အပိုင်း(၁၄) တစ္ဆေကိုက်တဲ့ အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၄) တစ္ဆေကိုက်တဲ့ အိမ်ကြီး

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၁၄ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



အနောက်မှလိုက်ပါလာသည့် မိနွယ်အား လူသတ်သမားသီဟတစ်ယောက် ပါးပြင်သို့ ပြင်းထန်စွာရိုက်နှပ်ခဲ့ပြီး ခင်မာလာဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေတော့သည်။

' ဘာ … ဘယ်လို ထီးကလေးသေပြီးဟုတ်လား ဟားဟား သိပ်ကောင်းတယ် ဒီကောင့်ကို အသေသတ်လိုက်တာကောင်းတယ် … '
' ဟုတ်တယ်အစ်ကိုကြီး … မနေ့ညက သီဟကိုယ်တိုင် အသေသတ်ပစ်ခဲ့တာ ကျွန်မဘာဆက်လုပ်ရဦးမလဲ '
' အင်း … နင်တို့အပိုင်ရဲစခန်းမှာ တရားခံထီးကလေးကို ရဲအုပ်မောင်ဝင်းက လွတ်ပေးထားတယ် ပြီးတော့ ထီးကလေးဆိုတဲ့ သူက မနေ့ညက နင်ဆိုင်ထဲကို ဝင်ပြီး မိနွယ်ကို အဓမ္မပြုဖို့ကြံတယ်ဆိုပြီး အမှူ့သွားတိုင်ရမယ် '
' ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်မသဘောပေါက်ပြီး '
' အေး … ဒါပေမယ့် နင်တို့မြို့နယ်က အပိုင်စခန်းမှူးကြီး အခုခရီးထွက်နေတယ်လို့ ငါသိထားရတယ် … သူရှိမှာမဟုတ်ဘူး အဲ့ဒီတော့ ငါနဲ့ငါ့မိတ်ဆွေရဲမှူးကြီး မနက်ဖြန် နင်တို့မြို့နယ်ကို အရောင်းအဝယ်ကိစ္စတစ်ခုနဲ့ လာဖို့ရှိတယ် … အဲ့ဒီအခါကျမှ လမ်းကနေ ဖျက်ပြီး ရဲမှူးကြီးဆီမှာ ငါပြောသလို ပြောပြီးတိုင်ပင်တော့'
' ဟုတ်ကဲ့ အစ်ကိုကြီး … ကျွန်မသဘောပေါက်ပါပြီ '
' ဘာတတ်နိုင်သေးလဲ ဖော်ကောင်လုပ်ချင်တဲ့ ကောင်တွေ အခုတော့ တစ်ယောက်ရှင်းသွားပြီ … မောင်ဝင်းဘယ်လိုရှင်းမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့'

နေ့စဉ်နှင့်အမျှ ဦးဇော်မျိုးခိုင်းစေသော အလုပ်များအား ခင်မာလာတစ်ယောက် ကောင်းမွန်စွာလုပ်စေခဲ့ပြီး အကြောင်းစုံ ပြန်လည်ရှင်းပြပြောဆိုလေ့ရှိသည်။ ယခုအခါ ထီးကလေးအား သီဟတစ်ယောက် အသေသတ်နိုင်ခဲ့သည့် အကြောင်းများအား ခင်မာလာပြောဆိုခဲ့ပြီး ဦးဇော်မျိုးတစ်ယောက်ထပ်မံစေခိုင်းသည့် အတိုင်း အပိုင်ရဲစခန်းဆီသို့ သွားရောက်တိုင်ကြားစေခဲ့သည်။ သို့ပေမယ့် ထိုနယ်ပိုင် ရဲအရာရှိမှာ ခေတ္တခရီးထွက်သွားစေပြီး နီးစပ်ရာ ရဲအုပ်မောင်ဝင်းထံသို့သာ သွားရောက်တိုင်ကြားရန် ထိုမြို့နယ်ပိုင်ရဲများဟာ လမ်းညွန်ပေးလေခဲ့သည်။ ရဲအုပ်မောင်ဝင်းထံသို့ မတိုင်ကြားစေပဲ ဦးဇော်မျိုးစေခိုင်းထားသည့်အတိုင်း ရဲမှူးကြီးတစ်ယောက် မိမိတို့၏မြှိုနယ်သို့ လာရာလမ်းတွင် ခင်မာလာကြိုတင်စောင့်နေခဲ့ပြီး။

ရဲမှူးကြီးနှင့် ဦးဇော်မျိုးတို့မှာ မိတ်ဆွေများဖြစ်ကြပြီး (   )မြို့နယ်သို့ ဦးဇော်မျိုး၏ ကိစ္စတစ်ခုဖြင့် ယခုအခါ ရဲမှူးကြီးမှာ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် လမ်းခုလပ် တစ်နေရာ၌ ခင်မာလာစောင့်နေခဲ့ပြီး ရဲမှူးကြီးနှင့် ဦးဇော်မျိုးအား မြင်တွေ့လိုက်သည်နှင့်
' ကယ်ကြပါဦးရှင် ကယ်ကြပါဦး '
ဖြေးညင်းစွာ မောင်းနှင်လာသော မော်တော်ဆိုင်ကားအား ခင်မာလာတစ်ယောက် အလောတကြီးတားဆီးလိုက်လေပြီး နှုတ်မှ မာယာများစွာဖြင့် ပြောဆိုလိုက်သည်။
' ဘာများကူညီပေးရမလဲခင်ဗျ '
' ကျွန်မ အမှူ့တစ်ခု တိုင်ချင်လို့ပါ '
' ဟင် အစ်မကြီး  … အပိုင်စခန်းမှာ သွားတိုင်ပါလား '
' ဟင်အင့် … ဒီကရဲကြီးကိုပဲ တစ်ခါတည်းတိုငိပါရစေ '
' ဟုတ်ပါပြီ ကဲပြော … ကျုပ်ဘာများ ကူညီပေးရမလဲ '
' ဟို … ဟို မနေ့ညတုန်းက ကျွန်မဆိုင်ထဲကို လူသတ်တရားခံ ထီးကလေးရောက်လာပြီး ဆိုင်ကမိန်းကလေးတစ်ယောက်ကို အလိုမတူပဲ ခေါ်ဆောင်သွားခဲ့ပါတယ် … '
' ဟင် … လူသတ်တရားခံ ထီးကလေးဟုတ်လား '
' ဟုတ်ပါတယ်ရှင် … အဲ့ဒီလူသတ်တရားခံကို ရဲအုပ်မောင်ဝင်းက နေ့ဘက်ဆိုရင်အချုပ်ထဲမှာ ထားပြီး ညရောက်ရင် သူ့မိတ်ဆွေကို လွတ်ပေးထားခဲ့ပါတယ် အဲ့ဒါကြောင့် တရားခံထီးကလေးက မနေ့ညက ကျွန်မစားသောက်ဆိုင်ကို ရောက်လာပြီး ကောင်မလေးတစ်ယောက်ကို အတင်းဆွဲခေါ်သွားခဲ့ပါတယ် '
' ဘာ … ကိုမောင်ဝင်းက တရားခံလွတ်ပေးတယ် ဟုတ်ပါ့မလား ကိုမောင်ဝင်းအဲ့ဒီလိုလုပ်လေ့မရှိပါဘူး '
' ကျွန်မတကယ်ပြောနေတာပါ မယုံရင် တရားခံကိုဖမ်းထားတယ်ဆိုတဲ့ ကိုမောင်ဝင်းဆီကို သွားကြည့်ကြည့်ပါရှင် … ကျွန်မတကယ်ပြောနေတာပါ '
' ကဲ ဟုတ်ပြီ … စိတ်ချအစ်မကြီး ဥပဒေကို လက်တစ်လုံကြားမလုပ်စေရပါဘူး ကျူပ်အကူညီပေးပါ့မယ်'
' ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ် '

ရဲမှူးကြီးဟာ
  တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
            လိုက်သူများနှင့်
နှစ်၁၀၀ သက်ဝင်မြေးဘွားနှင့် အောက်လမ်းမာယာ အဖြစ်ပျက်တွင် ထီးကလေးနှင့် ရဲအုပ်မောင်ဝင်းတို့၏ ခင်မင်မှု့အတိုင်းအား သိရှိထားပြီးဖြစ်သည်။ ရဲအုပ်မောင်ဝင်းအားလည်း ရဲမှူြးှကီးမှာ တလေးတစား တန်ဖိုးထားသူ တစ်ယောက်ဖြစ်ပြီး ခင်မာလာ၏ ငိုယိုတိုင်ကြားနေသော စကားတို့အား ကြားနေခဲ့ရသော်လည်း ရဲမှူးကြီးမှာ ယုံရခတ်နေခဲ့သည်။ မိတ်ဆွေဦးဇော်မျိုး၏ ကိစ္စပြီးသည်နှင့် ရဲမှူးကြီးမှာ အပိုင်ဌာနသို့လျင်မြန်စွာ ပြန်စေခဲ့ပြီး ကိုမောင်ဝင်းတာဝန်ကျရာ အပိုင်စခန်းသို့ အလောတကြီးထွက်ခွာလာလေခဲ့သည်။

သူငယ်ချင်းဖြစ်သူ ထီးကလေးတစ်ယောက် မိမိတို့ထံသို့ ပြန်လည်မရောက်လာခဲ့သည်နှင့် ယခုဆို သုံးရက်တိတိရှိနေချေခဲ့ပြီဖြစ်သည်။ နေ့စဉ်နှင့်အမျှ ထီးကလေး၏ အပြန်အား စောင့်မျှော်နေကြသည့် သူငယ်ချင်းဖြစ်သူများဟာ လွန်စွာမှပင် စိတ်ပူနေချေခဲ့ပြီး။
' ကိုမောင်ဝင်း … ထီးကလေး ဘာဖြစ်လို့ ပြန်ရောက်မလာရသေးတာလဲ မသိဘူး … ကျုပ်စိတ်ပူလှပြီ'
' စိတ်အေးအေးထားပါ ကိုတန်ခိုး … ထီးကလေးပြန်ရောက်လာမှာပါ သူပြန်ရောက်လာတာနဲ့ ကျုပ်တို့အတွက် သက်သေအခိုင်လုံရလောက်ပြီလို့ ကျူပ်ယုံကြည်တယ် … '
' ဟုတ်တယ် ကိုမောင်ဝင်း … ကျွန်မလဲ အိပ်မက်ဆိုးတွေ မက်နေတယ် … ထီးကလေးအဆင်မှပြေရဲ့လား မသိပါဘူး'
' မျှားကလေးကလဲ … ခင်ဗျားတို့ သူငယ်ချင်းအကြောင်းလဲ သိနေတာပဲ သူအဆင်ပြေမှာပါ ဘာမှ စိတ်ပူမနေနဲ့ ဟုတ်ပြီလား '
' ဒီလိုပဲဖြေသိမ့်ထားရတာပေါ့လေ '

' ဆရာ … ရဲမှူးကြီးရောက်နေတယ် … ဆရာနဲ့ တွေ့ချင်လို့တဲ့'
' ဟင် … ရဲမှူးကြီးရောက်နေတယ်ဟုတ်လား ခေါ်လိုက်လေ ဘာဖြစ်လို့ စခန်းကိုရောက်လာရပါလိမ့်'

အကြောင်းကိစ္စရှိမှသာလျင် တာဝန်ကျရာ အပိုင်စခန်းမှ ရဲအုပ်မောင်ဝင်းအား ရဲမှူးကြီးတစ်ယောက် ဆင့်ခေါ်လေ့ရှိရာမှ ယခုအခါ မိမိ၏ အပိုင်စခန်းရှိရာသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိလာသည်ကို မသိချေ။
' ရဲမှူးကြီး ကြွပါ '
 စခန်းအတွင်းသို့ အလောတကြီးဝင်ရောက်လာသော ရဲမှူးကြီးအား ကိုမောင်ဝင်းတစ်ယောက် နေရာပေးစေခဲ့ပြီး ရဲမျူးကြီတစ်ယောက် မောင်ဝင်း၏မျက်နှာအား မော့့ကြည့်လိုက်ပြီး
' ရဲအုပ်မောင်ဝင်း !… '
' ဟုတ်ကဲ့ ရဲမှူးကြီး '
' ထီးကလေးရော !… '
' ထီး … ထီးကလေး '
' ကျူပ်ကိုအမှန်တိုင်းဖြေပါ ကိုမောင်ဝင်း '
' ထီးကလေး ကျွန်တော့ဆီကို ပြန်ရောက်မလာတာ သုံးရက်တိတိရှိနေပါပြီ '
' ဒါဆို တရားခံဆိုတဲ့ ထီးကလေးကို ရဲအုပ်မောင်ဝင်းလွတ်ပေးထားတယ်ဆိုတာ မငြင်းတော့ဘူးပေါ့ '
' ကျွန်တော်မငြင်းပါဘူးရဲမှူးကြီး … တကယ်တော့ ထီးကလေးက တကဟ့်တရားခံအစစ်လဲ မဟုတ်ပါဘူး ခြံအမှတ် ၆၆နဲ့ပတ်သတ်ပြီး ပျောက်ဆုံးနေတဲ့ အမှု့တစ်ခုကို ဖော်ထုတ်နေရင်း အကွက်ကျကျထောင်ချောက်ထဲ ရောက်သွားခဲ့ရတာပါ '
' ဒါတော့ ဒါပေါ့ ဒါပေမယ့် အခုချိန်မှာ အားလုံးရဲ့အမြင်မှာ တရားခံက ထီးကလေးပဲဖြစ်နေတယ်လေ … တရားခံကို အခုလိုလွတ်ပေးထားရင် ကိုမောင်ဝင်ဒုက္ခရောက်သွားလိမ့်မယ်ဆိုတာ မသိဘူးလား'
' ကျွန်တော်သိပါတယ် ရဲမှူးကြီး … ဒါပေမယ့် သေဆုံးသူ မိန်းကလေးရဲ့အလောင်းက အခုပျောက်နေတော့ အမှု့ကို ခေတ္တရပ်ဆိုင်းထားရင် တကဟ့်တရားခံအစစ်ကို စုံးစမ်းဖို့ ထီးကလေးကိုလွတ်ထားတာပါ '
' ခတ်တာပဲဗျာ … ဒါပေမယ့် အခုဖြစ်ရပ်အားလုံးကို ရဲချုပ်ကြီးအထိ သတင်းပေါက်ကြားသွားပြီ … ကျူပ်ကိုလဲ ဟောက်လွတ်လိုက်တယ် … ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ရဲအုပ်မောင်ဝင်းကို အချိန်သုံးရက်ပဲပေးမယ်လို့ ပြောလိုက်တယ် … သုံးရက်ပြည့်လို့မှ တရားခံထီးကလေးပြန်ရောက်မလာရင် ရဲအုပ်မောင်ဝင်းကို ရာထူးက ချပြီး ဥပဒေကိုအလွဲသုံးစွဲလုပ်မှု့နဲ့ အပြစ်ဒဏ်ကျရလိမ့်မယ်လို့ ကျုပ်ကိုပြောလိုက်ပြီ '
' ဗျာ … ဟုတ် … ဟုတ်ကဲ့ရဲမှူးကြီး ကျွန်တော်တစ်ခုလောက် မေးပါရစေ ထီးကလေးကို ကျွန်တော်လွတ်ထားပေးတဲ့ အကြောင်းကို ဘယ်သူဆီက သိလာရတာလဲ '
' ဟူး … ကျုပ်မပြောတော့ဘူး မကြာခင် ခင်ဗျားဆီမှာ မိန်းမတစ်ယောက်အမှု့လာတိုင်လိမ့်မယ် အဲ့ဒီအခါကျမှ သေချာသိရလိမ့်မယ် အခုတော့ ကျူပ်မှာတာဝန်လေးတွေရှိသေးတယ် ခွင့်ပြုဦး '
' ဟုတ်ကဲ့ရဲမှူးကြီး ကျေးဇူးတင်ပါတယ် '

မိမိလေးစား အားထားရသည့် ရဲအုပ်မောင်ဝင်းအား စိုးရိမ်ပူပန်စိတ်များဖြင့် ရဲမှူးကြီးတစ်ယောက် ပြောဆိုခဲ့ပြီး အထက်မှ ထိုအမှု့နှင့်ပတ်သတ်ပြီး ကိုမောင်ဝင်းအား အချိန်သုံးရက်သာ ပေးမည်ဟုသိရှိလိုက်ရတော့သည်။ ရဲမှူးကြီးထွက်ခွာသွားသည်နှင့် ကိုမောင်ဝင်းမှာ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်ချလိုက်ပြီး
' ကိုထီးကလေးကို တစ်ယောက်ယောက်များ တွေ့သွားခဲ့တာလား … ဘယ်လိုဖြစ်ပြီ ဒီကိစ္စကို ရဲမှူးကြီးသိသွားရတာလဲ '
' ကိုမောင်ဝင်း … အဲ့ဒီစားသောက်ဆိုင်ကို ကျုပ်လိုက်သွားလိုက်ရမလား '
' နေဦး လမ်းကလေး … ထီးကလေးပြန်လာမှာပါ ခဏလေးစောင့်လိုက်ဦးမယ် '

' ဆရာ … မိန်းမတစ်ယောက် အမှု့တိုင်ချင်လို့တဲ့ ရောက်နေတယ် '
' ဟင် … ရဲမှူးကြီးပြောသွားတဲ့ မိန်းမပဲဖြစ်ရမယ် ဝင်ခိုင်းလိုက်လေ '

လာရောက်အကြောင်းကြားသော ရဲဘော်လေးအား ဝင်ခွင့်ပြုစေရန် ပြောဆိုလိုက်ပြီး မိမိ၏ တာဝန်စားပွဲဝိုင်း အရှေ့သို့ ရောက်ရှိလာသူများဟာ မိနွယ်နှင့်ခင်မာလာတို့ပင် ဖြစ်ချေသည်။

' သြော် … ခင်ဗျားပဲ … ခင်ဗျားဆိုင်က ကောင်မလေး အသတ်ခံရတဲ့ အမှု့ကို ကျုပ်ရပ်ဆိုင်းထားတယ်နော် '
' သိပါတယ် … အခု နောက်တစ်ခုတိုင်ချင်လို့ '
' ကဲပြော … ဘယ်သူ့ကိုတိုင်ချင်တာလဲ '
' ရဲအုပ်မောင်ဝင်းဆိုတဲ့ သူကိုပါ '
' ဘာ ! … ကျူပ်ကို လာပြန်တိုင်တာ ဟုတ်လား '
' ဟွန်း … ကိုင်းပြောစမ်းပါဦး ဘာဖြစ်လို့တိုင်တာလဲ '
' ရဲအုပ်မောင်ဝင်းဆိုတဲ့ သူက သူ့မိတ်ဆွေ လူသတ်တရားခံကို လွတ်ပေးထားတယ် အဲ့ဒီလူသတ်တရားခံက မနေ့ညတုန်းက ကျွန်မဆိုင်က မိနွယ်ဆိုတဲ့ မိန်းကလေးကို အတင်းအဓမ္မဆွဲခေါ်သွားခဲ့တယ် … ဆိုင်က ဝိတ်တာလေးတစ်ယောက် ကယ်လိုက်လို့ အဲ့ဒီလူနောက်ကို ဒီက ကလေးမလေး ပါမသွားခဲ့တာပါ'
' ဟင် … ဟုတ်ပြီ ခင်ဗျားပြောချင်တဲ့ သူဆိုတာ ထီးကလေးလား '
' သိပ်ဟုတ်ပါတယ်ရှင် '
' ထီးကလေးက မိနွယ်ကို အတင်းဆွဲခေါ်သွားပါတယ်ဆိုတာ ကျုပ်က ဘယ်လိုယုံရမလဲ '
' ဒီမှာ သတ်သာပါပါတယ် ကြည့်ကြည့်ပါ '

ပလပ်စတစ်အိတ်အမဲဖြင့် ထုတ်လာသည့် အထုတ်အား မောင်ဝင်းထံသို့ သက်သေခံပစ္စည်းဟုဆိုတာ အပ်နှံလိုက်လေသည်။ ခင်မာလာပေးသည့် အထုတ်အား မောင်ဝင်းတစ်ယောက် ဖွင့်ဖောက်ကြည့်လိုက်ပြီး
' ဟင် … ဒါထီးကလေး အကျီပဲ '
' ကိုမောင်ဝင်း … ဒါထီးကလေး နောက်ဆုံးဝတ်ထားခဲ့တဲ့ သူ့ရဲ့အကျီပဲ … ထီးလေးတစ်ယောက် အန္တရယ်တစ်ခုခုနဲ့ ရင်ဆိုင်နေရပြီးနဲ့တူတယ် '
' ဟုတ်တယ် … သူ့အကျီ ဘယ်လိုဖြစ်ပြီး ခင်ဗျားတို့လက်ထဲ ရောက်နေရတာလဲ '
' ဟင်း … ဟင်း … ဘယ်လိုလုပ် ရောက်နေရမှာလဲ မိနွယ်လေးကို အတင်းဆွဲခေါ်သွားတယ် ပြီးတော့ အဓမ္မပြုကျင့်ဖို့ ကျင့်ရာကနေ မလစ်တဲ့အဆုံး ထွက်ပြေးသွားလို့ သူချွတ်ထားတဲ့ အကျီကျန်နေခဲ့တာပဲ '
' ဘာ ! … မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး … ခင်ဗျားတို့ထီးကလေးကို ဘာလုပ်လိုက်ကြပြီလဲ '
' အဲ့ဒါတော့ ကျွန်မလဲ မသိဘူး … အခုလာရင်းကိစ္စက အဲ့ဒါတိုင်ချင်လို့ပဲ … ရဲမှူးကြီးကို တိုင်ထားပေမယ့် အပိုင်ရဲစခန်းက မောင်ဝင်းသိရအောင် ထပ်တိုင်ထားတာ '
' ခင်ဗျားက တကဟ့်ကို ယုတ်မာတဲ့ မိန်းမပဲ '
' ရှင်စကားပြော စဉ်ချင်ပါ အမှု့လာတိုင်တဲ့ သူကို အဲ့ဒီလိုပြောစရာ မလိုပါဘူး '
' တောက် ! … လုပ်ထားဦးပေါ့လေ ငါကိုယ်တိုင် ကြိုးစားပြီး မင်းတို့ရဲ့ ယုတ်မာမှု့တွေအားလုံးကို ဖော်ထုတ်ပစ်မယ်'
' ကြိုးစားပေါ့ ရှင့်မှာ အချိန်သုံးရက်တည်းပဲရှိတော့တာ သုံးရက်အတွင်း တရားခံထီးကလေးကို မဖမ်းပေးနိုင်ရင်တော့ ဟီးဟီး '
' တိတ်စမ်း !… ခင်ဗျားပြန်လို့ရပြီ '
' ခွင့်ပြုပါဦးရှငိ ကျေးဇူးတင်ပါတယ်'

မချီပြုံး ပြုံးကာ ခင်မာလာနှင့်မိနွယ် စခန်းအတွင်းမှ ထွက်ခွာသွားခဲ့ချေတော့သည်။ ခြံအမှတ်၆၆ နှင့်ပတ်သတ်ပြီး မင်းသားရဲရန်နိုင်ဟာ ထိုအိမ်ကြီး၌ ယခုထိတိုင်မကျွတ်လွတ်နိုင်သေးသော ကေသဇင်စိုးအား အဓမ္မပြုကျင့် သတ်ခဲ့ရာမှ ထီးကလေးနှင့် သူ၏ သူငယ်ချငိးများမှာ ထိုဖြစ်ရပ်အား ပြန်လည်ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။ မိမိတို့၏ ခြေလှမ်းထက် တစ်လှမ်းကြိုမြင်နေသော မင်းသာရဲရန်နိုင်၏ိံ ဖခင်ဦးဇော်မျိုးဟာ ဝိဥာဉ်ဘဝသို့ ရောက်ရှိနေသော ကေသဇင်စိုးအား ချုပ်နှောင်ထားစေပြီး မိမိတို့၏ ပြစ်မှု့များအား ဖော်ထုတ်မည့် လူငယ်ငါးယောက်နှင့် ရဲအုပ်မောင်ဝင်းအား အကွက်ကျကျထောင်ချောက်စင်ကာ လုပ်ကြံခဲ့သည်ကို နယ်မြေပိုင် အခွင့်ရေးရဲအုပ်မောင်ဝင်း တစ်ယောက် သိရှိနေခဲ့သော်လည်း မည်သည့်သက်သေမှ မပြနိုင်ပဲ ခံပြင်းစွာဖြင့် နေခဲ့ရသည်။

ယခု တရားခံဟု စွတ်စွဲခံထားရသော မိတ်ဆွေထီးကလေးအား ထပ်မံ၍ ခင်မာလာတစ်ယောက် ဒုတိယအကြိမ် သက်သေအခိုင်လုံဖြင့် လာရောက်တ်ုင်ကြားနေခဲ့ပြန်သည်။

' ဒီအကျီက ဘာဖြစ်လို့ သူတို့ဆီကိုရောက်သွားရတာလဲ '
' သေချာတယ် ကိုမောင်ဝင်း ကျုပ်သူငယ်ချင်း အန္တရယ်တစ်ခုခုနဲ့ ရင်ဆ်ုင်နေရပြီ … '
' ဘယ်လိုလုပ်ကြမလဲ … ထီးလေးကရော အခုဘယ်ပျောက်နေရတာလဲ '
' ထီးလေး အကြောင်းကို ငါကောင်းကောင်းသိတယ် … သူဒီမှာရှိနေသေးရင် ငါတို့ဆီကိုတော့ တစ်ခေါက်လောက်ဖြစ်ဖြစ် ပြန်ရောက်လာဦးမှာပဲ အခုသူပြန်မလာတာ သုံးရက်တောင်ရှိနေပြီ '
' ကိုမောင်ဝင်း … ကျုပ်ထီးလေးအကြောင်း သွားစုံစမ်မယ် ကျုပ်ကို ခွင့်ပြုပါ '
' နေဦး ကိုတန်ခိုး ထီးလေးနောက်ဆုံးပြောသွားတဲ့ စကားကို မှတ်မိသေးလား '
' သိပ်မှတ်မိတာပေါ့ တစ်ခုခုလွဲချော်သွားခဲ့ရင်တောင် သူ့ကြောင့် ကိုမောင်ဝင်းဒုက္ခမရောက်စေရဘူး အပြင်မှာပဲ အသေခံလိုက်မယ်လို့ ပြောသွားခဲ့တယ် '
' မဟုတ်မှာလွဲရော ထီးလေး … '
' ကိုမောင်ဝင်း ကျွန်မတစ်ခု စဉ်းစားမိတယ် … ရဲမှူးကြီးပြောသွားတဲ့ အထက်ကအချိန်သုံးရက်ပဲ ကိုမောင်ဝင်းကို ပေးထားတယ်ဆိုတာ တော်ရုံတန်ရုံ လူတွေမသိနိုင်တဲ့ အကြောင်းအရာတစ်ခုမဟုတ်လား '
' ဟုတ်တယ် … ရဲမှူးကြီးနဲ့ ကျုပ်အထက်က လူတွေပဲ ဒီအကြောင်းကို သိနိုင်တာ … ဘာဖြစ်လို့ ခင်မာလာက သိနေရတာလဲ '
' ကျုပ်လဲ သူပြောလိုက်ကတည်းက ရိပ်မိလိုက်တယ် ဒါဆို ခင်မာလာကိုလဲ တစ်ယောက်ယောက်က အကြပ်ကိုင်ခိုင်းနေတာပဲဖြစ်ရမယ် '
' သေချာတာပေါ့ … ကေသဇင်စိုးရဲ့ အမှု့ကို ပြန်ဖော်လို့မရတော့အောင် ရဲရန်နိုင်က ကျုပ်တို့အားလုံးကို အမြစ်ဖျက်ပစ်မှာသေချာတယ် '
 ' အိုးကွာ … ဘာမှ မပူနဲ့ မိုးမြင့်စားသောက်ဆိုင်ကို ငါသွားမယ် ထီးလေးအကြောင်းကို မရရအောင် စုံးစမ်းခဲ့မယ်'
' ကိုတန်ခိုး … စိတ်လိုက်မာန်ပါမလုပ်ပဲ ထီးလေးအကြောင်းကိုပဲ စုံးစမ်းခဲ့ပေးပါ '
' စိတ်ချ ကိုမောင်ဝင်း  ကျုပ်သူငယ်ချင်းတစ်ခုခုဖြစ်လို့ကတော့ မလွယ်ဘူးသာမှတ်ပေတော့ '
' တန်ခိုး စိတ်ချမယ်နော် '
' စိတ်ချပါသူငယ်ချင်းတို့ ငါအမြန်ဆုံး ပြန်လာခဲ့ပါ့မယ် '

သူငယ်ချင်းဖြစ်သူ ထီးကလေး၏ သတင်းအား သိရှိစေရန် တန်ခိုးတစ်ယောက် မိုးမြင့်စားသောင်ဆိုင်ဆီသို့ ဦးတည်ထွက်ခွာလာချေခဲ့သည်။ သို့နှင့် မိုးမြင့်စားသောက်ဆိုင်အရှေ့သို့ အရောက် တစ်ဆိုင်လုံး တိတ်ဆိတ်နေခဲ့ပြီး တံခါးများ ပိတ်ထားသည်အား တွေ့လိုက်ရလေသည်။ ဆိုင်ပတ်ဝန်းကျင်အား သေချာစွာ အကဲခတ်ကြည့်နေစဉ် အချိန်၌ပင် ပိတ်ထားသည့် ဆိုင်တံခါးမှာ ပွင့်လစ်လာခဲ့ပြီး ဆိုင်အတွင်းမှ ဝိတ်တာကောင်လေးတစ်ယောက် ထွက်လာခဲ့ချေသည်။ မိမိအား မမြင်တွေ့စေရန် ပုန်းရှောင်နေလိုက်ပြီး ထိုကောင်လေး လျောက်လှမ်းနေသော အနောက်သို့ တန်ခိုးတစ်ယောက် ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်နေရင်း လူရှင်းသည့် နေရာအရောက်မှာတော့
' ရပ်စမ်း ဟေ့ကောင် ! … '
မာန်ပါပါဖြင့် တန်ခိုးတစ်ယောက် တားလိုက်သည်ကြောင့် ထိုကောင်လေးမှာ ရပ်တန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
' ဗျာ … ကျွန်တော့ကို ပြောတာလား '
'ဟုတ်တယ် … မင်းက မိုးမြင့်စားသောက်ဆိုင်က ဝိတ်တာမဟုတ်လား '
' ဟုတ်တယ်လေ … အစ်ကိုက ကျွန်တော့ကို သိလို့လား ဟားဟား သိမှာပေါ့ ဘာလဲ ကောင်မလေးတွေနဲ့ တွေ့ချင်လို့လား … ဒါဆို နောက်နေ့မှလာတော့ ဒီနေ့နဲ့မနက်ဖြန် ကျွန်တော်တို့ဆိုင် ပိတ်ထားတယ် '
' တိတ်စမ်း … ငါမေးတာကိုပဲဖြေ ထီးကလေးကို သိလား'
' ဟင် … မ … မသိဘူး '

အမူယာပျက်ခါ ငြင်းလိုက်သော ထိုဝိတ်တာလေးအား တန်ခိုးတစ်ယောက် နားကျင်ယုံမျှ လက်ပြန်တုတ်လိုက်ပြီး ဒုတိယအကြိမ် ထပ်မံမေးလိုက်သည်။
' အား … လွတ်ပါ ဘာလုပ်တာလဲ '
' ဟေ့ကောင် … မင်းလက် မကျိုးချင်ရင် ငါမေးတာကိုအမှန်တိုင်းဖြေ … ထီးလေးကို သိလား … ဖြေလေ'
'အား !… သိ … သိပါတယ် '
' သူဘယ်မှာလဲ ပြောစမ်း … ပြောလေ '
' အား … သူ … သူသေပြီ '
' ဘာ … ထီးလေး သေပြီဟုတ်လား … ဟေ့ကောင် မင်းငါ့ကို လိမ်နေတာလား '
' မ … မလိမ်ပါဘူးဗျာ … အဲ့ဒါကြောင့် ကျုပ်တို့ဆိုင်လဲ ခဏပိတ်ထားတာပါ ဒါကြောင့် ကျွန်တော်လဲ ကိုယ့်အိမ်ကိုယ်ပြန်မလို့ပါ မလိမ်ပါဘူး '
' ထီးလေးက ဘယ်လိုသေသွားရတာလဲ ပြောစမ်း '
' ကျွန် … ကျွန်တော်လဲ သေချာမသိပါဘူး မမကြီးပြောနေတာကို တစွန်းတစ ကြားခဲ့ရတာပါ ဟို … ဟိုမိန်းကလေးတစ်ယောက်ကို ကယ်ရင်းနဲ့ သေသွားတာလို့ သိရပါတယ် '
' ဘာ !… သူကယ်တယ်ဆိုတဲ့ မိန်းကလေးက မင်းတို့ဆိုင်က မိနွယ်ဆိုတဲ့ မိန်းကလေးလား ''
' ဟုတ် … ဟုတ်ပါတယ် '
' ကောင်းပြီ မင်းစကားကို ငါမယုံသေးဘူး အခုမိနွယ်မှာ ဘယ်မှာရှိနေလဲ '
' သူ … သူ့အဆောင်မှာ ရှိနေပါတယ် '

' ကောင်းပြီး … မင်းကိုလွတ်ပေးလိုက်မယ် … ငါ့ကိုလိမ်လို့ကတော့ မင်းသေဖို့သာပြင် '
' ဟုတ် … ဟုတ်ကဲ့ … ကျွန် … ကျွန်တော်မလိမ်ရဲပါဘူး '
' မင်းတို့ဆိုင်က ပေးထားတဲ့အဆောင်မှာပဲ မိနွယ်ရှိနေတာ သေချာတယ်နော် '
' ဟုတ် … ဟုတ်ကဲ့ အစ်ကို သေ … သေချာပါတယ် '

ဝိတ်တာကောင်လေးအား လက်ပြန်တုတ်၍ နာကျင်အောင်ပြုလုပ်စေခဲ့ပြီး သူငယ်ချင်းဖြစ်သူ ထီးကလေး၏အကြောင်အား တန်ခိုးတစ်ယောက် မေးမြန်းနေခဲ့သည်။ မိမိ၏အသား နာကျင်သောကြောင့် ဝိတ်တာကောင်လေးမှာ ထီးကလေးနှင့် ပတ်သတ်သမျှ မိမိသိရှိထားသော အကြောင်းများအား ပြောဆိုကာ မိနွယ်ရှိနေသည့် နေရာဆီသို့ တန်ခိုးအား လမ်းညွှန်ပေးလိုက်ချေတော့သည်။ ဝိတ်တာကောင်လေးပြောသော မိမိ၏သူငယ်ချင်းဖြစ်သူ ထီးကလေးသေပြီဟူသော စကားကိုပင် တန်ခိုးတစ်ယောက်မှာ မယုံကြည်နိုင်ချေ။ မိနွယ်အား ကယ်တင်ပေးရာမှ သေဆုံးသွားခဲ့ရသည်ဟု ဆိုသော ဝိတ်တာကောင်လေး၏ စကားကြောင့်ပင် သေချာစွာသိရှိစေရန် မိနွယ်ရှိရာသို့ အရောက်လှမ်းလာချေတော့သည်။

တိတ်ဆိတ်ငြိမ်သတ်နေသည့် စားသောက်ဆိုင်ဝန်းအတွင်းသို့ တန်ခိုးတစ်ယောက်ရောက်ရှိလာခဲ့ပြီး မိနွယ်နေထိုင်ရာ အခန်းဆီသို့ ရှာဖွေနေလေခဲ့သည်။ ထို့နောက် အခန်းတစ်ခုအတွင်းသို့ သီဟတစ်ယောက် ဝင်ရောက်သွားသည်အား တန်ခိုးတွေ့ရှိလိုက်ပြီး အရှေ့သို့လှမ်းနေသော သူ၏ိံခြေလှမ်းများ ရပ်တန့်သွားကာ မမြင်ကွယ်ရာ၌ ခေတ္တပုန်းခိုနေလိုက်သည်။

' အရှင်ဘုရား … တပည့်တော်မကြောင့် ရိုးသားတဲ့ လူတစ်ယောက် အသက်ပေးလိုက်ရပါတယ် တပည့်တော်မှာ အပြစ်ရှိပါတယ် အရှင်ဘုရား … ထီးကလေးတစ်ယောက် ကောင်းရာမွန်ရာ ဘဝကို ရောက်ပါစေ … အမျှ … အမျှ … ! '
' တိတ်စမ်း ! … သြော် နင်က ထီးကလေးအတွက် အမျှပေးနေတယ်ပေါ့ ဟုတ်လား … '
' သီဟ ငါ့ဘာသာငါ ဘာလုပ်လုပ် နင်နဲ့မဆိုင်ဘူး အခုချက်ချင်း ငါ့အခန်းထဲက ထွက်သွားစမ်း '
' အေးထွက်သွားမှာပါ … မမကြီးခိုင်းတဲ့ ကိစ္စတွေအားလုံး ငါဘာကြောင့် လုပ်ပေးနေရတယ်ဆိုတာ နင်သိမှာပါ … အဲ့ဒါအားလုံးက နင့်ကြောင့် ငါလုပ်ပေးနေခဲ့တာ … သူတို့ခိုင်းတာတွေ အားလုံးပြီးသွားရင် နင်နဲ့ငါ့ကို လက်ထပ်ပေးမယ်လို့ ပြောတယ် '
' ဘာ !… နင်စိတ်ကူးယဉ်မနေနဲ့ … ငါ့အခန်းထဲက အခုချက်ချင်းထွက်သွား … '
' သွားမှာပါ … တစ်ခုတော့ပြောလိုက်မယ် … နင့်ရင်ထဲမှာ ရှိနေတဲ့ ထီးကလေးဆိုတာကို ထုတ်ပစ်ထား … မဟုတ်လို့ကတော့ နင်ငါ့အကြောင်းသိတယ်နော် … ဒါပဲငါသွားမယ် '

မာန်ပါပါခြိမ်းခြောက်ပြောဆိုကာ သီဟ၏ လက်ချက်ဖြင့် သေဆုံးသွားသော ထီးကလေးအား မိနွယ်တစ်ယောက် အမျှပေးနေစဉ်၌ အခန်ူအတွင်းသို့ ရောက်ရှိလာပြီး ထိုသို့ပြောကာ လူသတ်သမားသီဟ ထွက်ခွာသွားခဲ့ချေတော့သည်။ အခန်းအတွင်းမှ သီဟတစ်ယောက် ထွက်ခွာသွားသည်နှင့် ပုန်းနေသာ့် တန်ခိုးမှာ လျင်မြန်စွာထွက်လာပြီး မိနွယ်၏ အခန်းအား အပြင်မှအချက်ပေးခေါက်လိုက်သည်။
' သီဟ ငါ့ကို မနှောက်ယှက်ပါနဲ့တော့ဟာ … ငါတောင်းပန်ပါတယ် နင်သွားပါတော့ '
အခန်းအတွင်း၌ ရှိနေသော မိနွယ်မှာ တံခါးခေါက်သံအား ကြားလိုက်ရသည်ကြောင့် သီဟဟူသာထင်မြင်ခဲ့ပြီး ပြောဆိုနေလေခဲ့သည်။ သို့ပေမယ့် တံခါးခေါက်သံဟာ ရပ်တန့်သွားခြင်းမရှိသည်ကြောင့် မိနွယ်မှာ တံခါးဆီသို့ ရောက်ရှိလာခဲ့ပြီး ဒေါသကြီးစွာ ဖွင့်လိုက်လေသည်။
' ဟင် … ရှင် '
တံခါးပွင့်လာသည်နှင့် တန်ခိုးမှာ အခန်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ချေခဲ့ပြီး မိနွယ်၏ပါးစပ်အား ရုတ်တရက်ပိတ်လိုက်ချေသည်။
' မိနွယ် … ခင်ဗျားကို ကျုပ်ဘာမှ မလုပ်ပါဘူး ကျုပ်သိချင်တာလေးတွေ မေးရုံပါပဲ … ခင်ဗျားမအော်ပါနဲ့'
' ရှင်တို့တွေ ရောက်လာကြပြန်ပြီလား … ကျွန်မကို မနှောက်ယှက်ပါနဲ့တော့ '
' ကျုပ်နှောက်ယှက်ဖို့ ရောက်လာတာမဟုတ်ဘူး … ကျုပ်ကို ခင်ဗျားမြင်ဘူးပေမယ့် ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသေချာသိမှာမဟုတ်ပါဘူး … ကျုပ်က ထီးလေးသူငယ်ချင်း တန်ခိုးပါ '
' ရှင် … တန် … တန်ခိုးဆိုတာလား '
 'ဟုတ်တယ် … ကျုပ်မေးစရာရှိတယ် … ခင်ဗျားကို ထီးကလေး ဟိုမိန်းမပြောသလို အတင်းဆွဲခေါ်သွားခဲ့တာတော့ မဖြစ်နိုင်ဘူး … ကျုပ်သူငယ်ချင်းအကြောင်း ကျုပ်ကောင်းကောင်းသိတယ် … အခုကျုပ်တို့အရမ်းအရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ ထီးကလေးဘယ်မှာရှိနေလဲ '
' ထီးကလေး … ထီးကလေး သူ … သူသေပြီ'
' ဘာ !… ဘာပြောတယ် ထီးလေး သေပြီဟုတ်လား '
' ဟုတ်ပါတယ် ကျွန်မကိုကယ်ထုတ်သွားရင် သေခဲ့ရတာပါ'
' မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး ခင်ဗျားလိမ်နေတာ ခင်ဗျားလိမ်နေတာ '
' ဟုတ်တယ် ကိုတန်ခိုး … သီဟက ထီးကလေးကို မျက်စိကန်းအောင် အရင်လုပ်ပြီး ကျွန်မမျက်စိအရှေ့မှာ ရက်ရက်စက်စက် ဓားနဲ့ခုတ်သတ်ခဲ့တာပါ'
' ဟာ … ခင်ဗျား … ခင်ဗျား တကယ်ပြောနေတာလား'
' ကျွန်မကို ခွင့်လွတ်ပေးပါ ကျွန်မကို ရဲအုပ်မောင်ဝင်းဆီ ခေါ်ရာကနေ သူအသတ်ခံလိုက်ရတာပါ '
'  ဟာဗျာ … ထီးလေး ကျုပ်ကိုခွင့်ပြုဦး '

ကာယကံရှင် မိနွယ်ထံမှ သူငယ်ချင်းဖြစ်သူ ထီးကလေး၏ အကြောင်းအား သိရှိလိုက်ရသည့် တန်ခိုးတစ်ယောက်မှာတော့ လွန်စွာမှပင် ဝမ်းနည်းသွားခဲ့ပြီး မိနွယ်အားနှုတ်ဆတ်ကာ မိတ်ဆွေများရှိနေရာသို့ ငြိုငယ်လှသော မျက်နှာထားဖြင့် ပြန်လည်ထွက်ခွာလာခဲ့သည်။

' ဘယ်လို ကိုတန်ခိုး … ထီးလေး သေပြီဟုတ်လား'
' ဟုတ်တယ် … သီဟဆိုတဲ့သူ အသေသတ်လိုက်တာ '
' မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး တန်ခိုး နင်တစ်ခုခုများ မှားပြီးမေးခဲ့တာလား '
' ငါလုံးဝမမှားဘူး … မိနွယ်ဆီကနေ ကြားခဲ့ရတာ … ငါရောက်မလာခင် သူ့အခန်းထဲမှာ ထီးကလေးကို အမျှပေးနေတဲ့အသံကြားခဲ့ရသေးတယ် '
'ဟုတ်ပါ့မလားဗျာ … ဟုတ်ပါ့မလား ထီးလေးကိုလွယ်လွယ်နဲ့ သတ်ပစ်နိုင်လို့လား . '
' သီဟဆိုတဲ့သူက ထီးလေးကို မျက်စီကန်းအောင် အရင်လုပ်ပြီး သတ်ခဲ့တာလို့ သိရတယ် … တောက် ! … ဖြစ်မှဖြစ်ရလေ … ထီးလေးရာ ငါတို့ဘယ်လိုဖြစ်ဖြေရမှာလဲ'
' ငါမယုံဘူး … ငါမယုံဘူး ထီးလေးမသေဘူး '
' ငါးကလေး စိတ်ထိန်းပါဦး … ငါလဲမင်းတို့နဲ့ ထပ်တူခံစားရတာပဲ … ထီးလေးမရှိတော့ဘူးဆိုပေမယ့် ငါတို့လေးယောက်ရှိနေသေးတယ် … ထီးလေးအတွက် လက်စားပြန်ချေမယ် '
' မိတ်ဆွေတို့ ရန်ကိုရန်ခြင်း မဖြေရှင်းပါနဲ့ဦး … အခုလောလောဆယ် ကျူပ်တို့ဘက်မှာ အရမ်းအားနည်းနေတယ် စိတ်လိုက်မာန်ပါ လုပ်လို့မရသေဘူး '
' ငါအကြံရပြီ … ထီးလေးသေသွားပြီးဆိုတာ ငါမယုံဘူး … ကေသဇင်စိုး … ကေသဇင်စိုး '
' ဘာဖြစ်လို့လဲ တန်ခိုး … '
' ဘာဖြစ်ရမှာတုန်းဟ … ကေသဇင်စိုးက ပြောတယ်လေ သူက သရဲဘုရင်ဖြစ်နေပြီ ဒီမြို့နယ်မှာ ဘယ်သူသေသေ သူ့ဆီကိုအရင်ရောက်လာရတယ်လို့ ပြောတယ် … အဲ့ဒီတော့ ထီးလေး တကယ်သေလား မသေလားဆိုတာ ငါသွားမေးရမယ် '
' ဟာ … ဟုတ်တယ် … ဟင် … မဖြစ်သေးဘူး '
' မင်းကို ကေသဇင်စိုးက ပြောလိုက်သေးတယ်လေ … နောက်တစ်ခါ အိမ်ကြီးဆီကို ထပ်မလာဖို့ မှာလိုက်သေးတယ်မဟုတ်လား '
' ဟုတ်တယ်တန်ခိုး … မင်းအတွက် အန္တရယ်ရှိနိုင်တယ် '
' ဒါဆို ဘယ်လိုလုပ်မလဲ … ငါတို့ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား '
' ကေသဇင်စိုးဝိဥာဉ်ကို ဦးဇော်မျိုးက စိတ်ရိုင်းသွင်းထားလောက်ပြီး သူပြောလိုက်သလို အိမ်ကြီးထဲကို ရောက်လာတဲ့သူမှန်သမျှ အန္တရယ်ပေးတော့မှာ သေချာတယ် … '
' ဒီတော့ မသွားတာကောင်းလိမ့်မယ် ထင်တယ် '
' မတတ်နိုင်ဘူး … ငါ့ကို အန္တရယ်ပေးချင်လဲ ပေးပါလိမ့်စေတော့ ငါရအောင် သွားမေးမယ် … ထီးလေးသေလို့ ကေသဇင်စိုးဆီ ဝိဥာဉ်ရောက်လာခဲ့တယ်ဆိုရင် သီဟကို ငါကိုယ်တိုင် အသေပြန်သတ်ပစ်မယ် '
' တန်ခိုး … တန်ခိုး … '

ဒေါသကြီးစွာ ပြောဆိုနေခဲ့ပြီး ။ တန်ခိုးတစ်ယောက် နယ်မြေပိုင်စခန်းအတွင်းမှ ရုတ်တရက်လှည့်ထွက်သွားကာ စခန်းဝန်းအတွင်း၌ အသင့်ရှိနေသော ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ပြီး ခြံအမှတ် ၆၆ရှိရာသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

                                ***      
              ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                           ဆက်လက်၍ ဖော်ပြပေးသွားပါမည် ။
                   စာရေးသူ - ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည် )
Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages