လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၁၃ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
အကြိမ်ကြိမ်မေးမြန်းနေခဲသော်လည်း မိနွယ်၏နှုတ်မှ ထွက်ဆိုချက်စကားများဟာ ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။ သို့နှင့် ရဲအုပ်မောင်ဝင်းမှာ လက်လျော့စေခဲ့ပြီး မိနွယ်အား ပြန်ခွင့်ပေးလိုက်သည့် အချိန်၌ အိမ်ကြီးဆီမှ ကေသဇင်စိုး၏ ပြောစကားများအား မိတ်ဆွေမောင်ဝင်းထံသို့ အကြောင်းစုံရှင်းပြပြောဆိုရန် တန်ခိုးတစ်ယောက်အပြေး ဝင်ရောက်လာခဲ့လေသည်။ ထို့နောက်အခန်းဝတွင်ရှိနေသော မိနွယ်နှုင့် ခင်မာလာအား အခန်းအတွင်းသို့ ပြန်လည်ဝင်ခိုင်းစေခဲံ့ပြီး သေဆုံးသွားသည်ဟု ထင်မှတ်နေခဲ့သော မိန်းကလေးမှာ အမှန်တကယ်မသေခဲ့ကြောင်း မိတ်ဆွေဖြစ်သူ မောင်ဝင်းအား ပြောဆိုရန် တန်ခိုးတစ်ယောက် ရွယ်လိုက်လေတော့သည်။
' ကိုတန်ခိုးအရေးတကြီး ဘယ်လိုဖြစ်လာရတာလဲ '
' ဒီ … ဒီလိုကိုမောင် … ဟိုသေသွားတဲ့ မိန်းကလေးကို ကိုမောင်ဝင်းဆေးစစ်ပြီးသွားပြီလား '
' မစစ်ဆေးရသေးဘူး … ကျုပ်အမိန့်ရမှ အလောင်းကိုစစ်ဆေးကြမှာ '
' ဟာဟုတ်ပြီ … ဒါဆိုကျုပ်တစ်ခုသိခဲ့ရတယ် … ထီးကလေးသတ်လိုက်လို့ သေသွားပြီဆိုတဲ့ သီတာက တကယ်မသေဘူးလို့သိရတယ် '
' ဟင် …ဘယ်လို သီတာ တကယ်မသေဘူး ဟုတ်လားကိုတန်ခိုး'
' ဟုတ်တယ်ကိုမောင်ဝင်း… '
' ကျွန်မတို့ကိုခွင့်ပြုပါဦးနော် '
' နေဦး မခင်မာလာ ခင်ဗျားတို့မပြန်နဲ့ဦး … ကိုမောင်ဝင်း ဒါဆိုသီတာရဲ့အလောင်းကို ဘယ်မှာထား ထားကြလဲ '
' အပိုင်ရဲစခန်းက ပြောတာတော့ ရေခဲတိုက်ထဲမှာပဲထား ထားတယ် … ကျုပ်စစ်ဆေးခွင့်အမိန့်ကို စောင့်နေကြလို့ ဘာမှမလုပ်ရသေးဘူးလို့ သိရတယ် '
' ဟာ … ဒါဆိုဟုတ်ပြီ ခင်ဗျားတို့နှစ်ယောက်ပါလိုက်ခဲ့ … ကိုမောင်ဝင်း ကျုပ်တို့အခုပဲ သီတာ့အလောင်းရှိတဲ့ ရေခဲတိုက်ဆီ အမြန်ဆုံးသွားကြည့်ရအောင် '
' ကောင်းပြီ … ကဲ မခင်မာလာနဲ့ မိနွယ် … ခင်ဗျားတို့နှစ်ယောက်ပါ လိုက်ခဲ့ပေးပါ '
အိမ်ကြီးဆီမှ အပြေးရောက်လာသော တန်ခိုး၏ ပြောစကားများအား ကြားလိုက်ရသည်ကြောင့် ရဲအုပ်မောင်ဝင်းနှင့်အတူ ခင်မာလာအပါဝင် မိနွယ်ပါ သေဆုံးသူ သီတာအလောင်းထားသည့် အအေးခန်း ရေခဲတိုက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြတော့သည်။
' ဆရာမောင်ဝင်း … ကိစ္စရှိလို့လား '
' ရှိတယ် … ( ) အပိုင်စခန်းက စခန်းမှူးကြီးပို့ထားခဲ့တဲ့ သေဆုံးသူရဲ့ အလောင်းကို ကြည်ချင်လို့ပါ '
' သြော် … ဟုတ်ကဲ့ အခွင့်ရေးရဲအုပ်မောင်ဝင်းရဲ့ စစ်ဆေးချက်အမိန့်မရသေးလို့ ကျွန်တော်တို့ဘာတစ်ခုမှ မစစ်ဆေးရသေးပါဘူး '
' ဟုတ်ပြီ အဲ့ဒီအလောင်းထားတဲ့ နေရာဆီ ကျုပ်ကိုလမ်းပြပါ'
' ကြွပါဆရာမောင်ဝင်း … ကြွပါ '
ရေခဲတိုက်ဆီသို့ ရောက်ရှိလာသည်နှင့် အမှု့အခင်းနှင့်ပတ်သတ်သော သေဆုံးသူများသီးသန့်ထားရာ အအေးခန်းဆီသို့ တာဝန်ရှိသူတစ်ဦးမှ ရဲအုပ်မောင်ဝင်းအား တလေးတစား ဦးတည်ခေါ်ဆောင်လာခဲ့သည်။ သတ်မှတ်ထားသည့် အလောင်းနံပါတ်များအား ကြည့်ရှု့ကာ တာဝန်ရှိသူတစ်ဦးမှ သီတာ၏ိံအလောင်းထားရာ အအေးခန်းအံ့ဆွဲသို့ ဆွဲဖွင့်လိုက်သည်နှင့်
' ဟင် … ဘယ်မှာလဲ အလောင်း … '
' ဟာ … ဘယ်လိုဖြစ်ရတာလဲ ကျုပ်တို့ကိုယ်တိုင် ညတွင်းချင်း အလောင်းကို သေချာထည့်ထားတာပါ … ဘယ်ရောက်သွားရတာလဲ '
' ကျုပ်ပြောတာအဲ့ဒါပဲ ကိုမောင်ဝင်း … ဒါဆို သီတာတကယ်သေတာ မဖြစ်နိုင်ဘူး '
' ဆရာမောင်ဝင်း … ကျွန် … ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ '
' ရတယ် ရတယ် …တာဝန်ရှိသူတွေနဲ့ မဆိုင်ဘူး … ခင်ဗျားတို့ဆီရောက်လာတုန်းက မိန်းကလေးအလောင်းဆိုပေမယ့် ခင်ဗျားတို့မသိခင်မှာ တစ်ယောက်ယောက်က တကယ်မသေတဲ့ မိန်းကလေးကို လွတ်ပေးလိုက်တာ ဖြစ်နိုင်တယ် '
' ဗျာ … ဘယ် … ဘယ်လို … '
' ဟုတ်တယ် … တစ်ဦးတစ်ယောက်က ရဲတွေအမြင်မှာ မိန်းကလေးအသတ်ခံရပြီး သေသွားလို့ ရေခဲတိုက်ကို ပ်ို့သလိုဟန်ဆောင်ခဲ့ပြီး နစ်ပေါက်တစ်ပေါက်နဲ့ ခင်ဗျားတို့မသိခင် ဒီထဲကနေ ဟန်ဆောင်သေတဲ့ မိန်းကလေးကို ထုတ်ပေးခဲ့တာပဲဖြစ်ရမယ် … ကဲခင်မာလာ … ခင်ဗျားမြင်တယ်နော် သီတာအလောင်းမတွေ့ဘူး '
' ဟင် … အမလေးဖြစ်မှဖြစ်ရလေ သမီးလေးရယ် သေသွားတာတောင် အလောင်းကအခိုးခံရတယ်လို့ '
' တိတ်စမ်း … ခင်ဗျားမဟုတ်တာတွေ လျောက်ပြောပြီး ငိုမနေနဲ့ သီတာ့အလောင်းကို ဘယ်သူမှမခိုးဘူး … ဒါခင်ဗျားတို့သတ်သတ် … ထားပါ နောက်တော့အဖြေပေါ်မှာပေါ့ … အခုသီတာအလောင်း ပျောက်နေတယ်ဆိုတော့ အမှု့ကို ကျုပ်အမိန့်နဲ့ ခေတ္တရပ်တန့်ထားမယ် … '
' ရှင် … ရှင်က အခွင့်ရေးရှိတဲ့ ရဲတစ်ယောက်ဆိုတော့ ရှင့်မိတ်ဆွေကို အမှု့ကနေ လွတ်အောင် လုပ်ပေးတော့မှာပေါ့ '
' ခင်ဗျားစကားစဉ်ချင်ပြောပါ … ကျုပ်သာခင်ဗျားပြောသလို လုပ်တတ်တဲ့ ရဲအရာရှိတစ်ယောက်ဆိုရင် အခုလိုအခွင့်ရေးရဲအုပ်ဆိုတဲ့ လက်မှတ်ရလာမှာမဟုတ်ဘူး … အခုအလောင်းပျောက်နေတယ် အဲ့ဒီတော့ ဒီလူသတ်မှူ့ကို ခေတ္တရပ်တန့်ထားမယ် အလောင်းကို အရင်ရှာမယ် ဒါပဲ '
ပျက်သားလှသည့် စကားများပြောဆိုကာ ရဲအုပ်မောင်ဝင်းနှင့်အတူ တန်ခိုးတို့နှစ်ယောက်သား အပိုင်ရဲစခန်းဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ကြတော့သည်။
' ထီးလေး … '
' လမ်းကလေး မျှားကလေး … '
' မင်းကို ကိုမောင်ဝင်းခေါ်ခိုင်းလိုက်တယ် … မင်းအမှု့အတွက် ကိုမောင်ဝင်းအစွမ်းကုန် ကြိုးစားနေပြီ'
' ကျေးဇူးတင်ပါတယ်ကွာ … '
' ကိုထီးကလေး !… '
' ကိုမောင်ဝင်း … ကျုပ်ကို မေးစရာရှိလို့လား '
' မရှိပါဘူး …ထိုင်ပါထီးလေး ခင်ဗျားကို အချုပ်ထဲမှာ မထားချင်လို့ ကျုပ်နဲ့အတူ စခန်းမှာအတူတူနေခိုင်းမယ် … အခုခင်ဗျားအမှု့နဲ့ ပတ်သတ်ပြီး ကျုပ်ခေတ္တရပ်ဆိုင်းထားတယ် '
' ဘယ်လိုဖြစ်လို့လဲ ကိုမောင်ဝင်း '
' ဒီလိုကွ … ငါခြံအမှတ်၆၆ကို ရောက်သွားခဲ့တယ် … မင်းအတွက် တစ်ခုခုအကူညီရအောင် ငါသွားခဲ့တာ … ကေသဇင်စိုးကပြောတယ် သူက သရဲဘုရင်အဆင့်ကို ရောက်နေရပြီ … အဲ့ဒီမြို့နယ်မှာ ဘယ်သူသေသေ သေတဲ့ဝိဥာဉ်တွေအားလုံးက သူ့ဆီကို အရင်ရောက်လာရတယ်လို့ပြောတယ် … ငါကမင်းလူသတ်တရားခံလို့ စွတ်စွဲခံထားရတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး သီတာသေသွားခဲ့တဲ့ အကြောင်းပါ ပြောဖြစ်လိုက်တယ် … အဲ့ဒီတော့ကေသဇင်စိုးက သီတာတကယ် သေသွားတာမဖြစ်နိုင်ဘူး သီတာရဲ့ဝိဥာဉ်က သူ့ဆီကိုရောက်မလာခဲ့ဘူးလို့ ငါ့ကိုပြောလိုက်တယ် … အဲ့ဒါကြောင့် ကိုမောင်ဝင်းကိုခေါ်ပြီ သီတာတစ်ယောက် တကယ်သေလား မသေလား သိရအောင်… သီတာအလောင်းထားတဲ့ ရေခဲတိုက်ကိုသွားကြည့်ခဲ့တာပဲ … ရေခဲတိုက်ထဲမှာ သီတာအလောင်းက အခုပျောက်နေခဲ့တယ်လေ '
' ဟင် … '
' ဟုတ်တယ်ကိုထီးလေး … ဓားထိုးခံရတဲ့ သီတာအလောင်းကို ကျုပ်ဆီကခွင့်ပြုချက်မရသေးလို့ မစစ်ဆေးရသေးဘူး … ကျုပ်လဲ ခင်ဗျားအတွက် ထူပူနေတာနဲ့ သူတို့ကိုလဲ အလောင်းစစ်ဆေးခိုင်းဖို့ မေ့နေခဲ့တယ် … အခုကိုတန်ခိုးပြောတာနဲ့ ကျုပ်တို့သီတာအလောင်းကို သွားကြည့်တော့ ရေခဲတိုက်ထဲမှာ သီတာ့အလောင်းမရှိဘူး'
' ဒါဆို သီတာ့အလောင်းက ဘယ်ပျောက်သွားရတာလဲ '
'အဲ့ဒါတော့ သေချောမသိသေးဘူးဗျ… ဘာပဲဖြစ်ဖြစ် အမှု့နဲ့ပတ်သတ်တဲ့ အလောင်းက ပျောက်နေတယ်ဆိုတော့ ခင်ဗျားအမှု့ကို ခေတ္တဆိုင်းငံ့ထားလို့ရတယ် '
' ကျူပ်တကယ့်ကို ညံ့သွားခဲ့တယ် … ထောင်ချောက်မှန်း သိရဲ့နဲ့ ကျုပ်ချစ်သူဖြူနဲ့ ရုပ်ချင်းစင်တာတစ်ခုတည်းကို ကြည့်ပြီ ဇွတ်ထိုးမိခဲ့တယ် … အခုတော့ ကျုပ်လူသတ်တရားခံဘဝကို ရောက်သွားရပြီ '
' ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ … ခင်ဗျားမိတ်ဆွေ ကျုပ်တစ်ယောက်လုံးရှိပါတယ် … ဒီအမှု့ကို ခင်ဗျားအမှန်တကယ် မကျူးလွန်ခဲ့ဘူးဆိုတာ ကျုပ်သိနေတာပဲ ဒါပေမယ့် … ခင်ဗျားတကယ်မကျူးလွန်ခဲ့ဘူးဆိုတာကို သက်သေပြဖို့ပဲရှိတော့တာ '
' ကျုပ်တစ်ခု စဉ်းစားမိတယ်ကိုမောင်ဝင်း … သီတာ့ကို သတ်တဲ့အမှု့တင်မကဘူး ခင်ဗျားတို့ရဲတပ်ဖွဲ့ အပြင်းအထန်လိုက်နေတဲ့ နှင်းဆီနက်လူသတ်သမားက ကျုပ်ပါလို့တောင် စွတ်စွဲခဲ့သေးတာ … အဲ့ဒီတော့ မိုးမြင့်စားသောက်ဆိုင်နဲ့ နှင်းဆီနက်လူသတ်သမားနဲ့ အချိတ်အဆက်ရှိနေတာတော့ လုံးဝ သေချာသွားပြီ '
' ဟင် … ဟုတ်တယ် … ကိုထီးလေးပြောတာ ဖြစ်နိုင်တယ် နှင်းဆီလူသတ်သမားဆိုတဲ့ ထီးကလေးကို မိသွားပြီဆိုတော့ နှင်းဆီလူသတ်သမားရဲ့ သတင်းတွေချက်ချင်းငြိမ်ကျသွားတယ် ဟုတ်တယ် ဒါဆိုမိုးမြင့်စားသောက်ဆိုင်နဲ့ နှင်းဆီနက်လူသတ်သမားနဲ့ အချိတ်ဆက်ရှိနေတာတော့ သေချာပြီပဲ '
' ဟုတ်တယ်ကိုမောင်ဝင်း … ကျုပ်ဒီည အဲ့ဒီမိုးမြင့်စားသောက်ဆိုင်ကို ဝင်ကြည့်ချင်တယ် '
' ဟင် … မဖြစ်ဘူးကိုထီးလေး မဖြစ်ဘူး အခုချိန်မှာ ကိုထီးကလေးက လူသတ်တရားခံလို့ အမည်ရှိနေတဲ့ တရားခံတစ်ယောက်ဖြစ်နေတယ် …ကိုထီးလေးသွားလို့ လုံးဝမဖြစ်ဘူး '
' ဒါဆို ကျုပ်သွားမယ် '
' မင်းသွားလို့မရဘူး တန်ခိုး … ကိုမောင်ဝင်း စားသောက်ဆိုင်ထဲကို ကျုပ်ခိုးဝင်ပြီးလေ့လာချင်တယ် … အဲ့ဒီတရားခံကို ကျူပ်ကိုယ်တိုင်ဖမ်းပြီး ဒီအမှု့ကို မကျူးလွန်ကြောင်း ကျုပ်ကိုယ်တိုင်သတ်သေပြချင်တယ်'
' မဖြစ်ဘူးနော် ထီးကလေး '
' ကိုမောင်ဝင်း ကျုပ်ကိုစိတ်ချပါ … အဲ့ဒီဆိုင်မှာ သီတာ့ကိုသတ်တဲ့ လူသတ်တရားခံရှိနေသလို ဦးမျိုးမြင့်တို့ သားဖနဲ့လဲ ပတ်သတ်နေလိမ့်မယ် … ဒါကြောင့်ဒီညကျူပ်ကို သွားခွင့်ပြုပေးပါ '
' ဒီအချိန်မှာ ကိုထီးလေးက တရားခံတစ်ယောက်ဖြစ်နေတယ် ကျုပ်ခွင့်ပြုလိုက်လို့ တစ်စုံတစ်ယောက်က ခင်ဗျားကို မြင်သွားခဲ့ရင် ကျုပ်တို့နှစ်ယောက်စလုံး ဒုက္ခရောက်သွားနိုင်တယ် … ဘာပဲဖြစ်ဖြစ် ကိုထီးလေးကို ကျူပ်ယုံပါတယ် အစစအရာရာ ဂရုစိုက်ဖို့ပဲ ကျူပ်မှာလိုက်ပါရစေ '
' စိတ်ချပါ ကိုမောင်ဝင်း … တကယ်လို့ တစ်ခုခုလွဲချော်သွားခဲ့ရင်တောင် ကျုပ်ကြောင့် ကိုမောင်ဝင်း ဒုက္ခမရောက်စေရပါဘူး … အပြင်မှာပဲ ကျုပ်အသေခံလိုက်မယ် … မိုးမြင့်စားသောက်ဆိုင်နဲ့ ပတ်သတ်ပြီ နှင်းဆီလူသတ်တရားခံ … သီတာအကြောင်း ဦးဇော်မျိုးတို့သားအဖအကြောင်း … အစစအရာရာ ကျူပ်ရအောင် စုံစမ်းခဲ့မှာပါ '
' ကိုမောင်ဝင်း … ဦးဇော်မျိုးနဲ့ ရဲရန်နိုင်ကိုကျုပ်တို့ သွားဖမ်းလို့မရသေးဘူးလား '
' မရသေးဘူးဗျ … ကျုပ်တို့ဘက်မှာ သူတို့ကိုဖမ်းဖို့ ဘာသက်သေမှ မပြနိုင်သေးဘူး … ဒီတော့ သူတို့သားဖ နှစ်ယောက်ကို အခုလောလောဆယ် စောင့်ကြည့်နေရဦးမယ် '
မိတ်ဆွေဖြစ်သူ ထီးကလေးအား အချုပ်ခန်းအတွင်းမှ ပြန်လည်ခေါ်ဆောင်စေပြီး သေဆုံးသူ သီတာ၏အလောင်းပျောက်ဆုံးနေခြင်းကြောင့် အမှု့အား ဆိုင်ငံ့ထားကြောင်း ပြောဆိုနေခဲ့သည်။ မိမိအား လူသတ်တရားခံဟု စွတ်စွဲခံရသည်နှုင့်ပတ်သတ်ပြီး ထီးကလေးတစ်ယောက်မှာတော့ မိမိဟာလူသတ်တရားခံ မဟုတ်ကြောင်း သတ်သေပြနိုင်ရန် ယခုည မိုးမြင့်စားသောက်ဆိုင်သို့ ခိုးဝင်ရန် စီစဉ်ထားခဲ့ချေသည်။
ထိုည၌
' ဟဲ့ကောင်တွေ နင်တို့အမှန်တိုင်းပြော … သီတာအလောင်းကို နင်တို့နှစ်ယောက် ခိုးသွားကြတာမဟုတ်လား '
' မမကြီးရာ ကျုပ်တို့က ဘာဖြစ်လို့အလောင်းကို ခိုးရမှာလဲ ကျူပ်တို့ကိုယ်တိုင် ရေခဲတိုက်အထိ သီတာအလောင်းကို ပို့ပေးခဲ့တာ … '
' နင်တို့လိမ်နေတာ နင်တို့နှစ်ယောက်က သီတာ့ကိုကြိုက်နေကြတာ … နင်တို့နှစ်ယောက်မခိုးရင် သီတာ့အလောင်းက ဘယ်ပျောက်သွားရတာလဲ '
' ဒါ … ဒါတော့ကျုပ်တို့လဲ မသိဘူး'
' ကဲဟာ … မသိချင်ဦး ငါဆုံးမတာ ပါးပါးလေးပဲရှိသေးတယ် အစ်ကိုကြီးသာဆိုရင် နင်တို့နှစ်ယောက်ကို သတ်ပစ်မှာ မြန်မြန်ပြောစမ်း … သီတာ့အလောင်းကို နင်တို့ခိုးသွားတာ မဟုတ်လား '
' မဟုတ်ပါဘူး … ကျုပ်တို့နှစ်ယောက် တကယ့်ကိုမသိတာပါ မမကြီးမယုံလို့ ကျုပ်တို့ကိုသတ်မယ်ဆိုလဲ ကျုပ်တို့နှစ်ယောက် သေဖို့ပဲရှိတယ် '
သီတာအလောင်းပျောက်ဆုံးခြင်းနှင့် ပတ်သတ်ပြီး ခင်မာလာမှာ ဆိုင်ရှိ သီတာ့အား ပိုးပန်းနေကြသော ဝိတ်တာအလုပ်သမားလေးနှစ်ယောက်အား ရိုက်ပုတ်ခါ မေးမြန်းနေလေခဲ့သည်။ လူသတ်တရားခံဟု စွတ်စွဲထားခြင်း ခံရသော ထီးကလေးမှာတော့ သူ၏မျက်နှာအား အများမသိနိုင်သော ပုံစံဖြင့် မျက်နှာဖုံးစွတ်ထားကာ ညနက်အချိန်၌ မိုးမြင့်စားသောက်ဆီသို့ ခိုးဝင်လာခဲ့ပြီး ခင်မာလာရှိနေသည့် အခန်းဆီသို့ အကဲခတ်ရန် ဟန်ပြင်လိုက်စဉ် မျက်နှာအား မျက်နှာဖုံးစွတ် စွတ်လျက်ထားပြီး အနက်ရောင်ဝတ်စုံလူတစ်ယောက်နှင့် ထိပ်တိုက်တိုးလေတော့သည်။ ထိုသူမှာ ရဲအရာရှိများ အပြင်းထန်လိုက်နေသော နှင်းဆီနက်လူသတ်သမားပင် ဖြစ်ချေပြီး မိန်းကလေး၏ မသန်မစွမ်းမောင်လေး အယောင်ဆောင်ထားသော သီဟဆိုသူပင်ဖြစ်သည်။
' မင်းဘယ်သူလဲ … '
မျက်နှာဖုံးစွတ်နှင့် ထိုသူမှ ထီးကလေးအား ရုတ်တရက်တွေ့ရှိလိုက်သည်နှင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်ပြီး မေးလေသည်။ ထိုသူ၏ အမေးကိုပင် ထီးကလေးတစ်ယောက် ပြန်လည်၍ အဖြေမပေး ထိုစားသောက်ဆိုင်အတွင်းမှ ထွက်ခွာရန် ရွယ်လိုက်သော်လည်း ထိုသူမှာ အလွတ်မပေးပဲ ထီးကလေးနှင့်အပြန်အလှန် ထိုးကြိတ်တိုက်ခိုက်လေတော့သည်။ ထိုသို့တိုက်ခိုက်သည့် ဆူညံသံများအား ကြားလိုက်ရသည့်ခင်မာလာတစ်ယောက်မှာတော့ အခန်းအတွင်းမှ ထွက်လာပြီး
' ရပ်လိုက်ကြစမ်း … ဒီအထဲထိ ရောက်လာပြီ ဒီလိုပုံစံမျိုးဆိုရင် ထီးကလေးပဲဖြစ်ရမယ် … ထီးကလေး … ထီးကလေး နင်ဘယ်လိုပဲ ပုံစံပြောင်းပြောင် နင့်ကိုငါကောင်းကောင်း မှတ်မိတာပေါ့… နေ့ဘက်ကြရင် အချုပ်ခန်းထဲမှာ ညဆိုရင် ငါ့ဆိုင်ကိုရောက်လာတယ်ပေါ့ဟုတ်လား သြော် ရဲအုပ်မောင်ဝင်းက တရားခံကိုလွတ်ပေးထားတာပဲ '
' မမကြီး ကျုပ်ရအောင်ဖမ်း '
လူအကဲခတ်မညံ့သည့် ခင်မာလာဟာ ထီးကလေး၏ အမူယာအား ကောင်းစွာလေ့လာထားသူ တစ်ယောက်ဖြစ်ချေပြီး လူအများမမှတ်မိစေရန် မျက်နှာဖုံးစွတ်ထားသည့် ထီးကလေးအား သူမ ကောင်းစွာမှတ်မိချေခဲ့သည်။ ထို့နောက် ထီးကလေးအား အရဖမ်းမည်ဟုဆိုကာ နှင်းဆီနက်လူသတ်သမား သီဟမှာ စတင်တိုက်ခိုက်လေတော့သည်။ ထိုသူ၏ တိုက်ခိုက်မှု့များအား ထီးကလေးတစ်ယောက် ပြန်လည်၍ တုန့်ပြန်မနေတော့ပဲ စားသောက်ဆိုင်အတွင်းမှ လွတ်မြောက်ရန် ထွက်ပြေးလေတော့သည်။
' မလိုက်နဲ့တော့ … ငါတို့အကွက်ထဲကို မောင်ဝင်းပါ ရောက်လာပြီပဲ … တွေ့ကြသေးတာပေါ့ '
သီဟ၏ လက်မှ အလွတ်ရုံးကာ တိမ်းရှောင်သွားသော ထီးကလေး၏ အနောက်သို့ ဆက်လက်၍မလိုက်စေရန် ခင်မာလာတစ်ယောက် တားလိုက်ပြီး မဲ့ပြုံးပြုံးကာ သူမ၏ခေါင်းအား တစ်ဆက်ဆက်ငြိမ့်နေလေတော့သည်။
' ဘာ … မောင်ဝင်းက တရားခံထီးကလေးကို လွတ်ပေးထားတယ် ဟုတ်လား … ဟားဟား … သိပ်ကောင်းတယ် သိပ်ကောင်းတယ် … မောင်ဝင်ကပါ ငါ့ထောင်ချောက်ထဲကို တိုးဝင်နေုပြီပေါ့ ငါ့မိတ်ဆွေရဲမှူးကြီးကလဲ ငါ့ဘက်မှာရှိနေတယ် ဟားဟားမောင်ဝင်းမောင်ဝင်း တွေ့ကြသေးတာပေါ့ကွာ … ခင်မာလာ နင်အရမ်းတော်တယ် '
' ကျေးဇူးတင်ပါတယ်အစ်ကိုကြီး '
' ဟားဟား ကိစ္စတွေအားလုံြး့ပီးသွားရင် နင့်ကို ဆုကောင်းကောင်းပေးမယ် '
' ဟုတ် … ဟုတ်ကဲ့ပါအစ်ကိုကြီး … ဒါပေမယ့် ကျွန်မတစ်ခုပြောရဦးမယ် … ဟို … ဟိုလေ '
' ပြောပါ … ဘာကိစ္စတုန်း '
' ဒီ … ဒီလိုအစ်ကိုကြီး ကျွန်မသတ်လိုက်တဲ့ သီတာရဲ့အလောင်းက အခုပျောက်နေတယ် '
' ဘာ … ကဲ့ဟာ နင် … နင် '
' ကျွန် … ကျွန်မကို ခွင့်လွတ်ပါအစ်ကိုကြီး , '
' တောက် … နင်ဟာ ဟူး … အရာအားလုံး အဆင်ပြေလာပြီးမှ အခုဘဟ်လိုဖြစ်ရတာလဲ သီတာ့အလောင်းက ဘယ်လိုပျောက်သွားရတာလဲ နင်ကိုယ်တိုင်သတ်ခဲ့တာ မဟုတ်ဘူးလား '
' ကျွန်မကိုယ်တိုင် ဓားနဲ့ထိုးသတ်ခဲ့တာပါ … ဒါပေမယ့် သီတာအလောင်းက အခုဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲဆိုတာ ကျွန်မလဲမသိပါဘူး '
' အခုကျမှတော့ ဘာမှ မတတ်နိုင်တော့ဘူး … နေရာအနံ့မှာ လူတွေလွတ်ပြီး သီတာကိုတွေ့အောင်ရှာခိုင်းထား … ကြားလား '
' ဟုတ် … ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်မရှာခိုင်းထားပါ့မယ်'
လူသတ်မှု့နှင့်ပတ်သတ်ပြီး စုံစမ်းနေသည့် ထီးကလေးတစ်ယောက်မှာတော့ အချိန်နှင့်အမျှ မိုးမြင့်စားသောက်ဆိုင် ပတ်ဝန်းကျင်မှာသာ ရှိနေလေခဲ့သည်။ ပတ်ဝန်းကျင်အခြေနေအား အကဲခတ်နေပြီး မိုးမြင့်စားသောက်ဆိုင်၏ လူဝင်လူထွက်အား စောင့်ကြည့်နေသော ထီးကလေးတစ်ယောက်ဟာ စားသောက်ဆိုင်အတွင်းသို့ ကလေးမလေးတစ်ယောက်အား ခင်မာလာလက်ဆွဲခေါ်ဆောင်သွားသည့် မြင်ကွင်အား မြင်တွေ့လိုက်ရသည်နှင့် အကဲခတ်ရန် ပုန်းလှိုကာ မိုးမြင့်စားသောက်ဆိုင်အတွင်းသို့ ထပ်မံ၍ ဝင်ရောက်လာခဲ့ပြန်သည်။
' မေမေ '.
' သမီး … သမီးလေး နေကောင်းပါတယ်နော် '
' ကောင်းတယ်မေမေ … မေမေက သမီးကိုပစ်ထားတယ် သမီးမေမေနဲ့ပဲ နေချင်တယ် သမီးကိုခေါ်ထားပါနော် '
' ခေါ်ထားမှာပေါ့ သမီးလေးရဲ့ မေမေအလုပ်တွေ အားလုံးပြီးသွားတာနဲ့ မေမေတို့မြို့ကိုပြန်ပြီး အေးအေးချမ်းချမ်းနေမယ်လေ နော် '
' တွေ့တယ်နော် မိနွယ်… နင်သမီးလေးနဲ့ အမြန်ဆုံး တူတူပြန်နေချင်ရင် ငါခိုင်းတာတွေကို အောင်မြင်အောင်လုပ်ပေး မဟုတ်လို့ကတော့ နင့်သမီးလေးရဲ့ အလောင်းပဲတွေ့ရမယ် မှတ် '
' ရှင် … ဟုတ် … ဟုတ်ကဲ့မမကြီး သမီးလုပ်ပေးပါ့မယ် … တစ်ခုလောက် သမီးကို ခွင့်ပြုပေးပါလား '
' ဘာလဲပြော … '
' သမီးလေးနဲ့ ကျွန်မ တူတူမအိပ်ရတာ ကြာနေခဲ့ပါပြီ … ဒါကြောင့် ဒီည သမီးလေးနဲ့ကျွန်မ အတူတူအိပ်ခွင့်ပေးပါလား '
' ဟင် … ကောင်းပြီလေ ဒီတစ်ညတော့ ခွင့်ပြုလိုက်မယ် … ငါခိုင်းတဲ့ ပထမခြေလှမ်း အောင်မြင်လို့ နင့်ကို ဆုအနေနဲ့ နင့်သမီးလေးနဲ့ အိပ်ခွင့်ပြုလိုက်တာနော် … နောက်ထပ်အောင်မြင်အောင် လုပ်ပေးဦးမယ်ဆိုရင် နင့်သမီးလေးနဲ့ တူတူပြန်နေလို့ရအောင် ငါစီစဉ်ပေးမယ် ကြားလား '
' ဟုတ် … ဟုတ်ကဲ့ မမကြီး ကျေးဇူးတင်ပါတယ်'
ရိုးသားလှသည့် မိနွယ်အား ခင်မာလာတစ်ယောက်မှာတော့ သမီးဖြစ်သူနှင့် အကြပ်ကိုင်ခါ လိုရာစေခိုင်းနေခဲ့သည်။ ထိုသို့ မိနွယ်နှင့်ခင်မာလာ အပြန်လှန်ပြောဆိုနေကြသော မြင်ကွင်းအား မမြင်ကွယ်ရာမှ ပုန်းအောင်ကြည့်ရှု့နေသော ထီးကလေးတစ်ယောက် မြင်တွေ့သွားလေတော့သည်။ မှောင်လာမည့်အချိန်အား ထီးကလေး စောင့်စားနေခဲ့ပြီး မိနွယ်နှင့်သူ၏ သမီးလေး နေထိုင်ရာ အခန်းဆီသို့ ယခုညဝင်ရောက်ခါ ရဲအုပ်မောင်ဝင်းထံသို့ ခေါ်ဆောင်မည်ဟု ရည်ရွယ်ထားခဲ့ပြီး မှောင်စပျိုးလာသည်နှင့် ခြံစည်းရိုးအုတ်တံတိုင်းအား ကျော်လွှာစေခဲ့ပြီး မိနွယ်နှင့်သမီးလေးရှိနေရာ အိပ်ခန်းဆီသို့ ဦးတည်ရောက်ရှိလာခဲ့သည်။ အခန်းရှေ့သို့ ရောက်လာသည်နှင့် ပတ်ဝန်းကျင်အား အကဲခတ်စေပြီး တံခါးအား သုံးချက်မျှ ခေါက်လိုက်သည်။
' ဘယ်သူလဲ … ဘယ်သူလဲ '
အပြင်မှ ထီးကလေး၏ တံခါးခေါက်သံအား ကြားလိုက်ရသည်မိနွယ်မှာတော့ ဆိုင်မှ ဝိတ်တာလေးတစ်ဦးတစ်ယောက် ထင်ခါ အခန်းတံခါးအား ဖွင့်ပေးလေတော့သည်။
' ဟင် … ရှင် '.
တံခါးပွင့်လာသည်နှင့် ထီးကလေးမှာ မိနွယ်၏ ပါးစပ်အားလက်ဖြင့် အုပ်လိုက်ပြီး အခန်းအတွင်းသို့ မိမိပါ ဝင်ရောက်လာကာ အခန်းတံခါးအား ပြန်လည်ပိတ်လိုက်လေသည်။
' ဟုတ်တယ် ငါပဲ … မင်းအခု ငါနဲ့ကိုမောင်ဝင်းဆီ လိုက်ခဲ့ပါ'
' ဟင့်အင်း … ဘာလို့လိုက်ရမှာလဲ '
' လိုက်ခဲ့ပေးပါ မိနွယ် … သီတာသေတဲ့ အမှု့က ငါနဲ့ဘဟ်လိုမှ မပတ်သတ်ဘူး ပြီးတော့ မင်းတို့သားအမိနှစ်ယောက် အကြောင်းကိုလဲ ငါသိခဲ့ရပြီ … အဲ့ဒီတော့ မင်းတို့သားအမိနှစ်ယောက်ကို ငါကယ်တင်ပေးမယ် ငါနဲ့ကိုမောင်ဝင်းဆီကို လိုက်ခဲ့ပေးပါ'
' ဟင့်အင်း … ရှင်ဘာတွေ လာပြောနေတာလဲ ရှင်က လူသတ်တရားခံလေ '
' ဘာ … ဘာပြောတယ် ငါကလူသတ်တရားခံဟူတ်လား '
' ဟုတ်တယ် … ရှင် … ကျွန်မညီမလေး သီတာကို အရက်မူးပြီးဓားနဲ့ ထိုးသတ်ခဲ့တာ '
' မင်းကွာ … ငါသိပ်ချစ်တဲ့ ငါ့ချစ်သူနဲ့ ရုပ်ချင်းတူတာ တစ်ခုတည်းကို ကြည့်ပြီး ထောင်ချောက်မှန်း သိရက်နဲ့ ဒီဆိုင်ကို ငါလာမိခဲ့တယ် … တကယ်တော့မင်းက ငါချစ်သူနဲ့ ရုပ်ချင်းတာ တူတာ … စိတ်ဓာတ်က တော်တော်အောက်တန်းကျပါလား '
' ကြာပါတယ်ကွာ … လာ … မင်းသမီးလေးကို ငါခေါ်သွားမယ် ဒါဆို မင်းလိုက်လာမှာပဲ '
' ရှင် … ရှင်ဘာလုပ်ဖို့လဲ '
ခက်ခဲစွာဖြင့် အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းထံသို့ မိနွယ်နှင့်သူ၏သမီးလေးအား ခေါ်ဆောင်နေခဲ့သော်လည်း မိနွယ်မှာ ထီးကလေးအား လူသတ်တရားခံပါဟု ထပ်မံပြောဆိုကာ မလိုက်ပါခဲ့ချေ။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းထံသို့ မိနွယ်လိုက်ပါလာစေရန် အိပ်နေသည့် သမီးလေးအား ထီးကလေးတစ်ယောက် ပွေ့ချီလိုက်ပြီး အခန်းအပြင်သို့ ထွက်ရန်ရွယ်လျက် သမီးလေးအား သိပ်ချစ်သော မိခင်မိနွယ်မှာတော့ သမီးလေးအားခေါ်ဆောင်သွားသည်ကြောင့် ထီးကလေး၏ အနောက်သို့ ပြေးလိုက်ချေတော့သည်။ ထို့နောက် သမီးလေးအားပွေ့ထားသည့် ထီးကလေးနှင့် မိနွယ်တို့နှစ်ဦးသား အခန်းအဝသို့အရောက် မသန်မစွမ်းအယောင်ဆောင်ထားသော လူသတ်သမား သီဟမှာ မသန်စွမ်းသော လူငယ်တစ်ယောက်အသွင်သို့ ဟန်ဆောင်လာခဲ့ပြီး အခန်းဝတွင် ရပ်လျက်နေသော ထီးကလေး၏ အနားသို့ ကပ်လာချေခဲ့သည်။
ထီကလေး၏ စိတ်အတွင်းမှာတော့ ထိုမသန်မစွမ်းဖြစ်နေသော လူငယ်လေးမှာ မိနွယ်၏ မောင်လေးဟု ထင်မှတ်နေခဲ့ပြီး မိမိ၏အနားသို့ ကပ်လာသော မသန်မစွမ်းပုံစံနှင့် သီဟအား အခန်းဝ၌ ရပ်ကြည့်နေမိသည်။ ထို့နောက် ထီးကလေး၏ အနားသို့ကပ်လာချေခဲ့ပြီး လက်အတွင်း၌ ကိုင်ဆောင်ထားသော ပန်းကန်အတွင်းမှ ရမ်းအမှုံများဖြင့် ထီးကလေး၏မျက်နှာဆီသို့ လူသတ်သမားသီဟ ပတ်လိုက်ချေတော့သည်။
' အား …! မိနွယ် အပြင်ကို အမြန်ပြေး '
ရမ်းမှုံများနှင့် မျက်လုံးအား အပတ်ခံလိုက်ရသော ထီးကလေး၏ အမြင်အာရုံများဟာ မည်သည့်အရာကိုမှ ကောင်းစွာမမြင်ရတော့ပဲ မိနွယ်ကိုသာ အပြင်သို့ ပြေးနှင့်ရန် ပြောစေပြီး သီဟအား ရုတ်တရက် ထိုးကြိတ်တိုက်ခိုက်လိုက်လေသည်။ သီဟတစ်ယောက် လဲကျသွားသည်နှင့် မျက်စိများမမြင်ရတော့သည့် ထီးကလေးမှာ အပြင်သို့ မှန်းဆကာ ထွက်လာချေခဲ့ပြီး မိနွယ်နှင့်သမီးလေးရှိရာသို့ ရောက်ရှိလာကာ မိနွယ်၏ လက်ဆွဲခေါ်ဆောင်ရာ အနောက်သို့သာ လိုက်ပါလာရချေတော့သည်။
' ထီးလေး … ရရဲ့လား '
' ရတယ် ငါ့အတွက်စိတ်မပူနဲ့ … အနောက်မှာ လိုက်လာကြမှာသေချာတယ် … အခုဘယ်ရောက်လာပြီးလဲ'
' ချောင်းနားကို ရောက်လာပြီ … ဒီမှာ ကျောင်းပျက်ကြီးတစ်ခုရှိတယ် ခဏပုန်းနေမယ် '
မိနွယ်၏ လက်ဆွဲခေါ်ဆောင်ရာ အနောက်သို့ ထီးကလေးလိုက်ပါလာခဲ့ပြီး ပြေးမိပြေးရာ ပြေးရာမှ လူပျက်သည့် လမ်းကြားတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းရှောင်လေတော့သည်။ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော လူသတ်သမား သီဟမှာတော့ ကျောင်းပျက်ကြီးအတွင်းသို့ ဝင်ရောက်ပုန်းရှောင်သွားသော မိနွယ်တို့အား မျက်ခြေပျက်လျက် အရှေ့သို့သာ ဆက်၍ လိုက်ချေသည်။
' ထီးကလေး … ရှင် ကျွန်မကြောင့် အခုလိုဖြစ်ရတာပါ ကျွန်မကို ခွင့်လွတ်ပေးပါနော် '
' ရတယ် … ကိုယ့်ကိုကိုဟ်အပြစ်တင်မနေနဲ့တော့ မင်းနဲ့မင်းသမီးလေး ဘာမှမဖြစ်ရင်ပြီးရော ''
' ရှင့်မျက်လုံးတွေ အရမ်းစပ်နေလားဟင် '
' ငါ့မျက်လုံးတွေ ဘာမှ မမြင်ရတော့ဘူး … အားစပ်တယ်'
' ကျွန်မနည်းနည်းသုတ်ပေးကြည့်မယ် ရှင့်အပေါ်အကျီချွတ်လိုက် '
' ရရဲ့လား … '
' အား … မရဘူး မသုတ်နဲ့တော့ ပိုဆိုးနေတယ် '
' ကျွန်မတကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ် ကျွန်မကြောင့် ရှင်အခုလိုဖြစ်ရတာပါ '
' မင်းကြောင့်မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ ငါ့ကြောင့်သာ မင်းအခုလိုထွက်ပြေးနေရတာ '
' ထီးကလေး ရှင်က တကယ့်စိတ်ကောင်းရှိတဲ့ သူတစ်ယောက်ပါ … ကျွန်မရှင့်ကို မလိမ်ခဲ့သင့်ဘူး … တကယ်တော့ ကျွန်မက လမ်းဘေးမှာ တောင်းစာတဲ့ သူတောင်းမဟုတ်ပါဘူး ကျွန်မက ပြဇာတ်မင်းသမီးတစ်ယောက်ပါ ကျွန်မယောကျာ်းကလဲ ဇာတ်မင်းသားတစ်ယောက်ပါပဲ ကျွန်မတို့အဖွဲ့မှာ ကျွန်မယောကျာ်းက မရှိမဖြစ် မင်းသားတစ်ယောက်ပါ တစ်နေ့ ကျွန်မယောကျာ်း ပိုးထိပြီး ဆုံးပါးသွားခဲ့တယ် … ကျွန်မယောကျာ်းဇာတ်မင်းသား မရှိတော့ ကျွန်မတို့အဖွဲ့လဲ ဇာတ်ခေါင်းကွဲခဲ့ရတယ် … '
' အဲ့ဒါနဲ့ သမီးလေးကို လက်ဆွဲပြီး ရန်ကုန်တတ်လာရာကနေ ခင်မာလာနဲ့တွေ့ပြီး ကျွန်မကို သူ့ဆီမှာ အလုပ်လုပ်ရင် ငွေတွေအများကြီးရမယ်ဆိုလို့ ကျွန်မလုပ်ခဲ့တယ် … တစ်နှစ်လောက် အဲ့ဒီဆိုင်မှာလုပ်ခဲ့တယ် … မကြာသေးမီကမှ သမီးလေးကို ဖမ်းထားပြီး သူတို့ခိုင်းတာ အောင်မြင်အောင်လုပ်ပေးရမယ်လို့ ပြောတယ် သမီးလေးနဲ့အကြပ်ကိုင်ပြီး ကျွန်မကို ခိုင်းကြတာပါ '
' သြော် … ဒါကြောင့်ကို … ဒါဆို မသန်မစွမ်းလူငယ်လေးက မင်းရဲ့မောင်မဟုတ်ပေါ့ ငါ့ကိုထောင်ချောက်စင်ဖို့ သတ်သတ်ဇာတ်ကပြခဲ့တာပေါ့ ဟုတ်လား… '
' ဟုတ်ပါတယ် ကျွန်မကို ခွင်လွတ်ပေးပါနော် … '
သီဟပတ်လိုက်သော ရမ်းမှုံများကြောင့် မျက်လုံးဒေါင့်မှ သွေးများယိုစိမ့်ကျနေပြီး မည်သည့်အရာကိုမှ မမြင်ရတော့သော မိမိ၏နာကျင်လှသော ဝေဒနာကိုပင် ဂရုမစိုက် သူမနှင့်သမီးလေးအား စိုးရိမ်ကြီးစွာ ဂရုတစိုက်ပြုနေသော ထီးကလေးအား မိနွယ်တစ်ယောက် လေးစာမိလျက် သူမ၏ဘဝအကြောင်းအား ပြောဆိုကာ ပုန်းအောင်းနေသည့် ကျောင်းပျက်ကြီးအတွင်း၌ ဝမ်းနည်းငိုကြွေးနေစဉ်
ပိတ်ထားသည် တံခါးပျက်ကြီးအား တွန်းကန်၍ နှင်းဆီနက်လူသတ်သမား သီဟရောက်ရှိလာခဲ့လေတော့သည်။
' ထီးကလေး မင်းမျက်လုံးတွေ ကန်းကုန်ပြီး … ကဲ အခုသေပေတော့ '
ထိုသို့ပြောကာ အသင့်ကိုင်ဆောင်ထားသော ဓားရှည့်နှင့် ထီးကလေးအား ဝင်ရောက်ခုတ်လေတော့သည်။ သီဟ၏အရှိန်ပြင်းစွာ မိုးကျလာသော ဓားရှည်အား ထီးကလေးတစ်ယောက် ရုတ်တရက် ရှောင်တိမ်းလိုက်ပြီး ကျောင်းပျက်ကြီးအပြင်သို့ ပြေးလေတော့သည်။ သို့ပေမယ့် အမြင်အာရုံများ ဆုံးရှုံးသွားသည့် ထီးကလေးမှာတော့ အရှေ့ဆီသို့ ဆက်လက်၍ မပြေးနိုင်တော့ပဲ ရုတ်တရက် ရပ်တန့်လိုက်ပြီး အနောက်မှ လိုက်ပါလာသူ သီဟအား တတ်နိုင်သမျှ ပြန်လည်ခံခုရန် ဆုံးဖြတ်လိုက်ချေတော့သည်။ ထို့နောက် ရပ်တန့်သွားသည့် ထီးကလေး၏အနားသို့ သီဟတစ်ယောက် ဖြေးညင်းစွာလျောက်လှမ်းလာခဲ့ပြီး အနားသို့ရောက်သည်နှင့် ကြောင်တောင်တောင်ဖြစ်ကာ အသံအားနားစွင့်နေရသည့် ထီးကလေးအား ဓားဖြင့်စတင်ခုတ်လိုက်လေသည်။ သို့ပေမယ့် ပြင်းထန်လှသည့် ဓားချက်အား ရှောင်တိမ်လိုက်နိုင်ပြီး ထပ်ရောက်လာမည့် ဓားချက်အား ရှောင်တိမ်နိုင်ရန် အသံအားဆက်လက် နားစွင့်နေခဲံသည်။
' ဟားဟား … ဒီတစ်ခါတော့ ထီးကလေးဆိုတဲ့ သူကို အသေသတ်နိုင်ပြီပဲ '
နားစွင့်နေသည့် ထီးကလေး၏အနောက်မှ သီဟတစ်ယောက် စကားသံပေးကာ အရှေ့သို့ လျင်မြန်စွာ သွားလိုက်ပြီး ထက်မြတ်လှသည့် ငှက်ကြီးတောင်ဓားဖြင့် ထီးကလေးအား ခုတ်လိုက်လေပြီး ချွန်ထက်လှသည့် ဓားဦးဖြင့် ဝမ်းဗိုက်အတွင်းသို့ ရက်စက်စွာထိုးသတ်လိုက်လေတော့သည်။ မှောင်မိုက်နေသည့် ညနက်နက်၌ ထီးကလေး၏ခန္ဓာကိုယ်မှ သွေးများ နီးရဲစွာဖြာထွက်လာခဲ့ပြီး အနီးရှိ စီးဆင်းနေသည့်ချောင်းအတွင်းသို့ ပြုတ်ကျကာ မျောပါသွားခဲ့လေတော့သည်။ ထို့နောက် ကျောင်းပျက်ကြီးအတွင်းမှ ပုန်းအောင်းနေသော မိနွယ်တစ်ယောက် အနောက်မှ လာပါလာခဲ့ပြီး သီဟ၏ ဓားချက်များဖြင့် သွေးများစွာဖြာထွက်ခါ ချောင်းအတွင်းသို့ ပြူတ်ကျသွားသော ထီးကလေးအား တွေ့ရှိလိုက်ရလေသည်။
' ထီးကလေး … ထီးကလေး ရှင်မသေရဘူး '
ပြုတ်ကျသွားသည့် ချောင်းကြီးအား ကြည့်လိုက်ပြီး ဝမ်းနည်းစွာဖြင့် မိနွယ်တစ်ယောက် အော်ပြောလိုက်လေသည်။
' ကဲ့ဟာ … နင်ကထွက်ပြေးချင်တယ်ပေါ့ … ကဲဟာ မှတ်ပြီလား နင့်ကိုတော့ သတ်လို့မဖြစ်သေးဘူး နင့်ရဲ့ကယ်တင်ရှင် သူရဲကောင်းကြီးထီးကလေးကတော့ သေပြီ လာလိုက်ခဲ့ '
အနောက်မှလိုက်ပါလာသည့် မိနွယ်အား လူသတ်သမားသီဟတစ်ယောက် ပါးပြင်သို့ ပြင်းထန်စွာရိုက်နှပ်ခဲ့ပြီး ခင်မာလာဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေတော့သည်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည် ။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည် )








