တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၃)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
သယ်ဆောင်လာခဲ့လေတော့သည်။
' ကေ … ခြံစောင့်အဘကြီး အိမ်ကို ဖေဖေလာရှာသွားတယ်လို့ ပြောတယ် … ကိုတို့နှစ်ယောက်ကို တွေ့သွားရင် ဖေဖေ မေမေတို့ ခွဲကြမှာသေချာတယ် … ကိုလေ … ကေနဲ့မခွဲနိုင်ဘူး'
' ကို … ကိုက ဆရာဝန်လောင်း ကေက အိမ်ထောင်ပျက်မိန်းမတစ်ယောက် ကိုယ့်မိဘတွေ ကေနဲ့ကိုယ့်ကို သဘောမတူနိုင်တာ သဘာဝကျပါတယ်… ဒါပေမယ့် ကေကိုယ့်ကို ချစ်တယ် … ကိုယ့်ကိုချစ်တာ အဲ့ဒီဂုဏ်ပကာသနတွေကြောင့် မဟုတ်ပါဘူး … ကေ့ဘဝမှာ ဘယ်ယောကျာ်းလေးကိုမှ မချစ်ခဲ့ဖူးဘူး … အရင်အိမ်ထောင်ကျခဲ့ရတာကလည်း ကေ့ဆန္ဒလုံးဝမပါခဲ့ဘူး '
' ကေရယ် … မပြောပါနဲ့တော့ ကေဘာကြီးပဲဖြစ်နေပါစေ ကေ့ကိုကိုယ်သိပ်ချစ်တယ် ကေနဲ့ ခွဲရရင် ကိုယ်သေသွားလိမ့်မယ်'
' ကိုယ်ရယ် … ကေလဲ အတူတူပါပဲ '
' ကေ … ကေလည်းနေကောင်းနေပြီဆိုတော့ အစ်ကိုတို့ သာစည်နယ်နဲ့ ဝေးတဲ့ တစ်နေရာမှာ ပြောင်းနေကြရအောင် … သာစည်နယ်အထိ ဖေဖေတို့လိုက်လာကြတယ်ဆိုတော့ ဒီဘက်ကိုလည်း ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး အဲ့ဒီတော့ ကိုယ်တို့ အမြန်ဆုံးပြောင်းမှဖြစ်မယ် '
' ဟုတ်ကို … ကိုယ့်သဘောပါပဲ '
ဆန်းထွန်းပိုင်၏ဖခင်မှာ ထီးကလေး၏ လမ်းပြညွှန်ကြားမှု့ဖြင့် သာစည်နယ်မှ ခြံစောင့်လူကြီးအိမ်သို့ ရောက်ရှိလာခဲ့လေသည်။ သို့ပေမယ့် ဆန်းထွန်းပိုင်နှင့်ကေသရီဟာ သာစည်နယ်၌ ရှိမနေတော့ပဲ တစ်ခြားတစ်နယ်ဆီသို့ ပြောင်းရွေ့သွားသောကြောင့် ဆန်ထွန်းပိုင်၏ဖခင်မှာ အလာကောင်းခဲ့သော်လည်း အခါနှောင်းသွားခဲ့လေပြီ။ သာစည်နယ်၌ ဖခင်၏အရိပ်အယောင်အား မိမိကိုယ်တိုင်မြင်တွေ့ခဲ့ရသလို ပတ်ဝန်းကျင်ရှိလူများမှ တဆင့် မိမိ၏ဖခင် ခြံစောင့်အဘကြီးအိမ်သို့ လာသွားခဲ့ကြောင်းအား ဆန်းထွန်းပိုင်တစ်ယောက် ကြားသိသွားခဲ့ရသည်။ ဖခင်ဖြစ်သူမှာ သားဖြစ်သူနှင့် သူ၏ိံဇနီးအား သဘောတူစွာ လက်ထပ်ပေါင်းစည်းပေးရန် လိုက်လံရှာဖွေနေခဲ့သော်လည်း ဆန်းထွန်းပိုင်၏အမြင်ဟာ မိမိတို့နှစ်ဦးအား သဘောမတူစွာ ခွဲခွာပစ်မည်ဟု ထင်မှတ်နေခဲ့ပြီး ။ သာစည်နယ်နှင့် ဝေးရာ ခေါင်ခိုက်သော ကြံခင်းနယ်သို့ လင်မယားနှစ်ယောက် ပြောင်းရွှေ့နေထိုင်လေတော့သည်။
***
ဆောင်းဦးရာသီလေးဖြစ်လျက် ယနေ့၌ မိုးဥတု၏ လက်ကျန်အငွေ့အသတ်လေးများ ကျန်ရှိနေခဲ့ပြီး မိုးသားများအုပ်စိုင်းကာ မည်းမှောင်နေလေခဲ့သည်။ ညနေဆောင်းလာခဲ့ပြီး။ မိုးသားများအုပ်စိုင်းနေခဲ့ပြီး ရွာသွန်းခြင်းမရှိသောကြောင့် ဆောင်းဥတု၏ အရသာအား ပိုမိုပေါ်လွင်အောင် ဖန်တီးပေးခဲ့လေသလား ဆောင်းကာလ၏ အေးစိမ့်စိမ့် အငွေ့သတ်လေးများဟာ ကျွန်ုပ်၏ခြေဖျား လက်ဖျားများ၌ အေးစက်စက် အထိအတွေ့အား ခံစားနေခဲ့ရသည်။ အထူမပါး ရှပ်အကျီလက်ရှည်အဖြူလေးအား ဝတ်ဆင်ထားကာ ခြံအရှေ့သို့ထွက်လာခဲ့ပြီး ။
ထိုအချိန်ဟာ ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများ လာတတ်သည့် အချိန်ပင်ဖြစ်သည်ကြောင့် သူငယ်ချင်းများအား စောင့်မျှော်နေခဲ့ရင်း ခြံအပြင်သို့ ထွက်ခါ ဆောင်းတွင်းညနေခင်း၏ အရသာအား အပြည့်ဝခံစားမည်ဖြစ်သည်။
ထိုအချိန် လမ်းအတွင်းသို့ ကားအဖြူရောင်တစ်စီး ဝင်ရောက်လာခဲ့ပြီး။ စိုက်မြိုက်စွာဖြင့် ကျွန်ုပ်၏ နေအိမ်အရှေ့သို့ ရပ်တန့်လေခဲ့သည်။ ထို့နောက် နှိုးထားသည့်ကားစက်အား သက်လိုက်ပြီး ကားအပေါ်မှ စင်းလာသူဟာ ကျွန်ုပ်၏ကျူရှင်ဆရာပင် ဖြစ်ချေသည်။
' ဟာ … ဆရာ … မင်္ဂလာပါ '
' အေး … မင်္ဂလာပါကွာ … '
' လာဆရာ … အိမ်ထဲဝင် '
ကားအပေါ်မှ ဆင်းလာကာ ဆရာ့၏ပုံမှန်ပုံစံဖြစ်သော လည်ကုတုံးအကျီအဖြူရောင်လေးအား သက်ရပ်စွာဝတ်ဆင်ထားပြီး ယောပုဆိုးလေးအား ခပ်တိုတိုဝတ်ဆင်ထားသည့် ဆရာ့အား အိမ်အတွင်းသို့ ကျွန်ုပ်လှိုက်လှဲစွာခေါ်ဆောင်၍ ဧည့်ခန်းအတွင်း၌ ကောင်းမွန်စွာဧည့်ခံလေသည်။ ဆရာ့၏မျက်နှာထားမှာ ပြုံးသယောင်ယောင်ရှိသော်လည်း ကောင်းမွန်စွာပြုံးနိုင်သည့် ဟန်မပေါ် ကျွနုပ်ငဲ့ပေးထားသည့် ရေနွေးကြမ်းခွက်လေးအား ကိုင်ဆောင်လိုက်ပြီး သက်ပြင်းတစ်ချက်အား ဖြေးညင်းစွာချလိုက်လေသည်။
' ဆရာ … ဆန်းလေးကို တွေ့ခဲ့လား'
ကျွန်ုပ်၏ိံအမေးစကားအား ဆရာတစ်ယောက် ပြန်လည်၍အဖြေမပေး ငဲ့ပေးထားသည့် ရေနွေးကြမ်းအား မော့သောက်လိုက်ပြီး ဒုတိယအကြိမ်မြောက် သက်ပြင်းတစ်ချက်အား ဖြေးညင်းစွာချလိုက်ပြန်သည်။ ထို့နောက် ခေါင်းအားဖြေးညင်းစွာ ခါလိုက်သည်နှင့်တစ်ပြိုင်နက် နှုတ်မှ
' မတွေ့ခဲ့ပါဘူး ထီးလေးရာ … သာစည်မှာနေတဲ့ ခြံစောင့်ကြီးလည်း ဆုံးသွားပြီး ဆန်းလေးတို့ လင်မယားနှစ်ယောက်လည်း အဲ့ဒီခြံကိုလာသွားခဲ့တယ် … ခြံစောင့်ကြီးက ဆန်းလေးရောက်လာမယ်ဆိုတာ သူကြိုတင်သိထားပုံရတယ် … သူ့အိမ်နဲ့ခြံကို ဆန်းလေးအတွက်ပေးခဲ့တယ် ဒါပေမယ့်ဆန်းလေးက အဲ့ဒီအိမ်မှာမနေပဲ တစ်ခြားနေရာကို ပြောင်းသွားကြတယ်လို့သိခဲ့ရတယ်'
' ဟင် … တစ်ခြားတစ်နေရာကို ပြောင်းသွားတယ် … အဲ့ဒီပတ်ဝန်းကျင်ရွာတွေမှာရော … ဆရာရှာခဲ့သေးလား'
' ဘာပြောကောင်းမလဲကွာ … ရောက်လက်စက်နဲ့ မထူးဘူးဆိုပြီး သာစည်တစ်နယ်လုံးကို နေရာအနံ့စမ်းစုံခဲ့တယ် ဒါပေမယ့် ဘာသတင်းအစနမှ မရခဲ့ပါဘူး '
' ဒါဆို ဆန်းလေးတို့နှစ်ယောက် ဘယ်ကိုများပြောင်းသွားကြတာလဲ ဆရာတို့ အဲ့ဒီမိန်းကလေးနဲ့ပတ်သတ်ပြီး ဆန်းလေးကို ဆိုးဆိုးရွားရွားတွေ ပြောလိုက်လို့လား '
' အင်း … ပြောခဲ့တယ် … တွေ့တာနဲ့ နှစ်ယောက်စလုံးကို မရရအောင်ခွဲမယ်လို့ သူ့သားကိုချစ်တဲ့စိတ်နဲ့ သူ့အမေပြောလိုက်တာပဲကွာ'
' အင်း … ဒါဆို ဆရာ့ကိုဆန်းလေး သာစည်နယ်မှာ အရင်တွေ့သွားခဲ့တာပဲဖြစ်မယ် ဆရာ့ကိုတွေတော့ သူတို့ကိုခွဲမယ်ထင်ပြီး တစ်ခြားနေရာကို လင်မယားနှစ်ယောက်စလုံး ခြေရာဖျောက်သွားကြတာနဲ့တူတယ်'
' အေးကွာ … ထီးလေး မင်းတစ်ခုခု အကူညီပေးနိုင်ဦးမလား'
' ရှေ့လထဲမှာ ကျွန်တော်တို့တွေ စောနယ်ဘက်ကို သွားဖို့ရှိတယ်ဆရာ … ဆန်းလေးကို ကျွန်တော်တွေ့အောင်ရှာပြီး ဆရာ့ဆီ ပြန်ပို့ပေးပါ့မယ်'
' ဝမ်းသာလိုက်တာ မောင်ထီးလေးရာ … ဝမ်းသာလိုက်တာ အဲ့ဒီလိုစကားကြားရတာနဲ့တင် ဆရာဝမ်းသာလှပါပြီ'
'ဟုတ်ကဲ့ဆရာ … ဒါပေမယ့် ဆရာကျွန်တော့ကို ကတိတစ်ခုတော့ ပေးရမယ် သူတို့နှစ်ယောက်ကို ဆရာတို့မခွဲတော့ပါဘူးလို့ '
' ပေးပါတယ်ကွာ … ဆန်းလေး အဲ့ဒီမိန်းကလေးကို မယူဖြစ်အောင်ပဲ ဆရာတို့မိဘတွေက ပြောရတာပါ … သူများသားသမီးကို ခိုးယူပေါင်းသင်းပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ လက်ထပ်ပေးဖို့ပဲရှိတော့တာပေါ့'
' ဟုတ်ကဲ့ဆရာ … ကျေးဇူးတင်ပါတယ် … ဆရာစိတ်အေးအေးထားပါ … ပျောက်သောသူ ရှာရင်တွေ့ပါလိမ့်မယ် ကျွန်တော်ကိုယ်တိုင် ဆရာ့ဆီ ဆန်းလေးကို လာအပ်ပေးပါ့မယ်'
' ကျေးဇူးတင်ပါတယ်ထီးလေးရာ မင်းရဲ့စကားသံတွေထဲမှာ ယုံကြည်မှုတွေအပြည့်ရှိနေတာကို ဆရာရိမ်မိပါတယ် … စောနယ်နဲ့ သာစည်နယ်နဲ့က သိပ်မဝေးဘူးဆိုတော့ ဆန်းလေးသတင်းကို စုံစမ်းပေးပါဦး … စာတော်တယ် ဥာဏ်ကောင်းတယ် ဒါပေမယ့်ပြင်းတယ် ကူညီတတ်တဲ့ ဆရာ့ပတည့်လေး ရှာတွေ့နိုင်လိမ့်မယ်လို့ ဆရာယုံကြည်တယ်'
' ဟုတ်ကဲ့ ဆရာ … ကျွန်တော့ကိုယုံကြည်ပေးတာ ကျွန်တော်ထီးကလေး အတိုင်းမသိ ဝမ်းသာမိပါတယ်'
' ကဲ … ကောင်းပြီး ဒါဆိုဆရာ့ကိုခွင့်ပြုဦး '
' ဟုတ်ကဲ့ဆရာ … ကျွန်တော်ခြံရှေ့ လိုက်ပို့ပေးပါ့မယ်'
ဆရာဟာ အားကိုတကြီး ကျွန်ုပ်၏နေအိမ်သို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့ပြီ သားဖြစ်သူဆန်းလေးအား ကျွန်ုပ်လမ်းညွန်ပေးလိုက်သော သာစည်နယ်၌ မတွေ့ခဲ့ရချေ။ ထို့ကြောင့် ကျွန်ုပ်အား ထပ်မံ၍ ဝိုင်းဝန်းရှာပေးရန် အကူညီတောင်းဆိုခဲ့ပြီး ဆရာတစ်ယောက် ကျွန်ုပ်အားနှုတ်ဆတ်လျက် ထွက်ခွာသွားချေတော့သည်။ ဆရာထွက်ခွာသွားသည်နှင့် ကျွန်ုပ်၏သူငယ်ချင်းများဖြစ်သူ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုးတို့ရောက်ရှိလာပြီး
' ဘယ်သူလဲထီးလေး … မင်းဆီကိုလာသွားတာလား'
' အေး … ဆယ်တန်းတုန်းက ငါ့ရဲ့ကျူရှင်ဆရာ … ဟိုနေ့က တန်ခိုးရယ်ငါရယ် အဝေးပြေးလမ်းမှာ အကူညီပေးလိုက်တဲ့ ကောင်လေးရဲ့ အဖေပဲ … တစ်ခုလပ်ကောင်မလေးကို ခိုးပြေးသွားတာ … ပြီးတော့ မိဘတွေခွဲမှာဆိုးလို့ ခြေရာဖျောက်ပြီး ပုန်းနေကြတယ်လေ … သူ့မိဘတွေက မခွဲတော့ဘူဆိုတာ သူတို့မသိသေးဘူး'
' သြော် … ဟိုညက ငါတို့နဲ့ဆုံခဲ့တဲ့ မိန်းမခိုးပြေးလာတယ်ဆိုတဲ့ ကောင်လေးရဲ့အဖေလား '
' အေး … သာစည်နယ်ကားဂိတ်ထိ လမ်းကြုံလိုက်ဖို့ ငါတို့ကားတားပေးလိုက်တယ် … တိုက်တ်ုက်ဆိုင်ဆိုင်ပဲ မနေ့က အအေးဆိုင်မှာ ဆရာနဲ့ဆုံဖြစ်တော့ အဲ့ဒီကောင်လေးက ဆရာ့သားဖြစ်နေတယ် သူ့သားကိုလိုက်ရှာနေတယ်ဆိုတာနဲ့ ငါလဲသာစည်နယ်ဘက်ကို လမ်းညွန်းပေးလိုက်တယ်လေ'
' ဒါပေမယ့် … သာစည်နယ်မှာမရှိတော့ဘူး တစ်ခြားနေရာကို ပြောင်းသွားကြတယ် အဲ့ဒါငါ့ကို ထပ်ပြီးဝိုင်းရှာပေးဖို့ အကူညီလာတောင်းတာ'
' သာစည်နယ်နဲ့ စောနယ်က သိပ်မဝေးဘူး … ငါတို့လဲ စောနယ်ဘက်ကို ခရီးထွက်ဖို့ရှိတယ်ဆိုတော့ တွေ့တဲ့အခါကျရင် သူ့မိဘတွေ သဘောတူတဲ့အကြောင်း ပြောပြလိုက်ရင် အဆင်ပြေသွားမှာပါ'
' ဒါပေါ့ … ကဲ … အဲ့ဒီကိစ္စထားလိုက်တော့ ဆောင်းတွင်းရဲ့ညချမ်းလေးမှာ ကော်ဖီပူပူလေးကို ဌရပ်ကွက်ထဲက ကိုဟန်စိုးရဲ့ ရွှေအိုးဆိုင်မှာ သွားသောက်ကြမယ် ဘယ်လိုလဲ '
' ဘာပြောကောင်းမလဲကွာ … ဘဲလ်ရီဂွတ်ပေါ့'
ညဦးအချိန်သို့ရောက်ရှိလာခဲ့ပြီး အအေးဓာတ်ဟာ ပိုမိုပြင်းထန်လာခဲ့သည်။ ဆောင်းတွင်း၏ လေပြေလေးများဟာ အအေးဓာတ်များကြားမှ သူသည်လည်း နေရာတစ်ခုအဖြစ် ဝင်ရောက်နေရာယူထားခဲ့ပြီး အအေးဓာတ်များအား ပိုမိုအေးစက်လောက်အောင် အင်အားတစ်ခုအဖြစ် ဖေးမပေးနေခဲ့သည်။ အားလပ်ရက်လေးများတွင် အမြဲထိုင်လေ့ရှိသော ဌရပ်ကွက်ထဲမှ ကိုဟန်စိုးရဲ့ ရွှေအိုးလက်ဘက်ရည်ဆိုင်လေးသို့ ကျွနိုပ်နှုင့်အတူ သူငယ်ချင်းများ ဆောင်းတွင်းညချမ်းလေး၌ ကော်ဖီပူပူလေးအား အရသာခံသောက်ရန် ထွက်ခွာလာခဲ့ချေသည်။
***
သုတေသနလုပ်ငန်းများစွာ ပြုလုပ်နေခဲ့ပြီး အရာရာအား ငွေဖြင့်လမ်းခင်းနေတတ်သည့် ဦးသိပ္ပတစ်ယောက်မှာတော့ တရုတ်ပြည်မှ ကျွန်းအခေါင်းကြီးအား မြန်မာနိုင်ငံလေဆိပ်အထိ အရောက်သယ်ယူလာနိုင်ခဲ့လေသည်။ လေဆိပ်သို့ရောက်ရှိလာသည်နှင့် ထိုအခေါင်းကြီးအား သယ်ယူနိုင်ရန်အတွက် မြန်မာပြည်တွင်ရှိနေသော မိမိ၏တပည့်များအား ထိုကျွန်ူအခေါင်းကြီး သယ်ယူနိုင်မည့် ကားဖြင့်လာရောက်ကြိုဆိုခိုင်းလေသည်။ မကြာမီအချိန်၌ပင် လေဆိပ်သို့ ဦးသိပ္ပအား လာရောက်ကြိုဆိုကြသော ကားကြီးတစ်စီး စိုက်ရောက်လာလေခဲ့သည်။
' ဆရာကြီး … ကျုပ်ရဲ့နေအိမ်အထိ လိုက်လည်ပါဦး မြန်မာပြည်ရဲ့ အလှအပလေးတွေနဲ့ ဆရာကြီးကို မိတ်ဆတ်ပေးချင်လို့ပါ ပြီးတော့ ကျုပ်အိမ်အထိ ဒီပစ္စည်းကြီးမရောက်မချင်း ကျုပ်စိတ်မလုံဘူး … ဒါကြောင့် ရောက်လက်စနဲ့ တစ်ခါတည်းကူညီပေးပါဦး'
' မြန်မာပြည်ရောက်နေမှတော့ ခင်ဗျားအိမ်ကိုလည်း ရောက်ဖူးတယ်ရှိအောင် ကျုပ်လိုက်လည်ပါ့မယ် ဒီပစ္စည်းအတွက်ကတော့ ဘာမှမပူနဲ့ ကျုပ်တာဝန်ထား ဟုတ်ပြီလား'
' ကျေးဇူးတင်ပါတယ်ဆရာကြီး '
' ကဲ … ဟေ့ကောင်တွေ ဒီပစ္စည်းကို ကားပေါ်တင်ကြ သေချာလုပ်ကြနော်'
'ထင်ခ ဒီပ ဒီပစ္စည်းက ဘာလဲဆိုတာ မင်းတို့နှစ်ယောက်တည်း သိပါစေနော်'
' စိတ်ချပါဆရာ … ကျုပ်တို့နှုတ်လုံပြီးသားပါ'
' အေးပါကွ … ငါချမ်းသာရင်လဲ မင်းတို့ကို ပစ်မထားပါဘူး… ကဲ… လာကြ ကားပေါ်တတ်ကြမယ်'
လူအင်အားအမြောက်အများဖြင့် ကျွန်းအခေါင်းကြီးအား လာရောက်ကြိုဆိုသည့် ကားကြီးအပေါ်သို့ ဝန်းဝိုင်းတင်ဆောင်လိုက်ကြပြီး လေဆိပ်မှတဆင့် ဦးသိပ္ပ ၏နေအိမ်သို့ သယ်ဆောင်လေတော့သည်။
' ဆရာ … ဆရာပြောတဲ့ တရုတ်ရှေးဟောင်းရတနာတွေရှိတယ်ဆိုတဲ့ အခေါင်းကြီးက ဒီအခေါင်းကြီးဆိုတာ သေချာလားဆရာ'
' ရှုး …! တိုးတိုးပြောစမ်းပါကွ … သိပ်သေချာတာပေါ့ကွာ ဖုတ်ကောင်ရဲ့အောက်မှာ ရတနာတွေရှိတယ် … အဲ့ဒီရတနာတွေက တန်ဖိုးမဖျက်နိုင်လောက်အောင် အဖိုးတန်တယ်ကွ '
' ဒါဆိုရင် ဆရာဒီနားမှာပဲ ဆင်းပြီးနေခဲ့ပေတော့'
' ဘာ … ဘာပြောတယ် ထင်ခ … မင်းဒါဘာလုပ်တာလဲ'
' စိတ်မရှိပါနဲ့ဆရာ … ဒီအခေါင်းကြီးကို ဆရာ့ဆီကနေ ကျုပ်အလှူခံနေတာမဟုတ်ဘူး ဓားပြတိုက်ယူနေတာ'
' မင်း … မင်း '
မိမိ၏အားကိုရဆုံး တပည့်နှစ်ဦးအနက် ထင်ခမှာ ဦးသိပ္ပ ၏ဝမ်းဗိုက်သို့ ခြောက်လုံးပြူးသေနတ်ဖြင့် ချိန်းဆထားခဲ့ပြီး ဦးသိပ္ပဆီမှ ကျွန်းအခေါင်းကြီးအား လုယူရန်ကြိုးစားလေတော့သည်။ ထို့နောက် ဦးသိပ္ပ ၏ဘက်တွင် ဒီပနှင့် အလုပ်သမားလေး လေးဦးသာရှိနေခဲ့ပြီး ကျန်လူများဟာ ထင်ခ၏ဘက်တော်သားများဖြစ်လေသည်။ ထို့နောက်
' ဟေ့ကောင်တွေ ကားခဏရပ်လိုက်စမ်း'
' ဆရာဦးသိပ္ပ ခင်ဗျားဥာဏ်များမယ်တော့ မကြံနဲ့တော့ ကျုပ်ရဲ့ဆရာဖြစ်နေလို့ ခင်ဗျားကိုအေးအေးဆေးဆးပြောနေတာ ဥာဏ်များမယ်ဆိုရင်တော့ ကျုပ်ပစ်လိုက်မှာ '
' ထင်ခ မင်းကလဲကွာ … ဆရာတပည့်တွေပဲ အေးအေးဆေးဆေးပြောကြတာပေါ့'
ိံ ဘာမှအေးအေးဆေးဆေး မပြောနိုင်ဘူး … ဟိုကောင် ကြံခင်းနယ်ဘက်ကို မောင်း … ဦးသိပ္ပ အရှေ့နားမှာ ခင်ဗျားနဲ့ခင်ဗျားလူတွေ ဆင်းနေခဲ့တော့ '
' မှော်ဆရာကြီး …ခင်ဗျားက ကျုပ်နဲ့ကျေးဇူးပြုပြီးလိုက်ခဲ့ပေးပါ'
' ဟင် … သြော် … ထင်ခ မင်းက တစ်ချိန်လုံးငါ့ကို လိမ်နေခဲ့တာပဲ တရုတ်စကားလဲ နားလည်ပြောတတ်ရဲ့သားနဲ့ တောက် !… မြွေပွေးခါးပိုက် ပိုက်မိတာပဲ … ရော့ကွာ '
နိုင်ငံတကာ လှည့်လည်နေသည့် ဦးသိပ္ပမှာ သေနတ်ဖြင့်ချိန်ဆထားသည့် ထင်ခ၏လက်အား ပုတ်ထုတ်လိုက်ပြီး ဘယ်လက်ဖြင့် မျက်နှာအားထိုးလိုက်လေသည်။ ထင်ခတစ်ယောက်မှာ မူးဝေသွားခဲ့ပြီး ကိုင်ဆောင်ထားသည့် သေနတ်မှာလည်း လွှင့်ထွက်သွားခဲ့သောကြောင့် ခါးကြားမှ ဓားအားထုတ်ယူ၍ ဦးသိပ္ပအားထိုးလိုက်လေရာ အရှောင်အတိမ်းလျင်မြန်စွာဖြင့် ဦးသိပ္ပတစ်ယောက် ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။ မောင်းနှင်နေသည့် ကားအပေါ်၌ ရုံရင်းဆံခတ်ဖြစ်သွားစေခဲ့ပြီး အချင်းချင်းနှစ်ဖွဲ့ခွဲခါ အပြင်းအထန် စတင်တိုက်ခိုက်လေတော့သည်။
ထို့နောက်ထင်ခ၏ လက်အတွင်းသို့ သေနတ်ပြန်လည် ရရှိသွားခဲ့ပြီး တိုက်ခိုက်ရန်ဟန်ပြင်လာသည့် ဦးသိပ္ပအား ချိန်တွယ်ကာပစ်လိုက်လေရာ သို့ပေမယ့် ဦးသိပ္ပမှာလျင်မြန်စွာ ရှောင်တိမ်းလိုက်သည်ကြောင့် မိမိ၏အနောက်တွင် ရှိနေသော တရုတ်လူမျိုးမှော်ဆရာကြီးအား ထိမှန်သွားခဲ့လေတော့သည်။ ထင်ခ၏သေနတ်ကျည်ဆံဟာ ဦးတည်သူဦးသိပ္ပအား မထိမှန်ပဲ မှော်ဆရာကြီးကိုသာ ထိမှန်သွားခဲ့ပြီး မှော်ဆရာကြီးတစ်ယောက် ကားပေါ်တွင်သာ ပွဲချင်းပြီးသေဆုံးသွားခဲ့လေတော့သည်။
' ဟာ … ဟင် ဆရာကြီးထိသွားပြီး ဆရာကြီးအားတင်းထားပါဦး ခင်ဗျားသေလို့မဖြစ်ဘူး'
' ထင်ခ … ရပ်လိုက်တော့ အားလုံးသေကုန်လိမ့်မယ် အခေါင်းမှာသွေးတွေပေကုန်ပြီးနော် မှော်ဆရာကြီးမရှိရင် ဒီဖုတ်ကောင်ကို မင်းလဲနိုင်မှာမဟုတ်ဘူး'
' ဟင် … ဟာကွာ ပစ်ကွာ'
လောဘဇောတတ်နေသည့် ထင်ခတစ်ယောက်မှာတော့ ကျွန်းအခေါင်းကြီးအတွင်းမှ ရတနာပစ္စည်းများအား ရယူလိုစိတ်ပြင်းပြနေခဲ့ပြီး အမြင်အာရုံ၌ မည်သည့်အရာမှ မမြင်နိုင် မည်းမည်းမြင်ရာ ပစ်ခတ်ချေတော့သည်။ သေနတ်ထိမှန်ကာ သေဆုံးသွားသော မှော်ဆရာကြီး၏သွေးများမှာ ကားပေါ်တွင်ရှိနေသော ကျွန်းအခေါင်းကြီးဆီသို့ စွန်းပေကုန်လေပြီး။ စိတ်လှုပ်ရှားနေသည့် ထင်ခအား ဦးသိပ္ပတစ်ယောက်မှာတော့ တည်ငြိမ်စွာဖြင့် အသင့်ရှိနေသော သေနတ်ဖြင့် ပစ်ခတ်လိုက်လေရာ ထင်ခတစ်ယောက် ထိမှန်သွားခဲ့ပြီး ကားပေါ်၌ လှဲကျသွားခဲ့လေသည်။ ထို့နောက် ထင်ခ၏ ဘက်တော်သားများကိုပါ ဦးသိပ္ပနှင့်အဖွဲ့ အမြစ်ဖျက် အပျက်ရှင်းလေတော့သည်။
ဦးသိပ္ပသေနတ်ဖြင့် ပစ်ခတ်လိုက်သော ထင်ခတစ်ယောက်မှာ ချက်ချင်းပင်လျင် အသက်မထွက်နိုင် ငွေ့ငွေ့မျှရှိနေသေးသော အသက်ကလေးဖြင့် အားတင်ကာ ထလာပြီး ကားမောင်းသူ ဒရိုင်ဘာအား ပစ်ခတ်လိုက်လေတော့သည်။ အရှိန်ပြင်းစွာမောင်းနှင်နေသည့် ကားဒရိုင်ဘာဟာ သေနတ်ထိမှန်သွားခဲ့ပြီး မောင်းနှင်နေသည့် ကားကြီးမှာလဲ အရှိန်ပြင်းစွာ တိမ်မောက်သွားခဲ့လေတော့သည်။
ကားအပေါ်ရှိ လူအမြောက်အများ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြပြီး အသက်ပေးကာ ထင်ခနှင့်အတူ လူတစ်ချို့သေဆုံးသွားခဲ့လေတော့သည်။ ကားကြီးမှာလဲ အရှိန်ပြင်းစွာ တိမ်းမှောက်သွားခဲ့ပြီး ဦးသိပ္ပနှင့်အတူ ဒီပနှင့် အလုပ်သမားလေး တချို့သာ ဒဏ်ရာအပြင်းအထန်နှင့် မေ့မျောသတိလစ်နေခဲ့သည်။ အချင်းချင်းနှစ်ဖွဲ့ကွဲကာ တိုက်ခိုက်ကြရာမှ သေဆုံသူများ၏ သွေးစသွေးနများဟာ ကားအပေါ်ရှိ ကျွန်းအခေါင်းကြီးအပေါ်သို့ ပေစွန်းသွားခဲ့လေပြီး။
*** *** ***
' ကေ … ဒီနယ်လေးမှာပဲ အစ်ကိုတို့အဆင်ပြေသလို နေကြတာပေါ့ … အခုလောလောဆယ်တော့ ကေ့ကို ကိုယ်လူတန်းစေ့မထားနိုင်သေးတာ ကေခွင့်လွတ်ပေးပါနော်'
' ကိုရယ် … ကေကြောင့် အစ်ကို … အခုလို ဆင်းဆင်းရဲရဲနေရတာကိုပဲ ကေ အားနာနေလှပါပြီ '
' ကေရယ် ဘာဖြစ်လို့အဲ့ဒီလိုပြောရတာလဲ … ကိုယ့်အနားမှာသာ ကေရှိနေမယ်ဆိုရင် ဘယ်လိုဆင်းရဲမှုမျိုးကိုမှ ကိုယ်မကြောက်ပါဘူး အားလုံးကို ရင်ဆိုင်ပစ်လိုက်မယ်'
' ကို … ကိုယ့်ကိုလေ … ကေအရမ်း … ချစ်တယ်သိလား'
' ကိုကလည်း ဟော့ဒီက ချစ်ဇနီးလေး ကေ့ကို အရမ်းချစ်ပါတယ်ဗျာ'
' ကေ့ကို ဘယ်တော့မှ ခွဲမသွားရဘူးနော်'
' ဘယ်တော့မှ ခွဲမသွားပါဘူး ကေရယ် … စိတ်ချပါနော်'
' အမလေးဟယ် ဖြစ်နေလိုက်ကြတာ ညားခါစ လင်မယားလို့ပြောစရာကို မလိုဘူး တကဟ်ပဲ'
' ဟာ … မအေးမြင့် လာ … ထိုင် '
' မထိုင်တော့ဘူး ငါလဲပြင်းနေတာနဲ့ နင်တို့အိမ်ဘက် ငါ့ခွေးလေးကို ကျောင်းရင် လျောက်လာခဲ့တာ '
' ဟုတ်တယ်ဗျ … ကျုပ်လဲအရင်တုန်းက ခွေးလေးတွေ မွေးဘူးတယ် … စုတ်ဖွားအိမ်မွေးခွေးတွေက လမ်းဘေးမှာကြီးတဲ့ ခွေးလေးတွေလောက် အားမကိုးရဘူးဗျ'
' ဟုတ်ပါ့ … ငါ့ဂျက်ကီကြီးကြောင့် ငါ့ခြံလုံခြုံနေတာ ဂျက်ကီကြီးမရှိခင်တုန်းကဆို ခြံထဲကကြက်တွေ အခိုးခံရလို့ကုန်ပါလေရော … ဒါနဲ့ နင်တို့လင်မယားနှစ်ယောက်ရော ဒီမှာနေရတာ အဆင်ပြေရဲ့လား '
' ပြေပါတယ်ဗျာ မအေးမြင့်တို့လို့ ရပ်ဆွေရပ်မျိုး ကောင်းကောင်းလေးတွေ ရှိနေတော့ ပတ်ဝန်းကျင်မှာလဲ အမျိုးတွေရှိနေသလိုပါပဲ အားရှိတာပေါ့'
' အေးအေး … ပြေရင်ပြီးရော သြော် … မနေ့က ငါတို့ကြံခင်းနယ်နားမှာ ကားကြီးတစ်စီး မှောက်သွားတယ်လို့ကြားတယ် လူတွေလဲ သေကုန်တယ်လို့ ပြောကြတာပဲ … ပြီးတော့ ကျွန်းအခေါင်းကြီး … အဲ့ ! …'
' ဘာဖြစ်တုန်းဗျ မအေးမြင့် ကျွန်းခေါင်းကြီးဟုတ်လား ဆက်ပြောလေ '
' ဟုတ်တယ် ငါလဲသေချာတော့ မသိဘူး … ရွာကလူတွေ ပြောသံကြားတာပဲ ဘာတဲ့ … မှောက်သွားတဲ့ ကားအထဲမှာ ရှေးဟောင်းကျွန်းအခေါင်းကြီး တစ်လုံးကိုတွေ့တယ်လို့ ပြောနေကြလို့ … သေချာလဲမသိပါဘူးဟယ် သိတယ်မဟုတ်လား ရွာက လူတွေအကြောင်းကို နည်းနည်းဆို များများပြောချင်ကြတာ ထားလိုက်ပါ ငါလဲသွားဦးမယ် နင်တို့လင်မယားလဲ ပျင်းရင် ငါ့အိမ်ဘက်လျောက်လာခဲ့ဦးလေ'
' ဟုတ်ကဲ့ မအေးမြင့်ရေ … '
လူသစ်၊ စိတ်သစ်၊ ဘဝသစ်နှင့်အတူ ဆရာဝန်လောင်းလေး ဆန်းထွန်းပိုင်နှင့် ကေသရီတို့မှာ ကြံခင်းနယ်အပိုင် လသာကျေးရွာလေးမှာသာ လင်မယားနှစ်ဥင်္ီး ပတ်ဝန်းအကျင်၏ နွေးထွေးမှု့နှင့်အတူ အေးချမ်းစွာနေထိုင်နေခဲ့ကြသည်။ ကျေးရွာလေးဟု ခေါ်တွင်သော်လည်း ခေါင်ခိုက်ခြင်းမရှိ အုပ်ချုပ်သူများနှင့် စည်းစည်းလုံးလုံးနေထိုင်ကြသော ရပ်ရွာလေးတစ်ခုပင်ဖြစ်ချေသည်။ မအေးမြင့်ဟူသော အပျိုကြီးမှာ ဆန်းထွန်းပိုင်နှင့်ကေသရီတို့အား မောင်နှမအရင်းသဖွယ် စောင့်ရှောက်ပေးသည့် အိမ်နီးချင်း ရပ်ဆွေရပ်မျိုးတစ်ဦးဖြစ်ပြီး သူမ၏နေအိမ်၌ မွေးမြူရေးလုပ်ငန်းဟု ဆိုရလောက်အောင် ကြက်၊ ဘဲ၊ ဝက် စသည်တို့မွေးမြူထားခဲ့သည်။
ထိုည၌ မအေးမြင့်၏ ခြံစောင့်တစ်ယောက်ကဲ့သို့ အားကိုးရသော ခွေးလေး၏ ဟောင်သံမှာ အချိန်ကြာကြာကြားနေခဲ့ရသည်။ ဘာရယ်ကြောင့်မှန်းမသိ။ ခွေးလေး၏ ဟောင်သံမှာ မအေးမြင့်၏ ခြံဝိုင်းအနားသို့ သူခိုးများကပ်သည့်အလား အမှောင်ထုအတွင်းသို့ စိုက်ကြည့်ကာ ထိုးဟောင်းနေလေခဲ့သည်။ အိမ်ရှုင်မအေးမြင့်မှာလဲ ပတ်ဝန်းကျင်အတွင်းသို့ လက်နှိပ်ဓာတ်မီးများဖြင့် လိုက်လံအကဲခတ်ကြည့်သော်လည်း မည်သည့်အရာတစ်ခုမှ မတွေ့ခဲ့ရချေ။ ထို့နောက် ခွေးလေး၏ ဟောင်သံများ တိတ်ဆိတ်သွားသည်ကြောင့် စိတ်ချစွာဖြင့် မအေးမြင့်တစ်ယောက် ပြန်လည်အိပ်ပျော်သွားချေခဲ့သည်။
မနက်လင်းသည်နှင့် မိမိ၏ ထုံးစံအတိုင်း မွေးမြူထားသည့် တိရိစ္ဆာန်များအား အစားကျွေးရန် ခေါ်ဆောင်နေခဲ့ပြီး။ မိမိ၏မွေးမြူထားသော ကြက်၊ဘဲ၊ဝက်များအနက် ဝက်ကောင်အရေအတွက်မှာ လျော့ပါးနေလေခဲ့သည်။ ထို့ကြောင့် ညနက်နက်မှ ခွေးလေး၏ ဟောင်သံများနှင့်ဆက်စက်ကြည့်ပြီး မိမိ၏ဝက်များသူခိုး ခိုးခံရပြီဟု တွက်ဆကာ ဒေါကြီးစွာဖြင့် ဝက်ခြံအနား လျောက်လှမ်းသွားလေခဲ့သည်။ ဝက်ခြံအတွင်းသို့ မအေးမြင့်တစ်ယောက် ကြည့်မိလိုက်သည်နှုင့် မိမိ၏ဝက်များ ဝက်ခြံဘေး၌ သေဆုံးနေခဲ့သည်များကို တွေ့ရှိလိုက်ရလေသည်။
' ဟာ … ဘယ် … ဘယ်လိုဖြစ်ရတာလဲ'
သေဆုံးနေသည့် ဝက်များမှာ ခန္ဓာကိုယ်တစ်ခုလုံး၌ ဒဏ်ရာများမရှိ။ ဂုတ်အတွင်း၌သာ ကိုက်ရာကဲ့သို့ ရှိနေခဲ့ပြီး သေဆုံးနေခဲ့သည်အား မအေးမြင့်တစ်ယောက် ထူးဆန်းစွာတွေ့ရှိလိုက်ရလေသည်။
' ဗျို့ … အစ်မအေး ! '
' အော် … ဆန်းလေး ဝင်ခဲ့လေ ကေရော မပါဘူးလား'
' ကေ ဈေးသွားတယ် … ညက မအေးမြင့် ဂျက်ကီကြီးအရမ်းဟောင်တာပဲ ကျွန်တော်ဒီကို ပြောင်းလာကတည်းက ဒီကောင်ကြီးဒီတစ်ခါပဲ ဆိုးဆိုးရွားရွားဟောင်တာ ကြားဘူးသေးတယ်'
' ဟုတ်တယ် မောင်လေးရေ … ဟိုမှာကြည့်ဦး'
' ဟင် !… ဘယ် … ဘယ်လိုဖြစ်ရတာလဲ'
' ငါလဲမသိဘူး … အစားကျွေးဖို့ ခေါ်လိုက်တာ ဝက်တွေလျော့နေတာနဲ့ အခိုးခံရပြီးထင်လို့ လာကြည့်တာ ဒီရောက်တော့ အခိုးခံရတာမဟုတ်ပဲ အခုလိုတွေ သေနေတာတွေ့တာပဲ'
' တောကောင် တစ်ကောင်ကောင်များ ဝင်ကိုက်သွားတာလား'
' မဖြစ်နိုင်ဘူး … တောကောင် ဝင်ဆွဲတယ်ဆိုရင် အကောင်လိုက်ဆွဲသွားမှာပေါ့ အခုဟာက ဂုတ်ကိုပဲကိုက်သွားတာ'
' အရင်က အစ်မအေးရဲ့ ဝက်ခြံမှာ အခုလိုမျိုးဖြစ်ဘူးလား'
'ဟင့်အင်း … ငါ့ဝက်တွေ ကြက်တွေ အခိုးခံရလို့ ပျောက်တာပဲရှိတယ် အခုလိုတွေ တစ်ခါမှမဖြစ်ဖူးဘူး'
' ဒါဆို ထူးဆန်းနေပြီ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားမှ ဖြစ်မယ် မဟုတ်ရင် ညတိုင်း အစ်မဝက်ခြံကို လာနေဦးမှာပဲ'
'ဟုတ်တယ် ဆန်းလေး … တောတွင်း တိရိစ္ဆာန်ဆိုတော့ လူတွေကိုပါ အန္တရယ်ပေးမှာကြောက်ရတယ် လူကြီးကို အကြောင်းကြားထားတာ ပိုကောင်းတယ်'
' ဒါဆို ကျွန်တော်လဲလိုက်ခဲ့မယ် လာ … သွားကြရအောင်'
သေဆုံးနေသည့် ဝက်အသေကောင်များမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ မှိတ်နေသည့် မျက်လုံးအိမ်မှာ ပွင့်ဟလာခဲ့ပြီး ရဲရဲတောက်နေသည့် မျက်လုံအိမ်များ ဖြစ်ပေါ်လာခဲ့လေသည်။ မိမိ၏ဝက်များ သေဆုံးခြင်းနှင့်ပတ်သတ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားစေကာ မအေးမြင့်တစ်ယောက်မှာတော့ သေဆုံးသွားသည့် ဝက်များ၏အသားအား ရောင်းချခြင်းမပြုတော့ပဲ မီးရှို့သင်္ဂျိုးရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့သို့မအေးမြင့်တစ်ယောက် ဝက်များအား မီးရှို့နေချိန်၌ သေဆုံးနေပြီဖြစ်သော ဝက်အသေကောင် တစ်ကောင်မှာ မီးလောင်နေသော ထင်ပုံကြားမှ လူးလဲထလာသည့် မြင်ကွင်းအား တွေ့ရှိလိုက်ရလေသည်။ ထူးဆန်းစွာဖြင့် မြင့်တွေ့လိုက်ရသည်ကြောင့် ကြောင်တောင်တောင်ကြည့်နေမိရင်း ထိုဝက်ကြီးမှာ ဆွဲငင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
နှုတ်သီးအားဟလိုက်ပြီး ရပ်နေသည့် မအေးမြင့်ဆီသို့ အဆွယ်များထွက်ပေါ်နေသည့် ထိုဝက်ကြီးမှာ အပြေးရောက်လာလေပြီး ။ ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသော မအေးမြင့်တစ်ယောက်မှာတော့ အသိစိတ်ဝင်ရောက်လာပြီး ကိုင်ဆောင်ထားသည့် ထင်းချောင်းကြီးဖြင့် ထိုဝက်ကြီးအား အားကုန်ရိုက်ချလိုက်ပြီး ဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်အတွင်းသို့ လျင်မြန်စွာထည့်လိုက်လေသည်။ ထိုဖြစ်ရပ်အား ထူးဆန်းစွာတွေ့ကြုံလိုက်ရသည့် မအေးမြင့်တစ်ယောက်မှာတော့ ဇောချွေးများစွာ ထွက်လျက် မောဟိုက်နေခဲ့ပြီး အိမ်အပေါ်သို့ အပြေးတတ်ရောက်ခါ ထိုဖြစ်ရပ်အား အိပ်မက်လေလားဟု ထင်မြင်နေမိတော့သည်။
***
' ကျွန်တော်တို့ကြံခင်းနယ် ကားကြီးတိမ်းမှောက်မှုနဲ့ ပတ်သတ်ပြီး ဘာတွေများ သဲလွန်စရရှိထားသေးလဲ ဆရာမောင်ဝင်း'
' ဟုတ်ကဲ့ရဲမှူးကြီး … သေဆုံးသူတွေအထဲက ကားမောင်းသူ ဒရိုင်ဘာရဲ့ နောက်ကျောမှာ သေနတ်ဒဏ်ရာ တစ်ချက်တွေ့ရသလို တစ်ခြား သေဆုံးသူတွေမှာလဲ သေနတ်ဒဏ်ရာတွေ တွေ့ရှိရပါတယ် … အချင်းချင်း နှစ်ဖွဲ့ကွဲပြီး ပြသနာဖြစ်ကြတယ်လို့ ကျွန်တော်ယူဆပါတယ်'
' ဟုတ်ကဲ့ … ဒါဆို အဲ့ဒီပြသနာနဲ့ပတ်သတ်ပြီးတော့ အသက်ရှင်လွတ်မြောက်သွားတဲ့ တရားခံတွေရှိနေပါလိမ့်မယ် ဆရာမောင်ဝင်းနဲ့ ဒီက ရဲအုပ်တို့ ပူးပေါင်းပြီး ဖော်ထုတ်ပေးပါ'
' ဟုတ်ကဲ့ရဲမှူးကြီး … '
' သြော် !… တစ်ခုကျန်နေသေးတယ် … အဲ့ဒီကားပေါ်မှာ ရှေးဟောင်းကျွန်းအခေါင်းကြီး တစ်လုံးတွေ့ရှိရတယ်လို့ ကျုပ်သတင်းရထားတယ် … ပြီးတော့ အဲ့ဒီအခေါင်းထဲမှာ ဘာပစ္စည်းတစ်ခုမှ မရှိပဲ အခေါင်းဗြောင်ကြီးအတိုင်း ရှိနေခဲ့တယ် အခေါင်းကြီးလဲပွင့်နေခဲ့တယ်'
' ဟုတ်ကဲ့ရဲမှူးကြီး … ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေကိုများ အဲ့ဒီအခေါင်းကြီးထဲမှာ ထည့်သယ်လာခဲ့တာများလား'
'မဟုတ်ဘူး ဆရာမောင်ဝင်း … တိမ်းမှောက်သွားတဲ့ ကားပိုင်ရှင်က မြန်မာပြည် သုတေသနပညာရှင် ဦးသိပ္ပရဲ့ကားဆိုတာ ကျွန်တော်တို့သိထားရတယ် … သုတေသနပညာရှင်ဆိုတော့ အခေါင်းထဲမှာရှိတဲ့ အလောင်းတစ်ခုခုကိုများ သုတေသနလုပ်ဖို့ သယ်ဆောင်လာတယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်'
'ဟုတ်ကဲ့ရဲမှူးကြီး ကျွန်တော်တစ်ခု ပြောပါရစေ'
' ပြောပါ ဆရာဝင်းနိုင်'
' ထောက်လှမ်းရေးဆရာရဲ့ သတင်းပေးချက်အရ အဲ့ဒီကြံခင်းနယ်အပိုင် ကျေးရွာလေးတစ်ရွာမှာ ညတိုင်းနီးပါး တောရိုင်းတိရိစ္ဆာန်တစ်ကောင် ဝင်မွေနေပြီးတော့ အိမ်မွေးကြက်၊ဝက်တွေရဲ့ ဂုတ်အကိုက်ခံရပြီး သေဆုံးနေတယ်လို့ ကျွန်တော်သတင်းရထားပါတယ်'
' ဟုတ်ကဲ့ … ဆရာဝင်းနိုင်ဆိုလိုချင်တာက မှောက်သွားတဲ့ ကားပေါ်မှာတွေ့ရတဲ့ ကျွန်းအခေါင်းကြီးနဲ့ ပတ်သတ်နေမယ်လို့ ယူဆတာလား'
' ဟုတ်ပါတယ်ရဲမှူးကြီး … အခေါင်းကြီးက မြန်မာနိုင်ငံရဲ့ အခေါင်းပုံစံမျိုးမဟုတ်ပဲ တရုတ်ပြည်ရဲ့ ရှေးဟောင်းကျွန်းအခေါင်းကြီး တစ်လုံးဖြစ်ပြီး အခေါင်းရဲ့ပုံစံကလဲ တရုတ်လိုအစီအမံတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်… ကျွန်တော့အမြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ကျော်လောက်တုန်းက တရုတ်ပြည်မှာ သွေးစုတ်ဖုတ်ကောင်ဆိုတာ သောင်းကြမ်းခဲ့ဘူးပါတယ် … မှတ်တမ်းတွေအရ အဲ့ဒီဖုတ်ကောင်ရဲ့ အခေါင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ကောက်ချက်ချနိုင်ပါတယ်'
'သွေးစုတ်ဖုတ်ကောင်ရဲ့ အခေါင်း ဟုတ်လား'
' ဟုတ်ကဲ့ ရဲမှူးကြီး … ဒါပေမယ့် အခုအခေါင်းကြီးဖြစ်လိမ့်မယ်လို့တော့ ကျွန်တော့်အနေနဲ့ သေချာကောက်ချက်မချနိုင်သေးပါဘူး'
' ဟုတ်ပြီးဒါဆို အဲ့ဒီသွေးဖုတ်ကောင်ရဲ့ သမိုင်းအကြောင်း ကျုပ်တို့်ကိုသေချာရှင်းပြပေးနိုင်မလား'
' ဟုတ်ပါတယ်ဆရာဝင်းနိုင် … ဆရာဝင်းနိုင်သိထားသလောက် ကျွန်တော်တို့အားလုံးကို ရှင်းပြပေးပါ '
' ဟုတ်ကဲ့ … တရုတ်ပြည်ရဲ့ သမိုင်းကို ကျွန်တော်ဖတ်ဘူးထားသလောက် ပြောပြပါ့မယ် '
' လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ကျော်တုန်းက တရုတ်ပြည်ရဲ့ အစွန်းဆုံးနယ်မြို့လေးတစ်မြို့မှာ သွေးစုတ်ဖုတ်ကောင် သောင်းကြမ်းခဲ့ဘူးတယ် ကျွန်တော်တို့ကြည့်ခဲ့ဘူးတဲ့ တရုတ်ခုန်ဆွ သရဲကားတွေအထဲကလိုမျိုး သွေးစုတ်ဖုတ်ကောင်ပါ … တရုတ်လူမျိုးတော်တော်များ အဲ့ဒီအကြောင်းကို သိထားကြတယ် … အဲ့ဒီတုန်းက လူတော်တော်များလည်း အသက်ပေးလိုက်ကြရတယ် မှော်ဆရာတွေ ပူးပေါင်းပြီး အဲ့ဒီသွေးစုတ်ဖုတ်ကို နိမ်နင်းခဲ့ကြတယ် … ပြီးတော့ အခေါင်းကြီးထဲမှာ မှော်အစီရင်တွေ လုပ်ပြီး တောနက်ထဲမှာ မြှုတ်ထားခဲ့တယ်လို့ ကျွန်တော်လေ့လာထားခဲ့ဘူးပါတယ်''
' အင်း … ဆရာဝင်းနိုင်ပြောပုံအရ အဲ့ဒီဖုတ်ကောင်ရဲ့ အခေါင်းကြီးသာ ဖြစ်နေမယ်ဆိုရင် အဲ့ဒီအခေါင်းကြီးကို ကားပိုင်ရှင်ဦးသိပ္ပတစ်ယောက်များ ဘယ်ကနေရလာရတာလဲ '
' ဆရာမောင်ဝင်း … သုတေသနပညာရှင် ဦးသိပ္ပရဲ့အကြောင်းကို သေချာစုံစမ်းပေးပါ … ကျွန်တော်ထင်သလို ဦးသိပ္ပသာ ဖုတ်ကောင်ကြီးကို သုတေသနပြုလုပ်ဖို့ မြန်မာပြည်ကို သယ်ဆောင်လာခဲ့ပြီး ကားမှောက်သွားလို့ ဖုတ်ကောင်သာ လွတ်သွားပြီဆိုရင် ကျုပ်တို့တစ်နိုင်ငံလုံးအတွက် အန္တရယ်အကြီးကြီးရှိနေပြီ'
' ဟုတ်ကဲ့ ရဲမှူးကြီး … ကျွန်တော်မောင်ဝင်း အခုပဲ သုတေသနပညာရှင် ဦးသိပ္ပအကြောင်းကို စုံစမ်းခဲ့ပေးပါ့မယ်'
' လေးစားပါတယ် ဆရာမောင်ဝင်း '
'ဟုတ်ကဲ့ ရဲမှူးကြီး ကျွန်တော့ကို ခွင့်ပြုပါဦး'
ကြံခင်းနယ်အပိုင် ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သတ်ပြီး ရဲအရာရှိများဟာ အခင်းဖြစ်ပွားရာ နေရာ၌ လူသေအလောင်းများစွာ တွေ့ရှိခဲ့ရပြီး။ တိမ်းမှောက်နေသည့် ကားကြီးအတွင်း၌ တရုတ်ရှေးဟောင်းကျွန်းခေါင်းကြီးအား တွေ့ရှိခဲ့ရလေသည်။ ထိုအခေါင်းကြီးအတွင်း၌ မည်သည့်အရာတစ်ခုမှ မတွေ့ရပဲ သွေးများပေစွန်းနေပြီး အခေါင်းဗလာကြီးကိုသာ တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ထိုအမှု့နှင့်ပတ်သတ်ပြီး သဲလွန်စရှာဖွေရာမှ မြန်မာနိုင်ငံသုတေသနပညာ ဦးသိပ္ပနှင့် စပ်လျင်းနေကြောင်း သိရှိသွားခဲ့လေသည်။
သုတေသနပညာရှင် ဦးသိပ္ပ ၏အကြောင်းအား အကြောင်းစုံသိရှိရန် နိုင်ငံတော်အသိအမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းတစ်ယောက် ချက်ချင်းပင်လျင် ရဲမှူးကြီးအား နှုတ်ဆတ်လျက် သွားရောက်စုံစမ်းလေတော့သည်။ အခေါင်းကြီးအတွင်းမှ ဖုတ်ကောင်ကြီးဟာလည်း မည်သည့်နေရာဆီသို့ ရောက်ရှိသွားခဲ့သည်ကို မသိ လွတ်မြောက်သွားခဲ့လေပြီ။
****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
်ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ ရေးသားသည်)
Post Top Ad
Responsive Ads Here
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment