အပိုင်း(၁၃) ဖုတ်ကောင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၃) ဖုတ်ကောင်

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၁၃)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



သေချာလေပြီ။ ထိုအရိပ်ကြီးဟာ စောင့်မျှော်နေရသော ဖုတ်ကောင်ကြီးပင်ဖြစ်ချေခဲ့ပြီး ထိုင်ခုံပေါ်၌ အခန့်သားထိုင်နေသည့် မှော်ဆရာကြီးမှာ ရုတ်တရက်လျင်မြန်စွာ ထလိုက်ကာ
''ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး''

အားကိုကြီးစွာဖြင့် လူငယ်ငါးယောက်၏ အမည်များအား မာန်ပါလှစွာ ခေါ်ဆိုလိုက်လေသည်။

အမှောင်ရိပ်များ အုပ်စိုးလာသည်နှင့် ကေသရီ၏ စိတ်အခြေနေများသည်လည်း ပုံမှန်မဟုတ်၊ သွေးစုတ်ချင်နေခဲ့သည်လား ရင်တစ်ခုလုံးအတွင်း၌ ပူလောင်နေခဲ့ရသည်။ လင်ယောကျာ်းဖြစ်သူ သိရှိသွားမည်ကိုလည်း သူမအင်မတန်မှ စိုးရိမ်မိသည်။ သူမ၏စိတ်အခြေနေများမှာ သာမန်လူသားများကဲ့သို့ ဆာလောင်ခြင်းများမရှိ၊ အိပ်စက်ခြင်းများလည်း မရှိတော့ချေ။ သူမကိုယ်တိုင်သိရှိ၏။ သူမဟာ ဖုတ်ကောင်တစ်ပိုင်းသို့ ရောက်ရှိနေခဲ့ရလေပြီး။ လင်ယောက်ျားဖြစ်သူ ဆန်းလေးတစ်ယောက် လျင်မြန်စွာအိပ်စက်သွားမှသာလျင် သူမတစ်ယောက် ရွာထဲရှိတိရိစ္ဆာန်များ၏သွေးအား စုတ်ယူဦးမည်ဟု တွေးထားချေသည်။ လင်ယောက်ျားအားလည်း မိုးချုပ်လာသည့်အချိန်မှ စတင်ကာ အိပ်စက်ရန်သာပြောဆိုနေလေခဲ့သည်။

ခေတ်ပညာတတ်ဆရာဝန်လောင်း ဆန်းထွန်းပိုင်တစ်ယောက်မှာတော့ ဇနီးသည်ဟာ မည်သည့်အတွက်ကြောင့် မိမိအား အိပ်စက်ဖို့သာပြောဆိုနေခဲ့သနည်း။ ပုံမှန်မဟုတ်သည့် ဇနီးသည်၏အမူယာများအားလည်း ဆန်းလေးတစ်ယောက်ရိပ်စားမိခဲ့သည်။ သို့ပေမယ့် သိပ်ချစ်ရသည့် ဇနီးသည်အား မယုံသင်္ကာစိတ်များနှင့် သူတစ်ယောက်မမြင်စေလို သူသာလျင် အတွေးလွန်နေပြီဟု စိတ်ထဲ၌ဖြေဖျောက်ကာ တစ်ဖက်သို့စောင်းအိပ်နေသည့် ဇနီးသည်အား နောက်ကျောမှသိုင်းဖတ်လိုက်ချေသည်။ တစ်ဖက်သို့စောင်းအိပ်နေရသည့် ကေသရီ၏အခက်ခဲမှာ သူမ၏မျက်လုံးအိမ်များ ရဲရဲတောက်နေခဲ့ပြီး အလင်းရောင်ပျောက်ကွယ်သွားသည်နှင့် ထွက်ပေါ်လာသော သူမ၏သွားအစွယ်များအား လင်ယောကျာ်းမမြင်တွေ့စေရန် ကာကွယ်သည့်အနေဖြင့် တစ်ဖက်သို့စောင့်အိပ်နေခဲ့ရခြင်းဖြစ်သည်။

အသိစိတ်များအားလည်း လွတ်မသွားစေရန် သူမထိန်းချုပ်နေခဲ့ရသည်။ ရင်ဘတ်တစ်ခုလုံး ပူလောင်မှုများနှင့်ပြည့်နှပ်နေခဲ့ပြီး စိတ်အတွင်း၌ ယောက်ယပ်ခတ်နေခဲ့ရသည်။ ဆန်းလေးတစ်ယောက်မှာလည်း မိမိ၏အတွေးများ၌ ဇနီးဖြစ်သူအား မယုံကြည်သောစိတ်ထားများ တွေးမနေတော့ပဲ နှစ်ခြိုက်စွာဖြင့် အိပ်လေတော့သည်။ လင်ယောကျာ်းဖြစ်သူ အိပ်ပျော်သွားသည်နှင့် ကေသရီမှာအခန်းအတွင်းရှိ ကြည့်မှန်အားယူလျက် မိမိ၏မျက်နှာအား ကြည့်မိလိုက်ချေသည်။ တုန်လှုပ်သွားမိသည်။ သူမကိုယ်တိုင်ပင် သူမ၏မျက်နှာပင်လျင် ဟုတ်ရဲ့လား။ မျက်ခမ်းစက်များ ညိုမည်းကာ မျက်လုံးအိမ်ကြီးမှာလဲ ရဲရဲတောက်နေလျက် သွားအစွယ်များသည်လည်း ချွန်ထက်လှစွာထွက်ပေါ်နေကာ ခြေသည်း၊ လက်သည်းများသည်လည်း သိသိသာသာရှည်နေခဲ့လေပြီ။

လွန်စွာဝမ်းနည်းသွားမိသည်။ မှန်သားပြင်အား လျင်မြန်စွာမှောက်ချလိုက်ရင်း အိပ်ပျော်နေသည့် လင်ယောကျာ်းအား ဝဲလျက်မျက်ရည်များနှင့် စိုက်စူးကြည့်လိုက်သည်။ စိတ်အခြေနေဟာ ဒီထက်မကဆိုးလာလျင် မိမိ၏ချစ်လှစွာသော လင်ယောကျာ်းအား မိမိကိုယ်တိုင်သတ်ဖြတ်မိမည်လား။ ထိုသို့ဆိုလျင် သူမတစ်ယောက် ရင်ကွဲရမည်မှာ သေချာလှသည်။ လက်မောင်း၌ရရှိထားသော ဒဏ်ရာသည်လည်း သူမဖုတ်ကောင်တစ်ပိုင်းအဖြစ်သို့ ကူးပြောင်းသွားသည့်အချိန်မှ စတင်ကာ အနာမှာကျက်လုဆဲဆဲ ဖြစ်နေစေခဲ့သည်။ သို့ပေမယ့် ညနေဆောင်းလာသည်နှင့် ဒဏ်ရာမှာယောင်ရမ်းလာခဲ့ပြီး ယခုကဲ့သို့သွေးလိုအပ်သည့်စိတ်များ ဖြစ်ပေါ်နေခဲ့ချေသည်။ ထိုသို့ဖုတ်ကောင်တစ်ပိုင်းအဖြစ်သို့ ကူးပြောင်းနေရသည့် သူမအား ရွာသူရွာသားများသာသိရှိသွားကြလျင် သူမအားအလွတ်ပေးမည်မဟုတ် ဝိုင်းဝန်းသတ်ဖြတ်ကြမည်မှာ သေချာလှသည်။ ထို့ကြောင့် သူမတွေးမနေတော့ပဲ အမြန်သာလျင် ရွာထဲရှိ တိရိစ္ဘ္ဆာန်တစ်ကောင်ကောင်၏ သွေးသာလျင် လျင်မြန်စွာစုတ်ယူတော့မည်ဟု တွေးမိကာ ရွာထဲသို့ထွက်ခွာလေတော့သည်။

မုန်တိုင်းမထန်ခင် ငြိမ်သတ်နေသည့် ပင်လယ်ပြင်မှ လေများကဲ့သို့ပင် ဖုတ်ကောင်ကြီးမှာ လသာရွာဆီသို့နှစ်ညတိုင်တိုင် ရောက်ရှိမလာခဲ့ချေ။ ယခုညဦးပိုင်းအချိန်၌ ရွာတောင်ပိုင်းဝင်ပေါက်အတိုင်း ရွာအတွင်းသို့ဝင်ရောက်ရန် ဦတည်လာခဲ့လေသည်။ ရွာသူရွာသူများမှာ ဖုတ်ကောင်ကြီးအား ထိတ်လန့်ကြောက်ရွှံ့နေခဲ့ကြပြီး ကြိုတင်ကာကွယ်မှုများ ပြူလုပ်ထားခါ နှစ်ညတိုင်တိုင် အိပ်ပျက်ခံပြီးစောင့်မျှော်နေခဲ့ကြသည်။ သို့သော် ဖုတ်ကောင်ကြီးမှာရောက်ရှိမလာခဲ့ချေ။ ထို့ကြောင့် ယနေ့ည၌ ရွာသားများမှာအိပ်ပျက်နေကြပြီး အားအင်များကုန်ခမ်းနေခါ ညဦးပိုင်းအချိန်၌ဖုတ်ကောင်ကြီး မလာတတ်သည်ဟုတွေးမိခါ အေးဆေးစွာဖြင့် နေထိုင်နေခဲ့ကြသည်။

မှောင်ရီပျိုးလာသည်နှင့် ရွာဝင်ပေါက်များအား စောင့်ကြည့်နေခဲ့သည့် မှော်ဆရာကြီးတစ်ယောက်မှာတော့ ရွာတောင်ပိုင်းဆီသို့ ဖုတ်ကောင်ကြီး ဦးတည်ဝင်ရောက်လာခဲ့သည်အား မြင်တွေ့လိုက်ရပြီး လူငယ်ငါးယောက်၏ အမည်များအား တမ်းတခေါ်ခါ အရှေ့မှ မားမားမတ်မတ်ရပ်တည်နေခဲ့သည်။

ရွာတောင်ပိုင်းဝင်ပေါက်၌ ကျွန်ုပ်နှင့်အတူ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုး တို့ဟာမှော်ဆရာကြီးနှင့်အတူ ရှိနေခဲ့ပြီး အစ်ကိုအောင်နှင့်ကိုမောင်ဝင်းအပါအဝင် ရွာလူကြီးနှင့်ရွာသားတစ်ချို့မှာ ကျန်ဝင်ပေါက်များအား လှည့်လည်းကြည့်ရှု့နေခဲ့ကြသည်။ ငိုက်မြည်းနေခဲ့သည့် ကျွန်ုပ်၏အမည်နှင့်အတူ သူငယ်ချင်းဖြစ်သူများ၏ နာမည်ခေါ်သံများအား မာန်ပါလှသောအသံနှင့် မှော်ဆရာကြီးမှာ ရုတ်တရက်အော်ခေါ်လိုက်လေသည်။ ဆတ်ခနဲ့ဖြင့်ကျွန်ုပ်တစ်ယောက် မှော်ဆရာကြီးရှိနေသည့် နေရာဆီသို့ အကြည့်တစ်စုံရောက်ရှိသွားခဲ့သည်။

မှော်ဆရာကြီး၏ အနေအထားမှာ ထိုင်နေသည့်ခုံမှ ထလျက် မတ်တပ်အနေအထားဖြင့် လွယ်ထားသည့်ဓားအား ချွတ်ထားကာ မြေပြင်ပေါ်၌ထောက်ထားစေပြီး သူ၏ရင်အား ကော့လျက်အနေထားရှိနေခဲ့သည်။ ရုတ်တရက်ခေါ်ဆိုသော မှော်ဆရာကြီး၏ခေါ်သံကြောင့် ကျွန်ုပ်တို့ငါးဦးမှာ ကြောင်တောင်တောင်ဖြင့် နောက်ကျောပေးရပ်နေသော မှော်ဆရာကြီးကိုသာ ကြည့်နေမိခဲ့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူ ငါးကလေး၏ စကားသံနှင့်အတူ သူ၏လက်ညိုးညွန်ရာဆီသို့ ကြည့်မိလိုက်လေသည်။

''ဟင် … ဟို … ဟိုမှာကြည့်ကြစမ်း''
''ဟာ … ''
နှုတ်မှ အာမေဋိတ်သံများ ကိုယ်ဆီထွက်ပေါ်လာခဲ့ပြီး အိပ်ချင်နေသည့် မျက်လုံးများသည်လည်း ရုတ်တရက်ကျယ်လောင်သွားစေခဲ့သည်။ လရောင်အောက်၌ ရွာတောင်ပိုင်းဝင်ပေါက်ဆီသို့ ဦးတည်ခုန်ပေါက်လျက် လှမ်းလာနေသော အရပ်မြင့်မြင့်သူတစ်ယောက်အား တွေ့ရှိလိုက်ရသည်။ စိတ်ထဲ၌ထင်မိ၏ ဖုတ်ကောင်ကြီးသာဖြစ်လိမ့်မည်။ ငါးဦးသား မှော်ဆရာကြီးရပ်လျက်ရှိနေသည့် ၅ပေခန့်အကွာဝေးဆီသို့ အပြေးသွားရောက်ခါ

''ဦးလေး … ဖုတ်ကောင်လား''
''ဟုတ်တယ် … အဲ့ဒါဖုတ်ကောင်ပဲ''
''ဗျာ … ကျုပ်တို့ဘာလုပ်ရမလဲ''
''အားလုံးကို ငါအချက်ပြမယ် ဒီကောင်ကြီးကိုဖမ်းဖို့ ငါတို့နဲ့တင်လုံလောက်တယ် … ဒီတော့ မိန်းကလေးဖြစ်တဲ့ မျှားကလေးက ပိုက်ကွန်ကြိုးအနားမှာ သွားနေပေး … ပိုက်ကွန်နဲ့ဖုတ်ကောင် ကွက်တိနေရာရောက်ပြီဆိုတာနဲ့ ကြိုးကိုဆွဲလိုက်တော့''
''ဟုတ်ကဲ့ဦးလေး … ''
''ထီးလေးနဲ့လမ်းလေးက … ညာဘက်ခြမ်းမှာနေ ရော့ … ဒီစာရွက်နဲ့ ဖုတ်ကောင်ရဲ့နှဖူးပြင်ကို ကပ်နိုင်ဖို့လိုတယ် .… တန်ခိုးနဲ့ငါးကလေးက ဘယ်ဘက်မှာနေ ကြက်သွေးထည့်ထားတဲ့ ဖလားကို ကိုင်ထားကြ… အားလုံးကို ငါအချက်ပြမယ် ဟုတ်ပြီလား''
''ဟုတ်ကဲ့ဦးလေး သတိထားနော်''

ထိုသို့ဆို၏။ သူ၏ ညာဘက်ခပ်လှမ်းလှမ်း၌ ကျွန်ုပ်နှင့်လမ်းကလေးအား နေစေကာ မှင်ရည်နှင့်ကြက်သွေးရောနှောကာ တရုတ်ဘာသာစကားဖြင့် ရေးသားထားသော စာရွက်အဝါရောင်လေးများ ပေးစေသည်။ ဘယ်ဘက်ခပ်လှမ်းလှမ်း၌ တန်ခိုးနှင့်ငါးကလေးအား ထပ်မံနေရာချပေးကာ သူကိုယ်တိုင်လည်လှီထားသော ကြက်သွေးများထည့်ထားသည့် ရေဖလားအားကိုင်ဆောင်ထားရန် မှာလေသည်။ ရွာတောင်ပိုင်းဆီသို့ ဦးတည်ဝင်ရောက်လာသော ဖုတ်ကောင်ကြီးမှာ သုံးပေကျော်မျှ တစ်ခါလှမ်း၍ နှစ်မိနစ်ခန့် ရပ်တန့်နေလျက်ရှိသည်။ ခုန်ပေါက်လာနေသော ဖုတ်ကောင်ကြီးဆီသို့ မှော်ဆရာကြီးမှာ ခြေလှမ်းမှန်မှန် ရဲတင်းစွာဦးတည်နေလေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်၌ ကျွန်ုပ်တို့လေးဦးသားရှိနေခဲ့ပြီး ထောင်ချောက်အနေဖြင့် အကွာအဝေးဆယ်ပေခန့်မျှ ဝေးကွာသော အပင်နှစ်ပင်ကြားတွင် အပေါ်မှမိုးထားသော မှော်ပိုက်ကွန်သို့ ဖုတ်ကောင်ကြီးရောက်ရှိလာပါက မျှားကလေးအား ခေါက်တုတ်ချည်ထားသည့် ကြိုးစအားဆွဲစေရန် ပြောဆိုထားခဲ့သည်။

ခုန်ပေါက်ကာ လှမ်းလာနေသော ဖုတ်ကောင်ကြီးမှာ ရွာတောင်ပိုင်းလျိုအနားအရောက်တွင် ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် ပါးစပ်အားဟလျက် ဆိုးရွားလှသည့်အသံဆိုးကြီးနှင့် အော်ဟစ်လိုက်လေသည်။ တစ်စုံတစ်ခုသော အနံ့ရလေသလား အရှေ့သို့မဆက် လျိုအနားတွင်သာ ရပ်တန့်နေလေခဲ့သည်။
''ဆရာ … ကျုပ်တို့ဆီကို လာမလားမသိဘူးနော်''
''အေး … အားလုံး အသက်မရှုပဲခဏလေးနေကြ … ငါတို့အနံ့ရလို့ ဒီကောင်ကြီးရပ်နေတာ ''
''ဟုတ် … ဟုတ်ကဲ့''

လျိုအတွင်း၌ ဦးသိပ္ပနှင့်သူ၏တပည့်များ ရှိနေလေခဲ့သည်။ အောက်ဆီဂျင်ရှုသော လူသားများ၏အနံ့အား ရရှိကာ ထို့ကြောင့်ဖုတ်ကောင်ကြီးမှာ သားကောင်အားအနံ့ခံ ရှာနေခဲ့ခြင်းဖြစ်သည်။ ဖုတ်ကောင်၏အကြောင်းအား ကောင်းစွာသိရှိထားသူ ဦးသိပ္ပတစ်ယောက်မှာတော့ မိမိ၏တပည့်များအား ခေတ္တမျှအသက်မရှုရန်ပြောလျက် ပုန်းခိုနေရာမှ ဖုတ်ကောင်ကြီးအား စောင့်ကြည့်နေလေသည်။ ထို့နောက်ဖုတ်ကောင်ကြီးမှာ အရှေ့စူးစူးမှ မိမိ၏သားကောင်ဖြစ်သော ဦးတည်လျောက်လှမ်းလာသည့် မှော်ဆရာကြီးဆီသို့ပင် ခုန်ပေါက်ကာ ဦးတည်လေတော့သည်။ အသိဥာဏ်မရှိသည့် တိရိစ္ဆာန်ပမာ ဖုတ်ကောင်ကြီးအား မှော်ဆရာကြီးမှာ မာယာများသုံး၍ဖမ်းစည်းမည်ဖြစ်သည်။ ထို့ကြောင့် ထောင်ချောက်ဆင်ထားသော မှော်ပိုက်ကွန်အနားတွင် သူ၏ခြေလှမ်းများရပ်တန့်စေခဲ့ပြီး မိမိဆီသို့သွေးဆာနေသော ဖုတ်ကောင်ကြီးဦးတည်လှမ်းလာမည်ဆိုလျင် ထောင်ချောင်စင်ထားသည့် ပိုက်ကွန်အောက်သို့ ကွက်တိကျရောက်မည်ဖြစ်သည်။ ထိုအခါ မျှားကလေးအား ခေါက်တုတ်ချည်ထားသည့် ကြိုးဆွဲစေရန် အချက်ပြမည်ဟု တွေးတောထားခဲ့ပြီး မှော်ပိုက်ကွန်အဆက်နား၌ ရပ်လျက်စောင့်နေလေခဲ့သည်။

သူ၏ဘေးတစ်ဖတ် တစ်ချက်ဆီ၌ လူငယ်လေးများရှိနေကြပြီး။ ထိုလူငယ်လေးများမှာလည်း ကြောက်လန့်မှု့များကင်းစင်ကာ မှော်ဆရာကြီး၏ အချက်ပေးမည့် ဟန်ပန်ကိုသာ စောင့်စားနေလေခဲ့သည်။ သံဆူးကြိုးများကာရံထားသည့် ဝင်ပေါက်ဆီမှ မိန်းကလေးဖြစ်သူ မျှားကလေးမှာလည်း မှော်ပိုက်ကွန်အောက် ဖုတ်ကောင်ကြီးရောက်ရှိလာပါက မှော်ဆရာကြီးမှာထားသည့်အတိုင်း ခေါက်တုတ်ချည်ထားသည့် ကြိုးအားဆွဲရန် အသင့်ပြင်ထားချေခဲ့သည်။ မှော်ဆရာကြီးဟာ မှော်ပိုက်ကွန်နှင့် အနီးတစ်ဝိုက်တွင် ရပ်လျက်ရှိနေခဲ့ပြီး ဖုတ်ကောင်ကြီးမှာလည်း မှော်ဆရာကြီးဆီသို့ ဦးတည်လာရင်း မှော်ပိုက်ကွန်အောက်သို့ ကွက်တိမရောက်ပဲ အစွန်ဖျားလေးတွင်သာ ရောက်ရှိကာ ပါးစပ်အားဟလျက် သားကောင်းအားတွေ့ရှိလိုက်သည်ကြောင့် အစွယ်များပင်ပေါ်အောင် အော်ဟစ်လိုက်လေသည်။

တုန်လှုပ်စရာကောင်းသော်လည်း မှော်ဆရာကြီးဦးလန်ဘားမှာ တည်ငြိမ်နေလျက် အပေါ်၌ရှိနေသော ပိုက်ကွန်အား အသာမော့ကြည့်လိုက်သည်။ သို့ပေမယ့် ဖုတ်ကောင်ကြီးမှာ ပိုက်ကွန်၏အောက်သို့ ကွက်တိမရောက်ပဲ အစွန်အဖျားလေးတွင်သာ ရောက်ရှိနေသောကြောင့် ကြိုးအားဆွဲရန် အချက်မပြနိုင်သေးချေ။ သို့နှင့် သူ၏ညာဘက်ခြမ်းတွင်ရှ်နေသော လူငယ်နှစ်ယောက်အား အရှေ့သို့တတ်ရန် လက်ဖြင့်အချက်ပြလိုက်ပြီး မိမိအားအာရုံစိုက်နေသည့် ထိုလူငယ်နှစ်ယောက်မှာ ကောင်းစွာသဘောပေါက်ကာ အရှေ့သို့ခြေတစ်လှမ်း စတင်လှမ်းလိုက်ချိန်တွင် မှော်ဆရာကြီးဆီသို့ ဦးတည်နေသည့် ဖုတ်ကောင်ကြီးမှာ ထိုလူငယ်နှစ်ယောက်ဆီသို့ ဦးတည်ရာပြောင်းသွားချေခဲ့သည်။

ထိုလူငယ်နှစ်ဦးဆီသိုံ့ ဦးတည်ခုန်ပေါက်ရန် ဟန်ပြင်လိုက်သည့် အချိန်၌ပင် မှော်ဆရာကြီးမှာ လေးပေကျော်မျှ ကိုယ်ဖော့ခုန်လိုက်ပြီး ကိုင်ဆောင်ထားသည့် ဓားဖြင့် ဖုတ်ကောင်ကြီးအား နှလုံးတည့်တည့်သို့ ထိုးရန်လျင်မြန်စွာ ဦးတည်လိုက်လေသည်။ ကိုယ့်ဖော့ကာအရှိန်ပြင်းစွာဖြင့် ဖုတ်ကောင်ကြီးဆီသို့ ဦးတည်ခုန်လိုက်သော မှော်ဆရာကြီးအား ဖုတ်ကောင်ကြီးမှာ ရုတ်တရက်ပြန်လည် လှည့်လိုက်ပြီး ဆန့်တန်းထားသည့် သူ၏လက်တံဖြင့် ဝှေ့ရမ်းလိုက်လေသည်။ ပြင်းထန်လှသော အရှိန်၊ ဖုတ်ကောင်ကြီး၏ အမှတ်မထင်ဝှေ့ရန်ုခြင်း ခံလိုက်ရသည်ကြောင့် မှော်ဆရာကြီးမှာ အဝေးသို့လွှင့်စင်သွားခဲ့ရချေသည်။

မှော်ပိုက်ကွန်၏အောက်တည့်တည့်ဆီသို့လည်း ဖုတ်ကောင်ကြီးမှာ ရောက်ရှိမနေသည်ကြောင့် ခေါက်တုတ်ကြိုးအား ဆွဲချရန်အခွင့်မသာခဲ့ချေ။ ဟန်ချက်ပျက်ကာ ရုတ်တရက်ဖုတ်ကောင်၏ တိုက်ခိုက်ခြင်းခံလိုက်ရသည်ကြောင့် မှော်ဆရာကြီးမှာ မြေပြင်ပေါ်၌ ပြန်လည်၍ မထနိုင်သေးချေ။ မြေပြင်ပေါ်သို့ ပက်လက်အနေထားဖြင့် လဲကျသွားသော မိမိ၏ဆီသို့ဖုတ်ကောင်ကြီးမှာ ဦးတည်ခုန်လိုက်လေသည်။ နာကျင်နေသည့် ဝေဒနာများအား ခေတ္တမေ့ဖျောက်ကာ ဖုတ်ကောင်ကြီး၏ ခြေထောက်နှင့်လွတ်မြောက်စေရန် တစ်ဖက်သို့လျင်မြန်စွာ လိမ့်ချလိုက်ပြီး အသင့်ရှိနေသည့် ဓားဖြင့် ဖုတ်ကောင်ကြီး၏ခြေထောက်အား အားပြင်းစွာရိုက်ချလိုက်လေသည်။

အစီရင်များနှင့်ပြုလုပ်ထားသော မှော်ဓားချက်ဖြင့် ထိခိုက်သွားသည်ကြောင့် ဖုတ်ကောင်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည် ။ ထို့နောက် ဦးလန်ဘားမှာလည်း လျင်မြန်စွာထလျက် ဖုတ်ကောင်ကြီးမှာလည်း ကွေးဆန့်ခြင်းမရှိ မတ်မတ်သာလျင် ပြန်လည်ထလိုက်လေသည်။ ထ်ု့နောက် မှော်ဆရာကြီးမှာ ထောက်ချောက်ပိုက်ကွန်အနားသို့ ဦးတည်ခါအပြေးသွားလိုက်ပြီး မိမိအားအတိုက်ခိုက်ခံလိုက်ရသည်ကြောင့် ဖုတ်ကောင်ကြီးမှာ လွန်စွာမှပင် ဒေါသများထွက်လျက် ဦးလန်ဘားဆီသို့ ပြင်းထန်စွာဦးတည် ခုန်ပေါက်လာလေသည်။ အသိဥာဏ်ကင်းမယ့်သည့် ဖုတ်ကောင်ကြီးအား ယခုတစ်ကြိမ်မှာတော့ မှော်ဆရာကြီးဦးလန်ဘား၏ ပရိယာယ်အတွင်းသို့ ရောက်ရှိလာချေခဲ့သည်။ မိမိဟာမှော်ပိုက်ကွန်အောက်တည့်တည့်၌ ရပ်လျက်ရှိနေခဲ့ပြီး ဒေါသထွက်နေသည့် ဖုတ်ကောင်ကြီးမှာ သားကောင်ဖြစ်သည့် မိမိဆီသို့ဦးတည်ရောက်ရှိလာသည်နှင့် ပိုက်ကွန်းဝန်းကျင်မှာ မှော်ဆရာကြီးဟာ လျင်မြန်စွာရှောင်တိမ်း၍ ခေါက်တုတ်ချည်ထားသည့် ကြိုးအားဆွဲချစေရန် အော်ပြောလိုက်လေသည်။ ထိုအခါ ကြိုးအားဆွဲချရန် အသင့်ပြင်ကာစောင့်ကြည့်နေသော မျှားကလေးဟာ မှော်ဆရာကြီး၏အော်ပြောသံကြောင့် လျင်မြန်စွာဖြင့် ကြိုးအားဆွဲချလိုက်နိုင်သည်။

ဒေါသပြင်းစွာ ပိုက်ကွန်အောက်သို့ရောက်ရှိလာသော ဖုတ်ကောင်ကြီးမှာ အပေါ်မှပြုတ်ကျလာသော ထောင်ချောက်ပိုက်ကွန် အုပ်မိလေတော့သည်။ ဖုတ်ကောင်နှင့်ပိုက်ကွန် ထိတွေ့လိုက်သည်နှင့် မီးများစွာပွင့်လစ်လျက် ဖုတ်ကောင်ကြီးမှာ လူးလိမ့်နေလေခဲ့သည်။ ထိုအခါ ကြက်သွေးများထည့်သည့် ရေဖလားအား ကိုင်ဆောင်ထားသော တန်ခိုးအား တစ်ပြိုင်နက် ထိုကြက်သွေးနှင့်ပတ်ရန် ပြောဆိုလိုက်သည်။ မှော်ဆရာကြီး၏ ပြောစကားကြောင့် တန်ခိုးတစ်ယောက်မှာ ကြက်သွေးများနှင့်ဖုတ်ကောင်ကြီးအား ပက်ဖျန်းလိုက်သော်လည်း ဖုတ်ကောင်ကြီးမှာ တစ်နေရာတည်းရှိမနေပဲ လူးလိမ့်နေသည်ကြောင့် ပက်ဖျန်းလိုက်သော ကြက်သွေးများဟာ မြေပြင်ပေါ်၌သာဖိတ်ကျသွားလျက် ဖုတ်ကောင်ကြီးအား မထိလိုက်ချေ။

ထိုအချိန်၌ပင် ရွာဝင်ပေါက်များအား ကင်းစောင့်လှည့်လည်နေသော ရဲအုပ်မောင်ဝင်းနှင့်အတူ သူ၏မိတ်ဆွေများ အပြေးရောက်ရှိလာလေတော့သည်။ မှော်ပိုက်ကွန်အုပ်မိ၍ ဖုတ်ကောင်ကြီးမှာ အပြင်အထန်လူးလိမ့်နေခဲ့ပြီး ကြက်သွေးရည်များ မထိလိုက်သည်ကြောင့် မီးတောက်လောင်ခြင်းမရှိသေးချေ။ သို့နှင့် မှော်ဆရာကြီးမှာ ဖုတ်ကောင်ကြီးအား အပျက်ရှင်းရန် တရုတ်ဘာသာစကားများဖြင့် ရေးသားထားသော စာရွက်အဝါလေးအား သူ၏လက်ဖြင့်ဝှေ့ရမ်းလိုက်သည်နှင့် မီးတောက်လောင်စေခဲ့သည်။ မြေပြင်ပေါ်၌ လူးလိမ့်နေသော ဖုတ်ကောင်ကြီးဆီသို့ ထိုမီးစ ပစ်မည်အလုပ် ရဲအုပ်မောင်ဝင်းမှာ

''ဆရာကြီး … မလုပ်နဲ့ဦး''
''ဟင် … ခင်ဗျားဘာလုပ်ဖို့လဲ … ဒီကောင်ကြီးကိုအပျက်ရှင်းမှ ဖြစ်မှာနော်''
''ဟုတ် … ဟုတ်ကဲ့ … သိ … သိပါတယ်ဆရာကြီး … သူ့ကိုခဏလောက် ထိန်းချုပ်ပေးထားပါ''

မျက်မှောင်အား ကျူတ်လိုက်သည်။ ထိုအချိန်ပိုင်း၌ မှော်ဆရာကြီးဦးလန်ဘားတစ်ယောက် မည်သို့ပင်ဆုံးဖြတ်ရမည်ကိုမသိ။ ထို့ကြောင့် တာဝန်ရှိသူရဲအုပ်မောင်ဝင်း ပြောဆိုလိုက်သော စကားကိုပင် နားထောင်လျက် လျင်မြန်သွက်လပ်စွာဖြင့် ဖုတ်ကောင်ကြီး၏အနားသို့ သွားရောက်စေပြီး နှဖူးပြင်အားအသင့်ရှိနေသော စာရွက်အဝါဖြင့် ကပ်လိုက်ချေသည်။ ငြိမ်သတ်သွားသည်က ရေပြင်ကဲ့သို့ ဖုတ်ကောင်ကြီးမှာ မှော်ပိုက်ကွန်၏ အစွမ်းများကြောင့်လား မီးကျွမ်းလုနီးပါးဖြစ်နေခဲ့ပြီး နဖူးပြင်သို့ကပ်လိုက်သည်နှင့် လှုပ်ရှားမှုများမရှိတော့ပဲ ငြိမ်သတ်သွားခဲ့ချေသည်။

''ရပြီ … မိတ်ဆွေမောင်ဝင်း ခင်ဗျားဘာလုပ်ဖို့လဲ''
''ဒီလိုပါဆရာကြီး … ဒီဖုတ်ကောင်ကြီးကို ကျုပ်အထက် အရာရှိတွေက မှတ်တမ်းတင်ထားချင်ပါတယ်လို့ ကျုပ်ကိုပြောပါတယ် ပြီးတော့တစ်နည်းအားဖြင့် ဒီဖုတ်ကောင်ကြီးဟာ လူသတ်တရားခံလို့လဲ ယူဆနေကြပါဆရာကြီး သူတို့ရဲ့အမိန့်အတိုင်း ကျုပ်လုပ်မှဖြစ်ပါလိမ့်မယ် ဖြစ်နိုင်ရင်အခုတိုင်းလေးပဲ ခဏထိန်းချုပ်ပေးထားပါလား''
''မဖြစ်ဘူးနော် မိတ်ဆွေမောင်ဝင်း … ဒီကောင်ကြီးကို အခုချက်ချင်း မီးရှို့ပစ်မှဖြစ်လိမ့်မယ် … ကျုပ်လဲ ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး''
''ဟုတ်ကဲ့ ကျုပ်သဘောပေါက်ပါတယ်ဆရာကြီး''
''အင်း … ခင်ဗျားက တာဝန်နဲ့လုပ်ရတဲ့သူဆိုတော့ ကဲပါ … ကျုပ်လဲရှိနေတာပဲ … ခင်ဗျားသဘောပဲ တာဝန်အရဆက်လုပ်ပါ''

မိတ်ဆွေရဲအုပ်မောင်ဝင်း၏ တောင်းဆိုချက်ဖြင့် မှော်ဆရာကြီးမှာ ဖုတ်ကောင်ကြီးအား မီးမရှို့စေတော့ပဲ နှဖူးပြင်၌အဝါရောင် စာရွက်ကလေးသာ ကပ်ထားခဲ့ပြီး ထိန်းချုပ်ထားစေခဲ့သည်။ ညဦးပိုင်းမှစတင်ကာ ဖုတ်ကောင်ကြီးနှင့် တိုက်ခိုက်ခဲ့ချေပြီး အချိန်မည်မျှပင်ကြာသွားခဲ့သည် မသိ။ ယခုသတိထားမိလိုက်သည်နှင့် အချိန်ဟာ ညနက်(၁) နာရီကျော်ခန့်ရှိနေချေခဲ့သည်။

ထူးဆန်းလှသည့် တရုတ်ပြည်မှ ထိုဖုတ်ကောင်ကြီးအား ကျွန်ုပ်တို့ကိုယ်တိုင် ယခုကဲ့သို့ နဖူးတွေ့၊ဒူးတွေ့ ဖမ်းစည်းရလိမ့်မည်ဟု အိပ်မက်ထဲတွင်တောင် မမက်ဘူးခဲ့ချေ။ ယခုအခါ ဦးလေးဦးလန်ဘား ဦးဆောင်ခဲ့ပြီး ကျွန်ုပ်နှင့် လမ်းကလေး၊ မျှားကလေးအပါအဝင် ငါးကလေးနှင့်တန်ခိုးတို့ဟာ ဖုတ်ကောင်ကြီးအား ဖမ်းစည်းရေးအတွက် မှော်ဆရာကြီးအား တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီခဲ့ရသေးသည်။ နိုင်ငံတော်မှလည်း ထိုဖုတ်ကောင်ကြီးအား တိတ်တဆိတ်ဖမ်းစည်းစေချင်သည်။ ပြည်သူလူထုများ မသိစေချင်။ စိုးရိမ်ထိတ်လန့်ကြမည်အား မလိုချေ။ သို့ပေမယ့် ယခုအခါ ဖုတ်ကောင်ကြီးအား လက်ရဖမ်းစည်းမိလိုက်ချေပြီ။

အိပ်မက်လေလား။ ငယ်စဉ်ကလေးဘဝမှ တရုတ်ခုန်ဆွ သရဲဇာတ်ကားများအား ဟာသတစ်ပုဒ်အနေဖြင့် စိတ်ဝင်တစားကြည့်ရှု့ခဲ့ဘူးသည်။ ရယ်ရ၏ ။ ထိုအထဲ၌ အလွဲလေးများ ။ ဖုတ်ကောင်ကြီး၏ ပုံစံဟာလည်း ရှေးတရုတ်လူမျိုးဖြစ်ပြီး အရပ်မြင့်မြင့် အသားအရည်မရှိ အရိုးမျှသာရှိနေခဲ့ပြီး။ ဆေးရည်စိမ်ထားသည့် အစွမ်းများကြောင့်လား မျက်တွင်းမရှိသည့် မျက်လုံးနှစ်လုံးမှာတော့ ယခုတိုင်ရှိနေဆဲပင်။ ဖုတ်ကောင်ကြီး၏အနားသို့ ရွာသားများအားလုံး ထိတ်လန့်နေသောခြေလှမ်းများဖြင့် လှမ်းလာစေပြီး လက်နတ်များနှင့် ဝန်းရံထားစေခဲ့သည်။ မိတ်ဆွေကိုမောင်ဝင်းမှာလည်း အထက်သို့ချက်ချင်းသာလျင် ဝမ်းမြောက်စွာဖြင့် အကြောင်းကြားစေတော့သည်။

ဖုတ်ကောင်ကြီးအား စိတ်ချစွာထိမ်းချုပ်နိုင်ရေးအတွက် မှော်ဆရာကြီးမှာ ပြုလုပ်နေခဲ့ပြီးနောက် ရွာသာများထဲမှ မှော်ဆရာကြီးဦးလန်ဘား ထွက်ရောက်လာကာ ဘေး၌ရပ်လျက်ရှိနေသော ကျွန်ူပ်တို့ငါးဦး၏ မျက်နှာများအား တစ်ယောက်ချင်းစီ ကြည့်လိုက်ပြီး သွားမပေါ်သည့် အပြုံးဖြင့်
''ငါတို့လုပ်နိုင်ခဲ့ပြီ''
''တကယ်ပါပဲဗျာ … ကျုပ်တို့လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး''
''မင်းတို့ငါးယောက် ပါရမီဖြည့်ပေးတာပဲ ငါကောင်းကောင်းလုပ်နိုင်ခဲ့တာပေါ့ ကျေးဇူးတင်ပါတယ်''
''မလိုပါဘူးဦးလေး … အခုဖုတ်ကောင်ကြီးကို ဘာဆက်လုပ်မှာလဲ''
''တာဝန်ရှိသူတွေ သူတို့ဟာသူတို့ ဆက်လုပ်ကြလိမ့်မယ်''
''ဖြစ်ပ့ါမလားဦးလေး … ဖုတ်ကောင်ကြီးကို ဒီအတိုင်းထိန်းထားရုံနဲ့ လုံလောက်ပါ့မလား''
''ရပါတယ် … ငါရှိနေတာပဲ … ဖုတ်ကောင်ကြီးကို အဆုံးထိရှင်းပြီးတဲ့အထိ ငါရှိနေမှာပါ''

တည်ငြိမ်လှသော အပြောများဖြင့် ထိုသို့ဆို၏။ ဖုတ်ကောင်ကြီးအား ထိုနေရာ၌သာ ထားစေသေးသည်။ ဖမ်းမိထားသည်ဆိုသော်လည်း ရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြသေးသည်။ မိတ်ဆွေရဲအုပ်မောင်ဝင်း၏ အကြောင်းကြားချက်ဖြင့် ရဲမင်းကြီးနှင့်အတူ တာဝန်ရှိသူများမှာ လသာရွာလေးဆီသို့ ချက်ချင်းပင်လျင် ရောက်ရှိလာခဲ့ချေသည်။ စိုက်ရောက်လာသော ကားများအနက် ကားကြီးတစ်စီပေါ်၌ ရှေးဟောင်းကျွန်းအခေါင်းကြီးတစ်လုံးအား တွေ့ရှိရသည်။

မိတ်ဆွေကိုမောင်ဝင်းဆို၏။ ထိုကျွန်းအခေါင်းကြီးအတွင်းသို့ ဖုတ်ကောင်ကြီးအား လုံခြုံစွာပြန်လည်ထည့်ကာ သည်ယူလာသည့် တရုတ်ပြည်သို့ပြန်လည်ပို့ဆောင်ကြမည်ဟု သိရှိလိုက်ရသည်။ မည်မျှပင် အလေးချိန်ရှိသည်မသိ။ မှော်ဆရာကြီးဦးဆောင်ကာ ရဲဘော်များနှင့်အတူ ထိုကျွန်းအခေါင်းကြီးအတွင်းသို့ ဖုတ်ကောင်ကြီးအား ဂရုတစိုက် သေချာစွာထည့်နေလေခဲ့သည်။

အာရုံတတ်ချိန်သို့ရောက်ရှိလာသည့် အချိန်မှသာလျင် ဖုတ်ကောင်ကြီးအား ကျွန်းအခေါင်းကြီးအတွင်းသို့ ပြန်လည်ထည့်ပြီးခဲ့ပြီး ကားကြီးအပေါ်သို့ တင်ဆောင်ပြီးခဲ့ချေသည်။ မိုးစင်စင်လင်းသည်နှင့် ကြံခင်းနယ်အပိုင် ရဲစခန်းဆီသို့ သည်ဆောင်သွားကြပြီး ကျွန်ုပ်တို့သည်လည်း ခေတ္တမျှအပိုင်ရဲစခန်းဆီသို့ လိုက်ပါသွားခဲ့ရသည်။

''ဟာ … ဆရာ … ရဲတွေသယ်သွားကြပြီ … ဘယ်လိုလုပ်မလဲ''
''နေစမ်းပါဦးကွာ … သူတို့တွေချက်ချင်းတော့ ဖုတ်ကောင်ကြီးကို ဘာမှလုပ်ကြမှာ မဟုတ်သေးပါဘူး … ငါကြံလိုက်ပါဦးမယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ … တော်သေးတာပေါ့ဆရာ,ရာ … မောင်ဝင်းတားလိုက်လို့ပေါ့ မဟုတ်လို့ကတော့ ဟိုလူကြီးဖုတ်ကောင်ကို မီးရှို့တော့မှာ သေချာတယ်''
''အင်း … ငါအကြံရပြီး အပိုင်စခန်းကို … ဒီပမင်းလိုက်သွား ရွာသားတွေအထဲကနေ မင်းလည်း ဟန်ဆောင်သွား … ပြီးရင် ဖုတ်ကောင်ကြီးကို သူတို့ဘာဆက်လုပ်ကြမလဲဆိုတာ မင်းစုံစမ်းခဲ့ … အကြောင်းထူးတာနဲ့ ငါ့ဆီကိုချက်ချင်းပြန်လာ … ကြားလား ဖုတ်ကောင်ကြီးကို ငါပြန်လုရမယ်''
''ဟုတ်ကဲ့ဆရာ … ကျွန်တော်ရအောင် စုံစမ်းခဲ့မယ်''
''ကောင်းပြီး ဒါဆိုအခုပဲ သွားတော့''

ရွာသားများနည်းတူ ဦးသိပ္ပနှင့်သူ၏ တပည့်များသည်လည်း ဖုတ်ကောင်ကြီးအား ညစဉ်စောင့်ကြည့်နေလေခဲ့သည်။ ယနေ့ည၌ ဖုတ်ကောင်ကြီးအား မှော်ဆရာကြီးနှင့် လူငယ်ငါးယောက် ပူးပေါင်းဖမ်းစည်းနိုင်ခဲ့သည်အား ဦးသိပ္ပနှင့်သူ၏တပည့်များ အဖြစ်အပျက်မြင်ကွင်း အစအဆုံးမျက်ဝါးထင်ထင် မြင်တွေ့သွားခဲ့ရသည်။ သက်ဆ်ုင်ရာမှ ဖုတ်ကောင်ကြီးအား သည်ဆောင်သွားခဲ့ပြီး မည်သို့ပင် ဆက်၍ပြုလုပ်မည်ကို သိချင်သောကြောင့် ဦးသိပ္ပမှာ တပည့်ဖြစ်သူဒီပအား အပိုင်ရဲစခန်းဆီသို့ ရွာသားအယောင်ဆောင်၍ စေလွတ်စေခဲ့သည်။

ရွာလူကြီးနှင့်အတူ ရွာသားများဟာ ဖုတ်ကောင်ကြီးအား ဖမ်းစည်းမိသွားကြောင်း သိရှိထားသော်လည်း ကယ်ဆယ်ရေစခန်းမှ အိမ်ထောင်စုများအပါအဝင် ဆန်းလေးတစ်ယောက်မှာတော့ ယခုမိုးစင်စင်လင်းမှသာလျင် ဖုတ်ကောင်ကြီးအား ရန်ကုန်မှရောက်ရှိလာကြသော မှော်ဆရာကြီးနှင့်လူငယ်ငါးဦးဟာ ဖမ်းစည်းပေးနိုင်ကြောင်း သိရှိလိုက်ရလေသည်။ ယမန်နေ့ည၌ မိမိဟာအစောဆုံး အိပ်ပျော်သွားခဲ့လေသလား။ ရွာထဲမှ မည်သည့်သတင်းထူးများ ကြားသိရမည်နည်းဟု တွေးမိကာ မနက်လင်းသည့် ဇနီးမနိုးသေခင် အချိန်၌ရွာထဲသို့ ထွက်ခွာသွာချေခဲ့သည်။

ရွာထဲမှ ထိုသတင်းအား ကြားသိလိုက်ရသည်နှင့် ဝမ်းသာအားရဖြင့် ဇနီးဖြစ်သူထံသို့ အပြေးပြန်လည်ရောက်ရှိလာခဲ့သည်။
''ကေ … မိန်းမနိုးပြီလား''
ထိုသို့မေး၏။ ဇနီသည်ဟာ အိပ်စက်ခြင်းမရှိသည့် ဖုတ်ကောင်တစ်ပိုင်းဟု သူတစ်ယောက်မသိရှိသေးချေ။ ရွာထဲ၌ တိရိစ္ဆာန်တစ်ကောင်အား သွေးစုတ်သတ်ဖြတ်ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိသည်နှင့် ဟန်မပျက်နေခဲ့ရသည့် ကေသရီမှာပင်ပန်းလွန်းနေခဲ့ချေပြီ။
''မိန်းမ … အစ်ကိုတို့ရွာလေး အေးအေးချမ်းချမ်းဖြစ်တော့မယ် ဖုတ်ကောင်ကြီးကို ညက မှော်ဆရာကြီးနဲ့ ဟိုလူငယ်ငါးယောက် ဝိုင်းဖမ်းလို့မိသွားကြပြီတဲ့ … အစ်ကိုတို့ရွာလေး အေးအေးချမ်းချမ်း ပြန်ဖြစ်အောင်လဲ တာဝန်ရှိသူတွေက ပြန်လုပ်ပေးကြမယ်လို့ သိခဲ့ရတယ်''

မှန်တင်ခုံ၌ မျက်နှာမူထားပြီး လင်ယောကျာ်းအား ကျောပေးထားကာ သနပ်ခါးထူးပိန်းစွာ်လိမ်းနေသည့် ကေသရီမှာတော့ ဝမ်းသာအားရပြောဆိုနေသော ဆန်းလေး၏ စကားများအား ပြန်လည်ချေပလိုက်သည်က
 ''အင်း !''

မျက်မှောက်ကျုတ်မိ၏။ ပြုံးရွှင်နေသည့် မျက်နှာထားမှ ဖြည်းညင်းစွာနှင့် တည်တံ့သောမျက်နှာအဖြစ် ပြောင်းလဲသွားကာ ပုံမှန်မဟုတ်သည့် ဇနီးသည်၏ အမူယာအား ဆန်းလေးတစ်ယောက် ထပ်မံ၍ရိပ်စားမိလိုက်ပြန်သည်။ သို့သော် မည်သည့်စကားမှမပြော၊ သူ၏ခေါင်းသာ တစ်ဆက်စက်ငြိမ့်လျက် အံ့ကိုခဲလိုက်သည်။ စိတ်ထဲ၌တွေးမိ၏။ ပြောင်းလဲနေသည့် ဇနီးသည်အား သူတစ်ယောက်စောင့်ကြည့်ရန် လိုလေပြီ။

အပိုင်ရဲစခန်းဆီမှ သတင်းထူးကြားသိရလျင် လျင်မြန်စွာဖြင့် ရောက်ရှ်လာရန် ဆရာဖြစ်သူဦးသိပ္ပ ချိန်းဆိုထားသည့် နေရာဆီသို့ ဒီပတစ်ယောက် အလောတကြီးအပြေးရောက်ရှိလာခဲ့သည်။
''ဆရာ … ဆရာ''
''ဒီပ … ''
''ဆရာ … ဖုတ်ကောင်ကြီးကို တရုတ်ပြည်ပြန်အပ်မယ်လို့ သိခဲ့ရတယ်''
''ဟေး … တရုတ်ပြည်ကို ပြန်အပ်မယ် … ဟာ … မဖြစ်ဘူး မဖြစ်ဘူး … ဒီဖုတ်ကောင်ကြီးကို ရဖို့အတွက် တရုတ်ပြည်ကနေ မြန်မာနိုင်ငံအထိ ငွေနဲ့လမ်းခင်းလာခဲ့ရတာ … ဒီလိုလွယ်လွယ်နဲ့ ငါလက်မလွတ်နိုင်ဘူး … ဘဟ်တော့ပြန်အပ်မယ်တဲ့လဲ''
''မနေ့ဖြန်လို့တော့ ရွာသားတွေကိုပြောနေတာပဲ ဒီည မှော်ဆရာကြီးနဲ့လူငယ်ငါးယောက်အတွက် အောင်ပွဲအနေနဲ့ ပွဲတစ်ပွဲလုပ်ပေးမယ်လို့သိခဲ့ရသေးတယ်''

''ဟေး … အဲ့ဒါငါတို့အတွက် အခွင့်အရေးပဲ … ဒီည အပိုင်စခန်းထဲကို ငါတို့ဝင်ကြမယ် … ပြီးရင် ဖုတ်ကောင်ကြီးကို ပြန်လုမယ်''
''ဟင် … ဆရာ … ဖြစ်ပါ့မလား … စခန်းမှာ ရဲတွေအများကြီးရှိနေတယ်လေ … ကျုပ်တို့ ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာပေါ့''
''ငတုံး … ငါအဲ့ဒီလောက်ထိ ညံ့နေရင် မင်းဆရာလုပ်မနေဘူး … ငါဘယ်လိုလုပ်မယ်ဆ်ုတာ မင်းတို့အားလုံးစောင့်ကြည့်နေကြ''
''ဟူတ် … ဟုတ်ကဲ့ဆရာ''
''ဟုတ်ကဲ့လုပ်မနေကြနဲ့ … ဖုတ်ကောင်ကြီးကိုပြန်ရဖို့အတွက် မင်းတို့ရဲ့အသက်တွေကို ရင်းရင်ရင်းကြရမှာနော်''
''ဟုတ်ကဲ့ဆရာကြီး … သေရင်မြေကြီး ရှင်ရင်ရွှေထီးပေါ့''
''ဟားဟား … ဟားဟား ကြိုက်တယ် ဒါမှ သိပ္ပရဲ့တပည့်တွေပေါ့ကွ … ဟားဟား''

ကြုံးဝါးရယ်မောလိုက်သည်။ တပည့်ဖြစ်သူ ဒီပ၏ ပြောစကားများအား ကြားသိလိုက်ရသည်နှင့် ဦးသိပ္ပမှာဖုတ်ကောင်ကြီးအား ဆုံးရှုံးရမည်ကို လွန်စွာမှပင် တုန့်လှုပ်သွားခဲ့သည်။ ထို့ကြောင့် အချိန်မှီသာလျင် ယနေ့ည၌ အပိုင်စခန်းဆီသို့ ဝင်ရောက်ခါ ဖုတ်ကောင်ကြီးအား ပြန်လည်လုယူမည်ဟု ကြုံးဝါးပြောဆိုနေတော့သည်။
     
                                  ***

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages