလိုက်ကြတာပေါ့ သီတာကူညီပေးမယ် မဟုတ်လား … '
' ဟုတ် … ဟုတ်ကဲ့မမကြီး '
ဆိုင်အတွင်းသို့ ကျွန်ုပ်ရောက်ရှိလာသည်နှင့် သီတာဆိုသော မိန်းကလေးနှင့်အတူ ဆိုင်ရှင်မိန်းမကြီးထွက်လာခဲ့ပြီး
' မောင်လေး … ထုံးစံအတိုင်းပဲလား '
' ခင်ဗျားတို့ စကားတွေ ကျုပ်နားမလည်ဘူး … နွယ်နဲ့တွေ့ချင်တယ် … စီစဉ်ပေးပါ '
' ဟုတ်ကဲ့ … မနက်က အခန်းထဲမှာပဲ စောင့်နေပေးပါ နွယ့်ကိုလွတ်လိုက်ပါ့မယ် '
အပျက်သားဆုံးလေသံဖြင့် ကျွန်ုပ်ပြောစေခဲ့ပြီး သီချင်းသံများတိတ်ဆိတ်နေသည့် ကာရာအိုကေ အခန်းအတွင်း၌ နွယ်တစ်ယောက် အလာအား ကျွနု်ပ်စောင့်မျှော်နေလေခဲ့သည်။
မကြာမီအချိန်တွင်း၌ နွယ်တစ်ယောက်ရောက်ရှိလာပြီး
' ရှင်ထပ်ရောက်လာပြန်ပြီလား … ကျွန်မကို မေ့ထားပေးပါလို့ ပြောထားတယ်လေ '
' ဟုတ်ပါတယ် … ငါဒီည မင်းဆီကိုလာတာ နောက်ဆုံးပါပဲ … ငါသိချင်တာလေးတွေ ကျေးဇူးပြုပြီးမင်းဖြေပေးပါလား '
' ရှင်က လူကောင်းပါထီးကလေး … ကျွန်မရှင့်ကိုယုံတယ် '
' ကောင်းပြီနွယ် ကျေးဇူးတင်ပါတယ်… ဒီဆိုင်ကို ဘယ်လိုဖြစ်ပြီး နွယ် စရောက်လာရတာလဲဆိုတာ အစ်ကိုသိချင်တယ် '
' ကျွန်မတို့မောင်နှမ နှစ်ယောက်က ကံဆိုးပါတယ် ငယ်ငယ်လေးတည်းက မိဘတွေဆုံးသွားကြတယ် … ကျွန်မမှာ မသန်မစွမ်းမောင်လေးနဲ့ လမ်းဘေးမှာ တောင်းစားနေရင်း ဒီဆိုင်ရှင်အစ်မကြီးနဲ့ တွေ့ပြီး ကျွန်မကို မမကြီးက ဒီဆိုင်မှာ အလုပ်ပေးခဲ့တာပါ မမကြီးက ကျွန်မတို့မောင်နှမ နှစ်ယောက်ရဲ့ကျေးဇူးရှင်ပါ '
' အင်း … မမကြီးက နွယ်တို့မောင်နှမ နှစ်ယောက်အပေါ်မှာ တကယ်ရော … ကောင်းရဲ့လား '
ကျွန်ုပ်၏အမေးစကား မဆုံးသေး။ အခန်းတံခါးအား တွန်းဖွင့်လျက် အထဲသို့ မသန်မစွမ်းလူငယ်လေး ရောက်ရှိလာကာ စားပွဲအပေါ်မှ စားစရာများအား လုယူစားသောက်တော့သည်။
' မောင်လေး … ဘာလို့ဒီကိုရောက်လာရတာလဲ … ထီးကလေး ကျွန်မတောင်းပန်ပါတယ် … ဒါကျွန်မပြောတဲ့ မောင်လေးပါ … မွေးကတည်းက အခုလိုဖြစ်နေခဲ့တာ ခွင့်လွတ်ပေးပါနော် … '
' ရပါတယ် … '
' သီတာရေ … သီတာ လာပါဦး … အအေးတစ်ဘူး အသစ်ယူလာပြီး ဒီမှာလာချပေးပါဦး '
' ထီးကလေး ခဏလေးနော် … မောင်လေးကို အခန်းထဲပြန်ပို့ပေးပါရစေ '
' ရပါတယ်နွယ် အေးအေးဆေးဆေးလုပ်ပါ'
နွယ်၏ မသန်မစွမ်းမောင်ဖြစ်သူမှာ ကျွန်ုပ်တို့၏အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီး စားပွဲပေါ်မှ စားစရာများအား လုယူစားခဲ့ပြီ ဖိတ်စင်ကုန်သည်ကြောင့် ပြာတိပြာယာဖြင့် နွယ်တစ်ယောက်မှာ သီတာဆိုသော မိန်းကလေးအား ခေါ်စေခဲ့ပြီး သီတာမှ ကျွန်ုပ်၏ိံအခန်ူအတွင်းသို့ ရောက်လာကာ အအေးဘူးအသစ်တစ်လုံး ဖောက်လျက် ခွက်အတွင်းသို့ ငဲ့ပေးလေသည်။
' ကိုထီးလေး … စိတ်မရှိပါနဲ့နော် နွယ်ရဲ့မောင်လေးက ဒီအတိုင်းခဏခဏလုပ်တတ်လို့ပါ … အအေးသောက်ရင်းနဲ့ ခဏလေး နွယ်ကိုစောင့်ပေးပါနော် '
ထိုအဖြစ်ပျက်ကြောင့် ဆိုင်ရှိမိန်းကလေးများ ကျွန်ုပ်အား လွန်စွာ အားနာနေခဲ့သလား ။ သီတာမှာ အအေးဘူး ငဲ့ပေးထားသည်ကြောင့် နွယ်အားစောင့်ရင်း ထိုခွက်ထဲမှ အအေးများအား ကျွန်ုပ်သောက်လိုက်သည်။ လည်ချောင်းတစ်ခုလုံး၌ ပူလောင်သွားခဲ့ပြီး။ ကျွန်ုပ်၏ိံ အမြင်များ ဝေဝါးသွားခါ ဝမ်းတစ်ခုလုံး၌ မီးတောက်ကဲ့သို့ ပူပြင်းသွားခဲ့သည်။ သေချာပြီ။ ကျွန်ုပ်လုပ်ကြံခံလိုက်ရလေပြီ။
' ဟင် … အ … အဆိပ်တွေပါလား … မင်း … မင်း '
ကျွနုပ်၏ စိတ်တစ်ခုလုံးကွယ်ပျောက်သွားခဲ့ချေပြီး။
' ဆရာ … မိုးမြင့်စားသောက်ဆိုင်က ဆိုင်ရှင်မိန်မရောက်နေတယ် လူသတ်မှု့တစ်ခု တိုင်စရာရှိလို့တဲ့ … '
' ဟင် ကောင်းပြီ … လွတ်လိုက်ပါ '
' ဆရာ … စခန်းမှူးကြီး ကယ်ပါဦး ကျွန်မဆိုင်မှာ ထီးကလေးဆိုတဲ့သူက အရက်မူးပြီး ကျွန်မဆိုင်က အပျိုးမလေးကို သတ်လိုက်လို့ပါ '
' ဟင် … ထီးကလေးဆိုတာ ကိုမောင်ဝင်းရဲ့ မိတ်ဆွေတစ်ယောက်ကို ပြောတာလား '
' အဲ့ဒါတော့ ကျွန်မမသိဘူး … '
' ကောင်းပြီး ကျုပ်တို့အခုပဲ လိုက်လာခဲ့မယ် '
ထိုမြို့နယ်၏ နယ်မြေပိုင် စခန်းမှူးကြီးမှာ ထီးကလေးနှင့် သူ၏သူငယ်ချင်းဖြစ်သူများအား ခြံအမှတ် မှားဝင်ခဲ့သည့် ကိစ္စနဲ့ပတ်သတ်ပြီး သိရှိထားသူတစ်ယောက်ဖြစ်ချေသည်။ ယခုအခါ မိုးမြင့်စားသောက်ဆိုင်ရှင် မိန်းမ၏ိံ တိုင်ကြားချက်ဖြင့် ထီးကလေး၏ သတင်းအား ကြားလိုက်ရသည့် စခန်းမှူးကြီးမှာ မယုံနိုင်။ ဆိုင်သို့ ရောက်ရှိလာခဲ့လေသည်။ အခင်းဖြစ်ပွားသည့် အခန်းအတွင်းသို့ စခန်းမှူးကြီး ဝင်ရောက်လာခဲ့သည်နှင့် တွေ့ရှိလိုက်ရသည်က စာပွဲပေါ်တွင် မူးမှောက်လျက်လဲနေသော ထီးကလေးနှင့် ဓားဒဏ်ရာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသေဆုံးနေသော သီတာအား တွေ့ရှိလိုက်ရသည်။
' ဟင် … ထီးကလေးဘယ်လိုဖြစ်တာလဲ … '
' လုပ်ပါဦးဆရာရယ် … ကူညီပေးပါဦး သူမူးပြီး ကောင်မလေးကို အဓမ္မပြုဖို့ကြံရာကနေ မရတဲ့အဆုံး ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါလိမ့်မယ် … ကူညီပေးပါ '
' တိတ်နေ … ကျုပ်တို့စစ်ဆေးကြည့်မယ် '
' ဟင် … ဒါဘာလဲ '
' နှင်းဆီပန်းအနက်ရောင် … ဟာ … ဒါဆိုထီးကလေးက နှင်းဆီနက်လူသတ်သမားပဲ '
' ဟာကွာ … တောက် … ကဲဆရာကြီးတို့ တရားကိုလက်ထပ်ခတ်ပြီး ခေါ်လာခဲ့ပါ '
သေဆုံးနေသူ သီတာ၏ နံဘေးတွင် နှင်းဆီပန်းအနက်ရောင်လေးအား ချထားစေခဲ့ပြီး တရားခံဟုစွပ်စွဲခြင်းခံထားရသော ထီးကလေး၏ အနားမှ နှင်းဆီပန်းအနက်များအား များပြားစွာတွေ့ရှိလိုက်ရပြီ နယ်မြေပိုင်စခန်းမှူးကြီးမှာ မူးလဲကျနေသည့် ထီးကလေးအား နှင်းဆီနက်လူသတ်သမားဟု ကောက်ချက်ချကာ အပိုင်ရဲစခန်းဆီသို့ လက်ထိပ်ခတ် ခေါ်ဆောင်လာခဲ့လေတော့သည်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
Group သို့ >>>>> https://www.facebook.com/groups/1506651239628361/
Post Top Ad
Responsive Ads Here
အပိုင်း(၁၁) တစ္ဆေကိုက်တဲ့ အိမ်ကြီး
Share This
Tags
# ၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Share This
About Unknown
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Labels:
၀၉.တစ္ဆေကိုက်တဲ့အိမ်ကြီး
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.








