တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၁၆)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
***
မခင်ထားနှင့် သူဌေးလေး လွတ်မြောက်သွားသည့်အတွက် လင်ယောက်ျားဖြစ်သူ ကိုသူရရှိနေသည့် ထိုကျောင်းပျက်ကြီးဆီသို့ မခင်ထားရောက်ရှိလာဦးမည်မှာ မလွဲချေ။ ထိုကျောင်းပျက်ကြီးဆီသို့ မခင်ထားတစ်ယောက် ပြန်လည်ရောက်ရှိလာမှသာလျင် ဖမ်းစည်းရန် ရည်ရွယ်ထားခဲ့ပြီး မခင်ထားတစ်ယောက် ထိုကျောင်းပျက်ကြီးဆီသို့ ရောက်ရှိလာမည့်အချိန်အား ပုန်းအောင်းစောင့်ကြည့်နေသော သစ္စာဖောက်တင်မောင်တစ်ယောက် သက်ဝင်အဖွားအိုနှင့် ကိုသူရတို့၏ အဖြစ်အပျက် မြင်ကွင်းများအား အံ့သြကြီးစွာ တွေ့ရှိလိုက်ရတော့သည်။
' ဟင် … ကျုပ် … ကျုပ်ကနှစ်ယောက်ဖြစ်သွားပါလား '
' ဟားဟား … အဲ့ဒါကြောင့် ဖေဖေ့ကို သမီးပြောတာပေါ့ ဖွားဖွားက ရဲအုပ်မောင်ဝင်း အယောင်ဆောင်ပြီး ဖေဖေ့ကို ကယ်ခဲ့တာပါလို့'
' ယုံပြီလား အရူး … ဒါတောင် ငါ့ပညာ အကင်းလေးပဲရှိသေးတာ အကုန်မသုံးရသေးဘူး '
' ယုံ … ယုံပါပြီဗျာ … '
' ဖွားဖွား … မီးမီး ဒီပုံစံကြီးနဲ့ မနေချင်ဘူး ပြန်ပြောင်းပေး '
' အေးပါမြေးရဲ့ … ဒီငတုံးကို လက်တွေ့ပြနေလို့ပါ '
' ဟင် … ကလေးလေးပြန်ဖြစ်သွားပြီ '
' ဟားဟား အခုမှ အံ့သြနေတယ် … '
' ဖွားဖွား သမီးမေမေကို ရှာပေးပါဦး မေမေ့က်ု ရဲတွေဖမ်းသွားကြပြီလား မသိဘူး '
' ဟင် … ဖွားဖွားတို့ ပြန်ရတော့မယ်လေ '
' ဟင့်အင်း … ဟင့်အင်း မိလုံးလေးပြောသလို သူ့မေမေကို ဖွားဖွားလိုက်ရှာပေးလိုက်ဦး'
' ဟင် … မီးမီ '
' ဟင့်အင်း … မရှာပေးဘူးဆိုရင် ဖွားဖွားနဲ့မီးမီ ပြန်မလိုက်ဘူးနော် '
' ဟူး … ပြီးရော ပြီးရော … ကဲဒါဆို ဖွားဖွားမြို့ထဲမှာ လိုက်ရှာကြည့်လိုက်ဦးမယ် မိလုံးလေး ဖေဖေနဲ့ ကောင်းကောင်းနေခဲ့နော် '
' ကျေးဇူးပါဖွားဖွားရယ် ကျေးဇူးပါ '
နေကောင်းခါစ ဖခင်ဖြစ်သူ ကိုသူရတစ်ယောက်မှာတော့ သက်ဝင်အဖွားအိုနှင့် သူ၏ သမီးဖြစ်သူ မိလုံးလေးတို့ တရင်းတနှီးပြောဆိုနေကြသည်ကို ကြောင်တောင်တောင်ဖြစ် ကြည့်နေမိခဲ့သည်။ မိလုံးအား အလွန်ပင် သံယော်ဇဉ်ကြီးလှသည့် မြေးဖြစ်သူ သက်ဝင်မြေးမလေး၏ ပူဆာသော စကားကြောင့် နှစ် ၁၀၀ သက်ဝင်အဖွားအိုမှာ မခင်ထားအားရှာဖွေပေးရန် မြို့ထဲသို့ ရောက်ရှိလာချေခဲ့သည်။
မိမိ၏ လက်ဝယ်အတွင်းမှ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ လွတ်မြောက်သွားခဲ့သည့် အတွက် မန်နေဂျာ ဦးခွန်းဒေါင်းတစ်ယောက်မှာတော့ နေမထိ ထိုင်မသာ ဖြစ်နေချေခဲ့သည်။ ထိုနယ်အတွင်းမှ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ထွက်ရောက်ရန် မလွယ်ကူချေသော်လည်း မိမိကြားဘူးထားသည့် အခက်ခဲမျိုးစုံတို့အား ကျော်ဖြတ်ထားနိုင်ခဲ့ဘူးသော စာရေးထီးကလေးနှင့် သူ၏ သူငယ်ချင်းများ ရန်ကို ဦးခွန်းတစ်ယောက် တွေးမိလျက် စိုးရိမ်ပူပန်နေခဲ့သည်။
' ဂျာကြီး … ကျုပ်ဝင်ခဲ့မယ် '
အခန်းအတွင်း၌ ကြံရာမရ စိုးရိမ်ပူပန်နေသော မန်နေဂျာဦးခွန်းဒေါင်းဆီသို့ သစ္စာဖောက်တင်မောင် တစ်ယောက် ဝင်ခွင့်တောငိးခါ ရောက်ရှိလာလေခဲ့ပြီး
' ဘာတွေများ တွေးနေပါလိမ့်'
' ဘာတွေးရမလဲကွ … အခုမောင်ဝင်းတို့ လွတ်သွားကြပြီ … သူဌေးလေးကလဲ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဘူး … '
' မောင်ဝင်းတို့ ဒီနယ်ကနေ အခုချက်ချင်း မထွက်နိုင်လောက်သေးပါဘူး ဂျာကြီး … ကိုဆန်းထွန်းကလဲ လူအင်အားသုံးပြီး ဂိတ်ပေါက်တွေက်ု လုံခြုံရေးတွေ ချထားပါတယ် '
' ဘာပဲဖြစ်ဖြစ် မောင်ဝင်းတို့တစ်ဖွဲ့လုံးကို ငါလိုအပ်တယ် … ငါက တစ်နိုင်ငံလုံးရဲ့ စီးပ္ပားရေး လုပ်ငန်းရှင်သူဌေးကြီးလုပ်ပြီး မောင်ဝင်းကို ငါ့နေရာထားချင်တာ … အခုတော့ လွဲကုန်ပြီ … '
' အခုလဲ မန်နေဂျာကြီးက သူဌေးကြီးဖြစ်နေပြီပဲ '
' မဟုတ်သေးဘူး… အခုဟာက အရိပ်ပဲရှိသေးတယ် … စာရေးထီးကလေးနဲ့ ရဲအုပ်မောင်ဝင်းက ငါ့ဘက်ကနေ ထောက်ခံမှ တစ်နိုင်ငံလုံးက အလုပ်သမားတွေ လုပ်ငန်းရှင်တွေအားလုံး ငါ့ကို ကြည်ကြည်ဖြူဖြူ လက်ခံကြမှာ … မဟုတ်လို့ကတော့ ဘယ်သူမှ ငါ့ကို လက်ခံမှာမဟုတ်ဘူး … အဲ့ဒီထက်ဆိုးတာက ဟိုထီးကလေးတို့ငါးယောက် သူတို့တွေက အစွမ်းရှိတယ် … ငါ့ကိုပြန်ပြီး ဒုက္ခမပေးနိုင်ဘူးလို့ မပြောနိုင်ဘူး '
' ဒါဆို ဂျာကြီး ကျုပ်တစ်ခုစဉ်းစားမိတယ် … ကျုပ်တို့အားလုံး မောင်ဝင်းတို့အဖွဲ့ပုံစံ ပြောင်းရမယ် '
' ဟင် … ဘယ်လို '
' သြော် … ဒီလိုလေ … ဟိုတစ်လောက သစ်တောထဲမှာ စာရေးဆရာမိသားစုကို မောင်ဝင်းတို့အဖွဲ့ လာကယ်သွားတယ်လို့ လူမိုက်ကြီးပြောခဲ့တယ်လေ … တကယ်တော့ မောင်ဝင်းတို့ တစ်ဖွဲ့လုံးကို ကျုပ်တို့တွေဖမ်းထားတာ ဘယ်မောင်ဝင်းက လာကယ်သွားရတာလဲ ကျုပ်အခုမှ အဖြေသိတယ် အဲ့ဒါ မောင်ဝင်းအယောင်ဆောင်ပြီး မှော်ပညာသည်တစ်ဦးက ကယ်သွားခဲ့တာ '
' ဘာ ဘယ်လို မောင်ဝင်းအယောင်ဆောင်ပြီး မှော်ပညာသည် တစ်ဦးက လာကယ်သွားတာ ဟုတ်လား '
' ဟုတ်တယ် သူကတော်တော်စွမ်းတယ် ကျုပ်ကျောင်းပျက်ကြီးမှာ စာရေးဆရာ မိန်းမ ခင်ထားကို စောင့်ကြည့်နေတုန်း အဲ့ဒီလူကိုတွေ့ခဲ့တာပဲ …သူရကို ဦးဒီပ ပြုစားထားတဲ့ ပညာတွေကို သူုကုပေးလိုက်ပြီး ပြီးတော့ သစ်တောထဲမှာ မောင်ဝင်းအယောင်ဆောင်ပြီး လာကယ်သွားတဲ့ သူလို့ ကျုပ်သိခဲ့ရတယ် ပြန်ကောင်းလာတဲ့ အရူးသူရကို ရှင်းပြနေတာ နားမလည်လို့ အဲ့ဒီမှော်ပညာသည်အဖွားကြီးက သူ့မြေးမလေးကို စာရေးဆရာသူရနဲ့ ချွတ်စွတ်ခွဲမရအောင် လုပ်ပြလိုက်တယ်လေ '
' ဟာကွာ … တင်မောင်ရာ မင်းငါ့ကို စိတ်ကူးယဉ်ပြီး လာပြောနေတာလား ဒီလိုသိပ္ပံခေတ်ကြီးမှာ မင်းပြောတဲ့ဖြစ်ရပ်မျိုးက ရှိသေးလို့လား '
' ကျုပ်တကယ်ပြောနေတာ ဂျာကြီး … အဲ့ဒီအဖွားကြီးကို အကျပ်ကိုင်ပြီး ကျုပ်တို့ တစ်ဖွဲ့လုံး မောင်ဝင်းတို့ပုံစံ သူ့ကိုပြောင်းခိုင်းရမယ် … ပြီးတော့ တည်ခိုးဆောင်ကို အရင်ရောက်နေတဲ့ မောင်ဝင်းက အစစ်ဖြစ်ပြီး နောက်မှရောက်လာတဲ့ မောင်ဝင်းကအတု … အဲ့ဒါဆိုရင် ကျုပ်တို့အမှု့တွေအားလုံးကနေ လွတ်ပြီ ပြီးတော့ သူဌေးလေးအနားမှာလဲ အနီးကပ် နေလို့ရပြီလေ … နောက်မှရောက်လာတဲ့ မောင်ဝင်းကို လူလိမ်ပါဆိုပြီး ရဲလက်ကိုအပ်လိုက်ယုံပဲ '
' ဟေး … မင်းပြောတာ တကယ်လား … '
' တကယ်ပေါ့ဗျ … အဲ့ဒီအဖွားကြီးကို ကျုပ်ရအောင်ခေါ်လာခဲ့မယ် '
' မင်းပြောတာကို ငါနားရှိလို့သာ ကြားရတယ် မယုံနိုင်ဘူး … မင်းပြောသလိုဆို သူ့ကိုခေါ်လာဖို့ လွယိပါ့မလား … မင်းပါဒုက္ခဖြစ်နေဦးမယ် '
' လွယ်ပါတယ် ဂျာကြီးရာ … ကျုပ်ကိုသာ အားကိုးလိုက်စမ်းပါ တစ်ခုတော့ရှိတယ် မောင်ဝင်းရဲ့ အစဘဝတည်းက အကြောင်းနဲ့ ထီးကလေးတို့ရဲ့ အကြောင်းအားလုံးကို မန်နေဂျာကြီး သိထားဖို့တော့လိုမယ် '
' ဟားဟား မောင်ဝင်းအကြောင်းကို ခရေစေ့တွင်းကျ ငါသိပြီးသားပါကွာ သူဌေးကြီးလက်ထပ်တည်းက မောင်ဝင်းဆိုတာ ချာတိတ်လေးပဲရှိသေးတာ သူ့အကြောင်း ငါကောင်းကောင်းသိတာပါ့ … ဒါပေမယ့် ဟိုချာတိတ် ငါးကောင်အကြောင်းတော့ ငါသိပ်မသိဘူး '
' အဲ့ဒီငါးကောင်အကြောင်း ကျုပ်သေချာစုံးစမ်းပြီးသွားပြီး ပြီးတော့ ကျုပ်တို့မှာ ဦးဒီပတစ်ယောက်လုံး ရှိနေတာပဲ တော်ရုံတန်ရုံအကြောင်းလောက်ကတော့ မှု့နေစရာမလိုပါဘူး … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အဲ့ဒီချာတိတ်လေးတွေရဲ့အကြောင်း ကလေးဘဝတည်းကနေ အခုချိန်ထိ သူတို့ရဲ့အကြောင်းကို ကျုပ်သိထားပြီးပြီး '
' ဟ … အကြိမ်ကြိမ်လွဲလာတဲ့ တင်မောင်တစ်ယောက်ကတော့ ဒီတစ်ကြိမ် ငါမချီးကျူးပဲ မနေနိုင်တော့ဘူး … ကောင်းပြီးဒါဆို အခုချက်ချင်းလုပ်ကွာ … မောင်ဝင်းတို့ပုံစံဖြစ်ပြီးမှ ကျန်တာကို ဆက်လုပ်ကြမယ် '
' ကောင်းပြီ ဂျာကြီး … ကျုပ်အခုပဲ အဲ့ဒီအဖွားကြီး ရအောင်ခေါ်လာခဲ့မယ် '
သက်ဝင်အဖွားအိုနှင့် ကိုသူရတို့၏ ထူးဆန်းအံ့သြဖွယ် မြင်ကွင်တို့အား သစ္စာဖောက် ကိုတင်မောင်တစ်ယောက် အံ့သြကြီးစွာ တွေ့ရှိသွားခဲ့ပြီး မန်နေဂျာ ဦးခွန်းဒေါင်းအား အစဆုံးရှင်းပြပြောဆိုနေလေခဲ့သည်။ မိမိတို့ တစ်ဖွဲ့လုံးအား မောင်ဝင်းနှင့် စာရေးထီးကလေးတို့နှင့် ခွဲမရအောင် ပုံတူပြုလုပ်လျက် လုပ်ကြံမှု့အပြစ်များနှင့် လူသတ်မှု့အပြစ်များအား ရှောင်တိမ်းရန် ဦးခွန်းဒေါင်းအား တင်မောင်တစ်ယောက် အကြံပေးပြောဆိုနေခဲ့ပြီး ထိုနောက် မိမိ၏ အကြံစီအတိုင်း သက်ဝင်အဖွားအိုအား ရှာဖွေရန် ကိုတင်မောင်တစ်ယောက် မြို့ထဲသို့ ထွက်လာခဲ့လေတော့သည်။
' ဖွားဖွား မြို့ထဲမှာ ရှာလို့တွေ့ပါ့မလား ဒီလောက်လူတွေရှုတ်နေတာ'
' တွေ့မှာပါ မြေးရ … အဲ့ … ဟို … ဟိုမှာ နေဦး ဟိုမှာလားမသိဘူး '
' ဖွားဖွား … ဖွားဖွားဘယ်သွားမလို့လဲ '
စည်ကားလှသည့် မြို့ပေါ်သို့ သက်ဝင်အဖွားအိုနှင့် မြေးမလေးဟာ မခင်ထားအား နေရာအနံ့ရှာဖွေရာမှ ရောက်ရှိလာလေခဲ့ပြီး များပြားလှသည့် လူကြားထဲမှ မခင်ထာအား ရုတ်တရက်တွေ့ရှိလိုက်ရသည်ကြောင့် တွဲထားသည့် မြေးမလေး၏ လက်အား သတိလက်လွတ် လွတ်မိခါ မခင်ထားဆီသို့ အပြေးသွာလျက် ပုခုံအားပုတ်လိုက်လေသညိ။
' ခင်ထား '
' ဟင် … '
' ဟာ … အဖွားလူမှားသွားလို့ပါ '
' ရပါတယ်ရှင်'
အဖွားအို၏ ပုခုံးပုတ် ခေါ်လိုက်ခြင်းကြောင့် ထိုအမျိုးသမီးမှာ လှည့်ကြည့်လိုက်မိလေရာ မခင်ထားမဟုတ် အဖွားအိုတစ်ယောက် မခင်ထားနှင့် တူသောကြောင့် လူမှားသွားခြင်းသာ ဖြစ်လေတော့သည်။ သို့နှင့်ထိုအမျိုးသမီးအား တောင်းပန်စကားပြောလျက် အနောက်တွင် ကျန်ရစ်နေခဲ့သော မြေးမလေးအား လှည့်ကြည့်လိုက်လေရာ
' ဟင် … မီးမီ … မီးမီးဘယ်ပျောက်သွားရတာလဲ '
သတိလက်လွတ်ဖြင့်ကာ မြေးမလေးအား အနောက်တွင် ထားရစ်စေခဲ့ပြီး အရှေ့သို့လျင်မြင်စွာ ထွက်သွားခဲ့သော အဖွားအိုတစ်ယောက် သူ၏မြေးမလေးအား မတွေ့ရှိလိုက်ရတော့ချေ။
' ဟာ … ဒုက္ခပါပဲ ဒီကလေးမလေး … ဟင် မင်းဘယ်သူလဲ '
' ခင်ဗျား မြေးလေးကိုရှာနေတာ မဟုတ်လား '
' ဟုတ် … ဟုတ်တယ် မင်းကဘယ်သူလဲ '
' ကျုပ်ကိုပြန်မမေးနဲ့ '
မြို့အတွင်းသို့ ထွက်လာခဲ့သော သစ္စာဖောက်တင်မောင်နှင့် အဖွားအိုတို့ တွေ့ဆုံကြလေတော့သည်။ ထို့နောက်
' ငါ့မြေးလေးကို တွေ့မိလို့လား '
' တွေ့တယ် ဟိုးမှာ '
' ဟင် … မြေး … မြေးလေး'
အနောက်တွင် ကျန်ရစ်နေခဲ့သော မြေးမလေးအား သစ္စာဖောက်တင်မောင်မှ ဖမ်းစီးခေါ်ဆောင်သွားကာ သူ၏ အပေါင်းအဖော်များ၏ လက်အတွင်းသို့ မြေးမလေးအား ချုပ်ထားစေပြီး အဖွားဖြစ်သူအား လက်ညိုးထိုးပြသလေတော့သည်။
' ဖွားဖွား … မီးမီးကို ကယ်ပါဦး '
' ဟာ … မီးမီး ဖွားဖွား လာကယ်မယ်… ဟေ့ '
' ဟေ့ … ရပ်လိုက်စမ်း … ခင်ဗျားဒီလို ခုခံမယ်ဆိုရင် ခင်ဗျားမြေးလေးကို သတ်ပစ်လိုက်မယ်နော် '
' ဟင် … မ … မလုပ်ပါနဲ့ '
' ဒါဆို ကျူပ်ပြောတာကို နားထောင် … ခင်ဗျားကျူပ်နဲ့ လိုက်ခဲ့ရမယ် '
' ဟင် … ငါ … ငါကဘယ်ကိုလိုက်ခဲ့ရမှာလဲ '
' စကားမရှည်နဲ့ ကျုပ်နဲ့လိုက်မှာလား မလိုက်ဘူးလားပြော '
' ငါ့ … ငါ့မြေးလေးကို လွတ်ပေးရင် လိုက်မယ် '
' ဟိုမှာ ခင်ဗျားမြေးလေးကို ကျုပ်တပည့်တွေ ဖမ်းခေါ်သွားကြပြီ '
' ဟာ … လုပ် … လုပ်ပါဦး … ငါ့နဲ့မင်းနဲ့ ငါရန်ညိုးတွေများရှိလို့လဲ '
' အဲ့ဒါတွေ ပြောမနေနဲ့ ခင်ဗျား ကျုပ်နဲ့လိုက်ရင် လိုက်ခဲ့ မလိုက်ရင် ခင်ဗျားမြေးလေး အသေပဲ '
' လိုက် … လိုက်ပါ့မယ် … ငါ့မြေးလေးကိုတော့ ဘာမှ မလုပ်ကြပါနဲ့ '
မြေးမလေးအား သိပ်ချစ်သည့် နှစ် ၁၀၀ သက်ဝင်အဖွားအိုပင်ဖြစ်ချေခဲ့ပြီး သူ၏ မှော်အစွမ်းများနှင့် ဖမ်းစီးထားသည့် သူများအား တိုက်ခိုက်၍ ကယ်တင်မည်ဖြစ်သော်လည်း မြေးမလေအား သတ်ပစ်မည်ဟု ဆိုသောကြောင့် စိုးရိမ်စွာဖြင့် ငြိမ်နေလိုက်ရတော့သည်။ မည်သည့်နေရာဆီသို့ ခေါ်ဆောင်နေခြင်းမသိ။ မြေးမလေးအား စိုးရိမ်သောစိတ်ဖြင့် သစ္စာဖောက်တင်မောင်၏ အနောက်သို့ သက်ဝင်အဖွားအို လိုက်ပါလာရချေတော့သည်။
အောက်လမ်းဆရာကြီး ဦးဒီပနှင့် နယ်မြေပိုင်ရဲအုပ် ဆန်းထွန်းအပါအဝင် မန်နေဂျာ ဦးခွန်းဒေါင်းရှိနေသည့် အခန်းအတွင်းသို့ အပြင်မှဝင်ခွင့်တောင်းဆိုကာ လူတစ်စုရောက်ရှိလာပြီး
' သူဌေး … ဆရာတင်မောင် ပေးလိုက်တာပါ '
' ဟင် … ဒီကလေးက ဘယ်က ကလေးလဲ ဘာလုပ်ဖို့လဲ '
' ခဏနေဦး … ဦးခွန်းဒေါင်း ကျုပ်အနံ့ရတယ် '
သက်ဝင်မြေးမလေးအား တပည့်ဖြစ်သူများဆီသို့ ဦးစွာဖမ်းခေါ်သွားရန် တင်မောင်တစ်ယောက် ပြောလိုက်သည်ကြောင့် ဦးခွန်းဒေါင်းရှိနေသည့် အခန်းတွင်းသို့ မြေးမလေးအား လာရောက်ပို့ဆောင်လေခဲံသည်။ ကလေးမလေးအား သာမာန်မျှထင်၍ ထိုင်နေရာမှ ဦးခွန်းဒေါင်း ထလိုက်ပြီး ကလေးမလေးဆီသို့ သွားမည်အလုပ် ဦးဒီပ၏ ရုတ်တရက်တားလိုက်သော စကားသံကြောင့် ခြေလှမ်းများ ရပ်တန့်သွားလေခဲ့သည်။
' ဒါ … သာမာန်လူသားကလေးမဟုတ်လောက်ဘူး'
အောက်လမ်းဆရာကြီး ဦးဒီပ၏ နှုတ်မှ ထိုသို့ရည်ရွတ်လိုက်ပြီး သူ၏လွယ်အိတ်အတွက်းမှ ပုဝါစတစ်ခုအား ထုတ်ယူလိုက်ကာ မြေးမလေး၏ ခေါင်းပေါ်သို့ အုပ်ချလိုက်လေသညိ။
' ဟင် … သစ် … သစ်သားရုပ်လေးဖြစ် … ဖြစ်သွားပါလား '
' ဟုတ်တယ် … ဒါ … ကျုပ်ကြားဘူးတဲ့ လွန်ခဲ့တဲ့ အနှစ်၁၀၀တုန်းက ပျောက်ဆုံးသွားတဲ့ နှစ်တစ်ရာ သက်ဝင်ပန်းပုရုပ်ပဲ ဖြစ်ရမယ် '
' နှစ်တစ်ရာ သက်ဝင်ပန်းပုရုပ် ဟုတ်လားဆရာကြီး'
' ဟုတ်တယ် … ကျုပ်လဲ ကျှုပ်ဆရာကြီးဆီကနေ အဆင့်ဆင့်ကြားသိလာရတာ … မှော်ပညာသည် အဖွားကြီးတစ်ယောက်ကို အောက်လမ်းဆရာတွေ လည်ချောင်းသွေးဖောက်ပြီး သစ်သားပန်းပုရုပ်မှာ မှော်သွင်းခဲ့တာ … ဒါပေမယ့် စစ်ပွဲတွေဖြစ်နေတဲ့ အချိန်ဆိုတော့ သတ်မှတ်ရက်မှာ မြေကြီးထဲကနေ မတူးယူလိုက်နိုင်ကြဘူး … ဒါကြောင့် နှစ်တစ်ရာပြည့်တာနဲ့ ဒီပန်းပုရုပ်က မှော်ပညာတွေအဆင့်တိုးလာပြီး လူယောင်ဖန်ဆင်းနိုင်လာတာပဲ '
' ဒါဆို အခုနကျူပ်ပြောပြထားသလို ကျုပ်တို့ကို သူ့ရဲ့အဖွားက မောင်ဝင်းတို့အဖွဲ့ဖြစ်အောင် ပြောင်းပေးနိုင်တာပေါ့ ဟုတ်လား '
' သိပ်ဟုတ်တာပေါ့'
' ဟင် … မြေးလေး … ငါ့မြေးလေးကို ဘာလုပ်ကြမလို့လဲ '
အတန်ကြာ၌ပင် တင်မောင်၏အနောက်သို့ သက်ဝင်အဖွားအိုတစ်ယောက် လိုက်ပါလာခဲ့ပြီး တင်မောင်၏ ဦးဆောင်ခေါ်ဆောင်ရာ အခန်းဆီသို့ ရောက်ရှိလာကာ သစ်သားပန်းပုရုပ် အသွင်သို့ ပြောင်းလဲနေသော မြေးမလေးအား အဖွားအိုတစ်ယောက် တွေ့ရှိလိုက်ရလေတော့သည်။
' ဟင် … ဒါက သူ့အဖွားဆိုတာလား '
' ဟုတ်တယ် ဂျာကြီး သစ်တောထဲမှာ မောင်ဝင်းအယောင်ဆောင်ပြီး စာရေးဆရာ မိသားစုကို ကယ်သွားတာ သူပဲ '
' ငါ … ငါမဟုတ်ပါဘူး '
' တိတ်စမ်း အဖွားကြီး … ခင်ဗျား လိမ်မယ်မကြံနဲ့ ဟိုမှာတွေ့လား ခင်ဗျားမြေး … ထင်းဖြစ်သွားမယ် '
' ဟင် … မ … မလုပ်ပါနဲ့ '
' ဒါဆို ကျုပ်တို့ပြောတာ သေချာနားထောင် '
' ခင်ဗျား ကျုပ်တို့အားလုံးကို မောင်ဝင်းတို့အဖွဲ့ဖြစ်အောင် ပြောင်းပေးရမယ် '
' ဟင် … ဘယ် … ဘယ်လို '
' ဟုတ်တယ် … ကျုပ်ကို ရဲအုပ်မောင်ဝင်း အဖြစ်ပြောင်းပေး '
' ဟာ … မောင်ဝင်းက သီလစောင့်တဲ့ လူကောင်းတစ်ယောက် သူ့ပုံစံပြောင်းလိုက်ရင် မင်းဒုက္ခရောက်လိမ့်မယ် '
' တိတ်စမ်း အဖွားကြီး … ကျုပ်ပြောတာကို နားထောင် … '
' မ … မဖြစ် … မဖြစ်ဘူးနော် '
' ဟင် … ငါ့မြေးကို ဘာမှ မလုပ်ပါနဲ့ '
' တွေ့တယ်နော် အဖွားကြီး ခင်ဗျားမပြောင်းပေးရင် ခင်ဗျားမြေးလေးကို ကျုပ်တို့ထင်းစိုက်ပစ်လိုက်မှာ '
' မ … မလုပ်ပါနဲ့ … ပြောင်း … ပြောင်းပေးပါ့မယ် '
' ဒီလိုမှပေါ့ … ပြောင်း '
' ရော့ … '
ပေကပ်စွာ ငြင်းဆိုနေခဲ့သည့် သက်ဝင်အဖွားအိုအား မြေးမလေးနှင့် အကျပ်ကိုင်လျက် ဦးခွန်းဒေါင်းတစ်ယောက်မှာတော့ မိမိအား မောင်ဝင်းအဖြစ်သို့ ပြောင်းလဲခိုင်းလေတော့သည်။ မြေးမလေးအား မထိခိုက်စေရန် သက်ဝင်အဖွားအိုမှ သူ၏ အမှော်အစွမ်းများနှင့် ဦးခွန်းဒေါင်းအား မောင်ဝင်းပုံစံသို့ ပြောင်းလဲ ပေးလိုက်ရလေတော့သည်။
' ဟာ … ဂျာ … ဂျာကြီး … ရဲအုပ်မောင်ဝင်းဖြစ်သွားပြီ '
' အဖွားကြီး ကျုပ်ကို တန်ခိုးအဖြစ်ပြောင်းပေး '
' ဟင် … နင်တို့က တစ်ယောက်တည်း ပြောင်းမှာမဟုတ်ဘူးလား '
' မဟုတ်ဘူး … မောင်ဝင်း ပြီးတော့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အဲ့ဒီလူတွေအကုန်လုံး ဖြစ်အောင် ပြောင်းပေးရမှာ '
' ဟက်အေး … နင်တို့တွေ လူကောင်းအယောင်ဆောင်ပြီး လူတွေကို ဒုက္ခပေးကြလိမ့်မယ် … ငါမပြောင်းပေးနိုင်ဘူး '
' အား … ဖွားဖွား မီးမီးလည်းပင်းကို ညစ်နေပီ '
' ဟင် … မ … မလုပ်နဲ့နော် '
' ဒါဆို အခုချက်ချင်းပြောင်းလေ … မဟုတ်ရင် တွေ့တယ်နော် '
' ဟင်း … ငါ့အားတွေတော့ ကုန်ပါပြီ … ဒီလောက်ပြောင်းချင်တဲ့ သူတွေ ကဲ … ရော့ ထီးကလေး '
အဖွားအို၏ ငြင်းဆန်မှု့တစ်ခု ပြုမှုတိုင်း ဦးဒီပမှ ပန်းပုရုပ်လေးအား နာကျင်အောင် ပြုလုပ်နေခဲ့ပြီး လိုရာသို့ ခိုင်းစေနေခဲ့သညိ။ မြေးမလေး၏ နာကျင်မှု့အသံများအား မကြားနိုင်သောကြောင့် သက်ဝင် အဖွားအိုမှာ တင်မောင်ခိုင်းစေသည့် အတိုင်းသာ ဦးခွန်းဒေါင်းအား မောင်ဝင်းအသွင်သို့ ပြောင်းလဲစေပြီး ဦးဒီပအား ထီးကလေးအဖြစ်သို့ ပြောင်းလဲစေကာ တင်မောင့်အား တန်ခိုးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ နယ်မြေပိုင် ရဲအုပ်ဆန်းထွန်းကိုမူ လမ်းကလေးအဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး အနီးရှိ တပည့်နှစ်ဦးအား မျှားကလေး ငါးကလေးအဖြစ်သို့ ပြောင်းလဲခဲ့လေသည်။ ထို့နောက် ထီးကလေးအသွင်နှင့် ဦးဒီပမှ အင်အားကုန်ခံနေသည့် သက်ဝင်အဖွားအိုအား အခွင့်ကောင်းယူခါ သူ၏ပညာဖြင့် မြေအောက်ခန်းအတွင်း၌ သာမာန်သူများမဟုတ်သော ပညာသည်များ ထွက်မရသည့် နည်းလမ်းဖြင့် ဖမ်းစည်းထားခဲ့လေတော့သည်။ ထို့နောက် တစ်နယ်လုံးသို့ မန်နေဂျာ ဦးခွန်းတစ်ယောက် ရုတ်တရက် ရောဂါအပြင်းထန်ဖြစ်ကာ သေဆုံးသွားသည်ဟု လူသူအများကြားတွင် သတင်းပြန့်လွှင့်ထားစေခဲ့ပြီး ထိုနယ်သို့ နိုင်ငံတော် အသိအမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ရောက်ရှိနေခဲ့သည်ဟု လူအများကြားတွင် ထိုသတင်း ပြန့်နံ့နေလေတော့သည်။
' ဟင် … ဦးခွန်းဒေါင်း သေသွားပြီးဆိုတာ တကယ်ရော ဟုတ်ပါ့မလား '
' ဒါတင်မကသေးဘူး ကိုမောင်ဝင်း ကျုပ်မြို့ထဲက ကြားခဲ့ရတာ … ဦးခွန်းဒေါင်းသေသွားလို့ ရန်ကုန်ကနေ ရဲအုပ်မောင်ဝင်းနဲ့ စာရေးထီးကလေးက ဦးခွန်းဒေါင်းနေရာမှ ခဏတာဝန်ယူထားတယ်လို့ ကြားခဲ့ရသေးတယ် '
' ဟင် … ဒါဆို ဒီသတင်းတွေက တစ်နယ်လုံးကို ပြန့်နေပြီပေါ့ '
'ဟုတ်တယ် …'
' ကျုပ်အထင် ဦးခွန်းဒေါင်း ဇာတ်မြှုပ်ပြီး ပုန်းနေတဲ့ သူဌေးလေး ထွက်လာအောင် တမင်သတ်သတ် အကွက်စင်ထားတာ ဖြစ်လိမ့်မယ် '
' ဟုတ်တယ် ကိုမောင်ဝင်း အစ်ကိုအောင် ပြောတာဖြစ်လိမ့်မယ် … သူဌေးလေးက ကိုမောင်ဝင်းနဲကျုပ် သူသတင်းပေးလို့ ရောက်လာတယ်ထင်ပြီး ထွက်လာမယ် … အဲ့ဒီအခါကျမှ ဦးခွန်းဒေါင်း သူဌေးလေးကို သူလွယ်လွယ်ကူကူဖမ်းတော့မယ် '
' ဟာ … ဒါဆို ဘယ်လိုလုပ်ကြမလဲ … ဦးနေမင်းကလဲ ဒီနေ့နယ်ကိုရောက်လာမယ့် နေပဲ … အခုပဲ ကျုပ်တို့ မြို့ပေါ်ကိုတတ်ပြီး ဦးနေမင်းကို သွားကြိုမှဖြစ်မယ် '
ထိုနယ်မြို့ပေါ်သို့ သတင်းအစနများ သိရှိစေရန် စေလွတ်ထားခဲ့သော ကျွန်ုပ်၏ သူငယ်ချင်းဖြစ်သူ ငါးကလေး၏ ပြောစကားများအား ကြားသိလိုက်ရသည့်နှင် သူဌေးလေးအား စိုးရိမ်ပူပန်ကာ သူဌေးလေးနေသူရှိန်၏ ဦးလေး ဦးနေမင်းအား ထိုနယ်သို့ လာရောက်မည်ဖြစ်သောကြောင့် ခရီးဦးကြိုရန် ကျွန်ုပ်တို့နှင့် မိတ်ဆွေ ကိုမောင်ဝင်း ရဲတင်းသော စ်တ်ထားအား မွေးမြူလျက် ရင့်ကျက်သော အတွေးများနှင့် ပုန်းအောင်းနေသည့်နေရာမှ မြို့ပေါ်သို့ တတ်ရောက်လာချေတော့သည်။
' သူဌေးလေး … ဘာမှ မစိုးရိမ်နဲ့တော့ ဦးခွန်းဒေါင်း သေသွားပြီးတဲ့ … အခု အလုပ်ဌာနမှာ ကိုမောက်ဝင်းနဲ့ ထီးကလေးရောက်နေတယ်လို့ ကျွန်မသိခဲ့ရတယ် '
' ဟင် … ဦးခွန်းဒေါင်း သေသွားပြီး ဟုတ်လား … အလုပ်ရုံမှာ ထီးကလေးရောက်နေတယ် '
' ဟုတ်ကဲ့ '
မိမိ၏ နောက်သို့ အားကိုကြီးစွာ လိုက်နေခဲ့သော သူဌေးလေးအား မခင်ထားတစ်ယောက် ဥပက္ခောပြုမထားရက်ပဲ နှစ်ဦးသားပုန်းအောင်းနေခဲ့ရသည်။ ဦးခွနိးဒေါင်း ရုတ်တရက် သေဆုံးသွားခဲ့ပြီး စက်ရုံဌာန၌ ရဲအုပ်မောင်ဝင်းနှငိ့ စာရေးထီးကလေးရောက်ရှိနေသော သတင်းအား ကြားလိုက်ရသည့် သူဌေးလေးတစ်ယောက်မှာတော့ လွန်စွာမှ ဝမ်းသာလျက် ထိုသူများရှိနေသည့်ဆီသို့ သွားရောက်ရန် ဦးဆောင်၍ မခင်ထားအား ပြောလေတော့သည်။ မခင်ထားနှင့် သူဌေးလေး နှစ်ဦးသား ပျော်ရွှင်ဝမ်းသာသော ခြေလှမ်းများနှင့် မြို့ပေါ်သို့ တတ်လာရင်း လမ်းလုလပ် တစ်နေရာ၌ ရဲသားများမှ ရုတ်တရက် ပိတ်ဆို့ထားဆီးလိုက်လေသည်။
' ဟင် … မင်း … မင်းတို့ဘာလုပ်ကြမလို့လဲ '
ထိုသူများဟာ နယ်မြေပိုင်ရဲအုပ် ဆန်းထွန်း၏ စေခိုင်းထားသော သူများထင်ကာ သူဌေးလေးနှင့် မခင်ထား ကြောက်လန့်တုန့်လှုပ်လျက် မေးလိုက်လေသည်။
' သူဌေးလေး '
' ဟင် … ဦး … ဦးကြီး '
ဝန်းရံထားသော ရဲအရာရှိများကြားမှ အသံတစ်ခုအား ကြားလိုက်ရလေသညိ။ ထိုသူကား သူဌေးလေး နေသူရှန်၏ ဦးလေး ဦးနေမင်းပင် ဖြစ်နေချေခဲ့သညိ။
' ဦး … ဦးကြီးလိုက်လာတယ်နော် … ဝမ်းသာလိုက်တာ ဦးကြီးရာ '
' ကဲ … ပြောမနေနဲ့တော့ အခုရုံးမှာ ရဲအုပ်မောင်ဝင်းနဲ့ စာရေး ထီးကလေးတို့ ရောက်နေပြီ … ဦးကြီးတို့ အဲ့ဒီကို သွားကြမယ် '
' ကျုပ်လဲ အဲ့ဒှီကိုအခုသွားမလို့ပဲ '
' ဟင် … ဒါနဲ့ ဒီဘေးက '
' သြော် … ဒီအစ်မကြီးလား … ဒီအစ်မကြီးက ကျုပ်အသက်ကို ကယ်ထားတဲ့ ကျုပ်ရဲ့အသက် သခင်ကျေးဇူးရှင်ပဲ … လာပါ အဲ့ဒါတွေ နောက်မှ ရှင်းပြမယ် … အခုကျုပ်တို့ အမြန်ဆုံးစက်ရုံကို သွားကြမယ် '
' ခဏလေးပါ သူဌေးလေး … ကျွန်မယောကျာ်းနဲ့ သမီးလေးကို ရှာရဦးမှာမလို့ ကျွန်မစက်ရုံကို မလိုက်တော့ပါဘူး … နောက်မှ လာခဲ့ပါ့မယ် '
' ဟုတ်ကဲ့အစ်မကြီး … ကျုပ်အစ်မကြီးကို ဘယ်တော့မှ ပစ်မထားပါဘူး အခုအစ်မကြီး သွားစရာရှိတာ အစစဂရုစိုက်ပြီး သွားပါ ကျုပ်အရာအားလုံး ကျုပ်လူတွေနဲ့ပေါင်းပြီး ဝိုင်းကူညီပေးပါ့မယ် '
' ဟုတ်ကဲ့ သူဌေးလေး ကျွန်မကို ခွငိ့ပြုပါဦး '
လင်ယောကျာ်းဖြစ်သူနှငိ့ သမီးလေး ထံသို့ မခင်ထားတစ်ယောက် သွားရောက်ရှာဖွေရဦးမည်ဟု ခွင့်တောင်း၍ ထွက်ခွာသွားခဲ့ချေတော့သည်။
ထို့နောက် ဦးလေးဖြစ်သူ ဦးနေမင်းနှင့် နေသူရှိန် နှစ်ဦးသား စက်ရုံရှိရာဆီသို့ သွက်လပ်သော ချေလှမ်းတို့ဖြင့် ရောက်ရှိလာချေခဲံသည်။ စက်ရုံအရှေ့၌ ဦးနေမင်းအား ခရီးဦးကြိုရန် အသင့်စောင့်ကြိုနေသော ရဲအုပ်မောင်ဝင်းနှင့် စာရေးထီးကလေးတို့အား တွေ့လိုက်ရပြီး ဝမ်းသာ၍ ဝဲလျက်မျက်ရည်များနှင့် သူဌေးလေးတစ်ယောက် နှုတ်ဆတ်ပြုံးပြလိုက်လေတော့သည်။
' ကိုမောင်ဝင်း … ထီးကလေး '
' သူဌေးလေး … ဘာမှမဖြစ်ဘူးနော် '
' ခင်ဗျားတို့ကြောင့် ကျုပ်ဘာမှ မဖြစ်ပါဘူး '
' ဝမ်းသာမိပါတယ် သူဌေးလေး '
' ကဲလာပါ အထဲရောက်မှ ပြောကြတာပေါ့ '
ထိုအချိန် လူတစ်စုအား သွက်လပ် ရဲတင်းသော ခြေလှမ်းများနှင့် ထိုစက်ရုံဆီသို့ ဦးတည်ရောက်ရှိလာသောကြောင့် ဦးနေမင်းနှင့်အတူ သူဌေးလေး ကြည့်မိလိုက်လေရာ
' ဟင် … ဟို … ဟိုမှာလဲ ရဲအုပ်မောင်ဝင်း … ထီးကလေး '
' ဟာ … ဒီ … ဒီမှာလဲ ရဲအုပ် မောင်ဝင်း … ထီးကလေး… '
' ဟင် မောင်ဝင်း ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး '
ပုံစံတူ အဖွဲ့နှစိဖွဲ့အား တွေ့ရှိလိုက်ရသော ဦးနေမင်းနှင့်အတူ သူဌေးလေး နေသူရှိန်တို့ အံ့သြကြီးစွာ တုန်လှုပ်လျက် နှုတ်မှ နာမည်အား ရည်ရွတ်မိလေတော့သည်။
***********************************
Post Top Ad
Responsive Ads Here
အပိုင်း(၁၆) သက်ဝင်မြေးဘွား
Share This
Tags
# ၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Share This
About Unknown
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Labels:
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment