အပိုင်း(၁) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
               သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
   
စာရေးသူ -ထီးကလေး၊



`မွေးပြီဟေ့…မွေးပြီ…မြနှစ်မွေးပြီ…´
`ကျုပ်…ကျုပ်မိန်းမမွေးပြီဟုတ်လား…ဘာဘာလေးမွေးတုန်း…မြန်…မြန်မြန်ပြောပါ…သိချင်လှပြီ…´
`မိန်းကလေးဟေ့…မိန်ကလေး…´
`သမီးလေး မွေးတယ်…ဟုတ် ဟုတ်လား…ဒါ…ဒါဆို ကျုပ်ကလေး အဖေဖြစ်ပြီပေါ့…ဟေး…ငါကလေးအဖေ ဖြစ်ပြီကွ…လူဖြစ်ပြီ…လူဖြစ်ပြီ ´

စောနယ်၊ မြို့မျက်နှာဖုံး ဦးမောင်မောင်နှင့် ဒေါ်မြနှစ်တို့သည် အိမ်ထောင်အသတ် နှစ်၂၀မှ သမီးဦးလေး တစ်ယောက်ကို မွေးဖွားလာချေခဲ့တယ်။ အိမ်ထောင် စကျသည့်နှစ်မှ ဒေါ်မြနှစ်နှင့် ဦးမောင်မောင်တို့ ကလေးလိုချင်သော်လဲ ဒေါ်မြနှစ်၏ ချို့ယွင်းချက်ကြောင့် ကလေးမရခဲ့ချေ။ဇနီးကို ချစ်တဲ့စိတ်ဖြင့် ကလေးမရနိုင်သော ဒေါ်မြနှစ်ကို ဦးမောင်မောင် အပြစ်မမြင်ရက် အိမ်ထောင် သတ်နှစ် ၂၀ပြည့်မှသာ ယခု သမီးဦးလေးကို မွေးဖွားလာခဲ့တော့သည်။ကလေးလိုချင်သောစိတ်ဖြင့် လင်မယားနှစ်ယောက် ငွေကုန်ကြေးကျခံကာ အမျိုးမျိုး ကြံစည်သော်လဲ မရ ဗေဒင်မေး ယတြာချေသို့သော် ဘာမှ ဖြစ်မလာ။ အနှစ်၂၀လုံးလုံး ရင်သွေးတောင်းနေသော ဦးမောင်မောင်ကို ဇနီးဖြစ်သူ ဒေါ်မြနှစ် သနားစိတ်ဝင်ပြီး ကြံရာမရသည့်အဆုံး နေဝင်ချိန် မှောင်ရီပျိုးစအချိန် ရွာပြင်သင်္ချိုင်းကုန်းသို့သွားခါ ငိုယို၍ ကလေးလိုချင်ကြောင်း ကလေးငယ်တစ်ဦး ရပါစေဟု ဆုတောင်းခဲ့တယ်။ဆုတောင်းပြီးချိန်ကစပြီး သူမ အိပ်မက်ထဲမှာ အဝါရောင် ထမီယဉ်လျာ်းဖြင့် မိန်းမတစ်ဦး သူ့ဗိုက်ထဲမှာ နေချင်သည်ဟု ညတိုင်းလိုလို အိပ်မက် မက်လေ့ရှိတယ်။ ၇ရက်အကြာမှာပဲ ဒေါ်မြနှစ်ဟာ အမှတ်မထင် ကိုယ်ဝန်ရလာခဲ့တယ်။ ကိုယ်ဝန်ရှိချိန်ကစပြီး အသားငါးချက်သည့်အခါ မကျတ်တကျတ် ချက်လေ့ရှိပြီး အားရပါးရ သွေးတောင်သည်ဟုဆိုကာ စားလေ့ရှိတယ်။ ကလေး အရမ်းလိုချင်နေသော ယောက်ျားဖြစ်သူ ဦးမောင်မောင်က ဒေါ်မြနှစ် ကိုယ်ဝန်ရှိချိန်ကစပြီး မျက်စိအောက်က အပျောက်ခံပဲ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့တယ်။ စိတ်သေဘာထား အလွန်ပြည့်ဝပြီး အရာရာကို သည်းခံ ခွင့်လွတ်တတ်သော ဒေါ်မြနှစ်ဟာ ကလေးကိုယ်ဝန်ရှိချိန်ကစပြီး စိတ်ဆိုးလွယ် ဒေါသထွက် လွယ်လာခဲ့တယ်။ ဒေါသဖြစ်လာရင်လဲ ဒေါ်မြနှစ်မဟုတ်တော့ သလို ခတ်ထန်ကြမ်းတမ်းသည့် ရုပ်အသွင်ပြောင်းလာခဲ့တယ်။ ကိုဟ်ဝန်ရှိချိန် ၆လကျော်မှစပြီး သူမဟာ ညဘက်အချိန် မတော် လမ်းလျောက်ချင်စိတ်များ ဖြစ်ပေါ်လာပြီး ယောက်ျားဖြစ်သူ ဦးမောင်မောင်ကိုအသိမပေးပဲ မိမိတစ်ဦးတည်း ရွာထဲ လမ်းလျောက်လေ့ရှိတယ်။ အချိန်ကြာလာတော့ ညသန်းခေါင်ယံ ဘေးမှ ဇနီးပျောက်ပျောက်နေသည်ကို ဦးမောင်မောင် သိလာရတော့ ဇနီးသည်ကို တစ်ယောက်တည်း လမ်းထွက် မလျောက်ဖို့ သူနဲ့အတူတူလမ်းလျောက်ဖို့ ပြောခဲ့တယ်။ ဒီလို ညဘက် သန်းခေါင်ယံ လမ်းလျောက်ချင်စိတ်ဖြစ်ပြီဆို ဦးမောင်မောင်နှင့် အတူ ဒေါ်မြနှစ် ရွာထဲ လျောက်ကြတယ်။ နေ့ဘက်ဆို သူမဟာ အခန်းပြတင်းပေါက် ပိတ်ခါ အလင်းဒဏ်ကို မခံပဲ အိပ်မောကျစွာ အိပ်နေတတ်တယ်။ညသန်းခေါင်အချိန်ဆို လမ်းလျောက်နေခဲ့တာ ကလေးမမွေးခင် အချိန်ထိပါပဲ။
ယခု သမီးလေးကို မွေးခဲ့သည့် အချိန်ကလဲ သောကြာနေ့ည ၉နာရီမှာ ဗိုက်နာနေခဲ့ပြီး ရွာမှ နာမည်ကြီးလက်သည်ဖြင့် စနေနေ့ အကူးအချိန် ၁၂ နာရီတိတိမှာ မွေးဖွားခဲ့တယ်။ ဦးမောင်မောင်ဟာ စောမြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်ရုံသာမက ဆန်စက် ၊ဆီစက်၊ လယ်ဧက တော်တော်များလဲ ပိုင်ဆိုင်ထားပြီး စီးပွာရေးမှာလဲ ပြိုင်ဘက်မရှိ အောင်မြင်နေခဲ့သည့် သူဌေးတစ်ဦးဖြစ်သည်။ သမီးလေး မွေးချိန်ကစပြီး လိုလေသေး မရှိ အများနှင့်မတူအောင် စောင့်ရှောက်ပေးခဲ့တယ်။ ဒီလိုနဲ့ကလေးမလေးဟာ ၃နှစ်သမီးအရွယ်ရောက်တော့ အိမ်မှာ ရှိနေတတ်တဲ့ ပိုးဟပ် ၊ အိမ်မြောင်၊ အစရှိတဲ့သတ္တဝါလေးတွေကို ဖမ်းပြီး ဝါးစားတတ်တယ်။ ဟင်းဆိုရင်လဲ အသားငါး မပါလျှင် ငိုယိုဂျစ်တိုက်တယ်။ အသားငါး ကျတ်ရင်လဲ သူမက မကြိုက် မကျတ်တကျတ်သာ စားလေ့ရှိတယ်။ သူမှ အမုန်းဆုံးအရောင်က အဖြူရောင်ဖြစ်ပြီး အဝါရောင်ကို အင်မတန်ကြိုက်နှစ်တတ်တဲ့ ၄နှစ်သမီး အရွယ်ရောက်တော့ မိဘနှစ်ပါးကို အဖေ အမေ ခေါ်ပြီး နင် နဲ့ ငါ အသုံးများဖြင့် ပြောတတ်တယ်။ သူမကို သိပ်ချစ်ကြတဲ့ မိဘနှစ်ပါးမှာမူ အပြစ်မမြင်ရက် နားလည်ခွင့်လွတ်ပြီး သမီးလေး ခင်ဝါကို အရမ်းချစ်ခဲ့ကြတယ်။တီတီတာတာပြောတတ်သည့် အရွယ်မှာ စကားမပြောပဲ ၄နှစ်သမီး အရွယ်ရောက်တော့ စကားစပြောလာခဲ့တယ်။ မိဘနှစ်ပါးဟာ ချစ်စရာ အင်္ကျီလေးတွေ ဝယ်ပေးတဲ့အခါ သူမှာဟာ ဝတ်ဆင်လေ့မရှိပဲ စုတ်ဖြဲပစ်တတ်တယ်။
`သမီးလေး…သမီးလေးက ဒါလေးကို မကြိုက်ဘူးလား…´
`ဟင့်အင်း…ဟင့်အင်း…မကြိုက်ဘူး ငါ့ကို အဝါရောင်လေးတွေပဲ ဝယ်ပေးပါလား မေမေ´
`မီးမီးက အဝါရောင် ဘာလို့ကြိုက်ရတာလဲ ´
`ကြိုက်တာပေါ့ ဟိုးးးးတုန်းတည်းက ငါကအဝါရောင်ကို သိပ်ကြိုက်ခဲ့တာ´
`ဟင်!…ဘယ်…ဘယ်လို…´
`ဟုတ်တယ်လေ မေမေရဲ့ဟိုးတုန်းတည်းက အဝါရောင်ကိုပဲ ကြိုက်တာ…´

ဒီလိုဖြေတော့ မိခင်ဖြစ်သူ ဒေါ်မြနှစ်ဟာ မိမိဆုတောင်းခဲ့သော သင်္ချိုင်းမှ မဖဲဝါ ဝင်စားသည်ဟု ထင်မှတ်ပြီး မည်သူကိုမှ အသိမပေးပဲ ယောက်ျားဖြစ်သူ ဦးမောင်မောင်ကိုယ်တိုင်ကိုတောင် ဖွင့်မပြောပဲ သူမ ဆုတောင်းမှားခဲ့သည့် အဖြစ်ကို ရင်နာနာဖြင့် ကြိတ်မှိတ်နေခဲ့တယ်။ ကလေးမလေး ခင်ဝါ အိမ်မှာ ပျော်ရွှင်နေခဲ့ပြီးဆိုရင် ရွာမှ လူတစ်ယောက် သေပြီဆိုတဲ့ သတင်းကြားရတော့တာပဲ။ သူမမွေးပြီးချိန်က စပြီး ဖခင်ရဲ့စီးပွားရေး အခြေနေဟာလဲ တစ်ဖြည်းဖြည်းထိုးကျလာခဲ့တယ်။ သမီးလေးမွေးခဲ့သည်ကြောင့် စီးပွားရေးကျရသည်ဟု ဘေးပတ်ဝန်းကျင် မြင်မှာဆိုး၍ မိမိတစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေခဲ့ရတာ ခင်ဝါ ၄နှစ်သမီး အရွယ်ထိပါပဲ ။ ဇနီးသည်ရဲ့ ကလေးလိုချင်သော စ်တ်ဖြင့် သင်္ချိုင်းကုန်းတွင် ဆုတောင်ခဲ့ခြင်းကို ဦးမောင်မောင်မသိခဲ့ ဇနီးဖြစ်သူ ဒေါ်မြနှစ်ဟာလဲ သမီးလေး ၄နှစ်အချိန်ထိ ဖုံးကွယ်နေခဲ့တုန်းပါပဲ။ကလေးမလေးဟာ ကျောင်းနေအရွယ် ၅နှစ်သမီးရောက်တော့ မည်သူ့ကိုမှ စကားမပြောပဲ တစ်ယောက်တည်းသာ အမြဲနေခဲ့တယ်။ ဒေါသအရမ်းကြီးတတ်လာတယ်။ စာသင်ခန်းမှာ ကျောင်းသူ ကျောင်းသားများ ဆူညံသံကြောင့်အေးဆေးနေတတ်တဲ့ခင်ဝါ စိတ်ရှုတ်လာလို့ ထအော်လိုက်ရင် တစ်ခန်းလုံး ဆူညံသံတွေ ငြိမ်ကျသွားပြီး ကျောင်းသူ ကျောင်းသား အားလုံးရဲ့ အံ့သြသောအကြည့်များက ခင်ဝါ့ ဆီမှာ။ အသံနက်၍ ဖနောက်တိုတယ်။ မျက်လုံး ဝိုင်းပြီး နောက်ဖူးမောက်၏။ ပြုံးရွှင်သော ကလေးမ ခင်ဝါရဲ့မျက်နှာကို တွေ့ရခဲ့သည်။ သူမ ကျောင်းနေအရွယ်မှာပဲ မိဘတွေရဲ့စီးပွားရေး ဒီရေကျသကဲ့သို့ ထိုးကျသွားခဲ့တော့တယ်။ သူဌေးကြီး ဦးမောင်မောင်ဟာ သာမာန် အလုပ်သမားအဖြစ် ပြောင်းလဲသွားပြီး သူ့သမီးလေး ခင်ဝါကိုတော့ စာတတ်စေရန် ကျောင်းထားပေးခဲ့သော်လဲ ကလေးမလေး ခင်ဝါက စိတ်မဝင်စားပါ။ ဒီလိုနဲ့ ရေးတတ် ဖတ်တတ်သည့် အရွယ် ၁၀နှစ် သမီးမှာ ကျောင်းမှ ထွက်စေခဲ့တယ်။ တစ်နေ့ ဖခင်ဖြစ်သူ ဦးမောင်မောင် ချေး ငှားထားသော အကြွေးရှင် အိမ်ရောက်လာပြီး
`ဒီမယ်…ကိုမောင်မောင် ရှင်ပိုက်ဆံလိုနေတယ် ဆိုလို့ ကျွန်မပိုက်ဆံထုတ်ပေးခဲ့တယ်…အခု ရှင် ပြန်ဆပ်ရမယ့် လတွေလဲ ကျော်နေပြီ ဘယ်မလဲ ကျွန်မအကြွေးတွေ ပေးတော့…´
`ကျွန်…ကျွန်တော် ဒီလကုန်ရှင် ပြန်ဆပ်ပါ့မယ်ဗျာ…´
`အိုး မလိုချင်ဘူး…အခုပဲ ပေး…မပေးနိုင်ရင် ရှင်တို့နေတဲ့ အိမ်ပေါ်က အခုဆင်းပေး…´
`ဗျာ!…ကျုပ်…ယူထားတဲ့ပိုက်ဆံက အိမ်တစ်လုံးစာလောက်မှ မရှိတာ…´
`အိုး…ဘာမှ လာပြောမနေနဲ့ ဒီမှာ စာချုပ်ရှိတယ် အကြွေးမဆပ်နိုင်ရင် အိမ်ပေးပါ့မယ်ဆိုပြီး ရှင်လက်မှတ်ထား တဲ့စာချုပ်…´
`အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ဗျာ…ခင်ဗျား အိမ်သိမ်းသွားရင် ကျုပ်တို့ မိသားစုလေး ဘယ်မှာ သွားနေရမလဲ…´
`ဒါတွေ ကျွန်မ မသိဘူး…ရှင်တို့ဟာ ရှင်တို့ ဘယ်သင်္ချိုင်းကုန်းမှာပဲ နေနေ…´

အကြွေးရှင် မိန်းမကြီးရဲ့ လေသံကို ကြားတော့ ခင်ဝါ ငြိမ်နေရာကနေ ဖခင်အနားသို့သွားပြီး ဝတ်ထားသည့် ထမီကို ရင်ဘတ်အထိ တင်လိုက်ပြီး ယဉ်လျားသကဲ့သို့ မျက်ထောက်ထောက်နီးရဲစွာဖြင့် ထိုအကြွေးရှင် မိန်းမကြကို ခါးထောက်လက်ညှိုးပြီး ပြောလိုက်တယ်
`သင်္ချိုင်းကုန်းမှာ နင်ပဲသွားနေရမယ်…´
ပဲ့တင်ထပ်သကဲ့သို့အကြွေးရှင် မိန်းမကြီး၏ နားတွင် ဆူးရဲစွာ ကြားလိုက်ရတော့ ထိုမိန်းမကြီး နားနှစ်ဖက်ကို လက်ဖြင့်အုပ်ခါ ခင်ဝါ့ကို ကြောင်ကြည့်နေမိခဲ့တယ်။ခင်ဝါရဲ့အကြောင်းကို သိရှိနေသော မိခင်ဖြစ်သူ ဒေါ်မြနှစ် အပြေးသွားပြီး ခင်ဝါကို အိမ်ခန်းထဲအတင်း ဆွဲခေါ်လာခဲ့တော့တယ်။ မိန်းမကြီးဘေးမှ စာရင်းကိုင် ကောင်လေး ကိုယ်ကို လှုပ်နိုးလိုက်မှ ထိုမိန်းမကြီး အသိပြန်ဝင်လာပြီး အကြွေး ဆပ်တောင်းမနေတော့ပဲ အိမ်အပေါ်မှ ခပ်သွက်သွက်ဆင်းသွားခဲ့တော့တယ်။

****************************
ကျွန်ုပ် ခြံထဲတွင် တစ်ယောက်တည်း စိတ်ပျက်စွာ ထိုင်နေစဉ် သူငယ်ချင်းဖြစ်သူ တန်ခိုး ရောက်လာပြီး
`ငထီး…ဘာတွေ စဉ်းစားနေတာတုန်း´
`ဘာမှ မဟုတ်ပါဘူး…အိမ်က ငါစာရေးတာ မကြိုက်ဘူးတဲ့စီးပွားရေးပဲ လုပ်ခိုင်းနေတယ်.…ငါက စာရေးချင်တာ အဲ့ဒါကွာ…ငါ့မိဘတွေနဲ့ ညှိမရတာနဲ့ ဒီမှာ စိတ်ပျက်ပြီး ထိုင်နေတာ…´
`ဟုတ်တော့လဲ ဟုတ်တယ်…ငါ့အဖေကလဲ ဒီအတိုင်းပဲ သူ့ပွဲရုံတွေမှာ ငါ့ကိုအလုပ်လွဲပေးမယ် ပြောနေတယ်.…ငါကလဲ စာပဲရေးချင်တာ အဲ့အလုပ်တွေ မလုပ်ချင်ဘူး…ငါတို့ချည်းပဲ မဟုတ်သေးဘူးကွ…အခုလို ငါတို့စာတွေ ရေးနေတာ ဟိုကောင် ၃ ကောင် အိမ်ကလဲ ငါတို့လိုပဲ သူတို့မိဘတွေက မကြိုက်ဘူးတဲ့…´
`အဲ့ဒါပဲ…တန်ခိုးရေ သား သမီးတွေနဲ့ မိဘတွေရဲ့ ကြားက အဓိက ပြသနာက အဲ့ဒါပဲ…´
`ဒီလို လုပ်ပါလား…ငါ့ယောက်ဖ ပြောတယ်…စိုက်ပျိုးရေး ရပ်ကွက်ထဲမှာ အိမ်တစ်လုံး ဈေးပေါပေါနဲ့ ရောင်းဖို့ရှိတယ်တဲ့…၁၅ပေ ၄၀ တိုက်ခံအိမ်…´
`ဘာဖြစ်လဲ အဲ့ဒါ မင်းဝယ်မလို့လား´
`ဒီလိုလေကွာ…ငါတို့ ၅ယောက် စုပြီး အဲ့အိမ်ကို ဝယ်မယ် …ပြီးရင် အဲ့အိမ်မှာ တို့အပန်းဖြေတာတို့ စာရေးတာတို့ လွတ်လွတ်လပ်လပ် လုပ်လို့ရတာပေါ့´
`ပြောတာက လွယ်တယ်…ကိုင်း…ဘယ်မတုန်း ပိုက်ဆံ အိမ်ဈေးတွေ ဒီလောက်တတ်နေတာကို´
`အေးဟုတ်တယ်.…ဒါပေမယ့် အခုအိမ်က ကာလပေါက်ဈေးထက် အဆ တစ်ထောင်လောက် ဈေးလျော့ထားတာ´
`ဟင်!…ဟာ!…ဟုတ်ပါ့မလား တန်ခိုးရာ…လာနောက်မနေနဲ့…စိတ်ညစ်ကတဲ့အတည်း…´
`ငါမနောက်ဘူး…တကယ်ပြောနေတာ ခြံက ၁၅ပေ အရှည်က ပေ၄၀၊ ၁၀ပေကို တိုက်ခံအိမ်လေး ဆောက်ထားပြီး ဘေးမှာ မြေလွတ် ၅ပေပိုတယ်…ဈေးက သိန်း ၁၀၀…´
`ဘာ!…သိန်း၁၀၀ …ဟုတ်ပါ့မလားကွာ…မင်း သိန်း ၁၀၀၀ထောင်နဲ့ မှားတာများလား…´
`ဘယ်ကမှားရမှာတုန်း…သိန်း ၁၀၀ ဒါပေမယ့် တစ်ခုတော့ရှိတယ်…အဲ့အိမ်မှာနေတဲ့အရင် မိသားစု ၄ယောက်က ခရီးသွားရင်း တစ်မိသားစုလုံး ကားမောက်ပြီး သေသွားတယ်…အခုရောင်းမှာက အိမ်ပိုင်ရှင် ရဲ့ညီ ရောင်းမှာ…ဝယ်လက်တွေက ဈေးတန်လို့လာကြည့်တယ်…ပြီးရင် သရဲခြောက်တယ်ပြောပြီး မဝယ်ကြလို့ ဈေးလျော့ရင်း လျော့ရင်းနဲ့ အခု သိန်း ၁၀၀ထိ ကျသွားတာပဲ…´
`ဟေး!…သရဲခြောက်တယ်ပေါ့လေ…ဒါဆို ဘယ်သူက ဝယ်ရဲတော့မှာလဲ…´
`အဲ့ဒါပြောတာ သရဲဆိုတာ ဘာလဲ ဆိုတဲ့ သူတွေကိုယ်တိုင်ကတောင် မဝယ်ရဲကြတာပဲ…´
`ဒါကို မင်းက ဝယ်ဖို့စိတ်ကူးထားတာလား…´
`ဟုတ်တယ်လေ…ဒီလောက် တန်တဲ့အိမ်ဈေး ဘယ်မှာ ရမှာတုန်း…ငါတို့ ငါးယောက် တစ်ယောက်ကို သိန်း၂၀ဆီ ဆုပြီး ဝယ်မယ်လေ…´
`ဟာကွာ…ငတန်ရာ…မင်း …စဉ်းစဉ်းစားစားလဲ လုပ်ပါဦး ခြံဈေးလောက်နဲ့ အိမ်ကို ထိုးရောင်းနေတယ်ဆိုတော့ ကြီးကြီးမားမား အကြောင်းတစ်ခုတော့ ရှိလောက်မယ် တော်ကြာ အားလုံး ဒုက္ခရောက်ကုန်မှ …ခတ်မယ်…´
`မခတ်ပါဘူးကွာ မင်းပြန်စဉ်းစားကြည့်လိုက် ငါတို့သေဖိုဆဲဆဲ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်တွေ…ကဲ ပထမဆုံး မသေပဲ လွတ်လာခဲ့တာ ဆဉ္ဓမမြောက် လက်စားရှင် …ဒုတိယက နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီး…နောက် ရွာပျောက်ကြီး ရှာပုံတော်…နောက်ဆုံး ယောနယ်က တစ္ဆေတို့ရဲ့စာမျက်နှာ ဒါတွေအားလုံးကိုတောင် ငါတို့ သေမင်းစာရင်းထဲက အလွတ်ထွက်လာနိုင်သေးတာပဲ…အခု ဒီလောက်ခြောက်ရုံလောက်နဲ့ ဈေးပေါပေါရနေတဲ့ အိမ်ကို ငါတို့နည်း ငါတို့ဟန်နဲ့ရအောင် လုပ်လိုက်ရင် ခြောက်နေပါတယ်ဆိုတဲ့ သရဲတောင် ငါတို့အရှေ့မှာ ကြုံခဲ့ရတာတွေ ပြောပြလိုက်လို့ ငါတို့ကိုတောင် ပြန်ကြောက်သွားနိုင်တယ်…ဟားဟား´

စိတ်လိုက်မာန်ပါ တဇွတ်ထိုး မဟုတ်မခံ ကျွန်ုပ်၏ ချစ်သူငယ်ချင်းဖြစ်သူ တန်ခိုးက ရယ်မော ပြောနေလျက်။

`ဟုတ်တော့ ဟုတ်သားကွ…ဟိုကောင်တွေကိုရော မင်းပြောပြပြီးပြီလား.…´
`မပြောရသေးဘူး…အခုမှ ကြားကြားချင်း မင်းကို အရင်လာပြောတာပဲ…ဟိုကောင်တွေကလဲ ငါတို့လို စိတ်မျိုး တစ်ထပ်တည်းပါကွ မပူနဲ့ဒီကောင်တွေလဲ မင်းသဘောတူရင် သူတို့လဲ သဘောတူမှာ…´
`သိန်း ၁၀၀ တစ်ယောက်ကို သိန်း ၂၀ဆီ…အွန်း…လောလောဆယ်တော့ အဲ့လောက်ငွေ ငါမှ မရှ်သလို ဟိုကောင် ၃ကောင်မှာလဲ ရှိမှာ မဟုတ်ဘူး…´
`အဲ့အတွက်တော့ ဘာမှ ပူနေစရာ မလိုဘူး ငါစိုက်ပေးထားမယ်…မင်းတို့ အဆင်ပြေမှ ငါ့ကို နည်းနည်းချင်း ပြန်ပေး ဟုတ်ပြီလား…´
`ဟုတ်ပါပြီကွာ…ဟုတ်ပါပြီ…´
`နောက်မို့ဆို မင်းတို့ဆီက ငါမတောင်းပါဘူးကွာ…အဲ့အိမ်ကို တို့၅ယောက်လုံး ပိုင်ဆိုင်တယ်ဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်စေချင်လို့ မင်းတို့ကို ပိုက်ဆံတောင်းရတာ…´
`သိပါတယ်ကွာ…တန်ခိုးရာ .…မင်းစိတ်ဓာတ်ကို ငါတို့သိပြီးသားပါ…´
`ဒါဆို…မင်း သဘောတူလိုက်ပြီပေါ့…ဟုတ်လား´
`လုပ်ကွာ…မင်းပြောသလိုပဲ…တို့အရှေ့မှာ ကြုံခဲ့ရသလောက်တော့ ဒီသရဲ မဆိုးနိုင်လောက်ပါဘူး…´
`ကောင်းပြီး ထီးလေး…ငါပြန်မယ်…ညနေမှ အားလုံးဆုံပြီး အဲ့အိမ်ကို သွားကြည့်ကြမယ်…ငါ့ကို ခွင့်ပြုဦး…´

ကျွန်ုပ် ထိုသရဲခြောက်ပါသည်ဆိုသော အိမ်ကို စုပေါင်းဝယ်ဖို့ သဘောတူလိုက်တော့ ပြုံးရွှင်သော မျက်နှာထားဖြင့် သူငယ်ချင်းဖြစ်သူ တန်ခိုး ပြန်သွားချေပြီ

--***************--***********

`မလှ ဆုံးသွားပြီးတဲ့ မြရေ…´
`ဟင်!…မနက်က အိမ်မှာ အကြွေးလာတောင်းတုန်းက မာမာထန်ထန်ကြီးပါ အခု ဘယ်လိုဖြစ်ရတာတုန်း…´
`ရုတ်တရက် ဦးနှောက်ကြော ပျက်သွားတာပဲတဲ့ ဘယ်တတ်နိုင်ပါ့မလဲ သေခြင်းတရားဆိုတာ ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီပဲ'…´
`ဟားဟား…မလှ သေသွားပြီ မဟုတ်လား …ကောင်းတယ်…´
`ဟင်!…သမီးလေး …ဘာတွေ လျောက်ပြောနေတာတုန်း …အဲ့လိုတွေ မပြောရဘူးလေ…´
`ပြောမှာဘဲ ငါတို့မိသားစုကို သင်္ချိုင်းကုန်းမှာ သွားနေတဲ့…အခုတော့ သူင်္ချိုင်းကုန်း အရင်ရောက်သွားပြီ…ဟားဟား…´

ရုတ်တရက် ခင်ဝါ့မျက်နှာမှာ ပြုံရွှင်သော အမူယာများဖြင့် ရီမောပြောဆိုနေခဲ့တယ်။ မိခင်ဖြစ်သူ ဒေါ်မြနှစ်မှာတော့ မျက်စိ မျက်နှာပျက်ကာ တစ်နေ့တော့ ဒုက္ခရောက်ကြတော့မည်ကို တွေးပူနေမိခဲ့တယ်။ သို့နှင့် တန်ခိုးကြီး ဘုရားပုံတော်အား ခင်ဝါအိပ်မောနေကြနေချိန် တိုးတိတ်စွာ လည်ပင်း၌ ဆွဲထားပေးခဲ့တယ်။ ခင်ဝါနိုးသောအခါ ပူပြင်းမှု့တစ်ခုကို ပြင်းထန်စွာ ခံစားနေခဲ့ရတော့သည်။ မိမိလည်ပင်း၌ ရှိနေသော ဘုရားဆွဲကြိုးအား သူမကိုယ်တိုင် ချွတ်မရပဲ ချွတ်ပေးမည့်သူကိုသာ အကူညီတောင်းရန် မီးဖိုချောင်ထဲ ဝင်သွားချိန်မှာတော့ မိခင်ဖြစ်သူ ဒေါ်မြနှစ်အး သူမလည်ပင်း၌ ရှိနေသော ကြိုးအား ချွတ်ခိုင်းနေတော့
`ငါ အရမ်းပူလို့ပါ မေမေ ဒါကြီး ချွတ်ပေးပါ…´
မိခင်ဖြစ်သူမှာ သမီလေးခံစားနေရသည်ကို မကြည့်ရက်သော်လဲ မချွတ်ပေးနိုင်ဟု ပြောလိုက်တော့တယ်။ ဒီအခါမှာ ခင်ဝါတစ်ယောက် ပူပြင်းမှု့ကို ပြင်းထန်စွာ အလူးလူး အလိမ့် ခံစားနေရတော့သည်။ ဖခင်ဖြစ်သူ ဦးမောင်မောင် အလုပ်ပြန်လာချိန်မှသာ ဆွဲကြိုးအား ချွတ်ပေးလိုက်တော့ သူမလည်ပင်းတွင် ညိုမည်းဆွဲသော ကြိုးအရာ ကျန်နေခဲ့တော့တယ်။ ဖခင်ဖြစ်သူဟာ မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်ရသည်ကို မသိသော်လည်း စိတ်ထဲ၌ မသင်္ကာ ။ တစ်ည သန်းခေါင်းယံအချိန်  မိဘနှစ်ပါး အိပ်မောကြနေစဉ် သူမ တစ်ယောက်တည်း အိမ်အပေါက်ဝတွင် ထမီ ယဉ်လျားကာ မိန့်မိန့်ကြီး ထိုင်နေခဲ့တယ်။ မိခင်ဖြစ်သူက ခင်ဝါ့အား မျက်စီဒေါက်ထောက် စောင့်ကြည့်နေသူ ဖြစ်သောကြောင့် ကွယ်ရာမှ ခင်ဝါ့အခြေနေကို ချောင်းကြည့်နေခဲ့တယ်။ သူမကာ ထမီ ယဉ်လျားးဖြင့် ထိုင်ရာမှာ ထလိုက်ပြီး ဘယ်ဘက်ခါးကို လက်ဖြင့်ထောက်လိုက်ပြီး ညာဘက် လက်ဖြင့် ရွာအလည်တည့်တည့်သို့ ထိုးကာ နှုတ်မှ တိုးတိတ်သော စကားများပြောနေခဲ့တော့တယ်။ ထိုအချိန်မှာပဲ ရွာရှိ ခွေးအပေါင်းတို့က စွဲငင်သော အူသံတို့ဖြင့် တစ်ဇွတ်ထိုး အူကုန်ကြတော့သည်။အိမ်ရှေ့ဘက်အား ကျောပေးရပ်နေသည့် ခင်ဝါ အိမ်အတွင်းဘက်သို့ လှည့်လိုက်ချိန်မှာတော့ စုစည်းထားသော ဆံပင်အရှည်များ ပြေကျသွားလျက် နက်ရှိုင်းလှသော မျက်လုံးများဖြင့် သူမအိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့ချေတယ်။
မနက် မိုးလင်းချိန်မှာပဲ ကြားလိုက်ရသည်က ရွာလယ်ပိုင်းမှ လူတစ်ယောက် သေဆုံးသွားသော သတင်းတစ်ခုပင် ။ထိုနေ့တစ်နေ့လုံး ခင်ဝါမှာ ပြုံးပျော်ရွှင်နေသည်ကို တွေ့နေရသည့် မိခင်ဖြစ်သူမှာ အချိန်နှင့်အမျှ မကြာခင်မှာပဲ သမီးဖြစ်သူ ဝင့်ဝါရဲ့ ပြူမူပုံများကို ရွာသူ ရွာသားများ မရိပ်မိခင် ခင်ဝါ ၁၆နှစ်သမီး အရွယ်တွင် မိမိတို့နေထိုင်ရာ ရွာလေးမှ တခြားသော ရွာသို့ ပြောင်းရွှေ့သွားခဲ့တော့သည်။

*****************************

ကျွန်ုပ်၏ သူငယ်ချင်းများဖြင့် ဆုံဖြစ်ကြတော့ တန်ခိုးရဲ့အကြံစည်ကို အားလုံး သဘောတူခဲ့ကြတယ်။
`ဟဲ့…ဖြစ်ပါ့မလား…ငါ့မှာ အဲ့လောက် ပိုက်ဆံတော့ မရှ်သေးဘူး…´
`မျှားလေးရယ် နင်ကလဲ ပိုက်ဆံ ကိစ္စကို ခဏမေ့ထားလိုက်…ငါတို့စုပြီး အဲ့အိမ်ကို ဝယ်မှာ နင်တို့သဘောတူဖို့ အရေးကြီးတယ်…ဘယ်လိုလဲ…အားလုံး သဘောတူတယ် မဟုတ်လား…´
`မေးနေစရာ လိုသေးလို့လား…ငါတို့က ငါးကိုယ်ပေါင်း တစ်စိတ်ပါဆိုနေ…ငါကတော့ သဘောတူတယ်…´
`ငါလဲ…သဘောတူတယ်…´
`ငါရောပဲ…ဒါပေမယ့် တန်ခိုး ပိုက်ဆံကိုတော့ နည်းနည်းခြင်းဆီ မင်းကို ခွဲပေးမှာနော်…´
`ရပါတယ်ကွာ…မပေးလဲ ရှော့မရှိဘူး…မင်းတို့ရဲ့ ပိုက်ဆံလေးတွေ ပါတော့ ငါးယောက်စလုံးရဲ့အိမ်ဖြစ်အောင်လို့ ´
`ကဲ…ပြောနေတာ ကြာပါတယ်ကွာ…တန်ခိုး မင်းယောက်ဖကို ခေါ်ပြီးမှ သွားမှာလား …တို့ငါးယောက် အရင် သွားကြည့်မလား…´
`ငါတို့ပဲ အရင်သွားကြည့်မယ်…ပိုင်ရှင်နဲ့တွေ့တော့လဲ ဈေးလေးဘာလေး အလျော့အတင်း ညှိလို့ရတာပေါ့´

စိုက်ပျိုးရေး ရပ်ကွက်ဆိုသည်မှာ တည်ထားတာ မကြားသေးသော ရပ်ကွက်တစ်ခုဖြစ်ပြီး ကျွန်ုပ်တို့နေထိုင်ရာ ရပ်ကွက်နှင့် ကြားမှာ ရပ်ကွက်တစ်ခုတည်းသာ ခြားသည်။ အားလုံးတိုင်ပင်ကြပြီး ကိုယ်ဆီ စက်ဘီးများဖြင့် ထိုအိမ်တည်ရှိရာသို့ တန်ခိုး ဦးဆောင်ရာ အနောက်သို့ လာပါလာခဲ့ကြသည်။ ဘေးမှာ ချောင်းကူး တံတား တစ်ခုရှိပြီး အရှေ့ဘက်မှာ ကန်စွန်းကန် လူနေအိမ်များနှင့် ပေ ၅၀မျှ ဝေးကွာလှသော ခြံတစ်ခြံရှေ့အရောက်
`ကဲ…သူငယ်ချင်းတို့ဒီအိမ်ပဲ…´
`ဟင် …အိမ်က အကောင်းကြီးပဲ…တန်ခိုး သိန်း ၁၀၀ ဆိုတာ သေချာလို့လား…´
`ဟာကွာ…မင်းတို့ကလဲ…ဟိုမှာ တွေ့လား အိမ်ရောင်းမည်တဲ့ ဖုန်းနံပါတ်လဲ ပေးထားတယ် အခု ငါဖုန်းဆက်မေးပြမယ်…´

ဆိုင်းပိုဒ်မှာ ရေးထားသည့် ဖုန်းနံပါတ် ၃ ခုတည်းမှ တစ်ခုကို နှိပ်လိုက်ပြီး စပီကာကို ဖွင့်ထားလိုက်တယ်။တစ်ဖက်မှ ဖုန်းကိုင်လိုက်တော့ ကျွန်ုပ်က
`ဟုတ်ကဲ့ခင်ဗျ.…အိမ်ရှင်လား မသိဘူး´
`ဟုတ်တယ်…´
တစ်ဖက်မှ ပြန်ထူးလိုက်သော အသံက ခပ်မာမာ ပျက်သားလှသော လေသံ
`အော်…ဟုတ်ကဲ့ခင်ဗျ…ဒီအိမ်ကို စိတ်ဝင်စားလို့ ကျွန်တော်တို့ မေးချင်တာလေး ရှိလို့ပါ …´
`ဘာလဲပြော…´
စိတ်စပ်သော တန်ခိုးက
`လေသံကလဲ အလကား လာတောင်းနေတာ ကြနေတာပဲ မာလိုက်တာ´
`နေပါဦးကွ…ငါသေချာ မေးကြည့်ပါဦးမယ်…ဒီလိုပါခင်ဗျ အိမ်ရောင်းမည်လို့ ဆိုင်းပိုဒ်တွေ့လို့ပါ…အဲ့ဒါ ဈေးစကား ပြောချင်လို့…´
`မရောင်းဘူး!…´
`ဗျာ…အော် …ဟုတ်…ဟုတ်ကဲ့…´

မရောင်းဘူးပြောကာ တစ်ဖက်မှ ဖုန်းချသွားခဲ့တယ်။ အားလုံး တန်ခိုး မျက်နှာကို ကြည့်လိုက်ကြပြီ
`ကဲ တန်ခိုး မင်းကြားတဲ့အတိုင်းပဲ…´
`မဖြစ်နိုင်ဘူး…ဒါလုံးဝ မဖြစ်နိုင်ဘူး…ငါ့ယောက်ဖပြောတာ ရောင်းချင်လွန်းလို့ အိမ်ပိုင်ရှင်က ဓာတ်ရိုက် ဓာတ်စဉ်တောင် လုပ်ထားတာ ရောင်းမထွက်ဘူးတဲ့…အခုပြောတဲ့ လေသံက…´
`ဒါဆို မင်း ဖုန်းနံပါတ် မှားနှိပ်မိလို့ တစ်ဖက်က အိမ်ပိုင်ရှင် ပုံစံနဲ့ ပြန်စနောက်နေတာများလာ…´
`ကြာပါတယ်ကွာ…ထားလိုက်တော့ မနက်ဖြန် ယောက်ဖကို ခေါ်ပြီး ဒီအိမ်ကို ကြိုက်သွားပြီး မဖြစ် ဖြစ်အောင် ဝယ်မယ်´

တစ်ဖက်မှ အဖြေကြောင့် အားလုံး အာရုံနောက်ကာ နောက်ကြောင်းပြန်လှည့်လာကြတော့သည်။ မနက်အချိန်မှာပဲ ကျွန်ုပ်၏ နေအိမ်သို့ သူငယ်ချင်းတန်ခိုးနှင့်အတူ သူ့ယောက်ဖဆိုသူ လိုက်ပါလာပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံရှင်းပြလိုက်တော့
`အေးကွ…မင်းတို့ဝယ်ချင်တယ်ဆို အဲ့အိမ်ပိုင်ရှင်နဲ့ကိုကြီးနဲ့ကတော့ မိတ်ဆွေတွေပဲ…နေ့လည် လက်ဖက်ရည် ဆိုင်ကို လာခဲ့ကြပေါ့…ငါသူနဲ့ချိန်းထားလိုက်မယ်…တစ်ခုတော့ရှိတယ်နော်…အဲ့ဒီ့အိမ်က သရဲခြောက်တယ် ဆိုလားပဲ…´
`ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲ့အိမ်ကို မြင်လိုက်တည်းက ကြိုက်တယ် ဈေးညှိလိုက်တည့်ရင် ဝယ်မယ်မဟုတ်လား ထီးလေး…´
`ဒါပေါ့…အိမ်အနေထားကလဲ လတ်လတ်ဆတ်ဆတ် ရှိနေတုန်း …´
`ကဲ ဟုတ်ပါပြီး သူငဟ်ချင်းနှစ်ယောက် အတိုင်အဖောက်ကို ညီနေတာပဲ ကိုကြီးကို ခွင့်ပြုဦး…ညနေမှ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို မင်းတို့သူငယ်ချင်းတွေ လာခဲ့ကြပေါ့…´

ညနေအချိန်မှာပဲ သူငဟ်ချင်း၎ယောက် နှင့်အတူ ကျွန်ုပ်တို့အိမ်ပိုင်ရှင်နှင့် လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်တော့
`ဒီအစ်ကိုကြီးပဲ…ငါ့ညီတို့ရေ…အိမ်ရောင်းမယ်ဆိုတာ မင်းတို့သူနဲ့ ဈေးညှိပေါ့…´
`အစ်ကိုက ဟိုအိမ်က အိမ်ပိုင်ရှင်လား´
`အေး…မင်းတို့က တကယ်ဝယ်မှာ သေချာလ်ု့လား…´
`ကြိုက်တယ်…ဝယ်မလို့ မနေ့ကဖုန်းတောင်ဆက်လိုက်သေးတယ်.…အိမ်ပိုင်ရှင်က မရောင်းဘူးဆိုလို့ ပြန်လှည့်လာကြတာ…´
`ဟင်!…ပေးထားတဲ့ ဖုန်းနံပါတ်ကို မဆက်ဘူးလား…´
`ဆက်တာပေါ့ဗျ…ဖုန်းနံပါတ် ၃ခုတည်းက အောက်ဆုံးနံပါတ် ၄၂နဲ့စတဲ့ဖုန်းကို ဆက်လိုက်တာ…´
`ဟေး!…အိမ်ရောင်းမည် ဆိုင်းပိုဒ်မှာ ပေးထားတဲ့ ဖုန်းနံပါတ်က ၂ ခုတည်းပါ´
`၃ခုပါဗျ…´`၂ ခုတည်း…´
`ဟာဗျာ ကျွန်တော်တို့ ၅ယောက်လုံး တွေ့ခဲ့ရတာ နံပါတ် ၃ခု ကဲထားပါ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက ဒီအိမ်ကို ရောင်းမှာ ဆိုတော့ စာချုပ်စာတမ်းတွေကရော အစ်ကိုကြီးဆီမှာ အပြည့်စုံရှိရဲ့လား…´
`ရှိတာပေါ့ကွ.…ရှိလို့ ရောင်းမယ် ပြောတာပေါ့…´
`ဈေးကရော…ပြောထားတဲ့ ဈေးပဲပေါ့´
`ဟုတ်တယ်…ဈေးကတော့ ထပ်မချပေးနိုင်တော့ဘူးနော် ငါ့ညီတို့ အစ်ကို ပြောထားတဲ့ဈေးက ခြံဈေးလောက်ပဲ ရှိတာ…´
`စိတ်ချပါဗျာ…ဈေးလဲ ထပ်မစစ်ပါဘူး´
`ဒါဆို…ကျွန်တော်တို့ အိမ်ကို နည်းနည်း လေ့လာချင်တယ်.…အိမ်သော့ အစ်ကို့မှာ ပါတယ် မဟုတ်လား…ကျွန်တော်တို့ အိမ်ထဲ လိုက်ကြည့်ချင်တယ်.…´
`ကောင်းပြီ…မင်းတို့ဒီအိမ်အကြောင်းတော့ သိထားပြီးလောက်ပြီးပေါ့…´
`သိပြီးပြီ…ဒါက သာမညပါ အဓိကမဟုတ်ဘူး …အရောင်းအဝယ်တည့်ဖို့က အဓိက…´
`ဟုတ်ပြီ…အရောင်းဝယ်တည့်ပြီလို့သာ မှတ်လိုက်တော့ ဒါဆို အခုပဲ အိမ်ကို လိုက်ပြပေးမယ်…´

သို့နှင့် အိမ်ပိုင်ရှင်နှင့် အတူ ကျွန်ုပ်တို့ အိမ်တည်နေရာသို့ လိုက်ပါလာခဲ့ကြတယ်။ ခြံရှေ့အရောက်မှာပဲ အိမ်ပိုင်ရှင် ခြံတံခါးဖွင့်နေစဉ် သတိတရဖြစ်ပြီး အိမ်ရောင်းမည် ဟုရေးထားသော ဆိုင်းပိုဒ်ကို ကြည့်မိလိုက်တယ်။
`ဟင်!…ဖုန်းနံပါတ် ၂ခုတည်းပါလား´
`အေးလေ…အစတည်းက ငါပြောတာဘဲ…၂ခုတည်းပဲ´
ကျွန်ုပ်တို့ သူငယ်ချင်း ၅ယောက်လုံးရဲ့အကြည့်ချင်းဆုံပြီး စကားတစ်ခွန်းပြောဖြစ်လိုက်ကြတယ်။
`ဇာတ်လမ်းကတော့ စပြီ…´
ခံစားမှု့ဘာမှ မရှိ ကြောက်စိတ်မရှိ ခြံတံခါးဖွင့်ပြီး အိမ်ပိုင်ရှင် အရှေ့မှ ဝင်သွားတော့ အိမ်မကြီးထဲ ဝင်ရန် ကျွန်ုပ်တို့လဲ အနောက်မှ လိုက်ပါလာခဲ့တော့သည်။

****************************
(  ကြားမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းအတိုလေးများလဲ တင်ချင်ပါသောကြောင့် စာလုံး ဆန့်သလောက် တင်းပေးလိုက်ပါသည်။ကျန်ရှိနေသေးသော အပိုင်းအား ၁၀.၆.၂၀၁၅တွင် ဆက်လက်ဖော်ပြပေးပါမည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages