(၇)
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
စာရေးသူ -ထီးကလေး၊ ။
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
စာရေးသူ -ထီးကလေး၊ ။
`ကိုမောင် …ဘာဖြစ်တာလဲ…´
`ကျုပ်…ကျုပ်ခြေထောက် ပိုး…ပိုးထိသွားပြီ…´
တစ်ကိုယ်လုံး ပြာနမ်းသွားလျက် မြေပြင်ပေါ်သို့လဲကျသွားလေတော့သည်။ လဲကျနေသည့် ဦးမောင်မောင်ကို ဆရာမြ တစ်ချက်ကြည့်လိုက်ပြီး
`ဦးမောင်မောင် အသက်မရှိတော့ဘူး´
`ဟင်!…ဒါဆို ဘယ်လို လုပ်ကြမလဲ အချင်းကသူဆီမှာပဲ ရှိတယ် ဘယ်လိုဖြစ်ရတာလဲဗျာ…´
`စိတ်အေးအေးထားပါ မဖဲဝါကို နိုင်မယ့်နည်းက ကျုပ်တို့သိထားပြီးပြီပဲ ဘာဆက်လုပ်ရမလဲဆိုတာ ကျုပ်စီစဉ်ပေးမယ်…ဦးမောင်မောင်ဒီလိုဖြစ်သွားရတာတော့ ကျုပ်တကယ် စိတ်မကောင်းဘူး ဘဟ်တတ်နိုင်ပါ့မလဲ သူအမြင်မှန်ရပြီး နိုင်မယ့်နည်းပြောပြတာကိုပဲ ကျေးဇူးတင်ပါတယ်လေ…´
`ကျုပ်အမိန့်နဲ့ဦးမောင်မောင် အိမ်မှာ အချင်းရှာခိုင်းလိုက်ရင်ရော ဖြစ်ပါ့မလား ဆရာမြ´
`ဘယ်ဖြစ်မှာတုန်း တစ်ရွာလုံး မသာပေါ်ကုန်လိမ့်မယ် အခု ဦးမောင်မောင် ဆုံးသွားတဲ့အကြောင်း သူ့သမီးနဲ့တစ်ရွာလုံးကို အသိပေးရမယ်´
`မောင်ရင်လေးတို့ရွာသားခေါင်ဆောင်နေတဲ့ရွာလယ်ကို သွားပြီး အကြောင်းကြားပေးနိုင်မလား´
`ဖြစ်ပါ့တယ်…လူကြီးရ ကျုပ်တို့လဲ တစ်ဖက်တစ်လှမ်းက ရွာအတွက် အကူညီပေးချင်တယ်…ငါးလေးနဲ့တန်ခိုး မင်းတို့နှစ်ယောက် ကာလသားခေါင်းဆောင် အိမ်ကို အကြောင်းကြားပေးလိုက် ငါနဲ့လမ်းလေးက ခင်ဝါ့အိမ်ကို သွားမယ် ဖြူ ညီမလေးက လူကြီးတွေ အနားမှာပဲ နေ…´
`ဆရာမြ ခင်ဝါ့အိမ်ကို ဒီကလေးတွေ သွားလ်ု့ဖြစ်ပါ့မလား…´
`ဖြစ်မှာပါ စိတ်မပူပါနဲ့´
`ဟုတ်တယ်…လူကြီး ကျုပ်တို့ကိုစိတ်ချပါ ကျုပ်တို့အခုပဲ ဦးမောင်မောင်အိမ်ကို သွားလိုက်မယ်…ဆရာမြနဲ့ရွာလူကြီးက ဒီမှာပဲ လုပ်စရာရှိတာတွေ လုပ်ထားလိုက်ပါ …´
`ကျေးဇူးပါပဲ မောင်ရင်တို့ရာ ကျေးဇူးပါပဲကွာ…´
သို့နှင့် သူငယ်ချင်းဖြစ်သူ လမ်းကလေးအား ခေါ်ပြီး ဦးမောင်မောင်အိမ်သို့အပြေးဦးတည်နေတော့သည်။ ဦးမောင်မောင် ခြံရှေ့သို့ရောက်သည်နှင့်
`ဗျို့ အိမ်ရှင်တို့…´
ခြံရှေ့မှ အဆက်မပျက်ခေါ်နေသော်လည်း အိမ်ထဲမှ မည်သူမှ အသံပြန်ပေးသံကို မကြားရ။ထို့ကြောင့် ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ လမ်းကလေးတို့ခြံထဲဝင်ရန် ခြေလှမ်း စလှမ်းလိုက်တော့သည်။ အိမ်ထဲသို့တစ်စေ့ တစ်စောင်းကြည့်လိုက်သော်လည်း မည်သူ့ကိုမှ အရိပ်အယောင်မတွေ့ရ။အိမ်ပေါ်ကိုတတ်ရန် ကျွန်ုပ်ခြေလှမ်းလိုက်စဉ်မှာပဲ သူငယ်ချင်းဖြစ်သူ လမ်းကလေးက
`အိမ်ပေါ်တတ်လို့ဖြစ်ပါ့မလား…´
`ဖြစ်ချင်တာ ဖြစ်ကွာ တတ်ကြည့်မယ်´
`ဒါဆိုလဲ တတ်ကွာ…´
နှစ်ယောက်သား တိုင်ပင်လိုက်ပြီး ဖိနပ်ချွတ်အစင့်အား စလှမ်းတတ်လိုက်တော့သည်။အိမ်ပေါက်ဝမှ မြင်တွေ့လိုက်ရသည့် မြင်ကွင်းက တစ်အိမ်လုံးကို ရှုတ်ပွနေလျက် အိမ်အနောက်မှ လှုပ်ရှားသော အရိပ်ယောင်တစ်စုံတစ်ခု တွေ့သည်ကြောင့် စူးစမ်းချင်စိတ်ဖြစ်ပေါ်လာသော လမ်းကလေး ဝင်ကြည့်လိုက်လေတော့သည်။
`အမလေး…´
သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ အော်လိုက်သော အသံကိုကြားလိုက်သည်ကြောင့် ကျွန်ုပ်အပြေး သူ့အနားသို့သွားလိုက်ပြီး
`ဘာဖြစ်တာလဲ…´
ကျွန်ုပ်အမေးကို ပြန်မဖြေနိုင်ပဲ လက်ညှိုးညွှန်ပြလိုက်သည်ကြောင့် ကျွန်ုပ်မြင်တွေ့လိုက်ရသည့် မြင်ကွင်းက မျက်နှာအပေါ်သို့ ဆံပင်အရှည်များချထားပြီး ထမီးကို ယဉ်လျားထားလျက် ခန္ဓာကိုယ်အား လှုပ်ရမ်းနေသော မိန်းမတစ်ယောက်ပင် ဖြစ်လေတော့သည်။ ကျွန်ုပ်တို့နှစ်ဦး ကြောင်တောင်တောင် ကြည့်နေမိစဉ်မှာပဲ `နင်တို့ငါ့အိမ်ကို ဘာလာလုပ်ကြတာလဲ´
ခတ်ထန်လှသော လေသံနှင့်အတူ မေးလိုက်သည်က စကားတစ်လုံးချင်း။သို့နှင့်ကျွန်ုပ်က
`ဒါ ဦးမောင်မောင်အိမ် မဟုတ်လား…သူ့သမီး ခင်ဝါနဲ့တွေ့ချင်လို့´
`ခင်ဝါဆိုတာ ငါပဲ´
ဟုဆိုကာ မျက်နှာပြင်ပေါ်အား ချထားသည့် ဆံပင်များအား လှမ်တင်လိုက်တော့သည်။တောသူဟု မထင်ရလောက်အောင် ဖြူဝင်းနေသည့် မျက်နှာနှင့်အတူ မြင်သူတိုင်းက စွဲမက်လောက်အောင် လှပနုပျိုနေသည့် မိန်းကလေးတစ်ဦးပင်။
`ခင်ဗျား အဖေ ဦးမောင်မောင် ရွာလူကြီးအိမ်မှာ ပိုးထိပြီး ဆုံးသွားလို့ ကျုပ်တို့အကြောင်းလာကြားတာ´
`ငါသိပြီးပြီ သေပေါ့ သူက ငါ့ကို သတ်ချင်တာပဲ ဒီတစ်လောကလုံးမှာ ငါ့ကို သတ်နိုင်တဲ့သူမရှိဘူး…ငါက သင်္ချိုင်းမှာ အပိုင်စားရထားတဲ့ သင်္ချိုင်းစောင့် မဖဲဝါပဲဟေ့´
ကြုံးဝါးလိုက်သည့်အသံက ပဲ့တင်ထပ်လို့ ဦးပတိရုပ်မှ အလှအပများ ပျောက်ကွဟ်သွားခါ ကြမ်းတမ်းနေတော့သည်။ကျွန်ုပ်တို့နှစ်ဦး ဘာဆက်ပြောရမည်ကို မသိတော့ပဲ အိမ်ပေါ်မှ ပြန်ဆင်းမည်အလုပ်
`နေဦး…´
သူမတားလိုက်သည့် အသံကြောင့် ခြေလှမ်းများ ရပ်တန့်သွားခါ အရှေ့မဆက်သေးပဲ
`ငါ့ကို လူ့လောကမှာ ဘာပစ္စည်းနဲ့ မောင်းထုတ်လို့ရမယ်ဆိုတာ နင့်တို့ကို ငါ့အဖေလုပ်သူပြောသွားသေးလား´
သူမမေးလိုက်သည့် မေးခွန်းအား သူငယ်ချင်းဖြစ်သူ လမ်းကလေးက စိတ်လွတ်သွားခါ
`ဟို…အချင်း´
သူ့နှုတ်မှ စကားရွယ်လိုက်စဉ်မှာပဲ ပုခုံးအား ကျွန်ုပ်ပုတ်လိုက်ပြီး
`မသိဘူး…သူတို့အချင်း…အချင်းချင်းစကားပြောနေကြတာ ကျုပ်တို့မသိဘူး သိချင်ရင် ဆရာမြကို သွားမေး´
`မမေးဘူး!…မနက်ဖြန် ၁၂နာရီ တိတိ ငါ့ကို သင်္ချိုင်းမှာ တောင်းပန်ပွဲလုပ်ကြလိမ့်မယ် သူတို့လုပ်ချင်တာ လုပ်ပြီး တောင်းပန်ကြတော့မယ်…ငါ့အဖေ ဦးမောင်မောင်ကို နင်တို့ကောင်းကောင်း သင်္ဂျိုးပေးလိုက်ပါ ငါကတော့ ငါ့နေရာကို ပြန်သွားရတော့မယ်…´
သူမပြောနေသော စကားတို့ကို ကျွန်ုပ်တို့နားမလည်နိုင် မည်သည့်စကားမှ သူမအား ပြန်ပြောမနေတော့ပဲ အိမ်ပေါ်မှ ခပ်သွက်သွက်ဆင်းလိုက်စဉ်တွင်
`ကျူတ်ပိုင်ရှင် ကောင်လေး ငါ့ကိုကယ်ပါ´
`ဟင်!…ဒေါ်သန်းသန်းကြည် အသံပါလား ဒေါ်သန်းသန်းကြည် ခင်ဗျား ဘယ်မှာလဲ´
`ငါ့ကို ချုပ်ထားတယ် ငါမနေနိုင်ဘူး ကယ်ပါ´
နေရာတစ်ခုမှ အော်ပြောညည်းထွားနေသော ဒေါ်သန်းသန်းကြည်က ကျွန်ုပ်အား ကယ်ပါဟုသာ အကြိမ်ကြိမ်ပြောနေတော့သည်။ ကျွန်ုပ်ဘေးတွင် ရှိနေသော သူငယ်ချင်းဖြစ်သူ လမ်းကလေးကတော့ မကြားနိုင်ပဲ ကျွန်ုပ်အား ကြောင်တောင်တောင် ကြည့်နေတော့သည်။ ကျွန်ုပ်မေးလို့မဆုံးခင်မှာပဲ နောက်ဖေးမှ ခင်ဝက `တိတ်စမ်း…´ဟုမာန်လိုက်လေရာ ဒေါ်သန်းကြည်အသံ ပျောက်ကွယ်သွားပါတော့သည်။ ကျွန်ုဘေးတွင် ရှိနေသော လမ်းကလေးက
`ထီးလေး…မင်းဘာပြောလိုက်တာလဲ´
`ဘာမှ မပြောဘူး…´
`လာလာ…ဒါဆိုလဲ ဒီခြံထဲက မြန်မြန်ထွက်ကြမယ်´
သို့နှင့် ခြံထဲမှ ခပ်သွက်သွက် ထွက်လိုက်ပြီး ဆရာမြရှိရာ ရွာလူကြီးအိမ်သို့ကျွန်ုပ်တို့နှစ်ဦးပြန်ရောက်လာသည်နှင့် ကြုံတွေ့ခဲ့ရသော အကြောင်းတို့အားပြောပြလိုက်ပြီ ဦးမောင်မောင်အား ရွာလူကြီးအိမ်တွင် အသုဘ ကိစ္စစီစဉ်ပေးလိုက်လေတော့သည်။ မနက်ဖြန်ညကား လကွယ်ညဖြစ်သောကြောင့် ရွာရှိ ရွာသူရွာသားတို့မှာ လျောက်ယပ်ခတ်စွာ တောင်းပန်ပွဲအတွက် ခြေရှုတ်နေကြသည်။ အသုဘနှင့် တောင်းပန်ပွဲ ရောနှောရှုတ်ထွေးနေစဉ်တွင် ကျွန်ုပ်စာင့်ကြည့်နေသည်က ဆရာမြလွယ်အိတ်ထဲမှ ဝိဥာဉ် ဦးလေးအား အချုပ်မှ လွတ်ပေးရန်။ အန္တရယ်ရှိသည်ကို ကျွန်ုပ်သိထားသောလည်း သံယော်ဇဉ်ဖြစ်မိနေသော ဝိဥာဉ်ဦးလေးအား သတိရလွမ်းဆွတ်လျက် အချုပ်မှလွတ်စေချင်သည်။ သို့ပေမယ့် ဆရာမြဟာ သူ၏ဆေးလွယ်အိတ်အား တစ်ချက်မှ အလွတ်မပေးပဲ လွယ်၍သာထားတော့သည်။ သူငယ်ချင်းဖြစ်သူ မျှားကလေးအား လာရောက်ရှာခြင်းမှ စပြီး စောမြို့ကိုရောက်လာခဲ့ရသည်။သို့ပေမယ့် မျှားကလေးအား ယခုအချိန်ထိ ဒီရွာလေးသို့ရောက်မလာ။ပါလာသည့် ဖုန်းများကလည်း ဆက်သွယ်မရ အေးချမ်းမည် ထင်ထားသည့် ဒီစောနယ်လေးမှာတော့ အတွင်းရေးပြသနာများဖြင့် ရှုတ်ထွေးနေခဲ့ရပြီး ကျွနိုပ်တို့လဲ အသက်ကိုစွန့်ကာ ရသလောက် ဗဟုသုတ ယူနေကြတော့သည်။ ညနေဆောင်းချိန်မှာပဲ
လူရှုတ်နေသော ရွာလူကြီးအိမ်၌ မည်သူမှ ရှိမနေကြတော့ဘဲ မနက်ဖြန်ညအတွက် လိုအပ်သည့်အရာများအား မိမိအိမ်တွင် ဆရာမြညွှန်ကြားလိုက်သည့် အတိုင်း အုန်း ငပျောပွဲများ ပြန်ထိုးကုန်ကြတော့သည်။လူကြီးအိမ်တွင်းကား ကျွန်ုပ်တို့ခေါ်လာသည့် ကေသီဖြူနှင့်အတူ ကျွန်ုပ်၏သူငယ်ချင်းလေးယောက်နှင့် ရွာလူကြီးတို့ အိမ်ပေါ်တွင် ထိုင်ခါ စကားများပြောကြစဉ် ဆရာမြအိမ်အောက်သို့ဆင်းသွားပြီး ဦးမောင်မောင် အခေါင်းအား စင်ထိုးတင်ထားသည့် အိမ်အနောက်ဘက် လယ်ကွက် ခြံပြင်သို့တစ်ယောက်တည်း ဦးတည်သွားခါ အခေါင်းအား သုံးချက်ပုတ်၍ နှုတ်မှ စကားတစ်ချို့ပြောနေတော့သည်။ ခဏအကြာမှာပဲ ထိုနေရာမှ လှည့်ထွက်လိုက်ပြီး အိမ်ပေါ်သို့ပြန်တတ်လာခါ ခေါင်းရင်း၌ထိုင်လိုက်ပြီး ဆေးလိပ်တိုအား မီးငြိဖွာနေလျက်
`လာခဲ့တော့…´ဟု နှုတ်မှ ပြောလိုက်တော့သည်။မည်သူ့ကို ခေါ်သည်ကို ကျွန်ုပ်တို့နှင့်အတူ ရွာလူကြီးလဲ မသိချေ။ သူ့အား အားလုံးကြောင်တောင်တောင် ကြည့်နေမိတော့သည်။ ထိုအစဉ်မှာပဲ ကျွန်ုပ်တို့ဘေးမှ ကေသီဖြူဟာ
`ဆရာမြ ကျုပ်အသေ စောသွားသလား ကျုပ်စိတ်မဖျောင့်နိုင်သေးဘူး…´
မျက်တောင်မခတ်ပဲ ကျုတ်ကျုတ်လေးထိုင်ခါ ဆရာမြအား ညည်းထွားပြောဆိုလိုက်သည်။ အေးဆေးစွာနေတတ်သည့် ကေသီဖြူက ရဲဝံ့ပျက်သားလှတဲ့ယောက်ျားတစ်ယောက်အသွင်ပြင်
`ဦးမောင်ကို ကျုပ် ခေါ်ရတာက ခင်ဗျားသမီး အချင်းကိစ္စနဲ့ပတ်သတ်နေတယ် အချင်းဘယ်နေရာမှာ ရှိသလဲဆိုတာ ကျုပ်တို့ကို ပြောပြပါ´
`အချင်းကိုယူဖို့ခတ်ခဲလိမ့်မယ် ကျုပ်အိပ်တဲ့အိပ်ခန်းထဲက မြနှစ်သေတ္တာထဲမှာ ယွင်းသေတ္တာသေးသေးလေးနဲ့ထည့်ထားတယ် မမကြီး အိမ်မှာရှိနေတဲ့အချိန်ဆို ယူဖို့မလွယ်လောက်ဘူး ´
`မမကြီးဆိုတာ ဘယ်သူတုန်း´
`ကျုပ်သမီးခင်ဝါပါ အခုသူက ကျုပ်ရဲ့မမကြီးအဖြစ်ပြောင်းလဲ သွားခဲ့ပြီ ကျုပ်ကို သူပိုင်သွားပြီ…´
`အော်…ဖြစ်မှ ဖြစ်ရလေ ကိစ္စအားလုံးပြီးသွားရင် ခင်ဗျားကို ကျုပ်တို့ကုသိုလ်ကောင်းမှု့တွေ လုပ်ပေးပါ့မယ်…အချင်းထားတဲ့နေရာကို ကျုပ်တို့နည်းနဲ့မရ ရအောင် ယူပါ့မယ်´
`ကျုပ်ကိုတိုင် ရွာအတွက် ပါဝင်မကူညီနိုင်တော့တာ ခွင့်လွတ်ပေးပါ ကျုပ်ကို ခွင့်ပြုဦး´
ထိုအချိန်မှာပဲ ကေသီဖြူဟာ မေ့လဲသွားတော့သည်။ အားလုံး လှုပ်နိုးမှု့ကြောင့် သူမသတိလည်လာပြီး ကြောင်တောင်တောင်ဖြင့် တစ်ယောက်ချင်းမျက်နှာများကို လိုက်ကြည့်နေလျက်
`ဗျို့…အဘမြ လာကြည့်ပါဦ…´
`ဟေး…ဘာဖြစ်လို့တုန်း´
`မိုးပေါ်မှာ မီးလုံးကြီးတွေ တစ်လုံးပြီး တစ်လုံး ပေါ်နေတယ်…တစ်ရွာလုံးလဲ ကြောက်ကုန်ကြပြီ လုပ်ပါဦးဗျို့´
တစ်ရွာလုံး အားကိုးနေကြသော ဆရာမြအား ရွာသားခေါင်းဆောင်မှ မောကြီးပန်းကြီး လာရောက်ပြောနေတော့သည်။ ထိုစဉ်မှာပဲ ဆရာမြဟာ အိမ်ပေါ်မှ ရုတ်တရက် ဆင်းသွားပြီး သူ၏ဘေးမှ ဆေးလွယ်အိတ်အား မေ့ကျန်နေခဲ့သည်။ ထိုအချိန်အား အလစ်ချောင်းနေသူ ကျွန်ုပ်အတွက် အခွင့်ရေးနောက်တစ်ကြိမ်ပါပဲ ။ဆရာမြ ခြံထဲသို့ဆင်းသွားသည်နှင့် တပြိုင်နက် ရွာလူကြီးနှင့် ကျွန်ုပ်၏ စူးစမ်းချင်ကြသော သူငယ်ချင်းများလည်း လိုက်ပါဆင်းသွားလေတော့သည်။ထိုင်ရာမှ ပုံစံမပျက် ထိုင်နေသော ကျွန်ုပ်အား သူငယ်ချင်းဖြစ်သူ လမ်းကလေးက
`ထီးလေး သွားကြည့်ကြမယ်လေ ငါတို့ကြားဘူးတဲ့စုန်းတွေလားမသိဘူး´
`ငါမလိုက်တော့ဘူး ဝိဥာဉ်ဦးလေးကို ငါကယ်မှ ဖြစ်မယ်´
`ဟင်!…မင်း ဘာလုပ်မလို့တုန်း…´
ခေါင်းရင်း၌ကျန်နေခဲ့သော ဆရာမြဆေးလွယ်အိတ်အား ကျွန်ုပ်ယူလိုက်ပြီး ကျန်နေခဲ့သော လမ်းကလေးအား ဝိဥာဉ်ဦးလေးနှင့် ကျွန်ုပ်ဆုံးခဲ့သမျှ အားလုံး လိုရင်းတိုရှင်း ပြောပြလိုက်ခါ လွယ်အိတ်ထဲမှ ဘူးခွံများအား သွန်ချလိုက်ောတ့သည်။
`ထီးလေး…ဖြစ်ပါ့မလား ဆရာမြပြောတာ သိပ်အန္တရယ်များတယ်နော်…´
`မတတ်နိုင်ဘူး ငါမှမကယ်ပေးရင် သူ ဒုက္ခရောက်ရလိမ့်မယ် မင်းငါ့အနားက မြန်မြန်ထွက်သွားပြီး ဆရာမြအနားမှာ သွားနေ…တကယ်လို့ဘူးမှားဖွင့်လိုက်မိရင် ငါ့ကြောင့် မင်းပါအထိခိုက်မခံနိုင်ဘူး မင်းသွား…´
`ငါမသွားဘူးကွာ…ဖြစ်ချင်တာဖြစ် မင်းနဲ့တူတူခံမယ် တကယ်လို့ငါတို့ဘူးမှားဖွင့်လို့သေသွားရင်တောင် မျှားကလေးကို ရှာဖို့တန်ခိုးနဲ့ငါးကလေးရှိနေသေးတယ် ဖွင့်ကွာ…မင်းသဘောပဲ…´
`ဒါဆို ဒီဘူးကို ဖွင့်လိုက်မယ် တကယ်လို့ငါကြောင့် မင်းထိခိုက်ခဲ့ရင် ငါ့ကို ခွင့်လွတ်ပါ…´
`ဖွင့်မှာသာ ဖွင့်စမ်းပါ…အချိန်သိပ်မရှိဘူး´
မီးလုံးများပေါ်နေသည်ဆိုသော နေရာသို့ဆရာမြနှင့်အတူ တစ်ရွာလုံး မော့ကြည့်နေကြပြီး ရွာလူကြီးက
`အဲ့ဒါ ဘာဖြစ်တာလဲ ညနေဆောင်းမို့စုန်းပညာတွေ ပြိုင်နေကြတာလား…ဆရာမြ…´
`မဟုတ်ဘူး သင်္ချိုင်းထဲက မှော်ဝင်အလောင်းကို ရသွားတဲ့သူနဲ့ပညာသည် တစ်ယောက်ယောက် ပြိုင်ဆိုင်နေကြပြီ´
`ဒါဆို ကိုကိုကြီးနဲ့ပေါ့ ဟုတ်လား´
`ထင်တာပဲ…မီးလုံးအနီးက ဆယ့်နှစ်ကြိုးပညာ နဲ့တစ်ယောက် ဟိုးမှာတွေ့လား အဖြူရောင်က မှော်ပညာသီးသန့်အဘဘိုးဘိုးအောင် ကျမ်းစာအရ မှော်ဝင်အလောင်းထဲက ပညာတွေက တော်တော်အစွမ်းထက်တယ်´
စိုးရိမ်ကြီးစွာ ဖြစ်နေကြသော ရွာသူ ရွာသားအပေါင်းတို့က ဆရာမြနှင့် ရွာလူကြီးရှိရာသို့ အပြေးလာကြပြီး သူတို့အတွက် အန္တရယ် ရှိနိုင်သလားမေးကြရာ ဆရာမြက အန္တရယ်မရှိနိုင် သူတို့ဖာသာ ပညာပြိုင်ခြင်း ဖြစ်ကြောင်းကို ပြောလိုက်တော့သည်။ အိမ်ပေါ်တွင် ကျန်နေခဲ့သော ထီးကလေးနှင့် လမ်းကလေးနှစ်ယောက်သား တိုင်ပင်ပြီး ဝိဥာဉ်ဦးလေးဟု ထင်သော ဘူးခွံတစ်ခုအား ဖွင့်လိုက်လေရာ
`ဟင်!…ဘာမှ ထွက်မလာပါလား´
`ငါအရင်မှားဖွင့်တဲ့ဘူးတုန်းက မီးခိုးတွေ အရင်ထွက်လာတာ အခု ဘူးက အခွံကြီးပဲလား မသိဘူး…´
ပုဏ္ဍက တစ္ဆေအား ဖွင့်မိလိုက်သော ဘူးနှင့်မတူ ဘူးထဲမှ မည်သည့်ထူးခြားချက်မှ ပေါ်ထွက်မလာသည်ကြောင့် ဘူးဆို့အား ပြန်ပိတ်မည်လုပ်စဉ်မှာပဲ ထီးလေး လက်ထဲမှ ဘူးဟာ အလိုလျောက်အပေါ်သို့ မြောက်တတ်သွားပြီး ကြမ်းပြင်အပေါ်သို့ပြုတ်ကျသွားတော့သည်။ နှစ်ပေအကွာခန့်လွှင့်စင်သွားသော ဘူးအား ကောက်လိုက်စဉ်မှာပဲ မီးခိုးများ ထွက်လာပေါ်လာပြီး အိမ်ပြတင်းပေါက်မှ အပြင်သို့ထွက်သွားတော့သည်။
`ဟင်!…အငွေ့တွေ အပြင်ကိုထွက်သွားပါလား ဘယ်လိုဖြစ်တာလဲ ဦးလေးမဟုတ်ဘူးလား မသိဘူး ´
`ငါတို့ဘယ်လို လုပ်ကြမလဲ´
မီးလုံးများ ငြိမ်သတ်ရပ်တန့်သွားသည့် အချိန်ကား မှောင်စပြုနေခဲ့သည်။မီးလုံးအနီးများ မဖြစ်ပေါ်တော့ဘဲ မီးလုံးငွေ့အဖြူတစ်ခုတည်းသာ ကောင်းကင်ပေါ်၌ အောင်ပွဲခံတည်ရှိနေတော့သည်။
`ဒုက္ခပါပဲ ဆရာမြ မှော်ဝင်အလောင်း ရသွားတဲ့ကိုကိုကြီးနိုင်သွားပြီ ကျုပ်တို့ရွာကို သူဒုက္ခပေးတော့မှာပဲ လုပ်ပါဦး…´
`မစိုးရိပ်ပါနဲ့ ကျုပ်ရှိပါတယ် ခင်ဗျားတို့တစ်ရွာလုံးကို အသက်နဲ့လဲပြီး ကျုပ်ကာကွယ်သွားပါ့မယ်…´
`အဘမြ…အဘမြလုပ်ပါဦး…ကယ်ပါဦး…လုပ်ပါဦး…အဘမြ…´
`ဟင်!…ဦးမောင်မောင်အလောင်းစောင့်နေတဲ့ ဖိုးအေးပါလား ဘာဖြစ်လာတာလဲ မသိဘူး ဘာဖြစ်လာတာတုန်း…´
`ဦး…ဦးမောင်မောင် အခေါင်းကို ကျုပ်စောင့်နေတုန်း မီးခိုးငွေ့တွေ ဝင်လာတယ်…ပြီး…ပြီးတော့´
`ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောပါဦး´
`ပြီးတော့ ဦးမောင်မောင် ထထိုင်လိုက်ပြီးအခေါင်းံထဲကနေ တောင့်တောင့်ကြီး ထွက်သွားတယ်…´
`ဘာ!…ဘယ်လို!…လုပ်ပါဦး ဆရာမြ´
`ဒါ ဖုတ်ဝင်တာပဲ ဘယ်ဘက်ကို ဦးတည်သွားလဲ…´
`မသိဘူး ကျုပ်လဲ ကြောက်လို့နောက်ကြောင်း လှည့်မကြည့်ပဲ ပြေးလာတာ´
ဦးမောင်မောင်အခေါင်းထားသည့် ခြံပြင်အနောက်ဘက်သို့ဆရာမြနှင့်အတူ ရွာလူကြီးတို့လိုက်ကြည့်လိုက်ကြပြီး ငပျောပင်တစ်ပင်အား ဦးမောင်မောင် အလောင်းပုံသဏ္ဍန်ဖြင့် အစားထိုးထားလိုက်ခါ ထိုသတင်းအား ရွာသူ ရွာသားများကို အသိမပေးရန် တိုင်ပင်ထားတော့သည်။ခြံအနောက်မှ ပြန်လာကြပြီး ထိုအကြောင်းသိသော ဖိုအေးအားလည်း တစ်ရွာလုံး ကြောက်ကြမှာဆိုး၍ မပြောရန် မှာထားတော့သည်။ ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူ လမ်းကလေးကတော့ ဟန်မပျက်စွာ သူတို့နှင့်အတူ ရှိနေလျက်။ညရောက်လာသည်နှင့် ဆရာမြရှိသည့် ရွာလူကြီးအိမ်သို့တစ်ရွာလုံးနီးပါး ရောက်လာကြပြီး မနက်ဖြန် ညအတွက် ဆရာမြက တစ်ရွာလုံးကို လိုအပ်သည်များ မှာကြားနေခဲ့သည်။
`ကဲ…ရွာသူ ရွာသား အပေါင်းတို့မနက်ဖြန် မဖဲဝါတောင်းပန်ပွဲအတွက် ကျုပ်သူငယ်ချင်း သုဘရာဇာကြီး ကိုယ်စား ကျုပ်ပဲဦးဆောင်ပြီး လုပ်ပေးမဟ် ခင်ဗျာတို့တစ်ရွာလုံး ဒုက္ခမဖြစ်စေရဘူးလို့ကျုပ်တာဝန်ယူတယ်´
`အားကိုးပါတယ် အဘမြရယ်…ကျုပ်တို့တစ်ရွာလုံး အားကိုးပါတယ်…´
`ဦးမောင်မောင် အသုဘကိစ္စကို နောက်မှ လုပ်ကြမှာလား လူကြီး´
`ဟမ်!.အေးပေါ့ကွ…´
`နေဦးဗျ ဒါနဲ့ကျုပ် မှောင်ရီပျိုးစက တောထဲထင်းခွေအပြန် ရွာပြင် သင်္ချိုင်းစပ်မှာ ဦးမောင်မောင် လမ်းလျောက်သွားတာ တွေ့လိုက်သလိုပဲ´
ရွာသားတစ်ယောက်၏အပြောကြောင့် တစ်ရွာလုံး တုန်လှုပ်ခြောက်ခြားသွားတော့ ဟန်ပျက်နေသော ရွာလူကြီးက
`ဟာကွာ…မဟုတ်ပါဘူး ရွာထဲက တစ်ယောက်ယောက်ပဲ ဖြစ်မှာပါ စိတ်ထဲထားမနေနဲ့ မင်းစကားကြောင့် တစ်ရွာလုံး ကြောက်ကုန်ပြီ…´
`ဟုတ်မှာပါလေ…ကျုပ်အမြင်မှားတာပါ´
ဦးမောင်မောင်အလောင်းဟာ ထီးကလေးနှင့် လမ်းကလေး ဖွင့်လိုက်သော ဝိဥာဉ်ဘူးအတွင်းမှ စိတ်ရိုင်းဝင်နေသော ဝိဥာဉ်ဦးလေးပင် ဖြစ်ချေတော့သည်။ သို့ပေမဟ့် သူတို့နှစ်ဦးဟာ မိမိတို့ဖွင့်လိုက်သော ဘူးက အခွံသီးသန့်ဟု ထင်မိလျက် စိတ်အေးစွာနေကြသည်။ ညနက်လာသည်ကြောင့် တစ်ရွာလုံးနီးပါ ရွာလူကြီး အိမ်မှာပဲ အိပ်ကြတော့သည်။ သို့ပေမယ့် ဆရာမြနှင့် ထီးလေးတို့ကား မအိပ်သေးပဲ
`ဆရာမြ ဦးမောင်မောင် အိမ်က အချင်းကို ဘယ်လို ယူကြမလဲ ´
`မနက်တစ်ချိန်ရှိပါသေးတယ် …ကျုပ်တို့မနက်ကြမှ တစ်အိမ်လုံး မြေလှန်ရှာကြတာပေါ့ လူကြီး စ်တ်အေးအေးထားပါ …ကဲ ကောင်လေးတို့လဲ အိပ်ကြတော့ ´
`ဟင်!…အဘမြက မအိပ်သေးဘူးလား´
`မအိပ်သေးပါဘူး အဘမြ တရားထိုင်ပြီးမှ အိပ်တော့မဟ်…´

တစ်နေ့ကုန် ပင်ပန်းလာသည်ကြောင့် ခေါင်းချလိုက်သည်နှင့်တစ်ပြိုင်နက် မိုးလင်းသည့်အထိ ကျွန်ုပ်တို့အားလုံး အိပ်မောကြနေတော့သည်။ လင်းကြက်သွန်ချိန်မှ စပြီး ရွာသူ ရွာသားအပေါင်းတို့ဦးမောင်မောင်အိမ်သို့ အရဲစွန့်သွားရန် တိုင်ပင်နေကြပြီး ကြောက်သောသူများအား မလိုက်စေရန် ပြောသည်။ နေထွက်လာသည်နှင့် ဆရာမြဦးဆောင်သည့် အဖွဲ့ကား ရွာလယ် ဦးမောင်မောင်နေအိမ်သို့အချင်းယူရန် ချီတတ်လာကြတော့သည်။
`ဟင်!…ဒါဘယ်လိုဖြစ်ရတာလဲ…´
`ဘယ်လိုဖြစ်တာလဲ ညတုန်းကလဲ ဘာအသံမှ မကြားဘူး အခုဘယ်လိုဖြစ်ရတာလဲ…´
`တစ်ယောက်ယောက်များ ရှို့သွားတာလား ခင်ဝါကရော မီးထဲပါပြီး သေသွားပြီလား…´
`သွားပြီး ဆရာမြ အချင်းပါ ပါသွားပြီနဲ့ထင်တယ်´
`ဟုတ်တယ် ကျုပ်တို့တော့ လမ်းစပျောက်နေပြီ သူကိုယ်တိုင်ပဲ အိမ်ကို မီးရှို့ဖျက်စီးခဲ့ပြီ´
အားလုံး မြင်တွေ့လိုက်ရသည်က ရွာလယ်မှ ဦးမောင်မောင်၏ နေအိမ်အားမီးလောင် ပြာကျနေသည်ကိုပင်။
`ဒါဆို ကျုပ်တို့ဘယ်လို လုပ်ကြမလဲ ´
`မထူးတော့ဘူး…အားလုံး ညရောက်တဲ့အထိပဲ စောင့်လိုက်ကြတာပေါ့ ´
`ဒုက္ခပါပဲဗျာ…ကျုပ်တို့ရွာလေးတော့ ကပ်ဘေးတစ်ခုပြီး တစ်ခု ပြသနာတစ်ခုပြီး တစ်ခုဖြစ်နေတော့ဘဲ အားကိုးပါတယ် ဆရာမြရယ် ကျုပ်တို့သေမထူး နေမထူး မဖဲဝါနဲ့ရင်ဆိုင်တော့မယ်…´

လမ်းစရှာမရသည့် အဆုံးမှာပဲ တစ်ရွာလုံး သေမထူး နေမထူးအဖြစ်သို့ခံယူခါ အားတင်းလိုက်ကြတော့သည်။ ညအတွက် ဆရာမြနှင့် ရွာသားတစ်ချို့ သင်္ချိုင်းပရဝဏ်းအတွင်း၌ လိုအပ်သည်များကို စီစဉ်နေပြီး ရွာမှ သက်ကြီး ရွယ်အို ကလေးသူငယ်များမှ အစ တိတ်ဆိတ်ငြိမ်သတ်နေလျက် ။သင်္ချိုင်းအတွင်း၌ အုန်း ငပျောပွဲထိုးခါ စည်းချထားပြီး အုတ်ဂူများအား အဝါရောင်များ သုတ်လိမ်းထားလျက်။ အချိန်ကား တစ်ဖြည်းဖြည်း ညနေဆည်းဆာသို့နီးကပ်လာသည့်အထိ ပြင်စဉ်နေရသည်။ မှောင်ရီပျိုးလာသည့်အချိန်မှ စ၍ သင်္ချိုင်းတစ်ခုလုံး မီးတုတ်များဖြင့် ဝိုင်းရံထွန်းထားသည်။ ဆရာမြစည်းဝိုင်းကျယ်အတွင်း၌ ရွာသူရွာသားများ ရှိနေကြသည်။အချိန်ကား သန်းခေါင်ယံမတိုင်ခင်
`သင်္ချိုင်းအတွင်းမှာ နေထိုင်ကြကုန်သော ပရလောကသား ချုပ် မဖဲဝါခင်ဗျာ ရွာသူရွာသားအပေါင်းတို့မသိလို့မှားမိခဲ့သည်များ ရှိရင် တစ်ရွာလုံး ကိုယ်စား ကျုပ်တောင်းပန်းပါတယ် ခွင့်လွတ်ပေးပါ´
တစ်ရွာလုံး တစ်ယောက်နှင့် တစ်ယောက် ခန္ဓာကိုယ်ချင်းထိထားလျက် တိတ်ဆိတ်ငြိမ်သတ်စွာ ထိုင်နေကြပြီး မတ်တပ်ရပ်ကာ ပြောဆိုလိုက်သော ဆရာမြစည်းဝိုင်းအရှေ့သို့ဦးမောင်မောင် ရောက်လာသည်ကို တွေ့တော့
`ဟင်!…ဦးမောင်မောင်ကြီး´
စည်းဝိုင်းအတွင်း၌ရှိသော လူများ ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြတော့သည်။
`စိတ်အေးအေးထားကြပါ …မကြောက်ကြပါနဲ့ကျုပ်ဖြေရှင်းနိုင်ပါတယ်´
ဆရာမြစကားကြောင့် အားလုံးငြိမ်သတ်ခါ ဝတ်နေကြတော့သည်။
`မင်းဘယ်သူလဲ ´
ဖုတ်ဝင်နေသော ဦးမောင်မောင်အား ဆရာမြ မေးလိုက်တော့
`မင်းချုပ်ထားတဲ့ဝိဥာဉ်ဘူးထဲက (ဝိဥာဉ်ဦးလေး)တစ္ဆေတစ်ကောင်ပဲ´
`အော်…ပုဏ္ဍက တစ္ဆေပဲ ´
`မဟုတ်ဘူး…´
`မင်းဘာကောင်ပဲ ဖြစ်ဖြစ် ငါ့ကိုယဉ်နိုင်မှာလား…´
ဇာတ်ကျိုးခေါင်းငိုက်စိုက်နေသော ဦးမောင်မောင် ခန္ဓာကိုယ်ထဲမှ ဝိဥာဉ်ဦးလေးဟာ ဘာစကားမှ မပြောတော့ပဲ စည်းဝိုင်းထဲသို့ဝင်ရန် အရှေ့တိုးလာနေသည်။သို့ပေမယ့် စည်းနှင့် ခြေထောက် ထိသွားသည်နှင့် ဝင်မရဘဲ အနောက်သို့ယိုင်လဲကျသွားသည်။ ကွေးခြင်းမရှိဘဲ မတ်မတ်ပြန်ထပြီး စည်းဝိုင်းအတွင်းသို့ဝင်ရန်ကြိုးစားသော်လဲ မရပဲဖြစ်နေသည်။သန်းခေါင်ယံအချိန်ရောက်လာတော့ ဟားတိုက်ရယ်မောသံတစ်စုံ ထွက်ပေါ်လာခဲ့သည်။ ထိုသူက မဖဲဝါ ဝင်စားသူ ခင်ဝါပင်ဖြစ်ချေသည်။
`မဖဲဝါ ရောက်လာပြီလား…´
`အေး ဟုတ်တယ် ငါရောက်လာပြီး´
`ကျုပ်တို့တစ်ရွာလုံး အမှားလုပ်ခဲ့မိတာ ရှိရင် တောင်းပန်ပါတယ်…´
`ဟားဟား…နင်တို့ရွာက ကိုကိုကြီးက ငါပိုင်တဲ့သင်္ချိုင်းတွေမှာ မီိးနေသည်အလောင်းတွေကို ငါ့ခွင့်ပြုချက် မရှိပဲ ဖော်တယ် အဲ့ဒါကြောင့် အခွင့်အခါသင့်တုန်း ခန္ဓာရလို့ငါလက်စားချေတာပဲ ဟားဟား´
`အဲ့ဒါ သူနဲ့ပဲ ဆိုင်တာလေ ရွာသားတွေနဲ့မှ မပတ်သတ်တာ´
`တိတ်စမ်း ငါသူ့ကိုပဲ သတ်ချင်တယ် လိုချင်တယ် သူ့ကို နင်တို့ရှာပေးနိုင်ရင် ငါ့သေစာရင်းထဲက သူတွေအားလုံး လွတ်ပေးမယ်…´
`သူ့ကို ကျုပ်တို့လဲ ရှာနေတာပဲ သူဘယ်မှာရှိမှန်း မသိဘူး ´
`ဒါဆိုရင်တော့ တစ်ရွာလုံး သေရမယ်´
ထိုစဉ်မှာပဲ မှောင်ရိပ်တစ်ခုမှ လူတစ်စုထွက်လာသည်ကို အားလုံးတွေ့လိုက်ရတော့သည်။ ထိုသူတို့က သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ အားဖောက်သွားသော ကိုကိုကြီးတို့ပင်ဖြစ်နေတော့သည်။

****************************
နေ့စဉ်တင်ပြပေးသွားပါမည်။
တစ်ခြားသော ဇာတ်လမ်များသို့ >>> http://hteekalayblog.blogspot.com/
ိုင်ပါလိမ့်မည်။

No comments:
Post a Comment