အပိုင်း(၈) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၈) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
          ဝိဥာဉ်နှင့် 
ပျာက်ဆုံးနေသော သူ၏ 
             အလောင်း 
                     အပိုင်း (၈)
စာရေးသူ-ထီးကလေး၊



ဝိဥာဉ်မောင်ကျော်အား ဖမ်းစည်းခြင်းခံထားရပြီး မိုးခိုးကြွက်လျောက် ဖြစ်စေမည့် သူ့အား အကူညီပေးနေသော ဖော်ကောင်များဟု အမည်ပေးထားသည့် ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုး ထိုသူများဆီသို့ လက်နတ်ကိုယ်ဆီကိုင်ခါ ညတွင်းချင်း ပင်လျင် ကြေးစားလူသတ်သမားတို့ သွားရောက်ကြရန် ဦးခိုင်ခံ့တင်ကား ပြောဆိုလေတော့သည်။
`အရင်တစ်ခါ ဆရာကြီးပြောတဲ့ လိပ်စာအတိုင်းပဲ မဟုတ်လား… အဲ့ချာတိတ်တွေ အကြောင်း ကျုပ်စုံးစမ်းရသလောက်တော့ သာမာန်လူငယ်တွေ မဟုတ်ဘူး အရာရာပါတဲ့ အရှုတ်ထုတ်တွေလို့သိရတယ်… အဲ့ဒီတော့ ကျုပ်တို့ အရှင်ဖမ်းလာခဲ့ရမှာလား… အပျက်လုပ်ခဲ့ရမလား…´
`အရှင်ဖမ်းမလာနဲ့ ငါ့အိမ်ရှုတ်တယ်… အဲ့ဒီမှာ အသေသတ်ခဲ့… ကြားလား… ပိပိရိရိလုပ်ကြနော် ဟေ့ကောင်တွေ…´
`စိတ်ချပါ ဆရာကြီး…´
သို့နှင့် လက်နက်ကိုယ်ဆီကိုင်ခါ လက်ယဉ်စွာ ရက်စက်တတ်သည့် ကြေးစားလူသတ်သမား သုံးယောက်ကား ခြံကြီးအတွင်းမှ ထွက်ခွာသွားချေသည်။ အိမ်ကြီးအတွင်း၌ ကျန်ရှိနေသော ပယောဂါဆရာကြီးကား ဦးခိုင်ခံ့တင်မှ
`ဆရာကြီး… ဒီအိုးကြီးကို အိမ်ရှေ့မှာ ထားလို့ကောင်းပါ့မလား… ´
`အဲ့ဒီအတွက်တော့ ဘာမှ မပူနဲ့ ကျုပ်တတ်ထားတတ်တဲ့ မှော်ပညာက ကျုပ်နယ်မှာဆိုရင် ပြိုင်ဘက်ကင်းပဲ… မှော်ပညာဆိုတာ မျက်လှည့်ပညာက စတာပဲ… ဒီအိုးကြီးကို ကျုပ်မှော်ပညာနဲ့ ဖျောက်ပေးထားမယ်… ´
`ဟင်!…မှော်ပညာနဲ့ဖျောက်မယ် ဟုတ်လား… ဘယ်လိုလဲ…´
ဦးခိုင်ခံ့တင်၏ အမေးကိုပင် ပယောဂါဆရာကြီး ပြန်မဖြေ အမွှေးတိုင် သုံးတိုင်အား ထွန်းညှိလျက် စဥ့်အိုးကြီး အနားသို့ ရောက်သွားပြီး နှုတ်မှ ဂါထာတစ်ချို့အား ရွတ်ဆိုနေခဲ့သည်။ ထို့နောက် စိတ်ဝင်တစား ကြည့်နေသည့် ဦးခိုင်ခံ့တင်၏ မျက်စိအရှေ့တွင်မှာပဲ ထိုစဥ့်အိုးကြီး ကွယ်ပျောက်သွားလေတော့သည်။
`ဟာ!…စဥ့်…စဥ့်အိုးကြီး ဘယ်… ဘယ်ပျောက်သွားတာလဲ… မရှိတော့ဘူး…´
`ဟားဟားဟား… အဲ့ဒါ မှော်ပညာပဲဗျ… သူ့ကို ကိုယ်ယောင်ဖျောက်ထားလိုက်ပြီး နောက်တစ်ပတ်အကြာမှ ကျုပ်ပြန်ဖော်ပေးပြီး သူ့ကို ပင်လယ်ထဲ မျောပစ်လိုက်ကြတာပေါ့…´
`သိပ်တော်ပါတယ်ဆရာကြီးရာ… အားကိုးပါတယ်… ဆရာကြီး မှော်ပညာက တကယ့်ကို စွမ်းပါပေတယ်… ´
`ဒါကြောင့်လဲ အစတည်းက ခင်ဗျားကို ကျုပ်ပြောတာပေါ့… ကျုပ်ကို အားကိုလိုက်ပါလို့ အခုဆို ခင်ဗျားမှာ ရှိနေတဲ့ စိတ်ညစ်စရာ ပြသနာတွေ အားလုံးကို ကျုပ်ပညာနဲ့ အကူညီပေးနိုင်ခဲ့ပြီ… ´
`အားကိုးပါတယ် ဆရာကြီးရာ အားကိုပါတယ်…´

ပယောဂါဆရာကြီး၏ မှော်ပညာအစွမ်းအား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည့် ဦးခိုင်ခံ့တင်ကား လှိုက်လှဲစွာပြောဆိုလျက် ထိုပယောဂါဆရာကြီးအား လွန်စွာမှပင် အားကိုနေမိတော့သည်။
နာကျင်လှသော ခြေလှမ်တို့နှင့် ကျွန်ုပ်၏ အိမ်အပြန်လမ်းသို့ သူငယ်ချင်းလေးယောက်နှင့် အတူ လျောက်လှမ်းလာကြရင်း ဝိဥာဉ်မောင်ကျော် ပြောပြခဲ့သော စကားတို့အား ပြန်လည်ပြောပြနေခဲ့သည်။ ကျွန်ုပ်အား ထိုးရိုက်နှပ်လျက် ကွင်းပြင်တွင် ပစ်ထားခဲ့သည့် အကြောင်းအား သူငယ်ချင်းများဖြစ်သူများက သိရှိသွားလျက်
`တောက်!… ငါတော့ တော်တော်သည်းမခံနိုင်တော့ဘူး´
`နေဦးတန်ခိုး… မင်းစိတ်ကို အေးအေးထားစမ်းပါ အခုငါလဲ ဘာမှ ဖြစ်တော့တာမှ မဟုတ်ပဲ…´
`တော်သေးတာပေါ့… မင်းကို ဒီလောက်လေးပဲ လုပ်လိုက်လို့… ဒါဆို မင်းဖြူဖြူသျှင်းကို တွေ့ခဲ့ပြီးပေါ့…´
`အေးကွ… သူနားမှာ နားကျပ်တပ်ထားတယ် ခြံဝက ငါလှမ်းခေါ်နေတဲ့ အသံကို သူမကြားဘူး ဘေးနားမှာ ခွေးလေးတစ်ကောင်လဲ ပါတယ်… မောင်ကျော်ပြောပြသလောက်ဆို အဲ့ဒီမိန်းကလေးက ဖြူဖြူသျှင်းပဲ…´
`ဟင်!…ဒါဆို ငါတွေ့ခဲ့တဲ့ မိန်းကလေးက…´
`ဟုတ်တယ်… အဲ့ဒါ အယောင်ဆောင် ဖြူဖြူသျှင်းအယောင်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ပဲ… ´
`ဒါ…ဒါဆို ငါတို့အကြံကို ဦးခိုင်ခံ့တင်က ကြိုသိနေတာလား… အခုလောက်ဆို ငါတို့ ဖော်ကောင်တွေဆိုတာ သူသိနေလောက်ပြီ… ဘယ်လိုလုပ်ကြမလဲ…´
`ဦးခိုင်ခံ့တင် ငါတို့ အကြောင်းကို သိသွားရင်တော့ အနှေးနဲ့ အမြန် ငါတို့ကို ပြသနာလာရှာမှာ သေချာနေပြီ မောင်ကျော်ကလဲ အိမ်ကြီးထဲကို မဝင်ရဲတော့ဘူး… မှော်ဆရာကြီးဆိုတာကို သူကြောက်နေရတယ်တဲ့…´
`ဒါဆို ငါတို့ အားလုံးဘာလုပ်သင့်လဲ… သက်ဆိုင်ရာကို အကြောင်းကြားရမလား…´
`မဖြစ်သေးဘူးကွ… သက်ဆိုင်ရာကို အကြောင်းကြားဖို့ ငါတို့မှာ ခိုင်လုံ့တဲ့ သက်သေမရှိသေးဘူး… ငါတို့ဘက်မှာ ဖြူဖြူသျှင်းတစ်ယောက် ရပ်တည်မှ အကောင်းဆုံးသက်သေရမှာ… မဟုတ်လို့ကတော့ ငါတို့ပါ အသေရည်ဖျက်မှု့နဲ့ တရားစွဲခံနေရမယ်…´

အဖြစ်ပျက်များအား တိုင်ပင်လျက် တစ်ရွှေ့ရွှေ့လျောက်လှမ်းလာရင်း ကျွန်ုပ်၏ နေအိမ်ရှေ့သို့ ရောက်ရှိလာချေခဲ့သည်။
`ကဲ…သူငယ်ချင်းတို့ ညဥ့်လဲ တော်တော်လေးနက်နေပြီ… မင်းတို့အိမ်က စိတ်ပူနေကြလိမ့်မယ်… ငါဘာသာ ခြံထဲဝင်လိုက်တော့မယ်…´
`ရပါတယ်ကွာ… ငါတို့အိမ်က မင်းအိမ်မှာ ငါတို့ရှိနေရင် စိတ်ချပြီးသားပါ… မင်းကိုခြံထဲထိ လိုက်ပို့ပေးမယ်…´
`မပို့နဲ့တော့ မင်းတို့လဲ ပင်ပန်းနေကြပြီ မနက်ဖြန်မှ ငါတို့ သက်ဆိုင်ရာကို အမြန်ဆုံးအကြောင်းကြားဖို့ တိုင်ပင်ကြတာပေါ့… ငါတို့ ငါးယောက်ဆုံနေတာ လူကြီးတွေ တွေ့သွားလို့ကတော့ ငါတို့လုပ်နေတာတွေ သူတို့ ရိပ်မိသွားမှာသေချာ ဒီတော့ မင်းတို့ ဒီကနေပဲ ပြန်သွားကြတော့…´
`ဖြစ်ပါ့မလားထီးလေး… မင်းဒဏ်ရာတွေနဲ့ ဦးတို့အန်တီတို့ မေးရင် ဘယ်လိုဖြေမလဲ…´ `ငါ့အတွက်မပူနဲ့ ငါရှင်းတတ်တယ်… ´
အချိန်ကား ည ၁၂ ခွဲမျှ ရှိနေခဲ့ပြီ။ ကျွန်ုပ်တို့၏ လူကြီးမိဘများကမူ သူငယ်ချင်းတစ်ယောက်ယောက်၏ အိမ်၌ အားလုံး အတူတကွ ရှိနေလိမ့်မည်ဟု ထင်လျက် ညဥ့်နက်နက်တွင် စိတ်ချစွာ နေလေ့ရှိသည်။ ညဥ့်လာသည်ကြောင့် ခရေပင်ရိပ်မွန် အိမ်ယာရပ်ကွက်မှ ကျွန်ုပ်တို့၏ နေထိုင်ရာရပ်ကွက်ဆီသို့ နာရီဝက်မျှ လျောက်လှမ်းလာရသည်။ ထိုနောက် ကျွန်ုပ်၏ နေအိမ်ရှေ့သို့ သူငယ်ချင်းဖြစ်သူများ ပို့ဆောင်ပေးခါ သူတို့အား ညဥ့်နက်နေပြီ ဖြစ်သောကြောင့် မိမိတို့၏ နေအိမ်သို့ ပြန်ရန် ကျွန်ုပ်ပြောလိုက်တော့သည်။ အိမ်သို့ ကျွန်ုပ်ပြန်ရောက်မလာသေးသည်ကို သိရှိသည့် မိဘနှစ်ပါးကမူ ခြံတံခါးအား လွယ်ကူစွာ ဖွင့်နိုင်ရန် ပြုလုပ်ထားပေးခဲ့သည်။ ထိုနောက် စေ့ထားသော ခြံတံခါးအား ကျွန်ုပ်လွယ်ကူစွာ တွန်းဖွင့်လိုက်ပြီး အိမ်ထဲသို့ ဝင်မည်အလုပ်
`တန်ခိုး…လာလေ.…နင်မပြန်သေးဘူးလား…´
`ဟင့်အင်း… မင်းတို့ ပြန်နှင့်ကြ နောက်မှ ငါပြန်မယ် …ထီးကလေးကို အိမ်ထဲထိ လိုက်ပို့ပေးလိုက်ဦးမယ်…´
`အေးအေး… ဒါဆို ငါတို့သုံးယောက် ပြန်နှင့်မယ်… ကဲ…အားလုံးပဲ ပြန်ပြီဟေ့…´
သူငယ်ချင်းဖြစ်သူ တန်ခိုးကား ကျွနိုပ်နှင့် ကျန်ရစ်ခဲ့ပြီး ကျန်သူငယ်ချင်းများမှာမူ ကျွန်ုပ်နှင့် တန်ခိုးအား နှုတ်ဆတ်လျက် ကိုယ်ဆီ အိမ်အပြန်လမ်းသို့ ဦးတည်သွားကြတော့သည်။
`တန်ကြီး… မင်းလဲ ပြန်ချင်ပြန်လေ… ရပါတယ်ကွ ဒီလောက်ကတော့ ငါ့အတွက် ပါးပါးလေးပါ…´
`အေးပါကွ… မင်းအကြောင်းသိပြီးသားပါ… ကဲလာ…ငါ့ကိုတွယ် မင်းမိဘတွေတော့ အိပ်နေလောက်ပြီထင်တယ်… ရေချိုးလိုက်ဦး ပြီးရင် မင်းနဲ့ ငါ စကားနည်းနည်းပြောစရာရှိတယ်…´

ညဥ့်နက်နက်၏ အရသာမှာ ပေါ်လွင်လှသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သတ်လျက် ခြံထဲ၌ ကျွန်ုပ်နှင့်တန်ခိုး တိုးတိတ်စွာ စကားပြောနေသည်က ကျယ်လောင်နေသလား အိပ်နေသည့် အဖေနိုးလာပြီး ကျွနိုပ်အား တွေ့သည်နှင့်
`သား… ပြန်လာပြီလား… နေ့လည်တည်းက ဘယ်တွေ လျောက်သွားနေတာလဲ… အော်… မောင် တန်ခိုးလဲ ပါလာပါလား…´
`ဟုတ်ကဲ့… ဦးရေ… ဒီည လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားကောင်းနေတာနဲ့ တော်တော်နဲ့ မထဖြစ်တာ… ´
`အေးအေး… ဒါဆိုလဲ ထမင်းမစားရသေးရင် ထီးလေးသား… မင်းသူငယ်ချင်းပါ ခေါ်ကျွေးလိုက်ဦး…´
ကျွန်ုပ်၏ ရရှိထားသော ဒဏ်ရာများအား အဖေမတွေ့စေရန် မှောင်ရိပ်တစ်နေရာမှ နေလျက် အဖေ့အား စကားပြန်လည် ပြောဆိုနေခဲ့သည်။ ထိုနောက် ရေမိုးချိုးခါ ခြံထဲရှိ ခုံ၌ ကျွန်ုပ်နှင့် တန်ခိုး မနက်လင်းသည်နှင့် သက်ဆိုင်ရာအား အကြောင်းကြားရန် တိုင်ပင်ဆွေးနွေးစရာရှိသည်ကြောင့် သူငယ်ချင်းဖြစ်သူ တန်ခိုးကား မပြန်သေး ကျွနိုပ်အား ခြံထဲတွင် စောင့်နေခဲ့သည်။
`ကဲ…တန်ခိုး… ဘာပြောစရာရှိလို့လဲ…´
`ဒီမတရားမှု့ကြီးကို ငါတော့ စောင့်နေရတာ စိတ်မရှည်တော့ဘူးကွာ… အဲ့ဒီအိမ်ကြီးထဲ အတင်းဝင်ပြီး ဖြူဖြူသျှင်းနဲ့ သွားတွေ့လိုက်ချင်နေပြီ…´
`ဘယ်ဖြစ်မှာလဲကွ… ဦးခိုင်ခံ့တင်ဆီမှာ တပည့်တွေက အများကြီး ပြီးတော့ သူ့ခြံထဲမှာ အချိန်ပြည့်လိုလို အစောင့်တွေ ရှိနေတာ ဘယ်လိုလုပ် အလွယ်တကူ ဝင်လို့ရမှာလဲ… စိတ်အေးအေးထားစမ်းပါ တန်ခိုးရာ… မနက်ဖြန်ကျမှ သက်ဆိုင်ရာကို ငါတို့ အကြောင်းကြားသင့်ရင် ကြားထားတာပေါ့… ပြီးတော့ မောင်ကျော်အလောင်းမြှုပ်ထားတဲ့ နေရာကိုလည်း ငါတို့ သိနေတာပဲ… ဖြူဖြူသျှင်းကို စောင့်မနေတော့ဘူး မနက်ဖြန် သက်ဆိုင်ရာကို အကြောင်းကြားပြီး တာဝန်ရှိသူတွေနဲ့ အလောင်းကို ပြန်ဖော်ခိုင်းမယ်လို့ ငါတွေးထားတယ်…´
`အဲ့ဒီအစီစဉ်လဲ မဆိုးဘူးကွ… မဟုတ်ရင် ငါတို့ အကြောင်း ဟိုလူယုတ်မာတွေ သိသွားကြပြီ တစ်ချိန်မဟုတ် တစ်ချိန်ချိန် ငါတို့ကို ရန်ရှာလာနိုင်တယ်… ဒီတော့ အမြန်ဆုံး တာဝန်ရှိသူတွေကို အကြောင်းကြားထားတာ ပိုကောင်းလိမ့်မယ်… ငါ့စိတ်အတိုင်းသာ လုပ်ရမယ်ဆိုရင် အဲ့ဒီအိမ်ကြီးထဲကို ဒီည အတင်းဝင်လိုက်တော့မှာ… ´
`မင်းစိတ်ကို ငါသိပါတယ်ကွာ… စိတ်လိုက်မာန်ပါ လုပ်လို့ မရဘူးကွ… ဒီကိစ္စက သေးသေးလေး မဟုတ်ဘူး ရာဇဝင့်မှု့´
`အေးပါကွ… မင်းပြောလို ငါနားလည်ပါပြီ… သြော်… ဒါနဲ့ မောင်ကျော်က မင်းတစ်ယောက်တည်း ရှိတဲ့ အချိန်ပဲ ရောက်ရောက်လာတတ်တယ်နော်… ငါတို့လဲ သူ့ကို ဝိုင်းပြီး အကူညီပေးနေတဲ့ သူတွေပဲ ငါတို့ရှိရင်လ သူလာသင့်တာပေါ့…´`
`မဟုတ်သေးဘူးကွ… သူမှာ သူ့အကြောင်းနဲ့ သူရှိနေလို့ မလာတာဖြစ် နေမှာပါကွာ… မင်းတို့ကိုလည်း သူသိနေတယ်လို့ ငါ့ကိုပြောတယ်…´

ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူ တန်ခိုးတို့ ခြံထဲ၌ စကားလက်ဆုံကြနေစဉ်မှာပဲ အိမ်ရှေ့ခြံတံခါးအား တစ်စုံတစ်ယောက်မှ လာရောက်ခေါက်နေသော အသံအား ကြားလိုက်ရတော့သည်။ အသံလာရာ ခြံတံခါးသို့ ကျွန်ုပ်နှင့် တန်ခိုး လှည့်ကြည့်လိုက်ပြီး
`ဟော့… ပြောရင်းဆိုရင်း မောင်ကျော် မင်းဆီလာပြီနဲ့ တူတယ်…´
`ဟင်!… မဟုတ်သေးဘူးကွ… မောင်ကျော်မဖြစ်လောက်ဘူး … တစ်ယေက်ယောက်ဖြစ်မယ်… ခဏထိုင်ဦး ငါသွားကြည့်လိုက်ဦးမယ်…´
`နေဦး… ထီးလေး… ငါပါလိုက်မယ်…´
သို့နှင့် အလှမ်းမဝေးလှသည့် ခြံတံခါးဆီသို့ ကျွန်ုပ်နှင့် တန်ခိုး ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် လျောက်လှမ်းသွားလိုက်သည်။ တံခါးအား အဆက်မပျက် ခေါက်နေလေသလား ခြံတံခါးဆီသို့ ကျွန်ုပ်တို့ ရောက်သည့်အထိ အသံကား ရပ်တန့်မသွားသေး။ ထို့နောက်ဂျက်ထိုးထားသည့် တံခါးအား အသားဖွင့်လိုက်ပြီး
`ထီးလေး… ငုတ်…´
ကျွန်ုပ်၏ အနောက်မှ သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ရုတ်တရက် အော်ပြောလိုက်သော အသံအားကြားလိုက်ရသည်ကြောင့် လျင်မြန်စွာ ငုတ်လျောင်လိုက်မိသည်။ ထို့နောက် နှစ်ယောက်စလုံးကား တိတ်ဆိတ်နေသည့် ခြံပြင်အတွင်းသို့ ရောက်ရှိသွားပြီး လူသတ်လက်နတ်များ ကိုင်ဆောင်ထားသည့် လူကြီး သုံးယောက်အား တွေ့လိုက်ရသည်။
`ဟင်!…ခင်ဗျားတို့ ဒါဘာလုပ်တာလဲ…´
`မင်းတို့ကို ငရဲပြည်ပို့ပေးမလို့ ကဲ့ကွာ…´
လူစိတ်ပျောက်နေလေသလား ခြံတံခါးအားဖွင့်လိုက်သည်နှင့် ခြံပြင်သို့ ခေါင်းပြူးထွက်လာသော ကျွန်ုပ်အား ရုတ်တရက် တိုက်ခိုက်မှု့ကြောင့် လျောင်တမ်းလိုက်ရင်း ခြံအပြင်သို့ ရောက်ရှ်သွားခဲ့ရသည်။ ထို့နောက် အသင့်ပါလာသည့် ဓားများဖြင့် ကျွနိုပ်နှင့် သူငယ်ချင်းဖြစ်သူ တန်ခိုးတို့အား စတင်တိုက်ခိုက်လေတော့သည်။ သူငယ်ချင်းဖြစ်သူ တန်ခိုးကား ခလာတေး ခန်းဝင် ခန်းထွက် အောင်ထားသူတစ်ယောက် ပီပီ ထိုလူသတ်သမားများနှင့် တိုက်ခိုက်လျက် ကျွန်ုပ်အားလည်း ထိခိုက်မှု့မရှိရန် ကာကွယ်ပေးနေခဲ့ရသည်။ အင်းအားဖြင့် မမျှ ထိုသူသုံးယောက်မှာ ဓားရှည် ဓားတို တို့နှင့် ကျွန်ုပ်တို့အား အပြင်းထန် တိုက်ခိုက်နေလေတော့သည်။ အရှောင်အတိမ်း အတိုက်အခိုက်ကျွမ်းကျင်သည့် တန်ခိုးအား ထိုသူသုံးယောက် မယဉ်နိုင် လက်လျော့လျက် အမှောင်ထဲများကြားထဲသို့ ပြေးဝင်လျက် ပျောက်ကွယ်သွားကြတော့သည်။
`တန်ခိုး… မင်းဘာဖြစ်သွားသေးလဲ…´
`ရတယ် ငါဘာမှ မဖြစ်ဘူး… မင်းရော…´
`မင်းတစ်ယောက်လုံး ငါ့ကို အကာကွယ် ပေးနေတာပဲ ငါဘာမှ မဖြစ်ပါဘူး…´
`တောက်!… ဒီကောင်တွေ လွတ်သွားတာ နာတယ်ကွာ… ´
`ထားလိုက်ပါ… ဒီကောင်တွေ ဒီည ပြန်မလာရဲတော့ပါဘူး… ဒါဦးခိုင်ခံ့တင်ရဲ့ တပည့်တွေပဲဖြစ်ရမယ်…´
`ငါတို့ ဘာဆက်လုပ်ကြမလဲ… ဒီအကြောင်းကို အခုသတ်ဆိုင်ရာကို အကြောင်းကြားမလား…´
`နေဦး သက်ဆိုင်ရာကို အကြောင်းမကြားခင် လမ်းကလေးတို့ဆီကို ဒီကောင်တွေ ထပ်မသွားဘူးလို့ မပြောနိုင်ဘူး… အဲ့ဒီတော့ လမ်းကလေးတို့ အိမ်ဘက်ကို ငါတို့ တစ်ချက်လောက် လျောက်သွားကြရအောင်…´
`နေဦး နေဦ… ငါသတိရပြီ… ဖြူဖြူသျှင်းအယောင်ဆောင်ထားတဲ့ မိန်းကလေးဆီကို လိပ်စာပေးခဲ့တာ မင်းလိပ်စာကိုပေးခဲ့တာ အဲ့ဒီောတ့ မင်းဆီကို သူတို့ဦးတည်ပြီး လာကြမှာ ငါအနောက်မှ အခုချိန် တစ်ယောက်ယောက် စောင့်ကြည့်မနေဘူးလို့ မပြာနိုင်ဘူး.… အဲ့ဒီတော့ ဒီကောင်တွေ လမ်းသိသွားလို့ မဖြစ်ဘူး ငါတို့အိမ်ထဲပြန်ဝင်ပြီး လမ်းကလေးတို့ဆီကို အစစအရာရာ ဂရုစိုက်ဆိုပြီး မက်စ်စေ့လေးပဲ ပို့ထားလိုက်မယ်…´
`အေး… အဲ့လိုပဲလုပ်ကွာ… ဒီညတော့ မင်းငါ့အိမ်မှာ အိပ်လိုက်တော့ မနက်စောစော လူကြီးတွေနဲ့ တိုငိပင်ပြီး သက်ဆိုင်ရာမှာ အမှု့ဖွင့်ကြမယ်…´

ခြံရှေ့တွင် နှစ်ယောက်သား တိုင်ပင်ကြပြီး စိုးရိမ်မှု့ကြီးစွာနှင့် ခြံအတွင်း ပြန်လည်ဝင်ရောက်လာချေခဲ့သည်။ အချိန်ကား မနက် ၃နှာရီကျော်ရှိနေခဲ့ပြီ ။ အိပ်ခန်းအတွင်း၌ ကျွနိုပ်နှင့် တန်ခိုး ကောင်းစွာ အိပ်မပျော်နိုင် မိမိတို့၏ အသက်အား ရန်ရှာခြင်း ခံထားရပြီး မနက်အလင်းရောင်အား မြန်မြန်သာလျင် ထွက်ပေါ်လာပါဟု တမ်းတနေမိတော့သည်။
 အိမ်ကြီး အတွင်းမှ လူသတ်သမားများအား အောင်ပွဲခံရန် စောင့်မျှော်နေသော ပယောဂါဆရာကြီးနှင့် ဦးခိုင်ခံ့တင်ကား ဧည့်ခန်းအတွင်း၌ ထိုင်လျက်
`ဟိုကောင်တွေ ကြာလှချည်လား… လူလေး လေးငါးယောက်ကို သတ်ခိုင်းလိုက်တာ ဒီလောက်ကြာရသလား…´
`ဟာဗျာ… ခင်ဗျားကလဲ… စဉ်းစဉ်းစာစားလဲ ပြောပါဦး… လူသတ်တဲ့ ကိစ္စကလွယ်တဲ့ ကိစ္စမှမဟုတ်တာ… ပြီးတော့ လေးငါးယောက်ကို သတ်ခိုင်းတာလေ…´
`အေးဗျ… ကျုပ်လည်း မေ့သွားတယ်… တကယ်ဆိုရင် ဆရာကြီး မှော်ပညာနဲ့ အဲ့ဒီကောင်တွေကို သတ်ခိုင်းလို့ရနေတာပဲ… ကြေးစားတွေ မလိုလောက်ဘူး…´
`ဟားဟား… ကိုယ့်လူ ကျုပ်ကို ထပ်ခိုင်းရင် ခင်ဗျားငွေထပ်ပေးရမှာနော်…´
`ခင်ဗျားကလဲ… ငွေစကားသိပ်ပြောတာပဲ… ကျုပ်ဆီမှာ အပေါဆုံးက ပိုက်ဆံပဲဗျ … ´
ဖော်ကောင်များအား အပျက်ရှင်းခိုင်းလိုက်သည့် ကြေးစားလူသတ်သမားများအား ဦးခိုင်ခံ့တင်တစ်ယောက် စောင့်စားနေရသည်ကို စိတ်မရှည်နိုင်။ အတန်ကြာသည်နှင့် ခြံအတွင်းသို့ ထိုလူသုံးယောက် ပြန်ရောက်လာပြီး ဦးခိုင်ခံ့တင်၏ အရှေ့သို့ ခေါင်းငိုက်စိုက်ခါ ရောက်ရှိလာကြသည်။
`ပြန်လာကြပြီလား… ဘယ်လိုလဲ ပိပိရိရိ လုပ်ခဲ့ရဲ့လား…´
ယုံကြည်မှု့ရှိစွာ မေးလိုက်သော ဦးခိုင်ခံ့တင်၏ စကားတို့အား ထိုလူသုံးယောက် ပြန်မဖြေ ငြိမ်သတ်စွာ ခေါင်းအား ငိုက်စိုက်ထားသည်။
`ဟေ့ယောင်တွေ… ငါမေးနေတယ်လေ…´
`ကျုပ်တို့ မအောင်မြင်ခဲ့ဘူး …´
`ဘာ!… မအောင်မြင်ခဲ့ဘူး ဟုတ်လား'.
`ဟုတ်တယ်ဆရာကြီး… အဲ့ဒီအိမ်က ချာတိတ်တစ်ယောက်က ကိုယ်ခံပညာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင်တတ်ထားတယ်… သူနဲ့ တိုက်ခိုက်ပြီး ကျုပ်တို့ မနိုင်တာနဲ့ ပြန်ရောက်လာခဲ့ကြတာ'.
`ဟာ… ပြန်ရောက်လာတယ်မပြောစမ်းပါနဲ့ကွာ… ပြန်ပြေးလာတယ်လို့ ပြောစမ်းပါ… တောက်!…ဒါဆို ဘယ်လိုလုပ်ကြမလဲ လမ်းစပျက်အောင် ဖျက်ပါတယ်ဆိုမှ အခု မဆိုင်တာတွေက ထပ်ဖြစ်လာပြန်ပြီ… မင်းတို့ကွာ… ဒီချာတိတ်လေးတွေကို အသေမသတ်လာနိုင်ဘူး… တောက်!… မင်းကြေးစားလူသတ်သမားတွေ မလုပ်ပဲ… ထမီဝတ်ပြီး… အခြောက်လုပ်စားသင့်တယ်.´
`ဒီတစ်ခါတော့ ရှိပါစေတော့ဗျာ… သူတို့ကိုလည်း အပြစ်ပြောမနေနဲ့တော့ ကျုပ်ခင်ဗျားကို အကောင်းဆုံး အကြံတစ်ခုပေမယ်… ´
`ကျုပ် ဒေါသထွက်လွန်းလို့ပါဗျာ… ကြေးစားတွေ လုပ်နေပြီးတော့ ချာတိတ်လေးတွေကိုတောင် မနိုင်ပဲ ပြန်ပြေးလာရတယ်ဆိုလို့…´
`ထားပါ… ကျုပ်ပြောတဲ့ အတိုင်းလုပ်လိုက်…´
`မတတ်နိုင်တော့ဘူး မရရင် ရသလို လုပ်ရမှာပဲ…´
ဒေါသထွက်နေသည့် ဦးခိုင်ခံ့တင်အား ပယောဂါဆရာကြီးမှ အကြံပေးမည်ဟု ဆိုကာ ဧည့်ခန်းအတွင်း၌ တိုးတိတ်စွာ နှစ်ယောက်သား ပြောဆိုလေတော့သည်။
မနက်လင်းခါနီးမှ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသလား…။ ကျွန်ုပ်၏ အိပ်ခန်းတံခါးဆီသို့ အသည်းအသန် လာရောက်ခေါက်နေသော အသံအား ကြားလိုက်ရသည်ကြောင့် ရုတ်တရက်လန့်နိုးသွားခဲ့သည်။ ကျွန်ုပ်နှင့် အတူအိပ်နေသော သူငယ်ချင်းဖြစ်သူ တန်ခိုးပင်လျင် ကျွနိုပ်ဘေးတွင် မရှိတော့ချေ။
`သား… သား… ထီးလေး…သား… တံခါးဖွင့်စမ်း´
အိပ်ခန်းရှေ့မှ တိတ်လန့်ကြောက်ရွံ့နေသော အမေ့၏ ခေါ်သံတို့အား ကျွန်ုပ်ကြားလိုက်ရသည်ကြောင့်
`ဗျာ… အမေ… ဘာဖြစ်လို့လဲ…´
`တံခါးမြန်မြန်ဖွင့်စမ်း… ´
ကျွန်ုပ်၏ အမေးတို့ကို ပြန်မဖြေ အိပ်ခန်းတံခါးသား လျင်မြန်စွာ ဖွင့်ခိုင်းနေတော့သည်။ အိပ်နေရာမှာ လူးလဲထလျက် အိပ်ခန်းတံခါးအား ဖွင့်လိုက်သည်နှင့် အိပ်ခန်းရှေ့တွင် အသင့်စောင့်လျက်ရှိနေသော ရဲအရာရှိများအား တွေ့လိုက်ရတော့သည်။
`ဟင်!… အမေ ဘာဖြစ်တာလဲ…´
အမေ့အား မေးလိုက်သည့် စကားတို့ကို ရဲအရာတစ်ဦးမှ ဝင်ရောက်လျက်
`ညက မင်းတို့ ခရေပင်ရိပ်မွန် အိမ်ယာရပ်ကွက်ကို ဖောက်ထွင်းမှု့နဲ့ ပတ်သတ်ပြီး ငါတို့လာဖမ်းတာ…´
`ဗျာ!… ဖောက်ထွင်းမှု့ … ဟုတ်… ဟုတ်လား´
`ဟုတ်တယ်… ဆရာကြီး သူ့ကို လက်ထိပ်ခတ်လိုက်…´
`ဟင်!… ကျွန်… ကျွန်တော့ မလုပ်ဘူး… အမေ့ သားမလုပ်ဘူး…´
`စခန်းရောက်မှ ပြောပါ အခုတော့ စခန်းကို လိုက်ခဲ့ကြပါဦး…´

   ကျွန်ုပ်၏ ပြောစကားများအား ထိုရဲအရာရှိများမှ နားမထောင် ကျွန်ုပ်အား လက်ထိပ်ခတ်လျက် အပိုင်ရဲစခန်းရှိရာသို့ ခေါ်ဆောင်သွားလေတော့သည်။ ကျွန်ုပ်၏ မိဘနှစ်ပါးကမူ ဝမ်းနည်းကြီးစွာဖြင့် အပိုင်ရဲစခန်းရှိရာသို့ လိုက်ပါလာချေခဲ့ပြီး။
စခန်းသို့ ရောက်လာသည်နှင့် ရှုတ်ယှက်ခတ်လျက် ရှိနေသော လူတစ်ချို့အား မြင်တွေ့လိုက်ရပြီး ထိုလူတို့ကား သူငယ်ချင်းဖြစ်သူများ၏ မိသားစုများပင် ဖြစ်နေချေတော့သည်။ အချုပ်ခန်းဆီသို့ ကျွန်ုပ်အား ဝင်ခိုင်းစေပြီး အထဲသို့ ရောင်သွားသည်နှင့် သူငယ်ချင်းဖြစ်သူ လမ်းကလေး ငါးကလေး တန်ခိုးတို့အား ဦးစွာ တွေ့လိုက်ရတော့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages