တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
အပိုင်း(၄)
စာရေးသူ -ထီးကလေး၊
သို့နှင့် ခရီးဆက်ကြရန် ထိုဆိုင်လေးအတွင်းမှ အားလုံး ထွက်လာခဲ့တော့သည်။
`ခရီဆက်တာတော့ ဟုတ်ပါပြီ မျှားလေး အဲ့မှာ ရှိပါ့မလား အခုထိ ဖုန်းပိတ်ထားတုန်း ရှိသေးတယ်´
`မတတ်နိုင်ဘူး…အဲ့ရွာကို ရောက်မှ သူဦးလေးအိမ်ကို အရင်သွားမေးမယ် မလာဘူးဆိုမှ ရန်ကုန်ကို ဖုန်းဆက်ပြီး ပြောကြတာပေါ့´
`ရွာထဲကို ဘယ်လို သွားရမှာလဲ…´
`အရင် ကုန်းကြောင်းပေါ့ နောက်မှ တစ်ဆင့်ချင်း မေးမေးပြီးသွားရင် ရောက်သွားမှာပေါ့ကွ…ဘာမှ ပူမနေနဲ့´
`အခုန ဘကြီးကို ဘာလို့ငါတို့နဲ့မလိုက်ခိုင်းရတာလဲကွ ငါတို့လူကြီးတစ်ယောက်ပါတော့ ကောင်းတာပေါ့…´
`ဒါတော့ ဒါပေါ့ ဒါပေမယ့်…´
`ဒါပေမယ့် ဘာဖြစ်တုန်း ဆက်ပြောလေ´
`ဒါပေမယ့်…ငါတို့ကြားမှာ လူကြီးနေရထိုင်ရ ခတ်နေမှာ ဆိုးလို့ပါကွ´
`အဲ့ဒီ လူကြီးကို ကြည့်ရတာတော့ သာမာန်တော့ ဟုတ်မယ် မထင်ဘူး သူ့ပြောပုံဆိုပုံတွေက တည်ငြိမ်တယ် ငါ့အထင် ဆရာတစ်ယောက်ယောက်ပဲဖြစ်ရမယ်´
`သိပ်သေချာတာပေါ့…´
`ဟင်!…မင်းက သိလို့လား…´
`ဟင်!…မသိပါဘူးကွ မှန်းကြည့်တာ ´
`အဲ့ဒီနယ်ဘက်တွေက အရမ်းကြမ်းတာကွ ပညာသည် တစ်အားပေါတယ်…´
`မင်းကလဲကွာ…ငါတို့ယောနယ်မှာတောင် သောင်းကြမ်းခဲ့သေးတာပဲ…´
`ဒါပေမယ့် ငါတို့ဂရုစိုက်ဖ်ု့တော့ လိုမယ် အဲ့ဒီ့ကိုရောက်ရင် ငါတို့ဝယ်ထားတဲ့အိမ်ကမိသားစု ရှာခိုင်းတဲ့ ကိုကိုကြီးဆိုတဲ့သူကိုလဲ ရှာရဦးမဟ်…´
`အော် ဒါနဲ့ကေသီဖြူ လမ်းလျောက်ရတာ ညောင်းနေပြီလား…´
`မညောင်းပါဘူး အစ်ကိုတို့ရဲ့ အစ်ကိုတို့နဲ့ လမ်းလျောက်နေရတာ ပျော်တောင် ပျော်သေးတယ်…´
စကားတစ်ပြောပြောဖြစ် လမ်းလျောက်လာခဲ့ကြရာ စောမြို့မှတစ်ဆင့် ရွာထဲအဝင်လမ်းမကြီးကို အဝေးမှလှမ်းမြင်နေခဲ့ပြီ။ ကျွန်ုပ်တို့နှင့်အတူ ဝိဥာဉ် ဦးလေးကြီးကလဲ လမ်းတစ်လျောက်လုံး လိုက်ပါလာခဲ့တော့သည်။
`ကောင်လေး…မင်းတို့ညောင်းနေကြပြီလား ရွာထဲရောက်ဖို့လိုသေးတယ်ကွ…´
ကျွန်ုပ်ဘေးမှ ထိုလူကြီက စကားပြောနေသော်လည်း ပြန်ပြောခွင့်မရ ဘေးမှ သူငဟ်ချင်းများ ရိပ်မိမှာဆိုးသဖြင့်
`မင်းတို့ဆက်လျောက်နှင့်ကြ…ငါဖိနပ်ပေါက်လို့ လုပ်လိုက်ဦးမယ်´
`ဟာကွာ…တူတူလျောက်မှာပေါ့…ငါတို့စောင့်နေပေးမယ်…´
`အာ…ဟုတ်သေးဘူး…ငါ …ငါအပေါ့သွားချင်လို့ ရှက်လို့ဖိနပ်ပေါက်တယ် ပြောတာ…သွားပါ မင်းတို့ပဲ ဆက်လျောက်နှင့် ငါအနောက်ကနေ အခုချက်ချင်း လိုက်လာခဲ့မယ်…´
`ပြီးရောကွာ…´
သို့နှင့် လူပျက်သည့် လမ်းဘေးသို့ အပေါ့သွားယောင်ဆောင်လိုက်ပြီး
`ခင်ဗျားကို မေးစရာရှိလို့ တမင်ပြောလိုက်တာ ´
`ဘာမေးမလို့တုန်း …´
`ကျုပ်အခုမေးမယ့် ဟာတွေကို ခင်ဗျားသေချာမှတ်ပြီး တစ်ခုချင်း ကျုပ်ဘေးကနေ ပြန်ဖြေပေး ဟုတ်ပြီလား…ခင်ဗျားတူ ကိုကိုကြီးနေတဲ့ နေရာကို သိလား ပြီးတော့ ဘာဖြစ်လို့ခင်ဗျားက သူ့ကို ရှာချင်တာလဲ ဟိုဆိုင်ထဲက လူကြီးကိုရော ခင်ဗျား ဘယ်လိုမြင်လဲ ဘာဖြစ်လို့သူ့ကိုကြောက်ရတာလဲ အဲ့ဒါတွေကို ကျုပ်ဘေးကနေ တစ်ခုချင်း ပြန်ဖြေပေး…အခုတော့ ကျုပ်သူငယ်ချင်းတွေ အရှေ့နားမှာ စောင့်နေတယ်…လာလာ မြန်မြန်လိုက်ခဲ့…´
အပေါ့သွားနေသည် ထင်၍အရှေ့ခပ်လှမ်းလှမ်းတွင် လေးယောက်သား ရပ်စောင့်နေသည့်နေရာက်ု ကျွန်ုပ်အပြေးသွားလိုက်တယ်။
`ပေါက်ပြီးပြီလား…´
`ဟေ့ယောင် မင်းသေးပေါက်ပြီး ပိုင်ရာဆိုင်ရာတွေရော တောင်းပန်းခဲ့ရဲ့လား…´
`အားလုံး လုပ်ခဲ့ပါတယ်ကွ…ဆက်လျောက်မယ် ညနေမဆောင်းခင် ရွာထဲရောက်ဖို့အရေးကြီးတယ်…´
ကျွန်ုပ်ဘေးမှ သူငယ်ချင်းများကတော့ စကားတစ်ပြောပြောဖြစ် အဝေးမှ လမ်းမြင်နေရသည့် ရွာလမ်းကြီးဆီသို့ ဦးတည်လျောက်နေခဲ့တော့သည်။ ကျွန်ုပ်ကား သူတို့နှင့် မပြောပဲ ဝိဥာဉ်ဦးလေးအား မေးထားသည့် မေးခွန်းများကို သူက ပြန်ဖြေပေးနေတော့သည်။
`ငါ့မိဘတွေက စောနယ်ဇာတိကွ ငါမှာညီတစ်ယောက်ရှိတယ် အဖေက ငါတို့ညီကိုယ်တွေ ၁၀နှစ်သားလောက်မှာ ရန်ကုန်ကို ပြောင်းလာခဲ့တယ်။ အဲ့ချိန်ကနေစပြီး စောနယ်မှာရှိတဲ့အမျိုးတွေနဲ့အကုန် အဆက်သွယ် ပျက်သွားတယ်။ ငါ့မိဘတွေ ဆုံးသွားတော့ငါ့ညီက စောနယ်ကို အလည်သွားရင်း အဲ့ရွာက အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင် ကျပြီး အဲ့မှာပဲ အခြေခြနေခဲ့တယ်။ တစ်ခါခါမှ ရန်ကုန်ကို လာလည်တယ်။ သူ့မှာ သားတစ်ယောက်ရှိတယ်။နာမည်က ကိုကိုကြီးတဲ့သူက မှော်ပညာတတ်တယ်။ ငါ့တို့တစ်မျိုးလုံးက မှော်ပညာတတ်တယ် ဆိုပါတော့ ငါကတော့ ဝါသနာမပါလို့မလိုက်စားဘူး ငါ့ညီကတော့ အဲ့ရွာမှာ ဆရာလုပ်စားခဲ့တယ်လေ သူ့သား ကိုကိုကြီးအရွယ်ရောက်တော့ ပညာတွေ လက်ဆင့်ကမ်းပေးခဲ့တဟ်။ သူကတော့ ဆုံးသွားတာ မကြာသေးဘူး။ ငါ့တူ ကိုကိုကြီး ဆီသွားချင်တဲ့အကြောင်းက သူ့ပညာနဲ့ ငါ့ကို လုပ်ကြံသတ်ခဲ့သူ့ကို မြင်နိုင်တယ် ဒါကြောင့် ငါသွားချင်တာ သူနေတဲ့ရွာက မင်းတို့ပြောတဲ့ ဂျိုးဖြူကုန်း ရွာပဲ ။လိပ်စာပဲ ငါ့ညီပေးခဲ့လို့ငါသိတာ မရောက်ဖူးဘူး။ ပြီးတော့ ငါဟိုလူကြီးကို ငါကြောက်ရတယ် သူက အထက်လမ်းဆရာ ငါ့ကိုတော့ ရန်မပြုပါဘူး ဒါပေမယ့် ငါသူ့ကိုကြောက်တယ်။သူလိုက်လာရင် မင်းတို့အနားကို ငါကပ်လို့မရတော့ဘူး ဒါကြောင့် သူ့ကို မခေါ်ဖို့ပြောတာ မင်းမေးတာတွေ အကုန်ပဲနော် ´
လမ်းလျောက်နေရင်း ဘေးမှ ဝိဥာဉ်ဦးအား မသိမသာ ခေါင်းငြိမ့်ပြခဲ့တယ်။ ဘေးမှ သူငယ်ချင်းများက
`ဟေ့ယောင် ငြိမ်လှချည်းလား…စကားလေး ဘာလေး ပြောပါဦး…မင်းကြည့်ရတာ နေမကောင်းဘူးနဲ့ထင်တယ်…´
`ဟာကွာ…ငါကောင်းပါတယ်ကွ…မျှားလေး အကြောင်း စဉ်စားနေလို့´
`ကဲ ရွာလမ်းကွေ့တော့ ရောက်လာပြီ ဘယ်ဘက်လမ်းက ဂျိုးဖြူကုန်းရွာလဲ…´
`ငါလဲ မသိဘူးလေ လမ်းသွား လမ်းလာ တစ်ယောက်ယောက်ကို မေးကြည့်လိုက်တာပေါ့…ခတ်တာက လူသွား လူလာကလဲ မတွေ့ဘူး´
`ဒါဆို ဘယ့်နှ လုပ်ကြမတုန်း…´
`ကောင်လေး ရွာတော်ရှင်ကို မင်းခွင့်တောင်းပြီး ငါ့ကို ခေါ်မှ ရွာထဲကို ငါလိုက်လို့ရမှာ…´
`ထီးလေး…ကြံပါဦးကွ…မင်းကြည့်ရတာလဲ တစ်လမ်းလုံး ဘာဖြစ်နေမှန်းကို မသိဘူး…´
`ဘာမှ မဖြစ်ပါဘူးကွာ နောက်မှ မင်းတို့ကို အားလုံးရှင်းပြမယ်…ဟော…ဟိုးမှာ လူတစ်ယောက် လျောက်လာတယ်…အဲ့လူကိုပဲ မေးကြည့်လိုက်မယ်လေ…´
ပုဆိုးတိုတိုဝတ်ခါ စွပ်ကျယ်ဂျိုင်းဖျက်ဖြင့် ခမောက်စောင်းထားသည့် လူတစ်ယောက် ခပ်လှမ်းလှမ်းမှ လျောက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုသူ ကျွန်ုပ်တို့ရှိရာ နေရာသို့လာမည်မဟုတ် လမ်းကွေ့လေးကို ကွေ့ခါနီး
`ဗျို့…နောင်ကြီး…ခဏလေးပါဗျ မေးစရာရှိလို့…လာလာ…သူ့ကို သွားမေးကြမယ်´
အားလုံးကို ဦးဆောင်ခေါ်ကာ ထိုသူအနားသို့သွားပြီး
`နောင်ကြီး ဂျိုးဖြူကုန်းရွာကို ဘယ်ကသွားရမလဲ…´
`ဘယ်လို…ဂျိုးဖြူကုန်းရွာ ဟုတ်လား'.
`ဟုတ်တယ်လေ…နောင်ကြီးသိရင် လမ်းညွှန်းပေးပါဦး…´
`ခင်ဗျားတို့က မြို့က ဧည့်သည်တွေနဲ့ထင်တယ် အခုတလော ကျုပ်တို့ကြားတာ …ဂျိုးဖြူကုန်းရွာမှာ သေဘေးကပ်ကြီးတစ်ခု ဆိုက်နေတယ်တဲ့…ဘာတဲ့…မဖဲဝါ ဝင်စားတဲ့ကလေး ရှိလို့ဆိုလားပဲ'.
`ဘယ်လို သေဘေးဆိုက်နေတယ် ဟုတ်လား…´
`ဟုတ်တယ်…ခင်ဗျားတို့မသွားရင် ကောင်းလိမ့်မယ် ထင်တယ်…အဲ့ရွာမှာ နာမည်ကြီး ပယောဂါဆရာကြီး တစ်ယောက်တောင် ကပ်ဘေးမှာ ပါသွားတယ်လို့ကြားတာပဲ…´
`မသွားလို့တော့ မရဘူးဗျ…ကျုပ်တို့သူငဟ်ချင်းကို လိုက်ရှာနေတာ…ဘာပဲဖြစ်ဖြစ်ဗျာ…လမ်းသာညွှန်ပေး…ကျုပ်တို့သွားမယ်…´
`ကျုပ်က လမ်းညွှန်ပေးတာ မခတ်ပါဘူး ခင်ဗျားတို့ကို စိုးရိမ်လို့ပြောတာ သတိတော့ ထားပေါ့ဗျာ…အခုအတိုင်း အရှေ့နည်းနည်းလျောက်သွားလိုက် ညာဘက်ခြမ်းမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ် အဲ့လမ်းကို ကွေ့လိုက် တည့်တည့်သာ လျောက်သွားတော့ အဲ့ဒါ ခင်ဗျားတို့မေးတဲ့ ဂျိုးဖြူကုန်းပဲ…´
`ကျေးဇူးပါပဲဗျာ…ကျုပ်တို့ကို ခွင့်ပြုဦးဗျ…´
ထိုသူအား နှုတ်ဆတ်ပြီး သူညွှန်ပြပေးသော လမ်းအတိုင်း ကျွန်ုပ်တို့အားလုံး လျောက်လာရင်း အချိန်က ညနေ ၃နာရီကျော်နေခဲ့ပြီ။ လမ်းကွေ့လေးထဲ အချိုးမှာပဲ
`ကောင်လေး…ငါလိုက်လို့မရတော့ဘူး ငါ့ကို ရွာထဲဝင်ခွင့် မပေးဘူး…ရွာတော်ရှင်ကို မင်းခွင့်တောင်းပေးဦး…´
ဝိဥာဉ်ဦးလေးကြီ အနောက်မှာ ကျန်ခဲ့ရင်း အော်ပြောလိုက်သည်ကြောင့် ရွာအဝင် ညောင်ပင်နတ်စင်မှာ ကျွန်ုပ်တတ်သလောက် ထိုသူအား ရွာထဲ လိုက်ပါခွင့်ပြူရန် ခွင့်တောင်းနေတော့သည်။
`နတ်စင်မှာ ဘာလုပ်နေတာလဲ ထီးလေး…လာလေ သွားကြမယ်…´
`အော် …ရွာတော်ရှင် နယ်တော်ရှင်တွေကို အကူညီတောင်းနေတာပါကွ…´
`ပြီးပြီလား…သွားကြမယ်…´
သူငယ်ချင်း ခေါ်ရာသို့ကျွန်ုပ်လိုက်ပါလာရင်း အနောက်မှ ဝိဥာဉ်ဦးလေးကို လှည့်ကြည့်လိုက်တာ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူလည်းပဲ လိုက်ပါလေတော့သည်။
****************************
`နေပါဦး လူကြီးရ ဒါနဲ့ကျုပ်မရှင်းလို့ မေးပါရစေဦး…မဖဲဝါကို ကျုပ်တို့က ဒီလကွယ် တောင်းပန်းရမယ်ဆိုတော့ သူ့ကို ကျုပ်တို့ရွာက ဘာလုပ်မိလို့တုန်း´
`ကိုကိုကြီးရာ မင်းကလဲ စကားရှည်နေတယ် သုဘရာဇာကြီးက လိုအပ်လို့ပြောတာ နေမှာပေါ့ကွ…သူက မျိုးရိုးစဉ်ဆက် သုဘရာဇာကွ သူအသိဆုံးပဲ…´
`ကျုပ်ကတော့ မတောင်းပန်နိုင်ဘူးဗျာ ဘာအပြစ်မှလဲ မလုပ်ထားဘူး ဒီတော့ မတောင်းပန်နိုင်ဘူး…´
`ဟာကွာ…မင်းကတော့ သေတော့မှာပဲ´
`သေချင် သေပါလိမ့်စေဗျာ…ကျုပ်လဲ ဆရာတစ်ယောက်ပဲ ယောနယ်က ဆယ့်နှစ်ကြိုး ခင်သုန်ကိုတောင် ကျုပ် အမြစ်ဖြတ်နိုင်ခဲ့သလို သက်မဲ့ရွာမှာလဲ ရှမ်းဆရာ ဖေလင်းကို နိုင်ခဲ့တာ သူကြီးလဲ အသိပဲလေ…ကျုပ်ကတော့ ဂရုမစိုက်ဘူး ပြီးတော့ ဒီရွာမှာ မဖဲဝါဝင်စားတဲ့ သူရှိတယ်လို့ သင်္ချိုင်းစောင့်ကြီး ပြောလိုက်သေးတယ်နော်…သူက ဘယ်သူဖြစ်နိုင်မလဲ…´
`တော်တော့ ကိုကိုကြီး မင်းတစ်ယောက်ကြောင့် ငါတို့ရွာ သေဘေးအထိမခံနိုင်ဘူး…မင်းဖာသာမင်း တောင်းပန်ချင် တောင်းပန် မတောင်းချင်နေ ငါတို့ကတော့ တောင်းပန်းရမှာပဲ လပြည့်ကျော် ၁၂ ရက်နေ့ကြရင် ငါ့အိမ်မှာ မောင်းထုပြီး အစည်းအဝေးခေါ်ထားတယ်။ သုဘရာဇာကြီး ပြောတဲ့အတိုင်း မဖဲဝါကို တောင်းပန်းဖို့အစီစဉ် ဆွဲရမယ်…´
`ခင်ဗျားတို့ပဲ တောင်းပန်ဗျို့ ကျုပ်ကတော့ ဆရာတစ်ယောက် လုပ်နေပြီး မတောင်းပန်နိုင်ဘူး…´
ပြောဆိုကာ သူကြီးအိမ်ပေါ်မှ ကိုကိုကြီးဆင်သွားတော့သည်။ ကိုကိုကြီးက တစ်ချိန်က ဆရာတစ်ယောက်ဖြစ်ခဲ့ပေမယ့် ယခုခါ တပည့်အမြောက်အများမွေးပြီး နောက်ကွယ်မှာ ရှေးဟောင်းဘုရားပျက်တွေဆီမှ ဠာပဏာများက်ု ဖောက်နေခဲ့သည်။သို့ပေမယ့် သူကား တစ်ချိန်မှ ဆရာဖြစ်ခဲ့ဘူးသော် မာန်ကိုမချသေးပဲ သုဘရာဇာကြီးပြောသော စကားတို့ကို ငြင်းဆန်နေခဲ့တော့သည်။
`ကိုမောင် ရှင့်ကို ကျုပ် အနှစ် ၂၀လုံးလုံး မပြောပဲ ဖုန်းကွယ်ထားတဲ့အဖြစ်ပျက် တစ်ခုရှိတယ် ကျုပ်ကို ခွင့်လွတ်ပါ …´
`ဘာကိစ္စမို့တုန်း မြရဲ့ ခွင့်လွတ်ပါတယ် ဘာတွေများ ဖုန်းကွယ်ထားလို့လဲ…´
`ကျွန်မတို့အသတ်တွေလည်း ကြီးနေပါပြီး ဆက်ပြီးတော့ ရှင့်ကို ကျွန်မ မဖုန်းကွဟ်ထားချင်တော့ဘူး…ကလေး မရနိုင်လို့ တစ်နေ့တစ်နေ့ ရှင်စိတ်ဆင်းရဲံနေတာကို ကျွန်မ မကြည့်ရက်လို့ သင်္ချိုင်းကုန်းမှာ ကလေးတစ်ယောက် အမြန်ဆုံးရပါစေလို့ ဆုတောင်းမိခဲ့တယ်…´
`ဟင်!…ဘာ!…ဘယ် …ဘယ်သင်္ချိုင်းလဲ…´
`အရင် ရွာအပါအဝင် ဒီရွာပိုင် သင်္ချိုင်းမှာပဲ…´
`ဟာကွာ…မြရာ မင်းမိုက်လိုက်ချည်းလား အဲ့ဒါမလုပ်ကောင်းတဲ့အရာတစ်ခု ဘာလို့အဲ့အချိနိက ငါ့ကို မပြောရတာလဲ …ဒါ…ဒါဆို ငါတို့သမီးလေးက…´
`ဟုတ်တယ် …ရွာထဲမှာ ပြောနေကြတဲ့ မဖဲဝါ ဝင်စားတယ်ဆိုတာ ကျွန်မတို့သမီးလေးပဲ…´
`ဟင်!…ဒါ…ဒါဆို …သ…သမီးလေးက မဖဲဝါ ဝင်စားတာပေါ့…ဟာကွာ…မဖြစ်နိုင်ဘူး…ငါ့သမီးလေး မဖဲဝါ ဝင်စားတာ မဖြစ်နိုင်ဘူး…´
`ကိုမောင်ရဟ် စိတ်ကို ထိန်းပါဦး …ကျွန်မမှာ နည်းလမ်းရှိပါတယ်…သမီးလေးမွေးတုန်းက ချက်ကြိုးကို သင်္ချိုင်းမှာ ပြန်မြှုပ်လိုက်ရင် တစ်ရွာလုံး ကပ်ဘေးက လွတ်ပြီ…´
`မင်း…မင်းတကယ်ပြောနေတာလား…ဒါဆို တစ်ရွာလုံး အတွက် ငါတို့လုပ်ပေးလိုက်ကြမယ်လေ…´
`ကျွန်မလည်း အကြိမ်ကြိမ်အခါခါ စဉ်းစားခဲ့ပါတယ်…အဲ့လို မြှုပ်လိုက်ရင် ကျုပ်တို့သမီးလေး…………´
`ဟင်!…ဘာဖြစ်လဲ ဆက်ပြန်ပါဦး…ငါတို့သမီးလေးက …´
`သမီးလေးကို ကျွန်မတို့အပြီးအပိုင် စွန့်လွတ်လိုက်ရမှာ…´
`ဟင်!…ဘာပြောတယ် သမီးလေးကို စွန့်လွတ်ရမှာဟုတ်လား…ဟာ…ဒါ.…ဒါဆို မဖြစ်ဘူး…´
`ဟုတ်တယ် ကျွန်မလဲ အဲ့ဒါကြောင့် ဘာလုပ်ရမှန်းမသိလို့ရှင့်ကို ဖွင့်ပြောပြပါဘဲ…´
`ဒုက္ခပါပဲကွာ…ငါ သမီးလေးကို ချစ်လို့တောင်မဝသေးဘူး…မြ…ဒီအကြောင်းတွေ ဘယ်သူမှသိလို့မဖြစ်ဘူး သမီးလေးချက်ကြိုးက မင်းမှာ ရှိသေးလို့လား ´
`ရှိတယ်…ကျုပ်လဲ လိုလိုမယ်မယ် လက်သည်ဆီက ပြန်တောင်းထားတာ တစ်ချိန်ဒီလိုတွေ ဖြစ်လာမှာဆိုးလို့…´
`ဒါဆို ငါ့ကို ပေးစမ်း…´
`ရှင်ဘာလုပ်မလို့လဲ…´
`ဘာလုပ်ရမှာတုန်း အမြန်ဆုံး ဖျက်စီးဖြစ်လိုက်မယ်…´
`ကိုမောင် ရှင်စဉ်းစားဦးနော် တစ်ရွာလုံးနဲ့ တစ်ယောက် ရှင်လဲမလို့လား…´
`အိုး…ဒါတွေ ငါမသိဘူး…ငါ့သမီးလေးကို ငါအရမ်းချစ်တယ်…မစွန့်လွတ်နိုင်ဘူး´
`စိတ်ချပါ မနက်ဖြန်တစ်ရက် သမီးလေး အခြေနေကို ကျုပ်တို့စောင့်ကြည့်ဦးမယ် တကယ်လို့သူဖာသာသူ နေတယ်ဆိုရင်တော့ ရှင်တောင်းတဲ့ချက်ကြိုးကို ကျုပ်ပေးမယ် အခုတော့ ကျုပ်ပဲ အရင်သိမ်းထားမယ်´
အိပ်ခန်းအတွင်းမှ ခင်ဝါ ထိုအကြောင်းများကို ကြားနေခဲ့ရသည်။ ထိုတစ်နေ့လုံး မိဘနှစ်ပါး စောင့်ကြည့်နေခြင်းကို သူမရိပ်စားမိခဲ့ပြီး အနေအထိုင်များ ပြောင်းလဲကာ ပြုံးပြုံးရွှင်ရွှင် မျက်နှာကို ဖန်တီးထားရသည်။ စောင့်ကြည့်နေကြသည့် မိဘနှစ်ပါးကတော့ သူမ၏ အပြုံး မျက်နှာလေးကိုကြည့်ပြီး စိတ်ချမ်းသာနေမိတော့သည်။ ထိုတစ်ညလုံး ရွာရှိ ခွေးများ အပြင်းအထန် အူသံများကို တစ်ရွာလုံး ကြောက်မက်ဖွယ် ကြားရတော့တယ်။ ခွေးအူသံများ ဆူညံနေသည်ကြောင့် ခင်ဝါအိပ်ခန်းသို့ မိဘနှစ်ပါး အပြေးလွှား ချောင်းကြည့်လိုက်စဉ် အိပ်နေသော ခင်ဝါ့အားမတွေ့တော့ စိုးရိမ်တစ်ကြီး ဖြစ်ကုန်ချေတော့သည်။
`ကိုမောင် ဘယ်လိုကြမလဲ သမီးလေးကို မတွေ့တော့ဘူး…လုပ်ပါဦး…´
`နေပါဦးကွာ…ငါ့သမီးလေး အပေါ့အလေး သွားလားမှ မသိတာ မင်းစိတ်မပူပါနဲ့…ငါရှာကြည့်ပါဦးမယ်…´
ဦးမောင်မောင် အပြေးလွှား တစ်အိမ်လုံး လိုက်ရှာလေရာ နောက်ဖေး အိမ်သာဘေး၌ ထမီးယဉ်လျားကာ ဆံပင်ဖားလျားချပြီး ဟားတိုက် ရယ်မောနေသော ခင်ဝါ့အား တွေ့လိုက်ရတော့
`သ…သမီး အဲ့…အဲ့ဒီမှာ ဘာလုပ်နေတာလဲ´
`ဟားဟား…ကိုကိုကြီး အိမ်ရှေ့အခေါင်းသွားချတဲ့ ငါ့တပည့်တွေကို ကြည့်နေတာ…´
`သ…သမီး…ဘာတွေ လျောက်ပြောနေတာလဲ လာလာ…´
ဦးမောင်မောင် သမီးဖြစ်သူ ခင်ဝါအား ချော့မွေ့၍ ပုခုံးလေးဖတ်ခါ အိပ်ခန်းအတွင်းသို့ ပြန်ပို့ပေးလိုက်တော့တယ်။ထိုနောက် လင်မယားနှစ်ယောက် ခြင်ထောင်အတွင်း၌
`ကိုမောင် ရှင်အခု မျက်မြင်တွေ့ပြီ မဟူတ်လား…ကျုပ်တို့ဘာဆက်လုပ်ကြမလဲ…´
`မြရယ်…ငါ…ငါလဲ မပြောတတ်တော့ဘူးဟာ…´
`ကျုပ်လဲ သမီးလေးကို အသက်နဲ့ထပ်တူ ချစ်တာပဲ ဒါပေမယ့် တစ်ရွာလုံးကို ကျုပ်သမီးလေး ဒုက္ခပေးနေတာတော့ အိုး…မနက်လင်းတာနဲ့ ချက်ကြိုးကို သွားမြှုပ်လိုက်တော့မယ်…´
ဇနီးဖြစ်သူ ဒေါ်မြနှစ်၏စကားကိုတော့ ဦးမောင်မောင် မတားတော့ပဲ ချုန်းပွဲကျငိုကြွေးနေလေတော့သည်။ မနက်မလင်းခင် ဦးမောင် အရင်နိုးနှင့်ပြီး ခင်ဝါ အိပ်ခန်းသို့ဝမ်းနည်းသော အကြည့်များဖြင့် ခြင်ထောင်လေးအသာ ဖွင့်ခါ သမီးဖြစ်သူကို စွန့်လွတ်ရမည် ဖြစ်သောကြောင့် နောက်ဆုံးအကြိမ် ငိုကြွေးခါ ကြည့်နေလေတော့သည်။ မနက်လင်းတာနှင့် ဇနီးဖြစ်သူ မြနှစ် မနိုးသေးသည်ကြောင့် အိပ်ယာထဲဝင်ခါ
`မြ…မြ…ထတော့လေ…မိုးလင်းနေပြီ´
အကြိမ်ပေါင်းများစွာ ခန္ဓာကိုယ်အား လှုပ်ခါနှိုးပေမယ့် ဒေါ်မြနှစ်တစ်ယောက်မှာတော့ နိုးမလာတော့ချေ။
`ဟင်…မြနှစ် …အ…အသက်မရှိတော့ဘူး…ဘယ်…ဘယ်လိုဖြစ်တာလဲ…လုပ်ကြပါဦး…´
ယူကြုံးမရငိုကြွေးနေလေတော့သည်။ခင်ဝါမှာတော့ မိခင်ဖြစ်သူ သေဆုံးသွားခြင်းကို ဝမ်းနည်းပူဆွေးခြင်း မရှိ။ ခင်ဝါပြောသည့် ကိုကိုကြီးဆိုသူကတော့ မနက်အချိန်မှာ အကောင်းတိုင်းဖြစ်လျက် မိခင်ဖြစ်သူမှာတော့ အသက်ဆုံးရှုံးသွားရလေတော့သည်။
ဒေါ်မြနှစ်အား မင်္ဂျိုးသေးပဲ အိမ်တွင် သုံးရက်မျှ ထားလျက် ထိုနေ့သုံးရက်စလုံးတွင် မိခင်ဖြစ်သူအနားမှ ခင်ဝါ တစ်ဖဝါးမှ မခွာပဲ မျက်ရည်များကျနေသည်ကို တွေ့ရတော့သည်။
*****************************
`ဗျို့ …ဦးကြီး ဒီရွာက ဂျိုးဖြူကုန်းရွာလားဗျ´
`ဟုတ်တယ်လေ…ဘာဖြစ်လို့တုန်း´
`ကျုပ်တို့က ရန်ကုန်က ဧည့်သည်တွေပါ ဒီရွာကို လာလည်တာ…´
`ဟေး…´
ကျွန်ုပ်တို့ရွာထဲဝင်လာချင်းမှာပဲ လယ်ကွက်တစ်ခုထဲမှ လူကြီးတစ်ယောက်အား လှမ်းမေးလိုက်တယ်။ သူက
`ဟေး…ဘယ်အိမ်ကို သွားမလို့တုန်း´
`ဒီရွာက ဦးလွန်းတင် အိမ်ကိုသွားမလို့ဗျ…လုပ်ပါဦး ကျုပ်တို့ကို လမ်းညွှန်ပေးပါဦး…´
`ဟေး…လမ်းညွန်ပေးရမယ်ဆိုရင်တော့ ငါးရွာပိုင် ရွာပြင်သင်္ချိုင်းကိုသာ သွားတော့ဟေ့…´
`ဗျာ!…ငါးရွာပိုင် ရွာပြင် သင်္ချိုင်းမှာ သူက နေတာလား'.
`မဟုတ်ဘူးကွ…ဆရာကြီး ဦးလွန်းတင် သေသွားတာ မကြာသေးဘူး…´
`ဘာ!…ဘယ်လို…ဦးလွန်တင်က သေသွားပြီး ဟုတ်လား …´
`အေးကွ…တို့ရွာမှာလဲ သေဘေးကပ်တစ်ခု စိုက်နေတယ်…အဲ့ကပ်ထဲမှာ ပယောဂါဆရာကြီး လွန်းတင်တောင် မဖဲဝါလက်ချက်နဲ့သက်ခဲ့ရတယ်…´
`ဟာဗျာ…သွားပါပြီ…ကျုပ်တို့က သူ့ကို အားကိုပြီး ဒီရွာကို လာလည်တာဗျ…အခုတော့ ဘယ်ကိုသွားရမလဲ မသိတော့ဘူး´
`ကောင်လေး…ငါ့တူ ကိုကိုကြီး အိမ်ကို မေးကြည့်ပါလ'ား´
ဘေးမှ ဝိဥာဉ်ဦးလေး ပြောစကားကြောင့် ထိုလယ်ကွင်းထဲမှ လူကြီးကို မေးလိုက်တယ်။
`ဒါနဲ့…ဦးကြီး ဒီရွာမှာ ကိုကိုကြီးဆိုတာ ရှိလားဗျ…´
`ကိုကိုကြီး…အွန်း…အော် အေးအေး ကိုကိုကြီးဆိုတာတော့ ကြားဘူးတယ်ကွ…သေချာသိချင်ရင် ဒီ ကန်စဉ်းရိုးတိုင်း တည့်တည့်လျောက်သွား အိမ်ရှေ့မှာ ရေအိုးစဉ်လေးရှိတယ် အဲ့အိမ်မှာ သေချာသွားမေးကြည့် အဲ့ဒါ ရွာလူကြီး အိမ်ပဲ…သူက အသိဆုံးပဲပေါ့…´
`ကျေးဇူးပဲဗျို့ ကျုပ်တို့နေမဝင်ခင် ခရီဆက်လိုက်ဦးမယ်ဗျ ခွင့်ပြုဦး…´
သို့နှင့် ထိုလူကြီး ညွန်ပေးသည့်အိမ်အရှေ့သို့ ကျွန်ုပ်တို့အားလုံး ရောက်သွားခါ ဒီရွာအား လာရသည့် အကြောင်းကို ပြောပြလိုက်တော့သည်။ ရွာလူကြီးကလဲ ဒီရွာမှာ သေဘေးစိုက်နေသည့် အကြောင်းနှင့် ဇာတ်လမ်းအစမှ ခင်ဝါ့အကြောင်းကို ပြန်ပြောပြတယ်။
`မောင်ရင်တို့အလာကောင်းပေမယ့် ဦးလွန်တင်ကတော့ သေသွားပြီးကွယ့် ´
`ဒါဆို ဦးကြီး ဒီကို မြို့က မိန်းကလေးတစ်ယောက်များ လာသေးလား မသိဘူး…´
`တို့ရွာကို ဧည့်သည်မလာတာ ကြာပြီကွ…မလာပါဘူး…´
`ဟင်!…ဒါဆို ဘယ်လိုလုပ်မလဲ ထီးလေး…´
`ဒါဆို မျှားလေးက ဒီကို မလာဘူးပေါ့…´
`ဟာကွာ…ငါတို့တော့ လွဲကုန်ပြီ´
`အော် ဦးလေး ဒါနဲ့ဒီရွာမှာ ကိုကိုကြီးဆိုတဲ့ သူရော ရှိလာ´
`ကိုကိုကြီး ရှိတယ်လေ…ဘာဖြစ်လို့လဲ´
`ဟာ…တော်သေးတာပေါ့ ဦးလွန်းတင်မရှိတော့လဲ ကိုကိုကြီးဆီကိုပဲ သွားရတော့မယ်'.
`ဦးလေး အခုန ပြောပြတဲ့ ခင်ဝါ ဒီရွာမှာ ရှိသေးလား…´
`ရှိတာပေါ့…ဒီလပြည့် ကျော်လောက်ကမှ သူအမေသေသွားတာလေ…အခုတော့ သူအဖေနဲ့နှစ်ယောက်တည်း နေတယ်…မောင်ရင်တို့ကို ပြောရဦးမယ်…ဒီလကွယ်ရင် ဦးတို့ရွာကပ်ဘေးက လွတ်အောင် သင်္ချိုင်းမှာ မဖဲဝါကိုတောင်းပန်ရမယ်…သိပ်တော့မလိုတော့ဘူး…ဒီနေ့က လပြည့်ကျော် ၁၀လေ´
`ဟာ…ထီးလေး…တို့မြို့ပေါ်မှာတွေ့ခဲ့တဲ့ အဘကြီးက ဒီရွာကို လပြည့်ကျော် ၁၂ရက်နေ့လာမှာနော်…´
`ဟုတ်တယ်လေ ဒီရွာတွက် သူကူညီပေးနိုင်လိမ့်မယ်ထင်တယ်…´
`ကောင်းတာပေါ့ကွာ…တို့ရွာလေး ကပ်ဘေးက လွတ်မယ်ဆို ဘာဘဲ လုပ်ပေးရပါ ငါတို့လုပ်ပေးဖို့အဆင်သင့်ပါပဲ…´
ထိုရွာမှ ရွာသူကြီးနှင့်စကားလက်ဆုံကြနေချိန်မှာပဲ ခြံဝိုင်းအတွင်းမှ
`ဗျို့…လူကြီး…´
`ဟေး…ထွန်းမောင် ဘာဖြစ်လာတာတုန်းက…အသည်းအသန်…´
`ဟို…ဟိုလေ…ကိုကိုကြီး မီးလောင်းပြီး သေသွားပြီ…´
`ဘာ!…ကိုကိုကြီး သေသွားပြီး ဟုတ်လား…ဘယ်လိုဖြစ်ရတာလဲ…´
`ဒါတော့ ကျုပ်လဲ မသိဘူး…သူမီးလောင်ပြီးသေတာကို ဇော်ဂျီဖိုဝင်ပါတယ်ဆိုပြီး ရွာထဲက လူတွေက စားမယ်လုပ်ကြနေတယ် ´
`ဟေး…ဟာ…ဒုက္ခပါပဲ…´
ရွာလူကြီး အိမ်ပေါ်မှ အပြေးဆင်းသွားခါ အိမ်ပေါ်မှာ ကျန်နေခဲ့သည့် ကျွန်ုပ်တို့အားလုံးလဲ သူ့အနောက်မှ လာပါသွားတော့သည်။
ကျန်ရှိနေသေးသော အပိုင်းအား ဆက်လက်ဖော်ပြပေးပါမည်
နေ့စဉ်တင်ပြပေးသွားပါမည်။
လည်ပတ်ရန် >>> http://hteekalayblog.blogspot.com/
Website Version ပြောင်း၍ကြည့်လိုက်ပါ။ ဇာတ်လမ်းခေါင်းစဉ်အလိုက်Blogထဲတွင် တင်ပြပေးထားပါသည်။ မိမိတို့ဖတ်ရှု့ချင်သော ဇာတ်လမ်းခေါင်းစဉ်အလိုက် တွေ့နိုင်ပါလိမ့်မည်။









No comments:
Post a Comment