အပိုင်း(၃)သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၃)သက်ဝင်မြေးဘွား

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
         သက်ဝင်မြေးဘွား အောက်လမ်း မာယာ
                      အပိုင်း (၃)    
စာရေးသူ-ထီးကလေး ။( ရင်နှင့် ရင်း၍ ရေးသားသည်။)



တပေါင်းလပင် ဖြစ်ချေသည်။  အလွန်ပင်သာယာလှပြီး ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်သွေ့နေကာ စည်းကားလှသည့် နယ်မြို့လေးတစ်မြို့သို့ ဘေးနှစ်ဖက်တွင် ကပ်လျက်လိုက်ပါလျက်ရှိသော လူနှစ်ဦးနှင့်အတူ သူဌေးလေး နေသူရှိန်တစ်ယောက် အပြုံးမျက်နှာလေးဖြင့် ကြည်နူးလှစွာ လျောက်လှမ်းနေခဲ့သည်။ မိမိတွင် အကောင်းဆုံး မော်တော်ကား၊ အကောင်းဆုံး မော်တော်ဆိုင်ကယ် အစစအရာရာ ပြီးပြည့်စုံစွာ ရှိသောလဲ ထိုအရာများအား ခေတ္တစွန့်ခွာလျက် မြေနှင့်မထိရသော သူ၏ ခြေထောက်များ ထိုနယ်မြို့အတွင်းသို့ စတင်ခြေချ လျောက်လှမ်းနေခဲ့သည်။ မွန်းကြပ်လှသည့် တိုက်ခန်းကြီးများအတွင်းမှ လျပ်စစ်ဖြင့် ရရှိခဲ့သော လေအေးတို့နှင့်မတူ ထိုနယ်မြို့လေး၏ သဘာဝအလျောက် တိုက်ခိုက်နေလျက်ရှိသော လေအေးလေးများအား ကိုနေသူရှိန်တစ်ယာက် တစ်ဝကြီး ရှု့ရှိုက်နေခဲ့သည်။ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် လျောက်လှမ်းနေရင်း စည်းကားလှသည့် ဈေးကြီးတစ်ခုဆီသို့ အခြွေရံများစွာနှင့် ရောက်ရှိလာချေသည်။ အခြွေရံများစွာ မိမိနှင့်အတူ လိုက်ပါလာခဲ့သော်လည်း ဘေးတစ်ဖက်တစ်ချက်၌ သာမာန်အရပ်သူ အရပ်သားဟန်ဖြင့် သူဌေးလေးအား အန္တရယ်ကြုံသည့်အခါ အကာကွယ်ပေးနိုင်ရန် လိုက်ပါလာနေခဲ့သည်။ မိမိ၏ ဘယ် ညာ ဘေးတစ်ဖတ်ဆီမှာတော့ ယုံကြည်အားကိုးရသည့် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံလှသည့် ကိုမြင့်ဦးနှင့်အတူ ကိုတင်မောင်တို့ကား ပတ်ဝန်ကျင်အခြေနေကို အကဲခတ်လျက် သူဌေးလေး နေသူရှိန်ဘေးတွင် ထပ်ကြပ်မကွာရှိနေခဲ့သည်။ လမ်းလျောက်နေရသည်ကို ပီတိဖြစ် ကျေနပ်နေသည့် သူဌေးလေးအား ထိုလူနှစ်ယောက် အကဲခတ်ကြည့်လျက် ဂရုစိုက်စွာ လိုက်ပါလာလေခဲ့သည်။ သို့နှင့် စည်းကားလှသည့် ဈေးကြီးအား ကျော်ဖြတ်လာပြီးနောက် ဥပဒေအုပ်ချုပ်မှု့နှင့် ဝေးကွာနေလျက်ရှိသော ကျေးရွာတစ်ရွာဆီသို့ ဦးတည်ရောက်လာခဲ့ချေသည်။
' မေမေ … မေမေ … မေမေ့ကိုမခေါ်သွားကြပါနဲ့'
' သမီးလေး … အိမ်ကိုပြန်ပါ … သမီးဖေဖေလာမှ မေမေ့ဆီလိုက်လာခဲ့ကြ… အခုပြန်ပါ '
ထိုကျေးရွာလေး၌ သူဌေးလေး နေသူရှိန် ဦးစွာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကား စိတ်မချမ်းသာစဖွယ်ဖြစ်နေလေသည်။ ခြံအတွင်းမှ လယ်ယာခိုင်း နွားများအား လူတစ်စုမှ ဆွဲခေါ်နေပြီး ကလေးမလေး တစ်ဦးဟာ လူတစ်စု၏ အတင်းအဓ္ဓခေါ်ဆောင်ဖြင်း ခံနေရသော မိခင်ဖြစ်သူ၏ င်္အကျီစအား ဆွဲလျက် ငိုယိုကာ လိုက်ပါမသွားရန် ပြောနေခဲ့သည်။ ထိုမြင်ကွင်းအား နေသူရှိန်တစ်ယောက် မြင်တွေ့လိုက်ရသည်နှင့် ပြုံလျက်ရှိနေသော သူ၏ မျက်နှာထား ရုတ်တရတ် တည်တံ့သွားကာ မျက်မှောင်လေးအား ကြုတ်လိုက်သည်။ ထို့နောက် မိမိ၏ဘယ်ဘက်  ဘေးတွင်ရှိနေသော လူရုံကိုတင်မောင်အား
' ကိုတင်မောင် ဘာဖြစ်နေကြတာလဲ '
သူဌေးလေး၏ အမေးအား ကြားလိုက်ရသည့် ဘယ်လက်ရုံး ကိုတင်မောင်တစ်ယောက်မှာတော့ တလေးတစား ဂါရဝပြုလျက် ပတ်ဝန်းကျင်ရှိ လူကြီးတစ်ဦးအား လျင်မြန်စွာ သွားမေးလိုက်သည်။
' အဲ့ဒါ ဘာဖြစ်နေတာလဲ ကိုယ့်လူ'
' ဒီမြို့က အလုပ်ရှင်လေ … ပိုက်ဆံချေးပြီး ပြန်မဆပ်မနိုင်လို့ အဲ့ဒီမိန်းကလေးနဲ့ သူ့ရဲ့နွားတွေကို သူ့တို့ဆီမှာ အလုပ်လုပ်ခိုင်းမလို့ … ခေါ်နေတာ'
' ကိုယ့်လူ ပြောတာ ကျုပ်သိပ်မရှင်းဘူး … ဘာကို ဆိုလိုတာလဲ '
' ဒီလိုလေဗျာ ပြောရရင် ချစ်တီးခေတ် ပြန်ရောက်သွားသလိုပဲ … အကြွေးမပေးနိုင်လို့ လူကို အကြွေးနဲ့သိမ်းတာ'
' ဘာ … အဲ့လိုလုပ်လို့ရလို့လား'
' ရလို့လဲ … ဟိုမှာ လုပ်နေတာပဲကို '
ထိုမြင်ကွင်းအား ရပ်ကြည့်နေသည့် ပတ်ဝန်းကျင်မှ လူကြီးတစ်ဦးအား ကိုတင်မောင်တစ်ယောက် မေးမြန်လိုက်ပြီးနောက် လျင်မြန်စွာဖြင့် သူဌေးလေးအနားသို့ ပြန်လည်ရောက်လာကာ
' ဟုတ်ကဲ့ … သူဌေး … အကြွေးမပေးနိုင်လို့ … လူကိုအကြွေးနဲ့ သိမ်းတာလို့ သိရတယ် '
' ဘာ … မိုက်ရိုင်းလှချည်လား '
ကိုတင်မောင်၏ အဖြေစကားအား ကြားလိုက်ရသည့် နေသူရှိန်တစ်ယောက် ခံပြင်းလှသော စိတ်ဖြစ်ပေါ်ကာ ထိုလူတစ်စုအနားသို့ လျောက်လှမ်းသွားပြီး
' ရပ်လိုက်ကြစမ်း '
ထိုနယ်မြို့၏ အလုပ်ရှင် သူဌေးဆိုသည်မှာ သူဌေးလေးနေသူရှိန်၏ လက်အောက် အလုပ်သမားပင် ဖြစ်ချေခဲ့ပြီး နေသူရှိန်ကိုတော့ ထိုသူမှာ မမြင်မတွေ့ဘူးချေ။ သို့နှင့် နေသူရှန်၏ တားဆီးလိုက်သံအား ကြားလိုက်ရသည့် သူဌေးဆိုသူမှာ
' မင်းတို့နဲ့ မဆိုင်ဘူး ကိုယ့်လမ်းကိုယ်သွားကြရင် ကောင်းလိမ့်မယ်နော် '
မိမိ၏ ခန့်ထားသော အလုပ်သမားပင် ဖြစ်ချေသော်လည်း မိမိကိုယ်ကို သူ၏ သူဌေးဟု ဖွင့်ဟ မပြောပဲ
' နေပါဦးဗျာ … ဒီအမျိုးသမီး ခင်ဗျားဆီက ပိုက်ဆံချေးထားတာ ဘယ်လောက်လဲ '
' သုံးသိန်း … ပြန်မဆပ်နိုင်လို့ ကျုပ်အလုပ်တည်းမှာ သုံးလခိုင်းမလို့ ခေါ်နေတာ'
' ကောင်းပြီး … သုံးသိန်းနော် … ကိုမြင့်ဦး'
မိမိ၏ ဘေးတွင် ထပ်ကြပ်မကွာ ရှိနေသော လူရုံကိုမြင့်ဦးအား တမ်းတခေါ်လိုက်လေသည်။ သူဌေးလေး၏ လေသံအား ကြားလိုက်ရသည်နှင့် လူရုံကိုမြင့်ဦးတစ်ယောက်မှာ ကောင်းစွာ သဘောပေါက်သွားပြီး ထိုသူအနားသို့ သွားရောက်ခါ
' ရော့ … ဒီမှာ ငါးသိန်း … ဒီအမျိုးသမီးနဲ့ ဒီနွားတွေကို ကျုပ်တို့ပိုင်သွားပြီး …'
ချေးထားသည့် အကြွေးသုံးသိန်းအား မဆပ်နိုင်ခဲ့သည်ကြောင့် အခိုင်းစေပြုခြင်းခံရမည့် ထိုအမျိုးသမီးအား သူဌေးလေး နေသူရှိန် ဆပ်ရမည့် ငွေထက်ပိုပေးလျက် အမျိုးသမီးအား ကယ်တင်ထားလိုက်လေသည်။ မိမိရရှိမည့် ငွေအမောက်ထက် များသည်ကြောင့် ထိုသူမှာ အမျိုးသမီးအား ထားခဲ့လျက် သူ၏ လူတစ်စုအား ခေါ်ဆောင်ကာ လှည့်ထွက်သွားတော့သည်။
' ဟင် … မင်းတို့က ငါ့မိန်းမကို ဝယ်တယ်ပေါ့ဟုတ်လား … သေပေတော့'
နှုတ်မှ ကျယ်လောင်စွာ အော်လျက် လူတစ်ဦး အဓားလှီးဓားကြီးအား ကိုင်ဆောင်ခါ သူဌေးလေး နေသူရှိန်ရှိရာသို့ အပြေးလာနေခဲ့သည်။ သို့ပေမယ့် သူဌေးလေးမှာတော့ အပြုံးမပျက် ထိုသူအပြေးလာနေသည်ကို ကြည့်နေခဲ့သည်။ မာန်ကြီးစွာ အပြေးလာနေခဲ့သော် ထိုလူမှာ သူဌေးလေး ရပ်နေသည့်ဆီသို့ မရောက် လမ်းခုလပ်တွင် လူရုံကိုတင်မောင်မှ လျင်မြန်စွာ တိုက်ခိုက်လိုက်လေသည်။ ထို့နောက် ထိုသူ မြေပြင်ပေါ်သို့ လဲကျသွားချိန်၌ သူ၏ အမျိုးသမီးနှင့် ကလေးမလေး အပြေးသွားလိုက်ပြီး
' ယောကျာ်း… အဲ့ဒါ ကျွန်မတို့ကို ကယ်တင်ပေးတဲ့ ကျေးဇူးရှင်လေး ရှင်ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ'
အတင်းအဓ္ဓမ ခေါ်ဆောင်ခြင်းခံရသည့် အမျိုးသမီး၏ လင်ယောကျာ်းပင် ဖြစ်နေချေခဲ့သည်။ မိန်းမထိသောကြောင့် အနောက်မှ ဓားဆွဲလိုက်လာခဲ့ပြီး အဖြစ်ပျက်အားလုံးအား တစ်စွန်းတစ်စကြားလိုက်ရသည်ကြောင့် အထင်လွဲမှားကာ ပြုမူမိခြင်းအား ထိုလူသိရှိသွားခဲ့ချေသည်။ ထို့နောက် ကိုတင်မောင်၏ တိုက်ခိုက်မှု့ဖြင့် လဲကျနေခဲ့သော ထိုသူ မြေပြင်ပေါ်မှ လူးလဲထလျက် ပြုံးလျက်ရှိနေသော သူဌေးလေး နေသူရှိန်အနားသို့ ဖြေးညင်းစွာ ကပ်လာချေခဲ့သည်။
' ခင်ဗျားတို့က ကျုပ်ဇနီးကို ကယ်တင်ခဲ့တဲ့ လူတွေ ဟုတ်ပါတယ်နော် '
ထိုသူ၏ အမေးကား သူနေသူရှိန်တစ်ယောက် ပြန်မဖြေ သူ၏ ဘေးမှ လူရုံကိုတင်မောင်မှ
' ဟုတ်တယ် … ခင်ဗျားတို့ အကြွေးတွေကို ကျုပ်တို့ အစ်ကိုလေး ဆပ်ပေးလိုက်ပြီ… နောက်တစ်ခါ အကြွေးမယူမိစေနဲ့'
' ဗျာ … ဟုတ် … ဟုတ်ကဲ့  ကျေးဇူးတင်လှပါတယ်'
သာမာန်ဆင်းရဲသားလေးများ၏ ဘဝမဟာ အင်မတန်မှ ကြမ်းတနေလျက်ရှိပြီး ယခုဖြစ်ရပ်အား သူဌေးလေး နေသူရှိန်ကြည့်လျက် အလွန်ပင် ဝမ်းနည်းနေခဲ့တော့သည်။ ထိုဆင်းရဲသား လင်မယားနှစ်ယောက်အား အကူညီပေးပြီးနောက် ညနေဆောင်းလုနီးပါးဖြစ်သောကြောင့် အရှေ့တွင် တည်းခိုနိုင်မည့် နေရာအား ရှာလျက် လူရုံတစ်စုနှင့် အရှေ့သို့ ခရီးဆက်လာချေတော့သည်။ ထိုနယ်မြို့လေးဟာ ရန်ကုန်နှင့် အလှမ်းမဝေးလှသော်လဲ အလွန်ပင် လူဦးရည်နည်းပါးကာ ကြီးနိုင်ငယ်ငြင်း အနိုင်ကျင့်မှု့များစွာနှင့် ပြည့်နှပ်နေလေခဲ့သည်။ ညနေဆောင်းလာပြီ ဖြစ်သောကြောင့် မိမိတို့၏ သူဌေးလေးအား ဂရုတစိုက် စောင့်ရှောက်နေကြသော လူရုံနှစ်ဦးဟာ တည်းခိုနိုင်မည့် နေရာအား ရှာဖွေနေကြသော်လည်း ရောက်ရှိနေသည့် နေရာကား ကွင်းပြင်ထီးထီးကြီး ဖြစ်နေလေခဲ့သည်။
' ကိုတင်မောင် … ခင်ဗျား ဦးတည်တဲ့ နောက်ကို လိုက်လာခဲ့တာ … တည်းခိုစရာ နေရာလဲရှာမတွေ့သေးပါလား'
ဘယ်လက်ရုံး ကိုတင်မောင်၏ ဦးဆောင်ရာ အနောက်သို့ သူဌေးလေးနှင့်အတူ ညာလက်ရုံး ကိုမြင့်ဦး လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့် ဘယ်လက်ရုံး ကိုတင်မောင် ဦးဆောင်ခေါ်လာခဲ့သည်က ဘေးပတ်ပတ်လည်တွင် ကွင်းပြင် သစ်တောများနှင့် ပြည့်နှပ်နေခဲ့သည့် နေရာတစ်ခုပင်ဖြစ်ချေတော့သည်။
' မသိဘူးဗျ … ကျုပ်လဲ အရှေ့နားလောက်မှာ ရှိမယ်ထင်လို့ လျောက်လာခဲ့တာပဲ '
' ဟင် … အခုဟာက လမ်းမှ မရှိတော့တာ အရှေ့မှာ သစ်တောတစ်ခုပဲရှိတော့တယ် ဘယ်လိုလုပ်ကြမတုန်း … အနောက်ပြန်လှည့်ရင်လဲ မှောင်သွားတော့မယ် ကျုပ်တို့က အရေးမကြီးပါဘူး … သူဌေးလေးကို စိုးရိမ်တာ '
' အေးပါဗျာ … ကျုပ်သိပါတယ် '
ပတ်ဝန်းကျင်တစ်ခုလုံးကား မှောင်စပြုနေခဲ့ပြီ။ ဘေးပတ်ပတ်လည်တွင်လဲ လူနေအိမ် တစ်လုံးမျှမရှိ ကွင်းပြင်ကြီးဖြစ်လျက် အရှေ့စူးစူးတွင်လည်း သစ်တောကြီး တစ်ခုတည်းသာ ရှိနေတော့သည်။ သူဌေးလေးကား တစ်နေကုန် လျောက်လှမ်းနေရသည်ကြောင့် အလွန်ပင် ပင်ပန်းနေမည်ကို ညာလက်ရုံး ကိုမြင့်ဦးတစ်ယောက် ကောင်းစွာ သဘောပေါက်နေခဲ့သည်။ စိုးရိမ်စွာနှင့် ဘယ်လက်ရုံး ကိုတင်မောင်အား တည်ခိုးနိုင်မည့် နေရာဆီသို့ အမြန်ဆုံးခေါ်ဆောင်နိုင်ရန် တိုင်ပင်စကားများ ပြောဆိုနေခဲ့သည်။ သို့ပေမယ့် ဘယ်လက်ရုံး ကိုတင်မောင်မှာတော့ အေးတိအေးစက် ပြုလုပ်နေလျက် ပတ်ဝန်းကျင်၏ အခြေအနေကိုသာ စောင့်ကြည့်နေလေခဲ့သည်။ ထိုအချိန်၌ အရှေ့စူးစူး သစ်တောကြီးဆီမှ မျက်နှာဖုံးများနှင့် လူတစ်စု လက်နတ်ကိုယ်ဆီကိုင်ကာ သူဌေးလေး နေသူရှိန်ရှိရာသို့ အပြေးထွက်လာကြပြီး
' တစ်ယောက်မှ မလှုပ်နဲ့ …'
သူဌေးလေး နေသူရှိန်အား ဝန်းရံကာ ဓားများဖြင့် ရွယ်လျက်ထားခဲ့သည်။
' အောင်မာ … မင်းတို့က ဘာကောင်တွေလဲ … သတ္တိရှိရင် စမ်းကြည့်လိုက်လေ'
လူအင်အားများလှပြီး မိမ်တို့အား ဓားများဖြင့် ဝန်းရံထားသော လူတစ်စုအား ကိုမြင့်ဦးတစ်ယောက် မာန်ပါပါဖြင့် ပြောဆိုလိုက်လေသည်။ သိုနှင့် လက်ရုံရည်အား ပြိုင်ဘက်ကင်းလှသည့် ကိုမြင့်ဦးနှင့်အတူ ကိုတင်မောင်တို့ကား မျက်နှာဖုံးစွတ် ဓားပြများနှင့် အသေအကျေ စတင်တိုက်ခိုက်လေကြတော့သည်။ သူဌေးလေး နေသူရှိန်အား ထိခိုက်မှု့မရှိစေရန် မိမိတို့၏ အသက်ကို စွန့်လျက် သူ၏ လူရုံနှစ်ယောက်နှင့် မျက်နှာဖုံးစွတ် ဓားပြများ အသေအကြေတိုက်ခိုက်နေကြတော့သည်။ သာမာန်အရပ်သူ ဟန်ဖြင့် လိုက်ပါလာသည့် သူဌေးလေး၏ လူရုံများသည်လည်း အင်အားများလှသည့် ဓားပြများ၏ လက်ချက်ဖြင့် သေဆုံးကုန်ချေတော့သည်။
' မဖြစ်ဘူး … တင်မောင် မင်းသူဌေးလေးကို ခေါ်ပြီး လွတ်ရာကိုသာ ပြေးတော့ … ဒီကောင်တွေကို ငါခံတိုက်ထားလိုက်မယ် '
အဆုံးမှာတော့ သူဌေးလေး၏ ဘေးနှစ်ဖတ်တွင် ကိုမြင့်ဦးနှင့် ကိုတင်မောင် ထိုလူရုံနှစ်ယောက်သာ အသက်ရှင်လျက် ကျန်ရှိနေပြီး မိမိတို့၏ အသက်ကိုပင် စွန့်လွတ်လျက် သူဌေးလေးအား အစွမ်းကုန် ကာကွယ်ပေးမည့်ဟု တွေးကာ ဘယ်လက်ရုံးတင်မောင်အား ကိုမြင့်ဦး ပြောဆိုလိုက်သည်။
' ကောင်းပြီ … မြင့်ဦး ဒီဘက်ကိုလာ'
အလယ်တွင် သူဌေးလေးအား ထားလျက် အင်အားများလှသည့် ဓားပြများအား ဆက်လက် တိုက်ခိုက်ရန် ဘယ်လက်ရုံး ကိုတေင်မောင်မှ နေရာချိန်းမည်ဟု ပြောဆိုလိုက်ပြီး မိမိ၏ ဘက်သို့ ရောက်ရှိလာသော ကိုမြင့်ဦးအား ဘယ်လက်ရုံးကိုတင်မောင်တစ်ယောက် အသင့်ရှိနေသည့် ဓားမြှောင်ဖြင့် ကိုမြင့်ဦး၏ ဝမ်းဗိုက်အား ထိုးမွှေလိုက်သည်။
' အား … မင်း … မင်းသစ္စာဖောက်'
မိမိအား ဓားဖြင့် အလစ်ထိုးခြင်းခံလိုက်ရသည့် ကိုမြင့်ဦးတစ်ယောက်မှာတော့ သစ္စာဖောက်တင်မောင်အား မိမိ၏ဘေးမှ လျင်မြန်စွာ တိုက်ခိုက်လိုက်လေသည်။
' သူဌေးလေး … ကျုပ်တို့ ပြေးမှရမယ် … တင်မောင် သစ္စာဖောက်သွားပြီ'
မိမိ၏ နာကျင်လှသော ဒဏ်ရာအား မေ့ဖျောက်ထားပြီး သူဌေးလေးအား ပြောဆိုလျက် ဝန်းရံထားသည့် ဓားပြများဆီမှ အရှေ့တောအုပ်ဆီသို့ သစ္စာခံညာလက်ရုံး ကိုမြင့်ဦး ဦးတည်ထွက်ပြေး ခေါ်ဆောင်လေတော့သည်။
'ဟာ … တောက် … ဟေ့ကောင်တွေ လိုက်ကြစမ်းကွာ အပိုင်လုပ်တာတောင် လွတ်သွားတယ် … အဲ့ဒီ ဒဏ်ရာနဲ့ လူကိုအသေသတ်ပစ် ဟိုကောင်လေးကို အရှင်ဖမ်းခဲ့ကြ'
လူယုံ၏ သစ္စာဖောက်ခြင်းအား ခံလိုက်ရလေပြီး လူပျက်သည့် ထိုနေရာသို့ ကြိုတင်ကြံစည်ထားကာ သစ္စာဖောက် ဘယ်လက်ရုံး ကိုတင်မောင် ခေါ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်။ မိမိထက် သာလွန်သည့် ညာလက်ရုံးကိုမြင့်ဦးအား ဓားဖြင့် ချက်ကောင်းထိုးနိုင်ခဲ့သော်လည်း သစ္စာရှိလှသည့် ကိုမြင့်ဦးတစ်ယောက်မှာတော့ အန္တရယ်များကြားမှ သူဌေးလေးနေသူရှိန်အား လွတ်မြောက်အောင် ခေါ်ဆောင်သွားနိုင်ချေခဲ့သည်။ မှောင်နေသည့် အရှေ့စူးစူးမှ တောအုပ်ကြီးအတွင်းသို့ မိမိ၏ နာကျင်လွန်းသော ဒဏ်ရာအား ကြိတ်မှိတ်ဖျောက်လျက် ဓားပြများနှင့် လွတ်ကင်းရာ နေရာဆီသို့သာ သူဌေးလေး နေသူရှိန်အား အပြေးခေါ်ဆောင်သွားချေတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးကား အလင်းပြပြလေး ကျန်ရှိနေသေးသည်။ ကျစ်လစ်နေသည့် မြေသားကြီးများ မို့မောက်ဖောင်းပွလာပြီး နက်ရှိုင်းလှသည့် မဟာပထဝီမြေကြီးအတွင်းမှ နှစ်၁၀၀ ခန့်နစ်မြှုပ်နေခဲ့သည့် သစ်သားပန်းပုရုပ်နှစ်ခုကား ပေါ်တော်မူအချိန်တန်လျက် မြေအောက်အတွင်းမှ ပေါ်ထွက်လာချေတော့သည်။
' ဖွားဖွား … မီးမီးကို လူပုံစံပြောင်းပေးလေ '
' အေးပါ့မြေးရဲ့ … ခဏနေဦး … ဖွားဖွားကိုယ်ဖွားဖွား အရင်ပြောင်းကြည့်ဦးမယ် … ကိုင်း … ငါဟဲ့ နှစ်၁၀၀ အဖွား လူအသွင်သို့ ပြောင်းစေ'
လွန်ခဲ့သည့် နှစ်၁၀၀အတွင်းမှ မှော်ဆရာကြီးများ၏ မှော်သွင်ခြင်းအား ခံလိုက်ရသော အဘွားအိုနှင့် မြေးမလေးပင်ဖြစ်ချေသည်။ နှစ်၁၀၀ တိုင်လာသည်ကြောင့် မှော်အစီအရင်များ အောင်မြင်ကာ ထိုသို့သစ်သားပန်းပုရုပ်မှ လူသားအသွင်သို့ ပြောင်းလဲ ဖန်တီးနိုင်ခဲ့လေသည်။
' မြေးလေး … ဖွားဖွားတော့ လူဖြစ်သွားပြီ … ကိုင်း ငါ့မြေးလေး အလှည့် လာစမ်း'
သေသပ်စွာ ထုစစ်ထားသည့် ကလေးပန်းပုရုပ်လေးအား ထိုအဖွားအို အမိန့်ပေးစေခိုင်းလိုက်ပြီးနောက် လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်းမှ ဥပတိရုပ်နှင့်မခြား လူသားအသွင်သို့ ပန်းပုရုပ်ကလေးမှ ကလေးမလေးအဖြစ်သို့ ပြောင်းလဲလာလေခဲ့သည်။
' ဟင် … မီးမီးလူဖြစ်သွားပြီး ဟေး … လူပြည်မှာ လျောက်သွားမယ် '
' မြေးလေး … ဖွားဖွားပြောစကားကို နားထောင်ရမယ်နော် … လူ့ပြည်က မာယာတွေနဲ့ ပြည့်နှပ်နေတာ … '
' ဟုတ်ကဲ့ပါ ဖွားဖွားရဲ့ '
မိမိ၏ အစွမ်းဖြင့် သက်ဝင်နေသည့် ပန်းပုရုပ်လေးအား လူတစ်ယောက်အသွင် ဖန်တီးပေးလိုက်ပြီး မြေးမလေးဖြစ်သူအား ဆုံးမစကားများ ပြောဆိုနေခဲ့သည်။ ထိုအချိန်၌ လူရုံ၏ သစ္စာဖောက်ခြင်းအား ခံလိုက်ရသည့် သူဠေးလေး နေသူရှိန်နှင့်အတူ ညာလက်ရုံး ကိုမြင့်ဦးတို့ အပြေးရှောင်တိမ်းလာသံအား သက်ဝင်အဖွားအို အဝေးမှပင် ကြားလိုက်ရလေသည်။
' ဟင် … မြေးလေး လူသံတွေကြားတယ် … ဖွားဖွားတို့ နဂိုအတိုင်း ပြန်ပြောင်းနေမှ ဖြစ်မယ် '
နှစ် ၁၀၀တိုင်တိုင် လူသားများနှင့် ကင်းကွာနေရပြီး ထိုသို့ လူသံများအား ကြားလိုက်သည်နှင့် အဖွားအိုတစ်ယောက် ပြာယာခတ်စွာ မြေးမလေးနှင့် မိမိကိုယ်ကိုအား ပန်းပုရုပ်အသွင်ဖြင့် ပြန်လည် ပြောင်းလိုက်လေတော့သည်။ မိမိ၏ နာကျင်လွန်းသော ဒဏ်ရာကိုပင်မမှု သူဌေးလေးအား အန္တရယ်နှင့် လွတ်ကင်းရာသို့ အရှေ့မှ ဦးဆောင်ကာ ညာလက်ရုံး ကိုမြင့်ဦးတစ်ယောက် ခေါ်ဆောင်လာခဲ့လေသည်။
' အား … '
အမောဒဏ်အား ကြာရှည်စွာ မခံဘူးသည့် နေသူရှိန်တစ်ယောက်အဖို့ လွတ်ရာသို့ ပြေးရှောင်လာနေရင်း မြေပြင်မှ ပေါ်ထွက်နေခဲ့သော် ကလေး ပန်းပုရုပ်လေးအား ခလုတ်တိုင်လျက် ချော်လဲသွားခဲ့သည်။ မိမိခလုတ်တိုက်မိသည့် ပန်းပုရုပ်လေးအား မြေပြင်မှ ကောက်ယူလိုက်ပြီး
' ဟင် … အရုပ်ကလေးပါလား လှလိုက်တာ '
' သူဌေးလေး … ဘာဖြစ်သွားသေးလဲ '
' ဘာမှ မဖြစ်ဘူး … ဒီမှာ ပန်းပုရုပ်ကလေး '
' သူဌေးလေး အဲ့ဒါကို ထားခဲ့လိုက်ပါ … အခုလောလောဆယ် ကျုပ်တို့ ပုန်းစရာ နေရာအရင်ရှာတွေ့မှ ဖြစ်မယ် … အနောက်မှာ ရန်သူတွေ လိုက်လာကြတယ် '
 ညာလက်ရုံးကိုမြင့်ဦး၏ ပြောစကားများအား ကြားလိုက်ရသည့် သူဌေးလေး မိမိလက်ထဲ၌ ကိုင်ဆောင်ထားသော ပန်းပုရုပ်လေးအား ကြည့်နေလျက်
' အရမ်းလှတဲ့ ပန်းပုရုပ်ကလေးရယ် … မင်းကို သိမ်းထားချင်ပေမယ့် … အခုတော့ ငါ့အသက်ကိုတောင် ငါလုပြေးနေရတော့ မင်းကို ခေါ်မသွားနိုင်တော့ဘူး … ကဲ သွားပေတော့'
ပန်းပုရုပ်ကလေးအား ကြည့်လျက် ထိုသို့နှုတ်မှ ပြောဆိုကာ အဝေးသို့ ပစ်လိုက်လေတော့သည်။ ထို့နောက် ညာလက်ရုံး ကိုမြင့်ဦးခေါ်ဆောင်ရာသို့ သူဌေးလေးနေသူရှိန် တစ်ယောက် လိုက်ပါသွားချေတော့သည်။ နေသူရှိန် ကိုင်ဆောင်ပစ်လိုက်သည့် ပန်းပုရုပ်ကလေးဟာ နှစ်၁၀၀ သက်ဝင် ပန်းပုရုပ်ကလေးဖြစ်နေပြီး မိမိ၏ အသက်ကိုပင် လွတ်အောင်ပြေးနေရသည်ဟု ပြောဆိုကာ အဝေးသို့ သတိလက်လွတ် စွန့်ပစ်လိုက်မိသည်။ သို့နှင့် သက်ဝင်အဖွားအိုနှင့် သက်ဝင်မြေးမလေးကား တစ်နေရာဆီသို့ပင် ကွဲကွာသွားခဲ့ရတော့သည်။

***********************************
တပေါင်းလပြည့် နေလည်ခင်းအချိန်၌ စောနယ်စက်ရုံမှ ကျွန်ုပ်ပြန်လာခဲ့ချေသည်။ ကျွန်ုပ်နှင့်အတူ စက်ရုံစောင့် ဦးလေးကြီးအပါအဝင် အစ်ကိုအောင်ပါ ရန်ကုန်သို့ အလည်တစ်ခေါက် ထပ်မံ လိုက်ပါလာလေခဲ့သည်။ ရန်ကုန်သို့ ပြန်ရောက်လာသည်နှင့် သူဌေးလေး ခိုင်းစေခဲ့သည့် တာဝန်များအား ကျွန်ုပ်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည်ကို ပြောဆိုရန် သူဌေးလေးရှိနေမည့် တိုက်ခန်းဆီသို့ ကျွနိုပ်သွားရောက်ခဲ့သော်လည်း သူဌေးလေးအား တွေ့ခွင့်မရခဲ့ချေ။ သို့နှင့် ကိုမောင်ဝင်းအား ဝင်ရောက်နှုတ်ဆတ်လျက် မိမိ၏ နေအိမ်သို့ ညနေဆောင်းလုနီးပါးမှ အစ်ကိုအောင်နှင့်အတူ ပြန်လည် ရောက်ရှိလာချေခဲ့သည်။ အစ်ကိုအောင်အား ကျွန်ုပ်၏ နေအိမ်၌ သူငယ်ချင်းဖြစ်သူများနှင့်အတူ ဧည့်ခန်းစကားပြောဆိုဖြစ်ကြသည်။
' ဒါနဲ့ ဝိဥာဉ်မောင်ကျော်ရဲ့ အမျိုးသမီးဖြူဖြူသျှင်းနဲ့ရော တွေ့ဖြစ်ကြသေးလာ … ကလေးမလေးလဲ အခုလောက်ဆို တော်တော်လေး အရွယ်ရောက်နေပြီပေါ့ '
' အေးဗျာ … ကျုပ်တို့နဲ့လဲ မတွေ့ဖြစ်ပါဘူး … မနက်ဖြန်ကြမှ အစ်ကိုအောင်လဲ ရောက်နေတော့ တစ်ခေါက်လောက်တော့ သွားလည်ကြရင် မကောင်းဘူးလား '
' သိပ်ကောင်းတာပေါ့ '
' ဒါဆို အစ်ကိုအောင် ကျုပ်တို့ဆီ ရောက်တုန်း ရောက်ခိုက် တစ်ပတ်နှစ်ပတ်လောက် နေဦး … '
' ရပါတယ်ဗျ … ကျုပ်မှာ သံယော်ဇဉ်ဆိုလို့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးဆိုတဲ့ ခင်ဗျားတို့ ငါးယောက်ပဲရှိတာ … တစ်ခါတစ်ခါ ကျုပ်လဲ ခင်ဗျားတို့ကို သိပ်သတိရမိတယ် … အခုလဲ မထင်မှတ်ပဲ ပြန်ဆုံရပြန်ပြီ '
' ဟား … အစ်ကိုအောင်နဲ့ စဆုံခဲ့တဲ့ နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီးမှာတုန်းက ကျွန်မ အစ်ကိုအောင်ကို မယုံသင်္ကာဖြစ်ခဲ့မိတာ အခုမှ တွေးမိရင် အားတောင်နာတယ် '
' ဘာလို့အားနာရမှာလဲ … မျှားကလေးနေရာမှာ ကျုပ်ဆိုလဲ ဒီလိုပဲ သံသယဖြစ်မိမှာလေ … အားနာစရာမလိုပါဘူးဗျ… ညီအစ်ကို မောင်နှမတွေပဲ'
' ဒါပေါ့ဗျာ … ဒါပေါ့ '
အစ်ကိုအောင်နှင့် ဆုံတွေ့ခဲ့သည့် အကြောင်းအား ပြန်လည်တမ်းတ ပြောဆိုလျက် ပျော်ရွှင်စွာနှင့် ကျွန်ုပ်၏ နေအိမ်ခြံအတွင်း၌ စကားများ ပြောဆိုနေခဲ့ကြသည်။ ထိုအချိန်၌ ပြင်းထန်သည့် လေပြင်းတစ်ချက်ကား မည်သည့်အခါမှ မခံစားခဲ့ဘူးသော ကျွန်ုပ်၏ စိတ်အတွင်း၌ ဆိုနစ်သွားကာ ဝမ်းနည်းစိတ်များ ရုတ်တရက်ဝင်ရောက်လာလေခဲ့သညိ။
' ဟင် … တပေါင်းလကြီး မိုးများရွာမလား မသိဘူး'
' ဟုတ်တယ်ဗျ … ကျုပ်စိတ်ထဲမှာလဲ တစ်ခုခုကို ဝမ်းနည်းသွားသလိုပဲ '
လေပြင်းများက အဆက်မပျက်တိုက်ခိုက်နေခဲ့သည်။ ကျွန်ုပ်နှင့်အတူ သူငဟ်ချင်းများနှင့် အစ်ကိုတို့ကား ခြံအပြင်သို့ ထွက်သွားကြပြီး ကောင်းကင်အပေါ်သို့ မော့ကြည့်နေခဲ့မိသည်။ တိုက်ခိုက်နေသည့် လေပြင်းများထက် ပိုမို၍ ပြင်းထန်စွာ တိုက်ခိုက်လာသည်ကြောင့် ခြံအတွင်းသို့ လျင်မြန်စွာ အားလုံး ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။ ခြံအတွင်းသို့ ကျွန်ုပ်တို့အားလုံး ပြန်လည် ရောက်ရှိလာသည်နှင့် ပြင်းထန်စွာတိုက်ခိုက်နေသည့် လေပြင်းများ ရုတ်တရက် ငြိမ်သတ်သွားလေတော့သည်။
' ဟင် … ကိုထီးကလေး ဒါတစ်ခုခု ထူးခြားမှု့ပဲ'
အဓိပ္ပာယ်ရှိလှသော အကြည့်တစ်စုံနှင့်အတူ ကျွနိုပ်အား အစ်ကိုအောင် ကြည့်လျက် နှုတ်မှ ရည်ရွတ်ပြောဆိုလိုက်လေသည်။
' ထီးလေး … ခြံအရှေ့မှာ တစ်ယောက်ယောက် ရောက်နေသလိုပဲ '
ကျွန်ုပ်၏မျက်နှာအား လှမ်းကြည့်လျက် သူငယ်ချင်းဖြစ်သူ ငါးကလေးမှ ရုတ်တရက် ထပ်မံပြောဆိုလိုက်သည်။ သို့နှင့် အစ်ကိုအောင် ဦးဆောင်ကာ ခြံတံခါးဆီသို့ ဖြေးညင်းစွာ လျောက်လှမ်းသွားကြပြီး နှေးကွေးစွာဖြင့် ခြံတံခါးအား ဖွင့်လိုက်လေပြီးနောက်
' ဟင် … ဘာကြီးလဲ '
' ဘယ်ကနေရောက်လာရတာလဲ '
' ဘာပုံကြီးလဲ '
' လေနဲ့ပါလာတာလား … '
ခြံတံခါးအား ဖွင့်လိုက်သည်နှင့် ဦးစွာမြင်တွေ့လိုက်ရသည့် အရာဝတ္တုတစ်ခုအား ကြည့်လျက် သူငယ်ချင်းဖြစ်သူများ၏ နှုတ်မှ တစ်ယောက်တစ်ပေါက် စကားသံများ ထွက်ပေါ်လာလေခဲ့သည်။
' ကိုထီးကလေး … ဒါဘာပုံကြီးလဲ'
မျက်မှောင်အား ကျူတ်ထားသည်။ ကျွန်ုပ်၏ဘက်သို့ ကြည့်လျက် အစ်ကိုအောင်မေးလိုက်လေသည်။ ခြံရှေ့၌ ကျွန်ုပ်တို့အားလုံး မြင်တွေ့လိုက်ရသည့် အရာဝတ္တုကား ရှေးဟောင်း ပန်းချီကား တစ်ချပ်ဖြစ်လျက် ပန်းချီးကားပေါ်တွင် ပန်းပုရုပ်လေးများအား ရေးဆွဲထားသည့် ရှေးဟောင်း ပန်းချီကားကြီးတစ်ချပ်ပင် ဖြစ်ချေသည်။ လေနှင့်အတူ လေနှင်ရာသို့ လိုက်ပါလာသည့် ပန်းချီးကားချပ်ပင်လား။ ထိုပန်းချီကားချပ်ကြီးအား တစ်နေရာရာ၌ ကျွန်ုပ်မြင်ခဲ့ဖူးသကဲ့သို့ ခံစားနေရပြီး အစ်ကိုအောင်၏ အမေးအား ကျွန်ုပ်ပြန်လည်၍ မဖြေသေး မျက်လုံးတစ်စုံအား မှိတ်လျက်ထားပြီး တွေဝေစဉ်းစားနေခဲသည်။
' ဟာ … ဒါ …ဒါသူဌေးလေး တိုက်ခန်းထဲက ပန်းချီကားချပ်ကြီးများလား '
' ဟင် … သူဌေးလေး နေသူရှိန်ရဲ့ ပန်းချီကားချပ်ဟုတ်လား … ထီးကလေး'
' ငါလဲ သေချာမသိဘူး … နေဦး … ကိုမောင်ဝင်းကို ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်မယ် … သူဆိုရင်တော့ သေချာသိနိုင်တယ် '
မည်သည့်နေရာဆီမှ ရောက်လာခဲ့ခြင်း မသိသည့် ပန်းချီကားချပ်ကြီးအား နေရာမရွေ့ထားလျက် ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သူ ရဲအုပ်ကိုမောင်ဝင်းအား ညတွင်းချင်းပင် ဖုန်းဆက်လျက် အကြောင်းကြားကာ ကျွနိုပ်၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့လေသည်။ မကြာမီအချိန်၌ပင် အစ်ကိုအောင်နှင့်အတူ ညစောင့် စက်ရုံအလုပ်သမားကြီးအပါအဝင် ကျွနိုပ်၏နေအိမ်သို့ ရောက်ရှိလာလေခဲ့သည်။ ကိုမောင်ဝင်းရောက်ရှိလာသည်နှင့် ထိုပန်းချီကားအား စူးစိုက်စွာ လှည့်ပတ်ကြည့်လျက် မိမိနှင့်အတူ ပါလာသော ညစောင့်ဦးလေးကြီးအား
' အစ်ကိုကြီး … ဒီပန်းချီကားက သူဌေးလေး နေသူရှိနိရဲ့ ပန်းချီကားချပ်များလား ကြည့်ပါဦး'
'သိပ်ဟုတ်တာပေါ့ … ဒီပန်းချီကားကို ကျုပ်တူရီးက သိပ်ကြိုက်တာ … ဒီမှာဆွဲထားတဲ့ ပန်းပုရုပ်လေးတွေကို ကြိုက်ပြီး လေလံပွဲတုန်းက သူကိုယ်တိုင်ဝယ်ထားခဲ့တာ '
' ဟင် … ဒါဆို အန်ကယ်က '
' ဟုတ်တဟ်မောင်ထီးကလေး … အန်ကယ်က နေသူရှန်ရဲ့ဦးလေးပဲ … စောနယ်စက်ရုံမှာ ငါ့တူရီးထီးကလေးအကြောင်း သေချာသိချင်လို့ စက်ရုံအစောင့်ယောင်ဆောင်ထားခဲ့တာ'
' ဗျာ … ဒါ … ဒါဆို ဒီပန်းချီကားကြီးကရော ဘယ်လိုဖြစ်ပြီး ကျုပ်ခြံရှေ့ကို ရောက်နေရတာလဲ … လေနဲ့ပါလာတာတော့ လုံးဝမဖြစ်နိုင်ဘူး … '
' ဟုတ်တယ် … တစ်ခုခု ထူးခြားနေပြီ … ဒါနဲ့ကိုနေသူရှိန်ရော … အခုဘယ်မှာရှိနေလဲ '
' နေသူရှိန် နယ်ဘက်ကို ခရီးထွက်သွားတယ် … '
' အလုပ်ကိစ္စနဲ့ပဲလား အန်ကယ် '
'မဟုတ်ဘူး … ဆင်းရဲသားတွေရဲ့ ဘဝကို ကိုယ်တိုင်သိချင်လို့ဆိုပြီး အပန်းဖြေ သဘောအနေနဲ့ ထွက်သွားတာလို့ သိရတာပဲ'
' ဟင် … ကိုနေသူရှိန်မှာ အန္တရယ်တွေက ဝိုင်းနေတာလေ … ဒီလိုထွက်သွားလို့ ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ … ဘဟ်ကိုသွားတယ်ဆိုတာရော အစ်ကိုကြီးသိလား'
' ဒါတော့ ကျုပ်လဲ မသိဘူး … ကိုမောင်ဝင်း'
' မဟုတ်မှလွဲရော … သူဌေးလေး အန္တရယ် တစ်ခုခုနဲ့ ရင်ဆိုင်နေရလို့ သူအားကိးုရတဲ့ ထီးကလေးဆီကို ဒီပန်းချီကြီးက ထူးထူးဆန်းဆန်း အသိလာပေးတာများလား'
' ဟင် … ဟုတ်ပါ့မလား ဒါဆို ဘဟ်လိုလုပ်ကြမလဲ '
လေပြင်းတစ်ချက်က ပြင်းထန်လှသည်။ ကြီးမားလှသည့် ပန်းချီကားကြီး သူဌေးလေး၏ နေအိမ်မှ အလှမ်းဝေးလာသည့် ကျွန်ုပ်၏ ခြံရှေ့သို့ မည်သို့ပင် ရောက်ရှိလာခဲ့သည်ကို မသိ ထူးဆန်းအံ့သြစွာ အကဲခတ်စောင့်ကြည့်လျက် သူဌေးလေးနေသူရှိန်တစ်ယောက် အပန်းခြေခရီးထွက်သွားခဲ့သည်ကို ကျွန်ုပ်နှင့် ရဲအုပ်ကိုမောင်ဝင်း သိရှိလိုက်ရတော့သည်။

***********************************
  ငယ်စဉ်အခါမှ ကြားသိခဲ့ဘူးသော ဇာတ်လမ်းတစ်ပုဒ်အား အခြေခံ၍ အရေးသားစမ်းသည်။
ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး (ရင်နှင့်ရင်း၍ရေးသားသည်။)
မကြီး Soe San အားအစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages