ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၁၆) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၁၆)

Share This
        တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၁၆)
       သွေးစွန်းအကျီစများနှင့် နယ်နှင်ဒဏ်အစီအရင်
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                        **********

     မိမိနှင့်အတူ လမ်းကလေးတို့သာ တည်ခိုးဆောင်အတွင်း၌ ကျန်ရစ်နေခဲ့စေရင်း နယ်နှင်ဒဏ်သင့်နေခဲ့သော  ဝိဥာဉ်ဒေးဗစ်တစ်ယောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် လုပ်ဆောင်ပေးရဦးမည်ဖြစ်လေတော့သည်။

     အချိန်မှီသာလျင် ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိရန်အတွက် မြန်မာနိုင်ငံအသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ် ရဲမင်းကြီးဦးမင်းထင်နှင့် မြန်မာသံအမတ်ကြီးဦးဝဏ္ဏမောင်တို့ ဦးဆောင်သော မြန်မာအရာရှိကြီးများအဖွဲ့ဟာ ထိုင်းဘုရင်၏အိမ်တော်ဆီသို့ အရောက်လှမ်းလာခဲ့ရလေသည်။ သတင်းထောက်များနှင့်အတူ မီဒီယာသမားများသည်လည်း မြန်မာနိုင်ငံမှအရာရှိကြီးများဟာ ထိုင်းနိုင်ငံသမ္မတကြီးထံသို့ အတိအလင်း လာရောက်တွေ့ဆုံကြသည်ဖြစ်ကြောင့် အချိန်နှင့်တပြေးညီ သတင်းရယူရန်အတွက် ရောက်ရှိနေခဲ့ကြပြီးဖြစ်သည်။

    မြန်မာသံအမတ်ကြီးဦးဆောင်သော အဖွဲ့ဟာလည်း သမ္မတအိမ်တော်ဧည့်ခန်းမဆောင်အတွင်း၌ ထိုင်းနိုင်ငံသမ္မတကြီးအား စောင့်ဆိုင်းနေခဲ့ရလေသည်။ မကြာမီအချိန်တွင်းမှာပင် သမ္မတကြီးသည်လည်း ရွှေရောင်တစ်ဝင်းဝင်း တောက်ပနေခဲ့သော ဧည့်ခန်းဆောင်ဆီသို့ ပြုံးရွှင်နေသည့် အမူယာများဖြင့် ရောက်ရှိလာခဲ့လေတော့သည်။

   ''မင်္ဂလာပါသမ္မတကြီး'
'မင်္ဂလာပါ''
'သမ္မတကြီး နေထိုင်ကောင်းပါရဲ့လား'
'ဟုတ်ကဲ့ ကျွန်တော်နေကောင်းပါတယ်'
'ဘယ်သူတွေများလဲမှတ်တယ်… အခွင့်ရေးရဲအုပ်ကိုမောင်ဝင်း… မြန်မာနိုင်ငံရဲမင်းကြီး မြန်မာသံအမတ်ကြီးတို့ပါလား. လူစုံတပ်စုံ ကျွန်တော်အိမ်တော်ဧည့်ခန်းဆောင်ကို ရောက်လာကြတယ်ဆိုတော့ ဘာအကြောင်းများရှိကြလို့ပါလဲ'

'တွေ့ရတာဝမ်းသာပါတယ် သမ္မတကြီး ကျွန်တော်မောင်ဝင်း သမ္မတကြီးဆီက အခွင့်အရေးတစ်ခုလောက် လိုချင်လို့ပါ'
'ဟင်!… သြော်!… ဘာများတုန်းဗျ… ပြောပါ'
'ဒီလိုပါသမ္မတကြီး ထိုင်းနိုင်ငံရဲ့ အပန်းဖြေကိတ်ကျွန်းကမ်းခြေဒေသမှာ ရာဇဝဏ်မှု့ကြီးဖြစ်ပွားခဲ့ပါတယ်… အဲ့ဒီရာဇဝဏ်မှု့ကြီးနဲ့ ပတ်သတ်ပြီး မသင်္ကာစရာ တရားခံနှစ်ယောက်ကိုလည်း ဖမ်းစည်းထားခဲ့ပါတယ်… မကြာသေးမီ ကာလက အဲ့ဒီတရားခံနှစ်ယောက်ကို သေဒဏ်အမိန့်ချလိုက်ပြီလို့လဲလည်း ကျွန်တော်တို့သိထားရပါတယ်'

''ဟုတ်ပါတယ်… ကျွန်တော်သိပြီးသားပါ… အဲ့ဒီရာဇဝဏ်မှု့ကြီးက တော်တော်လေးကို ရက်စက်လွန်းပါတယ်… ပြစ်မှု့ကျူးလွန်းကြသူတွေကလည်း မြန်မာလူငယ်လေးတွေပါပဲ ဒါနဲ့ ကိုမောင်ဝင်းတောင်းဆိုမယ့် အခွင့်ရေးက အဲ့ဒီအမှု့ကြီးနဲ့များပတ်သတ်နေလို့လား''

''ဟုတ်ကဲ့!… သမ္မတကြီး ကျွန်တော့်ကို စကားနည်းနည်းလောက်ပြောခွင့်ပြုပါ'
'ပြောပါ… ဦးဝဏ္ဏ… ပြောပါ'
'ကျေးဇူးတင်ပါတယ်သမ္မတကြီး အဲ့ဒီကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ကျွန်တော်တ်ို့ရဲ့ ရဲအရာရှိကြီးကိုမောင်ဝင်းက အယူခံဝင်ပြီး ပြန်စစ်ဆေးချင်ပါတယ်လို့ ကျွန်တော့်ကိုပြောတာနဲ့ ထိုင်းနိုင်ငံကို ခေါ်လာခဲ့ရတာပါ'

''ဗျာ… ဘယ်လို'
'ဟုတ်ပါတယ်သမ္မတကြီး… ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံသားလေးတွေအတွက် သေဒဏ်အပြစ်ကနေ ပေါ့လျော့အောင် သမ္မတကြီးဆီမှာ အယူခံဝင်ပါရစေ'
'ဟာ!… '
'ခဏလေးနော်… အားလုံးပဲ ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမ သတင်းမီဒီယာများခင်ဗျာ… ကျေးဇူးပြုပြီး ဧည့်ခန်းဆောင်အပြင်ကို ထွက်ပေးကြပါ''

   ဖော်ရွေမှု့များနှင့် ပြုံးရွှင်စွာစကားများစွာ ပြောဆိုနေခဲ့သော ထိုင်းသမ္မတကြီးမှာမူ ကိုမောင်ဝင်း၏ ပြောစကားများအဆုံး၌ မျက်မှောင်အားကြုတ်သွားစေရင်း အံ့သြတကြီးဖြစ်သွားခဲ့ရလေသည်။ ကိုမောင်နှင့်သံအမတ်ကြီးတို့၏ ပြောဆိုလာခဲ့သော စကားများအား ထိုင်းဘုရင်ကြီးမှာမူ ချက်ချင်းဆိုသကဲ့သို့ပင် ပြန်လည်အဖြေပေးရန် ခက်ခဲသွားဟန်တူသည်။

   ထို့ကြောင့် သတင်းရယူရန် အသင့်ရှိနေခဲ့သော ထိုင်းသတင်းမီဒီယာများနှင့် မြန်မာနိုင်ငံသတင်းမီဒီယာများအား အိမ်တော်ကြီး၏ ဧည့်ခန်းဆောင်အပြင်သို့ ထွက်ခွာပေးကြရန် မေတ္တာရပ်ခံစေခဲ့သည်။

    သို့နှင့်တာဝန်ရှိသူများသည်လည်း သတင်းသမားများအား ဧည့်ခန်းဆောင်အပြင်သို့ ထွက်ခွာပေးကြရန် ပြောဆိုစေခဲ့ရင်း ဧည့်ခန်းဆောင်အတွင်း၌ ထိုင်းဘုရင်ကြီးနှင့် သက်တော်စောင့် ကိုယ်ရံတော်နှစ်ဦး၊ စကားပြန်နှစ်ယောက်နှင့် မြန်မာသံအမတ်ကြီး ဦးဆောင်သော ရဲမင်းကြီးနှင့်ကိုမောင်ဝင်းတို့သာ ရှိနေစေတော့သည်။

    အပြင်လူများသည်လည်း ဧည့်ခန်းဆောင်အပြင်သို့ ထွက်ခွာသွားကြသည်နှင့် ထိုင်းဘုရင်ကြီးမှာ နှုတ်ခမ်းအားစေ့ထားစေရင်း သံအမတ်ကြီး၏ မျက်နှာပြင်သို့ တစ်ချက်ကြည့်လေခါ ထိုသို့ပြောဆိုလေတော့သည်။

'ဦးဝဏ္ဏမောင်… ကျွန်တော့်ကိုရှင်းအောင် ပြန်ပြောပေးပါ'
'ဟုတ်ကဲ့သမ္မတကြီး… ကျွန်တော်တ်ို့ကြောင့် စိတ်အနှောက်ယှက်ဖြစ်သွားရရင် အနူးညွှတ်တောင်းပန်ပါတယ်'
'ရတယ် ရတယ်… ပြောစရာရှိတာ ကျွန်တော့်ကို သေသေချာချာဆက်ပြော'

'ဟုတ်ကဲ့သမ္မတကြီး ကိတ်ကျွန်းကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝဏ်မှု့ကြီးမှာ မြန်မာနိုင်ငံသားနှစ်ယောက်က မသင်္ကာစဖွယ် တရားခံအဖြစ်နဲ့သာ ရှိတာပါ… တကယ့်တရားခံတွေလို့ ယူဆလို့မရသေးပါဘူး… ဒါကို သေဒဏ်အထိ ပြစ်ဒဏ်ကျခဲ့ရတယ်ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ ဒီပြစ်ဒဏ်ကြီးဟာ မတရားဘူးလို့ထင်ပါတယ်။ ဒီရာဇဝဏ်မှု့ကြီးနဲ့ပတ်သတ်ပြီး နောက်ကွယ်မှာ တရားခံအစစ်တွေကို ဝှက်ထားပြီး မြန်မာလူငယ်လေးနှစ်ဦးကို ချောက်ချထားထားတာပါလို့ ကျွန်တော်မောင်ဝင်းထင်မိပါတယ်။'

'တော်တော့!… မိတ်ဆွေကိုမောင်ဝင်း… ခင်ဗျားရဲ့ပြောစကားတွေဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေကိုစော်ကားနေပါတယ်… ဆက်မပြောပါနဲ့တော့'
'သမ္မတကြီး… ကျွန်တော်တို့ပြောတာ နားထောင်ပေးပါဦး'

'တော်ပါတော့မိတ်ဆွေတို့… ဒီအမှု့ကြီးနဲ့ပတ်သတ်ပြီး ဝန်ကြီးကိုယ်တိုင်ကလည်း ကျွန်တော်တို့အစိုးရအဖွဲ့ကို သက်သေအခိုင်လုံနဲ့ မြန်မာနိုင်ငံသားနှစ်ယောက် ကျူးလွန်ခဲ့တာ အစစ်အမှန်ဖြစ်ကြောင်း တင်ပြခဲ့ပြီးပါပြီ… ထိုင်းနိုင်ငံတရားရုံချုပ် တရားသူကြီးမင်းကိုယ်တိုင်ကလည်း သက်သေခိုင်ခိုင်လုံနဲ့ အမိန့်ချပေးခဲ့တာပါ… ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေတရားဟာ မိတ်ဆွေမောင်ဝင်းပြောသလို မပေါ့လျော့ပါဘူး'

''တောင်းပန်ပါသမ္မတကြီး… ကျွန်တော်မောင်ဝင်း အပြောမှားသွားပါတယ် အနူးညွှတ်တောင်းပန်ပါတယ်… ကျွန်တော်အဲ့ဒီလိုရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး ကျွန်တော့်ရဲ့ အမှု့လိုက်သက်တမ်းနဲ့အတွေ့ကြုံအရ မြန်မာနိုင်ငံသားလေးနှစ်ဦး ပါဝင်ပတ်သတ်နေတဲ့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို သုံးသပ်ကြည့်လိုက်တဲ့အခါမှာ အမှု့ရဲ့ တည်ဆောက်ပုံတွေဟာ မခိုင်လုံပါဘူး!… မျက်မြင်သက်သေတွေကလည်း မယ်မယ်ရရမရှိပါဘူး ပြီးတော့ မြန်မာနိုင်ငံရဲ့ အခွင့်ရေးရရဲအရာရှိတစ်ယောက်အနေနဲ့… မြန်မာနိုင်ငံသားနှစ်ယောက်ရဲ့ ရာဇဝဏ်မှု့ကို ဝင်ရောက်စွတ်ဖတ်ခွင့်ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်… ဒါကြောင့် အပွင့်လင်းဆုံးနဲ့ အရှင်းဆုံးပြောခဲ့တာပါ… ဒီရာဇဝဏ်မှု့ကြီးရဲ့နောက်ကွယ်မှာ မြန်မာနိုင်ငံသားနှစ်ယောက်ကို မြေနိမ့်ရာလှံစိုက်ပြီး တမင်သတ်သတ် ထောင်ချောက်ထဲကို ပို့ခံထားရတာပါလို့ သမ္မတကြီးကို ကျွန်တော်ပြောပါရစေ'

'အိုး!… မဖြစ်နိုင်ပါဘူး… မနက်ဖြန်ဆိုရင်ပဲ မြန်မာနိုင်ငံသားတရားခံနှစ်ယောက်ကို သေဒဏ်ပေးထားပြီးပြီး ပြန်ပြင်ဆင်ဖို့အတွက် ဘယ်နည်းမှမဖြစ်တော့ပါဘူး''
'သမ္မတကြီး… သမ္မတကြီး'
'ကဲ… ဆရာကြီးတို့ ဧည့်သည်တွေကို ပြန်ပို့ပေးလိုက်ကြပါ'
'သမ္မတကြီး… သမ္မတကြီး… ကျုပ်တို့ကိုအခွင့်ရေးပေးပါ… ကျုပ်တို့တောင်းခံတဲ့ အယူခံကိုလက်ခံပေးပါသမ္မတကြီး ကျုပ်တို့မြန်မာနိုင်ငံသားတွေ မတရားအပြုမူခံခဲ့ရတာပါ'

''လူကြီးမင်းတို့ အဲ့ဒီလိုမပြောပါနဲ့ မြန်မာအရာရှိကြီးတွေ အဲ့ဒီလိုပြောလိုက်ခြင်းအားဖြင့် ကျုပ်တို့ထိုင်းနိုင်ငံရဲ့ ဥပဒေတရားကို အများနိုင်ငံတွေက အထင်သေးပေါ့လျော့သွားပါလိမ့်မယ်… ကိတ်ကျွန်းလူသတ်မှု့ကြီးရဲ့ အယူခံကိုလည်း ကျွန်တော့်အနေနဲ့ တစ်ကိုယ်တည်း ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး'

'သမ္မတကြီး!'
'စိတ်မရှိပါနဲ့လူကြီးမင်းတို့… သမ္မတကြီးပြောသွားတဲ့အတိုင်း လူကြီးမင်းတို့ပြန်လို့ရပါပြီ'

     ထိုင်းနိုင်ငံ၏ ဘုရင်၊ (သို့မဟုတ်) ထိုင်းသမ္မတကြီးမှာ မြန်မာသံအမတ်ကြီးနှင့်အဖွဲ့ ပြောဆိုခဲ့သည့် စကားများအား အပြင်းအထန်ငြင်းဆန်လေခဲ့သည်။ ကိုမောင်ဝင်းသည်လည်း နောက်ဆုံးအချိန်ထိ သမ္မတကြီးထံမှ ထိုရာဇဝဏ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိရန် အစွမ်းကုန်ကြိုးပေးစေခဲ့သေးသည်။ သို့သော်လည်း ထိုင်းသမ္မတကြီးမှာ ဦးခေါင်းကိုသာလျင် တရမ်းရမ်း ရမ်းခါနေစေရင်း ဧည့်ခန်းဆောင်အတွင်းမှ ထွက်ခွာသွားခဲ့စေတော့သည်။

    မြန်မာသံအမတ်ကြီး၊ မြန်မာရဲမင်းကြီး၊ မြန်မာနိုင်ငံအခွင့်ရေးရ ရဲအုပ်ကိုမောင်ဝင်းတို့သည်လည်း သမ္မတအိမ်တော်အတွင်းမှ ထွက်ခွာသွားပေးရန် တာဝန်ရှိသူများမှာ တိုက်တွန်းစေခဲ့သည်။ ထိုင်းသမ္မတကြီးသည်လည်း အိမ်တော်ကြီးအပေါ်သို့ ရောက်ရှိသွားခဲ့သည်နှင့် သူ၏စိတ်အတွေး၌ တစ်စုံတစ်ခုသော အတွေးများစွာ တွေးတောမိလေသေးသည်။

'အင်း!… ကိုမောင်ဝင်းဆိုတဲ့သူက အရမ်းတော်တယ်လို့ မြန်မာအစိုးရဆီက သိထားရတယ်… သူပြောပုံအရဆိုရင် ကိတ်ကျွန်းလူသတ်မှု့ကြီးဟာ အမှန်တကယ်ပဲ မတရားသောအမှု့ကြီးလား… ငါဘယ်လိုလုပ်ရမလဲ ဒီအမှု့ကြီးကို ကိုင်တွယ်နေတာက ဝန်ကြီးချုပ်ချမ်း(မ်)… ဝန်ကြီးချမ်း(မ်)ဆိုတာကလည်း တရားဥပဒေအပေါ် အင်မတန်မှအလေးထားတဲ့ ဝန်ကြီးတစ်ယောက်… သူပြောသလို ဖြစ်မယ်မထင်ပါဘူး''
''ကိတ်ကျွန်းလူသတ်မှု့ကြီးက တကယ်ပဲမတရားအလုပ်ခံရတာလား ဒါမှမဟုတ် သူတို့မြန်မာနိုင်ငံသားတွေကို ဒီအမှု့ကနေ ပေါ့လျော့အောင် မြန်မာအရာရှိကြီးတွေ ကြိုးပမ်းနေကြတာလား…''
''ဟာ… ဟာ… ဟာ… ဘာတွေလဲကွာ…''

   သမ္မတကြီးသည်လည်း သူ၏အိပ်ခန်းအတွင်း၌ ထိုကဲ့သို့ အတွေးများစွာ တွေးတောမိရင်း ဖိဆီးမှု့များစွာ ဦးခေါင်းအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ ထိုင်းဘုရင်၏အိမ်တော်အတွင်းမှ နှင်ထုတ်ခံလိုက်ရသော မြန်မာသံအမတ်ကြီး၊ မြန်မာရဲမင်းကြီး၊ မြန်မာနိုင်ငံအခွင့်ရေးရ ရဲအုပ်ကိုမောင်ဝင်းတို့သည်လည်း အိမ်တော်ကြီး၏အပြင်သို့ ရောက်ရှိသွားခဲ့သည်နှင့် ဇွဲမလျော့။ လာရာလမ်းအတိုင်း မပြန်သေး။ သမ္မတအိမ်တော်ကြီး ပတ်ဝန်းကျင်၌ပင် ရဲအုပ်မောင်ဝင်းမှာ ထိုသို့ပြောဆိုလေခဲ့သည်။

'သံအမတ်ကြီး… ရဲမင်းကြီး… ထိုင်းဘုရင်ကြီးက အရမ်းတော်တယ်… ဘယ်အရာမဆို သူတွေးနေတတ်တယ်… ကျွန်တော်တို့ပြောလိုက်တဲ့ စကားတွေကို သူစဉ်းစားနေမှာသေချာပါတယ်… ကျုပ်တော့ နောက်ဆုံးအကြိမ်ထိ ဒီအမှု့ကြီးကို ဖြေရှင်းခွင့်ရအောင် ကြိုးစားမယ်'
'ကိုမောင်ဝင်း… '
'ဒါဆိုကိုမောင်ဝင်း… ဘယ်လိုဆက်လုပ်မလဲ'

    ပျက်သားလှသည့် စကားများ၊ သို့မဟုတ် မိမိကိုယ်ကို ယုံကြည်မှု့များစွာ ရှိနေခဲ့သော လေသံများနှင့်အတူ ကိုမောင်ဝင်းတစ်ယောက် ထိုသို့ပြောဆိုစေခဲ့သည်။ နောက်ဆုံးအကြိမ်ထိ သူတစ်ယောက် ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိရန် ကြိုးပမ်သွားမည်ဟု ပြောဆိုစေရင်း သံအမတ်ကြီးနှင့်ရဲမင်းကြီးတို့သည်လည်း ကိုမောင်ဝင်းတစ်ယောက် မည်သို့ပင် ဆက်လက်ကြိုးပမ်းမည်နည်းဟု မေးမြန်းစေခဲ့သည်။

   ရဲမင်းကြီးနှင့်သံအမတ်ကြီးတို့၏ အမေးစကာများကိုမူ ကိုမောင်ဝင်းတစ်ယောက် ပြန်လည်ဖြေဆိုမနေတော့ပဲ။ သူ၏ဝတ်ထားခဲ့သော တိုက်ပုံအကျီင်္ အဖြူရောင်အား ချွတ်စေခါ အသင့်စောင့်ထားခဲ့သော မှင်ဆိုဘောပင်အား ထုတ်စေသည်။ ထို့နောက် ဘောပင်အတွင်းမှ မှင်များအား ပါးစပ်ဖြင့်မှုတ်ထုတ်စေရင်း တိုက်ပုံအင်္ကျီအဖြူလေးပေါ်တွင်
'… ……………'ဟု ရေးသားလိုက်စေသည်။

    ထို့နောက် ထိုင်းဘုရင်ကြီး၏ အိမ်တော်အရှေ့မလှမ်းမကမ်းတွင်မူ မှင်ဖြင့်ရေးသားထားသော တိုက်ပုံအကျီလေးအား မြောက်တင်၍ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိစေရန် ဒူးထောက်ဆန္ဒထုတ်ဖော်စေတော့သည်။

    ကိုမောင်ဝင်းနည်းတူ သံအမတ်ကြီးနှင့်ရဲမင်းကြီးတို့မှာလည်း ဝတ်ထားခဲ့သော မြန်မာ့ယဉ်ကျေးမှု့တိုက်ပုံအကျီင်္လေးများအား ချွတ်စေခါ မှင်ဖြင့် '………………'အား ရေးသားစေရင်း ကိုမောင်ဝင်းကဲ့သို့ သမ္မတကြီး၏အိမ်တော်ရှေ့တွင် ဒူးထောက်ဆန္ဒပြစေလေတော့သည်။

   ကိတ်ကျွန်းလူသတ်မှု့ကြီးအား စိတ်ဝင်တစား စောင့်စားနေခဲ့ကြသော ပြည်သူများထံသို့ အချိန်နှင့်တပြေညီ သတင်းများစွာထုတ်လွှင့်နိုင်စေရန် သတင်းများစွာရရှိနေခဲ့ကြသော ထိုင်းသတင်းထောက်များနှင့် မြန်မာသတင်းထောက်များသည်လည်း အစိုးရဧည့်ခန်းဆောင်အပြင်သို့ ထိုင်း-မြန်မာ နှစ်ဦးနှစ်ဖတ် ပြောဆိုနေခဲ့ကြသော စကားများစွာမဆုံးသေး ထွက်ခွားသွားခဲ့ရသည်ကြောင့် တစ်ပိုင်းတစ်စသော သတင်းများသာ ရရှိသွားခဲ့ရသည်။

     ထို့ကြောင့် သတင်းမီဒီယာများမှ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး မြန်မာအရာရှိကြီးများမှာ ထိုင်းဘုရင်ကြီးထံ၌ အသနားခံ အယူခံဝင်ရောက်နေကြသည်ဟု မသေချာသေးသော သတင်းများစွာ ထုတ်ပြန့်ကြေညာစေခဲ့သည်။ ရုပ်မြင်သံကြားသတင်းများမှအစ လူမှု့ကွန်ယက်ဆက်သွယ်ရေးများ မပေါ်တွင်လည်း တစ်ပိုင်းတစ်စသော ထိုသတင်းများစွာ ပြန်လွှင့်သွားခဲ့ရလေတော့သည်။

                          *****
  သေချာသွားလေသည်။ သူ၏ညီအငယ်ဆုံးဖြစ်သူ ရှောင်ဖိန်းတစ်ယောက် ထောင်ချောက်အတွင်း ကျရောက်သွားခဲ့ရပြီး မိမိတို့ထံသ်ို့ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ရောက်ရှိမလာခဲ့ချေ။ ညီလတ်ဖြစ်သူ ရှိုင်းတစ်ယောက်ဟာလည်း ရှောင်ဖိန်းအတွက် အလွန်ပင်စိုးရိမ်လွန်ခါ မိမိနှင့်ညီမဖြစ်သူတို့အား စိတ်ညို့အိပ်ငွေ့ချစေရင်း လိုက်ပါသွားခဲ့လေသည်။

       ရှိုင်းသည်လည်း အချိန်နှင့်တစ်ပြေးညီ မိမိတို့ထံသို့ ပြန်လည်ရောက်ရှိမလာသည့်အပြင် ညီမငယ်ဖြစ်သူ ယဉ်ယဉ်ထွေးသည်လည်း ထွက်ခွာသွားခဲ့သည်မှာ ယခုဆိုလျင် အချိန်အားဖြင့် (၃)နာရီခန့်ကြာမြင့်နေပြီဖြစ်သည်။ သူမတစ်ယောက် ပြောဆိုသွားခဲ့သည်။ အစ်ကိုကြီးဖြစ်သူ ပြင်သစ်စုံထောက်ဟောင်းကြီးဂျိမ်း(စ်)အား သူမတစ်ယောက် အစ်ကိုနှစ်ဦး၏အနောက်သို့ လိုက်ပါသွားခဲ့ရာမှ ကန့်သတ်ချိန်(၂)နာရီအကြာ သူမပြန်လည်ရောက်ရှိမလာခဲ့လျင် သူမသည်လည်း ထောင်ချောက်အတွင်းသို့ ကျရောက်သွားခဲ့ပြီဟု မှတ်ယူပေးရန် မိမိအားပြောဆိုထားခဲ့သည်။

    ဤသို့ဆိုလျင် ယခု(၃)နာရီအကြာ ညီမငယ်ယဉ်ယဉ်ထွေးတစ်ယောက် ပြန်လည်ရောက်ရှိမလာခဲ့သည်ကြောင့် ထောင်ချောက်အတွင်း၌ အဖမ်းခံလိုက်ရသည်မှာ အမှန်တကယ်ပင်လျင် သေချာသွားခဲ့မည်မှာ မလွဲလှချေ။ ထို့ကြောင့် စုံထောက်ကြီးဂျိမ်း(စ်)သည်လည်း မည်သို့ပင် ကြံဆရမည်မှန်း မသိတော့ချေ။

    တရုတ်လူမျိုးလူဝကြီး ရှောင်ဖိန်းဟာ ကိုယ်ဖော့ပညာရှင်ဖြစ်ပြီး၊ ကိုရီးယားလူမျိုး ရှိုင်းမှာမူ စိတ်ညို့ပညာရှင်ဖြစ်ခါ မြန်မာမလေး ယဉ်ယဉ်ထွေးမှာမူ ရှိန်းဆာရာကိုယ်ပျောက်အစွမ်းများ ရှိနေခဲ့ရင်း ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိမ်း(စ်)တွင်မူ မည်သည့်အစွမ်းများစွာရှိနေခဲ့သနည်းမသိ။ ယခုကဲ့သို့ တိုးတတ်ပြောင်းလဲနေခဲ့သော ခေတ်သစ်ကြီးတွင် ထူးဆန်းမှု့များစွာဖြင့် အစွမ်းကိုယ်ဆီရှိကြသော ထိုလူစွမ်းကောင်းသုံးဦး မည်သည့်ထောင်ခြောက်အတွင်းသို့ ကျရောက်သွားခဲ့ရသနည်း။ သူတစ်ယောက် အလွန်ပင်စဉ်းစားရခတ်နေ၏။

      သို့နှင့်တွေဝေမှု့များစွာဖြင့် ဇရပ်ပျက်အတွင်း၌ တောတန်ရုံ သွားလာနေကြသော လူသားများ မမြင်တွေ့စေနိုင်သော နေရာတွင်မူ ပုန်းကွယ်နေလိုက်ရင်း လှုပ်ရှားနေခဲ့သော စိတ်များအား စုစည်းလေခါ မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။ ခါးအားမတ်ထားစေခဲ့သည်။ အသံရှုနှုန်းများသည်လည်း ပုံမှန်ရှု့ရှိုက်လေခါ တည်ငြိမ်လှစွာသော အသွင်ပြင်များ ပြောင်းလဲသွားလေခဲ့သည်။ သူ၏အစွမ်းများဟာ မည်သို့ပင်ဖြစ်လေသနည်း။

 'အင်း!… ငါ့ညီအစ်ကိုတွေဘယ်ရောက်နေလဲ… မင်းတို့ဘယ်မှာလဲ'
    စကားသံများ။ စကားသံများဟုဆိုစေကာမူ စုံထောက်ကြီးဂျိမ်း(စ်)၏ စကားသံများမှာ အသံမထွက်သည့် စကားသံများပင်ဖြစ်ပြီး စိတ်အတွင်းမှ ရည်ရွတ်လိုက်စေသည်။ ထို့နောက် သူ၏အာရုံအတွင်း၌လည်း ညီအစ်ကိုဖြစ်သူများအား အာရုံခံစား၍မရနိုင်၊ ဝန်ကြီးချုပ်၏အိမ်တော်ကြီးကိုသာ အမြင်အာရုံအတွင်း၌ မြင်တွေ့နေခဲ့ရသည်။

''ဟင်… ဘာဖြစ်လို့ ဝန်ကြီးချုပ်အိမ်တော်ကြီးကိုပဲ ငါမြင်နေရတာလဲ… မဟုတ်မှလွဲရော ဝန်ကြီးချူပ်အိမ်တော်ထဲမှာပဲ ငါ့ညီတွေ ထောင်ချောက်မိသွားကြပြီနဲ့ထင်တယ်''

   အာရုံမခံနိုင်။ သူ၏စိတ်အာရုံများမှာ ဝန်ကြီး၏အိမ်တော်ကြီးကိုသာ မြင်တွေ့နေခဲ့ရသည်။ ထို့နောက် တစ်စုံတစ်ခုသော အကြံစည်များ ရရှိသွားခဲ့လေသလား။ ထနေသည့်မြေပြင်အပေါ်မှ ဆတ်ခနဲထလေခါ အာရုံအတွင်း မြင်တွေ့နေခဲ့ရသော ဝန်ကြီးချုပ်၏အိမ်တော်ဆီသို့ ဦးတည်ရန် ရည်ရွယ်လိုက်စေသည်။

                            ****
   ရုပ်မြင်သံကြားသတင်းဌာနများ၊ သတင်းစာများတွင်လည်း ထိုင်းဘုရင်ကြီးထံသို့ မြန်မာနိုင်ငံ၏ အရာကြီးများ လာရောက်ခဲ့ကြကြောင်း သတင်းများစွာ ဖြန့်လွတ်စေခဲ့သည်။

****ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး… ထိုင်းဘုရင်ကြီး(…………)ထံသို့ မြန်မာသံအမတ်ကြီးဦးဆောင်သော အဖွဲ့ဟာ ယနေ့နေ့လည် (၁)နာရီခန့်တွင် သမ္မတအိမ်တော်ဧည့်ခန်းမဆောင် အတွင်း၌ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ အဆိုပါသတင်းနှင့်ပတ်သတ်ပြီး အတိလင်းမသိရှိရသေးပါ။ (…………)သတင်းဌာနမှ ပေးပို့ထားသည့် သတင်းအရ မြန်မာအရာကြီးများမှ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ခေတ္တဆိုင်းငံ့ထားစေပြီး မြန်မာနိုင်ငံအခွင့်ရေးရ ရဲအုပ်ကိုမောင်ဝင်းမှ ပြန်လည်စစ်ဆေးရန် ထိုင်းဘုရင်ကြီးထံသ်ို့ ခွင့်တောင်းဆိုထားကြောင်း သတင်းရရှိထားပါသည်ရှင်… ထိုသို့တောင်းဆိုထားခြင်းနှင့် ပတ်သတ်ပြီး ထိုင်းဘုရင်ကြီးထံမှ ပြန်လည်ဖြေရှင်းခွင့် ရ၊မရဆိုသည့် သတင်းများအား အချိန်နှင့်နပြေးညီ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါသည်။*****

*****ယခုလက်ရှိ (………)သတင်းထောက်တစ်ဦးမှ သတင်းပေးချက်အရ မြန်မာအရာကြီးများမှာ ထိုင်းဘုရင်၏အိမ်တော်အရှေ့တွင် ဆိုဒ်းပုဒ်ကိုင်ဆောင်၍ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့် ရရှိစေရန် ဆန္ဒထုတ်လျက်ရှိကြောင်း သတင်းရထားပါတယ်ရှင်****

     ထိုင်းရုပ်မြင်သံကြားများမှ မြန်မာနိုင်ငံအရာရှိကြီးများဖြစ်ကြသော အခွင့်ရေးရဲအုပ်မောင်ဝင်းနှင့် သံအမတ်ကြီးအပါအဝင် ရဲမင်းကြီးတို့မှာ ဆိုင်းပုဒ်ကိုင် ဆန္ဒထုတ်ဖော်နေကြကြောင်း ရုပ်မြင်သံကြား သတင်းများမှ တိုက်ရိုက်အစီရင်ခံ တင်ဆက်နေကြလေပြီး။ ထိုတင်မက ထိုအမှု့ကြီးအား တရားမျှတမှု့မရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအပါအဝင် ပြည်သူတစ်ချို့မှာလည်း ဆိုင်းပိုဒ်များစွာ ကိုင်ဆောင်စေရင်း ဆန္ဒထုတ်ဖော်ကုန်ကြလေတော့သည်။ လူမှု့ကွန်ယက် ဆက်သွယ်ရေးများတွင်လည်း ရုတ်ရုတ်သည်းသည်များ ဖြစ်ကုန်ကြလေခါ မြန်မာတရားခံနှစ်ဦးအား သေဒဏ်ပြစ်မှု့ကြီးမှ လွတ်မြောက်စေရန်အတွက် ဝိုင်းဝန်းဆန္ဒထုတ်ဖော်ကြလေတော့သည်။

'ဟေ့လူ… ဝန်ကြီး… ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ… ခင်ဗျားပြောတော့ အေးအေးဆေးဆေပါဆို… အခုမြန်မာအရာရှိတွေကလည်း ဒီအမှု့ကြီးကို ပြန်စစ်ဖို့ သမ္မတအိမ်တော်ရှေ့မှာ ဒူးထောက်ဆန္ဒပြနေကြတယ်… ပြီးတော့ ပြည်သူတွေ… သူတို့ကရော… ပြန်စစ်ဆေးပါဆိုပြီး နိုင်ငံအရပ်ရပ်မှာ ဆန္ဒတွေပြကုန်ကြပြီး ဘယ်လိုလုပ်မလဲ ခင်ဗျားဘယ်လိုဆက်လုပ်မလဲ'

'နေပါဦးဗျာ… ခဏလေးနေကြပါဦး ဘယ်လိုဖြစ်ပြီး ဒီအရာရှိတွေ ထိုင်းဘုရင်ကြီးဆီရောက်သွားရတာလဲ တောက်!…တော်တော်အမှန်တရားဖြစ်ချင်နေကြတယ်… ဒါမှန်းသိရင် အခုနကျုပ်အိမ်မှာတည်းက သုံးယောက်စလုံး တစ်ခါတည်းသတ်ပစ်လိုက်ပါတယ်'
'တော်တော့… ပြီးခဲ့တာတွေ ပြန်ပြောမနေနဲ့တော့… အခုကျုပ်တို့ဘက်က ဘာတွေဆက်လုပ်ကြမလဲ… ဟမ်… ဝန်ကြီး ဆရာကြီးပြောကြပါဦး'

''သူဌေး!… စိတ်အေးအေးထားပါ'
'ဟာဗျာ!… ခင်ဗျားမို့လို့အခုလိုချိန်မျိုးမှာတောင် စိတ်အေးအေးထားခိုင်းနေသေးတယ်… ဘယ်လိုလုပ်မတုန်း ကျူပ်မေးနေတာဖြေဦးလေ'

'ခဏလေးပါဗျာ ကျုပ်ပြောတာ ခဏလေးနားထောင်ပါဦး… သူတို့အားလုံး ဘယ်လိုပဲဆန္ဒပြနေကြပါစေ ကျုပ်တို့ဘက်က သက်သေအခိုင်လုံနဲ့ အမိန့်ချထားပြီးပါပြီး အမှု့ကိုပြန်ပြင်ဆင်ဖို့ တော်ရုံတန်ရုံမလွယ်တော့ဘူးဆိုတာ ကျူပ်တို့သမ္မတကြီးလည်း သိမှာပါ… တကယ်လို့ သမ္မတကြီးက ပြန်စစ်ဆေးဖို့ခွင့်ပြုလိုက်တယ်ပဲထား… သက်သေခံပစ္စည်းအတုတွေရော မျက်မြင်သက်သေ လူတွေရော ကျူပ်တို့ဘက်မှာ အခိုင်လုံရှိနေပြီးသားပါ… ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဘက်က ၇၅ရာခိုင်နှုန်းနိုင်ပြီးသာပါဗျ'

'ခင်ဗျားပြောတော့လည်း လွယ်လွယ်လေးပါလား…'
'လွယ်ပါတယ်ဗျ… သူတို့ဟာသူတို့ ဆန္ဒပြချင်သလောက်ပြနေပါလိမ့်စေ… မောသွားကြလိမ့်မယ်… အေးဆေးပါ… ဘာပဲဖြစ်ဖြစ် ကျုပ်တာဝန်က မနက်လင်းတာနဲ့ ချက်ချင်းအဲ့ဒီနှစ်ကောင်ကို သေဒဏ်ပေးဖို့ပဲ… သူဌေးကြီး ဘာမှစိတ်မပူပါနဲ့ဗျာ'

''ဝန်ကြီး… လူမှု့ကွန်ယက်တွေအပေါ်မှာရော… ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာရော လူတွေအားလုံးက ဆန္ဒပြနေကြတာနော်… ကျုပ်တို့လျော့တွက်ထားလို့တော့ မဖြစ်ဘူး… ကြိုတင်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရင် ပိုကောင်းလိမ့်မယ်ထင်တယ်နော်''
'စိတ်ချပါဗျ… သြော်!… ဒါနဲ့ဆရာကြီးပစ္စကိုမတွေ့ပါလား'

''ရှိတယ်… နားနေခန်းထဲမှာ လျှာရှည်တဲ့ မြန်မာအရာရှိမောင်ဝင်းဆိုတဲ့လူကို ပြုးစားဖို့ စီစဉ်နေတယ်'
''ကောင်းတယ်ကောင်းတယ်!… သြော်!…'
'ဟင်!… ဝန်ကြီးဘယ်သွာမလို့လဲ'
'ဆရာကြီးဆီသွားမလို့လေ…'
'ဘာသွားလုပ်မှာလဲ ဆရာကြီးကမှာထားတယ်!… သူ့အပြင်မထွက်မချင်း အခန်းထဲကို ဘယ်သူမှလိုက်မလာပါနဲ့တဲ့''

''ဟာဒုက္ခပါပဲ မောင်ဝင်းကိုဆရာကြီးပစ္စ အသေပြုစားလို့မဖြစ်သေးဘူးဗျ… အခုချိန်မှာ အဲ့ဒီလူသေသွားရင် အားလုံးပိုရှုတ်ကုန်ရလိမ့်မယ်'
'သိပါတယ်ဗျာ… မောင်ဝင်းရဲ့ ခြေရာကိုကောက်ပြီး သူ့နှလုံးအိမ်ကို ထိမ်းချုပ်ရုံလေးပဲလို့ ဆရာကြီးပြောတယ်'

(တံခါးခေါက်သံ)
'ဘယ်သူလဲ'
'ကျွန်တော်ချမ်း(မ်)ပါ ဝန်ကြီး'
'သြော်!… အေး… ဝင်လာခဲ့ချည်''
'အပြင်မှာ ဘာသတင်းကြားခဲ့လဲ'

'ကြားခဲ့ပါတယ်ဝန်ကြီး… ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးခွင့်ရဖို့ မြန်မာနိုင်ငံကလူတွေ လေဆိပ်မှာအများကြီး ရောက်နေကြပါတယ်… ပြီးတော့ မနေ့ညကလည်း ဟို… ဟိုမြန်မာနိုင်ငံက နာမည်ကြီးအမှု့လိုက် ရဲအရာရှိတစ်ယောက်နဲ့ လူငယ်ငါးဦးလည်း ရောက်နေတယ်လို့ သိခဲ့ရပါတယ်'

'ဟင်!… မနေ့ညကတည်းက ရောက်နေတဲ့ ရဲအရာရှိကြီးနဲ့ လူငယ်ငါးဦးဟုတ်လား… အမှု့လိုက်ရဲအရာရှိကြီးဆိုတာ အခု သမ္မတအိမ်တော်အရှေ့မှာ ဒူးထောက်ဆန္ဒပြနေတဲ့ မောင်ဝင်းဆိုတဲ့သူကိုပြောတာလား'
'ဟုတ်ပါတယ်ဝန်ကြီး… သူပါပဲ'

'လူငယ်ငါးဦးဆိုတာကရော… သာမာန်ပြည်သူတွေပဲမဟုတ်လား'
'ကျွန်တော်တို့သတင်းထောက်လွတ်ထားတဲ့ မြန်မာရေခဲမုန့်သည်လေးဆီက သိခဲ့ရတာတော့… အဲ့ဒီလူငယ်ငါးဦးကလည်း အခွင့်ရေးရဲအုပ်မောင်ဝင်းနဲ့ပေါင်းပြီး… ပျောက်ဆုံးနေတဲ့ အမှု့ကြီးတော်တော်များကို မြန်မာနိုင်ငံမှာ ဖော်ကောင်လုပ်ကြတဲ့ သူတွေပဲတဲ့…'

'ဟင်!… ဟုတ်ပြီဟုတ်ပြီ… အဲ့ဒီကောင်တွေကိုလည်း မျက်ခြေမပျက် မင်းတ်ို့အားလုံး စောင့်ကြည့်ထားကြ… တစ်ခုခုအကြောင်းထူးတာနဲ့ ငါ့တို့ဆီချက်ချင်း သတင်းပို့ဟုတ်ပြီလား'
'ဟုတ်ကဲ့ပါဝန်ကြီး'

  ကြာကျင်စိန်၏အကြောင်းများစွာ စုံစမ်းခဲ့ဘူးသည်။ လူငယ်ငါးဦးတည်းမှ တစ်ဦးဖြစ်သော ငါးကလေးတစ်ယောက်။ အမှန်တကယ်ဆိုလျင် ထိုမြန်မာရေခဲမုန့်သည်လေးမှာ ဝန်ကြီးချုပ်၏လက်အောက်ငယ်သား ထောက်လှမ်းရေးတစ်ဦးပင်ဖြစ်နေလေခဲ့သည်။ ဝန်ကြီး၏တာဝန်ပေးချက်ဖြင့် ထောက်လှမ်းရေးတစ်ချို့မှာလည်း (………)ဟိုတည်တွင် တည်းခိုနေလျက်ရှိသော လူငယ်ငါးဦးအား မျက်ခြေမပျက် စောင့်ကြည့်နေခဲ့ကြလေတော့သည်။

                            *****
   ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် ဒဏ်ရာများစွာနှင့် လွတ်မြောက်သွားခဲ့သော ဆတီဗင်။ သူတစ်ယောက် ကယ်တင်ထားပါသည်ဟု ကြာကျင်စိန်တစ်ယောက် ပြောဆိုလေခဲ့ရင်း လူငယ်ငါးဦးအား လိုက်လံကြည့်ရှု့စေရန် ပြောဆိုလေခဲ့သည်။ သို့သော် ထီးကလေးတစ်ယောက် သူ၏နားအတွင်း၌ ပျောက်ဆုံးနေခဲ့သော ဝိဥာဉ်ဒေးဗစ်၏စကားသံများအား ကြားသိလိုက်ရရင်း လမ်းကလေးနှင့်အတူ နှစ်ဦးသား ဒေးဗစ်၏အသံကြားရာဆီသို့ ဦးတည်ရန် နေရစ်စေခဲ့ရလေသည်။

     တန်ခိုးနှင့်အတူ ငါးကလေးနှင့်မျှားကလေးတို့ဟာ ဆတီဗင်တစ်ယောက်ရှိနေခဲ့သော နေရာဆီသို့ ကြာကျင်စိန်၏ဦးဆောင်မှု့ဖြင့် လိုက်ပါသွားခဲ့ရလေပြီး၊ ထီးကလေးနှင့် လမ်းကလေးတို့သည်လည်း ဒေးဗစ်အား ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ပြုလုပ်ပေးရမည်ဖြစ်သောကြောင့် မည်သူမှမကြားနိုင်၊ သူတစ်ယောက်ကြားနေခဲ့ရသော ဒေးဗစ်အား လူသူရှင်းသော လမ်းကြားလေးအတွင်း၌ အရပ်လေးမျက်နှာအား လှည့်ပတ်ကြည့်စေရင်း ထိုသို့အော်ဟစ် မေးမြန်းစေခဲ့သည်။

  'ဒေးဗစ်!… မင်းဘယ်မှာလဲ ငါမင်းကိုဘယ်လိုကူညီပေးရမလဲ'
'ထီး!… ငါထိုင်းနိုင်ငံထဲကို ဝင်လို့ရအောင်… သင်္ဘောဆိပ်မှာ ငါ့တို့ကိုတားထားတဲ့ အစီအရင်တွေ မင်းဖျက်စီးပေးရမယ်'
'ဟင်… ဘယ်လို… ဘယ်သင်္ဘောဆိပ်ကို ပြောတာလဲ'
'ထိုင်းနိုင်ငံ (……)သင်္ဘောဆိပ်မှာ ငါ့သွေးစွန်းနေတဲ့ အကျီစနဲ့ ဟန်ဇာ့သွေးစွန်းနေတဲ့ အကျီစ၊ နှစ်ခုကိုပေါင်းပြီး ငါ့တို့ကိုနယ်နှင်ထားတာ… အဲ့ဒါကို မင်းဖျက်စီးပစ်နိုင်မှ မင်းအနားကို ငါလာလို့ရမှာ…ထီး'

'ဟင်!… ဟုတ်ပြီငါ့ကိုပြောပြ… ငါဘယ်လိုဖျက်စီးရမှာလဲ'
'ဟို!… ဟို… အဲ့ဒီမှာ မျက်လှည့်ဆရာကြီးတစ်ယောက်ရှိတယ်… သူ့ခါးမှာ အမြဲဆောင်ထားတဲ့ ဓားမြောင်လေးနဲ့ သင်္ဘောဆိပ်က ငါတို့သွေးစွန်းအကျီကို ဖျက်စီးပေးပါ'
'ဟင်!… ဘယ်လို… မျက်လှည့်ဆရာကြီးတစ်ယောက်ရဲ့ ဓားမြောင်းနဲ့ ဖျက်စီးပစ်ရမယ်ဟုတ်လား'
'ဟုတ်တယ်… ထီး… မင်းကူညီပေးပါ'

'ဟာ!……အဲ့ဒါမှဒုက္ခပါပဲ… မျက်လှည့်ဆရာကြီးကို ငါဘယ်မှာသွားရှာရမလဲ'
'သူက… သူကမြို့ထဲက ဈေးတွေထဲမှာ မျက်နှာက်ုအဝတ်စည်းပြီး လူတွေကိုထူးဆန်းမှု့တွေ လုပ်ပြတတ်တဲ့တစ်ယောက်… ထိုင်းနိုင်ငံမှာ သူတစ်ယောက်တည်း အဲ့လိုမျက်လှည့်ပြပြီး လုပ်စားနေတာ… သူ့ကိုရှာရင်လွယ်မှာပါ… သူငယ်ချင်းထီး ငါ့ကိုကူညီပေးပါနော်'

'အေးပါ… ငါရအောင်လိုက်ရှာမယ်… မင်းကအခုဘယ်မှာလဲ ငါ့ကိုဘယ်လိုမြင်နေရတာလဲ ငါကတော့ မင်းကိုမမြင်နိုင်ဘူး'
'အဲ့ဒါတွေနောက်မှ ငါပြောပြပါ့မယ်… အခုလောလောဆယ် ငါထိုင်းနိုင်ငံထဲဝင်လို့ရအောင် အရင်ကူညီပေးပါဦး'
'ကောင်းပြီဒေးဗစ်… မင်းကိုငါဘယ်လိုဆက်သွယ်ရမလဲ'

'ငါ့ကိုမင်းဆက်သွယ်လို့မရဘူး… ခန့်ခန့်ညားညားဦးလေးကြီးက… မင်းကိုမြင်နိုင်၊ကြားနိုင်စွမ်း ငါ့ကိုအချိန် ဆယ့်ငါ့မိနစ်ထဲ ခွင့်ပြုထားတာ'
'ဟင်… ဒါ… ဒါကုဝေရနတ်မင်းကြီးပဲ'
'ကောင်းပြီဒေးဗစ်… ငါပြောတာကိုကြားရသေးလား… အဲ့ဒီမျက်လှည့်ဆရာကြီးနာမည်ကိုရော မင်းပြောနိုင်မလား'
'ဟေ့!… ဒေးဗစ်… ဒေးဗစ်''

     ဒေးဗစ်၏ပြောဆိုချက်များအရ မျက်လှည့်ဆရာကြီးတစ်ဦး၏ ခါးတွင်အမြဲတစေ ဆောင်ထားလျက်ရှိသော ဓားမြောင်လေးဖြင့် ထိုင်းနိုင်ငံ၏(……)သင်္ဘောဆိပ်တွင် ဒေးဗစ်၏သွေးစွန်းအကျီနှင့် အစီရင်ပြုလုပ်ထားသော နယ်နှင်ဒဏ်အစီရင်အား ဖျက်စီးနိုင်မှသာလျင် သူတစ်ယောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်မည်ဟု ပြောဆိုလေခဲ့သည်။

 သူတစ်ယောက် ကြားနေခဲ့ရ၏။ ဒေးဗစ်၏ ပြောဆိုနေခဲ့သော စကားသံများ။ သို့သော် နံဘေး၌ရှိနေသည့် လမ်းကလေးမှာမူ တောင်ကြည့်၊ မြောက်ကြည့်ုဖြင့် ထီးကလေးအား နားမလည်နိုင်ခဲ့ချေ။ ခန့်ညားထည်ဝါလှစွာသော ထိုလူကြီး၏ အကူညီပေးမှု့ဖြင့် ဒေးဗစ်ဟာ ယခုကဲ့သို့ မိမိအား စကားများစွာပြောဆိုနိုင်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ခွင့်ပြုချိန်များမှာ (၁၅)မိနစ်ခန့်သာ ခွင့်ပြုထားခြင်းကြောင့် ပြောလက်စ စကားများစွာမဆုံးသေး။ ဒေးဗစ်၏ပြောဆိုနေခဲ့သော စကားသံများ ရပ်တန့်သွားခဲ့ရလေသည်။

''ထီးလေး… ဘာတဲ့လဲ… ဒေးဗစ် မင်းကိုဘာတွေပြောနေတာလဲ'
'သူထိုင်းနိုင်ငံထဲကို ဝင်လို့မရဘူးဖြစ်နေတယ်… သူဝင်လာနိုင်အောင်… မျက်လှည့်ဆရာကြီးတစ်ယောက်ရဲ့ ဓားမြောင်နဲ့ (…)နာမည်နဲ့ သင်္ဘောဆိပ်မှာ နယ်နှင်ဒဏ်အစီရင်ကို ဖျက်စီးပစ်မှ ထိုင်းနိုင်ငံထဲဝင်လို့ရမယ်လို့ပြောတယ်'
''ဟင်!… (…)သင်္ဘောဆိပ်… ပြီးတော့မျက်လှည့်ဆရာကြီး… သူတို့အားလုံးကိုဘယ်မှာသွားရှာရမလဲ… အဲ့ဒီမျက်လှည့်ဆရာကြီးနေတဲ့နေရာကိုရော… ထီးလေး မင်းသိလို့လား'

'ငါလည်းမသိဘူး…'
'ဟာ!… ဒါဆိုဘယ်လိုလုပ်မလဲ'
'မတတ်နိုင်ဘူး မတွေ့တွေ့အောင်ရှာရမှာပဲ… ကိုမောင်ဝင်းပြန်လာလို့ ဒီအမှု့ကြီးကို ပြန်စစ်ရတော့မယ်ဆိုရင် ဒေးဗစ်ဝိဥာဉ် ငါ့အနားမှာရှိနေမှ လူသတ်တရားခံအစစ်မှန်တွေက်ု လွယ်လွယ်နဲ့ဖမ်းမိနိုင်မှာ မဟုတ်လို့ကတော့… အားလုံးခက်ခဲကုန်လိမ့်မယ်'

'ဒါဆိုဘယ်လိုလုပ်ကြမလဲ… ဒေးဗစ်ကရော… အဲ့ဒီမျက်လှည့်ဆရာကြီး ဘယ်မှာရှိနေလဲဆိုတာ ပြောမသွားဘူးလား'
''ဟင့်အင်း… ကုဝေရနတ်မင်းကြီးအကူညီနဲ့ ငါ့ဆီကို ရေမြေခြားပြီး ၁၅မိနစ်ပဲဆက်သွယ်ခွင့်ရခဲ့တာ အချိန်ပြည့်သွားလို့နဲ့ထင်တယ်… ငါမေးနေတာ သူမဖြေသွားနိုင်ရှာဘူး… ဒါပေမယ့် သူပြောတော့ပြောတယ်… ထိုင်းမှာ ထူးထူးဆန်းဆန်းမျက်လှည့် ပြကွက်တွေ ပြတတ်တာဆိုလို့ မျက်လှည့်ဆရာကြီးတစ်ဦးပဲရှိတယ်တဲ့… ဟုတ်ပြီ ငါတို့အချိန်ရှိတုန်း ဈေးထဲခဏလျောက်ကြည့်ရအောင်'

     ဝိဥာဉ်ဒေးဗစ်၏ပြောဆိုသွားခဲ့သော စကားများအား သူငယ်ချင်းဖြစ်သူ လမ်းကလေးထံသို့ ပြန်လည်ပြောဆို တိုင်ပင်စေခဲ့ရင်း နှစ်ဦးသား အချိန်မလင့်မီ အတောအတွင်း မြို့ထဲလူစည်ကားရာ ဈေးအတွင်းသို့ စတင်ဦးတည်ရန် ဟန်ပြင်လိုက်စေးတော့သည်။

                         *****
'ကျင်စိန်!… ဘယ်မှာတုန်းကွ မရောက်သေးဘူးလား'
'ရောက်တော့မှာပါကိုငါးလေးရ… အရှေ့တစ်ကွေ့ဆိုရောက်ပြီး'
'ဒီနေရာက တော်တော်လေး ခေါင်တယ်နော်…'
'ခေါင်တယ်… တစ်ခါတစ်လေ ကျုပ်ပတ်သတ်မိတဲ့ မိန်းမတွေရဲ့ ယောကျာ်းတွေက ကျုပ်ကိုသတ်ဖို့လိုက်ရှာနေကြပြီဆိုရင် ဒီရပ်ကွက်ထဲမှာ ကျူပ်လာပုန်းနေကြဗျ… ဒီနေရာကို ကျုပ်လာတတ်တယ်လို့ မြို့ပေါ်က ကျုပ်နဲ့တရင်းတနှီးနေတဲ့ သူငယ်ချင်းတွေတောင် မသိကြဘူး… ဒါကြောင့်လည်း အဲ့ဒီနိုင်ငံခြားသားကို လုံလုံခြုံခြုံနဲ့ အခုချိန်ထိ ကျူပ်ဖွတ်ထားနိုင်တာပေါ့ဗျ အစ်ကိုတ်ို့ကို ကျုပ်ယုံကြည်လွန်းလို့ ဒီနေရာကို ခေါ်လာခဲ့တာပါ'
'အေးပါ… နေမဝင်ခင် ဟိုတည်ကိုပြန်ရောက်မှ ဖြစ်မှာမို့လို့ ပြောတာပါကွ…'

   သုံးဘီးဆိုင်ကယ်လေးဖြင့် ကျင်စိန်တစ်ယောက် ဦးတည်ရာအနောက်သို့ လူငယ်သုံးဦးသား လိုက်ပါလာခဲ့ရင်း စရိုက်ကျကျ ထိုင်းနိုင်ငံသားများ နေထိုင်ရာ ရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် သုံးဘီးဆိုင်ကယ်သမားလေးအား ကျသင့်ငွေရှင်းပေးလျက် ကျင်စိန်တစ်ယောက် လမ်းကြားလေးအတွင်းသို့ ထပ်မံဦးတည်သွားခဲ့ပြန်သည်။

    လူငယ်သုံးဦးသည်လည်း ကျင်စိန့်အား ယုံကြည်မှု့အပြည့် မရှိခဲ့သေးပေ။ ထို့ကြောင့် တစ်ဦးမျက်နှာတစ်ဦး အကဲခတ်ကြည့်စေရင်း ပတ်ဝန်ကျင်အခြေနေများအားလည်း လေ့လာနေခဲ့ရသေးသည်။ သို့နှင့် တည်းအိမ်လေးတစ်လုံးအရှေ့သို့ အရောက်…

'ဟေ့… ဆတီဗင်… ဆတီဗင်''
  ထိုကဲ့သို့ အသံပေးလိုက်သည်နှင့် အိမ်အတွင်းမှ ခြေသံခပ်ပြင်းပြင်းဖြင့် အိမ်ပေါက်ဝဆီသ်ို့ လှမ်းလာနေခဲ့သော ခြေသံများအား ဦးစွာကြားသိလိုက်ရလေသည်။

''ဟင်!… လူသတ်သမားတွေ… လူသတ်သမားတွေ ငါ့ဆီမလာနဲ့ ငါ့ဆီမလာကြနဲ့ ငါကြောက်တယ် ငါကြောက်တယ်'
'ဟေ့… ဆတီဗင်… မကြောက်နဲ့ ဒါငါ့သူငယ်ချင်းတွေ မင်းကိုသူတို့ ဘာမှမလုပ်ပါဘူး… မကြောက်နဲ့ ငါ့ဆီက်ုလာခဲ့''

      လူငယ်လေးတစ်ဦးပင်ဖြစ်သည်။ သို့သော် လိမ်မော်ရောင် ဆံပင်များအားလုံးဟာ ရှုတ်ထွေးနေခဲ့ရင်း ညစ်တေနေလှသော မျက်နှာထားများဖြင့် လူငယ်သုံးဦးအား မြင်လျင်မြင်ချင်း အင်္ဂလိပ်ဘာသာစကားများဖြင့် လူသတ်သမားများဟု ထိတ်လန့်တကြားပြောဆိုလေခါ အိမ်အတွင်းသို့ အပြေးဝင်ရောက်စေခဲ့သည်။

     ကြာကျင်စိန်သည်လည်း အင်္ဂလိပ်ဘာသာစကားများအား အနည်းငယ် နားလည်ထားသူ တစ်ဦးပီပီ လေသံခပ်အေးအေးဖြင့် ပြန်လည်ပြောဆိုလိုက်မှသာလျင် ထိုလူငယ်လေးမှာ 'ဟင်'ဟု အသံထွက်ပေါ်စေပြီး ငြိမ်သတ်သွားခဲ့လေတော့သည်။

    လူငယ်သုံးဦးသည်လည်း ထိုလူငယ်လေးအား စူးစိုက်ကြည့်လျက် စိတ်ရောဂါခံစားနေခဲ့ရသော စိတ်ရောဂါဝေဒနာရှင်တစ်ဦ်းဖြစ်သည်ဟု ကောင်းစွာသိရှိသွားခဲ့ရလေသည်။ သေချာသည်မှာ ဆတီဗင်ဆိုသည့် ထိုနိုင်ငံခြားသားလေးမှာ အရူးတစ်ပိုင်းအဖြစ်နှင့် ကျင်စိန့်ထံတွင် ရှိနေခဲ့ခြင်းပင် ဖြစ်နေလေတော့သည်။

                        ********
*ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်သုံးသပ်စစ်ခွင့် အသနားခံ အယူခံတောင်းဆိုမှု့အား ထိုင်းနိုင်ငံ၏သမ္မတကြီးမှ ငြင်းဆိုစေခဲ့သည်။ ထို့ကြောင့် မြန်မာအရာရှိကြီးများမှာ သမ္မတအိမ်တော်ကြီးအရှေ့၌ ဆိုင်းပုဒ်ကိုင် ဆန္ဒထုတ်ဖော်နေခဲကြလေသည်။ မြန်မာအရာရှိကြီးများနှင့် ထိုင်းသမ္မတကြီးတို့၏ ဆက်ဆံရေးအခြေနေများ မည်သ်ို့ပင် ဆက်လက်ဖြစ်လာဦးမည်နည်။

*ကမ္ဘာကျော်လူစွမ်းကောင်းတစ်ဦးဖြစ်သော ပြင်သစ်စုံထောက်ဟောင်းကြီးဂျိမ်း(စ်)၏ အများနှင့်မတူသော အစွမ်းများဟာ မည်သည့်အစွမ်းများပင် ဖြစ်နေမည်နည်း။ သူတစ်ယောက် အဖမ်းခံထားခဲ့ရသော ညီအစ်ကိုဖြစ်သူများအား ပြန်လည်ကယ်တင်ပေးနိုင်မည်လား။

*ပြည်သူပြည်သားများစွာ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး ဆိုင်းပုဒ်ကိုင် ဆန္ဒများစွာပြသနေကြသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့ဟာလည်း မည်သို့ပင် ဆက်လက်ပြုကြမည်နည်း။

*အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စဟာ ရဲအုပ်မောင်ဝင်းအား ခြေကောက်၍ မည်သို့ပင် ပြုစားမည်နည်း။

*ဝိဥာဉ်ဒေးဗစ်အား နယ်နှင်ထားသည့် နယ်နှင်ဒဏ်အစီအရင်များအား လူငယ်လေးနှစ်ဦး ဖျက်စီးပစ်နိုင်မည်လား။

*အရူးတစ်ပိုင်းဘဝနှင့် နိုင်ငံခြားလေးဟာလည်း ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် တရားလိုတစ်ဦးအနေနှင့် ပါဝင်နိုင်မည်လား။

 … … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၅.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   http://hteekalayblog.blogspot.com/




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages