အပိုင်း (၁) ရွာပျောက်ကြီး ရှာပုံတော်
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ရွာပျောက်ကြီး ရှာပုံတော်
စာရေးသူ -ထီးကလေး၊
(ရင်နှင့်ရင်း၍ ရေးသားသည်။)
ဒုတိယမြောက် တစ္ဆေ ဇာတ်လမ်းရှည်။
``ထီးလေးရေ…ထီးလေး…´´
``ဟေး…
``တန်ခိုးတို့ပါလား လာလေကွာ…´´
``အန်တီ နေမကောင်းဘူးကြားလို့ငါတို့သတင်းလာမေးတာ…´´
``အန်တီက…ဘာဖြစ်တာလဲ…´´
``မပြောချင်ပါဘူးကွာ ပြောတော့လဲ မိကျောင်းမင်း ရေခင်းပြတယ်လို့ အပြောခံရဦးမယ်…ညက အိုက်လို့ဆိုပြီး ရေထချိုးတယ်လေ…ပြီးတော့ ပန်ကားလေးဖွင့်ပြီး နပ်နေလိုက်တာ မနက်ကျတော့ အဲ့မှာ လေတစ်ခြမ်းဖျမ်းသွားပါလေရော…´´
``ဟာ…တော်သေးတာပေါ့…လေဖျမ်းရုံလောက်ဖြစ်လို့ ကံကောင်းတယ်…´´
``အဲ့တာပြောတာာပေါ့…အစတည်းက ငါဖြစ်မှာဆိုးလို့ ပြောပြောနေတာကို မရဘူးလေ…´´
``အခုရော…ဘယ်လိုနေသေးလဲ´´
``အခုတော့ အိပ်ယာထဲမှာ ´´
``သတ်သာရဲ့လား…´´
``သတ်တော့သတ်သာ နေပြီး…ငါလဲ နယ်က ဦးလေးဆီ သွားရဦးမယ်…´´
``ဟင်…ဘာသွားလုပ်မှာတုန်း…´´
``အမေ လေဖျမ်းသွားတာ ကုမလို့ဆိုပြီး စပါးကြီး သည်းခြေ ရွာမှာ ငါ့အဖေက သွားယူခိုင်းလို့…တစ်ယောက်တည်း သွားရမှာတော့ ပျင်းတော့ပျင်းတယ်ကွ…မင်းတို့၎ယောက် အားရင် လိုက်ခဲ့ပါလား…အဲ့ဘက်က နည်းနည်းတော့ ကြမ်းတယ်…´´
``ဘဟ်လိုကြမ်းတာလဲ…´´
`အော်…ဥပမာကွာ…ရောနယ်တို့စောနယ်တို့ဘက်ကိုလိုမျိုးပဲ´´
``လိုက်ချင်တာပေါ့ကွာ…ဒါပေမယ့် ငါ့အဖေ ဆိုင်မှာ လူစောင့်မရှိလို့ ငါပဲ တာဝန်ယူနေရတယ်…´´
``ငါလဲ…သင်တန်းက မပျက်သေးဘူးဟ…´´
``လမ်းလေး …မင်းကရော…´´
``ငါကတော့ အားတယ်…ငါလိုက်မယ်လေ…´´
``နင်တို့ကလဲ ငါတို့လဲ လိုက်ချင်တာပေါ့ ဒီလိုလုပ်လေ…ငါးလေးရော ငါရော တန်ခိုးရော အကုန်လိုက်မယ်ဟာ…ဒါပေမယ့် ငါ့သင်တန်းက နောက် ၄ ၅ ရက်လောက်ဆို ငါမတတ်လဲ ရပြီး…အခုရက်ပိုင်းတော့ ငါတတ်မှ ရဦးမယ်…´´
``အဲ့ဒီတော့…ဘာဖြစ်လဲ…´´
``အော်…အဲ့ဒီတော့…ထီးလေး နင်အရင်သွား နှင့်ပါလား …လမ်းကလေးနဲ့တို့အားလုံး နောက်မှ လိုက်လာခဲ့မယ်…´´
``ဟင်…ဖြစ်ပါ့မလား…နင်က အဲ့မြိုကို သိလို့လား…´´
``အေးဟ …မျှားလေးပြောတဲ့အကြံမဆိုးဘူး ငါလဲ အဲ့ရက်လောက်ဆို အဖေ့ကို လစ်ပီး ငါလဲလိုက်လို့ရတယ်…´´
``ဒါမှ မဟုတ်လဲ…ငါတို့အားလုံး အားမယ့်ရက်မှ …ထီးလေး …မင်းသွားပါလား…´´
``ဟာ…မရဘူးကွ…ဒီနေ့တောင် ငါ့ကို ချက်ချင်းလွှတ်နေတာ အကြောင်းပြပြီး မနက်ဖြန်မှ သွားမယ်ပြောထားရတာ…
မျှားလေးပြောတဲ့အတိုင်း မင်းတို့၎ယောက်နောက်မှ လိုက်ခဲ့လေ…ဖြစ်မလား…´´
``မင်းပြောပုံအရဆို…ရောနယ်…စောနယ်တို့လို ကြမ်းတယ်ဆိုတော့ ငါလဲရောက်ဘူးချင်တယ် …ငါလဲလိုက်မှာနော်…´´
``နေပါဦး …နင်တို့ကအနောက်မှ လိုက်လာမယ်ပြောရအောင် …ဘယ်ရွာလဲ သိလို့လား…´´
``သိတာပေါ့…ငထီးရ …ဟိုတစ်ခါလာလည်တဲ့ ဦးမြင့်ထွေး တို့ရွာကိုပြောတာလား…´´
``အေးကွ…မင်းသိသားပဲ…ဘာမှ မပူနဲ့…မင်းတို့အားလုံးတန်ခိုးနဲ့လိုက်ခဲ့ကြပေါ့…ဒီကောင် နေရာသိတယ်´´
``လိုက်တာတော့ ဟုတ်ပါပြီ…ဘယ်မြို့လဲ…´´
``ဝါးခယ်မမြို့…တောဘက်မှာ…´´
``တန်ခိုး…နင်သေချာသိပါတယ်နော်'…´´
``အဲ့အတွက်တော့ မစိုးရိမ်ပါနဲ့ဟာ…ဦးမြင့်ထေွးက ငါ့ကို အရမ်းခင်တာ ထီးလေးကို မေးကြည့်ပါလား…ဟိုနှစ်မိုးတွင်းတည်းက သူအိမ်အလည်လာဖို့တောင် ခေါ်သေး…´´
``ဟုတ်လား…ထီးလေး…´´
``ဟုတ်တယ်လေ…´´
``ဒါနဲ့ နင်က ဘယ်တော့ သွားမှာလဲ…´´
``မနက်ဖြန် ညကားနဲ့သွားမယ်…´´
``အေးအေး…ဒါဆို …ငါတို့ကားဂိတ်လိုက်ပို့ပေးမယ် …နင်သွားမယ့် အချိန်ကျရင် ငါတို့ဆီဖုန်းဆက်လိုက် …´´
``အန်တီနဲ့ဦးကို ပြောလိုက်ဦး တို့လာသွားတယ်လို့…´´
``အေးပါဟ…´´
``ဒါဆို …ငါတို့ပြန်မယ်…နင့်အမေကို ဂရုစိုက်လိုက်ဦး…´´
*****************************
ထီးလေး အမေ နေမကောင်းတာကြောင့် သူငယ်ချင်းတွေ သတင်းလာမေးကာ ပြန်သွားပါတော့သည်။
``သား…မင်း မနက်ဖြန်အတွက် ပြင်ဆင်ပြီးပြီလား…´´
``အားလုံးပြင်းဆင်ပြီးပြီ အဖေရေ…´´
``အမယ်…တတ်ကြွနေပါလား…မနက်ကတော့ မသွားချင်တဲ့မျက်နှာမျိုးနဲ့…´´
``ဟာ…ဖေဖေကလဲ မေမေ့အတွက်ပဲ သွားရမှာပေါ့…´´
``မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်…အဲ့ဘက်က လူတွေ သိပ်မလွယ်ဘူး…´´
``ဘယ်လို မလွယ်တာလဲ…ဖေဖေ…´´
``အဲ့ဘက်က နယ်အစွန်ကျတော့ ဖေဖေတို့ငယ်ငယ်တုန်းကဆို သရဲ တစ္ဆေ အရမ်းပေါတာ…´´
သူ့အဖေ စကားကြောင့် ထီးလေးပြုံးလိုက်ပြီ…
``ဟာ…ဒါဆို …မိုက်တာပေါ့…´´
``ဘာမိုက်တာလဲ…´´
``သရဲခြောက်တယ်ဆိုတော့ သရဲကို တွေ့ဘူးသွားတာပေါ့ ဖေဖေရ…´´
``အေး…မင်းပြောသလိုတွေ့ဖူးရင်တော့ ကောင်းတာပေါ့…ထားပါ…သည်းခြေယူပြီးတာနဲ့မြန်မြန်ပြန်လာခဲ့နော်…´´
``ဦးမြင့်ထွေးဆီမှာ အဆင်သင်ရှိပါ့မလား ဖေဖေ…´´
``သိပ်ရှိတာပေါ့…မင်းဦးလေး ငါ့ညီဆီမှာ အမြဲရှိတယ်…´´
``ဟွန်း…´´
``ဘာလို့သက်ပြင်းချတာလဲ…´´
``ဘာမှ မဟုတ်ပါဘူး…´´
``အေးပြီးရော…ဒါဆိုလဲ ဒီညစောစောအိပ်တော့ မနက်ဖြန် ခရီးက ပင်ပန်းနေဦးမှာ…´´
``အော်…ဒါနဲ့…သား ဆွဲကြိုး လက်ဖွဲ့လေးရော…မတွေ့ပါလား…´´
``ရှိတဟ် ဖေဖေရေ…ခဏချွတ်ထားတယ်…´´
``မနက်ဖြန် ယူသွားနော် …´´
``ဟုတ် ´´
မိုးဦးတုရဲ့ အိုက်စက်စက်ဖြစ်တာကြောင့် ထီးကလေးတစ်ယောက် တော်တော်နဲ့အိပ်မပျော်နိုင် ခရီအတွက် လိုအပ်တာတွေကိုသာ သူလုပ်နေမိတော့သည်။
*****************************
မနက်ဖြန် ညနေ ၃နာရီ အချိနိသို့ အရောက်မှာတော့
``ဦး…ထီးလေး…သွားပြီးလား…´´
``မင်း…သူငယ်ချင်း အခန်းထဲမှာရှိတယ် …မသွားသေးဘူး…ဒါနဲ့ မောင် တန်ခိုးက ထီးလေး ခရီးထွက်မှာကို သိနေလို့လား…´´
``ဟုတ်…မနေ့က အန်တီ နေကောင်းလို့လာမေးရင် သူခရီထွက်ရမယ်ဆိုတာ သိတာ…´´
``အေးအေး…သွား …အခန်းထဲမှာ ရှိတယ်…´´
ထီးလေး အဖေရဲ့ညွှန်ပြမှု့ကြောင့်တန်ခိုးတစ်ယောက် ထီးလေးရှိနေသည့် အခန်းသို့ တံခါးလာခေါက်ပါတော့သည်။
``ဝင်ခဲ့လေ…တန်ခိုး…´´
``ဟင်…မင်းက ငါမှန်းဘယ်လိုသိလဲ…´´
``မင်းနဲ့ငါနဲ့ပေါင်းလာတာ မနေ့တစ်နေ့ကမှ မဟုတ်တာ …မင်းခြေသံကို ငါကောင်းကောင်း သိတာပေါ့ကွ…မင်းတင်မကဘူး ငါနဲ့ခင်တဲ့သူတွေ အားလုံးရဲ့ အပြုမူကို သိတယ်´´
``ဒါကြောင့်လဲ မင်းကို ငါတို့က အရာရာတိုင်းမှာ ဆရာ တင်ထားတာပေါ့…မင်းကိုလိုက်ပို့ပေးမလို့ လမ်းထိပ်မှာ အားလုံးစောင့်နေကြတယ်…´´
``အေးပါကွ…ငါလဲ ပြီးပါပြီ…သွားကြမယ်လေ…´´
ခရီဆောင် အိတ်လေးတစ်လုံးကို ထီးလေးဆွဲကာ အခန်းထဲမှာ တန်ခိုးနှင့်အတူ ထွက်လာပါတော့သည်။
``ဟင်…ငါ့သား…မင်းအိတ်က ကြီးလှချည်လား…မင်းနေမှာက သုံး လေး ရက်တည်း အိတ်ကြီးက အကြီးကြီးပဲလေ…´´
``ဟင်…အော်…ဖေဖေကလဲ အိတ်က အသစ်မို့ကြီးတယ် ထင်နေရတာပါ…အထဲမှာ အဝတ်စားလေး နည်းနည်းပဲပါတာ…´´
``မောင်တန်ခိုးက လိုက်ပို့မလို့လား…´´
``ဟုတ်…ဦး…ကျွန်တော်လိုက်ပို့ပေးမလို့…´´
``အေးအေး…သား…ဖေဖေ စ်တ်ချမယ်နော်…´´
``စိတ်ချပါ ဖေဖေရ…လုံးဝ ဖိတ်ကျ မလာစေရဘူး…´´
ပြောဆိုကာ ဘုရားဦးတိုက်ပြီး ထီးလေးတစ်ယောက် တန်ခိုးနှင့်အတူ လမ်းထိပ်ထွက်လာပါတော့သည်။ လမ်းထိပ်မှာ ကြိုစောင့်နေကြသည့် လမ်းကလေးတို့ တစ်စုက
``ဟာကွာ…ကြာလိုက်တာ …မြန်မြန်လာပါဟ…´´
``ဟင်…တန်ခိုး မင်းယောက်ဖ ကားရော…´´
``ဟိုတစ်ခေါက်တည်းက ပြန်အပ်လိုက်ပြီလေကွာ…ဒါက ငါ့ကားအဟောင်းလေးပဲ…´´
``လာပါ စကားများမနေနဲ့တော့ ကားနောက်ကျနေမယ်…´´
``အေးပါဟ…လာပါပြီ…´´
တန်ခိုးက သူ့ကားဖြင့် အဝေးပြေးဂိတ်သို့ လမ်းကလေး မျှားကလေး ငါးကလေး နှင့်အတူ ထီးကလေးကို လိုက်ပို့လေတော့သည်။
အဝေးပြေးကားဂိတ်သို့ အရောက်မှာတော့…
``ဘယ်ကားဂိတ်လဲ…ထီးလေး…´´
``အောင်ချမ်းသာ ကားဂိတ် …´´
ထီးလေးပြောသည့် ကားဂိတ်သို့ရောက်တာနဲ့ညနေ ၆ နာရီ ၃၀ အချိန် ထွက်မည့် ကားလက်မှတ် ဝယ်လိုက်လေတော့သည်။
``ဒီမှာ …ခဏထိုင်မယ်…ကားက မရောက်သေးဘူး…အခုမှ ၅ နာရီ…´´
``အော်…ဒါနဲ့…ထီးလေး တို့လာရင် တန်ခိုးကားနဲ့ပဲ လိုက်လာခဲ့ရမှာလား…´´
``ဟာ…အဝေးပြေးကားနဲ့ပဲ လာပါဟာ…နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီးမှာတည်းက တန်ခိုးကားကို သိပ်မယုံတော့ဘူး…´´
``ဟာကွာ…အဲ့ဒီတုန်းက ငါ့ယောက်ဖ ကားမို့ပါကွ …အခု ငါ့ကားနဲ့လေ…´´
``တော်ပြီး…တော်ပြီ…ဘာပဲဖြစ်ဖြစ် အဝေးပြေးကားနဲ့လာတာပဲ ကောင်းတယ်…ဟိုမှာ ကားဝင်လို့မရလောက်ဘူး…´´
``အေးပါဟ…နင့်သဘောပါပဲ…´´
``ဟော့…ပြောရင်းဆိုရင်း …ဟိုမှာ မင်းတို့ဆီမယ့် ကား ရောက်လာပြီ…´´
ကားဂိတ်မှ ဂိတ်မှူးကလဲ ကားပေါ်သို့တတ်ရန် စတင်ပြောပါတော့သည်။ထီးလေးလဲ ခုံနံပါတ်အရ ကားပေါ်မှာ နေရာယူလိုက်ချေတော့သည်။ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ကားအောက်မှ တန်ခိုးတို့အဖွဲ့နှင့်
``ငါသွားမယ်နော်…တန်ခိုး…မင်းတို့ ဆက်ဆက်လိုက်လာခဲ့နော်…´´
``စိတ်ချပါကွ…ငါတို့လဲ …အခုတောင် လိုက်ချင်နေတာ…´´
ထိုအချိန် ကားပေါ်သို့အသားဖြူဖြူ ညာဘက် ပါးမို့မို့ပေါ်မှ စံပယ်တင် မှဲ့လေးဖြင့် အရပ်ခပ်မြင်မြင့် မျက်ခုံးကောင်းကောင်း ထမီးအနီရဲရဲ အကျီ င်္အဖြူလေးဖြင့် မြန်မာဆန်ဆန် မိန်းကလေးတစ်ယောက် တတ်လာပြီး ထီးလေး အနားသို့ ရောက်လာခါ
``ဒီမှာ…ဒီမှာ…´´``ဗျာ……´´
``အဲ့နေရာက ကျမနေရာရှင့်…´´
``ဟုတ်တယ်လေ…ထိုင်လေ…´´
``အဲ့ဒါပြောတာ မဟုတ်ဘူး…အဲ့ပြတင်းနားမှာ ကျမ နေရာ အစောကြီးတည်းက ကြိုတင်ဝယ်ထားတာ…´´
``အော်…ဟုတ်ကဲ့…လာလာ´´
ထီးလေး ခုံနေရာ ချိန်းပေးလိုက်တော့သည်။ ကားအောက်မှ ကျန်ခဲ့သည့် ငါးကလေးက ထီးလေး နာမည်ကို ခေါ်လိုက်တော့ သတိလက်လွတ်လှမ်းကြည့်လိုက်မိရာ သူမ နှုတ်ခမ်းနှင့် ထီးလေး ညာဘက်ပါးက အနီးကပ်သွားလျက် မိန်းကလေးက ခေါင်းကို အနောက်ဘက် ရိမ်းလိုက်ပြီ…
``နည်းနည်းပါးပါး…သတိလေးလဲ ထားပါဦး…ကျမ မျက်နှာ ထိတော့မယ်…ဘယ်လို လူလဲ မသိဘူး…´´
``ဟုတ်…ဟုတ်ကဲ့ …တောင်းပန်ပါတယ်ဗျ …ကျွန်တော် စိတ်လောသွားလို့ပါ ´´
စကားပြောရသည်မှာ မလွတ်လပ်တာကြာင့် ကားမထွက်ခင် ကားအောက်ဆင်းပြီး တန်ခိုးတို့ဆီအသွား အမှတ်မထင် သူ့လည်ပင်းကို ပွတ်ကြည့်မိလိုက်တော့
``ဟင်…ငါ့ကျူတ်…´´
သူ့လည်ပင်းမှ ကျူတ်ဆွဲကြိုး လက်ဖွဲ့ဝတ်မလာမိသည်ကို သတိထားလိုက်မိတော့သည်။ ထိုအချိန်မှာပဲ ကားစပယ်ယာမှ
``ခရီးသည်တွေ အားလုံးစုံပြီး…ကားထွက်ပါတော့မည်ခင်ဗျာ…´´ထို အသံကြောင့် တန်ခိုးတို့ဆီမရောက်တော့ပဲ ကားအပေါ်အပြေးတတ်လိုက်တော့သည်။ ကားစက်နိုးသည့် အချိန်မှာတော့ တန်ခိုးတို့လေးယောက် ပြတင်းအပေါက်မှ လက်ပြနှုတ်ဆတ်ရန် ရောက်လာကြတော့သည်။ ထီးလေး အလောတကြီး ပြတင်းပေါက်မှ ပြောမည်အလုပ်မှာတော့ ဘေးက မိန်းကလေးကို အားနားသွားတာကြောင့် မပြောဖြစ်တော့ပဲ စိတ်လျော့ခါ ပြန်ထိုင်လိုကိပါတော့သည်။ လက်ဟန် ခြေဟန်ဖြင့် သူ့လည်ပင်းက ဆွဲကြိုးမပါလာသည်ကို လုပ်ပြနေသော်လည်း ငါးလေးတို့က နားမလည် ထိုအချိနိမှာပဲ အဝေးပြေးကားကြီး စတင်ထွက်ခွာသွားပါတော့သည်။
*****************************
``ဟာကွာ…ဒီလောက် သတိထားနေရဲ့နဲ့ မေ့ကျန်ခဲ့သေးတယ်…အော်…ဖုန်းဆက်ပြီး ဟိုကောင်တွေ လာရင် တစ်ခါတည်း ယူလာခိုင်းလိုက်ဦးမှ…´´
စိတ်ထဲမှ အတွေးပေါက်ပြီး အကျီင်္ အိတ်ထဲမှ ဖုန်းကို ထုတ်ခါ တန်ခိုးဆီသို့ ဆက်လိုက်တော့သည်
``ဟာ…ဘာလို့ ဖုန်းမကိုင်တာလဲ…´´
``ဟင်…ဒီကောင်ကလဲ…မကိုင်ပါလား´
``ဟာ…မျှားလေးရောပဲ…ဒီကောင်တွေ ဘာဖြစ်လို့မကိုင်ကြတာလဲ တစ်ခုခု ဖြစ်နေကြတာများလား´´
လေးယောက်စလုံးဆီ ဖုန်းဆက်ပေမယ့် မည်သူ့မှ ထီးလေးဖုန်းကို မကိုင်ခဲ့ချေ။
စိတ်ညစ်ညစ်ဖြင့်
ရုတ်တရက် သူ့ဘေးမှ မိန်းကလေးကို တစ်ချက်ကြည့်မိလိုက်တယ်။ တည်ငြိမ်အေးဆေးလှတဲ့ မျက်နှာပိုင်ရှင်လေးကို တွေ့လိုက်ရတော့ သူ့စိတ်ထဲ တစ်ခုခုအေးချမ်းသွားသလိုဖြစ်ကာ ပြုံးနေမိတော့သည်။
*****************************
Post Top Ad
Responsive Ads Here
အပိုင်း(၁) ရွာပျောက်ကြီးရှာပုံတော်
Share This
Tags
# ၀၂.ရွာပျောက်ကြီးရှာပုံတော်
Share This
About Unknown
၀၂.ရွာပျောက်ကြီးရှာပုံတော်
Labels:
၀၂.ရွာပျောက်ကြီးရှာပုံတော်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment