တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၂၁)
ဇာတ်သိမ်းပိုင်း
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)
မှော်အစွမ်းများဖြင့် ဖန်တီးထားခဲ့သော အရာများအားလုံးသည်လည်း မှော်ဆရာကြီး ဦးမျိုးမြင့် ပညာရှုံးနိမ့်သည်ကြောင့် မူလပြန်ကာ နဂိုအတိုင်း ပြန်လည်ဖြစ်ကုန်ချေတော့သည်။
ဝိဥာဉ်များအား ဖမ်းစီးထားသည့် ဝိဥာဉ်စဥ့်အိုးဟု ခေါ်ရလေမလား ထိုအထဲမှ အခိုးအငွေ့များ ထွက်ပေါ်လာခါ သေသပ်စွာ သိမ်းဆည်းထားသော ထိုစဥ့်အိုးကြီး ကွဲရှသွားချေတော့သည်။
မှော်အငွေ့များကြောင့် မူးနောက်စွာလဲကျနေသော သူများအားလုံးသည်လည်း ပြန်လည် နိုးထလာချေခဲ့တော့သည်၊။ စဥ့်အိုးအတွင်းမှ အခိုးအငွေ့များဟာ ကွဲရှသွားသော အိမ်မကြီးထဲမှ တစ်ဆင့် လွတ်ရာကျွတ်ရာသို့ ပြေးကုန်ကြလေသလား ပြင်ပသို့ ထိုအငွေ့တန်းများ ရောက်ရှိကုန်တော့သည်။
' ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲ '
နိုးထလာသော စခန်းမှူးကြီးကမူ ကျွန်ုပ်နှင့်အစ်ကိုအောင်၏ လုပ်ဆောင်ချက်များအား မသိရှိလိုက်ပဲ ရှုတ်ပွနေသည့် ဧည့်ခန်းမကြီးအား လှည့်ပတ်ကြည့်လျက် အံ့သြကြီးစွာ မေးလေတော့သည်။
' ရပြီ စခန်းမှူးကြီး … လူသတ်တရားခံတွေကို ဖမ်းလို့ရပြီ … ဟိုလူယုတ်မှာ မှော်ဆရာကြီးမှာလဲ အစွမ်းတွေ မရှိတော့ဘူး '
' ဟင် … တကယ်ပြောနေတာ ကိုအောင် '
' တကဟ်ပေါ့ စခန်းမှူးကြီးရ … အစ်ကိုအောင်ယူလာတဲ့ အထုတ်အမည်းကြီးက ဘာများလဲ ထင်တယ် … မီးနေသည် ထမိန်ထုတ်တဲ့ဗျ '
' ဟင် … မီးနေသည် ထမီထုတ် ဟုတ်လား'
' သိပ်ဟုတ်တာပေါ့ဗျာ … မီးနေသည် ထမီ် သီးသန့်မဟုတ်ဘူးဗျ… မနေ့ညကမှ ညတွင်းချင်း မီးဖွားဆောင်ကို သွားပြီး မီးနေသည် သွေးစွန်းနေတဲ့ ထမီကို သားဖွားဆရာမတွေဆီက အတင်းတောင်းလာရတာ … အခုတော့ ဘာတတ်နိုင်သေးလဲ … ခင်ဗျားတို့လို့ မှော်ပညာလောက်ကို မပြောနဲ့ ဒီထမီက မြေလျှိုးမိုးပျံနေတဲ့ လူစွမ်းကောင်းတွေကိုတောင် ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်'
' ဟင် … ဒါဆို ဧည့်ခန်းအပေါက်မှာ ကွေးကွေးလေးဖြစ်နေတာက …'
' ဘယ်သူဖြစ်ရမှာတုန်း … မှော်ဆရာကြီး ဦးမျိုးမြင့်ပေါ့'
သားဖွားသွေးစွန်းထားသော မီးနေသည် ထမီအကြောင်းအား အစ်ကိုအောင်တစ်ယောက် နာကျည်လွန်းသည့် သူ၏ ဒဏ်ရာများအား မေ့ဖျောက်ထားလျက် အောင်ပွဲခံခါ အပြုံးမျက်နှာဖြင့် ကျွန်ုပ်တို့နှင့် စခန်းမှူးကြီးအား ပြောပြနေလေခဲ့သည်။ ထိုထမိန်ဖြင့် အုပ်ခံထားရပြီး ဧည့်ခန်းအပေါက်၌ တစ်ကိုယ်လုံးအား မီးနေသည် ထမိန်ချုံထားသကဲ့သို့ ဖြစ်နေသော မှော်ဆရာကြီးမှာ ကွေးလျက်သား ရှိနေခဲ့သည်။ ထိုအတူ ဦးခိုင်ခံ့တင်မှာလည်း ဧည့်ခန်းဒေါင့်၌ သိပ်ငယ်လှသော မျက်နှာထားလေးဖြင့် ငြိမ်သတ်နေလေတော့သည်။ မလှုပ်နိုင်ပဲ ဘုန်းဘုန်းလဲ၍ ကြုတ်ကျုတ်ကလေးဖြစ်နေသော ဦးမျိုးမြင့်အနားသို့ စခန်းမှူးကြီး တစ်လှမ်းချင်း လှမ်းသွားပြီး အုပ်မိနေသော ထမိန်အား ဖယ်လိုက်လေသည်။ ထိုထမိန်အား ဖယ်လိုက်သည်နှင့် မှော်ဆရာကြီး ဦးမျိုးမြင့်မှာ ရူးသွပ်သွားခဲ့လေသလား ကလေးတစ်ယောက် သဏ္ဍန်မျိုးဖြင့်
' ငါ့ကို မသတ်ပါနဲ့ … ငါမှားပါတယ် ငါ့ကို သူခိုင်းလို့ လုပ်ရတာပါ တကယ့် လူသတ်တရားခံက အဲ့ဒီလူပါ'
စုတ်ဖွားလှသော ဆံပင်များနှင့် မွဲခြောက်နေသော သူ၏ အသားရည်တို့ကား အဘိုးအိုတစ်ယောက်အသွင်ဖြစ် ကူးပြောင်းနေချေတော့သည်။ ကြောက်လန့်နေပြီး ပြုလုပ်ခဲ့သမျှ နှစ်ဦးသဘောတူ ပြစ်မှု့တို့အား အနီးရှိ ဦးခိုင်ခံ့တင်သို့သာ လွဲချပြောဆိုနေတော့သည်။
' ဟေ့လူ … ဆရာကြီး ဘာတွေ လျောက်ပြောနေတာလဲ … ခင်ဗျား ပညာတွေ ထပ်ထုတ်လိုက်ဦးလေ '
ထိုနေ့သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သည့်ခါမှ ဦးခိုင်ခံ့တစ်ယောက် မတွေးမိခဲ့ဘူးချေ။ ထို့ကြောင့် ကြောင်တောင်တောင်ဖြစ်လျက် မှော်ပညာများအား တမ်းတနေခါ သွပ်သွပ်ခါအောင် ရူးသွပ်သွားလေတော့သည်။ မှော်ပညာများ ပျောက်ကွယ်လျက် ကလေးဆန်သွားသော ဦးမျိုးမြင့်မှာ အဘိုးအိုတစ်ယောက်၏ ပုံသဏ္ဍန်ဖြစ်ကာ သူဌေးကြီး ဦးခိုင်ခံ့တင်မှာတော့ နှုတ်မှ မှော်ပညာများအား တမ်းတလျက် သွပ်သွပ်ခါအောင် ရူးသွပ်သွားလေတော့သည်။ သို့နှင့် ထိုလူနှစ်ယောက်အား စခန်းမှူးကြီးမှ လက်ထပ်ခတ်လျက် ထိုအိမ်ကြီး၌ အပြစ်ရှိသူ အားလုံးတို့အား ဖမ်းစီးခေါ်ဆောင်သွားလေတော့သည်။
' ကဲ … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး… ကျုပ်ကိုခွင့်ပြုဦး တာဝန်ရှိတဲ့ အတိုင်းဆက်လုပ်ရဦးမယ် … ကဲ အစ်ကိုအောင် ခင်ဗျားကို ကျေးဇူးအရမ်းတင်တယ် … သတိလစ်နေတဲ့ မိန်းကလေးကိုတော့ ခင်ဗျားတို့ သူငယ်ချင်းတွေပဲ ဆက်ပြီး တာဝန်ယူလိုက်ပေတော့ ကျုပ်ကို ခွင့်ပြုဦး'
ရူးကြောင်ကြောင်ဖြစ်သွားသော ဦးမျိုးမြင့်နှင့် မှော်ဆရာကြီးအား လက်ထပ်ခတ်လျက် ကျွန်ုပ်တို့အား နှုတ်ဆတ်ကာ သေဆုံးသူ အလောင်းများအား သယ်ဆောင်လျက် စခန်းမှူးကြီး ထိုအိမ်ကြီးအတွင်းမှ ထွက်ခွာသွားချေတော့သည်။ စခန်းမှူးကြီး ထွက်ခွာသွားပြီးနောက် သတိလစ်နေသည့် ဖြူဖြူသျှင်းအား ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူတို့ သူမ၏ အိပ်ခန်းဆီသို့ ခေါ်ဆောင်ကာ ပြန်လည်သတိလည်လာမည့် အချိန်အား စောင့်ကြည့်နေခဲ့တော့သည်။ ငြိမ်သတ်နေသော သူမ၏ လက်ချောင်းကလေးများဟာ စက္ကန့်တံနှင့်အလိုက် လှုပ်ရှားလာလျက် စေ့ထားသည့် သူမ၏ နှုတ်ခမ်းပါးပါးလေးများမှာလဲ ဖြေးညင်းစွာ ပွင့်ဟလာချေခဲ့သည်။
' မဖြူဖြူသျှင်း… '
သူမအိပ်ခန်း ကုတင်းပေါ်၌ ထိုသို့လှုပ်ရှားလာခဲ့သော ဖြူဖြူသျှင်းအား ကျွန်ုပ်၏ နှုတ်မှ သူမနာမည်အား ဦးစွာ ခေါ်လိုက်လေသည်။ သို့ပေမယ့် သူမ၏ အမည်အား ခေါ်လိုက်သော ကျွန်ုပ်အား မည်သည့်တုန့်ပြန်မှု့များမှ ပြန်လည် မတုန့်ပြန်ခဲ့ချေ။
' မဖြူဖြူသျှင်း … '
ဒုတိယအကြိမ် ခေါ်လိုက်သော ကျွန်ုပ်၏ စကားသံများကြောင့်သာ ထင်မိ၏ ငြိမ်သတ်နေသည့် သူမခေါင်းလေး လှုပ်ရှားလာပြီး
' အား … ကျွတ် … ကျွတ် '
အင်မတန်မှ သူမနာကျည်နေခဲ့သလား။ ကျွတ်ဟုတလျက် ကွေးကောက်နေသည့် သူမ၏ မျက်ခုံးလေး တွန့်ဆုတ်ကာ ညည်းညူလိုက်သည်။
' မဖြူဖြူသျှင်း … '
' ဟင် …'
ကျွန်ုပ်၏ ခေါ်သံကား တတိယအကြိမ်သို့ ရောက်ရှိလာချေခဲ့သည်။ မျက်လုံးအိမ်အား မပွင့်သေး မျက်နှာလေးအား ကျူတ်နေလျက် နှုတ်မ ဟင် ဟု အသံလေးထွက်ပေါ်လာချေသည်။ ထို့နောက် မှိတ်ထားသည့် သူမ၏ မျက်လုံးအိမ်များ ဖြေးညင်းစွာ ပွင့်လစ်လာပြီး သူမ၏ ကုတင်းညာဘက် ဘေးသို့ လက်ကလေး အသာလှမ်းကာ
' သမီးလေး … ကျွန် … ကျွန်မ သမီးလေးရော … တိုးပွား … တိုးပွားကြီးရော …'
သူမ၏ ညာလက်ဖြင့် ကုတင်ဘေးသို့ စမ်းလျက် ဘယ်လက်ဖြင့် သူမ၏ နဖူးပြင် နားထင်အား ဆုတ်ကိုင်လိုက်ပြီး ခွေးလေးတိုးပွားနှင့် သူမ၏ လူမမယ်သမီးလေးအား ဦးစွာ မေးလေတော့သည်။ ' မဖြူဖြူသျှင်း သတိရလာပြီလား '
' ဟင် … ရှင်တို့ဘယ်သူတွေလဲ … ဒီဘေးက ကျွန်မသမီးလေး ပုခတ်ရော … အိပ်ခန်းထဲမှာ ရှိနေတဲ့ ခွေးလေးရော … ရှင်တို့ ဘာလုပ်လိုက်ကြပြီလဲ '
' ကျွန်တော်တို့ ရှင်းပြတာကို မဖြူဖြူသျှင်း ခဏလေး နားထောင်ပေးပါ … ခင်ဗျား သမီးလေးနဲ့ ခွေးလေးတိုးပွားလဲ ရှိပါတယ် '
' မဖြူဖြူသျှင်းဆိုတာ ဒီကမိန်းကလေး ဟုတ်ပါတယ်နော် '
' ဟုတ်ပါတယ် … ကျွန်မ ဖြူဖြူသျှင်းပါ '
' ဒါဆို ခွေးလေးတိုးပွားကိုရော သိတာပေါ့ ဟုတ်လား … '
' သိတာပေါ့ … ကျွန်မ အားကိုးနေရတဲ့ ခွေးလေးပဲ'
သူမ၏ လှိုက်လှဲစွာ ဖြေဆိုမှုကြောင့် အနီးရှိ သူငယ်ချင်းဖြစ်သူများအား ကျွန်ုပ်ကြည့်လိုက်ပြီး
' ဒါဆို ဖြူဖြူသျှင်း သတိပြန်လည်လာပြီပဲ '
' ဟင် … ကျွန် … ကျွန်မက ဘာဖြစ်သွားလို့လဲ '
' ပြောပြရရင်တော့ အရှည်ကြီးပဲ မဖြူဖြူသျှင်း … ခင်ဗျားယောကျာ်း နာမည်က မောင်ကျော်ဆိုတာ ဟုတ်ပါတယ်နော် '
ဝိဥာဉ်မောင်ကျော်၏ နာမည်အား သူမကြားလိုက်သည်နှင့် လဲနေသည့် ကုတင်းပေါ်မှ လူးလဲ ထလျက် ကုတင်းဘောင်အား မှီးထားလိုက်ပြီး သူမ၏ နှုတ်ခမ်းအား ခပ်တင်းတင်း စေ့ထားလိုက်သည်။ ထို့နောက် နာကျည်းနေသော အကြည့်လေလား အလင်းရောင်များ ထိုးဖောက်ဝင်နေသည့် ပြတင်းပေါက်ဆီသို့ သူမ၏ မျက်လုံးတစ်စုံ မျှော်ကြည့်လိုက်ပြီး
' ဟုတ်ပါတယ် … လွန်ခဲ့တဲ့ ၆လလောက်က သူကျွန်မကို ပစ်သွားပြီးလို့ ထင်ခဲ့ပေမယ့် … ကျွန်မ အခုလို ခေါင်းတွေ မကိုက်ခဲခင် အချိန်တုန်းက သူဝိဥာဉ်က သူသေသွားတာပါလို့ ကျွန်မကို လာပြောသွားခဲ့တယ် အဲ့နောက်ပိုင်း ဘာတွေ ဖြစ်ကုန်လဲ ကျွန်မ မသိတော့ဘူး '
' ဟုတ်ပါတယ် … ခင်ဗျား ယျောက်းမောင်ကျော်က တကယ့်ကို ရိုးသားတဲ့ လူကောင်းတစ်ယောက်ပါ … ခင်ဗျားကို သူဘယ်သော်အခါမှ ပစ်ခွာသွားမှာ မဟုတ်ပါဘူး … တကယ်တော့ မောင်ကျော်ဟာ ခင်ဗျားအဖေ ဦးခိုင်ခံ့တင်ရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရတာပါ '
' ဟင် … သူလဲ ကျွန်မကို အဲ့ဒီလိုမျိုး လာပြောဘူးခဲ့တယ် … အိုး … ပြန်စဉ်းစားလို့ မရဘူး ကျွန်မခေါင်းတစ်ခုလုံး မူးနှောက်နေတာပဲ '
' မဖြူဖြူသျှင်း ဘာမှ မစဉ်းစားပါနဲ့ဦး … ကျွန်တော်တို့ ပြောတာကိုပဲ နားလည်အောင် ခဏလေး နားထောင်ပေးပါ '
သူမ၏ ခေါင်းအား လက်ဖြင့် ညစ်ထားလျက် မျက်မှောင်အား ကျူတ်ထားပြီး မည်သည့် အတိတ်ကြောင်းမှ စဉ်းစား၍ မရ ခေါင်းလေးသာလျင် ခါရမ်းနေခဲ့တော့သည်။ သို့နှင့် သူမအား ကျွန်ုပ်တို့၏ ဖြစ်ရပ်များနှင့် လင်ယောကျာ်းဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ အကြောင်းများအား အစအဆုံးသိရှိ နားလည်စေရန် ဖြစ်ကြောင်းကုန်စဉ် အားလုံးတို့အား ပြန်လည် ပြောပြချေတော့သည်။
မှော်ဆရာကြီး ဦးမျိုးမြင့်ဟာ သူ၏ မှော်ပညာများ ပျောက်ဆုံးသွားလျက် မှော်အစွမ်းများနှင့် ဖန်တီးထားသော ဝတ္တုပစ္စည်းများမှ အစ အတိတ်မေ့နေသော ဖြူဖြူသျှင်းသည်လည်း ပြန်လည်၍ သတိလည်လာချေသည်။ ဝိဥာဉ်စဥ့်အိုးကြီးသည်လည်း ကွဲရှသွားလျက် ထိုအထဲတွင် အချုပ်နှောင်ခံထားရသော ဝိဥာဉ်မောင်ကျော်နှင့် တကွ အမြောက်အများသော ဝိဥာဉ်တို့သည်လည်း လွတ်မြောက်ကုန်ချေတော့သည်။ လွတ်မြောက်သွားသည့် ဝိဥာဉ်မောင်ကျော်ဟာ အတန်ကြာသည့်အထိ လေလွှင့်နေလျက် မှော်အစွမ်းများ မပြေပျောက်နိုင်သေးချေ။ မိမိသတိထားမိသည့် အချိန်၌
' ဟင် … ဦးလေး …'
လေလွင့်နေသည့် မိမိ၏ စိတ်ဝိဥာဉ်ဟာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိ သတိထားမိသည့် အချိနိ၌ ဘေးတွင် မိမိအား အကူညီအမျိုးမျိုး ပေးခဲ့ဘူးသည့် ဝိဥာဉ်ဦးလေးကြီးအား တွေ့လိုက်ရလေသည်။
' ကျုပ် … ကျုပ် တကယ်ပဲ … စဥ့်အိုးကြီးထဲက လွတ်လာတာလား … မဟုတ်သေးပါဘူး … ဟင် … ဒါမှမဟုတ် ဦးလေးလဲ ဒီစဥ့်အိုးထဲမှာ အချုပ်ခံထားရတာလား '
' ဟား … ဟား … ဟား … '
ကြောင်တောင်တောင်ဖြစ်လျက် မိမိဘေးတွင် ရှိနေသော ဝိဥာဉ်ဦးလေးကြီးအား အမေးစကားများဖြင့် စတင်မေးနေချေတော့သည်။ ကြောင်ောတင်တောင်ဖြင့် ဝိဥာဉ်မောင်ကျော် မေးနေသော အမေးစကားများအား ကြားလိုက်ရသည့် ဝိဥာဉ်ဦးလေးကြီးဟာ မောင်ကျော့်အား ကြည့်လျက် ဟားတိုက်ခါ ရယ်မောလိုက်သည်။
' ဘာရယ်တာတုန်း ဦးလေး '
' မင်းက အစွမ်းရှိတဲ့ လက်စားဝိဥာဉ်ဘဝကိုတောင် ပြောင်းလာပြီ … အခုထိ ကြောင်တောင်တောင် ဖြစ်နေလို့ သဘောကျတာနဲ့ ရယ်တာပါကွ … စဥ့်အိုးကြီးထဲကနေ မင်းလွတ်လာတာ . … မင်းကို အကူညီပေးခဲ့တဲ့ လူငယ်လေးတွေပဲ ဝိုင်းဝန်းကြိုးပမ်းခဲ့တာ … အခု မင်းလွတ်လာနိုင်ပြီလေ နောင်လဲ … ဘယ်တော့မှ အဖမ်းခံရမှာ မဟုတ်တော့ဘူး … '
' ဟင် … နောင်လဲ ကျုပ်က အဖမ်းမခံရတော့ဘူး ဟုတ်လား ဦးကြီး '
' ဒါပေါ့ကွ … မင်းက ဘဝကူးတော့မယ့် ဝိဥာဉ်ဖြစ်နေလို့ မင်းရှိနေတဲ့ နေရာကို ငါရောက်လာနိုင်တာပဲ '
' ဘယ်လို ကျုပ်က ဘဝကူးတော့မယ် ဟုတ်လား'
' အေး … မင်းကို အမျှပေးမယ့် သူတွေ ရှိနေပြီလို့ ငါခံစားမိတယ် … ဒီတော့ မင်းကျွတ်လွတ်ပြီ'
' ဟာ … ဟာဗျာ … ကျုပ် မကျွတ်ချင်သေးဘူး … ဘဝလဲ မကူးချင်သေးဘူး ကျုပ်မိန်းမဆီကို ကျူပ်ပြနိသွားဦးမယ် … သူ ကျုပ်ကို အမျိုးမျိုး ဒုက္ခပေးခဲ့တယ် … သူကျုပ်ကို အခုထိ စိတ်နာနေတုန်း … သူ့ကို ရှင်းပြချင်သေးတယ်'
' အဲ့ဒီအတွက်တော့ ဘာမှ မပူနဲ့ … မင်းရဲ့ ဖြစ်ကြောင်းကုန်စဉ်ကို ငါပြောပြမယ် … '
' ဟင် … ဦးလေးက ဘယ်လို ပြောပြမှာလဲ '
' မိန်းမရှိနေတဲ့ အိမ်က ခြံစောင့်နတ်ကြီးဆီကနေ မင်းရဲ့ အကြောင်း အားလုံးကို ငါသိခဲ့ပြီးပြီပဲ '
' ကျုပ်အကြောင်းတွေ အစတည်းက ခင်ဗျား သိနေတာပဲလေ … '
' မဟုတ်သေးဘူး … မင်းမပြောပဲ ငါသိနေတဲ့ အကြောင်းတွေ ရှိနေသေးတယ် … ဒီလိုကွ … …'
ကဝေ ဘုရင် ဦးမျိုးမြင့်၏ မှော်ပညာဖြင့် ပြုစားခံလိုက်ရသည့် မိန်းမဖြစ်သူ ဖြူဖြူသျှင်း၏ အကြောင်းတို့အား ဝိဥာဉ်ဦးလေးကြီးမှ ဝိဥာဉ်မောင်ကျော် သိရှိစေရန် အကြောင်းစုံ ရှင်းပြချေတော့သည်။
' ဟင် … ရက်စက်လိုက်တာ … ရက်စက်လိုက်တာ ဖေဖေရယ် … ရက်စက်လိုက်တာ ကျွန်မ သမီးလေးရော အခုဘယ်မှာလဲ '
ဝိဥာဉ်မောင်ကျော်၏ အသတ်ခံခဲ့ရပုံနှင့် သူမထံသို့ မိမိအား အထင်မလွဲမှားစေရန် ရှင်းခွင့် အကြိမ်ကြိမ်ကြိုးစားခဲ့ရသည့် ယျောက်းဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ အကြောင်းတို့အား ဖြူဖြူသျှင်းတစ်ယောက် ယခုအချိန်မှ သာလျင် သိရှိသွားခဲ့ရသည်။ သူမ၏ ကြေကွဲဝမ်းနည်းသော စိတ်ဖြင့် မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာခဲ့ချေသည်။
' ငါ့တူမကြီးရဲ့ သမီးလေးက ဒီမှာ ရှိပါတယ် '
အကြောင်းစုံ အားလုံးသိရှိသွားခဲ့သည့် ဖြူဖြူသျှင်း၏ သမီးလေးအား မေးသောကြောင့် ကျွန်ုပ်၏ ဖခင်ဖြစ်သူမှ သမီးလေးအား ချီလျက် ခေါ်ဆောင်လာလေခဲ့သည်။ ကလေးမလေးအား သူမ၏ လက်အတွင်းသို့ ပြန်လည်ပေးလိုက်သည်နှင့် စီးကျနေခဲ့သည့် မျက်ရည်များနှင့် သမီးလေးအား နမ်းရှိုက်ချေတော့သည်။
' သမီးလေးရယ် … အဖြစ်ဆိုးလှတဲ့ သမီး ဖေဖေအကြောင်းကို အခုမှ မေမေသိရတယ် … ကိုရယ် … ရှင်သမီးလေးကို သိပ်ချီချင်ခဲ့တာ ကျွန်မမသိခဲ့ရဘူး … ကိုယ့်ကို ဥပေက္ခာပြုမိသလို လုပ်နေခဲ့တဲ့ ဖြူ့ရဲ့ အပြစ်တွေကို အစ်ကို ခွင့်လွတ်ပေးပါ '
ယခုအချိန်မှ သိရှိလိုက်ရသော မောင်ကျော်၏ ဖြစ်ရပ်များအား ဖြူဖြူသျှင်းတစ်ယောက် ကြေကွဲဝမ်းနည်းလျက် သမီးလေးအား နမ်းရှိုက်ခါ ငိုကြွေးနေခဲ့ချေသည်။
' ခွေးလေးရော … ခွေးလေးတိုးပွားရော '
ထို့နောက် မိမိဒာား အချိန်နှင့်အမျှ အကူညီပေးခဲ့သည့် ခွေးလေးတိုးပွားအား ဖြူဖြူသျှင်းတစ်ယောက် သတိတရ မေးလိုက်ချေတော့သည်။ ဖြူဖြူသျှင်း၏ အမေးစကားကြောင့် ခွေးလေးတိုးပွားအား အစ်ကိုအောင်တစ်ယောက် ပွေ့ချီလာခဲ့ပြီး
' ဒီမှာပဲ '
' ဟင် …'
သူမ၏ နှုတ်မှ ထိတ်လန့်စွာ အာမေဋိစကားသံ ထွက်ပေါ်လာချေသည်။ အစ်ကိုအောင်၏ လက်အတွင်း၌ ပွေ့ချီလာခဲ့သော ခွေးလေးတိုးပွားမှာမူ အသက်မရှိ သေဆုံးနေလေခဲ့ပြီ။
' ဒီကောင်ကြီး သေသွားပြီး … သူမသေခင် အချိန်ထိ ကျုပ်ကို အကူညီပေးခဲ့သေးတယ် … တကယ့်ကို အားကိုရတဲ့ ခွေးလေးပါပဲဗျာ'
သေဆုံးသွားသည့် ခွေးလေးတိုးပွားအား ထွေးပွေ့ထားလျက် အစ်ကိုအောင်၏ စကားများအား ဖြူဖြူသျှင်းတစ်ယောက် စိုက်ကြည့်နေပြီး မျက်ဝန်းအိမ်တစ်ခုလုံး ရဲရဲတောက်လျက် မယုံနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရချေပြီ။
' တိုးပွား … တိုးပွား … ငါ့ကို ပစ်ထားခဲ့ပြီလား နင့်ကို ငါဘယ်လက်နဲ့ ရိုက်လိုက်မိတာလဲ … တိုးပွားရယ် ငါ့ကိုပစ်မထားပါနဲ့ ငါနင့်ကို သတ်လိုက်မိပြီ … ငါ့ကိုခွင့်မလွတ်ပါနဲ့ဟာ … ငါ … ငါနင့်ကို ဘာလို့ ရိုက်မိလိုက်တာလဲ … '
အချိန်တွေ လွန်သွားခဲ့ချေပြီ။ သူမတောင်းပန်စကား ပြောဆိုနေခဲ့သော်လည်း ခွေးလေးတိုးပွားမှာတော့ မကြားနိုင်တော့ချေ။ ရှိုက်ငင်စွာ သူမ ငိုကြွေးလိုက်သည်။ ရင်ဝယ်ပိုက် သမီးလေးအား ချီထားခဲ့ပြီး သေဆုံးသွားသည့် ခွေးလေးတိုးပွားအား တစ်ဝကြီး နမ်းရှိုက်လျက် ဖြူဖြူသျှင်းတစ်ယောက် သတိမေ့မျောသွားချေတော့သည်။
သုံးရက်ခန့် ကြာပြီးသည့်နောက်
အချုပ်ခန်းအတွင်းမှ ဖြူဖြူသျှင်း၏ ဖင်ဖြစ်သူမှာ သွက်သွက်ခါအောင် ရူးသွပ်သွားလျက် နှလုံးသွေးကျောပျက်ခါ သေဆုံးသွားခဲ့လေပြီ။ မှော်ဆရာကြီး ဦးမျိုးမြင့်သည်လည်း စိတ်ကျန်းမာရေး ဆေးရုံအပေါ်မှ စိတ်ဖျောက်ပြန်ကာ မိမိကိုယ့်ကို အဆုံးစီရင်သွားချေတော့သည်။
သေဆုံးသွားသော လင်ယောကျာ်းဖြစ်သူ မောင်ကျော်အား ရည်စူးလျက် သူမ၏ အိမ်၌ ရေစက်ချ တရားနာ အလှူတမ်းလုပ်ခါ ဝိဥာဉ်မောင်ကျော်အား အမျှပေးခဲ့လေသည်။
' အစ်ကိုရေ … ဖြူ့အထင်မှားမိတာ ခွင့်လွတ်ပေးပါ … ဖြူတောင်းပန်ပါတယ် အစ်ကိုရေ … '
ရေစက်ချ အမျှပေးနေချိန်အတွင်းမှာပဲ ထိုနေရာသို့ ဝိဥဉ်ဦးလေးကြီးနှင့်အတူ မောင်ကျော်တို့ ရောက်ရှိလာချေခဲ့သည်။
' ဦးလေး … ကျုပ် သာဓုမခေါ်ချင်သေးဘူး … ဖြူကျွန်တော့ကို မြင်တွေ့သွားချင်တယ် … ပြီးတော့ သမီးလေးကိုလဲ ကျုပ်တစ်ဝကြီး နမ်းချင်သေးတယ် '
' ကောင်းပြီး ဒါဟာ မင်းရဲ့ နောက်ဆုံး အကြိမ် အခွင့်အရေးတစ်ခုပါပဲ … မင်းပြောတဲ့ အတိုင်း ဖြစ်နိုင်ပါတယ် … ကလေးကိုတော့ မင်းချီခွင့်မရှိဘူး နမ်းရှိုက်ခွင့်တော့ ရနိုင်တယ် '
' ဘယ်လိုပဲဖြစ်ဖြစ်ဗျာ … ဖြူကျုပ်ကို မြင်တွေ့နိုင်ရင်ပဲ ကျုပ်ကျေနပ်လှပါပြီ'
မိန်းမဖြစ်သူ ဖြူတစ်ယောက် မိမိအား အမျှပေးနေသောလည်း ဝိဥာဉ်မောင်ကျော်မှာ သာဓု မခေါ်နိုင်သေး ဘေး၌ရှိသော ဝိဥာဉ်ဦးလေးကြီးအား သူ၏ ဆန္ဒများတောင်းဆိုနေလေခဲ့သညိ။ သူ၏ တောင်းဆိုချက်များအား ဖြစ်နိုင်သည်ဟု ယူဆလျက် ဝိဥာဉ်ဦးလေး ခွင့်ပြုလိုက်ချေခဲ့သည်။
' ဖြူ … '
အက်ကွဲနေသည့် လေသံလေး ငြိုမှိုင်းနေသော မျက်နှာထား တောက်ပနေသော အလင်းတန်းများနှင့် မိန်းမဖြစ်သူ ဖြူဖြူသျှင်းအား ဝိဥာဉ်မောင်ကျော် ခေါ်လိုက်လေသည်။ သိပ်ချစ်ခဲ့ရသော လင်ယောကျာ်းဖြစ်သူ၏ ထိုအသံလေးအား ကြားချင်နေလှသော ဖြူဖြူတစ်ယောက် အသံကြားရာဆီသို့ ချာချာလည်အောင် လှည့်ပတ်ကြည့်လိုက်ပြီး
' ဟင် … အစ်ကို … '
အရိပ်လေလား တောက်ပသည့် အလင်းတန်းများဆ်ီမှ ဝိဥာဉ်လင်ယောကျာ်းအား သူမတွေ့လိုက်ရသည်။
'ဖြူ … အစ်ကိုက သေသွားခဲ့တာပါ မင်းကိုထားသွားတာ မဟုတ်ပါဘူး … ငါလေ မင်းကိုသိပ်ချစ်တယ် … ဘယ်လိုလုပ်ပြီး ထားသွားရက်မှာလဲဖြူရယ် … မငိုပါနဲ့တော့ … အခုငါ့အကြောင်းကို မင်းသိနေပြီပဲ … သမီးလေးကို မင်းပဲ ဆက်ပြီး လူလားမြောက်အား စောင့်ရှောက်ပေးပါ … သမီးလေး အရွယ်ရောက်လာရင်လဲ ငါတို့လို အဖြစ်ဆိုးကြီးမျိုး မဖြစ်ရလေအောင် ဖြူမင်းဂရုစိုက်ပေးပါ … '
ဆို့နစ်သော မျက်ရည်များ ကျဆင်းလာလေသည်။ အက်ကွဲနေသည့် ဝိဥာဉ်လင်ယောကျာ်း၏ အသံများဟာ သူမ၏ နှလုံးအိမ်အား ဆွဲကိုင်လိုက်လေသလား တုန်လှုပ်ကာ ကွဲအပ်သော အသံဖြင့်
' ကိုယ် … ဖြူလေ ကိုယ့်ကို အရမ်းချစ်တယ်သိလား … ကိုဟ်ရယ် အဖြစ်ဆိုးလိုက်တာနော် … ဖြူတောင်းပန်ပါတယ် ကိုယ့်ကို အထင်မှားမိခဲ့တယ် စိတ်ချလက်ချသာ အစ်ကိုသွားပါ … သမီးလေးကို ဖြူစောင့်ရှောက်ပါ့မယ် … အစ်ကိုယ့်ကို ဖြူအရမ်းချစ်တယ် … နောင်ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမျိုးကြီးနဲ့ မကြုံရပါစေနဲ့ ကိုရယ် … '
' ဖြူ … ကိုယ်ကျေနပ်သွားပါပြီ … သမီးလေးကို နမ်းပြီးတာနဲ့ အစ်ကို သာဓုခေါ်ပါ့မယ် … သမီးလေး… သမီးမေမေနဲ့ ကောင်းကောင်းနေနော် မေမေ့စကားကိုလဲ နားထောင် … ဖေဖေကတော့ သမီးလေးကို ဘယ်တော့မှ မချီရတော့ဘူး … ဖေဖေ သမီးလေးကို မချီလို့ ဖေဖေကြီးကို စိတ်မကောက်ပါနဲ့ ငါ့သမီးလေးကို ဖေဖေသိပ်ချစ်တယ်'
ကွဲမတတ် နှလုံးသားနှင့် စူးရှသော အကြည့်တို့က စိုးမိုးလျက် ရင်၌လွယ်ထားသော မိန်းမဖြစ်သူ၏ လက်ဝယ်အတွင်းမှ သမီးလေး၏ ပါးအား နမ်းရှိုက်လိုက်ပြီး
' ဖြူ … ကိုယ်သွားတော့မယ် … '
' ကျုပ်ကို အစွမ်းကုန် ကူညီပေးခဲ့တဲ့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ကျုပ်သွားတော့မယ် ခင်ဗျားတို့အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် တစ်ချိန်ချိန်မှာ ခင်ဗျားတို့ကို ကျုပ်ပြန်ကူညီခွင့်ရချင်ပါတယ် '
အမျှပေးသော အသံများကြားမှ မိန်းမဖြစ်သူအား အပြုံးလေးဖြင့် နှုတ်ဆတ်ကာ ခွေးလေးတိုးပွားအား ခေါ်ဆောင်လျက် ဆို့နစ် ကြေကွဲသော စကားသံများထွက်ပေါ်လာခဲ့ပြီး ကျွန်ုပ်နှင့် သူငယ်ချင်းများအား နှုတ်ဆတ်ခါ ဝိဥာဉ်မောင်ကျော် အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားချေတော့သည်။
***********************************
စာရေးသူ- ထီးကလေး(ရင်နှင့် ရင်း၍ ရေးသားသည်။)
ပြီးပါပြီ။ ။
နောင်တင်မည့် ဇာတ်- သက်ဝင်မြေးဘွားနှင့် အောက်လမ်း မာယာ
Post Top Ad
Responsive Ads Here
ဇာတ်သိမ်းပိုင်း ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း
Share This
Tags
# ၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Share This
About Unknown
၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment